Wednesday, February 16, 2011

ဥာဏ် များသော ပန်းရန်သမားများ ..။

သည်ဝတ္ထုလေးဖြစ်တည်ခဲ့ ရာ အချိန်ကာလကတော့  လွန်ခဲ့ သော ဆယ်စုနှစ်တွေတုံးက ဖြစ်ခဲ့ သော်လည်း
ရွှေမြန်မာတို့ ၏ ရွှေ့ ပြောင်း အလုပ်သမားဘဝသံသယာကြီးကတော့  ယနေ့ အချိန်ထိ တဝဲလည်လည် ရှိနေ
တုံး။ မပြီးဆုံးသေးတုံးပါပဲ။ ထိုဆယ်စုနှစ်များကိုလွန်၍ ဟိုး .... ရာစုနှစ်တွေနားအထိ နောက်ကို ပြန်မျှော်ကြည့် 
လိုက်ရင်တော့  မြန်မာတို့ တကယ့်ရွှေ ဖြစ်ခဲ့ သော ရွှေ နှစ်များကို မြင်တွေ့  ရနိုင်ပါ၏။ ဘာတဲ့  နောက်ဖေးလမ်း
ကြားထဲက ချေးကျုံးတာ ဂေါ် ရင်ဂျီကုလားတွေ ဆိုလား ၊ လန်ချား ဆွဲတာ ၊ ကမ်းနားမှာ ကုန်ထမ်းနေတာ ၊ လမ်း
တကာ့ လမ်း၊ အိမ်တကာ့  အိမ်တွေမှာ အလုပ်ကြမ်း လုပ်နေတာတွေက ဘယ်သူတွေပါလဲ လို့ ။
ဟိုတုံးက .... တစ်ရံရောအခါဆီက ... ဟိုး.. ရှေ့  ရှေ့  တုံးက ... ဆိုသလိုပါပဲ ။

“ ခေတ် ” ဆိုတာ တကယ်တော့  တဖြည်းဖြည်း ရှေ့ တိုးလာတာ၊ တိုးတက် လာတာပဲ ဖြစ်နိုင်ပါသည်။ အခုတော့ 
မည်သူ့ ကိုမှ အပစ်မတင်ချင်ပါ ။ အပစ်တင်ရစတန်းဆိုလျှင် ကျွန်တော်က ထိပ်ဆုံးမှာ ဖြစ်နေသောကြောင့်ပါပဲ။
ဒါကြောင့် မို့  ဘယ်လောက်ပဲ ကြာကြာ ကျွန်တော်တို့ ဆီမှ တိုးတက်ချင်သော၊ ရုန်းထွက်ချင်နေသော လူငယ်ထု
တွေအတွက် သည်ဝတ္ထုလေးက အမြဲတန်း ကိုယ်စားပြုနေ၊ ထင်ဟပ်နေအုံးမည်ဟု ယူဆမိပါကြောင်း ... ဖြင့် ။

...............................................................................................


ဖိနွန်ဆီမှာ အလုပ် စဆင်းတာ လမ်းကန်ထရိုက်လုပ်ငန်းမှာ စဆင်းရတာပါ။
မူလတန်း စာသင်ကျောင်းလေးရဲ့ အရှေ့ လမ်းနှင့်  ဘုန်းကြီးကျောင်းဝင်ပေါက်လမ်းကို ကွန်ကရစ်ခင်းကြသည်။
ဘိလပ်မြေ ဖျော်တုန်းခဏသာ ပင်ပန်း၏။ ဖိနွန်ရော သူ့ မိန်းမပါ ဝင်လုပ်သည့် အတွက် ပျော်စရာ ကောင်းပါ၏။
ကွန်ကရစ်လမ်းအကျယ် ငါးပေထားသည်။ အရှည်က ပေရှစ်ဆယ်ကျော်သည်။ မြေညှိပြီးရင် နံဘေးက သစ်သား
ဘောင်တွေရိုက်၊ သံချောင်းထည့် ၊သံချဉ်သံကွေးလုပ်၊ သဲဖြူးပြီးလျှင် ဖျော်လောင်းရုံသာ။ အထူကိုတော့ 
ရှစ်လက်မလောက်ထားသည်။ နှစ်ရက်နှင့် တစ်မနက်လုပ်တာ ပြီးသွားပါတယ်။ ကျွန်တော့် ကို ၄၅၀ ပေးတယ်။
သန့် စင်ကို ၆၀၀ ပေးတယ်၊ သိပ်ကြိုက်ပေါ့ ဗျာ။ ထမင်းပါ ကျွေးတာကိုး ။

နောက်တစ်ခါ လုပ်ရသည် မှာလည်း မူလတန်းကျောင်းမှာပင်ဖြစ်သည်။
မြောင်းဖုံးသည့် အုပ်ပြားတွေ ရိုက်ပြီး လိုက်ခင်းပေးရသည့်  အလုပ်ဖြစ်ပါသည်။ လွယ်ပါသည်။ ရေမြောင်းတစ်ခု
လည်း လုပ်ရမယ်လို့  ပြောပါတယ်။ ကျွန်တော်နှင့် သန့် စင်နေဖို့ အတွက် ဆွိုင်လက်ဖောင်း ( ၈၅ ) လမ်းထဲက
ဖိနွန်ရဲ့  မိဘတွေ ယာယီနေတဲ့ အလုပ်သမားတန်းလျားမှာ အခန်းတစ်ခန်း ပေးပါတယ်။ ဖိနွန်တို့  လင်မယားက
ဘုရင့် နန်းတော်နှင့်  နီးသည့်  ရပ်ကွက်ထဲမှာ အခန်းငှားနေပါသည်။
ကလေးနှစ်ယောက်စလုံးကို အယုဒ္ဓရက ဘိုးဘွားတွေ အိမ်မှာ ထားပါသည်။ ကျွန်တော်တို့  နှစ်ယောက်လည်း
ဖိနွန်နဲ့  တွဲလုပ်လာတာ တော်တော်ကြာလာတာနဲ့ အမျှ မိသားစုလို ဖြစ်လာကြသည်။ ခက်နေတာက ကျွန်တော့ 
ရဲ့  မရောင့် ရဲ နိုင်မှုပါ ။

ကျွန်တော်က ကိုယ်ပိုင်အလုပ် လုပ်ချင်ပါသည်။
စကားက ဖြစ်မြောက်အောင် မပြောတတ်သေးပေမယ့်  ဒီပန်းရံအလုပ်ထက် ကောင်းတာ မျှော်လင့် နေမိသည်။
ကျွန်တော့် ဆန္ဒကို သန့် စင်က ဘာမှ ဝင်မစွက်ပေမယ့်  သူကတော့  ဒီမှာဆက်လုပ်ဖို့  သေချာနေပြီ။ တစ်နေ့ 
ကို ဘတ်၂၀၀ ဆိုတာ နဲတဲ့ လစာမှ မဟုတ်တာကိုး ။ ဘာလိုလိုနဲ့  ဖိနွန်ဆီမှာ လုပ်တာ တစ်နှစ်ပြည့် တော့ မည်။
အယုဒ္ဓရက အိမ်ကိုတောင် သုံးခါလောက် သွားလည်ပြီးပြီ ။

နောက်တော့  ကန်ထရိုက်တိုက် အကြီးကြီး တစ်ခုထဲက ပုတ်ပြတ်လုပ်နေသည့်  မြန်မာတစ်ယောက်နှင့် 
ကျွန်တော် သွားဆုံမိသည်။ သူက သူ့ အလုပ်ကို လိုက်လေ့ လာခိုင်းပါသည်။ တကယ်တော့  သူက လက်ထောက်
ကန်ထရိုက်အဆင့်သာ ရှိသေးသူ။ တကယ်လို့  ကိုယ့် ဟာကိုယ် ပစ္စည်းလည်းရှိမယ်၊ လုပ်အားလည်း ရှိမယ်
ဆိုရင်၊ သူဌေးက ကန်ထရိုက် ပုတ်ပြတ်ချပေးမယ်လို့  ပြောပါသည်။

ထိုသီတင်းကြားတော့  သန့် စင်လည်း ဒုန်းဆိုင်းပြေးချလာတော့ ၏။
လူစုပြီး လုပ်လိုက်တာ တစ်ပတ်အတွင်းမှာ ဘတ်နှစ်သောင်းကျော်ဖိုး ပြီးကြသည်။ အချောကိုင် သက်သက်
လုပ်ရခြင်းပင်။ ဟိုလူက ကန်ထရိုက်အဖြစ် သူဌေးနှင့် စကားပြော၊ ကျွန်တော်တို့  မြန်မာရှစ်ယောက်က ဖျော်
တဲ့ လူဖျော်၊ အချောကိုင်သည့်လူ ကိုင်ဖြင့်  တက်တက်ကြွကြွ လုပ်ကြပါတယ် ။

တခြားမှာ လုပ်နေတဲ့  မြန်မာတွေလည်း ဒီသတင်းကြားတော့  လာပူးပေါင်းကြ ပြီ ။
အဲ့ ဒီမှာ ဒုက္ခရောက်တော့ သည်။ ပုတ်ပြတ်သမား အချင်းချင်းက ကျွန်တော်တို့ ကို ရဲ တိုင်မယ်ဆိုလို့  သူဌေးက
ဆက်မခိုင်းရဲ တော့ ပေ ။ ခံရလေပြီ ။ စိတ်ဓါတ်ကို ကျပါလေတော့ ၏။ သန့် စင်ဆို စကားတောင်မဟနိုင်တော့ ။
ဒီအလုပ်က သူဌေးဖြစ်မယ့်  အလုပ်ကိုး ..။

စိတ်ပျက်တာ နောက်ထား၊ ရဲမလာခင် ပြေးရပြီ ။ သူဌေးကတော့  ငွေမကျန်အောင် ရှင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့  ရှစ်ယောက်လုံး ဖိနွန်တို့ အဖေ အိမ်နားက တန်းလျားကို လာခိုရပါတော့ သည်။ လာခိုလို့ မှ
နှစ်ရက်မပြည့် ခင် ရဲ လာဝိုင်းလို့  ပြေးရပြန်ရော။

“ ရာမ ဆိုလျှင် နားကြောကစိမ့် တယ် ” ဟူသော ဥပမာ အတိုင်း “ ရဲ ” ဟု ကြားလျှင် ထ ခုန်မိမတတ် သွေးလန့် 
နေမြဲပါ ။ ဖိနွန်မှာလည်း အလုပ်လက်ခံထားတာမရှိတော့  အတော်ဒုက္ခ ကြုံရပါတော့ သည်။ ကျန်တဲ့ လူတွေ
ပြေးပေမယ့်  သန့် စင်နှင့် ကျွန်တော်က ည ဆိုရင် ပြန်လာအိပ်ကြပါသည်။ နောက်ပိုင်း ရဲ လည်းမလာတော့ ပါ။

အလုပ်မရှိတော့ လည်း အလုပ်ရှာရပြန်ပြီ။
ကျွန်တော်နဲ့ သန့် စင် အလုပ်ရှာတဲ့ အခါ ပန်းရံပါးဝပုံက ဒီလိုပါ။
Construction Site တစ်ခုကိုဝင်ပြီဆိုလျှင် အလုပ်သမားတန်းလျားကို အရင်သွားကြည့် ပါတယ်။ ဈေးဆိုင်ကို
ရှာသည်။ ဈေးဆိုင်ဘယ်နှစ်ဆိုင်ရှိလဲ ကြည့်သည်။ ဆိုင်တွေမှာ ပစ္စည်းစုံရဲ့ လား ကြည့်သည်။ ဆောက်လက်စ
အဆောက်အဦးကို ကြည့် သည်။ အလုပ်သမားတွေ အလုပ်ဆင်းနေတာကို ကြည့်သည်။ ပစ္စည်းဂိုဒေါင်များကို
လိုက်ကြည့် သည်။

အဲ့ လိုကြည့်သွားတဲ့ အခါမှာ ဈေးဆိုင်ဟာခြောက်က်ကပ်နေမယ်။ အလုပ်သမားတန်းလျားတွေမှာ အခန်းလွတ်
တွေ သိပ်များနေမယ်၊ အလုပ်ဆင်းတဲ့  လူဦးရေ နည်းနေမယ်ဆိုရင် ... သေချာတယ်၊ ဒီဆိုဒ် လစာမမှန်၊ ရာနှုန်း
ပြည့် မှန်မြဲဖြစ်တယ်ဆိုတာက ဆယ့်ငါးရက်လုံးလုံး အလုပ်သမားကို အကြွေးစနစ်နဲ့  ရောင်းပေးရတာကြောင့် 
ပါပဲ။ လစာမှန်မှ ဆိုင်က လက်ငင်းရောင်းနိုင်မှာကိုး ။ လစာ မမှန်ရင် အလုပ်သမားပြေးမယ်၊ အခန်းတွေ
လူလွတ်နေမယ် ၊ ဆိုင်လည်း ခြောက်ကပ်နေမယ် ၊ ဒါက နိယာမ တစ်ခုပါ ။ တစ်ချို့ ဆိုဒ်ကြီးတွေ ဘယ်လောက်
ကြီးနေနေ ပစ္စည်းဂိုဒေါင်တွေဟာ ဟာလာဟင်းလင်း ဖြစ်နေပြီဆိုရင် ဒီဆိုဒ်မကြာခင် ပြဿနာ ပေါ်တော့ မှာ
သေချာနေပါတယ်။ ဒါတွေ ကျွန်တော်တို့  ဘယ်လို သိခဲ့ ကြသလဲ ဆိုတာ ရှင်းပြပါမည်။

အချိန် အများကြီးပေးခဲ့ ရပါသည်။
အလုပ်အားလပ်ရက် ရသည်နှင့်  ကျွန်တော်တို့  နှစ်ဦး ဆိုဒ်တွေထဲ လျှောက်လည်သည်။ ဆိုဒ်ကြီးကြီးတိုင်းမှာ
မြန်မာတို့  ရှိစမြဲ ။ သူတို့ ကလည်း ကျွန်တော်တို့ ဆီ လာလည်ကြပါသည်။ ဆိုဒ်ရဲ့  အချေအနေတွေ ပြောပြကြ
သည်။ မြင်ကြရသည်က မဟန်တာ ခပ်များများပါ ။ ဖိနွန်ဆီမှာ အလုပ်ဝင်လုပ်ရသည့် အချေအနေနှင့်  ဆိုဒ်ထဲမှ
အချေအနေမှာ မိုး နဲ့  မြေ လို ကွာခြားသည်။ မိသားစုလုပ်ငန်းနှင့်  အလုပ်ခွင်လို ကွာခြားသည်။ ထိုအချေအနေ
ကို ကျွန်တော်တို့ သိပါသည်။ သို့ ရာတွင် ဖိနွန်သည် အသေးစားကံထရိုက်ဖြစ်သဖြင့်  အလုပ်အမြဲမရှိ ။ ရက်
နှစ်ဆယ်လောက် လုပ်ရပြီး ၊ ဆယ်ရက်လောက် အလုပ်မပေါ် တာမျိုး မကြာခဏ ကြုံ နေရ၏။ ထို့ ကြောင့် 
ငွေ မစုမိခဲ့ ။ အခြေအနေက သူဌေးဖြစ်လိုက် ခွေးဖြစ်လိုက်နှင့်  ။ ပိုဆိုးတာက ကျွန်တော်တို့ နှစ်ယောက်လုံး
ထမင်းချက်မစား၍ ဖြစ်သည်။ ဖိနွန်က အိုးခွက်ပန်းကန်များ ပေးထားသော်လည်း ၊ ခေါက်ဆွဲပြုတ်စားတာက
လွဲရင် ဘယ်တော့ မှ ဈေးဝယ်၍ ဟင်းချက်စားတာမျိုး မရှိကြ ။

ဆိုဒ်တွေထဲမှာ နေစဉ်က စုပေါင်းနေထိုင်ကြသဖြင့်  အလှည့် ကျ ထမင်းချက်ရသည် ။ သန့် စင် ချက်သည့်အခါ
ငါးသေတ္တာနှင့် ကြက်ဥ ၊ ကျွန်တော်ချက်သည့်အခါ ကြက်ဥ နှင့်  ငါးသေတ္တာ ။ ဒါပဲ ချက်တတ်သည် ။ လွယ်တာ
ကိုး ။ လျှပ်စစ်ဒယ်အိုး ပူလာသည်နှင့်  ဆီထည့်  ၊ ငရုတ်သီးစိမ်းထည့်  ဆီနှင့်  ငရုတ်သီးစိမ်း ရောမွှေပြီးလျှင်
ငါးသေတ္တာဖေါက်ထည့် လိုက်ရုံ ။ ပြီး ငါးသေတ္တာအခွံကို ရေကျင်း၍ ထည့် သည် ၊ ပွက်လာလျှင် ရေထည့် ၍
မွှေသည် ။ လူငါးယောက်ဆိုလျှင် ကြက်ဥ ငါးလုံး ဖေါက်ထည့် သည်။ ဒယ်အိုးအဖုံး ဖုံးအုပ်ထားရုံနှင့်  ဟင်းဖြစ်
သွားပြီလေ ။

အဲ.. တို့ စရာနှင့် စားချင်လျှင် ဆိုဒ်ထဲက ဈေးဆိုင်မှာ တို့ စရာရော ငါးပိရည်အစပ် ၊ အချို အကြွေး ဝယ်နိုင်သည်။
ဈေးဆိုင်မှာ အကြွေး ယယ်လိုလျှင် ကိုယ့် အလုပ်အုပ်စုခေါင်းဆောင် ( လုဖိ ) ၏ လက်မှတ်နှင့်  ထုပ်ပေးထား
သည့်  မှတ်စုစာအုပ် ရှိဘို့ သာ လိုသည်။ တစ်ဦးလျှင် တစ်အုပ် ထုပ်ပေးထားသည် ။ ဆိုင်ကလည်း အကြွေး လာ
ဝယ်သူ၏ အလုပ်ဆင်းရက်နှင့်  လုပ်အားခကို ချိန်၍ အကြွေး ရောင်းပေးသည် ။

များသောအားဖြင့်  ဆိုင်ဖွင့် သူမှာ အလုပ်သမားခေါင်းဆောင် “ လုဖိ ” ဖွင့် သောဆိုင် ဖြစ်နေတတ်သည်။
အလုပ်သမား သုံးဆယ်ခန့် ကို ခေါင်းဆောင်နိုင်သူ “ လုဖိ ” သည် ဆိုင်ဖွင့် နိုင်မှာ သေချာ၏။ ထိုအလုပ်သမား
များ အလုပ်ဆင်းနေသ၍ သူ့ ဆိုင်မှာ အကြွေး ဝယ်စားနိုင်ပါသည် ။ အကြွေးဝယ်စားလို့ ရလျှင် အလုပ်သမားက
များများစားတတ်သည် ။ အရက်လည်း များများသောက်နိုင်၏။ လစာရှင်းလျှင် အကြွေးအားလုံး နှုတ်ယူပြီးသား
ဖြစ်သည် ။ ဈေးတင်ထားခြင်းတော့ မရှိ ။ သူဌေးက ငွေမရှင်းလျှင် ခေါင်းဆောင်ခံရုံပဲ ရှိသည် ။ ကောင်းသော
စနစ်ကလေးတစ်ခုပင် ။

ကျွန်တော်နှင့်သန့် စင် သဘောကွဲတာရှိသည်။
ကျွန်တော်က အချောကိုင်စမားဖြစ်ရန် စိတ်မဝင်စား ။ သင်ပေးလည်း ခဏပဲ လုပ်သည် ။ အဖျော်ဆရာ အလုပ်
သာ ဝါသနာပါ၏။ အချောဖျော် ၊ အကြေမ်းဖျော် ၊ အနုဖျော် ၊ အုတ်စီရန်ဖျော်ရသော ဘိလပ်မြေအဖျော်ပညာကို
ကျွန်တော်လေ့ လာသည် ။ သန့် စင်လည်း ဒါတွေ တတ်ပါသည်။ သို့ ရာတွင် သူက အုတ်စီ၊ အချောကိုင် သီးသန့် 
သမား ။ကျန်တာတွေကို ဝါသနာမပါ ။ ဘိလပ်မြေအိပ်ကို မ,မချင်။

ကျွန်တော်တို့  ပုတ်ပြတ်လုပ်ရသော အလုပ်ခွင်မှ စ ၍ ကျွန်တော်က အဖျော်ပိုင်းကို တာဝန်ယူသည် ။
နားအေး၍ တာဝန်ကင်းသောကြောင့်  ဖြစ်သည်။ အုပ်စီသမားအတွက်ဆိုလျှင် သဲ များများ အချိုးထည့် မည် ။
အချောကိုင်သမားအတွက်ဆိုလျှင် ဘိလပ်မြေ အသားပေးထည့် မည် ။ ပင်ပန်းတာတော့  ပင်ပန်းပါတယ် ။
အထပ်မြင့်မြင့်တွေမှာ လုပ်ရတဲ့ အခါ ဘိလပ်မြေကို အောက်က ဂိုဒေါင်မှာ ကိုယ်တိုင်သွားထမ်း၍ “ လစ် ”
( ကရိန်းဖြင့်  ဆွဲတင်သော သံဒယ်အကြီးစား ) ထဲမှာ စီရသည် ။ အုတ်စီ အချောကိုင်သမား ခုနှစ်ဦး တစ်နေ
ကုန်လုပ်မည်ဆိုလျှင် ဘိလပ်မြေအိပ်နှစ်ဆယ်မှာ မလောက်ချင် ။ သဲ ကိုလည်း ထို “ လင့် ” နှင့် ပင် တင် ရ၏။

တစ်ခါတစ်ရံ စက်ဖြင့်ဖျော်၍ တစ်ခါတစ်ရံ လူဖြင့်ဖျော်ရသည် ။
လူဖြင့်ဖျော်ရတာကို ကျွန်တော်ပို လက်တွေ့  သည်။ စက်ဖြင့်ဖျော်ရလျှင် ရင်ခေါင်းလောက်အမြင့် ရှိသော
ဖျော်စက်အဝသို့  ဘိလပ်မြေကို မ ၍ ထည့် ရ၏။ မြေပြင်မှာ ချထားသည့်  အိပ်ကို ဒူးမှာထောက်၊ လက်ဖြင့် 
အိပ်ခါး ကိုပွေ့ ပြီးမှ ဖျော်စက် အဝ သို့  ပင့် တင်ရသည် ကို နိုင်မှ အဖျော်သမား စွမ်းရည်ပြည့်သည် ။ ၅၀ ကီလို
ရှိသည့် ဘိလပ်မြေအိပ်ကို လိုသလို ပင့် နိုင် ၊ မြှောက်နိုင်ရမည် ။

ပထမတော့  ကျွန်တော် အောက်ဆုံးမှ ဘိလပ်မြေအိပ်ကို မ, ဖို့ ရာ အတော် စိတ်မောမြဲ ။
အလုံးနှစ်ဆယ်ရှိလျှင် ခုနှစ်လုံးစီ သုံးတန်းဆင့်ထားပြီး အပေါ်ဆုံးမှ စ ၍ ယူသုံးရင်း ၊ အောက်ဆုံးမှာရှိသည့် 
သုံးအိပ်ကို တစ်အိပ်ပေါ် တစ်အိပ် ဆင့် လိုက်သည် ။ ဒုတိယအိပ်မှာလည်း ဒူးပေါ် တင်၍ သယ်နိုင်ပြီးသား ။
အောက်ဆုံးမှ အိပ်ကို သယ်သည့်အခါ ခါးကိုင်း၍ ဆွဲ မ, ရသည်မှာ မသက်သာ ။

တဖြည်းဖြည်း အလုပ်မှ သင်လာတော့  အသာလေးပင် ကောက်မ,၍ ခါး မှာ ချိတ်တင်လာနိုင်သည် ။ ဘိလပ်မြေ
ဖျော်ရာတွင်လည်း ရေများသည်၊ နည်းသည်ကို ပိုက်ဖြင့် ထည့်ရင်းဖြစ်စေ၊ ပုံးဖြင့် ခပ်ရင်းဖြစ်စေ သိ နိုင်လာခဲ့ ပြီ။
အတွေ့  အကြုံ က သင်ပေးခြင်းပင် ။ အဖျော်သမား လုပ်ရသည်မှာ နားချိန်များသည်။ ဖျော်ပြီးလျှင် ဆိုဒ်ထဲ
လျှောက်သွားနေလို့ ရသည် ။ အုတ်စီသည့်  အဖျော်ရလျှင် နားပါလေ့  တစ်မေ့ တစ်မော ။

အချောကိုင်ရန်ဖျော်ပေးရလျှင်လည်း ပထမပိုင်းသာ ပင်ပန်းသည်။ အချောတင်ပြီး၍ ညှိရသည့်  အချိန်ရောက်
လျှင် ဘာအလုပ်မျှ မရှိတော့  ။ သဲ ၊ ရေ ၊ ဘိလပ်မြေ၊ အရန်သင့်  ဖြည့် ထားပြီးလျှင် တာဝန်ကျေပြီ ။ ထိုအချိန်
အားတွင် ကျွန်တော် တစ်ဆိုဒ်လုံးကို ပတ်တော့ သည် ။

ဆိုဒ်ကြီးများတွင် မြန်မာများမှာ အချိန်ပို အများဆုံး ရကြသည်။
“ ဘန်နာ ” မှာတုံးကဆိုလျှင် ကျွန်တော်နှင့် သန့် စင်အချိန်ပိုဆင်းရသည့် ငွေ မှာ လစာရင်းထက်ပင် များနေ၏။
အထပ်တိုင်းမှာ ရှိသည့် အုတ်အကြိုးအပဲ့ နှင့်  အမှိုက်သရိုက်များ ကို စွန့် ပစ်ပေါက်မှ ညနေတိုင်း စွန့် ပစ်သည့် 
အလုပ်ကို “ ဝဏ္ဏ ” မှ ကန်ထရိုက်ရ၍ သူက သုံးဆယ်ရာခိုင်နှုန်းယူကာ ကျွန်တော်တို့ ကို ပုတ်ပြတ်ပြန်ချပေး၏။
စုစုပေါင်း ကျွန်တော်တို့  လေးယောက် ဒိုင်ခံ စွန့် ပစ်ကြသည်။

ညနေဆိုလျှင် “ လောက်ခေါင် ” အရက်ဖြူဝယ် ၊ ဂီတာတစ်လက်နှင့်  စွန့် ပစ်ရမည့်  အမှိုက်ပုံသို့  ချီတက်ပြီ ။
နှစ်ယောက်တစ်တွဲစီ နားလိုက် ၊ ပစ်လိုက်ဖြင့်  သုံးနာရီခန့်  လုပ်ပြီးလျှင် မောလည်းမော၊ မူးလည်း မူး ၊ အလုပ်
လည်း ပြီးသည်။ ထိုကာလများမှာ ကျွန်တော့် အတွက် ရွှေရောင်လွှမ်းသောကာလများပင် ဖြစ်ပါသည်။

အခုတော့  ဖိနွန်မှာ အလုပ်လက်ခံထားတာမရှိ။
ဆိုဒ်တွေမှာလည်း အလုပ်လုပ်ရတာ မသေချာ ။ လက်ထဲမှာ စုမိထားတာလေးတွေနှင့်  စား နေရုံသာ ။
တစ်လ ပြည့် တော့ မည် ။ ငွေ လည်းကုန်တော့ မည် ။ သည်ကြားထဲတွင် ဆိုဒ်တစ်ခုမှ ပုံထားသော သစ်သား
အဟောင်းများကို သံချက်များ သွားနှုတ်ပေးရသည့်  ပုတ်ပြတ်အလုပ်ကလေးကြောင့် ဘတ်ရှစ်ရာ ရလိုက်သည်။
နှစ်ရက်ခန့် သာ လုပ်ရ၏။ လက်သမားအကူတော့  လာခေါ်ပါသည်။ ဆရာဖြစ်ခဲ့ ဘူး၍ တပည့် လစာဖြင့်  မလိုက်
ချင်ကြတော့  ။

ဒါကတော့  လူ့ သဘာဝပင် ။ သူတစ်ပါးနိုင်ငံ၏ တရားမဝင်အလုပ်သမား ဖြစ်နေတာက တစ်ပိုင်း ၊အလုပ်မာနက
တစ်ပိုင်း ဖြစ်ပါသည်။ ဆရာ မဖြစ်ရလျှင် လိုက်မလုပ်ချင်တော့ ပါ ။ ကေသရာဇာ မှန်လျှင် မြက်မစားဟု ဆိုသည်
မဟုတ်ပါလား ...။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည် ။

....................................................................................................................

( ဆက်ရန် )

9 comments:

IDIOT-Ki said...

ကေသရာဇာမှန်ရင် မြက်မစား ဆိုတာ...တခုခု စားစရာ ရှိနေလို့ ဖြစ်ရ မယ် .. ဒါ မှ မဟုတ်
လျှာမှာ မြက် ပဲ အပေါက် ခံ လိုက်တော့ မဲ့ သဘောလား လို့  ၊ ချော်တွေး တွေး သွား တယ် ..

ဝက်ချေးကျုံးလိုက် ၊ဘဲမွေးလိုက် ၊ ပန်းရံလုပ်လိုက် နဲ့.. ဘယ်တော့ သူဌေး ဖြစ်မလည်း ဆိုတာ စောင့်ကြည့်ရ အုံးမယ်....

sosegado said...

အသေးစိပ်ကိုရေးထားတာ စိတ်ဝင်စားစရာပါပဲ၊ ရင်ေသန်ရေးဆိုတာ ဘယ်နေရာမှာမဆို မလွယ်ပါဘူး၊ ကြုံဘူးမှ သိကြတာပါ။

Anonymous said...

ပန်းရန် လား ပန်းရံလား

ကိုဇော် said...

တရားမဝင်သမားတွေရဲ့ ဘဝက ဒီလိုပဲဗျ။
တစ်ခုခုကို ကြောက်ကို ကြောက်နေရတာ။ အဲ အဆင်ပြေနေသူတွေကျတော့လည်း မူးရူးနေတာနဲ့ အချိန်တွေပါ ကုန်ပြန်ရောပါလား။ ခက်ခဲလွန်းလာရင်တော့ မာနတွေ မရှိကြတော့ပါဘူးလေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အလုပ်သဘော သဘာဝကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင်ရေးထားတော့ ဖတ်ရတာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေတယ်
အဆင်မပြေတာတွေဖတ်မိတော့ သက်ပြင်းမော ချမိတယ်။

အနော် said...

အကိုအဖြူလေးရေ အဲ့လို ဘဝတွေ အများကြီး အများကြီးလို့သာ စိတ်မောမောနဲ့ ပြောခဲ့ချင်မိတယ်..
ကြိုးစားတဲ့ လူငယ်တွေ ရိုးသားတဲ့လူငယ်တွေရှိသလို ဘဝကို ရေစုန်အမျောခံလိုက်တဲ့ လူငယ်တချို့ရဲ့ ဘဝတွေလဲ ရှိသေးတယ်...
ဘာဖြစ်ဖြစ် ဒီဝတ္တုလေးကိုတော့ အဆုံးသတ်မှာ မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေ ရစေချင်မိတယ်..

မြတ်မွန် said...

သိပ်ကောင်းတဲ့ပိုစ့်လေးပါပဲ..
ဖတ်ရင်း သူတို့ဘဝတွေကို စာနာမိပါတယ် အကိုရေ..
ဆက်ရေးပါအုံး..။

ချမ်းလင်းနေ said...

ဝက်ကနေ ဘဲ၊ ဘဲကနေ ပန်းရံ ဘတွေတွေ စုံလိုက်တဲ့ ကိုထွေးဗျာ။

blackcoffee said...

ဒီလိုပါပဲ လူက အလုပ်ကိုသင်၊ အလုပ်က လူကိုသင်နဲ့ အတွေ့ အကြုံက ရရလာတာပါပဲ။
အမြင့်ကို ရောက်ပြီး အနိမ့်ကို ပြန်မဆင်းချင်တာကလဲ လူ့ သဘာဝပါပဲ။ ဒါပေမယ့် မငတ်သေးလို့ ပါဗျာ ဟုတ်တယ်နော်။ တကယ်ငတ်လာပြီ ဆိုရင်တော့လဲ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ကဝင်လာတာ ပါပဲ။