Thursday, February 24, 2011

ကြက်သတ်သမား ဖြစ်ပြန်ပြီ..။

တကယ်တော့  လောကကြီးက ကိုယ်ဖြစ်ချင်နေသလို ဘယ်တော့ မှ မဖြစ်တတ်ပဲ သူဖြစ်ချင်သလို သူ့ သဘော
အတိုင်းပဲ ဖြစ်တည်နေတတ်လေတော့ လောကသားတွေ ဖြစ်ကြကုန်သော ကျွန်တော်တို့ အားလုံးကလည်း
သည်လောကကြီးနှင့်  အလိုက်သင့် အလျားသင့် ကျေကျေနပ်နပ်နှင့် နေတတ်အောင် လေ့ ကျင့်နေရမည်ဟု
ကျွန်တော်ထင်ပါသည်။

သည်ဝတ္ထုလေးကို ရိုက်လိုက်၊ ဖတ်လိုက်နှင့်ပင် လောကဓံကို အရှုံးမပေးတတ်ပဲ ကြုံသလို၊ ကျသလို၊ အလှည့် 
ကျ မငြီးစတန်း ရင်ဆိုင်နေသည့် “ ကိုထွေး ” ၏ သတ္တိတွေက ကျွန်တော့်ခန္ဓာကိုယ်ထဲသို့  တစိမ့် စိမ့်  စီးဝင်လာ
နေသလို ခံစားနေမိရပါသည်။ ဘဝ ဇာတ်ခုံဆိုတော့ လည်း အနု၊ အကြမ်း၊ အလွမ်းတွေ လာပါလိမ့် ဦးမည်။
အကြမ်းကို အကြမ်းနှင့်၊ အလွမ်းကိုအလွမ်းနှင့်  အနုကို အနုလေးတွေ နှင့်  ဆိုတော့ လည်း ...။


“ ပွဲခတော့  ငါးရာပေးရမယ်နော် ”
“ တစ်ခါတည်း ပေးရမှာလား ”
“ မဟုတ်ဘူး၊ အလုပ်က လက်ခံပြီဆိုမှ ပေးရမှာ ”
“ လစာ က ”
“ တစ်လ နှစ်ထောင့်ငါးရာ စ ပေးမယ်၊ အချိန်ပိုရှိတယ်၊ နေစရာ ပေးလိမ့် မယ် ”
“ စားတော့ ကော ”
“ စုပြီး ချက်စားပေါ့ ၊ ဟိုမှာ မြန်မာ သုံးယောက် ရှိတယ်၊ သူတို့ နဲ့  စားလေ ”
ကျွန်တော် သဘောတူလိုက်ပြီ။
အလုပ်လိုက်သွင်းပေးမှာက ကုလားတစ်ယောက်ပါ ။ အီစွတ် လို့  ခေါ်သည်။ သူက ( Soi Mahrthai ) ဆွိုင်မဟာ
ထိုင်လမ်းမှာ လက်တွန်းလှည်းကလေးနဲ့  ရိုတီပလာတာ ရောင်းသည်။ တွေ့ နေမြင်နေတာတော့  ကြာပြီ။
သန့် စင် မိတ်ဆက်ပေးလို့ ပါ။ မော်လမြိုင်မှာ နေတယ်လို့  သိရ၏။ ရွယ်တူလည်းဖြစ်၊ စကားပြောလည်း ခပ်အေး
အေးမို့  ခင်ဖို့  ကောင်းပါသည်။

ပထမ သူ ခေါ်တာက ပလာတာ ရောင်းဖို့  ခေါ် တာပါ။
“ ပလာတာတော့  မရောင်းရဲဘူး၊ ပတ်(စ)ပို့ ဒ် မရှိဘူးဗျ ”
“ ဘာဖြစ်လဲ၊ ဘင်္ဂလားဒေ့ ရှ် စာအုပ်ကိုင်ပေါ့ ၊ ကျွန်တော် လုပ်ပေးမယ် ”
“ ဟာ ... မလုပ်ရဲဘူး ”
သူ က တွက်ပြပါသည်။
“ ခင်ဗျားကို ခင်လို့  ပြောတာပါ၊ ဒီရိုတီ ရောင်းတာ တစ်နေ့ ကို ဘတ်သုံးရာလောက် မြတ်တယ်ဗျ၊ ခင်ဗျား အိမ်
ခန်းငှားတာ တစ်လ ရှစ်ရာ၊ ဗီဇာခက တစ်လ သုံးထောင်၊ စားတာ သောက်တာ နှုတ်လိုက်ဦး၊ ခင်ဗျားအတွက်
လေးငါးထောင် အသာလေး ”
“ ဟင့်အင်း ... ကျွန်တော်မရောင်းရဲဘူး၊ ရှက်လို့  မဟုတ်ပါဘူး၊ ရဲ ကြောက်လို့  ”
ဒါဆိုလည်း သဘောပဲတဲ့ ။ အဲဒီနောက်တော့  သူက သူ့ အိမ် လိုက်လည်ဖို့  ခေါ်လို့  သန့် စင်နဲ့  သွားလည်ကြပါ
သည်။ ကျူးကျော်ရပ်ကွက်လေးထဲမှာ အခန်းငှားပြီးနေတာပါ။ သူတို့  စုစုပေါင်းလေးယောက်လောက်ရှိသည်။
နှစ်ယောက် တစ်ခန်း ငှားနေကြပါသည်။ အိမ်ရှင်မှာလည်း ဖုန်းတွေ ဘာတွေ ရှိသည်။ တစ်ခါ ဖုန်းလာရင်
ငါးဘတ် ပေးရ၏။ မဆိုးလှပါ။ တော်တော် သုံးစွဲနှိုင်မဲ့ ပုံ ပေါ်ပါသည်။ ဒါပေမယ့်  ကျွန်တော်မရောင်းရဲဘူး။ သူက
လှည်းလည်း ပေးမယ်၊ ရောင်းရမယ့် လမ်းလည်း ပြပေးမယ်၊ ဘင်္ဂလားဒေ့ ရှ်စာအုပ်လည်း လုပ်ပေးမယ်၊ ရိုတီ
လုပ်နည်းရော၊ ရိုက်နည်းပါ သင်ပေးမယ်။ အတူ နေခွင့်ပြုမယ်၊ သူ့ ကို ဘတ်ခြောက်ထောင်ပဲ အရစ်ကျ ဆပ်ပါ
ဟု ပြောပါသည်။ ရဲ လည်း လုံးဝ မဖမ်းစေရဘူးဆိုပဲ။ ပတ်(စ)ပို့ ဒ်မှာ ကျွန်တော့် ပုံနဲ့  ဖြစ်စေရမယ်၊ ကိုယ်တိုင်
နယ်စပ်မှာ ဗီဇာ သွားယူရမယ်တဲ့ ။ တယ်ဟုတ်နေပါလား..။

နောက်တော့  ကြက်စက်ရုံမှာ အလုပ်ပေါ်လို့  ကျွန်တော့်ကို လိုက်ပို့ ပေးပါတယ်။
“ စမုတ်ပကာ” လို့  ခေါ်တဲ့  မြို့ မှာ လုပ်ရမှာပါ။ စက်မှုလက်မှုမြို့ တော်ဖြစ်ပါတယ်။ ကားတော့  တော်တော်စီးရ
ပါသည်။ အဲ့ ဒီမှာ လုပ်နေသည့်  ကုလားသုံးယောက် ရှိသည်။ ကရင်ပြည်နယ် ရွှေဂွန်းဖက်မှ ဖြစ်သည်။ လူငယ်
တွေဖြစ်သည်။ အကြီးဆုံးကမှ အသက်သုံးဆယ်ပဲ ရှိသေးသည်။

နာမည်က “ အခါ ” တဲ့ ။ သူက သွင်းပေးတာဖြစ်သည်။ အလုပ်က ညနေ လေးနာရီမှ စဆင်းရပါသည်။
ည နှစ်နာရီအထိ။ ဝဏ္ဏက တရုပ်ဖြစ်သည်။ ပိုင်ရှင်ကတော့  မူဆလင်ပါ။ စက်ရုံက အလုပ်သမား အများစုဟာ
လည်း မူဆလင်တွေ များပါသည်။ စက်ရုံကို နေ့ ၊ ည နှစ်ဆိုင်းခွဲထားသည်။ ကျွန်တော်တို့ က အကြမ်းသမားတွေ၊
ညဘက် လုပ်ရပါသည်။

ညနေ လေးနာရီမှာ ယူနီဖောင်းဝတ်ပြီး အလုပ်ခွင်ထဲ ဝင်ရပါသည်။
ကြက်ခြင်းတွေ တင်ထားသည့်  ကြက်ကားတွေက အဆင်သင့်  စောင့်နေကြ၏။ အပေါ်က ဆွဲချ နှစ်ယောက်၊
အောက်က လည်လှီးမဲ့ နေရာကို ဆွဲပို့ သမားက ခြောက်ယောက်၊ လည်လှီးသမားက လေးယောက်၊ ရေနွေးအိုး
ထဲ ထည့်သူ၊ မွှေသူ၊ ဆယ်သူ၊ အမွှေးနှုတ်သူ၊ ခုတ်သူ၊ သယ်သူ၊ ကြက်ခြင်းတွေ ပြန်ယူသွားသူ၊ ရေခဲ ခွဲသူ ဆိုပြီး
လူ လေးဆယ်လောက် စုပေါင်းပြီး လုပ်ကြပါတယ်။

ကြက်ကား တစ်စီးမှာ ကားအသေးဆို ကြက်ခြင်း နှစ်ရာပါပြီး၊ တစ်ခြင်းကို ကြက်ရှစ်ကောင်နဲ့  ဆယ်ကောင်
ပါတတ်ပါတယ်။ တစ်နေ့ ကို ကားလေးစီး ပုံမှန် ရှိပါသည်။ ည နှစ်နာရီ ဆို အလုပ်သိမ်းပါသည်။ နားရက် ပေး
ပါသည်။ ပိတ်ရက်တော့  မထားပေ။

စုပေါင်းလုပ်ရတာမို့  ပင်ပန်းသည်ဟု မထင်ရပေ။
ကျွန်တော် စ လုပ်ရတာက ကြက်လည်လှီးသမားဆီသို့  ကားပေါ်က ချလာတဲ့  ကြက်ခြင်းများကို လွယ်လွယ်ယူ
နိုင်အောင် ဆွဲကပ်ပေးရခြင်းဖြစ်သည်။ လေးခြင်းကို တစ်တန်းထားပြီး၊ တစ်ခါကပ်လျှင် နှစ်တန်း ကပ်ပေးရ၏။
မြန်ပါသည်။ ကြက် တစ်ကောင်ကို သုံးစက္ကန့် နှင့် လှီးပြီးသား။ ပြီးလျှင် ဒယ်အိုးအကြီးကြီးထဲ ပစ်ထည့် လိုက်
ပါသည်။ အလှီး ခံ လိုက်ရသော ကြက်တွေကတော့  အမြဲတန်း ဆွေ့ ဆွေ့ ခုန်နေမြဲ။ ခုန်တာရပ်သွားသည်နှင့် 
ရေနွေးသမားက ခြေထောက်က ဆွဲကိုင်ပြီး ရေနွေးအိုးကြီးထဲ ပစ်ထည့်လိုက်ပါသည်။

ခဏ ကြာလျှင် အထူးပြုလုပ်ထားသော လက်အိပ်ကြီးနှင့် ဆယ်ပြီး၊ အမွှေးနှုတ်သမားဆီပို့ ၊ အမွှေးနှုတ်သမားက
စက်ထဲ တန်းထည့်လိုက်ရုံပါ၊ စက်က သူ့ ဟာသူ ရိုက်ချွတ်ပြီးတာနဲ့  အပေါက်ကလေးကနေ အသားခုတ်တဲ့ ဆီ
လျှောခနဲ သွားပါလေရော။ ခုတ်သမားတွေက ကြက်အရွယ်အစားကို ကြည့်ပြီး အကောင်လိုက် ထားဖို့ ဆိုလျှင်
ကလီစာတွေ ထုပ်ပြီး၊ ရေခဲသမားဘက်ပို့ ၏။ အသားခုတ်ဖို့  လိုလျှင် အသားခုတ်သည်၊ အရိုးဖယ်သည်။

အဆင့်အမြင့် ဆုံးက လည်လှီးသမားပါ။ လစာ လည်းအကောင်းဆုံးဖြစ်သည်။ သောင်းနှင့် ချီ ရပါသည်။
ကျွန်တော်တို့  ဗုဒ္ဓဘာသာတွေကို လည်လှီးခွင့်  မပြုပါ။ မူဆလင်ထဲမှာတောင် ဘာသာရေး တော်တော်လေး
လေးနက်သော သူကိုမှ လှီးခွင့်ပြုတယ်လို့ သိရပါသည်။

နေ့ အလုပ်သမားတွေက ညက လုပ်ထားတဲ့  ကြက်တွေကို အသားထုပ်ပိုးတဲ့ သူက ထုပ်ပိုးသည်၊ အသားလုံး
ကြိတ်တဲ့ သူက ကြိတ်သည်၊ အကောင်လိုက် ပါကင်ထုတ်တဲ့ သူကထုပ်သည်၊ တောင်ပံရိုး၊ ပေါင်၊ ခေါင်းနဲ့ လည်
ချောင်း သပ်သပ်စီ ခွဲထားပြီး ပါကင်တွေ ထုပ်ကြသည်။

ညအလုပ်သမားတွေအတွက် ကောင်းတာက ကြက်ကို အချိန်မရွေး စားနိုင်ခြင်းပင်။ ရေနွေးသမားက “ ဝဏ္ဏ”
အချေအနေကို ကြည့်ပြီး၊ စားလို့ ရသည့်  အချေအနေအထိ ပြုပ်သည်။ ပြီးလျှင် ကြက်မွှေးသွန်သည့် ခြင်းကြီးထဲ
ပစ်ထည့်ပေးလိုက်ပါ၏။ ကျွန်တော်တို့ က သယ်ပြီး ချောင်ထဲ သွားပို့ ထားရုံသာ။ ဆာတဲ့ သူက သွားပြီး ဖဲ့ စား
ကြပါတယ်။ ကြာတော့ လည်း မုန်းလာပြီး မစားချင်တော့ ပေ။ ရာမား ( စိတ်ကြွဆေး ) ထိတဲ့ နေ့ ဆို ပိုဆိုးပြီပေါ့ ။
ရေခဲ ကိုသာ ကိုက်ဖြစ်နေတော့ သည်။

ရာမား ထိတာ ကားသမားတွေကြောင့်ပါ။
သူတို့ က ကားတွေပေါ်က ကြက်ခြင်းတွေ မြန်မြန်ချစေချင်တဲ့ အခါ ကျွန်တော်တို့ လက်ထဲ ဆေးပြားနှစ်ပြားစီ
လိုက်ထည့်ပေးပါသည်။ ရှစ်စိပ် စိတ်ပြီး တစ်ယောက်တစ်စိတ်ကို ရေခဲရည်နဲ့ ချလိုက်လျှင်ပဲ ငါးမိနစ်အတွင်း စူပါ
ပါဝါတွေ ဝင်လာတော့ သည်။ ပုံမှန် နှစ်နာရီလောက်မှ ပြီးမယ့်ကိစ္စတွေဟာ တစ်နာရီစွန်းစွန်းလေးနဲ့ တင် ပြီးဆုံး
သွားတတ်စမြဲ။

“ ဝဏ္ဏ ” ကတော့  မိရင် ထုတ်ပစ်မယ်၊ ရဲ လက်အပ်မယ်လို့  ခဏခဏ ကြိမ်းပါသည်။ သို့ သော် ကြက်ကားလာပြီ
ဆိုလျှင် သူဘယ်တော့ မှ အနားမလာပါ။ များသောအားဖြင့် တပ်တိယကားနှင့် စတုတ္ထကားတွေက ရာမားပေး
တာများပါသည်။ ညဆယ့်နှစ်နာရီကျော်နေပြီမို့  မြန်မြန်ပြီးချင်ကြပါသည်။ ကျွန်တော်တို့  ဝုန်းဒိုင်းဝုန်းဒိုင်း အား
သွန်ခွန်စိုက်လုပ်ပြီဆိုလျှင် လည်လှီးသမားတွေ လှန်းဆဲပါတော့ သည်။ ထိုအခါ ကားသမားတွေက သူတို့ လေး
ယောက်အတွက်ပါ ဖန်တီးပေးရပါသည်။ ဒါမှ တက်ညီလက်ညီ ရှိမှာကိုး။

တစ်ခါတစ်လေ စတုတ္ထကြက်ကား ဝင်မလာတာမျိုးလည်း ရှိတတ်ပါသည်။ အချိန်ပိုလည်း ရကြပါသည်။ ဗိုက်ဆာ
လျှင် ကြက်ပြုတ်စားခွင့် ပြုသည်။ အမျိုးသမီးတွေကတော့  ပြန်ချင်လည်း ပြန်နိုင်ပါသည်။ လည်လှီးသမားနှစ်
ယောက်ရှိရင် ရသည်။ လက်တည့်စမ်းမည့် လည်လှီးသမားတွေအတွက်တော့  လက်သွေးခွင့် ရလေပြီ။

ကျွန်တော်လည်း မုဆိုးနားနီးနေလို့  မုဆိုးတစ်ပိုင်းဖြစ်ခဲ့ ပြီ။
မိဘတွေသာ မြင်ရင် လဲသေသွားမလား မဆိုနိုင်ပေ။ ဝက်မွေး၊ ဘဲမွေး၊ ကြက်သတ်နဲ့  အကုသိုလ် အလုပ်တွေထဲ
မှာ နစ်မြောနေမိပြီ။ ကိုယ်တိုင်သတ်တာမဟုတ်ခဲ့ ပေမဲ့ ကြံရာပါပဲမဟုတ်ပါလား။ လည်လှီးသမားတွေရှေ့ ကို
ကြက်ခြင်းတွေ အရံသင့်ဖြစ်အောင် စီမံ ပေးရတာလေ။

လုပ်စမှာတော့  ကြက်တွေ ဓါးဒဏ်ရာတွေနဲ့  ထွန့် ထွန့် လူးနေတာကိုမြင်မိပြီး စိတ်မချမ်းမသာဖြစ်မိပေမဲ့ ကြာ
တော့ လည်း အမြင်ရိုးသွားရပါသည်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ..။ တကယ်ဆို ဒီလောက်ငွေရှာခက်နေမှ
တော့  အိမ်ပြန်နေသင့်ပြီမဟုတ်လား။

အလကားပါ။
ဘယ်အိမ်ပြန်မလဲဗျာ၊ တစ်မိနစ်လောက်တောင် အိမ်ပြန်ဖို့  စိတ်မကူးမိပါ။ ကိုယ့်ကိုယ်ကို လူကံကောင်းကြီး
တွေလို မြင်နေလျက်ပင်။ ထိုင်းနိုင်ငံမှာက တစ်မိနစ်စောရောက်တဲ့ သူက နောက်ရောက်လာတဲ့ သူရဲ့  ဆရာပဲ။
ပျင်း၊ပျော်၊ ပျက်၊ ပြေး ဆိုတဲ့  စကားလည်းရှိသည်။

ရောက်ခါစကတော့ ပျင်းသည်။ ဘာမှ လုပ်ကိုင်စားသောက်ချင်စိတ်မရှိ။
နည်းနည်းကြာလာတော့  ပျော်စရာလေးတွေ မြင်လာ၏။ လစာထုပ်ရက်တွေမှာ ရုပ်ရှင်တို့ ၊ ဈေးတို့ ၊ ပန်းခြံတို့ 
သွားစ, လာစ, ရှိလာရင်း အချိန်တွေ ကုန်လို့  ကုန်မှန်းမသိကြတော့ ။ သူ့ ငွေကို ကိုယ့်ငွေ နဲ့  မတွက်ချင်တော့ ။
ဆေးလိပ်ဆို ခဲ ပြီးသား။ အဝတ်အစားဆိုလည်း ဝယ်ပြီးသား။ အလည်အပတ်ဆိုလည်း လစ်ပြီးသား။ပိုက်ဆံကို ပင်ပင်ပန်းပန်း ရှာနိုင်သလိုပဲ ချောင်ချောင်ချိချိ သုံးဖို့ လည်း လွယ်သွားတတ်တော့ သည်။ အဲ့ ဒါက ပျက်ခြင်းပင်။
အဲ့ လို ပျက်ရင်း၊ ပျက်ရင်း အဖတ်ဆယ်လို့ မရတော့ ရင် ပြေးရဦးမည်။ ကျွန်တော့် အချေအနေက ပျက်တဲ့ အချေ
အနေပါပဲ။

ဒီကြက်သတ်ရုံမှာ ဝင်လုပ်နေပေမယ့်လို့  ဒီလစာနဲ့  ဒီအလုပ်ဟာ ယာယီ သဘောပါ။ တစ်လမှ နှစ်ထောင့်ငါးရာ
ရသည်။ စားစရိတ်က ခုနှစ်ရာ၊ အခန်းခက နှစ်ရာထည့်ရသည်။ ညဖက်မှာ အားလပ်ချိန်ပေးတုန်း ဝယ်စားတာက
ရှိသေး၏။ ဘာကျန်မှာလဲ။ ကြက်သားကောင်းကောင်း စားရတာသာ အဖတ်တင်သည်။ ကျန်သည့်  သုံးယောက်
လည်း ဒီလိုပါပဲ။ လစာ ရလာရင် ကက်ဆက်လေးဝယ်လိုက်၊ ဘောင်းဘီလေးဝယ်လိုက်၊ အကြွေးဆပ်လိုက်နဲ့ 
လုံးလည်ချာလည်လိုက်နေကြစမြဲ။ ဒီကြားထဲ ရဲ လာမယ်လို့  သတင်းကြားရင် လေးငါးရက် နားရပြန်ရော။ အလုပ်
ဆင်းလျှင် တိုင်းကဒ် ( Time Card ) နဲ့  ဆင်းရတာ ဆိုတော့ ၊ နားရတဲ့  ရက်တွေမှာ ဝင်ငွေမရှိတော့ ။

ဒီလိုနဲ့ ပဲ သုံးလလောက် ကြာတော့  ရိုတီ ရောင်းဖို့  ကျွန်တော် ဆုံးဖြတ်လိုက်၏။
လက်ထဲမှာ ဘတ်သုံးထောင်လောက်ရှိသည်။ အီစွတ်ကလည်း သေသေချာချာ လုပ်ပေးပါသည်။ ပတ်(စ)ပို့ 
အတွက်တော့  ဘာမှ မပူရပါ။ စာတိုက်ကြီးမှာ ဓါတ်ပုံ သွားပေးလိုက်တာနဲ့  ဗီဇာပါတဲ့  ဘင်္ဂလားဒေ့ ရှ်စာအုပ်မှာ
ကျွန်တော့် ပုံ ကပ်ပြီးသား ဖြစ်ပြီ။

တယ်ဟုတ်ပါလား။ နာမည်က “ အာမက်ဘူကလေ ” တဲ့ ။
အသက်က ( ၂၆ )နှစ်။ နေရပ်တွေ ဘာတွေ မပါတော့ ။ ခက်တာက ကျွန်တော့် ပုံနဲ့  ဘင်္ဂလားဒေ့ ရှ်စာအုပ်က
မလိုက်ဖက်လှ။ ဒါပေမဲ့  ဘယ်လိုလုပ်ရမလဲ။ ပတ်(စ)ပို့  မရှိရင်တော့  ဖမ်းမှာ သေချာသည်။ ဘန်ကောက်မှာ
အဖမ်းခံရရင် မချောင်ပေ။ နယ်စပ်ပို့ တဲ့  လ.ဝ.က အချုပ်က နာမည်ကြီးသည်။ ပိုက်ဆံ မပါရင် လေးငါးခြောက်
လလောက် သောင်တင်သွားမည်။ ပြီးတော့  အထဲမှာ “ ဘန်နီ ” ဆိုတဲ့ လူကို တော်တော်ကြောက်ရသည်ဟု
ပြောကြသည်။ ရဲ က မွေးထားသည်ဟုလည်း ပြောသည်။ မြန်မာ မပြောနဲ့ ၊ တခြားနိုင်ငံသားတွေတောင် ပြားပြား
ဝပ်အောင် နှံတယ်ဆိုပဲ။

မတတ်နိုင်ပါ။
ဘန်ကောက်မှာ ဒီလို ပတ်(စ)ပို့ နဲ့  ရိုတီ ရောင်းကြတဲ့  သူတွေချည်းပဲ တဲ့ ။
ရောင်းသာ ရောင်းပါတဲ့ ။
“ တကယ်လို့  အတုမှန်း သိသွားရင်ရော ”
“ မင်းဗီဇာ ရှိနေရင်၊ ဒီရဲတွေ ဘာမှမလုပ်ဘူး။ လ.ဝ.က ဆိုရင်တော့  စာအုပ်မပြနဲ့ ။ လာမေးရင် အင်္ဂလိပ်လိုပဲ
ပြောလွှတ်။ ဒါပေမဲ့  ... သူများနယ်ထဲတော့  သွားမရောင်းနဲ့ နော် ”
“ ဆွိုင်မဟာထိုင် တစ်လမ်းတည်းလား ”
“ အံမယ်လေး ... အဲ့ ဒီ တစ်လမ်းပဲ အရင် ကုန်အောင် ရောင်းပါဦး ”

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

.............................................................................................................

( ဆက်ရန် )







8 comments:

blackcoffee said...

ပျင်း၊ ပျော်၊ ပျက်၊ ပြေး ပလေးလုံးကတော့ မလေးမှာတုန်းက ကျွန်တော့်ကိုယ်တွေ့ အစ်ကိုရေ...
အဲဒီအကြောင်း ပိုစ့်လေးတောင် ရေးတင်ဖြစ်သေးတယ်။ ကိုထွေးကိုတော့ အဲဒီလို မဖြစ်စေချင်ပေမယ့် ဇာတ်လမ်းက အဲဒီဘက်ကို ဦးတည်နေသလိုဘဲ။

kiki said...

ကိုယ်တိုင်မသတ်ပေမဲ့လည်း ကြံရာပါဆိုတော့ အကုသိုလ်တော့ ဖြစ်မှာ ပေါ့လေ ။

ပျင်း ပျော် ပျက် ပြေး အထဲမှာ အဆင့် ၂ အထိလောက်ပဲ ကောင်းပါတယ် ။ ပြေး ရရင်တော့ တယ်မလွယ်ပါ ။
( တကျွန်းပြန် ဘွဲ့တော့ ရမှာ ပေါ့လေ ..ကျွန်းကနေ ပြန်သွားတာ ကိုး.. ဒါမှမဟုတ် စမူဆာ ပြန် လို့ လည်း ခေါ်သေးတယ် )

ဂျီးဒေါ် ကိ

sosegado said...

စုံပါပေတယ်၊ ရှင်သန်ရေးအတွက်ဆိုတော့၊

ချမ်းလင်းနေ said...

ကိုထွေးကတော့ ကြက်မွေးရင်းကနေ ရိုတီရောင်းတဲ့ အာမက်ဖြစ်သွားပြန်ပြီ။ အတော်ဆုံတဲ့ ကိုထွေးဗျာ။ ရာမား...ရာမား.. ကိုထွေးလိုလူတောင် မခံနိုင်ပါလားဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

လိုအပ်လာတော့လည်း ဘယ်အလုပ်မဆို လုပ်ဖြစ်သွားကြတယ်နော်
ရာမားသောက်လို့ အလုပ်ပိုလုပ်နိုင်တယ်တဲ့လား ဒါကြောင့်လည်း ဒီစိတ်ကြွဆေးကို လူတွေသိပ်ကြိုက်ကြတာဖြစ်မယ်နော်
ဝတ္ထုက ကိုယ်တွေ့နဲ့ပေါင်းစပ်ရေးတာမို့ထင်တယ် ဖတ်ရတာ အသေးစိတ်ပြီး ကွက်ကွက်ကွင်းကွင်း ရှိတယ်

Anonymous said...

မလွယ်ပါလားနော် .. ဘ၀တွေက စုံ .. အတွေ့အကြုံတွေက စုံ .. အဖြစ်အပျက်တွေက စုံ ..
huuu ရင်မောစရာတွေပါလားနော်

မိုးခါး

Angelhlaing(May everybody be happy and healthy! said...

မသိသေးတဲ့ အပြင်လောက ထဲ ကိုယ်တိုင်ရောက်သွား သလိုပါပဲအကို...အားပေးလျှက်

ကိုဇော် said...

ဘဝတွေက ဆေးစက်တွေ တတောက်တော်ကျပြီး ကျတိုင်းကို ပုံဖော်နေရတာပါပဲလား။