Monday, February 7, 2011

SUZUKI လေး...။

သည်ဘက်နှစ်မှာတော့  အရင်နှစ်တွေထက် ပိုအေးသည်ဟု ထင်မိပါသည်။ မီး ကမှန်ပြီး၊ အမြဲ ပြည့် နေသည့် 
တိုင်းပြည်ဆိုတော့ လည်း အခန်းထဲရှိ အပူပေးစက်ကလေးကို အမြဲလိုလို ဖွင့်ထားမိပါသည်။ HEATER လေး
ဖွင့် ထားတောင်မှ အခန်းအပူချိန်က တစ်ဆယ်၊ ဆယ့် နှစ်ထက် မပိုချင်ပါ။

ကျွန်တော်ကတော့  အေးလျှင် ခြေဖျားတွေ၊ ခြေဖဝါးတွေက စ ပြီး အေးတတ်လေ့ ရှိပြီး၊ တဖြည်းဖြည်း အေးစက်
လာနေသော ထို ခြေထောက်နှစ်ဖက်ကို ထားစရာ၊ ဝှက်စရာ တို့  မရှိအောင်ကို ဖြစ်ရပါသည်။ ထိုအခါမျိုးမှာဆို
ရင်တော့  ဖွင့် ထားသော အပူပေးစက်လေးရှေ့ သို့  ဂဏာမငြိမ် ဖြစ်နေရှာသော ကျွန်တော့် ခြေထောက်နှစ်ဖက်
ကို အသာထိုးကပ်ရင်း ဘယ်ပြန်၊ ညာပြန်လေး “ကင်” ပေးလိုက်တော့ မှပဲ နေသာထိုင်သာ ရှိသွားရပါသည်။

အအေးချိန် သုံညအောက်ရောက်ပြီ ဆိုလျှင်ပင် ရေတို့  စ ခဲ၍ ရေခဲ ဘဝ ကိုရောက်သေးလျှင်၊ အမေရိကန်ပြည်
က သုံညအောက် အနှုတ် သုံးဆယ့် ရှစ်အမှတ်ရောက်နေသည့်  နေရာမှ လူတွေ ဆို ဘယ်လိုနေကြပါ့ မလဲဟု
လဲ တွေးတောမိပါသည်။ ကနေဒါလိုနေရာမျိုးမှာဆိုလျှင် ပိုက်လိုင်းမှ ပို့ လွှတ်နေသော ရေတို့  ပိုက်လုံးထဲတွင်ပင်
ဆက်မစီးတော့ ပဲ ခဲ ၍ ပိတ်နေသည့်  တိုင်းပြည်တော့  ငါမရောက်သေးပါဘူး ဟု အားတင်းပြီး ကွန်ပြူတာလေး
ရှေ့ တွင် ပေ ပြီး ဆက်ထိုင်နေမိပါသည်။

ကျွန်တော်က ကိုယ်တိုင်ရေး “ အုန်းကြူး ” များကို တောက်ရှောက်ပဲ ရေးလာမိနေတော့  ကိုယ့် ကိုယ်ကို နာတာ
ရှည်ရောဂါဝေဒနာသည်တစ်ယောက်လို ဖြစ်နေပြီဟု ခံစားမိပြီး၊ စာကို ဆက်မရေးချင်တော့ ပဲ သံယောဇဉ်ဖြစ်မိ
နေသော ဘလော့ လေးမှ ခေတ္တ နား တော့ မည်ဟု စိတ်ကူးမိတုံး၊ သူငယ်ချင်း ကိုမွန်းအောင်မှ ဒီစာအုပ်ကလေး
ဖတ်ကြည့် စမ်းပါဟု စာအုပ်အငှားဆိုင်မှ သူ ငှားလာခဲ့ သော ဆရာမာန်၏ စာအုပ်ကို အတင်းထိုးပေးလာသည့် 
အတွက် အစမ်းသဘောနှင့် တစ်ရွက်၊ နှစ်ရွက်လှန်မိနေရင်းမှ တစ်ထိုင်တည်း တစ်အုပ်လုံး ကုန်သွားသည်အထိ
ဆက်တိုက်ဖတ်မိသွားရပါသည်။

ကိုယ့် ရင်ကို ထိခိုက်မိသော စာ တွေ ဖြစ်နေသောကြောင့် လည်း၊ မနားတော့ ပဲ ဒီဝတ္ထုလေးကိုပဲ ကိုယ့် ညီအကို
မောင်နှမတွေအတွက် တဆင့် တင်ပေးရင်ကောင်းမှာပဲ ဟု အတွေးပေါ် လာမိပါတော့ သည်။ သည်စာအုပ်လေး
ကြောင့် လည်း ၊ ကျွန်တော့်ဘလော့ လေးနှင့်  ကျွန်တော့် ညီအကိုမောင်နှမတွေနှင့်  အဆက်မပြတ်ခဲ့ ခြင်းဖြစ်
သောကြောင့်  သွားလေသူ ကိုမွန်းအောင် ( ပြန်သွား၍ပါ ) ကို ကျေးဇူးအထူးပဲ တင်ရပါသည်.. လို့ ။

မျက်လုံးတို့ က ရိုက်လက်စ ဆရာမာန်၏ ဝတ္ထု ကို၊ အာရုံစိုက်ပြီး ရိုက်လိုက်၊ ဖတ်လိုက်နှင့် ညှော်နံ့  တို့ သင်းသင်း
ကလေးရလိုက်တော့ မှ ပဲ၊ ခြေအိပ်တို့  ကျွမ်းစပြု တာကို သတိပြုမိတော့ သည်။ ဆောင်း၏ နှင်းငွေ့ ပါသောရနံ့ 
တို့ နှင့် တော့  သိပ်ကွာလွန်းပါသည်။“ ခြေဆီနံ့  ” ပါ ပါတော့ လည်း အောက်သိုးသိုး၊ ချဉ်တင်တင်ပေါ့ လေ။

တရုပ်ပြည်မကြီးမှ အအေးလှိုင်းတို့ ကလည်း ပင်လယ်ပြင်မှ လေစိမ်းတို့ ကို အတင်းတွန်းတိုက်ပြီး တသောသော
တိုး တိုး ဝင်နေသောကြောင့် ၊ တောင်ထူထပ်သော သည်မြေမှာတော့  တောင်နဲ့ တိမ် တို့ ကိုတောင် ခွဲခြားလို့ မရ
အောင်ပင် ဝန်းကျင်တစ်ခုလုံး၊ ခဲ သားရောင် တိမ်ခိုးတို့ ဖြင့်  အမြဲ အုံ့ မှိုင်းနေပါတော့ သည်။ မြင်နေကျ အထပ်
ထပ်သော တောင်ထွတ်တို့ က အုန့် ဆိုင်းနေသော တိမ်ညို့ ညို့  တွေထဲသို့  တိုးဝင်ကွယ်ပျောက်နေသဖြင့် 
အနီးဆုံးနှင့်  အနိမ့် ဆုံးတောင်ကုန်းလေးတွေသာ မြင်နေရပါတော့ သည်။ သည်ကြားထဲ မိုးကလေးကလည်း
တစိမ့် စိမ့် နှင့်  ဟာမိုနီ ကျကျလေး ဖြည့် စွက်နေပြန်တော့  ရေးရင်း၊ ပြောရင်းတောင် ကြက်သီးတွေ ထ ပြီး
တုန် လာပါသည်။

မပြောမရှိပါနှင့် ။ တကယ်ပင်တုန်ရပါသည်။ သီချင်းလေးထဲကလို ဘာတဲ့  .. ချမ်း..လို့  တုန်..၊ မိုးသည်း ညတွေ
ဝယ် .. ဆိုလား ။

နေ့ စဉ်ပဲ ဆိုင်ကယ်အစုပ်ကလေး နှင့်  အလုပ်သွား၊ အလုပ်ပြန် စီး သွားနေရင်းနှင့် ပင်၊ တုန်တုန်ရီရီ နှင့် သည်
လို လွမ်းမောဘွယ်တောင်တန်းကြီးတွေကို ငေးမောကြည့် နေကျဆိုတော့  ချမ်းလို့ မဝ၊ လွမ်းလို့ မဝ ဆိုပါတော့ ။
သူများတွေက ဆိုင်ကယ်စီးရင် လေအေး၊ လေစိမ်းတို့  ရင်ဘတ်ကို ဝင်တိုး၊ ဝင်ဆောင့် လာတာ သက်သာအောင်
အနွေးအင်္ကင်္ျီတွေ၊ မိုးကာတွေ ကို ကျောဘက်လှည့် ၍ ပြောင်းပြန်ဝတ်ပြီးမှ စီးကြတာတွေ့ မိပေမဲ့ ၊ ကျွန်တော်က
တော့  လူသေတွေကို ဝတ်ပေးသလို နမိတ်မကောင်းဟု ယူဆပြီး သူတို့ ဝတ်သလို လိုက်မဝတ်မိခဲ့ ။

ဆိုင်ကယ် အစုပ်ကလေးဆိုလို့  ဘာကြောင့် ဆိုင်ကယ်အကောင်းမဝယ်ရသလဲဆိုတဲ့  မေးခွန်းတော့  တစ်ခါ
တည်း ဖြေရတော့ မှာဖြစ်ပါသည်။ ဘာလို့ ဆို ကျွန်တော်တို့ က သည်မှာ ခဏ ပဲ နေကြမှာမို့ ပါပဲ။ အသစ်ကလဲ
ဈေး ကြီး နေသကိုး ။ အသစ် တစ်စီးကို အဟောင်းဆယ်စီး စာ လောက်ရှိသည်လေ။ ပြီးတော့  ပြန်လျှင်လည်း
ထားခဲ့ ရအုံးမှာလေ ။ အဟောင်းကလေးတောင် ဒီလောက် သံယောဇဉ် ဖြစ်နေရပါလျှင် ........ ။

ကျွန်တော်တို့  အုပ်စုထဲတွင် ကျွန်တော့် ဆိုင်ကယ်လေးက မြင်မကောင်းအောင် အဲ .. သူတို့  အပြော၊ သောက်
မြင်ကပ်စရာကောင်းလောက်အောင်ကို စုပ်ပြတ်နေသောကြောင့်  တစ်နေ့  ထိုင်ဝမ်သတင်းစာထဲမှာ ပါလာ
သည့်  သတင်းတစ်ခုကို ကျွန်တော့ အား ဝိုင်းပြောကြပါသည်။ SUZUKI ဆိုင်ကယ်လ်များတွင် အင်ဂျင်ဆီပို့ 
သည့် စနစ်တစ်ခု ချို့ ယွင်းနေသောကြောင့်  နိုင်ငံအဝှမ်းရှိ ရောင်းချပြီးသော ဆိုင်ကယ်လ်စီးရေ နှစ်သိန်းခန့် ကို
အင်ဂျင်အသစ် လဲလှယ်တပ်ဆင်ပေးတော့ မည့် သတင်းပဲ ဖြစ်ပါ၏။ ထိုသတင်းကြားကြားခြင်း ကျွန်တော်လည်း
ငခူပြုံး ပြုံးမိပြီး တက်ကြွစွာ သွားရောက်တန်းစီဘို့ တောင် အကြံပေါ်လာခဲ့ မိပါသည်။ တကယ်တော့ ဒီဘက်နှစ်
ထဲ ရောင်းချလိုက်သည့်  နောက်ဆုံးမော်ဒယ်လ် များပါပဲ ။ နေ့ စဉ် အိပ်ဇော ပေါက်ကွဲသံ တဘုန်းဘုန်းနှင့် 
သူတို့ ရှေ့ က အမြဲပန်းဝင်နေတတ်သော ကျွန်တော့် ကို “ စ ” ကြခြင်းဖြစ်ပါသည်။

ကျွန်တော် ယ္ခုစီးနေတာက SUZUKI အမျိုးအစား ၁၂၅ အားလေးပါ။ ခဲရောင်လေး၊ အဟောင်းရောင်လေး
ဆိုတော့ လည်း နှင်းတောထဲ၊ မိုးရေထဲ ပျောက်နေတတ်ပေမယ့်  မျက်စေ့  အလွန်လျင်သော လမ်းစည်းကမ်း
ထိမ်းသိမ်းရေး အော်တိုကင်မရာ၏ မှတ်တမ်းတင်ဂုဏ်ပြု ဓါတ်ပုံကြောင့်  ဒဏ်ငွေ ဆောင်ရပါလေတော့ သည်။
ဆိုင်ကယ်လေးက ပေါ့ လွန်းတော့ လည်း ဆွဲသလောက် သူက ပိုပြေးနေတော့ ဆိုင်ကယ်မဝင်ရသည့်  မျဉ်းဝါ
တားပြီး အဝါရောင်စာလုံးကြီးများဖြင့်  ရေးသားကန့် သတ်ထားသော အလယ်ယဉ်ကျောထဲသို့  မျောဝင်သွားရ
ပါသည်။

သူဌေးက ဓါတ်ပုံပါသော ဒဏ်ငွေဘောက်ချာ ( တရုပ်လို ။ ။ ဖာသန်း ) ကို ကြည့် ပြီး၊
“ မင်းက အစုပ်စီးပြီး ဘာဖြစ်လို့  ဖာသန်း ထိ ရတာလဲ ” ဟု ၊ မျက်မှောင်ကျုံ့  ပြီး ကျွန်တော့် ကို ပြောပါသည်။
ကျွန်တော်က “ ဆိုင်ကယ်လ်က ပေါ့ လွန်းလို့ ပါ ” ဟု ၊ ဖြေမိ၍ သူဌေးက “ တုတ် ” ပါလေတော့ သည်။

နောက်အကြောင်းလေးတစ်ချက်ကလည်း ကျွန်တော်က တစ်ခါတစ်လေ သတိရမိတိုင်း၊ အသက်ရှု နေမိတတ်
ပါသည်။ အလုပ်လုပ်ရင်း၊ သွားရင်း၊ လာရင်း ဆိုပါတော့ ။ အဲ.. ရှုနေတာလေးကို သိ အောင် သိပေး နေမိခြင်းပဲ
ဖြစ်ပါသည်။ နဲနဲလေးသိလိုက်သလိုရှိသွားတာလေးကို များများလေး သိသွားအောင် နောက်က အတင်းလိုက်မိ
တော့ လည်း ကိုယ့် ဘေးဝန်ကျင်နှင့်  ခဏလေးတော့  အဆက်အသွယ် ပြတ်သွားသလို ဖြစ်ရပြီး မျက်လုံးတို့ က
ကြည့် နေရင်းနှင့် ပင် မမြင်တော့ သလို ဖြစ်သွားရပါသည်။

သတိရတိုင်းဆို၍ လူတိုင်းလည်း သတိရစရာတွေ ရှိနေကြမှာပဲဖြစ်ပါသည်။
သတိရပါသည်ဆိုတော့ မှ မေ့ မနေလို့ ၊ မေ့ လို့ မရတော့ လို့ ၊ အချိန်နှင့် အမျှ စ သော ... သော မျိုးစုံတို့  ကို
ဆိုချင်တာပါပဲ။ အဲ့ ဒီ သော မျိုးစုံလေးတွေ၊ ဇော မျိုးစုံလေးတွေ စိတ်အစဉ်မှာ ကိုယ့် ရင်မှာ ထင်ဟပ်လာပြီဆိုရင်
တော့  ကိုယ့် နည်း ကိုယ့် ဟန်ဖြစ်သည့်  ရှု နေတာလေးကို သိ သွားအောင်ပဲ နာနာ ရှုထုပ်မိလိုက်ခြင်းဖြစ်ပါ၏။

ကျွန်တော့် ဆိုင်ကယ်လ်အစုပ်ကလေးအကြောင်း ပြန်ဆက်ပါအုံးမည်။
ဆိုင်ကယ်က ဆူဇူကီး အမျိုးအစားလေးဖြစ်ပေမယ့်  ထိုင်ဝမ်မှာ လွန်ခဲ့ သော ဆယ့် ငါးနှစ်က ပေါ် ခဲ့ သော
မော်ဒယ်ဖြစ်ပါသည်။ ဂျပန်မိတ်စစ်စစ်ဖြစ်နေသောကြောင့်လည်း ဘယ်လောက်ကြာကြာ ကောင်းနေတုံးပါပဲ။
ကျွန်တော်ကလည်း စက်ပစ္စည်းဆို အလကားနေရင်း ကလိချင်နေသူဆိုတော့  မျက်လုံးတို့ က ရှေ့ ကို ကြည့်
နေပေမဲ့  အာရုံတို့ က ကိုယ့် ဖင်အောက်က စက်သံတွေ ၊ လည်ပတ်သံတွေ၊ ဟန်ချက်တွေကို ခံစားနေတတ်
ပါသည်။

အဲ.. စိတ်ထဲ မကောင်းဘူးထင်လာရင် ဆိုင်ကယ်လ်ဆေးခန်းပြေးထိုးရင်း မက္ကင်းနစ်ကို အတင်းပူဆာမိတတ်
ပါသည်။ တရုပ်စကားကလည်း အားနည်းလွန်းတော့  တတ်သလောက်နဲ့ ပဲ သူ့ ကို အတင်းစီးခိုင်းပြီး၊ သူ့ ဖာသာ
သူ ပဲ ကျွန်တော့်ဆိုင်ကယ် ဘာဖြစ်နေတယ်ဆိုတာကို သိအောင် လုပ်ခိုင်းတတ်ပါသည်။ တစ်ခါတစ်လေများ
“ မင်းဟာက အစုပ်၊ အဟောင်းပဲ၊ မလုပ်ပါနဲ့ တော့ လား၊ ဒီလောက်ဆို ရပြီ ” ဟု ပြောလာရင်တော့  သူ့ ကို
အသာခေါက်၍ နောက်တစ်ဆိုင်ပြေးပါတော့ သည်။

သည်မှာက စက်ပစ္စည်းတစ်ခုခု ပျက်ပြီဆိုလျှင် အဲ့ ဒီအပျက်ကိုပဲ ပြန်သုံးလို့ ရအောင် နည်းမျိုးစုံသုံး၍ လက်ပူ
တိုက်ကာပြန်ပြင်လေ့ မရှိပဲ ပစ္စည်းနံပါတ်အတိုင်း အသစ်ပြန်လဲ ထည့် ပြီး ပစ္စည်းဘိုး နှင့်  တပ်ဆင်ခယူသည့် 
စနစ်သာ ကျင့် သုံးကြပါသည်။

ဆိုတော့  ..... လွန်ခဲ့ သော ဆယ့်ငါးနှစ်က ဆူဇူကီးလေးက လူအမြင်ကပ်အောင်ကို စုပ်ပင်၊ စုပ်နေသော်ငြားလဲ
ယနေ့  အပ်တူဒိတ်ဖြစ်နေသော ဆိုင်ကယ်လ်များလိုပဲ တလှစ်လှစ်နှင့်  ကင်မရာတွေ အောက်မှာ ပွတ်ကာ
သီကာပဲ ပြေးနေပါတော့ သည်။

တစ်ခါတော့  ဝယ်ကတဲက ပါလာသည့်  ဖင်ထိုင်ခုန်အောက်ဖက်မှ နောက်ဘီးဖုံး ဘေးကာနှစ်ဖက်၏ ကပ်ထား
သည့် “ တိပ် ” အဖတ်တွေကွာကျပြီး တစ်လမ်းလုံး ဒရွတ်တိုက်ပါလာသည်ကို ကျွန်တော်သတိမထားမိ။ မီးပွိုင့် 
ဝင်၍ ဆိုင်ကယ်လ် စက်ရှိန်လျှော့ ရတော့ မှ “ တဂျစ်ဂျစ်” အသံ ကို စ ကြားရမိသည်။ ဒါတောင် ကိုယ့် ဆိုင်ကယ်
က လို့ မထင်၊ ကျွန်တော့ ဘေး ကပ်ဝင်လာသော ထမင်းချက်ဂက်(စ)အိုး သုံးလုံးတင်ထားသည့် ကျွန်တော့် လို
မော်ဒယ်လ်အဟောင်း SUZUKI ဆိုင်ကယ်လ် က လို့ ပဲ ၊ ထင်နေမိသည်။ ဒါပေမယ့်  သူ့ ဆိုင်ကယ်လ်အစုပ်က
ကျွန်တော့် အကောင်ထက် ထွား ပါသည်။ ၁၅၀ အားပါ ။ ပြီးတော့  ကျွန်တော့ လို အော်တို မဟုတ်၊ ဂီယာဘီး
ဖြစ်သည်။ မောင်းသည့် အဖိုးကြီးက လေကာ မျက်မှန် အကြီးကြီး တပ်ထားသေးသည်။ လည်ပင်းမှာလည်း ဗမာ
ပြည်စစ်တပ်က စစ်သားတွေလို လည်စီး အနီ ကြီးကို စည်းထားသေး ။ အင်း.. လေ အဟုန်တွင် တလူလူတလွင့် 
လွင့်  လေးပေါ့ ။ “စုတ်ချွန်းလေး” ကို ကန်တော့ မိသော လည်စီး လေးကိုပါ မြင်ယောင်လာမိသည်။ သူလည်း
သည်အဖိုးကြီးလို တလူလူ တလွင့်လွင့်  နေမှာပဲ ဟု။ ဒါပေမယ့်  “စုတ်ချွန်း ” လေးကတော့  လှပါသည်။ သူ့ 
ဆိုင်ကယ်လ်လေးနှင့်လိုက်ပါသည်။ ( “ စုပ်ချွန်း ” က၊ ရေးခဲ့ ဘူးသော “ ကြယ်ကလေး ” ထဲမှ၊ ဆောက်လုပ်ရေး
လုပ်ငန်းသုံး ဓါတ်လှေကား မောင်းသူလေး ဖြစ်ပါ၏။ )

သည်လို အတွေးတွေနှင့်  အဖိုးကြီးကို ငေးကြည့် နေမိတော့  အဖိုးကြီးက ကွမ်း တွေ တမြုံ့ မြုံ့  ဝါးရင်း၊ ရဲရဲနီသော
သွားတွေ ပေါ် အောင်ပြုံးပြရှာပေမယ့်  ကျွန်တော်ကတော့  စုတ်ချွန်းလောက်မလှ ဟု ထင်မိပါသည်။

ထိုစဉ်ပဲ မီးပွိုင့်က နီ နေရာမှ စိမ်း ကနဲ ဖြစ်သွား၍ အဖိုးကြီးနှင့်  ကျွန်တော်လည်း သူများဆိုင်ကယ်လ်တွေလို
အပြိုင်ဆွဲကြလေတော့ သည်။ သိပ်မကြာလိုက်ချိန်မှာပဲ “ တီးတော်.. တီးတော်” အသံ နှင့် ရဲ ဆိုင်ကယ်လ်တစ်စီး
လိုက်လာသည်ကို ကျွန်တော့် ဘက်မှန်မှ လှမ်းမြင်လိုက်ရပါသည်။ ရဲ ဆိုင်ကယ်လ် ဆိုတော့ လည်း ကျွန်တော့် 
ထက် မော်ဒယ်လ် မြင့် သောကြောင့်  အပြိုင်ဆွဲ၍ မဖြစ်တော့ ပဲ ပလက်ဖောင်းဘေး အသာထိုးကပ်ပေးရပါ၏။

မနက်က ရွတ်ခဲ့ သော “ သံဗုဒ္ဓေ ” ကို အာရုံပြု ပြန်ရွတ်ဆိုမိသည်။ ရှု နေတာလေးကိုလည်း မရပ်မိပေါ့ ဗျာ..။
အဲ ... နဲနဲတောင် ပိုမြန်လာသလိုပါပဲ။ တုန် ကလည်း တုန်နေသလို၊ ချမ်းလို့ လည်း ဖြစ်နိုင်ပါသည်။
“ ဆိုင်းဝူး ... နီ သဲ့ ..” ဟု ၊ ရဲက သူ့ ဆိုင်ကယ်လ် ထိုးကပ်ရင်း ပြောလာသည်။
( ဆရာ.. မင်းရဲ့  ဟာ ... ) ဟု ပြောခြင်းဖြစ်ပါသည်။ သူ့ လက်ထဲမှာလည်း တစ်စုံ၊ တစ်ခု...။
ဝါး.. ကြည့်လိုက်တော့  ကျွန်တော့်  SUZUKI ဆိုင်ကယ်လ်လေး၏ ကျိုးကျကျန်နေသော နောက်ဘီးကာ နှစ်ဖက်
ပါပဲ။

ကျွန်တော် သူ့  ကို လိုလိုချင်ချင်ပဲ ချက်ခြင်း ရိုရိုသေသေ အလေးပြုလိုက်မိပါသည်။
သူ ကလည်း ပြန်ပြုံးပြပြီး၊ “ မင်း.. ပြန်မကပ် ထားတာ အကောင်းဆုံးပါပဲ ” ဟု ပြောပါသည်။ သူ ပြောလိုက်တော့ 
သူ့ ပါးစပ်က အခိုးတွေ ထိုးထွက်လာနေသည်။ ဆောင်းတွင်းဆိုတော့ လည်း သူတို့  အေးအေးချမ်းချမ်းထဲမှာ
တာဝန်ထမ်းဆောင်နေရရှာသည်။ ကျွန်တော် လန့်  သွားမှန်း လည်း သူ သိ သွားသည်။ ကျွန်တော်လှန်းယူလိုက်
သည့်  လက်နှစ်ဖက်က တုန်နေတာကိုး ..။ ပြီးတော့  ကျွန်တော့  ပုခုံးတစ်ဖက်ကို လက်အိပ်စွတ်ထားသော
သူ့ လက်တစ်ဖက်ဖြင့်  ခပ်ဖွဖွ ပုတ်ပြီး “ မင်း.. ထိုင်ဝမ်သား မဟုတ်ဘူးထင်တယ် ” ဟု၊ ပြုံး၍ ပြောပါသည်။
ကျွန်တော်လည်း မြန်မာအနွယ် ဖြစ်ကြောင်းပြောပြတော့ မှ “ အေးတယ်ကွ .. ဖြည်းဖြည်းမောင်း ” ဟု ပြောပြီး
နှုတ်ဆက်၍ ထွက်ခွာ သွားပါတော့ သည်။

ကျွန်တော်လည်း မိုးစက်မှုန်မွှားတို့ အထဲသို့  တိုးဝင်ပျောက်ကွယ်သွားသော ကျေးဇူးရှင် ပြည်သူ့ ရဲ ၏ ဆိုင်ကယ်
အဖြူလေး ကို ငေးကြည့် နေမိရင်း အသက်ကို ပြင်းပြင်းရှု လိုက်မိပါတော့ သည်။

ထိုအခါမှပင် ညီမငယ် “နန်းလေပြေနု” အတွက် တဂ်ပို့ (စ) လေး အဖြစ် ဒီအကြောင်းလေး ကိုပဲ တင်တော့ မည်
ဟု စိတ်ကူးမိသွားပြီး၊ သံဗုဒ္ဓေ ကိုပဲ ပြန်လည် အာရုံ ပြု မိပါတော့ သည်ခင်ဗျား..။

ကျွန်တော့ ဘလော့ လေးထဲ ဝင်ဖတ်မိလိုက်သော ညီအကိုမောင်နှမအပေါင်းတို့ သည်လည်း အသက်ရှုနေတာ
လေးကို သိ သိ ပေးနိုင် ကြပြီး၊ “ သံဗုဒ္ဓေ ” ဂါထာ ကို အသက်ထက်ဆုံး အာဂုံ ဆောင်သွားနိုင်ကြပါစေ ... လို့ ။

( ညီမငယ် နန်းလေပြေနုက ကျွန်တော့် ကို စည်းဘောင်မထားပဲ လွတ်လပ်စွာ FREEDOM ဖြင့်  တဂ်ပို့ (စ)လေး
ရေးပေးဘို့  ပူဆာခဲ့ သဖြင့်  မယ်မင်းကြီးမ ကို အထူးပဲ ဦးခိုက်ကျေးဇူးတင်မိပါကြောင်းဖြင့် ၊ ဘာလို့ ဆို .. ကိုယ်လဲ
ရောက်ချင်ရာရောက်၊ ရေးချင်ရာရေး ခွင့် ရလို့ ပါပဲ.. လို့ ၊ ကဲ .. ကျေနပ်ပါတော့  .. ကျူဇင်ရှေး.. ရေ..၊ )

....................................................................................................................................................

( ပြီးပါပြီ )



10 comments:

မျက်မှန်လေး said...

haha.... than bote day yook yin police let ga loot tel pop....haha...:D

ကိုဇော် said...

မျက်လုံးထဲ မြင်ယောင်မိပါသေးတယ်။
ဟဲဟဲ. . . ကျနော်ကတော့ မြန်မာနိုင်ငံမှာ လိုက်တမ်း ပြေးတမ်း ကလေးနေကျပါပဲ။ ဒီမှာတော့ မလုပ်ရဲပါဘူး။

Anonymous said...

ကျနော်လဲ ဆူဇူကီပဲ..
၁၂၅ပဲ..။
ဆိုင်ကယ်သက် ၁၀နှစ်ကျော်နေပြီ...။
ဆိုင်ကယ်တစောင်းဒေါက်ထားရင် ဆီယိုတတ်တာ
အမှန်ပဲ..။
ဆိုင်ကိုပြကြည့်တော့ ဆူဇူကီစက်တွေ ဖြစ်တတ်လေ့ရှိတာ
ပဲ..တဲ့.။


ပေါက်

လရိပ်အိမ် said...

ကျွန်တော်လဲ အသိလေးကပ်ထားရလေ့ရှိပါတယ်။
ဖုန်းကို ကျွန်တော် ညီမဝမ်းကွဲကို ခဏပေးထားရလို့ ပါ။

nannlaypyaenu said...

နန်းကလဲ တဂ်ထားတာလေးကို အရေးတယူရေးပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုရေ...။

ရွှေရတုမှတ်တမ်း said...

အိမ်း....ဒီမှာတော့ မီးရောင်စုံထွန်းပြီးသကာလ ..တီးတော်..မြည်ပြီးနောက်ကလိုက်လာရင်..မေတ္တာလက်မှတ်လေး အပေးခံရတော့မည်သာမှတ်

kiki said...

အဲ့ဒီရဲက သဘောကောင်းသားပဲ... ( လမ်းစည်းကမ်း မဖေါက်မိလို့  ၊ သူတို့က ဘာမှ အရေးမယူတာ လေ )...
ဆိုင်ကယ် စုတ်ပေမဲ့ လူမစုတ်သွားလို့  တော်သေးတာပေါ့ ။
အင်ဂျင်သစ် နဲ့ လဲ ပေးတာ ဘယ်တုံး က လည်း..Yamaha တွေ လဲ ပေးရင် လက်တို့ လိုက်အုံးနော် .. ဟုတ်တယ်..ပြန်တဲ့အခါ ထားခဲ့ရမှာ ဆိုတော့ အသစ်မဝယ်တာပဲ ကောင်းပါတယ်။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကိုပဲ တလည်လည်ဆိုတာ ကိုယ်တို့ အတွက် ပြောတာများလားနော် ..

သတိနဲ့ ဖတ်ရှု သွားပါတယ်.. ဒီတခါ စာလုံးပေါင်းမှားတာတွေ မတွေ့ လို့ လေ..း))

ချမ်းလင်းနေ said...

ဟား.. ဖြစ်ရလေတယ် ကိုကျော်ရယ်။ ဆိုင်ကယ်လေးအကြောင်း ဖတ်ကောင်းကောင်းနဲ့ဖတ်နေတာ နောက်ဘီးကာ နှစ်ဘက်တောင်ကျအောင် မောင်းတော့ ရဲကြီးက ဖမ်း၊ သံဗုဒ္ဓေ တန်ခိုးကြောင့် သဘောကောင်းတဲ့ ရဲကြီး လက်က လွတ်သွားပြန်သကိုး။

Anonymous said...

ကိုအဖြူလေးရေ
အသိကပ်တာလဲကပ်တာပေါ့။ သိပ်ပေါ့လွန်းပြီး ဘာမှမသိဖြစ်သွားရင် ကောင်းရာမွန်ရာတော့ ရောက်နိုင်ပါတယ်။
ဒါနဲ့ ပေါ့လွန်းလို့ မီးပွိုင်ကျော်မိတာလား?

love winniepooh

Unknown said...

သာဓုပါရှင်။ကျမလဲ
သံဗုဒ္ဓေ ကိုမပြတ်ကြည်ညိုသူပါ။
မခင်မိုးညို