Friday, November 6, 2009

ရေတွင်းကလေး ( တတိယ )

အသွဲ့ တို့  အိမ်က ငတိုးတို့  အိမ်ဝိုင်းနှင့်  ရွှေင်္ဟသာ ဆီစက်ကြားရှိ ဖွဲလမ်းကြားထဲတွင် ဖြစ်ပါသည်။
သူတို့ က ဖွဲလမ်းကြားထဲရှိ သူတို့ ၏အိမ်ရှေ့ တွင် မနက်တိုင်း မုန့် ပစ်သလက်၊ မုန့် လင်မယား နှင့်  ဘိန်းမုန့် တို့ ကို လုပ်ရောင်းလေတော့  ငတိုးတစ်ယောက် ရွာရိုးကိုးပေါက် ရှောက်လည်ရင်း ဗိုက်ဆာလို့  အိမ်ပြန်လာတိုင်း
လက်ဗလာ ပြန်လာလေ့ မရှိပဲ ချိုင်မိချိုင်ရာ သစ်ကိုင်း ကျိုး၊သစ်ကိုင်းေ ခြာက်တပွေ့ ၊တပိုက၊် တော့ ပြန်ပိုက်
လာရင်း အသွဲ့ တို့ အမေ အမေစော လက်ထဲ ဝင်ထည့် ပေးလေ့ ရှိခဲ့ ပါသည်။ဒါကြောင့် မို့ လဲ သူအလွန် နှစ်ခြိုက်
ခဲ့ သည့်  နှမ်းထောင်းရနံ့ သင်းသင်းလေးနှင့်  မုန့် ပစ်သလက်အဖြူ လေးကို ကျောင်းပိတ်ရက် တစ်နွေလုံး အမေစောက ငတိုးကို အလကားကြွေး နေခဲ့ ပါသည။်

အသွဲ့ တို့ ရဲ့  မုန့် ပစ်သလက် အဖြူ လေးကို တစ်နွေလုံး သူအလကားစားနေရင်းက ငတိုးအဖွား၏ ပြားချပ် နေ
သော ဘော်လီရှင်မီးအင်္ကျီထဲမှ သူ့ အဖွားနှိုက် နှိုက်ပေး နေခဲ့ သော မနက်စာမုန့် ဖိုး အကြွေ စ လေးများကို
စုစောင်းရင်း မျောက် တို့ ရှုံးသွားအောင် ဆော့ ကစားနိုင်သည့်  လက်နက်ကရိယာများဖြစ်သော လေးဂွတို့ ၊
နေကုန်သွားအောင် လွှတ်လို့ ရသည့်  စွန် များနှင့် ရစ်လုံးတို့ ကို သူ ဝယ်ယူ ဖြည့် တင်းနိုင်ခဲ့ ပါသည်။

သည်နေ့ တော့  အဖွားတို့  အိမ်ဝိုင်း နောက်ထဲရှိ စပါးလှန်းသည့်  သံမံတလင်း ထဲတွင် အသွဲ့  ကို စွန် ထိုးပေး
ဘို့  ချော့ ခေါ်သွားရင်း ရထားလမ်း တစ်ဖက် လည်ကွင်းထဲမှ ပြန့် လွင့် လာနေသည့်  ဟသာင်္တ ထွန်းရင်၏
သီချင်း တစ်ပုဒ်ကို သူ့ ကိုနားထောင်ခိုင်းပြီး ငတိုးတစ်ယောက် အသွဲ့ ကို အင်ထရို လုပ်ပါတော့ သည်။

" ဟဲ့ ... အသွဲ့ ... အခု လော် ထဲက လာနေတဲ့  သီချင်းကို နင်၊ နားထောင်ကြည့် စမ်း.."
" အာ..... ဘာဖြစ်လို့ လဲ........ "
"နင်တို့  ကိုထွန်းရင်ဆိုနေတဲ့  သီချင်းကလဲ ပိတောက်တွေက နှစ်တိုင်း၊သူ့ အတွက် ပဲ ရွေးပွင့် ပေးနေတယ်တဲ့ "
"ငတိုး.. နင်.. ပေါက်ကရ မပြောနဲ့ နော်.. ဒါပဲ.."
"မပြောပါဘူးဟာ.. အမှန်ပြောမလို့ ၊ မောင်ထွန်းရင် တစ်ကိုယ်ကောင်းဆန်တာလေ၊ ပိတောက် က သူ့ တစ်
ယောက်ထဲ အတွက်တဲ့  နင်စဉ်းစားသာကြည့် တော့ .."
"အဲဒါ.. နင်နဲ့  ဘာဆိုင်လို့ လဲ..."
" မဆိုင်ပါဘူး.. ၊ ဒါပေမဲ့  ..ဟဲ့ ..အသွဲ့ .".
"ဘာလဲဟာ............. "
"မနက်ဖြန် ရေခတ်ရင် ငါတို့ အိမ်ရှေ့ က စွန်ပျံ ဆေးလိပ်ခုံတွင်း မှာ လာပြီး ရေခပ်ပါဟာ .."
"မခပ် ခြင်ပါဘူး.. တာလမ်းကူးရမှာ.."
"ငါ ဆွဲ ဖြည့် ပေးပါ့ မယ်ဟာ.. နင်ကလဲ"
"ဟဲ့ ..ရန်ကုန်သားရဲ့  .. နင်က ဘယ်တုံးက ရေဆွဲ၊ရေခတ်ဖူးလို့ လဲ..."
"အောင်မာ... နင်ကများ ငါ့ ကို အသင်ထေး နေတယ်၊ နင် သာလာခဲ့  ငါဆွဲပြမယ်"
"အထင်သေးပါ..တစ်ခါထဲ..ရှောက်ပြောနေ၊ကဲ..လာပါ့ မယ်တော်၊ငါမဆွဲရ ပြီးရော.." ဆိုပြီး မျက်စောင်း
ထိုးပါတော့ သည်လေ၊ ငတိုး ကိုပါ။

စွန် လေးကို ကိုင်ပြီး ထိုးပေးဘို့  ပြေးသွားနေသော အသွဲ့ ၏ နောက်ကျောကို တစ်ဝှီးဝှီးလည်နေသော ရစ်လုံး
ကြားမှ ငတိုး ကြည့် ၍ သူ့ ရင်ထဲမှာ အောင်ပြီ၊အောင်ပြီ ဟု သုံးခါ တိတိ ပြုံး၍ ရေရွတ်နေမိသည်။

အသွဲ့ က ကဲ.. ထိုးလို့ ရပြီလား လေ လာနေတုံး ဟု စွန် လေးကို သူ့ ရင်ဘတ်နှင့် ကြိုးတင်းအောင် စွဲကပ်ရင်း
လှန်းအော်တော့ သည်။ ငတိုးကလည်း ရပြီဟေ့ .. ဟု အော်ပြောပြီး ရစ်လုံးလေးကို မွှတ်နေအောင် ရစ်တင်
လိုက်တယ်ဆိုရင်ပဲ အသွဲ့ တစ်ယောက် ဖွဲ လမ်းကြားထဲ လှည့် ပြေးပါတော့ သည်။
ချက်ခြင်းတော့  အသွဲ့ တစ်ယောက် ဘာကြောင့်  ပြေးသည်ကို သူ မသိလိုက်ပေမဲ့  စွန် ကလေး ဝါး တစ်ထောက်
အမြင့်  လေ ထဲ အရောက် လေ အဟုန်တွင်ပဲ ဂိုင်း ကန် စုတ်ပြဲ သွားတော့ မှ စွန် အစ နှစ်ဖက်ကို အသွဲ့ အသာ
ဖြဲ ပစ်ခဲ့ မှန်း သိရပါတော့ သည်။
သံမံတလင်း ကျယ်ကျယ် နေပူကြီးထဲ တစ်ယောက်ထဲ ဂိုင်းကန်သွားအောင် ဒေါကန်ပြီး ကျန်ခဲ့ သော ငတိုး
တစ်ယောက်ကို မပြီးဆုံး သေးသော ကိုထွန်းရင် သီချင်းက လှောင်နေသလိုပါ။
.............................................................................................................................

အသွဲ့ က ငယ်ငယ်တုံးက သိပ်ညစ်ပတ်လွန်းသည်ဟု ငတိုးထင်ပါသည်။ ( သူ ကလည်း အမြဲတန်း၊ဗိုက်ရွှံ့ နှင့် 
ဖုံ အလိမ်းလိမ်း၊ဂျီးလက်လေးသစ်ပါ။) အမြဲ တွဲလောင်းကျတတ်သော နှပ်ရည် ပြစ်ပြစ်ကို လက်ဖမိုးနှင့်  ပါးပေါ်
ဆွဲ ဆွဲ တင်တတ်တော့  ထူပိန်းအောင်လိမ်းထားတတ်သော ပါးကွက် ထူထူကြီး နှစ်ဖက် ပေါ်တွင် ခြောက်ကပ်
နေသော နှပ်ချေးခြောက် များကို အမြဲ တွေ့ တွေ့ နေရတတ်ပါသည်။
နှုတ်ခန်းနီ ရဲရဲကြီးကို အမြဲဆိုးထားတတ်သည့် အထဲ ဇီးထုပ် စပ်စပ်ကိုလည်း သူ့ အမေရောင်းသည့်  မုန့် ပစ်
သလက်တို့ ထက် ပိုကြိုက်တတ်တော့ ပါးကွက်ထူထူ၊နှပ်ချေးခြောက် တရပစ်နှင့် ရဲတွတ်သော နှုတ်ခန်းတို့ နှင့် 
ဇီးထုပ်ကို သွားစိ၍ ခြစ်ဆွဲ စား စားနေတတ်သော အသွဲ့ ကို ကြည့် ဘူးသော ရုပ်ရှင်တွေထဲကလို ချစ်ခွင့် ပန်ဖို့ 
အသာလေး နမ်းကြည့် ဘို့  ရောင်လို့ တောင်မှ စိတ်ကူးမယာဉ်မိခဲ့ ပေမဲ့  သည်နှစ် နွေရာသီ ကျောင်းပိတ်ရက်
ရောက်လာလို့  သူ့ ကိုတွေ့ တော့  နှပ်ချေးဖတ်တို့ ကင်းစပြုနေပြီးတစ်မျိုးယဉ်နေလို့  ဦးလေးကို အားကျပြီး
ယှဉ်ပြိုင်ဖို့  အသွဲ့ ကို ချဉ်းကပ်ဖို့ ကြိုးစားရခြင်းပါ။
.........................................................................................................................

အသွဲ့  တစ်ယောက် ရေတွင်းကို ရောက်လာတော့  ရေပုံးကို စက်သီးဖြင့်  ဖြည်းဖြည်းခြင်း လျှော့ ချနေရင်း
ရေတွင်းထဲ ငုံ့ကြည့် မိတော့  နက်လွန်း၍ မဲမှောင်ပြီး ပြပြသာ မြင်ရတော့ သော ရေမျက်နှာပြင်ကို မြင်မိပြီး
ရင် တို့ ဖိုခဲ့ ရပါသည်။
ကျော်ဟိန်းရူး ရူးနေသော ငတိုး ဦးလေး ကိုတင့် ဝေက သူ့ ကြိုက်သည့်  အမာရီ့ အပေါ် ထားရှိသည့်  သူ့ 
သံယောဇဉ် အတိမ်အနက်ကို ဒီရေတွင်း အနက် ကြီးနှင့် ခိုင်းနှိုင်း ပြောဆိုခဲ့ တော့ ၊ သူ့  ကျတော့  ရေတွင်း ထဲ
တစ်ခွေပြီးတစ်ခွေ ဆက်ဆင်းနေသော ရေပုံးကြိုးခွေနှင့် အရှည်နှင့်  ခိုင်းနှိုင်းပြောကြည့် ရင် ရမှာပေါ့  ဟု
ငတိုး တစ်ယောက် စဉ်းစားနေမိသည်။
အသွဲ့  ကတော့  မြေအိုးကို ခါးထစ်ခွင်ရင်း ရန်ကုန်သား ငပွေးကို ဘေးမှ မျက်မှောင်ကြုံ့ ပြီး အသာစောင့် 
ကြည့် နေတော့ သည်။
လက်မောင်း။လက်ဖျံတို့ လက်ကျော တို့  တင်းနေအောင် ရေတစ်ပုံးကို တရစ်ခြင်း ခါးကို ကုံး၍ ကိုယ်ကို ဘယ်
ညာ လှုပ်ရန်းဆွဲတင်နေသော မောင်ငတိုးလေးကို အားပေးဖို့  ရေတွင်းထဲ ပြေးဝင်လာသည့်  နောက်ပရိတ်
သတ်တစ်ဦးကတော့  လျှာတစ်လစ်၊အမြီးတစ်ရန်းရန်း ဖြစ်နေသော ငဖြူ လေးပါလေ။

...............................................................................................................................................

( ဆက်ရန် )

7 comments:

kiki said...

အလိုလေးတော် ။။
ပြော ။ မပြော ချင်တော့ပါဘူး ငတိုးရယ် ။။
အသွဲ့ ကို ရည်းစားစကားပြောဖို့ အရေး ..
ဟန်ရေးပြနေတာ နဲ့ ။ချိန် ပါ ဖြစ်သွားတော့မှာပဲ။

ခပ်သွက်သွက်လေးမှပေါ့ ။ဒီခေတ်ကြီးထဲ မှာ ဗျာ။

ဇီးထုပ်တော့ စားချင်သားရယ် ။
ရေတွင်း လေး က ဘယ်လောက် နက်သလဲ ..
အဲ လေ ။ ခပ်တဲ့ ကြိုးက ဘယ်လောက် ရှည်သလည်း လို့ ပါ ။။

ဆက်ရေး... ဆက်ရေးး
ရေတွင်းဘေးမှာ ချော်လဲတဲ့  အကြောင်း ပါမှာလား လို့ ..

ခင်မင်လျှက်
မကိ ..း))

thawzin said...

သြော် ရည်းစားပြောဖို့ ပြင်ဆင်နေတာများ ကြာပါဗျာ။ ကျွန်တော်တို့ဆို လူချင်း တစ်ယောက်မှတောင် မပြောခဲ့ဖူးဘူး။ ဒါပေမယ့် ကိုတိုးတို့လိုတော့ အချိန်ဆွဲဘူးဗျ။ ချစ်တယ်ဆို ချစ်ပလိုက်မှာ ပြီးမှမချစ်တော့လဲ အရှုံးမှ မရှိတာ။ မိန်းကလေးအများကြီးပါ အခုခေတ်ပိုတောင်များသေး။ နှလုံးသားကို မိတ္တူစက်ဝယ်ပြီး စက္ကူရှိသလောက် ထုပ်ပြစ်လိုက်ပြီး။ ဟီးဟီး။ ခံစားသွားတယ်ဗျာ။

မြစ်ကျိုးအင်း said...

အင်း ....

ဒီပုံအတိုင်းဆို ရေတွင်းထဲကရေ အပေါ်ရောက်လာဘို့

အပိုင်း ၅ လောက်မှနဲ့ တူပါရဲ့ ...............။


အားလုံးပြီးမှပဲ စုဖတ်တာ ပိုကောင်းမလား

မြစ်ကျိုးအင်း said...

ဘာပဲဖြစ်ဖြစ် ပရိတ်သတ်ကြီးကို လေးစားပါ

သူတို့ ရောက်လာပြီးမှတော့ တခုခုပေးလိုက်ပါဗျာ...။

လင်းကြယ်ဖြူ said...

ဦးလေး တိုး ခိုင်းနှိုင်းတဲ့ ရေတွင်းနဲ့ ရေပုံးကြိုးခွေ
မေတ္တာဖွဲ့ ကို သဘောကျတယ်ဗျာ..း )
ပျော်ပါစေ ညီလေးရေ

m said...

စာလေးဖတ်ကောင်းတယ် ။ ဒီနားမှာ ရပ်လိုက်တာလည်း ကောင်းပါတယ်။ ဖတ်ရတဲ့သူ မျှော်တလင့်လင့် ဖြစ်သွားတာပေါ့။

အားပေးလျက်

ဖြူတုတ်လေး said...

မုန့်ပျစ်သလက်သိပ်စားချင်သွားပြီ။
အသွဲ့ငယ်စဉ်က တော်တော်ညစ်ပေတာပဲ။ ဇာတ်လမ်းမေ့သွားလို့ အစကနေ အကြမ်းဖျဉ်း ပြန်ဖတ်ရသေးတယ်။ ဘယ်နှပိုင်းရှိမှာတုန်း။ နောက်ဆိုရင် အကုန်ပြီးမှလာဖတ်မလားလို့။