Thursday, November 19, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၂ )

ဘူတာရုံ တွင် သင်္ဘောဆိုက်သည်၊
...........................................................

ဆိုက္ကားဆရာ ကိုထွေး အိမ်ဘေးမှ ဖြတ်နင်းသွားတာ တွေ့ လိုက်၍ မနက်ဖြန် မနက် ငါးနာရီ အိမ်ကို လာကြိုရန်
လှန်းအော်လိုက် မိသည်။ သူလည်း အေး.. ပါ..ကွ.. ဟု ပြန်အော်သွားခဲ့ ရင်းက ရန်ကုန် လော်ကယ် ဆိုက်ချိန်
ဖြစ်သောကြောင့်  ကမ်းနားဖက် လူကြိုရန် တာလမ်းမ ပေါ် တက်သုတ်ရိုက် အပြင်းနင်းတက်သွားခြင်းဖြစ်သည်။
ရန်ကုန်မှ ဟင်္သာတ ကို ရထားနှင့် များလာခဲ့ လျင် ရန်ကုန်ဖက်ကမ်း သာရဝေါ အထိသာ ရထားရောက်၍
ဟင်္သာတဖက်သို့  ကျယ်ပြောလွန်းသော ဧရာဝတီမြစ်ကြီးကို ပဲ့ ထောင်တွေ၊ မော်တော်တွေ၊ သင်္ဘောတွေ နှင့် 
ရင်မောဖွယ်၊ရင်သတ်ရှု့ မောဖွယ်တို့ ဖြင့်  ထပ်ကူး ရပါသည်။

ဆန်၊ဆီ အစားအသောက် ပေါလွန်းသော၊ ဗမာပြည် အနုံ့  ဟင်္သာတမုန့် ဟင်းခါး လို့ တောင် ဆိုင်းဘုတ်တင်ပြီး
ရောင်းရောင်းနေရသော ထို အလွန်စားကောင်းသည့်  မုန့် ဟင်းခါး ရှိရာ ဟင်္သာတမြို့  ကို လာလျင်ဘာကြောင့် 
ရင်မောဖွယ် ဟု ပြောရသနည်းဆိုပါသော် မိုးတွင်း ကာလ များဆိုလျင် ဘိုဘိုဟန် သီချင်းထဲကလို ဘူတာရုံတွင်
သင်္ဘောဆိုက်သလို ဆိုသကဲ့ သို့  ဧရာဝတီရေရဲ့  တက်ချက် ကတော့  တကယ်ပဲ ဒီဇာယ်ခေါင်းကြီး ဘေးအထိ
ရေစပ်စပ်ရောက်တတ်ပါသည်လို့ ..။ စက်ခေါင်းမောင်းတို့ ၏ ခရီးသည်တို့ အပေါ် ထားသည့်  တကယ့် စေတနာ
ပါလေ။ မြစ်ပြင်ကြီး ကို ထိုးဖြတ်၍ မောင်းပို့ လို့ ရရင်တောင် ပို့ အုံးမည့် သဘောပါလေ။

ခရီးသည်တွေအတွက်တော့  ယ္ခုလို မိုးတွင်း ကာလ တွေဆိုလျင် ပဲ့ ထောင်တွေ၊ မော်တော် လေးတွေ သံလမ်း
နားအထိ ထိုးဆိုက် လူခေါ်လာတတ်၍ အဆင်ပြေနေတတ်သလောက် မရဲတင်းသည့်  ခရီးသည်များကျတော့ 
ခပ်လှန်းလှန်း ပေါင်ရင်းမြုတ်သွားသည်အထိ သမ သင်္ဘောကြီးမှ ထိုးချပေးထားသည့်  ကုန်းဘောင် ပျဉ်ချပ်တို့ 
ဆီ အရောက် ထပ်လျှောက်ရပြန်ပါသည်။ ထမီတွေ မ၊ ပုဆိုးတွေ မ၊ ခလေးတွေ ရှင်လောင်းလှည့် သလို ဂုတ်
တွေ၊ ပုခုံးတွေပေါ် တင်ပေါ့ ဗျာ။

ထိုအခါမျိုးမှာတော့  ကျွန်တော်တို့ လို ယောင်္ကျားသားများကတော့  အတော်ကို ရိုင်းပင်းချင်စိတ်ရှိတတ်ပါသည်။
အမျိုးသမီးများကိုပါ။တကယ်ပါ။ကြီးငယ်မဟူ လမ်းလျှောက်တိုင်း တအိအိ၊တညိမ့် ညိမ့်  လှုပ်ခါနေတတ်သော
ထို ကုန်းဘောင်ချပ်ကြီးများပေါ်ဝယ် ကိုယ့် ခြေထောက်တွေကို အရင်မြဲမြံအောင် ထိန်းရပ်ပြီး တုံတုံချိချိ ကြောက်
လန့် နေသော အမျိုးသမီး တို့ ကို တွဲကူ ဖေးမ၍ သင်္ဘောပေါ် ချ ပေးခြင်းပါ။

မဟေသီနှင့် စုံဆည်းပြီးသည့် နောက်ပိုင်းတော့  ထိုနှေးလွန်းကြာလွန်းသော သမ သင်္ဘောကြီးကိုမစီးဖြစ်တော ။့
အင်ဂျင်နှစ်လုံးပါရက်နှင့်  ရေဆန်ကို တစ်လုံးထဲနှင့်  ထိုးမောင်းတော့  ဟင်္သာတကမ်းကို ပြပြ မြင်နေရ
သလောက် မရောက်နိုင်လွန်းသောကြောင့်  ဈေးပိုပေးရသလောက် ပိုမြန်သော အမြန်ပဲ့ ထောင်လေးများကိုပဲ
စီးဖြစ်နေတော့ သည်။ ကုန်ဝိတ်၊လူဝိတ်တို့ နှင့်  ဆန့် သလောက်၊ရသလောက် ပြွတ်သိပ် တင်လာတတ်သော
ထို ကူးတို့ ပဲ့ ထောင်တို့ သည် ရေပြင် မှ လက်တစ်ထွာ သာသာလေးသာ ရေစူးကျန်နေတတ်ပါတော့ သည်။
မိုးတွင်းကာလကြီးမှာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးထဲ မြုပ်လု မြုပ်ခင်ဖြင့်  တရိပ်ရိပ်ပြေးသော အနီု ပဲ့ ထောင်
လေးတွေပေါ်မှာ ခရီးသည်တွေကတော့  ရောက်ချင်ဇောတွေနှင့် ပဲ မလှုပ်မရှက်၊ညိမ်ညိမ် ကုတ်ကုတ် လိုက်ပါ
ရစမြဲပါ။ ထို အခါမျိုးဆိုလျင် ကျွန်တော်နှင့် မဟေသီတို့ က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့် ပြီး ပြုံး
ရယ် နေ ဖြစ်ကြပါသည်။ ချစ်သူနဲ့ ဆိုတော့ လဲ ... အရာရာကို ပျော်ပျော်ကြီး ကျော်ဖြတ် နေနိုင်သလိုပေါ့ နော်...။

နွေရာသီရောက်လျင်တော့  သာရဝေါ ဘူတာနောက်ဖက် ခပ်လှန်းလှန်းရှိ ကမ်းစပ်မှ သင်္ဘောတွေ၊ပဲ့ ထောင်
မော်တော်တွေရှိရာ သို့  မတ်စောက်စွာပဲ ဇောက်ထိုး ဆင်းရပါတော့ သည်။ ကမ်းစပ် မြေသားကို လှေကားထစ်
တို့ သဖွယ် ထွင်းထု ပေးထားသော်လည်း အစဉ်မသင့် လျင် အောက်ဖက်ရေစပ်အထိ ဒလိပ်ခေါက်ကွေးပဲ ထိုး
ကျသွားတတ်ပါသည်။ ဆိုလိုချင်တာ... နောက်မှ တစ်ယောက်ကျပြီဟေ့ ဆိုလျင် ရှေ့ ကလူတွေပါ ဆက်ကျသွား
ဘို့  မခဲယဉ်းပါဟု...။

ထိုအခါမျိုးမှာ ဆိုလျင်ကောတဲ့ ...။
ကျွန်တော် သူ့ လက်ကို မလွှတ်တတ်တော့ ပါ။
ကြောက်လို့  မဟေသီ့  လက်ကို မလွှတ်ခြင်းမဟုတ်ပါ။
ချစ်၍ သူ့  လက်ကို ဆုပ်ကိုင်ထားမိခြင်းပါ။ ချစ်သူ ကျ မှာ စိုးလို့ ပါ။

ရင်မောဖွယ် တို့ ပြောပြီးတော့  ရင်သတ် ရှု့ မောဖွယ်တို့ ကို ပြောရပါအုံးမည်လေ။
မြစ်ပြင်ကျယ်ကြီးထဲရောက်လို့  တဖြည်းဖြည်း ဝေးကျန်ခဲ့ သော သာရဝေါ ဖက်ကမ်းကို ပြန်ကြည့် မိလျင် ရန်ကုန်
ထဲက မပျင်းမရိ စီးနင်းလာခဲ့ ရသော ရထားတွဲ အရှည်ကြီးကို ကမ်းနဖူးပေါ်မှာ ဝေးကျန်ခဲ့ သည့် မြင်ကွင်းပါ။
ပြပြသော ကမ်းစပ် တို့ နောက်ခံထားပြီး ဟိုး အဝေးက မှိုင်းညို့ နေသော တောင်တန်းကြီးတွေ ကြည့် ရသည်မှာ
လည်း ရင်ထဲမှာ ကဗျာလိုလို၊ စာလိုလိုပါပဲ..။
ထိုခရီးတွေက ချစ်သူ အဖေါ်ပါလျင် ကြည်နူးရသလောက်၊ တစ်ယောက်ထဲ သွားရသည့်  အခါများကျတော့ 
လွမ်းမောဖွယ်၊ စွန့် ပျံ့ ဖွယ်ဖြစ်နေတတ်ပြီး မြင်ရတတ်သည့်  ဇင်ယော် တို့ ကတောင် လှောင်နေသလိုလိုပါလို့ ။

" ကဲ... ကို... ဒီ သေတ္တာကြီး ပိတ်ပေးတော့ " နောက်မှ မဟေသီ့  အသံကြားမှ အတွေးစ တို့ ပြတ်သွားရသည်။
"လမ်းမှာ..လုံးဝ မဖွင့် တော့ ဘူး ကို .... အသေ ပိတ်ပေး၊ ဟိုကျမှ ဖွင့် တော့ မယ်လေ.." ဟုသူပြောသည်။
ကျွန်တော်လဲ ထင်းရှုးသေတ္တာကြီးကို သံရိုက် ပိတ်ပစ်လိုက်ပါသည်။ ဒီသေတ္တာကြီး တွေကို တစ်လမ်းလုံး ကြုံ
သလို ဖြစ်သလိုနှင့် ပဲ မပါပါအောင် သယ်လာရပါတော့ မည်။
မိန်းမ မပါတုံးကတော့  ဘိုင့် ဘိုင် လုပ်ရတုံး ခဏ တာလွမ်းလိုက်ရပေမဲ့  ရင်ကော့ ၍ ပေါ့ ပါးစွာပဲ ခရီးတွေ ဆက်
ဖြစ်နေခဲ့ ရသလောက် အခုတော့  မဟေသီပါတော့  ပျော်ရွှင်ရပေမဲ့  မိန်းမ တစ်ယောက်၊သေတ္တာနှစ်လုံးကို
ခရီးတွေ၊အထပ်ထပ်ဖြတ်ပြီး သယ်ရတော့ မှာမို့ ... ကျွန်တော့် နှုတ်မှ ရုတ်တရက်...
" မိန်းမရေ..မိန်းမရဲ့  .......( အာလုပ်သံ၊ပစ်ပစ်နှစ်နှစ်အသံ နှင့် ထွက်ကြည့် ပါ ) ကိုယ်ခေါ်သွားချင်တာက
မင်းတစ်ယောက်ထဲကိုပါပဲ..၊ ဒီ..သေတ္တာကြီးတွေကို မဟုတ်ရပါဘူး..ကွယ်..၊ မင်းပါခဲ့ ရင် အရာရာပဲ ပြည့် စုံလှ
ပါပြီ.... ဒါကြီးတွေကို........" လို့  ရုတ်တရက် ထွက်သွားမိပေမဲ့  ကျွန်တော့်  စကား တို့ မဆုံးခင်မှာပဲ သူ့ ရဲ့  ပြုတ်တူ လေးလိုပဲ သန်လှသည့်  လက်ကလေးက ကျွန်တော့်  နံ အောက် ခါးစောင်းအထက် ဗိုက်၏ အဆီပြင် စ
တင်းနေသည့်  နေရာလေးကို လိမ်ညှစ်ပြီးသား ဖြစ်နေပါတော့ သည်။ နာ လိုက်တာဗျာ။ နာ လွန်းလို့  ခြေဖျားတို့ 
ထောက်ပြီး သူ့ လက်ကို ဆွဲခွါထုပ်မိသော်လည်း မပြုတ်တော့ ၍ အသံပြဲကြီးနှင့်  ခုနှစ်သံချီ ဟစ်ပြီး အနာ သက်
သာ အောင် "အား......"ဟု အော် ထုပ်ပစ်လိုက် စဉ်မှာပဲ သူ့ ကြီးဒေါ် ဒေါ်ကြင်စန်း ဈေးမှ အထုပ်၊အပိုး များဖြင့် 
အိမ်ရှေ့ မှာ ဆိုက္ကားကြီးနှင့်  ထိုးဆိုက်လာသောကြောင့်  ကျွန်တော် သက်သာရာ အမြန် ရ သွားပါသည်။

"ဟဲ့ ... မိခိုင်... ညီး.. အထုပ်အပိုးပြင်နေတာကလည်း ညကတဲက အခုချိန်ထိ မပြီးနိုင်သေးပါလားအေ...." ဟု
သူ့ ကြီးဒေါ်ကြီးမှ သူ့ ကို ဟောက်ပါတော့ သည်။ ကျွန်တော်လဲ ပုဆိုးပြင်ဝတ်ရင်း ကြီးကြီးလက်ထဲမှ ဈေးထုပ်များ
ကို ဆင်းယူလိုက်ပါသည်။ကျွန်တော့်  မဟေသီက သူ့ မိဘနှစ်ပါးလုံး ကျွန်တော်နှင့်  အိမ်ထောင်မကျမီ ရှေ့ ဆင့် 
နောက်ဆင့် ပဲ ဆုံးပါးကုန်ကြ၍ သည်ကြီးဒေါ်ကြီး ကပဲ ဆက်လက် စောင့် ရှောက်နေခဲ့ ခြင်း ဖြစ်သည်။
"မဟုတ်ဖူး... ကြီးကြီး သားပေါ့ .. သမီးကို ဘာမှ ကူမလုပ်ပေးချင်ဘူးလေ၊ တမနက်လုံး လ္ဘက်ရည်ဆိုင် ထွက်ဖို့ ပဲ
ချောင်းနေတာ" ဟု ထောင်ပါတော့ သည်။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ သူကတော့  ခလေး ပေါ့ လေ။

ကျွန်တော် ဆိုက္ကားဆရာ ကိုထွေး ကိုပဲ မနက်လာရင် နောက်တစ်စီး ပါ ထပ်ခေါ် ခဲ့ ဘို့  မှာလိုက်တော့ သည်။
မဟေသီ့  ပစ္စည်းတွေက ဆိုက္ကား နှစ်စီး နှင့် မှ ရမှာမို့ လို့ ပါလို့ ..။ အင်း.. မနက် ကားဆင်းတဲ့ အချိန် မိုး မရွာပါ
စေနဲ့ ..လို့  မျှော်လင့်  မိပါသည်။ မနက်ဖြန် မနက်စောစော အလင်းတို့  မပွင့် သေးမှီ သေတ္တာကြီး များဖြင့် 
တူနှစ်ကိုယ် ခရီး စ ရတော့ မည်လေ....။

......................................................................................................................................................

( ဆက်ရန် )

10 comments:

ကျောပိုးအိတ် said...

စာဖတ်နေရင်းနဲ့ ဟင်္သာတ မုန့် ဟင်းခါးဆိုလို့  စားချင်သွားတယ်။ ငါးများများ ဟင်းရည်ကျဲကျဲ မုန့် ပင်ကြီးကြီး။

မိုးခါး said...

အဟုတ်ပဲ
မုန့်ဟင်းခါးစားချင်သွားတယ် ..း))

kiki said...

ဟသာင်္တ မုန့် ဟင်းခါးတော့ မပြောတတ်ဖူး ။
ူနောက်ဆုံးနှစ် အပိုင်း(က)ရောက်တော့ ကွင်းဆင်းရတာ ရေကြည် မြို့ ကို ၊ သာရဝေါထိရထားစီးပြီး ဧရာဝတီ မြစ်ကြီးကို လှေနဲ့ ဖြတ်ခဲ့ရတာ သတိရမိသွားတယ် ။အဲ့ဒီအချိန်တုံးကတော့ နွေခေါင်ခေါင်ဆိုတော့ ဘူတာရုံထိ ရေတော့ မရှိ ပါ ။ ကျယ်ဝန်းလှတဲ့ သဲပြင်ပူပူထဲ ထီးမပါဘဲ လျှောက်ပြီးမှ မြစ်ဆိပ်ရောက်တာလေ ။ကိုယ့်အထုတ် ကိုယ်ဆွဲ ပဲ ။ အဖွဲ့ ထဲမှာ ကလည်း မိန်းကလေးတွေချည်း ၇ ယောက် ။ အထုတ်ဆွဲပေး ။ ကုန်းဘောင်ပေါ် ဖေးကူ ထိန်းပေးမဲ့ ဘဲနာ တကောင်မှ မပါလို့  ဟီးဟီး ။
ကျောင်းသားဘဝလေး ပြန်လွမ်းသွားတယ် ဗျိုး...

ဆက်လုပ် ပါ ရဲဘော် ကျော် ရေ..

Unknown said...

တကယ်အဖြစ်တွေလားဗျာ။ ဇာတ်လမ်းလေးသဘောကျမိပါရဲ့။စကားမစပ် မဟေသီကိုလဲ အတော်ချစ်ပုံရတယ်နော်။ ပျော်ရွှင်ပါစေဗျာ။ ဆက်ရန်မျှော်နေမည်။

ကောင်းကင်ပြာ said...

တကယ် အဖြစ်လို့ပဲ ထင်ပါတယ်၊ ကွက်ကွက်ကွင်းကွင်း မြင် အောင် ရေးထားတယ် ၁ ရော ၂ ရော ဖတ်တာ ၊ ကောင်းတယ်၊ စောင့်မယ် နော်..း)

thawzin said...

ဘယ်လိုဘယ်လို....... တောင်တန်းပြာကြီးတွေက ကဗျာလိုလို လွမ်းမောစရာတွေဆိုပါလား။ အဲဒီလှေစီးတုန်းက တောင်တန်းတွေ မြင်လိုက်ရသလိုပါပဲလား။ ဇင်ရော်တွေ မလှောင်ကြတော့ဘူးမိုလားဗျာ။ ကိုရေနံချောင်းသားရေ။ ဆက်ရေးပါဗျို့။ အချစ်ထက်သာလွန်တဲ့ နှစ်ကိုယ်လက်တွဲ ခရီးဆက်ပုံလေး စောင့်မျှော်နေပါအုံးမယ်ဗျာ

မြစ်ကျိုးအင်း said...

ချစ်ခန်းကတယ်များသကိုး ရေနံတူးတဲ့ဆီ မရောက်နိင် သေးဘူး ချစ်နိင်သူတွေ ချစ်ကြပါဗျား)

နောက်တပိုင်းမှာတော့ ခရီးထွက်နိင်ပါစေဗျာ

နှင်းနဲ့မာယာ said...

ရေနံအလုပ်သမားကြီးကို လာဖတ်နေတယ်နော်...
နောက်ဆက်တွဲလေးတွေ စောင့်ဖတ်နေပါတယ်...

နှင်းနဲ့မာယာ

ကိုလူထွေး said...

ဒါနဲ့ အဖြူလေးဆိုတာ မြစ်ကျိုးအင်းရေးဖူးတဲ့ တယောက်လား...

မွေးရပ်မြေက မြေကြီးအိတ်ကို ညတိုင်းထုတ်ပြီး ခြေဖဝါးနဲ့ နင်းတယ်ဆိုတဲ့ တယောက်လေ...

းဝ)

(ဆိုက်ကားသွားနင်းလိုက်အုံးမယ်ဗျာ...)

^^Winnie Pooh Lovers said...

"နွေရာသီရောက်လျင်တော့  သာရဝေါ ဘူတာနောက်ဖက် ခပ်လှန်းလှန်းရှိ ကမ်းစပ်မှ သင်္ဘောတွေ၊ပဲ့ ထောင်
မော်တော်တွေရှိရာ သို့  မတ်စောက်စွာပဲ ဇောက်ထိုး ဆင်းရပါတော့ သည်။ ကမ်းစပ် မြေသားကို လှေကားထစ်
တို့ သဖွယ် ထွင်းထု ပေးထားသော်လည်း အစဉ်မသင့် လျင် အောက်ဖက်ရေစပ်အထိ ဒလိပ်ခေါက်ကွေးပဲ ထိုး
ကျသွားတတ်ပါသည်။ ဆိုလိုချင်တာ... နောက်မှ တစ်ယောက်ကျပြီဟေ့ ဆိုလျင် ရှေ့ ကလူတွေပါ ဆက်ကျသွား
ဘို့  မခဲယဉ်းပါဟု...။"
ဘယ်လိုဇောက်ထိုးဆင်းတာလဲ ၊ နားမလည်လို့