Thursday, November 26, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၄ )

ဆောင်း သံ တိတ်မှ အိပ်ပါလားကွယ်
.............................................................


ပြည် ဖက်ကမ်းရောက်တော့  ညနေ လေးနာရီ ထိုးပြီ။
ကူးတို့ ဇက်က တစ်နာရီ နောက်ကျ၍ နှစ်နာရီခွဲမှ ပြန်ဝင်လာသောကြောင့် ဖြစ်သည်။ စုံစမ်းကြည့် တော့ 
စစ် ချော ပါသွားသောကြောင့်  ဟု သိရသည်။ ခရီး သည်တွေကတော့  မြစ်ပြင် ကျယ်ကျယ်ကြီးကို ကြည့် ၍
စိတ်ပျက်ညီးညူ တစ်ယောက်၊တစ်ပေါက်ပြောနေကြသော်လည်း မဟေသီ တစ်ယောက်ကတော့  မြစ်ပြင်ကြီး
ကိုပဲ ကြည့် မဝဖြစ်နေပြန်ပါသည်။ နီုး ဦးထုပ် အဝိုင်းကြီးကိုဆောင်းပြီး၊ နေကာမျက်မှန်ကြီး တဝင်းဝင်းနှင့် 
လည်ပင်းမှ ပတ်ထားသော မာဖလာ သဘက် ကလေးကလဲ လေအဟုန်မှာ တလွင့် လွင့်  ဆိုတော့  သူ့ ကိုယ်
သူ ရုပ်ရှင်ပဲ ရိုက်နေသလိုလို။ ကျွန်တော်လည်း ခံတွင်းချင်လာသောကြောင့်  စွန်ပျံ ဆေးပေါ့ လိပ်ကို ထုပ်၍
မီးညှိပြီး အဆုပ်တွင်း သို့  တအား ဖွာရှိုက်သွင်းပစ်လိုက်မိယင်း တရွေ့ ရွေ့  ဝေးကျန်နေခဲ့ သော ဆင်တဲ ကမ်းနား
ဖက်ကို ပြန်ငေး ကြည့် နေမိပါသည်။

ယ္ခု ဇက် နှင့်  မဆန့် သောကြောင့်  ကျန်ခဲ့  ရှာသော ယာဉ်ကြီး၊ငယ်မျိုးစုံကို ခပ်ပြပြ သာမြင်နေရတော့ သည်။
ကူးတို့  ဇက်တို့ ၏ ဦးစားပေး အစီအစဉ်အရ ခရီးသည်ယာဉ်၊စစ်၊ရဲ၊ဌာန ဆိုင်ရာ စသည်ဖြင့်  အစဉ်လိုက် ဦးစား
ပေးလေ့ ရှိသောကြောင့်  တစ်ခါတလေမှ လာတတ်သော ကားများကတော့  တော်တော်လေး ကသီလင်တ ဖြစ်
တတ်ပါသည်။ အဲ... စစ်ချောဟေ့ .. ဆိုလျှင်တော့  အားလုံး အလေးပြု ကျန်ခဲ့ ပေတော့ ။

ညနေ လေးနာရီခွဲ လောက်ရောက်တော့  မှ ပြည် ဆိပ်ကမ်းကို လှန်း မြင်ရပါတော့ သည်။
ဟင်္သာတ မှ ပြည်သို့  ပုသိန်၊မုံရွာ လမ်းမကြီးအတိုင်း မောင်းခဲ့ ရသော ကြာချိန်နီးပါးမျှ ကြာညောင်းတတ်လွန်း
သော သည် ဇက်ကူး ခရီး က နဝဒေး တံတား ကြီး၊မပြီးခင်ကတော့  အတော်ပဲ ပျင်းရိ စိတ်ပျက်ဖွယ် အလွန်
ကောင်းခဲ့ တာ အမှန်ပါ။

အဝေးပြေးဂိတ်ရောက်တော့  အောင်လံ ကားကို ချိန်းရပါတော့ သည်။
မဟေသီက သူ့ သေတ္တာကြီးထဲမှ မီးသွေးမီးဖိုကြီး ကွဲမှာ စိုးပြီး စပယ်ယာ တို့ ကို တောင်းတောင်းပန်ပန်ပဲ ပြော
နေရှာပါသည်။ ဝန်စည်၊စလယ် အပြည့်  နှင့်  ခရီး သွားတတ်လွန်းသော ကျွန်တော်တို့ မြန်မာ၊လူမျိုး တို့ ၏
အပို ဒုက္ခ များပါလေ။ လမ်းမှာပဲ ဆင်းမှာဖြစ်သောကြောင့်  အလွယ်တကူ၊ ချလို့  ရမည့်  အပေါက်ဝ တွင်ပဲ ထား
ဖို့  စပယ်ယာကို ပြောတော့  မဟေသီနှင့်  စကားပြောရပါတော့ သည်။

သေတ္တာကြီးတွေကြောင့် ပဲ ကြည်နူး မှုတွေနှင့်  စခဲ့ ရသည့်  တူနှစ်ကိုယ်ခ၇ီး၏ ဈေးဦးပေါက် မကြည်နူးရခြင်း
ဖြစ်ပါတော့ သည်။ ပြည် အဝင်နောက်ကျခဲ့ သောကြောင့် " ပြရည်" အစမ်းတွင်း မှ ဈေးဝယ်တက်လာသည့် ကား
ကို ကျွန်တော် မမှီ တော့ ပါလေ။ ထို့ ကြောင့်  မြစ်နားဘို့ လယ် ရွာ လမ်းဘေးမှာပဲ ကျွန်တော်တို့  ဆင်းရတော့ 
မှာဖြစ်သည်။

ပြည် မှ ထွက်၍ "စကားထောင်ကိုးကွေ့ " ကိုကျော်လာပြီး၊ ဗွက်ကြီး တံတားကို ရောက်လာတော့  ဧရာဝတီမြစ်
ကြီး၏ အနောက်ဖက် ရှိ မှိုင်းပြပြ၊ တောင်တန်းတို့  ထိပ်တွင် နေလုံး နီနီကြီးက မေးတင်၍ အနားယူတော့ ဖို့ ပြင်
နေပါပြီ။ မဟေသီက ကျွန်တော့် ကို ကြည့် ပြီး မေးငေါ့ လာပါတော့ သည်။ မရောက် သေးဘူးလားပေါ့ ..။

လမ်း ၏ ဘယ်ဖက်ချမ်းရှိ တသွင်သွင်၊ တညိမ့် ညိမ့်  နှင့်  နေကုန်အောင် စီးဆင်းခဲ့ သော မြစ်ကြီးက ကားလမ်း
နှင့်  နီးလာလိုက်၊ ဂျောက် ကမ္ဘားအောက်တွေကို ရောက်သွားလိုက်၊ ကမ်းနှင့်  ခပ်ပျပျ သာမြင်နေရသော အဝေး
ဆီကို တဖြည်းဖြည်း ရောက်သွားလိုက် နှင့်  မြွေ လိမ်၊မြွေကောက် ကုန်းတက်၊ကုန်းဆင်း ပေါများသော
လမ်းကျဉ်းကျဉ်းလေးအတိုင်း တရွေ့ ရွေ့  မောင်းလာသော ကျွန်တော် တို့ ၏ ပြည်၊အောင်လံ ကန်တာ ကား
လေးသည် အမှောင်ထု ကြီး အတွင်းသို့  တဖြည်းဖြည်း ဝင်ရောက်လာတော့  မဟေသီ က
ကျွန်တော့် လက်ကို ခပ်ဖွဖွလေး လာဆုပ်ကိုင် ရှာပါတော့ သည်။

သူ့ လက်တွေ ချွေးစ တို့ ဖြင့်  နွေး တေးတေး ဖြစ်နေပါပြီ။
သူ့ ဂေါင်း လေးကို အသာပဲ ငဲ့ ၍ ကျွန်တော့်  ပုခုံး ပေါ်သို့  မှေး ပေးလိုက်မိပါသည်။
“ ကဲ.... ဘို့ လယ်ဆင်း မဲ့  သူများ.. ပြင်ထားမယ်နော...... ” စပယ်ယာ၏ အော်သံ ကြားတော့ မှ သူ ဂေါင်းထောင်
ထ ကြည့် တော့ သည်။ စပယ်ယာလေးနှင့်  ကျွန်တော် သေတ္တာကြီးတွေကို လမ်းမကြီးပေါ်မှ လမ်းဘေး လှည်း
လမ်းကြောင်း ပေါ်သို့  မ ချ လိုက်ပါသည်။

မှောင် စ ပျိုးသည့်  တကယ့် တော၏ ရှု့  ခင်းပါပဲ။
ပုစင်း ရင်ကွဲ တို့ ၏ အချက်ကျကျ အော်မည်သံ တို့ သာ အမှောင် ထုကို ကြီး စိုးနေပါပြီ။
စပယ်ယာ လေးက ကျွန်တော် တို့ ကို နူတ်ဆက်ပြီး ကားပေါ် ခုန်တက် သွားတော့  ကားက မီးခိုးတို့ မဲအောင်
တဗျင်းဗျင်း အသံနှင့်  သူ့ ခရီး ကို ဆက်ထွက်သွားတော့  လှည်းလမ်းကြောင်းလေးပေါ်မှာ ကျွန်တော်ရယ်၊
မဟေသီရယ်၊ သေတ္တာကြီး နှစ်လုံးရယ်၊ အဝတ်အိပ် နှစ်လုံးရယ်ပဲ ကျန်ခဲ့  ပါတော့ သည်။

ဟိုး... အဝေး မြစ်ဖက်ရှိ“ မြစ်နား ဘို့ လယ် ” ရွာလေး ဆီမှ တွံတေး သိန်းတန် သီချင်းသံ သဲ့ သဲ့ ကိုတော့  လေ
အဟုန်အတိုင်း ကြားနေရပါသည်။ မဟေသီ့  မျက်နှာလေးခပ်ငယ်ငယ်ကို မှောင် ထဲတွင် မကြည့် ပဲ ကျွန်တော်
မြင်နေရတော့  စိတ်တို့  မကောင်းဖြစ်မိပေမဲ့  သူ့ ကို ထားခဲ့ ပြီး ရွာက လူ သွားခေါ်ဘို့ ကလဲ မဖြစ်၊ သူ့ ကို ရွာကို
လွှတ်ပြီး အကြောင်းကြားခိုင်းဘို့ ကလဲ မဖြစ်။ အင်း ခက်တော့ နေပြီ...ဟု။ ကျွန်တော်လည်း ကြံရာမရ ဖြစ်လာပြီး
စွန်ပျံ ဆေးလိပ်ကို ထုပ်၍ ဖွာရှိုက်လိုက်ဖြစ်တော့ သည်။ ကြားလိုက် ရသည့်  တွံတေး သိန်းတံ သီချင်းကတော့ 
“ စောင်း သံ တိတ်မှ... အိပ်ပါလားကွယ်..” တဲ့ ..။
ကျွန်တော့်  မှာတော့  ဆောင်းကို တီးဘို့  နေနေသာသာ ဟန် ကိုယ့် ဘို့  အနေနှင့်  မှောင်ထဲမှာ ခြင်တွေ တဖုန်း
ဖုန်း ရိုက်နေသော ကျွန်တော့် မဟေသီ ကို ဘယ်လို အားပေးရမှန်းကို မသိနိုင်တော့ ပါလို့ ....။

...................................................................................................................................................

( ဆက်ရန် )

5 comments:

kiki said...

တွံတေးတောက်တဲ့ ...
စောင်းသံလည်းတိတ်ပါပြီ ..
မအိပ်ရသေးဘူး ။

ကျွန်တော်ရယ်၊မဟေသီရယ်၊ သေတ္တာကြီး နှစ်လုံးရယ်၊ အဝတ်အိပ် နှစ်လုံးရယ် ... ဘယ်ပုံ ဘယ်နည်း ဘယ်ခရီး ဆက်လှမ်းကြပါဦး မည်လည်း .....
ဖြေးဖြေးပေါ့ နော် ကိုကြီးကျော်ရေ .. စစ်ချောတွေ ရှောင်ရင်းဆိုတော့ ...း))
အိပ်မက် လှလှ မက်ပါစေ ။

Unknown said...

ဦးစားပေးတွေကလည်း နေရာတကာပဲနော်။ဝန်စည်စလယ်နဲ့လည်း မသွားလို့မှ မရနိုင်ပေကိုး။ကျွန်တော်တို့အမျိုးတွေဆီ သွားလည်တာတောင် ကျွန်တော်သုံးနေကြ ဘာရီရတွေက သူတို့ဆီမှာ အလွာ်မရနိုင်ပဲကိုဗျ။ ခရီးလမ်းပန်းပေါက်သော်လည်း မြို့အသုံးအဆောင်တွေက မြို့တွေပေါ်မှပဲရတတ်တာဗျ။ အဖြစ်တူပါတယ်ဗျာ။မျှော်နေဦးမည်ဗျာ။

amk said...

မင်းသားရယ်၊မင်းသမီးရယ်၊ သေတ္တာကြီး နှစ်လုံးရယ်၊ အဝတ်အိပ် နှစ်လုံးရယ်...မျော်နေတယ် အကိုေ၇

mysterysnow said...

အော်...
လူနှစ်ယောက် သေတ္တာနှစ်လုံး အဝတ်အိတ် နှစ်အိတ်...
ညက မှောင်ရီပျိုးစဆိုတော့
လူဆိုးတွေ ဓါးပြတွေရော ပါအုံးမှာလား..
ဒါမှမဟုတ်ရင်လဲ သရဲတွေ တစ္ဆေတွေ ခြောက်သေးလား...
ညမှောင်မှောင် လရောင်ငယ် မလင်းတာမို့...
ဆက်ရန်စောင့်ဖတ်မယ်နော်...

နှင်းနဲ့မာယာ

မြစ်ကျိုးအင်း said...

ဘယ်လောက်ပဲ လမ်းခရီးကြမ်းတမ်းပါစေ
ချစ်သူပါရင် ရတယ်ဆို

တောထဲတောင်ထဲ ရောက်မှတော့ အဖြူလေးရဲ့ မဟေသီ လည်းစိတ်ညစ်ရှာပေမပေါ့ ။

အဲဒီညကို ဘယ်လိုဖြတ်သန်းလဲဆိုတာ စောင့်ဖတ်နေ မယ်။