Monday, November 16, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ

( ကျွန်တော်နှင့်  မဟေသီ )
............................................

"မင်းကလဲကွာ ... အိုးတွေ များလိုက်တာ.. တစ်သက်လုံးနေမှာ ကျနေတာပဲ၊သုံးလလောက်လေး ပဲဟာကို"
ကျွန်တော်က ထင်းရှုးပုံးထဲ ကြီးစဉ်ငယ်လိုက်သောဒန်အိုးများကို ထင်းရှုးသေတ္တာပုံးကြီးထဲသို့  စီရီကာ နေရာလပ်
မကျန်ရအောင် ထပ်ပြီးထည့် နေသော မဟေသီကို ပြောလိုက်တာပါ။
ငရုပ်သီးမှုန့် ၊ဆနွင်းမှုန့် ကအစ ထောင်းစရာ ငရုပ်ဆုံ၊ငရုပ်ကျဉ်ပွေ့ လက်နီုး တို့ တောင် ပါသေး။ ဒါတောင် ကြက်
သွန်တို့  ငံပြာရည်၊ဆီ တို့ ပါ အတင်း ထည့် ယူသွားမည်လုပ်နေသဖြင့်  တလမ်းလုံး အလေးခံပြီး သယ်ရတော့ 
မယ်... ဟိုကျမှ ဈေးကားနဲ့  လိုက်ဝယ်လို့ ရပါတယ် မယ်မင်းကြီးမရယ်... ဒါလေးတစ်ခုတော့  ကိုယ့် ကို လိုက်ရော
ပေးပါကွာ... ဟု သူ့ ကို မနည်းတောင်းပန်မှ နူတ်ခမ်းတို့  ပွစိ ပွစိ လုပ်၍ အလျှော့ ပေးတော့ သည်။

ကျွန်တော်က ရေနံ ဝန်ထမ်း တစ်ယောက်ပါ။ ခြေသလုံးအိမ်တိုင် ဘဝနှင့် တောင်မြောက် သွယ်တန်းနေသော
မြန်မာပြည်မြေပုံအတိုင်း ကုန်စင်အောင် တာဝန်အရ လျှောက်သွားနေရ ပေမဲ့  မဟေသီ့ ကို မခေါ်ခဲ့ မိ။ တစ်ခါ
တလေ အရှိန်လွန်၍ မုတ္တမကွေ့  ပင်လယ်ပြင်ထဲ ပါသွားခဲ့ ရလျင် ပိုဆိုးပါသည်။ မိန်းမခေါ်ခွင့်  မရှိသောကြောင့် 
ပါ လေ။

ယ္ခု ကျွန်တော် ပြည် အောင်လံ လမ်းပေါ်ရှိ စကားတောင်ကိုးကွေ့ အကျော် မြစ်နားဘို့ လယ်ရွာ လေးမှ မြစ်တစ်
ဖက်ကမ်းရှိ ပြရည် ရေနံ အစမ်းတွင်း ဆီသို့  သုံးလတာ တာဝန်ထမ်းဆောင်ရန်အတွက် အလှည့် ကျလာတော့ 
တကျီကျီ ပူဆာလွန်းနေသော သူ့ ကို ခေါ်ဖို့  ဖြစ်လာရတော့ သည်။ မခေါ်လို့ ကလဲ မဖြစ်တော့ ။ အိမ်ထောင်
သက် နှစ်နှစ် ပြည့် တော့ မည်။ အမြဲတန်းပဲ သူ့ ကိုထားခဲ့ ၍ အကြိမ်ကြိမ်ခွဲထားခဲ့ တိုင်း စကားနာ အထိုးခံခဲ့ ရ
သည်မှာလဲ အကြိမ်ကြိမ် ရှိနေပြီ ဖြစ်သောကြောင့် ပါ။ S.M.E နှင့်  တွင်းတူး အဖွဲ့  တစ်ဖွဲ့  လုံး၏ ကျွန်တော့် 
မိန်းမကို တွေ့ ချင်လွန်းလှပါသည် ဟု တစ်ခုတ်တရ ပူဆာလွန်းသောကြောင့် သာ ဒီတစ်ခေါက် မဟေသီ့  ကို
ခေါ်သွားဖို့  ဆုံးဖြတ်ရခြင်းပါ။
အရင်က ဘာကြောင့်  မခေါ်သွားရသနည်းဆိုသော် ကြမ်းတန်းလွန်းသည့်  ရေနံ လုပ်သားတို့ ၏ ထုံးစံ အတိုင်း
တောတောင်အနုံ့ location ( တူးမည့် ဝန်းကျင်နေရာ ) ရှိသည့် နေရာ အရောက် ဗားတိုက်တွေ၊တဲတန်းတွေ
ထိုးပြီး စခန်းချ အိပ်စက် နေထိုင်ရလို့ ပါ။ အလုပ်က ပထမ၊နေဘို့ က ဒုတိယလေ။

ဒါပေမဲ့  ရေနံသားတို့ လောကတွင်တော့  မိန်းမနှင့် လစာ ပါလျင် ဘယ်နေရာမဆို သွားနိုင်သည် ဆိုသော စာဆို
ရှိသည်နှင့် အညီ တခြားသူတွေ အားလုံး မိန်းတွေ၊ခလေးတွေ တိုးလို့ တွဲလောင်းနှင့် ၁၂ လရာသီ နေပူမိုးရွာ
မရှောင် တောအထပ်ထပ်၊တောင်အသွယ်သွယ်ကို ဒရွတ်တိုက် ခေါ်နေခဲ့ ကြပေမဲ့  ကျွန်တော်ကတော့  သူတို့ 
လို အဲဒီ တောတွေထဲ မဟေသီ့ ကို ဆွဲမခေါ်ရက်ခဲ့ နိုင်။

ဘာဖြစ်လို့ ဆို....... ချစ်လို့ ပါ။
တန်ဘိုး ထားလွန်လွန်းလို့ ပါလို့ ။
ဒါကြောင့် မို့  ချစ်ရက်နဲ့ ပဲ အကြိမ်ကြိမ် ထားခဲ့ ၊ခွဲခဲ့ ခြင်း ဖြစ်ပါသည်။ စစ်သား ဘဝ နှင့်  နဲနဲ ပဲ ခြား ပါ သည်။
စစ် မတိုက်ရတာ၊မိုင်းကွင်း မနင်း ရတာ ကလွဲလို့ ပါ။ ဒါတောင် တစ်ခါတလေ စစ်သား တို့ နှင့်  ကြောချင်းကပ်
အိပ်ရသည့်  အချိန်တွေတောင်ရှိခဲ့ ရပါသည်။ ဒါကြောင့်  ဒီ ဘဝအတွက်တော့  နှမ လက်လျှော့  နေရစ်တော့ 
ဟု ရင်နာနာနှင့်  အကြိမ်ကြိမ် သူ့ ကို ဆိုဖြစ်ခဲ့ ရပါသည်။ နူတ်ဆက်တိုင်း မဟေသီ ငိုခဲ့ ပေမဲ့  ကျွန်တော် လှည့် 
မကြည့်  ပဲ ထွက်ခဲ့ မိရသည်ကြီးပါ။

ယ္ခု တကြိမ် ကျွန်တော်တို့ ဌာနမှုး S.M.E ဦးသန့် ဇင် ကိုယ်တိုင် မင်းတို့ ကို အဆောင် တစ်ဆောင် စီစဉ်ပေးပါ့ 
မယ်ကွာ.. ငါ့ မိန်းမနဲ့ လဲ အဖေါ် ရတာပေါ့ .. ဟု ပြောလိုက်၍ ကျွန်တော် ကြွတက်ပြီး မဟေသီ့  ကို ခေါ်ရခြင်းပါ။

" အကိုရေ.... လာပါအုံး၊ မြန်မြန် ဒီမှာ တိုင်ကီ လာစောင်းပေးပါအုံး.... "
အဝတ်အိပ် ပြင်နေသောကျွန်တော့် ကို နောက်ဖေး မီးဖိုချောင် မှ မဟေသီ လှန်းခေါ်လိုက်ခြင်းဖြစ်သည်။
ကျွန်တော် အဝတ်အိပ် ပစ်ချပြီး သူ့ ဆီ အပြေးရောက်သွားမိတော့  ဆန်တိုင်ကီ ကြီးကို မနိုင်မနင်း နှင့်  မ စောင်း
ပြီး ငွေရေခွံ အိပ်ဖြဲ၍ ဆန် အကြွင်းအကျန်တို့  လောင်းထည့် နေသော မဟေသီ့ ကို တွေ့ လိုက်ရပါသည်။

"မော ပါ့ .. မိန်းမရယ်... မင်းကွာ ပြောထားရက်နဲ့ ၊ အားလုံး ဟိုမှာဝယ်လို့ ရပါတယ်လို့ ၊ ဟင်္သာတ ကနေ ပြရည်
ရောက်တဲ့ အထိ ပြည်မှာ ကားချိန်းရအုံးမယ်။ အခုပဲ အိပ်ယာပစ္စည်းတွေနဲ့  သေတ္တာတစ်လုံး၊ မီးဖိုချောင်ပစ္စည်း
တွေက တစ်လုံး ထင်းရှုးသေတ္တာကြီးတွေနော်..၊ အဝတ်အိပ်တွေလဲ ရှိသေး၊ ဟာ.. ဒီဘက်မှာလဲ ရေ ပုလင်းတွေ
ပါလားကွာ .. ဟင်.. မီးသွေး ထုပ်ကလဲ ပါသေး.. ကဲ..ကဲ.. ကိုယ်တို့  သင်္ဘောတစ်စီး ပဲ ငှားလိုက်တော့ မယ်ဟေ့ "
ကျွန်တော် ကရားရေလွှတ် တောက်ရှောက် ပြောလို့ မဆုံးခင်ပဲ ကျွန်တော့်  ဗိုက်ကြောဆွဲလိမ်ရန် သူ့ လက်
ကလေး ထိုးဝင်လာ၍ မနဲပဲ တွန်းဖယ်လိုက်ရပါသည်။
"ကို က ဘာသိလို့ လဲ.. ဆန်က မိုးတွင်း ဆိုတော့  ဒီတိုင်း ထားခဲ့ ရင် ပိုးထိုး၊ မှိုစွဲ ဖြစ်တော့ မယ်။ မီးသွေး က နဲနဲ
လေးကျန်လို့  နဲနဲလေး ပိုသယ်ရတာများ၊ နဲနဲ သယ်သွားတော့  နဲနဲ သက်သာမသွားဘူးလား၊ ဝယ်ရတာလေ .."
ကျွန်တော် သူ့ ကို ဖက်ပြိုင် မပြောချင်တော့ ၍ အိမ်ရှေ့  ပြန်ထွက်လာတော့  စောစောက မီးဖိုချောင် ပစ္စည်းတို့ 
ထည့် ထားသော ထင်ရှုး သေတ္တာကြီး ဘေးတွင် ကပ်ထောင်ထားပြန်သော သနပ်ခါးတုံး များကိုတွေ့ ရပြန်တော့ 
သည်။ မဟေသီက သနပ်ခါး အလွန်ကြိုက်တတ်ပါသည်။ မိုးလင်း မျက်နှာ သစ်ပြီးကတဲက သူ့ ပါးပြင်ဝယ် စွဲထင်
ခဲ့ သည့်  ပါးကွက်လေးက ညအိပ်ရာဝင်ချိန်အထိ မပျက်ပျယ်တတ်ပါ။

သူကြိုက်လွန်းသည့်  သနပ်ခါးတုံး တို့ ကို ဒီသေတ္တာကြီးထဲ ရှုပ်ထွေးသော ပစ္စည်းတို့ ကြား လေခို၊လေပေါက်တို့ 
မျှ မကျန်မရှိအောင် သူထည့် တော့ မှာမို့  ထည့် သလောက် လေးတော့ မည့်  ခါးကျိုးအောင်ကို မ ရ တော့ မည့် 
သေတ္တာကြီးကို ကျွန်တော်ကြည့် ပြီး သက်ပြင်းချဖြစ်ပါသည်။

မိဘ တို့ လက်အောက် ဗိုင်းကောက်ကျောက်ပိ တစ်သက်လုံးနေခဲ့ ရသော ကျွန်တော့် မိန်းမ၊ ရေနံသား
ကျွန်တော် ငပွေး နှင့်  အကြောင်းပါတော့ မှ အိမ်ပြင်ထွက် တောထဲ ရောက်ရတော့ မှာမို့ အင်း သူ အတွေ့ အကြုံ
မရှိသေးလို့ ပါ၊ နောက် သူ့ ဖာသာ သူသိလာမှာပါ ဟု တွေးရင်း သေတ္တာကြီးနှစ်လုံး၊ အဝတ်အိပ်နှစ်လုံးနှင့် 
မိန်းမ တစ်ယောက်ကို မိုးရေထဲမှာ ဗွက်နင်း၍ တောထဲ အပါခေါ်ရတော့ မည့် မဟာ့ မဟာတာဝန်ကြီးကို စဉ်းစား
မိရင်း စွန်ပျံ ဆေးပေါ့ လိပ် ကို ထုပ်ပြီး မီးညှိ ဖွာရှိုက်လိုက်ဖြစ်ပါတော့ သည်။

..............................................................................................................................................................

( ဆက်ရန် )

12 comments:

သီဟသစ် said...

စိတ်ဝင်စားစရာပဲ ကိုအဖြူလေးရ

ဆက်ပါအုံး

ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

kiki said...

ဪ ...ခုတော့လည်း ရေနံ အလုပ်သမားကြီး ငပွေး ဘဝ ပြောင်းပြန်ပြီလား ..
မိန်းမ တယောက် ကို တောထဲ အပါခေါ်ရတဲ့ သတ္တိ က မနည်းဘူး နော် .. အဲ.. မဟေသီ လိုက်ရဲတဲ့ သတ္တိကိုပြောတာပါ ။။

မောင် တထမ်း ၊ မယ် တရွက် တဲ့ ငပွေး ..ရေ ..
ကြိတ်ထား ကွ ..
( အံ ကြိတ် ခိုင်းတာနော် .. )

ဆက်ဆွဲ ရဲဘော် ရေ ... ရေပုံး ဆွဲ ခိုင်းတာဗျိုးးး
မိန်းမ ရေချိုး ဖို့  ...

ကျောပိုးအိတ် said...

ရေနံလုပ်သားလား တို့ အကိုက။
အကိုညီမကတော့ ရေမွှေးလုပ်သားလေ။
အဟီးးးးးးးးးးးး

ဆက်ရန်မျှော်နေတယ်နော့်။
စိတ်ဝင်စားစရာလေးဘဲ။ အရေးသားကောင်းတယ်တော့။

တတ်တာ အကို
အိပ်တော့မယ်

သုဒြေ္န said...

စိတ်ဝင်စားစရာကောင်းအောင် ရေးတတ်လာ တယ် ဘ၀တခုအတွက်ဖြတ်သန်းဘို့  ပေးဆပ် ရတာတွေမနဲ မနော ကိုယ်တွေ့ တွေကိုရေး တာဟာ စာဖတ်သူ အတွက် ဗဟုသုတရစေခဲ့  သလို နောင်လာနောက်သားတွေအတွက် စံ နမူနာတခုဖြစ်စေတာပေါ့  ပို့ စ် တခုကိုတင် တဲ့ အခါတိုင်း စကားပြေကိုပြန်စစ်သင့် တယ် လို့ အကြံပေးချင်ပါတယ် (ဥပမာ)ပြည်မြို့ေ၇း ၇ာမှာပြရည်ဆိုတာမျိုး ဒီလိုအရေးသားတွေ သတိထားပြင်ဆင်လိုက်ရင် ပိုပြီးပြည့် စုံကောင်း မွန်တဲ့ စာကောင်းပေကောင်းဖြစ်သွားတာပေါ့  ဆက်လက်အားပေးနေဦးမည့်  သုဒြေ္န

thawzin said...

ရေနံတူးတဲ့လူတွေ မိန်းမကိုလဲ အတူးမလွန်စေဖို့ ခပ်ဝေးဝေးနေတာကောင်းမှာပါ။ မဟေသီတို့ကတော့ ကိုရေနံသမားကိုချစ်ယူပြီးမှတော့ ရောင်နောက်ဆံထုံးပါပေးအုံးဗျာ။ ကျွန်တော်ကောင်မလေးကိုမေးတယ်။ ငါ့ကိုချစ်ပဲချစ် မယူနဲ့လို့။ စစ်သားမိန်းမက ဘယ်အချိန်မုဆိုးမဖြစ်မယ့်မှန်းမသိတော့ သူတို့ကို စာနာမိလို့ပါ။ ဒါကြောင့် ချစ်သူပဲထားမယ်။ မိန်းမ မထားဘူးလို့။ အရေးသား ဂွတ်နေဆဲပဲဗျို့ ဆက်ထိန်း အကိုရေ။

ခြေလှမ်းသစ် said...

ရေနံအလုပ်သမားတွေရဲ့  ဘ၀ က တခြား ရွှေ့ပြောင်းအလုပ်သမားတွေလို ပါပဲနော် ... ဖတ်ရတာ သိသာထင်ရှားပေါ်လွင်လိုက်တာဗျာ ...

ahphyulay said...

စာဖတ်သူများသို့ ....
ကျွန်တော်ရေးခဲ့ သော ပြရည်နှင့် ပြည်က သတ်သတ်စီ တည်
ရှိနေသော ပြည်မြို့ နှင့်  ပြရည်ရွာ တို့ ဖြစ်ပါသည်။
အရေးအသားကတော့  မမှားရရင် မနေနိုင်အောင်ကလွဲလို့ 
ဆိုသည့် အတိုင်း ပြင်ရင်းနဲ့ ကို မှားနေတော့ တာပါ။
ဝေဖန်ရေးများကို လှိုက်လှိုက်လှဲလှဲ ပဲ အမြဲ ကြိုဆိုနေမှာပါ။
ဝေဖန်သလောက်လဲ ပြင်ဘို့ ကြိုးစားနေပါကြောင်းဖြင့် ....။
ကျေးဇူးတင်နေလျက်က..

မိုးခါး said...

စိတ်ဝင်စားဖို့ ကောင်းတယ် ကိုအဖြူလေးရေ
နောက်ဆက်တွဲတွေ ဖတ်ဖို့ မျှော်နေပါတယ် ..း))
ခုတလော မအားတာနဲ့ တချို့ စာတွေ မဖတ်ရသေးဘူး ..း))

မြစ်ကျိုးအင်း said...

ပိုင်ချက်ဗျာ

အိမ်က ထွက်ဖို့တင် တပုဒ်ဆိုတော့ ၄ ပိုင်း လောက်သွားမယ့်သဘောမှာ ရှိနေတယ်။

စာများပေမယ့် ဆွဲခေါ်ပြီးရေးရင် ဖတ်ရတဲ့သူ ပိုကြိုက် တာပါပဲ...။စာဖတ်သူဆိုတာ စာများများ ဖတ်ချင်တာလေ

ရေနံမြေ အတွေ့အကြုံတွေ ထည့်ရေးရင် ဖတ်တဲ့ ဗဟု သုတ ရတာပါပဲ

Unknown said...

ရေနံမြေအလုပ်သမားဆိုလို့ သံကြိုးဝတ်ထားတဲ့ သခင်ဖိုးလကြီးကို သွားပြေးမြင်မိတယ်ဗျာ။ စာအရေးကောင်းလို့ အပိုင်းနှစ်ကလေးဆက်လိုက်ဦးမယ်ဗျာ။

^^Winnie Pooh Lovers said...

ဟားဟား ထမ်းပေအုံးတော့

^^Winnie Pooh Lovers said...

www.winniepoohgallery.co.cc ကဘဲနော်