Sunday, December 19, 2010

ဆယ်မိနစ်ကလေး..

အသက်ရှုလိုက်တိုင်း ( ၃ ) မှာ ကြည့် လို့ မထွက်၊ သိ ဘို့ ကိုတောင်ခက်လွန်းလှပြီး သိပ်မြန်လွန်းနေသော
ကြောင့်  ကြာနေရပါသည်ဟု ထင်နေရသည့် အချိန်တို့ ၏ သဘောကို အနှေးပြကွက်များလို တထစ်ချင်း၊တဆစ်
ချင်း ခွဲ ဆန့် ထုပ်၍ ဆွေးနွေးမိခဲ့ ပါသည်။

သညိပို့ (စ)လေးက အသက်ရှုလိုက်တိုင်း ( ၄ ) ဖြစ်ပေမဲ့  ခေါင်းစဉ်လေးကြိုက်လို့  ပြောင်းမိတာဖြစ်ပါသည်။

သည်နေရာတွင် ကျွန်တော်ပြောလိုသည့် တစ်ခုကတော့  ဖြစ်လိုက်ပျက်လိုက်သဘောတွေ ၊ ဝင်လေ ထွက်လေ
တို့  မှတ်နေသည့်  အကြောင်းတွေကို ဆရာကြီးလေသံနှင့် ပင် ပြောဆိုနေမိပေမဲ့  တကယ်တော့  ကျွန်တော်
ဆိုသည့် အကောင်က ဘာကောင်မှ မဟုတ်ပါဟု တောင်းပန်စကားလေးဆိုခွင့် ပြုစေချင်ပါသည်။

ရှေ့ အပိုင်းတွေမှာ ရေးခဲ့ သလို ဘာသာရေးလင့် ကလေးတွေ ဝင်ကြည့် လေ့ လာမိရင်းမှ ဆရာတော်ကြီးများ
၏ တရားခွေတို့ ကို တစ်ပုဒ်စ၊ နှစ်ပုဒ်စ နာ မိသွားရင်း အော.. ဒီလိုတော့ လဲ တယ်ဟုတ်ပါလား .. ဟု ပီတိလေး
တွေ ဂွမ်းဆီထိလိုက်သလိုဖြစ်သွားရင်း ကြွကြွတက်တက် ဖြင့်  ရေးစရာပြတ်တုံး ရေးအုံးမှ ဟု အကြံ ရပြီး ထရေး
နေမိခြင်းပဲဖြစ်ပါသည်။

ကျွန်တော် မကြာခဏ နာ နေမိသည့်  တရားတော်များကတော့  ဘုန်းဘုန်းကြီး အရှင်ဇေယျာပဏ္ဏိတ(ပိုင်းလော့ 
ဆရာတော်) နှင့် ၊ဆရာတော် အရှင်ဇဝန ( မေတ္တာရှင် ) ရွှေပြည်သာ တို့ ပဲဖြစ်ပါသည်။ ဆရာတော်ကြီးများက
တရားဟောသည့် အခါတိုင်း သန့် ရှင်းစင်ကျယ်ပြီးအေးမြလှသောမေတ္တာ၊စေတနာ၊ မဟာဂရုဏာတို့ ဖြင့်  ဖြန့် 
ကြက်ဟောကြားလေ့ ရှိနေသောကြောင့်  လုံသောနားကြပ်အိမ်ထဲမှ ဆရာတော်ကြီးတို့ ၏အသံတို့ ဖြင့် ဆူနေ
နေသောကျွန်တော့် ရင်တွေ ငြိမ်းအေးနေခဲ့ ရပါသည်။

တစ်သက်နဲ့ တစ်ကိုယ် တရားတစ်ပုဒ်ကို စိတ်အေးအေး၊ စိတ်ရှင်းရှင်းဖြင့် ပြီးဆုံးသွားအောင် ဘယ်တော့ မှ မနာ
ခဲ့ မိပဲ ကုန်လွန်သွားခဲ့ သောအချိန်များကိုလည်း ပြန်သတိရမိလာခဲ့ ပါသည်။ အင်းလေ.. လူဆိုတာ ခလုတ်ထိမှ
အမိကို “တ” တတ်မျိုးဆိုတော့ ကျွန်တော်လဲ ထိခိုက်လာသည့် အချိန်တို့ ရောက်မှ အမိနှင့် တူသော တရားတို့ 
အနား ရောက်မယ်လုပ်မလို့  ရှိလာသေးတာပဲဟု တွေးမိပြန်ပါသည်။


ကောင်းတာလေးများတွေ့ ရ၊ သိရ ၊ ကြားရ ၊ စားရ လိုက်လျင် ကိုယ် ချစ်တဲ့ ခင်တဲ့ သူများကို အရင်ဦးဆုံးအမြဲပဲ
သတိရလိုက်တတ်သည့်  လူတိုင်းတွင်ရှိတတ်သည့် အကျင့် ကလေးကြောင့် လဲ ကျွန်တော့် ဆီ ဝင်ရောက်
ဖတ်ရှု့ နေတတ်သော လက်ချိုးရေလို့ ရသည့် ကျွန်တော်ချစ်သော လက်တစ်ဆုပ်စာပရိတ်သတ်လေးအတွက်
ကျွန်တော့်  လို တယ်ဟုတ်ပါလား.. ဟု ဖြစ်စေချင်ခဲ့ သည့် စေတနာလေးပါပဲဟု ရိုးသားစွာတော့  ဝန်ခံရဲပါ
သည် စာဖတ်နေသူများခင်များ... လို့  ။


ကျွန်တော်က အခုမှ ကြားဘူးပြီး အခုပဲ ဂရောင်ချောက်ခြား ထအော်လိုက်သလိုဖြစ်နေပေမဲ့  ကျွန်တော့် ထက်
သိပြီး ကြားပြီး လုပ်ပြီးသားသူများရှိနေခဲ့ လျင်လည်း ကျွန်တော်ရေးသမျှ အမှားများ၊ အလွဲများ၊ မလျော်မကန်
များပါနေခဲ့ သည်ရှိသော် ခွင့် လွှတ်ပေးပါရန်အတွက်တောင်းပန်ရင်းက ရေးလက်စလေးကို ဆက်ရေးခွင့် ပြုစေ
ချင်ပါသည်။

လှဲ၊နေ၊ရပ်၊သွား အနေအထားအမျိုးမျိုးဖြင့်  ရှုတာလေးကို သိ သိ ပေးလို့ ရတယ်ဆိုပေမဲ့  သတိရတုံးလေး
စက္ကန့် ပိုင်းလောက်အချိန်လေးတွေမှာ သိပေးခဲ့ နိုင်လို့  ဟုတ်သလိုလိုရှိနေခဲ့ ပြီး လုပ်ငန်းဆောင်တာတွေက
အများသားဆိုတော့ လဲ မေ့ လျော့ သွားနေသည့်  အချိန်ကများနေရသလို မြင်တွေ့  ကြားသိနေသမျှအာရုံတို့ 
နောက်သာတကောက်ကောက်လိုက်သွားနေမိကာ ဇော မျိုးစုံဖြင့်  တစ်နေကုန်သွားမိရင်း အမောတို့ နှင့် သာ
ကိုယ့် အခန်းလေးထဲ ပြန်ရောက်လာခဲ့ ရပြန်ပါသည်။

ဇောကလေး၊ အမောကလေးနှင့် ပဲ နေ့ ကလေးတစ်နေ့ ( သို့  ) ဘဝလေးတစ်ခု စုဆောင်းမိသွားခြင်း၊ နောက်
တနည်းပြောရလျင် အဆုံးသတ်သွားရပြန်ခြင်းပဲဖြစ်ပါသည်။

ကြုံသလို အသက်ရှုနေမိတော့ လဲ အာရုံတို့ က ကြုံသလိုပဲ ရောက်ရက်ခတ်ခတ်နေရပြီးအလုပ်နားရသည့် တနေ့ 
တွင် ဘုရားစင်ရှေ့ ဝယ် ကျကျနနလေးပဲ ဘုရားဝတ်ဖြည့် ၍ တရားတော်တို့ ၏ မှုလပိုင်ရှင်အစစ်ဖြစ်တော်မှု
သော ဘုရားရှင်ထံ ကျွန်တော်ရဲ့  အသက်နှင့် ခန္ဓာကိုယ်ကို ဝကွက်အပ်ရင်း ချစ်သောကြည်ညိုသောစိတ်တို့ ဖြင့် 
ဘုရားရှင်၏မျက်နှာတော်ကို တဝကြီးမော်ဖူးလိုက်ကာ အသက်ရှုခြင်းဖြစ်သော အာနာပါနကမ္မဌာန်းကို ပေး
သနားတော်မှုပါရန်တောင်းဆိုမိခဲ့ ပါသည်။

ထို့ နောက် တင်ပြင်ခွေထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ရင်း ကြည့် ၍မြင်နေသော အမြင်အာရုံတို့ ကို
အရင်ဆုံးဖြတ်တောက်နိုင်ရန် မျက်လုံးနှစ်လုံးကို အသာပိတ်လိုက်ရပါသည်။

အာရုံအားလုံး၏ တံခါးဝက မြင်နေသောမျက်လုံးအစုံတို့ ပင်ဖြစ်နေပါသည်။

ကိုယ့် မျက်လုံးတွေရုတ်တရက်ပိတ်လိုက်သောကြောင့်  ကိုယ့် လောကလေးက မှောင်အတိကျသွားသော်လည်း
ဆက်လက်ကြားနေရသေးသည့် ဝန်းကျင်တစ်ခုလုံး၏အသံမျိုးစုံတို့ ကြောင့်  မှိတ်ထားမိသော မျက်ဝန်းများမှ
တဆင့်  ကိုယ့် အာရုံမှာ ပုံရိပ်များ အထပ်ထပ်ထင်လာနေပြီး မငြိမ်ချင်သေးသော ရင်ခုန်သံတို့ နှင့် အတူပဲ
ကျွန်တော့် ရင်ထဲမှာ စကားတွေပြောနေပါတော့ သည်။

အောက်ဖက်လမ်းမကြီးပေါ်မှ ကားသံတွေ ၊ လူသံတွေ ၊ မနေ့ က အလုပ်ထဲမှကိစ္စများ ၊ ညနေ ဘာဟင်းနဲ့  စားရ
ရင်ကောင်းပါ့ မလဲ .. စ တဲ့  အာရုံတွေ အစီစီ အထပ်ထပ်ပေါ်နေပေမဲ့ လဲ သတိဖြင့်  အသိစိတ်ကို ထိန်း၍ ရှု နေ
တာလေးကိုပဲ သိ သိ ပေးနေမိပါသည်။

တစ်ဘဝလုံး လွတ်ချင်တိုင်းလွတ်၍လာသော ကိုယ့် စိတ်ကလေးကို ချဉ်တိုင် တစ်ခုတွင် စ တင်ချဉ်နှောင်ခြင်းလဲ
ဖြစ်ပါသည်။

မှောင်မိုက်သွားနေသော အမြင်အာရုံတို့ မှတဆင့်  တဒိတ်ဒိတ်ခုန်နေသေးသောရင်ခုန်နေသံတို့ က ကျွန်တော့် 
နားထင်နှစ်ဖက်မှာ လာမည်ဟီးနေသလို ဖြစ်နေပါသည်။ တိပ်ဆိပ်ငြိမ်သက်ခြင်း၏ အတွေ့  များကို ပထမဦးဆုံး
စတင်တွေ့  ရှိခြင်းလဲ ဖြစ်မည်ထင်ပါသည်။နှလုံးခုန်နေသံတို့ ကိုတောင် ပြန်ကြားမိနေသလိုပါပဲ။

ကျွန်တော့် ဘဝမှာ သည်လိုငြိမ်သက်သွားခြင်းကို ဘယ်တုံးကမှ မတွေ့ ခဲ့ ဘူးတာကတော့  အမှန်ပဲဖြစ်ပါသည်။

ဝင်လေ ထွက်လေတို့ ဖြင့်  အသက်ရှုနေသေးတာကို သတိလေးကပ်ကပ်ပြီး သိသိပေးနေရင်းက မမြင်ရတော့ 
ပေမဲ့  ကြားနေရသေးသောအာရုံမျိုးစုံတို့ ကြောင့်  “ လုပ်ရအုံးမယ်၊ ရအုံးမယ် ... ” ဆိုသည့်  တစ်သက်လုံးပဲ မပြီး
ဆုံးနိုင်သေးသောခေါင်းစဉ်တွေအစီအရီပေါ်လာပြီး ပိတ်သောမျက်လုံးတို့  ပွင့် လာအောင်၊ ငြိမ်၍ထိုင်နေမိသော
ကျွန်တော့် ခန္ဓာကိုယ်ကြီးကို ချက်ခြင်းလှုပ်ရမ်းပြီး ခုန်ထ လာအောင် မသိစိတ်တို့ က အတင်းလှုံ့ ဆော်လာပါ
တော့ သည်။

ကိုယ်ကျင်လည်ခဲ့ ရာ ဘဝတလျှောက်လုံး၊ တသံသယာတလျှောက်လုံး စွဲစွဲလန်းလန်း တွယ်တွယ်တာတာနှင့် 
အရောင်မျိုးစုံလှသော “ သံယောဇဉ် ” မျိုးစုံတို့ ဖြင့်  လိမ်းကြံနေမိခဲ့ သော သည်လိုအာရုံတွေကို အခုတစ်ထိုင်
ထဲနှင့် တော့  ရုတ်ချဉ်းဖြတ်လို့ မရစကောင်းဟု ကျွန်တော်တော့  ထင်မိပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်မိမှတော့  ရသလောက်ဆက်တိုးကြည့် ဦးမယ်ဟု စိတ်ကို တင်း ထားပြီး ရှုမှတ်နေတာ
လေးကို သတိလေး လွင့် မသွားအောင် ဆက်ကပ်ထားနေတုံးမှာပဲ ကိုယ့် စိတ်ထဲမှာ အတွေးမျိုးစုံတို့ ဖြင့်  ပုံတွေ
ဆက်တိုက်ဖေါ်နေမိပါတော့ သည်။

မထိုင်လိုက်မီလေးတင်နောက်ဆုံးလုပ်ခဲ့ မိသည့် အာရုံပုံရိပ်တွေ၊ မနက်က ဖြစ်ပြီးလုပ်ပြီးသွားသောကိစ္စတွေ၊
နောက်မကြာခင်လုပ်ရအုံးမည့်  အာရုံတွေ ၊ မိုင်ပေါင်းများစွာဝေးကွာလွန်းနေသောနေရာတို့ မှ ပုံရိပ်တွေအပြင်
ကိုယ့် အနီးအနားမှာပဲရှိနေသောပုံရိပ်တွေ အိုစုံလို့ ပါပဲ ၊ ထိုမရေတွက်နိုင်တော့ လောက်အောင်များပြားလွန်း
သောအာရုံပုံရိပ်များနှင့်  ကျွန်တော့် ရင်ထဲမှာ စကားတွေပြောနေလိုက်တာလေ..။

ရှုနေဆဲ ၊ ထုပ်နေဆဲမှာပဲ ထိုအာရုံပုံရိပ်တွေကလည်း အတွဲလိုက်ကြီးလိုက်လိုက်ပါနေသလိုပါပဲ။
စိတ်တွေ ၊ အာရုံတွေကို ပထမဆုံး စ တင် သတိပြုမိခြင်းလဲ ဖြစ်မည်ထင်ပါသည်။ အမြဲတန်းနစ်မွန်းနေရသည့် 
သံယောဇဉ်အာရုံတို့ မှ ကိုယ်က ပထမဆုံး ကုန်း ထပစ်ဖို့ ၊ ရုန်း ထပစ်ဖို့  ကြိုးစား ကြည့် မိတာကိုး ..။

နာမည်ကျော် “ GHOST ” ရုပ်ရှင်ထဲကလို ကိုယ့် ကိုယ်မှ ခွာ၍ ကိုယ့် ကိုယ်ကို ပြန်ကြည့် မိခြင်းလဲ ဖြစ်မည်ဟု
တွေးလိုက်မိပါသည်။

အော်... စေးကပ်လွန်းသော သံယောဇဉ်ပင်လယ်ကြီးထဲမှာ ကမ်းမမြင်၊ လမ်းမမြင် ကူးခတ်နေသော ကျွန်တော့် 
ကို မြင်လိုက်ရပေမဲ့ ထိုပင်လယ်ကြီးကိုပဲ မလွန်ဆန်နိုင်ခဲ့ သောကြောင့်  ထိုနေ့ က ကျွန်တော်အဆောတလျင်ပဲ
“ ထိုင် ” နေခြင်းမှ “ ထ ” လိုက်မိခဲ့ ရပါတော့ သည်။

ရတော့ ရခဲ့ မိပါသည်။
ဆယ်မိနစ်ကလေးသောအချိန်ကလေးမျှသာပဲဖြစ်ပါသည်။
ကျွန်တော့် ဘဝရဲ့  ပထမဦးဆုံးသော“ အချိန်ထူး ” ကလေးလဲဖြစ်ခဲ့ ပါသည်။
မနိုင်လို့  ရှုံး သွားသလို ဖြစ်ခဲ့ ပေမဲ့ ထိုဆယ်မိနစ်လေးသောအချိန်တို့ မှာပဲ ကျွန်တော့် ရင်ခုန်သံတို့ ကို
အတော်အတန်ထိန်းချုပ်ထားနိုင်ခဲ့ ပါတော့ သည်။ ကိုယ်တွေ့  လေးပါပဲ။
ငြိမ်းအေးသွားခြင်းနှင့်  မငြိမ်းအေးသေးခြင်းကို “ လှစ် ” ကနဲ တွေ့  လိုက်မိသလို ဖြစ်ပါသည်။
ရှု တာလေးကို သတိလေးကပ်၍ သိသိ ပေးလိုက်နိုင်သောကြောင့်  ကျွန်တော့် ရင်ဝယ်သိသာစွာငြိမ်ခဲ့ ရပြီး
ပြန်ထုပ်နေမိသော အမြဲနွေးသည့် လေတို့ ပါ အေးနေခဲ့ ရပါတော့ သည်။ ထိုနေ့ ကလေးကပါပဲ...။

..................................................................................................................................





11 comments:

Unknown said...

ကောင်းတယ် ကိုကျော်ရေ။ တရားထိုင်တာ ဆက်သာထိုင်ပေး။ ရေးတားတဲ့ စာသာလေးတွေ ဖတ်လိုက်ရတော့ အကိုတောင် စိတ်နစ်စီးမြောသွားတယ်။ တရားထိုင်တယ်လို့တောင် မထင်မှတ်မိလိုက်ဘူး။ သေချာစဉ်စားမိမှ တကယ်အဖိုးတန်တဲ့ ဆယ်မိနစ်တာလေးပဲဗျာ။

SHWE ZIN U said...

အဖြူလေး ရေ

တန်ဘိုးရှိတဲ့ ဆယ်မိနစ်ပေါင်း များစွာ ပိုင်ဆိုင်ခွင့်ရပါစေ
ကိုယ့် အကျိုးရှိသလို တခြားလူများကိုလည်း စေတနာ နဲ့ မျှဝေတဲ့ အတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

အမြင်တမျိုး ရပါတယ် ကိုဖြူရေ...

ကိုအောင် said...

ဆယ်မိနစ်ကနေ ဆယ်နာရီအထိ ဖြစ်လာပါစေ ...

ရွှေရတုမှတ်တမ်း said...

ရတဲ့အချိန်လေးမှာ တွေ့ရတဲ့ အတွေ့အကြုံလေးတွေ..သဘောကြတယ်..အလုပ်တရား များလာရင် သဘောပေါက်လာပါလိမ့်မယ်..လမ်းမလွဲဖို့တော့ လိုမယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်က ထိထိရောက်ရောက် မလုပ်နိုင်ပေမဲ့ လုပ်နိုင်သူကိုတော့ ချီးကျူးပါတယ် အားပေးပါတယ် သတိလေးနဲ့ဆို ဘယ်အရာအတွက်ဖြစ်ဖြစ် သိပ်ကောင်းပါတယ်..
လုပ်နိုင်အောင် ကြိုးစားပါ့မယ် ကိုအဖြူလေး

sosegado said...

အချိန်ထူးလေးတွေများစွာရရှိပါစေ၊ ကိုအဖြူလေးက ပါရမီပါတယ်ထင်ပါရဲ့၊ ငြိမ်းအေးသွားခြင်းနှင့်  မငြိမ်းအေးသေးခြင်းကို “ လှစ် ” ကနဲ တွေ့  လိုက်မိသလို ဆိုတာကိုပါ၊
သူငယ်ချင်းမိန်းကလေးတစ်ယောက်က ရှိုက်ကြီးတငင်ငိုကြွေးမိတယ်လို့ပြောတယ်။

အနော် said...

ဆယ်မိနစ်တာ ကာလလေးမှာ စိတ်အေးချမ်းမှုရလာတာ အင်မတန်ကောင်းတယ် အကိုအဖြူလေးရေ.. တခါတလေမှာ အသက်ရှုလို့ ရှုမိမှန်း မသိတဲ့ နေ့တွေ များလာတဲ့အခါ လူတွေမှာ အတ္တတွေ မာန်မာနတွေ ပူလောင်မှုတွေ များလာတယ်.. တခါတလေ အသက်တောင် ရှုမိရဲ့လား မသိတတ်ဘူး..
ဆယ်မိနစ်တာမှသည် စိတ်အေးချမ်းစေမယ့် နာရီပေါင်းများစွာအထိ အေးချမ်းပါစေ အကို

မိုးယံ said...

ပိုင်းလော့ဆရာတော်နဲ့ မေတ္တာရှင်ဆရာတော်တို့ရဲ့ တရားတွေ ၀ိပဿနာတွေလဲ အင်မတန်မှ ကောင်းမွန်လှပါတယ်.. ပျဉ်းမနား မဟာမြိုင်ဆရာတော်ရဲ့ တရားထိုင်နည်းလေးတွေ စိတ်မှတ်နည်းလေးတွေလဲ ဟောကြားပုံအရမ်းကောင်းပါတယ်.ခင်ဗျာ..

အခုတစ်လောတော့ အရှင်ဇနကာဘိဝံသ ရဲ့ တရားတွေပဲ ဖိနာဖြစ်နေတယ်...

ကိုအဖြူလေးလဲ အတော်အတန်အေးချမ်းနေတာ မြင်ရလို့ မုဒိတာ ပွားမိပါတယ်..အခုလို ပြန်လည် မျှဝေပေးတာလေးတွေကိုလဲ သာဓု သာဓု သာဓု ပါခင်ဗျာ.

ငြိမ်းချမ်းပါစေ

အုပ်ကြီး said...

၁၀ မိနစ်လေး
အထင်တော့မသေးစေလို
"ဘဝနာ" မပါ ဘဝ နာ မယ်
ဆိုတဲ့ ဆရာတော်ကြီးတစ်ပါးဟောတာ
ပြန်ကြားယောင်မိပါတယ်....

kiki said...

ဪ... တရုတ်အားထားနေပြီကိုး..
သာဓု ..သာဓု... သာဓု .. ပါ ..