Tuesday, January 25, 2011

အချုပ်မှ ပြေးပြီ။

ယောင်္ကျားတစ်ယောက်၏ အဆုံးစွန်ဆုံး ခံနိုင်စွမ်းရည် ရောက်သွားသည်အထိ ၊ ယောင်္ကျားတစ်ယောက်၏
မြဲမြံနေတတ်လွန်းသော ဒူးနှစ်ဖက်တို့  ပျော့ ဖတ်ညွှတ်ခွေသွားလုနီးအထိ၊ ဆိုးရွားခါးသီးလွန်းသော လောကဓံ
ကြံ့ ကြံ့  ခံ ရင်ဆိုင်နေခဲ့ သော ယောင်္ကျားပီသသော ယောင်္ကျားတစ်ယောက်ဖြစ်နေသော “ ကိုထွေး ” ကို
စာရေးသူက သူ့ ကိုယ်ပွား ဖန်တီးမွေးထုပ်ပြီး ဤဇာတ်လမ်းလေးကို ရေးဖွဲ့ ခဲ့ သည်ဟု ကျွန်တော် သိခဲ့ ရပါ၏။
တကယ်တော့  “ ကိုထွေး ” က စာရေးသူ သာဖြစ်ခဲ့ ပြီး၊ “ ကိုထွေး ” ကို အားကျမိခဲ့ သူက “ ကျွန်တော် ” ဖြစ်ခဲ့ 
၍ လောကဝယ် “ ကိုထွေး ” လို လူငယ်တွေများစွာအတွက် ကျွန်တော်ကပဲ တဆင့် ဆက်ရေးပြီး ခံစားသိနေ
စေခဲ့ စေချင်သည့်  ဆန္ဒလေးတစ်ခုသာပဲ ဖြစ်ပါသည်။ သည်ဇာတ်လမ်းလေးကို ဖတ်မိခဲ့ ပြီးသည့် နေ့ မှ စ ၍
ယိမ်းယိုင်လဲပြိုခဲ့ ချင်သော၊ ယိုင်နဲ့ လာသော ကျွန်တော့်စိတ်အစဉ်ကို ခိုင် ပြီး ပြန်တည့် လာစေခဲ့ ပါတော့ သည်။

.......................................................................................................................



တကယ်ပြေးဖို့ ကြံတိုင်း ပြေးလို့ မရ ။ ကျွန်တော်ပြေးမည့် နေရာနှင့်  အလုပ်သွားလပ်ရသည့် နေရာမှာ တစ်ခြား
စီ ဖြစ်၍နေ၏။ ကျွန်တော် ပြေးမည်ဆိုတော့  ကုလားနှစ်ယောက်က သေဖော်ညှိသည်။ သူတို့ လည်း လိုက်မည်
တဲ့ ။ ကရင်ဦးကြီးက လုံးဝ ခွင့် မပြု။ တကယ် ပြေးလျှင်တောင် ကုလားနှင့်  တွဲမပြေးရန် ပြောသည်။
“ သူတို့  ပြေးချင်ရင် သူတို့ ဖာသာ ပြေးပါစေ၊ အတူမပြေးနဲ့  ”
“ ဘာဖြစ်လို့ လဲ ဦးရီး ”
“ ဒီကောင်တွေ သွေးရှိတာ မဟုတ်ဘူး၊ မင်းဒုက္ခရောက်မယ်၊ ပေးစမ်း မင်းပိုက်ဆံ ”
သူက ပြောပြောဆိုဆို ကျွန်တော့်ဆီမှ ပိုက်ဆံများ သိမ်းထားလိုက်သည်။ ထိုသတင်းကို ကြားတော့  ကုလားတစ်ဦးနောက်ဆုတ်သွားသည်။ ငွေမရှိလျှင် သူ မပြေးတော့ ဟု ဆို၏။
ဤသို့ ဖြင့်  တစ်ပတ်လောက်ကြာသွားသည်။ ကျွန်တော် ပြေးရန် ဆုံးဖြတ်ထားသည့်  ကြံခင်းများဘက်သို့ 
အလုပ်လိုက်မလုပ်ဖြစ်ပေ။ ထိုကြံခင်းက လှပူရီမြို့ သို့  သွားသော ကားလမ်းမကြီးနံဘေး၌ ရှိသည်။ လိုင်းကား
များကိုပင် လှန်းမြင်နေရသည်။

ကြံခင်းသို့  အလုပ်လာလုပ်ရသည့်  တကယ့် နေ့ ကျမှ၊ ကရင်ဦးကြီးက တစ်ခြားအလုပ် ပါသွားသဖြင့် ကျွန်တော့် 
မှာ ပိုက်ဆံ မရှိတော့ ။ အလုပ်တော့ လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကုလားတစ်ဦးကလည်း လိုက်လာ၏။
ကျွန်တော့်ကို တိုးတိုးလေးမေးသည်။
“ နင်ပြေးမှာလား ”
“ ပိုက်ဆံ မပါဘူး ”
“ သောက်ခွေး ဘယ်လိုပြေးမလဲ ”
“ နင့် မှာ ပါလား ”
“ နှစ်ဆယ်ပဲ ပါတယ် ”
“ ကျွတ်... ”
စိတ်ကို ညစ်ရောဘဲဗျာ..။ သည်ငွေနှစ်ဆယ်နှင့်  လူနှစ်ယောက် ဘယ်လိုပြေးမလဲ။ ဤသို့ နှင့် ပင် ကြံခင်းသို့ 
ရောက်လာခဲ့ ကြသည်။ အချုပ်က ထွက်စဉ်ကပင် ဖိနပ်ကို ကျွန်တော်ထားခဲ့ သည်။ ထိုခြံမှာက အမဲလိုက်ခွေး
ရှိ၏။ ပြေးတုံး ဖိနပ်ကျွတ်လျှင် ထိုခွေးနှင့် မလွတ်နိုင်။ ထိုခြံမှာက ကြံခင်းစောင့်  လူငယ်နှစ်ဦးလည်းရှိ၏။
ကျွန်တော်တို့  အလုပ်သွားလုပ်လျှင် တောပစ်သေနပ်ကိုထုတ်ကာ ဟန်ရေးပြပြနေ၏။ ထိုအပြုအမှုကို မြင်တိုင်း
ပြေး၍ သူ့ မျက်နှာကို ထိုးကြိတ်ပစ်ချင်မိသည်။ ပို၍ပင် ပြေးပြချင်မိသည်။ ဤစိတ်က ကျွန်တော်တစ်ဦးတည်း
မဟုတ်၊ မနက်စာ ထမင်းစားသည့် အခါ အချုပ်သားခုနှစ်ယောက်လုံး ထုပ်ပြောသောစကားဖြစ်သည်။ မြန်မာ
တို့ ၏ မွေးရာပါ ဗီဇ ဟုပင် သဘောထားမိသည်။
သူတို့  နှစ်ဦးကလည်း ကျွန်တော်တို့  ရောက်လာလျှင် အိမ်ဝရန်တာမှာ တစ်ဦး၊ ကားပေါ်မှာ တစ်ဦး ထိုင်ကာ
သေနပ်ကို အဝတ်ဖြင့်  သုတ်ခြင်း၊ ဟိုချိန် သည်ချိန်ခြင်းများ လုပ်လုပ်ပြနေသည်။ အနားတော့  မကပ်ရဲပေ။
သေနပ်လုပြီး ဝင်ရိုက်မှာ စိုး၍ဖြစ်သည်။ သူတို့  စိုးရိမ်သည်မှာလည်း မလွန်လှပေ။ ကျွန်တော်တို့ က ဝင်လု၍
ရိုက်ကာ ထွက်ပြေးလျှင် ဘယ်လို လိုက်ဖမ်းမည်နည်း ။ နေရပ်လိပ်စာမသိ၊ မိဘမျိုးရိုး မသိသည့်  ပြင်ပနိုင်ငံသား
များဖြစ်နေသောကြောင့် လည်း လိုက်ဖမ်း၍ မလွယ်ပါပေ ။

နေ့ ခင်းပိုင်း ခေတ္တနားချိန်တွင် ကုလားက လာမြှူဆွယ်ပြန်သည်။
“ နင်မပြေးဘူးလား ကိုထွေး၊ ရဲ လည်း စခန်းကို ပြန်သွားပြီ ”
“ ပိုက်ဆံမှ မရှိတာ ”
“ မရှိရှိကွာ၊ ပြေးရင် လွတ်နေပြီဟာ ”
“ ခဏနေဦး .. ညနေထိ စောင့် ကြည့် ..၊ မိုးများ ရွာမလားမသိဘူး ”
“ ဟွန်း.. နင်ကြောက်နေ ”
ကုလားက မကျေမနပ်ဖြစ်ကာ ထွက်သွားသည်။ ပြေးမယ်ဆိုရင်တော့  ဘယ်လိုပြေးပြေး လွတ်ပါသည်။ သို့ သော်
ကုလားကို ကျွန်တော်မခေါ်ချင်။ ကျွန်တော့် ရုပ်က ထိုင်းနှင့် မကွဲပြား၍ သွားရ လာရလျှင်ပြဿနာမရှိ။ သူပါနေ
လျှင် ရုပ်က သိသာနေ၏။ ကရင်ဦးကြီးကလည်းမှာထားသည်။ ပြေးလျှင် ကုလားကို အဖော်မလုပ်ရန် ဖြစ်သည်။

အလုပ်ပြန်ဆင်းတော့ ကျွန်တော်သန့် ရှင်းရေး လုပ်ရသည်မှာ ကြံခင်းများဘက် သွားရာလမ်းနှင့် ပို၍နီးသွား
သည်။ ပြေးရမည့် လမ်းလေးကလည်း ရှင်းသန့် နေ၏။ ဘယ်ရော ညာပါ ကြံခင်းများအပြည့် ၊ ကြိုက်တဲ့ ဘက်ကို
ခုန်ဝင်လိုက်ရုံဖြင့်  လွတ်နေပြီ။ ကြံခင်းများက လူတစ်ရပ်ကျော် မြင့် သဖြင့်  ကောင်းကောင်းပုန်း၍ ရပါသည်။
လှုပ်ရှား၍တော့  မရ။ လူလှုပ်လျှင် ကြံခင်းများပါ လိုက်လှုပ်မည်မှာ သေချာသည်။ အပင်တွေက ဆက်နေသည့် 
အတွက်ကြောင့်ပါ။ ကန်သင်းရိုး တွေ့ လျှင်တော့ အသာလေးဝပ်၍ သွားရုံသာ။

အခြေအနေက ပြေးချင့် စဖွယ်ဖြစ်လာသည်။
ကုလားကလည်း ကျွန်တော့် ကို အရိပ်တကြည့် ကြည့်  လုပ်နေ၏။ သူ က အိမ်အောက်မှာ တံမြက်စည်းလှည်း
နေသည်။ ကျွန်တော့် ကို မျက်နှာထိ မျက်နှာထားဖြင့် လှမ်းကြည့် ၏။ မိုးကလည်း အုံ့ ဆိုင်းလာသည်။ အချိန်က
တဖြည်းဖြည်းနှင့်  လေးနာရီ ကျော်လာခဲ့ ပြီ။

ကျွန်တော် ပြေးပြီ ။
ပြေးသည်ဟု ဆိုသော်ငြား ပုန်းသည်ဟု ဆိုမှသာ မှန်မည်။ တကယ်လည်း ကျွန်တော် မပြေးပါ။ ရှေ့ ကို
ဆယ်လှမ်းခန့်  ပြေးပြီး ဘယ်ဘက် ကြံခင်းထဲသို့  တိုးဝင်ကာ၊ ခြံဘက်သို့  ပြန်၍ တွားသွားလျှောက်လာပြီး
ပုန်းနေလိုက်၏။ ကျွန်တော်ပြေးသည်ကို အရင်ဆုံးမြင်၍ အော်လိုက်သည်မှာ တခြားလူ မဟုတ်။ ကုလားပင်
ဖြစ်သည်။ သူက ပြေးပြီဟု အော်ကာဟစ်ကာ ပြေး၍လိုက်သည်။ သို့ သော် ထိုင်းလူငယ်က ဝင်တားသဖြင့် 
သူ လိုက်၍မရ၊ လိုက်၍ရလျှင် သူ လည်း ပြေးမည်ကိုး။ ကျွန်တော် သူတို့ ကို လှမ်းမြင်နေရသည်။ ထိုင်းလူငယ်
နှစ်ဦးက ကျန်အချုပ်သားများကို ပြန်စုကာ၊ အိမ်အောက်သို့  ခေါ်သွားသည်။ ကျွန်တော့် နောက်ကို မလိုက်ကြပါ။

ကုလားက လက်ဟန် ခြေဟန်ဖြင့် တခြား ကြံခင်းထဲသို့ ကျွန်တော်ပြေးဝင်သွားကြောင်း ရှင်းပြနေသည်။
သူပြသည့် ဘက်က ညာဘက်ကြံခင်းဖြစ်သည်။ ကျေးဇူးတင်စရာပင်။ ခဏအကြာ ရဲ ပြန်ရောက်လာပြီး သူတို့ 
အားလုံးစုကာ ညာဘက် ကြံခင်းထဲသို့  ကျွန်တော့် အား ပြန်ထွက်ခဲ့ ရန် ခေါ်ကြသည်။ မြွေရှိတယ်ဟုလည်း
အော်ကြသည်။ အော်ခေါ်၍မရသောအခါ ရဲ က အချုပ်သားများကို ပြန်ခေါ်သွားသည်။ ထိုအချိန်ကျမှပင်
ကျွန်တော်နှင့်  သေမင်း လိုက်တမ်းပြေးတမ်း ကစားရတော့ သည်။

ထိုင်းလူငယ် နှစ်ယောက်က လူစုခွဲကာ ကြံခင်းထဲ တိုးဝင်သွားကြသည်။ လက်ထဲမှာလည်း တောပစ်သေနပ်များ
ပါ၏။ ကျွန်တော် မည်မျှကြောက်ရွံ့ သနည်းဆိုလျှင် မြေမှာ ပြားပြားဝတ်၍ ဘုရားစာကို မျက်လုံးမှိတ်ပြီး ရွတ်နေ
မိတော့ သည်။ သူတို့  ဝင်သွားသည်မှာ တခြားကြံခင်းဘက်သို့  ဖြစ်သည့် တိုင် တွေ့ လျှင် ပစ်သတ်မှာကို တွေး၍
ကြောက်လိုက်သည်ဖြစ်ခြင်း။

ပန်းနုရောင် လက်ရှည်အင်္ကျီကိုချွတ်၍ ဝမ်းဗိုက်အောက် ထိုးသွင်းကာ ပြားနေအောင်ဝတ်နေမိ၏။ မိုးမြန်မြန်ချုပ်
ပါတော့ ။ ထိုစဉ် သေနပ်သံ ကြားရသဖြင့် နှလုံးခုန်ရပ်သွားမတတ် ဖြစ်မိသည်။ လက်ရှိအဖြစ်ကို အိမ်မက်သာ
ဖြစ်ပါစေတော့ ဟု ကြံဖန်တွေးကာ မျက်လုံးမှိတ်ထားလိုက်တော့ သည်။ အခုထွက်၍ အဖမ်းခံလျှင်လည်း
သက်သာမည်မဟုတ်၊ ဟိုနှစ်ကောင် လက်စွမ်းပြချင်နေသည်။

ခဏအကြာတွင် မိုး က ရွာချလိုက်သဖြင့် ကြောက်စိတ်ပြေသလို ဖြစ်သွားသည်။
ခြင်တွေက ဝင်ခဲတော့ သည်။ အတော်လေး မိုးသည်းလာတော့ ဖြည်းဖြည်းချင်း ပြန်တိုးထွက်လာပြီး၊ လမ်း၏
ညာဘက်သို့  တိုးဝင်လိုက်သည်။ ဟိုနှစ်ကောင်လည်း သည်မျှဇွဲကောင်းတော့ မည်မဟုတ်။ ဤသို့ ဖြင့်  ကြံခင်း
ထဲမှာ တိုးရင်း ကားလမ်းမကြီးကို “ ပ ”စောက် ပုံသဏ္ဌန် ပြန်ဝိုက်၍ ထွက်ရန် ဆုံးဖြတ်လိုက်သည်။

တော်တော်လေးမှောင်လာတော့  ကန်သင်းမှာ ထွက်လျှောက်ရင်း ကားလမ်းဘက်သို့  မှန်း၍ ထွက်ခဲ့ သည်။
ကားများကို ကားမီးရောင်တို့ ကြောင့်မြင်နေရ၏။ မိုးလည်း တိတ်သွားခဲ့ ပြီ။ လက်နှစ်ဖက်နှင့် မျက်ခမ်းစပ်တို့ တွင်
ကြံရှရာများဖြင့် သွေးစို့ နေသည်။ အင်္ကျင်္ီချွတ်ထားသဖြင့်  ခြင်ကိုက်ရာများက ကုတ်၍ပင် မနိုင်။ ချက်ခြင်းအသက်
်ထွက်သွားလျှင် ကောင်းမည်ဟုပင် တွေးနေမိပါသည်။

ကားလမ်းသို့  ထွက်သင့် မထွက်သင့်  စဉ်းစားနေရင်း တစ်နာရီနီးပါး ထိုင်နေဖြစ်သည်။ အင်္ကင်္ျီကို ပြန်ဝတ်လိုက်
၏။ ကျွန်တော်နှင့်  မလှမ်းကမ်းတွင် အိမ်တစ်လုံးကို လှမ်းမြင်နေရ၏။ အကူအညီတော့ မတောင်းရဲ။ ပေးမည်
လည်းမထင်။ ရဲ၏ ခြံနှင့် နီးနေသဖြင့်  ကျွန်တော့် ကိုပင် ပြန်ဖမ်းထားနိုင်သည်။ ကျွန်တော်ထင်သည်မှာ မမှားပါ။
ခဏ အကြာတွင် ကြံခင်းများဘက်သို့  ဓာတ်မီးများ လှမ်းထိုးသဖြင့်  ကျွန်တော် ပြေးရပြန်ပြီ။

အတော်ဝေးဝေးသို့  ပြေးပြီးမှ ထိုင်နားရင်း မျက်ရည်များဝဲလာတော့ ၏။ ဤအဖြစ်ဆိုးများ လွတ်မြောက်ပါက
လူသစ်၊စိတ်သစ်ဖြင့် နေသွားတော့ မည်ဟု ဆုံးဖြတ်မိသည်။ ဘုရားကိုလည်းကောင်း၊ လောကပါလစောင့်
နတ်ဒေဝတာများကိုလည်းကောင်း သစ္စာပြုသည်။ လူသည် တကယ်ကြောက်ပြီဆိုလျှင် လွတ်ရာလွတ်ကြောင်း
တိုင်တည်တတ်သည်မှာ လက်တွေ့ ဖြစ်၏။ ဘယ်နည်းနဲ့  လွတ်လွတ် လွတ်ဖို့ သာ အဓိက မဟုတ်လား။

ညနေ လေးနာရီကျော်မှ ပြေးလာခဲ့ သည်မှာ ည ကိုးနာရီထိုးမှပင် ကားလမ်းမသို့  ထွက်ရဲတော့ သည်။
ကျွန်တော် ထွက်လာတော့  လမ်းပေါ်မှာ ကားအသွားအလာ အတော်နည်းသွားပြီ။ စောစောက မီးရောင်ဖြင့် 
မြင်နေရသော ဘုန်းကြီးကျောင်းအတွင်းသို့ လျှောက်ဝင်လာခဲ့ သည်။ ခွေးများ ထွက်ဆွဲ ပါတော့ သည်။

ခွေးများက ဆယ်ကောင်လောက်ရှိမည် ထင်၏။ နောက်ဆုံး အုတ်ခုံ အမြင့် ပေါ် ပြေးတက်တော့ မှ အဆွဲခံရ
သည့် ဘေးမှ လွတ်တော့ သည်။ ထိုအုတ်ခုံမှာ မီးသင်္ဂြီုဟ်သည့်  အုတ်ခုံ ဖြစ်သည်။ အောက်မှ ဝိုင်းဟောင်နေ
သဖြင့် ဆရာတော်တစ်ပါး ထွက်၍ တားမှ အဟောင်ရပ်တော့ သည်။ ဆရာတော်ရှေ့ သို့ ဆင်းပြီး ဒူးတုပ်
လက်အုပ်ချီကာ ခြေဟန် လက်ဟန်ဖြင့်  ရဲ လိုက်ဖမ်း၍ ပြေးလာပုံ၊ မြန်မာလူမျိုး ဖြစ်ပုံတို့ ကို ရှင်းပြမိသည်။
ပါးစပ်မှ “ ခွန်ဗမာ ” ဟူသော စကားကြောင့် ဆရာတော်က ခေါင်းတညိတ်ညိတ်ဖြင့် သဘောပေါက်သွား၏။
ကျောင်းအောက်သို့  ခေါ်သွားပြီး ကိုရင်လေးများကို မှာကြားနေတော့ သည်။

3 comments:

မိုးခါး said...

ဆက်ဦးမှာလားဗျို့ .............

ကိုဇော် said...

ဒုက္ခဆိုတာ နောင်တချိန် ပြောပြီး ရယ်ရမဲ့ ဟာသပါ ဆိုတဲ့ ဆရာ အကြည်တော် ရဲ့ စကားလေးကို သတိရနေသေးတယ်။

Unknown said...

တော်တော်ကိုပညာဒာတွေအကြံရတယ်ဗျာတကယ်