Monday, January 31, 2011

အချုပ်မှ ပြေးခြင်း ..( ၂ ) ။

ဤဝတ္ထုထဲရှိ အဖြစ်အပျက်များသည် လွန်ခဲ့ သောဆယ်စုနှစ်ကျော်ကျော်က ဖြစ်ခဲ့ သော်လည်း၊ နှစ်တွေဘယ်
လိုပင်ပြောင်းပြောင်း ၊ ယနေ့ အချိန်ထိတိုင်အောင် မပြောင်းလဲနှိုင်သေးသော ကျွန်တော်တို့ အမိနိုင်ငံကြီး၏
ဘဝသရုပ်ကို ထင်ဟပ်နိုင်နေစွမ်းရှိနေတုံးပါပဲဟု ကျွန်တော်ယူဆမိပါသည်။ ကမ္ဘာအရပ်ရပ်သို့  နည်းမျိုးစုံဖြင့် 
ကစဉ့် ကလျားရောက်ရှိ၍ ကိုယ့် လမ်းကိုယ်ထွင်နေကြရသော ညီအကိုမောင်နှမများ.. ဟု ဝတ္ထု စစခြင်းတွင်
ပြောဆိုခဲ့ ဘူးသည့် အတွက်၊ နည်းမျိုးစုံဆိုသည်မှာ ဟိုးအောက်ဆုံးလမ်း ၊ အလယ်လမ်း၊ အပေါ်လမ်း တို့ ဖြင့် 
ဘယ်လိုပဲထွက်ခဲ့ သည်ဖြစ်စေ မိသားစုအသိုင်းအဝိုင်းတွေကိုတော့  စွန့် ခွာလာခဲ့ ရတာခြင်း အတူတူပဲဖြစ်ပါ
လိမ့် မည်။ တစ်ချို့ က အဆင်မပြေခဲ့ ၊ တစ်ချို့ က လမ်းစပျောက်သွားခဲ့ သည်၊ တစ်ချို့ ကပေါ်မလာတော့ ၊တစ်ချို့ 
ကတော့  အခုအချိန်ထိလုံးခြာလည်နေတုံး နေရာမရနိုင်သေးတုံး .. ဆိုတော့  နောင်လဲ သည်ဝတ္ထုလေးက
ကျွန်တော်တို့ အားလုံးနှင့် ကာလကြာရှည်သက်ဆိုင်နေပါအုံးမည်ဟု ထင်မိပါတော့ သည်။


................................................................................................................................................

ကိုရင်ကလေးများက ချက်ချင်းပင် ထမင်း ပြင်ကျွေးသည်။ကျွန်တော် မစားနိုင်။ ဝမ်းနည်းစိတ်က ကြီးစိုးနေ၏။
မနက်ကျလျှင် ဘယ်လိုလုပ်ရမည်ကို တွေးပူနေမိသည်။ တစ်ညလုံးလဲ အိပ်၍ မပျော်နိုင်ခဲ့ ။ ကိုရင်ကလေးများက
စာအံနေကြသည်။ အေးချမ်းလှသည်ကို မြင်သဖြင့်  အားကျမိသည်။ ကြောက်စိတ်တော့  အတော်ပေါ့ သွားခဲ့ ပြီ။

ဤသို့ ဖြင့်  မနက်လင်းအားကြီးတွင် ကိုရင်လေး လာနှိုးသဖြင့် ကျောင်းမှ ထွက်လာခဲ့ သည်။
ဆရာတော်ကို ဦးချချင်ပေမယ့် မတွေ့ ခဲ့ ရ။ လူ့ စိတ်၏ ဆန်းကြယ်ပုံကို သည်နေရာတွင် ကျွန်တော်တွေးမိသည်။
ကျောင်းဝ၌ ဖိနပ်တွေ စီတန်းချထားသဖြင့် သင့် တော်မည့် တစ်ရံကို ကောက်စွတ်လိုစိတ် အတော်ဖြစ်ခဲ့ မိ၏။
မနေ့ ကဖြစ်ခဲ့ သော အဖြစ်အပျက်များကို ပြန်စဉ်းစားမိသဖြင့်  သစ္စာကို တန်ဘိုးထားကာ ဖိနပ်ကို မယူရဲတော့ ။
ဤကျောင်းကို မတွေ့ ရလျှင် ဘယ်မှာ အိပ်ရမှန်းပင်မသိ။

ကားတစ်စီး လာသောအခါ လှပူရီမြို့ သို့  သွားသောလိုင်းကားဖြစ်သဖြင့်  တားစီးလာခဲ့ သည်။
စပယ်ယာ ပိုက်ဆံလာတောင်းသေအခါ လက်အုပ်ချီ၍ “ ဆဝါဒီခပ် ” ဟု ပြောကာ ပိုက်ဆံမပါကြောင်း ရှင်းပြ
ရသည်။ ဘာမှမပြော။ နောက်ဆုံးခုံတန်းတွင် သွားထိုင်ခွင့် ပြု၏။ ကားပေါ်က လူများ ဝိုင်းကြည့် နေကြသည်။
ကျွန်တော့် တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေသဖြင့်  ရဲလက်မှ ပြေးလာမှန်း သိသာနေ၏။ ကားက မောင်းလာရင်း
စစ်ဆေးရေးဂိတ်တစ်ခုအနားသို့  ရောက်လာသဖြင့်  အရှိန်လျော့ သည်။ စပယ်ယာက ကျွန်တော့် ကို ပြေးရန်
လက်ဖြင့် ဟန်ပြသဖြင့်  နောက်ပေါက်မှ ဆင်းကာ၊ ရထားသံလမ်းရှိရာသို့  ခြေကုန်သုတ်မိတော့ ၏။

ကားတန်းမှာ တော်တော်ရှည်နေသဖြင့်  ကျွန်တော့်ကို ရဲများ မမြင်ပါ။ သံလမ်းရောက်တော့ ၊ သံလမ်းအတိုင်း
လျှောက်လာခဲ့ တော့ သည်။ လမ်းတွင် သံလမ်းအလုပ်သမားများနှင့် တွေ့ ၍ ရေတောင်းသောက်ခဲ့ ၏။ သူတို့ 
ထဲမှ ကျွန်တော့် အား ဘတ်သုံးဆယ်ကျော်စု၍ ပိုက်ဆံပေးလိုက်သည်။ ကားစီးသွားရန်လည်း ပြောသည်။
ရှေ့ ၌ ရဲဂိတ်မရှိတော့ ကြောင်း ရှင်းပြသည်။ ကျေးဇူးတင်စရာပင်။

ကားလမ်းမနှင့် နီးသော သံလမ်းနားရောက်သောအခါ သံလမ်းမှပင် လှမ်း၍ လိုင်းကားကို ကြည့် နေ၏။
လိုင်းကားများက အရောင်အမျိုးမျိုးရှိသည်။ ဘန်ကောက်ထဲ ဝင်သည့် ကားများက အနီရောင် တောက်သည်။
တခြားနယ်သို့  သွားသည့် ကားများလည်း ရှိသည်။ လှပူရီသို့  သွားသည့် ကားမှာ အဝါရောင်နှင့်  ကြက်သွေး
ရောင် နှောထားသည်။ ထိုကားလာသောအခါ ကားလမ်းမသို့ ပြေးထွက်၍ ကျွန်တော် တားသည်။
ကားရပ်ပေးသောအခါ တက်၍ စပယ်ယာအား ရှိရှိသမျှငွေ အကုန်ပေး၍ “ ဆဝါဒီခပ် ” လုပ်ရပြန်သည်။
သူက မေး၏။
“ ခွန်ဗမာ ” ( မြန်မာလား )
“ ခပ် ” ( ဟုတ်ပါတယ် ခင်ဗျာ )
“ ပိုင်းနန့် ကွန် ” ( သွားထိုင်ပါ )
ထို့ နောက် ကျွန်တော့် အား ရေဘူးတစ်ဘူး ထုတ်ပေး၍ ကားခမယူပဲ ပြန်ပေး၏။ သူ့ နှုတ်ကလည်း ရဲများကို
ကျိန်တွယ်နေသည်။ သူ့ ကျိန်တွယ်မှုကြောင့်  ခရီးသည်နှစ်ဦးကပါ ကျွန်တော့် အား စားစရာများ လာပေး၏။
ပိုက်ဆံလဲ ထုပ်ပေးသည်။ ကျွန်တော် ငိုချင်မိ၏။ စပယ်ယာ လာသောအခါ ...
“ ဖိခပ်၊ လုံငန် ဆမ်ဒေါင်၊ ဖုန် ”
( အကိုခင်မျာ၊ ကြယ်သုံးလုံး စက်ရုံမှာ ၊ ကျွန်တော် ) ဟု မတောက်တခေါက် ပြောရတော့ သည်။
“ အင်း အင်း၊ ကိုလူးလဲ့ ရော့ ၊ မဲ့ သော့ ပင်ဟိုဝါ ”
( အင်းပါ ၊ ငါသိပါတယ် ၊ ဘာမှ စိတ်သောက မဖြစ်ပါနဲ့  ) ဟု သူက ပြောသည်။

မိနစ်လေးဆယ်ခန့်  ကြာသောအခါ၊ လမ်းဘေးမှ ဆိုင်းဘုတ်များ၌ “ လှပူရီသို့  မိုင်မည်မျှ ” ဟု အင်္ဂလိပ်လိုရော
ထိုင်း လိုပါ ဖေါ်ပြထားသည်ကို တွေ့  မြင်နေရပြီ။ ခဏအကြာတွင် စပယ်ယာက ကျွန်တော့် အား ဆင်းနိုင်ပြီ
ဖြစ်ကြောင်း လာပြော၏။ ရောက်ခဲ့ ပါပြီ ကြယ်သုံးလုံးစက်ရုံရှေ့ သို့ ။ ကားစပယ်ယာကို “ ဆဝါဒီခပ် ” လုပ်ကာ
ကျေးဇူးစကား ဆိုမိသည်။
“ ခေါက်ခွေမခပ်၊ ဖိ ”
( ကျေးဇူးတင်ပါတယ် အကို )

ကားထွက်သွားသောအခါ မွေးမြူရေးခြံကို ရှာမိသည်။
ကြယ်သုံးလုံးစက်ရုံနှင့် ကပ်လျက် ခြံဝင်းတံခါးအနီကြီး ပိတ်ထားသဖြင့် ၊ အနားသို့  သွားကြည့် မိသည်။
မည်သူမျှမရှိ။ ဟိုး အောက်ဖက်မှာ တဲစုကလေးနှင့် ခြံတံခါးတစ်ခုကို မြင်မိသည်။ ထိုခြံတံခါးရှိရာသို့  လျှောက်
လာခဲ့ ၏။ ခြံတံခါးက မပိတ်ထားပါ။ စေ့ ရုံ စေ့  ထားသဖြင့်  ဖွင့် ၍ ဝင်လာမိသည်။ ဖြစ်ချင်ရဖြစ် ။
တဲစုလေးအနားသို့  ရောက်သောအခါ ခွေးဟောင်သံများ ဆူညံစွာ ထွက်ပေါ်လာတော့ သည်။ အင်းခွေးကြီးများ
ကို လှောင်အိမ်လုပ်၍ မွေးထားခြင်းဖြစ်သည်။
“ ဘယ်သူ့ ဆီ လာတာလဲ ”
မြန်မာလို မေးသံကြားရသဖြင့်  ကျွန်တော် အလွန်ပျော်သွားသည်။ ကြည့် လိုက်တော့  ရှစ်နှစ်အရွယ် ချာတိတ်
လေးကို တွေ့ လိုက်ရ၏။
“ မိုးမိုးဆီကို လာတာပါ၊ မိုးမိုး ရှိလားဟင် ”
“ မမိုးမိုး ကိုပြောတာလား၊ အမေရေ .. မမိုးမိုး ဧည့် သည်တဲ့ .. ”
“ လာခဲ့ ၊ လာခဲ့  .. အထဲကို လာခဲ့  ”
ကျွန်တော် အထဲကို မဝင်ခင်မှာပင် တဲ ထဲမှ လူ သုံးလေးဦး ထွက်လာကြသည်။
ကျွန်တော့် အရွယ် ကောင်လေးနှစ်ယောက်နှင့် ၊ ခပ်ဝဝ ကရင်အဒေါ်ကြီးတစ်ဦး၊ ကောင်မလေး တစ်ဦးတို့ ကို
တွေ့ ရ၏။ ကျွန်တော်၏ ကတုံးဆံပင်ထောင်ထောင်၊ စုတ်ပြတ်ပေရေနေသော အဝတ်အစားများ၊ လက်မှ ကြံ ရှ
ထားသောဒဏ်ရာများ၊ မျက်ခမ်းစပ်မှ ဒဏ်ရာများကြောင့်  သူတို့  အံ့ သြနေကြသည်။

“ မိုးမိုး ဆီ လာတာလား ”
“ ဟုတ်ကဲ့  အဒေါ် ၊ ကျွန်တော် ကန်ချနပူရီက ပြေးလာတာပါ၊ မိုးမိုး နဲ့  မောင်နှမ ဝမ်းကွဲ တော်ပါတယ်၊ မိုးမိုးရှိလား ”
“ သူ ပြန်သွားပြီ.. ကွဲ့  ”
သွားပါပြီဗျာ..၊ ကျွန်တော် ဟန်မဆောင်နိုင်အောင်ပင် ဖြစ်သွားသည်။
“ သူ မရှိလဲ ဘာဖြစ်လဲ၊ ဒီမှာပဲ အလုပ်လုပ်ပေါ့ ၊ သူဌေး အခင်း ကို ပြောပေးမယ် ”
“ ကျေးဇူးပါပဲဗျာ ”
ကျွန်တော် ကံကောင်းပါသည်။
ထို နေ့ နေ့ လည်မှာပင်“ သူဌေးအခင်း ” က ၊ မြက်ပင်များ သန့် ရှင်းရေး လုပ်ရန် ခန့် အပ်လိုက်ပါသည်။ ညနေ
ကျတော့  သူ့ ညီ ဝက်သူဌေးက ဝက်ရုံမှာ လုပ်ရမည်ပြောသဖြင့်  ဝက်ရုံသို့  ပြောင်းခဲ့ ၏။ ကရင်အဒေါ်ကြီးနှင့် 
သူ့  သားများက ဘောင်းဘီအဟောင်းများ ပေးသည်။ ဝက်ရုံမှာလည်း ဗမာများ၊ ကရင်များသာ ရှိ၏။ မိုးမိုးကို
သည်မှာ အားလုံးက ချစ်ခင်ကြသဖြင့်  ကျွန်တော့် ကိုလည်း တော်တော်ကူညီကြပါသည်။ ကျွန်တော် လုပ်ရ
သည့်  ဝက်ရုံမှာ ဝက်သား မွေးသည့်  ရုံ ဖြစ်သည်။

အခုမှတော့  ဝက်ချေးကြောက်နေ၍ မဖြစ်တော့  ။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။

...................................................................................................................................

့ ( ဆက်ရန် )

5 comments:

kiki said...

ဆောဝ်ဝဒီခပ် နဲ့တင် အလုပ်ဖြစ်သွားတာပဲ နော် ။ ယပက်လက်တွေ တောင်မှ ဒုက္ခ ရောက် နေသူတွေ ကို လူမျိုးမခြား ကူညီတတ်ကြ ပါသေးတယ် ။
ကိုယ့် လူမျိုး အချင်းချင်းတွေ ..လှည့်ပတ် နှိပ်စက်နေကြတာတွေ ကိုတော့ နှလုံးနာ မိတယ် ။
လူလူချင်း ကိုယ်ချင်းစာတယ်ဆိုတာ တကယ်တော့ လူမျိုး ၊ ဘာသာတွေ နဲ့ သိပ်မဆိုင် လှ ဘူး ပေါ့ ။ ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေ များဖို့  အရေးကြီးပါတယ် ။

လွတ်မြောက်ရာသို့  ပြေးတဲ့ ကိုထွေးတယောက် တကယ်ပဲ လွတ်လပ် ပါ့ မလား ။

မကိ..

ချမ်းလင်းနေ said...

တော်သေးတာပေါ့ ကိုထွေးတစ်ယောက် အတော်ကို အဆင်ပြေတယ်လို့ ဆိုရမလားပဲ။ ယပလက်တွေ ကူညီပေလို့ပဲ။ ဝက်ရုံရောက်ပြီးရင် ဘာဆက်ဖြစ်ပြန်ဦးမလဲ မသိဘူး။

ကိုဇော် said...

ဟုတ်ပ . . .
လူဖြစ်မှတော့ ဝက်ချေး ကျုံးရပြီပေါ့။

blackcoffee said...

ကံကောင်းတယ်။ ဟုတ်တယ် တော်တော်လေးကို ကံကောင်းတယ် ဆိုရမယ်... ကူညီတဲ့သူတွေ တောက်လျှောက် တွေ့ လို့ လေ။ ဒါပေမယ့် ဖတ်ရတာ စိတ်မသက်မသာ ဖြစ်ရတယ်။ စိတ်မကောင်းလဲ ဖြစ်ရတယ်။

Unknown said...

ယတွေသူတို့ကကူညီတာ အံအောရတယ်တကယ်