Monday, November 9, 2009

ရေတွင်းကလေး ( ဇာတ်သိမ်းပိုင်း )

" ကဲ.. ပါ. ကိုယ်တော် ရယ်... ကျုပ်ဖာသာ ကျုပ်ခပ်ပါတော့ မယ်၊ တကတဲမှပဲ.. ရေလေးတစ်ပုံး ဆွဲနေလိုက်တာ
များလျှာတစ်လစ်ထွက်နေပြီ ၊ နင့် လျှာကြီး ရေတွင်းထဲပြုတ်ကြတော့ မယ်၊ ဆရာ တပည့်  နှစ်ယောက် လျှာ အလှ ပြိုင်နေလိုက်ကြတာများ " အသွဲ့ က ငတိုး ကို ပြောလိုက်တာပါ။


သည်နေ့ တော့  အသွဲ့ ကို "ငယ်ကျွမ်းဆွေ " ရုပ်ရှင်ထဲကလို အတူးက အသက်ကို ပြောသည့် အတိုင်း စကားလုံး
လှလှ လေးတွေ ပြောတော့ မယ်လို့  သူ ရည်ရွယ်ခဲ့ မိပေမဲ့  သူ့ ကို ရုတ်တရက် ခွေးနှင့် နှိုင်းလိုက်သဖြင့် ပြော
့မည့်  ခေါင်းစဉ် ပြောင်းရန် ငတိုး ဆုံးဖြတ်လိုက်တော့ သည်။

တကျီကျီ.. မည်နေသော စက်သီး အသံအတိုင်း အသွဲ့ ကို ပြန်ပက်ချင်သည့်  စကားလုံးတွေကလဲ အစီစီ အရီရီ
ပေါ်လာတော့ သည်။

" ဟာ.... နေစမ်းပါအုံး ဒီမှာ... " ဆိုပြီး ရေတွင်း ဘောင်ပေါ်တင်ထားသည့်  သူ့ မြေအိုးထဲသို့  ဆွဲပုံးထဲမှ ရေကို
ထည့် ပေးရင်း ငတိုး ပြောလိုက်သည်။ အသွဲ့ က " ဘာလဲ.. မြန်မြန်.. ဒီမှာ ရေတွေ အေးကုန်တော့ မယ်နော် "
ဟု သူ့ ကို ထပ် ကစ်ပြန်သည်။
" အေးပါ..ဟ .." ဟု ပြော တော့  ပြုံးစေ့ စေ့  မျက်နှာပေးနှင့် ငတိုးကို သူကြည့် နေသည်။
" နင်ငယ်ငယ် တုံးက..."
"ဘာလဲ.."
"ငါတို့  ဗန်ဒါသီးတွေ ကောက်ပြီး ခွဲခွဲ စားကြတာလေ. "
" ဒီတော့ .... "
" နင်..ငါ နွှာပေးလိုက်တဲ့  ဗန်ဒါ စေ့ တွေ နင့် ဂါဝန်ထဲ ထည့် ပြီး .."
" အင်း...."
" ပုဆိုး ဝတ်သလို ထုပ်ချီ ပြီး ထွက် ထွက် သွားတာလေ.. ငါ့ ရှေ့ က..."
" ဘာလဲ.. ဟာ... "
" ဟဲ..ဟဲ.. နင် ဘောင်းဘီ ဝတ်လာလို့ .. တော်သေး...." စကား မဆုံးခင် အသွဲ့  ရဲ့  ဗိုက်ကြော ဆွဲလိမ်မဲ့  လက်
ကလေး ရောက်လာ၍ ငတိုး သူ့ ကိုယ်ကို အသာရို့ နောက်ဆုတ် ရှောင်လိုက်ရသည်။
" အစုပ်ပလုပ်တုတ်အကောင်.." ရဲ သောနူတ်ခမ်းတို့  ဆူ၍ သူ့ ကို ထောပနာ ပြုတော့ သည်။
" ဒါ ဘာ ဟုတ်သေးလဲ၊ "
" ငတိုး.. နော်.. ငါ သွားတော့ မယ်၊ နင့် အဖွား နဲ့ တိုင်မယ် " ရေ တွင်း မှ ထွက်တော့  မည်ပြင်သော အသွဲ့  ကို
သူ့  မြေအိုးလေးကို လှန်းဖိရင်း ခဏ လေးပါဟု ကပျာ ပြောရသည်။
" နင် .. မျောက် ဖင် နီ ကို တွေ့ ဘူးလား.. သူ့ ဖင်က အမြဲတန်း ရဲ တွတ်နေပြီး ၊ အရည်တစိုစိုနဲ့  ယဉ် တလောင်း
လောင်းနဲ့  မှို ပွင့် ကြီးလိုပဲလေဟာ.. " အသွဲ့  မျက်လုံး တို့  အရောင် စ ထွက်လာသည်။
" အဲ ဒါ.. ဟို တုံးက သနပ်ခါးထူထူ၊ နှုတ်ခမ်းနီတရဲရဲ၊ ဇီးထုပ် ဇီးဖတ်တွေ အမြဲပေပွ နေတဲ့  နင့် ပါးစပ်လိုပဲ သိလား .. ဟားဟား..."

ရေတွင်းကလေးထဲတွင် ရုတ်ရုတ်၊ သဲသဲ ဖြစ်နေ သော အသွဲ့  နှင့် ကျွန်တော့် ကို စွန်ပျံ ဆေးလိပ်ခုံ ပေါ်မှ
ခုံကလေးတွေကိုယ်စီနှင့်  ဖင်စီခံ တွေ တစ်တောက်တောက် ရိုက်သွင်းနေသော ဆေးလိပ်သမတို့  လှန်းကြည့် 
ရင်း ပြုံးစိစိ ဖြစ်ကုန်တော့ သည်။

သိပ် မကြာလိုက်၊ လမ်းတစ်ဖက် ရှိ မုန့် ဆိုင်တွင် လာထိုင်နေသော ကြီးဒေါ် ကြီး ကပါ သူတို့  အရေးအခင်းကို
မြင်သွား၍ ငတိုးကို လှန်းအော်ပြီး ဟန့်  ပါတော့ သည်။ ခွေး ကလေး ငဖြူ ကလည်း ရေတွင်း လေးကို လှည့် ပတ်
ပြေးရင်း တစ်ဝုတ်ဝုတ် နှင့်  ထိုး ဟောင်နေတော့ သည်လေ။

အသွဲ့  ကလည်း သူ နောက်မလာတော့ ဘူး ဟုပြောပြီး ပြန်ထွက်တော့ မည်လုပ်သောကြောင့်  သူ့ ရေအိုးလေး
ကို ဆွဲ ထားရင်းက လာရင်း ကိစ္စ ကို ကပျာကယာပဲ ပြောရပါတော့ သည်။
" ငါ့ ..ငါ့  ကို အဖြေ..အဖြေ လေး ပေးပေး ပါအုံး.. "
" ဟဲ့ .. ငကြောင်.. ဘာအဖြေလဲ ဘာတွေ မေးလို့ .. ဖယ်တော့ ဟာ..."
" နင့် ကို ငါ ရည်းစကားပြောနေတာလေဟာ..နင်ကလည်း .."
" အောင်မာ...... ငါ ထင်သားပဲ ၊ဒီလို လာတော့ မယ်လို့ ၊ငနာကောင်၊အေး.. ငါ့  အဖြေ လိုချင်ရင် နင်.. တပိုးနဲ့ 
သူများတွေထမ်းသလို ရေထမ်း နိုင်တဲ့  နေ့  ငါပေးမယ် "
" ကျောင်းဖွင့် လို့  ငါပြန်ရရင်ဘယ်လိုလုပ်မလဲ.."
" ဒါ နင့် ကိစ္စလေဟာ.. လုပ်ချင်လုပ်၊မလုပ်ချင်နေ၊ ဖယ်တော့ ဟာ......"
သူ့  မျက်နှာ ဆူပုတ်လာသောကြောင့်  မြေအိုး လေးကို သူ လွှတ်ပေးလိုက်ရင်း အင်း.. ငါ. ငါ့ ဦးလေးထက်တော့ 
သာပြီဟု ငတိုးတစ်ယောက် ကြည်နူးစွာ တွေးလိုက်မိပါတော့ သည်။
................................................................................................................................................

ဟေ့ အကောင်.. ခါးကို ကြောက်ကန်ကန်ပြီး တအား မတ်ပြီးတောင့် မထားနဲ့ လေကွာ... ဦးလေး ဖြစ်သူက
ငတိုး ကို ရေထမ်းနည်း သင်ပေး နေတာပါ။ လေး လိုက်သည့်  ရေ နှစ်ပုံးဗျာ..၊ တော်တော် လေး ဖိတ်ကျ ၍
တစ်ဝက် စီလောက်ရောက်တော့ မှ နိုင်နိုင်နင်းနင်း ဖြစ်သွားတော့ သည်။
ရေ စ ပြီး ထမ်းကာစက ရေနှစ်ပုံး ဝိတ်ကို တပိုးနှင့် ပင့် ပြီး ပုခုံး နှင့်  ထိမ်းလိုက်နိုင်သော်လည်း တစ်လှန်းနှစ်လှန်း
လှန်း ရုံရှိသေး ၊မနိုင့် တနိုင်နှင့် ယိမ်းယိုင် လာသည့်  ခန္ဒာကိုယ်ကြောင့်  ရေအထန်းကြီးကို အလန့် တကြားဖြင့် 
နောက်လှန်ပစ်ချလိုက်မိသည်။

ခါး ကို လိမ်ပြီး တပိုး ညွှတ်ပြီး လှုပ်နေတဲ့ အတိုင်း ခပ်သွက်သွက်လျှောက်ကွ ၊ ဘေးက ဦးလေးပြောသည့် အတိုင်း
ရေတွင်းကလေးမှာ အကြိမ်ကြိမ် ရီဟာဆယ် အလုပ်ကောင်း နေသောကြောင့် အဖွားပေးသော ရေခတ် နောက်
ကျသည့်  အပစ်ကို တူဝရီး နှစ်ယောက် ထိုနေ့ က ရရှိခဲ့ ပါသည်။ နေ့ လည် စာ အငတ်ထားခြင်းပါ။
အင်း... ယောင်္ကျား တို့ တတ်အပ်တဲ့  အဌာရဿ ဆယ့် ရှစ်ရပ်မှာ ရေခတ်တာလဲ ပါမှာပဲ ဟု ငတိုး ဆာဆာနှင့် ပဲ
တွေးခဲ့ မိပါသည်။
..................................................................................................................................................

သင်္ကြန် ကျတော့ မည်။ ဦးလေး တို့  ကလသား တစ်သိုက်ကတော့  သူတို့  စုငှားထားသည့်  သုံးဘီး ကားလေး
ကို ဆန်ကော ဝိုင်းကြီးတွေ ကပ်၊ ဖျာကြမ်းတွေ ပတ်ပြီး ပန်းချီ တွေ၊ ပုံတွေ ဆွဲ ရင်း အလုပ်ရှုပ်နေကြသည်။
ကျော်ဟိန်းပုံကတော့  အထင်းသားပါ။ သုံးဘီးက ဆိုင်ကယ်ဟန်တယ်လ် နှင့် ရန်ကုန် က နှင်လိုက်သည့်  သုံးဘီး
လေးတွေပါ။

ငတိုး တစ်ယောက်ကတော့  ခါတိုင်းနှစ်လို ခွက်စောင်းခုတ်ရန် နို့ ဆီခွက် မရှာတော့ ပဲ အသွဲ့ ကို မဟာဆန်ဆန်
ဖလားလေးနှင့် ပဲ လောင်းတော့ မည်ဟု။ ယ္ခုတော့ .. တာလမ်းကို ငဖြူလေးနှင့် အခေါက်ခေါက်အခါခါဖြတ်ကူး
ပြီး ရေထမ်းလေ့ ကျင့် နေတုံး။ အဖွားတို့ ကတော့  ပြောင်းလဲသွားသော ငတိုးကို ကြည့် ပြီး တပြုံးပြုံးပေါ့ လေ။
...............................................................................................................................................

ထိုနေ့ ... ထိုနေ့ ကလေးပေါ့ လေ..။
ငတိုး ခြေထောက်တွေ မြဲမြံလာတဲ့ နေ့ ၊
ရေထမ်းကို မယိမ်းမယိုင်ပဲ အထိန်းအသိန်းနိုင်စွာ စ ထိမ်းနိုင်သည့် နေ့ မှာပေါ့ လေ။
ရေတွင်းကလေးထဲမှ ရေအပြည့် နှစ်ပုံးကို ထမ်းပြီး တာလမ်းကို ခပ်သွက်သွက်ဖြတ်ကူးဘို့ အထွက် သူ့  ငဖြူလေး
ကလည်း ဘေးကနေ သူနှင့်  လမ်းကိုဖြတ်အကူး...၊
တာကြီးကုန်းပေါ်မှ ကုန်ဝိတ်လူဝိတ်အပြည့် နှင့်  ထိုးဆင်းလာသော " ဝ တစ်လုံး "ကုန်ကားကြီး နှင့်  သူတို့ ပက်
ပင်း တိုးပါလေတော့ သည်။ ငဖြူလေးက ကားဘီးအောက်မှ အမြီးလေးကုတ်ခါ ဖြွတ် ကနဲ လွတ်ထွက်သွားပေ
မဲ့  ရေထန်းဝိတ်နှင့်  ငတိုးကတော့  ကတော့ မလွတ်တော့ ..။
" ဝတစ်လုံး " ကားဂေါင်းကြီး ကို နောက်ဆုံး အကြိမ်အဖြစ်ကြည့် ရင်း ကိုယ်သွားပြီ အသွဲ့ ရေ... ဟု ။
ကား ဘရိတ် အုပ်လိုက်သံ၊ ဆေးလိပ်ခုံမှ အလုပ်သမတို့  အလန့် တကြားအော်သံနှင့် ကားတာယာနှင့်  တာလမ်း
တို့  ပွတ်တိုက်လိုက်သံ တို့ က တာကလေးရပ်တစ်ခုလုံး ပွက်ပွက်ဆူသွားပါတော့ သည်။
.......................................................................................................................................................

ထိုနေ့ က ငတိုး မသွားခဲ့ ရပါ။
တကယ် ထွက်သွားခဲ့ ရသည်က... ငတိုး ရဲ့ အသွဲ့ ပါပဲ..။
တာကြီးကုန်းရဲ့  တစ်ဖက်အဆင်း မိုင်ဒါဈေးဖက် ဆိုက္ကားနှင့်  ဈေးအဝယ်ထွက်သွားသော အသွဲ့ စီးသွားသည့် 
ဆိုက္ကားကို ကုန်းပေါ်မှ ဆင်းသွားသော ကုန်ကားက ဘရိတ်မမိပဲ တိုက်မိသွားခြင်းပါလေ...။
တိုက်ဆိုင်သွားတာကတော့  ငတိုးနှင့်  ဟိုဖက်ကုန်း၊ဒီဖက်ကုန်း တစ်ချိန်ထဲဖြစ်ခဲ့ ရခြင်းပါပဲ။
.......................................................................................................................................................

သင်္ကြန်ကျပါပြီ။
အမေ စော လက်ထဲ ထင်းစလေးတွေ ထည့် ပေးရင်း ငတိုးမြင်ကွင်းတွေ ဝေဝါးနေသည်။ လိမ့် ထွက်ကျချင်လာ
သော မျက်ရည်ဥ တို့ ကို ငတိုး မျက်တောင်အကြိမ်ကြိမ်ပုတ်ခတ်ပြန်တင်ဘို့ ကြိုးစားရင်း မျက်ရည်ဝဲနေသော
အသွဲ့ ရဲ့ အမေ အမေစောနှင့်  မျက်နှာခြင်း ဆိုင်ဖြစ်တော့ သည်။
.......................................................................................................................................................

တာလမ်းမကြီးပေါ်ရှိ တန်းစီနေသော သင်္ကြန်ကားတွေ၊ ရေကစားနေသူတွေကို အိမ်ပေါ်မှာ ငတိုးတစ်ယောက်
ငဖြူ လေးနှင့် ပူးထိုင်ပြီး ငေးကြည့် နေမိသည်။လက်တစ်ဖက်က ဖလားလေးကိုင်၊တစ်ဖက်က ငဖြူလေးကို
အသာလေးပွတ်လို့ ပါ။
..........................................................................................................................................................

ရေတွင်းကလေးမှာတော့  ရေပက်ရန်၊ရေခတ်ရန် လူတွေ တရုံးရုံးနှင့် ပါ။
သူတို့ ဆီမှ လတ်ဆတ်၊လန်းဆန်းနေသော သင်္ကြန်ရနံ့ လေးက ငတိုး တို့ ဆီ လွင့် ပျံ လာနေပါတော့ သည်။

............................................................................................................................................................

( ပြီးသွားပါပြီ )

ို

6 comments:

kiki said...

Happy Ending များ ဖြစ်မလား လို့  ၊ ဖတ်လိုက်ရတာ ..
ဘယ့် နှယ် မင်းသမီးကို သတ်ပလိုက်ရတာတုံး စာရေးဆရာ ဒါရိုက်တာကြီးရဲ့  ....

အဖြေလေးတောင် မပေးလိုက်ရရှာဘူး ။
အသွဲ့  နဲ့  ငတိုး ဇာတ်လမ်း ရုပ်ရှင်ရိုက်ပါလား ...
လွမ်းရတဲ့  အဖြစ်ကလေးတွေ ပေါ့ ....

ဆရာမျှစ်ချိုးဟင်း ကို ဇာတ်ညွှန်းရေးခိုင်းပေါ့ ..
ဟဲဟဲ..
ဆက်ရေးပါ .... သေရွာမှ ပြန်ရှင်လာသော အသွဲ့  ဆိုပြီး ..

မြစ်ကျိုးအင်း said...

ဇာတ်နာအောင်လုပ်ပြီ
ဒီမှာမျက်ရည်တောင် ၀ဲမိသွားတယ်။

မပေါင်းစေချင်လို့ အသွဲ့လင်နောက်လိုက်သွားတယ်ဆို
ဖြေလို့ရသေးတယ် ခုဟာက

အသက်တချောင်း ကယ်ကောင်းပါတယ် ဇာတ်ဆရာရယ်

မြစ်ကျိုးအင်း said...

လက်ရည်တက်လာပြီ စိတ်ဝင်တစားနဲ့ ဇာတ်သိမ်းထိ ဖတ်ချင်အောင် ဆွဲခေါ်တတ်သွားပြီ။

ဆက်ဆွဲပါ...


ဒါက စာဖတ်သူတယောက်အနေနဲ့ ပြောတာပါ။

thawzin said...

ဟုတ်တယ်... ဇတ်သိမ်းပြီး.... အသည်းကွဲဇတ်လမ်းလေး....
ဇတ်ကလေး နာသွားတယ်
ဇတ်ဆရာအလိုကျ လိုက်ခံစားပေးရမှာပေါ့။ သူကွဲဆိုကွဲ သူခွဲဆိုခွဲပေါ့ဗျာ...။ နောက်ဆုံးတော့ ငဖြူလေးနဲ့ ပေါင်းသွားတယ်ထင်ပါတယ်နော့်။

m said...

စာအရေးအသားရော အသိမ်းရော ကောင်းပါတယ်။
" ဝ တစ်လုံး "ကုန်ကားက ဟင်္သာတမြို့မှာ တကယ်ရှိတာနော်။
တကယ် မတိုက်မိဘူးဆိုရင် " ဝ တစ်လုံး " မိသားစု သနားပါတယ်။

အားပေးလျက်

ဖြူတုတ်လေး said...

Oh no...အဖြူလေး...You killed one of the main characters. ဒါပေမဲ့လေ ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါနဲ့ အဖြူလေးလုပ်လိုက်တာ မှိုတော့တစ်လလောက် မစားနိုင်တော့ဘူးကွယ်။ :D