Saturday, June 4, 2011

စနေသမီး “ စူဒါနမ် ”

ကျွန်တော်တို့ နှစ်ဦး စိတ်ကူးယဉ်ခဲ့ သော အချစ်သည်ကား လက်တွေ့ တွင် စိတ်ဆင်းရဲခြင်း ကြီးစွာ ရင်ဆိုင်
ရလေပြီ။ ဖိုင်နှင့်  အဒါတို့ ၏ ချစ်သမျှ ဇာတ်ကြောင်းသည် ခြားနားခြင်းများစွာကို ရင်ဆိုင်ရလေပြီ။ ဖိုင် သည်
သူ့ ရင်သွေးကို ပိုက်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်၏ ဒုက္ခမျိုးစုံကို ခါးစည်းခံပြီး သူ့ နှလုံးသားထဲမှ
ကျွန်တော့် ကို ဆွဲထုပ်လိုက်ပြီလား...။ ကျွန်တော်လက်မခံချင် ။ ဖိုင်သည် ကျွန်တော်၏ ဖိုင် ဖြစ်ပါသည်။ အချစ်
ပေါင်းများစွာ၊ ကြင်နာမှုပေါင်းများစွာ၊ သည်းခံမှုပေါင်းများစွာ၊ ယုံကြည်မှုပေါင်းများစွာကို ကျွန်တော်သည်
ဖိုင့်  ဆီမှ ရပြီးသူ ဖြစ်ပါသည်။ ဆက်ပြီးလည်း ရ ချင်သည်။ သူ ရှောင်ပြေးလေသည်ကို အရှိန်ကောင်းကောင်းနှင့် 
လွှတ်ထားသော်ငြား ကျွန်တော့် နှလုံးအိမ်၌ မချိပါ။

ကျွန်တော့် ကိုယ် ကျွန်တော် ဥပေက္ခာ၌ လွန်စွာမှ ကျင်လည် ကျွမ်းကျင် နှံ့ စပ်သူဟု ထင်ခဲ့ ၏။ ကျွန်တော့် ဘဝ၌
ဘာသာတရားမှ လွဲ၍ မည်သည့် ပြောင်းလဲမှုကိုမျှ မမှု။ ကျွန်တော့် ဘဝတွင် နေရာဒေသ၊ အချိန်အခါ၊ အခွင့် 
အလမ်း၊ အရှုံးနှင့် အနိုင်များသည် တစ်မုဟုတ်ချင်း ပြောင်းလဲတတ်သည်မှာ များလှပြီ။ ထို့ ကြောင့်  ဝန်းကျင်
အသစ်၊ အချေအနေသစ်များကို မကြာခဏ ကြုံရသည်။ ဤသို့ ဖြင့်  ဥပေက္ခာ နယ်ပယ်၌ ကျွန်တော်သည်
အလွန် အစွမ်းထက်ခဲ့ သည်။ ကျွန်တော့် မှာ ဘယ်နေရာရောက်ရောက် ကိစ္စအဝဝတို့ ဖြင့်  ရှုပ်ထွေး နေတတ်၏။
အရင်က ကိစ္စများကို သာသာလွယ်လွယ်ပင် မေ့ ထားနိုင်ခဲ့ သည်။

ယခု ဖိုင့်  ကိုကျတော့  ကြာကြာမမေ့ ၊ ကျွန်တော့် ကြောင့်  ဖိုင် ပြင်းပြစွာ စိတ်လက်ဆင်းရဲရသည် ဆိုလျှင်
ကျွန်တော်လည်း စိတ်ဆင်းရဲနေရပါတော့ သည်။ မေ့ လွယ် ပြီးပျောက်ခြင်းဆိုသည့်  လမ်းစဉ်ကို ကျွန်တော်ရော
သူပါ ရွေးချယ်မည်ဆိုလျှင် ဘာကြောင့်  သားသမီး ယူမည်နည်း။ စူဒါနမ် ဆိုသော စနေသမီးကို ဘာကြောင့် 
ဖန်တီးခဲ့ မည်နည်း။ ဖိုင်သည် ငွေမက်သူ မဟုတ်။ ဂုဏ်ပကာသန အဆောင်အယောင်ကို အားကိုးသူ မဟုတ်။
ကျွန်တော့် မှာ ဒါတွေ မရှိမှန်းလည်း ဖိုင်သိသည်။ သိလျက်နှင့် ပင် ချစ်ကြွမ်းဝင်ကြသည်။ ယခု သူ့ ရင်သွေးကို
ဖက်တွယ်ရင်း ကျွန်တော့်ကို စိမ်းလေသလား။ ကျွန်တော် မခံနိုင်။ တစ်သက်လုံး အနိုင်ရလာသူမို့  ဖိုင်၏ တန်ပြန်
ထိုးနှက်ချက်က ရင်ထဲမှာ စူးအောင့် နေ၏။ ကျွန်တော့် ၌ အင်အားတွေ ဆုတ်ယုတ်နေ၏။ ဖိုင်နှင့်  ဝေးနေသည့်
တိုင် အချစ်များစွာဖြင့်  ဝေးနေချင်ပါသည်။ ယခုလို ရင်ထဲမှာ အောင့် နေသည့် ဝေးကွာခြင်းမျိုးကို ကျွန်တော်
မလိုချင်။ ဖိုင့် ဆီမှာ ကျွန်တော့်ကို ဆက်သွယ်လို့ ရသည့်  လိပ်စာနှင့် ဖုန်းနံပါတ် ရှိသည်။ လူကြုံတွေ ရှိသည်။
ဖိုင့်ဘက်ကသာ ဆက်သွယ်လာလျှင် အတော့် ကို လွယ်ပါသည်။

ကျွန်တော် အပြေးအလွှား သွားရှာလျှင်လည်း မုချတွေ့ ပါမည်။ ဖိုင် ဘယ်လောက်မှ ဝေးဝေးမပြေးနိုင်။ သူ ချစ်
ကျွမ်းဝင်သော သူ့ မိသားစုကို ခွာပြီး ဖိုင်မနေနိုင်။ ကျွန်တော်နှင့် တွေ့ ဆုံခဲ့ ကြစဉ်ကပင် ဖိုင်သည် ၂၄နာရီပြည့် 
အောင် သူ့ မိသားစုကို မခွဲနိုင်။ သူက အကြီးဆုံးမို့  အိမ်မှာ တာဝန်အရှိဆုံးဟု ဆို၏။ သူ့ မိဘ၏ လက်ရုံးဟု ဆို၏။
ဒါကို ကျွန်တော် အပြစ်မမြင်။ ကျွန်တော်ကတော့  လူမှန်းသိလို့  ကိုယ့်ကိုယ်ကို ဟန်လောက်ပြီထင်ကတဲက
အိမ်ကို တွယ်တာခဲ့ သူမဟုတ်။ အခြေအနေ အသစ်၊ အပြောင်းအလဲ အသစ်၊ အလုပ်အကိုင် အသစ်များကိုသာ
တွယ်တာသူ။

ဖိုင့် ကို စဉ်းစားလိုက်လျှင် ကျွန်တော် ဖြေရခက်နေသည်။
ဆင်းရဲခြင်း၏ ဒဏ်၊ အလုပ်၏ ဖိစီးမှု ဒဏ်၊ အချုပ်အနှောင် အဖမ်းအဆီး၊ လူမှုဘဝများစွာကို ကျွန်တော် ခံနိုင်၏။
ဖိုင် ရှောင်ထွက်သွားခြင်းကိုတော့  ကျွန်တော် ဖြေ၍မရ။ ဖိုင်တစ်ယောက် သူ့ သမီးကို ပွေ့ ဖက်ယုယချိန်များ
တွင် တကယ်ပင် ကျွန်တော့်ကို မေ့ နေသလား။ ကျွန်တော့်ကြောင့်  ခံစားခဲ့ ရသမျှ စိတ်ဒုက္ခ အလုံးစုံကိုသမီးအား
ထွေးပွေ့ ၍ ချေဖျက်လိုက်ပြီလား။ ဒီလို လုပ်ကြစတမ်းလားဟု ကျွန်တော် စဉ်းစားသည်။ ဖိုင် ကျွန်တော့် ကို
ဆက်သွယ်မလာလေ၊ ကျွန်တော် ခံရခက်လာလေ ဖြစ်နေပြီ။

ထို့ ကြောင့်  ကျွန်တော် ကျွမ်းကျင်နှံ့ စပ်ပြီးသော ဥပေက္ခာကို အင်အားနှစ်ဆတိုး၍ နှလုံးဗဟိုသို့ ထည့် သွင်း
စုဆောင်းလိုက်တော့ ၏။ ဖိုင်ကတော့  ထွက်ခွာမသွား။ သို့ သော် သူရှိနေသော ပုံရိပ်လေးအပေါ်မှာ ကျွန်တော်
၏ ရှုပ်ထွေးကျယ်ပြောလှသော ကိုယ်ရေးကိုယ်တာများကို ဖုံးလွှမ်းထားလိုက်သည်။

စာပေနှင့်  အနုပညာနယ်ပယ်။
ကျွန်တော် အစိမ်းသက်သက် တိုးဝင်ရမည့် နယ်ပယ်။
ထိုနယ်ပယ်များတွင် တိုးဝှေ့ရင်း ဖိုင်နှင့် စူဒါနမ်တို့ ကို ဥပေက္ခာ ပြုလိုက်တော့ ၏။

မြန်မာပြည်သို့  ပြန်ရောက်ပြီး အရင်ဆုံး ကျွန်တော် ဆောင်ရွက်သည်က စာရေးဆရာမဂျူးထံသို့  သွားရောက်
တွေ့ ဆုံခြင်းဖြစ်သည်။ ကျွန်တော် ပြည်ပမှာ နေစဉ်က ဂျူးစာပေတိုက်သို့  ဝတ္ထုတိုစာမူများ ပို့ ၍ ထုပ်ဝေပေးပါ
ရန် တင်ပြခဲ့ သည်။ စာတိုက်မှ ကျွန်တော် ပို့ လိုက်ခြင်း ဖြစ်ပါသည်။ ဆရာမနှင့် တွေ့ သောအခါမှ ပို့ လိုက်သော
စာမူများ စာတိုက်သို့  ရောက်လာကြောင်းတော့  သိရသည်။ သွားရွေးရာတွင် နာမည်လွဲမှားနေ၍ ရွေးမရဟု
သိရသည်။ ကျွန်တော့် မှာလည်း ပို့ လိုက်စဉ်ကပြေစာ မရှိတော့ ။ ဆုံးပါလေရော ။ ကိစ္စမရှိ။ ဤကိစ္စအတွက်
ဆွေးတမြေ့ မြေ့  အဖြစ်ကြာနေလို့ မရ။ ရှေ့ ဆက်ပြီး စာပေတွေ ရေးရအုံးမည်။ ဇာတ်ညွှန်းဒါရိုက်တာဖြစ်ဖို့ 
အားထုပ်ရဦးမည်။

ထိုအချိန်မှာ သရုပ်ဆောင် ဝိုင်း နှင့်  သူငယ်ချင်း ဖြစ်ခဲ့ ကြသည်။ သူနှင့်  ကျွန်တော်တို့ က မျက်နှာချင်းဆိုင်
ရပ်ကွက်မှာ နေကြသူများမို့ စားသောက်ဆိုင်မှာ တွေ့ ကြပြီး ရင်းနှီးခဲ့ ကြ၏။ သူက ဇာတ်ညွှန်းဒါရိုက်တာအပိုင်း
မှာ ကျွန်တော့်ထက် လက်တွေ့ ကျနေသူဖြစ်သည်။ သရုပ်ဆောင် လုပ်နေရပေမယ့် သူတကယ်လေ့ လာနေ
သည်က ဒါရိုက်တာလိုင်းဟု ကျွန်တော့် ကို ပြောပြပါသည်။ သူနှင့်  ကျွန်တော် ပုဇွန်တောင် လိပ်ကန်လမ်းတွင်
တိုက်ခန်းငှားပြီး အနုပညာနယ်ပယ်သို့  တိုးကြသည်။ သူက ဇာတ်ညွှန်းရေးပြီးသား နမူနာများစွာ ယူလာပေး၏။
ကျွန်တော်က ကျွန်တော် ရေးပြီးသား ရုပ်ရှင်ဇာတ်လမ်းများကို ဝတ္ထုဆန်ဆန် ရေးထားသည်။ အဆင်ပြေလျှင်
သူ နမူနာပေးထားသည့် ဇာတ်ညွှန်းရေးဟန်များအတိုင်း ရေးမည်။ ပြီးတော့  သူနှင့် အတူ ရိုက်ကွင်းများသို့ 
လိုက်လံလေ့ လာခဲ့ ပါသည်။

စ,လိုက်သွားချိန်မှာပင် တွေ့ မြင်လိုက်ရသော ဗီဒီယိုလောကမှ မြင်ကွင်းများကြောင့်  ကျွန်တော် အတော့်ကို
စိတ်ဓါတ်ကျမိလေပြီ။ သရုပ်ဆောင်မှု အတတ်ပညာကို စိတ်ပျက်သည်မဟုတ်။ အနုပညာကို စိတ်ပျက်သည်
မဟုတ်။ ဇာတ်ကားတစ်ကား ဖြစ်ပေါ်လာရန် အဓိကအခြေခံသော ဇာတ်လမ်းကို အရေးမထားမှုကြီးအား စိတ်
ပျက်ခြင်း ဖြစ်သည်။ အားလုံး လောလော၊ လောလော ဖြစ်နေကြ၏။ ရိုက်ရသည်က လောလော၊ သရုပ်ဆောင်
ကြသည်က လောလော၊ အခွေ ဖြစ်လာဖို့ က လောလော၊ နောက်တစ်ကား ဖြစ်ဖို့  လောလောနှင့် လွန်စွာ စိတ်
ပျက်ဖို့ ကောင်းနေပါလေပြီ။ ကျွန်တော် မည်သို့  ပညာသင်ရမည်နည်း။ ကျွန်တော် တွေးဆထားသော စိတ်ကူး
ယဉ်နယ်ပယ်ကြီးက ဤသို့ မဟုတ်။ ဇာတ်ကား တစ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်းကို ဒါရိုက်တာ၊ ဇာတ်ညွှန်း
ဆရာ၊ ကင်မရာမန်း၊ သရုပ်ဆောင်များ အကျေအတင် ဆွေးနွေးကြမည်။ အသံ၊ အရုပ်၊ အမူအရာ အပြောင်း
အလဲ၊ ကင်မရာ ပြကွက်တို့ ကို စနစ်တကျ လေ့ ကျင့်ပြီး ဇာတ်ဝင်ခန်းကို ဖန်တီးကြမည်။ ကျွန်တော် တွေးဆ
ထားသမျှ သူရဲကောင်းဝါဒတို့  ရေစုန်မျောလေပြီ။ မင်းသား၊ မင်းသမီး ရိုက်ရက် ရလျှင် ဇာတ်ကားဖြစ်၍၊ မရလျှင်
ဘာဇာတ်လမ်းမှ လာလုပ်၍ မရ။ လဲသာ သေဖို့  ကောင်းသော အနုပညာလောကပါတကား။

ကျွန်တော် လေး ငါးခါ လိုက်၍ ဝင်ရောက်မွေ့ ပျော်ကြည့်သည်။ မရ။ ကျွန်တော် အဲဒီထဲကို ရောက်သွားတိုင်း
နားထင်တွေ ထူပူ၊ သွေးတွေ တက်၊ ပုံမှန်စိတ်တွေ ကမောက်ကမ ဖြစ်ပြီး အသက်ရှု ကျပ်ရသည်။ ဤဗီဒီယို
လောကကြီး၌ ပြင်ပမှ လူမှုဘဝ ဖြစ်ရပ်များ ရာခိုင်နှုန်း အနည်းဆုံး စီးပျော်နေရုံမှတစ်ပါး ဘာမှ အနှစ်သာရ မရှိ။
ထို့ ကြောင့် ကျွန်တော် ဝိုင်းကို ပြောသည်။ ဗီဒီယို လောက ပျက်လိမ့် ဦးမည်ဟု။ ထိုစဉ်က ( ၁၉၉၈ )။

ကျွန်တော် တစ်နည်းတစ်ဖုံ ကြံပြန်သည်။ ရုပ်ရှင်ဇာတ်လမ်းများ လိုက်ရောင်းသည့် နည်းကို ရွေးချယ်လိုက်သည်။
မည်သည့် တိုက်မှ မဝယ်။ တစ်ဖန် ရိုက်ကွင်းသမားနှင့်  ဝင်လုံး၍ တိုးဝင်ဖို့  စဉ်းစားပြန်သည်။ ဒါကလည်း
တကယ် အထမမြောက်။ ဝိုင်းကတော့  ကျွန်တော့် ကို တားသည်။ ဤမျှလိုက်၍ အပင်ပန်းမခံပါနှင့် ဟု။ ပြီးတော့ 
ကျွန်တော့်ဇာတ်လမ်းများကို ထုပ်ရဲမည့် တိုက် မရှိ။ ဇာတ်အိမ်တွေက ကြီးလွန်းသည်ဟု ဆို၏။ ဒီကနေ့ ခေတ်နှင့် 
အရင်ခေတ်တို့  မတူဟု ပြောပြသည်။ မြန်မြန်ပြီးမည့် ဇာတ်လမ်းလေးများ ရေးပါ။ သူ စပ်ပေးမည်ဟု ဆို၏။
ကျွန်တော် မရေးခဲ့ ။ ပဲပြုပ်သည်နှင့်  သူဌေးသား မတော်တဆ တွေ့ ကြ၊ ချစ်ကြ၊ လွမ်းကြပြီးတော့  ညားကြတာ
မျိုးကို ရေးမိလျှင် ကျွန်တော့် ကို ကျွန်တော် ဇာတ်ညွှန်းသမားဟု မသတ်မှတ်ဝံ့ ။ မရေးနိုင်။ ဝိုင်းက ဒီလိုဆို ဝတ္ထု
ရေးပါဟု ဆိုသည်။ ဒါကိုတော့  ကျွန်တော် မငြင်း။ ဝတ္ထုတိုသည် ကျွန်တော် ရေးကျင့် ရှိပြီး ဖြစ်သည်။ ကျွန်တော်
အကြမ်း ရေးထားသော ဝတ္ထုတိုတစ်ပုဒ်ကို ဝိုင်းက သဘောကျပြီး သူ့ ဖာသာသူ အစာသွတ်၍ သွားရောင်းပေး၏။
နယ်မင်းသားအတွက် ဇာတ်လမ်းကောင်းလေး ဖြစ်သွားပြီး ကျွန်တော် ငွေသုံးထောင် ရသည်။ ဝတ္ထုပိုင်ရှင်နေရာ
မှာတော့  တစ်ခြားလူ ဖြစ်သွား၏။ သူတို့ က ဒီလိုလားဟု ကျွန်တော် သဘောပေါက်လိုက်ပြီ။

အကောင်းကိုသာ မခန့် မှန်းတတ်ချင် နေမည်။ အဖျက်ကို တွေးဆ၍ ခန့်မှန်းရာ၌ ကျွန်တော် ကျင့်သားရနေပြီ။
ဤဗီဒီယို ဖွတ်ချက်ဖွတ်ချက်လောက မကြာခင် ပျက်တော့ မည်ကို ကျွန်တော် မြင်ယောင်နေပါ၏။
နေပါစေတော့ ။ အဲ့ ဒီ ဖွတ်ချက်ဖွတ်ချက်လောကထဲကိုတော့  ဝင်မမျောချင်တော့ ။ ကျွန်တော် ကြုံတွေ့ ဖြတ်
သန်းခဲ့ သော လူမှုအသိတရားတွေ၊ ဖတ်ခဲ့ ရသော စာပေတွေ၊ လေ့ လာ တွေးတောခဲ့ သော လူတို့ ၏ စရိုက်
သဘောသဘာဝတွေသည် ဖွတ်ချက်ဖွတ်ချက်မဟုတ်။ ဒါတွေကို ကိုယ့်ဖာသာ တန်ဘိုးထားလျှင် မည်သူ လာ
ဈေးနှိမ်ဝံ့ မည်နည်း။ ကိုယ်တန်ဖိုးမထားမှသာ တန်ဖိုး ရော့ မည်။ ဤမာနမျိုးကိုတော့  ဒေါင်ဒေါင်တင်းတင်း
ကျွန်တော် ဆုပ်ကိုင်ရဲသည်။

စာပေအနုပညာ လုပ်ပြီဆိုလျှင် အောင်မြင်ကျော်ကြားတာတွေ၊ ငွေရလွယ်တာတွေထက် ပရိသတ် အသိအမှတ်
ပြုခံရခြင်းကို မည်သူမဆို လိုလားကြပါသည်။ ငွေကို ကျွန်တော် ဂရုမစိုက်။ အနုပညာကို အနုပညာဖြင့် တည်
ဆောက်ချင်သည်။ ဤမာနအတွက် ဒုက္ခတော့  များရဦးမည်။ သို့ သော် ကိုယ်ကြိုက်သည်ကိုသာ ကိုယ်လုပ်ချင်
သူမို့  အနှစ်နှစ်ဆယ် စိန်ခေါ်မှုကို ကျွန်တော် အဓိဋ္ဌာန်လိုက်သည်။
အနှစ် နှစ်ဆယ် .....
စာပေအနုပညာကို အနှစ်နှစ်ဆယ်တိုင်တိုင် ကြိုးစားမည်။
ထိုအနှစ်နှစ်ဆယ် စိန်ခေါ်မှုအတွက် ဘာတွေကို စွန့် ရမည်နည်း ... စွန့် ပါမည်။
ဘယ်လို စွန့် စားရမည်နည်း ... စွန့် စားပါမည်။ ကျွန်တော် အသက်ရှု နေနိုင်သမျှ အနှစ်နှစ်ဆယ်တိုင်တိုင်
ကျွန်တော် ကြိုးစားမည်။

ဤဆုံးဖြတ်ချက်ကို ချလိုက်ပြီးနောက် ကျွန်တော် ဖိုင့်ကို တွေ့ ဖို့  ဆုံးဖြတ်လိုက်သည်။ ဖိုင်နှင့် ဆူဒါနမ်ကို
ကျွန်တော် တွေ့ မည်။ ကျွန်တော့်  ခရီးစဉ်ကို ပြောမည်။ ထို အနှစ်နှစ်ဆယ် မအောင်မြင်ပါက ကျွန်တော့် အား
အရူးတစ်ယောက်အဖြစ် သတ်မှတ်ပါတော့ ဟု ပြောပြမည်။ ထိုစိန်ခေါ်မှုအတွက် သူ့ ထံမှ ခွင့်တောင်းမည်တော့ 
မဟုတ်။ အသိပေးခြင်းသာ ဖြစ်မည်။ ကျွန်တော့် အား ဖိုင်နှင့်တကွ ဖိုင်တို့  မိသားစု အားလုံးရော၊ ဆွေတွေမျိုး
တွေပါ မုန်းနိုင်ပါ၏။ ပုတ်ခတ်နိုင်ပါ၏။ သို့ သော် စူဒါနမ်သည် ကျွန်တော့်ကို မုန်းပိုင်ခွင့် မရှိ။

ကျွန်တော့် သမီး ကျွန်တော့် ကို မမုန်းတီးရလေအောင် မည်သူမျှ မပြုနိုင်သည့်  မေတ္တာတရားဖြင့် ကျွန်တော့်
သမီးကို လွမ်းနေမည်။ ထိုမေတ္တာ အလွမ်းဖြင့် စူဒါနမ် ကျွန်တော့်ကို မမုန်းစေရဟု ကျွန်တော့်ဘာသာ ယုံသည်။
စိတ္တဇ မဟုတ်။ အသေအချာ ကျွန်တော် ယုံခြင်း ဖြစ်ပါသည်။

ဖိုင့်ကိုရော ...
ဖိုင့်ကိုတော့  ကျွန်တော် မယုံရဲတော့ ။ နှလုံးသားထဲမှာ ရှိနေသော်ငြား ယုံရန် မဝံ့ ပြီ။
ဖိုင်သည် သူ့ ဝပ်ကျင်းအတွက် ဘာမဆို ခိုင်ခံ့ အောင် လုပ်ရဦးမည်။ ကျွန်တော်မပါသော တစ်ခုလပ် ကလေး
အမေဘဝဖြင့်  အနှစ်နှစ်ဆယ်ကျော် ဖြတ်ရမည်။ ကျွန်တော့်ကို နာသောစိတ်ဖြင့်ပင် သူ့ ဝတ်ကျင်းအတွက်
စိတ်ချအောင် ပြုပြင်ပြောင်းလဲချင် ပြောင်းလဲလိမ့် မည်။ ဖိုင် ကျွန်တော့်ကို ဦးစွာ သစ္စာဖောက်လိုက်သည့် 
အတွေ့ အကြုံက ကျွန်တော့်မှာ ခါးနေဆဲပင်။ သူ့ ရင်သွေးကို သူ့ နှလုံးသားထဲ ထည့်၍ ကျွန်တော့်ကို သူ့ နှလုံး
သားထဲမှ နှင်ထုပ်ခဲ့ သည်ကို ကျွန်တော် မမေ့ ။ ဖိုင်၏ ရက်စက်မှုသည် တည်ခြိမ်၏။ ထိရောက်၏။ ပြင်းထန်သော
အား ပါ၏။ ကျွန်တော် အတော့်ကို ခံရပါသည်။ ဖိုင်တစ်ယောက် စူဒါနမ်ကို မည်သို့  ပေါက်မြောက်အောင် မွေးမြူ
မည်နည်း။ ကျွန်တော့်အနေနှင့် စူဒါနမ်ကို မတွေ့ ရသည့်တိုင် ကျွန်တော်နှင့်  ခွဲမရအောင် တူသည်ဆိုသော
သတင်းစကားဖြင့်ပင် စူဒါနမ်နှင့်  ကျွန်တော့်အချစ်ကို ကျွန်တော် ယုံလိုက်ပြီးပြီ။ ကျွန်တော့်ဘဝ၏ အနာဂတ်တွင်
စူဒါနမ်သည် အဓိကကျလာဦးမည်ကို ထင်ထင်ရှားရှား ကျွန်တော် တွေ့ မြင်နေမိသည်။ ဤအကြောင်းအား
ဖိုင့်ကို ကျွန်တော် မပြောရက်။ ဖိုင်သည် ကျွန်တော့်ကို ဆုံးရှုံးခြင်းနှင့်အတူ လင်သားတစ်ဦး၏ ဇနီးမယားဘဝကို
ပါ အစတေးခံခဲ့ ရပြီး ဖြစ်သည်။ ကျွန်တော်သည် ဖိုင့် ကို ခင်ပွန်းအရာ မစွမ်းဆောင်နိုင်ခဲ့ ။ ဖိုင်၏ ဒုက္ခများကို
လက်တွဲ ဖြေရှင်းပေးနိုင်သူ မဟုတ်ခဲ့ ။ ကျွန်တော့်ဖာသာ အတ္တနှင့်  လွင့်ချင်ရာလွင့်နေခဲ့ သူ ဖြစ်သည်။ ဖိုင်က
စူဒါနမ်ကို သူ့ ပစ္စည်း၊ သူ့ အချစ်၊ သူ့ ဘဝဟု အပိုင်တွက်ကာ၊ ကျွန်တော်နှင့် ဝေးရာကို ပြေးသည်။ ကျွန်တော်
သိပ်မလိုက်ချင်ပါ။ ဖိုင် ပိုင်ထားသော စူဒါနမ်၌ ကျွန်တော့်အငွေ့ အသက်တွေ ရှစ်ဆယ်ရာခိုင်နှုန်း ပါနေမည်။
ကျွန်တော့်သူငယ်ချင်း “ ကဗာ ” ၏ ပြောပြချက်အရ ကျွန်တော့်ရုပ်သွင်၊ ကျွန်တော့်အရောင်များ ရစ်ပတ်နေ
သည်ဟု ကျွန်တော် ကြားပြီးပြီ။ ဖိုင့် ကို ကျွန်တော် သနားပါ၏။

ဖိုင်သည် တကယ်ပင် သနားစရာ ဖြစ်နေသည်။
ကျွန်တော် လာတွေ့ မှာကို ကြောက်နေရှာ၏။ အထူးသဖြင့် စူဒါနမ်ကို ကျွန်တော်နှင့် ပေးမတွေ့ ချင်။ ဖိုင်မှ
မဟုတ်။ ဖိုင့်မိဘနှစ်ပါးကလည်း စူဒါနမ်ကို ကျွန်တော်နှင့်  မတွေ့ စေလို။ ကျွန်တော် တွေ့ ပြီးသားဖြစ်သည်။
စူဒါနမ်ကို ဝိုင်းဝန်း ချစ်ခင်မြတ်နိုးခြင်းကပင်လျှင် စူဒါနမ်နှင့် ကျွန်တော့်အတွက် အခွင့်အရေး ဖြစ်သည်။ စူဒါနမ်
သည် ကျွန်တော်ကဲ့ သို့ ပင် လုပ်ချင်ရာ လုပ်ပြလိမ့် မည်။

စနေနေ့ ၌ မွေးသော စူဒါနမ်သည် ဖိုင်တို့  မိသားစုကို အသာကလေး အနိုင်ယူပါလိမ့် မည်။ ဖိုင်၏ ဝပ်ကျင်း
ကလေးတွင် ကျေနပ်နေမည် မဟုတ်။ ဒါကို ကျွန်တော် သိနေသည်။ စူဒါနမ် ကျွန်တော့်ကို စိတ်နာနိုင်သည်။
ဒေါသ ဖြစ်နိုင်သည်။ ကလဲ့ စား ချေနိုင်သည်။ သို့ သော် သူ ကျွန်တော့်ကို မုန်း၍ မရ။ အကြောင်းမှာ သူသည်
ကျွန်တော့်ကိုယ်ပွား ဖြစ်နေသောကြောင့်ပင်။ ထို့ အပြင် သူသည် မတော်တဆ လောကထဲ ရောက်လာသူ မဟုတ်။ ဖိုင်နှင့် ကျွန်တော်တို့  အချစ်များစွာဖြင့် ထုဆစ်ပုံဖေါ်ခဲ့ သည့် မနုဿ ပန်းပုရုပ်လေး ဖြစ်သည်။ ဒါတွေကို
နောင်အနှစ်နှစ်ဆယ်ကြာလျှင် ကျွန်တော် ရှင်းပြမည်။ လောကကြီး၌ ကျွန်တော်သည် သူ့ အနား၌ ကျင်လည်
မနေခြင်းကြောင့် ဖခင်၏ မေတ္တတရားတွေ သူ မဆုံးရှုံးစေရ။ ကျွန်တော် သူ့ ကို အဝေးမှပင် အချစ်များစွာဖြင့် တွေးဆနှစ်သိမ့် နေမည် ဖြစ်၏။

အနှစ်နှစ်ဆယ် ဆိုသည်မှာ ဘဝတစ်ဆစ်ချိုးမျှသာ ဖြစ်ပါမည်။ စာပေအနုပညာနယ်ပယ်သို့  ကျွန်တော် တိုးဝင်
တော့ မည်။ ထိုသို့  ဝင်မတိုးမီ ငွေကြေးနှင့်  ဂုဏ်သိက္ခာတစ်ရပ် ကျွန်တော် တည်ဆောက်ရမည်။ အသိုက်အမြုံ
ကိုတော့  မတောင်းတ။

စာပေ အနုပညာခရီးကို အနှစ်နှစ်ဆယ် သတ်မှတ်ထားရသည်မှာ လွယ်လွယ် ပြီးပြီးသမား မဖြစ်ချင်၍ပင်။
ဝုန်းကနဲ ထတောက်ပြီး ချုပ်ငြိမ်း ပျောက်ကွယ်သွားရသည့်  အနုပညာသမား မဖြစ်ချင်။ ဖြည်းဖြည်းချင်း ကျွန်တော် ရင်ဆိုင်ကြည့်မည်။ တစ်ကြိမ် အဆင်မပြေလျှင် နောက်တစ်ကြိမ်၊ နောက်ထပ်တစ်ကြိမ်၊ နောက်ထပ်၊
နောက်ထပ် ကြိမ်ဖန်များစွာ ကျွန်တော် ချီတက်မည်။ ကျွန်တော် ရေရွတ်နေသည့် “ မြင့် မြတ်ရမည်၊ ထက်မြက်
ရမည် ” ဟူသော လမ်းစဉ်အတွက် ကိုယ်ကျင့်သိက္ခာကို အဓိက တည်ဆောက်တော့ မည်။ ဤကိစ္စမှာ မလွယ်။

ဣတ္တိယတို့ ၏ ရင်ခွင်များစွာ၊ နှုတ်ခမ်းများစွာ၊ နှလုံးသားများစွာတွင် ကျင်လည်ခဲ့ သော ကျွန်တော့်အတွက်
စာပေ၊ အနုပညာရှင်အဖြစ် ဝင်ရောက်ကျင်လည်ရာတွင် သိက္ခာ သမာဓိ ကြီးမားဖို့ အတွက် ထိုရင်ခွင်များကို
ဆန့် ကျင်ရတော့ မည်။စိတ်ဓါတ်ရေးရာနှင့်  စေတနာ၊ ဝီရိယနှင့်  အကြံအစည်တို့ ကို ကျွန်တော်မမူ။ ကျွန်တော့် မှာဖြတ်ထိုးဥာဏ်နှင့် ချိန်ဆတတ်မှု ပါရမီက အသင့်အတင့်ရှိသည်။ကျွန်တော့် လမ်းစဉ်သည် ပရိတ်သတ်၏
နားဝဆီ သို့ မဟုတ် ရင်ထဲသို့  သွားမည့်  လမ်းစဉ် ဖြစ်သည်။ လောဘကြီးသည်ဟု ဆိုရမည်လား မသိ။ ပေါ့ ပေါ့ 
တန်တန်တော့  ကျွန်တော် မဖန်တီးချင်။ ကျွန်တော့် ရင်၌ မကြိုက်သော အဘယ်စာပေ၊ အနုပညာကိုမှ ငွေကြေး
အတွက် မဖန်တီး၊ ပျော်စေ ပျက်စေအတွက် မဖန်တီး၊ စေတနာ လှုံ့ ဆော်မှုဖြင့်သာ ဖန်တီးချင်သည်။
ကိုယ်ကြိုက်သည် ဆိုမှသာ သူများကြိုက်အောင် တင်ပြချင်သည်။ လွယ်တော့  မလွယ်။ ထို့ ကြောင့် အနှစ်
နှစ်ဆယ်ဟု ကျွန်တော် ခန့် မှန်းခဲ့ ခြင်းဖြစ်သည်။

ကျွန်တော် ကြိုက်သောအရာကိုမှ ကျွန်တော် တင်ပြချင်သည်ဆိုခြင်းမှာ အမေ့ ပုံပြင်လေးကြောင့် ဖြစ်သည်။
ကိုယ်ချင်းစာတရားနှင့်  ပတ်သက်သော ပုံပြင်လေးကို အမေက အစ်ကို့ ကို ပြောပြဖူးပါသည်။ ထိုပုံပြင်လေးက
အစ်ကို့ အတွက် အသုံးဝင်၊ မဝင် မသေချာသော်လည်း ကျွန်တော့်ဘဝအတွက်မူ တော်တော်များများ အသုံးဝင်
နေပါ၏။

ဖိုင့်ဆီကို အလုအယက်သဘောဆောင်ကာ ကျွန်တော် မသွားချင်သည်မှာလည်း အမေပြောပြသော ကိုယ်ချင်း
စာတရားကြောင့် ပင် ဖြစ်ပါသည်။ ကျွန်တော်ပင်လျှင် ဝမ်းနှင့် မလွယ်ခဲ့ ပါလျက် စူဒါနမ်၏ ဘဝရှေ့ ရေးကို
အတိုင်းမသိ တွေးဆ ရည်ရွယ်နေလျှင် ဖိုင်သည် ဝမ်းနှင့် လွယ်မွေးခဲ့ ရ၏။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြား
တွင် အိမ်ထောင်မပြုပဲ ကလေးမွေးဖွားရ၏။ ဘာမှ ရေရာသေချာမှု မရှိသော တရားမဝင် နိုင်ငံသား ခြေသလုံး
အိမ်တိုင် ဖြစ်သူနှင့် ရာသက်ပန်ခရီးအတွက် ဤအမှုကြီးကို သူ ဖန်တီးခဲ့ ရသည်။ ထို ကိုယ်ချင်းစာတရားများဖြင့်
စူဒါနမ်ကို ကျွန်တော် လုမယူရက်တော့ ။ ဖိုင် ရင်ဆိုင်ခဲ့ ရသည်ကိုပင် ကျွန်တော် အံ့ သြချီးကျူးနေမိသည်။
စိတ်၌ သူ ကျွန်တော့်ကို ရှောင်ပြေး၍ မခံမရပ် ဖြစ်ရသော်ငြား ကျွန်တော် ဖိုင့်ကို ချစ်မြဲ ချစ်နေမိသည်။

ကျွန်တော် သွားလုယူ၍ ဖိုင်သာ စူဒါနမ်နှင့် ခွဲရလျှင် ကျွန်တော် ပျော်မွေ့ မည်မဟုတ်။ အမေတို့ ကလည်း
လက်မခံ။ ဖိုင့် ကိုပါ ခေါ်လာရမည်ဟု ဆို၏။ ဖိုင် ဘယ်လိုက်ဝံ့ ပါ့ မလဲ။ ကျွန်တော် သိပြီးပြီ။ ဖိုင်တို့  ထိုင်းတီဗွီ
များ၌ ကျွန်တော်တို့  နိုင်ငံသတင်းများ ဆိုလျှင် ကောင်းကွက်ကို ပြခဲလှသည်။ ပဋိပက္ခများ၊ အ၇ှုပ်အထွေးများ၊
နယ်စပ်ပြဿနာများကိုသာ ပြလေ့ ရှိသည်။ဤသတင်းများကြောင့်ပင် ကျွန်တော်တို့ ၏ မြို့ ပြရပ်တည်မှုကို
ဖိုင်မယုံရဲ။

ကျွန်တော်နှင့်ဖိုင်တို့ သည် တရားမဝင် လုပ်ကိုင်စားသောက်သူများ၏ မဆန်းသော ဆုံစည်းမှုလေးသာ ဖြစ်၏။
သို့ ရာတွင် ခိုင်မာချင်သည်။ တည်တံ့ ချင်သည်။ ပြီးပြီးရော မဖြစ်ချင်။ ကျွန်တော် ဖိုင့် ကို လက်ထပ်လိုက်ပါလျှင်
ရုံးတော်သို့  လျှောက်ကြားရမည်။ ဘဏ်အာမခံငွေ တင်သွင်းရမည်။ လုပ်ငန်းပြရမည်။ ကလေးမှာလည်း နိုင်ငံ
သား အခွင့်အလမ်း အပြည့်အဝ မရတော့ ။ ဒါကိုတော့  ဖိုင်က မလိုလား။ နောက်တော့ လည်း ဒါတွေကို ဂရု
မစိုက်ချင်တော့ ။ ထိုဥပဒေသတွေသည် အချစ်၌ မရှိ။ လူတို့ ၏ နှလုံးသားဖြင့် ရေးဆွဲခဲ့ သည် မဟုတ်။

ကျွန်တော်၊ ဖိုင်၊ စူဒါနမ်တို့ အတွက် အတားအဆီးမဟုတ်။ ကျွန်တော်တို့  သိုက်မြုံကို ထိုဥပဒေသများ ဟန့် တား
ထားသည့်တိုင် ကျွန်တော်တို့ ကို ချေဖျက်၍ မရ။ မိဘနှင့်  ဇနီးမယားဟူသော မဟာရံတံတိုင်းကြီးသည်
( ၁၉၉၈ )၊ မတ်လ၊ စနေနေ့ တွင် စူဒါနမ်ကို မွေးဖွားသန့် စင်ခြင်းဖြင့်  တည်ဆောက်ခဲ့ လေပြီ။ မည်သူ ချေဖျက်
ဝံ့ အံ့ နည်း ..။


( ဆက်ရန် )

........................................................................................................................

ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။






7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုထွေးရဲ့ ကြိုးစားချင်စိတ် ၊ ကြီးပွားချင်စိတ်တို့ကို သဘောကျပေမဲ့ ဖိုင့်အပေါ်ထားတဲ့ သဘောထားကိုတော့ သဘောမကျမိပါဘူး။
ဖိုင် သနားဖို့ကောင်းလှတယ်
ဒီအထဲက သမီးပါ အဆစ်ပါရသေးတယ်

IDIOT-Ki said...

ကိုထွေးဆီမှာ ယောကျာင်္းတွေရဲ့ ယေဘူယျ အတ္တစိတ်တွေ ရှိနေတယ် လို့ မြင်မိတယ် ။ သူ့ ကိုယ် သူ အထင်ကြီးလွန်းလှတယ် ၊သူ တကယ်တာဝန်မယူနိုင်ပဲ နဲ့ သူ ချစ်လှပါချည်ရဲ့ လို့ ပြောနေ ထင်နေ တဲ့ ဖိုင် အတွက် ရှေ့ တန်းတင် မစဉ်းစား ပေးပဲ သူလုပ်ချင်တာ ဖြစ်ချင်တာတွေပဲ လုပ်နေခဲ့တာကိုး.. ခုလည်းကြည့်လေ နောက် အနှစ် ၂၀ .. စောင့်ကြည့်ရအုံး မယ်တဲ့လား.. ခက်ပါဘိ ကိုထွေး ရယ်..

SHWE ZIN U said...

ပြန်ဖတ်သွားတယ် အဖြူလေး ရေ ကျိုးစားထားနော်

sosegado said...

ကိုထွေးဘဝကို ကိုယ်ချင်းစာမိပါတယ်၊ သမီးလေးရောက်လာတဲ့အတွက် ဘာတွေများဆက်ဖြစ်မလဲ…..

လရိပ်အိမ် said...

ကြားထဲက ကလေးဘဲသနားပါတယ်။ ကျွန်တော်ဆိုတာ ဆရာမာန် ကိုယ်တိုင်လား မသိဘူးနော်။

ကိုဇော် said...

တစ်ခါတလေတော့လည်း ဘယ်ကို ဘယ်လို ရွေးခြယ်ရမယ် ဆိုတာ မသိတဲ့ အခြေအနေ တစ်ရပ် ဆိုပြီး ဖြစ်တတ်ပါတယ်လေ။

Belu said...

ကိုထွေးက အတ္တတွေနဲ့ ဘဝမှာ ပူလောင်နေသလိုပဲ။ အောင်မြင်အောင် ကြိုးစားဖို့က အတ္တကြီးစရာ မလိုပါဘူး။ ရည်ရွယ်ချက်ကြီးဖို့နဲ့ ဝိရိယကြီးဖို့ပဲ လိုတာပါ။
သူ့အစ်မ စင်ကာပူထွက်မယ်ဆိုတော့ ဒီလူသဘောမတူတဲ့ အမြင်ကလဲ ကလေးဆန်သလိုပဲ။ မိန်းမတွေ ပိုက်ဆံရှာနိုင်လာရင် ထိန်းရခက်တယ်ဆိုတော့။ ကျွန်တော့်အမြင်ကနော် လူ၁ယောက်က လွတ်ချင်တိုင်းလွတ်နေတဲ့ ကိုယ့်ကိုယ့်ကိုယ် မထိန်းနိုင်ဘဲတောင် တခြားလူ၁ယောက်ကို ထိန်းချင်တယ်ဆိုတာ တော်တော် အသိဥာဏ်နည်းတာပဲ။ ဘယ်သူ့ကိုမှ နာနီကြီးလို သွားထိန်းဖို့ မကြိုးစားနဲ့။ ဆင်ခြင်ဥာဏ်ရှိရင် ဘယ်သူမှ မခံဘူး။ သူက ကိုယ်ကျင့်တရား သိပ်ကောင်းလို့၊ မိသားစုတာဝန်ကျေလို့ အစ်မက အငယ်ပေမယ့် သူ့ကိုလေးစားနေတယ်ဆိုရင်တော့ ထားပါတော့။ သူ မိသားစုကို လှည့်မကြည့်တာ၊ သံယောဇဉ်နည်းတာလဲ အရှင်းကြီးပဲ။ မျောက်သစ်ကိုင်းလွတ်နေတဲ့ သူ့ကိုသူ ဒီလူ အရင်ထိန်းသင့်လားလို့။