Tuesday, June 21, 2011

မျက်ရည်များဖြင့် ပြုံးစေသူ ..။

၁၉၉၇ ခုနှစ်သည် ကျွန်တော့်အစ်ကို၏ အအောင်မြင်ဆုံးစီးပွားရေး နှစ် ဖြစ်ပါသည်။
သူ ဖွင့်ထားသော အိမ်ခန်းများမှာ စင်္ကာပူတွင် မနည်းလှ။ ပါရာလေဘာ၊ မက်ပါဆန်၊ အပ်ပါး စီရန်ကုန်း တို့ အပြင်
အကျိုးဆောင်ခ ယူပြီး ငှားပေးခဲ့ သည့် အိမ်ခန်းများလည်း ရှိသေးသည်။ ဘန်ကောက်မှာတော့  သူ့ သူငယ်ချင်း
များအတွက် အခန်းတစ်ခန်း၊ သူ့ ပါစင်ဂျာများအတွက် အခန်းတစ်ခန်း ငှားထားပါသည်။

တစ်လလျှင် လူဆယ်ယောက်ကျော် အပို့ အကြို လုပ်ပေးရာမှ ရသော ဝင်ငွေသည်လည်း မသေး။ထို လူပို့  လူကြို
လုပ်ရာမှ ရသောဝင်ငွေဖြင့်ပင် သူ့ ဝင်ငွေသည် လစဉ် ဒေါ်လာသောင်းချီနေခဲ့ သည်။ စိတ်ညစ်ဖွယ်ရာကတော့ 
မသေးလှပါ။

မြန်မာပြည်မှ ပြည်ပသို့  ပထမဆုံး ထွက်လာကြသူများကို စင်္ကာပူ ရောက်ရန် အားထုပ်ပေးရာ၌ ဦးစွာကြုံရသည်
က ဘာမှ နားမလည်ကြခြင်း ဒုက္ခမှ စ, လေသည်။ စားပုံ၊ ဝတ်ပုံ၊ လှုပ်ရှားသွားလာပုံက အစ ဂရုတစိုက် ပြောပြ
ရသည်။ ဘာသာစကားပြသနာကား ကြီးမားပါပေ၏။ ထိုလုပ်ငန်းများထဲသို့  ကျွန်တော်တစ်ယောက် ပါရမီဖြည့် 
ရန်အတွက် ဘန်ကောက်မြေသို့  လာခဲ့ ရပါလေတော့ သည်။ သည်တစ်ခါ ဘန်ကောက်သို့  ကျွန်တော် ခြေချရ
သည်က အသာစီးမှ ဖြစ်တော့ မည်။

ဘန်ကောက်မြို့ ကြီးသည် ကျွန်တော့် ကို သစ်လွင်စွာ ကြိုဆိုနေတော့ ၏။
လေယဉ်လက်မှတ်ကိစ္စ၊ လေယဉ်ကွင်းသို့  အပို့ အကြိုကိစ္စ၊ ဧည့်သည်များကို နေရေးထိုင်ရေး စီစဉ်ပေးသည့် 
ကိစ္စများအတွက် ကျွန်တော် ဦးဆောင်ခွင့် ရပါတော့ သည်။ အမျိုးသားဧည့်သည်ကိစ္စများက မများလှ။
အမျိုးသမီးဧည့်သည်များအတွက်မူ အပြင်ထွက်လည်ချင်သည့် အရေးကိစ္စနှင့် ဈေးဝယ်ထွက်ချင်သည့် အရေး
ကိစ္စသည် အထူးဆောင်ရွက်ပေးရသော ကိစ္စ ဖြစ်ပါသည်။

အမျိုးသားများအတွက် ကိစ္စမများလှဟု ကျွန်တော်ဆိုရခြင်းမှာ သူတို့ သည် တစ်ခါတစ်ရံ ဆွိုင်စီ သို့ သွားလည်
ချင်သူ ရှိတတ်သည်။ ကုန်တိုက်များတွင် တစ်နေကုန် လျှောက်ကြည့်ချင်သူ ရှိသည်။ ညစ်ညမ်းဌာနများသို့ 
ခရီးကြုံဝင်ချင်သူ ရှိသည်။ ဗီဇာသက်တမ်း တိုးရမည့်သူ၊ နယ်စပ်မှ ပြန်ချင်သူ ရှိသည်။ ဒါတွေအားလုံး အသေး
အဖွဲမျှသာ ဖြစ်သည်။

ဆွိုင်စီခရီးသည် ဆိုပါစို့  ။
ဘီယာတစ်ခွက် ဝယ်သောက်ရင်း ကိုယ်လုံးတီးအကများ၊ ပူဖောင်းဖောက်ခြင်းများ၊ ပုလင်းဖုံး ဖွင့်ပြခြင်းများကို
နိုင်ငံကြီးသားများကြားတွင် ဝင်ထိုင်၍ ကြည့်နိုင်သည်။ ပြီးလျှင် အနှိပ်ခန်းများသို့  သွား၍ တစ်နာရီ ဘတ်ထောင့်
ငါးရာပေး၍ အနှိပ်ခံမည်။ ဖန်ပေါင်းချောင်ထဲမှ နံပါတ် ချိတ်ထားသည့်  မနုဿရုပ်တုများကို ခေါ်၍ စက်တော်
ခေါ်မည်။ သည့် အတွက် လိုက်ပါပို့ ဆောင်ပေးမည့်သူများက အိမ်မှာ ရှိပြီးပြီ။

ချောင်းဆိုးပျောက်ဆေး သောက်ချင်သူများအတွက်လည်း ဝယ်ပေးသူက အသင့်။ ကုန်တိုက်ကြီးများတွင်
ငေးမောအချိန်ဖြုန်းချင်သူများအတွက်လည်း ဘတ်စ်ကားနံပါတ် သုံး လေးစီး မှတ်ပေးလိုက်လျှင် ရပြီ ။ နယ်စပ်
ပြန်ချင်သူနှင့်  ဗီဇာသက်တမ်း တိုးမည့်သူများအတွက်တော့  စနစ်တကျ စီမံရတော့ သည်။ တစ်ခါတစ်ရံ
ကျွန်တော်ကိုယ်တိုင် လိုက်ပါပို့ ဆောင်ပေးရပါသည်။ ထိုအလုပ်များက အန္တရာယ်မကင်း။ ဘန်ကောက် လ.ဝ.က
မှာ သွားတိုးသည်ကတော့  ပြဿနာ မရှိပါ။ စာအုပ်နှင့် ဓါတ်ပုံ သုံးပုံ ယူသွားရသည်။ ပုံစံဖြည့်ရသည်။ ဗီဇာကြေး
ပေးခဲ့ ရသည်။ နောက်နေ့ တွင် သွားယူလိုက်လျှင် တစ်လသက်တမ်း ရပါသည်။ ထိုသက်တမ်းကုန်၍ နယ်စပ်သို့ 
သွားရသည့်  အခါမှာတော့  အဆင်ချောဖို့  သေသေချာချာ စီစဉ်ရပါတော့ သည်။

ကျွန်တော်တို့  ရိုတီရောင်းစဉ်က ကိုင်ဆောင်ခဲ့ သော စာအုပ်များအတွက် နယ်စပ်ဗီဇာလိုလျှင် ( ဟပ်ချိုင် ) မှ
“ ဖိဘောင် ” ဆိုသူထံ စာတိုက်မှ ချောစာဖြင့်  စာအုပ်ပို့ ရသည်။ ဘဏ်မှာ ငွေသွင်းရသည်။ သူပြန်လာပို့ သော
စာအုပ်၌ နယ်စပ်ဗီဇာ ပါလာခဲ့ တော့ သည်။ ယခင်ကတော့  စာအုပ်သုံးလေးအုပ်ကို လူတစ်ဦးဖြင့်  ပို့ ခိုင်းခြင်း
ဖြစ်သည်။ စာတိုက်မှ ပို့ သောစနစ်ကို လုပ်ခဲ့ သူမှာ ကျွန်တော် ဖြစ်သည်။ စ, လုပ်ဖြစ်ခဲ့ ပုံက စင်္ကာပူမှာ ဖြစ်၏။

ယောင်္ကျားလေးတစ်ယောက် ဘန်ကောက်လေဆိပ်မှတစ်ဆင့်  မြန်မာပြည်သို့  ကိုယ်တိုင် စာအုပ်ဖြင့်  ပြန်ဝင်
ချင်နေသည်။ သူက စင်္ကာပူမှ နေ၍ စာအုပ် ငှားပြီးထွက်မည်။ ဘန်ကောက်လေဆိပ်သို့  ထိုစာအုပ်ဖြင့်ပင်
ဝင်မည်။ သို့ ရာတွင် ကိုယ့် လူက ဘန်ကောက်၌ ည မအိပ်ချင်။ မအိပ်ရဲ။ ဘန်ကောက်မှာ တစ်ည နှစ်ည ဝင်အိပ်
ရင်း ပါသမျှ ပြောင်သလင်းခါသွားကြသည့်  မြန်မာခရီးသွားတို့ ၏ ဒုက္ခကို ကြားဖူးထား၍ ဖြစ်သည်။ ဘန်ကောက်
သည် စာအုပ် လုတတ်၏။ ရဲအတုများက ကလိန်ကျတတ်၏။ တည်းခိုခန်းများ၌ စာအုပ် ခိုးတတ်၏။ တက္ကစီသမား
များက မတော်မတရားဈေးတောင်းတတ်၏။ ဤပြဿနာများ တစ်နေ့တစ်ခြား တိုးပွားနေသည်။ ထို့ ကြောင့် 
လည်း ကိုယ့် လူက ဘန်ကောက်မှာ ညမအိပ်ရဲချေ။ အိပ်ရလျှင်ပင် လေဆိပ်မှ ဧည့် ဆောင်တွင် ငုတ်တုတ်
အိပ်မည်ဟု သူရသတ္တိပြလေပြီ။

ဤအချေအနေတွင် ကျွန်တော် ဟပ်ချိုင်မှ ဖိဘောင်ကို သတိရပြီး ဖုန်းဆက်ဖြစ်တော့ သည်။ ဖိဘောင်က
ကျွန်တော်ပြောသော ယိုးဒယားစကားနှင့်  ဗရုတ်သုက္ခ အင်္ဂလိပ်စကားတို့ ကို လုံးစေ့ ပတ်စေ့ နားလည်နေသူ
ဖြစ်သည်။ ကျွန်တော် စာအုပ်တစ်အုပ် ပို့ လိုက်မည်။ DHL ဖြင့်  ပို့ မည်။ ဗီဇာကို ဘန်ကောက်လေဆိပ်မှ
ကွန်ပြူတာဖြတ်လို့ ရသည့်  အာမခံ ဗီဇာလိုချင်သည်။ အတုတုံးများ မလိုချင်ဟု ပြောပြသည်။ သူက ပုံမှန်ထက်
ဈေးသုံးဆ ပိုတောင်းသလို သုံးရက်အချိန်လည်း တောင်း၏။ ကိစ္စမရှိ။ သူ့ ဘဏ်စာရင်းထဲသို့  ကျွန်တော်ထည့်
ပေးလိုက်သော ငွေပမာဏကို လက်ခံရရှိကြောင်း သူ့ ထံမှ ဖုန်းပြန်ဆက်လာသည့် နောက် ဘန်ကောက်
လေဆိပ်ကို ဖြတ်သန်းနိုင်သော ဗီဇာဖြင့် စာအုပ် ပြန်ရောက်လာတော့ သည်။ ကိုယ့်လူကိုတော့  အထူးသတိ
ပေးရတော့ သည်။ စာအုပ်နှစ်အုပ်လုံးကို လေဆိပ် လ.ဝ.က မှ မိသွားပါက ကျေးဇူးပြု၍ ကျွန်တော်တို့ အား
အိုးစားမကွဲစေလိုကြောင်း၊ ကိုယ်ဖြစ် ကိုယ်ခံသာ ဖြစ်ကြောင်း ထပ်ခါထပ်ခါ စကားအမှာ ပါးရလေတော့ သည်။
ကိုယ့်လူက ဘန်ကောက်မှ ရန်ကုန်သို့  ချောမောစွာ ရောက်သွားလေခဲ့ တော့ သည်။

ဤဖြစ်ရပ်ကား ကျွန်တော့် အား လ.ဝ.က ဖြတ်သန်းနည်း အသစ်ကို သင်ကြားပေးလိုက်သော နည်းသစ် ဖြစ်ပါ
တော့ သည်။ ကျွန်တော်နှင့် ဖိဘောင်တို့ သည်လည်း လ.ဝ.က ဥပဒေသစ်ကို တွေ့ ရှိသူများအဖြစ် အကွက်ကြီး
ဆိုက်ခဲ့ ပါလေတော့ သည်။ သူ မည်သို့  ကြိုးပန်းနေသည်ကို ကျွန်တော် မသိသော်ငြား သူ ဆောင်ရွက်ပေးလိုက်
သော စာအုပ်များသည်ကား ဘန်ကောက်လေဆိပ်တွင် ကွန်ပြူတာစစ်လိုက်တိုင်း ဗီဇာအစစ် ဖြစ်နေမြဲ ဖြစ်
တော့ သည်။ ကုန်ကျစရိတ် အနည်းငယ်ပိုသော်ငြား လူမသွားရပဲ ကိုယ်စားလှယ်မျတစ်ဆင့်  ဗီဇာတိုးနိုင်ခြင်း
သည် ကျွန်တော့် အစ်ကို လုပ်ငန်းအတွက် ကြီးမားသော အောင်မြင်မှု ဖြစ်ခဲ့ ပါတော့ သည်။

နောက်ပိုင်းမှာတော့  ထိုစနစ်ကို ဘန်ကောက်လေဆိပ်မှ ရိပ်မိသွားကာ အထူးကြပ်မတ် ဆောင်ရွက်ပါတော့ ၏။
ဟပ်ချိုင်နယ်စပ်မှ လာသော ဗီဇာနှင့်  သက်တမ်းတိုးထားသည့်  စာအုပ်ဖြစ်နေလျှင် မလေးရှားဗီဇာပါ အပြခိုင်း
တော့ သည်။ ဟပ်ချိုင်သည် မလေး၊ ထိုင်း နယ်စပ် ဖြစ်သည်ကိုး ။

သည်တော့  ကျွန်တော်တို့  ဗျူဟာပါ ပြောင်းရတော့ သည်။
ကျွန်တော်တို့  ဧည်သည်ကြီးများကလည်း နိုက်ကလပ်သို့ သာ ရဲရဲ တက်ရဲ ရှာသည်။ နယ်စပ်သို့  ဗီဇာသက်တမ်း
တိုးရန် ကိုယ်တိုင်သွားပါဆိုလျှင် ခလေးဆိုးကြီးများလို ပြောရခက်လှတော့ သည်။ သည်တော့  လူစားထိုး၍ လွှတ်
ရသည်။ ကမ္ဘောဒီးယားနယ်စပ်သို့  အသွားအပြန် ခရီးခတွေ ထပ်ဆောင်းရတော့ သည်။ နယ်စပ်ရောက်လျှင်
တော့  အခက်အခဲ မရှိလှပါ။

ဘန်ကောက်မှ မနက်စောစော ရထားစီးသွားလျှင် ကမ္ဘောဒီးယား၊ခမာ နယ်စပ်သို့  နေ့ လည် ရောက်၏။ ဗီဇာတိုး
ရန် နှစ်ဖက် နယ်စပ်ဂိတ်သို့  အဝင်အထွက်မှာ တစ်နာရီမျှ အချိန်ပေးလျှင် ရလောက်ပါသည်။ ထိုင်းမှ အထွက်
ဗီဇာ၊ ကမ္ဘောဒီးယားသို့ အဝင်ဗီဇာ၊ ပြီးလျှင် ကမ္ဘောဒီးယားမှ ပြန်ထွက်၊ ထိုင်းသို့ ပြန်ဝင် ဗီဇာလေးချက် ထုလျှင်
ရပြီ ။ အချိန်အားလျှင် နယ်စပ်ဈေးထဲသို့  လျှောက်လှည့်ကာ ဆေးလိပ်တောင့်များ ဝယ်ကြမည်။ အခွန်ကင်း
လွတ်ထားသည့် မှောင်ခိုဈေးဖြစ်၍ မာဘိုလိုတောင့်များ ဈေးသက်သာသည်။ ကျွန်တော်တို့  မဖြစ်မနေဝယ်
သည်က ဆေးလိပ်မဟုတ် ။ ဖဲထုပ် ဖြစ်သည်။ ဘန်ကောက်မှာဆိုလျှင် ဘတ်နှစ်ရာကျော် ဈေးကွာသည်။
နယ်စပ်မှ ဝယ်လျှင် ထိုမျှ ဈေးသက်သာသည်။

အိမ်မှာက နေ့ နေ့  ညည ဖဲဝိုင်း မပြတ်တတ်ပေ။ အထူးသဖြင့် ဟောလိဝုဒ် ကစားနည်းဖြင့်  အချိန်ဖြုန်းနိုင်ကြ
သည်ကိုး ။ ထိုနယ်စပ်သို့  ဗီဇာသက်တမ်း တိုးရန် ဧည့်သည်များကို ပို့ ရသည့် အခါ အထူးသတိထားရသည်မှာ
လူ မကွဲဖို့ ပင်ဖြစ်သည်။ ရထားပေါ်သို့  မကြာခဏ ဆိုသလို ရဲများ တက်တက်လာကြပြီး လက်မှတ်စစ်ခြင်းနှင့် 
အတူ ဌာနေသို့  ပြန်လာကြသည့်  ခမာများကို ဖမ်းတတ်ကြသည်။ ခမာများမှာ ကျွန်တော်တို့  မြန်မာများနှင့် 
မျက်နှာထားရော၊ အသားအရေပါ တူကြသည့် အပြင် ၊ အလုံးအရပ်မှာလည်း မကွာကြ။ ခမာအများစုမှာ တရား
မဝင် အလုပ်သမားဖြစ်ကြသည့်အပြင် ရိုးသား ထုံအကြသူများမို့  ရဲတက်ဖမ်းလျှင် ရှိသမျှ ပုံအောပေးလိုက်
ကြရသည်။ ထိုရဲများက လူထက်ပစ္စည်းကို အဓိကထားသော ရဲများပင်ဖြစ်၏။ ထိုဖမ်းဆီးမှုများကို တွေ့ လျှင်
ကျွန်တော့် အတိတ်ဖြစ်စဉ်များကို သတိရမိပြန်သည်။ ကမ္ဘာပေါ်ရှိ တရားမဝင် အလုပ်သမားများ၏ ပြောင်းရွှေ့ 
ကျင်လည်မှုကြီးက အထိတ်တလန့်  တိုးပွားနေလေပြီ။ ကျွန်တော် တွေးမိသည်ကတော့  အနောက်ဖက်ကမ္ဘာ
များ၏ ဖွံဖြိုးတိုးတက်မှုနောက်သို့  အားခဲ၍ လိုက်ရသော အာရှနိုင်ငံများအဖို့  ဖွံဖြိုးတိုးတက်မှုအား ကြီးလာလေ
လေ လူတွေကွဲပြားခြားနားမှု ကြီးမားလာလေလေ ဖြစ်ပြီး လူတို့ ရပ်တည်မှုအတွက် လိုအင်ဆန္ဒများမှတစ်ဆင့် 
တရားမဝင် အလုပ်သမားများ ပေါ်ပေါက်လာသည်ဟု ထင်မိပါသည်။ အနောက်ကမ္ဘာသည် ကျွန်တော်တို့ ကို
အစိမ်းရောင် ဒေါ်လာနောက် ကောက်ကောက်ပါအောင် မြှူဆွယ် ခေါ်ဆောင်ခဲ့ပြီကိုး ..။

ကျွန်တော်ပင်လျှင် ထိုဒေါ်လာကို မက်မောရင်း လူပေါင်းများစွာကို ကုန်ပစ္စည်းအဖြစ် ဖလှယ်နေပါရောလား ။
ဒေါ်လာ ထွက်ရှာချင်သူများ ကျွန်တော်နှင့် တွေ့ သည်။ ကျွန်တော်က ကြားခံဘူတာရုံလေးအဖြစ် နီ၊စိမ်း၊ဝါ
အချက်ပြရင်း ခရီးသည်များအား ပို့ ဆောင်ပေးခဲ့ ရင်းဖြင့်  ဒေါ်လာကျေးကျွန် ဖြစ်နေခဲ့ လေပြီ။ လ.ဝ.က ဥပဒေ
နှင့် ကြည့်လျှင်တော့  ကျွန်တော့် မှာ အပြစ်များလှပေ၏။ ဧည့် သည်များအနေဖြင့်မူ ကျွန်တော်က သူတို့ ၏
ကျေးဇူးရှင် ဖြစ်နေခဲ့ ပါ၏။

တစ်ချီမှာတော့  ကျွန်တော် တွက်ကိန်း လွဲမှားခဲ့ သဖြင့်  မိတ်ဆွေတစ်ဦး သံတိုင်ကြားသို့  ကားနေအောင် ကျဆင်းသွားခဲ့ ရလေသည်။

တရုပ်ပြည်မှ ခရီးထွက်၍ ပြန်လာသော မြန်မာစာအုပ်တစ်အုပ် ကျွန်တော့် ထံ ရောက်နေသည်။ ထိုစာအုပ်ပိုင်ရှင်
မှာ လေဆိပ်၌ နောက်တစ်ခါ သည်စာအုပ်ဖြင့်  ဘယ်တော့ မှ လေဆိပ်သို့  ပြန်မလာတော့ ပါဟု ခံဝန်ချက်ပေး
၍ ထွက်လာရသူ ဖြစ်သည်။ ထိုစာအုပ်ကို ကျွန်တော်က ရ ထားသည်။ စင်္ကာပူမှ ပြန်လာသော မိတ်ဆွေတစ်ဦး
က ကျွန်တော့်အား သူ လေယဉ်ဖြင့်သာ မြန်မာပြည်သို့ ပြန်ချင်ပါသည်။ မြန်မာပြည်ရောက်မှ လ.ဝ.က ၌ အဖမ်းခံ
ဒဏ်ငွေဆောင်မည်ဟု ဆို၏။ စင်္ကာပူမှ သူ ငှားပြီး ထွက်လာသော စာအုပ်မှာလည်း ကျောင်းတက်နေသူ၏
စာအုပ်ဖြစ်၍ ယူသွားရန် မဖြစ် ။ ကျွန်တော် ခပ်ပေါ့ ပေါ့ ပင် သဘောထား၍ တရုပ်ပြည်မှ ပြန်လာသော စာအုပ်
ကို သူ့ အားပေးလိုက်မိသည်။ လေဆိပ်က သူ့ ကို ဖမ်းပြီး အချုပ်ချကာ နယ်စပ်သို့  ပို့ လိုက်ပါတော့ သည်။


( ဆက်ရန် )

...............................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

8 comments:

လရိပ်အိမ် said...

တကယ်အပြင်လောကအကြောင်းတွေဘဲနော်။ ဆက်ရန်ကိုမျှော်လင့်လျက်

လင်းခေတ်ဒီနို said...

ဖတ်လို့ အရမ်းကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းတယ် . . ဆက်ရန်ကို ကျနော်မျှော်နေပါတယ် အကို . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

Anonymous said...

အဖြေးလူ ရေ

ဖတ် ဖတ် သွားတယ်နော် လူတွေ ရဲ့ စရိုက် အမှန်ကို တွေ့နိုင်လို့ သိပ်ကောင်းတယ်

ရွှေစင်ဦး

...အလင်းစက်များ said...

အိုင့်ရော........ အဲ့သည်တစ်ယောက် အတွက်တော့ စိတ်မကောင်းစရာပဲဗျာ...။ ဘယ်လိုများ ပြန်ပြေလည်သွားပါလိမ့်။

ခုတော့ ဘားကုဒ်ပြောင်းတဲ့ ခေတ်ရောက်နေပြီဆိုတော့ ဘာတွေ ဆက်ဖြစ်ကြဦးမလည်း စိတ်ဝင်စားစရာ ဆက်လက်စောင့်မျှော် ကြည့်ရှု့ကြတာပ...

ကိုအဖြေးလူရေ... လာအားပေးသွားပါတယ်ဗျား။ ဖတ်ကောင်းပါ၏။

sosegado said...

ဖြစ်မှာဖြစ်ရလေ ဇာတ်လမ်းတွေပါပဲ၊ စောင့်ဖတ်နေပါတယ်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

မသိဖူးသေးတဲ့ အကြောင်းအရာတွေပါဘဲ
ကိုယ်တိုင်ကြုံရသလို စိတ်မောသွားတယ်
မြန်မာတွေ နိုင်ငံရပ်ခြားသွားဖို့လာဖို့ တကယ်ကို မလွယ်တာပါလားနော်

ဟန်ကြည် said...

တကယ်ကိုကျကျနန ရေးထားတာပါလား...ဖတ်ရင်းနဲ့ ရင်မောလာမိတယ်...အရေးအသားရော အတင်အပြပါကောင်းတဲ့ ဆရာမာန်ကိုလည်း ဖတ်နေရင်း လေးစားမိပါတယ်...ဟောလိဝုဒ်က စွန့်စားခန်း ၀ထ္ထုကို ဖတ်နေရသလို စိတ်ထဲက ထင်လာမိပါရဲ့...

မြတ်မွန် said...

မျှဝေပေးတာ ကျေးဇူးတင်လို့မဆုံး..