Tuesday, July 14, 2009

အမောဘယ်လိုဖြေရမယ် (ဒုတိယပိုင်း)

ကားကိုအရှိန်လျှော့ လာသည်ဟုခံစားမိ၍ ကျွန်တော်မျက်လုံးတို့  ဖွင့် ကြည့် လိုက်မိတော့ ရှေ့ သုံးကီလိုမီတာ
ခန့် တွင် ကားပိတ်နေသည်ဟု အီလက်ထရောနစ်သတိပေးဆိုင်းဘုတ်တွင် မီးတန်းဖြင့်  အချက်ပြရေးထား
သည်ကို တွေ့ လိုက်ရသည်။ သိပ်မကြာခင်ပဲ လမ်း၏ ညာဘက်ဆုံး အရေးပေါ်သုံး ကန့် သတ်လမ်းကြောမှ
ရဲကားနှင့် ဆွဲကားနှစ်စီးတို့ မီးတလက်လက်ဖြင့်  အပြင်းမောင်းတက်သွားသည်ကို တွေ့ လိုက်ရသည်။
အင်း... တိုက်ပြန်ပြီထင်တယ်.. ဟုရေရွတ်မိ၏ ကိုသိန်းထွန်းကိုလည်း " ခင်ဗျားလည်း သတိထားမောင်းပါဗျာ
လောစရာမလိုပါဘူး၊လူတွေကလည်းဘာဖြစ်နေလဲကိုမသိပါဘူး၊သိပ်အရေးကြီးနေယင် မနက်လေးနာရီထဲ
ကထမောင်းလာကြပါလားလို့ " ဟုပြောရာ၊ကိုသိန်းထွန်းက " နင့် ဖာသာနင်လာမောင်း " ဟု ပြန်ပြောယင်း
သူကျယ်လောင်စွာ ဖွင့် ထားသော ဇော်ဝင်းထွဋ္ဋ်သီချင်း၏ ဗော်လူးကို လျှော့ ချနေသည်။
ကျွန်တော်လည်း ညက ပို့ (စ)တစ်ခုတင်ထား၍ အိပ်ရေးမဝသောကြောင့်  ခဏပြန်မှေးလိုက်ဖြစ်သည်။

ညောင်ရမ်းက တစ်ခါပြောခဲ့ ဘူးတာကို ပြန်သတိရခဲ့ ပြန်ပါသည်။ ငါ့ မိန်းမကွာ.. ငါသင်္ဘောလိုက်နေတုံး မြန်မာ
ပြည်မှာ မေးယိုးကင်ဆာဖြစ်လို့  သူ့ ကို ခြောက်ထပ်ကြီးဘုရားမျက်စောင်းထိုးက နာမည်အကြီးဆုံး အထူးကုဆေးရုံ
ကြီးမှာ အရးပေါ်တင်လိုက်ရတယ်၊သူငယ်ချင်း ဒေါက်တာမျိုးထွန်းကို အကူအညီတောင်းတော့  မပူပါနဲ့ .. လိုအပ်
တာအကုန်လုပ်ပေးမယ်၊ ကြည့် ယူလိုက်ပါ့ မယ်ပြောလို့  တစ်ရက် လေးသောင်းခွဲပေးလိုက်ရတယ်၊ တစ်လခွဲကြာ
သွားတယ်၊ ဒဂုံက ငါ့ အိမ်နဲ့ ခြံလေးကုန်သွားတယ်၊ ဆုံးကာနီးကျမှ ရန်ကုန်ဆေးရုံကြီးကိုလွှဲလိုက်တယ်ကွာ.. တဲ့ ။

သူ့ပြောတာစဉ်းစားယင်း အဖေ့ ကို သွားသတိရမိပြန်သည်။
ကျွန်တော့် အဖေတုံးကလဲ ကင်ဆာနှင့် ဆုံးတာဖြစ်သည်။ တနေ့ အဖေရုံးကပြန်လာတော့  ရုံးကားပေါ်ကအဆင်း
ကျွန်တော်တို့ ရန်ကင်းသုံးထပ်တိုက်ပေါ်မတက်နိုင်တော့ ပဲ လှေကားထဲတွင် ထိုင်နေရသောကြောင့် ချက်ခြင်းပဲ
တောင်ဥက္ကလာ ခြောက်ကွေ့ မှ မေခလာအထူးကုဆေးခန်းကြီးကိုပို့ ရတော့ သည်။ ဓါတ်မှန်ရိုက်၊ဆေးစစ်လဲပြီးရော
တီ.ဘီ သံသယ လို့ ဆေးစာရေးပြီး ရန်ကုန်ဆေးရုံကြီးကို ညတွင်းခြင်းလွှတ်ပါတော့ သည်။
ဆေးရုံကြီးရောက်တော့  စရိတ်မျှပေးကျန်းမာရေး မူအရ ဖွင့် ထားသော ပိုက်ဆံခန်းကို ယူလိုက်သည်။ကျန်ညီအမ
သုံးယောက်လဲ သူတို့ ပါအဖေ့ ကို ကုမည်ဆိုပြီးလိုက်လာကြသည်။ တစ်ရက်သုံးထောင့် ငါးရာပေးရသည်။နေ့ ည
နာ့ (စ)နှစ်ယောက်ကသုံးထောင်၊သန့် ရှင်းရေးခ၊ ဆရာဝန်ခ အထွေထွေလျှောက်ပေါင်းလိုက်လျင် တစ်ရက်
တစ်သောင်းခွဲလောက်ရှိသည်။ နေ့ စဉ်ဆင်းဆင်းဝယ်နေရသည့် ဆေးဘိုးမပါသေးပါ။ အဖေ့ ကို ရောက်ကတဲက
အောက်စီဂျင်သွင်းထားရ၍ နေ့ နေ့ ညည အပြင်မှ အောက်စီဂျင် ပြေးပြေးယူနေရသည့် စရိတ်၊ သိမ်ဖြူရှိ အောင်စေ
ဆေးခန်းတွင် T.C scan ( တစ်ကိုယ်လုံးပက်လက်လှန်ပြီး ပြွန်ရှည်ရှည်ကြီးထဲတွင် ဝင်ရိုက်ရသည့် ဓါတ်မှန် )ဆွဲ
ရသည့် စရိတ် (တစ်ခါရိုက်ခုနှစ်ထောင့် ငါးရာဟုထင်သည်၊ လွန်ခဲ့ သော ၁၀ နှစ်ခန့် ကဖြစ်သည်၊) တို့ မပါသေးပါ။
စ တက်တက်ချင်းနေ့ တုန်းက အထူးကုဆရာဝန်ကြီးက နာ့ (စ)မကို သူ့ အခန်းထဲခေါ်သွားပြီး အခုတက်လာသည့် 
လူနာရှင်တွေက ငွေသုံးနိုင်သလား၊ အသင့် အတင့် လား၊ မသုံးနိုင်ဘူးလား ဆိုသည့်  မေးခွန်းသုံးခု မေးနေတာကို
ဆေးစာယူရန်လိုက်လာသော ကျွန်တော် အပြင်မှကြားလိုက်မိသည်။ ထိုမေးခွန်းသုံးခု၏ အဖြေနှင့် ပတ်သက်ပြီး
သူက ဆေးစာကို သုံးမျိုးခွဲရေးမည်ဖြစ်သည်။ ဆေးအကောင်းစား၊ အလတ်တန်းစား၊ အညံ့ စားတရုတ်ဆေး ဟူ၍။

အဖေ ပိုက်ဆံခန်းတွင် ရက်နှစ်ဆယ်ခန့် ကြာခဲ့ သည့် တိုင် အဖေ့ အတွက်တိကျသော အဖြေမထွက်ခဲ့ ပါ။
နေ့ စဉ် ဆရာဝန်များနှင့် ဟောက်ဆာဂျင်(ဆေးကျောင်းသား) များ အချိန်မှန်မှန်လာ၍ အဖေ့ ကုတင်ခြေယင်းမှ
ဆေးမှတ်တန်းများ၊ဓါတ်မှန်များကို ထောင်ထောင်ကြည့် ကြပြီး လေ့ လာသင်ယူနေကြစဉ် အစတုံးကတော့ 
ငါ့ အဖေအတွက်ပဲ.. ဟု အားတက်လိုက်မိသော်လည်း တီဘီလိုလို၊ ကင်ဆာလိုလို၊ မရေရာသော ခန့် မှန်းချက်များ
သာ ကြားနေရလာသောကြောင့်  မောင်နှမတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် လျှက် အားငယ်စိတ်ပျက်
ခဲ့ ရပါသည်။ နေ့ စဉ် တက်တက်လာသော အထွေထွေသော ဘောက်ချာတို့ ကို မြန်မာငွေစက္ကူများဖြင့်  အထုပ်
လိုက်ဆုပ်ကိုင်ရှင်းနေယင်းနဲ့ သာ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့ ရသည်။ အဖေကပက်လက်နှင့် ပင် သူတို့ 
ပြောပြောထွက်သွားသော ဆေးဘာသာရပ်ဆိုင်ရာဝေါဟာရများကို သူ့ ကိုအမြဲဝိုင်းကြည့် နေသော သူ့ မိသားစု
အား မမောနိုင်မပန်းနိုင် ပြန်ပြန်ရှင်းပြနေရှာသည်။

ရက်ပေါင်း နှစ်ဆယ်ပြည့် သောရက်တစ်ရက်၏ ည ၁၂နာရီခန့် တွင်အလှည့် ကျ အထူးကုဆရာဝန်ကြီးက
ကျွန်တော့် အမနှင့် ကျွန်တော့် ကို သူ့ အခန်းထဲခေါ်သွားပြီး၊တစ်နာရီကို ရှစ်ဆပွားနေသော အဆုပ်ကင်ဆာဖြစ်
နေကြောင်းတိကျသောအဖြေကိုပေးပါတော့ သည်။ အဖြေကိုပိုက်၍ အဖေ့ အခန်းထဲ မပြန်တော့ ချင်ပေမဲ့ အခန်း
ထဲခပ်ဆိပ်ဆိပ်ဝင်လာမိသော ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို အဖေကတည်ငြိမ်သောအကြည့် တို့ ဖြင့် 
အနားလာရန်လှမ်းခေါ်ပြီး နေ့ ခင်းထဲကသူသိပြီးကြောင်း၊ပဌာန်းကို ကျွန်တော်တို့ နှစ်ယောက်တလှည့် စီရွတ်ဖို့ 
ခပ်ရဲ့ ရဲ့ မှာပါတော့ သည်။ အဖေက သူ့ ခရီးအတွက် သူ့ခရီးအတွက်သူပြင်လေပြီ၊ အဖေ့ အတွက် နောက်ဆုံး
အနေဖြင့်  ဆိပ်ငြိမ်သောအခန်းလေးဖြစ်ဖို့ အတွက် အငိုလွယ်လွန်းသော အငယ်မနှစ်ယောက်နှင့် အမေ့ ကို
လောလောဆယ်မခေါ်တော့ ရန်ဆုံးဖြတ်ဖြစ်ကြသည်။

မနက်လေးနာရီတွင် အဖေဆုံးပါသည်။ တာဝန်ကျဆရာဝန်၏ အတည်ပြုချက်ရတောင်မှ ပဌာန်းရွတ်မရပ်ချင်သေး
သောအမကို ကျွန်တော်အတင်းပွေ့ ဖယ်ရပါသည်။ အကြောင်းကြား၍ နောက်ကျရောက်လာကြသော အမေနှင့် 
ညီအမနှစ်ယောက်၏ ဒေါသောဖြင့် ငိုယိုထုနှက်ခြင်းကိုလည်း ကျွန်တော်တို့  ကျေနပ်စွာခံယူခဲ့ ပါသည်။
တစ်သက်လုံး မိသားစုအတွက် ပေးဆပ်ခဲ့ ရသောအဖေ့ အတွက်ကျွန်တော်တို့  လုပ်နိုင်တာလေးလုပ်ခဲ့ ပေးတာပါ။

မနက် ခြောက်နာရီထိုးတော့ အဖေ့ ကိုပိုက်ဆံခန်းထဲကနေ ရေခဲတိုက်ထဲချဘို့  လှည်းတစ်စီးတွန်းဝင်လာတာ
တွေ့ ရသည်။ ကျွန်တော်ပါ အဖေ့ ကို နောက်ဆုံးအနေနှင့် ဝင်ပွေ့ ၍ လှည်းပေါ်တင်ပေးယင်း ဖြူညစ်ညစ်လှည်း
ပေါ်မှ သံဂျီးကွက်များကြားတွင် သွေးကွက်တစ်ချို့ ကိုတွေ့ လိုက်ရသည်။
အဖေမဆုံးခင် ညနှစ်နာရီလောက်က ပုဇွန်တောင်ဘက်တွင် ခြောက်ထပ်ကန်ထရိုက်တိုက်တစ်လုံး မြေကြီးထဲ
ရုတ်တရက်နိမ့် ဝင်ပြိုကျသွားသောကြောင့်  ထိုကဒ်များဖြင့်  တစ်ညလုံးသယ်ထုပ်နေသည်ဟု သိရသည်။
အဖေ့ လှည်းကို ကိုင်ပြီး အငွေ့ တစ်ထောင်းထောင်းထနေသော ရေခဲတိုက်ထဲအထိ ကျွန်တော်လိုက်သွားမိတော့ 
ညက သူတို့ ကောက်ထားသော အလောင်းထုပ်များကို စဉ်တွေပေါ်တွင်တွေ့ လိုက်ရသည်။
အဖေကတော့  ဒုတိယအဆင့် တွင် နေရာရပါသည်။ တစ်ညလုံး ချွေးတစ်လုံးလုံးဖြင့် ပူပူလောင်လောင် ခံစားခဲ့ 
ရသော အဖေ.. အခုတော့  အေးအေးဆေးဆေးနေရာတစ်ခု ရသွားပြီဟု။ ကျွန်တော် မျက်ရည်လုံးတို့ ကို အတင်း
ပုတ်ခပ်၍ ပြန်တင်နေမိသည်။ အပြင်မှာ ကျွန်တော့်  မိသားစု ကျန်ခဲ့ သေးတာကိုးလို့ ။

ကားညိမ့် ကနဲဖြစ်သွားသောကြောင့်  မျက်လုံးဖွင့် ကြည့် မိတော့  ကားတန်းကြီးကခပ်ကြပ်ကြပ်ဖြင့်  တရွေ့ ရွေ့ 
စ.. ရွေ့ နေတာတွေ့ နေရသည်။ ကျွန်တော်လည်း အပြင်လေတွေ နဲနဲပူလာသောကြောင့်  ဘေးမှန်ကိုပြန်တင်
လိုက်ယင်း အဲယားကွန်းကိုဖွင့် လိုက်မိပါသည်။
..................................................................................................................................................
[ ကျွန်တော်က ပေါ့ ပေါ့ ပါးပါးလေးနဲ့  ရယ်ရအောင် အမြဲတန်းကြိုးစားပြီးရေးခဲ့ ပေမဲ့  ရေးပြီးတိုင်း ကိုယ့် ဖာသာ
ကိုယ်ပြန်ဖတ်ပြီး မရယ်ရဘူးဖြစ်ဖြစ်နေတယ်ဗျာ။ဒါကြောင့် မရယ်ရပဲ စိတ်ညစ်စရာစာတစ်ပုဒ်ကိုရေးတင်ခဲ့ မိ
ပါတယ်၊ ရေးချင်တာစွတ်ရေးခဲ့ မိလို့  တောင်းပန်ယင်း ပြောချင်တာတွေရှိနေယင် ပြောချင်ရာပြောခဲ့ ဘို့ လည်း
မေတ္တာရပ်ခံပါရစေ.. လို့  ]
....................................................................................................................................................
( ဆက်ရန် )

8 comments:

khin oo may said...

တို့ အဖေ တုံးက ..................ဖတ်သူများစိတ်ဆင်းရဲမှာစိုးလို့......

khin oo may said...

ရေးချင်တာ ရေးပါ။ ဘာဖြစ်စေချင်လို့ဆိုပြီးမရေးပါနဲ့။

khin oo may said...

အဲသလိုဆို ရင် လုပ်အိုက်တင်ကြီးဖြစ်သွားလိမ့်မယ။်

khin oo may said...

ဝထ္ထုတို
ဆိုတော့ . တကယ်မဟုတ်ဘူးပေါ့။

kiki said...

ဘဝ ဆိုတာ ဒီလိုဘဲ​ လေ ။ ၂ လုံး တဲ နဲ့ တင် ရှုပ် ​နေရတာ ..ရယ်စရာ ​တွေရရော ငိုစရာ ​တွေ ပါ ​ရော​နေကြတာကိုး ။
ပျက် အစဦ် ... ပြင် မရ...
အဲဒါ ခု ဖြစ် ​နေကြတာ​တွေ​ပေါ့ ..
လူ​တွေအားလုံး လိုလိုပါဘဲ စိတ်ဓါတ်​တွေ ပျက်ကုန် ကြပြီ .၊.
ဇီဝက သမား​တော်ဆို တာ ဘယ်မှာ ရှိပါ​တော့ မလဲ လို့ ၊

ကိုအဖြူေ လး အ​ဖေ အတွက် စိတ် မ​ကောင်းပါဘူး။
ဘာပဲဖြစ်ဖြစ်ပပေါ့​လေ ၊ ​နောက်ဆုံး အ ချိန်မှာ ပြုစုလိုက်ရတာ နဲ့ ပဲေ ဖြသိမ့်  လိုက်ေ ပါ့ .​နော်

ခင်မင်လျှက်..
မကိ

ခြေလှမ်းသစ် said...

မြန်မာပြည်မှာ လူဖြစ်ရတာကိုက ဒီစစ် စနစ်ကြောင့် ကံကို ဆိုးတာဗျို့  ကျနော့်အဖေ မနှစ်က ဆေးရုံတက်တာ တပတ်ကို ၈ သိန်းကုန်တယ် ... ပီးတော့ ဘာမှ မထူးဘူး..
ကိုဇော်

ဂျစ်တူးလေး said...

ညီမငယ် ...ရင်ဘက်နဲ့ ဒီပို့စ်လေးကို ဖတ်သွားတယ်........အတွေးတခုရသွားတယ်...ညီမလေးတို့ ကိုကြီးနေရာမှာဆို အဖေဆုံးရှုံးရလို့
ဘယ်လိုနေမယ်မသိပါ....။ကိုကြီးရေ ဘာပဲဖြစ်ဖြစ်
ညီမလေးတို့လဲ တနေ့ ဒီအဖြစ်ကြီးကို ကြုံရအုံးမှာပါ.။

ကိုကြီး အားပေးလျှက်ပါ.....။

ချစ်ခင်စွာဖြင့်
ဂျစ်တူး

အနော် said...

ကိုအဖြူလေးရေ ကိုမြစ်ကျိုးအင်းရဲ့အဖြူလေးက ရယ်ရတယ် ပေါ့ပေါ့ပါးပါးနဲ့ဘဝကို အဖြူထည်သက်သက် ဖြတ်သန်းနေသလိုပဲ အခု အဖြူလေးက ရင်မောရတယ် ဒီပို့စ်လေးကို ဖတ်ပီး ရင်ထဲမှာ မကောင်းပါ......
စိတ်ညစ်စရာတွေ ကြုံတိုင်း ကိုမြစ်ကျိုးအင်းရဲ့အဖြူလေးနဲ့ ညောင်ရမ်းပို့စ်တွေကို လာလာဖတ်ပီး ရယ်ရပါတယ်
အခုတော့ နိုတွားဘီ ဟင့် :( :(