Wednesday, March 30, 2011

ရွက်လွှင့် ခြင်း ...။


အမြဲတန်း လှိုင်းလေထန်နေသော သံယောဇဉ် ပင်လယ်ပြင်ကြီးပေါ်ဝယ် ရည်မှန်းချက်ရွက်လှေကလေး၏
“ ရွက် ” ကို ၊ ကိုထွေး တစ်ယောက် လွှင့်ခဲ့ ပါပြီ ။ သံယောဇဉ် လှိုင်းတပိုးတို့  ဘယ်လောက်ပဲ တလိမ့် လိမ့် ဖြင့် 
မြင့် တက်လာပေမယ့်  သူ့ ရွက်လှေကလေးကတော့  လှိုင်းလေတွေအောက်ကို ရောက်မသွားနိုင်ခဲ့ ပါလေ..။
“ သူ ” ရွက်ကြိုး တို့ ကို နိမ့် ချဉ်၊ မြင့်ချီ၊ ရှေ့ နောက်၊ ဘယ်ညာ လူးလွန့် ၍ မြှုပ်လု မြှုပ်ခင်ဖြစ်နေသော သူ့ ရွက်
လှေကလေးပေါ်မှာ ဘယ်လောက်ကြာကြာ ဆုပ်ကိုင် ထိန်းကျောင်း နိုင်ပါမည်လဲ ...။


သုံးဘတ်ခွဲဖြင့် ဘတ်(စ)ကားစီး၍ ဂိတ်စမှ ဂိတ်ဆုံး လိုက်လေ့ လာခဲ့ ဘူးသော ဘန်ကောက်မြို့ ကြီး၊ လမ်းဘေး
ပလက်ဖောင်းပေါ်တွင် ရောင်းသော ငါးခူကင်၊ အသားဆုပ်ကင်( လုချင်း )၊ အမဲသားကင် အသည်များဖြင့် 
ရင်းနှီး ကျွမ်းဝင်ခဲ့ ရသော ဘန်ကောက်မြို့ ကြီး၊ အဆင်းရဲဆုံးဘဝ အလုပ်သမားဘဝအဖြစ်နှင့် လောကဓံကို
ကြံ့ ကြံ့ ခံနိုင်အောင် သင်ကြားပေးလိုက်သော ဘန်ကောက်မြို့ ကြီး၊ ချစ်သော လန်းဖိုင်( စာသိုက် ) နှင့်  တွေ့ ဆုံ
ခဲ့ ဘူးသော ဘန်ကောက်မြို့ ကြီး၊ ညနေခင်း နိဗ္ဗာန်ဈေးများဖြင့်  စည်ကားနေသော မြို့ တော်ကြီး၊ အငွေ့ တစ်
ထောင်းထောင်း ထနေသည့် မီးကင်အသားသွပ်များ၊ ငါးခူကောင်လုံးကင်များ နေရာမရွေး ဝယ်စားနိုင်သော
မြို့ တော်ကြီး၊ နှုတ်ခမ်းနီ၊ ပါးနီ မခြယ်သသည့် မျက်နှာဖြူနုနု မချောများ ကြီးစိုးသည့်  မြို့ တော်ကြီး၊ နိုင်ငံတကာ
မြို့ တော်ကြီးများကို အားကျမခံ တုမီအောင် ကြိုးစားနေသည့်  မြို့ တော်ကြီး၊ ပူပြင်းချောက်သွေ့ သည့် ရာသီဥတု
နှင့် ယာဉ်ပိတ်ဆို့ မှုကြောင့်  ချွေးဒီးဒီးကျနေသည့်  မြို့ တော်ကြီး၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် ယှက်ဖောက်
ထားသည့် အံ့ မခန်းမြို့ တော်ကြီးကို ဧည့်သည်သဘောမျှဖြင့် ကျွန်တော် ခုနှစ်ရက်ခန့် ပြန်ရောက်လာခဲ့ သည်။

စင်္ကာပူသို့  ရှိုးဂျော့ ဖြင့် သွားမည့် လူငယ်တစ်ဦးအဖြစ် ကျွန်တော် ခဏတာ ဝင်ရောက်ခဲ့ ခြင်း ဖြစ်သည်။ ဖိုင့် ကို
ကျွန်တော် သွားမတွေ့ တော့ ပါ။ သုံးနှစ်ပြည့်မည့် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လာမည်ဟု ကတိပေးထားပြီး
ဖြစ်သည်။ သူ မည်ကဲ့ သို့  ကျန်ရစ်ခဲ့ သည် ဖြစ်စေ၊ သူ့ ဘဝသူ ကောင်းကောင်း ထိန်းသိမ်းနိုင်မည်ကို ကျွန်တော်
သံသယမရှိ။ ကျွန်တော် မည်သည့်အခြေအနေ ရောက်ရောက် သုံးနှစ်ပြည့် လျှင် ပြန်လာမည်ကို သူ သံသယ
မရှိပါ။

ကျွန်တော် ဝင်ရောက်တည်းခိုသော အိမ်သည် ကျွန်တော်နေခဲ့ သော LATPHRAO လမ်းမကြီးနှင့် မဝေးကွာ
လှသော ရခမ်ဟမ်းလမ်းမကြီးမှ လမ်း ၈၁ ထဲ၌ ဖြစ်သည်။ တစ်နေ့  ဘတ်တစ်ရာ ပေးရသည်။ သင်္ဘောသား
အများစု နေကြသည်။ တစ်နေ့  ထမင်းနှစ်နပ် ကျွေးသည်။ စင်္ကာပူသို့  ဝင်လျှင် ပြောရမည့်စကားများ၊ ဖြည့်သွင်း
ရမည့် ဖောင်၌ ပါရှိသော မေးခွန်းများကို လေ့ကျင့်ရသည်။ ဗီဇာလျှောက်စရာမလို။ ဆယ့်လေးရက်ဖြစ်စေ၊ သုံး
ရက်ဖြစ်စေ၊ တစ်ပတ် ဖြစ်စေ ပေးချင်ပေးမည်။ ပြန်နှင်လျှင် နှင်မည်။ ဘာမှ မသေချာ။ အပြောအဆို၊ အမူအရာ
နှင့် ရှိုးမန်းနီးပေါ်တွင် မူတည်၍ လ.ဝ.က မှ ပေးဝင်လျှင် ဝင်နိုင်သည်။ ဗီဇာကို လေယာဉ်ကွင်းမှာပင် လျှောက်
နိုင်သည်။ အဝင်မခံ၍ ပြန်လာသူများကိုလည်း ၈၁လမ်း အိမ်၌ တွေ့ ရသည်။ နောက်တစ်ကြိမ် ပြန်ဝင်မည်ဟု
ဆိုသည်။ များသောအားဖြင့်  စာအုပ်အသစ်သမားများကို တစ်ကြိမ် တစ်ခါမှ မရောက်ဖူးသဖြင့်၊ လာရောက်
လည်ပတ်ပါသည်ဆိုလျှင် ဝင်ခွင့်ပြုသည်။

ကျွန်တော်နှင့် ပါလာသော ကျောက်တံတား လမ်း၄၀မှ ကိုမြင့်ဦးက ဘုရားစာကို မပြတ်ရွတ်နေသည်။
သူ့ အသက်က သုံးဆယ် ကျော်နေသဖြင့်( ဝှိုက်ကတ် )ထဲတွင် ကျောင်းသားဟု ဖြည့်ရခက်၊ ဝန်ထမ်းဟု ဖြည့်ရ
ခက်ဖြင့် နောက်ဆုံး ဈေးကွက်မန်နေဂျာဟု ဖြည့်လိုက်သည်။ ရှိုးမန်းနီးကို ဒေါ်လာငါးရာစီ ဆောင်သွားကြသည်။
မြန်မာနိုင်ငံ၊ နိုင်ငံခြားငွေဘဏ်မှ တစ်ဦးလျှင် ၆၂ ဒေါ်လာစီ လဲလှယ်ပေးသည်။

ကျွန်တော်တို့ သည် သူရဲကောင်းများသဖွယ် စင်္ကာပူလေဆိပ် ( လ.ဝ.က )သို့  ရင်ကော့ ကာ ဝင်ခဲ့ ကြသည်။
( လ.ဝ.က )ရောက်လျှင် ရှောင်ရမည့် ၊ အသားမည်းမည်း၊ ဝဝတုတ်တုတ် အမျိုးသမီးကြီးကောင်တာကို
လှေကားမှ ဆင်းလာရင်း မသ်မသာ ရှာမိသည်။ စင်္ကာပူလေဆိပ် ( လ.ဝ.က ) ကောင်တာတန်းကြီးသည် မြေ
အောက်ခန်းကြီးတစ်ခုထဲမှာ တည်ဆောက်ထားသည့် အလား၊ တိတ်ဆိတ် အေးချမ်းလွန်းလှသည်။ ဘန်ကောက်
လေဆိပ်ကဲ့ သို့  သွားလာလှုပ်ရှားသူများ နည်းပါးလှသည်။

ကျွန်တော်တို့  မြားညွှန်စာတမ်းများအတိုင်း ကွေ့ ကာ ကောက်ကာ ရောက်လာခဲ့ ကြပြီ။ မှာလိုက်သူက
“ ကိုယ့်အမေအိမ် ကိုယ်ပြန်လာသလို၊ သဘောထားပြီး ဝင်သွား ” တဲ့  ။ ရယ်စရာဟု ထင်ရသော်ငြားလည်း
ထိုစိတ်မျိုးဖြင့်ပင် ( လ.ဝ.က ) ရှေ့ သို့  ကျွန်တော် ရောက်သွားသည်။ ဘာမှ များများစားစားမမေးပါ။ အသားမဲမဲ
အဒေါ်ကြီးပင် ကျွန်တော့် စာအုပ်ကို ကြည့် သည်။

“ မင်းကျောင်းသားလား ” ဟု တစ်ခွန်းမေးသည်။ “ ဟုတ်ကဲ့ ” ဟု ကျွန်တော်ဖြေပြီး၊ သူ့ ရှေ့ မှ သကြားလုံး
တစ်လုံးကို ကောက်စားလိုက်သည်။ မည်သူမဆို စားခွင့်ရှိသည်ဟု အစ်ကိုက မှာထား၍ ဖြစ်သည်။ သူက ဘာမှ
မပြော။ ဆယ့်လေးရက်ဗီဇာ ပေးလိုက်ပြီ။ ကျွန်တော့် နောက်မှ ကိုမြင့်ဦးကိုလည်း ဘာမှမမေးပါ။ သူကျတော့ 
သကြားလုံးကို နှစ်လုံးတောင် ယူစားသည်။ သူ့ ကိုလည်း ဆယ့်လေးရက် ပေးလိုက်သည်။

အပြင်ရောက်တော့  တက္ကစီတန်းမှာ သွားရပ်၍ ကားစောင့်သည်။ အလှည့်ကျတက္ကစီပေါ်တက်၍ “ ရေရွှန်း”ဟု
ပြောကာ လိပ်စာကဒ်လေး ထုပ်ပေးလိုက်သည်။ မိနစ်နှစ်ဆယ်ခန့် မောင်းပြီး တိုက်ခန်းတွဲကြီးများထဲ ကွေ့ ကာ
ကောက်ကာ မာင်းဝင်လာရင်း၊ တိုက်ဘလောက်တစ်ခု ရှေ့ ၌ ကားရပ်ပေးသည်။ ကျွန်တော်တို့ လည်း ကားပေါ်
မှ ဆင်းပြီး ပစ္စည်းများယူကာ ငါးလွှာသို့  ဓါတ်လှေကားဖြင့်  တက်ခဲ့ ကြသည်။ အခန်းကို ရှာတွေ့ ၍ ဘဲလ်နှိပ်
လိုက်ရာ မြန်မာတစ်ယောက် တံခါးလာဖွင့် သည်။ ကျွန်တော့် အစ်ကို နာမည် ပြောသဖြင့်  တံခါးဖွင့် ပေးသည်။
အထဲမှာ မြန်မာသုံးလေးဦး တွေ့ ရသည်။ ဘယ်အခန်းမှာ နေရမှန်း မသိသေး၍ ဧည့် ခန်းမှ ဆိုဖာတွင် ဝင်ထိုင်
ကာ တီဗီကြည့် နေဖြစ်သည်။

ခဏအကြာတွင် အခန်းတစ်ခန်းထဲမှ ဘန်ကောက်တည်းခိုခန်းတွင် ကျွန်တော်နှင့် ရင်းနှီးဖူးသော ကိုဝင်းနိုင်ဦး
ထွက်လာသဖြင့် ၊ ကျွန်တော်တို့ အား အခန်းထဲ ခေါ်ကာ နေရာပေးသည်။ ကျွန်တော့်အစ်ကိုက ညဆယ်နာရီ
ကျော်မှ ပြန်လာမည့်အကြောင်း ရှင်းပြသည်။ သူ အလုပ်သွားစရာရှိ၍ ညကျမှ ပြန်ဆုံမည့် အကြောင်း ပြောကာ
ထွက်သွားတော့ သည်။ ကျွန်တော်တို့  နားနေစဉ် လူတစ်ယောက် ဖဲရိုက်ရန် လာခေါ်သဖြင့်  ကိုမြင့်ဦး ပါသွား၏။

ကျွန်တော် မအံ့ သြပါ။ မြန်မာများ လူစုမိလျှင် ဖဲရိုက်ကြသည်ကို ဘန်ကောက်တည်းခိုခန်းအိမ်တွင် တွေ့ ခဲ့ ပြီး
သား။ များသောအားဖြင့် အလုပ်လက်မဲ့ များစုပေါင်းပြီး ဖဲကစားလေ့ ရှိသည်။ ယခုလည်း ဖဲဝိုင်းက တဖြည်းဖြည်း
အရှိန်ကောင်းလာခဲ့ ပြီ။ ညရှစ်နာရီကျော်တွင် အလုပ်မှ ပြန်လာသူများအပြင် ဧည့်ခန်းတွင် တီဗွီကြည့်နိုင်ရန်
ဖဲဝိုင်းက အတွင်းခန်းသို့ ပင် ပြောင်းရွှေ့ လာခဲ့ ကြသည်။

ကျွန်တော် တိုက်အောက်ဆင်းပြီး ပတ်ဝန်းကျင်ကို လေ့ လာမိသည်။ ကျွန်တော်တို့ တိုက်နှင့် ကားလမ်းမကြီးမှာ
ဘာမှမဝေးပါ။ မြက်ခင်း ဆင်ခြေလျှောတစ်ခုသာ ခြားသည်။ ကားလမ်းမမှာ ကားအသွားအလာ မရှိသလောက်
နည်းပါး၏။ အဲယားကွန်း ဘတ်(စ)ကားများသာ အသွားအလာ များသည်။ လေယာဉ်ကွင်းမှ လာခဲ့ ရာ လမ်း
တစ်လျှောက်တွင် ထုထည်ကြီးကြီးမားမား အဆောက်အဦများမရှိ၊ လူနေတိုက်ခန်းတွဲတွေသာ တွေ့ ရသည်။
လူနေမှု အဆင့် မြင့်လှ၏။ မိုးပျံတိုက်ကြီးများထက် အေးချမ်းကျယ်ဝန်းသော လူနေတိုက်ခန်းတွဲများကိုသာ
စနစ်တကျ ဆောက်လုပ်ထားသည်။ မြို့ ထဲပိုင်းတွင် မည်သို့  ရှိမည်မသိ။

အစ်ကို ပြန်ရောက်သောအခါ၊ ကျွန်တော့် ကို ခေါ်၍ ထမင်းသွားစားကြသည်။ မနက်ကျလျှင် အလုပ်ဝင်ရမည်ဟု
ပြောသည်။ အင်္ဂလိပ်စကား လေ့ လာထားမှ ဖြစ်မည်ဟု ဆိုသဖြင့်  ကျွန်တော် တော်တော်စိတ်ညစ်သွားသည်။
လုပ်ရမည့် အလုပ်မှာ ရေကူးကလပ်ကြီးတစ်ခု၏ မီဖိုချောင်တွင် အချက်အပြုတ်အကူ လုပ်ရမည် ဖြစ်သည်။
စဉ်းစားရင်းပင် ကျွန်တော် စိတ်မသက်သာလှပါ။ အဓိကမှာ အင်္ဂလိပ်စကားကို ကျွန်တော် မယ်မယ်ရရ တစ်ခါမှ
မပြောခဲ့ ဘူး၍ ဖြစ်သည်။ အင်္ဂလိပ်ရုပ်ရှင်ကားကိုပင် ထိုင်းနိုင်ငံမှာ ထိုင်းဘာသာဖြင့်  ပြန်ဆိုထားသည့် ကားမျိုး
သာ ကြည့်ဖူးခဲ့ သည်။

ပညာမဲ့ သူ၏ ခံစားချက်မျိုးကို ကျွန်တော် လက်တွေ့  ကြုံရပြီ။ ည အိပ်ရသည်ကိုပင် စိတ်ကျဉ်းကျပ်လှသည်။
မနက် ရောက်တော့  အစ်ကိုက သူနှင့်အတူ အလုပ်သို့ ခေါ်လာခဲ့ သည်။ လမ်းမှာ ဘတ်(စ)ကားစီးလျှင်
သုံးသည့် ကတ်ပြားနှင့်အတူ သုံးစွဲပုံတို့ ကို ပြပေးသည်။် ကတ်ပြားလေးကို ကားရှေ့ ခန်းမှ တက်တက်ချင်း
လမ်းဘေး တယ်လီဖုန်းလို စက်တစ်ခုထဲ ထိုးထည့်လိုက်ရသည်။ ပြီးမှ ဘေးနားတွင် ရေးထားသည့်  ကိုယ်ပေး
ဆောင်ရမည့် ကားခကို ခလုပ်နှိပ်ရသည်။ ကတ်ပြားလေးက အောက်ဘက်ကနေ ကားလက်မှတ်နှင့် အတူ ပြန်
ထွက်လာသည်။ မြို့ နယ်အတွင်း ပတ်ပေးသော ကားများမှာ ကားခ နှိပ်စရာမလို၊ သုံးဆယ့် ငါးဆင့် ပုံမှန်ဖြတ်ပေး
သည်။ ရထားနှင့်  ဖြစ်စေ၊ ကားနှင့်  ဖြစ်စေ တစ်ဆင့် စီးလာပြီး နောက်တစ်ဆင့်  စီးခြင်းဖြစ်လျှင် စက်က အလိုလို
စီးခလျှော့ ၍ ဖြတ်ပေးသည်။

ဥပမာ ဆင့်ရှစ်ဆယ်ဖိုး စီးလာပြီးသူအား နောက်ထပ် ပြောင်းစီးလျှင် ဆင့် ရှစ်ဆယ်တန် ခရီးအား ဆင့် ခြောက်
ဆယ်သာယူသည်။ အကြွေ ထည့် စီးလျှင်တော့  အပြည့် ထည့်ရသည်။ ကတ်ပြားမှာ ငွေကုန်နေလျှင် ရထား
ဘူတာနှင့်  ကားဂိတ်များတွင် ငွေပေး၍ ကတ်ပြားကို ငွေထပ်သွင်းနိုင်သည်။ ဘဏ်ကတ်ရှိလျှင် ဘဏ်ကတ်ဖြင့် 
ကိုယ်တိုင် သွင်းနိုင်သည်။ အဆင့် မြင့်လှသည်။ ရထားမှာလည်း လျှပ်စစ်ရထားဖြစ်သည်။

ဤမျှ အဆင့်မြင့် သော တိုင်းပြည်သို့  ရောက်သောအခါ လောကကို ထီမထင်သည့် ဘဝကြမ်းကြမ်း ဖြတ်သန်း
လာသူ ကျွန်တော့် အဖို့  ကြောင်စီစီပင် ဖြစ်၍နေတော့ သည်။ ပညာရှင် ဦးစားပေးသော ပတ်ဝန်းကျင်မှာ
ကျွန်တော်အနေနှင့်  အံဝင်အောင် အတော်လုပ်ရမည်ကို တွေးပြီး သက်ပြင်းအခါခါ ချနေမိတော့ သည်။ နေပူပူ
မိုးရွာရွာ၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်နှင့် သူတင် ကိုယ်တင် အပြိုင်ကျဲကာ လုပ်စားချင်သူ ကျွန်တော့် အဖို့ 
“ လူအ ” ဖြစ်ရသော အခြေအနေ ဖြစ်တော့ သည်။
အလုပ်ခွင်ထဲ ရောက်တော့  ချုံးပွဲချ ငိုမတတ်ပင် ခံစားရတော့ သည်။

( ထိုင်းနိုင်ငံ ကို စွန့် ခွာခြင်းခေါင်းစဉ်ကို “ ရွက်လွှင့် ခြင်း ” ဖြင့်အစားထိုးမိပါသည်။ လူတိုင်း ရွက်လွှင့် ဘူးကြ
ပါလိမ့် မည်။ )


.........................................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

( ဆက်ရန် )



Friday, March 25, 2011

လက်ချည်း ပြန်ခဲ့ သူ


မျဉ်းပြိုင်နှစ်ကြောင်း ( သို့ ) မီးရထားသံလမ်းနှစ်ကြောင်း တို့ ကဲ့ သို့ ၊ ဘယ်တော့ မှ ပေါင်းဆုံဘို့  မဖြစ်နိုင်
တော့ သည့်  သူနှစ်ဦးရဲ့  အထပ်ထပ်ရစ်နှောင်နေမိသော သံယောဇဉ်အဖွဲ့ ကို သည်ဝတ္ထုအပိုဒ်လေးမှာ
ကျွန်တော်လာတွေ့ မိပါသည်။ ခွဲခွာကြဘို့  ဝန်မလေးသလို၊ ပေါင်းစုံဘို့ လည်း မမျှော်လင့်ပဲ နားလည်မှုများဖြင့် 
ချစ်ခဲ့ ကြပါသည် .. တဲ့ ။

တကယ်တော့  သံယောဇဉ်ဆိုတာက ရင်ဝမှာ မီးစကလေး လာကပ်ထားသလို တမျှင်မျှင် တငွေ့ ငွေ့  နှင့် လောင်
မြိုက်နေတာမျိုးပါ .. ဟု၊ ကျွန်တော် ဆိုကြည့်ချင်ပါသည်။

မေ့ မရပေမယ့် တစ်နေ့ ကျ တွေ့ မရအောင် ထားခဲ့ ရတော့ မည်ကို သိပါလျှက်ကယ်နှင့်  ....။


ကော့ သောင်းမှာ ကျွန်တော် ရှေ့ ဆက်မည့်  ခရီးစဉ်ကို စဉ်းစားနေဖြစ်သည်။ ရန်ကုန်မှ ပိုက်ဆံ လှမ်းမှာပြီး
ဘန်ကောက်သို့  ဝင်ရမည်။ ဘတ်ငွေ နှစ်သောင်းကိစ္စကို ဖြေရှင်းရမည်။ ယခုဆိုလျှင် ကျွန်တော်ပိုင်ပစ္စည်းများ
ကို အီစွတ်တို့  သိမ်းပြီးလောက်ပြီ။ ထိုပြဿနာကို ကျွန်တော်အရှုံးမပေးချင်။ အမေတို့ က ကျွန်တော့် ကို မဖြစ်
ဖြစ်သည့် နည်းဖြင့်  အိမ်ပြန်လာဖို့ ခေါ်သည်။ ပတ်(စ)ပို့  လာလုပ်ဖို့ ၊ ပြီးမှ ပြန်ထွက်ချင်ထွက်ပါဟု ဖုန်းဆက်ချိန်
မှာပြောလာကြသည်။ ကျွန်တော် ဆုံးဖြတ်ချက်ချလို့  မရသေး။ အမေတို့  ပို့ လိုက်သောငွေဖြင့်  ပြန်ရမှာကို ရှက်
နေသည်။

၃နှစ်ဆိုသော ကာလတွင် ကျွန်တော်ဘာမှဖြစ်မလာခဲ့ ။ ဖိုင်က ကျွန်တော့် ကို အမတန် အတ္တကြီးမားသူအဖြစ်
ချစ်ရှာသည်။ မိဘများက ပေတေလေလွင့် နေသူအဖြစ် ချစ်ကြသည်။ ကျွန်တော့် ကို ကျွန်တော်တော့  ထိပ်ဆုံး
အထိ အောင်မြင်ကျော်ကြားရမည့်  လူအဖြစ် ရည်မှန်းချက် ထားပြီး ချစ်သည်။

စိတ်ဓါတ်ကျစရာများကြောင့်  စိတ်ဓာတ်ကျသည်ကို ကျွန်တော် ဝန်ခံပါသည်။ ဒါပေမယ့်  ကျွန်တော့် ရည်မှန်း
ချက်အတွက်တော့ ကျွန်တော် ဘယ်တော့ မှ စိတ်မပျက်ပါ။ ပန်းရံသမားဘဝကပင် တိုက်အမြင့် ဆုံး အထပ်သို့ 
တက်၍ “ ငါ မြင့် မြတ်ရမယ်၊ ငါ ထက်မြက်ရမယ်ဟေ့  ...”ဟု ကျုံးကျုံး အော်မိတာ ခဏခဏပင်။ ရိုတီရောင်း
နေချိန်မှာလည်း ထိုစကားကို အမြဲရွတ်သည်။ ကျွန်တော် အကြီးအကျယ် ရှုံးနိမ့် နေသော ယခုလို အချိန်မျိုးမှာပင်
ထိုစကားကို စွဲစွဲမြဲမြဲ ရွတ်နေမိသည်။

ဖိုင်သည် ကျွန်တော့် အား .. ကျွန်တော်၏ ရည်မှန်းချက် ကြီးမားမှုကို ကြည့် ၍၊ တသိမ့် သိမ့်  ချစ်မြတ်နိုးနိုင်သော
အမျိုးသမီး ဖြစ်သည်။ ကျွန်တော့် ရှေ့ ရည်မှန်းချက်၊ လုပ်ရမည့် အလုပ်၊ ရွေးချယ်သည့် လမ်းတို့ ၌ ဖိုင်၏ကဏ္ဏ
အနည်းငယ်မျှပင်မပါဝင်။ သူနှင့်  ချစ်တင်းနှောနေရင်းကပင် ကျွန်တော့် ပန်းတိုင်အကြောင်း ပါလာလျှင်၊ သူက
မျက်လုံးလေးစွင့် ကာ၊ ကျေကျေနပ်နပ် နားထောင်ပေးတတ်သည်။ သူ့ ကိုမှ ကျွန်တော့် ဘဝ ဝင်မနှစ်မြုပ်သည်
မဟုတ်ပါ။ ဘယ်သူ့ ဘဝထဲကိုမှ ကျွန်တော် ဝင်နှစ်မြုပ်မည် မဟုတ်မှန်း ဖိုင်ယုံကြည်ထားသဖြင့် ၊ သူ ကျွန်တော့် 
ကို နားလည်ခြင်း ဖြစ်ပါမည်။
“ ဖိုင် ... ကျွန်တော် အရမ်းကြီးကျယ်ခမ်းနားသူ ဖြစ်ချင်တယ်ဗျာ။ ဒီဘဝအခြေအနေကို ကျွန်တော် အရမ်းမုန်း
တယ်၊ ကျွန်တော်ဟာ တစ်နေ့ မှာ ကြီးကျယ်ခမ်းနားသူ ဖြစ်ကိုဖြစ်ရမယ် ”
“ သိပ်မတွေးပါနဲ့ လားရှင် ... ရှင်ပဲ ပင်ပန်းနေမှာပေါ့  ”
“ ရတယ် ... ကိစ္စမရှိဘူး၊ ကျွန်တော် ဘာ့ ကြောင့်  အသောက်အစား၊ အပျော်အပါးတွေ မေ့ ထားသလဲ ဆိုတာ
ဖိုင် သိသလား။ ဘာမဆို လုပ်နိုင်အောင် ပြည့် စုံတဲ့ နေ့ ရောက်တဲ့အထိ ကြိုးစားဦးမှာ ဖိုင်။ ကျွန်တော် ဖိုင့်ကို
အချိန်မရွေး ခွဲချင် ခွဲသွားမှာပဲ။ ဒါပေမယ့်  တစ်နေ့ မှာတော့  ကျွန်တော် ဖိုင့် ဆီပြန်လာမှာပါ။ ကျွန်တော့် ကို
ယုံရဲ့ လား ”
“ ယုံပါပြီကောရှင် ... ကျွန်မတကယ့် ကို ယုံပါတယ်၊ ကျွန်မအတွက် စိတ်မပူနဲ့ နော် ”
ဖိုင်ဟာ ကျွန်တော့် ကို မေတ္တာအစစ်နဲ့ ချစ်တယ်ဆိုတာ ကျွန်တော်လက်မခံလို့  မရပေ။ ကျွန်တော့် မှာ
သူ့ ကြောင့် ပူလောင်ရတာ ဘာမှမရှိပေမယ့်  ကျွန်တော့် ဖာသာ ကျွန်တော်သာ ဧရာမမျှော်လင့် ချက်ကြီးများ
နှင့် ပူလောင်နေရခြင်းဖြစ်ပါသည်။

ချစ်စ ခင်စကတော့  သူ့ ဘဝထဲ ကျွန်တော်ဝင်ရနိုးနိုး ကျွန်တော့် ဘဝထဲ သူ ဝင်ရနိုးနိုးနဲ့  လွန်ဆွဲကြသေးသည်။
နည်းနည်းရင့်ကြက်လာတော့  ... ဘယ်သူမှ ဘယ်သူ့ ကို မပူလောင်စေပဲ၊ ရိုးရိုးလေး သံယောဇဉ်တွယ်တာ
အကောင်းဆုံးလို့ နားလည်လာခဲ့ ကြသည်။ အဲ့ ဒီတော့ မှ ကျွန်တော်တို့  နှစ်ယောက်လုံး က ဘဝတစ်သက်တာ
အတွက် တကယ်ပဲ မေ့ မရတော့ မယ့်  လူတွေအဖြစ် ကိုယ်စီ နားလည်သွားကြပါတော့ သည်။ ခွဲကြဖို့ လည်း
ဝန်မလေးကြသလို၊ ပြန်ဆုံတော့ လည်း ဆုံပေါ့ လေ။ တစ်ဦးနဲ့ တစ်ဦး အပစ်မတင်ကြဘဲ နေသွားဖို့  အလိုလို
သတ်မှတ်ပြီးသားလည်းဖြစ်ပါသည်။ သူ အိမ်ထောင်ပြုသွားရင်ဖြစ်ဖြစ်၊ ကျွန်တော် အိမ်ထောင်ပြုသွားရင် ဖြစ်ဖြစ်
ကျွန်တော်တို့ ဟာ လူဖြစ်ရတဲ့ အတွက် လူ့ ဘဝကို တည်ဆောက်ကြတာလို့  နားလည်ကြမည် ဖြစ်ပါသည်။

အံ့ သြဖို့ တော့  ကောင်းပါသည်။ တိုင်းပြည်မတူ၊ လူမျိုး မတူ၊ ဘာသာစကား မတူ၊ ဓလေ့ စရိုက်မတူတဲ့  လူသား
နှစ်ဦးဟာ ဘယ့် နှယ်လုပ်ပြီး မေတ္တာ နွယ်ယှက်ရာမှာ ငြိမ်းချမ်းစွာ တူညီသွားရတာလဲ ..။

ကျွန်တော့်ဘဝဟာ အမတန် ကြမ်းတမ်းဆိုးဝါးနေပါသည်။ အဲ့ ဒီဘဝထဲက ဟိုးအမြင့်ကြီးကို တက်ရမယ့် ခရီးဟာ
တကယ့်  တောင်စဉ် ခုနှစ်ရာမကပါပဲ။ အခုလည်း ကော့ သောင်းကနေ ရန်ကုန် ပြန်ဖို့ အရေး တစ်လလောက်
သောင်တင်နေပြန်ပြီ။

မှတ်ပုံတင် ပျောက်နေပါသည်။ တည်းတာက ၂မိုင်ပန်းခြံနားက ခင်မောင်လွင်တို့  အိမ်မှာဖြစ်သည်။
ခင်မောင်လွင်က သူ့ အကိုရဲ့  ဝါးလတ် ( ငါးလှေ ) မှာ ဝင်လုပ်နေပါသည်။ သန့် စင် ပြောလိုက်တာကို ကျွန်တော်
ပြန်စဉ်းစားရင်း အတော်အထင်ကြီးမိပါသည်။ သန့် စင်က ခန့် မှန်းပြောတဲ့ နေရာမှာ ဒက်ထိ မှန်တတ်သည်။
ခင်မောင်လွင်တို့  လှပူရီ ဝက်ရုံမှာ တစ်နှစ်လောက်ပဲ ကြာသည်။ ရရစားစား ဘဝကို စိတ်ပျက်ပြီး ကော့ သောင်း
ကို ပြန်လာကြခြင်းဖြစ်သည်။ ကျွန်တော့် ကိုလည်း သန့် စင်က “ အလှမ်းကျယ်ပြီး အလယ်လပ်မယ် ” ဟု ဟော
ကိန်းထုတ်ထားပါသည်။ ဟုတ်နေတာမို့ လည်း ကျွန်တော်ပြန်တွေးရင်း ပြုံးမိပါသေးသည်။

ထိုင်းနိုင်ငံမှာ အနေကြာသူတွေရဲ့  ထုံးစံအတိုင်း “ ပျင်း ပျော် ပျက် ပြေး ” ဆိုတာမှန်နေပြီ။ ရောက်ခါစက
ထိုင်းဘာသာစကား နားမလည်သူမို့ ပျော်ပွဲ ရွှင်ပွဲတွေလည်း ကိုယ်နဲ့ စိတ်မငြိတာမို့  ပျင်းတယ်။ အလုပ်ပြီးရင်
ထိုးအိပ်နေတော့ တာပဲ။ နောက်တော့  တီဗွီမှာ လွှင့် တဲ့ သီချင်းတွေ၊ ဇာတ်လမ်းတွဲတွေ၊ လက်ဝှေ့ ပွဲတွေကြည့် 
ရင်း ဟိုလျှောက်လည် ဒီလျှောက်လည်နဲ့  ပျော်လာတယ်။ ကျွန်တော်တို့  ထိုင်းကိုရောက်ပြီး နှစ်နှစ်လောက်
ကြာတော့  ကာတွန်းအတိုလေးတွေ စမ်းပြီး ဖတ်တတ်လာပြီ။ ရုပ်ရှင်တွေ၊ တီဗွီဇာတ်လမ်းတွေ ခံစားတတ်လာပြီ။

“ ပိုင်းနိုင်၊ ပိုင်းဒွေး၊ လောင်ကချွေ့ ဆောင်ဘတ် ” တို့  “ မိအလိုင်လုပေါင် ” တို့ ဆိုတာလေးတွေ လိုက်ဆိုတတ်
နေပြီ။ ရုပ်ရှင်တွေထဲမှာလည်း “ မယ်နာ ” သရဲကားကို ကြည့် လို့ ကောင်းမှန်း သိလာပြီ၊ စနေနေ့ လည်ဆိုရင်
တီဗွီ ( ၇ ) ရဲ့  live ရှိုးကို သွားကြည့်ရဲလာပြီ။ မော်ချစ်ဈေးရဲ့  အဟောင်းတန်းတွေကို မွှေနှောက်ရဲလာပြီ။
ကျောက်တိုင် အဝိုင်းကြီးနားမှာရောင်းတဲ့  အမဲသားကွေ့ တယိုကို တန်းစီပြီး စားတတ်လာပြီ။ ဖပ်ထိုင်းလို့  ခေါ်တဲ့ 
ထိုင်းခေါက်ဆွဲကြော်ကို ကြိုက်တတ်လာပြီ။ စဖန်ခွိုင်မှာ ပြတဲ့  ညစ်ညမ်းရုပ်ရှင် နှစ်ကားတွဲတွေကို နေ့ တစ်ဝက်
လောက် သွားကြည့်ရဲလာပြီ။

ဒါတွေဟာ ပျော်ရာကနေ ပျက်သွားတာ မဟုတ်လား။ အရက်၊ လောင်းကစားနဲ့  မိန်းမတော့  ကင်းသည်။
သောက်ဖြစ်တာတောင်မှ ကြုံတောင့် ကြုံခဲပါ။ ဒါပေမဲ့  ကျွန်တော့်စိတ်ဓါတ်များ ကြမ်းတမ်းလာ၏။ ကိုယ်ဖြစ်ချင်
တာ မဖြစ်မချင်း ကြိတ်ပြီး ကြံနေတော့ သည်။ ကျွန်တော် အခုလို ကော့ သောင်းမှာ သောင်တင်နေပေမယ့်  ..
ဘန်ကောက်ကို ပြန်ဝင်ဖို့  သွေးအေးအေးနဲ့  ဆုံးဖြတ်ပြီးသားပါ။ ဒါကြောင့်လည်း အဖေတို့ ဆီ ပြန်လာခဲ့ ပါသည်။
ကျွန်တော့်ကို တွေ့ လိုက်ရ၍ အဖေတို့  ဝမ်းသာကြသည်။ ဒါပေမဲ့  ကျွန်တော့်ရဲ့  စိတ်ဓါတ်ကို ကြိုသိနေကြတာမို့ 
တစ်ပတ်လောက်နေပြီး လုပ်စရာရှိတာလုပ်၍ ဘန်ကောက်ကို ပြန်ထွက်တော့  သူတို့  ဘာမှ မပြောကြတော့ ။

ကျွန်တော် ပြန်ထွက်လာတော့  ရန်ကုန်က သူငယ်ချင်းနှစ်ယောက် လိုက်လာကြပါသည်။ သူတို့ က နယ်စပ်မှာ
လုပ်စားချင်လို့ ဆို၍ ခေါ်လာခဲ့ ခြင်းဖြစ်သည်။ တစ်ယောက်က ကျွန်တော်ငယ်ငယ်တုံးက တော်တော်လေး ကူညီ
ခဲ့ ဘူးသည်။ ငယ်ငယ်တုံးက သူ့ မိဘတွေ တော်တော် ပြည့်စုံကြသည်။ ရပ်ကွက်ထဲမှာ တယ်လီဖုန်းလေးငါးလုံး
ရှိတဲ့ အိမ်တွေထဲမှာ သူတို့ လည်းပါသည်။ လမ်းထိပ်မှာ ထီဆိုင်ဖွင့်ထားလို့  တော်တော်ဝင်ငွေ ကောင်းကြသည်။
ယခု ပြန်တွေ့ တော့  အဆင်မပြေကြတာ မြင်ပြီး ကျွန်တော် သူတို့ ကို ကော့ သောင်းလိုက်ခဲ့ ဘို့  လမ်းစရိတ်ခံ
လိုက်သည်။ နောက်တစ်ယောက်ကတော့ ကျွန်တော့် အကို သူငယ်ချင်းဖြစ်၏။

ကျွန်တော့်  ဘတ်နှစ်သောင်းကိစ္စလည်း အဆင်ပြေပါသည်။ ကျွန်တော့် ဆီက ပိုက်ဆံယူစွားတဲ့ သူက သူ့ ဆီမှာ
ပြန်ယူပါလို့  ဆက်သွယ်လာသည်။ ရန်ကုန်က ကျွန်တော့် လိပ်စာကို သိလို့  လှမ်းဆက်သွယ်တာပါ။ အီစွတ်က
လူတစ်ယောက် လွှတ်လိုက်၏။ သူက အဲဒီလူဆီက ငွေချေးပြီး သူ့ အိမ်ကို လွှဲထားသည်။ အဲဒီလူ ပြန်တောင်း
တော့  ကျွန်တော့် ဆီမှာ သွားတောင်းဖို့  လွှဲချတာမို့  အဲ့ ဒီလူ ရောက်လာခြင်းဖြစ်သည်။ သူက ဘားအံမှာနေပြီး
ကျွန်တော်နှင့်  ထိုင်းမှာကတည်းက ရင်းနှီးပြီးသားဖြစ်သည်။

“ ကျွန်တော့် ကို တစ်မျိုးမထင်ပါနဲ့  ကိုထွေး၊ အီစွတ်ပြောတာကို မယုံလို့ ကို ကျွန်တော် တမင်လာခဲ့ တာပါ။
အစ်ကို့ ကို ကျွန်တော့် ပိုက်ဆံ လွှဲပေးတယ် ဆိုတာ ကျွန်တော် လုံးဝမယုံဘူး ”
“ ခင်ဗျားဆီက သူဘယ်လောက်ချေးထားလဲ ”
“ ကျပ်သုံးသောင်းဖိုး မကဘူး ”
“ ကောင်းပြီ .. ခင်ဗျား ငွေလိုနေရင် ဘန်ကောက်က ကျွန်တော်မှာပေးမယ်၊ မနက်ဖြန် စောင့် ယူသွားဗျာ။ ဒီငွေ
ဟာ ခင်ဗျားငွေလည်းမဟုတ်ဖူး၊ ကျွန်တော့် ငွေလည်း မဟုတ်ဖူး၊ အီစွတ်ငွေလည်း မဟုတ်ဖူး။ ဒါပေမဲ့ .. အီစွတ်
အခုလို အလွဲသုံးစား လုပ်တာ ခင်ဗျားကို သက်သေထားပြီး ကျွန်တော် ပေးလိုက်မယ် ”
“ ဟာ... ဒါဆို ကျွန်တော် မယူဘူး ကိုထွေး ”
“ ခင်ဗျား ငွေလိုနေတယ်ဆို ”
“ မဟုတ်ဘူး ... ကျွန်တော့် ကို ချေးပဲ ချေးလိုက်။ တစ်သောင်းဆို ရပြီ။ ကျွန်တော် ကိုထွေးကို ပြန်ပေးမယ် ”
“ ပြီးရော .. မနက်ဖြန်ညနေ လာယူဗျာ ”
“ ကျေးဇူးပဲ ကိုထွေး .. အီစွတ်တို့  အိမ်က နွားတွေ ကျွန်တော် သွားဆွဲခိုင်းတော့ မယ်။ ဒီကောင် ကျွန်တော့် 
အကြောင်း သိရက်သားနဲ့ ဗျာ ”

သူ ပြန်သွားတော့  ကျွန်တော် ဘန်ကောက်ကို ပြန်တက်ဖို့  မြန်မြန် ဆုံးဖြတ်လိုက်သည်။ ဘတ်နှစ်သောင်း ယူ
ထားတဲ့ သူဆီက လမ်းစရိတ်နဲ့  လိုငွေ လှမ်းမှာသည့် အခါ ချက်ချင်း ရောက်လာပါသည်။ ဖိုင့် ဆီကိုတောင်
“ တန်ဆောင်မုန်းလပြည့် နေ့  ” ရောက်အောင် လာခဲ့ မယ်လို့  စာထည့် ထားပြီးပြီ။

ကော့ သောင်း ရောက်တော့  ပါလာတဲ့  သူငယ်ချင်းနှစ်ယောက်ကို နေရာချပေးသည်။ လက်ဖက်ရည်ဆိုင်မှာ
အလုပ်ရပါသည်။ ကျွန်တော်လည်း ရနောင်းဘက်ကို ကူး၊ ချုံဘော်က သန့် စင်တို့ အစ်ကိုဆီ ဆက်သွယ်၊
ပြီးတော့ မှ ကယ်ရီသမားတွေနဲ့  ဘန်ကောက်ကို ပြန်ဝင်ပါသည်။ စုစုပေါင်း ကျွန်တော်ခရီးထွက်တာ နှစ်လနဲ့ 
ဆယ်ရက် အကြာမှာ ဘန်ကောက်ကို ပြန်ရောက်ခဲ့ ပါပြီ။

ရောက်ရောက်ချင်း ကျွန်တော်နဲ့  ဝမ်ခမရဲစခန်းမှာ အချုပ်အတူတူ ကျခဲ့ ကြတဲ့ “ အာမက် ” ဆီမှာ သွားတည်း
သည်။ ကျွန်တော်က သူ့ ကို ပတ်(စ)ပို့ စာအုပ် တစ်အုပ်ပေးမည်ဟု ကတိပေးထားသည်။ ရောက်ရောက်ချင်း
ကျွန်တော် ရှာပေးခဲ့ သည်။ သူက သူ့ ဆီမှာပင် တည်းရန်ပြောပါသည်။ ကျွန်တော် မတည်းချင်တာကြောင့် 
တစ်ညပဲ အိပ်ပြီး နောက်တစ်နေ့ တွင် အလုပ်ရှာ ထွက်ခဲ့ တော့ သည်။

နေ့ တစ်ဝက်ပင် မရှာရပါ။ latphrao Soi ( 42 - 44 ) လမ်းထိပ်မှ သစ်သားတံခါးဘောင်ဆိုင်တွင် အလုပ်ရခဲ့ ပြီ။
အီစွတ်တို့  လူစုလည်း ( လ.ဝ.က ) ဝင်မွှေ၍ ပြေးကြပြီ။ အဘိုင်ကြီး၏ ကုမ္ပဏီမှာ စာရွက်စာတန်း အတုများဖြင့် 
ဘင်္ဂလားဒေ့ ရှ်သို့  အပွိုင့် မင့် ပို့ သည်ဟု ဆိုကာ ဝင်ရောက်ရှာဖွေ ချိတ်ပိတ် ခံရသည်။ အီစွတ်ကတော့  မြန်မာ
ပြည် ပြန်ပြေးသွားသည်ဟု ကြားရသည်။ ကျွန်တော်လည်း ရိုတီ သွားမရောင်းချင်တော့ ။ ( လ.ဝ.က ) ဝင်ပြီးလျှင်
ဆက်လုပ်၍ မဖြစ်တော့ ပါ။

ကျွန်တော် အလုပ်ဝင်လုပ်သော သစ်သားတံခါးနှင့် တံခါးဘောင်ဆိုင်၏ ပိုင်ရှင်မှာ တရုပ်လူမျိုးများ ဖြစ်သည်။
ကိုးကန့် ဘက်မှ မြန်မာစကား အနည်းငယ်တတ်သော လူငယ်လက်သမားဆရာ နှစ်ဦးရှိသည်။ “ အကိုင် ” နှင့် 
“ အချိုင် ” ဟု သိရသည်။ ကျွန်တော်ကတော့  အလုပ်ကြမ်းသမားသက်သက်။ ( ၄၄ ) လမ်းထဲမှ ဂိုဒေါင်တွင်
သစ်များ သွားသယ်ပြီး ဆိုင်သို့  ကားဖြင့် ယူလာ၊ ဆိုင်ရှေ့ ရောက်လျင် ချပေး၊ ခွေပြီးသား တံခါးဘောင်များကို
ဆောက်လုပ်ဆဲ တိုက်များသို့  လိုက်ပို့ ၊ လွှစာများ ပြည့် လာလျှင် ကားပေါ် ကျုံးတင်၍ သွားပစ်။ မနက် ရှစ်နာရီ
မှ ညနေ ငါးနာရီအထိ၊ ငါးနာရီကျော်လျှင် အချိန်ပိုကြေး ပေး၏။ မနက်၊ နေ့ လည်၊ ညစာ သုံးနပ်ကျွေး၍ နေစရာ
ပေးသည်။ အလုပ်သမားအားလုံးထဲတွင် လစားဟူ၍ ကျွန်တော်သာ ရှိသည်။ ကျန်လူများမှာ ပုတ်ပြတ်အလုပ်
သမားများဖြစ်ပြီး နေ့ လည်ထမင်းတစ်နပ်ကိုသာ သူဌေးက တာဝန်ယူရသည်။ ပြီးလျှင် ကိုယ့် အိမ် ကိုယ်ပြန်ကြ
သူများ ဖြစ်သည်။ စနေနေ့  နေ့ ဝက်လုပ်၍ တနင်္ဂနွေနေ့ နှင့် အခါကြီး ရက်ကြီးများတွင် ပိတ်သည်။ ထိုနေ့ မျိုး
သည် ကျွန်တော့် အတွက် အောက်ဆိုဒ်ရသော နေ့ မျိုး ဖြစ်သည်။ ဆိုက် များမှ သစ်သားတံခါးဘောင်ဖြစ်စေ၊ တံခါးချပ်ဖြစ်စေ အရေးတကြီးမှာပါက တင်ခ၊ ချခ၊ သွားပို့ ခ အဖြစ် သူဌေးက တော်တော်ရက်ရက်ရောရော
ပေးသည်။ လွှစာများ သွားသွန်ရသည့်  ညဆိုလည်း ဘတ်နှစ်ရာ အောက်ထစ်ရပြီးသား။ ကျွန်တော်သည် အလုပ်
ကို မညည်း၊ ဆင်းရဲတာ ကုန်လျှင် ချမ်းသာမည်ဟု အံခဲထားသဖြင့်  ဘယ်လောက် ပင်ပန်းပင်ပန်း ဝဋ်ကြွေးကုန်
ဖို့  နီးပြီဟု တွေးတော ခံယူထားသူဖြစ်ပါသည်။

သူတစ်ပါး အလုပ်သမားဖြစ်သည့် တိုင် တားမြစ်ရသည်အထိ ကျွန်တော်လုပ်တတ်သည်။ သူဌေး၏ အစ်မဖြစ်သူ
တရုပ်မကြီး ( ဟောင်ကောင်နိုင်ငံသား ) ဆိုလျှင် ကျွန်တော့် ကို ဟောင်ကောင် လိုက်မလားဟု မကြာခဏ
ချစ်စနိုး ခေါ်ဝေါ်မေးမြန်းတတ်ပါသည်။ သူတို့ ကိုယ်တိုင်လည်း အလုပ်ကို လက်နှင့် မပြတ်အောင် လုပ်တတ်ကြ
သဖြင့်  အလုပ်ကို သူတို့  တားရသည်အထိ လုပ်သော ကျွန်တော့် အား ချစ်ခင်ကြသည်မှာ မဆန်းပါ။

ကျွန်တော့် တာဝန်မှာ အလွန်များသည်။ မနက် အိပ်ရာအထတွင် ဆိုင်တံခါးများဖွင့် ၊ တံမြက်စည်းလှည်း၊ အမှိုက်
ကျုံး၊ ထမင်းအိုး တည်ရသည်။ အော်ဒါရှိလျှင် သွားပို့ ရသည်။ တစ်ခါတစ်ရံ နေ့ လည် ထမင်းစားချိန်မှ ပြန်ရောက်
သည်။ ထိုနေ့ မျိုးတွင် သူဌေး၏သား အသီက ကျွန်တော့် ကို မုန့် ဖိုး သီးသန့် ပေးသလို၊ ဟင်းဖိုးပေးထားသော
ဝေစုကိုလည်း ကျွန်တော်ရ၏။

ဟင်းကိုတော့ ဆိုင်ရှေ့ နားက သင်္ဘောသီးထောင်းဆိုင်မှာဖြစ်စေ၊ ဟိုဘက် လမ်းထဲမှ ပါဆယ်ထုပ်ဟင်းဖြစ်စေ
နေ့ လည်စာ တစ်နပ်ကို တစ်ဦးလျှင် တစ်ထုပ်ကျ ဝယ်ကျွေးသည်။ မနက်အစောစာအတွက်မူ သူဌေးမက ထမင်း
ကြော်ဖြစ်စေ၊ ခေါက်ဆွဲကြော်ဖြစ်စေ အဆာပြေ ကျွေးသည်။ ကျွန်တော်မှလွဲ၍ မည်သူမျှ မစား၊ ညနေစာကို
တော့  နေ့ လည်မှ ဟင်းကျန်လျှင် ကျန်၊ မကျန်လျှင် သူဌေးမက ကျွန်တော့်အတွက် သူတို့  စားသောဟင်းကိုလာ
ပေးတတ်သည်။ ဟင်းဖိုးလည်း သီးသန့် ပေးသည်။ ဘတ်နှစ်ဆယ်ဆိုလျှင် ဟင်းဝယ်လို့  ရပြီ။ ကျွန်တော်က ဝယ်
စားလေ့  စားထ မရှိ။ ဟင်းကျန်နှင့်  စားပြီး ပိတ်ကားထောင်ရုပ်ရှင် သွားကြည့် သည်က များသည်။

ကျွန်တော့်  အလုပ်တာဝန်မှာ လက်သမားဆရာများ စက်ကြီးများဖြင့် သစ်ခွဲနေလျှင် ဖြစ်စေ၊ အပြားလိုက်လွှာ
လျှင် ဖြစ်စေ တစ်ဖက်မှ ထိန်းပေးရသည်။ သစ်ရွေးလျှင် ဂိုဒေါင်သို့  လိုက်သွားရသည်။ အချောသတ်ပြီးသော
တံခါးဘောင်၊ တံခါးချပ်များ၏ ဆက်ကြောင်းများထဲသို့  ရာဘာစေးကော် ထည့် ရသည်။ သံရိုက်စရာရှိလျှင် ရိုက်
ရသည်။ လက်သမားဆရာကြီးများ ညနေ ဝိုင်းဖွဲ့ ရန်အတွက် လိုအပ်သော အရက်နှင့် အမြည်းကို ဝယ်ပေးရ၏။
သူတို့ က ကျွန်တော့် ကို လက်သမားပညာ မသင်သည့် အတွက် ခဏခဏဆဲသည်။ ကျွန်တော်ကလည်း သင်ချင်
စိတ်ကို မရှိ။ သူဌေးမကပင် ကျွန်တော့် ကို ခေါ်ခေါ် ပြောသည်။

“ နင် ဘယ်လောက်အထိ အကူလုပ်နိုင်မှာလဲ၊ သင်ပေးနေတုန်းလေး သင်လိုက်ပါလား .. ”
“ ကျွန်တော် မသင်ချင်ဘူး ခင်ဗျာ၊ စင်္ကာပူသွားဖို့  ငွေစုနေတာပါ ”
“ ဟွန်း ... ”
သူဌေးမက ဆက်မပြောတော့ ပဲ သက်ပြင်းချသည်။ ကျွန်တော် သူဌေးမကြီးကို အမတန် လေးစားပါသည်။
ရန်ကုန်မှ ဖုန်းလာလျှင် ကျွန်တော်ရှိနေပါက ချက်ခြင်းလာခေါ်ခိုင်းသည်။ နေ့ လည် နေ့ ခင်း ကျွန်တော် အင်္ဂလိပ်
စကားပြော ကျက်နေလျှင် ဘာမှ လာမခိုင်းတော့ ။ ကျွန်တော့ ဘဝတက်လမ်းကို လွတ်လပ်စွာ ရှာခွင့် ပြုသည်။
သူ့ မှာ သမီးသုံးယောက်၊ သားတစ်ယောက် ရှိသည်မို့  ကျွန်တော့် အား စာနာသည်လည်း ဖြစ်ပါလိမ့် မည်။
ဆူလျှင် ငေါက်လျှင်တောင် ကျွန်တော့် အား လာပြန်ချော့ မြဲ ဖြစ်သည်။

တစ်ခါတော့  ကျွန်တော် မျက်ရည်ဖြိုင်ဖြိုင်ကျအောင် အဆူခံထိသည်။ သူဌေးက ဆူခြင်းဖြစ်သည်။ ကျွန်တော်
ကားမောင်းချင်လွန်း၍ “ အသီ ” အား ခွင့် တောင်းကာ ဂိုထောင်ထဲတွင် တစ်ပတ် စမ်းမောင်းကြည့် မိသည်။
မြေရှင်က သွားတိုင်သဖြင့်  သူဌေးရောက်လာကာ ကျွန်တော့် အား သူခိုးလုပ်တာလားဟုပင် ဆူပူ ကြိမ်းမောင်း
တော့ သည်။ ညနေကျတော့  ကျွန်တော် ထွက်သွားမည်စိုးသဖြင့် သူဌေးမက ကျွန်တော့် ကို လာချော့ သည်။
သူ ချော့ မှပင် ကျွန်တော် မျက်ရည်ကျမိတော့ သည်။

ထိုလတွင် လစာတိုးပေးသည့် အပြင် ဘောက်ဆူးလည်းပေးသည်။ ကျွန်တော်၏ လစာမှာ ဘတ်လေးထောင်ဖြစ်
၍ အချိန်ပိုကြေး မုန့် ဖိုးများပါ ထည့် တွက်လျှင် ဘတ်ခြောက်ထောင်နီးပါးရှိသည်။ ဆယ့် ငါးရက်တစ်ခါ လစာ
ရှင်းခွင့် ပေးသည်။ ကျန်လူများမှာ ပုတ်ပြတ်သမားများ ဖြစ်၍ ချေးငွေနှုတ်ပြီး ရှင်းပေးမြဲပင်။ ကျွန်တော့် ကိုတော့ 
တစ်လပြည့်မှ ယူရမည်၊ လက်ထဲ ထားလျှင် ကုန်သွားမည်ဟု ဆိုကာ တစ်လ တစ်ခါသာ ရှင်းပေးသည်။

ဖိုင်နှင့်  ကျွန်တော်တို့  နှစ်ပတ်တစ်ကြိမ်၊ သုံးပတ်မှ တစ်ကြိမ်သာ တွေ့ ဖြစ်တော့ သည်။
သူ့ ကို တွေ့ ဖို့  ကျွန်တော် ရှက်ရွံ့ အားငယ်နေ၏။ ကျွန်တော်သည် ထိပ်ဆုံးနေရာမှ အောက်သို့ မကြာခဏ ပြုတ်
ပြုတ်ကျသဖြင့် အထူးမခံစားရတော့ ပါ။ သူ့ ကိုတော့  တွေ့ ရမှာ ရှက်သည်။ ကျွန်တော့် အား လေကြီး မိုးကြီး
သမားဟု ထင်နေသလို ခံစားရမိသည်။

တွေ့ ကြသည့် အခါလည်း အရင်လို မပျော်ကြတော့ ။ ကျွန်တော် စင်္ကာပူသွားဖို့  ဆုံးဖြတ်ခြင်းသည် သူနှင့် 
ကျွန်တော် လွယ်လင့် တကူ ပြန်မဆုံနိုင်ကြတော့ မည်ကို အလိုလို သိနေကြသည်။

“ ရှင် အောင်မြင်မှာပါ၊ ကျွန်မအတွက် စိတ်မပူနဲ့ နော် ”
“ ကျွန်တော့် ကို ခွင့် လွှတ်ပါ ဖိုင် ”
“ ရှင် ပြန်လာမှာလား ”
“ ပြန်လာမယ်၊ ဒါပေမယ့်  .. မအောင်မြင်ရင် ဘယ်တော့ မှ မလာတော့ ဘူး ”
သူ မှိုင်သွားသည်။
ကျွန်တော့် အား သူဌေး ပေးထားသည့်  အလုပ်ရုံ၏ နောက်ခန်းအပိုလေးထဲတွင် သူနှင့်  ကျွန်တော် စကားပြော
နေကြခြင်းဖြစ်သည်။ တနင်္ဂနွေ တစ်နေ့ လုံးတွင် ထိုအခန်းအား ကျွန်တော်တစ်ဦးပိုင်အဖြစ်၊ လွတ်လပ်စွာ သုံးစွဲ
ပိုင်ခွင့် ရှိသည်။ ဖိုင်က ကျွန်တော့် ရင်ခွင်ထဲ တိုးဝင်ကာ သက်ပြင်းတွေ ချနေသည်။

ကျွန်တော် ဖိုင့်ကို ဤကဲ့ သို့  ပရိဒေဝ ခံစားရသူလိုမျိုး တစ်ကြိမ် တစ်ခါမှ မမြင်ခဲ့ ဘူးပါ။
“ ဝမ်ခမ ” ရဲစခန်းတွင် ကျွန်တော် အဖမ်းခံနေစဉ်ကပင်၊ သူ လာတွေ့ သောအခါ၊ အထဲမှာနေလို့  အသားတွေ
ဖြူလာတယ်၊ ကောင်မလေးတွေ လိုက်ငေးမနေနဲ့ နော်ဟု ရယ်ရယ်မောမော စ, ခဲ့ ဖူးသည်။

ဖိုင်အား ကျွန်တော် “ ဝမ်ခမ ” ရဲစခန်းမှ လွတ်လာသောနေ့ တွင် သူ၏ အပျိုစင်ဘဝကို သိမ်းပိုက်ခဲ့ သည်။
ကျွန်တော်က အချုပ်ထဲမှနေ၍ “ ဆယ့်လေးငါးရက်အတွင်း ရအောင်လာခဲ့ မယ် ” ဟု တင်းတင်းမာမာ ပြောလိုက်
သည်။ ဆယ်ရက်မြောက်နေ့ တွင် ကျွန်တော်လွတ်လာပြီး သူ့ အလုပ်ရုံရှေ့ ၌ သွားစောင့်နေသဖြင့် ၊သူကျွန်တော့် 
ကို ယုံကြည်၍၊ သူ့  အပျိုစင်ဘဝကို ပေးအပ်ခြင်း ဖြစ်သည်။

ယခု ဘန်ကောက်သို့  ပြန်ဝင်လာမည့် ရက်ကို တိတိကျကျ ပြော၍ “ တန်ဆောင်မုန်းလပြည့် နေ့  ” အရောက်
လာခဲ့ သောကြောင့် ၊ ကျွန်တော့်စကားများကို သူ ယုံကြည်နေသည်။ ကျွန်တော်အလုပ် သွားလုပ်မည့်  တိုင်း
ပြည်မှာ ထိုင်းနိုင်ငံလိုမဟုတ်။ အဖမ်းခံရလျှင် ကြိမ်ဒဏ်ပါ ထိမည်။ အင်္ဂလိပ်စကား မပြောတတ်လျှင် အလုပ်မရ
နိုင်။ ဒါတွေ အားလုံးမှာ အသေးအဖွဲကိစ္စ မဟုတ်။ ဒါကို ကျွန်တော်က ထမင်းစား ရေသောက်လို သဘောထား
နေသဖြင့် ၊ ဖိုင်က စိုးရိမ်နေသည်။ ကျွန်တော် တော်တော်နှင့်  ပြန်မလာတော့ မည်ကို သူ သိနေသည်။
“ သုံးနှစ်တည်းပါ ဖိုင်၊ ကျွန်တော် ၉၇ ခုနှစ် ကုန်ခါနီးမှာ လာခဲ့ မယ် ”
“ တကယ်လား ”
“ တကယ်ပါ ”
“ ကျွန်မတို့  .. ”
“ မပြောပါနဲ့ တော့  ဖိုင်၊ ကျွန်တော် ဘယ်တော့ ပဲဖြစ်ဖြစ် ဖိုင့်ကို မမေ့ ပါဘူး ”
“ မဟုတ်ဘူးရှင့် .. ရှင် အိမ်ထောင်ပြုတော့ မယ်ဆိုရင် ကျွန်မကို ကြိုပြီး သတိပေးဖို့ ပါ ”
“ ဖိုင်ကျတော့ရော .. ”
“ ကျွန်မ ရှင် အိမ်ထောင်မပြုသေးသ၍၊ လုံးဝပဲ၊ တကယ်ပါ၊ ကျွန်မ ဘယ်တော့ မှ မလိမ်ဘူး ”
“ ဖိုင် ”
“ ရှင် .. ”
“ ဖိုင် .. ကျွန်တော်နဲ့  ဘဝတစ်သက်လုံး အတူ သွားရဲသလား ”
“ ဘာများလဲ ရှင် ”
“ ဖိုင် သတ္တိရှိသလား ”
“ ရှင် ဖြစ်ချင်တာကို ပြောပါ ”
“ ကျွန်တော်နဲ့  ဖိုင် ကလေးယူမယ်၊ ဖိုင်မွေးပေးရမယ်။ ဒါဆိုရင် ကျွန်တော် ဘာပဲလုပ်နေနေ တစ်နေ့ မှာ ဖိုင်နဲ့ 
ပြန်ဆုံကြမှာပဲ ”
“ ကျွန်မ ရှင့်ကို ယုံပါတယ် ”
“ ဖိုင် သတ္တိရှိတယ်နော် ”
“ တကယ်ပါ .. ဒါပေမဲ့  ကလေးကို ကျွန်မပဲ ယူထားမယ်၊ ဘယ်လိုလဲ ”
“ အဲဒီလိုတော့ မဟုတ်ဘူး .. ကျွန်တော်ပြည့်စုံရင် ကျွန်တော့်နောက် ဖိုင်တို့  လိုက်ခဲ့ ပေါ့  ”
“ လောလောဆယ်တော့  မဖြစ်ဘူး၊ မိဘတွေရှိနေသ၍ ကျွန်မ မလိုက်ဘူးလို့  ကတိပေးထားတယ် ”
“ ကလေးယူတာ သူတို့  ဘာပြောမလဲ ”
“ မသိဘူးလေ ... ကျွန်မမှ အိမ်ထောင်မပြုတာ၊ ဘာပြောမှာလဲ ”
“ ဖိုင် ... ကျွန်တော့် ကို ခွင့် လွှတ်ပါ ”
“ ရပါတယ်ရှင် ... ကျွန်မအတွက် သောက မဖြစ်ပါနဲ့  ”

ကျွန်တော်တို့  နှစ်ဦးစလုံး၏ ဆန္ဒသည် ဤကမ္ဘာမြေပြင်ပေါ်ဝယ် တစ်ဦးနှင့် တစ်ဦး တွေ့ ဆုံ ကြုံကွဲ ဓမ္မတာ
သဘောကို ကျော်လွန်ကာ၊ ကျွန်တော်တို့  နှစ်ဦးပိုင် ညီညွတ်မှုဖြင့်  အင်မတန် ခက်ခဲ ရှည်လျားမည့်  သံသယာ
ခရီးစဉ် တစ်ခုကို ရေးဆွဲမိကြပါပြီ။

ဤသို့  မပြုမူလျှင် ကျွန်တော်နှင့်  ဖိုင်၏ ဘဝဇာတ်လမ်းသည် နောင်နှစ်ပေါင်း နှစ်ဆယ်ကြာသည့် အခါ ပြီးလွယ်၊
မေ့ လွယ် ဖြစ်သွားကြလိမ့် မည်။ ကျွန်တော်ရည်မှန်းသည့်  ဘဝခရီးလမ်းအတွက် ဖိုင်သည် ဘယ်တော့ မှ
အထောက်အကူ မပေးနိုင်ပါ။ ကျွန်တော် ကြိုးစားမည် ဆိုသည်ကို ဝမ်းမြောက်ဝမ်းသာ ဖိုင်က လက်ခံသင့်သည်။
ခွင့် ပြုခြင်းဖြင့် အားပေးသင့်သည်။ ကျွန်တော် အောင်မြင်ခဲ့ လျှင် သူနှင့်  ကျွန်တော်၏ ပန်းတိုင်ကို မည်သူမျှ
နှောက်ယှက်နိုင်မည် မဟုတ်။ ကျွန်တော်တို့ ၏ နှစ်ဦးပိုင်ဆန္ဒကို ရဲရဲရင့် ရင့်  အကောင်အထည်ဖော်ခြင်းသာ
ဖြစ်သည်။

ကျွန်တော်၏ တောင်စဉ်ခုနှစ်ရာ ခရီးစဉ်သည် ဘာတွေ ဖြစ်မည်ကို မပြောနိုင်သော်လည်း၊ ကျွန်တော် ဖြစ်ချင်နေ
သည့်  ရည်မှန်းချက်ကိုတော့  အသက်မသေသမျှ ဖြစ်အောင်လုပ်မည်ဟု ဆုံးဖြတ်ထားပြီးသူ ဖြစ်သည်။

ကျွန်တော့် ဘဝတွင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခု အဖြစ်မျိုး မကြာမကြာ ကြုံတွေ့ နေကျ ဖြစ်သဖြင့် ၊ အခက်
အခဲ မှန်သမျှသည် ကျွန်တော့်အတွက်တော့  အရည်အသွေး မြှင့် ဆောင်ပေးသော သားကောင်မျှသာ ဖြစ်သည်။
ပင်ပန်း ဆင်းရဲမှုဟူသည် ကျွန်တော့ ရဲ့  အားဆေးသဘောမျှသာ ဖြစ်သည်။ ကျွန်တော် ဆုံးဖြတ်ထားသော
ကျွန်တော့် ယုံကြည်ချက် သစ္စာကို မည်သူ လာဖျက်ဝံ့ သနည်း..။


( ဆက်ရန် )
...........................................................................................................................................



မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။













Monday, March 21, 2011

ပတ်(စ)ပို့ ဝယ်ရင်း အိမ်ပြန်ခဲ့ ရခြင်း ( ၃ )


သည်ဝတ္ထုလေးသည် ကမ္ဘာအရပ်ရပ်သို့  ပြန့် နှံ့  ရောက်ရှိနေသော ရွှေ့ ပြောင်းအလုပ်သမားများကို
ကိုယ်စားပြုမည်ဟုထင်ပါသည်။ ကိုယ့်ဘဝတက်လမ်းအတွက် ကိုယ့်တိုင်းပြည်ထက် အစစအရာရာ တိုးတက်
နေသော တိုင်းပြည်အသီးသီးသို့  နည်းမျိုးစုံဖြင့်  ဝင်ရောက်နေထိုင်ရင်း ကြိုးစားရုန်းကန်နေရသော ညီအကို
မောင်နှမများကိုလည်း ထင်ဟပ်ပြနေလိမ့် မည်ဟု တွေးမိပါသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ တစ်နေ့ တော့  ကျွန်တော်တို့ မြေကြီးက မလွှဲမသွေ တိုးတက်ပြောင်းလဲလာတော့ မည်ဟု
ကျွန်တော်မမှိတ်မသုန် ယုံကြည်လိုက်ချင်သည်။ ကစဉ့် ကလျား ပြန့် ကျဲနေရသော ကမ္ဘာအရပ်ရပ်မှ ညီအကို
မောင်နှမအားလုံး ထိုတစ်နေ့ တော့  ... အမိရင်ခွင်၊အမိမြေမှာ ပြန်ဆုံနိုင်ကြတော့ မည်ဟု ...။



ကျွန်တော် အချုပ်ထဲရောက်ပြီး ဆယ့်ရှစ်ရက်မြောက်နေ့ တွင် “ ခမင် ” များကို နယ်စပ်ပြန်ပို့ ရန် ကားများ
ရောက်လာကြသည်။ တာဝန်ကျ ရဲ က နာမည်များ တစ်ဦးချင်းစီ ခေါ်ပြီး တန်းစီခိုင်းထား၏။ လွတ်ကြတော့ မည်
ဆိုတော့  မပျော်သူ မရှိ။ အရင်က ကျွန်တော်တို့ နှင့်  ဖြစ်ခဲ့ သမျှ ပြဿနာများကို တောင်းပန်၍ လက်ဆွဲနှုတ်
ဆက်ကြသည်။ ကျွန်တော်တို့ ဘက်ကလည်း ဝမ်းသာအားရ နှုတ်ဆက်ကြသည်။ သူတို့ လိုပဲ ဝမ်းသာကြပါသည်။
အချုပ်ဆိုတာ ဘယ်သူပဲ လွတ်လွတ် ကျန်တဲ့ သူပါ ဝမ်းသာကြသည်ကိုး။

“ ခမင် ” များကိုခေါ်သွားပြီး ကျွန်တော်တို့ အား လူဟောင်းလူသစ်ခွဲကာ ထိုအခန်းသို့  လူဟောင်းများကို ပြောင်း
နေခိုင်းသည်။ လူသစ်များကို တစ်ခန်းထားသည်။ ခမင်များနေသွားသည့်  အခန်း၌ ကြမ်းပြင်အောက်တွင်ရေဝတ်
မနေ၊ အလင်းရောင်လည်းပိုရ၏။ တစ်ခုခက်သည်က အရင်အခန်းထဲမှနေ၍ အပြင်သို့  ဈေးဝယ်ခိုင်းရန် လွယ်၏။
ဈေးဝယ်လိုလျှင် ရေချိုးခန်းဘောင်ပေါ်မှတဆင့် သစ်သားပေါက်ကို လှမ်းတွယ်ပြီး သံဆန်ခါကြားမှ ဈေးဝယ်ပေး
မည့် ကလေးများကို စောင့်ရသည်။ ထိုကလေးများမှာ ရဲသားသမီးများ ဖြစ်သည့် အတွက် ဈေးဝယ်ပေးခြင်းကို
အသားကျနေပြီ။ သံဆန်ခါအပေါက်မှာ လက်တစ်ဖက်စာသာ ရှိ၍ မြန်ဖို့ တော့ လိုသည်။ အပြင်မှ ပစ်ပေးနေချိန်
ရဲ တစ်ယောက်ယောက် တွေ့ သွားလျှင် မစားသာ။ ကလေးရော ဝယ်ခိုင်းသူပါ ခံရမည်။ တန်းစီးကတော့  ကိုယ်
ဖြစ် ကိုယ်ခံဟု ပြောထားပြီးပြီ။

ရဲ သိသွားလျှင် မုန့် က ပြဿနာမရှိပေမယ့် ၊ ဆေးလိပ်ကျတော့  ပြင်းပြင်းထန်ထန် ဒဏ်ခတ်မှာ သေချာသည်။
တစ်ခါတစ်ရံ ညကြီး နှစ်နာရီလောက် ရှောင်တခင် ဝင်စစ်တတ်သည်။ ဆေးလိပ် မိသွားသူဆိုလျှင်
ကောင်းကောင်းကြီး အရိုက်ခံရသည့် အပြင် လွှတ်မည့် ရက်ကို နောက်ဆုတ်ခံရသည်။ ထိုအခါမျိုးတွင် တန်းစီး
တော်လျှင် တော်သလို အချုပ်သားများ သက်သာမည်။ တန်းစီးတော်မှဟု ကျွန်တော်ပြောရခြင်းမှာ တန်းစီး
ဘာကြောင့် တော်ဖို့ လိုသလဲဟု မေးဖွယ်ရှိသည်။

တန်းစီး ဖြစ်လျှင် ...
သူသည် ထမင်းပို့ တာဝန် ယူရသည်။ လွှတ်ရက်တွင် ကားခ မလို။ ထမင်းပန်းကန် အပိုရသည်။ အပြင်မှ ရဲ က
အလုပ်သမား လာခေါ်လျှင် သူက ရွေးပေးပိုင်ခွင့် ရှိသည်။ အပြင်မျက်နှာစာတွင် လွတ်လွတ်လပ်လပ် အိပ်ခွင့် 
ရသည်။ အထူးခြားဆုံးအခွင့် အရေးမှာ တစ်ဖက်ခန်းမှ အမျိုးသမီး အချုပ်သားများနှင့် စကားပြောခွင့် ရှိသည်။

တန်းစီးဖြစ်ဖို့  အရည်အချင်းတော့ လိုသည်။ လွယ်လွယ်တော့ မရနိုင်။ ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာ
ပြောဆိုနိုင်ရမည်။ ခန္ဓာကိုယ် သန်မာထွားကျိုင်းရမည်။ မိုက်ရဲရမည်။ တစ်ခါတစ်ရံ အချုပ်ထဲသို့  ရောက်လာ
သော ထိုင်းအချုပ်သား သောင်းကျန်းလျှင် ရဲက ဆုံးမခိုင်းသည်နှင့်  သွားရောက် ဆုံးမရဲရသည်။ မလုပ်လို့ မဖြစ်။
ထိုကိစ္စမျိုးက မကြာမကြာ ဖြစ်တတ်သည်။ ထို့ ကြောင့် တန်းစီးသည် ဘာသာပြန်သူ၊ မိုက်ရဲသူ၊ ပါးနပ်သူ၊
သဘောထားကြီးသူ စသည့် အရည်အချင်းများနှင့်အတူ နောက်ခံအုပ်စု တောင့်တင်းဖို့ လည်း လိုသည်။ တန်းစီး
နှင့် အချုပ်သား ရန်ဖြစ်လျှင် ရဲက ဘယ်တော့ မှမပါ။ တန်းစီးခံရလျှင် နိုင်သူ တန်းစီးလုပ်၊ တန်းစီးနိုင်လျှင် ဆက်
လုပ်။

ထို့ ကြောင့်  တန်းစီးကောင်းတစ်ယောက် ဖြစ်ဖို့ အတွက် မလွယ်လှ။ သို့ ပေမယ့် ယခုတန်းစီးမှာ တော်ပါသည်။
မြှောက်ထိုးပင့် ကော် သိပ်မလုပ်။ သူတို့  ရခိုင်သားအုပ်စုက ဆယ်ယောက်လောက်ရှိသည်။ ကရင်အုပ်စုနှင့် 
ဗိုလ်လုပွဲတော့  နွှဲတော့ မယောင် ဖြစ်နေသေးသည်။ လူဟောင်းများအား အခန်းခွဲလိုက်သဖြင့် ဘာပြဿနာမှ
မဖြစ်တော့ ။ ရခိုင်အုပ်စုက ကျွန်တော်တို့ နှင့် လာကျသည်။ အားလုံးပေါင်း အခန်းထဲတွင် လူလေးဆယ်ခန့် 
ရှိသည်။ အခန်းထဲမှာ မအိပ်ချင်သူများက အပြင်လမ်းတွင် ထွက်အိပ်၍ မနက်ကျမှ အခန်းထဲ ပြန်ဝင်ကြသည်။

ကျွန်တော်တို့  အခန်းထဲမှ အပြင်သို့  ဆေးလိပ်ဝယ်ခိုင်းလိုလျှင် တစ်ဖက်ခန်းကို ညှိရသည်။ ကော်မရှင်ပေးပြီး
ဝယ်ခိုင်းရသည်။ မုန့် တစ်ထုပ်ဝယ်လျှင် တစ်ခု၊ ဆေးလိပ်ဝယ်လျှင် သုံးထုပ်လျှင် တစ်ထုပ် ပေးရသည်။ အားလုံး
သဘောတူကြသည်။ တဖြည်းဖြည်းအချုပ်သားသစ်များ ထပ်ရောက်လာသဖြင့် အလုပ်ထွက်လုပ်သည့်  ပြဿနာ
ပေါ်လာသည်။ ခမင်များ မရှိတော့ သဖြင့်  ကိုယ့်အချင်းချင်း ရန်ဖြစ်ကြသည်။ တန်းစီးက ထိုကိစ္စကို မကိုင်တွယ်
တော့ ။ ဦးရာလူလိုက်ဟု ခွင့် ပေးလိုက်သည်။ အလုပ်ထွက်လုပ်လိုလျှင် မနက်စောစောထ၍ တံခါးဝနားမှာ
သွားရောက် တန်းစီ ထိုင်နေရသည်။ မလုပ်ချင်သူများကိုတော့  အခန်းထဲမှာ နေစေသည်။ အပြင်မှာထွက်ထိုင်
နေလျှင် အလုပ်ထွက်လုပ်မည့်သူများနှင့် ရောထွေးနေကာ ရဲ က မျက်စေ့ နောက်မည်။ အပြင်က ရဲ က ဘယ်
နှစ်ယောက် ထွက်ခဲ့ ဟု ခေါ်လျှင် ( နာမည်မပါပါက ) အနီးဆုံးလူ ထွက်ခွင့်ရှိသည်။

တစ်ချို့ ရဲတွေက လာခေါ်နေကျ လူကိုသာ နာမည်တတ်ပြီး ခေါ်ခိုင်းတတ်သည်။ တစ်ခါတစ်လေတော့  ရယ်ရပြန်
သည်။ ရဲက ထိုင်းဘာသာစကားဖြင့် တရားရုံးသွားရမည့်သူကို လှမ်းခေါ်သည်။ နားမလည်သောသူက အလုပ်
ခေါ်သည်မှတ်၍ တိုးထွက်သွားသည်။ ရဲက နာမည်မေးတော့ မှ ယောင်အအဖြစ်ကာ အဆဲအဆိုခံရတော့ သည်။
နားရင်းအုပ်ခံလျှင် ခံရသည်။ များသောအားဖြင့် ထိုင်းဘာသာစကား နားမလည်သူများ ကြုံရသည်။ အလုပ်လာ
ခေါ်သည့် ရဲကလည်း ထိုင်းစကား တတ်သလားဟု မေးပြီးမှ ခေါ်လေ့ ရှိသည်။ သုံးလေးဦးထဲမှ တစ်ယောက်
တတ်လျှင် ကိစ္စမရှိပါ။ တစ်ဦးတည်း ခေါ်လျှင်တော့  စကားမတတ်လျှင် ခိုင်းလို့ မရသဖြင့်  ထားရစ်ခဲ့ တတ်သည်။

ဘာပဲဖြစ်ဖြစ် မိုးလင်းလျှင်တော့  တံခါးဝ၌ အလုပ်စောင့် နေသူများ တန်းစီနေတတ်သည်။ စနေ၊တနင်္ဂနွေနေ့ 
များ ဆိုလျှင် ကျွန်တော်တို့ ကိုပင် လာခေါ်ရသည်အထိ အလုပ်ပေါ်တတ်သည်။ လုပ်နေကျ အလုပ်သမားများ
အပြင်ပါသွားသဖြင့် လွတ်ရက်နီးသူများကို လွတ်ရက်နီးသူများကို တန်းစီးက လာခေါ်သည်။ မလိုက်ပေးချင်၍
မရတော့ ။ ထမင်းစားချိန်ကျော်မှ ပြန်လာလျှင်လည်း ကိစ္စမရှိ၊ တန်းစီးက ထမင်းကို သိမ်းထားပေးသည်။ အပြင်
မှ စားလာ၍ မစားချင်တော့ လျှင်လည်း တစ်ခြားသူကို ကျွေးလိုက်ရုံသာ။ တစ်ခါတစ်ရံ အပြင်မှ စားစရာများပင်
ပါလာတတ်သည်။ ပြန်လာကြသူချင်း ငါ့ အလုပ်ရှင်က ဘယ်လို ဘယ်ဝါ ကြွားဝါကြသည်။ နောက်တစ်ခါ ခေါ်ရင်
မင်းတို့ ကိုပါ ခေါ်သွားမယ်ဟု လူဇော်လုပ်ကြသည်။

အလုပ်လိုက်သွားပြီး ဒေါသနှင့်  ပြန်လာသူလည်း ရှိသည်။ ကပ်စေးနှဲသော အလုပ်ရှင်နှင့်လည်းကောင်း၊အပေါက်
ဆိုးသည့်  အလုပ်ရှင်နှင့်လည်းကောင်း ကြုံရပါက လုပ်ရသည်နှင့် စားရသည်မှာ မကာမိဘဲ ဆဲဆိုညည်းထွား
ရတော့ သည်။ နည်းနည်း လူရည်လည်သောသူက လာခေါ်သော ရဲကို ကြည့် ၍ အလုပ်မဖြစ်လောက်သည့် 
ရဲ ဖြစ်နေလျှင်အသာလျှိုနေလိုက်သည်။ မြန်မာများ ပါးရည်နပ်ရည်ရှိသည်မှာ ထိုကိစ္စမျိုးက လက်တွေ့ တစ်ခုပင်။
ဘာပဲဖြစ်ဖြစ် ရဲက မြန်မာအချုပ်သားကို မမုန်း၊ အချုပ်သားကလည်း ရဲကို မမုန်းပါ။ အပြင်ရောက်လျှင်တော့ 
ူသူ့ အလုပ် သူလုပ်ကြသည်။ ရဲကလည်း ဖမ်းစရာရှိလျှင် ဖမ်းနေကျ၊ မြန်မာကလည်း ရှောင်နေကျ။ အခန့် မသင့် 
လျှင် အချုပ်ထဲ ပြန်ရောက်ရင်း သံသယာလည်ပြန်သည်။ မည်သည့်အခါမှ ထိုကိစ္စက ပျောက်သွားခြင်း မရှိပါ။

ကိုတင်အေး၏ ဘဝရေးရာကို ဆက်ဆွေးနွေး ဖြစ်ကြသည်။
“ ကျွန်တော် တစ်ခါတစ်လေ ပြန်ဖို့ စိတ်ကူးပါတယ်။ ထွက်လာတာ ကြာပြီဆိုတော့  ငွေများများ မပါရင် မပြန်ချင်
ဘူး။ ရောက်ရင်လည်း ပြန်လာဖြစ်တော့ မှာမဟုတ်ဘူး။ ကျွန်တော်မိုက်တာပါ .. ကော့ သောင်းမှာ အရက်မူးပြီး
ဒုတိယ အိမ်ထောင်ထပ်ကျတယ် ”
ကျွန်တော်က ခေါင်းညိတ်ပြရင်း ကိုတင်အေးစကားကို ဆက်နားထောင်နေမိသည်။
“ ခြောက်လလှေ လိုက်တော့  ပိုက်ဆံတော်တော်လေး စုမိပါတယ်။ ကျွန်တော်တည်းနေကျ ကော့ သောင်းအိမ်
မှာ ရွှေလေးကျပ်သား ငွေသုံးသောင်းကျော် အပ်ထားပြီးပြီ။ နောက်တစ်ခေါက် ပြန်မယ်ပြန်မယ်နဲ့ တစ်ခေါက်ပြီး
တစ်ခေါက် ကြာနေဖြစ်ပြီး သောင်တင်နေရော။ လှေနားတဲ့  ရက်တွေမှာ ကော့ သောင်းမှာပဲ နေတာများတယ်၊
အိမ်ရှင်က ကျွန်တော့် ကို သားလိုပဲ ချစ်တာ၊ အဲ့ ဒီအိမ်နံဘေးမှာ မောင်းထောင်ဘက်က မိန်းမတစ်ယောက်
အပ်ချုပ်တယ်။ ကျွန်တော်နဲ့ လည်း ခင်ပါတယ်၊ အိမ်ရှင်က အဲ့ ဒီမိန်းမနဲ့  ကျွန်တော့် ကို စပ်နေတာ ကြာပြီ။
ကျွန်တော်က ငြင်းပါတယ်။ ကလေးတွေ မျက်နှာက ရှိသေးတယ်လေ ”
ကိုတင်အေးက စကားဖြတ်ရင်း ရေဘူးဖွင့် ကာ ရေသောက်သည်။ ပြီးတော့ မှ ...
“ တစ်နေ့  ကျွန်တော် အရက်မူးပြီး အိပ်ပျော်နေတုန်း၊ အဲ့ ဒီမိန်းမ အခန်းထဲ ရောက်လာတယ်။ နောက်နေ့ မနက်
မှာ ယူလိုက်ရတယ်ဗျာ ..”
သူက လှိုင်းတွန့်  ဆံပင်လေးများကို သပ်တင်ရင်း ပြောပြနေသည်။ အသားဖြူဖြူ မေးရိုးသွယ်သွယ်ဖြင့် အေးအေး
ဆေးဆေးနေတတ်သူအတွက်၊ ဘာကြောင့်  အရက်ကို ကြိုက်ရင်း တံငါအလုပ် လုပ်နေသည်ကို ကျွန်တော်
စဉ်းစားမရပါ။ မြာစွံလှချဉ်လားဟုပင် ကျွန်တော် မေးဖြစ်သည်။
“ ပိုက်ဆံလေဗျာ ... ကျွန်တော်ငွေစုထားတာ သိနေတာကိုး၊ ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့ ယူလိုက်
ရတယ်။ သူက ကျွန်တော်နဲ့  အသက်အတူတူလောက်ပဲ။ ကြည့် ပျော်ရှုပျော် ရှိပါတယ်၊ ကျွန်တော်ကတော့ 
အရက်ပဲ အာရုံထားတယ်။ သူနဲ့ ယူတော့  လက်ထဲမှာ ရှိတာလေးတွေ ခလေးတွေကို ခွဲပို့ လိုက်သေးတယ်။ သမီး
ကြီးက ကျွန်တော့် ဆီ လိုက်မဲ့ ဆဲဆဲ ဒီသတင်းကြားတော့  မလိုက်တော့ ဘူး။ အစ်မတို့ ကတော့  ဘာမှ အပြစ်
မတင်ပါဘူး။ အမေ မသေခင်က ကျွန်တော်ပဲ လုပ်ကျွေးခဲ့ တာဆိုတော့  တော်တန်ရုံ ကျွန်တော့် ကို ဘာမှ မပြော
ကြဘူး။ ကလေးတွေအတွက် စိတ်မကောင်းကြလို့  အရင်ကထက်ပိုပြီး ဂရုဏာ ဖြစ်သွားကြတယ်။ စာတော့ 
လာပါတယ်။ သူတို့  သားသမီးအရင်းလို မွေးစားပါ့ မယ်တဲ့ ။ ကျွန်တော် ဒုတိယအိမ်ထောင်ပြုတော့ ၊ ကျွန်တော်
စိတ်ကူးတာကို ပြောတာနော်၊ ဒီမှာ သူက စက်ချုပ်၊ ကျွန်တော်က လှေ လိုက်ရင်း ငွေထပ်စုမယ်။ ပြီးရင်
ကျွန်တော့်ရွာကို ပြန်မယ်။ ဒါကို ပြောပြတော့  သူက သဘောတူပါတယ်။ ခြောက်လလှေတော့  မလိုက်တော့ 
မလိုက်တော့ ဘူး ။ တစ်ပတ်လှေပဲ လိုက်တော့ တယ်။ ဝင်ငွေနည်းသွားပေမယ့် ကျွန်တော်က ပိုက်ချုပ်တတ်
တော့ ၊ သူများထက်စာရင် မဆိုးဘူး။ ရေရူကလည်း ကျွန်တော်နဲ့  ရင်းနှီးတယ် ”
“ ပိုက်ချုပ်တတ်တော့  ဘာတွေ လုပ်ရလဲ ”
“ အလုပ်တော့  လုပ်ရတာပေါ့ ။ ပိုက်ချုပ်တတ်တော့ လှေမောင်းနေချိန် ပိုက်မချထားဘူးဆိုရင် ပြဲတဲ့ နေရာ
ပြန်ဖာ၊ ဖြတ်ထုတ်သင့်ရင် ဖြတ်ထုတ်၊ ဆက်သင့်ရင် ဆက်၊ ပိုက်တစ်ဖုံဆိုရင် တော်တော်လေး လက်ဝင်အောင်
လုပ်ရတယ်။ မချုပ်တတ်ရင် ရေထဲချထားတဲ့ အခါ ပိုက်ပြဲသွားတတ်တယ်ဗျ၊ ကိုထွေး စဉ်းစားကြည့် လေ...
ရေအရှိန်နဲ့  ငါးရဲ့  ရုန်းအားဟာ နည်းသလားဗျာ၊ တစ်ချို့  ပိုက်အသစ်ကြီးတွေတောင် ငါးအုပ်ကြီးနဲ့  တိုးရင်
လွှတ်ပစ်ရရော ”
“ ကျွန်တော် တစ်ပတ်လှေလိုက်တော့  ရသမျှငွေ သူ့ ကို အပ်ပါတယ်။ နေတာကတော့  ကျွန်တော်တည်းတဲ့ 
အိမ်ရှင်အဖွားကြီးက ခေါ်ထားတာမို့ အဲ့ ဒီမှာပဲ ဆက်နေတယ်။ အဘွားကြီးက တစ်ယောက်တည်းဆိုတော့ 
သူ့ စားရေး၊ သောက်ရေးကို ကျွန်တော်ပဲ တာဝန်ာူထားတယ်။ ကျွန်တော်ကိုက ဇာတာ မကောင်းတာလားမသိ
ပါဘူးဗျာ။ အဲ့ ဒီမိန်းမက ပိုင်းလုံးဖြစ်နေတယ် ”
“ ဘာဖြစ်လို့ လဲ ... ကိုတင်အေး ”
“ ကျွန်တော်နဲ့ ပေါင်းသင်းပြီး .. စုမိ ဆောင်းမိကာမှ အကုန်သိမ်းကျုံးယူပြီး သူ့ ရွာကို ထွက်ပြေးသွားတယ် ”
“ ဟာ ... မလိုက်ဘူးလား ”
“ လိုက်တာပေါ့ ဗျာ ... ဟိုမှာ အရင်ယောင်္ကျားက စောင့်နေတယ်လေ ”
“ ဟာ ”
“ ဟုတ်တယ် .. ကျွန်တော်လိုက်သွားပြီး လူကြီးတွေနဲ့  ရှင်းတော့ သူတို့ က တစ်ဝက်ပြန်ပေးတယ်။ သူတို့ က
လုပ်နေကျဗျ ... တကယ့် ပိုင်းလုံးမ ”
သူတို့  အရပ်မှာ ခပ်လည်လည် မိန်းမဆိုလျှင် ပိုင်းလုံးမ ဟု ခေါ်ကြသည်။ သူ မျိုသိပ်ထားခဲ့ ရသည်များကို
ဖွင့် ပြောလိုက်ရ၍ ကျေနပ်သွားပုံရသည်။
“ လာဗျာ ... ကျားသွားထိုးရအောင်။ မအိပ်ချင်သေးဘူးမဟုတ်လား ”
ကျွန်တော် သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။

အချုပ်ထဲတွင် ကျွန်တော် ထမင်းဝဝ ဟင်းဝဝ အမြဲစားရသည်။ ဆေးလိပ်နှင့် မုန့် ပဲသရေစာလည်း ထို့ အတူပင်။
ဤသည်မှာ ကျွန်တော့်တွင် ပါလာသော ငွေကြေးထဲမှ လိုအပ်သော ဆေးလိပ်နှင့်  မုန့် များကို ဝယ်ယူ ကျွေးမွေး
ခဲ့ သော အကျိုးကျေးဇူးနှင့်  ကျွန်တော်အလုပ်ထွက်ရာမှ ပြန်လာလျှင် ပါလာသော စားသောက်ဖွယ်မှန်သမျှ
စွန့် ကြဲပေးကမ်းလေ့ ရှိသော စေတနာကြောင့် ပင်။

ဘန်ကောက်ရှိနေစဉ်ကလည်း ကျွန်တော်ရိုတီရောင်းရင်း ထောင်ကျများ လုပ်အားပေးလာကြသည်နှင့် တိုးခဲ့ 
စဉ်၊ ရှိသမျှ ရိုတီများကို ထောင်ကျများအား စောင့်ကြပ်ရသော ဝါဒါများကို အကျိုးအကြောင်းပြောပြ၍ လှုဒါန်း
ကျွေးမွေးခဲ့ ဘူးသည်။ တစ်ချို့  နှစ်ခု၊ သုံးခု တစ်ပြိုင်တည်း စားကြသည်။ ကျွန်တော် ကြည်နူးပီတိ ဖြစ်ခဲ့ ရသည်။
ထိုကျေးဇူးများကြောင့်ပင် နောင်တွင် အကြိမ်ကြိမ်အခါခါ ပြန်လည် အကျိုးပေးနေသည်ဟု ထင်ပါသည်။

ဤသို့ ဖြင့်  လွတ်ရက်က တဖြည်းဖြည်း နီးလာခဲ့ ပြီ။ လွတ်ရက်နီးလေ လွတ်ချင်လေ ဖြစ်သည့် အတိုင်း အပြင်
ရောက်လျှင် လာလုပ်ကြမည်ကို ပြောကြ ဆိုကြပြန်သည်။
“ ကိုထွေး ရန်ကုန် ပြန်မှာလား ”
“ ဟုတ်တယ် .. ကျွန်တော် ရန်ကုန်ပြန်မှာ ပတ်(စ)ပို့  လျှောက်မယ်။ ကျွန်တော့်အကိုက စင်္ကာပူရောက်နေပြီ။
အဆင်ပြေရင် ကျွန်တော်လိုက်သွားမယ် ”
“ အေးဗျာ ... တစ်နေ့ နေ့ တော့  ပြန်ဆုံချင်သေးတယ် ”
“ လာလည်ပါဗျာ .. ရန်ကုန်လိပ်စာ ပေးခဲ့ မယ် ”
“ ကျွန်တော် တကယ်လာမှာပါ ”
သူ ပြောတာကို ကျွန်တော် ယုံပါသည်။ သူ့ ပုံစံမှာ လူတစ်ယောက်ကို တော်ရုံ ခင်မင်တတ်သူ မဟုတ်၊ ခင်မင်မိ
လျှင် အမြဲတမ်း သတိရနေမည့် လူစားမျိုး ဖြစ်ပါလိမ့် မည်။ သူ ခင်မင်မိသူနှင့် ပတ်သက်လာလျှင် ဘာသိဘာသာ
နေမည့် သူ မဟုတ်မှန်း၊ ပြဿနာတစ်ခုက လက်တွေ့ ပြလေပြီ။

ကျွန်တော်တို့  လွတ်ရက်စေ့ သောနေ့ တွင်ဖြစ်သည်။ တာဝန်ကျရဲက လွတ်မည့် သူများကို နာမည်စာရင်းခေါ်နေ
စဉ်၊ လူသစ်များထဲမှ တစ်ယောက်သည် ရဲကို လာဘ်ထိုးသည်။ ဘတ်ငွေ သုံးရာပေးပြီး ကျန်အဖော် တစ်ယောက်
ပါ လိုက်ခွင့်ရအောင် ဝင်ပြောသည်။ ရဲက လက်ခံပြီး နာမည်ခေါ်ပြီးသူများထဲမှ နှစ်ယောက်အမည်ကို ပြန်ခေါ်ရာ
တွင် ကျွန်တော့် နာမည် ပါသွားသည်။

သည်တွင် ကိုတင်အေး ထဆဲပါတော့ သည်။
“ မင်းတို့  လိုက်ရဲရင် လိုက်ကြည့် ... မင်းတို့  မီးသွေးဂိုထောင် အကြောင်း ကြားဖူးတယ်မဟုတ်လား။ ငါ့ နာမည်
မေးကြည့် .. တင်အေးတဲ့ ၊ မဟုတ်တာ လုပ်လို့ ကတော့  ...”
ရဲက ကိုတင်အေးကို ငေးကြည့်နေပြီး တန်းစီးအား ခေါ်မေးသည်။ တန်းစီးက ရှင်းပြသည်။ ညှိနှိုင်းပေးသည်။ ရဲက
စဉ်းစားရင်း ခဏကြာတော့ မှ သွားသွားဟုဆိုကာ ကျွန်တော့် နာမည်ခေါ်ထားသူအား အုပ်စုသို့  ပြန်ပို့ ပေးသည်။
ဟိုလူတွေကိုလည်း စာရင်းဖြည့်ကာ ထပ်ခေါ်သည်။ ရဲ ပြန်ထွက်သွားတော့ သူတို့ က ကိုတင်အေးကို တောင်းပန်
ကြသည်။
“ တောင်းပန်ပါတယ်ဗျာ.. ကျွန်တော်တို့ ဒီရက်အတွင်းမှာ လှေကို ပြန်မရောက်ရင် လစာတွေ ဆုံးမှာမို့ လို့ ပါ။
ကျွန်တော်တောင်းပန်ပါတယ်”
ကိုတင်အေးက ဘာမှမပြော။ သူတို့  ထွက်သွားတော့ ကျွန်တော့ ဆီလာသည်။
“ ကျွန်တော် တကယ်ချမှာ ... ဒီကောင်တွေ ကျွန်တော့် အကြောင်း သိတယ်၊ သူတို့ လိုက်တဲ့  လှေလည်း
ကျွန်တော်သိတယ်၊ ကျွန်တော်နေတဲ့  ဂိုထောင်က ရနောင်းမှာ နာမည်အကြီးဆုံးပဲ။ မမှန်တာ မလုပ်ဘူး၊ ဂိုထောင်ပိုင်ရှင်က ကျွန်တော့် မိတ်ဆွေ။ ဒီကောင်တွေ ကျွန်တော်တို့  ဂိုထောင်အကြောင်း ကောင်းကောင်း
သိတာပေါ့ ။ အစတောင် ရှာလို့ မရဘဲ ဖြစ်ကုန်မယ် ”
ကျွန်တော် ဘာမှ မပြောနိုင်ဘဲ သူ့ ကိုသာ ကျေးဇူးတင်သည့်  မျက်လုံးများဖြင့်  ကြည့်နေမိသည်။ ကျွန်တော်က
ကြက်မ ဖြစ်နေသည်ကိုး။

အချုပ်မှ လွှတ်တော့  ကားများဖြင့်  ရနောင်းလူဝင်မှုကြီးကြပ်ရေးသို့  ပို့ သည်။ ထိုစခန်း၌ ဘတ်သုံးရာမှ စ၍
နောက်ဆုံး ဘတ်ငါးဆယ်အထိ ဈေးလျှော့ လျှော့ လာရင်း ထွက်နိုင်သည်။ တစ်ချို့ က ငွေပေး၍ ထွက်ကြသည်။
တစ်ချို့ က လာရွေးမည့် သူကို အကြောင်းကြားပြီး ထွက်ကြသည်။ တစ်ချို့ ကြတော့  ငါးဖမ်းလှေမှ လာခေါ်၍
လိုက်သွားကြသည်။ ကိုတင်အေးက မလိုက်။ ကျွန်တော့် ကို ကော့ သောင်းအထိ လိုက်ပို့ မည်ဆိုကာ နေရစ်ခဲ့ 
သည်။ ကျန်ရစ်သူများအား ရနောင်း ( လ.ဝ.က) မှ ရေလည် ( လ.ဝ.က )စခန်းသို့  ပို့ သည်။ ထိုမှတဆင့် 
စက်လှေများဖြင့်  ကော့ သောင်းဘက်သို့  လွှဲပေးသည်။

ရေလည် ( လ.ဝ.က )မှ ကျွန်တော်တို့ တွင် ပါလာသော ကောင်းနိုးရာရာများကို သိမ်းယူလိုက်သဖြင့် ကျွန်တော့် 
တွင် ဖိနပ်ပင် ပါမလာတော့ ။ ကံကောင်းချင်တော့  ခင်မောင်လွင်တို့ လင်မယား ကော့ သောင်းမှာ ပြန်ရောက်
နေသဖြင့်  ပိုက်ဆံဝင်ချေးကာ ဖိနပ်ဝယ်ရသည်။ ဖိနပ် ဝယ်ပြီးမှ ကိုတင်အေးအတွက် လှေခ ပေးကာ ရနောင်း
သို့  ပြန်ပို့ ရသည်။ ညဦးပိုင်းတွင် ကိုတင်အေး ပြန်ရောက်လာပြီး ကင်မရာ၊ အင်္ကျင်္ီ၊ ကက်ဆက်များ ယူပြီး
ကျွန်တော့် ထံ ပြန်ရောက်လာ၏။

ကိုတင်အေးနှင့် ကျွန်တော် ဓါတ်ပုံ တွဲရိုက်ကြသည်။ အဝတ်အစားများ ကျွန်တော့် ကို ပေးသည်။ ကက်ဆက်ကို
ပင် လက်ဆောင်ပေးလာသည်။ ကျွန်တော် လက်မခံဘဲ ပြန်ပေးတော့ သူ စိတ်မကောင်း။ အတင်းပြန်ပေးရ၏။
ထို့ နောက် စားသောက်ဆိုင်သို့  ခေါ်ကာ ကျွေးမွေးပြုစုသည်။
“ ဒီမှာ သိပ်ကြာကြာမနေပါနဲ့  ကိုတင်အေးရာ .. အိမ်ကို ပြန်နိုင်အောင်လည်း လုပ်ဦး။ ကလေးတွေ ရှိသေးတယ်”
ကျွန်တော့်စကားကို သူ ထောက်ခံရင်း မကြာခင် ပြန်မည့် အကြောင်း ကတိပေးသည်။ ထိုနေ့ ညတွင်
ခင်မောင်လွင်တို့ အိမ်တွင် အိပ်ကြပြီး နောက်တစ်နေ့ မနက်မှာ သူ့ ကို လှေဆိပ် လိုက်ပို့ ဖြစ်သည်။ လှေထဲ
မဆင်းခင် ကမ်းနားမှာ လမ်းလျှောက်၍ စကားပြောကြသည်။ ခွဲရမည်ကို စိတ်မကောင်း။ လူက အေးသော်လည်း
ကံတရားက မအေးသဖြင့်  သားကွဲ၊မယားကွဲ ပင်လယ်ထဲမှာ ကျင်လည်နေရသော ကိုတင်အေးကို နောက်တစ်
ကြိမ် ပြန်ဆုံလျှင် ကံကောင်းပါစေဟု ကျွန်တော် ဆုတောင်းမိသည်။

သူပြန်သွားတော့ မှ ကိုယ့်ဘဝရှေ့ ရေူကို တွေးရပြီ။
ကျွန်တော့် အတွက် အချုပ်ကျခြင်းသည် အနားယူခြင်းမျှသာ ဖြစ်ပြီး အပြင်ရောက်သည်နှင့်  ရင်ဆိုင်ဖြေရှင်းစရာ
များ စီတန်းနေတော့ သည်။

ဦးစွာ သတိရမိသည်က “ ဖိုင် ” ။
ကျွန်တော့် ရဲ့  နှလုံးသည်းပွတ်ထဲက “ ဖိုင် ” ။
ဘယ်တော့ မှ မမေ့ တော့ မည့်  “ ဖိုင်” ။

သူ တားသည့်ကြားမှ မြို့ ထဲသို့  ကျွန်တော် သွားခဲ့ သည်။ ဘတ်(စ)ကား မလာခင်အထိ သူက မသွားရန် ပြောနေ
သေးသည်။ ကျွန်တော် ထွက်ပြေးရင်း အဖမ်းခံရခြင်းကို သူ သိလျှင် စိတ်မကောင်းဖြစ်တော့ မည်။

( ဆက်ရန် )

....................................................................................................................

ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။







Thursday, March 17, 2011

ပတ်(စ)ပို့ ဝယ်ရင်း အိမ်ပြန်ခဲ့ ရခြင်း ( ၂ )


ဟိုစဉ်တုံးကတော့  ဝတ္ထုတွေကို လက်လှန်းမှီသလောက် ဖတ်နေဖြစ်ခဲ့ ပါသည်။ ကြာလာတော့ လည်း
အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမမှီတော့ လောက်အောင် ဝတ္ထုတွေက ကျွန်တော်နှင့်  ဝေးကွာနေခဲ့ 
ရပါတော့ သည်။ အလှမ်းမမှီတော့ သော အကြောင်းအမျိုးမျိုးတို့ တွင် မြန်မာ့ ရုပ်ရှင်တို့ ကဲ့ သို့  ဇတ်သိမ်းပိုင်းတို့ 
ကို အလွယ်တကူခန့် မှန်းနိုင်လောက်အောင် တစ်ကားနှင့်တစ်ကား ဆင်တူနေသကဲ့ သို့ ဖတ်မိ၊ ကိုင်မိလိုက်
သော ဝတ္ထုတို့ သည်လည်း တစ်ရွက်နှစ်ရွက် လှန်မိရုံမျှနှင့်  ဘယ်လိုဇာတ်ပေါင်းတော့ မှာပဲ ဟု မှန်းဆလို့ ရလာ
နေတော့ လည်း ဝတ္ထုတွေကို ဖတ်ရမှာ ပျင်းလာသလို၊ ဝတ္ထုတွေကို ကျွန်တော်က ကျောခိုင်းလိုက်သလို ဖြစ်ခဲ့ ရ
ပါတော့ သည်။

သည်ဝတ္ထုလေးကတော့  ကိုယ်က မရှာရပဲ မိတ်ဆွေ ကိုမွန်းအောင်ကြောင့်  လက်ထဲ ရောက်ခဲ့ ရပြီး၊ အားတုံ့ 
အားနာဖြင့် တစ်ရွက်နှစ်ရွက် လှန်နေမိရင်းက လက်က မချမိတော့ ပဲ ဇာတ်သိမ်းပိုင်းကို မှန်းဆလို့  မရနိုင်တော့ 
လောက်အောင် ဖြစ်ရကာ ဘယ်လို ဇာတ်သိမ်းသွားပါ့ မလဲ .. ဟူသော ဇောတို့ ဖြင့်ပဲ တစ်ထိုင်ထဲ အပြီးဖတ်လိုက်
မိသော ဝတ္ထုလေးပဲ ဖြစ်ပါသည်။

စာရေးသူကတော့  ယနေ့ ဗမာပြည်၏ TOP TEN စာရင်းဝင်သူတစ်ယောက် မဟုတ်ခဲ့ ပေမယ့်  သူ့ ရဲ့  တကယ့် 
အဖြစ်အပျက်ကိုပဲ ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားခဲ့ လေသောကြောင့်  ကျွန်တော့် ရင်ကို “ ညိ ” စေခဲ့ သော ဝတ္ထု
ဆန်နေသည့်  တကယ့် အဖြစ်အပျက်ပဲ ဖြစ်ပါတော့ သည်။


ကျွန်တော်တို့ အားလုံးတို့ သည်လည်း ခဏတာလေးသာ ရနေခဲ့ သော ဘဝစာမျက်နှာတို့ တွင် ဇာတ်သိမ်းပိုင်း
တို့ ကို ဘယ်လိုမှ မှန်းဆလို့  မရနိုင်သည့်  ဝတ္ထုဆန်နေသော တကယ့် အဖြစ်အပျက်များနှင့် ပဲ တလွင့် လွင့် 
တမျောမျော ဖြတ်သန်းနေကြရပါသည် .... ဟု ။


“ တန်းစီးအသစ်က ရခိုင်ဗျ၊ ဘယ်လို လာဦးမလဲ မသိဘူး ”
ကိုတင်အေးက ခပ်အေးအေး ပြောရင်း၊ ပွတ်ချွန်းဆေးလိပ်ကို မီးညှိသည်။ ဆေးလိပ်ကိုလည်း ကမ်းပေး၏။
ဆေးသားနှင့်  စက္ကူကို သောက်ချိန်ရောက်မှ ရောလိပ်ရတာမျိုး ဖြစ်သည်။ မလိပ်တတ်လျှင် သောက်ဖို့ မလွယ်။
“ ဘာဖြစ်လို့ လဲ အစ်ကို ... တန်းစီးက ဆိုးလို့ လား။ ခပ်အေးအေးသမား ထင်တယ် ”
“ ခမင်တွေနဲ့ ဆို အေးလို့ မရဘူးဗျ။ ဒီကောင်တွေ အရမ်းသောင်းကျန်းတယ် ”
မျက်နှာချင်းဆိုင်အခန်းမှ ခမင်များ( ကမ္ဘောဒီးယားနိုင်ငံသား )များကို ရည်စူး၍ ပြောခြင်းဖြစ်သည်။ အပြင်မှ ရဲက
လာခေါ်လျှင် တစ်လမ်းတည်းသာ ရှိသော အချုပ်အပေါက်ဝသို့  ထွက်သောလမ်းတွင် မြန်မာများနှင့် ခမင်များ
အလုအယက် ဖြစ်နေကြသည်။

ပြောမယ်ဆိုလည်း ပြောစရာပင်။
မနက်ရှစ်နာရီ ထမင်းစားပြီးတိုင်း တံခါးဝနှင့်  အနီးဆုံး နေရာတွင် အလုပ်လာခေါ်မည့် သူကို တိုးဝှေ့  စောင့် နေ
ကြသည်။ အပြင်မှ လှမ်းခေါ်သောအခါ အခန်းတွင်းမှ ကျန်သူများပါ ထိုအပေါက်ဝသို့  တိုးသွားကြပြန်သည်။
အလုပ်စောင့်ချိန်မှာလည်း ငြိမ်ငြိမ်စောင့် နေသည်မဟုတ်။ စကားတွေ အော်ကြီးဟစ်ကျယ် ပြောဆိုနေကြသည်။
အပြင်ဘက်က တာဝန်ကျသော ရဲက နားညည်း၍ အော်ငေါက်လျှင် မဆိုင်သူတွေပါ အခန်းထဲ ဝင်ပေးရသည်။
ပြီးလျှင် ပြန်တိုးနေကြပြန်ရော ...။

အလုပ် ဘာကြောင့်  ထွက်လုပ်ချင်ကြသနည်း။
အလုပ်မထွက်ရလျှင် ဝင်ငွေမရှိ၊ စားကောင်း သောက်ကောင်းမစားရ၊ လက်ဆောင်အဝတ်အစားများ မရ၊
အလုပ် ထွက်လုပ်ရသည့် အခါ ခေါ်သွားသော ရဲက ဖြစ်စေ၊ ထိုရဲ၏ အသိုင်းအဝိုင်းက ဖြစ်စေ စားစရာ၊ ဆေးလိပ်
မုန့် ဖိုး၊ အဝတ်အစား စသည်ဖြင့် ပေးကမ်းတတ်ကြသည်။ မုန့် ဖိုးပေးသည်ကို စုထားပါက လွှတ်မည့် ရက်တွင်
ကားခ ပေးနိုင်မည်။ အလုပ်ပင်ပန်းသည့် တိုင် တော်တော်များများ ထွက်လုပ်ချင်ကြသည်။ အချုပ်ထဲမှာ တစ်နေ
ကုန်နေရသည်ထက်စာလျှင် အလုပ်ထွက်လုပ်ရသည်ကို ပိုပျော်ကြသည်။ နဂိုကလည်း အလုပ်လုပ်ချင်၍ ခိုးဝင်
လာကြသူတွေကိုး ....။

“ ကားခ ” ဆိုသည်မှာ အချုပ်မှ စာရင်းကိုင်ရဲ၏ စားပေါက်ထွင်ချက်သာ ဖြစ်သည်။ အမှန်တကယ် နယ်စပ်ပို့ ရန်
ရက်စေ့ နေသည့် တိုင် မကြာမတင်မှ ဝင်လာသူက နှစ်ရာ သုံးရာ ကားခပေးသဖြင့် လူစားထိုး ခေါ်သွားလေ့ ရှိ၏။
ထို့ ကြောင့်  ကားခကို ဆောင်ထားရသည်။

သုံးရက်မြောက်နေ့ မှာတော့  အချုပ်ထဲမှာ ကျွန်တော် နေသားကျသွားပြီ။
ထားဝယ်၊ မြိတ်၊ ကော့ သောင်းဘက်မှ ရခိုင်၊ မွန်၊ ဗမာ၊ ကရင် စသည်ဖြင့် လူမျိုးပေါင်းစုံရှိသည်။ တစ်ဖက်ခန်းမှ
ခမင်များ ရှိနေ၍ ကျွန်တော်တို့ အားလုံး စည်းလုံးနေကြသည်။ နေ့ ခင်းဘက်မှ သန်းခေါင်ကျော်အထိ ကျားကွက်
ရွှေ့ သူရွှေ့ ၊ အလုပ်ထွက်လုပ်သူလုပ်၊ သီချင်းဆိုသူဆို၊ စကားပြောသူပြောဖြင့်  အချုပ်ရက်များကို ဖြတ်သန်းနေ
ကြသည်။ ကျွန်တော်တို့ က ကျားကွက်အဖွဲ့  ဖြစ်သည်။
မနက် နေ့ လည် ညနေ သုံးကြိမ် ပို့ လာသော ထမင်းဟင်းမှာ အချုပ်ထမင်းဟင်း ဆိုသည့် အတိုင်း၊ ထမင်းကနဲ
ဟင်းက ကျဲ၊ ဆီမပါ့ တပါ၊ အသားဆို နွဲ့ နွဲ့ လေးသာ ဖြစ်၏။ ဒါကိုပဲ ညည်းညည်းညူညူ စားကြရင်း တစ်နေကုန်
ရပါသည်။ သူတစ်ပါးနိုင်ငံတွင် ရိုးသားစွာ လုပ်ကိုင်စားသောက်ပါလျက် တရားမဝင်နေကြသည့် ဥပဒေကြောင့် 
အချိန်လည်း ကုန်၊ လူလည်းပင်ပန်း၊ အစားဆင်းရဲ အနေဆင်းရဲ ဖြစ်ရသည်။ ဖြစ်ပေမယ့် လည်း နောင်တရ
သလားဆိုတော့  မဟုတ်ပြန်။

“ အချုပ်ထဲ ရောက်မှ ပြောကြတာပါ ကိုထွေးရာ၊ အပြင်ရောက်တော့ လည်း သောက်လိုက်၊ စားလိုက်၊ ရုံသွား
လိုက်နဲ့ ... ဘယ်သူမှ နောင်တ မရှိပါဘူး”
မှန်းမှန်းဆဆ ပြောသော ကိုတင်အေး စကားဖြစ်သည်။
“ ကိုတင်အေးက ငါးဖမ်းလှေ လိုက်တာဆို ... ကိုက်ရဲ့ လားဗျ ”
“ လုပ်နေကျဆိုတော့  ဘာရယ်မဟုတ်တော့ ဘူးဗျာ၊ ကိုက်တာ မကိုက်တာလည်း မတွေးတော့ ပါဘူး၊
ထောင်ကဲ ကောင်းတဲ့  လှေဆိုရင် ငွေစုမိတယ်၊ တစ်ချို့  ထောင်ကဲ တွေကျတော့  လိမ်တယ်ဗျ ”
သည်နယ်တစ်ဝိုက်မှာ ငါးဖမ်းလုပ်ငန်းသည် အဓိကကျသော လုပ်ငန်းဖြစ်သည်။ တစ်ချို့ ကျတော့ ကုန်းပေါ်က
အလုပ်များကိုသာ ရွေးလုပ်သည်။ အများစုကတော့ ရေလုပ်ငန်းများတွင် လုပ်ကိုင်သူများဖြစ်ကြသည်။
“ တတ်နိုင်ရင်တော့  ခြောက်လ လှေလိုက်တာ အကိုက်ဆုံးပဲ။ သူဌေးလည်း မလိမ်တာများတယ်၊ လှေ ကမ်းကို
ပြန်ဝင်ရင် လိမ္မာတဲ့ သူအဖို့  ဘတ်တစ်သောင်းလောက်တော့  အောက်ထစ်ကျန်တယ်။ လှေလိုက်နေရင်း
မကျန်းမာလို့  နားရလည်း လုပ်ထားသလောက်ရှင်းပေးတယ်။ ပိုစင် ( အပိုငွေ ) လည်း ပေးတယ် ”
“ ကိုတင်အေး ခြောက်လလှေပဲ လိုက်တာလား ”
“ အရင်က လိုက်တာပါ ... အခုတော့  လွယ်လွယ်နဲ့  ငွေရတဲ့  ဗုံးခွဲလှေပဲ လိုက်တော့ တယ် ”
သူ့  အသက်မှာ သုံးဆယ့် နှစ်နှစ်ဟု သိရသည်။ သူ့ ဇာတိ မြိတ် မှာ သားနှင့် သမီး ကျန်ခဲ့ သည်။ လှေလိုက်သည့် 
သက်တန်းမှာ လေးနှစ်နီးပါး ရှိခဲ့ ပြီ။ ငါးဖမ်းလုပ်ငန်းမှာ ကိုတင်အေး၏ မိရိုးဖလာလုပ်ငန်း ဖြစ်သည်ဟု သိရသည်။
“ ဇာတိရွာကိုတော့  ပြန်ချင်သားဗျ၊ ဒီတစ်ခေါက် ပြန်မယ်၊ ရှေ့ တစ်ခေါက် ပြန်မယ်နဲ့ ... အခု လေးနှစ်နီးပါးရှိပြီ ”
“ ကျွန်တော်လည်း ဒီလိုပါပဲ၊ ထွက်လာတုံးက ငါးလ ခြောက်လ မှန်းထားတာ။ အခု.. နှစ်နဲ့ ချီ ကြာနေပြီ ”
“ ဟာ .. ဒါဆို ကိုထွေးလည်း ကြာပြီပဲ။ ဘန်ကောက်မှာ အဆင်ပြေရဲ့ လား ”
ကျွန်တော်က လူလွတ်ဖြစ်၍ မချွေတာမိကြောင်း၊ အလုပ်တစ်ခုခုကို စွဲမြဲအောင် မလုပ်မိ၍ ပြောင်းရွှေ့ ရင်း အချိန်
ကုန်သွားကြောင်း၊ အနေကြာလာသည်နှင့် အမျှ ငွေကို တန်ဖိုး မထားတတ်တော့ သည့်  အကြောင်းများ ပြောပြ
ရင်း သူ့ အကြောင်းကိုလည်း မေးမိသည်။
“ ဗုံးခွဲလှေ ဆိုတာ အန္တရာယ်များတယ်လို့  ကျွန်တော်ကြားဖူးတယ်၊ ဟုတ်လား ကိုတင်အေး ”
“ အမှန်ပဲဗျ ... လှေလိုက်တာချင်းအတူတူ ဗုံးခွဲလှေ လိုက်သူဆိုရင် လူရှိန်တယ်ဗျ၊ သေမှာ မကြောက်တဲ့  လူတွေ
လို့  တင်စားထားတော့ ရှိန်တာပေါ့ ဗျာ ”
ခေါင်းမော့  ရင်ကော့ ကာ ပြောလာခြင်းပင်။ သူ့ လို လူမျိုး ဗုံးခွဲလှေလိုက်သည်ကို ကျွန်တော် သဘောမကျ။
လူက အေးအေးဆေးဆေး နေတတ်သူ၊ အနေအထိုင် အပြောအဆိုက အစ ထမင်းစားတာအထိ အချုပ်ထမင်း
မဝရေစာလေးကို တစ်ဝက်မျှသာ စားပြီး သူ့ ချာတိတ်အား အမြဲကျွေးနေသူ၊ ကျွန်တော် မေးကြည့် တော့  ...
“ အလေ့ အကျင့် လုပ်ထားတာဗျ။ တတ်နိုင်ရင် မစားဘဲ၊ တစ်နပ်လောက် နေကြည့်ချင်တယ်၊ ကျန်းမာရေးကို
ငဲ့ နေလို့  ”

သူ့ အလေ့ အကျင့်က မဆိုး။ သူများတွေ ထမင်းမဝလို့  ညည်းညူနေချိန်မှာ သူက အေးအေးဆေးဆေး နေနိုင်ပြီ။
ဒီလိုလူမျိုးတစ်ယောက်က ဘာကြောင့်  ဗုံးခွဲလှေ လိုက်ရသည်ကို ကျွန်တော် တွေးမရပါ။
“ ပထမတော့  ဒီအလုပ်ကို ကျွန်တော်မစဉ်းစားဘူးဗျ .. အကုသိုလ်ကို ကြောက်လို့ တော့  မဟုတ်ဘူး၊ ငါးဖမ်းတဲ့ 
အလုပ်ဟာ ငယ်ငယ်ကတည်းက လုပ်လာတာပါ၊ ဗုံးခွဲလှေ လိုက်တဲ့ အခါ နောက်က သံယောဇဉ်တွေ အရင်
စဉ်းစားရတယ်၊ လိုက်မိလိုက်ရော နောက်ကျတယ်လို့ တောင် ထင်သွားရော ... ဟဲ ဟဲ ”
သူက ခေါင်းညိတ်ဖြေရင်း ခဏဟု ဆိုကာ အိမ်သာခန်းသို့  ထသွားသည်။ ရေဘူးမှာ ရေဖြည့် ပြီး အိမ်သာမှ ပြန်
ထွက်လာသည်။ အချုပ်ဆိုတော့ လည်း သုံးရေ၊ သောက်ရေ သီးသန့် မရှိ။ အိမ်သာရေပိုက်ခေါင်းမှာပင် သောက်
ရေ ယူရသည်။ သူက သံချက်လွတ်နေသော ကြမ်းခင်းများကို ဖိနင်းကြည့် ရင်း ...
“ ကြမ်းခင်းအောက်ထဲမှာ ရေတော်တော်များနေပြီ၊ နောက်ဆို အိပ်လို့  ရပါ့ မလား မသိ ”
“ လာပါဗျာ ... လှေအကြောင်းပဲ ပြောပါ ”
“ ပြောမှာပါ .. ဒီည မိုးလင်းတဲ့ အထိ ပြောစရာ ရှိတယ် ”
“ အလုပ်ရှိတာမှ မဟုတ်တာဗျာ၊ အခုလည်း ဆယ်နာရီ ထိုးနေပါပြီ ”
သူက ပွတ်ချွန်းဆေးလိပ်ကို ဖြေရင်း ပွတ်ချွန်းလိပ်လိုက်သည်။
“ အရင်က ခြောက်လလှေလိုက်တာ၊ ကျွန်တော်ပြောသလိုပဲ၊ မဆိုးပါဘူး၊ ငွေတော်တော်များများစုမိတယ်။
ဒါပေမယ့်  လုပ်ရတာ မတန်သလိုပဲ။ သူများရေပိုင်နက်တွေထဲ ဝင်ဖမ်း၊ လိုက်ရင် ပြေးရပြန်ရော .. အမြဲရင်တမ
မနဲ့  နေရတာ၊ အလုပ်တော့  သိပ်မပင်ပန်းပါဘူး၊ ကျွန်တော် လိုက်တုံးက ခြောက်လမှာ သုံးလလောက်က လှည့် 
ကင်း ရှောင်လိုက် မုန်တိုင်းရှောင်လိုက်နဲ့  ပြီးနေရော၊ ကျန်သုံးလလောက်ပဲ အလုပ်လုပ်ရတာ၊ လှည့် ကင်းနဲ့ 
ပါသွားသူတွေတော့  ထောင်ထဲ ရောက်ရောပေါ့ ဗျာ။ အဲဒါကို ကျွန်တော်လန့် တာ၊ ထောင်ထဲမှာ သွားပြီး အချိန်
ကုန်မခံနိုင်ဘူး။ တစ်လလှေ၊ တစ်ပတ်လှေတွေကျတော့  လွယ်လွယ်ကုန်တာပဲ၊ ပိုက်ဆံရတာနဲ့  သောက်လိုက်
စားလိုက်ရင်ကုန်တာပဲဗျ။ တစ်ခါတည်း မြတ်မြတ်လေးရတဲ့  အလုပ်ကို ရွေးတော့  ဗုံးခွဲလှေကိုပဲ မြင်တယ်၊ ဖြစ်
ချင်တော့ လည်း ကျွန်တော့် သူဌေးရဲ့  ညီ ရောက်လာချိန်မှာ ကျွန်တော်တို့ လှေ နားနေလို့  ကျွန်တော့် ကို ခေါ်
သွားရင်း လိုက်ဖြစ်သွားတာ။ သူဌေးကလည်း မှာတယ်၊ မပျော်ရင် ပြန်လာခဲ့ ပါတဲ့ ။ လှေထွက်မဲ့  နေ့ မှာပဲ
ဘတ်သုံးထောင် ထုတ်ပေးတယ်။ ကျွန်တော် ကြားဖူးနားဝ ရှိတာမို့  ဘုန်းကြီးကျောင်းသွား သရဏဂုံတင် လှုဒါန်း
ဆုတောင်းရတယ်။ ဆေးလိပ်နဲ့  မုန့် လည်း ဝယ်တာပေါ့ ဗျာ ”

စကား ခဏရပ်ပြီး ဆေးလိပ်သောက်ကြသည်။ ပြီးမှ သူ ဆက်ပြောပြသည်။
“ ဗုံးခွဲလှေ လိုက်ရင် ထွက်တာနဲ့ တင် သေစာရင်းသွင်းပြီးသားပဲ။ တကယ်ပြောတာဗျ ကိုထွေး၊ စဉ်းစားကြည့် 
လေ .. ပင်လယ်ထဲမှာ ကျွန်တော်တို့  လှေကို ဘယ်နိုင်ငံ လှည့် ကင်းကဖြစ်ဖြစ် တရားဝင် ပစ်ဖမ်းပိုင်ခွင့် ရှိ
တယ်၊ ဖမ်းပြီဆိုတာနဲ့  လက်နက်ကြီးနဲ့  ပစ်မြုပ်တာပဲ။ ပြီးမှ .. လူကို ဖမ်းတာ၊ ဒါမှမဟုတ် ရေထဲမှာ ထားချင်ရင်
ထားခဲ့ မယ်။ နောက်ပြီး ငါးရဖို့  ဗုံးခွဲချိန်ဟာ အန္တရာယ်အများဆုံးပဲ။ ခွဲတာကတော့  ကမ်းနဲ့  နီးနီးမှာ ခွဲတာပါ။
စက်လှေကို ရေနက်ပိုင်းမှာ သွားရပ်၊ လှေငယ်လေးနဲ့  ဗုံးခွဲမယ့် သူရယ်၊ ပဲ့ ကိုင်ရယ်၊ ငုတ်မဲ့ သူရယ် သုံးယောက်
လိုက်ရတယ်။ ခွဲရမယ့် နေရာကိုတော့  ရေရူက ပြပေးပြီးသား၊ ဗုံးကို နို့ မှုန့် ဘူးကြီးလို သံဘူးတွေနဲ့ လုပ်ထား
တယ်။ လုပ်ဗုံးဆိုပေမယ့်  လှေနံရံလောက်တော့  အသာလေးပွင့် သွားနိုင်တယ်ဗျ၊ ခွဲတဲ့ လူ ညံ့ ရင် သုံးဦးလုံး
သွားတာပဲ။ ပဲ့ ကိုင်ကလည်း ဗုံးကို ရေထဲချပြီးပြီဆိုတာနဲ့  လွတ်ရာကို မောင်းနိုင်မှ။ ဗုံးစ မလွတ်ရင် အန္တရာယ်
ရှိတယ်လေ။ ရေငုတ်တဲ့ လူကတော့  ဗုံးကွဲပြီးလို့  အောက်မှာသေနေတဲ့  ငါးတွေ လိုက်ကောက်၊ လှေထဲထည့် ၊
မောလာတဲ့ အခါ၊ ခွဲသမားနဲ့ လူချင်းလဲရတယ်။ လုပ်နေကျ လူတွေချည်းဆိုရင် စက်လှေကြီး တစ်စင်းလုံး
အတွက် ဗုံးသုံးလုံးလောက် ခွဲရင် ငါးအပြည့်  ရတာပဲ ”

မြန်သားပဲနော်ဟု ကျွန်တော် မှတ်ချက်ချဖြစ်သည်။ ပိသာချိန် ငါးရာနီးပါးလှေကြီးကို သုံးရက်လောက်ဖြင့် 
ငါးအပြည့်  ဖမ်းနိုင်မှတော့ ၊ သူဌေးက မကြိုက်ရှိပါတော့ မလား။
“ တွေးကြည့် ရင်တော့  လုပ်ကို မလုပ်သင့် တဲ့  အလုပ်ပဲဗျ၊ ပိုက်နဲ့  ဖမ်းတာက တရားမျှတပါတယ်။ ဗုံးခွဲပြီဆိုရင်
ကိုယ့် အတွက် မလိုအပ်တဲ့  တခြားရေသတ္တဝါတွေပါ နားကွဲပြီး သေရတာပဲ။ ဒါကြောင့် လည်း ဗုံးခွဲလှေဆိုရင်
လှည့် ကင်းမှန်သမျှ အသေပစ်ဖမ်းတာချည်းပဲ။ အနားလည်းကပ်ပြီး မဖမ်းရဲကြဘူးဗျ။ လှေပေါ်မှာ လက်နက်
လည်းပါတယ်၊ ဗုံးလည်း ပါတယ်၊ တစ်ခါကဆို လှည့် ကင်းယာဉ်ကိုပါ စနက်တံ ရှည်ရှည်ချပြီး၊ ဗုံးခွဲပေးလိုက်တာ
နောက်ကလိုက်လာတဲ့  လှည့် ကင်း မြုပ်ဗုံးထိသွားတယ်။ စနက်တံက လိုသလောက် အတိုအရှည် လုပ်လို့ ရတာ
ကိုး။ ရေထဲမှာ ချခွဲတဲ့ အခါ ကြမ်းပြင်ကို ရေရူက သိထားမှ ရတာ။ စနက်တံ ရှည်လွန်းအားကြီးရင် ဗုံးက
ရေအောက်မှာ ကြာပြီး ခွဲအားမကောင်းတော့ ဘူး။ စနက်တံ တိုပြန်ရင်လည်း ပဲ့ ထောင်လှေကို အစအန လာမှန်
တယ်လေ။ ရေထဲချပြီး ဗုံးခွဲပြီဆိုရင် ကွဲပြီးလို့  တစ်အောင့် လောက်နေရင် ငုတ်တဲ့ လူက ဆင်းငုတ်တယ်။ မဟုတ်
ရင် နားကွဲပြီး မူးမေ့ နေတဲ့ ငါးတွေ သတိပြန်ရပြီး ပြေးနိုင်တာကိုး။ ပြီးတော့  ဗုံးသံကို ကမ်းကတဆင့်  အသံပြန်
ရိုက်ပြီး အနီးအနားက လှည့် ကင်းတွေ ကြားသွားနိုင်တယ်။ ဒါကြောင့်  ငါးတွေ လှေထဲ ရောက်တာတောင် စိတ်
မချရဘူး။ ဒါကြောင့်  မြန်မြန်ခွဲ၊ မြန်မြန်ငုပ်၊ မြန်မြန်ဆယ်ပြီး၊ မြန်မြန် ပြန်ထွက်နိုင်ဘို့  အရေးကြီးတယ်။
တစ်ခါတစ်လေ မုန်တိုင်းသတင်း ကြားထားရင် ရေရူက နီးရာကျွန်းကို အမြန်ရှာပြီး ကပ်ခိုင်းတယ်၊ ငါးတွေကလဲ
ကျွန်းမှာခိုပြီး မုန်တိုင်းရှောင်တတ်တယ်ဗျ။ အဲ့ ဒါ အစာလေး ပက်ကျွေးထားလိုက်ပြီး ငါးတွေ စုတယ်၊ ပြီးရင်
လှေကြီးက ဝေးဝေးမှာ ခွာနေ၊ ခွဲလှေကလေးနဲ့  လာခွဲရုံပဲ၊ ငါးရတာ မြန်တာပေါ့ ။ ငါးပြည့်ပြီ ဆိုရင် သူဌေးကို
စကားပြောစက်နဲ့  အကြောင်းကြား၊ သူဌေးက အချေအနေ ကြည့်ပြီး ကဲ့ လှေ လွှတ်ပေးတယ်၊ လမ်းကြောင်းရှင်း
ရင် တိုက်ရိုက် မောင်းလာခိုင်းတယ်။ မုန်တိုင်းတို့ ၊ လှည့် ကင်းတို့  မရှောင်ရဘူးဆိုရင် တစ်ပတ်ပဲ ကြာတယ်။
တစ်ယောက်ကို ဘတ်ငါးထောင်တော့  အသာလေးပဲ ”
“ တစ်ခါတစ်လေ လှည့်ကင်းနဲ့  မတိုးဘူးလား ”
“ တိုးတာပေါ့ ဗျာ ... ပြီးခဲ့ တဲ့ အခေါက်က ငါးငုတ်နေကြတုံး၊ လှည့်ကင်းတွေ့ လို့  လှေကြီးကိုပါ ကျွန်းနဲ့ 
ပြေးဆောင့်ပြီး၊ အကုန်ကျွန်းပေါ် တက်ပြေးရတယ်။ လှည့်ကင်းတွေမှာလည်း ပစ်မလွဲ လက်နက်တွေ ပါလာပြီဗျ။
လှေသူကြီး တာဝန်က ဘယ်တော့ မှ လှေကို မပေးရဖို့ ပဲ။ လှေရသွားရင် သူဌေး ပြဿနာတက်မယ်။ လှည့် ကင်း
မြင်တာနဲ့  လွတ်ရင်ပြေး မလွတ်ရင် နီးရာကျွန်းကို ဝင်ဆောင့်ပြီး လှေကို အဆုံးခံရတယ်။ သူဌေးကိုယ်တိုင် မှာ
ထားတယ်လေ။ အဲ့ ဒီတုံးက မုန်တိုင်းကလည်း ကျလု ကျခင်ကြီး၊ ကျွန်တော်တို့ လှေကို ကျွန်းနဲ့  ဝင်ဆောင့် ပြီး
ကျွန်းပေါ် တက်ပြေးကြတာပေါ့ ။ လှည့်ကင်းက အဝေးကနေ စက်သေနပ်နဲ့  လှန်းပစ်တယ်။ ကျွန်တော်တို့ ဘက်
ကလည်း သေနပ် ပြန်ဖောက်ပြရတယ်။ လက်နက်ရှိနေရင် ကျွန်းပေါ် တက်မလာတော့ ဘူး။ သူတို့  ပြန်သွား
တော့ မှ သူဌေးကို အကြောင်းကြားတယ်။ နောက်တစ်ခေါက်တော့  ပိသာတစ်ထောင်ဝင်တဲ့  လှေကြီး ထုပ်ပေး
တယ်။ အရင်လှေဖိုးပါ ကျေအောင်ပေါ့ ဗျာ။ နောက်တော့  ပုံမှန်လှေနဲ့  ပြန်ထွက်ရပါတယ် ”

ဘယ်နှစ်ခေါက် လိုက်ပြီးပြီလဲဟု ကျွန်တော်မေးကြည့်သောအခါ ဆယ်ခေါက်ကျော်ပြီဟု ဖြေသည်။
“ ဗုံးခွဲလှေသက်တန်းမှာ ကျွန်တော်တို့ လို ဆက်တိုက် ကံကောင်းတဲ့ လှေမျိုး မရှိသေးဘူး။ ဒီရနောင်းတစ်ဝိုက်မှာ
ပြောတာပါ။ အကုသိုလ်တွေ ပိုရအောင်လို့  ကံကောင်းနေတာ ဖြစ်မယ် ”
“ သားမယားက ရှိသေးတယ် မဟုတ်လား၊ သိပ်တော့  ကြာကြာမလုပ်ပါနဲ့ ဗျာ ”
ကျွန်တော့်စကားကြောင့် သူက ရယ်ရင်း ခေါင်းခါသည်။ အဲ့ ဒီသားမယားအတွက် ကြိုးစားခဲ့ တာကိုက မမှားသင့် 
ပဲ မှားရတာဟု ပြောလာ၏။
“ ငယ်ငယ်က သားဖမ်း၊ ငါးဖမ်း လုပ်ရတာ အမေ မုဆိုးမကြီးကို လုပ်ကျွေးရတာမို့  .. ကျွန်တော်လုပ်ရတာ စိတ်
အနှောက်အရှက်မဖြစ်ပါဘူး။ ကျွန်တော့်အထက်မှာ အစ်မတစ်ယောက်ရှိတယ်။ အိမ်ထောင်ကျပြီးတော့ 
ကျွန်တော် တောင်ယာလုပ်သေးတယ်။ အဲ့ ဒီ တောင်ယာကို ခုတော့ အမတို့  လင်မယား ဆက်လုပ်နေပါပြီ။
ကျွန်တော့်ကလေးတွေလည်း အဲ့ ဒီမှာ ဝိုင်းလုပ် ဝိုင်းစားပေါ့ ဗျာ။ ကျွန်တော် အိမ်ထောင်ရေး ကံမကောင်းဘူး
ကိုထွေး၊ အိမ်ထောင် နှစ်ဆက် ပျက်ပြီးပြီ ”
“ ကလေးတွေက သူ့ အမေနဲ့  မဟုတ်ဘူးလား ”
“ ဘယ်ကလာ ဟုတ်ရမှာလဲ။ ကျွန်တော်လည်း အဲ့ ဒါပဲ စိတ်မကောင်းဖြစ်နေတာ။ ဒီကိုလည်း ခေါ်ထားလို့ မဖြစ်
ဘူး။ ကျွန်တော်ကလည်း ပြန်မသွားချင်ဘူး။ မျက်နှာပြောင်တိုက်လွန်းတဲ့  မိန်းမနဲ့  ထပ်မတွေ့ ချင်ဘူးဗျာ။ ကျွန်တော့်ကို တံငါသမား၊ အရက်သမား၊ ရှေ့ နောက်မြော်မြင် မရှိတဲ့ လူ၊ ဘာညာဆိုပြီး၊ သူကျတော့  .. ဟွန်း၊
ကျွန်တော် မပြောလိုက်ချင်ဘူး ”
“ ပြောစမ်းပါဗျာ၊ သိချင်လို့ ပါ ”
“ ပြောမှာပါ..ဗျ၊ ကျွန်တော်ကလည်း တမင် ဟန်လုပ်နေတာပါ ”
သူက ရယ်ကျဲကျဲလုပ်ရင်း ဆက်ပြောလာပြန်သည်။
“ ကျွန်တော် ကိုထွေးကို တွေ့ တာနဲ့  တော်တော် ရင်းနှီးနေသလိုပဲ၊ ဒီမှာရောက်နေတာ ရက်နှစ်ဆယ်ပြည့် တော့ 
မယ်။ ဘယ်သူနဲ့ မှ ဒီလောက် စကားမပြောဖူးဘူး ”
“ ကိုတင်အေးက အေးအေးဆေးဆေးသမားမို့ လို့ ပါ ”
“ အေးဗျာ ... အဲ့ ဒါတော့  သူများတွေလည်း ပြောပါတယ်။ ကျွန်တော် အိမ်ထောင်ကျတုံးက အသက်နှစ်ဆယ်
ကျော်ပဲ ရှိသေးတယ်။ အမျိုးသမီးဘက်က တောင်သူ မျိုးရိုးဗျ၊ မိဘတွေ သဘောတူလို့  ယူဖြစ်ကြတာပါ၊ သူနဲ့ 
ယူတုံးက ကျွန်တော် ပိုက်စီးနိုင်နေပြီဗျ။ ဝင်ငွေကောင်းတာတော့  မပြောပါနဲ့ တော့ ။ ကျွန်တော်တို့ ဘက်မှာ ပိုက်
စီး တစ်ယောက်က ရွာလူကြီးလောက်နီးနီး မျက်နှာရှိတယ်ဗျ။ ပိုက်စီး ဆိုတာကလည်း အနည်းဆုံး အသက်
ငါးဆယ်လောက်မှ လုပ်နိုင်တာကိုး။ လူငှားတွေကလည်း လေးစားတယ်။ ကျွန်တော်က ငယ်လွန်းနေတော့  သိပ်
မလေးစားချင်ဘူး။ သမီးကြီး ဌေးဌေးကို မွေးပြီးတော့  ပိုပြီး စီးပွားတက်လာတယ်။ ခက်တာက ကျွန်တော့်မိန်းမဗျ၊
ကျွန်တော်အရက်သောက်တာ၊ တံငါလုပ်တာ ကြိုက်ကိုမကြိုက်ဘူး။ ဒါပေမဲ့  ရတဲ့ ငွေကို တွက်ရ၊ စစ်ရတာ
အမောပဲ။ ကျွန်တော်က မေးပါတယ်၊ ဒါဖြင့် .. ငါ ဘာလုပ်စားမလဲ။ မင်းတို့  လူမွေးမပြောင်ရင် ငါ့  အပြစ်မတင်နဲ့ 
လို့ ။ ငါ တတ်တာတံငါအလုပ်ပဲ ရှိတယ် ဆိုတော့  သူက ပြောတယ်၊ ကိုယ်တိုင်မလုပ်ပဲ လူငှားထားပါလား တဲ့ ။
ကျွန်တော် ထ မရိုက်မိတာ ကံကောင်း ”
သူက စကားပြောတာ ရပ်ရင်း ရေအနည်းငယ် သောက်သည်။ ပြီးတော့ မှ ...
“ ကျွန်တော်ပြောတာက ဒီလို ကိုထွေးရဲ့  ... လူငှားထားရင် ကိုယ်သက်သာတာ မှန်တယ်။ ဒါပေမယ့် ကိုယ်တိုင်
ကိုယ်ကျ ပိုက်စီးအလုပ်ကို သေသေချာချာ နားလည်ထားမှ။ ကျွန်တော်ငယ်ငယ်ထဲက ငါးဖမ်းလာပေမယ့်  တစ်ခါ
မှ သူများပိုက်မှာ ဝင်မလုပ်ဖူးဘူး။ ကိုယ်တိုင်ပိုက်စီး ဖြစ်လာတော့  မလိုအပ်ဘဲ ငွေကုန်ကျေးကျတဲ့  သဘောကို
နားလည်လာတယ်။ အဲ့ ဒါတွေ နားလည်လာတော့ မှ လူငှားထားလို့ ရတာ။ ထားလည်း ထားပါတယ်။ အဲ့ ဒီကနေ
စပြီး ကျွန်တော့် မိန်းမ ဘဝင်မြင့် တော့ တာပဲ။ အရင်က ကျွန်တော်ဟာ တံငါသမားရိုးရိုး၊ အခု လူငှားထားနိုင်တဲ့ 
ပိုက်စီးဖြစ်လာတော့ ၊ သူက ပိုက်စီးကတော် ဖြစ်ပြီလေ ... ”
ကျွန်တော်ရော သူပါ ရယ်မောကြသည်။ သူက ပွတ်ချွန်းဆေးလိပ်ကို မီးညှိပြီး ရေဘူးဖွင့် ကာ ရေသောက်ပြန်
သည်။ ကုလားလေး ဝင်လာသဖြင့်  ကိုတင်အေးက ပြန်မောင်းထုပ်လိုက်၏။
“ ကျွန်တော်လည်း ပျင်းတယ်... အိပ်မပျော်လို့ ပါဗျာ... ”
ကုလားလေးက မသွားဘဲ အတင်းဝင်ထိုင်သည်။ ကိုတင်အေးက ဆေးထုပ်ကို ချပေးလိုက်သည်။ အချုပ်သား
တော်တော်များများ အိပ်မောကျနေပြီ၊ ရှေ့ မီးရောင်အောက်တွင် ကျားကွက်ဝိုင်း နှစ်ဝိုင်းသာ မအိပ်သေးဘဲ
ကျားကစားနေကြသည်။ ကုလားလေးက ရေဘူးကို ကိုင်ကြည့် ပြီး ရေထပ်ဖြည့် ရန် ထသွားသည်။
“ ဆက်ပြောပါအုံး ကိုတင်အေး ... ဘာလို့  အောက်ခြေလွတ်သွားတာလဲ ”
“ ကျွန်တော် စောစောက ပြောသလိုပေါ့ ဗျာ။ သူက ပိုက်စီးကတော် သိပ်ဖြစ်ချင်တယ်။ ပိုက်စီးရှင်တွေ ဆိုတော့ 
အချိန်တန်ရင် ရွှေ ငွေလေး စုနိုင်တယ်၊ ဝတ်နိုင် စားနိုင်တယ်၊ ကျွန်တော်တို့  အရပ်မှာတော့  လူတန်းစေ့  နေနိုင်
တယ်။ တစ်နှစ်လောက်လုပ်ပြီးတော့  ကျွန်တော် ယာခင်းတစ်ခင်း ဝယ်လိုက်တယ်။ သူ စိတ်ချမ်းသာအောင်
တောင်ယာအလုပ်လည်း တွဲလုပ်ပြတာပါ။ ကလေးတွေရဲ့  ရှေ့ ရေးအတွက် ကွမ်းသီးပင်တွေ စိုက်လိုက်တယ်။
သူနဲ့  ကျွန်တော် သိပ်အဆင်မပြေဘူးဗျ။ ကျွန်တော်က သောက်တတ် စားတတ်တော့  သူကမကြိုက်ဘူး။ ဒါပေမဲ့ 
သူ ဒီလောက် ယုတ်မာလိမ့် မယ်လို့  မထင်သေးဘူး ”
“ အင်း ”
“ ကျွန်တော့် စိတ်ထဲမှာ အဲ့ ဒီတုံးက သိပ်ကြည်ကြည်လင်လင် မရှိတာ အမှန်ပဲ။ သူ့ ကို ဘာလို့  မကျေနပ်တာလဲ
ဆိုတာ ကိုယ့် ဟာကိုယ်လည်း မသိဘူး။ ပြောရရင် စိတ်ပေါ့ ဗျာ၊ သူနဲ့  ကျွန်တော့် အလုပ်သမား ရှုပ်နေတာ
ကျွန်တော် တော်တော်လေးကြာမှ သိရတာ။ ဒါတောင်မှ သမီးကြီးက ဗွီဒီယို သွားကြည့် တဲ့ ညက သူတို့ 
နှစ်ယောက် တစ်ယောက်ခါးကို တစ်ယောက်ဖက်ပြီး ကြည့် နေတာကို မြင်ခဲ့ လို့ ။ ကျွန်တော် မေးတော့  ဘာပြော
တယ် မှတ်လဲ .... ”
“ ဘာပြောလဲ ... ကိုတင်အေး ”
“ သိပြီးရင်လည်း ပြီးတာပဲ၊ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပေါ့  တဲ့  ”
“ ဗျာ.. ”
“ အဟုတ်ကို ပြောတာ ကိုထွေး၊ ကျွန်တော် ရိုက်ပစ်လိုက်တယ်။ သူ မငိုဘူးဗျ၊ နောက်နေ့ ကျတော့  ဘုတ်ပြင်းကို
ခိုးပြေးသွားကြတယ်။ ကျွန်တော်လည်း ကလေးနှစ်ယောက်နဲ့  ဘာမှ လုပ်ချင်စိတ်မရှိတော့ လို့ ၊ ပိုက်စီးအလုပ်ကို
ဖြုတ်၊ ကလေးတွေကို ကျွန်တော့် အမနဲ့  အပ်၊ ရှိတဲ့ ငွေနဲ့  ယာခင်းပါပေးပြီး ထွက်လာတာပဲ ”
“ တော်တော်ဆိုးတဲ့  မိန်းမပဲဗျာ ”
“ ခွေးဇာတ်ခင်းတာဗျ .. ကျွန်တော်အရက်မူးပြီး သူနဲ့  စကားများတိုင်း ကွဲချင်ရင် အချိန်မရွေးပြော တံငါမျိုးရိုး
မဟုတ်ဖူး၊ ဘာညာနဲ့ လုပ်တယ်။ တစ်ခါတော့  ကျွန်တော် ဆော်ထည့်လိုက်တာ မျက်လုံးကွဲသွားသေးတယ်၊
အဲ့ ဒါတွေ မကျေနပ်တာလည်း ပါမှာပေါ့  ”
“ ကိုတင်အေး ထွက်လာတော့  သူတို့  ပြန်လာကြသေးလား ”
“ လာတယ်... သူ့ အမေအိမ် တက်နေကြတယ်၊ ကလေးတွေကိုလည်း ဂရုမစိုက်ဘူး၊ သူထွက်သွားပြီးကတဲက
ပစ္စည်းတွေလည်း သူနဲ့  မဆိုင်ဘူး ဆိုတော့  ကလေးတွေလည်း သူတာဝန်မရှိဘူးလို့  ပြောတယ်။ မယုံမရှိနဲ့ 
ကိုထွေး ... တကယ်ကို တိရ စ္ဆာန်စိတ်ပေါက်သွားတာ။ သမီးကြီးကလည်း နားလည်တဲ့ အရွယ်မို့ လို့  သူ့ အမေဆီ
မသွားဘူး။ အစ်မတို့ နဲ့ ပဲ နေတယ်။ အစ်မတို့ မှာ ကလေးမရှိတော့  သူတို့ ကို အလိုလိုက်ထားတယ်။ ယောက်ဖ
ကလည်း ကလေးတွေကို ချစ်ပါတယ်။ ဘယ်သူ့ ကိုမှ အပစ်မပြောဘူး။ ကြာတော့  ... ဟိုလူတွေ မလာရဲကြ
တော့ ဘူးပေါ့ ဗျာ ... ”

...........................................................................................................................

( ဆက်ရန် )




မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။













Sunday, March 13, 2011

ပတ်(စ)ပို့ ဝယ်ရင်း အိမ်ပြန်ခဲ့ ရခြင်း

ကျွန်တော်၊ အီစွတ်နဲ့  ဖိုင်တို့  စာတိုက်ကြီးကို လာခဲ့ ကြသည်။ “ စီလုံ ” ဘက်ကို လာရတာမို့  အီစွတ်က ဖိုင့် ကို
ပါ အဖေါ် ခေါ်လာသည်။ လာရင်းကိစ္စက အီစွတ်သူငယ်ချင်းတစ်ယောက် မြန်မာပတ်(စ)ပို့  ဝယ်ဖို့ ကိစ္စပါ။
အီစွတ်က ပွဲစား။ စာအုပ်က အခုမှ မြန်မာပြည်က ထွက်လာသည့်  စာအုပ်ဖြစ်၍ ဘတ်နှစ်သောင်းလောက် ပေးရ
မည်ဟု ပြောပါသည်။ အီစွတ်သူငယ်ချင်းက စက်ရုံက သူဌေးလူရုံဖြစ်နေသည့် အတွက် ပတ်(စ)ပို့ ကိုင်ချင်သည်။
သူဌေးကလည်း ကားတစ်စီးနှင့်  သွားလေရာ ခေါ်သွားဖို့ အတွက် ပတ်(စ)ပို့  ရှာခိုင်းသည်။ ငွေလည်းထုပ်ပေး၏။
ဒါကြောင့်  အီစွတ်က တာဝန်ယူပြီး လာဝယ်ပေးခြင်းဖြစ်သည်။

ကားပေါ်က ဆင်းသည်နှင့်  အီစွတ်ကို ( လ.ဝ.က ) က ပြေးဖမ်းတော့ သည်။ အီစွတ်က ထွက်ပြေးလွတ်မြောက်
သွားပါသည်။ ကျွန်တော့် ကိုတော့  ဖိုင်နဲ့ တွဲလာသောကြောင့် ထိုင်းဟု ထင်သွားပုံရသည်။ လာမဖမ်းတော့ ။
ဖိုင့်  လက်ထဲမှာ ပိုက်ဆံအပ်ထားသောကြောင့်  တက္ကစီငှားပြီး ပြန်လာခဲ့ ကြပါသည်။ အိမ်ရောက်တော့  အီစွတ်
လည်းပြန်ရောက်နှင့် နေပြီး သူ ထပ်မသွားရဲတော့ ပေ။ ရောင်းမဲ့ လူက မလာသေးလို့  ဖုန်းထပ်ခေါ်သည်။
လာပို့ ပါလို့  ပြောပေမယ့်  သူက လာမပို့ နိုင်ကြောင်း ပြောပါသည်။ နောက်ဆုံး ကျွန်တော့်ကို လွှတ်ဖို့ အီစွတ်က
ပြောလာပါတော့ သည်။

“ မသွားချင်ဘူး အီစွတ်ရာ၊ တစ်ခုခု ဖြစ်ရင် ငါ မလျော်နိုင်ဘူး ”
“ မင်းပုံကို ဘယ်သူမှ မဖမ်းပါဘူး၊ သွားသာ သွားပါကွာ ”
“ အပြင်ဘက်ကို ချိန်းကွာ၊ ဒီလူတွေ လုပ်ပုံကို ငါ သိပ်သဘောမကျဘူး ”
“ အာ.. မင်းကလဲ၊ လ.ဝ.က က သူ့ ဟာသူ ဖမ်းတာပါကွာ ” တဲ့ ။
“ ဒါကို ငါသိပါတယ်၊ သူတို့ လည်း အပြင်ထွက်ခဲ့ သင့် တာကို ပြောတာပါ ”
ဖိုင်က ကျွန်တော်သွားမယ့် ကိစ္စကို သဘောမကျပါ။ ဒါကလည်း အကြောင်းရှိလို့ ပါ။ ကျွန်တော် “ ဝမ်မခ ”
ရဲစခန်းက လွတ်လာတာ ဘာမှ မကြာသေးပဲကိုး။ အချုပ်ထဲမှာ ဆယ်ရက်တောင် နေလိုက်ရသည်။ ပတ်(စ)ပို့ 
ဗီဇာကုန်နေတုံး ရဲက လာစစ်၏။ လမ်းမှာဖြစ်နေတော့  ဘယ်လိုမှ ရှင်းလို့ မရ။ ရဲစခန်းရောက်မှ ဖိုင်တို့ ကို
အကြောင်းကြားရသည်။

ကျွန်တော် သတ်သတ်လွတ် စားနေချိန်မို့  အချုပ်ထဲမှာ တော်တော်အနေရခက်သည်။ သတ်သတ်လွတ်စားရ
တာလည်း ကိုးကွယ်မှုတစ်ခုကို လိုက်စားမိခြင်း သက်သက်သာဖြစ်၏။ ထိုကိစ္စမှာ“ ကိုဆန်း ” ဆိုသည့် မိတ်ဆွေ
ယူလာပေးသည့် “ ချင်းဟိုင်ဝူဆန်အိ ” ဆိုသည့်အမျိုးသမီးတစ်ဦးကို အားကျနေမိ၍ ဖြစ်ပါသည်။ သူက သတ်
သတ်လွတ်သမား။ ဂိုဏ်းတစ်ခုပင် ထူထောင်ထားသည်။ အသားမစားခြင်း၏ အကျိုး အာနိသင်များ ပြောထား
ပုံမှာ လက်ဖျားခါလောက်၏။ အကိုးအကားမျိုးစုံပြသည်။ သက်သေသာဓကများ ဖော်ဆောင်သည်။ ထိုအရာ
များကို ထိုင်းနိုင်ငံအတွင်း၌ မြန်မာဘာသာဖြင့်  ပြန်ဆိုပြီး ဝါဒဖြန့် သည်။ ကျွန်တော် တော်တော်စွဲလမ်းနေမိ၏။

အချုပ်ထဲရောက်ပြီး တစ်ပတ်လောက်ကြာသောအခါ ကျွန်တော် ပြန်စဉ်းစားရင်း ရှက်လာမိတော့ သည်။
အယူဝါဒ လွဲနေပြီဟု သိရချိန်တွင် နောင်တရမိတော့ သည်။ ကျွန်တော် စိတ်ကြီးဝင်မိသည်မှာ ရှက်စရာကောင်း
လှတော့ သည်။ အယူဝါဒ လွဲမှားခြင်းကို တွေးရင်း ကြောက်နေမိသည်။

ကျွန်တော် အချုပ်မှ လွတ်ရန်အတွက် ဖိုင်နှင့်  သူ့ အဖေတို့ က ကြိုးစားပေးသည်။
“ ဝမ်မခ ” အချုပ်သည် ခန်းမကျယ်ကြီးနှစ်ခု ရှိပြီး အရှေ့ ၌ အမျိုးသမီးအချုပ်ဆောင် သီးသန့် ခွဲထုပ်ထားသည်။
ဝင်ပေါက် ထွက်ပေါက်မှာလည်း တစ်ခုတည်းဖြစ်၏။ တာဝန်ကျရဲများမှာလည်း စိတ်အမျိုးမျိုး ရှိကြသည်။ တစ်ချို့ 
ရဲက နေ့ လယ် နေ့ ခင်း အိပ်လျှင် မကြိုက်။ ကြမ်းခင်းကို ရေလာလောင်းသည်။ သူ ထွက်သွားလျှင် မြန်မြန်
ခြောက်အောင် အင်္ကင်္ျီများကို ယပ်တောင်လုပ်ပြီး ကပြာခတ်ရသည်။ တစ်ချို့  ရဲ ကျတော့ တန်းစီထိုင်ခိုင်းပြီး
အကြာကြီး နေစေသည်။ ဆေးလိပ် ဝင်ရှာတတ်သည့်  ရဲ လည်းရှိသေးသည်။ လူစာရင်းကို တစ်နေ့ လေးကြိမ်
ခန့် ဝင်စစ်သည်။

အချုပ်ထဲမှာ မြန်မာဟူ၍ ကျွန်တော်နှင့် အာမက်သာ ရှိသည်။ အာမက်လည်း ရိုတီသမား ဖြစ်သည်။
သူလည်း ( လ.ဝ.က ) မရောက်ရန် ကြိုးပန်းနေ၏။ သူ့ ကို ဖမ်းမိစဉ်က ငွေမသိမ်းပဲ ပြန်ပေးသဖြင့် သူ့ လက်ထဲ
ဘတ်လေးထောင်ပါလာသည်။ အချုပ်စာရင်းကိုင် ရဲတစ်ဦးထံ အပ်ထားပြီး ဈေးဝယ်လိုလျှင် တောင်းသလောက်
ထုတ်ပေး၏။ အချုပ်ထဲသို့  ငွေသွင်းလျှင် ပြဿနာတက်မှာစိုး၍ ဖြစ်သည်။

ဖိုင်တို့  သားအဖ လာတွေ့ သောကြောင့် သာ ကျွန်တော် လွတ်ရန် စီစဉ်နိုင်တော့ သည်။ သူတို့ လည်း ကျွန်တော်
မှာသည့် အတိုင်း ကြိုးစားပေးရပြီ။ ဗီဇာသက်တန်း သွားတိုးပြီးတော့ မှ ကျွန်တော့် ကို လာရွေးရသည်။ ရဲ က
ချက်ခြင်း မလွှတ်ပေးသေးပါ။ ဖိုင့်ရဲ့  အဖေ လေးငါးခါ လာခေါ်တော့ မှ လွှတ်ပေးပါသည်။ ဖိုင်တို့ အဖေကိုတောင်
ကျွန်တော်တို့ ကို မွေးပြီး ခိုင်းစားနေတာလား၊ဘာလား လုပ်နေသေးသည်။ ဒါကြောင့် အခုလည်း ကျွန်တော်
အီစွတ်ကိစ္စအတွက် သွားမှာကို ဖိုင်က သဘောမကျခြင်းပါ။

သူ သဘောမကျတာကလည်း အပြစ်မဆိုသာပါ။ ကျွန်တော် ပတ်(စ)ပို့  သွားဝယ်တာ မြန်မာပြည်ကို ပြန်ရောက်
သွားတာကိုး ..။

သွားဝယ်ရတာ အဆင်မပြေခဲ့ ပါ။
ချိန်းထားသည့်  နေရာ ရောက်တော့  ကျွန်တော် ဖုန်းခေါ်သည်။ သူတို့ ပြောသည့်နေရာနှင့်  ခပ်လှန်းလှန်းမှ
ခေါ်ခြင်းဖြစ်သည်။ သူတို့ က ဘယ်လိုလာခဲ့ လို့  ပြောရမဲ့ အစား၊ ဘာအဝတ်အစား ဝတ်ထားသလဲ၊ ဘယ်နေရာ
က ဆက်နေတာလဲ၊ ဘယ်သူ ပါလာသလဲ ဆိုတာတွေသာ ထပ်ခါထပ်ခါ မေးနေတော့ သည်။ ဘယ်ရမလဲဗျာ...၊
ကျွန်တော် ပြေးတော့ တာပေါ့ ။ နောက်ဆုံး ကျွန်တော် ဗီဇာကိစ္စနဲ့  ရင်းနှီးဖူးတဲ့  လူတစ်ယောက်ဆီ သွားတွေ့ 
သည်။ အခြေအနေကို ပြောပြသည်။ သူက ဖုန်းဆက်ကြည့် သည်။ ဟိုက မသိဘူး၊ ဘာတွေလာမေးနေတာလဲ
ဘာညာနဲ့  လုပ်တော့ သည်။ ကျွန်တော့် ကို သွားမဝယ်ခိုင်းတော့ ပါ။

သူ့ ကို ယုံရင် ပိုက်ဆံ ထားခဲ့ ပါတဲ့ ။ စာတိုက်ဘေးက လက်ဖက်ရည်ဆိုင်မှာ ဝင်စောင့် နေပါတဲ့ ။ ကျွန်တော်
လည်း သူပြောတာကို လက်ခံသင့်မခံသင့်  အီစွတ်တို့ ဆီ ဖုန်းလှန်းဆက်တော့ သူတို့ က လက်ခံဘို့  သဘော
တူကြသည်။ ကျွန်တော်လည်း သူပြောသည့် အတိုင်း သွားစောင့်နေပေမယ့်  သူ ပေါ်မလာတော့ ပေ။ ကျွန်တော်
အဲ့ ဒီလူ နေတဲ့ နေရာလိုက်သွားတော့  အဲ့ ဒီလူတွေအားလုံးက ကျွန်တော့် ကို မြန်မြန် ပြေးခိုင်းတော့ သည်။
သူတို့ က ဒီမှာ ခဏ လာတည်းကြတာတဲ့ ။ အိမ်ရှင်က တစ်နေ့ ကို ဘတ်ငါးဆယ်နဲ့  လက်ခံထားတာတဲ့ ။
မလေးရှားသွားဖို့  ခရီးတစ်ထောက် နားနေကြတာတဲ့ ။ ကျွန်တော်ပြောတဲ့ လူကို ရဲတွေ မေးနေတာ တွေ့ ခဲ့ တယ်
တဲ့ ။ သွားပြီ ...။ ငယ်ထိပ် မြွေပေါက်လေပြီ။

ဒါပေမယ့် ကျွန်တော် ကံကောင်းပါသေးတယ်လို့ ပဲ ပြောရတော့ မည်။
ဒီစကားလေး ပြောဘို့ အတွက်တော့ “ ချုံဘော်မြို့ ” က အချုပ်မှာ တစ်လ၊ ကော့ သောင်းမှာ တစ်လ၊ ပြီးတော့ မှ
“ ဘန်ကောက် ” မြို့ တော်ကြီးကို ခြေပြန်ချနိုင်တော့ သည်။ အီစွတ်တို့ လည်း မရှိတော့ ပေ။ အဘိုင်ကြီးကလည်း
ကုမဏ္ဏီမှာ စာရွက်စာတန်း အတုအပလှုပ်ရှားမှုတွေ ပေါ်လို့  ပြေးပြီ။ ကျွန်တော်တို့ ရဲ့  ၁၂၂လမ်း၊ ရိုတီကမ္ဘာလေး
ပျက်သွားခဲ့ ပြီ။ကျွန်တော့်အဖို့ တော့  ထိုင်းနိုင်ငံလာရတာ အဖမ်းခံ၊ အချုပ်ခံရဘို့ များ ဖြစ်နေသလားဟုတောင်
ထင်မိပါသည်။

ကျွန်တော်နှင့် ကိုတင်အေး စတင် ဆုံတွေ့ ပုံမှ စ၍ သူနှင့်  ရင်းနှီးကျွမ်းဝင်လာသည့် အခါ သူပြောပြသည့် 
သူ့ ဘဝအကြောင်းကို နားထောင်သိရှိခဲ့ ရသည်။ သူ့ အကြောင်းကို မပြောခင် ချုံဘော်ရဲစခန်းမှ အချုပ်ခန်းများ၏
ဖွဲ့ စည်းပုံကို အရင်ပြောပြပါမည်။

အချုပ်ခန်းအနေအထားက ထိုင်းနိုင်ငံ ရဲစခန်းများ၏ ဖွဲ့ စည်းပုံအတိုင်း ဖြစ်၏။ တံခါးသုံးဆင့်ပိတ်၊ သော့ ခတ်ထား
ပြီး အဝင်အထွက်ပင်မတံခါးတစ်ချပ်၊ ထိုပင်မတံခါးရှိသော အဝင်အထွက်ခန်းမှာ သုံးပေပတ်လည် အခန်းဖြစ်၏။
ပြီးတော့ မှ မျက်နှာစာအခန်းတစ်ခန်းက အချုပ်ခန်း သုံးခန်းရှေ့  တံခါးဝများကို ကန့် လန့် ဖြတ် ဖွဲ့ စည်းထား
သည်။ ထိုမျက်နှာစာအခန်းတွင် မည်သည့် အချုပ်သားမှ မနေရ။ ကျွန်တော်တို့  တရားမဝင်ခိုးဝင်လာသည့် 
အချုပ်သားများအား ထားသောအချုပ်ခန်းနှစ်ခန်း ( ရောလောင်း အိမ်သာ၊ ရေချိုးခန်း တွဲလျက် )၊ ထိုင်းအချုပ်
သားများကို ထားသောအခန်းမှာ မျက်နှာစာခန်းမကြီး၏ ဘယ်ဘက်အစွန်နှင့် ညာဘက်အစွန်တွင် ရှိသည်။
ကျွန်တော်တို့  အခန်းက ဝင်ပေါက်တံခါးနှင့်  တည့် တည့်ကျသည့်  အလယ်ခန်းဖြစ်သည်။

ကျွန်တော် ချုံဘော် အချုပ်သို့  ရောက်ခဲ့ သည့်နေ့ မှ အတွေ့ အကြုံများကို မှတ်မိနေသည်။ ကျွန်တော် အချုပ်ထဲ
ဝင်လာလာချင်း ....
“ ဒီကြားထဲ လာခဲ့ ပါလား ... တစ်ယောက်စာတော့  ရပါတယ် ”
ဖိတ်ခေါ်လာသူအား ကျေးဇူးတင်စွာ ကြည့်ဖြစ်သည်။ ကျွန်တော့် အနေဖြင့်  အတွေ့ အကြုံ ရှိပြီးသည်တိုင်၊ အချုပ်
ထဲ ရောက်ပြန်သောအခါ ဖြစ်ပေါ်လာတတ်မြဲ အားငယ်စိတ်တို့  ရှိလာချိန် ...
“ လာပါဗျာ ... အချုပ်ဆိုတာ ဒီလိုပဲ မျှပြီး နေရတာပဲ၊ ခင်ဗျားအိပ်ကို ဒီမှာ လာစီထား၊ ခဏနေ အပြင်ကလူတွေ
ရဲ မောင်းလိုက်လို့  အထဲပြေးဝင်လာရင် နေရာ ခက်မယ် ”
နောက်တစ်ဦးကပါ ထပ်ခေါ်တော့ ၊ ကျောပိုးအိပ်ကို ဆွဲရင်း သူတို့  နှစ်ဦးကြားသို့  နံရံနှင့်  ကပ်လျက် အိတ်ကို
ချထားလိုက်သည်။
“ ကြမ်းက ရေဝင်နေတယ်ဗျ ... ခေါင်းရင်းဘက်မှာတော့  ဘာမှ မဖြစ်ဘူး ”
ကျွန်တော်က သူတို့ ပြော၍ ကြမ်းခင်းအား အသာလေး ဖိနင်းကြည့် လိုက်ရာ ရေနှင့်  ကြမ်းခင်းရိုက်သံကို ကြား
လိုက်ရပါသည်။ ကြမ်းခင်းတစ်ခုလုံးတွင် သံချက်လွတ်သည့်  ကြမ်းခင်းတွေက လွတ်နေပြီး၊ ရေချိုးခန်းမှ လျှံကျ
သော ရေများက ကြမ်းခင်းအောက်သို့  စီးဝင်နေခြင်း ဖြစ်သည်။
“ ရပါတယ်ဗျာ၊ ကျွန်တော်နေတတ်ပါတယ်၊ ဒါပါနဲ့ ဆို သုံးခါရှိပြီ ”
“ ချုံဘော်မှာဘဲလား”
“ မဟုတ်ဘူးဗျ .. ဘန်ကောက်မှာ တစ်ကြိမ်၊ ကန်ပူရီမှာ တစ်ကြိမ် ”
ကျွန်တော့် အတွက် ထိုင်းနိုင်ငံမှ အချုပ်ခန်းများသည် သိပ်အဆန်း မဟုတ်တော့ ပေ။ သည်အကြိမ်တွင် အိမ်ပြန်
စဉ် အဖမ်းခံရ၍၊ ပို၍ပင် စိတ်အေးနေသည်။ ကျွန်တော်တို့ လို တရားမဝင်လုပ်စားနေသူတွေအတွက် အချုပ်ဆို
တာ မေ့ ထား၍မရ။ အစဉ်အမြဲ သတိထားနေသည့် ကြားမှ၊ အလှည့် သင့် လာလျှင် ကံချော်စွာ ရောက်လာရမြဲ
ဖြစ်သည်။ အခုလည်း ရောက်လာတော့  လေ့ လာရပြန်သည်။
“ ဒီမှာ တစ်နေ့  ထမင်းဘယ်နှစ်ကြိမ် ကျွေးလဲ ”
“ အရင်က နှစ်ခါပဲ ကျွေးတယ်၊ အခု တစ်နေ့  သုံးခါ ကျွေးနေပြီ ”
ကိုတင်အေးက အရင်က တွေ့ ကြုံဖူးသူလို ဖြေသည်။
“ ကျွန်တော့် နာမည် ကိုထွေးပါ၊ အစ်ကို့ နာမည်က .. ”
“ တင်အေး ... မြိတ်ဇာတိပါ၊ ကိုထွေးက ရန်ကုန်ကလား ”
ကျွန်တော် ခေါင်းညိတ်ဖြေဖြစ်သည်။
“ ဘယ်မှာ ဖမ်းတာလဲ ”
နံဘေးမှ နောက်တစ်ဦး ဝင်မေးလာသဖြင့် ၊ “ ကုလားတို့ တော့  စပ်စုပြီ ” ဟု တစ်ခြားတစ်ဦးက လှန်းနောက်
လိုက်သည်။
“ ချုံဘော် ကားဂိတ်မှာ ... ”
“ ဟာဗျာ ... အကိုက ဂိတ်ထဲအထိ စီးသွားတာကိုး၊ ဒီလောက်ဖမ်းနေတာဗျာ ...”
ကုလားလေး၏ ကရုဏာ စကားကြောင့် မချိပြုံးသာ ပြုံးနေရတော့ သည်။ ကျွန်တော်ကိုက သိလျက် မှားခဲ့ တာ
ပဲလေ။ အရင်က နှစ်ကြိမ်တိုင်တိုင် ရောက်သွားခဲ့ ဘူးပါလျက်၊ ကားဂိတ်မှာ သွားဆင်းမိသည်။ တကယ်ဆိုလျှင်
မြို့ ဝင်တံတားမှာ ဆင်းရမည်။ အိပ်ပျော်သွားသဖြင့်  ကားဂိတ်ထဲသို့  ပါသွားခြင်းပင်။
“ ခါတိုင်း သွားနေကျပဲဗျာ ... ဖြစ်လာမှတော့  မတတ်နိုင်ဘူး ”
“ ဒါပေါ့ ဗျာ ... ဘာတတ်နိုင်မှာလဲ ”
ကျွန်တော့် စကားကို ကိုတင်အေးက ထောက်ခံသည်။ နယ်စပ်မြို့ တစ်မြို့  ဖြစ်သည့် အတွက် အချုပ်သားအများ
စုမှာ မြန်မာများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများ ဖြစ်ကြသည်။ အမှုကလည်း ရှင်းပါသည်။ “ သာမော ”မှု။
ခွန်သံဒေါက်လို့  ရဲများက ခေါ်၏။ “ သာမော ” ဆိုတာ အခွန်ဆောင် နေထိုင်သွားလာခွင့်  လက်မှတ်ကို ဆိုလို၏။
ဒါပေမဲ့  ချုံဘော်လို ခရိုင်မြို့ ကြီးတွင် “ သာမော ”လက်မှတ်ဖြင့် မြန်မာများ နေခွင့် မရှိ။ ရနောင်း တဝိုက်မှာသာ
နေခွင့် ရှိသည်။ နေ့ ချင်း ပြန်ရသည့် “ သာမော ” လက်မှတ်ရှိသလို၊ တစ်ပတ်စာ နေခွင့် ရသည့်  သာမောလက်
မှတ်လည်း ရှိသည်။

ရနောင်းနှင့်  ချုံဘော်မြို့ တို့ မှာ ကားဖြင့်  တစ်နာရီခွဲနီးပါး သွားရသည်။ မနေ့ ညက ဘန်ကောက်မှ ချုံဘော်သို့  ကားဖြင့် လိုက်လာခဲ့ သည်။ မြို့ အဝင်တံတားမှာ မဆင်းမိ၍၊ ကားဂိတ်တွင် အဖမ်းခံရသည်။ ကံဆိုးသည့် ကြား
မှပင် ကံကောင်းသည်ဟု မှတ်ရပါမည်။ ရဲ က လူကိုသာ ဖမ်း၍ ပစ္စည်းမသိမ်း။ ခရိုင်မြို့ ကြီး ဖြစ်၍လားမသိ။
ရနောင်းမှာဆိုလျှင် ဖိနပ်ပင်မကျန်နိုင်။ အချုပ်ရက်ကိုလည်း ရနောင်းမှာ လေးဆယ့် ငါးရက် သတ်မှတ်သည်။
ချုံဘော် မှာတော့  အကြာဆုံး တစ်လသာ ထားသည်ဟု သိရ၏။ မနေ့ ကပင် မြန်မာတစ်သုတ်ကို ရနောင်းသို့ 
သွားပို့ သည်ဟု သိရသဖြင့် ၊ တစ်လတော့  စောင့် ရတော့ မည်။


မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

....................................................................................................................................

( ဆက်ရန် )



Wednesday, March 9, 2011

လင်းဖိုင်စာသိုက် ( ၂ )


ဘယ်တော့ မှ အေးစက်မသွားနိုင်သော၊ အေးခဲ မသွားနိုင်သော ရင်ခုန်သံတို့ ဖြင့် ကိုထွေးတစ်ယောက်
“ ဖိုင့် ” အပေါ်မှာ ရစ်ပတ်တွယ်တာမိခဲ့ ရပါသည်။ မိုးကြိုး၊ လျှပ်စီးတို့ ထက် မြန်လွန်းသော အဟုန်ဖြင့် 
စက္ကန့် ပိုင်းသောအချိန်လေးအတွင်းတွေမှာပင် မိုင်ပေါင်းများစွာ ရစ်ပတ်တွယ်နှောင်သွားနိုင်သော အရာကို
“ ချစ်ခြင်း ” လို့ ပဲ ခေါ် ဆိုနိုင်ပါတော့ မည်လား ..။


“ နမ့် ခစဝမ်ကို သွားလည်မယ်၊ အဒါ လိုက်ခဲ့ ပါလားရှင် ”
သူက ကျွန်တော့် ကို “ အဒါ ” လို့  နှုတ်ကျိုးနေပါပြီ။
“ ဘယ်တော့ လဲ ဖိုင် .. ဘာသွားလုပ်မှာလဲ ”
“ စက်ရုံက သူငယ်ချင်း မင်္ဂလာဆောင်လို့ ၊ အလည်လိုက်သွားကြမယ်လေ။ မကိုင် တို့ လည်း ပါတယ်၊ လူတွေ
အများကြီး စုသွားကြမှာ ”
“ လိုက်မယ်လေ ”
ဒီကိစ္စဟာ ကျွန်တော့် အတွက် ဒုတိယအကြိမ် အလည်အပတ်ခရီးပဲ ဖြစ်ပါသည်။
ပထမအကြိမ်က ဖိုင်တို့  ဇာတိမြေကို လိုက်သွားခဲ့ ဘူးသည်။ ရှင်ပြု နားသ အလှုပွဲ လုပ်ကြတာပါ။ တော်တော်
ပျော်စရာ ကောင်းပါသည်။ ဖိုင်တို့ အဖွားဆိုတာ ပါးရိုးကြီးတွေကျပြီး ကွမ်းတွေဝါးရင်း၊ ကျွန်တော့် မျက်နှာကိုသူ့ 
လက်ဝါးနဲ့ လိုက်ပွတ်သည်။ မျက်စေ့ က မွဲနေပြီကိုး။ စကားတွေလည်း ပြောသည်။ ကျွန်တော်နားမလည်တော့ 
ဖိုင်က ဝင်ရှင်းပြ၏။
“ သင်္ကန်းစည်းမလားလို့  မေးတာပါ ”
“ ဟုတ်လား ”
“ ဒီမှာ နေနိုင်သလား တဲ့  ”
“ ဟင်း ..ဟင်း ”

ဖိုင်တို့  ဇာတိမြေဟာ ကျွန်တော်တို့ တိုင်းပြည်က ကျေးလက်တောရွာလိုပါပဲ။ တောင်သူလယ်သမားတွေ နေကြ
ပါသည်။ အလှုမှာလည်း ဝိုင်းလုပ်ဝိုင်းစားဖြင့်  ပျော်ဖို့ ကောင်းပါသည်။ သူတို့ ဆီမှာ မောင်ရင်လောင်းနှင့် ရဟန်း
လောင်းကို လူဖြင့် ထမ်းကြသည်။ ထမ်းသည့် လူတွေက နီးစပ်ရာ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေနဲ့ ကုသိုလ်
ယူသည့် သူတွေဖြစ်ပါသည်။
မောင်ရင်လောင်းရော၊ ရဟန်းလောင်းပါ တစ်နေကုန်လှည့် ပြီးရင် ညဆို အိမ်မှာပဲနေကြသည်။ ဘုန်းကြီးကျောင်း
ကို မသွားပါ။ မနက်ကျမှ သင်္ကန်းစည်းကြသည်။ သူတို့ ဓလေ့ ပဲလားတော့  ကျွန်တော်မပြောတတ်ပါ။ အခုမှ
ဒီတစ်ခါပဲ မြင်ဘူးတာကိုး။ ညဘက်မှာ ပိတ်ကားထောင် ရုပ်ရှင်ပြပါသည်။ လယ်ကွင်းကြီးထဲမှာ ပြတာပါ။
ကျွန်တော်တို့ ဆီမှာဆိုရင်တော့ ဆိုင်း ငှားလေ့ ငှားထ ရှိသည်။ ဒီမှာတော့  ဆိုင်းအဖွဲ့ တွေ ဘာတွေ ရှားပါးကုန်
တာလား၊ အလေ့ အထမရှိတာလား မသိ။ သိပ်တောင်မမြင်မိပေ။ ဇာတ်ပွဲလို သဘောမျိုး၊ အငြိမ့် သဘောမျိုး
ကပြတာတော့  ရှိသည်။ ဇာတ်သံ၊ ဇာတ်ဟန်ဖြင့် ယဉ်ကျေးမှု ကပွဲတွေ၊ တီဗွီတွေမှာလည်း လွှင့် ပါသည်။
မြို့ မှာလည်း မကြာခဏ ကြည့် ဘူးသည်။ သူတို့  ဇာတ်သံ ကျွန်တော် ဘယ်နားလည်မလဲ။ အရယ်၊အသော၊အငို
အနွဲ့ တွေက မြန်မာ့ ဇာတ်လို ကျကျနနပဲ သရုပ်ဆောင်ကြပါသည်။ ဝတ်စားဆင်ယင်ပုံလည်း သားနားကြသည်။
ဇာတ်စကားကိုသာ ကျွန်တော် နားမလည်တာပါ။ ကြည့် လို့ တော့  ကောင်းပါသည်။

ထိုင်းနိုင်ငံမှာလည်း ကျွန်တော်တို့  မြန်မာနိုင်ငံမှာလို လူမျိုးကွဲတွေ အများကြီးရှိသည်။ ဖသိုက်၊ ဖနူရာ၊ ထိုင်းလစ်
ဖအိစံ စသည်ဖြင့်  ရှိကြသည်။ အသေးစိတ်တော့  ကျွန်တော်မပြောတတ်ပါ။ ကျွန်တော်တို့ နှင့်  အရင်းအနှီးဆုံး
လူမျိုးက ဖအိစံ လို့ ခေါ်သည့်  ကောက်ညှင်းစားသည့်  ထိုင်းလူမျိုး ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ
သူတို့  အမြဲရှိသည်။ တော်တော်လုပ်နိုင်တဲ့ သူတွေဖြစ်ပါသည်။

နေပူထဲမှာ တစ်နေကုန် လုပ်နိုင်သည်။ စားတာက ကောက်ညှင်းစားသည်။ သောက်လဲ အလွန်သောက်နိုင်ကြ၏။
ညညဆိုရင် အရက်ပုလင်းကို ဇွန်းဖြင့် ခေါက်ပြီး ရိုးရာသီချင်းတွေ ဆိုကြသည်။ အတော်ရိုးသားကြပါသည်။
သင်္ဘောသီးထောင်းတို့ ၊ သခွားသီးထောင်းတို့ ဆိုတာ သူတို့ ဖအိစံတွေရဲ့  အစားအစာဖြစ်ပါသည်။ လှည်းကလေး
တွေနှင့်  လမ်းစုံ၊ လမ်းခွတိုင်းမှာ ရောင်းကြသည်။ အမဲသားကင်ပြီး သုပ်တာလည်း သိပ်စားလို့  ကောင်းပါသည်။

သူတို့ က ပြောသေးသည်။ သူတို့ သာလျှင် ရာခိုင်နှုန်းပြည့် ပြည့်  ထိုင်းသွေးစစ်စစ်တွေပါပဲတဲ့ ။ ဘန်ကောက်
တစ်မြို့ လုံးမှာ သူတို့ မရှိသည့် နေရာဆိုတာ တကယ်ရှားပါသည်။ သူတို့  ဘာသာစကားက သိပ်နားထောင်လို့ 
ကောင်းပါသည်။ ကျွန်တော်တို့  မြန်မာအချင်းချင်းတောင် တစ်ဦးနဲ့ တစ်ဦး စ,ကြ နောက်ကြရင်း သူတို့ လေသံ
မျိုး လိုက်လိုက်ပြောကြပါသည်။ “ အိညံဝ ” ( ဘာလဲကွ ) တို့ ၊ “ ကင်ခေါက်ဘော် ”( ထမင်းစားပြီးပြီလား ) တို့ 
က ပြောလို့ ကောင်းနေသည်။

ရုပ်ရှင်တို့ ၊ သီချင်းတို့ မှာလည်း ဖအိစံတွေက တော်တော်နေရာယူထားကြသည်။
ရိုးရာကျေးလက်တေးတွေက မြို့ ပေါ်မှာ အလုပ်လာလုပ်ကြသည့် သူတွေအတွက် ဇာတိအလွမ်းပြေပင်။ MTV
က ခေတ်စားလွန်းသည်။ မြို့ မှာ အလုပ်သွားလုပ်သည့် ကောင်မလေးကို တွေ့ ချင်လို့  မြို့ ကို လိုက်လာ၊ အလုပ်
မျိုးစုံလုပ်၊ ဒုက္ခတွေတွေ့ ၊ နောက်ဆုံး ကောင်မလေးစပယ်ယာလုပ်သည့် ဘတ်(စ)ကားပေါ် အပြေးအလွှားတက်
မိရင်း ပြန်စုံကြတာတို့ ၊ မြို့ မှာ အလုပ်လုပ်ပြီး ပြန်လာသည့်  အမျိုးသားကို ဇာတိမြေက အမျိုးသမီးက ဆီးကြိုတာ
တို့ ဆိုသည့်  MTV များကို ကြည့်လို့ ကို မဝနိုင်ပါပေ။

ကျွန်တော်တို့ ဆီမှာ ဆိုလျှင်တော့  အထက်အညာ သရုပ်ဖော်သဘောမျိုးဖြစ်သည်။ သူတို့  ထိုင်းလူမျိုးတွေထဲမှာ
မြန်မာနှင့် မျက်နှာအကျ အပေါက်၊ ဆံပင်ပုံစံက အစ ဆင်တူသည့်  လူမျိုးလည်းရှိသည်။“ ဖသိုက် ” လူမျိုး ဖြစ်၏။
ဘယ်လောက်ဆင်တူသလဲဆိုရင် “ နာ့ လမ်း ” ထဲက လက်ဖက်ရည်ဆိုင်မှာ သူတို့ ထိုင်နေပြီး ရေနွေးသောက်၊
ဘာသောက် လုပ်နေသည့်အခါ မြန်မာပြည်ပြန်ရောက်နေသလိုတောင် ခံစားရသည်။ အဲ့ ဒီလောက်တောင် တူ
ပါသည်။ ထိုအခါမျိုးမှာဆိုလျှင် ဘယ်ဝိုင်းကများ မြန်မာစကားသံ ကြားရမလဲလို့ တောင် နားစွင့် မိပါသည်။

သူတို့ က “ ရခမ်ဟမ်း ” တက္ကသိုလ် လာတက်နေကြသည့် ကျောင်းသူ ကျောင်းသားတွေဖြစ်ပါသည်။ လက်ဖက်
ရည်ဆိုင် ထိုင်တာ သူတို့ လူမျိုးပဲ ရှိသည်။ မြန်မာပြည်နှင့် ထပ်တူပင်။ သူတို့ ရပ်ရွာမှာတော့  လက်ဖက်ရည်ဆိုင် ရှိလား၊ မရှိလား ကျွန်တော်မသိပါ။ “ နာ့ လမ်း ” ထဲက လက်ဖက်ရည်ဆိုင်ကတော့  မြန်မာပြည်က ဆိုင်လိုပင်ဖြစ်
နေသည်။ “ နာ့ လမ်း ” က ထွက်လျှင် ( ရခမ်ဟမ်း )တက္ကသိုလ်သို့  ရောက်သည်။ မြန်မာပြည်က အင်္ဂလိပ်မေဂျာ
သင်သည့် ဆရာတွေတောင် ရှိတယ်လို့  ကြားမိသည်။ တွေ့ တော့  မတွေ့ ဘူးပါ။

ကျွန်တော်တော့  နာ့ လမ်းက လက်ဖက်ရည်ဆိုင်ကို တမင်တကာ သွားသွားထိုင်သည်။ တက္ကသိုလ် လာတက်ကြ
သည့် လူငယ်တွေကိုမြင်ရတာ၊ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရေနွေးကြမ်း သောက်ရတဲ့ အရသာများကိုတော်တော်
စွဲနေပြီ။ အခါကြီး ရက်ကြီးတွေမှာတောင် အရင်လို ဘုရင့် နန်းတော်တို့ ၊ ကျောက်တိုင်တို့ ဘက်ကို မသွားဖြစ်
တော့ ပေ။ ဖိုင်နဲ့  ရင်းနှီးလာတော့ ဘုရားတို့  ကျောင်းတို့  သွားတာလာတာရှိလာသည်။

ကျွန်တော်တို့ နေတဲ့  ၁၂၂ လမ်းရဲ့  ဟိုဘက်မှာ ၈၉ လမ်းရှိသည်။ အဲ့ ဒီလမ်းထိပ်မှာ “ လွတ်တို့ ” လို့ ခေါ်သည့် 
သုံးဘီးကားလေးကို စီးသွားလျှင် စေတီ တစ်ဆူသို့  ရောက်သည်။ သီတင်းကျွတ်တို့ ၊ တန်ဆောင်တိုင်တို့ မှာ
ဖိုင်နှင့် ရောက်ဖူးသည်။

ဘုရားမီးပူဇော်ကြပုံမှာ ဆန်းလှ၏။
ဘုရားကို ဆီမီးတွေကိုင်ပြီး ပတ်ကြသည်။ ပတ်ရတာ ကျေနပ်ပြီဆိုလျှင်တော့  စေတီမှာ ထွန်းညှိပူဇော်ကြသည်။
ရေထဲကို ဆီမီးပူဇော်တာကျတော့  ဘူတာကြီးနားက မြစ်ထဲမှာ သွားပြီး ပူဇော်ကြသည်။ တစ်ခါတစ်လေတော့ 
အဲ့ ဒီမြစ်ထဲမှာ မော်တော်စီးပြီး ဘုန်းကြီးကျောင်းတွေ လိုက်ဖူးကြသည်။ ဖိုင်က ဒါတွေ တော်တော်လိုက်စား၏။
ဘုရားရွှေကပ်တာတို့ ၊ တရားထိုင်တာတို့ ကို ခေါ်ခေါ် သွားလေ့ ရှိသည်။ အဲ့ ဒီလို နေရာတွေ ရောက်ပြီးလျှင်
ကျွန်တော် သူ့ ကို ယူချင်စိတ် ပေါက်ပေါက်လာတော့ သည်။

“ နန့် ခစဝမ် ” ကို သူ့ သူငယ်ချင်း မင်္ဂလာဆောင်အတွက် လိုက်ခဲ့ ရင်း ကျွန်တော် သူ့ ကို တော်တော်သနားသွား
မိပါသည်။ သတို့ သားနှင့်  သတို့ သမီးတို့ က ပရိတ်သတ်ရှေ့ မှာ လက်ချင်းယှက်ပြီး ထိုင်ကြသည်။ ပရိတ်သတ်
တွေက သူတို့ လက်ကို ရေသွားလောင်းပေးကြသည်။ လက်ဖွဲ့ တွေလည်း ထည့်ကြ၏။ နှစ်ဖက်မိဘဆွေမျိုးတွေ
က ပီတိတွေ ဖြာလို့ ။ တက်ရောက်သည့်  ပရိတ်သတ်ထဲမှာ သမီးရည်းစား စုံတွဲပါလျှင် စုံတွဲလိုက် သွားပြီး
ရေလောင်းရတာကိုး ..။

သတို့ သားနှင့် သတို့ သမီး လက်ချင်းယှက်ထားသည့်  အောက်ခြေမှာ ဖလားကြီး ခံထားသည်။ ရေကတော့ 
အဖြစ်သဘော လောင်းရခြင်းပင်။ ဖိုင်က ကျွန်တော့်ကို ရေလောင်းဖို့  လာခေါ်သည်။ ကျွန်တော်လိုက်သွားပါ
သည်။ တကယ်တော့  ဒီကိစ္စက ဘဝနှင့် ရင်းရတာမှန်း ပြီးမှ ကျွန်တော်သိတော့ သည်။ လူသိရှင်ကြား ကြေညာ
လိုက်သည့်  သဘောဖြစ်တော့ သည်။ သည်လိုမျိုးကို တကယ်ယူမည့်  သမီးရည်းစားတွေသာ လုပ်လေ့ လုပ်ထ
ရှိကြပါသည်။

တကယ်တန်းပြောကြကြေးဆိုရင် ဖိုင်နှင့် ကျွန်တော် ချစ်တင်းနှောတာမျိုး မရှိသေးပါ။ နားလည်နေကြသည့် 
အဆင့် သာ ရှိပါသေးသည်။ နယ်လုသည့် ကိစ္စမှာလည်း ပိုလို့ တောင် တင်းမာနေကြပါသည်။ ဘာပဲဖြစ်ဖြစ်
သူနဲ့ ကျွန်တော် မလွန်ကျူးမိကြသေးပါ။ ချစ်တယ်၊ ကြိုက်တယ်၊ ဘာဘာညာညာတွေတော့ ပြောဖို့  မလိုကြတာ
မို့  မပြောကြပါဘူး။ ဒါတွေ ပြောဘို့ လည်း မလိုဘူး ထင်လို့ ပါ။ တစ်နေ့ ကို အကြိမ်နှစ်ဆယ်လောက် ဆုံနေကြ
တာမဟုတ်လား။

သမီးရည်းစားဆိုတာ ဒီလို နီးနီးကပ်ကပ် တွေ့ နေမြင်နေရရင် ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောနေမယ်မထင်ပါ။
အရွယ်တွေကလည်း ဆယ့် လေးငါးခြောက်နှစ်တွေ မဟုတ်ကြတော့ ။ ပြီးတော့  လက်လုပ်လက်စားတွေမဟုတ်
လား။

နောက်တစ်ကြောင်းက အသိုင်းအဝိုင်းတို့ ပတ်ဝန်းကျင်တို့  ဝင်ပါမလာတော့ သူနဲ့ ကျွန်တော်ကြားမှာ ပဋ္ဋိပက္ခ
ဆိုတာ နယ်လုသည့်  ပြဿနာသာရှိသည်။ သူ့ ဘဝထဲ ကျွန်တော်မဝင်နိုင်သလို၊ ကျွန်တော့် ဘဝထဲလည်း သူ
ဝင်မလာနိုင်ပါ။ ကြားချလို့ မရတဲ့ ကိစ္စကြီး ဖြစ်နေသည်။ သွားကြ လာကြသည့် အခါမှာတော့  နယ်လုပွဲကို
နှစ်ယောက်စလုံး မေ့ ထားလိုက်ကြသည်။ ဒီလိုနှင့် ပင် တစ်နှစ်ခွဲလောက် တွဲခဲ့ ကြပါသည်။

နောက်တော့  .....

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

................................................................................................................

( ဆက်ရန် )

Saturday, March 5, 2011

လင်းဖိုင်စာသိုက်နှင့် တွေ့ ကြပြီ။


ဝတ္ထုဆန်သော တကယ့်အဖြစ်အပျက် ဖြစ်ပါသည်။
လုပ်ချင်တာနှင့် လုပ်သင့် တာကို ယှဉ်ရွေးခဲ့ ရတာမျိုးတွေက ဘဝမှာ အကြိမ်ကြိမ် ကြုံခဲ့ ရတတ်ပါသည်။
နောင်လည်း ကြုံနေရအုံးမှာပဲ ဖြစ်ပါသည်။


တော်တော်ချောတယ်လို့  မပြောနိုင်ပေမယ့်  တော်တော် ကိန်းခန်းကြီးမယ့် မိန်းမမျိုးပါ။
သူ့ နာမည်က “ လန်းဖိုင်( စာသိုက် )” တဲ့ ။ ဖိုင်လို့ ပဲ လွယ်လွယ်ခေါ်ကြသည်။ မြန်မာလို မှဲ့  ဟု ဆိုနိုင်သည်။
ဆံပင်က တံကောက်ကွေးကို ရောက်နေသည်။ ဆံပင်အုံကလည်း အတော်ကောင်းပါသည်။ ကုတ်အင်္ကျင်္ီနှင့် 
စကတ်နှင့်  ကျကျနန ဝတ်လာတဲ့  အခါမျိုးမှာ “ အီစွတ် ” တောက်ခေါက်သည်။ ကျွန်တော်လိုကောင်နှင့်  ရင်းနှီး
ရပါ့ မလားလို့  ဒေါသဖြစ်ရှာသည်။ ဒါဟာ ... အမေ့ ကျေးဇူးပါပဲ ။

ရုပ်ရည်လေးကို လူရာဝင်အောင် မွေးပေးခဲ့ သည့်  အမေ့ ကျေးဇူးတွေပေါ့ ။
ပြောရရင် ကျွန်တော့် ကို သူ က စ, ခဲ့ ခြင်းပင်။ အဲ့ ဒီနေ့ က သူ မူးနေပါတယ်။ မွေးနေ့ လား ဘာလားလုပ်ရင်း
ဘီယာတွေ သောက်နေကြ၏။ ကျွန်တော်က ရိုတီ ရောင်းမကောင်းလို့  အိမ်ပြန်လာရင်း လမ်းထိပ်မှာ ခဏရပ်
နေမိသည်။ သူတို့  ရှိတဲ့  အိမ်ရှေ့ မှန်းမသိရိုး အမှန်ပါ။

“ ရိုတီသည် ... ရိုတီသည် ခဏ လာခဲ့ ပါဦး ”
ကွပ်ပျစ် ခင်းထားသည့်  နေရာမှ သူတို့  လေးငါးယောက် စုထိုင်ပြီး လှမ်းခေါ်ခြင်းပင်။
“ ဘာနဲ့ စားမလဲ ... ကြက်ဥထည့် မလား ခင်ဗျာ ”
“ လာခဲ့ ဦး ... လာခဲ့ ဦး .. ဝင်လာပါ ”
တစ်ယောက်က လှမ်းခေါ်တော့ ၊ ကျန်တဲ့  လူတွေက ဝိုင်းဟားသည်။ မယ်မင်းကြီးမတွေ တော်တော်မူးနေမှကိုး။
ဘီယာပုလင်းတေါဆိုတာ ကားနဲ့  တိုက်ထုတ်ရမလား ထင်ရ၏။ ဟိုတစ်လုံး၊ ဒီတစ်လုံး ပြန့် ကျဲလို့ ၊ ကျွန်တော်
ဘယ်မူ လိမ့် မလဲ။ ဝင်သွားပါသည်။
“ ဟို့ အိုး ... ဖြောင့်တယ်ဟေ့ ၊ ဖိုင်တော့  နိုင်သွားပြီဟေ့  ”
သူတို့  လှောင်ကြပေမယ့်  စော်ကားတာမျိုး မဟုတ်ပါ။ ကျွန်တော့်ကို ခေါ်လိုက်ခြင်းဖြစ်ပါသည်။
“ ဖိုင်” က ဘီယာခွက် ထိုးပေးရင်း၊ မေးလာပါသည်။
( ခွန်ချူ အလိုင်ခပ် )
“ နာမည် ဘယ်လိုများလဲရှင် ”
“ ဟေ ”
ကျန်တဲ့ လူစုက “ ဟေ” လိုက်ကြတာပါ။
( အထွေးခပ် )
“ ကိုထွေးပါ ”
( အလိုင်န ... ဒါ ... အဒါ )
“ ဘာလဲ ... ဒါလား၊ ဒါ .. နော် ”
( ခပ်ဖုန် )
ကျွန်တော်စကားမြန်မြန်ပြတ်အောင် “ ကိုဒါ ” လို့ ပဲ မှတ်ခိုင်းလိုက်သည်။ တကယ်တော့  “ ထွေး ” ဆိုတာကို
ထိုင်းလို အသံထွက်ရတာကို မလွယ်လှ။ “ တ ” သံတို့  “ ထ ” တို့ ကို “ ဒ ” သံ နှင့်မကွဲကြပေ။
“ ကိုဒါရေ ... ဘီယာ သောက်ပါနော် ”
“ သောက်ပါ .. အလကား စ တာပါ။ သောက်ပါ ... ဒီနေ့  ကျွန်မမွေးနေ့ ပါ ”
ဖိုင်နဲ့  ရွယ်တူတစ်ယောက်က ခွက်ကို တဆင့်လှမ်းယူရင်း ပေးလာပါသည်။ ဘာဖြစ်သလဲလေ .. ဒါကိုတော့ 
လိုက်လျောရမှာပေါ့ ။ မိန်းမလှကျွန်းကို ရောက်နေမှကိုး။
“ ရောင်းကောင်းလားရှင် ”
“ ဖြည်းဖြည်းပါပဲ ”
“ ကျွန်မနာမည် လန်းဖိုင်စာသိုက်ပါ .. ဖိုင် လို့ ခေါ်ပါ။ သူက ရင်၊ သူက ဂို၊ သူက ကျွန်မညီမ ကိုင် တဲ့  ”
မြန်မာလိုတော့  သူ့ အဓိပ္ပာယ်နဲ့  သူရှိပါမည်။ ဒါတွေက အရေးမကြီး။ သူ့ နာမည်သိရင် ပြီးတာပဲ။ ကျွန်တော်က
မြန်မြန်သောက်ပြီး ပြန်ဖို့  ပြင်သည်။ တကယ်တော့  ဆက်ထိုင်နေရင်လည်း သူတို့ ဘာမှပြောမှာ မဟုတ်ပါ။
ကျွန်တော့် ကိုက ဒီအရေးတော်ပုံကို ပြန်ဖောက်သည် ချချင်နေပြီလေ။
“ ခွင့်ပြုပါဦး ခင်ဗျာ ... အလုပ်လေး ရှိသေးလို့ ပါ ”
“ ကောင်းပါပြီရှင် ... နောက်နေ့ မှ ဝယ်စားမယ်နော်၊ ဟိုရှေ့ က ကျွန်မတို့ အိမ်ပဲ ”
အောင်ပွဲကတော့  ဆက်တိုက်ပင်။

သူတို့ သာ တနယ်တကျေးက ဖြစ်နေလျှင် ဟိုလူတွေကို ကြွားရတာ ခက်နေမည်။ အခုတော့  သက်သေပြဘို့ က
နီးနေသည်။ ပျော်လိုက်တာ။ ဒီလို မချောနဲ့ သာ အဘိုင်ကြီးကုမဏ္ဏီကို တွဲခုတ်ပြလိုက်ရင် ကိုယ့် လူ တံတွေး
နင်သွားနိုင်သည်။ သူ နင်တာမပြောနဲ့ လေ။ ကိုယ်တောင်မှ ဒီလိုမျိုး နဖူးတွေ့ ဒူးတွေ့  ဆုံရပြီဆိုတော့  တယ်ထူး
တဲ့  ငါပါလားဟု စိတ်ကြီးဝင်နေမိပါ၏။ ဒါတောင် ဟိုက ဘီယာလေးတစ်ခွက်လောက် ခေါ်တိုက်သေးတာပါ။

ကျွန်တော်တို့  ယောင်္ကျားတွေဟာ ဘာမှန်းညာမှန်း မသိပဲလည်း၊ ကိုယ့်ကိုယ်ကို စကြာဝတေးမင်းလို သွေးနား
ထင် ရောက်ချင် ရောက်တတ်ပါသည်။ “ ဖိုင် ” ဘာလဲ၊ ဘယ်လိုလဲ ဆိုတာ သိတာ မဟုတ်သေး။ ဒီအရေးတော်ပုံ
ကို အီစွတ်တို့  လူသိုက်ကို ချပြလိုက်ချိန်မှာ ဖြစ်သွားပုံက အောက်ပါအတိုင်းဖြစ်ပါတော့ သည်။

“ ကျွန်တော့်ကို ဟိုဘက်လမ်းထိပ်က ကောင်မလေးတွေ ဘီယာ ခေါ်တိုက်တယ် ”
“ ဘယ်သူလဲကွ ”
“ ဖိုင် တဲ့  .. ကျွန်တော်လည်း မသိပါဘူးဗျာ၊ မွေးနေ့ လို့  ပြောတာပဲ ”
“ သြော်.. ဘာများလဲလို့ ။ ငါတို့ လည်း ခဏခဏ ကြုံသားပဲ၊ မသောက်ချင်လို့  ”
“ အေးဗျာ .. မနက်ဖြန် ထပ်ချိန်းထားတယ် ”
“ ဟေ့ ကောင် .. ပြဿနာတက်မယ်နော်၊ ဘယ်သူလဲ ငါ့ ကို ပြောစမ်း ”
“ ဆံပင်အရှည်ကြီးနဲ့ ဗျာ၊ စက်ရုံမှာ လုပ်တာလားမသိဘူး၊ သူ့ ညီမက ကိုင်.. တဲ့  ”
ကိုယ့်လူ တွေဝေသွားသည်။ နောက်ငါးမိနစ်ကြာတော့  ဟိုလူတွေလည်း လှည်းသိမ်းလာကြရင်း ဒီကိစ္စအတွက်
အုတ်အော်သောင်းနင်း ဖြစ်ကြတော့ သည်။ အီစွတ်ဆိုရင် ဖိုင်တို့ အိမ်နားက မုန့် ဆိုင်ကိုတောင် သွားစုံစမ်း၏။
ဟိုက ဖိုင်တို့  ဒီမှာ တကယ်နေတဲ့ အကြောင်း ပြောလိုက်ပုံရသည်။
“ မင်းပြဿနာ တက်တော့ မယ်နော် .. ကောင်မလေးတွေက အထည်ချုပ်မှာ လုပ်တာတဲ့ ၊ တကယ်မယူရင်
သွားမရှုပ်ပါနဲ့ ကွာ ”

တကယ်တော့  သူ့ ဂရုဏာဟာ သူ့ အတွက်ပါ။ ဖိုင့်အတွက် မဟုတ်ပါ။ ကျွန်တော်က နောက်မှ ပေါက်တဲ့ ရွှေကြာ
ပင် ဖြစ်နေပြီလေ ။ အီစွတ်တို့ က ဒီရပ်ကွက်မှာ နေတာ သုံးနှစ်ပြည့်တော့ မည်။ ဘယ်ထိုင်းမိန်းခလေးမှ အနား
မသီခဲ့ ။ ပြောရရင် ရုပ်တွေကလည်း မသားနားပဲကိုး။ သူတို့ အားလုံးဟာ ကုလားဆင်တွေ၊ မည်းလည်း မည်းကြ
ပါသည်။ နောက်ပြီး ဝတ်စားဆင်ယင်မှုက ဂိုက်ဆန်သည်။ ဝတ်တာတော့  အကောင်းစားကို ဝတ်ကြတာပါပဲ။
ဒါပေမယ့်  မြို့ သားနဲ့  မတူတာတော့  သေချာပါသည်။ သေချာတယ်ဆိုတာတော့  အခုလက်တွေ့ ပင်ဖြစ်ပါ၏။

သူတို့  ဘယ်လိုပဲတားတား ဖိုင်နှင့်ကျွန်တော်ကတော့  တော်တော်ရင်းနှီးခဲ့ ပါပြီ။
ညဘက်တွေမှာ သူတို့ အိမ်သွားပြီး တီဗီဇတ်လမ်းတွဲ ဝင်ကြည့် တာတို့ ၊စကားဝင်ပြောတာတို့ ထိ ဖြစ်လာခဲ့ ပြီ။
သူတို့  မိသားစုကလည်း ပွင့်လင်းကြပါသည်။ ကျွန်တော်သွားလည်ရင် တစ်ဝိုင်းတည်းထိုင်ပြီး စကားပြောကြ၏။
ကျွန်တော့်ရဲ့  မိဘတွေအကြောင်း၊ မောင်နှမအကြောင်း၊ အလုပ်အကြောင်း တစ်ခွန်းလေးတောင် မေးမလာကြ
ပါ ။ ဖိုင့် ရဲ့  ကိုယ်ရေးကိုယ်တာကိစ္စလို့  သဘောထားကြပုံရပါသည်။

တကယ်တမ်း ရင်းနှီးလာကြပြီဆိုတော့ ဖိုင်နဲ့ ကျွန်တော် ဘဝရည်မှန်းချက်တွေကို ဦးစားပေးပြီး ပြောကြပါသည်။
သူက ကျွန်တော့်ထက် နှစ်နှစ်လောက်ကြီးသည်။ ငယ်ငယ်ကတည်းက ဘန်ကောက် ရောက်နေတာဖြစ်ပြီး
ပင်ပင်ပန်းပန်း ဘဝကို ဖြတ်သန်းခဲ့ ရတယ်လို့  ပြောပါသည်။ ညီအစ်မ သုံးယောက်မှာ အကြီးဆုံး သမီးပါ။
အလတ်မက အိမ်ထောင်ကျနေပါသည်။ ကလေးနှစ်ယောက် ရနေပြီး သူတို့  နှစ်အိမ်ကျော်မှာ နေကြပါသည်။
ဖိုင်တို့  တစ်အိမ်သားလုံး အလုပ်လုပ်ကြပါသည်။

“ ကျွန်မက သမီးကြီးဖြစ်တော့  ... အိမ်ထောင်ကျလည်း မိဘကို တာဝန်ယူရမှာပါ၊ ခွဲသွားလို့  မဖြစ်ဘူ၊ ဒါ .. ထုံးစံ
ပါပဲလေ ”
“ ကောင်းပါတယ် ဖိုင်၊ ကျွန်တော်ကတော့  ပိုက်ဆံ ချမ်းသာချင်တယ်၊ လူကြီးလူကောင်း ဖြစ်ချင်တယ်”
“ ရှင်က .. ကုလား,လား ဟင် ..”
“ ဗုဒ္ဓဘာသာပါ ”
“ တကယ်လား ”
“ ဟုတ်ပါတယ် .. သူငယ်ချင်းတွေက မူဆလင်တွေပါ၊ ကျွန်တော်က ဗုဒ္ဓဘာသာ ”
“ ဖိုင်တို့  ဇာတိက ”
“ ဖနူရာ လူမျိုးပါ ”
“ စကားပြောတော့ ရော ”
“ ကွဲတယ်၊ နူရာ စကားကို အိမ်မှာ ကျွန်မနဲ့ အဖေနဲ့ ပဲ ပြောတယ်၊ အမေက နူရာ မဟုတ်ဘူး၊ မကိုင် တို့ ကလည်း
ဘန်ကောက်ရောက်တော့  ငယ်သေးတယ်လေ၊ ကျွန်မက ခုနှစ်နှစ်သမီးဆိုတော့  မှတ်မိတာပေါ့ ၊ သင်္ကြန်ဆို
သွားလည်ကြတယ်၊ ရှင် အားရင် လိုက်ခဲ့ ပါလား ”
“ တကယ်လား ”
“ တကယ်ပေါ့ ရှင် ... လောင်းလို့ ရတယ်နော်၊ ကျွန်မ တကယ်ပြောတာ၊ စက်ရုံက သူငယ်ချင်းတွေလည်း ခဏ
ခဏလိုက်လည်တယ်၊ ဟိုမှာ ချောင်းရှိတယ်၊ သူစိမ်ျးေတွတော့  ရေမကူးဝံ့ ဘူး၊ သူက .. ဘယ်လိုပြောမလဲ ”
“ ကျွန်တော် သိပါတယ် .. သေလိမ့် မယ် မဟုတ်လား ”
“ ဟုတ်တယ် ... အဲဒီလို ပြောကြတာပဲ ”
“ ဖိုင် ”
“ ရှင် ”
“ ကျွန်တော်တို့  ဆီကိုရော ဖိုင် လိုက်ရဲလား ”
“ ဟင်း ..ဟင်း ”
“ တီဗွီသတင်းတွေ ကြည့်ပြီး ဖိုင် လန့် နေတယ်ပေါ့  ... ဟုတ်တယ်မဟုတ်လား၊ မြို့ ပေါ်မှာ တကယ်အေးချမ်းပါ
တယ်၊ ကျွန်တော်နေတာ မြို့ တော်မှာ နေတာပါ ”
သူက ကျွန်တော်ပြောတာကို စိတ်ဝင်တစား နားထောင်ပါသည်။
“ တီဗွီလိုင်းတွေမှာ ပြလိုက်ရင် မကောင်းတာတွေချဉ်းပဲ။ အဲ့ ဒါတွေက နယ်စပ်တွေမှာ လိုက်ရိုက်ထားတာပါ၊
မြို့ ပေါ်မှာ ဒီလိုမဟုတ်ဘူး၊ မြန်မာတွေဟာ လူကောင်းတွေပါ ဖိုင် ”
“ ရှင်က ဘင်္ဂလားဒေ့ ရှ် မဟုတ်ဘူးလား ”
“ မဟုတ်ဘူး ... ကျွန်တော် မြန်မာပါ၊ ဘင်္ဂလားဒေ့ ရှ်တွေနဲ့  အတူနေရုံသက်သက်ပါ ”
“ ရှင်က စကားပြော ကောင်းတယ်နော်၊ မိန်းခလေးတွေ သဘောကျမှာပါ ”
“ ဖိုင် ထင်လို့ ပါ ... ကျွန်တော် စကားပြောတာ ထိုင်းလို မပီဘူးမဟုတ်လား ”
“ အင်း ... နားထောင်လို့ တော့  ရပါတယ်၊ သိပ်တော့  မပီဘူး ”
“ ဖိုင် သငါပေးလေ ”
“ ရပါတယ်ရှင် ... ရပါတယ် ”

ဖိုင်နဲ့  ကျွန်တော် ရင်းနှီးလာကြပေမယ့် သူ့ နယ်၊ ကိုယ့်နယ် လုရင်း လေးလကျော်လာသည့်တိုင် ပွဲက သရေပဲ
ဖြစ်နေပါသည်။ ညစဉ် ညစဉ် ကွေ့ တယို ထွက်စားလိုက်၊ ထိုင်းခေါက်ဆွဲကျော် ထွက်စားလိုက်။ စနေနေ့ ညဆိုရင်
လမ်းထိပ်က ပိတ်ကားထောင် ရုပ်ရှင်ကို သွားကြည့်ဖြစ်ကြပါသည်။ မြို့ ထဲကို တနင်္ဂနွေ ရှော့ ပင် ထွက်တာလည်း
ရှိသည်။ ဒါပေမဲ့  နယ်လုပွဲကတော့  သရေဖြစ်နေလျက်ပင်။

ကျွန်တော် သူ့ မိသားစုထဲ ဝင်လို့ မဖြစ်ပါ။ သူကလည်း သူ့ မိသားစုကို မခွဲနိုင်ပါ။ သူ့ အဖေက ကျွန်တော်တကယ်
သူတို့ နဲ့  နေမယ်ဆိုရင်၊ သူတို့ နယ်မှာ မှတ်ပုံတင်ရအောင် ကြိုးစားပေးမယ်လို့  ပြောပါသည်။ ထိုင်းမှတ်ပုံတင် ရဖို့ ဆိုတာ အမတန် ခက်ခဲမှန်း ကျွန်တော်သိပါသည်။ ဒါပေမယ့် ကျွန်တော်မှ မလိုချင်ပဲ။ ဖိုင့်ကို ကျွန်တော်
မြန်မာအဖြစ်နှင့်သာ လက်တွဲချင်သည်။

တကယ်ယူမယ်ဆိုရင် မြန်မာပြည်ပြန်ပြီး ပတ်(စ)ပို့ လုပ်မည်။ ထိုင်းကို ပြန်လာပြီး လက်ထပ်မည်။ မြန်မာလူမျိုး
အနေနှင့်သာ လက်ထပ်မည်။ ထိုင်းလူဝင်မှုဥပဒေအတိုင်း ဗီဇာနှင့် နေမည်။ ဒါက ကျွန်တော့်ရဲ့  လိုက်လျောမှု။
ဖိုင်က လက်မခံပါ။ သားသမီး ရလာလျှင် ပြဿနာ များမည်၊ ကလေးတွေ ဒုက္ခရောက်မည်၊ အခွင့် အရေးတွေ
ဆုံးရှုံးမည်၊ ပြီးတော့  ကျွန်တော် ပြဿနာပေါ်ရင် အဖမ်းခံရမှာကြောက်သည်။ ထိုင်းတီဗီတွေထဲမှာ နယ်စပ်ပြန်
ပို့ ခံရသည့်  ပြင်ပနိုင်ငံသားတွေအကြောင်းက ပေါ်လစီလိုလုပ်ပြီး လွှင့် ပြနေပါသည်။ လက်ကလေးတွေ နောက်
ပစ်၊ အထုပ်ကလေးတွေ ဆွဲပြီး နယ်စပ်ဂိတ်ကို လျှောက်ဝင်သွားကြသည့်  ပြန်အပို့ ခံလူတွေကို မြင်နေရတာကိုး။

ကျွန်တော့်ကို လေဖင်ခေါင်းကျယ်လွန်းသည်ဟု အီစွတ်တို့ က သတ်မှတ်လာကြပါသည်။
“ မင်းကလည်း ... သူတို့ ရွာမှာ သုံးနှစ်လောက်သွားနေလိုက်ရင် ပြီးတာပဲ၊ နောက်မှ ပြန်လာပေါ့ ”
“ ဘာလို့  နေရမှာလဲ ... ကျွန်တော် ထိုင်း ဘယ်တော့ မှ မလုပ်ဘူး၊ ယူချင်မှ ယူပေါ့ ဗျာ ”
“ ရူးပါ့ ကွာ ... ဖင်ခေါင်းကျယ်နေပြန်ပြီ”

အဖြစ်မှန်ကို ဘယ်သူမှ ကိုယ်ချင်းမစာနိုင်ကြသလို ကျွန်တော့်ရဲ့  ဘယ်တော့ မှ ထိုင်းလူမျိုး မလုပ်ချင်တဲ့ 
ခံယူချက်ကိုလည်း သူတို့  နားမလည်နိုင်ကြပေ။ ဒါဟာ ဘဝတစ်ခုလုံးနဲ့  ဆိုင်တဲ့  ဆုံးဖြတ်ချက်ဖြစ်နေတာကို
သူတို့  အမှန်အတိုင်း မစဉ်းစားနိုင်ခြင်းလည်းဖြစ်ပါသည်။ လတ်တလော ဒုက္ခတွေကို ဖြေရှင်းမှာလား၊ ဘဝပါ
ရင်းပြီး မြှပ်နှံမှာလား ဆိုတာကိုလည်း သူတို့  သဘောမပေါက်ကြပါပေ။

ဘင်္ဂလားဒေ့ ရှ် ပတ်(စ)ပို့  ကိုင်ထားတာဟာလည်း တကယ် လ.ဝ.က ရောက်ရင် မြန်မာဟာ မြန်မာ ဖြစ်သွား
မည်ဖြစ်ပါသည်။ လိမ်လို့  မရနိုင်ပါ ။ ရဲ ကတော့  ဒီလောက်ထိ လိုက်ပြီးလုပ်မနေ။ ဖမ်းချင်ရင် အချိန်မရွေး
ဖမ်းလို့  ရပါသည်။ ရိုးရိုးသားသား လုပ်စားနေတာမြင်လို့  ဥပေက္ခာပြုထားခြင်းဖြစ်သည်။ ဒီလိုအချေအနေကနေ
ပြဿနာ ဖြစ်လာခဲ့ စေဦး။ နယ်စပ် ပြန်ပို့ ခံရရုံသာ။ ဘဝဖြင့်  ရင်းစရာ မလိုလှပါ။

ပြီးတော့  ထိုင်းမှာ အိမ်ထောင်ကျသွားသည့်  မြန်မာတွေကို မြင်တိုင်း ကျွန်တော် အားကျတဲ့ စိတ်မျိုး မဖြစ်မိပေ။
အဘိုင်ကြီးကို ကြည့်ရင် သိနိုင်သည်။ ကုမဏ္ဏီရဲ့  မန်နေဂျာဆိုတာ မှန်ပါရဲ့ ၊ တကယ်တန်းကျတော့  သူ့ မိသားစု
ရဲ့  စားဝတ်နေရေးကို အသည်းအသန် လုပ်နေရသည်။ ကလေးတစ်ယောက်ရထားသည်။ ထိုကလေးရဲ့  ကျန်းမာ
ရေး၊ ပညာရေးနှင့်  သူတို့ လင်မယား လူလူသူသူ နေနိုင်ရေးအတွက် ကြိုးစားနေရပါသည်။ မြန်မာပြည်ကို ဘာမှ
အထောက်အကူ မပြုနိုင်ပေ။ ဒီမှာပဲ အချိန်တွေကုန်ပြီး ဘဝကိုနစ်မျောသွားနေသည်။ ဒါဟာ အားကျစရာမှ
မဟုတ်တာ။ ကြီးပွားသွားတာမှ မဟုတ်တာ။ လူကြားကောင်းရုံ သက်သက်ပင်။ ကိုယ့်ဘဝတစ်ခုလုံး နစ်မြှပ်သွား
တာပဲ အဖတ်တင်ပါသည်။

တကယ်လို့  ကျွန်တော် သူ့ လိုနေသွားဖို့  ရည်ရွယ်ချက် ရှိရင်တော့  ဟုတ်တာပေါ့ ။ ဒါပေမယ့်  ကျွန်တော့် ရည်
ရွယ်ချက်က ဒီလိုမဟုတ်ပါ။ ငွေများများ ရှာမယ်၊ အိမ်ပို့ မယ်၊ မြန်မာပြည်ရောက်ရင် ကားဝယ်စီးမယ်၊ တိုက်တွေ
ဘာတွေ ဝယ်မယ်၊ ဒီလိုရည်ရွယ်ထားတာဖြစ်ပါသည်။ ထိုင်းမှာ လက်လုပ်လက်စားဘဝနဲ့  ငွေရှာလို့ ရတာ
မှန်ပါသည်။ လူလူသူသူ နေနိုင်အောင် ရတာမျိုး မဟုတ်ပါ။

မှန်တာပြောရလျှင် ဖိုင် ဟာ ကျွန်တော့်ထက် နိမ့် ကျပါသည်။ မိသားစု တစ်ခုလုံးနဲ့  နှိုင်းယှဉ်ပြီးရော၊ ဘဝ ဖြတ်
သန်းလာပုံအရရော၊ လက်ရှိ အချေအနေအရပါ ချိန်ထိုး၍ ပြောခြင်းဖြစ်ပါသည်။ ကျွန်တော်တို့  မိသားစုက
ဖိုင်တို့ လို ရုန်းကန်လှုပ်ရှားနေရသူတွေ မဟုတ်ပါ။

ကျွန်တော်သင်ခဲ့ ရသည့် ပညာတွေ၊ ကျွန်တော့်ဘဝ အချေအနေတွေ၊ နောင်ဆက်လက်သွားမယ့်  ပန်းတိုင်တွေ
ဟာ ဖိုင့် လိုမဟုတ်။ ဖိုင် ဟာ နှစ်ပေါင်းများစွာ အလုပ်သမားဘဝနဲ့  ကျင်လည်သွားဖို့ ကလွဲရင် ဘာမှ စဉ်းစား
ထားတာမဟုတ်။ ကျွန်တော်က ကြီးပွားဖို့  လမ်းစ ရှာနေသူ။ လက်လုပ်လက်စားဘဝထဲ ရောက်နေပေမယ့်
ဒီဘဝဟာ ကျွန်တော့်အတွက် ယာယီသဘောမျှပင်။

ကျွန်တော်လေဖင်ဂေါင်းကျယ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ တကယ်လည်း ကျွန်တော် ဖိုင့် ဘဝထဲ မသွား
နိုင်ပါ။

သံယောဇဉ်တော့  ပိုခဲ့ ကြပါသည်။
ဖြစ်ရပ်တွေက ထပ်ခါထပ်ခါ တွယ်တာကြဖို့ ဖန်လာကြ၍ဖြစ်သည်။

မှတ်မှတ်ရရ ကျွန်တော်နှင့်  သန့် စင်ကို ရဲ ဖမ်းသေးသည်။ တကယ်တန်း လာဖမ်းတာက “ ရားမား ” ရောင်းတဲ့ 
သူကိုပါ။ ဒါပေမဲ့  မမိခဲ့ ကြ။ ကျွန်တော်နဲ့  သန့် စင်က ရုပ်ရှင်သွားကြည့်ဖို့  ညခုနှစ်နာရီမှာ နောက်ဖေးလမ်းကြား
ကတစ်ဆင့်  လမ်း ၁၂၀ ထဲ လျှောက်ဝင်လာကြသည်။ အဲ့ ဒီမှာပဲ ကင်းပုန်းကျနေသည့်  ရဲ နှင့်ပက်ပင်းတိုးတော့ 
သည်။ မေးတာက သန့် စင်ကို စ မေးခြင်းဖြစ်သည်။ စနူကာသွားထိုးမယ်လို့ သန့် စင်ကဖြေတော့  မှတ်ပုံတင်
တောင်းသည်။ ပါမလာဘူးဆိုတော့  မြန်မာမှန်းသိသွားပြီး ဖမ်းပါတော့ သည်။ ကျွန်တော့် ကိုတော့  ဘာမှမမေး
သေးပေမယ့် တစ်ခါက နယ်စပ်မှာ ကျွန်တော့် အတွက် သန့် စင်ပါလိုက်အဖမ်းခံခဲ့ တာကို သတိရမိသွားပါသည်။
ဒါကြောင့်  ကျွန်တော်ပြန်လှည့် လာပြီး ရဲ နှင့် စကားပြောပါသည်။ ကျွန်တော်ပြောတာကို ရဲက နားမလည်ပါ။
သန့် စင် ရှင်းပြမှ ဟန်ကျသွား၏။

“ ဒီမှာ ကျွန်တော်တို့  အစ်မ ရှိတယ်။ သူ့ ဆီမှာ ပိုက်ဆံသွားယူပြီး ရွေးခိုင်းမယ် ” ဆိုတော့  ရဲ က သဘောတူ၏။
ဘတ်နှစ်ထောင်တောင်းသည်။ ကျွန်တော်တို့ ကို ဆိုင်ကယ်နှင့်  တင်ခေါ်လာတော့ “ ဖိုင် ” တို့ အိမ်ကို မောင်း
ခိုင်းလိုက်ပါသည်။ ကျွန်တော်တို့ ကို ရဲ တွေနဲ့  ဝင်လာတော့  တစ်လမ်းလုံး ထွက်လာကြတော့ သည်။

နောက်တော့  ဘတ်ရှစ်ရာဖြင့် ဈေးတည့် ပြီး လမ်းထိပ်ကို ပြန်ခေါ်သွားပြီးမှ လွှတ်ပေးပါတော့ သည်။ ရိုးရိုးသား
သားလုပ်စားနေကြမှန်းသိလို့  လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ နောက်တစ်နေ့ မှာ သန့် စင်ကို ရဲ က အလုပ်တောင်
သွားသွင်းပေးခဲ့ ပါသည်။ စက်ရုံမှာ မလုပ်ချင်တဲ့  သန့် စင်က နောက်မှ လုပ်ပါ့ မယ်ဟု ကတိပေးလိုက်ရပါသည်။
သူက ကျွန်တော့် ညီမို့ လို့  လေဖင်ခေါင်း ခပ်ကျယ်ကျယ် မဟုတ်လား ။


မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

...................................................................................................................

( ဆက်ရန် )