Tuesday, December 29, 2009

အိမ်မက်စေတမန် ( ၂ )

ပင်လယ်ကြီးပေါ်ရှိ အုန့် မှိုင်းနေသော တိမ်ထုကြီးက တဖြည်းဖြည်း နိမ့် ဆင်းလာသလို ဖြစ်လာပါသည်။
မိုး တို့  ရွာချင်လာသလိုပါ။ တဝေါဝေါ တိုက်ခတ်နေသော လေထု ထဲတွင် မိုးငွေ့ ပါသော ရနံ့  တို့ ကိုပါ ရှု ရှိုက်
လာရပါသည်။

ကျွန်တော်တို့ လည်း ကား ဆီသို့  ပြန်လှည့်  လာကြပါသည်။
နောက်ဖက်တွင်တော့  ဒေါသ တကြီး ထကြွနေသော ပင်လယ်ကြီး ကျန်ခဲ့ ပါတော့ သည်။
ကား စ ထွက်တော့  ကားရှေ့  လေကာမှန်တွင် မိုးမှုန် မိုးစ လေးတွေ လာမှန်နေပါတော့ သည်။

“ကောက်စုကုန်း ” ဟု ခေါ်သော မဆုံးနိုင်အောင်ကို ရှည်လျားလွန်း သည့်  နှစ်ထပ် အမြန် လမ်းမကြီး အတိုင်း
မြို့ ထဲ ပြန်ဝင် လာတော့ အောက်ဖက် ဘေးဝဲယာရှိ မြို့ ပြ ရပ်ကွက်တွေအားလုံး ၏ အရှိန်ညီးညီး တောက်ပ
လျက် ရှိသော မီးအလင်းရောင် တို့ ကြောင့်  ကောင်းကင်တစ်ခွင်လုံး လင်းလဲ့  ဝင်းပ နေပါတော့ သည်။
ကား က အရှိန် နှင့်  သွားနေရင်းက ဖြည်းဖြည်းချင်း အရှိန်ရော့  ရပ်တန့် သွားပါသည်။ နှစ်ထပ် အမြန်လမ်းမကြီး
ကား တွေပိတ်ပြန်ပါပြီ။

ဝန်းကျင်၏ ရောင်စုံ မီးရောင်တို့ ကို ငေးမိနေရင်း အမိမြန်မာပြည် ကို ဝေဟင် မှ လေယာဉ်ခရီးစဉ်ဖြင့်  ပြန်ဝင်
ခဲ့ ရသည့်  မြင်ကွင်း တို့ ကို ပြန်မြင်ရောင်လာနေမိတော့ သည်။

မုတ္တမ ကွေ့  စ ရောက်လာသည်နှင့်  လေယာဉ်ကြီးက တဖြည်းဖြည်းချင်းပဲ နိမ့် ဆင်း စပြု လာတော့ သည်။
လဲလျောင်းနေသော နတ်သမီး လေးနှင့် တူ သည့်  ကျွန်တော်တို့  မြေ ပေါ်ကိုပါ။ ခဏ ကြာလာတော့  ပဲခူး မြို့ 
ကို လှန်းမြင်ရပြန်ပါသည်။ ကျယ်ပြော ပြန့် ပြူး နေသော လည်ကွင်းတွေ၊ နောက် ဖြောင့် တန်းနေသော ကား
လမ်း မကြီးများ ၊ သစ်ပင် အုပ်များ ကို ကွဲကွဲ ပြားပြား မြင်လာ ရသော အချိန် တွင်တော့  “ အင်းစိန် ထောင် ”
ကြီး ကို ဦးစွာ မြင်လိုက်ရပါတော့ သည်။ ရန်ကုန် အဝင်က ထောင်နှင့်  စ သလိုပါ။

သစ်ပင် သစ်တော အုပ်တို့ က ခပ်စိမ်းစိမ်း ဖြင့်  လတ်ဆတ်၊လန်းဆန်း စွာပဲ မြင်ရသလောက် အင်းစိန်ထောင်
ကြီးကတော့  အပေါ်က ကြည့် ကြည့် ၊ ဘေးက ဘယ်က ပဲ ကြည့် ကြည့်  နီညို ညစ်ညစ် နှင့် ရင်ထဲမှာ အုံ့ မှိုင်း
ညှိုးနွမ်းစွာ ကျပ်ကျပ်တည်းတည်း ကိုပဲ မြင်နေရပါသည်။

ထိုအထဲမှာ... “အမှားတရား ” များဖြင့်  ကျူးလွန်မိသလောက် အချိန်များများ နေနေရသူများ ရှိနေသလို၊
“အမှန် တရား ” များကို များများစားစား ဖြင့်  အထူးမြင် ခဲ့ မိသလောက် ကျယ်ကျယ် လောင်လောင် ထူးထူး
ခြားခြား လှုပ်နှိုး မိခဲ့ သူများလဲ အများအပြားရှိနေကြပါသည်။ အနာဂတ် ရွှေပြည်တော်ကြီး အတွက် မက်နေခဲ့ 
သော အမြဲ မက်ချင်နေသော အိပ်မက်များထဲတွင် အမှန်တရား အတွက် မှားယွင်းနေစွာ၊ မတူမတန်စွာနဲ့ ပဲ
တန်ဘိုးရှိလွန်းသော ဘဝရဲ့  ဘယ်တော့ မှ ပြန်မရတော့ သော အချိန်များကို ရက်ရက်ရောရော ပေးဆပ်နေ
သူတွေအတွက်လဲ ပါ ပါသည်။ ယ္ခုတော့  အမှန်တရား တို့ က နံရံ လေးဘက် ကြားတွင် ကွယ်ပျောက် နေရပြီ။

ညဘက် လေယာဉ်ကြီး မင်္ဂလာဒုံ လေဆိပ်ကို ဝဲ ဆင်းလာပြီ ဆိုရင်ဖြင့်  မှောင်ထဲမှာပဲ ထွန်းထားသည့်  မီးရောင်
တို့ က မှုန်ကုတ်ကုတ်၊ မှိန်တိန်တိန် နှင့် ၊ တွေ့ လိုက်ရသည့်  လူတွေကလဲ မလန်းနေသလိုပါ။ အိမ်သားတို့ ကို
မတွေ့ ရမှီ ယူနီဖောင်းအပြာဝတ် လေဆိပ် လုပ်သားတို့  ကိုယ့် အထုပ်ကို သူ့ ထက်ငါ အရင် လာလုလိုက်တာ
မြင်လိုက်ရကတဲက စောစော က အင်းစိန်ထောင်ကြီးကို ဝေဟင်က ဖူး လိုက်ရသလို ကျပ်တည်းမှုမျိုး ရင်မှာ
ဖြစ်ထွန်းလာရတော့ သည်။

လေဆိပ်အပြင်လမ်းမပေါ်ရောက်တော့ လည်း ကိုယ့် ကိုယ်ကို မရဲတော့ သလို၊ အမှောင်ထဲပဲ တိုးဝင်လာနေရ
သလိုမျိုး ဖြစ်သွားရပါသည်။ လင်းနေသည့် မီးရောင်တို့ က နီကျင်ကျင်ဖြင့်  ဟိုတစ်ကွက်၊သည်တစ်ကွက်ဖြင့် ပါ။
ဖျော့ တော့ သော အလင်းရောင်တို့ အောက်မှာ မကြည့် ပဲ မြင်နေနိုင်တာကတော့  မြင်ကွင်း အပြည့် ဖြင့် 
အင်းစိန်ထောင် အရောင်ကဲ့ သို့  အနီရောင် ဒို့ တာဝန်အရေးသုံးပါး ကဲ့ သို့ သော မြေဆိုက် ဆိုင်းဘုတ်ကြီးများ
ပါပေ။

ထို အလွန်ပဲ ဖတ်လို့ ကောင်းသော ဆိုင်းဘုတ်ကြီးများကို ကျော်၍ ကြည့် လိုက်တိုင်း မလန်းသော မှောင်သော
ဝန်းကျင်ကို မြင်မြင်နေရသောကြောင့်  သည်နိုင်ငံ၏ ပင်လယ်ကမ်းခြေ တလျှောက် ထောင်မတ်ဆိုက်ထူထား
သော ဖြူ စွတ်စွတ် ဖြင့်  အလွန်မြင့် မားသော“Wind Power System ” ပန်ကာဒလက်တိုင်ကြီးများကို
သတိရမိပြန်ပါသည်။ အလကား ရသည့် လေ၊ လေ ထဲက လေ တို့ ဖြင့် အလင်းစွမ်းအင်၊ ပါဝါ စွမ်းအင် တို့ ဖြင့် 
တစ်မြို့ လုံး ထိန်ထိန်ညီးနေအောင် ထွန်းရရုံမက စက်မှုလုပ်ငန်း များပါ လည်ပတ် သုံးစွဲ နေကြပါသည်။

ကျွန်တော်တို့  မြန်မာပြည်ဝယ် နိုင်ငံခြားသား ဘောလုံးသမား များကိုတောင် ခေါ်ယူ သုံးစွဲ နေနိုင်သည့်  အလွန်
ပဲချမ်းသာ နေသော ဘောလုံးကလပ်ပိုင်ရှင် စီးပွားရေး လုပ်ငန်း ရှင်ကြီးများ အများရှိနေကြပါပြီ။ တစ်ခါပဲ အကုန်
ခံလိုက်ရုံနှင့်  အခါခါနှင့်  တစ်သက်လုံးပဲ အကျိုးရှိမည့် ၊ ခုနှစ်ရက် သားသမီး တို့  ထမင်းစားနိုင်တော့ မည့် 
သည် " Wind Power" စနစ်လေးကို ထို ပုဂ္ဂိုလ်ကြီးများ က တကယ်ပဲ လုပ်နိုင်ပါလိမ့် မည်လို့ ။

ကျွန်တော်တို့  မြန်မာ ပြည်မှာ သဘာဝ အရင်းအမြစ် များ များစွာပဲ ရှိနေပါသည်။
ပုဂံ ဘုရားတို့ ကို မျက်စေ့ တို့ မှိတ်၍ လက်အုပ်ချီ ဝှေ့ ယမ်း ဖူးမျှော်လိုက်တိုင်း မလွဲနိုင်အောင် လက်ညှိုးထိုးမလွဲ
အောင်ကို စေတီ ပုထိုး တို့  များပြားသလို၊ မျက်စေ့  မှိတ်၍ ပြောချင်သည့်  တွင်းထွက်ကို ပြောကြည့် ပါလေ။
တစ်နေရာရာမှာတော့  ရှိနေမှာ အသေချာပါပေ။ “ရွှေ” တောင်မှ ရေထဲက အလိုအလျောက် ထွက်ထွက် နေ
အောင်ကို အလွန်ပဲ ထူးဆန်းလွန်းသည့်  ကမ္ဘာ့  ဘယ်နေရာမှာမှ ဆင်တူ မရှိနိုင်တော့ သည့်  ကျွန်တော်တို့ 
မြေ ကတော့  ယ္ခု အလွန်ထူးဆန်းစွာပဲ ဆင်းရဲ လို့ နေပါတော့ သည်။

လုပ်နိုင်သည့်  လူ့ စွမ်းအား အရင်း၊အမြစ် များ ရှိနေပါလျှက်နှင့်  အရွယ်ကောင်းသော လူငယ်လူရွယ်များ ကမ္ဘာ
အနှံ့ အပြားမှာ ပုံစံ မျိုးစုံဖြင့်  သူ့ ကျွန်ဖြစ်နေကြရပါသည်။ ဘဝတွေ အချိန်တွေ ရင်းနှီး နေရရင်း မိသားစုတွေကို
ခွဲခွာနေကြရပါသည်။ နှမြောစရာ ကောင်းပါဘိခြင်း။

အမှန်တရား ကိုတော့  သက်ဆိုင်နေကြသူတွေ၊ ကိုယ့် ဖာသာကိုယ် တာဝန် ခံယူ နေကြသူတွေ အနေဖြင့် 
အသေချာပဲ ရဲ ရင့် စွာ ရင်ဆိုင် ရှာဖွေ ကြဘို့  လိုပြီ ထင်ပါသည်။ ကိုယ်က မှန်တယ် ထင်လို့  လုပ်ခဲ့ ၊စ ခဲ့ ကြပေ
မဲ့  အချိန်က အမှန်အမှား ကို ရှင်းလင်း စွာပဲ ပြဆိုနေခဲ့ ပြီးပါပြီ။ မှားသည့်  လမ်းကို လျှောက်မိနေလျှင်တော့ 
အချိန်နှင့်  အမျှ အတိုင်းအဆ မဲ့ စွာဖြင့် ဆုံးရှုံးနစ်နာ စေမှာ သေချာပါသည်။ တကယ်ပဲ တိုင်းပြည်ကို ချစ်တတ်
ပါသည် ဆိုပါလျှင် တစ်ရက်၊တစ်စက္ကန့် လေးမျှ တိုင်းပြည်ကြီးကို နောက်ထပ်မနစ်မွန်းအောင်လုပ်သင့် ပါသည်။

လူထုက အကျပ်အတည်း မျိုးစုံ ကို ကိုယ့် ဖာ ကိုယ်ပဲ ဖြေရှင်းနေရပါသည်။
မီးမလာတော့  ဖယောင်းတိုင်တို့  မီးစက်ကလေးတနိုင်ဝယ်လို့ ။
ရှာလို့  မလောက် စားလို့ မလောက်တော့  အပြင်ထွက်လို့ ၊ ရှိတာလေးတွေပဲ ရောင်းချ ပေါင်နှံ လို့ ....။
ဆိုင်ကယ်လေးတောင် မစီးရ၊စီးခွင့်  မရှိရှာကြတော့  တစ်ခြမ်းစောင်းပြီး ပွင့် ထွက်လုမတတ် ဘတ်(စ)ကားအို
ကြီး များကို စိတ်ရှည်ရှည်နှင့်  စောင့် စီးလို့ ။

ပြန်မြင်ရောင်မိပါသေးသည်လေ..။
အိမ်မက် ထဲမှာပါပဲ။
အလုပ်က အပြန်မှာ တစ်ခြမ်းစောင်း နေတဲ့  ဘတ်(စ)ကားကြီးမှာ လူတွေက တစ်ပြွတ်ကြီး တွဲလောင်းကြီး
လမ်းပေါ် ထွက်ကျနေတာလေ။ အဲလို အချိန်များ ဆိုတော့  ကျောမွဲ ခြင်းရိုင်းပင်းနေကြတာ။ တစ်ယောက်လက်
တစ်ယောက် ဖမ်းဆုတ် ဆွဲကိုင်ရင်းပါ။ တစ်ယောက်ခြေ တစ်ယောက်နင်း ထားမိကြပေမဲ့  စိတ် ဆိုးဘို့  သတိ
မရကြ၊ သတိ ရနေတာက အိမ်ကို ဘေးမသီပဲ ပြန်ရောက်ဖို့ ပါလေ။

..........................................................................................................................................

( ဆက်ရန် )

Thursday, December 24, 2009

အိမ်မက် စေတမန် ( ၁ )

အခုတလော ရင်ထဲမှာ တော်တော်လေး မောနေပါသည်။
ရင် ထဲမှာ မောနေရတယ်ဆိုတော့  အပြင်ပန်းက လှုပ်ရှားမှု၊ အားဆိုက်ထုပ်ရမှု များလွန်လွန်းသောကြောင့် 
တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ် နေရသည့်  အမောမျိုး မဟုတ်ပဲ အပြင်မှ ကိုယ့် ရင်ကို တရံမလပ် တိုးဝင်လာနေ
သော အာရုံ အမျိုးမျိုး တို့ ကြောင့်  တစပ်စပ် ထိခိုက် ခံစား နေမိသော အမော မျိုး ဖြစ်ပါသည်။
တွေးမိသမျှသော အတွေး တို့ ကို ရင်ဘတ်ကြီးက အဆက်မပြတ်ပဲ အလျှင်မမှီအောင်ကို ရင်နှင့်  အမျှပဲ လိုက်လံ
ခံစား နေမိသောကြောင့် လဲ မွန်းကြပ်သော အတွေ့  တို့ ကို တင်းတင်းကြပ်ကြပ် ခံစားနေရသလိုပါ။

ရာသီကလဲ တိုင်ဝမ်ကျွန်းကြီးကို အအေးလှိုင်းတို့ တသောသော ဖြတ်သန်းနေသော အချိန်မို့  ဝန်းကျင် တစ်ခု
လုံး အရာရာ အားလုံး တစ်လောကလုံး မြူ တွေ ဆိုင်းနေပြီး စို စွတ်စွတ်နှင့်  ကြည့် နေရင်း အရိုးထဲက ခိုက်ခိုက်
တုန်လာအောင် ကြက်သီး တို့  ထလာအောင်ကို စိမ့် ပြီး အေးအေးလာနေတတ်ပါသည်။

အနွေးထည် အထပ်ထပ်နှင့်  ခေါင်းစွပ် တို့ ပါ စွတ်ထားမိပေမဲ့  လွတ်ထွက်နေသော နှာခေါင်း ထိပ်လေးနှင့် ၊
လက်ဖျား တို့ မှာတော့  နာကျင် နေအောင်ကို အေးလွန်းနေပါသည်။ သည်ကြားထဲ လေရှုးလေး က တစ်ချက်
ချက်ဝှေ့  နေတတ်တော့  ကော်ဖီ သောက်ရတာတောင် ခါးကလေးကုန်းပြီး တုန်တုန် ရီရီ ဖြင့်  မျိုချ နေရပါသည်။
မှုတ် နေဘို့ တောင်မလိုပဲ အငွေ့ တစ်ထောင်းထောင်းနှင့်  ပူပူ လောင်လောင် ကိုပ်ဲတရှိုက်မက်မက် မျိုချ နေရ
ပါသည်။

အေးရတဲ့ ကြားထဲ လွမ်းမိပြန်ပါသောကြောင့်  ရင်မှာ အမောတို့ ဖြင့်  ကွဲအက်အက် ရှတတ ဖြစ်လာရပြန်ပါ
သည်။ အအေး တို့ ကိုတောင် မဖြေနိုင်မှီ၊ အလွမ်းတို့  ပါ ထပ်ဆင့်  လာပြန်သောကြောင့်  ပြေအောင် ဖြေဘို့ 
ပို၍ ခက်ခဲ့ ရ တော့ သည်လေ ။

လွမ်းရခြင်း၊ တမ်းတ ရခြင်း တို့ က အခုလို ဆောင်းတွင်းဝယ် ကိုယ့် အခန်းထဲ တစ်ယောက်ထဲ ရှိသွားချိန်မှာ
တော့  ပိုပြီး ထိထိ ခိုက်ခိုက် ကို ခံစားလာရတတ်ပါသည်။ တစ်ယောက်ထဲ ဆိုတော့ လဲ အထီးကျန်လာရတော့ 
အလွမ်း က ကိုယ့်  အဖော် ဖြစ်လာရတော့ သည်။ အမတန်ကို ခံစားရခက်လွန်းသည့် ၊ ချက်ခြင်း ကို ဖြေလို့ 
မပြေ နိုင်တော့ သည့်  အလွန် ဆိုးရွားသည့်  ခံစား မှု မျိုးကြီး ဖြစ်ပါ၏

အသံထက်မြန်သည့် နှုန်းဖြင့် ချက်ခြင်းပဲ ပြေးပြီးတွေ့ ချင်နေသည့် သူ များကတော့  ဟိုး မိုင်ပေါင်းများစွာ ဝေး
နေပြီး ကမ္ဘာ့  မြေပုံ ပေါ်မှာ ကြည့် လျှင်လည်း နတ်သမီး လေး က နေ သည်နှင့်  တူသည့်  ကျွန်တော် တို့  မြန်မာ
ပြည် က ကြယ် ကလေးများပါလေ။

နီးနီးလေးနဲ့ တောင် သတိတရ ဖြစ်ဖြစ် နေတတ်ပြီး ချက်ခြင်းကြီးပဲ တွေ့ လိုက်ချင်ပေမဲ့  မတွေ့ နိုင်၍ စိတ် ဝယ်
ဒဏ်ရာ တို့ ရတတ်သလို၊ အဝေး က ကြယ်ကလေး များကို မတွေ့  နိုင်တော့ ၍လည်း အတိတ်က ဒဏ်ရာတွေလို
မကျက်နိုင်တော့ အောင်ကို တစိုစို တသသ ဖြစ်နေရပါတော့ သည်။

သည်လက ခရစ်စ္စမတ်လ ဆယ့် နှစ်လပိုင်း ဆိုတော့  မဝေးတော့ သော နောက်သုံးလေးလ ဆိုလျှင်ပဲ အတာ
သင်္ကြန်ကို တစ်ခါ ရောက်ပြန် ရတော့ မှာဖြစ်ပြန်သည်။ ခရစ်စ္စမတ် ကို အကြိမ်ကြိမ် ကြုံ ခဲ့ ရသလို၊ အတာ
သင်္ကြန် ကိုလည်း အခါခါပြန်ကြုံ ဖြတ်ကျော် နေရပေမဲ့  တစ်ယောက်ထဲ အထီးကျန်စွာ၊ ခြောက်သွေ့ စွာ နှင့် ပါ။

သည်ကာလ တွေမှာ အိမ် ကို ပြန်တော့ ဘို့ ၊ ကြယ် လေးတွေ ကြားထဲ အတင်း ပြေးဝင် သွားဖို့  အိမ်မက် တို့ 
အကြိမ်ကြိမ် မက်ခဲ့ ရသလို၊ မမက်ခဲ့ မိသော ကာလ များတွင်လည်း ပြန်မက်လာအောင် ထို အိပ်မက် လေးတွေ
ကို စောင့် စား တောင့် တ နေခဲ့ မိပြန်ပါသည်။ သည်မှာတော့  ခရစ္စမတ်တို့ ၊ သင်္ကြန်တို့ က ရင်ကို မခုံ စေခဲ့ ပေ
မဲ့  ထို အိမ်မက်လေးတွေကတော့  ရင် ကို အတော်လေးပဲ လှုပ်ခတ်စေခဲ့ ပါသည်။

စိတ်တို့  လေနေချိန်မှာပဲ သည်နိုင်ငံ၏ အကောင်းဆုံးဘဲပြုပ်ဖြင့်  ကျော်ကြားသော တရုပ်လို “ကျင်းစန်း” ဟု
ခေါ်သည့်  မြို့ လေးကို ဘောစိ ( အမော ထဲမှာ ရေးခဲ့ ဘူးသည့်  ကျွန်တော်တို့  သူဌေးပါ) က ခေါ် သွား၍
လိုက်သွားခဲ့ ပါသည်။

“ကျင်းစန်း” ကို သွားရာ လမ်းလေးကတော့  အပြောကျယ်ကျယ်နှင့်  အနက် စူးရှ သော ဆုံးစ မဲ့ သော ပင်လယ်
ပြင်ကြီး၏ ဘေး တောင်ကမ်းပါးယံ တလျှောက် ကွေ့ ကွေ့ ကောက်ကောက် ကပ်ဖောက်ထားသော လမ်းလေး
ဖြစ်ပါသည်။

ကားပေါ်မှ လှန်းကြည့် မိတိုင်း လှိုင်းခေါင်း ဖွေးဖွေး လေးတွေကို မြင်နေရပါသည်။
လမ်းဘေး ကားရပ်နား စခန်း လေးတစ်ခု ရောက်တော့  ခဏ ဝင်နားကြရင်း ကျွန်တော်တို့  အဖွဲ့ သဲသောင်ပြင်
ပေါ် ဆင်းခဲ့ ကြသည်။ ပင်လယ်ပြင်ကြီး၏ အစွမ်းသတ္တိကတော့  အရာရာကို လတ်ဆတ် လန်းဆန်း စေတာပါပဲ။

ဟိုး... အဝေး မှိုင်းညို့  နေသော မိုးကုတ် စက်ဝိုင်း ကြီးဆီမှ ပင်လယ်ပြင်ကြီးကို ပွတ်တိုက် ဖြတ်သန်းလာနေ
သော လေအေးတို့ က ကျွန်တော်တို့ ဆီကို အတင်း တိုးဝင် ဖြတ်ကျော် နေပါသည်။ လှိုင်း လုံး ကြီးများကလည်း
လေနှင့်  အတူ အရှိန်ပြင်းပြင်း၊ မန်ဟုန် ပြင်းပြင်း ဖြင့်  တလိမ့် လိမ့်  လိုက်ပါလာပြီး သဲပြင် ပေါ် ရောက်တော့ 
ကျွန်တော်တို့ ၏ ချေကြို ချေကြား ဝယ် တိုးဝင် ပျောက်ကွယ်ကုန်တော့ သည်။

ကျွန်တော် ပို၍ လွတ်လပ် ချင်သောကြောင့်  ဖိနပ်တို့ ချွတ်လိုက်မိပါသည်။
စိမ့်  အေးသော ပင်လယ် ရေ ဓါတ်က ကျွန်တော့်  တစ်ကိုယ်လုံး ကူးစက် ထိုးတက် လာခဲ့ ပါသည်။

သည်တစ်ခါ လာသည့်  ခရီးတွင် မြန်မာပြည် အကြောင်း မပြောကြေး ဟု ကတိ ခံ ထားခဲ့ ကြသောကြောင့် 
ဝန်းကျင်ရဲ့  အလှ အားလုံးကို လွတ်လပ်စွာပဲ တရှိုက်မက်မက် ခံစား မိခဲ့ ကြပါပြီ။

သည်လို လှပ လတ်ဆတ်မှု လေးတွေ တွေ့  လာရတော့  ကိုယ့် ရဲ့ အခင်ဆုံး အချစ်ဆုံး သူတွေ၊ တွယ်တာ
ရသူတွေကို သတိရ လာမိတတ်သမို့  ဘောင်းဘီထဲ လက်နိုက်ပြီး မိုထရိုလာ ခေါက်ဖုံး လေးကို အထုပ်...
တိုက်ဆိုင်စွာပဲ မိတ်ဆွေ တစ်ယောက် ဆီမှ ဖုန်းကဝင်လာပါသည်။ ကျွန်တော်ကလည်း သူ့ ကို ဆက်မလို့ ပါ။
“ ဝေး..ကိုကျော်ရေ.... ဘယ်ရောက်နေပြီလဲ..”
“ ဟာ.. ကျွန်တော်လည်း သတိရလို့  ခုပဲ ဆက်တော့ မှာ၊ ကျွန်တော် ကျင်းစန်း ကိုရောက်နေတယ်ဗျ၊ ဗမာလို
ဆိုရင်တော့  ရွှေ တောင်ပေါ့ လေ၊ အပြန် ဘဲပြုတ် အရှင်ဝယ်ခဲ့ ရမလား..” ဟု နောက်တော့ ...။
“ သိပ်မကြားရဘူး ကိုကျော်.. လေ သံတွေပဲကြားနေရတယ် ၊ ပင်လယ် လို့ ထင်တာပဲ ၊ညနေ ကျမှ ထပ်ဆက်
တော့ မယ်နော်... ဘိုင့် .....” ဟု သူ နူတ်ဆက် ဖုန်း ချသွား တော့ သည်။
ဟုတ်တော့ ဟုတ်ပါသည်။ ပင်လယ် အော်သံက ပိုပို ကျယ်လာသလို ထင်ရပါသည်။

ကျွန်တော်လည်း ဖုန်းကို ထုပ်ထားမိပြီးမို့  မြန်မာပြည် ကို ဆက်ဖို့  ဆုံးဖြတ်လိုက် မိပါသည်။
ဖုန်းနဲ့  ပတ်သက်လျှင် ကမ္ဘာ ပေါ် တွင် ဈေးအကြီးဆုံး ဖြစ်နေပေမဲ့ လည်း မဆက်ပဲနဲ့ လည်း မနေနိုင်ခဲ့ ပါ။

“ ဟဲလို... ”
“ ကိုယ်ပါ..ကွ”
“ဟဲ.... ကို.. အလုပ်ထဲက ဆက်တာလား ”
“မဆင်းဘူးကွ ဒီနေ့ ... နေကောင်းကြလားဟေ့ ...”
“ကောင်းပါတယ်၊ ယူ.. ကံကောင်းတယ်နော် မီးမလာတာ နှစ်ရက်ရှိပြီ၊ အခုမှ ပြန်လာကာစလေ၊ နို့ မို့ ဆို ယူ..
ဖုန်းရမှာမဟုတ်ဘူး..”
“ ရေ ရော ရရဲ့ လား”
“ည နှစ်နာရီလောက် တော့  ထ ထ စောင့် ပြီး တင်နေရတယ်.. သူ လာတတ်တဲ့  အချိန်လေး မှာလေ”
“..............”
“ကို.. ပြောလေ.. ဘာပြောမှာလဲ..”
“ ကို... ပြန်လာခဲ့ တော့ မယ်နော်...”
“...................”
“ဟေ့  .. ဖြေလေကွာ..”
“ ကိုရယ်.. ပြန်လာစေချင်တာပေါ့ ... ခိုင် လဲ သိပ်လွမ်းနေရပါတယ်နော်..၊ သိပ် စိတ်ညစ် တာပဲကွာ..”
“ဒီမှာ ခိုင်.. ကိုယ်ပြောမယ်၊ ယူ့  ရဲ့  မဟာဗျူဟာ စီမံကိန်းကြီး တွေကို မပြင်သရွေ့  ဒို့ တော့  ဒီမှာ အသက်တွေ
ကြီးနေရတော့ မှာ.. အတူ နေချင်လို့  မိသားစု လေး တစ်ခု ထူထောင်ထားတာကွ၊ အခုတော့  ...”
“ ကို... ခလေးတွေ ကျောင်းမပြီးသေးဘူးလေ၊ အငယ်ကောင်က ထားတော့ ၊ အကြီးကောင်က အခုမှ ရေကြောင်း
စ တက်ရတာလေ သူ့ ကျောင်း စရိတ်တင် တစ်လ..... ကျောင်းကားခ......”
“ပြီးတော့  ပြန်လာရင် ကိုယ်ပဲ ထပ်ပြီးပင်ပန်း ရအုံးမှာ...”
မဟေသီ၏ တုန်တုန်ရီရီ ဖြင့်  ရှင်းပြ လာနေသော စကား သံတို့ ကို ကျွန်တော် မကြားတချက်၊ ကြားတစ်ချက်
ဖြစ်လာပါသည်။ ဝယ်ထည့် ထားသည့်  အချိန်ပိုင်းဖုံးကဒ် လိုင်းမှ အချိန်ကုန်ကြောင်း အချက်ပေးလာ၍
ကျွန်တော် ဖုန်းကို ကိုင်ပြီး သဲပြင်ပေါ် တွေတွေ ကြီးရပ်နေမိပါသည်။
ထောက်တည်ရာ၊ဆောက်တည်ရာတို့  မဲ့  သွားသလိုမျိုး ၊ မြစ်ကို အလျား လိုက်ပဲ ဖြတ်ကူး နေရသလိုမျိုး ကြီးပါ။
ကိုင်ထားသော ခေါက်ဖုံးကို ကိုယ့် နားထင်ထဲ အတင်း ထိုးထည့်  ပစ်လိုက်ချင်စိတ်တို့  ဖြစ်ပေါ်လာပါတော့ သည်။
ရပ်နေရင်းနဲ့ လဲ သဲပြင်ထဲ နစ်ဝင် သွား သလိုလိုပါလေ... ။

.........................................................................................................................................

( ဆက်ရန် )

Sunday, December 20, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၈ )

အမြဲတန်းပဲ သတိရနေပါသည်။
...................................................

အခန်းဝရောက်တော့  အခန်းထဲမှ မီးေ၇ာင်လေးကို ကြူထရံ ကြားမှ မြင်နေရပါသေးသည်။
တံခါးကို အသာလေးတွန်းကြည့် ရာ ပွင့် မလာပါ။ အထဲမှ ဂျက်ထိုး ထား၍ ဖြစ်ပါသည်။ မဟေသီ မအိပ်သေး
တာတော့  သေချာ သည်ဟု ယူဆ မိသောကြောင့်  သွားကိုစိ၊ လျှာကို အပေါ်သွားနောက် အသာလေးကပ်ပြီး
“ ချိ(စ).. ချိ(စ).. ” ဟု လှန်းခေါ်လိုက်မိပြီး ကြူ ထရံ ပေါက်များကြားမှ ကုတင်ပေါ်ကို လှန်းကြည့် လိုက်ရာ
မဟေသီ တစ်ယောက် တစ်ဆောင်းလေးကွေးပြီး အိပ်နေသလိုပါ။ ခေါင်းရင်းနားသွားပြီး ထရံကို ခပ်နာနာလေး
ပုတ်လိုက်တော့ မှ သူ လူးလွန့် လှုပ်ရှား လာပါတော့ သည်။ မျက်နှာတော့ မကောင်းပါ။

“ ဆောရီးပဲ.မိန်းမရေ.. ကိုယ်နောက်ကျသွားတယ်ကွာ..” သူ ဘာမှ ထပ်မပြောလာပဲ တံခါး ဂျက် ကိုလာဖွင့် ပါ
သည်။ တံခါး ဂျက်ဖွင့် ပေးပြီးပြီးခြင်းပဲ ကုတင်ပေါ် တစ်ဖက်လွှဲပြီးထိုင်နေပါတော့ သည်။ သူ့ မျက်နှာကို ကောင်း
စွာ မမြင်၇ပါ။
“ သိပ်အေးတာပဲကွာ.. ဆောင်လေး၊ဘာလေးတော့ ခြုံမှပေါ့ ..” ဟုပြောပြီး သူ့ ပုခုံးပေါ် မရဲ၊တရဲနှင့်  လက်လှန်း
တင်ဘို့  ကြိုးစားတော့  ကျွန်တော့် လက်ကို သူဖယ်ချလိုက်ပါသည်။ အော်... ဟုတ်ပေသားပဲ၊ သေတ္တာကြီး တွေ
တောင်မသယ်ရသေးပဲလေ။
“ ကဲပါကွာ.. ကိုယ်အခုပဲ စီစဉ် လိုက်ပါ့ မယ်၊ ကိုယ်တကယ်ပဲ..တောင်းပန်ပါတယ်နော်...” ဟု ပြောပြီး သူ့ ပုခုံး
လေးကို ဖွဖွနှင့်  သာသာလေး ပွတ်ပေးလိုက်မိတော့ မှ မဟေသီ့  ပုခုံးလေးနှစ်ဖက်တို့  ဖြည်းဖြည်းချင်း တသိမ့့် သိမ့် တုန်လာပြီး “တအိ..အိ..” နှင့်  ချုံးပွဲချ ၍ သူ ငို ပါလေတော့ သည်။
ကျွန်တော် သူ့ ကို ချက်ခြင်းပဲ ရင်ခွင်ထဲ ဆွဲသွင်း ထွေးပွေ့  နှစ်သိမ့် ထားလိုက်မိပါသည်။
ကျွန်တော့်  ရင်ခွင်တစ်ခုလုံး သူ့ မျက်ရည်နွေးနွေး တို့  စွန်းထင်း ရွှဲစို ကုန်ပါတော့ သည်။
ချစ်၍ ခေါ်လာသော မဟေသီ့ ကို မြောက်ဂေါင်း နှင့်  အရှိန်လွန် မိခဲ့ သောကြောင့်  ခဏတာ ၊တစ်ညတာ မျှ
မေ့ လျော့ မိခဲ့ သော ကျွန်တော့် ကို ကျွန်တော်လည်း ခွင့် မလွှတ်ချင်တော့ ပါ။
အပြင်မှ ပိတ်ပိတ်ပိန်းအောင် ကျဆင်းနေသော မြူ မှုံတို့ က ရေပေါက်ရေစက် များအဖြစ် ဓနိ အမိုး ပေါ်မှ
တဖြောက်ဖြောက် တပေါက်ပေါက် ခုန်ဆင်းလာနေသံ တို့ ကို ခပ်ဆိပ်ဆိပ်ပဲ ကြားလာရပါတော့ သည်။

သည်နေ့ တော့  မိုး အလွန် ကြီးပါသည်။
ရှစ်ခွင် လုံး အုံ့ မှိုင်း ၍ ဖွေးဖွေးလှုပ်နေအောင်ကို ရေသီး ရေပေါက်များဖြင့်  အညှိုး ကြီးစွာ ရွာသွန်းနေသည်မှာ
မနက်လေးနာရီ မှ၊ ရှစ်နာရီ ထိုးလာသည့် တိုင် မရပ်ချင်သေးပါ။
“ ကို ... ဒီလောက် မိုးကြီး နေတာ၊ ဘယ်သွားအုံးမလို့ လဲ..” မဟေသီက တောစီးဖိနပ် ဝတ်နေသော ကျွန်တော့ 
ကို လှန်းမေးလိုက်တာပါ။ ကျွန်တော်လည်း မိုးကာ အင်္ကျီ ကို လှန်းယူလိုက်ရင်း “ တွင်းမှာ အလုပ်ပေါ် လာလို့ 
သွားရအုံးမယ်ကွာ၊နေ့ ခင်း ထမင်းပို့ တဲ့  ကားနဲ့  မှ ပြန်လိုက်လာတော့ မယ်နော်.. ” ဟု သူ့ ကို ပြန် ပြောလိုက်
ပါသည်။

တွင်းတူးစဉ်ေ၇ာက်တော့  မိုးတို့ အရှိန်ရော့ စပြုပြီ။
ကားပေါ်မှ ဆင်းလိုက်သည်နှင့်  တောစီးဖိနပ်က ရွှံ့ တို့ နှင့် ကပ်နေတော့ သည်။
အတင်းရုန်း၍ လျှောက်ကြည့် ရာ ဖိနပ်က ရွှံ့ စေးတို့ နှင့်  ကပ်ပြီး ကျန်ခဲ့ တော့ သည်။ မိုးဖွဲ ထဲမှာပဲ ဖိနပ်ကို ပြန်
ဆွဲ ခွာကြည့် သည်။ တော်တော်နှင့်  မ၇သောကြောင့်  လက်လျှော့ ပြီး ကျန်တစ်ဖက်ပါ ချွတ်၍ တွင်းပေါ် ဒီတိုင်း
ပဲ တက်သွားလိုက်မိတော့ သည်။ တွင်းပေါ် တွင်တော့  တာပေါ်လင် မိုးကာစ များ ယာယီ မိုးထားပါသည်။
ဆယ့် သုံးလက်မ သုံးမူး လုံးပတ်ရှိ တွင်းကာဗာ ပိုက်များကို ဝယ်လ်ဒင်ဆော်ရန် ဖြစ်ပါသည်။
တွင်းပေါ် ရောက်မှ ရွှံ့ ခဲ တို့ ဖြင့်  စီးပိုင် လေးတစ်နေသော တောစီးဖိနပ်ကို ရေပရက်ရှာ ပိုက်နှင့်  ထိုးဆေးပြီး
ပြန်ဝတ်ရပါသည်။ မဝတ်ရင်လဲ ဓါတ်လိုက်တာ့ မည်လေ။

“ ဝယ်တာလေး.. ကျွန်တော် ဒီနေ့  ဟင်းစားတာဝန်ယူတယ်ဗျ ”
ကျွန်တော့် ရဲ့  လက်ထောက် အကူ ရေနံချောင်းသား ဝင်းမြိုင် က ပြောတာပါ။ မဟေသီ ကတော့  အားတုံ့  အား
နာဖြစ်နေရှာ ပါသည်။ “ မိန်းမရေ.. အားမနာ နဲ့ ကွ၊ ဒို့  ဒီမှာတော့  ဒီလိုပဲကွ ” ဟု သူ့ ကို ကျွန်တော်က ဝင်ပြော
ရပါသည်။ “ ဒီနေ့  မနက်ပဲ လယ် ငခူလေးတွေ လာရောင်းလို့  ဝယ်ထားတယ် ကိုဝင်းမြိုင် ” ဟု မဟေသီက
ဆန်ရွေးနေရင်းက လှန်းပြောလိုက်ပါသည်။ သူလှန်းလှန်း ပစ် ချ နေသော ဆန်ကွဲ နှင့်  စပါးလုံးများကို ခေါင်း
လေးတွေ တလှုပ်လှုပ်နှင့်  လာလာကောက်စားနေသော ခေါင်းရင်းခန်းရှိ အဘ သိန်းအေး၏ ကြက်အုပ်ကို
ဝင်းမြိုင် အကြည့် တို့ ရောက်သွား၍ ကျွန်တော်က သူ့ ကို လည်ချောင်းရှင်းသလိုနှင့် ချောင်း တစ်ချက် လှန်း
ဟတ်လိုက်ရပါသည်။ “ ဒါဆို.. ဝယ်တာလေး ညနေ ကျွန်တော်နဲ့  လိုက်ခဲ့ လေ ” ဟု ပြော ပြီး ဝင်းမြိုင် လှည့် 
ထွက် သွားပါသည်။ သူ့  နောက်ကြော ကိုကြည့် လိုက်တော့  ဒူး အထက် ထိ တက်ဝတ်ထားသော တို လွန်းသည့် 
ပုဆိုး ခါးကြား နောက်ထဲတွင် ထိုးထည့် ထားသည့်  လောက်လေးဂွ ကို ကျွန်တော် တို့  မြင်လိုက်ရပါသည်။
“ ကို .. မလုပ် နဲ့ နော်၊ အဲ့ ဒီ ကြက် ဆိုရင် ခိုင် မစား ချင်ဘူးနော်..”
“ မလုပ် ပါဘူးကွ ” ဟု သူ့ ကို ပြောရပါသည်။

ဝင်းမြိုင်က ရေနံချောင်းသားပါ။
စကားပြောတိုင်း “ အယ်.. အယ်..” ဟု စကား ထောက် ဖြင့်  ပြောလေ့ သည်။ ကျွန်တော်ကတော့  သူတို့  အရပ်
ဒေသ ဓလေ့  ဟု ထင်ပါသည်။ ဆံပင် နီကြောင်ကြေင်နှင့် အသားက မီးသွေး ငို နိုင်ပါသည်။ မဲသော ပါးနှစ်ဖက်
ပေါ် တွင် ဝါညစ်ညစ် ပါးကွက် နှစ်ခု က အမြဲ မပျက်တန်း ရှိ နေတတ်သည့်  သူ ပါ။ ကွမ်း ကလဲ ဘယ်အချိန်
ကြည့် ကြည့်  ပါးစပ် ကြီးတစ်ခုလုံး ရဲ ပတောင်း ခပ် နေအောင်ကို ပလုပ်ပလောင်း စားနေတတ်ပါသည်။
ရယ်စရာ ပေါက်ကရ စကား များလဲ မပြတ်တန်း ပြောနေတတ်သောကြာင့်  မဟေသီ နှင့်  အဖွဲ့ ကျနေတော့ 
သည်။

အောက်သူ ( မြစ်ဝကျွန်းပေါ်သူ ) မဟေသီ နှင့်  အထက် အညာ သား စစ်စစ် ဝင်းမြိုင် တို့  ပါးကွက် ကွက်တာခြင်း
တူကြပေမဲ့  သန့် ရှင်း လတ်ဆတ် လွန်းသော မဟေသီ့  ပါးကွက် လေးက ပို၍ နမ်းလို့ ကောင်းမည်ဟု ထင်ပါ
သည်။ သို့ မို့ ကြောင့် လဲ မဟေသီ့  ကို နမ်းတိုင်း ပြောခဲ့ သည့်  အကြိမ် အရေအတွက် ပြည့်  မှီ အောင်ကိုပဲ
မပျက်မကွက် နန်း မိနေခဲ့ ရပါသည်။

“ ကဲ.. ကိုဝယ်တာလေး.. အဲ့ ဒီမှာ ခဏ စောင့် နေ. အသံလုံးဝ မထွက်နဲ့ နော်..” ဟု ဝင်းမြိုင် ကပြောပြီး မြင့် သူ
တို့  အိမ်ဝိုင်း နား တိုးကပ်သွားပါသည်။ ပုဆိုး ခေါင်းမြီး ခြုံပြီး ကုန်းကုန်း ကုန်းကုန်းနှင့်  တိုးကပ်သွားတော့ မှောင်
မဲလွန်းသော သူ့ ဖင်ကို မကြည့် ပဲနှင့် ပဲ မြင်နေရပါတော့ သည်။ညကလဲ လ မိုက်သောညပါလေ။
မြင့် သူ က S.M.E ဦးသန့် ဇင်၏ အကူ လုပ်သား လေးပါ။ ဝင်းမြိုင် နှင့်  တစ်ရွာ ထဲသား ဖြစ်သည်။
အိမ်ထောင်သည်လိုင်း မရ သောကြောင့်  ကိုယ်ထူ ကိုယ်ထပဲ တောထဲမှ ရသည့်  မျောတိုင်၊ ဝါးကပ်၊ အင်ဖက်
အမိုး တို့ ဖြင့်  အိမ်ကလေး ဆောက်လုပ် နေထိုင် ကြခြင်း ဖြစ်ပါသည်။ သူ လို နေ့ စား ဝန်ထမ်း တွေ အတော်
များ သဖြင့်  ကျွန်တော်တို့  ရေနံ ဝင်း ထဲဝယ် ရွာတန်းရှည်လေး တစ်ခုဖြစ်နေပြီး လ္ဘက်ရည်ဆိုင်၊ စားသောက်
ဆိုင် အစုံဖြင့် အလွန်ကိုပဲ စည်ကားသည့်  နေရာလေး အသိုက်အမြုံ လေးတစ်ခုဖြစ်လို့ နေပါသည်။

မြင့် သူ တို့ အိမ်ထဲ ကျွန်တော် လှန်းကြည့် မိတော့ မြင့် သူ က သူ့  မိန်းမ ကို တက်နင်းပေးနေတာ တွေ့ ရပါသည်။
ဒီကောင်က အပြင်မှာတော့  လူတစ်ကာရှေ့ တွင် မိန်းမကို နားမခံ သာလောက်အောင်ကို အော်ဟစ်ဆူပူ ကြိမ်း
နိုင်ပြသလောက် အိမ်ထဲတွင်တော့  အတော့ ကို ငြိမ်ဝတ် ပိပြား နေတတ်ပါသည်။ မြင့် သူ ခြင်ထောင် ထောင်နေ
တာကို သူတို့ မီးဖိုဆောင်ထဲ ရောက်နေသော ခပ်မဲမဲ ဝင်းမြိုင် က ခေါင်းမြီး ခြုံ၍ စိတ်ရှည်စွာပဲ ကြူ ထရံ ပေါက်
များကြားမှ ချောင်းကြည့် နေပါသည်။ သူ့ ခေါင်းပေါ်မှ ထုပ်တန်းပေါ်မှာ အိပ်ငိုက် နေသော ဟင်းမျိုး ကြက် ကြီး
များရှိနေပါသည်။ သူတို့ လဲ တုတ်တုတ်မျှမလှုပ်၊ ဝင်းမြိုင် လဲ မလှုပ်ပါ။

ကျွန်တော်ကတော့  တဖြတ်ဖြတ် လှုပ်နေရပါသည်။
ခြေသလုံး တွေကို ခြင်တွေ ဝိုင်း တုပ်နေလို့ ပါ။
မြင့် သူ တို့  အိမ် မီးမှိတ် သွားပါပြီ။ တောင်းကုန်း ပေါ် ရှိ ကျွန်တော့်  အဆောင်လေးကို လှန်းကြည့် တော့ 
ကျွန်တော်တို့ အောက်ကို လှန်း ကြည့် နေသော မဟေသီ့  အရိပ်ကို တွေ့ ရပါတော့ သည်။ သူတွေ့ သွားသလား
မတွေ့ ဘူးလားတော့ မသိပါ။ တွေ့ ရင်တော့  သူ့ လောင်တော်မင် ကျွန်တော့် ကို လှန်းအော်မှာ အသေချာပါ။

“ လာ..လာ. ဝယ်တာလေး.. သွားကြမယ်” အသံကြောင့် လှည့် ကြည့် မိတော့  ပုဆိုးခြုံထဲမှ ပြုံးပြနေသော
ဝင်းမြိုင်ကို ဘွား ကနဲ တွေ့ လိုက်ရပါသည်။ “ ဟေ့ ရောင်.. ဘယ်..ဘယ်မှာလဲကွ ” ဟု သူ့ ကို မေးတော့ 
ခေါင်းမြီးခြုံထားသည့်  သူ့ ပုဆိုးကို လှပ်၍ သူ့ ဂျိုင်းအောက်ကို ခွာပြပါသည်။ လား လား ဇက်ကြိုးနေသော
ကြက်ကြီးပါလေ။ ဘယ်လောက်မှ မကြာလိုက်သလို၊ဘာသံမှလဲ မကြားလိုက်ရပါ။ လက် ရင် တာကိုပါ။
သူ့  အိမ်ကို ယူသွားပြီး အကုန်လုပ်ပြီးမှ ဝယ်တာ ကတော်လေး ကို လာပေးတော့ မယ်ဟု ပြောပြီး ရှေ့ က ကြို
လစ်သွားပါတော့ သည်။

ဘာပဲပဲ ပြောပြောလေ။ ဟို တုန်းက ထိုနေ့ က စားခဲ့ ရသော တောကြက်၊အိမ်ကြက် စစ်စစ် ဟင်းကလေးကို
ယနေ့ တိုင်ပဲ ကျွန်တော် မမေ့ နိုင်တော့ ပါလေ။ ပြန်တွေး ကြည့် မိတိုင်း ဝင်းမြိုင် ရှာပေး ၍ မဟေသီ ချက်ပေး
ခဲ့ သော အလွန်ပဲ ချိုလွန်းပြီး သင်းပြန့် မွှေးကြိုင်လွန်းသော တောကြက်သားဟင်း အရသာလေးကို တသသပဲ
ဖြစ်ဖြစ်နေတတ်သလို ထိုကြက်သား ဟင်းလေးကို ဟင်းအိုး မအေးခင် ဆေးလိုက်ရသည့်  အဖြစ်ရောက်အောင်
ဝိုင်း အား ပေးခဲ့ ကြသော တစ်ချိန်က ပြရည် ရေနံ အစမ်းတွင်းမှ S.M.E ဦးသန့် ဇင်နှင့်  အင်ဂျင်နီယာ တစ်ဖွဲ့ လုံး
ကို လည်း ယနေ့  အချိန်ရောက်သည် အထိ၊ သည် ပို့ (စ) လေးကို အဆုံး သတ်ပြီးချိန် အထိ သတိ တရ ဖြစ်နေရ
ပါကြောင်းဖြင့် .......။

........................................................................................................................................

( ပြီးသွားပါပြီ )

Wednesday, December 9, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၇ )

ကောင်း သွားသော မြောက်ဂေါင်း
.....................................................


ဗားတိုက်( အလုပ်သမား၊ဝန်ထန်း အိပ်ဆောင် ) ဝင်း ကို ရောက်တော့  လမ်းမီးတိုင်တို့  ထိန်ထိန်ညီး အောင်
လင်းနေပေမဲ့  တစ်ဝင်းလုံး အိပ်မောကျ နေကြ ၍ ညိမ်ဆိပ် နေပါပြီ။ တောင်ကုန်း ပေါ် ရှိ အင်ဂျင်နီယာ
ဗားတိုက်မှ S.M.E ဦးသန့် ဇင်တို့  အိပ်ဆောင်ရှေ့  ဝါးကွပ်ပစ် ဆီတွင် မီးလှုံ နေသည့်  မီးဖိုမှ မီးခိုးလုံး တစ်လူလူ ထိုးတက်နေသည်ကို ယ္ခု အချိန်ထိ တွေ့ နေရတုံးပင်။ ည ဆယ်နာရီ ထိုးနေပေမဲ့  သူတို့  အရှိန် ကောင်းတုံး ပါ။

ကျွန်တော်တို့ ကားကြီးဝင်းထဲ ထိုးဆိုက်လိုက်လျင်ပဲ သူတို့  အရက်ဝိုင်းမှ ဒန်အိုးတွေ၊ပုလင်းတွေ၊ဇွန်းတွေခေါက်
လိုက်သံ တို့ က လက်ခုပ်သံ တို့ နှင့်  အတူပဲ ရောပြီး တစီစီ၊တညံညံ ထွက်လာပါတော့ သည်။ ဒီတစ်ခါတော့ 
ကျွန်တော့် ကို ကြိုလိုက်တာပါ။

“ ဟေ့ အကောင်.. ငကျော်.. ကောင်မလေး ပါလာ လားဟေ့ ..” ဟု ဗိုလ်သန့် ကြီး က မူးသံ ကြီးနှင့်  သူတို့ ကုန်း
ပေါ်မှ တဝင်းလုံး ကြားအောင်ကို လှန်းအော်ပါတော့ သည်။ မဟေသီ က ကျွန်တော့် ကို ကွက်ခနဲ လှန်းကြည့် 
ပါသည်။ ဝယ်တာ ဥာဏ်ထွန်းက “ ဟာ.. ဆရာကလဲ.. စကွားတွေ.. မွှား နေ ပါပြီ၊ ကောင်မလေးကို.. လွှတ်လိုက်
အဲရို ရုပ်ပါ...” ဟု ဝင် မ ပါတော့ သည်။
“ ခိုင်..ကလဲကွာ.. ကိုယ်ပြောထားတယ်နော်.. ကိုယ်တို့ တွေက ဒီလိုပါပဲ ဆိုတာ..” မဟေသီ့  ကို ကျွန်တော်က
ကပြာပဲ ပြောလိုက်ရပါသည်။ ဟုတ်သည်လေ..၊ တောထဲ တောင်ထဲ အမြဲပဲ အချိန်ကုန်လွန်လေ့ ရှိရသော
ကျွန်တော်တို့  ရေနံ ဝန်ထမ်းတွေရဲ့  ရောက်လေရာ နေရာမှာ ပျော်ပျော်နေတတ်သည့်  အလွန်ပဲ ချစ်စရာ
ကောင်းသည့်  ဓလေ့  စရိုက် များကို သူ့ အား ခေါ်၍ သည်ခရီးကို မစခင်ကတဲက ကြိုတင်ဇာတ်တိုက် ညှိနှိုင်းထား
ခဲ့ ပြီးသားဖြစ်ပါသည်။

မီးစက် ဆရာကိုကြီးမောင်ကတော် မဝင်းမေက လာ..လာ ညီမလေး..အမနဲ့ လိုက်ခဲ့ အဆောင်ကို ၊ ဒီသေတ္တာကြီး
တွေ တော့ ထားခဲ့ တော့ ၊နောက်မှ သူတို့ ဖာသာ သူတို့  သယ်လိမ့် မယ်.. ဟု ပြောပြီး မဟေသီ့  ကို ခေါ်သွားဖို့ 
လုပ်တော့ ..၊ကျွန်တော်က သူတို့ ကို ဂေါင်းညိမ့် ပြလိုက်ရင်း ဗိုလ်သန့် တို့  ဝါးကွပ်ပျစ်လေးဆီ လှန်းတက်ဖို့ အလုပ် မဟေသီက မျက်နှာငယ်လေးနှင့်  သူ့  လောင်တော်မင် ကျွန်တော့် ကို “ အကိုနော်.. သိပ်လုပ်မနေနဲ့ အုံး
သူများတစ်ယောက်ထဲ မနေရဲပါဘူး...” ဟု လှန်း မှာရှာ ပါတော့ သည်။
ကျွန်တော်က “အင်းပါ..” ဟု မဟေသီ့ ကို နှစ်သိပ်ပြီး ရောင်းရင်းတွေဘက်ဆီကို ချီတက်ခဲ့ ပါတော့ သည်။
ထိုည က အင်းပါ ဆိုလိုက်သော ကျွန်တော် ကြက်တွန်ချိန် ရောက်ခဲ့ ရပါသည်။

“ ဟေ့ အကောင်.. မင်းအခွက်က ဒီတစ်ခါတော့  ဝင်းပြောင်နေပါလားကွ..”
ကျွန်တော်က S.M.E ဦးသန့် ဇင်ကို transfer,movement order, စသည့်  ( ခရီးသွားအမိန့် ၊ ပြောင်းရွှေ့ လွှာ )
တို့ ကို လှန်းပေးတော့ သူက ကျွန်တော့် ကို ပြန်ပြောလိုက်တာပါ။
“မဟုတ်ဘူး ဆရာ အကြောတင်းချင်လာတာ” ဟု ဥာဏ်ထွန်းက ထပ်ပို့ တော့ “ ဟာ .ဒီအကောင်..ငါ..သယ်..”
ဟု သူ့ ကို ရွယ်လိုက်ရာ သူက “မြောက်ဂေါင်း” အရက် တစ်ခွက်ကို လက်ထဲ ထိုးထည့် လာပါသည်။
ဗိုလ်သန့် က ရုံးစာ တို့ ကို ခေါက်သိမ်းလိုက်ရင်း “ပတပ်ကြော်” ပန်းကန်ကို ကျွန်တော့် အား ကမ်းလာပါသည်။
“ဟေ့ ကောင်.. မိန်းမ ပါလာလို့  စည်းဖောက်ပြီး ပြန်ပြေးဘို့ မချောင်းနဲ့ နော်.. နက်ဖြန် ဥာဏ်ထွန်း မင်းအစား
ဆက်ဝင် ပေးလိမ့် မယ်၊ အေး..သူ့ ကိုတော့  ဒီည မင်းဂလန်၊ကဆန် မလုပ်နဲ့ ..”ဟုပြောသည်။ အမြီး ပန်းကန်
ကို လှန်းနှိုက်လိုက်မိပေမဲ့  ကျွတ်ပြီးရဲနေသော ပတပ်ကြော် အမည်းပန်းကန် ထဲမှာ နှုတ်ခမ်းတို့  ဆူနေမည့် 
မဟေသီ့  မျက်နှာလေးသာ မြင်မိပါသည်။ မြို ချ မိနေသော “မြောက်ခေါင်း ” ဦးရည် က ခါတိုင်းထက် ပို ပူပြီး
ခါးနေသလိုပါ။

“ပေ ဘယ်လောက်ရောက်သွားပြီလဲ ဆရာ...” ကျွန်တော်က ဗိုလ်သန့် ကိုမေးလိုက်ပါသည်။
“အင်း.. ဒီ ည ဆို ပေ လေးထောင် ကျော် နိုင်တယ် ” ဗူမိဗေဒ ဌာန မှ ကိုသောင်းစိန် က ဝင်ဖြေလာပါသည်။
“ ဒါဆို.. ဆယ့် သုံး လက်မ သုံးမူး ကေဇင်( တွင်း ကာဘာ ပိုက် ) ချတော့  မှာပေါ့ ...” ကျွန်တော်က သူ့ ကို ပြန်
ပြော လိုက်ပါသည်။ ထိုတွင်းကာဗာပိုက်များကို ပေ တိမ်မှစ၍ နက်လာသည့်  ပေ အတိုင်း လက်မသုံးဆယ်၊လက်
မနှစ်ဆယ်၊ ဆယ့် သုံးလက်မ သုံးမူး၊ ကိုးလက်မ ခြောက်မူး စ သည်ဖြင့် အဆင့် ဆင့်  တူးပြီး ချသွားရပါသည်။
ပိုက်လုံးကြီး တစ်လုံးနှင့် တစ်လုံး ဆက်တိုင်း COUPLIN ( အရစ်ဂေါင်း ) ကြီးများဖြင့်  လှည့် ကြပ် ၍ ဆက်ပြီး
ချရသော်လည်း ပေ နက်ဖြစ်ပြီး ဝိတ် နှင့် အလုံးပေါင်းများစွာ မြေကြီးထဲ ဆင်းသွားရသောကြောင့်  စိတ်ချရစေ
ရန် ကျွန်တော်တို့  WELDER (အရပ်အခေါ်..ဝယ်တာ ) တို့ က ထို အရစ်ဂေါင်းများ ကြပ်ပြီးတိုင်း ဂဟေ ထပ်
ဆော်ပေးနေရခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့  ရေနံ တူးစက် အမည်က National 55/5 တွင်းတူးစက်ပါ။
ပေနက်တူး စက်လတ် အမျိုးအစားဖြစ်ပါသည်။ ပေပေါင်း ခုနှစ်ထောင် အထိ တူးနိုင်ပါသည်။
ရှာဖွေရေး ဌာန မှ တူးရမည့်  နေရာ ကို သတ်မှတ်ထားခဲ့ သည့် နေရာ အရောက် ထိုတွင်းတူးစက်ကြီးကို ကုန်း
တတန်၊ရေတတန် ခရီး အဆင့် ဆင့်  တစ်စဆီဖြုတ်၍ အရောက်သယ်ရွှေ့ ရပါသည်။ဒီဇာယ် စက်ခေါင်းအရွယ်
CATARPILOR ဒီဇာယ် အင်ဂျင် ကြီး သုံးလုံးဖြင့်  တည်ဆောက်ထားပါသည်။ ရွှံ့  နှင့်  ရေ တို့ ကို ရောစပ်ဖျော်
ပြီး Pressure နှင့်  တွင်းထဲ ကို မှုတ်သွင်းဘို့  အတွက် အားကောင်းသော ပန့် ကြီး( Pump ) များကို မောင်းနှင်နိုင်
ရန်အတွက် တွင်းတူးစဉ်အောက်တွင် နောက်ထပ် CATARPILOR အင်ဂျင် ကြီးများလဲ ရှိနေပါသေးသည်။
တွင်းတူးစဉ်နှင့်  နောက်တန်း ဝန်ထမ်းလိုင်း သုံးရန် အတွက် မီးစက် ကြီးလဲရှိနေပါသေးသည်။ ထို အင်ဂျင်စက်
ကြီးများ နှစ်ဆယ့် လေးနာရီ လည်ပတ်နိုင်ရန်အတွက် စက်သုံးဆီ ဂါလံ ပေါင်းများစွာကို အစမ်းတွင်းရှိရာ ဒေသ
အရောက် ကုန်းတတန်၊ရေတတန် ဖြင့်  ဆီ တန်ကာ စီဘီ တွဲများ၊ ဆီ ဗောက်ဆာ များဖြင့် အဆင့် ဆင့်  အဆက်
မပြတ်ပေးပို့ နေ၇သောကြောင့်  ကျွန်တော်တို့  ရေနံ အစမ်းတွင်း တစ်ခု ထောင်ပြီ ဆိုသည်နှင့်  နိုင်ငံတော်မှ
အရင်ဦးဆုံး ငွေ သိန်းပေါင်းများစွာ အကုန်ကျခံ မတည် ရပါတော့ သည်။

စကားတို့  ကောင်းနေတုံး အဝေးရှိ မြူတို့ ဖြင့်  မှောင်နေသော တောအုပ်ထဲမှ လက်ကနဲ သော ကားမီးရောင်နှင့် 
အတူ သီချင်းအော်ဆိုလာသံ၊ ဆူညံသောစကား ပြောသံ တို့ ကိုပါ ကြားလာ၇ပါသည်။ ည ဆိုင်း (Neight shieft)
ထွက်လာခြင်းဖြစ်ပါသည်။ ည ဆယ့် တစ်နာရီ ထိုးသွားပါပြီ။
ကျွန်တော်တို့  တွင်းတူး အဖွဲ့ တွင် အင်ဂျင်နီယာ၊ မော်တော်ယာဉ်၊ ဗူမိ၊ ဓါတု၊လျှပ်စစ်၊ ရေဒီယိုတယ်လီဖုန်း၊
တွင်းတူး၊ စသည်ဖြင့်  သူ့ ဌာနနှင့် သူ ရှစ်နာရီ ဆိုင်း သုံးဆိုင်းဖြင့်  လှည့် ပတ်နေတတ်သော်လည်း ကျွန်တော်
တို့  အင်ဂျင်နီယာ ဌာန ရှိ ကျွန်တော် “ဝယ်တာ” တို့  ကတော့  အဆိုင်း မရှိပဲ နှစ်ဆယ့် လေးနာရီ စတန်းဘိုင်
ဖြစ်နေရပါသည်။ ဆိုလိုတာက Shieft car နှင့်  လိုက်သွားစရာ မလိုပဲ အလုပ်ပေါ်၍ စက်နှင့် လှန်းတက်လာမှ
ကားနှင့်  ထ ပြေးရသည့် အလုပ် ဖြစ်ပါသည်။ တူးနေသည့် နေရာနှင့်  ဝန်ထမ်း လိုင်းက နှစ်မိုင်ခန့်  ထပ်ဝေးပါ
သေးသည်။

ဗိုလ်သန့် က မယ်ဒလင်ကြိုးကို စ ညှိ နေပါသည်။
ကျွန်တော်သိလိုက်ပြီ၊ “ ဂျင်မလေး ဂျမ်း ” သီချင်း ကို သူ ဟဲ ပါတော့ မည်လို့ ။
ဥာဏ်ထွန်းက မြောက်ခေါင်း နောက်တစ်လုံးကို ဂေါင်းချိုး နေပါသည်။
ကျွန်တော်လည်း ကွပ်ပျစ် ပေါ် ရှိ ပြန့် ကျဲနေသော မြောက်ဂေါင်း ပုလင်းခွံများကို တောင်းကြီး တစ်လုံးထဲ စုထည့် 
လိုက်ပါသည်။ မြူတွေက ပိုမို သိပ်သည်း လာသလို ခံစားရပါသည်။ ရင်ထဲမှာပူလွန်းနေပေမဲ့  အပြင်ကတော့ 
အေးလာသလိုပါ။ လေ တစ်မျက် ဝှေ့ လိုက်တော့  စိမ့်  သွားသလို ဖြစ်လာ၍ စွန်ပျံ ဆေးလိပ် ကို ပါးစောင်တွင်
ကိုက်ပြီး မီးညှိ လိုက်ဖြစ်သည်။

ဆေးလိပ်မီးခိုးတို့ ကို ပိန်းပိန်းပိတ်လာသော မြူမှုံထု ထဲသို့  မှုတ်ထုပ်လိုက်ရင်း ဗိုလ်သန့်  ဟဲ နေသော “ဂျင်မ
လေးဂျန်း”သီချင်း ကို အလျှင် မီ အောင်လိုက်ခံစားနေမိပါသည်။ အင်း..ကိုမင်းနောင် ကြီးတစ်ယောက် သာ
သိရင် သူ့ ကို လာရောက်ပွေ့ ဖက်နူတ်ဆက်မိမှာ အသေချာ ဟုတွေးမိပါသည်။ သူ့  ထက်ကောင်းလို့ ပါ။
စိတ်ညစ်စရာလေ။

အဝေး ကို ငေး နေယင်းက မော်တော်ယာဉ် ဌာန ရှေ့ ကို ကြည့် မိသွားပါသည်။
သေတ္တာ ကြီးနှစ်လုံးပါ။ အလွန်ချမ်းနေသည့်  သေတ္တာကြီး နှစ်လုံးပါလို့ ။
ဟင်... ဒါဆို. . မဟေသီ.. ဟိုက်... တုန်နေတော့ မှာပါ။
ကျွန်တော် ဝါးကွပ်ပစ်ပေါ်မှ ကပြာ ဆင်းလိုက်မိတော့ သည်။
“ဟေ့ ရောင်..နောက် ဒဂွက်ရေ...” ဟု ဥာဏ်ထွန်း ပေးလာသော ခွက်ကိုတောင် မယူမိတော့ ပါ။
အင်း ..ငါ့  အခန်းက ဘယ်မှာပါလိမ့် .. ဆိုပြီး အရှိန်တို့ ညိမ်အောင် ထိန်းပြီး မဟေသီ ရှိနိုင်မည့်  ကုန်း ကလေး
ဆီသို့  သုပ်ခြေတင် လာခဲ့ မိတော့ ပါတော့ သည်။

ဟင်းမျိုး ဖြစ်သော လင်းကြက် ကြီးက ကျွန်တော့် ကို တွန် ပြီး အတောင်တဖြတ်ဖြတ်ရိုက်၍ နူတ်ဆက် လိုက်
ပါတော့ သည်..လို့ ။

..................................................................................................................................

( ဆက်ရန် )

Friday, December 4, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၆ )

သူ နဲ့  သာ ဆိုရင်
.............................

လှည်းကလေးက သူကြီး အိမ်ရှေ့ ရောက်လာတော့  အီရှောင် က ထိုးရပ်ပေးလိုက်ပါသည်။
“ ဗျို့ ..သူကြီး.. ဧည့် သည် ရောက်တယ်ဗျိုး....” အီရှောင် အော်လိုက်တော့  အိမ်ပေါ် မှ သူကြီး က ပြူ တင်းပေါက်
မှ ဂေါင်းပြူ ထွက်လာပြီး ငုံ့ ကြည့် ပါသည်။ သူကြီးအိမ်ရှိ တီဗီမှ ည ရှစ်နာရီ သတင်း တီးလုံးသံကို ကြားလိုက်
ရသည်။
“ ဟာ.. ကျေးဇူးရှင် လေး.. မင်းမလဲ အထုပ်အပိုးတွေနဲ့  ဘယ်အချိန်ရှိပြီလဲကွ” သူကြီးက ပြောတာပါ။
“ ထုံးစံ အတိုင်း ဇက်နောက်ကျလို့ ပေါ့ ဗျ။ ဗိုလ် သန့်  လာသေးလား” လှည်းပေါ်ကဆင်းလိုက်ရင်း ကျွန်တော်တို့ 
ဌာနမှုး S.M.E ဦးသန့် ဇင် ကိုမေးလိုက်မိပါသည်။ မလာဘူးကွ၊ ဈေးကားပြန်ထွက်ပြီး ဖယ်ရီ ဘုတ် မခွာခင်လေး
ကတော့  V.H.F တက်လာတယ်၊ မင်းပါမပါ လှန်းမေးတာပါ.. ဟု သူပြောပါသည်။
“ ဝယ်တာ ကတော်လေးကတော့  အချောသားပါလားဟရို့ ... အိမ်ပေါ်ကြွ ခဲ့ ပါအုံး ၊ အကျရည်လေးနဲ့ လဘက်
ရှိတယ်နော်.. လာ..လာ.သမီးလေး ”သူကြီး ကတော် ဒေါ်စံအုန်း က မဟေသီ့  ကို လှန်းပြောရင်း အိမ်လှေကား
ကြီး အတိုင်း ဆင်းလာပါသည်။

မြစ်နားဘို့ လယ် ရွာလေးက ဧရာဝတီ မြစ်ကြီး ဘေး ကမ်းနဖူးပေါ်တွင်ပဲ ရှိသောကြောင့်  ရွာတန်းရှည်
တလျှောက်ရှိ အိမ်အားလုံးက ခြေတံရှည် အိမ်များသာဖြစ်ပါသည်။ အိမ်အောက်တွင်တော့  နွား တင်းကုတ်များ
ထားလေ့ ရှိပါသည်။

ဒေါ်စံအုန်း က သူ့  ဝဖိုင့် ဖိုင့်  ကိုယ်ကြီးကို မနိုင်မနင်း ထိန်းရင်းပဲ ဆင်းလာသောကြောင့်  ကျွန်တော်နှင့် မဟေသီ
အပြေးသွား၍ ကူထိန်းပေးရပါသည်။

အိမ်ပေါ်ရောက်ရောက်ခြင်းပဲ အချိန်မဖြုန်းတော့ ပဲ တစ်ဖက်ကမ်း ပြရည် အစမ်းတွင်းရှိ ဗိုလ်သန့်  ဆီကို V.H.F
လှန်းတက်ရတော့ သည်။ R.O ဦးထွန်းမြင့် နိုင်နှင့်  တွေ့ တော့  ဗိုလ်သန့် တစ်ယောက် ရေလည်ခေါင်ရောက်နေ
ကြောင်း( မူးနေတာကိုပြောတာပါ)၊ ကျွန်တော်နှင့်  လဲမည့်  ဥာဏ်ထွန်း နှင့် ဖြစ်ကြောင်း ပြောပြီး သူမှာထား
သောကြောင့်  ဖယ်ရီ ဘုတ် ကို သူပဲ စက် နှင့်  လှန်းတက်ပေးလိုက်မည် ဟု ပြောတော့ မှ ကျွန်တော်လဲ
သက်ပြင်း ချ ဖြစ်တော့ သည်။

မဟေသီ နှင့်  သူကြီး ဦးရွှေ တို့  မိသားစုကတော့  ရာသီကုန်၊လှောင်ကုန်တွေအကြောင်း ပြောရင်း အဖွဲ့ ကျ နေ
တော့ သည်။ အီရှောင်၏ လှည်း ကမ်းနားဖက်က ပြန်တက်လာရင်း ကျွန်တော့်  ကို လက်ပြ နှုတ်ဆက်သွားသည်။
ပစ္စည်းတွေ ဆိပ်ခံ ပေါ်မှာ ထားခဲ့ ကြောင်း ပါ အော်ပြောသွားပါသည်။ သူ ထွက်သွားပြီး မကြာမှီပဲ မှောင်မဲနေ
သောကမ်းတစ်ဖက်ဆီမှ လက် ကနဲ လှန်းတောက်လိုက်သော မီးရောင်ကလေးကို လှစ် ကနဲ မြင်လိုက်ရပါသည်။
ဖယ်ရီဘုတ် ပြန်တက်လာခြင်းဖြစ်ပါသည်။
..........................................................................................................................................

ဖယ်ရီဘုတ်ပေါ်ရောက်တော့  စလင်ကြီး ဦးရေဝိုင်း က “ ဟေ့ အကောင်.. မောင်ရောင်းတာ အရင်တစ်ယောက်
တုံးကတော့  အခုလို မိုးမချုပ်ပါဘူး” ဟု အချွန်နှင့်  စ ပြီး မ ပါတော့ သည်။ မဟေသီက တစ်ချက်တော့  မျက်နှာ
ပျက်သလို ဖြစ်သွားပေမဲ့  သူတို့ ကို ပြန်ပြုံးပြလိုက်ပါသည်။ တစ်လမ်းလုံး သူ့ ကို ဟိုရောက်ရင် ဘယ်သူ ဘာ
ပြောပြော မယုံ ဘို့ ကို ကြိုတင်ပြီး ဘိုကင်လုပ်ခဲ့ ရသည်လေ။
ဘယ်လိုမှ မဟေသီ့  ကို စ မရသည့် အဆုံးတော့ မှ ဦးရေဝိုင်း တို့  အဖွဲ့  လက်လျှော့ သွားပါတော့ သည်။
သူတို့ မျက်နှာပေးတွေကတော့  ကျွန်တော့် ကို ဒီတစ်ခါလဲ မင်းနိုင် သွားပြီပေါ့  ဆိုသည့်  မျက်နှာပေးများနှင့် ပါ။

မြစ်ပြင်တစ်ခုလုံး မှောင်မဲ ညိမ်ဆိပ် နေ ပေမဲ့  တုန်ခါ နေသော မော်တော် အင်ဂျင်အသံနှင့်  မော်တော်ဦးချွန်မှ
ထိုးခွဲနေသော ရေပွက်၊ရေယက်သံတို့ ကတော့  ဖြင့်  တခွင်လုံး လျှံကြနေတော့ သည်။
လက်ယန်းတန်းကို မှီပြီး ရှေ့ တူရှု့ ရှိ အမှောင်ထု တွင် ငြိမ်သက်စွာပဲ လဲလျောင်းနေသော တောင်အထပ်ထပ်
ကို ငေးနေသော မဟေသီ့  ပုခုံးပေါ်သို့  ကျွန်တော် လက်ကလေး အသာတင်လိုက်မိပါသည်။
“ ဘယ် ရည်းစား ကို အလွမ်း ဆုံးလဲ ” ဟု နောက်လိုက်တော့  သူ ဟက် ကနဲ ရယ်ပြီး ကျွန်တော့် ကို ဗိုက်ကြော
လှန်းလိမ်ပါတော့ သည်။ ခပ်ဖွဖွ ပါ လို့  ။

မြစ်ပြင် တလျှောက် လျှပ်တိုက်လာသော လေနုအေးတို့ က ကျွန်တော်တို့  နှစ်ယောက်ကို အတင်း တိုးခွေ့  ဖြတ်
ကျော်နေကြပါသည်။ အမြဲတန်း လတ်ဆတ်၊လန်းဆန်း နေတတ်သည့်  ဧရာဝတီ မြစ်လေ ကလေးပါ။
တဖြည်းဖြည်း နီးလာနေသည့်  ပြရည် အစမ်းတွင်း၏ ကမ်းနီ ForeShore မှ ဖွင့် ထားသော တွံတေး သိန်းတံ၏
သီချင်းက နေ နဲ့  လ၊ရွှေ နဲ့ မြ တဲ့ ။
..................................................................................................................................

ForeShore ကိုရောက်တော့  ရေပန့် မောင်း ကိုမြ တို့  တစ်ဖွဲ့ လုံး သူတို့ ဗားတိုက် ထဲမှ ထွက်ကြိုနေကြပါသည်။
ကျွန်တော့် ကိုတော့  မဟုတ်ပါ။ တစ်ခါဘူးမှ မမြင်ဘူးသေးသည့်  ကျွန်တော့်  မဟေသီ ကိုပါ။ မဟေသီ ကလဲ
ခရီးပန်းလာပေမဲ့  ပတ်ထားသော သဘက်လေးနှင့်  နှီး ဦးထုပ် ဝိုင်းဝိုင်း လေးအောက်ရှိ မပျက်သေးသော
ပါးကွက် အလှ လေးနှင့် ပါ။ ကျွန်တော့် ရင်ထဲ ကြည်နူးနေသလိုလို၊ အူတို မိနေသလိုလို ပေါ့ ဗျာ။
သေတ္တာကြီး နှစ်လုံးကလဲ သယ်ပေးမဲ့ သူ များလွန်းတော့ အပြေဆင်၊အဆင်ပြေ ပေါ့ ။

ကမ်းနီ ForeShore မှ ပြရည် အစမ်းတွင်း ရောက်သည် အထိ တောင်ပေါ်ကို နောက်ထပ် ခုနှစ်မိုင် တက်ရပါ
အုံးမည်။ ထို ခုနှစ်မိုင် ဝေးသော ပြရည် အစမ်းတွင်းရှိ တွင်းတူးစက်များနှင့်  အလုပ်သမားတွေပါ သုံးဘို့ ဧရာဝတီ
မြစ်ရေကို ရေပန့် မောင်း ကိုမြ တို့ အဖွဲ့ က ရေပန့် တွေနှင့်  သည် ကမ်းနီ ရွာ ဆိပ်ခံ မှ တောက်လျှောက်မောင်း
တင်ပေးနေခြင်းဖြစ်ပါသည်။တွံတေး သိန်းတန် ကို အလွန်ကြိုက်တတ်တော့ လဲ ရေပန့် တို့  မရပ်သလို တွံတေး
သိန်းတန် သီချင်းကလဲ မရပ်တတ်ပါ။ ခေါင်မိုးပေါ် လော် ကြီးတင်မြစ်ပြင်ဖက်လှည့် ၍ ဖွင့် နေတတ်သည်မှာလဲ
သူ့  ဝါသနာပါ။ အညာ ဆန် လှေတွေ၊ မော်တော် တွေ ဖြတ်သွား လျှင်လဲ ခုန်ပေါက်မြူး တူး၊ပုဆိုးတွေ ပါမြှောက်
၍ နှုတ်ဆက် တတ်ပါသည်။ သူတို့  အဖွဲ့ က ပျော်ပျော် နေတတ်သည့်  လူပျော်များ အဖွဲ့ ပါ။
ကျွန်တော်ကရော..တဲ့ ၊
ပို၍ ပျော်ပါသည်။
မဟေသီ ပါလာလို့ ပါ။
................................................................................................................................

S.M.E ဦးသန့် ဇင်မှ WA fourwheel drive ကားကြီး လွှတ်ပေးလိုက်၍ မဟေသီနှင့်  ကျွန်တော် ဂေါင်းခန်း
ကပဲ လိုက်ရပါတော့ သည်။ နောက်မှာ တွင်းသုံးဘို့  ပိုက်လုံး တွေပါ တင်ထားတော့  တောတောင်ထဲမှာ သည်
ကားတွေပဲ ဗိုလ် ဆွဲနေတော့ သည်လေ။ လမ်းမှ အကြုံလိုက် ရွာသားတွေလဲ တက်ချင်သလောက် တက်ပေါ့ ။

လမ်းက မြေညှိစက် ကြီးဖြင့် ထိုးညှိ ထားသော မြေသားလမ်း၊မြေနီ လမ်းဖြစ်သောကြောင့်  မာဇဒါ ဂျစ် ကဲ့ သို့ 
သော ကားလေး၊ ကားပေါ့  များဆိုလျှင် သည် မိုးတွင်းဝယ် စလစ်ဖြစ်ပြီး လာရာလမ်းကိုပြန်လှည့် ရင်လှည့် ၊
သို့  မဟုတ် ကပ်နေသော တောင် နံရံ တွေကို တစ်လမ်းလုံး နမ်းနေတတ်ပါသည်။

လမ်းတလျှောက် ကားရှေ့ မီးကြီးအောက် ဖြတ်ဖြတ်ပြေး တတ်သော ရှဉ့်  ကလေးတွေ၊ မြွေ ကလေးတွေ၊ ဂျီ
ကလေး တွေကို တွေ့  တွေ့  နေရတော့  မဟေသီက ကျွန်တော့်  လက်ကို တစ်ဖွဖွ ဆုပ်နယ်နေရင်း တအံ့ တသြ
ဖြစ်နေတော့ သည်။ ကားကြီး၏ ဂီယာ တွေ အကုန် ထိုးပြီး တအိအိ တက်နေရသော တောင်တွေရှိသလို၊ ဦးဆိုက်
ထိုးဆင်းရသော ဂုံး ဆင်းများကို တွေ့ ရတော့ လဲ မဟေသီ တစ်ယောက် ရင်တို့  တဖိုဖို နှင့် ပေါ့ ။

ပုဆင်းရင်ကွဲသံတွေ၊ လေတိုးသံတွေ တော သံ တွေသာ ဖုံးလွှမ်းနေသည့်  မိုက်မှောင်လွန်းသော သည်တော
ကြီးထဲမှာ ကျွန်တော် တို့  ရေနံ ကားကြီးကတော့  မီးခိုး တရဲရဲ နှင့်  ခရီးဆက် ကောင်းနေတုံး....။

................................................................................................................................

( ဆက်ရန် )