Monday, February 28, 2011

လှည်းကလေးနဲ့  ရိုတီ ( ၁၉၉၄ )


သည်ဝတ္ထုလေးကို ကျွန်တော်ဘာကြောင့်  စွဲလမ်းခဲ့ ရပါသလဲ ။
ဘာကြောင့် သည်ဝတ္ထုလေးက ကျွန်တော့်ရင်ကို၊ ကျွန်တော့် ကို ကိုင်လှုပ်နိုင်ခဲ့ ပါသလဲ.. ဆိုတော့ ..
အဖြူလေးဘဝ သို့  မရောက်ခင် ကျွန်တော်လည်း ကိုထွေး တို့ ဇာတ်လမ်းလေးဖြစ်တည်ခဲ့ ရာ ဘန်ကောက်မြို့ 
ကြီးကို ဖြတ်ကျော်ခဲ့ ဘူးလို့ ပဲ ဖြစ်ပါသည်။
ပြီးတော့  ဟိုး ... အောက်ချေက ရွှေ့ ပြောင်းအလုပ်သမားဘဝတွေကို ထင်ဟပ်ပြနေသည်ဟုလည်းမြင်ပါသည်။
ရွှေ့ ပြောင်းအလုပ်သမားသံသယာကြီးကတော့  ဘယ်တော့ မှလည်း ပြီးဆုံးတော့ မည်မထင်။

ကျွန်တော်လည်း သူ့ လိုပင် ဘဝကို အောက်ချေမှ စ ခဲ့ ရပြီး သည်ကျွန်းနိုင်ငံကြီးကို ရောက်ခဲ့ ရပါသည်လို့ ။
ဘန်ကောက်တွင် ကျွန်းသို့ ဝင်ရန်ဗီဇာစောင့် ရင်း နှစ်လခန့် သောင်တင်နေခဲ့ ဘူးတော့  သူ ကျင်လည်ခဲ့ ရာ
ဘန်ကောက်မြို့ ကြီးရဲ့  ဝန်းကျင်တော်တော်များများကို ရင်းနှီးနေခဲ့ မိပါသည်။

သည်ဝတ္ထုရဲ့  ရှေ့ တစ်နေရာတွင် ကိုထွေးရဲ့  နှလုံးသားကို ကိုင်လှုပ်တော့ မည့်  နှလုံးသည်းပွတ် တစ်ခုကို
သူ ဝင်တိုးမိတော့ မည်လေ..။ အော် ... ကျွန်တော်က ကိုထွေးမဟုတ်၊ ကိုထွေးက ကျွန်တော် မဟုတ်ခဲ့ ပေမယ့် ..။

...................................................................................................................

ကျွန်တော့်ရဲ့  ရွှေရောင်တောက်ပသော ကာလများလို့  ပြောရပါမယ်။
ဘန်ကောက်မြို့ ထဲ စင်ကြယ်ဖိနပ်နဲ့  ဝင်လာခဲ့ စဉ်တုံးက ကြုံးဝါးခဲ့ တာကို သတိရမိသေးသည်။ရိုတီသမားဘဝနဲ့ 
လေးလကျော် ဖြတ်သန်းပြီးတဲ့ အချိန်မှာ ကျွန်တော်ဟာ တပည့်တစ်ယောက်တောင် မွေးထားနိုင်ခဲ့ ပြီ။ လွယ်လွယ်
နဲ့  ရတာတော့ မဟုတ်ပေ။

စ ရောင်းတဲ့ နေ့ ကဆို၊ ဂျုံနယ်ရသည်နှင့်ပင် ဖတ်ဖတ်ကို မောသွားရပါသည်။
မနက် ခုနှစ်နာရီလောက်မှာ ဈေးသွားသည်။ ဟင်းချက်စရာ ဝယ်တာ၊ ဂျုံဝယ်တာ၊ ကြက်ဥ ဝယ်တာ၊ ရိုတီ ပစ္စည်း
ဝယ်တာတွေ လေ့ လာရသည်။ ပြန်လာတော့  ကျွန်တော်ရောင်းမည့်  သံဒယ်ပြားကြီးကို တိုက်ချွတ် ဆေးကြော
ရပါသည်။ ပြီးတာနှင့် ရေစိုအဝတ်တစ်ခုယူပြီး ရိုတီ အရိုက် ကျင့်ရတော့ သည်။ ဘယ်ပုံကျပါ့ မလဲ။ ပြီးတော့ ဂျုံ
စပ်တာကို သင်ရသည်။ ကျွန်တော့် ကို အလုံးရှစ်ဆယ် စထည့် ပေးလိုက်မယ်တဲ့ ။

ရိုးရိုးက သုံးဘတ်၊ ကြက်ဥ ထည့် ရင် ငါးဘတ်။ စတော်ဘယ်ရီတို့ ၊ နာနတ်တို့ ကို နောက်မှ တွဲပြီးရောင်းတဲ့ ။
လက်ဝင်တယ်တဲ့  ။

ဒီအကြောင်းမပြောခင် ကျွန်တော်တို့  နေတဲ့  ရပ်ကွက်အကြောင်း ပြောပြပါမယ်။
မူဆလင်တစ်ဝက် ဗုဒ္ဓဘာသာတစ်ဝက် နေကြတဲ့  ဆင်းရဲသား ရပ်ကွက်လေးပါ။ စုစုပေါင်း အိမ်ခြေ နှစ်ရာ
လောက်သာရှိမည်။ လမ်းက လေးပေ အကျယ်ကွန်ကရစ် ခင်းထား၏။ အားလုံး ခြေတံရှည်အိမ်တွေချဉ်းသာ။
အောက်မှာ ရေတွေ ရှိသည်။ ရေပုတ်တွေ ဖြစ်နေပါပြီ။

မိန်းလမ်းက တစ်လမ်းတည်းရှိ၏။
လက်ဖရောင်း၁၂၂ လမ်းထဲ ဝင်လိုက်တာနဲ့  ဓါတ်တိုင်သုံးတိုင်လောက်မှာ ရပ်ကွက်ထဲ ချိုးဝင်လို့  ရသည့် 
လမ်းသွယ်လေး ရှိသည်။ နောက်ထပ် ဆက်သွားလျှင် ဈေးကို တွေ့ မည်။ လမ်းသွယ်တွေ့ မည်။ စုစုပေါင်း
လမ်းသွယ် လေးသွယ်ရှိသည်။ မြေပုံအရ ဆိုရင်တော့  ဘန်ကောက်မြို့ ၊ လက်ဖရောင်း ( Latphrao ) ကားလမ်း
မကြီးရဲ့  ၁၂၂ လမ်းသွယ်ထဲက၊ ရေပုတ်အိုင်ပေါ်မှာ တည်ရှိတဲ့  ရပ်ကွက်သေးသေးလေးပါ။

အဲ့ ဒီရပ်ကွက်ထဲမှာ အိမ်ကြီးရှင်တွေက အခန်းလေးတွေ ကန့် ကန့် ပြီး ငှားထားကြပါတယ်။ အလုပ်သမားမျိုးစုံ
နေကြပါတယ်။ ကျွန်တော်တို့ လို ဈေးသည်တွေလည်း ရှိကြပါတယ်။ တစ်ခုကောင်းတာက ကျွန်တော်တို့ ကို
ချစ်ကြခြင်းပင်။ ဒါကို ဘယ်အချိန်မှာ သိရသလဲဆိုရင်၊ ရဲ တွေ ဘာတွေလာတဲ့ အခါ သူတို့ ကိုယ်တိုင် အိမ်တံခါး
တွေ လာပိတ်ပြီး အပြင်က သော့ ခတ်ပေးတာတို့ ၊ ပြေးခိုင်းတာတို့  လုပ်တတ်ပါတယ်။

တကယ်ဆို ကျွန်တော်တို့ မှာ အခန်းငှားပြီး နေခွင့် မရှိပါ။ ရဲ က ဒါဘယ်သူ့ အခန်းလဲ ဘာလဲ လာမေးရင် အိမ်နီး
ချင်းတွေက လူမရှိလို့  ပိတ်ထားတယ်၊ ခရီးသွားနေတယ် ဘာညာ လုပ်ပေးကြပါသည်။ ဒါကြောင့်လည်း သက်ဆိုး
ရှည်နေကြရပါသည်။

ရိုတီ စ ရောင်းတဲ့ နေ့ က လမ်း ၁၂၀ ကို အရင်သွားရောင်းရသည်။ နေ့ လည် နှစ်နာရီ ထွက်ခဲ့ ပါသည်။
နေကလည်း ပူလိုက်တာ အခိုးတောင်ထွက်သည်။ ကျွန်တော်တို့  ရပ်ကွက်လေးရဲ့  လမ်းသွယ်ထဲက ဖောက်ထွက်
လာလျှင် လမ်း ၁၂၀ ထဲလည်း ရောက်တာကိုး။ လူနေအိမ်ခြေတော့  အတော်နည်း၏။ နည်းသည့် အပြင် တိတ်
ဆိတ်ခြောက်သွေ့ နေ၏။

ကျွန်တော့် လှည်းမှာ ဟွန်းလေး ပါတာမို့  လူရိပ်လူရောင် မြင်လိုက်လျှင် ဟွန်းသံလေး ပေးလိုက်ရသည်။
ဝယ်စားကြပါသည်။ ကျွန်တော်လည်း မရိုက်တတ်ခင်ဆိုတော့  ဂျုံလုံးကို လက်နဲ့  ပြားအောင်လုပ်၊ ဆီပူပူထဲ
ထည့် ကြော်၊ ထောပတ်ထည့် ပြီးလျှင် သကြားနဲ့  နို့ ဆီ ထည့်ပေး၊ စက္ကူလေးကို လိပ်လိုက်ရင် မုန့် ဖြစ်သွားရော။
စားတဲ့ လူတွေက စက္ကူကို လိုသလောက် ခွာစားပါတယ်။ မုန့် ကုန်ရင် စက္ကူလည်း ကုန်ပြီးသား ဖြစ်သွားသည်။

လမ်း ၁၂၀ မှာ ညနေ ခြောက်နာရီလောက်အထိ ရောင်းပြီးလျှင်၊ လက်ဖရောင်းလမ်းမကြီးအတိုင်း လမ်းပြောင်း
ပြန် တွန်းသွားလိုက်။ ပလက်ဖောင်းပေါ်မှ တင်ပြီးတွန်းရင်း ဆွိုင်မဟာထိုင်လမ်းထဲ မရောက်ခင် တစ်လမ်း
အထိ တွန်းရပါတယ်။

အလုပ်သမားတန်းလျားတွေ၊အလုပ်ရုံတွေ၊ ရုံးခန်းတွေ၊ အဆင့် မြင့် လူနေတိုက်ခန်းတွေ များများရှိနေသည့် 
ဆွိုင်မဟာထိုင်တစ်ဝိုက်ရောက်တော့  ရောင်းလို့  ပိုကောင်းလာပါသည်။ ဝယ်စားတဲ့ သူ တော်တော်များများက
ကျွန်တော့် ကို ထိုင်းကုလားလားလို့  မေးကြပါသည်။ ဒါကိုပဲ ဖြေနေရတာ အလုပ်တစ်ခု ။

ရောင်းလို့ တကယ်ကောင်းပြီဆိုရင် မီးက အားပျော့ သွားပါလေရော။
အထာမသိတော့  ဝယ်သူကျချိန်မှာ မီးကို အားကောင်းကောင်းမလုပ်ထားမိပေ။ နောက်တော့  စက္ကူနှစ်ရွက်
လောက်ယူပြီး ဆီစိမ်သည်။ ပြီးလျှင် မီးဖိုထဲ ထိုးထည့် လိုက်တော့ မှ ဟန်ကျသွားပါတယ်။

နောက်ရက်တွေကျတော့  မုန့် ကို ကြိုရိုက်ထားလိုက်၏။
ပလပ်စတစ်အိပ်ထဲထည့် ပြီး၊ သူ့ အပူနဲ့ သူ နူးနေအောင် ထားလိုက်သည်။ သုံးလေးခု ဝယ်သူလာရင်၊ အဲ့ ဒီထဲက
နှစ်ခုလောက်ထုပ်၊ အသစ်နှစ်ခုလောက် ရိုက်လိုက်သည်။ ဆီပူနေတော့  အရသာ မကွဲပါ။ ဂျုံကလည်း ကောင်း
ပြီးသားကိုး။

စ ပြီး ဂျုံ နယ်စဉ်မှာ ဘာတွေထည့်ထားသလဲ ဆိုတော့  ဆား၊ ရေ၊ သကြား၊ ပြီးရင် ထောပတ်နဲ့  နှပ်ပြီး ရောလိုက်
မှတော့  မကောင်းပဲဘယ်နေပါတော့ မလဲ။ ဝယ်စားတဲ့ လူ မဆိုထားနဲ့ ၊ ကျွန်တော်လည်း ဆာရင် ဒါပဲ စားဖြစ်
နေတော့ သည်။ တစ်ခါတစ်လေ “ ကွေ့ တယို ” ဆိုင် ရောက်လျှင် အရည်ဝယ်ပြီး၊ ရိုတီ အလွတ်နဲ့  စားလိုက်ရင်
အီ သွား၏။

အိမ်မှာ ပဲကုလားဟင်း ချက်သည့် နေ့ ဆိုလျှင် လှည်းကလေးစီက ပိုတဲ့  မုန့် တော့  ကုန်သွားတတ်သည်။ အိမ်နီး
နားချင်းတွေကလည်း အီစွတ်တို့  ပဲဟင်းချက်သည့် နေ့ ဆိုလျှင် လာကြပြီ။ ကြိုက်လို့  ဟင်းလာတောင်းတာပါ။
အနံ့ က မွှေးနေတော့  ဘယ်သူမဆို စားချင်ကြသည်။ အီစွတ်ကလည်း ဟင်းအချက်တော့  စူပါစတားပင်။
အမဲနှပ်တို့  ဘာတို့  ချက်လျှင်လည်း မချီးမွမ်းဘဲ မနေနိုင်ပါ။

ထမင်းကိုတော့  မနက်တစ်နပ်မှာ စုပြီး စားဖြစ်ကြပါတယ်။ ညနေပိုင်းမှာတော့  ကိုယ့်အစီအစဉ်နဲ့ ကိုယ်စားလာ
ကြတာမို့ ၊ ဈေးရောင်းမထွက်သည့် သူရှိမှ ဟင်းချက်ဖြစ်တော့ သည်။ များသောအားဖြင့်  တနင်္ဂနွေနေ့ မျိုးမှာ
နားကြသည်။ ထိုနေ့ မျိုးဆိုရင် သန့် စင်တို့ ဆီ ကျွန်တော်သွားပြီ။ ၈၅ လမ်းနှင့်  ၁၂၂ လမ်းကို ဖြတ်ဖောက်ထား
သည့် လမ်းတစ်ခု ရှိသည်။ ဆိုင်ကယ်စီးသွားလျှင် ဆယ့် ငါးဘတ်သာ ပေးရ၏။ သန့် စင်က ကျွန်တော် ရိုတီ
ရောင်းတာကို အံ့ သြ နေတုံးပင်။ သူလည်း အိမ်လာလည်ပါသည်။ ကျွန်တော်နှင့် တွဲမလုပ်ရမှ သူလည်း
ဘတ်နှစ်သောင်းလောက် စုမိနေပြီဟု ဖိနွန် ပြောလို့ သိရပါသည်။
“ နင် သန့် စင်ကို မဖျက်ဆီးနဲ့ တော့  ၊ ဒီကောင် လိမ်မာနေပြီ ”
“ အကိုကလည်း .. ဘာဆိုင်လို့ လဲ ”
“ ဆိုင်တာပေါ့ ... နင် ရှိနေရင် နှစ်ယောက်စလုံး ပိုက်ဆံ မစုမိဘူး။ အခု ဒီကောင် ဘတ်နှစ်သောင်းလောက် ငါ့ မှာ
စု ထားပြီးပြီ။ နင် ချေးဦးမလား၊ ဟင်... သန့် စင်၊ ပြောလိုက်လေ”
“ သူ က အိမ်နဲ့  ရာနဲ့  ဖြစ်နေပြီ အစ်ကိုရ၊ အစ်ကို ဘာသိလို့ လဲ ”
“ တကယ်လား ... ဘဏ် ဓားပြတိုက်လိုက်လို့ လား ”
“ ရိုတီ ... ရိုတီ ”
ကျွန်တော် လက်မထောင်ရင်း ပြောတော့  ဖိနွန် မယုံ။ သူ့ ဆီမှာ လုပ်တုံးက ဈေးဝယ်ခိုင်းရင်တောင် ရဲ ကြောက်
နေသည့်  ကျွန်တော့်ကို ဘယ်မှာ ယုံမှာလဲ။ ဖိနွန် ရဲ့  မိန်းမကလည်း တအံ့ တသြ ဝင်မေးပါတယ်။
“ ထွေး ... တကယ်လား ”
“ ဟုတ်ပါတယ် ခင်ဗျ ”
“ အေ ... ငါမယုံဘူးဟေ့  ”
“ မယုံလည်း သဘောပဲ။ ရော့  ... ဒီမှာ ဖုန်းနံပါတ်၊ ကျွန်တော့်  အိမ်ရှင်ကို မေးကြည့်  ”
“ ထားပါ .. ထားပါ .. ယုံပါပြီ၊ ငါက နင်မိန်းမရနေပြီ ထင်လို့  ”
လုပ်ရင်းကိုင်ရင်းနဲ့ ရိုတီပါးဝလာတော့  ကျွန်တော် နယ်ချဲ့  ချင်လာပြီ။ အီစွတ်ကို မေးဖြစ်သည်။
“ အဘိုင်ကြီးဆီမှာ လှည်းနဲ့  လမ်းပိုနေတယ်ဆို ”
“ ရှိတယ် ... လှည်းကတော့  ဟောင်းနေပြီ၊ ဘာလုပ်မလို့ လဲ ”
“ ကျွန်တော် လူငှားထားချင်လို့  ”
“ ဟာ ... တကယ်လား ”
ကျွန်တော်ပြောတာကို သူမယုံချင်။ အခုမှ သုံးလကျော်လောက် အတွေ့ အကြုံ ရှိသေးသည့်လူက တပည့် မွေး
မယ် ဆိုတော့  အံ့ သြနေသည်။
“ ဝယ်တာတော့  ရပါတယ်၊ ဘယ်သူ့  ရောင်းခိုင်းမှာလဲ၊ တော်ကြာ တို့ အကြောင်းတွေ အကုန်ဖော်ရင်
မလွယ်ဘူး ”
“ မဖော်ပါဘူး၊ ကျွန်တော်နဲ့  ခင်တယ်၊ အရင်က ပန်းရံ လုပ်နေတာ၊ အခု အလုပ်မရှိဘူး ”
“ သန့် စင်လား ”
“ ပေါက်ကရဗျာ ... ဒီကောင်လား လုပ်မှာ၊ မွတ်စ်ထဲကပါ၊ မော်လမြိုင်ကပဲ ”
“ ခေါ် ကြည့်လေ ... စကားပြောကြည့်တာပေါ့  ”
သူ ပြောတာမှန်ပါသည်။ ကိုယ့်လူမဟုတ်ရင် ရဲ နဲ့ တွေ့ တဲ့ အခါ အကုန်လုံး ဖော်ကောင်လုပ်သွားနိုင်တာကိုး။
ကျွန်တော် ခေါ်လာတော့ လည်း သူ လက်ခံ လိုက်ပါသည်။ နာမည်က “ အလီ ” လို့  ခေါ်သည်။ မြဝတီနယ်စပ်မှာ
တော်တော် ကြာကြာနေဘူးတယ်လို့  ပြောပါသည်။

သူက ကျွန်တော့်ကို သုံးလ ရောင်းပေးမည်။ နေစရိတ်၊ စားစရိတ် အပြင် ရိုတီ အလုံးတစ်ရာထက် ပိုရောင်းရလျှင်
သူ့ ကို အပိုထဲက တစ်ဝက် ပေးရပါမည်။ ပတ်(စ)ပို့ ကိုလည်း သူ့ ဓါတ်ပုံနဲ့  လုပ်ပေးပြီး မိတ္တူပဲ ပေးထားမည်။
ဖြစ်လာလျှင် ရဲစခန်းကို လာရွေးပေးမည်။ နေတာ စားတာ အားလုံး ကျွန်တော်တို့ နဲ့ အတူ နေရပါမည်။ သူ က
လည်း သဘောတူပါသည်။

လှည်းနဲ့ လမ်းကို အဘိုင်ကြီး ဆိုတဲ့  ဝါရင့် ရိုတီသမားကြီးထံက တစ်ဝက်ချေစနစ်နဲ့  ကျွန်တော်ဝယ်လိုက်ပါတယ်။
တစ်နေ့ ကို မုန့် အလုံးတစ်ရာကျော် ရောင်းရမဲ့  နေရာကို ကျွန်တော် သိပြီးသားပါ။ စက်ရုံတွေ များသည်။
စနေ၊ တနင်္ဂနွေသာ ညမိုးချုပ်တဲ့ အထိ ရောင်းရပါသည်။ တနင်္ဂနွေကတော့  သူ ရောင်းတာ သူ ရပါသည်။ သူက
လည်း မရောင်းသေးပါ။ သုံးလပြည့် မှ အေးအေးဆေးဆေး ရောင်းမယ်လို့  ပြောပါသည်။

ကျွန်တော့် လက်ထဲမှာ ငွေသား မရှိပေမယ့်  ကျွန်တော့်ရဲ့  ပိုင်ဆိုင်မှုဟာ ဘတ်တစ်သောင်းကျော်ဘိုး ရင်းနှီးမြှပ်နှံ
မှုရယ်၊ နေ့ စဉ် လေးရာကျော် အမြတ်ငွေရယ်ကို ခန့် မှန်းနိုင်နေပါပြီ။ အဖေတို့ ကိုလည်း ဆက်သွယ်လိုက်ပါပြီ။
ကျွန်တော့် ရဲ့  အောင်ပွဲတွေကို သိစေချင်ပြီလေ။

ကျွန်တော့် ဆီကို အဖေတို့ ဆီမှ စာပြန်ထည့် လာပါသည်။ အဘိုင်ကြီးလိပ်စာမှတဆင့်  ဆက်သွယ်တာပါ။
အဲ့ ဒီတုံးမှာ အဘိုင်ကြီးက သွင်းကုန် ထုတ်ကုန် ကုမဏ္ဏီတစ်ခု စပြီး တည်ထောင်တော့ မယ်လို့  ကြေညာပါသည်။
အီစွတ်က ဘတ်နှစ်သောင်း ရှယ်ယာထည့် သည်။ ကျွန်တော့် ကိုတော့  အကြွေးရှိနေတဲ့ လူမို့ မခေါ်သေးပေ။
ကျွန်တော်လည်း တော်တော် မကျေနပ်တာကြောင့် အဘိုင်ကြီးကုမဏ္ဏီကို သွားပြီး ပြောပါတော့ သည်။
“ အဘိုင်ကြီး လုပ်တာ မမိုက်ဘူးဗျာ ...”
“ ငါက မင်းကို တမင်မခေါ်တာ မဟုတ်ပါဖူးကွာ။ မင်းလုပ်ချင်မှန်း မသိဘူးလေ ”
“ ဟာ... ဘယ်သူ မလုပ်ချင်ရမှာလဲ၊ ရန်ကုန်မှာ ကျွန်တော့် အစ်ကိုတွေ ရှိတယ်ဗျ၊ အဘိုင်ကြီး ဝယ်မယ့် 
ပစ္စည်းတွေ ပို့ လို့ ရတယ်ဗျ ”
“ နေဦး ... ငါအခု ကြက်သွန် အရင်သွင်းမယ်။ ပြီးရင် မင်းတို့ ပါရမှာပါ ”

ရှိပါစေတော့ ။ သူ့ မိန်းမက ထိုင်းလူမျိုးဆိုတော့  ကုမဏ္ဏီဖွင့် ရတာလွယ်ပါသည်။
သွင်းကုန်၊ ထုတ်ကုန်လေးအကြောင်းပြပြီး အပွိုင့် မန့် ရောင်းစားတော့ မယ်ဆိုတာကို ကျွန်တော် သိပြီးသားပါ။
ရန်ကုန်မှာ အပွိုင့် မန့်  ဈေးကောင်းနေတာကိုး။ အဖေ့ စာထဲမှာလည်း အစ်ကို့ အတွက် အပွိုင့် မန့်  ပို့ ပေးမလား
လို့  မေးထားသေးသည်။ နေနှင့်ဦးပေါ့ လေ။ ဖြစ်အောင်တော့  ကြံရပါဦးမည်။

အမှန်အတိုင်း ပြောရလျှင် အောက်လမ်းသမားဘဝကို ကျွန်တော် ကျွတ်ချင်နေပြီ။
အောက်လမ်းသမားဆိုတာ ကျွန်တော်တို့ လို တရားမဝင်ခိုးဝင်လာကြတဲ့  လက်လုပ်လက်စားတွေကို ပြောတာ
ဖြစ်ပါသည်။ သင်္ဘောသားတို့ ၊ ရှိုးဂျော့ တို့ က အထက်လမ်းသမားတွေဖြစ်သည်။ ဘန်ကောက်မှာ အခုတစ်လော
မလေးရှား သွားတဲ့ ကိစ္စကို တော်တော်ပြောနေကြပါသည်။ ရန်ကုန်မှာ ပတ်(စ)ပို့  လုပ်ပြီးမှ သွားလို့ ရတာတဲ့ ။
နှစ်ယောက် သုံးယောက်တော့  လက်တွေ့  မြင်ဘူးလိုက်၏။ ကိုယ့် လူတွေက နက်ကတိုင်တွေ ဘာတွေ ဝတ်လို့ ။
မသိရင် ကုမဏ္ဏီဝန်ထမ်းလိုလို၊ ဘာလိုလိုနဲ့ ။

နက်ကတိုင်ကတော့  ဘင်္ဂလားဒေ့ ရှ်ပတ်(စ)ပို့  လုပ်ဖို့  ဓါတ်ပုံဆိုင်မှာ တစ်ခါ ဝတ်ဖူးသည်။
ဓါတ်ပုံ ထွက်လာတော့  ကြည့် မဝတော့ ။ အိမ်ကိုတောင် ပို့ လိုက်သေးသည်။ မိဘတွေက ပြပြပြီး ကြွားမှာ
သေချာပါသည်။ တကယ်တော့  ရိုတီသမားဟာ ဘယ်နားမှာ နက်ကတိုင် သွားဝတ်မလဲ။
နေ့ လည်ခင်းဆို နေကပူ၊ မီးသွေးမီးဖိုကပူနဲ့ ၊ ချွေးကို ရေချိုးနေသလား ထင်ရအောင် ကျနေရပါသည်။
နက်ကတိုင်မပြောနဲ့ ... အင်္ကင်္ျီလက်ရှည်တောင် ကြယ်သီး စေ့ အောင် မတတ်နိုင်ပါ။ ပူ တာကိုး..။

ကျွန်တော် စဉ်းစားပြီ။ သန့် စင်လည်း စဉ်းစားပြီ။
“ ငါတို့  မလေးရှားကို ခိုးဝင်မလား ”
“ လွယ်ပါ့ မလားဗျ ”
“ လမ်းတော့  ရှိတယ်ပြောတာပဲ၊ ဟတ်ရိုင် ကနေ သွားရတာတဲ့  ”
“ ဘယ်လောက်ကုန်လဲ ”
“ အစိမ်းလေးရွက်လို့  ပြောတယ်၊ အလုပ်တော့  မပါဘူး”
“ သေချာရင်တော့  ချ တာပေါ့  ”

ဟုတ်သည်။ အဘိုင်ကြီးတို့ ကို တစ်ကွက်တော့  ကျောပြချင်သည်။
မနေ့ က ရုံးခန်းမှာ သူ့ ကို တွေ့ လိုက်ရတော့  ကိုယ့် ကိုယ်ကို မြေကြီးထဲ ဝင်သွားမတတ် သိမ်ငယ်သွားပါသည်။
သူက အဲယားကွန်းခန်းထဲမှာ ဆုံလည်ကုလားထိုင်နဲ့ ။ စားပွဲပေါ်မှာလည်း မန်နေဂျာ ဆိုတဲ့  စာလုံးကြီး ချထား
သေးသည်။ သူ့ ရှေ့  ညာဘက်မှာက ထိုင်းမချောချောလေး လက်နှိပ်စက် ရိုက်နေ၏။ ဘယ်ဘက်လူက သူခေါ်
ခိုင်းသည့်  ဖုန်းကို ခေါ်ပေးနေသည်။


နောက်လဆိုရင် “ အီစွတ်” မြန်မာပြည်မှာ ပတ်(စ)ပို့  ပြန်လုပ်တော့ မည်။
ဆွိုင်မဟာထိုင်မှာ ကိုယ်တစ်ယောက်တည်း ဖြစ်ရတော့ မည်။ မခံချင်စရာ အတိပင်။ ကျွန်တော့်လိုပင်အခဲမကျေ
ဖြစ်နေသည့် နောက်တစ်ယောက်က သန့် စင်ပါ။
“ တို့ တွေကျတော့  လုပ်လိုက်ရတာ မော .. နေတာပဲ၊ ကုလားတွေကျ တော့  မြန်လိုက်တာ၊ ရှက်စရာကောင်း
လိုက်တာကွာ ”

လူဟာ ကိုယ့် ထက်သာရင် မနာလိုတတ်ဆိုတာ အမှန်ပင်။
ကျွန်တော် တပည့်  စ မွေးစဉ်တုံးက “ အီစွတ် ” တို့ ၊ “ အဘိုင်ကြီး ” တို့ ကသိကအောက် ဖြစ်ရတာ ကျွန်တော်
သိ သည်။ အရသာကို ရှိ ... လို့ ။
ဟော ... သူတို့  ကိုယ့် ထက် သာ သွားပြန်တော့  ကျွန်တော် ဆွေ့ ဆွေ့ ခုန်ရပါတော့ သည်။
ရိုတီ ရောင်းရတာကိုတောင် သူတို့  အကျန်ကို ကောက်စားနေရတာပါဟု မြင်လာမိတော့ သည်။

မကောင်းတာ ကြံတော့  မကောင်းတာ ဖြစ်တယ်ဆိုတာ လာပါပြီ။
“ အလီ ” ကြောင့်ပင်။ ကျွန်တော့် တပည့် လုပ်သည့်  အလီ ပိုက်ဆံအိတ်ကောက်ရသည်။ အိပ်ထဲမှာ ဘတ်နှစ်
သောင်းကျော် ပါလာသည်။ ကိုယ့် လူ အိမ်ပြန်တော့ မှာပေါ့ ။ ဘာမှ မတတ်နိုင်ပါ။ အောင့် သက်သက်ဖြင့် ခွင့်ပြု
ရတော့ သည်။ ကိုယ်ဆိုလည်း ပြန်မှာပဲမဟုတ်လား။

သူပြန်တာ မှန်ပါသည်။ မမှန်တာက ကျွန်တော့် ဝင်ငွေ။
အကြွေးမှ ကြေပြီးကာစ ရှိသေးသည်။ လှည်းနှစ်စီးနဲ့  ဘာမှ လုပ်လို့ မရတော့ ပြီ။ နောက်လူလည်း မရှာချင်
တော့ သည့် အတွက် လှည်းကို ဘတ်နှစ်ထောင်ဖြင့်  ရောင်းပစ်လိုက်သည်။ ပတ်(စ)ပို့ ကို ဘတ်ငါးထောင်
ဖြင့်  ရောင်းလိုက်သည်။ ဗီဇာသက်တန်းက သိပ်မကျန်တော့ ပြီကိုး။ ရသည့် ပိုက်ဆံကို အဖေတို့ ဆီ လွှဲပေးလိုက်
သည်။ လူလည်း ငါးရက်လောက် ဈေးမရောင်းဖြစ်တော့ ။

စိတ်ဓါတ်ကျခြင်း ဖြစ်သည်။
ဘတ်ငါးသောင်းလောက် ရချင်သည်။
အိမ်ပြန်ချင်သည်။ ပတ်(စ)ပို့  လုပ်ပြီး အဘိုင်ကြီးရှေ့ မှာ မလေးရှားသွားမယ့် အကြောင်း ဒူးနှန့် ပြီး ပြောချင်
နေပါသည်။

မှတ်ချက် ။ ။ ဆရာမာန်( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

..................................................................................................................


( ဆက်ရန် )










Thursday, February 24, 2011

ကြက်သတ်သမား ဖြစ်ပြန်ပြီ..။

တကယ်တော့  လောကကြီးက ကိုယ်ဖြစ်ချင်နေသလို ဘယ်တော့ မှ မဖြစ်တတ်ပဲ သူဖြစ်ချင်သလို သူ့ သဘော
အတိုင်းပဲ ဖြစ်တည်နေတတ်လေတော့ လောကသားတွေ ဖြစ်ကြကုန်သော ကျွန်တော်တို့ အားလုံးကလည်း
သည်လောကကြီးနှင့်  အလိုက်သင့် အလျားသင့် ကျေကျေနပ်နပ်နှင့် နေတတ်အောင် လေ့ ကျင့်နေရမည်ဟု
ကျွန်တော်ထင်ပါသည်။

သည်ဝတ္ထုလေးကို ရိုက်လိုက်၊ ဖတ်လိုက်နှင့်ပင် လောကဓံကို အရှုံးမပေးတတ်ပဲ ကြုံသလို၊ ကျသလို၊ အလှည့် 
ကျ မငြီးစတန်း ရင်ဆိုင်နေသည့် “ ကိုထွေး ” ၏ သတ္တိတွေက ကျွန်တော့်ခန္ဓာကိုယ်ထဲသို့  တစိမ့် စိမ့်  စီးဝင်လာ
နေသလို ခံစားနေမိရပါသည်။ ဘဝ ဇာတ်ခုံဆိုတော့ လည်း အနု၊ အကြမ်း၊ အလွမ်းတွေ လာပါလိမ့် ဦးမည်။
အကြမ်းကို အကြမ်းနှင့်၊ အလွမ်းကိုအလွမ်းနှင့်  အနုကို အနုလေးတွေ နှင့်  ဆိုတော့ လည်း ...။


“ ပွဲခတော့  ငါးရာပေးရမယ်နော် ”
“ တစ်ခါတည်း ပေးရမှာလား ”
“ မဟုတ်ဘူး၊ အလုပ်က လက်ခံပြီဆိုမှ ပေးရမှာ ”
“ လစာ က ”
“ တစ်လ နှစ်ထောင့်ငါးရာ စ ပေးမယ်၊ အချိန်ပိုရှိတယ်၊ နေစရာ ပေးလိမ့် မယ် ”
“ စားတော့ ကော ”
“ စုပြီး ချက်စားပေါ့ ၊ ဟိုမှာ မြန်မာ သုံးယောက် ရှိတယ်၊ သူတို့ နဲ့  စားလေ ”
ကျွန်တော် သဘောတူလိုက်ပြီ။
အလုပ်လိုက်သွင်းပေးမှာက ကုလားတစ်ယောက်ပါ ။ အီစွတ် လို့  ခေါ်သည်။ သူက ( Soi Mahrthai ) ဆွိုင်မဟာ
ထိုင်လမ်းမှာ လက်တွန်းလှည်းကလေးနဲ့  ရိုတီပလာတာ ရောင်းသည်။ တွေ့ နေမြင်နေတာတော့  ကြာပြီ။
သန့် စင် မိတ်ဆက်ပေးလို့ ပါ။ မော်လမြိုင်မှာ နေတယ်လို့  သိရ၏။ ရွယ်တူလည်းဖြစ်၊ စကားပြောလည်း ခပ်အေး
အေးမို့  ခင်ဖို့  ကောင်းပါသည်။

ပထမ သူ ခေါ်တာက ပလာတာ ရောင်းဖို့  ခေါ် တာပါ။
“ ပလာတာတော့  မရောင်းရဲဘူး၊ ပတ်(စ)ပို့ ဒ် မရှိဘူးဗျ ”
“ ဘာဖြစ်လဲ၊ ဘင်္ဂလားဒေ့ ရှ် စာအုပ်ကိုင်ပေါ့ ၊ ကျွန်တော် လုပ်ပေးမယ် ”
“ ဟာ ... မလုပ်ရဲဘူး ”
သူ က တွက်ပြပါသည်။
“ ခင်ဗျားကို ခင်လို့  ပြောတာပါ၊ ဒီရိုတီ ရောင်းတာ တစ်နေ့ ကို ဘတ်သုံးရာလောက် မြတ်တယ်ဗျ၊ ခင်ဗျား အိမ်
ခန်းငှားတာ တစ်လ ရှစ်ရာ၊ ဗီဇာခက တစ်လ သုံးထောင်၊ စားတာ သောက်တာ နှုတ်လိုက်ဦး၊ ခင်ဗျားအတွက်
လေးငါးထောင် အသာလေး ”
“ ဟင့်အင်း ... ကျွန်တော်မရောင်းရဲဘူး၊ ရှက်လို့  မဟုတ်ပါဘူး၊ ရဲ ကြောက်လို့  ”
ဒါဆိုလည်း သဘောပဲတဲ့ ။ အဲဒီနောက်တော့  သူက သူ့ အိမ် လိုက်လည်ဖို့  ခေါ်လို့  သန့် စင်နဲ့  သွားလည်ကြပါ
သည်။ ကျူးကျော်ရပ်ကွက်လေးထဲမှာ အခန်းငှားပြီးနေတာပါ။ သူတို့  စုစုပေါင်းလေးယောက်လောက်ရှိသည်။
နှစ်ယောက် တစ်ခန်း ငှားနေကြပါသည်။ အိမ်ရှင်မှာလည်း ဖုန်းတွေ ဘာတွေ ရှိသည်။ တစ်ခါ ဖုန်းလာရင်
ငါးဘတ် ပေးရ၏။ မဆိုးလှပါ။ တော်တော် သုံးစွဲနှိုင်မဲ့ ပုံ ပေါ်ပါသည်။ ဒါပေမယ့်  ကျွန်တော်မရောင်းရဲဘူး။ သူက
လှည်းလည်း ပေးမယ်၊ ရောင်းရမယ့် လမ်းလည်း ပြပေးမယ်၊ ဘင်္ဂလားဒေ့ ရှ်စာအုပ်လည်း လုပ်ပေးမယ်၊ ရိုတီ
လုပ်နည်းရော၊ ရိုက်နည်းပါ သင်ပေးမယ်။ အတူ နေခွင့်ပြုမယ်၊ သူ့ ကို ဘတ်ခြောက်ထောင်ပဲ အရစ်ကျ ဆပ်ပါ
ဟု ပြောပါသည်။ ရဲ လည်း လုံးဝ မဖမ်းစေရဘူးဆိုပဲ။ ပတ်(စ)ပို့ ဒ်မှာ ကျွန်တော့် ပုံနဲ့  ဖြစ်စေရမယ်၊ ကိုယ်တိုင်
နယ်စပ်မှာ ဗီဇာ သွားယူရမယ်တဲ့ ။ တယ်ဟုတ်နေပါလား..။

နောက်တော့  ကြက်စက်ရုံမှာ အလုပ်ပေါ်လို့  ကျွန်တော့်ကို လိုက်ပို့ ပေးပါတယ်။
“ စမုတ်ပကာ” လို့  ခေါ်တဲ့  မြို့ မှာ လုပ်ရမှာပါ။ စက်မှုလက်မှုမြို့ တော်ဖြစ်ပါတယ်။ ကားတော့  တော်တော်စီးရ
ပါသည်။ အဲ့ ဒီမှာ လုပ်နေသည့်  ကုလားသုံးယောက် ရှိသည်။ ကရင်ပြည်နယ် ရွှေဂွန်းဖက်မှ ဖြစ်သည်။ လူငယ်
တွေဖြစ်သည်။ အကြီးဆုံးကမှ အသက်သုံးဆယ်ပဲ ရှိသေးသည်။

နာမည်က “ အခါ ” တဲ့ ။ သူက သွင်းပေးတာဖြစ်သည်။ အလုပ်က ညနေ လေးနာရီမှ စဆင်းရပါသည်။
ည နှစ်နာရီအထိ။ ဝဏ္ဏက တရုပ်ဖြစ်သည်။ ပိုင်ရှင်ကတော့  မူဆလင်ပါ။ စက်ရုံက အလုပ်သမား အများစုဟာ
လည်း မူဆလင်တွေ များပါသည်။ စက်ရုံကို နေ့ ၊ ည နှစ်ဆိုင်းခွဲထားသည်။ ကျွန်တော်တို့ က အကြမ်းသမားတွေ၊
ညဘက် လုပ်ရပါသည်။

ညနေ လေးနာရီမှာ ယူနီဖောင်းဝတ်ပြီး အလုပ်ခွင်ထဲ ဝင်ရပါသည်။
ကြက်ခြင်းတွေ တင်ထားသည့်  ကြက်ကားတွေက အဆင်သင့်  စောင့်နေကြ၏။ အပေါ်က ဆွဲချ နှစ်ယောက်၊
အောက်က လည်လှီးမဲ့ နေရာကို ဆွဲပို့ သမားက ခြောက်ယောက်၊ လည်လှီးသမားက လေးယောက်၊ ရေနွေးအိုး
ထဲ ထည့်သူ၊ မွှေသူ၊ ဆယ်သူ၊ အမွှေးနှုတ်သူ၊ ခုတ်သူ၊ သယ်သူ၊ ကြက်ခြင်းတွေ ပြန်ယူသွားသူ၊ ရေခဲ ခွဲသူ ဆိုပြီး
လူ လေးဆယ်လောက် စုပေါင်းပြီး လုပ်ကြပါတယ်။

ကြက်ကား တစ်စီးမှာ ကားအသေးဆို ကြက်ခြင်း နှစ်ရာပါပြီး၊ တစ်ခြင်းကို ကြက်ရှစ်ကောင်နဲ့  ဆယ်ကောင်
ပါတတ်ပါတယ်။ တစ်နေ့ ကို ကားလေးစီး ပုံမှန် ရှိပါသည်။ ည နှစ်နာရီ ဆို အလုပ်သိမ်းပါသည်။ နားရက် ပေး
ပါသည်။ ပိတ်ရက်တော့  မထားပေ။

စုပေါင်းလုပ်ရတာမို့  ပင်ပန်းသည်ဟု မထင်ရပေ။
ကျွန်တော် စ လုပ်ရတာက ကြက်လည်လှီးသမားဆီသို့  ကားပေါ်က ချလာတဲ့  ကြက်ခြင်းများကို လွယ်လွယ်ယူ
နိုင်အောင် ဆွဲကပ်ပေးရခြင်းဖြစ်သည်။ လေးခြင်းကို တစ်တန်းထားပြီး၊ တစ်ခါကပ်လျှင် နှစ်တန်း ကပ်ပေးရ၏။
မြန်ပါသည်။ ကြက် တစ်ကောင်ကို သုံးစက္ကန့် နှင့် လှီးပြီးသား။ ပြီးလျှင် ဒယ်အိုးအကြီးကြီးထဲ ပစ်ထည့် လိုက်
ပါသည်။ အလှီး ခံ လိုက်ရသော ကြက်တွေကတော့  အမြဲတန်း ဆွေ့ ဆွေ့ ခုန်နေမြဲ။ ခုန်တာရပ်သွားသည်နှင့် 
ရေနွေးသမားက ခြေထောက်က ဆွဲကိုင်ပြီး ရေနွေးအိုးကြီးထဲ ပစ်ထည့်လိုက်ပါသည်။

ခဏ ကြာလျှင် အထူးပြုလုပ်ထားသော လက်အိပ်ကြီးနှင့် ဆယ်ပြီး၊ အမွှေးနှုတ်သမားဆီပို့ ၊ အမွှေးနှုတ်သမားက
စက်ထဲ တန်းထည့်လိုက်ရုံပါ၊ စက်က သူ့ ဟာသူ ရိုက်ချွတ်ပြီးတာနဲ့  အပေါက်ကလေးကနေ အသားခုတ်တဲ့ ဆီ
လျှောခနဲ သွားပါလေရော။ ခုတ်သမားတွေက ကြက်အရွယ်အစားကို ကြည့်ပြီး အကောင်လိုက် ထားဖို့ ဆိုလျှင်
ကလီစာတွေ ထုပ်ပြီး၊ ရေခဲသမားဘက်ပို့ ၏။ အသားခုတ်ဖို့  လိုလျှင် အသားခုတ်သည်၊ အရိုးဖယ်သည်။

အဆင့်အမြင့် ဆုံးက လည်လှီးသမားပါ။ လစာ လည်းအကောင်းဆုံးဖြစ်သည်။ သောင်းနှင့် ချီ ရပါသည်။
ကျွန်တော်တို့  ဗုဒ္ဓဘာသာတွေကို လည်လှီးခွင့်  မပြုပါ။ မူဆလင်ထဲမှာတောင် ဘာသာရေး တော်တော်လေး
လေးနက်သော သူကိုမှ လှီးခွင့်ပြုတယ်လို့ သိရပါသည်။

နေ့ အလုပ်သမားတွေက ညက လုပ်ထားတဲ့  ကြက်တွေကို အသားထုပ်ပိုးတဲ့ သူက ထုပ်ပိုးသည်၊ အသားလုံး
ကြိတ်တဲ့ သူက ကြိတ်သည်၊ အကောင်လိုက် ပါကင်ထုတ်တဲ့ သူကထုပ်သည်၊ တောင်ပံရိုး၊ ပေါင်၊ ခေါင်းနဲ့ လည်
ချောင်း သပ်သပ်စီ ခွဲထားပြီး ပါကင်တွေ ထုပ်ကြသည်။

ညအလုပ်သမားတွေအတွက် ကောင်းတာက ကြက်ကို အချိန်မရွေး စားနိုင်ခြင်းပင်။ ရေနွေးသမားက “ ဝဏ္ဏ”
အချေအနေကို ကြည့်ပြီး၊ စားလို့ ရသည့်  အချေအနေအထိ ပြုပ်သည်။ ပြီးလျှင် ကြက်မွှေးသွန်သည့် ခြင်းကြီးထဲ
ပစ်ထည့်ပေးလိုက်ပါ၏။ ကျွန်တော်တို့ က သယ်ပြီး ချောင်ထဲ သွားပို့ ထားရုံသာ။ ဆာတဲ့ သူက သွားပြီး ဖဲ့ စား
ကြပါတယ်။ ကြာတော့ လည်း မုန်းလာပြီး မစားချင်တော့ ပေ။ ရာမား ( စိတ်ကြွဆေး ) ထိတဲ့ နေ့ ဆို ပိုဆိုးပြီပေါ့ ။
ရေခဲ ကိုသာ ကိုက်ဖြစ်နေတော့ သည်။

ရာမား ထိတာ ကားသမားတွေကြောင့်ပါ။
သူတို့ က ကားတွေပေါ်က ကြက်ခြင်းတွေ မြန်မြန်ချစေချင်တဲ့ အခါ ကျွန်တော်တို့ လက်ထဲ ဆေးပြားနှစ်ပြားစီ
လိုက်ထည့်ပေးပါသည်။ ရှစ်စိပ် စိတ်ပြီး တစ်ယောက်တစ်စိတ်ကို ရေခဲရည်နဲ့ ချလိုက်လျှင်ပဲ ငါးမိနစ်အတွင်း စူပါ
ပါဝါတွေ ဝင်လာတော့ သည်။ ပုံမှန် နှစ်နာရီလောက်မှ ပြီးမယ့်ကိစ္စတွေဟာ တစ်နာရီစွန်းစွန်းလေးနဲ့ တင် ပြီးဆုံး
သွားတတ်စမြဲ။

“ ဝဏ္ဏ ” ကတော့  မိရင် ထုတ်ပစ်မယ်၊ ရဲ လက်အပ်မယ်လို့  ခဏခဏ ကြိမ်းပါသည်။ သို့ သော် ကြက်ကားလာပြီ
ဆိုလျှင် သူဘယ်တော့ မှ အနားမလာပါ။ များသောအားဖြင့် တပ်တိယကားနှင့် စတုတ္ထကားတွေက ရာမားပေး
တာများပါသည်။ ညဆယ့်နှစ်နာရီကျော်နေပြီမို့  မြန်မြန်ပြီးချင်ကြပါသည်။ ကျွန်တော်တို့  ဝုန်းဒိုင်းဝုန်းဒိုင်း အား
သွန်ခွန်စိုက်လုပ်ပြီဆိုလျှင် လည်လှီးသမားတွေ လှန်းဆဲပါတော့ သည်။ ထိုအခါ ကားသမားတွေက သူတို့ လေး
ယောက်အတွက်ပါ ဖန်တီးပေးရပါသည်။ ဒါမှ တက်ညီလက်ညီ ရှိမှာကိုး။

တစ်ခါတစ်လေ စတုတ္ထကြက်ကား ဝင်မလာတာမျိုးလည်း ရှိတတ်ပါသည်။ အချိန်ပိုလည်း ရကြပါသည်။ ဗိုက်ဆာ
လျှင် ကြက်ပြုတ်စားခွင့် ပြုသည်။ အမျိုးသမီးတွေကတော့  ပြန်ချင်လည်း ပြန်နိုင်ပါသည်။ လည်လှီးသမားနှစ်
ယောက်ရှိရင် ရသည်။ လက်တည့်စမ်းမည့် လည်လှီးသမားတွေအတွက်တော့  လက်သွေးခွင့် ရလေပြီ။

ကျွန်တော်လည်း မုဆိုးနားနီးနေလို့  မုဆိုးတစ်ပိုင်းဖြစ်ခဲ့ ပြီ။
မိဘတွေသာ မြင်ရင် လဲသေသွားမလား မဆိုနိုင်ပေ။ ဝက်မွေး၊ ဘဲမွေး၊ ကြက်သတ်နဲ့  အကုသိုလ် အလုပ်တွေထဲ
မှာ နစ်မြောနေမိပြီ။ ကိုယ်တိုင်သတ်တာမဟုတ်ခဲ့ ပေမဲ့ ကြံရာပါပဲမဟုတ်ပါလား။ လည်လှီးသမားတွေရှေ့ ကို
ကြက်ခြင်းတွေ အရံသင့်ဖြစ်အောင် စီမံ ပေးရတာလေ။

လုပ်စမှာတော့  ကြက်တွေ ဓါးဒဏ်ရာတွေနဲ့  ထွန့် ထွန့် လူးနေတာကိုမြင်မိပြီး စိတ်မချမ်းမသာဖြစ်မိပေမဲ့ ကြာ
တော့ လည်း အမြင်ရိုးသွားရပါသည်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ..။ တကယ်ဆို ဒီလောက်ငွေရှာခက်နေမှ
တော့  အိမ်ပြန်နေသင့်ပြီမဟုတ်လား။

အလကားပါ။
ဘယ်အိမ်ပြန်မလဲဗျာ၊ တစ်မိနစ်လောက်တောင် အိမ်ပြန်ဖို့  စိတ်မကူးမိပါ။ ကိုယ့်ကိုယ်ကို လူကံကောင်းကြီး
တွေလို မြင်နေလျက်ပင်။ ထိုင်းနိုင်ငံမှာက တစ်မိနစ်စောရောက်တဲ့ သူက နောက်ရောက်လာတဲ့ သူရဲ့  ဆရာပဲ။
ပျင်း၊ပျော်၊ ပျက်၊ ပြေး ဆိုတဲ့  စကားလည်းရှိသည်။

ရောက်ခါစကတော့ ပျင်းသည်။ ဘာမှ လုပ်ကိုင်စားသောက်ချင်စိတ်မရှိ။
နည်းနည်းကြာလာတော့  ပျော်စရာလေးတွေ မြင်လာ၏။ လစာထုပ်ရက်တွေမှာ ရုပ်ရှင်တို့ ၊ ဈေးတို့ ၊ ပန်းခြံတို့ 
သွားစ, လာစ, ရှိလာရင်း အချိန်တွေ ကုန်လို့  ကုန်မှန်းမသိကြတော့ ။ သူ့ ငွေကို ကိုယ့်ငွေ နဲ့  မတွက်ချင်တော့ ။
ဆေးလိပ်ဆို ခဲ ပြီးသား။ အဝတ်အစားဆိုလည်း ဝယ်ပြီးသား။ အလည်အပတ်ဆိုလည်း လစ်ပြီးသား။ပိုက်ဆံကို ပင်ပင်ပန်းပန်း ရှာနိုင်သလိုပဲ ချောင်ချောင်ချိချိ သုံးဖို့ လည်း လွယ်သွားတတ်တော့ သည်။ အဲ့ ဒါက ပျက်ခြင်းပင်။
အဲ့ လို ပျက်ရင်း၊ ပျက်ရင်း အဖတ်ဆယ်လို့ မရတော့ ရင် ပြေးရဦးမည်။ ကျွန်တော့် အချေအနေက ပျက်တဲ့ အချေ
အနေပါပဲ။

ဒီကြက်သတ်ရုံမှာ ဝင်လုပ်နေပေမယ့်လို့  ဒီလစာနဲ့  ဒီအလုပ်ဟာ ယာယီ သဘောပါ။ တစ်လမှ နှစ်ထောင့်ငါးရာ
ရသည်။ စားစရိတ်က ခုနှစ်ရာ၊ အခန်းခက နှစ်ရာထည့်ရသည်။ ညဖက်မှာ အားလပ်ချိန်ပေးတုန်း ဝယ်စားတာက
ရှိသေး၏။ ဘာကျန်မှာလဲ။ ကြက်သားကောင်းကောင်း စားရတာသာ အဖတ်တင်သည်။ ကျန်သည့်  သုံးယောက်
လည်း ဒီလိုပါပဲ။ လစာ ရလာရင် ကက်ဆက်လေးဝယ်လိုက်၊ ဘောင်းဘီလေးဝယ်လိုက်၊ အကြွေးဆပ်လိုက်နဲ့ 
လုံးလည်ချာလည်လိုက်နေကြစမြဲ။ ဒီကြားထဲ ရဲ လာမယ်လို့  သတင်းကြားရင် လေးငါးရက် နားရပြန်ရော။ အလုပ်
ဆင်းလျှင် တိုင်းကဒ် ( Time Card ) နဲ့  ဆင်းရတာ ဆိုတော့ ၊ နားရတဲ့  ရက်တွေမှာ ဝင်ငွေမရှိတော့ ။

ဒီလိုနဲ့ ပဲ သုံးလလောက် ကြာတော့  ရိုတီ ရောင်းဖို့  ကျွန်တော် ဆုံးဖြတ်လိုက်၏။
လက်ထဲမှာ ဘတ်သုံးထောင်လောက်ရှိသည်။ အီစွတ်ကလည်း သေသေချာချာ လုပ်ပေးပါသည်။ ပတ်(စ)ပို့ 
အတွက်တော့  ဘာမှ မပူရပါ။ စာတိုက်ကြီးမှာ ဓါတ်ပုံ သွားပေးလိုက်တာနဲ့  ဗီဇာပါတဲ့  ဘင်္ဂလားဒေ့ ရှ်စာအုပ်မှာ
ကျွန်တော့် ပုံ ကပ်ပြီးသား ဖြစ်ပြီ။

တယ်ဟုတ်ပါလား။ နာမည်က “ အာမက်ဘူကလေ ” တဲ့ ။
အသက်က ( ၂၆ )နှစ်။ နေရပ်တွေ ဘာတွေ မပါတော့ ။ ခက်တာက ကျွန်တော့် ပုံနဲ့  ဘင်္ဂလားဒေ့ ရှ်စာအုပ်က
မလိုက်ဖက်လှ။ ဒါပေမဲ့  ဘယ်လိုလုပ်ရမလဲ။ ပတ်(စ)ပို့  မရှိရင်တော့  ဖမ်းမှာ သေချာသည်။ ဘန်ကောက်မှာ
အဖမ်းခံရရင် မချောင်ပေ။ နယ်စပ်ပို့ တဲ့  လ.ဝ.က အချုပ်က နာမည်ကြီးသည်။ ပိုက်ဆံ မပါရင် လေးငါးခြောက်
လလောက် သောင်တင်သွားမည်။ ပြီးတော့  အထဲမှာ “ ဘန်နီ ” ဆိုတဲ့ လူကို တော်တော်ကြောက်ရသည်ဟု
ပြောကြသည်။ ရဲ က မွေးထားသည်ဟုလည်း ပြောသည်။ မြန်မာ မပြောနဲ့ ၊ တခြားနိုင်ငံသားတွေတောင် ပြားပြား
ဝပ်အောင် နှံတယ်ဆိုပဲ။

မတတ်နိုင်ပါ။
ဘန်ကောက်မှာ ဒီလို ပတ်(စ)ပို့ နဲ့  ရိုတီ ရောင်းကြတဲ့  သူတွေချည်းပဲ တဲ့ ။
ရောင်းသာ ရောင်းပါတဲ့ ။
“ တကယ်လို့  အတုမှန်း သိသွားရင်ရော ”
“ မင်းဗီဇာ ရှိနေရင်၊ ဒီရဲတွေ ဘာမှမလုပ်ဘူး။ လ.ဝ.က ဆိုရင်တော့  စာအုပ်မပြနဲ့ ။ လာမေးရင် အင်္ဂလိပ်လိုပဲ
ပြောလွှတ်။ ဒါပေမဲ့  ... သူများနယ်ထဲတော့  သွားမရောင်းနဲ့ နော် ”
“ ဆွိုင်မဟာထိုင် တစ်လမ်းတည်းလား ”
“ အံမယ်လေး ... အဲ့ ဒီ တစ်လမ်းပဲ အရင် ကုန်အောင် ရောင်းပါဦး ”

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

.............................................................................................................

( ဆက်ရန် )







Sunday, February 20, 2011

ဥာဏ် များသော ပန်းရန်သမားများ ( ၂ )

“ အလုပ်ကတော့  ပင်ပန်းမယ်၊ ဒါပေမယ့် လစာကောင်းတယ်၊ နေ့ စားရှင်းပေးမှာ”
“ လမ်း ၈၀ ထဲမှာ၊ ထမင်းလည်းကျွေးမှာ ”
“ ချ ကွာ ”
“ ပင်ပန်းမယ်နော် ”
“ လုပ်ရမှာပဲ ”
“ အဲ့ ဒါဆို ... ကိုထွေး သွားပြောလိုက်၊ မနက်ကျရင် လိုက်မယ်လို့  ”
သန့် စင်က ခြင်ထောင်နှင့်  ရောထွေးနေသော ခေါင်းအုန်းကို မှီအိပ်ရင်း ပြောလာသည်။ ကျွန်တော်တို့  အခန်း
နှစ်ခန်းကျော်မှာ တွင်းတူး တိုင်ရိုက်သမားများရှိသည်။ သူ ဘယ်လိုစကားကြောင်းလာသည်မသိ။ အလုပ်တော့ 
ရပြီ။ ကျွန်တော်က မနက်လိုက်မည့် အကြောင်း ပြောသည်။ အလုပ်ရှင်က ဖသိုက်လူမျိုး ခပ်ဝဝလူကြီးတစ်ဦး
ဖြစ်သည်။
“ မိချိုင်းထန်လုပေါင် ” ( ပိုက်ဆံသုံးဖို့  ရှိရဲ့ လား )
“ မဲ့ မိခမ် ” ( မရှိဘူးဗျ )
“ အောင်၊ ချိုင်းကွန် ” ( ရော့ ၊ သုံးထားနှင့် )
ကျွန်တော်တို့ မှာ အလုပ်မရှိတာ ကြာပြီကို သိသောကြောင့်  သုံးစွဲရန် ငွေ ထုပ်ချေးခြင်းဖြစ်သည်။
ချဉ်နှောင်ခြင်း မဟုတ်ပါ ။ ဒါ ကိုတော့  အလုပ်သမားချင်းမို့  ကျွန်တော်ယုံသည်။ သူ သည်လည်း အလုပ်သမား
ခေါင်းဆောင်ဖြစ်၍ အလုပ်သမားစိတ် အပြည့် ရှိနေခြင်း ဖြစ်သည်။

ကျွန်တော်နှင့် သန့် စင်တို့ မှာ လူငယ်များဖြစ်ပြီး ဟော့ ဟော့ ရမ်းရမ်း မနေသဖြင့်  သည်တန်းလျားမှာ လက်ခံ
ထားခြင်းဖြစ်သည်။ အမှန်ပြောရလျှင် ကျွန်တော်တို့  ယခုနေသည့်  တန်းလျားမှာ ဤပတ်ဝန်းကျင်မှ ဆောက်
လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့်  အလုပ်သမားများသာ နေခွင့်ရှိသည်။ ရေဖိုး၊ မီးဖိုးကို လုပ်ငန်းရှင်
က ပေးနေရသည်ကိုး ။ ကံကောင်းသည်မှာ လုပ်ငန်းရှင်များ လူလွှဲလူပြောင်းလုပ်ရင်း လုပ်ငန်းများ ရပ်ဆိုင်း
ထားသဖြင့် သည်တန်းလျားများကို လာဖယ်ခိုင်း၍ မရ။ အလုပ်သမားများ လစာ မရှင်းသေးသည့်အတွက်
နေထိုင်ခွင့် ပြုထားခြင်းပင် ။ ကျွန်တော်တို့ က တောကြောင်များသက်သက်။ ကျန်အလုပ်သမားများလည်း
ဤမှာပင်နေ၍ တစ်ခြားဆိုဒ်တွေမှာ အလုပ်လိုက်လုပ်နေသည်။ ကြာတော့  ကျူးကျော်ရပ်ကွက်လေးလို ဖြစ်
လာတော့ ၏။

တွင်းတူး တိုင်ရိုက် လုပ်ရသည်မှာ မသက်သာ။
ကျွန်တော်တို့  သွားလုပ်ရသည့်  အလုပ်မှာ လူနေရပ်ကွက်တွင်းမှ သူဌေးအိမ် တစ်လုံးကို အိမ်ရှေ့ ဝရန်တာ
ထုပ်ပေးရခြင်း ဖြစ်သည်။ အခိုင်အခန့်  လုပ်မည်ဖြစ်သည်။ အရင်ဆုံး ဒေါင့်လေးဒေါင့်ကို သုံးပေပတ်လည်၊
ငါးပေအနက် တွင်းတူးရသည်။ ဝရန်တာမှာ ရှေ့ နောက် ဆယ်ပေကွာ၍ အလျားလိုက်မှာ ဆယ့်ငါးပေ ကွာမည်။

ပထမနေ့ မှာ တွင်းတူးပြီးချိန်တွင် မိုးရွာလာသဖြင့်  အလုပ်နားခဲ့ ၏။
ဘန်ကောက်မှာ မိုးရွာလျှင် အလုပ်သိမ်းသည်မှာ ထုံးစံပင်။ နောက်နေ့ မှာတော့  တိုင်ရိုက်၏။ တိုင်မှာကွန်ကရစ်
တိုင် ရှစ်လက်မ အကျယ်ကို အလယ်မှာ တစ်လက်မခန့်  အပေါက်ပါ၏။ အရှည်မှာ ခြောက်ပေခန့်  ရှိသည်။
ထိုတိုင်မချမီ တွင်းတူးထားသော ငါးပေအနက် တွင်းထဲမှာ တိုင်ထည့်ရန် ထပ်၍ တူးထားသော တွင်းအကျဉ်း
ထဲသို့  ထည့်ရ၏။
ပြီးမှ လုံးပတ်တစ်ပေ၊ အရှည်လေးပေကျော်ရှိသော သံလုံးကြီးကို ဟိုဘက် ဒီဘက် လျှိုထမ်းပြီး အပေါ်မှ ညီညီ
ညာညာ ဆောင့်ဆောင့် ချ ရသည်။ သီချင်းလေးလည်း ဆိုရ၏။ ပထမ သံစဉ်ပျော့ ပျော့ လေး ဆိုပြီး ရုတ်တရက်
အသံမြှင့်ကာ ထမ်းထားသော သံလုံးကို ခါးညွတ်ချရ၏။ မြေပျော့ လျှင် တစ်တိုင်ကို သုံးမိနစ်ခန့် သာ ဆောင့်ချ
ရုံဖြင့်  ပြီး၏။ မြေမာနှင့် တိုးလျှင် ရေပါ ကူပေးရ၏။ တစ်တွင်းကို တိုင်ငါးတိုင်တူး၍ လေးတွင်းကို တိုင်နှစ်ဆယ်
ရိုက်ပေးရ၏။ သုံးရက်နှင့် ပြီးခဲ့ ၏။

တစ်နေ့  ဘတ်နှစ်ရာနှုန်း နေ့ စားရှင်းပေး၍ နောက်နေ့ မှာ ချေးထားသော ဘတ်ငါးရာကို မဖြတ်။ နောက်နေ့ မှ
ပြန်ပေးပါတဲ့ ။ သန်ဘက်ခါ ထပ်ခေါ်ဦးမည်တဲ့  ။
“ ကျွန်တော် မလိုက်ချင်တော့ ဘူး ”
“ ငါလည်း အီနေပြီ ”
လုပ်ခဲ့ သမျှ အလုပ်များတွင် အလုပ်ချိန် အနည်းဆုံး ဖြစ်သော်ငြားလည်း အပင်ပန်းဆုံး ဖြစ်သည်။ နေ့ လည်
သုံးနာရီဆို တစ်နေ့ တာ ပြီးပြီ။ လူလည်း ဘုရား တ ရအောင် ပင်ပန်း၏။ ပခုံးသားတွေဆိုတာ မြှောက်ပင်
မမြှောက်နိုင်၊ ထိဖို့ ဆိုတာဝေးရော၊ ဆပ်ပြာတိုက်လျှင်ပင် လက်ဖြင့်  ဆဆ၍ တိုက်ရပါသည်။ ဖိနွန်၏ ညီက
လည်း ဆက်မလုပ်ဖို့  တားသည်။ ဖိနွန်ကြားတော့  နောက်တစ်နေ့  မနက်မှာ အယုဒ္ဓရမှ ကားဖြင့်  ရောက်လာ
ပြီး သန့် စင်ကို ဆူသည်။ မြန်မာလို ကျွန်တော် တိုက်ရိုက် ပြောပြရတော့ မည်။
“ နင်ရူးနေလား မောင်သန့် စင်၊ ကြီးလာရင် ဒဏ်ဖြစ်မှာ မသိဘူးလား၊ ပိုက်ဆံ မရှိရင် ငါ့ ကို ဖုန်းဆက်ပါလား ၊
ငတုံး ၊ အရူး ”
သူ့ မိန်းမကလည်း ဝင်ပြောသည်။
“ နင်တို့  ပိုက်ဆံမရှိရင် အယုဒ္ဓရမှာ လာနေပါလား။ ပိုက်ဆံကလည်း တစ်ယောက် ငါးထောင်ကျော် ရှိတာ ကုန်
ရောလားဟယ်။ နင်တို့ ကို အံ့ တယ်။ ငါတို့  တစ်အိမ်သားလုံး စားတာတောင် ဒီလောက်မကုန်ဘူး။ အလကား
ပဲဟေ့ ၊ နင်တို့  သုံးလို့ ကိုမရဘူး ”
ဆူလို့  ငေါက်လို့  ဝ တော့  ဘတ်နှစ်ထောင် ထုပ်ပေးပါတယ် ။
“ အရက်မသောက်နဲ့ နော် ... ဟိုကောင် မောင်ထွေး... နင် အရက်သမားလား အသုံးမကျကွာ ”
အဲ့ ဒီ “ အသုံးမကျကွာ ” ဆိုတဲ့  ထိုင်းစကားဟာ ကိုယ် ပြောရင်သာ ကောင်းတာ။ အပြောခံရတာ နားဝင်မချိုပါ။
“ အချီးဖိုင် ” ဆိုပြီး ဆွဲဆွဲငင်ငင် ပြောရတဲ့  စကားပါ။ ဟုတ်တော့ ဟုတ်သည်။ ကျွန်တော် တကယ် “ အချီးဖိုင် ”
ဖြစ်နေပြီ။ ပိုက်ဆံက ဘယ်လိုမှ စုလို့ မရပေ ။

ဒီတစ်ခါတော့  ချက်ပြုတ်စားသောက်ဖို့  နှစ်ယောက်စလုံး ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်တဲ့  အထိမ်း
အမှတ်နဲ့  မက်ခေါင် တစ်ပြားတော့  သက်သေတည်ကြပါသည်။ သန့် စင်က မက်ခေါင်ပဲ သောက်၏။ ကျွန်တော်
တို့  နှစ်ယောက်ပေါင်းလိုက်ရင် ဘတ်သုံးထောင်တော့  ရှိသည်။ ည ည သွားကြည့် တဲ့  ပိတ်ကားထောင် ရုပ်ရှင်
သုံးကားတစ်ဆယ်ဖိုးအတွက် ဘတ်နှစ်ရာ ချန်ထားသည်။ ကျန်တာထဲက လမ်းစရိတ် ဘတ်ငါးရာ ချန်ထားသည်။
ပြီးတာနဲ့  ဈေးဝယ်စရာရှိတာ ဝယ်ထားလိုက်သည်။ အလုပ်လက်မဲ့ ဘဝကို ခါးစည်းခံရင်း၊ စည်းစိမ်နဲ့  နေတော့ 
မယ်လေ ..။

ပင်လယ်ရေဟာ သောက်လေ သောက်လေ ငတ်မပြေဆိုတာ ကိုယ်တွေ့ မကြုံဖူးပေမယ့်  ဘန်ကောက်မှာ ငွေရှာ
ရတာ ပင်လယ်ရေ သောက်သလို ဖြစ်နေပါ၏။ အလုပ်ကလေးကောင်းတုံးမှာ ပိုက်ဆံ ရလာသည်။ အလုပ်မရှိ
တဲ့ အခါ ရတာလေး ပြန်စားရင်း အချိန်ကုန်လာပါပြီ။ မြို့ တော်ကြီးကို ဂျင်ဂျင်လည်အောင် သွားနိုင်ခဲ့ တာ အမြတ်
လို့  ပြောရပါတော့ မည်။ ဘန်ကောက်မြို့ ကြီး တိုးတက်လာတာကို မြင်နေရသည်။ ဒါပေမယ့်  ကျွန်တော်တို့ 
ဘဝနဲ့  ဘာမှ မပတ်သက်။ အဆင့် မြင့်  အသုံးဆောင်တွေ မှန်သမျှ ငေးကြည့် ရုံကလွဲလို့  သွပ်မိုး သွပ်ကာ
တန်းလျားလေးမှာ ခေါင်းချရင်း နေ့  လ နှစ်တွေ ကုန်ဆုံးသွားကြသည်။

၉၂ ခုနှစ်က ထွက်လာခဲ့ တာ ၉၄ ခုနှစ်ထဲ ရောက်နေပြီ။
အသက်ကို ဥာဏ်စောင့် ဆိုတဲ့  စကားအရ၊ အသွားအလာ၊ အနေအထိုင် မှာတော့  ရန်သူမျိုးငါးပါးလက်က
လွတ်အောင်နေနိုင်ပါတယ်။ ဥစ္စာကို ကံစောင့်ဆိုတဲ့ အတွက် ဘတ်ငွေသုံးသောင်းလောက် စုမိမဲ့  အလုပ်မျိုး
ရှာလို့ မတွေ့  နိုင်ကြ။ လေး ငါးလ ဆက်တိုက် လုပ်ရတဲ့  အလုပ်ရရင်တော့  သေချာပါတယ်။ ကျွန်တော်တို့ 
ဒီမှာ သုံးနှုန်းသည့်စကား ရှိသည်။ အလုပ်သမားချင်းအတူတူ ခွဲခြားခွဲခြား လုပ်လာတာမျိုး၊ မြန်မာဆိုရင် ရဲဝင်ဖမ်း
မှာစိုးလို့  လက်မခံရဲတဲ့  အလုပ်ရှင်မျိုးတွေ ကြုံလာရင် “ မြန်မာလည်း လူ၊ ငါးခူလည်း ငါး၊ ဘာများကွာလို့ လဲ ”
လို့  ရင်ထုမနာ ပြောမိကြသည်။ ပြောရုံပဲလေ။ တကယ်တန်းကျတော့  ထိုင်းဟာ ထိုင်း၊ မြန်မာဟာ မြန်မာပါပဲ။
လုပ်ရင်းစားရင်း လုံးပါးပါးရတာ အများစုဆိုတာ လက်တွေ့ မြင်နေရပါသည်။

ဒါပေမဲ့  ဘာမှ မတတ်နိုင်။
ထိုသို့  စိတ်ပျက်စရာစရာများကို နည်းလမ်းမျိုးစုံဖြင့်  ဖြေဖျောက်ကြရသည်။ ဝါသနာပါသည့်  စိတ်ဖြေစရာများ
ကို ရှာကြပါသည်။ တစ်ချို့ က ရုပ်ရှင်၊ တစ်ချို့ က သောက်ကြ စားကြ၊ တစ်ချို့ ကျတော့  ရုံတွေ တက်ကြရင်း၊ ရှိစု
မဲ့ စုလေးတွေ ကုန်သည့်အခါ၊ နောင်တရသလိုလိုဖြင့် သည်တစ်ခါ ငွေများများရလျှင် ပြန်တော့ မယ်လိုလို ပြော
မိပြန်ရော။ တကယ်တော့ လည်း ဒီလိုနဲ့ ပဲ လုံးလည်ချာလည် လိုက်နေကြသူတွေ သိန်းနှင့်ချီကာ ရှိကြပြီ။
ရှိလည်းရှိနေကြလိမ့် ဦးမည် ။

ငွေသာ ကောင်းကောင်းရှာ၍ မရနိုင်ပေမယ့်၊ ထိုင်းမှာ ဖြစ်သမျှ အကြောင်းကြီးငယ်ဆိုလျှင် သူ့ ထက်ကဲ သိအောင် လုပ်ကြမြဲ။ “ ခေါက်ဆိုင် ” လက်ဝှေ့ ပွဲမျိုးကိုပင် ဘယ်နှချီမှာနိုင်ရမည်ကို တွက်ချက်လောင်းမိကြသူ
တွေ တစ်ပုံတစ်ပင်။ “ ခေါက်ဆိုင် ” မှာ နိုင်ငံကျော် ဘောက်ဆင်လက်ဝှေ့  ချန်ပီယံ ဖြစ်သည်။ တစ်နိုင်ငံလုံး
သဲအူပြတ်မတတ် အားပေးခြင်းခံရသော လက်ဝှေ့ သမားပင်။

ခြောက်လတစ်ကြိမ် သူ၏ ချန်ပီယံခါးပတ်ကို လာရောက်ယှဉ်ပြိုင် လုယူထိုးသတ်ပွဲများ ကျင်းပလေ့ ရှိသည်။
တစ်ကြိမ်မှ မရှုံးဘူးသေးပါ။ ချန်ပီယံလုပွဲ တစ်ကြိမ်ထိုးတိုင်း ကာကွယ်နိုင်သည့်  ခေါက်ဆိုင်အတွက် သီချင်းများ
ပင် စပ်ဆို ဂုဏ်ပြုကြသည်။ ရွှေ ငွေ များ ဆုချီးမြှင့် သည်မှာ အံသြလောက်ပါပေ၏။

တကယ်တော့  ကျွန်တော်တို့ သည် ထိုပွဲများတွင် ခေါက်ဆိုင်ဘက်မှ အားပေးလေ့  မရှိပါ ။
တဖက်နိုင်ငံသားကိုသာ ကြိတ်၍ အားပေးနေတတ်သည်။ ခေါက်ဆိုင်ကို ဒုက္ခလှလှကြီးတွေ့  ၍ အရှုံးကြီင်္း ရှုံးစေ
ချင်သည်။ ဘာကြောင့် ဤသို့ ဖြစ်ရသည်ကို ကျွန်တော်တို့ ကိုယ်တိုင်လည်း နားမလည်ပေ။ မြန်မာဖြစ်၍ပဲ
သွေးက စကားပြောသည်ဟု ထင်မိသည်။ တစ်ခါတစ်ရံ မြဝတီနယ်စပ်၌ ကျင်းပသည့်  ရိုးရာလက်ဝှေ့ စိန်ခေါ် ပွဲ
များတွင် ကရင်များ ဝင်ရောက်ထိုးသတ်သည်ကို ကြည့်၍ ပျော်ရသလို နာကြည်းဝမ်းနည်းရသည်လည်း ရှိသည်။

ကျန်သည့်  ပျော်စရာရွှင်စရာများ၊ တီဗွီဇာတ်လမ်းတွဲများကိုတော့  ကျွန်တော်တို့  ကျေနပ်မိ၏။
တစ်ချို့  တီဗွီဇာတ်လမ်းတွဲများဆိုလျှင် ဗီလိန်အဖြစ် သရုပ်ဆောင်ရသည့်  ဇာတ်ဆောင်အမျိုးသမီးအား ဈေးထဲ
၌ ဈေးမရောင်းသည့်  ဈေးသည်မျိုးပင်ရှိကြောင်း ၊ လက်တွေ့ ဖေါ် ပြကြသည်အထိ သရုပ်ဆောင်ကောင်းကြ၏။
“ မယ်နာ့ ” ဆိုသည့်  သရဲကားဇာတ်လမ်းဆိုလျှင် နှစ်ပေါင်းနှစ်ဆယ်မက ကြာမြင့်လာသည့် တိုင်၊ အကြိမ်ကြိမ်
ရိုက်ကူးတင်ဆက်ပြ၍ အောင်ပွဲ ခံနေမြဲ။

ဇာတ်လမ်းမှာ ဘာမှ မဆန်း။ အလုပ်ထွက်လုပ်သည့်  ခင်ပွန်းသည် ပြန်မရောက်မီ ကလေးမီးဖွား၍ သေဆုံးသွား
သည့် မိန်းခလေးမှ စွဲလန်းစိတ်ဖြင့် သရဲ ဖြစ်ကာ လင်ယောင်္ကျားအပေါ် မေတ္တာပြသည့်  ဇာတ်လမ်း ဖြစ်သည်။
သို့ သော် မယ်နာဆိုသည့်  ဇာတ်ဆောင်အမျိုးသမီး၏ ကြေကြေကွဲကွဲဖြင့် လင်သားအား ဟစ်ခေါ် သည့် အသံ
မှာ အတော်ပင် ရင်ထဲ၌ ဂရုဏာ ဖြစ်မိသည်။ ထဘီရင်လျားဖြင့်  ဆံပင်ဖားလျား ချကာ၊ သူ့ လင်သားနောက်သို့ 
လိုက်ခန်းများ ဆိုလျှင် အသဲတယားယားဖြင့်  ကြည့် ၍ မဝ။

များသောအားဖြင့်  ထိုင်းဇာတ်ကားများကို ကျွန်တော်တို့  ကြည့် ၍နားလည်ကြပါသည်။ ပေါက်တတ်ကရ ရိုက်
ကာ ထိုးကြ ကြိတ်ကြရင်း လူပျင်းကြိုက် ဇာတ်ပေါ့ ကားများလည်း အလွန်ပေါ၏။ သုံးကားပေါင်း ဘတ်တစ်ဆယ်
ဖြင့် ပြသော လမ်းဘေး ပိတ်ကားထောင်ပွဲများတွင် ထိုကားမျိုး ပါလာပါက နောက်ကြည့်မည့်  နိုင်ငံခြားအက်ရှင်
ကားမလာမီ၊ အောင့် သက်သက်ဖြင့်  စောင့် ကြည့် ရပြန်သည်။

လမ်းဘေး ပိတ်ကားထောင်ရုံများဖြစ်သဖြင့်  ကိုယ့်စိတ်ကြိုက်ချည်း ပြ၍မဖြစ်။
ရုံကလည်း အကာမျှသာ ရှိသည်၊ သတင်းစာစက္ကူဖြစ်ဖြစ်၊ ဖိနပ်ဖြစ်ဖြစ် ဖင်ခုထိုင်၍ ကြည့် ရ၏။ အခါကြီး၊ ရက်
ကြီးများဆိုလျှင် ကံစမ်းမဲ ဖောက်ပေးသည်။ ပထမဆုမှာ ရွှေ တစ်ကျပ်သားအထိရှိပြီး၊ အဆင့်မြင့်ကားများကို
ထိုးပြသဖြင့်  ရုံဝင်ခကို ဈေးပိုကောက်သည့် တိုင် လူအများအပြား လာကြည့် ကြပါသည်။ ဆုမဲတွေ နှစ်ဆယ်ဆု
လောက် ပေးတတ်ကြ၏။ ဇန်နဝါရီလ နှစ်ကူး ( ပီမိုင် ) ဆိုလျှင် ဆုမဲ အကောင်းစားများ ဖောက်ပေးတတ်ကြ၏။

ပီမိုင် ( နှစ်ကူး ) ပွဲတော်သည် ကျွန်တော့်အတွက် အတွေ့  အကြုံအသစ်တစ်ခု ဖြစ်သည်။
ကျွန်တော်တို့ ဆီမှာ သင်္ကြန်ရက်ရောက်မှသာ နှစ်ကူးပွဲ ကျင်းပကြသည်ကိုး။ ထိုင်းမှာတော့  အနောက်နိုင်ငံများ
နည်းတူ နှစ်ကူးပွဲကို ဒီဇင်ဘာနောက်ဆုံးရက် ညသန်းခေါင်ယံ ( ၁၂း၀၀ ) တိတိ အဓိက ထား၍ ကျင်းပ၏။
ရုံးပိတ်၊ ကျောင်းပိတ်၊ ကုမဏ္ဏီများပိတ်၊ ဈေးများပိတ်၍ ကိုယ့်ရပ် ကိုယ့် ရွာ ပြန်သူတွေ ပြန်ကြ၊ အလုပ်မှ အပို
ဘောက်ဆူးပေး၍ ပျော်သူတွေ ပျော်ကြသည့် ပွဲ ဖြစ်သည်။ လေး ငါးရက် ဆက်တိုက် အလုပ်ပိတ်ကြသည်။
တစ်ရုပ်နှစ်ကူးလျှင် တစ်ခါ ပိတ်ကြပြန်သည်။ ကြာလာတော့  ထိုပွဲမျိုးများကို ကျွန်တော်တို့ ပင် မျှော်လင့်လာမိ
ကြသည်။ ကိုယ်နှင့် တော့  ဘာမျှမဆိုင်။ သို့ သော ပျော်စရာများဖြစ်၍ ရောယောင် မျှော်ပြီး ပျော်ကြရသည်ကိုး။


မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။


...............................................................................................................................

( ဆက်ရန် )


Wednesday, February 16, 2011

ဥာဏ် များသော ပန်းရန်သမားများ ..။

သည်ဝတ္ထုလေးဖြစ်တည်ခဲ့ ရာ အချိန်ကာလကတော့  လွန်ခဲ့ သော ဆယ်စုနှစ်တွေတုံးက ဖြစ်ခဲ့ သော်လည်း
ရွှေမြန်မာတို့ ၏ ရွှေ့ ပြောင်း အလုပ်သမားဘဝသံသယာကြီးကတော့  ယနေ့ အချိန်ထိ တဝဲလည်လည် ရှိနေ
တုံး။ မပြီးဆုံးသေးတုံးပါပဲ။ ထိုဆယ်စုနှစ်များကိုလွန်၍ ဟိုး .... ရာစုနှစ်တွေနားအထိ နောက်ကို ပြန်မျှော်ကြည့် 
လိုက်ရင်တော့  မြန်မာတို့ တကယ့်ရွှေ ဖြစ်ခဲ့ သော ရွှေ နှစ်များကို မြင်တွေ့  ရနိုင်ပါ၏။ ဘာတဲ့  နောက်ဖေးလမ်း
ကြားထဲက ချေးကျုံးတာ ဂေါ် ရင်ဂျီကုလားတွေ ဆိုလား ၊ လန်ချား ဆွဲတာ ၊ ကမ်းနားမှာ ကုန်ထမ်းနေတာ ၊ လမ်း
တကာ့ လမ်း၊ အိမ်တကာ့  အိမ်တွေမှာ အလုပ်ကြမ်း လုပ်နေတာတွေက ဘယ်သူတွေပါလဲ လို့ ။
ဟိုတုံးက .... တစ်ရံရောအခါဆီက ... ဟိုး.. ရှေ့  ရှေ့  တုံးက ... ဆိုသလိုပါပဲ ။

“ ခေတ် ” ဆိုတာ တကယ်တော့  တဖြည်းဖြည်း ရှေ့ တိုးလာတာ၊ တိုးတက် လာတာပဲ ဖြစ်နိုင်ပါသည်။ အခုတော့ 
မည်သူ့ ကိုမှ အပစ်မတင်ချင်ပါ ။ အပစ်တင်ရစတန်းဆိုလျှင် ကျွန်တော်က ထိပ်ဆုံးမှာ ဖြစ်နေသောကြောင့်ပါပဲ။
ဒါကြောင့် မို့  ဘယ်လောက်ပဲ ကြာကြာ ကျွန်တော်တို့ ဆီမှ တိုးတက်ချင်သော၊ ရုန်းထွက်ချင်နေသော လူငယ်ထု
တွေအတွက် သည်ဝတ္ထုလေးက အမြဲတန်း ကိုယ်စားပြုနေ၊ ထင်ဟပ်နေအုံးမည်ဟု ယူဆမိပါကြောင်း ... ဖြင့် ။

...............................................................................................


ဖိနွန်ဆီမှာ အလုပ် စဆင်းတာ လမ်းကန်ထရိုက်လုပ်ငန်းမှာ စဆင်းရတာပါ။
မူလတန်း စာသင်ကျောင်းလေးရဲ့ အရှေ့ လမ်းနှင့်  ဘုန်းကြီးကျောင်းဝင်ပေါက်လမ်းကို ကွန်ကရစ်ခင်းကြသည်။
ဘိလပ်မြေ ဖျော်တုန်းခဏသာ ပင်ပန်း၏။ ဖိနွန်ရော သူ့ မိန်းမပါ ဝင်လုပ်သည့် အတွက် ပျော်စရာ ကောင်းပါ၏။
ကွန်ကရစ်လမ်းအကျယ် ငါးပေထားသည်။ အရှည်က ပေရှစ်ဆယ်ကျော်သည်။ မြေညှိပြီးရင် နံဘေးက သစ်သား
ဘောင်တွေရိုက်၊ သံချောင်းထည့် ၊သံချဉ်သံကွေးလုပ်၊ သဲဖြူးပြီးလျှင် ဖျော်လောင်းရုံသာ။ အထူကိုတော့ 
ရှစ်လက်မလောက်ထားသည်။ နှစ်ရက်နှင့် တစ်မနက်လုပ်တာ ပြီးသွားပါတယ်။ ကျွန်တော့် ကို ၄၅၀ ပေးတယ်။
သန့် စင်ကို ၆၀၀ ပေးတယ်၊ သိပ်ကြိုက်ပေါ့ ဗျာ။ ထမင်းပါ ကျွေးတာကိုး ။

နောက်တစ်ခါ လုပ်ရသည် မှာလည်း မူလတန်းကျောင်းမှာပင်ဖြစ်သည်။
မြောင်းဖုံးသည့် အုပ်ပြားတွေ ရိုက်ပြီး လိုက်ခင်းပေးရသည့်  အလုပ်ဖြစ်ပါသည်။ လွယ်ပါသည်။ ရေမြောင်းတစ်ခု
လည်း လုပ်ရမယ်လို့  ပြောပါတယ်။ ကျွန်တော်နှင့် သန့် စင်နေဖို့ အတွက် ဆွိုင်လက်ဖောင်း ( ၈၅ ) လမ်းထဲက
ဖိနွန်ရဲ့  မိဘတွေ ယာယီနေတဲ့ အလုပ်သမားတန်းလျားမှာ အခန်းတစ်ခန်း ပေးပါတယ်။ ဖိနွန်တို့  လင်မယားက
ဘုရင့် နန်းတော်နှင့်  နီးသည့်  ရပ်ကွက်ထဲမှာ အခန်းငှားနေပါသည်။
ကလေးနှစ်ယောက်စလုံးကို အယုဒ္ဓရက ဘိုးဘွားတွေ အိမ်မှာ ထားပါသည်။ ကျွန်တော်တို့  နှစ်ယောက်လည်း
ဖိနွန်နဲ့  တွဲလုပ်လာတာ တော်တော်ကြာလာတာနဲ့ အမျှ မိသားစုလို ဖြစ်လာကြသည်။ ခက်နေတာက ကျွန်တော့ 
ရဲ့  မရောင့် ရဲ နိုင်မှုပါ ။

ကျွန်တော်က ကိုယ်ပိုင်အလုပ် လုပ်ချင်ပါသည်။
စကားက ဖြစ်မြောက်အောင် မပြောတတ်သေးပေမယ့်  ဒီပန်းရံအလုပ်ထက် ကောင်းတာ မျှော်လင့် နေမိသည်။
ကျွန်တော့် ဆန္ဒကို သန့် စင်က ဘာမှ ဝင်မစွက်ပေမယ့်  သူကတော့  ဒီမှာဆက်လုပ်ဖို့  သေချာနေပြီ။ တစ်နေ့ 
ကို ဘတ်၂၀၀ ဆိုတာ နဲတဲ့ လစာမှ မဟုတ်တာကိုး ။ ဘာလိုလိုနဲ့  ဖိနွန်ဆီမှာ လုပ်တာ တစ်နှစ်ပြည့် တော့ မည်။
အယုဒ္ဓရက အိမ်ကိုတောင် သုံးခါလောက် သွားလည်ပြီးပြီ ။

နောက်တော့  ကန်ထရိုက်တိုက် အကြီးကြီး တစ်ခုထဲက ပုတ်ပြတ်လုပ်နေသည့်  မြန်မာတစ်ယောက်နှင့် 
ကျွန်တော် သွားဆုံမိသည်။ သူက သူ့ အလုပ်ကို လိုက်လေ့ လာခိုင်းပါသည်။ တကယ်တော့  သူက လက်ထောက်
ကန်ထရိုက်အဆင့်သာ ရှိသေးသူ။ တကယ်လို့  ကိုယ့် ဟာကိုယ် ပစ္စည်းလည်းရှိမယ်၊ လုပ်အားလည်း ရှိမယ်
ဆိုရင်၊ သူဌေးက ကန်ထရိုက် ပုတ်ပြတ်ချပေးမယ်လို့  ပြောပါသည်။

ထိုသီတင်းကြားတော့  သန့် စင်လည်း ဒုန်းဆိုင်းပြေးချလာတော့ ၏။
လူစုပြီး လုပ်လိုက်တာ တစ်ပတ်အတွင်းမှာ ဘတ်နှစ်သောင်းကျော်ဖိုး ပြီးကြသည်။ အချောကိုင် သက်သက်
လုပ်ရခြင်းပင်။ ဟိုလူက ကန်ထရိုက်အဖြစ် သူဌေးနှင့် စကားပြော၊ ကျွန်တော်တို့  မြန်မာရှစ်ယောက်က ဖျော်
တဲ့ လူဖျော်၊ အချောကိုင်သည့်လူ ကိုင်ဖြင့်  တက်တက်ကြွကြွ လုပ်ကြပါတယ် ။

တခြားမှာ လုပ်နေတဲ့  မြန်မာတွေလည်း ဒီသတင်းကြားတော့  လာပူးပေါင်းကြ ပြီ ။
အဲ့ ဒီမှာ ဒုက္ခရောက်တော့ သည်။ ပုတ်ပြတ်သမား အချင်းချင်းက ကျွန်တော်တို့ ကို ရဲ တိုင်မယ်ဆိုလို့  သူဌေးက
ဆက်မခိုင်းရဲ တော့ ပေ ။ ခံရလေပြီ ။ စိတ်ဓါတ်ကို ကျပါလေတော့ ၏။ သန့် စင်ဆို စကားတောင်မဟနိုင်တော့ ။
ဒီအလုပ်က သူဌေးဖြစ်မယ့်  အလုပ်ကိုး ..။

စိတ်ပျက်တာ နောက်ထား၊ ရဲမလာခင် ပြေးရပြီ ။ သူဌေးကတော့  ငွေမကျန်အောင် ရှင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့  ရှစ်ယောက်လုံး ဖိနွန်တို့ အဖေ အိမ်နားက တန်းလျားကို လာခိုရပါတော့ သည်။ လာခိုလို့ မှ
နှစ်ရက်မပြည့် ခင် ရဲ လာဝိုင်းလို့  ပြေးရပြန်ရော။

“ ရာမ ဆိုလျှင် နားကြောကစိမ့် တယ် ” ဟူသော ဥပမာ အတိုင်း “ ရဲ ” ဟု ကြားလျှင် ထ ခုန်မိမတတ် သွေးလန့် 
နေမြဲပါ ။ ဖိနွန်မှာလည်း အလုပ်လက်ခံထားတာမရှိတော့  အတော်ဒုက္ခ ကြုံရပါတော့ သည်။ ကျန်တဲ့ လူတွေ
ပြေးပေမယ့်  သန့် စင်နှင့် ကျွန်တော်က ည ဆိုရင် ပြန်လာအိပ်ကြပါသည်။ နောက်ပိုင်း ရဲ လည်းမလာတော့ ပါ။

အလုပ်မရှိတော့ လည်း အလုပ်ရှာရပြန်ပြီ။
ကျွန်တော်နဲ့ သန့် စင် အလုပ်ရှာတဲ့ အခါ ပန်းရံပါးဝပုံက ဒီလိုပါ။
Construction Site တစ်ခုကိုဝင်ပြီဆိုလျှင် အလုပ်သမားတန်းလျားကို အရင်သွားကြည့် ပါတယ်။ ဈေးဆိုင်ကို
ရှာသည်။ ဈေးဆိုင်ဘယ်နှစ်ဆိုင်ရှိလဲ ကြည့်သည်။ ဆိုင်တွေမှာ ပစ္စည်းစုံရဲ့ လား ကြည့်သည်။ ဆောက်လက်စ
အဆောက်အဦးကို ကြည့် သည်။ အလုပ်သမားတွေ အလုပ်ဆင်းနေတာကို ကြည့်သည်။ ပစ္စည်းဂိုဒေါင်များကို
လိုက်ကြည့် သည်။

အဲ့ လိုကြည့်သွားတဲ့ အခါမှာ ဈေးဆိုင်ဟာခြောက်က်ကပ်နေမယ်။ အလုပ်သမားတန်းလျားတွေမှာ အခန်းလွတ်
တွေ သိပ်များနေမယ်၊ အလုပ်ဆင်းတဲ့  လူဦးရေ နည်းနေမယ်ဆိုရင် ... သေချာတယ်၊ ဒီဆိုဒ် လစာမမှန်၊ ရာနှုန်း
ပြည့် မှန်မြဲဖြစ်တယ်ဆိုတာက ဆယ့်ငါးရက်လုံးလုံး အလုပ်သမားကို အကြွေးစနစ်နဲ့  ရောင်းပေးရတာကြောင့် 
ပါပဲ။ လစာမှန်မှ ဆိုင်က လက်ငင်းရောင်းနိုင်မှာကိုး ။ လစာ မမှန်ရင် အလုပ်သမားပြေးမယ်၊ အခန်းတွေ
လူလွတ်နေမယ် ၊ ဆိုင်လည်း ခြောက်ကပ်နေမယ် ၊ ဒါက နိယာမ တစ်ခုပါ ။ တစ်ချို့ ဆိုဒ်ကြီးတွေ ဘယ်လောက်
ကြီးနေနေ ပစ္စည်းဂိုဒေါင်တွေဟာ ဟာလာဟင်းလင်း ဖြစ်နေပြီဆိုရင် ဒီဆိုဒ်မကြာခင် ပြဿနာ ပေါ်တော့ မှာ
သေချာနေပါတယ်။ ဒါတွေ ကျွန်တော်တို့  ဘယ်လို သိခဲ့ ကြသလဲ ဆိုတာ ရှင်းပြပါမည်။

အချိန် အများကြီးပေးခဲ့ ရပါသည်။
အလုပ်အားလပ်ရက် ရသည်နှင့်  ကျွန်တော်တို့  နှစ်ဦး ဆိုဒ်တွေထဲ လျှောက်လည်သည်။ ဆိုဒ်ကြီးကြီးတိုင်းမှာ
မြန်မာတို့  ရှိစမြဲ ။ သူတို့ ကလည်း ကျွန်တော်တို့ ဆီ လာလည်ကြပါသည်။ ဆိုဒ်ရဲ့  အချေအနေတွေ ပြောပြကြ
သည်။ မြင်ကြရသည်က မဟန်တာ ခပ်များများပါ ။ ဖိနွန်ဆီမှာ အလုပ်ဝင်လုပ်ရသည့် အချေအနေနှင့်  ဆိုဒ်ထဲမှ
အချေအနေမှာ မိုး နဲ့  မြေ လို ကွာခြားသည်။ မိသားစုလုပ်ငန်းနှင့်  အလုပ်ခွင်လို ကွာခြားသည်။ ထိုအချေအနေ
ကို ကျွန်တော်တို့ သိပါသည်။ သို့ ရာတွင် ဖိနွန်သည် အသေးစားကံထရိုက်ဖြစ်သဖြင့်  အလုပ်အမြဲမရှိ ။ ရက်
နှစ်ဆယ်လောက် လုပ်ရပြီး ၊ ဆယ်ရက်လောက် အလုပ်မပေါ် တာမျိုး မကြာခဏ ကြုံ နေရ၏။ ထို့ ကြောင့် 
ငွေ မစုမိခဲ့ ။ အခြေအနေက သူဌေးဖြစ်လိုက် ခွေးဖြစ်လိုက်နှင့်  ။ ပိုဆိုးတာက ကျွန်တော်တို့ နှစ်ယောက်လုံး
ထမင်းချက်မစား၍ ဖြစ်သည်။ ဖိနွန်က အိုးခွက်ပန်းကန်များ ပေးထားသော်လည်း ၊ ခေါက်ဆွဲပြုတ်စားတာက
လွဲရင် ဘယ်တော့ မှ ဈေးဝယ်၍ ဟင်းချက်စားတာမျိုး မရှိကြ ။

ဆိုဒ်တွေထဲမှာ နေစဉ်က စုပေါင်းနေထိုင်ကြသဖြင့်  အလှည့် ကျ ထမင်းချက်ရသည် ။ သန့် စင် ချက်သည့်အခါ
ငါးသေတ္တာနှင့် ကြက်ဥ ၊ ကျွန်တော်ချက်သည့်အခါ ကြက်ဥ နှင့်  ငါးသေတ္တာ ။ ဒါပဲ ချက်တတ်သည် ။ လွယ်တာ
ကိုး ။ လျှပ်စစ်ဒယ်အိုး ပူလာသည်နှင့်  ဆီထည့်  ၊ ငရုတ်သီးစိမ်းထည့်  ဆီနှင့်  ငရုတ်သီးစိမ်း ရောမွှေပြီးလျှင်
ငါးသေတ္တာဖေါက်ထည့် လိုက်ရုံ ။ ပြီး ငါးသေတ္တာအခွံကို ရေကျင်း၍ ထည့် သည် ၊ ပွက်လာလျှင် ရေထည့် ၍
မွှေသည် ။ လူငါးယောက်ဆိုလျှင် ကြက်ဥ ငါးလုံး ဖေါက်ထည့် သည်။ ဒယ်အိုးအဖုံး ဖုံးအုပ်ထားရုံနှင့်  ဟင်းဖြစ်
သွားပြီလေ ။

အဲ.. တို့ စရာနှင့် စားချင်လျှင် ဆိုဒ်ထဲက ဈေးဆိုင်မှာ တို့ စရာရော ငါးပိရည်အစပ် ၊ အချို အကြွေး ဝယ်နိုင်သည်။
ဈေးဆိုင်မှာ အကြွေး ယယ်လိုလျှင် ကိုယ့် အလုပ်အုပ်စုခေါင်းဆောင် ( လုဖိ ) ၏ လက်မှတ်နှင့်  ထုပ်ပေးထား
သည့်  မှတ်စုစာအုပ် ရှိဘို့ သာ လိုသည်။ တစ်ဦးလျှင် တစ်အုပ် ထုပ်ပေးထားသည် ။ ဆိုင်ကလည်း အကြွေး လာ
ဝယ်သူ၏ အလုပ်ဆင်းရက်နှင့်  လုပ်အားခကို ချိန်၍ အကြွေး ရောင်းပေးသည် ။

များသောအားဖြင့်  ဆိုင်ဖွင့် သူမှာ အလုပ်သမားခေါင်းဆောင် “ လုဖိ ” ဖွင့် သောဆိုင် ဖြစ်နေတတ်သည်။
အလုပ်သမား သုံးဆယ်ခန့် ကို ခေါင်းဆောင်နိုင်သူ “ လုဖိ ” သည် ဆိုင်ဖွင့် နိုင်မှာ သေချာ၏။ ထိုအလုပ်သမား
များ အလုပ်ဆင်းနေသ၍ သူ့ ဆိုင်မှာ အကြွေး ဝယ်စားနိုင်ပါသည် ။ အကြွေးဝယ်စားလို့ ရလျှင် အလုပ်သမားက
များများစားတတ်သည် ။ အရက်လည်း များများသောက်နိုင်၏။ လစာရှင်းလျှင် အကြွေးအားလုံး နှုတ်ယူပြီးသား
ဖြစ်သည် ။ ဈေးတင်ထားခြင်းတော့ မရှိ ။ သူဌေးက ငွေမရှင်းလျှင် ခေါင်းဆောင်ခံရုံပဲ ရှိသည် ။ ကောင်းသော
စနစ်ကလေးတစ်ခုပင် ။

ကျွန်တော်နှင့်သန့် စင် သဘောကွဲတာရှိသည်။
ကျွန်တော်က အချောကိုင်စမားဖြစ်ရန် စိတ်မဝင်စား ။ သင်ပေးလည်း ခဏပဲ လုပ်သည် ။ အဖျော်ဆရာ အလုပ်
သာ ဝါသနာပါ၏။ အချောဖျော် ၊ အကြေမ်းဖျော် ၊ အနုဖျော် ၊ အုတ်စီရန်ဖျော်ရသော ဘိလပ်မြေအဖျော်ပညာကို
ကျွန်တော်လေ့ လာသည် ။ သန့် စင်လည်း ဒါတွေ တတ်ပါသည်။ သို့ ရာတွင် သူက အုတ်စီ၊ အချောကိုင် သီးသန့် 
သမား ။ကျန်တာတွေကို ဝါသနာမပါ ။ ဘိလပ်မြေအိပ်ကို မ,မချင်။

ကျွန်တော်တို့  ပုတ်ပြတ်လုပ်ရသော အလုပ်ခွင်မှ စ ၍ ကျွန်တော်က အဖျော်ပိုင်းကို တာဝန်ယူသည် ။
နားအေး၍ တာဝန်ကင်းသောကြောင့်  ဖြစ်သည်။ အုပ်စီသမားအတွက်ဆိုလျှင် သဲ များများ အချိုးထည့် မည် ။
အချောကိုင်သမားအတွက်ဆိုလျှင် ဘိလပ်မြေ အသားပေးထည့် မည် ။ ပင်ပန်းတာတော့  ပင်ပန်းပါတယ် ။
အထပ်မြင့်မြင့်တွေမှာ လုပ်ရတဲ့ အခါ ဘိလပ်မြေကို အောက်က ဂိုဒေါင်မှာ ကိုယ်တိုင်သွားထမ်း၍ “ လစ် ”
( ကရိန်းဖြင့်  ဆွဲတင်သော သံဒယ်အကြီးစား ) ထဲမှာ စီရသည် ။ အုတ်စီ အချောကိုင်သမား ခုနှစ်ဦး တစ်နေ
ကုန်လုပ်မည်ဆိုလျှင် ဘိလပ်မြေအိပ်နှစ်ဆယ်မှာ မလောက်ချင် ။ သဲ ကိုလည်း ထို “ လင့် ” နှင့် ပင် တင် ရ၏။

တစ်ခါတစ်ရံ စက်ဖြင့်ဖျော်၍ တစ်ခါတစ်ရံ လူဖြင့်ဖျော်ရသည် ။
လူဖြင့်ဖျော်ရတာကို ကျွန်တော်ပို လက်တွေ့  သည်။ စက်ဖြင့်ဖျော်ရလျှင် ရင်ခေါင်းလောက်အမြင့် ရှိသော
ဖျော်စက်အဝသို့  ဘိလပ်မြေကို မ ၍ ထည့် ရ၏။ မြေပြင်မှာ ချထားသည့်  အိပ်ကို ဒူးမှာထောက်၊ လက်ဖြင့် 
အိပ်ခါး ကိုပွေ့ ပြီးမှ ဖျော်စက် အဝ သို့  ပင့် တင်ရသည် ကို နိုင်မှ အဖျော်သမား စွမ်းရည်ပြည့်သည် ။ ၅၀ ကီလို
ရှိသည့် ဘိလပ်မြေအိပ်ကို လိုသလို ပင့် နိုင် ၊ မြှောက်နိုင်ရမည် ။

ပထမတော့  ကျွန်တော် အောက်ဆုံးမှ ဘိလပ်မြေအိပ်ကို မ, ဖို့ ရာ အတော် စိတ်မောမြဲ ။
အလုံးနှစ်ဆယ်ရှိလျှင် ခုနှစ်လုံးစီ သုံးတန်းဆင့်ထားပြီး အပေါ်ဆုံးမှ စ ၍ ယူသုံးရင်း ၊ အောက်ဆုံးမှာရှိသည့် 
သုံးအိပ်ကို တစ်အိပ်ပေါ် တစ်အိပ် ဆင့် လိုက်သည် ။ ဒုတိယအိပ်မှာလည်း ဒူးပေါ် တင်၍ သယ်နိုင်ပြီးသား ။
အောက်ဆုံးမှ အိပ်ကို သယ်သည့်အခါ ခါးကိုင်း၍ ဆွဲ မ, ရသည်မှာ မသက်သာ ။

တဖြည်းဖြည်း အလုပ်မှ သင်လာတော့  အသာလေးပင် ကောက်မ,၍ ခါး မှာ ချိတ်တင်လာနိုင်သည် ။ ဘိလပ်မြေ
ဖျော်ရာတွင်လည်း ရေများသည်၊ နည်းသည်ကို ပိုက်ဖြင့် ထည့်ရင်းဖြစ်စေ၊ ပုံးဖြင့် ခပ်ရင်းဖြစ်စေ သိ နိုင်လာခဲ့ ပြီ။
အတွေ့  အကြုံ က သင်ပေးခြင်းပင် ။ အဖျော်သမား လုပ်ရသည်မှာ နားချိန်များသည်။ ဖျော်ပြီးလျှင် ဆိုဒ်ထဲ
လျှောက်သွားနေလို့ ရသည် ။ အုတ်စီသည့်  အဖျော်ရလျှင် နားပါလေ့  တစ်မေ့ တစ်မော ။

အချောကိုင်ရန်ဖျော်ပေးရလျှင်လည်း ပထမပိုင်းသာ ပင်ပန်းသည်။ အချောတင်ပြီး၍ ညှိရသည့်  အချိန်ရောက်
လျှင် ဘာအလုပ်မျှ မရှိတော့  ။ သဲ ၊ ရေ ၊ ဘိလပ်မြေ၊ အရန်သင့်  ဖြည့် ထားပြီးလျှင် တာဝန်ကျေပြီ ။ ထိုအချိန်
အားတွင် ကျွန်တော် တစ်ဆိုဒ်လုံးကို ပတ်တော့ သည် ။

ဆိုဒ်ကြီးများတွင် မြန်မာများမှာ အချိန်ပို အများဆုံး ရကြသည်။
“ ဘန်နာ ” မှာတုံးကဆိုလျှင် ကျွန်တော်နှင့် သန့် စင်အချိန်ပိုဆင်းရသည့် ငွေ မှာ လစာရင်းထက်ပင် များနေ၏။
အထပ်တိုင်းမှာ ရှိသည့် အုတ်အကြိုးအပဲ့ နှင့်  အမှိုက်သရိုက်များ ကို စွန့် ပစ်ပေါက်မှ ညနေတိုင်း စွန့် ပစ်သည့် 
အလုပ်ကို “ ဝဏ္ဏ ” မှ ကန်ထရိုက်ရ၍ သူက သုံးဆယ်ရာခိုင်နှုန်းယူကာ ကျွန်တော်တို့ ကို ပုတ်ပြတ်ပြန်ချပေး၏။
စုစုပေါင်း ကျွန်တော်တို့  လေးယောက် ဒိုင်ခံ စွန့် ပစ်ကြသည်။

ညနေဆိုလျှင် “ လောက်ခေါင် ” အရက်ဖြူဝယ် ၊ ဂီတာတစ်လက်နှင့်  စွန့် ပစ်ရမည့်  အမှိုက်ပုံသို့  ချီတက်ပြီ ။
နှစ်ယောက်တစ်တွဲစီ နားလိုက် ၊ ပစ်လိုက်ဖြင့်  သုံးနာရီခန့်  လုပ်ပြီးလျှင် မောလည်းမော၊ မူးလည်း မူး ၊ အလုပ်
လည်း ပြီးသည်။ ထိုကာလများမှာ ကျွန်တော့် အတွက် ရွှေရောင်လွှမ်းသောကာလများပင် ဖြစ်ပါသည်။

အခုတော့  ဖိနွန်မှာ အလုပ်လက်ခံထားတာမရှိ။
ဆိုဒ်တွေမှာလည်း အလုပ်လုပ်ရတာ မသေချာ ။ လက်ထဲမှာ စုမိထားတာလေးတွေနှင့်  စား နေရုံသာ ။
တစ်လ ပြည့် တော့ မည် ။ ငွေ လည်းကုန်တော့ မည် ။ သည်ကြားထဲတွင် ဆိုဒ်တစ်ခုမှ ပုံထားသော သစ်သား
အဟောင်းများကို သံချက်များ သွားနှုတ်ပေးရသည့်  ပုတ်ပြတ်အလုပ်ကလေးကြောင့် ဘတ်ရှစ်ရာ ရလိုက်သည်။
နှစ်ရက်ခန့် သာ လုပ်ရ၏။ လက်သမားအကူတော့  လာခေါ်ပါသည်။ ဆရာဖြစ်ခဲ့ ဘူး၍ တပည့် လစာဖြင့်  မလိုက်
ချင်ကြတော့  ။

ဒါကတော့  လူ့ သဘာဝပင် ။ သူတစ်ပါးနိုင်ငံ၏ တရားမဝင်အလုပ်သမား ဖြစ်နေတာက တစ်ပိုင်း ၊အလုပ်မာနက
တစ်ပိုင်း ဖြစ်ပါသည်။ ဆရာ မဖြစ်ရလျှင် လိုက်မလုပ်ချင်တော့ ပါ ။ ကေသရာဇာ မှန်လျှင် မြက်မစားဟု ဆိုသည်
မဟုတ်ပါလား ...။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည် ။

....................................................................................................................

( ဆက်ရန် )

Sunday, February 13, 2011

ဘဲမွေးသမားလေး ကိုရန်ကုန်

ကိုထွေးအနေနှင့်  ငြိတွယ်၊ ချီနှောင် နိုင်သော သံယောဇဉ်“ ကြိုး ” တစ်ချောင်း၏ ရိုက်ခတ်မှုကို အလူးအလဲ
ခံစားရပြီးနောက်ပိုင်း ယိုင်နဲ့ သွားသော သူ့ ဘဝကို ပြန်လည်တည့် မတ်ဖို့  အတော်ကြိုးစားခဲ့ ရပါသည်။

လက်ပွန်းတတီး၊ အရိပ်တကြည့် ကြည့် နှင့်  ကိုယ်ရော၊ စိတ်ပါ ရင်းနှီးမြှုပ်နှံ၍ အချိန်ကာလ တစ်ခုကို ဖြတ်သန်း
လိုက်ရသောအခါ မမြင်နိုင်သော နှောင်ကြိုးတစ်မျှင်ကို သူ့ ဝက်ကြီးတွေအပေါ် ထားမိခဲ့ တော့ လည်း အချိန်
တစ်ခုသို့  အရောက် ခွဲချိန်တန်လို့  ခွဲလိုက်ရသည့် အခါ သူ့ အကောင်ကြီးတွေက သူ့ နှလုံးသားကိုပါ ဆွဲထုပ်ယူ
သွားသလို သူခံစားခဲ့ ရရှာပါသည်။

ချဉ်နှောင်မိသော ကြိုးတို့  ရုတ်ချဉ်း အဖြတ်ခံလိုက်ရသော အစိမ်းလိုက်ခံစားရမှု တစ်ခု ပါ ပဲ။

သံယောဇဉ်ဆိုတာက လူပဲဖြစ်ဖြစ်၊ ဘဝခြားသည့်  တိရ စ္ဆာန် ပဲ ဖြစ်၊ တန်ဘိုးပမာဏကတော့  အတူတူ ဖြစ်ပါ
လိမ့် မည်။ သူ့ ဘဝမှာ အဲ့ လိုတွယ်တာရပါသော သံယောဇဉ်တို့ ကို အကြိမ်ကြိမ်ဆုံတွေ့  ရပါလိမ့် အုံးမည်။
ထို့ ကြောင့်  သည်ဇာတ်လမ်းလေးကို ကျွန်တော် အကြိမ်ကြိမ် ခံစားမိရင်း ပြန်လည်ဖော်ပြမိနေပါတော့ သည်။

သြော်... လူ့ ဘဝ ဇာတ်ခုံပေါ် က သမုဒယဇာတ်အစုံ ပါ ... လို့ ။

................................................................................................................................

“ ပင်အလိုင်းလားထွေး..၊ မိပဟန်လုပေါင် ”
( ဘာဖြစ်လို့ လဲ ကိုထွေး ၊ ဘာပြသနာ ရှိလို့ လဲ )
“ ဖုန့် ၊ မဲ့ ရာထန် ထောင်ကဲ၊ မဲ့ မိပဟန် ”
( ကျွန်တော်မလုပ်ချင်လို့ ပါ သူဌေး ၊ ဘာပြဿနာမှ မရှိပါဘူး )
သူဌေးက သက်ပြင်းချသည်။ ဘာမှတော့  မပြောပေ။ ခဏ ကြာတော့ မှ ...
“ တော့ ပိုင်ထန် ဆောင်ဒေယမ် ... နာ့ ”
( နှစ်လတော့  ဆက်လုပ်ကွာ ... နော် )
“ ခပ်ဖုန် ”
( ဟုတ်ကဲ့ ခင်ဗျ )
ဟုတ်တော့ လည်း ဟုတ်ပါတယ်။ ဒီအလုပ်က ရုတ်တရက် လူစားရဖို့  မလွယ်ပါ။ နို့ ခွဲစကနေ သားပေါ် တဲ့ အထိ
ချော့ တလှည့် ၊ ခြောက်တစ်လှည့် ၊ ဂရုတစိုက် လုပ်ပေးနိုင်မှ ဖြစ်မှာကိုး။ အစာကြိတ်တာကအစ ကျွန်တော်
နားလည်နေပြီဆိုတော့  ... နောက်လူ ထပ်မရှာချင်တာ သူဌေးဘက်က မှန်သည်။ အားလုံးဟာ ကျွန်တော့် ခြေ၊
ကျွန်တော့် လက် ဖြစ်နေပြီ။ ဒေါ် ရှမ်းမက မနက်စောစော ဝက်ချေးကူထိုးချပေးတာရယ်၊ ရေချိုးပေးတာရယ်၊
အခန်းသန့် ရှင်းရေး လုပ်တာပဲ တာဝန်ရှိသည်။ သူ့ မှာ ခလေးမွေးထားတော မကြာသေးတော့ လည်း ဒီလောက်
ပဲ တာဝန်ယူနိုင်မှာပါ။ ညဘက်တွေမှာတော့  မကြာခဏ လာကြည့် ပေးပါတယ်။ သူ့ အိမ်က ဝက်ရုံဘေးနားမှာ
ကပ်နေလို့ ပါပဲ။

ကျွန်တော့်ဝက်ရုံနဲ့  အစာကြိတ်တဲ့ စက်က တွဲလျက်ရှိသည်။ နံဘေးမှာ ဆရာဝန်တွေနေသည့်  အခန်းရှိသည်။
ကျွန်တော့် ဝက်ရုံထဲ လုံးဝ ဝင်ခွင့်မရှိကြ။ ကျန်သည့်လူဆိုလျှင်တော့  ပြောဘို့ တောင်မလိုတော့ ။ ဝင်တာနှင့်
အလုပ်ပြုပ်မှာ သေချာသည်။ ဒီဝက်တွေက အဖြစ်သည်းပါသည်။ လူမြင်သည်နှင့် နင်းကန်အော်တော့ သည်။
တစ်ကောင်က စ လိုက်လျှင် ဆက်တိုက်ဖြစ်သွားပြီး ဝက်ဝက်ကွဲ ဆိုတဲ့ အတိုင်းပါပင်။ ကျွန်တော်နှင့်  ဒေါ် ရှမ်းမ
ဝင်လာလျှင်တော့  ဘာမှ မဖြစ်ပေ။ သူစိမ်းတွေ့  လျှင် သွေး လန့် သည်။ အဲ့ ဒီလို လန့်အော်ရင်းနဲ့  နှလုံးပျက်ပြီး
သေတာမျိုး ရှိဘူးသည်။ ဒါကြောင့်  ဆရာဝန်တောင် ဝင်ခွင့် မရှိ။ သူဌေး မှာလိုက်လို့  စကားပြောချင်တောင်
ရုံ ထိပ်ကနေ ရပ်ပြီး လှမ်းခေါ်ရသည်။ ကျွန်တော့် ဘဝက အဲ့ ဒီလောက်တောင် မြင့် နေပါသည်။

ဘဝ မြင့် တော့  လစာ မြင့် လာ၏။ လစာ မြင့် တော့  ဘဝင်ပါ မြင့် လာ၏။ ငရဲ ကလည်း လိုက်မြင့်လာပါသည်။
အကုသိုလ် ပိုက်ဆံ ဆိုတော့  စု လို့ ကို မရနိုင်ပေ။ လစာတစ်ခါရှင်းရင် မုန့် ဆိုင်က ဝယ်စားထားသမျှ၊ စုသောက်
ထားတဲ့  အရက်ဖိုး နုတ်တာနဲ့ ၊ သူဌေးမနဲ့  အကြုံ မှာလိုက်တဲ့  အဝတ်စားဖိုး နုတ်တာနဲ့  ဘာ .. မှ မကျန်တော့ ။

နှစ်လ ပြည့် တော့  ကျွန်တော် ဘဲမွေးတဲ့ ဘက်ကို ပြောင်းခွင့် ရသည်။
ဝက်သူဌေးရဲ့  အကို ဖြစ်သူ ငါးသူဌေးဆီမှာ လုပ်ရခြင်းဖြစ်သည်။ သူ က ဘဲတွေ စမ်းသပ်မွေးမယ်ဆိုပြီး
ကျွန်တော့် ကို ခေါ်၏။ သီးသန့် ခြံဖြင့်  မွေးတာတော့ မဟုတ်ပါ။ ဝက်သိုးတွေ ထားသည့်  ရုံ အောက်ကို ခြံခတ်ပြီး
မွေးတာပါ။ မနက်ဖက်မှာ အပြင်ထုတ်၊ နေ့ လည်ဘက်မှာ တစ်ကြိမ်ပြန်သွင်း၊ ပြီးရင် ပြန်ထုတ်၊ ညနေ ပြန်သွင်း
လုပ်ရပါသည်။

ဝက်သမားတွေကတော့  ဘဲသား စားဖို့ သာ ချောင်းနေသည်။
ကျွန်တော်ကလည်း ဘာသိဘာသာ နေလိုက်မြဲ။ သူတို့ ကလည်း လစ်လျှင် ဆွဲ နေကျ။ အကောင်က သုံးထောင်
ကျော်ဆိုတော့  သူဌေးက နေ့ စဉ် မရေတွက်နိုင်။ ဘဲဟင်း ချက်တဲ့ နေ့ ဆိုလျှင် ကျွန်တော်လည်း ဝေစု ရသည်။
ည ဘက်ဆိုလျှင် သွားစားလို့ ရပြီ။ တစ်ခါတစ်လေ “ အသီ့ ရာ ” က ငါးတွေ၊ ဘာတွေ ခိုးချက်ထားသည်။ သူတို့ 
နေတာက ဆံပင်ညှပ်ဆိုင် သွားသည့်  ရွာနားမှာဆိုတော့  လွတ်လပ်၏။ ဘာပဲ ခိုးစားစား ဘာပြဿနာမှ မရှိလှ။

ဘဲ မွေးရင်းဖြင့်  ဗျိုင်း ထောင်သည့်  ပညာပါ ရလာသည်။
ဆာလ်ဖြူရစ်အက်ဆစ် အတုံးလေးကို ငါးပါးစပ်ထဲ ထည့် ပြီး ငါးသေကို ရေစပ်မှာ ထားလိုက်ရုံသာ ။ ဗျိုင်း က
ဟပ်ခနဲ ထိုးတာနဲ့  ဘိုင်းကနဲ လဲ သေ သွားအောင် အက်ဆစ်က ပြင်းထန်သည်။ ကျွန်တော့်  ဘယ်ဘက်လက်
ဖျံမှာ ပွေးလိုလို၊ ညှင်းလိုလို ဖြစ်တော့  အဲ့ ဒီ အတုံးလေး ကောက်တင်လိုက်တာ ချက်ချင်း မီးခဲလို စားသွားလို့ 
မီးလောင်ဒဏ်ရာဖြစ်သွားပြီး ပွေး လည်း ပြေးပါလေရောဗျာ ။

ဘာပဲစားစား အကုသိုလ် မပါလျှင် ပွဲမပြီးပေ။
သူဌေးတွေကလည်း သိကြပါတယ်။ ဘာမှ သိပ်မပြောပါ။ ပေးသည့် လစာက သည်လိုမှ မစားလျှင် ပြောင်သွား
မှာ အမှန်ပင်။ အလုပ်သမားတွေအပေါ် ကောင်းတာလည်းရှိပါတယ်။ တစ်နှစ်လောက်လုပ်ပြီး ပြန်ချင်တဲ့ သူ
ရှိရင်၊ ကားလက်မှတ် ဖြတ်ပေးတာတို့ ၊ လူများလျှင် နယ်စပ်အထိ လိုက်ပို့ ပေးတာတို့  လုပ်ပေးပါသည်။ ပြန်လာ
သည့်  လူဟောင်းကိုလည်း လက်ခံသည်။

အလုပ်သမားတွေ ပြန်သည့် အခါ ရဲ လက်ထဲ မရောက်အောင် လမ်းခရီး အချေအနေတွေကို သေသေချာချာ
စုံစမ်းပေးပါတယ်။ မိ သွားပါက ပါတာလေး ကုန်သွားနိုင်တာကိုး ။ ရွှေတွေ၊ ငွေ တွေ များလျှင် ထိုင်းတစ်ယောက်
က အဲ့ ဒါတွေ ယူ သိမ်းထားပေးပြီး လိုက်ပို့ ကာ နယ်စပ်ရောက်မှ ထုပ်ပေးပါသည်။ ရှေ့  မှာ ရဲ ဖမ်းလို့  ကုန်သွား
သည့်  သာဓကတွေ ရှိနေသောကြောင့် ဖြစ်သည်။

သူဌေးညီနောင်နှစ်ယောက်လုံး လူလတ်ပိုင်းသာ ရှိပါသေးသည်။ ငါးသူဌေးက လူပျိုကြီးပါ။ ကပ်စေးလည်း နှဲသည်။ အရက်သောက်တာတောင် ဆံပင်ညှပ်ဆိုင်ရှိသည့် ရွာထဲမှာ တစ်ယောက်ထဲ လာသောက်တတ်၏။
သူ့  အလုပ်သမားတွေလည်း ခေါ်မတိုက်တတ်ပေ ။ သောက်သည့်အရက်က မက်ခေါင်အပြား ။ သူ့ ကို ကြည့် 
လိုက်ရင် ဘွတ်ဖိနပ်အမဲ အရှည်ကြီးဖြင့် ၊ မမောက် ဆောင်းလျှက်ပဲ တွေ့  ရတတ်သည်။ သူ့ ညီလည်း ထို့ အတူ
ပါပဲ။ တိရ စ္ဆာန်ဆရာဝန်တွေ ဝတ်သည့်  ဝတ်စုံအနီကြီးကို ဘယ်တော့ မှ မချွတ်။ အလုပ်လုပ်ဖို့ သာ စိတ်ဝင်စား
ကြသည်။ ရေသာခိုသည့်  အလုပ်သမားတွေ့ လျှင် ချက်ချင်း ထုပ်ပစ်သည်။

လူငယ်တော်တော်များများကတော့  တစ်နှစ်လောက် လုပ်ပြီးလျှင် ပြောင်းသွားကြတာ များသည်။ တစ်လ ဘတ်
ထောင့် ခုနှစ်ရာဆိုတာ ဘာမှ မဖြစ်လောက်။ လင်နဲ့ မယား စုံတွဲတွေသာ ခြုံးခြံချွေတာရင်း နှစ်နှစ်လောက်
လုပ်ကြ၊ ငွေစုကြနဲ့  နေလို့ ဖြစ်သည်။ လူလွတ်တွေကျတော့  ပြောင်းသွားတာ ခဏခဏပင်။ ကျွန်တော်လုပ်ရ
သည့်  ဘဲမွေးသော အလုပ်က အလွန်သက်သာပါတယ် ။ ရေချိုးပေးစရာ၊ ဆေးတိုက်စရာ၊ အစာခေါ် ကျွေးစရာ
ဘာမှမလိုပါ။ ဘဲတွေက ကျောင်းရင်းနဲ့  သူ့ ဟာသူ ကြီးသွားကြမြဲ။ သူဌေးက မကြာမကြာ ဖမ်းပြီး ရောင်းသည်။
ထပ်မွေးသည်။ အလုပ်ဖြစ်ပါသည်။

ဘဲကျောင်းလျှင် ဝက်ရုံ သုံးရုံလောက်ပတ်လိုက်တာနှင့်  ဘဲပေါင်းသုံးထောင်ကျော်တို့  ဗိုက်ဝလေတော့ ၏။
ဝက်ချေးပစ်သည့်  မြောင်းတွေထဲမှာ အစာတွေ ပြည့် နေတာကိုး။ နောက်တော့  သူတို့ ညီအကိုတွေ စကားများ
ကြလေသည်။ ဘဲတွေက တဂပ်ဂပ် အော်နေတော့  ဇီးဝက်မတွေ လန့် ပြီး၊ မကြာခဏဇီးပျက်တော့ သည်။
ဝက်သိုးတွေကလည်း လန့် လန့် အော်၏။ ကြာတော့  ဘဲမွေးတာ ရပ်လိုက်ရပါသည်။ ကျွန်တော်လည်း သန့် စင်
ဆီ ပြန်ရောက်သွားပါတော့ သည်။ ခင်မောင်လွင်တို့  လင်မယားမှာ၊ ယောင်္ကျားက ကျွန်တော် လုပ်ခဲ့ သည့် 
အသားမွေးဝက်ရုံမှာ လုပ်ရပြီး၊ မိန်းမက ဇီးဝက်ရုံမှာ ဝင်လုပ်ရပါသည်။ သူတို့ က ဝက်ရုံလာ၊ ကျွန်တော်က
ဘန်ကောက် တက်ပေါ့ ။

သည်တစ်ကြိမ်တော့  လှပူရီကို အလည်လာတာက လွဲပြီး ဘယ်တော့ မှ ပြန်မလာတော့ ရန် ဆုံးဖြတ်မိပါသည်။
သန့် စင်ကလည်း သူဌေး ပြောင်းဘို့  ဆုံးဖြတ်ထားပြီးပြီ။ လှပူရီကို စွန့် ခဲ့ ရတာ သည်တစ်ခါတော့  လုံးဝမတွေဝေ
မိပေ။ ဘာတိုးတက်မှုမှ မရှိ။ ထိုင်းစကားပြောဘို့ လည်း လူမရှိတော့  ထိုင်းစကား မတတ်ခဲ့ ကြပါ။ လစာကလည်း
နှစ်နဲ့ ချီ စုမှ ရမည်။ လူလွတ်တွေအဖို့  ဈေးဝယ်ထွက်တာရယ်၊ အရက်သောက်တာရယ်နှင့်  ကုန်ကြသည်။
စုမိ ဆောင်းမိပြီး ပြန်သွားနိုင်တဲ့  လူလွတ်ဆိုလို့  တစ်ယောက်မှ မတွေ့ မိပါ။

မိန်းခလေးတွေတော့ ရှိသည်။
တစ်နှစ်ကို ရွှေ တစ်ကျပ်သားလောက်ရသည်။ ဘာလုပ်လို့ ရမှာလဲ။ သူတို့ က လင်မယူခင်လေး လာလုပ်စား
ကြတာပါ ။ လင်ယူတော့  လင်က လုပ်ကျွေးပါလိမ့် မည်။ တစ်ကျပ်သားစုစု၊ ငါးမူးသားစုစု ရှေ့ ရေးက ဘာမှမရှိ။
ကျွန်တော်တို့ ကျတော့  ဆိုင်ကယ်စီးချင်သည်။ ကားစီးချင်သည်။ လုပ်ငန်းလုပ်ချင်သည်။ ရွှေ တစ်ကျပ်သား၊
ငါးမူးသားနှင့်  တစ်နှစ်လုံး အချိန်မဖြုန်းနိုင်ကြပေ။ ဒီလောက်နဲ့ လည်း မိန်းမယူဘို့ တောင်မလွယ်၊ သုံးလေးလ
လုပ်လို့  စားပြီး၊ သောက်ပြီး ဘတ်တစ်သောင်းလောက်မှ မကျန်ရင် ဘာလုပ်မှာလဲ ။

လူမဟန် ကံ ပုံချတာကို သန့် စင်လည်း မုန်းသည်။
“ မြို့ မှာနေရင် မြို့ မျက်စေ့ ၊ တောမှာနေရင် တောမျက်စေ့ မို့  ဝက်ရုံက လစာက ကျွန်တော့် ဆေးလိပ်ဖိုးတောင်
မရှိဘူး၊ ခင်မောင်လွင်ကိုကြည့် နေ တစ်နှစ်ပြည့် တာနဲ့  ပြေးမှာပဲ၊ အလကား...ဗျာ၊ သက်သက်မဲ့  ဒုက္ခသွားခံ
တယ်၊ ဒီမှာ အလုပ်ဒီလောက်ပေါတဲ့ ဟာ.. ”
သန့် စင် ပြောတာ မှန်ပါတယ်။
တကယ်အလုပ်ရှာကြတော့  ကျွန်တော်ရယ်၊ သန့် စင်ရယ်၊ ဘန်ကောက်မှာ နေတာကြာပြီဖြစ်တဲ့  သုံပုရာ ရွာ
သား ကိုစံလင်းရယ်၊ သုံးယောက်စလုံး အလုပ်ရကြသည်။ အချောကိုင် ပုတ်ပြတ်လုပ်သည့်  ပန်းရံကန်ထရိုက်
အဖွဲ့  နှင့်  စပ်မိကြတာပါ။

ကျွန်တော့် ကို အုပ်သယ်၊ ကျောက်သယ် အလုပ်ကြမ်းလစာ တစ်နေ့  ဘတ်၁၂၀ ပေးသည်။ သန့် စင် ၁၆၀၊
ကိုစံလင်း ၁၈၀ ရသည်။ လစာ ပေးတာလည်း မှန်သည်။ မှတ်မှတ်ရရ အလုပ်စပြောင်းသည့် နေ့ မှာ ထိုင်းနိုင်ငံ
ရဲ့  ၉၃ အရေးအခင်း စ ဖြစ်ပါလေရော။

မြို့ လယ်ခေါင်ဖြစ်သည့်  ဘုရင့် နန်းတော်နားမှာ ကျွန်တော်တို့  ပန်းရံအဖွဲ့  ပိတ်မိနေကြသည်။
နေ့ လည်လောက်ကစပြီး ဆန္ဒပြနေကြတာ၊ ည ရှစ်နာရီကျော်တော့ မှ ကျွန်တော်တို့  အားလုံး ဝင်ခိုနေသည့် 
ဘုန်းကြီးကျောင်းထဲမှထွက်လို့ ရပါတယ်။ ကျွန်တော်တို့  ထွက်လာတော့  တစ်ချို့  အဆောက်အဦတွေ မီးလောင်
နေတုံးပင် ။

နောက်တော့  “ စီးလုံ ” ဘက်ကို ပြောင်းရသည်။
ကျွန်တော်တို့  တစ်ဖွဲ့ လုံး အုတ်စီ၊ အချောကိုင် အလုပ်ကိုသာ ပုတ်ပြတ် လိုက်လုပ်တာမို့  ဝင်ငွေတော်တော်
ကောင်းကြသည်။ အလုပ်ကလည်း ဆက်နေသည်။ လေးလနီးပါး အလုပ်နဲ့ လက်နဲ့  ပြတ်တယ်လို့  မရှိလှပေ။
“ နွံပူရီ ” ဘက်ကို ပြောင်းမယ်ဆိုတော့  သန့် စင်နှင့် ကျွန်တော်မလိုက်ကြတော့ ။

ကိုစံလင်းကတော့  လိုက်သွားသည်။
ကျွန်တော်နှင့်  သန့် စင်ကို ဝဏ္ဏ ( အလုပ်သမားခေါင်းဆောင် ) က သူ့ အကိုဖြစ်သည့်  အသေးစားကန်ထရိုက်
တစ်ဦးထံမှာ အပ်ပေးပါတယ်။ ဖိနွန် လို့ ခေါ်တဲ့  သူဌေးပေါက်စ တစ်ဦးပါ။ အမတန် သဘောကောင်းတဲ့ သူဌေး
ဖြစ်ပါတယ်။ သူ့ မိန်းမက အယုဒ္ဓရသူစစ်စစ် ။ ကျွန်တော့် ကို အမြဲ စ သည်။
“ ငါ့ နယ်ရောက်ရင် နင်တို့ ကို ခေါင်းဖြတ်မယ် ” တဲ့ ။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

......................................................................................................................

( ဆက်ရန် )

Wednesday, February 9, 2011

စင်ကြယ်ဖိနပ်ဖြင့်  မြို့ တော် ဘန်ကောက်သို့  ...။

ပထမတော့  နှစ်ပိုင်းခွဲပြီး တင်မလို့ ပါပဲ။
ဒါပေမယ့်  အပိုင်းကွဲသွားရင် သူပြောချင်တာလေး ပေါ့ သွားမှာ စိုးသောကြောင့်  ရှည်တဲ့ အတိုင်း ပြန်တင်
ပေးလိုက်မိပါတယ်။ နဲနဲ အချိန်ယူ ဖတ်မှ သည်ဝတ္ထု အပိုဒ်လေးက ပြည့်စုံမယ်ဟု ထင်မိပါကြောင်း ...။
( SUZUKI မတိုင်ခင်က ပြန်တင်နေခဲ့ သည့်  ဝတ္ထု လေး၏ အဆက်ဖြစ်ပါသည်။ )

................................................................................................................................


ဝက်ရုံ ရောက်လို့  နှစ်လပြည့် လခထုပ်ရက်မှာ သန့် စင်ရောက်လာသည်။ သူဌေးက ခွင့် ပြုပါသည်။
ဘုတ်ဆုံကတော့  စကားသိပ်မပြောတော့ ။ ကျွန်တော်လည်း သိပ်တော့  မပျော်မိပါ။ ဒီနေရာလေးကို သံယော
ဇဉ် ဖြစ်နေမိသည်။ ဒါပေမဲ့  ဘဝတိုးတက်ဖို့ ကို ရှာရဦးမည်။

မနက် ၈ နာရီလောက်မှာ ဝက်ခြံက ထွက်ခဲ့ ကြသည်။
ကားက လမ်းမထွက် တားစီးရုံပင်။ နံပါတ် ( ၇၆ ) အပြာရောင်ကားကြီးတွေ စီးရသည်။ လမ်းမှာဘာအတားအဆီး
မှ မရှိပါ။ ကန်ချနပူရီလမ်းနဲ့  ဘာမှမဆိုင်။ လှပူရီနဲ့  ဘန်ကောက်က ကီလိုလေးဆယ်ကျော်သာ ဝေးသည်။
တစ်နာရီပျော့ ပျော့ မှာ ဘန်ကောက် ဆင်ခြေဖုံးမြို့ နယ်တွေ မြင်ရပြီ။ လမ်းက ဝင်ခဲ့ သည့်  မြို့ တွေမှာ
“ နမ့် ခစဝမ် ” လို့ ခေါ်တဲ့  ဂူဘုရားအကြီးကြီး ရှိတဲ့ မြို့  ကို ဖြတ်ခဲ့ ရသေး၏။

ဘန်ကောက်မြို့ နှင့်  နီးလာလေလေ အဆောက်အဦတွေက ကြီးလာလေလေ တွေ့ ရသည်။ တံတားတွေ
အထက်အောက် ယှက်ထိုးနေတဲ့  နေရာရောက်တော့  ကျွန်တော်က လှပူရီ က ထွက်လာတာ မှန်တယ်လို့ 
ယူဆလိုက်၏။ ကားတွေ၊ လူတွေ၊ သားနားပုံက ပြောဖို့ တောင်မလိုပါ။
“ ဆင်းရအောင် ကိုထွေး၊ ဂိတ်အထဲထိ မလိုက်နဲ့  ”

ကားပေါ်က ဆင်းလာတော့  အားငယ်မိသည်။
စင်ကြယ်ဖိနပ်နှင့်  ဖြစ်နေတာကိုး။ နံပါတ် ( ၈၅ ) ဘတ်စ်ကားပေါ် ရောက်တော့  သန့် စင်နှင့်  ကျွန်တော်စကား
ပြောဖြစ်သည်။ သူ နယ်စပ်က ဘယ်လို ပြန်တက်လာတာတွေ ပြောပြပါတယ်။
“ ကိုထွေး မလိုက်တာ မှန်တယ်၊ ဟိုမှာ အလုပ်ရှားတယ်ဗျ၊ အထဲကို ပြန်ဝင်ဖို့ အတွက် ဆိုက်ခင်းတွေမှာ ဆေး
လိုက်ဖြန်းရတယ်၊ ပင်ပန်းတာတော့  ပြောမနေပါနဲ့ တော့ ဗျာ ”
“ ငါလည်း ကံကောင်းလို့  လွတ်လာတာ ”
ကျွန်တော် ဒီလောက်ပဲ ပြောသည်။ စိတ်ဆင်းရဲစရာတွေ ပြန်မတွေးချင်။
ပန်းခြံကြီး တစ်ခုကို ရောက်တော့  သန့် စင်က ခဏ ဝင်နားဖို့ ခေါ်သည်။ “ မော်ချစ် ” ပန်းခြံ လို့ ပြောပြသည်။
ပန်းခြံ တစ်ခုလုံးမှာ ကျွန်တော် အစုတ်ဆုံး နေမည်။ ပန်းခြံ ရှေ့ က အဆောက်အဦတွေ၊ လမ်းမှာ သွားနေတဲ့ 
ကားတွေ၊ လူတွေ ကို ကြည့်ပြီး .....
“ ငါ ကြီးပွားရမယ် သန့် စင်ရာ ”
“ ဘာလဲ ”
“ မင်း ကြည့် နေ၊ ငါ အခု စင်ကြယ်ဖိနပ်နဲ့  လာခဲ့  တယ်နော်၊ နှစ်နှစ်အတွင်းမှာ ဒီမြို့ ကို ငါ နိုင်စေရမယ် ”
“ ကောင်းပါတယ် ”
သူက ဒီလောက်ပဲ ပြောပြီး ဆေးလိပ်သွားဝယ်နေပါသည်။
ကျွန်တော်တော့  အတော် သွေးဆူနေပြီ။ ဒီမြို့  ကို ရောက်ဖို့ အတွက် သေလုနီးပါး ဒုက္ခတွေ ဖြတ်ခဲ့ ရတာကိုး။
လွယ်လွယ်နဲ့ တော့  အရှုံးမပေးလို။ ဒီမြို့ တော်မှာ ဂျင်ဂျင်လည်တဲ့  လူတစ်ယောက် ဖြစ်အောင်နေဖို့  စိတ်ကူး
မိသည်။ ထိုင်နေရာက ထပြီး ပန်းခြံလမ်းကို ခြေဆောင့် ပြီး ကြိမ်းဝါးလိုက်ပါသည်။
“ ငါနိုင်စေရမယ် ဘန်ကောက်ရေ.... ငါနိုင်စေရမယ် ”
သန့် စင် ရောက်လာတော့  နောက်ထပ် လိုင်းကားစီးဖို့  ထွက်လာခဲ့ ကြသည်။
“ မှင်ဘူလီ ” ဘက်ကို သွားမှာလို့  ပြော၏။ လိုင်းကားနံပါတ်တွေ မှတ်ထားဖို့ ၊ ဆင်းရမယ့်  မှတ်တိုင်တွေ ရောက်
ရင် မှတ်ထားဖို့  ပြောပြ၏။ လိုင်းကားစီးတဲ့ အခါ ငွေ အကြွေ ပေးရင် သွားမဲ့ ခရီး ပြောစရာမလိုဘူး ဟု ရှင်းပြ
ပါသည်။
“ ကားအကြီးစီးရင် သုံးဘတ်၊ အသေးစီးရင် နှစ်ဘတ် ပေးရုံပဲ၊ လက်မှတ်ကို သိမ်းထား ”
“ တို့  ဆင်းမဲ့  မှတ်တိုင်က ဘာလဲ ”
“ သလပ်မှင်လို့  ခေါ်တယ်၊ ဈေးရှိလို့ ၊ နောက်တော့  ကျွန်တော်ပြောပြမယ် ... လမ်းတွေပဲ ကြည့် ထား ”

ဈေးတစ်ခုထဲကို ကားချိုးဝင်လာတော့  သန့် စင်က ဆင်းကြမယ်လို့  ပြောပါသည်။
လမ်းထိပ်မှာတုံးက ( မှင်ပူရီ ) ဆိုတာကို အင်္ဂလိပ်လို ရေးထားတာ တွေ့ ရပါသည်။ သူတို့ နဲ့  ကျွန်တော်
တော်တော်လေးလမ်းလျှောက်လာပြီးတဲ့ အခါ၊ မြေနီလမ်းတစ်ခုထဲသို့  ချိုးဝင်ခဲ့ ကြပါသည်။ ဓါတ်တိုင် ငါးတိုင်
လောက် လျှောက်လာပြီးချိန်မှာ ဆောက်လက်စ၊ သုံးထပ် လေးခန်းတွဲ တိုက်တစ်လုံးကို တက်ခဲ့ ကြသည်။
“ အသီ့ ရာရေ၊ ကျွန်တော့်  အကို ပါလာတယ် ”
“ လာဟေ့  ..... သန့် စင်၊ ဟယ် မျိုးတွေ့  လာနူး၊ အဆင်ပြေပဲ လော ”
ထားဝယ်လို ပြောဆို နှုတ်ဆက်တာ ဖြစ်ပါသည်။
အရပ်ပုပု၊ မျက်နှာ ချိုချိုနဲ့  အသက်လေးဆယ်ခန့်  လူတစ်ဦး ထွက်လာ၏။
“ ဝက်ရုံမှာ ရောက်နေတာဗျ၊ ကိုစောပြောလို့  သိရတာ၊ အဆင်ပြေပါတယ် ”
“ အေး ...... မှန်းခါထဲ စားပါလော ”၊ ( ထမင်းဝင်စားပါလား )
“ မစားသေးဘူးဗျာ..၊ ရေချိုး အုံးမယ် ၊ ကဲ .. ကိုထွေး.. ရေချိုး ရအောင် ”
“ မင်း ချိုးနှင့်ပါ၊ ရ တယ် ”
“ ကျွန်တော် ထားဝယ်လို ပြောတာ နားလည်လား ”
အသီ့ ရာ မေးတော့  ကျွန်တော် ခေါင်းညိတ်ပြဖြစ်သည်။ သုံးနှစ်အရွယ် ခလေးမလေး ပြေးထွက်လာတော့ ၊
အသီ့ ရာက အမေ့ ကို သွားခေါ် ဖို့  ပြောပါတယ်။
“ မီး .... နန့် မယ် သွားခေါ် လော့  .. သန့် စင်နော် ရောက်နှေ့ တယ် ”
( နင့်  အမေ ခေါ် လာခဲ့  )
“ မိဝေ့  .. ဗြန့် လာဝေ့ ” ( အမေ .. မြန်မြန်လာပါ )
“ မခေါ် ပါနဲ့ ဗျာ၊ ရပါတယ် ၊ အရေး မကြီးပါဘူး ”
“ ထားဝယ်လို နားလည်တယ်ကီးမား..”
“ ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော့်  အဖေလည်း ထားဝယ်၊ သန့် စင် တို့  အဖေက ကျွန်တော့်ဦးလေး
အရင်းလေ ”
“ သြော် ”
ကျွန်တော်တို့  စကားပြောနေစဉ် မော်လမြိုင် အဖွဲ့ သားတွေ ရောက်လာပါတယ်..၊ ကိုစော လည်းပါလာသည်။
“ ဟာ .. ကိုထွေး ၊ ဘယ်တုံးက ရောက်လဲ ”
“ အခု လေးတင်ဗျ၊ အကို ဘယ်မှာ နေတာလဲ ”
“ ကျွန်တော်က အောက်ထပ်မှာ.. ၊ ဆိုဒ်ထဲမှာလည်း နေတယ်၊ ရော့  .. အသီ့ ရာ..၊ အမြည်း လုပ်ဗျာ..”
သူ က အရက်ဖြူ တစ်ပုလင်း လှမ်းပေးရင်း ဝိုင်းဖွဲ့  ဖို့  ပြင်ပါသည်။
“ ကိုထွေး .. ဒီမှာတော့  သောက်ရမယ်နော် ”
သူ ဝက်ခြံ လာလည်စဉ် တိုက်ခဲ့ တုံးက ကျွန်တော် ငြင်းခဲ့ တာကို ရည်စူးပြီး ပြောတာ ဖြစ်ပါသည်။ ကျွန်တော်
ဘာမှ မပြောပဲ ပြုံး နေလိုက်ပါသည်။
“ ဘာမှာလိုက်သေးလဲ ၊ မှာမယ် မထင်ဘူးဗျ နော် ... ကိုထွေး ”
“ နင်က .. ဘာမှ ရှေ့  မဆက်ပဲကိုး... ဘယ်မျိုး သွားရမလဲ ”
“ အသီ့ ရာ ကလဲ...၊ သူ့ ဦးလေးတွေက မရဘူးဗျ နော်.... ကိုထွေး ”
“ ကိုစော ကိုတော့  သူ တော်တော်ချစ်ပါတယ် ”
“ အလကားပါဗျာ.... ချစ်ရင် သူလိုက်ရဲရမှာပေါ့  ”
“ ဒါတော့  ဒါပေါ့  ”
“ ပြီး ခဲ့ တဲ့  အခေါက်က ကျွန်တော်လာခေါ်တာဗျ ... သူ မလိုက်ဘူး ”
“ ဟုတ်လား ”
ကိုစော ခေါင်းညိတ်ပြီး ဇာတ်စုံ ရှင်းပြသည်။
ဘုတ်ဆုံက ကိုစောကို အရင်ရည်းစားဟောင်းနဲ့  ပြန်ဆက်သွယ်နေတယ်ဆိုပြီး စွပ်စွဲ ပါတယ်။ ကိုစောက တမင်
ဆက်သွယ်တာ မဟုတ်ကြောင်း၊ လူကြုံ မှာရင်း တွေ့  ကြတာ ဖြစ်ကြောင်း ရှင်းပြတာကို လက်မခံ ဟု သိရသည်။
“ သူ က စိတ်ကြီးတယ်ဗျ .... သူ စိတ်နာရင် ဘယ်လိုမှ ရှင်းပြလို့ မရတော့ ဘူး၊ သူ့  အိမ်က သဘောတူနဲ့ ကောင်
လဲ ရောက်နေတယ် ”
ဒါကိုတော့  ကျွန်တော်သိပြီးပြီ၊ ဟိုကောင်လေးက သူတို့  ဇာတိသား။ ရုပ်ကလေးက တော်တော် ဖြောင့်သည်။
အေးလဲအေးပါသည်။ ဘုတ်ဆုံကတောင် နဲနဲ ကြမ်းနေသလို ထင်ရသည်။ ကျွန်တော်တို့  သောက်ကြ၊ စားကြရင်း
သူဌေးညီက ဝင်ငေါက်တော့ မှ၊ ဝိုင်းသိမ်းခဲ့ ပါတယ်။ သူဌေးရဲ့  ညီ က၊ အလုပ်ခေါင်းဖြစ်ပြီး၊ ဟိုဘက်ခန်းမှာ နေပါတယ်။ အင်ဂျင်နီယာကျောင်းဆင်း တစ်ဦးလို့  သိရသည်။


ကျွန်တော်ပန်းရံသမား စ လုပ်ရပြီ။
တစ်နေ့  ဘတ်ရှစ်ဆယ် ရပါတယ်။ စုစုပေါင်း ကျွန်တော်တို့  အဖွဲ့ က လူနှစ်ဆယ်ကျော်ရှိသည်။ အမျိုးသား ဆယ့်
ငါးယောက်နှင့် အမျိုးသမီး ခြောက်ယောက် ရှိ၏။ အားလုံးမှာ ထိုင်းလူမျိုးဆိုလို့  သူဌေးရဲ့  ညီရယ်၊ ကားမောင်း
တဲ့  “ အကွေ့ ” ရယ် နှစ်ဦးတည်း ပါသည်။

အလုပ်က ရဲဝန်ထမ်းကျောင်းထဲမှာ လုပ်ရခြင်း ဖြစ်သည်။ အဲ့ ဒီထဲမှာ ဘောလုံးကွင်းကြီး တစ်ကွင်း ရှိသည်။
ကွင်းပတ်ပတ်လည်ကို ရေပိုက်နှင့်  မြောင်းတွေ လုပ်ပေးရသည်။ အတော်ပင်ပန်းကြပါသည်။ နေ က ပူလှသည်။
ဆယ်ရက်လောက်ကြာတော့  တခြား ဆောက်လုပ်ရေးအဖွဲ့ တွေ ပြောင်းသွားတဲ့ အတွက်၊ သူတို့  နေသွားတဲ့ 
အလုပ်သမားတန်းလျားတွေမှာ ဝင်နေကြသည်။ ကျွန်တော်ရယ်၊ သန့် စင်ရယ်၊ အသီ့ ရာရဲ့  ညီ ခင်မောင်လွင်
တို့  လင်မယားရယ် တစ်ခန်း နေကြသည်။ ခင်မောင်လွင်နဲ့  သန့် စင်က ငယ်သူငယ်ချင်းတွေပါ။ အလွန်သဘော
ကောင်းပါသည်။

ကိုစောတို့ အဖွဲ့ က တခြားဆိုဒ်ကို ပြောင်းသွားကြသည်။
အလုပ်က တော်တော်ပင်ပန်း၏။ ကွန်ကရစ်ပိုက်တွေ ချနိုင်ဖို့  အလှည့် ကျတူးပြီးရင် ပိုက်တွေထမ်း၊ ပိုက်ချင်း
ဆက်၊ ဘိလပ်မြေကိုင် ခြောက်ရင် မြေပြန်ဖို့ ရသည်။ ထောင်ထဲမှာ ရေသာခိုသမျှ ဒီမှာ ခံရပြီ။ အမိုးအကာမရှိတဲ့ 
ဘောလုံးကွင်းကြီးကို ဟိုဘက်၊ဒီဘက် ဖြတ်လျှောက်ရုံနဲ့  ချွေးဒီးဒီး ကျနေရတဲ့ အထဲ၊ ကွန်ကရစ်ပိုက်တွေသယ်
မြေကြီးပေါက်၊ မဆလာသယ်နဲ့  သေချင်စော်နံသွားတော့ သည်။ လစာထုပ်ရက်ရောက်တော့  ပိုဆိုးပါလေရော။
ချေးငွေ ဘတ်ငါးရာစီသာ ထုပ်ပေးသည်။ နောက်မှ ရှင်းပေးမယ်တဲ့ ။ ကျွန်တော် တော်တော် စိတ်ပျက်သွားပါ၏။

တစ်လလောက်ကြာတော့  အလုပ်က ပုံမှန်မဟုတ်တော့ ပေ။
ဆင်းသည့်လူက ဆင်းရ၍၊ နားသည့်သူက နားရသည်။ လူတွေလည်း ညည်းကုန်ပြီ။ နောက်တစ်လပြည့် တော့ 
ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ဝက်ခြံကို ပြန်တော့ မည်။ အသီ့ ရာ တို့ ကလည်း လိုက်ချင်၏။ နောက်ထပ်
လိုက်ချင်သူတွေလည်း ရှိသည်။ ထို့ ကြောင့်  ကျွန်တော့် ဝက်ခြံကို လာစုံစမ်း၏။ ဘုတ်ဆုံတို့  ဦးလေးနဲ့ ဆွေးနွေး
ကြသည်။

ကျွန်တော့် ကို ဝက်ရုံမှာထားပေးမည်။ ကျန်တဲ့ သူတွေကို ငါးကန်နဲ့  သရက်ခြံမှာ ထားပေးမယ်တဲ့ ။
လူဆယ်ယောက်နီးပါးကို လက်ခံသည်။ ကျွန်တော် အသီ့ ရာတို့ ကို လာခေါ်တော့  သူဌေးက ကားခ ပေးမယ်
ပြောပါသည်။ ပွဲစားဖြစ်မှာစိုးလို့  ကျွန်တော် မယူပါ။ လူဆယ်ယောက် ပြန်ပါလာသည်။ အားလုံးအလုပ်ရသည်။
နေစရာပေး၏။ ချက်ပြုပ်၊ စားသောက်ဖို့  ဆန်တွေ၊ ဆီတွေ အကြွေး ထုပ်ပေးသည်။ ခင်မောင်လွင်တို့ လင်မယား
နှင့် သန့် စင်တော့  နေခဲ့ သည်။ သူတို့ က သူဌေးလူယုံတွေ ဖြစ်နေတာမို့  သူဌေးစီးပွားပျက်ချိန်မှာ မခွာရက်
ကြပေ။

ကျွန်တော် ပြန်ရောက်လာချိန်မှာ ဘုတ်ဆုံ အိမ်ထောင်ကျနေပြီ။
ဟိုကောင်လေးနှင့် လူကြီးတွေ ပေးစားလိုက်ကြခြင်းပင်။
“ ဒီရုံကို တော်ရုံလူကို ထားတာမဟုတ်ဘူး၊ မင်းလုပ်ရည်ကို သဘောကျလို့  သူဌေးကိုယ်တိုင် ခေါ် ခိုင်းတာ၊
သေသေချာချာလုပ်နော် ”
ဘုတ်ဆုံရဲ့  ဦးလေးမှာတာပါ။ ဒီရုံမျိုးမှာ လုပ်ချင်တဲ့ လူတွေများပေမယ့်  ကျွန်တော့်ကို ရွေးထားတဲ့ အတွက်
တစ်ချို့ လည်း အံ့ သြနေသည်။ ကျွန်တော်လည်း စွမ်းရည်ပြရပြီ။ ထိုင်းအမျိုးသမီး တစ်ဦးနှင့် တွဲလုပ်ရသည်။
သူက သဘောကောင်း၏ အစာစပ်တာ နှစ်ခါ၊ သုံးခါလောက် ပြထားပေး၏။ လိုအပ်သည့် အစာကို အရှေ့ က
စက်ကြီးမှာ သွားယူရသည်။ အဲဒီမှာ ဂိုဒေါင်ရှိသည်။

အရင်စက်ရုံမှာတုံးက ဝက်သေတာ၊ မကျန်းမာတာ၊ အစာမစားတာ ကျွန်တော့်မှာ ဘာတာဝန်မှ မရှိ။ အခုတော့ 
တာဝန်ရှိလာပြီ။ ဒီဝက်တွေ အသားမြန်မြန်ပေါ်တဲ့  စံချိန်မှီအောင် ကျွန်တော့် တာဝန်ဖြစ်နေသည်။ ဒေါ် ရှမ်းမ
( ထိုင်းအမျိုးသမီးများကို ရှမ်းဟု ခေါ်ကြသည်) က စောင့်ရှောက်ရုံ သက်သက်ပင်။

ကျွန်တော့်ဝက်ရုံမှာ အခန်းနှစ်ဆယ်ရှိသည်။ အလယ်မှာ ငါးပေကျယ်သည့် လူသွားလမ်းရှိပြီး၊ တစ်ခန်းကို ဆယ့်
ငါးပေပတ်လည် ကျယ်၏။ တစ်ခန်းကို ဆယ်ကောင်ကနေ၊ ဆယ့်ငါးကောင်အထိ ထားသည်။ နို့ ခွဲပြီးချိန်မှ စပြီး
သုံးလအတွင်း အရောင်းစံချိန်မှီမှ ဖြစ်မည်။ အသေ အပျောက်နည်းမှ ဖြစ်မည်။ ရောဂါဆိုးဝင်လာလျှင် သူဌေးက
သီးသန့်  ခွဲထားပြီး အခြေအနေမဟန်လျှင် ဆေးထိုးပြီး ကိစ္စတုံးပစ်သည်။ ပြီးရင် ကားနှင့်တင်ပြီးသွားရောင်းလိုက်
သည်။

ပထမ အစမှာတော့  ဒီကောင်တွေနှင့် ကျွန်တော် ဝက်ခြံထဲမှာ သူနိုင်ကိုယ်နိုင် ကြဲ ရသည်။
အသားပေါ်မယ့် ဝက်တွေဆိုတော့  အသန်ချဉ်းသာ။ ဝက်ချေး ဝင်ထိုးရလျှင် သူတို့ က ကိုယ့်ကို သူတို့ နှုတ်နဲ့ ရော
ကိုယ်နဲ့ ပါ ဝင်တိုးတာ စိတ်ပျက်ဖို့ ကောင်း၏။ ဒေါ် ရှမ်းမက သင်ပေးသည်။ တစ်ခါ နှစ်ခါလောက် ကြမ်းပြထား
လိုက်တဲ့ ။ ဟုတ်သည်။ နှစ်ခါလောက် ပိတ်ကန်ထားသဖြင့် နောက်ဆို အနှောက်အရှက် မပေးတော့ ပေ။

အစာကြွေး တာလည်းဂရုစိုက်ရသည်။
နှစ်ပေအကျယ်၊ သုံးပေ အမြင့်ရှိတဲ့  စတီးဝိုင်းကြီးရဲ့  အောက်ခြေမှာ ကျောက်ခွက်မြောင်း ခံထား၏။ တစ်ခုလုံး
ရွှေ့  လို့ ရသည်။ အစာထည့်တာတော့  အပေါ် ပေါက်က ထည့် လိုက်ရုံပင်၊ အစာဟောင်းတွေ အောက်မှာ ကျန်
တာများရင် အချဉ်ပေါက်ပြီး မစားကြတော့ ပေ။

အစာကုန်တာကြာလျှင်လည်း အချင်းချင်း ကိုက်ကြပြန်ရော။
ရေ ကတော့  အခန်းသန့် ရှင်းရေးလုပ်ရင်း ဖြည့်သွားရုံနဲ့  ပြီး၏။ အစာထည့်ပေးပြီး သူတို့ ကိုယ်နှင့် စတီးဝိုင်းကြီး
ကို တိုးလိုက်လျှင် အောက်က ဟ ထားသည့် အပေါက်ကနေ ကျောက်ခွက်မြောင်းထဲ အစာကျလာသည်။
တိရ စ္ဆန် ဆိုပေမယ့် အတော်ပါးသည့် အကောင်တွေ ဖြစ်သည်။ ချေးယိုသည့်နေရာက သတ်သတ်၊ အိပ်သည့် 
နေရာက သတ်သတ် နေတတ်၏။

ရေချိုးပေးချိန်နီးလျှင် ဘယ်ကောင်ကွေးနေလဲ ၊ အစာမစားလဲ ကြည့်ရသည်။ တစ်ရုံလုံးမှာ နှစ်ခန်းလောက်ကို
အလွတ်ထားရသည်။ သန့် ရှင်းရေး လုပ်လိုသည့်အခါ လုပ်မည့် ရုံက ဝက်တွေကို အလွတ်ထားသည့် အခန်းထဲ
ပြောင်းပြီး လုပ်ရမြဲ ။ မဟုတ်လျှင်ဖိအားပြင်းထန်သည့် ရေဒဏ်ကို သူတို့  မခံနိုင်။ ရေအားမှာ တော်တော်ပြင်း၏။
အုတ်ခဲတောင် ကျိုးအောင် ထိုးချနိုင်သည်။

ရေနူးထားသည့်  အောက်ကြမ်းပြင်သည် နှစ်ခါလောက် ထိုးလိုက်သည်နှင့်  ဝက်ချေးတွေ ကုန်ပြီး သန့် ရှင်းသွား
စမြဲ ။ ပြီးရင် ဆေးဖြန်းပြီး အခြောက်ခံရသည်။ ပြီးတော့ မှ မူလဝက်တွေ ပြန်မောင်းသွင်းရသည်။ ဒါက နေ့ စဉ်
နီးပါး ဒေါ်ရှမ်းမ လုပ်နေကျ။

နှစ်လသား ကျော်လာရင်တော့  အစာကို အဓိကထား ကျွေးရပြီ။ စက်မှာ အစာကြိတ်သည့် အခါ အဟာရနှင့် 
ကြီးထွားနှုန်း မြန်သည့် ဆေးများ ထပ်ထပ်ထည့် ရသည်။ ကျန်းမာရေး အထူးဂရုစိုက်ရပြီး၊ တစ်နေ့ ကို သုံးကြိမ်
လောက် သူဌေးကိုယ်တိုင်လာကြည့်သည်။ သူပြန်သွားမှ ဒေါ်ရှမ်းမရော ကျွန်တော်ပါ သက်ပြင်းချရသည်။

တွေးကြည့်လျှင် နည်းသည့်အကုသိုလ် မဟုတ်ပေ။
ကျွန်တော့်ရဲ့  အောင်ပွဲဟာ ဝက်အကောင် ရာချီတို့ ရဲ့  သေပွဲ ဖြစ်နေ၏။
ဒီအဖြစ်ကို ဝက်တွေ လာဖမ်းသည့်  နေ့ မှ ကျွန်တော် သိတော့ သည်။ စိတ်မကောင်းလွန်းလို့  ဘုတ်ဆုံတို့ 
ဝက်ရုံမှာ သွားထိုင်နေလိုက်၏။ ဒါပေမယ့် အော်သံတွေ ကြားရတာပါပဲ။ ငယ်သံပါအောင် ကျုံးအော်နေတဲ့ 
ကျွန်တော့် ဝက်တွေရဲ့  ငရဲခန်းဟာ ဘယ်လို စိတ်ချမ်းမြေ့ မှာလဲ ။ အဲ့ ဒီ တစ်ညနေလုံး ကျွန်တော် ဝက်ရုံကို
မပြန်တော့ ။ သူဌေးကလည်း ဘာမှ မပြောပါ။ နောက်နေ့ ကျတော့  ဒေါ် ရှမ်းမ လာခေါ်သည်။ သူ ကတော့ 
ရိုးနေပြီကိုး ။ ဒီရုံ မှာ လုပ်တာ ရှစ်နှစ် ရှိပြီ။
“ အထွေး ၊ ရာခစ်မနာ့ ၊ မာနှင့် မာနှင့်  ”
( ကိုထွေးရယ်၊ သိပ်မတွေးပါနဲ့ ၊ လာပါ လာပါ )

ဝက်ရုံ ပြန်ရောက်တော့  ကျွန်တော့်  ရင်ထဲ ဟာ သွားသည်။
တစ်ကောင်မှ မရှိကြတော့ ပေ ။ မြတ်စွာဘုရား .... အကုသိုလ် သက်သက် ဖြစ်နေပါပြီဘုရား...။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

........................................................................................................................

( ဆက်ရန် )

Monday, February 7, 2011

SUZUKI လေး...။

သည်ဘက်နှစ်မှာတော့  အရင်နှစ်တွေထက် ပိုအေးသည်ဟု ထင်မိပါသည်။ မီး ကမှန်ပြီး၊ အမြဲ ပြည့် နေသည့် 
တိုင်းပြည်ဆိုတော့ လည်း အခန်းထဲရှိ အပူပေးစက်ကလေးကို အမြဲလိုလို ဖွင့်ထားမိပါသည်။ HEATER လေး
ဖွင့် ထားတောင်မှ အခန်းအပူချိန်က တစ်ဆယ်၊ ဆယ့် နှစ်ထက် မပိုချင်ပါ။

ကျွန်တော်ကတော့  အေးလျှင် ခြေဖျားတွေ၊ ခြေဖဝါးတွေက စ ပြီး အေးတတ်လေ့ ရှိပြီး၊ တဖြည်းဖြည်း အေးစက်
လာနေသော ထို ခြေထောက်နှစ်ဖက်ကို ထားစရာ၊ ဝှက်စရာ တို့  မရှိအောင်ကို ဖြစ်ရပါသည်။ ထိုအခါမျိုးမှာဆို
ရင်တော့  ဖွင့် ထားသော အပူပေးစက်လေးရှေ့ သို့  ဂဏာမငြိမ် ဖြစ်နေရှာသော ကျွန်တော့် ခြေထောက်နှစ်ဖက်
ကို အသာထိုးကပ်ရင်း ဘယ်ပြန်၊ ညာပြန်လေး “ကင်” ပေးလိုက်တော့ မှပဲ နေသာထိုင်သာ ရှိသွားရပါသည်။

အအေးချိန် သုံညအောက်ရောက်ပြီ ဆိုလျှင်ပင် ရေတို့  စ ခဲ၍ ရေခဲ ဘဝ ကိုရောက်သေးလျှင်၊ အမေရိကန်ပြည်
က သုံညအောက် အနှုတ် သုံးဆယ့် ရှစ်အမှတ်ရောက်နေသည့်  နေရာမှ လူတွေ ဆို ဘယ်လိုနေကြပါ့ မလဲဟု
လဲ တွေးတောမိပါသည်။ ကနေဒါလိုနေရာမျိုးမှာဆိုလျှင် ပိုက်လိုင်းမှ ပို့ လွှတ်နေသော ရေတို့  ပိုက်လုံးထဲတွင်ပင်
ဆက်မစီးတော့ ပဲ ခဲ ၍ ပိတ်နေသည့်  တိုင်းပြည်တော့  ငါမရောက်သေးပါဘူး ဟု အားတင်းပြီး ကွန်ပြူတာလေး
ရှေ့ တွင် ပေ ပြီး ဆက်ထိုင်နေမိပါသည်။

ကျွန်တော်က ကိုယ်တိုင်ရေး “ အုန်းကြူး ” များကို တောက်ရှောက်ပဲ ရေးလာမိနေတော့  ကိုယ့် ကိုယ်ကို နာတာ
ရှည်ရောဂါဝေဒနာသည်တစ်ယောက်လို ဖြစ်နေပြီဟု ခံစားမိပြီး၊ စာကို ဆက်မရေးချင်တော့ ပဲ သံယောဇဉ်ဖြစ်မိ
နေသော ဘလော့ လေးမှ ခေတ္တ နား တော့ မည်ဟု စိတ်ကူးမိတုံး၊ သူငယ်ချင်း ကိုမွန်းအောင်မှ ဒီစာအုပ်ကလေး
ဖတ်ကြည့် စမ်းပါဟု စာအုပ်အငှားဆိုင်မှ သူ ငှားလာခဲ့ သော ဆရာမာန်၏ စာအုပ်ကို အတင်းထိုးပေးလာသည့် 
အတွက် အစမ်းသဘောနှင့် တစ်ရွက်၊ နှစ်ရွက်လှန်မိနေရင်းမှ တစ်ထိုင်တည်း တစ်အုပ်လုံး ကုန်သွားသည်အထိ
ဆက်တိုက်ဖတ်မိသွားရပါသည်။

ကိုယ့် ရင်ကို ထိခိုက်မိသော စာ တွေ ဖြစ်နေသောကြောင့် လည်း၊ မနားတော့ ပဲ ဒီဝတ္ထုလေးကိုပဲ ကိုယ့် ညီအကို
မောင်နှမတွေအတွက် တဆင့် တင်ပေးရင်ကောင်းမှာပဲ ဟု အတွေးပေါ် လာမိပါတော့ သည်။ သည်စာအုပ်လေး
ကြောင့် လည်း ၊ ကျွန်တော့်ဘလော့ လေးနှင့်  ကျွန်တော့် ညီအကိုမောင်နှမတွေနှင့်  အဆက်မပြတ်ခဲ့ ခြင်းဖြစ်
သောကြောင့်  သွားလေသူ ကိုမွန်းအောင် ( ပြန်သွား၍ပါ ) ကို ကျေးဇူးအထူးပဲ တင်ရပါသည်.. လို့ ။

မျက်လုံးတို့ က ရိုက်လက်စ ဆရာမာန်၏ ဝတ္ထု ကို၊ အာရုံစိုက်ပြီး ရိုက်လိုက်၊ ဖတ်လိုက်နှင့် ညှော်နံ့  တို့ သင်းသင်း
ကလေးရလိုက်တော့ မှ ပဲ၊ ခြေအိပ်တို့  ကျွမ်းစပြု တာကို သတိပြုမိတော့ သည်။ ဆောင်း၏ နှင်းငွေ့ ပါသောရနံ့ 
တို့ နှင့် တော့  သိပ်ကွာလွန်းပါသည်။“ ခြေဆီနံ့  ” ပါ ပါတော့ လည်း အောက်သိုးသိုး၊ ချဉ်တင်တင်ပေါ့ လေ။

တရုပ်ပြည်မကြီးမှ အအေးလှိုင်းတို့ ကလည်း ပင်လယ်ပြင်မှ လေစိမ်းတို့ ကို အတင်းတွန်းတိုက်ပြီး တသောသော
တိုး တိုး ဝင်နေသောကြောင့် ၊ တောင်ထူထပ်သော သည်မြေမှာတော့  တောင်နဲ့ တိမ် တို့ ကိုတောင် ခွဲခြားလို့ မရ
အောင်ပင် ဝန်းကျင်တစ်ခုလုံး၊ ခဲ သားရောင် တိမ်ခိုးတို့ ဖြင့်  အမြဲ အုံ့ မှိုင်းနေပါတော့ သည်။ မြင်နေကျ အထပ်
ထပ်သော တောင်ထွတ်တို့ က အုန့် ဆိုင်းနေသော တိမ်ညို့ ညို့  တွေထဲသို့  တိုးဝင်ကွယ်ပျောက်နေသဖြင့် 
အနီးဆုံးနှင့်  အနိမ့် ဆုံးတောင်ကုန်းလေးတွေသာ မြင်နေရပါတော့ သည်။ သည်ကြားထဲ မိုးကလေးကလည်း
တစိမ့် စိမ့် နှင့်  ဟာမိုနီ ကျကျလေး ဖြည့် စွက်နေပြန်တော့  ရေးရင်း၊ ပြောရင်းတောင် ကြက်သီးတွေ ထ ပြီး
တုန် လာပါသည်။

မပြောမရှိပါနှင့် ။ တကယ်ပင်တုန်ရပါသည်။ သီချင်းလေးထဲကလို ဘာတဲ့  .. ချမ်း..လို့  တုန်..၊ မိုးသည်း ညတွေ
ဝယ် .. ဆိုလား ။

နေ့ စဉ်ပဲ ဆိုင်ကယ်အစုပ်ကလေး နှင့်  အလုပ်သွား၊ အလုပ်ပြန် စီး သွားနေရင်းနှင့် ပင်၊ တုန်တုန်ရီရီ နှင့် သည်
လို လွမ်းမောဘွယ်တောင်တန်းကြီးတွေကို ငေးမောကြည့် နေကျဆိုတော့  ချမ်းလို့ မဝ၊ လွမ်းလို့ မဝ ဆိုပါတော့ ။
သူများတွေက ဆိုင်ကယ်စီးရင် လေအေး၊ လေစိမ်းတို့  ရင်ဘတ်ကို ဝင်တိုး၊ ဝင်ဆောင့် လာတာ သက်သာအောင်
အနွေးအင်္ကင်္ျီတွေ၊ မိုးကာတွေ ကို ကျောဘက်လှည့် ၍ ပြောင်းပြန်ဝတ်ပြီးမှ စီးကြတာတွေ့ မိပေမဲ့ ၊ ကျွန်တော်က
တော့  လူသေတွေကို ဝတ်ပေးသလို နမိတ်မကောင်းဟု ယူဆပြီး သူတို့ ဝတ်သလို လိုက်မဝတ်မိခဲ့ ။

ဆိုင်ကယ် အစုပ်ကလေးဆိုလို့  ဘာကြောင့် ဆိုင်ကယ်အကောင်းမဝယ်ရသလဲဆိုတဲ့  မေးခွန်းတော့  တစ်ခါ
တည်း ဖြေရတော့ မှာဖြစ်ပါသည်။ ဘာလို့ ဆို ကျွန်တော်တို့ က သည်မှာ ခဏ ပဲ နေကြမှာမို့ ပါပဲ။ အသစ်ကလဲ
ဈေး ကြီး နေသကိုး ။ အသစ် တစ်စီးကို အဟောင်းဆယ်စီး စာ လောက်ရှိသည်လေ။ ပြီးတော့  ပြန်လျှင်လည်း
ထားခဲ့ ရအုံးမှာလေ ။ အဟောင်းကလေးတောင် ဒီလောက် သံယောဇဉ် ဖြစ်နေရပါလျှင် ........ ။

ကျွန်တော်တို့  အုပ်စုထဲတွင် ကျွန်တော့် ဆိုင်ကယ်လေးက မြင်မကောင်းအောင် အဲ .. သူတို့  အပြော၊ သောက်
မြင်ကပ်စရာကောင်းလောက်အောင်ကို စုပ်ပြတ်နေသောကြောင့်  တစ်နေ့  ထိုင်ဝမ်သတင်းစာထဲမှာ ပါလာ
သည့်  သတင်းတစ်ခုကို ကျွန်တော့ အား ဝိုင်းပြောကြပါသည်။ SUZUKI ဆိုင်ကယ်လ်များတွင် အင်ဂျင်ဆီပို့ 
သည့် စနစ်တစ်ခု ချို့ ယွင်းနေသောကြောင့်  နိုင်ငံအဝှမ်းရှိ ရောင်းချပြီးသော ဆိုင်ကယ်လ်စီးရေ နှစ်သိန်းခန့် ကို
အင်ဂျင်အသစ် လဲလှယ်တပ်ဆင်ပေးတော့ မည့် သတင်းပဲ ဖြစ်ပါ၏။ ထိုသတင်းကြားကြားခြင်း ကျွန်တော်လည်း
ငခူပြုံး ပြုံးမိပြီး တက်ကြွစွာ သွားရောက်တန်းစီဘို့ တောင် အကြံပေါ်လာခဲ့ မိပါသည်။ တကယ်တော့ ဒီဘက်နှစ်
ထဲ ရောင်းချလိုက်သည့်  နောက်ဆုံးမော်ဒယ်လ် များပါပဲ ။ နေ့ စဉ် အိပ်ဇော ပေါက်ကွဲသံ တဘုန်းဘုန်းနှင့် 
သူတို့ ရှေ့ က အမြဲပန်းဝင်နေတတ်သော ကျွန်တော့် ကို “ စ ” ကြခြင်းဖြစ်ပါသည်။

ကျွန်တော် ယ္ခုစီးနေတာက SUZUKI အမျိုးအစား ၁၂၅ အားလေးပါ။ ခဲရောင်လေး၊ အဟောင်းရောင်လေး
ဆိုတော့ လည်း နှင်းတောထဲ၊ မိုးရေထဲ ပျောက်နေတတ်ပေမယ့်  မျက်စေ့  အလွန်လျင်သော လမ်းစည်းကမ်း
ထိမ်းသိမ်းရေး အော်တိုကင်မရာ၏ မှတ်တမ်းတင်ဂုဏ်ပြု ဓါတ်ပုံကြောင့်  ဒဏ်ငွေ ဆောင်ရပါလေတော့ သည်။
ဆိုင်ကယ်လေးက ပေါ့ လွန်းတော့ လည်း ဆွဲသလောက် သူက ပိုပြေးနေတော့ ဆိုင်ကယ်မဝင်ရသည့်  မျဉ်းဝါ
တားပြီး အဝါရောင်စာလုံးကြီးများဖြင့်  ရေးသားကန့် သတ်ထားသော အလယ်ယဉ်ကျောထဲသို့  မျောဝင်သွားရ
ပါသည်။

သူဌေးက ဓါတ်ပုံပါသော ဒဏ်ငွေဘောက်ချာ ( တရုပ်လို ။ ။ ဖာသန်း ) ကို ကြည့် ပြီး၊
“ မင်းက အစုပ်စီးပြီး ဘာဖြစ်လို့  ဖာသန်း ထိ ရတာလဲ ” ဟု ၊ မျက်မှောင်ကျုံ့  ပြီး ကျွန်တော့် ကို ပြောပါသည်။
ကျွန်တော်က “ ဆိုင်ကယ်လ်က ပေါ့ လွန်းလို့ ပါ ” ဟု ၊ ဖြေမိ၍ သူဌေးက “ တုတ် ” ပါလေတော့ သည်။

နောက်အကြောင်းလေးတစ်ချက်ကလည်း ကျွန်တော်က တစ်ခါတစ်လေ သတိရမိတိုင်း၊ အသက်ရှု နေမိတတ်
ပါသည်။ အလုပ်လုပ်ရင်း၊ သွားရင်း၊ လာရင်း ဆိုပါတော့ ။ အဲ.. ရှုနေတာလေးကို သိ အောင် သိပေး နေမိခြင်းပဲ
ဖြစ်ပါသည်။ နဲနဲလေးသိလိုက်သလိုရှိသွားတာလေးကို များများလေး သိသွားအောင် နောက်က အတင်းလိုက်မိ
တော့ လည်း ကိုယ့် ဘေးဝန်ကျင်နှင့်  ခဏလေးတော့  အဆက်အသွယ် ပြတ်သွားသလို ဖြစ်ရပြီး မျက်လုံးတို့ က
ကြည့် နေရင်းနှင့် ပင် မမြင်တော့ သလို ဖြစ်သွားရပါသည်။

သတိရတိုင်းဆို၍ လူတိုင်းလည်း သတိရစရာတွေ ရှိနေကြမှာပဲဖြစ်ပါသည်။
သတိရပါသည်ဆိုတော့ မှ မေ့ မနေလို့ ၊ မေ့ လို့ မရတော့ လို့ ၊ အချိန်နှင့် အမျှ စ သော ... သော မျိုးစုံတို့  ကို
ဆိုချင်တာပါပဲ။ အဲ့ ဒီ သော မျိုးစုံလေးတွေ၊ ဇော မျိုးစုံလေးတွေ စိတ်အစဉ်မှာ ကိုယ့် ရင်မှာ ထင်ဟပ်လာပြီဆိုရင်
တော့  ကိုယ့် နည်း ကိုယ့် ဟန်ဖြစ်သည့်  ရှု နေတာလေးကို သိ သွားအောင်ပဲ နာနာ ရှုထုပ်မိလိုက်ခြင်းဖြစ်ပါ၏။

ကျွန်တော့် ဆိုင်ကယ်လ်အစုပ်ကလေးအကြောင်း ပြန်ဆက်ပါအုံးမည်။
ဆိုင်ကယ်က ဆူဇူကီး အမျိုးအစားလေးဖြစ်ပေမယ့်  ထိုင်ဝမ်မှာ လွန်ခဲ့ သော ဆယ့် ငါးနှစ်က ပေါ် ခဲ့ သော
မော်ဒယ်ဖြစ်ပါသည်။ ဂျပန်မိတ်စစ်စစ်ဖြစ်နေသောကြောင့်လည်း ဘယ်လောက်ကြာကြာ ကောင်းနေတုံးပါပဲ။
ကျွန်တော်ကလည်း စက်ပစ္စည်းဆို အလကားနေရင်း ကလိချင်နေသူဆိုတော့  မျက်လုံးတို့ က ရှေ့ ကို ကြည့်
နေပေမဲ့  အာရုံတို့ က ကိုယ့် ဖင်အောက်က စက်သံတွေ ၊ လည်ပတ်သံတွေ၊ ဟန်ချက်တွေကို ခံစားနေတတ်
ပါသည်။

အဲ.. စိတ်ထဲ မကောင်းဘူးထင်လာရင် ဆိုင်ကယ်လ်ဆေးခန်းပြေးထိုးရင်း မက္ကင်းနစ်ကို အတင်းပူဆာမိတတ်
ပါသည်။ တရုပ်စကားကလည်း အားနည်းလွန်းတော့  တတ်သလောက်နဲ့ ပဲ သူ့ ကို အတင်းစီးခိုင်းပြီး၊ သူ့ ဖာသာ
သူ ပဲ ကျွန်တော့်ဆိုင်ကယ် ဘာဖြစ်နေတယ်ဆိုတာကို သိအောင် လုပ်ခိုင်းတတ်ပါသည်။ တစ်ခါတစ်လေများ
“ မင်းဟာက အစုပ်၊ အဟောင်းပဲ၊ မလုပ်ပါနဲ့ တော့ လား၊ ဒီလောက်ဆို ရပြီ ” ဟု ပြောလာရင်တော့  သူ့ ကို
အသာခေါက်၍ နောက်တစ်ဆိုင်ပြေးပါတော့ သည်။

သည်မှာက စက်ပစ္စည်းတစ်ခုခု ပျက်ပြီဆိုလျှင် အဲ့ ဒီအပျက်ကိုပဲ ပြန်သုံးလို့ ရအောင် နည်းမျိုးစုံသုံး၍ လက်ပူ
တိုက်ကာပြန်ပြင်လေ့ မရှိပဲ ပစ္စည်းနံပါတ်အတိုင်း အသစ်ပြန်လဲ ထည့် ပြီး ပစ္စည်းဘိုး နှင့်  တပ်ဆင်ခယူသည့် 
စနစ်သာ ကျင့် သုံးကြပါသည်။

ဆိုတော့  ..... လွန်ခဲ့ သော ဆယ့်ငါးနှစ်က ဆူဇူကီးလေးက လူအမြင်ကပ်အောင်ကို စုပ်ပင်၊ စုပ်နေသော်ငြားလဲ
ယနေ့  အပ်တူဒိတ်ဖြစ်နေသော ဆိုင်ကယ်လ်များလိုပဲ တလှစ်လှစ်နှင့်  ကင်မရာတွေ အောက်မှာ ပွတ်ကာ
သီကာပဲ ပြေးနေပါတော့ သည်။

တစ်ခါတော့  ဝယ်ကတဲက ပါလာသည့်  ဖင်ထိုင်ခုန်အောက်ဖက်မှ နောက်ဘီးဖုံး ဘေးကာနှစ်ဖက်၏ ကပ်ထား
သည့် “ တိပ် ” အဖတ်တွေကွာကျပြီး တစ်လမ်းလုံး ဒရွတ်တိုက်ပါလာသည်ကို ကျွန်တော်သတိမထားမိ။ မီးပွိုင့် 
ဝင်၍ ဆိုင်ကယ်လ် စက်ရှိန်လျှော့ ရတော့ မှ “ တဂျစ်ဂျစ်” အသံ ကို စ ကြားရမိသည်။ ဒါတောင် ကိုယ့် ဆိုင်ကယ်
က လို့ မထင်၊ ကျွန်တော့ ဘေး ကပ်ဝင်လာသော ထမင်းချက်ဂက်(စ)အိုး သုံးလုံးတင်ထားသည့် ကျွန်တော့် လို
မော်ဒယ်လ်အဟောင်း SUZUKI ဆိုင်ကယ်လ် က လို့ ပဲ ၊ ထင်နေမိသည်။ ဒါပေမယ့်  သူ့ ဆိုင်ကယ်လ်အစုပ်က
ကျွန်တော့် အကောင်ထက် ထွား ပါသည်။ ၁၅၀ အားပါ ။ ပြီးတော့  ကျွန်တော့ လို အော်တို မဟုတ်၊ ဂီယာဘီး
ဖြစ်သည်။ မောင်းသည့် အဖိုးကြီးက လေကာ မျက်မှန် အကြီးကြီး တပ်ထားသေးသည်။ လည်ပင်းမှာလည်း ဗမာ
ပြည်စစ်တပ်က စစ်သားတွေလို လည်စီး အနီ ကြီးကို စည်းထားသေး ။ အင်း.. လေ အဟုန်တွင် တလူလူတလွင့် 
လွင့်  လေးပေါ့ ။ “စုတ်ချွန်းလေး” ကို ကန်တော့ မိသော လည်စီး လေးကိုပါ မြင်ယောင်လာမိသည်။ သူလည်း
သည်အဖိုးကြီးလို တလူလူ တလွင့်လွင့်  နေမှာပဲ ဟု။ ဒါပေမယ့်  “စုတ်ချွန်း ” လေးကတော့  လှပါသည်။ သူ့ 
ဆိုင်ကယ်လ်လေးနှင့်လိုက်ပါသည်။ ( “ စုပ်ချွန်း ” က၊ ရေးခဲ့ ဘူးသော “ ကြယ်ကလေး ” ထဲမှ၊ ဆောက်လုပ်ရေး
လုပ်ငန်းသုံး ဓါတ်လှေကား မောင်းသူလေး ဖြစ်ပါ၏။ )

သည်လို အတွေးတွေနှင့်  အဖိုးကြီးကို ငေးကြည့် နေမိတော့  အဖိုးကြီးက ကွမ်း တွေ တမြုံ့ မြုံ့  ဝါးရင်း၊ ရဲရဲနီသော
သွားတွေ ပေါ် အောင်ပြုံးပြရှာပေမယ့်  ကျွန်တော်ကတော့  စုတ်ချွန်းလောက်မလှ ဟု ထင်မိပါသည်။

ထိုစဉ်ပဲ မီးပွိုင့်က နီ နေရာမှ စိမ်း ကနဲ ဖြစ်သွား၍ အဖိုးကြီးနှင့်  ကျွန်တော်လည်း သူများဆိုင်ကယ်လ်တွေလို
အပြိုင်ဆွဲကြလေတော့ သည်။ သိပ်မကြာလိုက်ချိန်မှာပဲ “ တီးတော်.. တီးတော်” အသံ နှင့် ရဲ ဆိုင်ကယ်လ်တစ်စီး
လိုက်လာသည်ကို ကျွန်တော့် ဘက်မှန်မှ လှမ်းမြင်လိုက်ရပါသည်။ ရဲ ဆိုင်ကယ်လ် ဆိုတော့ လည်း ကျွန်တော့် 
ထက် မော်ဒယ်လ် မြင့် သောကြောင့်  အပြိုင်ဆွဲ၍ မဖြစ်တော့ ပဲ ပလက်ဖောင်းဘေး အသာထိုးကပ်ပေးရပါ၏။

မနက်က ရွတ်ခဲ့ သော “ သံဗုဒ္ဓေ ” ကို အာရုံပြု ပြန်ရွတ်ဆိုမိသည်။ ရှု နေတာလေးကိုလည်း မရပ်မိပေါ့ ဗျာ..။
အဲ ... နဲနဲတောင် ပိုမြန်လာသလိုပါပဲ။ တုန် ကလည်း တုန်နေသလို၊ ချမ်းလို့ လည်း ဖြစ်နိုင်ပါသည်။
“ ဆိုင်းဝူး ... နီ သဲ့ ..” ဟု ၊ ရဲက သူ့ ဆိုင်ကယ်လ် ထိုးကပ်ရင်း ပြောလာသည်။
( ဆရာ.. မင်းရဲ့  ဟာ ... ) ဟု ပြောခြင်းဖြစ်ပါသည်။ သူ့ လက်ထဲမှာလည်း တစ်စုံ၊ တစ်ခု...။
ဝါး.. ကြည့်လိုက်တော့  ကျွန်တော့်  SUZUKI ဆိုင်ကယ်လ်လေး၏ ကျိုးကျကျန်နေသော နောက်ဘီးကာ နှစ်ဖက်
ပါပဲ။

ကျွန်တော် သူ့  ကို လိုလိုချင်ချင်ပဲ ချက်ခြင်း ရိုရိုသေသေ အလေးပြုလိုက်မိပါသည်။
သူ ကလည်း ပြန်ပြုံးပြပြီး၊ “ မင်း.. ပြန်မကပ် ထားတာ အကောင်းဆုံးပါပဲ ” ဟု ပြောပါသည်။ သူ ပြောလိုက်တော့ 
သူ့ ပါးစပ်က အခိုးတွေ ထိုးထွက်လာနေသည်။ ဆောင်းတွင်းဆိုတော့ လည်း သူတို့  အေးအေးချမ်းချမ်းထဲမှာ
တာဝန်ထမ်းဆောင်နေရရှာသည်။ ကျွန်တော် လန့်  သွားမှန်း လည်း သူ သိ သွားသည်။ ကျွန်တော်လှန်းယူလိုက်
သည့်  လက်နှစ်ဖက်က တုန်နေတာကိုး ..။ ပြီးတော့  ကျွန်တော့  ပုခုံးတစ်ဖက်ကို လက်အိပ်စွတ်ထားသော
သူ့ လက်တစ်ဖက်ဖြင့်  ခပ်ဖွဖွ ပုတ်ပြီး “ မင်း.. ထိုင်ဝမ်သား မဟုတ်ဘူးထင်တယ် ” ဟု၊ ပြုံး၍ ပြောပါသည်။
ကျွန်တော်လည်း မြန်မာအနွယ် ဖြစ်ကြောင်းပြောပြတော့ မှ “ အေးတယ်ကွ .. ဖြည်းဖြည်းမောင်း ” ဟု ပြောပြီး
နှုတ်ဆက်၍ ထွက်ခွာ သွားပါတော့ သည်။

ကျွန်တော်လည်း မိုးစက်မှုန်မွှားတို့ အထဲသို့  တိုးဝင်ပျောက်ကွယ်သွားသော ကျေးဇူးရှင် ပြည်သူ့ ရဲ ၏ ဆိုင်ကယ်
အဖြူလေး ကို ငေးကြည့် နေမိရင်း အသက်ကို ပြင်းပြင်းရှု လိုက်မိပါတော့ သည်။

ထိုအခါမှပင် ညီမငယ် “နန်းလေပြေနု” အတွက် တဂ်ပို့ (စ) လေး အဖြစ် ဒီအကြောင်းလေး ကိုပဲ တင်တော့ မည်
ဟု စိတ်ကူးမိသွားပြီး၊ သံဗုဒ္ဓေ ကိုပဲ ပြန်လည် အာရုံ ပြု မိပါတော့ သည်ခင်ဗျား..။

ကျွန်တော့ ဘလော့ လေးထဲ ဝင်ဖတ်မိလိုက်သော ညီအကိုမောင်နှမအပေါင်းတို့ သည်လည်း အသက်ရှုနေတာ
လေးကို သိ သိ ပေးနိုင် ကြပြီး၊ “ သံဗုဒ္ဓေ ” ဂါထာ ကို အသက်ထက်ဆုံး အာဂုံ ဆောင်သွားနိုင်ကြပါစေ ... လို့ ။

( ညီမငယ် နန်းလေပြေနုက ကျွန်တော့် ကို စည်းဘောင်မထားပဲ လွတ်လပ်စွာ FREEDOM ဖြင့်  တဂ်ပို့ (စ)လေး
ရေးပေးဘို့  ပူဆာခဲ့ သဖြင့်  မယ်မင်းကြီးမ ကို အထူးပဲ ဦးခိုက်ကျေးဇူးတင်မိပါကြောင်းဖြင့် ၊ ဘာလို့ ဆို .. ကိုယ်လဲ
ရောက်ချင်ရာရောက်၊ ရေးချင်ရာရေး ခွင့် ရလို့ ပါပဲ.. လို့ ၊ ကဲ .. ကျေနပ်ပါတော့  .. ကျူဇင်ရှေး.. ရေ..၊ )

....................................................................................................................................................

( ပြီးပါပြီ )



Friday, February 4, 2011

ဝက်ချေး နှင့်  တွယ်တာခြင်း ။


တကယ်တော့  လူ့ ဘဝဆိုတာ “ ချောတိုင် တက်ခြင်း ” နှင့်  ဆင်တူနေပါသည်ဟု ကျွန်တော် ခိုင်းနှိုင်းချင်၏။

ကိုယ်ရည်မှန်းထားရာ အမြင့် ရှိ “ ပန်းတိုင် ” ဆီသို့ ၊ မရောက်မခြင်း ရှိသမျှ အားအင်တို့ အံကြိတ်၊ ညှစ်ထုတ်၍
ကျားကုတ်၊ ကျားခဲ ကုတ်ကပ် တွယ်တက်နေရသလို ဖြစ်နေလို့ ပါပဲလို့  ။ ဘဝ ဆိုသည်မှာ ကြိုးစားရုန်းကန်ခြင်း
တို့ နှင့်သာ ပြည့် နှက်နေပါသည် ဆိုသော အင်္ဂလိပ်စကားပုံတစ်ခုအတိုင်း ရုန်းကန် လှုပ်ရှားနေရင်းနဲ့ ပဲ ဆုံခဲ့ 
ကြုံခဲ့ ရသော အတွယ်အတာ တို့ ကိုလည်း ချန်ခဲ့ ၊ ကျန်ခဲ့  ကြ ရ တတ်ပါသည်။ လူဆိုတာကတော့ ကိုယ့်ဝန်းကျင်
မှ ကိုယ်နဲ့ ထိစပ်မိသော အရာရာ အားလုံးကို အမြဲပဲ ဆုပ်ကိုင် တွယ်တာမိလေ့  ရှိပါသည်။ သည်ဝတ္ထုလေး၏
ရှေ့ လာမည့်  အပိုင်းတို့ တွင် အလွန်ပဲ ဖြတ်ဖို့ ၊ ပြတ်ဖို့  ခက်ခဲ လွန်းသော တွယ်တာ တတ်သည့် သဘော တို့ ကို
တွေ့ မြင်ရပေအုံးတော့ မည် ဟု ။

................................................................................................................................

ကျွန်တော်တို့  ဝက်မွေးမြူရေးခြံရဲ့  အနောက်ထဲမှာ ရွာတစ်ရွာရှိသည်။
ဆံပင်ညှပ်တာတို့ ၊ ဈေးဝယ်တာတို့ ၊ အရက်ဝယ်တာတို့  ဆိုရင် ရွာထဲသွားရမြဲ ဖြစ်၏။ တစ်ခါတစ်လေ အလှုတွေ
ဘာတွေ ရှိရင် ပိတ်ကားထောင် ရုပ်ရှင်ပြ၏။ သွားကြည့်ကြပါသည်။ ကျွန်တော့်ကို ဆံပင်ညှပ်ဖို့  တိုက်တွန်းတာ
ဝက်ရုံက အဒေါ်ကြီးပါ။ ကျွန်တော် ဆံပင်မညှပ်တာ ကြာပြီ။ ထောင်က ထွက်ကတဲက ဆိုတော့ သုံးလလောက်
ရှိပြီလေ။ ဆံပင်သန်တော့  ခြင်္သေ့ ခေါင်းလို ဖြစ်နေသည်။ ညှပ်ခက ဈေးမကြီးပေမယ့်  ဘယ်လိုပြောရမယ်ဆို
တာကျွန်တော် မပြောတတ်သောကြောင့်  သွားမညှပ်ရဲပါ။ အဒေါ်ကြီးက စာရေးပေးသည်။ နှုတ်တိုက်လဲ ချပေး
သည်။ “ လုံစုန့် နန့်  ” တဲ့ ။

တိုတို ရှင်းရှင်းလေး ညှပ်ပေးလိမ့် မယ်ဟု ပြောပါသည်။ ဟုတ်သည်။ တိုတိုရှင်းရှင်း ညှပ်ပေးသည်။ ငါးဘတ်သာ
ယူသည်။ နားရွက်မွေးတွေ၊ လည်ပင်းမွေး၊ ပါးမွေးပါ မကျန်၊ မျက်နှာက အမွေးနုတွေပါ ရိတ်ပေး၏။ နားရွက်မှာ
အမွေးလေးတွေကို သင်တုံးဓားနဲ့  ရိတ်ပေးတာမျိုး ဒီတစ်ခါပဲ ကြုံဖူးသည်။ တော်တော် ကျွမ်းကျင်တဲ့ အဘိုးကြီး
ဖြစ်ပါသည်။ စေတနာလည်း ပါ၏။

ပြောရရင်တော့  ကျွန်တော့် ရုပ်က နည်းနည်းသားနားသလိုလိုရှိပါသည်။
သွားတက်ပါတာရယ်၊ ရယ်လိုက်ရင် သွားအပြားကြီးတာရယ်၊ မေးစေ့  ချွန်တာရယ်၊ မျက်နှာချိုတာရယ် ပေါင်း
လိုက်ရင် မဆိုးလှ။ ကျွန်တော် ဖြောင့် တယ် ဆိုတာ ကျွန်တော့် ဟာ ကျွန်တော် သိနေလောက်အောင် ဘဝင်မြင့် 
နေတော့ ၊ တော်ရုံ တန်ရုံ လူတောတိုးဖို့ ဆိုရင် ရဲတင်းနေမိသည်။ ဒါဟာ ဘာသဘောလဲတော့ ကျွန်တော်မပြော
တတ်ပါ။

ဘုတ်ဆုံကို အနိုင်ယူလာတာလည်း၊ ဒီအချက်တွေ ပါသည်။ ပထမတုံးက သူကချည်း ဟောက်နေမြဲ။
တစ်လလောက်ကြာတော့  ကျွန်တော်က သူ့ သူငယ်ချင်းတွေနဲ့ ဆိုရင် ရယ်ကာမောကာ ပြောသည်၊ ကူညီသည်၊
ပြောဟယ်ဆိုဟယ်ရှိသည်။ သူ့ ဦးလေးတွေက အစ ကျွန်တော့် ကို သဘောကောင်းလို့  ခင်ကြသည်။ ဒါတွေကို
သူ ကြားပါလိမ့် မည်။

“ ကိုရန်ကုန် ” သဘောကောင်းတယ် ဆိုတာ တမင်လုပ်ယူတာမဟုတ်ပါ။ သူလည်း ကြာတော့  တွေဝေလာပုံ
ရပါသည်။ သူ့ ကိုမှ ကျွန်တော် ဘာလို့  စကားမပြောတာလဲ ဆိုတာ စဉ်းစားပြီ။ သူ့ အလုပ်တွေ ငေါက်ငန်းခိုင်း
တာတွေကို ပြန်တွေးမိမှာပါ။ အဲ့ ဒီလို ငေါက်ငန်းခိုင်းတာကို သူ့ ဦးလေးတွေကလည်း ဆူ သည်။ သူငယ်ချင်း
တွေကလည်းတားသည်။ မိုးမိုး သိရင် စိတ်မကောင်းဖြစ်မယ်တဲ့ ။ မိုးမိုးက သည်ခြံမှာ လုပ်သက်ရင့် ပြီ။ ဘုတ်ဆုံ
က မိုးမိုးတပည့်  ဖြစ်ဖူး၏။ ကျေးဇူးမကင်းပါ။ ပြီးတော့  ကျွန်တော်က သန့် စင် လာခေါ်ရင် သွားမဲ့ လူ။ တခဏ
တွေ့ ချိန်မှာ ဒုက္ခရောက်လို့  ဝင်မှီခိုတဲ့ သူအပေါ် သူ ဒီလို ဆက်ဆံတာ လွန်သွားပြီလေ ။

ကျွန်တော်တို့  စစ်ပြေငြိမ်းကြတော့  အလုပ်လုပ်ရတာ ပိုပျော်စရာ ကောင်းလာပါသည်။ ခင်မင်ရင်းနှီးလာကြ၏။
သန်းခေါင်စာရင်းကိစ္စတွေ ပြောလာကြသည်။ သူ့ မိဘအကြောင်းတွေ၊ မောင်နှမအကြောင်းတွေပြော၊
ကျွန်တော်ကလည်း ပြော ။ ပြောနေရင်းနဲ့  သူက .......
“ ကိုရန်ကုန် ရည်းစားက ဘယ်သူလဲ ” တဲ့ ..
ဘယ်ရမလဲဗျာ။ ရန်ကုန်သားပဲဟာ ။
“ ငါ့ မှာ ရည်းစား ဘယ်လိုရှိမှာလဲ ”
“ မယုံဘူး၊ ရှိကိုရှိမယ် ”
“ မင်းလိုများ အောင့် မေ့ နေလား၊ ငါ လိုချင်တာ ငွေပဲ ”
“ တကယ် ”
“ ငါ ငွေရှိမှဖြစ်မှာ၊ ကျန်တာ ငါ စိတ်မဝင်စားဘူး ”
“ ကိုရန်ကုန် ရုပ်နဲ့  ရည်းစားမရှိတာ မယုံချင်စရာဘဲ ”
ကျွန်တော် ဆက်မပြောတော့ ပါ။ ဘာဖြီးစရာ လိုပါသလဲဗျာ။ ဘယ်ရန်ကုန်သားကရော ဒီအချေအနေမှာ
ရည်းစားကို ထုတ်ကြွားမှာလဲ၊ ငတုံး ဖြစ်မှာပေါ့ ။ ဒီလို ကောင်မလေးတွေရှေ့ မှာ ဘုရားစူးတို့ ၊ မိုးကြိုးပစ်တို့ 
ကြိမ်တဲ့ သူဟာ အရူးသာ ဖြစ်မည်။ မြို့ သားဖြစ်ရတဲ့  ဂုဏ်သတ္တိအရ ကိုယ်က မရှိဘူးဆိုရင်၊ မရှိဘူးလို့  သူတို့ 
သတ်မှတ်မှာ သေချာသည်။

သေချာတာတွေထဲမှာ ဒီကရင်မလေး တွေဝေနေတာလည်း သေချာမှုပင်။
ဒါပေမယ့်  ကျွန်တော် စည်းထားပါသည်။ ကိုစော ဆိုတဲ့ လူကို ကျွန်တော်မမြင်ဘူးပေမယ့် ၊ ဒီကရင်မလေး
တော်တော်သံယောဇဉ်ရှိတယ် ဆိုတာ ကြားထားပြီးသား။ အချောင်သမား အဖြစ်မခံနိုင်ပါ။ ကျွန်တော် ဒီစိတ်ကူး
ရှိတာ မှန်သွားပါသည်။

ဘာဖြစ်လို့ လဲ ဆိုတော့  ကိုစော ပြန်ရောက်လာလို့ ပါ။
သူနဲ့  အတူ သန့် စင် သတင်းလဲ ကြားရ၏။ သန့် စင်နဲ့  သူနဲ့ က သူဌေး တစ်ဦးတည်းတဲ့ ။ ကျွန်တော့်ကိုလည်း
မှာလိုက်တယ်တဲ့ ။ သူ ဒီတစ်ခါပြန်ရင် ကျွန်တော် ဒီမှာ ရောက်နေတာ ပြောပြမယ်တဲ့ ။ သုံးရက်လောက်ကြာ
တော့  သူ ပြန်သွားသည်။ ဘုတ်ဆုံနဲ့  တော်တော်စကားများကြတာလည်း ကြားရ၏။ သူ ပြန်သွားပြီးသည့် 
နောက်ပိုင်း ဘုတ်ဆုံမျက်နှာ မကောင်းလှ။ ဘုတ်ဆုံတို့ ဦးလေးတွေက သဘောမတူကြဘူးဆိုတာ ကိုစောကို
ပြောခိုင်းတယ်ဆိုပဲ။ ဘာတွေမှန်းတော့  သေသေချာချာ မသိပါ။ ကျွန်တော်ကတော့  သန့် စင်ကို မှာလိုက်သည်။
လစာထုတ်ရက်နဲ့  မှန်းပြီး လာခဲ့ ဘို့  အကြောင်း။

ကျွန်တော် ဘန်ကောက် သွားတော့ မယ် ဆိုတော့  ဘုတ်ဆုံရဲ့  ဦးလေးတွေက တားကြသည်။ သူတို့ နဲ့ သာနေဖို့ 
နားချကြသည်။
“ ဘန်ကောက်မှာ လစာကောင်းပေမယ့်  စုမိဖို့  မလွယ်ဘူး၊ ဒီမှာ နေပါလားကွာ ”
“ မင်းစဉ်းစားနော် မောင်ရန်ကုန်၊ ဒီမှာ မိသားစုတွေချဉ်းဘဲ ”
“ စု တတ်ရင် ဒီမှာလည်း ရပါတယ်ဟယ် ”
ဒီခြံမှာက ဘုတ်ဆုံတို့  ဆွေမျိုးသားချင်းတွေ အများဆုံးပါ။ လူနှစ်ဆယ်လောက်တောင်ရှိလိမ့် မည်။ အားလုံး
သံပုရာရွာကချည်းပင်။ ဝက်အစာချက်တဲ့  ရုံကနေ၊ နောက်ဆုံး ဝက်ချေးအခြောက်တွေ အိပ်သွတ်တဲ့  နေရာ
အထိ သုံပုရာရွာက လူတွေရှိနေသည်။ ဝက်အစာဆိုတာ ဖြစ်သလို လုပ်ထားတာ မဟုတ်ပါ။ ဖွဲ၊ဆန်ကွဲ၊ပြောင်းဖူး
အရိုးခြောက်မှုန့် ၊ အဟာရ ဆေးဝါးတွေနဲ့ စက်ကြီးထဲမှာ ရောမွှေထားတာကို ကျွေးခြင်း ဖြစ်သည်။

ဝက်ပေါက်စ အစာက သတ်သတ်၊ ဝက်အကြီးတွေအတွက်က သတ်သတ် လုပ်ရ၏။ ဝက်တွေ မကြီးထွားဘဲ
ဘယ်နေမလဲ။ ဝက်တင်မကတော့ ပါ။ ဝက်ချေးကို ကျုံးပြီး ငါးကန်တွေထဲ သွားသွန်ရင်းနဲ့  ငါးတွေပါ ကြီးထွားနှုန်း
တိုးနေသည်။ ငါးအတွက် ပိုတဲ့ အခါ ဝက်ချေးခြောက်တွေကို ဆာလာအိပ်ထဲ ထည့် ပြီး အပြင်မှာ ရောင်းလို့ 
ရသေးသည်။

ဝက်ရုံတွေ ဆိုတာလည်း ပေ၅၀၊ ပေတစ်ရာ ရှည်တဲ့  ရုံကြီးတွေ၊ သေသေချာချာ ခိုင်ခိုင်ခံ့ ခံ့ လုပ်ထားသည်။
ဝက်ရုံထဲ ဝင်တော့ မယ်ဆိုရင် ခြေထောက်အရင်ဆေးရ၏။ လယ်ယာသုံး ဖိနပ်အရှည်ကြီးတွေ စီးထားရသည်။
အစိမ်းရောင် အင်္ကျင်္ီတွေ ထုတ်ပေးသည်။ ဝက်အစာနှင့်  ဝက်ချေးနဲ့  လုံးထွေးနေရတော့  ယူနီဖောင်းမရှိရင်
မလွယ်လှပါ။

ဒီဝက်ရုံတွေရဲ့  ပန်းတိုင်က အသားစားဝက်များများထွက်ရေးသာ အဓိက ထားသည်။ ကီလိုငါးဆယ်ကျော်သည့် 
ဝက်တွေကို ဝက်အသားပေါ်တဲ့  ရုံက လာဖမ်းသွားမြဲ။ ကျွန်တော်တို့ ရုံက ဝက်ပေါက်စတွေကို တစ်လဆိုရင်ပဲ
သင်းကွပ်ပြီးသား၊ သိပ်မကြာခင် တခြားရုံတွေ ပြောင်းသည်။ ဝက်တွေက မကြာခဏ မွေးနေတာကိုး။ နို့ ခွဲပြီး
သိပ်မကြာခင် ရုံပြောင်းပေးလိုက်ရုံပင်။ ပြီးလျှင် မော်တာနဲ့  သန့် ရှင်းရေး လုပ်ရသည်။ ပညာတော့ ပါသည်။
ပထမ ဝက်လှောင်အိမ်ကို ရေနူးနေအောင်ထားလိုက်၊ တစ်နာရီလောက် ကြာတော့ မှ ဖိအားနှင့်  ထိုးပက်လိုက်
လျှင် ပြောင်ရှင်းသွားသည်။ ဝက်ထီးပေါက်စတွေ သင်းကွပ်တာကိုတော့  ဆရာဝန်လာလုပ်ပေးပါသည်။ ဘုတ်ဆုံ
က ပြောသည်။
“ ယောင်္ကျားတွေ အားလုံး သင်းကွပ်ပစ်လိုက်ရင် ကောင်းမယ် ” တဲ့ ။
ကရင်မဆိုတော့  နှုတ်ကလည်း ခပ်ရဲရဲ၊ အဒေါ်ကြီးက သဘောတူသည်။
“ ကိုရန်ကုန် သဘောကျလား၊ ဆရာဝန်ကို ခိုင်းလိုက်မယ် ”
“ သူ့ ဘဲ လာမှ လုပ်ခိုင်းလိုက်၊ ဆေးဖိုး ကျွန်တော် စိုက်မယ် ”
“ ဘာဆိုင်လို့ လဲ၊ ဘာဆိုင်လို့ လဲ ”
ကရင်မလေး ထ အော်တော့ သည်။

ကျွန်တော်တို့ ရုံက ဝက်အသေအပျောက် ရှိတဲ့ အခါ၊ ဝက်ချေးသွန်တဲ့  တွန်းလှည်းထဲထည့် ပြီး မိကျောင်းကန်ထဲ
သွားပစ်ချရပါသည်။ နို့ ခွဲပြီးတဲ့ ရုံက သေရင်တော့  ချက်စားတာ များသည်။ စားလို့  ကောင်းပါသည်။ သူဌေး က
လည်းခွင့်ပြုသည်။ အနာရောဂါ ဖြစ်လို့  သေရင်တော့  မစားခိုင်းပါ။ စစ်ဆေးပြီး မိကျောင်းစာ ဖြစ်သွားသည်။

ဝက်သိုးတွေ၊ ဇီးဝက်မကြီးတွေ သေရင်တော့  သူဌေးရော၊ ဆရာဝန်တွေပါ ပျာယာခတ်တော့ သည်။ ဆုံးရှုံးမှု
ကြီးမားတာကိုး။ ဝက်သိုးတွေကတော့  သေခဲ၏။ ဇီးဝက်မတွေ သေတာကတော့  ကလေးမမွေးနိုင်လို့  သေတာ
များသည်။ တစ်ခါတစ်လေ အထဲ နှိုက်ပြီး ဝက်ကလေး ဆွဲထုတ်ရတာတောင် ရှိသည်။ အဒေါ်ကြီးက အဲ့ ဒီကိစ္စကို
ကျွမ်းသည်။ ဘယ်ဝက်မမွေးရင် ဘယ်နှစ်ကောင်မွေးတယ်ဆိုတာ သိတော့ ၊ အထဲမှာ ခလေးကျန်နေရင်
ဆွဲထုတ်တာ မြန်သည်။ ညကြီး အချိန်မတော်ဆိုရင်တော့  သူဌေးက သူ့ ဘာသာ သူ လုပ်သွားသည်။ ကျွန်တော်
လုပ်တဲ့  ဝက်ရုံက သူ့ အိမ်ရှေ့  တည့်တည့်မှာ ရှိ၏။ သားမွေးရုံက အဓိကကျတာကိုး။ သူဌေးကိုယ်တိုင် ဝင်တဲ့ ရုံ
က ဒီသားမွေးရုံနဲ့ ၊ အသားဝက် မွေးတဲ့ ရုံ နှစ်ရုံတည်း ရှိသည်။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည် ။
လာမည့် ရက်တွင် ညီမငယ် တစ်ယောက်၏ ပူဆာထားသော တဂ်ပို့ ( စ ) လေးကို
တင်ဖြစ်ပါမည်။
..........................................................................................................................

( ဆက်ရန် )


Wednesday, February 2, 2011

ဝက်ချေးကျုံးတဲ့ နေ့  ။

ဘဝရဲ့  ဇာတ်ခုံ၊ လောကရဲ့  ဇာတ်ခုံ ဆိုတော့ လည်း လောက ဇာတ်ဆရာအလိုကျ ကကြိုးအမျိုးမျိုးကို က ပြ
အသုံးတော်ခံရင်း နဲ့ ပဲ ကိုယ့် ရဲ့  ဇာတ်တစ်ခုကို အဆုံးသတ်ရတော့ တာပဲ ဖြစ်ပါသည်။ ဘဝကို ဟိုး ... အနိမ့် ဆုံး
က စ လျှောက်ခဲ့ ရသူ “ ကိုထွေး ” ရဲ့  ဇာတ်အတွက် ဘဝ ဇာတ်ဆရာက တွယ်စရာ၊ နွယ်စရာ “ သံယောဇဉ်”
တို့ ကိုလည်း ထည့်သွင်း က ပြစေခဲ့ ပြန်ပါသည်။

ဘဝ ဆိုတာ ထောက်ရှာငှက်များ ပျံသန်းနေသလို တသမတ်ထဲမသွားတတ်ပဲ နိမ့် လိုက်၊ မြင့် လိုက် ပျံသန်းနေရ
တာပါ ဟု ဆိုပါသည်။

အနိမ့် မှပဲ အမြင့် တွေကို မျှော်ရင်း စမ်းတဝါးဝါးနှင့်  လျှောက်လှမ်းနေရသော ကိုထွေးတစ်ယောက် တွယ်စရာ
ငြိ စရာ များကိုလည်း ဖြတ်သန်းရပေအုံးတော့ မည်။

....................................................................................................................................


ကျွန်တော့် ဘဝရဲ့  အလှည့် အပြောင်းဟာ ဝက်ချေးကျုံးရင်း စ ခဲ့ ပါပြီ။
ဝက်ရုံမှာ ကျွန်တော်ရယ်၊ ဆေးလာထိုးတဲ့  ဆရာဝန်ရယ်၊ ကြာအင်းဆိပ်ကြီးရွာက အဒေါ်ကြီးတစ်ဦးရယ်၊
သံပုရာရွာက ဘုတ်ဆုံရယ်၊ လေးယောက် တာဝန်ကျပါတယ်။ ဆရာဝန်က တနေ့ ကို နှစ်ကြိမ်လောက်သာလာပြီး
အဒေါ်ကြီးကလည်း ဝက်မသားစပ်ရုံနှင့်  တွဲဖက်လုပ်ရတာမို့  ကျွန်တော်နှင့်  ဘုတ်ဆုံ နှစ်ယောက်ထဲ လုပ်ရသည်
က များပါသည်။

မနက် ခြောက်နာရီမှာ အလုပ်ဝင်ရသည်။
ဇီးကျပြီးကာစ ဝက်မကြီးတွေကို အရင်ဆုံး သန့် ရှင်းရေးတွေလုပ်၊ ဝက်ပေါက်စ အသေအပျောက်ရှာ၊ ကောက်ရိုး
အခင်းလဲပေး၊ သောက်ရည်ဖြည့် နဲ့  မနက်ရှစ်နာရီ ထိုးသွားပါသည်။ မိကျောင်းကန်နားမှာ ကောက်ရိုးသွားတိုက်
ပြီးရင် ကျွန်တော် နားလို့ ရပါပြီ။

ဘုတ်ဆုံက လေသံ တော်တော်မာသည်။ ကျွန်တော့် ထက် နှစ်နှစ်လောက်ငယ်ပေမယ့်  လေသံက ဆရာမကြီး
လေသံ။ ခေါ်တာကိုက “ ကိုရန်ကုန် ” တဲ့ ။ ဘာများ နာကြည်းချက်ရှိသလဲတော့  မသိပါ။ အော်လိုက်၊ ငေါက်
လိုက်၊ ခိုင်းလိုက်တာ ပြောမနေပါနဲ့ တော့ ၊ နားရင်းတောင် အုပ်လိုက်ချင်သည်။ အဒေါ်ကြီးက ချိုသာသလောက်
ဘုတ်ဆုံက သိပ်ငေါက်လွန်းနေသည်။ အလုပ်ချိန်ပြီးလို့  အပြင်မှာတွေ့  ရင်လည်း မျက်နှာကြောက တင်းသလား
မမေးပါနှင့် ။ ဒီဝက်ရုံက သူ့ ဝက်ရုံလားတောင် ထင်ချင်စရာပါ။

ရုပ်ကလေးက လှပါသည်။ ကရင် နဲနဲ စပ်သူမို့  အသားအရည်က မခေလှပါ။ သူ့ မှာ ရည်းစားရှိတယ်ဟု ပြောသံ
ကြားသည်။ ခုတော့  ဘန်ကောက်မှာ အလုပ်သွားလုပ်နေ၏။ ဘုတ်ဆုံရဲ့  ဦးလေးနဲ့  အဒေါ် တို့ က သူဌေးရဲ့ 
လူရုံတွေ၊ ဒီမှာ လုပ်နေတာ ခြောက်နှစ်လောက် ရှိပြီ။ သဘောလည်း ကောင်းပါသည်။ ကျွန်တော့် ကို ဝက်ရုံမှာ
သွင်းပေးတာလည်း သူတို့ ပင်။ ညနေဘက်ဆို ဘော်လီဘော ကစားကြသည်။

သူဌေးခြံကြီးက နဲနဲနောနော မဟုတ်။
ဝက်ရုံချဉ်း အရှေ့ ခြံရော၊ အနောက်ခြံပါ ပေါင်းရင် ဆယ့် ငါးရုံ ရှိသည်။ ဝက်သားပေါက်မွေးသည် က ကျွန်တော်
အလုပ်လုပ်နေသည့် ရုံတစ်ရုံတည်းမှာပဲ ဖြစ်သည်။ ကျန်တဲ့ ရုံတွေက သားစပ်ရုံ၊ အသားဝက်မွေးရုံ၊ ဇီးဝက်မွေး
ရုံ၊ မျိုးဝက်မွေးရုံ၊ ဝက်သိုးရုံ ဆိုပြီး ခွဲ ထားပါသည်။ ခြံထဲမှာ ငါးကန်တွလည်းအပြည့် ၊ ခွေးလည်းမွေးသည်။
မိကျောင်းလည်းမွေးသည်။ သရက်ခြံနှင့်  ငှက်ပျောခြံလည်းရှိသည်။ အတော်ချမ်းသာပါသည်။

ကျွန်တော့် ကို တစ်လ ထောင့် နှစ်ရာ စားစရိတ်ငြိမ်း ပေးထား၏။
ထမင်း တစ်နေ့ ကို သုံးနပ်ကျွေးသည်။ ဖွယ်ဖွယ်ရာရာ ကျွေးခြင်းဖြစ်သည်။ တစ်ခြံလုံးမှာ သူဌေးဆီ ထမင်းစား
တာဆိုလို့  ဆရာဝန်အဖွဲ့  နှင့်  ကျွန်တော်ပဲ ရှိသည်။ ပန်းကန်က အန္ဒိယကုလားတွေ စားတဲ့ ပန်းကန်မျိုး။
ထမင်းအတွက်နေရာ၊ ဟင်းအတွက်နေရာ တွဲပြီး ပါလာသည်။ ထမင်းချက်ကလည်း ယိုးဒယားသူဖြစ်သည်။
ဟင်းက ထိုင်းလက်ရာပါ။ ကျွန်တော်က သေပြေးရှင်ပြေး ပြေးလာရသူမို့  စားရသမျှ အမြတ်ပင်။ တကယ်လို့ 
မြန်မာတွေနှင့်  သွားစားလျှင်လည်းရသည်။ ထမင်းဘိုး ငါးရာ ရမည်။ ဘာလုပ်မှာလဲ။ ထမင်းစားပြီး ပန်းကန်
လေး ဆေးပေးရုံနှင့်  တစ်လ ဘတ်ငါးရာ ဖြတ်တာ တန်ပါသည်။ ကျွန်တော့် အတွက်တော့  ဟန်ကျပါ၏။

ဟန်မကျတာက မယ်ဘုတ်ဆုံပါ။
နည်းနည်းကိုမှ အအား မပေးပါ။ မနက်ခြောက်နာရီကနေ ရှစ်နာရီခွဲ၊ ကိုးနာရီခွဲကနေ ဆယ့် နှစ်နာရီ၊ နေ့ လည်
တစ်နာရီကနေ ညနေ ငါးနာရီအထိ၊ တစ်ခုပြီး တစ်ခု ခိုင်းနေသည်။ သူ့ ဦးလေးနှင့်  အဒေါ် ဝင်ငေါက်မှပင်
ရယ်ကျဲကျဲနှင့်  ခိုင်းတာ လျှော့ ပေး၏။

မိန်းခလေးတွေရဲ့  စိတ်ဟာ ဆန်းကြယ်မှန်း ကျွန်တော် ကြာတော့  သိလာသည်။
သူ့ ရွာမှ ရွယ်တူ သူငယ်ချင်းတွေက သူနှင့်  ကျွန်တော့် ကို စ နေကြတာကိုး။ မယ်မင်းကြီးမက ဒါကို မကျေနပ်လို့ 
နင်းကန် ခိုင်းနေခြင်းပါပဲ။ ဘုရားစူးပါရစေရဲ့ ။ ကျွန်တော့် အတွေးမှာ ဘန်ကောက်သာ ရှိ၏။ သန့် စင် လာခေါ်မဲ့ 
ရက်ကို စောင့် နေပါသည်။ သူ နှင့်  မခွဲခင်က ကျွန်တော့် ဆီကို ရောက်အောင်လာခဲ့ မယ်လို့  ပြောထားခဲ့ တာ
ကြောင့်  ဖြစ်သည်။

ဒီမှာ နေရတာကိုတော့  ပျော်ပါသည်။
အားလုံးက ကျွန်တော့် ကို “ ကိုရန်ကုန် ”၊ “ မောင်ရန်ကုန် ” လို့ ပဲ ခေါ်နေကြ၏။ ဖော်ရွေ ကြပါသည်။ ခက်တာက
ခဏ ခဏ ပြေးဘို့  ပြင်ရတာကို ကျွန်တော် စိုးရိမ်သည်။ အရင်ကလည်း သည်နေရာကို ရဲဝင်ဖမ်းဘူးတာမို့ 
လန့် နေကြရစမြဲပါ။ သူဌေးကလည်း အားပေးပါသည်။ ရဲ လာရင် ခရာမှုတ်မယ်၊ လွတ်အောင်ပြေးကြပါ တဲ့ ။
ခြံဝင်းအပြင်မှာမိရင် နယ်စပ်အထိ သူ လာစောင့် ပြီး ပြန်ခေါ်မယ်တဲ့ ။ ခြံ ထဲမှာ မမိစေနဲ့  တဲ့ ။ ဘဲရီးဂွတ်ပဲ ။

သတင်းတွေကလည်း အမြဲကြားနေရ၏။
ဘယ်နေ့ က ဘယ်ခြံကို ဝင်ဖမ်းသည်။ ဘယ်နှစ်ယောက် မိသွားသည်။ ဘယ်သူတွေ လွတ်သည် ဆိုတာတွေ ။
နဂိုကမှ ကျွန်တော့် အဖြစ်က မီးနေသည် မီးလန့် သလို ဖြစ်ရတဲ့ အထဲ၊ ဒီ အဖမ်းအဆီး သတင်းတွေပဲ ကြားကြား
နေရတော့ ၊ နေချင်စိတ်ကို မရှိတော့ ပါ။ ရဲ ဆိုရင် တီဗွီထဲမှာတောင် မကြည့် ချင်တော့ ပါ။ အဲ့ ဒီလောက်အထိ
လန့် နေပါသည်။

အလုပ်ကတော့  အချိန်ရှည်တာကလွဲပြီး မပင်ပန်းလှပါ။ မယ်ဘုတ်ဆုံလည်း ကြာတော့  သဘောနည်းနည်း
ပြောင်းလာသည်။ ကျွန်တော်က ရန်ကုန်သားမို့  သူ့ ကို အသံတိတ် ဆန္ဒ ပြသည်။ နေ့ လည် နေ့ ခင်း သရက်သီး
လှီးပြီး၊ ငံပြာရည်နဲ့  တို့ စားဘို့  ခေါ်ရင်မသွား၊ လက်ဖက်သုပ် ခေါ်ကျွေးလည်း မစား၊ စနေနေ့  ညမှာ သူဌေးမက
မြို့  ထဲသွားလျှင် အားလုံးကို ခေါ်သည်။ သူ ပါရင် ကျွန်တော်မလိုက်တော့ ။ နေ့ လည်ဘက် နားချိန်မှာမနားတော့ 
ပဲ ကျွန်တော် ဝက်စာတွေ ကြိုပြီး ချထားလိုက်သည်။ ကြာတော့  သူ မခံ နိုင်တော့ ပါ။

“ ကိုရန်ကုန် ကျွန်မကို ဘာလို့  စကားမပြောတာလဲ ”
“ ........................ ”
“ ကျွန်မ မေးနေတယ်လေ ”
“ မင်းဟာမင်း သိမှာပေါ့ ”
“ ဟားဟား.. ကျွန်မ ဘာသိမှာလဲ ”
“ မင်းဘာလို့  ငါ့ ကို .... ကျွတ်..၊”
တကယ်တော့  ကျွန်တော် ရန်မဖြစ်တတ်။ ကျွန်တော့် ကို ကြည့် ပြီး သူ အားရ၊ ပါးရ ရယ်တော့ သည်။
ကောင်မလေးက တတ်လဲတတ်နိုင်၏။ တော်တော်လေး ရယ်ပြီးတော့ မှ ..
“ ကျွန်မကို သူများတွေ စ နေလို့ ပါ ”
“ သြော် ... မင်းရည်းစား အထင်လွဲမှာ စိုးလို့ ပေါ့ လေ ”
“ ဘာဆိုင်လဲ ၊ မဆီမဆိုင်တာတွေ ”
အဲ့ ဒီနေ့ က စပြီး သူ နဲ့  ကျွန်တော် အခေါ် အပြောတွေ ရှိလာကြတော့ သည်။
အလုပ် ခိုင်းရင် အရင်လို နောက်က “ .... စမ်း ” တို့ ၊ “ .... စမ်းပါ ” တို့ အစား ၊ “ နော်.. ” တို့ ၊ “ .... ပေးပါ ” တို့ 
ဖြစ်လာပါသည်။

သူ နဲ့  ရင်းနှီးလာတော့  ကျွန်တော်လည်း သန့် စင်ကို စောင့် နေတဲ့  အကြောင်းတွေ၊ ဘန်ကောက်ထဲ သွားမဲ့ 
အကြောင်းတွေ ပြောပြဖြစ်၏။ သူ အားပေးပါသည်။ ဒီမှာ တစ်နှစ်လုပ်တဲ့  ဝင်ငွေဟာ ဘန်ကောက်မှာ သုံးလနဲ့ 
ရှာလို့ ရတယ်။ နေတတ်ရင် ရဲလည်း မကြောက်ရဘူး။ သူ သာ ယောင်္ကျားလေးဆို သွားမှာပဲ တဲ့ ။

“ ကိုစော သွားတာ ကြာပြီလား ”
“ သူ့ အကြောင်း မမေး လို့  မရဘူးလား ”
“ ဘာဖြစ်လို့ လဲ ၊ မင်းရည်းစားပဲ ဟာ”
“ ကိုရန်ကုန် ဘာသိလို့ လဲ ၊သူက ပွေ တယ်၊ သူ့  အဒေါ် ကိုယ်တိုင် ပြောတာ”
သူ့ အဒေါ် ဆိုတာ ကျွန်တော်တို့  ရုံက အဒေါ်ကြီးကို ပြောတာပါ ။
“ ကိုရန်ကုန်လည်း ဟိုရောက်ရင် ဒီကို မေ့ မှာပဲနော် ”
“ ဒါပေါ့ .. ဟ ”
“ ကောင်းတယ်၊ ဘယ်တော့ မှ ပြန်မလာနဲ့  ”
ဟွန်း...ဟွန်း...ဟွန်း ကောင်မလေးတွေက ဒီလိုပါပဲ။ သူတို့ ဘက်က လျှော့ ပြီဆိုရင် ရစ်ဘီးကုန် လျှော့ တော့ 
သည်။ ပြောလို့  ပြောတာမဟုတ်ပါ။ ဘုတ်ဆုံက လှသည်။ ဝဝ ကစ်ကစ်လေးနဲ့  စွာလည်း စွာတော့  သူ့  ကို
စ ရတာ စိတ်ထဲ စွဲ နေ၏။

လစာထုတ်တော့  ကျွန်တော်ပိုပြီး စိတ်ဓါတ်ကျပါလေရော။
စင်ကြယ်ဖိနပ်ရယ်၊ ဂျင်းဂျာကင်ရယ်၊ ဘောင်းဘီရယ် ဝယ်လိုက်တာ ဘတ်နှစ်ရာတောင် မကျန်တော့ ပါ။
ကျွန်တော့် မှာ မဝယ်လို့ ကလည်း မဖြစ်။ အပြင်သွားဖို့ တောင် အင်္ကျင်္ီ မရှိ။ နာရီတို့  ဘာတို့  ဝေးပါလေရော။
ရန်ကုန်က ထွက်လာတာ လေးလ ကျော်ပြီ။ ဘာမှ မရသေး။ ရောက်နေတဲ့  ဘဝကလည်း မရေရာလှ။ အရက်
တောင် သူများတွေ အတင်း လာခေါ်မှ သောက်ဖြစ်သည်။ ဆိုးတာက တစ်နေ့ ကို အဖမ်းအဆီးသတင်း
ဆယ်ကြိမ်လောက် ကြားနေရတဲ့  အဖြစ်က အဆိုးဆုံးပါ။ ကြားရတိုင်းလည်း အသံ တုန်အောင် ကြောက်နေမိ၏။
ကြာလာရင် လန့် ပြီးတောင် သေနိုင်ပါသည်။

ဝက်ရုံမှာလည်း ဟာသလေးတွေ တွေ့ လာသည်။ လစာ ထုတ်ရက်တွေမှာ သူဌေးက အရက်တွေ၊ အမြည်းတွေ
ဝယ်ဖို့  ပိုက်ဆံ ထုပ်ပေးတတ်ပါ၏။ အဲ့ ဒီလို သောက်ကြ စားကြ တဲ့ အခါ အလှည့်ကျ သောက်ကြ စားကြတာတို့ 
က ပြရတာတို့  လုပ်ရသည်။ ကျွန်တော်လည်း ဒန့် တွေ ဘာတွေ မူးပြီး က ရသေးသည်။ မကလို့ ကလည်း မရ။
အဲ့ ဒီလို မူးပြီး ပေါက်ကရလုပ်တာတွေကို နောက်နေ့ မနက်ကျမှ စားမြုံ့  ပြန်ကြမြဲပင်။ ကျွန်တော်တို့  ဝက်သမား
တွေမှာ ဟာသ ပြောတတ်တဲ့ သူက များသည်။ ကိုအေးငြိမ်း ပြောသည့် ဟာသက အထိရောက်ဆုံးပင်။

သူ လုပ်တဲ့  ဝက်ရုံက ဇီးဝက်မတွေ ထားသည့် ရုံ ဖြစ်သည်။ အသံတွေဘာတွေကအစ ကျယ်ကျယ်လောင်လောင်
မဖြစ်အောင် အထူးဂရုစိုက်ရပါသည်။ ည ဘက်ဆိုလည်း ကောင်လေးတွေ စောင့်ပြီး အိပ်ရသည်။ ကိုယ်ဝန်လွယ်
ခါစ ဝက်မတွေ များတော့ ၊ ဇီးပျက်တာများလျှင် သူ့ မှာ တာဝန်ရှိ၏။ သူ့  မှာ သားဖြစ်သူ မောင်ဇော်ထွေးရှိသည်။
လူပျိုပေါက်အရွယ် ရောက်နေပြီ။ သူက ဝက်မတစ်ကောင်ပျက်ပြီဆိုရင် ...
“ ဇော်ထွေး လက်ချက်ပဲ၊ ငါ့ ထက် ကြမ်းတယ်၊ မလုပ်ပါနဲ့  ဆိုတာ မရဘူး ” ဘာညာနဲ့ လုပ်ရင် ဆရာဝန်တွေက
အစ ရယ်မောပြီး ဘာမှ မပြောတော့ ပေ။ တစ်ခါတော့  သူပြောတာ သူဌေးတောင် သဘောကျသွားသည်။

သူနှင့် ကပ်လျက်ရုံမှာက ဝက်သိုးတွေ ထားသည်။
အဲ့ ဒီရုံမှာ ဇာတ်ထုပ်ကြိုက်သည့် သူတွေ ရှိတာကြောင့် မကြာခဏ ဇာတ်ထုပ် ဖွင့် သည်။ တောင်ပြုံးမင်းညီနောင်
တို့ ၊ ကိုကြီးကျော်တို့  နားထောင်ချင်လျှင် နေ့ လည်နေ့ ခင်း အမြဲဖွင့် ပေးထား၏။ ဗိုလ်အောင်ဒင်တို့  ဘာတို့ 
လည်း ဖွင့် တတ်ပါသည်။

တစ်နေ့ တော့  ဇာတ်ထုပ်တစ်ခွေ ရလာပါသည်။
ကိုရင်မောင်၊ မစာဥ ဇာတ်ထုပ် ဖြစ်၏။ အလွမ်းအငို များလွန်းလို့  လူတော်တော်များများ လာနားထောင်ကြပါ၏။
ဇာတ်ထုပ်ကလည်း တော်တော်ကောင်းပါသည်။ ငိုလိုက်တာ ဆိုတာ နားထောင်တဲ့ လူတောင် ရင်ထဲ နင့် သွား
ရပါသည်။ အဲ့ ဒီအချိန်မှာ ဆရာဝန်တွေက ကိုအေးငြိမ်းရုံထဲမှာ ဇီးပျက်ကျတဲ့  ဝက်မကို စစ်ဆေးနေသည်။
ကိုအေးငြိမ်းက ဒီဘက်က လူတွေကြားအောင် လှည့် အော်ပါတော့ သည်။
“ ကက်ဆက် ပိတ်ထားကြဟေ့ ... မင်းတို့  ဇာတ်ထုပ်ကြောင့်  ငါ့ ဝက်မတွေ မျက်ရည်ကျနေတယ်၊ မင်းတို့ 
တရားခံ ဖြစ်သွားမယ်” တဲ့ ။
သူ့ အသံ ကြားတော့  အားလုံး ရယ်ပါလေရော။ သူဌေးလဲ ရှိနေတော့  ပြန်ပြောတဲ့ သူတွေ စကားကြားပြီး သူပါ
ရောရယ်တော့ သည်။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။


.........................................................................................................................

( ဆက်ရန် )