Saturday, August 29, 2009

ငယ်ဘဝအစိတ်အပိုင်းများ( ၅ )

ဆရာသော်တာဆွေ၏ စာဆိုတာ ရေးခြင်တိုင်းရေးလို့  မ၇ပါ။ ရေးခြင်မှ ရေးလို့ ၇ပါတယ်..။ ဆိုသောစကားစု
လေးကို တော်တော်နှစ်ချိုက်ခဲ့ မိပါသည်။ စာတစ်ပုဒ်ရေးဘို့ ကြိုးစားရတိုင်း ခက်ခက်ခဲခဲ ကြပ်ကြပ်တည်းတည်း
စဉ်းစားနေတတ်သော ကျွန်တော့် ကို ကျွန်တော်လည်း အားမလို။အားမ၇ဖြစ် ဖြစ်နေမိခဲ့ ပါသည်။ဘာပဲဖြစ်ဖြစ်
ဒိတစ်ခါတော့  ငယ်ဘဝဇာတ်ကြောင်းဖက် ပြန်လှည့် တော့ မည်ဟု အားတင်းမိပြန်သည်။

ငယ်ဘဝတွေကို ရေးမယ်ဆိုတော့  အဖေ့အကြောင်း ပါရေးရတော့ မည်။အဖေက မ.ဆ.လ ခေတ်တုံးက
သမိုင်းကော်မရှင်တွင် ဌာနကြီးမှုးအဖြစ်နှင့် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ လကုန်၍ လခထုပ်သည့် အခါတိုင်း
ဆေးလိပ်ဖိုး၊ကားခ၊လဘက်ရည်ဖိုး တို့ နှုတ်ထားသည့် စာရင်းရှင်းတန်းစာရွက်လေးကို လခစာအိပ်ထဲ ပြန်ထည့် 
ပြီး အမေ့ လက်ထဲထည့် ထည့် ပေးတတ်တာကိုပါ ပြန်မြင်ရောင်နေမိပြန်သည်။သူနှုတ်ထားသည့် စာရင်းအတိုင်း
တစ်လလုံး လောက်ငှအောင် သုံးတတ်ပြီး အမြဲတန်းမလောက်မငှ ဖြစ်နေတတ်သော အမေ့ ဆီမှဘယ်တော့ 
မှ ထပ်မတောင်းတတ်တော့ ပါ။ တစ်ခါတစ်လေ အမျိုးစာရင်း လှည့် ကောက်နေတတ်သော သူ့ ညီဝမ်းကွဲ လာ
မှသာ " မတင်ကြည် "ေ၇.. ငါ့ လက်ဘက်ရည်ဘိုးလေး ပေးပါအုံး ဟုတောင်းတတ်ရှာပါသည်။ဒါပေမဲ့  သူ့ ညီ
လေးလေးစစ်သားကသာ တိုက်သွားသည်ကများပါသည်။ သူက ကာကွယ်ရေးရုံးက တပ်ကြပ်ကြီးစာရေးလူပျို
ကြီးတစ်ယောက်၊ရာရှင်နှင့် လစာနှင့်  ချောင်ချောင်လည်လည်ရှိနေတော့  သူ့ အကိုကို ညှာရှာတာနေမှာပါ။

အဖေရှိစဉ်တုံးက ကျွန်တော် နတ်မောက်စက်မှုကျောင်းစတက် ရတော့ ကျွန်တော့် ကို တစ်ခါထဲသော၊တစ်ခွန်း
ထဲသော စကားဖြင့် မှာခဲ့ ၊ဆုံးမခဲ့ ဘူးပါသည်။ " သား.. ယောင်္ကျားဆိုတာ မလုပ်ဘူးတာ၊မသိဘူးတာ မရှိရ
အောင် အတွေ့ ၊အကြုံတွေရှာရမယ်ကွ၊ အေး.. ရလာမဲ့  အတွေ့ အကြုံတွေမှာလဲ မြောမသွားအောင်၊နစ်မသွား
အောင် ကြိုးစားရမယ်၊ကေင်းတာတွေသယ်ပြီး၊မကောင်းတာတွေတော့ ပယ်ခဲ့ ထားခဲ့ ရမယ် " လို့ ပါ။

အဖေက ဂျိုးသိန်းဆေးပေါ့ လိပ်ကို အလွန်ကြိုက်ပါသည်။ သူဆေးလိပ်ရွေးပုံ၊ရွေးနည်းသင်သည့် အချိန်တွင်
တော့  ကျွန်တော်စက်မှုကျောင်းသားက သူ့ လိုပင်ဆေးလိပ် လက်ကြားညှပ်တတ်နေပါပြီ။ ကိုယ့် ဖာကိုယ်
ခွင့် တိုင်ပြီး ပျက်လို့ ၇သည့် ကျောင်းဆိုတော့ အပေါင်းအသင်းကလဲ ဆုံလာပြီလေ။
အဖေက ဆေးလိပ်ရွေးရင် ဖက်စိမ်းစိမ်း၊ချောချောလေးရွေးရတယ်ကွ၊ လေပေါက်မပါအောင်ကြည့် ၊ဆေးလိပ်
ကိုနည်းနည်းလေးဖြစ်ကြည့် ၊ဆေးသားပွရင်မယူနဲ့ ၊ကျစ်မှယူကွ..တဲ့။နောက်.. သားအဖနှစ်ယောက်သူငယ်ချင်း
လို ရှိနေသည့် အခါတုံးက ပြောခဲ့ သေးသည်၊ ဟေ့ ကောင်..ဆေးလိပ်တစ်တို၊နွားပြာညို တစ်ယှဉ်းတဲ့ ၊နောက်
ဆေးလိပ်အတို.. မယားတောသူတဲ့ ..။ အဖေ့ ၇ဲ့ ချစ်စရာ ဥပမာလေးများကို ယနေ့ တိုင်ကျွန်တော် အဖေနှင့် 
အတူ သတိရနေတတ်ပေမဲ့  အဖေကအဆုပ်ကင်ဆာဖြင့် ဆုံးပါးသွားခဲ့ ပြီး၊ ကျွန်တော်ကတော့ ဆေးလိပ်ပြတ်
လို့ နေပြီလေ။အဖေဆုံးတော့  ကျန်ခဲ့ တဲ့ အဖေ့ ပစ္စည်းလေးများကို မောင်နှမလေးယောက်ခွဲယူကြတော့
ကျွန်တော်က အဖေ့  ဂျိုးသိန်းဆေးလိပ်တိုလေးထည့် ထည့် နှပ်လေ့ ရှိသော ဆေးပေါ့ လိပ်တစ်လိပ်စာ
ဝါးပြောင်းလေးနှင့် အဖေဘုရားရှိခိုးပြီးတိုင်း၊ပရိတ်ပဌာန်းတို့ ရွတ်ပြီးတိုင်းတရားထိုင်ပြီးအမျှဝေသည့် အခါတိုင်း
ရိုက်လေ့ ရှိသည့် ကြေးစည်လေးကို မက်မက်မောမောခွဲယူထားခဲ့ မိပါသည်။

အဖေ့ ကြောင့် ကျွန်တော် ဆေးလိပ်လုံးဝပြတ်ခဲ့ ရသည်။ အဖေ့ ကြောင့်  ဘဝနာအလုပ်၊တရားအလုပ်တွေကို
လေ့ လာရတော့ မည်၊လေ့ ကျင့် သင့် နေပြီဆိုသည့် အသိတွေရလာခဲ့ ရသည်။ အဖေရှိစဉ်တုံးက ကျွန်တော်
တို့  အိမ်ဧည့် ခန်းလေးထဲတွင် ဘုရားမီးရောင်မှိန်ပျပျအောက်အေးမြလွန်းသည့် အဖေ့ ပရိတ်ပဌာန်းရွတ်သံတို့ 
အစဉ်မြဲလွှမ်းနေတတ်သည့် အလေ့ အကျင့် ကို ကျွန်တော်တို့ မိသားစုတွင် ကျွန်တော်ဆက်လက် ထိန်းသိန်း
နေနိုင်နေပြီလေ။

မှတ်မိနေပါသေးသည်။ ရဲမင်းကြီးဦးဥက္ကာ အဖေတို့ သမိုင်းသုတေသနဥိးစီးဌာနကို လူကြီးတစ်ယောက်အဖြစ်
ပြောင်းလာခဲ့ စဉ်တုံးကဖြစ်ပါသည်။စွပ်ကြယ်ဂျိုင်းပြတ်ဖြင့်  အားလပ်ချိန်တိုင်း တစ်ခန်းဝင်တစ်ခန်းထွက် တံ
မျက်စည်းလှဲ၊တွေ့ ကရာသောက်ရေအိုးတိုင်းကိုရေခတ်ထည့် နေတတ်သောအဖေ့ ကိုကြည့် ၍ သူတော်တော်
ခင်သွားပုံရပါသည်။ အဖေက ငါဌာနကြီးမှုးပဲဆိုသည့် ဂိုက် ခံမနေတတ်ပါ။အားလုံးကိုအရင်းအတိုင်းပေါင်းတတ်
သည်။ဆင်နားရွက် တံခါးကြားမှ အဖေ့ ကိုလှန်းကြည့် တိုင်း ဖိုင်တွဲတွေကြားထဲမှာနစ်မြုတ်နေတတ်သည်။

ထိုလူကြီးရောက်သည့် နှစ်တွင်ပင် နိုင်ငံတော်က ထုပ်ပြန်လေ့ ရှိသော ဝန်ထမ်းကောင်း စာရင်းတွင်အဖေ့ နာ
မည်ပါလာတော့ သည်။ အမေက လုပ်သားသတင်းစာကို ကိုင်မြှောက်၍ ငကျော်ရေ..ဒီသတင်းစာကို သိမ်းထား
စမ်း..နင့် အဖေအတွက်အမှတ်တရ..ဟု ဂုဏ်ယူစွာပြောခဲ့ ပါသည်။

ထိုနှစ်က အဖေ ပရိုမိုးရှင်းလဲတက်ပါသည်။ ဒုညွှန်မှုး အက်တင်ဖြင့် အုပ်ချုပ်ရေးမှုး ခဏလုပ်ရပါတော့ သည်။
အဲဒိတုံးက အဖေ့ ကို အိမ်မှာဖုန်းတတ်ခွင့် တွေ၊ ရုံးကားသုံးခွင့် တွေပါပေးလာပါသည်။ ကျွန်တော်တို့ ကတော့ 
ပျော်လိုက်သည်ဖြစ်ခြင်းပေါ့ ဗျာ။

ဖုန်းကို အဖေကညင်းပယ်ခဲ့ သည်။အဖေ့ တစ်ရုံးလုံးအော..ချ ခဲ့ ရသည်၊အဖေ့ ကိုပါ။ ကားကိုတော့ သူယူလာခဲ့ 
သည်။ ဘတ်(စ)ကားတိုးစိးရတာပင်ပန်းလို့ ၊ခါးပိုက်နှိုက်ကြောက်ရလို့ တဲ့ ။ အဖေက တနေ့ တာလုပ်ရမည့် 
အလုပ်၊ တစ်လတာ လုပ်ရမည့် အလုပ် စသည်တို့ ကို ခုနစ်ဆယ့် ငါးကျပ်တန် အရွယ် ကပ်ထူစက္ကူပါးလေးများ
ဖြတ်ဖြတ်ထားပြီး၊ စက္ကူအိပ်ထဲထည့် ၍ ခါးကြားမှာထိုးသွားလေ့ ရှိတော့  အင်မတန်လည်လွန်းသည့် ခါးပိုက်
နှိုက်က အဖေ့ ရဲ့  အဲဒီခါးကြားကအထုပ်ကို အောင်မြင်စွာပဲ နှိုက်ယူသွားတာပေါ့ ဗျာ။ ကျွန်တော်တို့ မိသားစု
ပြန်ပြောတိုင်း ရယ်နေရတဲ့  အဖြစ်ကလေးတစ်ခုပါ။

ကားက အီးတူးသောင်ဇင်(မာဇဒါ)ပါ။ သူကိုယ်တိုင် ဆင်တဲက သွားထုပ်လာခဲ့ တာ။ အဖေက ကားကို ဂိုဒေါင်
မှာ မထား၊ရပ်ကွက်ထဲက ညသိပ် စုရပ်တွေမှာလဲ မထားပဲ ကျွန်တော်တို့ တိုက်ရှေ့ မှာထားပြီး ကျွန်တော့် ကို
ကားပေါ် ဆင်းအိပ်ခိုင်းပါတော့ တယ်။ ရုံးကားကို စိတ်မချလို့ တဲ့ ။

ကျွန်တော့် မှာ ခြင်ကလဲကိုက်၊တံခါးပိတ်တော့ လဲ အိုက်နဲ့  ပေါ့ ဗျာ၊ဖြစ်နေတာလေ။ ဖြစ်ခြင်တော့ ..ကားဂေါင်း
ထဲ လှဲအိပ်လိုက်တာနဲ့ ၊ကျွန်တော့ ရဲ့ ဘဝမှာ ပထမဆုံး ချစ်တတ်အောင် သင်ပေးခဲ့ သော ရည်းစားဦး လသာ
(၁)ကျောင်းသူလေး " ပိုပို " ရဲ့ အိပ်ခန်းက ကွက်တိပဲဖြစ်နေတော့ တာပါ။ သူတို့ ကနှစ်ထပ်လေ။ကျွန်တော်တို့ 
ကသုံးထပ်၊ရန်ကင်းဝန်ထမ်းအိမ်ရာတွေက လေးထပ်တိုက်တန်းလျားတွေပါ။
ချစ်သူရဲ့ အိပ်ခန်းလိုက်ကာလေးက တလွင့် လွင့် ၊မီးလေးကတဖွင့် ဖွင့် ၊ချောင်းလေးတွေကလည်း တဟန်ဟန့် 
ပေါ့ ဗျာ။
.............................................................................................................................................
( ငယ်ဘဝရေးရင်းနဲ့ အဖေ့ အကြောင်းတော်တော်ပါသွားပါတယ်၊အဖေတို့ အကြောင်းကို ရင်ထဲကလမင်း
ခေါင်းစဉ်နဲ့ ဆက်ရေးဘို့ ကြိုးစားပါအုံးမယ်၊ရင်ထဲကကြယ်ကလေးကတော့ ရေးတင်ခဲ့ ပြီမို့ လသာညတိုင်း
ကြယ်ကလေးကိုတွေ့ နေရတော့ မှာပါ။)
............................................................................................................................................
(ဆက်ရန်)

Wednesday, August 19, 2009

စပ်မိစပ်ရာ....

တိုင်ဖုန်းဝင်မွှေနေတဲ့ အချိန်နဲ့ တိုက်ဆိုင်စွာပဲ နယ်ဆင်းရတော့ မည့်  အရေးပေါ်လာပြန်သောကြောင့်  နယ်ဘက်
တွေမှာမွှေနေသည့်  တိုင်ဖုန်းက ကျွန်တော်တို့  နေထိုင်ရာ တိုင်ပေခရိုင်ထဲသို့  ရောက်မလာခဲ့ ပေမဲ့  ရောက်လာ
ခဲ့ သည့် နေရာက ကျွန်တော့် ရင်ထဲကိုပါ။
ကျွန်တော်တို့ ဆီမှ နာဂစ်မုန်တိုင်းကို မမှီပေမဲ့ မိသားစုတွေ၊ စည်းစိမ်ဥစ္စာတွေ၊ ကစင့် ကလျား ပျက်စီးဆုံးရှုံးရမှု
ကြောင့်  ရခဲ့ သည့် ကြေကွဲမှုတွေကတော့ ဆင်တူပါလိမ့် မည်။ သမတ မာရင်းကျို၏ သူ့ ပြည်သားများအပေါ်
သူ့ ရဲ့ ရင်နှစ်သည်းချာပမာ ကိုယ်တိုင်ပဲ ထဲထဲဝင်ဝင် ကြေကွဲခံစား၍ အစစ အရာရာ လိုအပ်သည်များကို လိုလေ
သေးမရှိ ပြုစုစောင့် ရှောက်ဖြည့် ဆည်းပေးနေသည်များကို သိမြင်နေရသည့် အတွက် ကျွန်တော် ကြည်နူးဝမ်း
သာနေမိသလို တဖက်ကလည်း ကြေကွဲ ဝမ်းနဲမိရသည်က အမှိုက်ပုံကြီးထဲတွင် နေထိုင်နေရသည်နှင့် တူသော
မြန်မာပြည်သူပြည်သားများ၊ မရေတွက်နိုင်အောင်ပင် သိန်းချီသည်အထိ ရေထဲတွင် ပေါ်လောမျော၍ ပျောက်
ကွယ်ဖိတ်စင်ရှာခဲ့ ကြရသော နာဂစ်ဒုက္ခသည် များ အတွက်လဲရင်နှင့် အမျှပါပဲ။

ကျွန်တော်တို့ သူငယ်ချင်းလေးယောက် မနက်အလုပ်အသွား ကားပေါ်တွင် ဘယ်တော့ မှ မရိုးနိုင်တော့ သော
မြန်မာပြည်က အမောများကို ဆွေးနွေးငြင်းခုံနေကြခြင်းဖြစ်ပါသည်။ ဒီနေ့  စကားဝိုင်းတွင်တော့ ကျွန်တော်တို့ 
ဘောစိ မပါတော့ ။ သူနယ်ကို ကြိုဆင်းသွားသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့် ကို ပထမအသုပ်တွင်ထည့် မခေါ်တော့ ပဲ ထားခဲ့ ရခြင်းမှာ တစ်လောကကျွန်တော့် ရဲ့ ကျော်မကောင်း
ကြားမကောင်းလောက်အောင်ကို ရေးတင်ခဲ့ မိသော နှလုံးသည်းပွတ်တို့  တစ်စစီကြွေသွားအောင်ကိုပင် တမြေ့ 
မြေ့ လွမ်းမောဖွယ်ကောင်းလွန်းသော၊ ကြိုးမိန့် ကျသွားသော လူတစ်ယောက်၏ ခံစားချက်မျိုးဖြင့်  ဖွဲ့ ဆိုခဲ့ မိ
သော မိုးလင်းသွားသော... တစ်ည စာစုလေးကြောင့် ဟု ကျွန်တော်ထင်ပါသည်။
သူကိုယ်တိုင်လည်း စိတ်မကောင်းခြင်းကြီးစွာဖြင့်  ကောမန့် (စ) ဝင်ရေးပေးခဲ့ ရှာသည်လေ။ ဒါပေမဲ့ လာမဲ့ ရက်
တွေမှာတော့ သွားရတော့ မှာမလွဲမသွေပါ။ လူဆိုတာ.. မဆုံးသေးသော အဆုံးတစ်ခုကို တရွေ့ ရွေ့ သွားနေရ
သည်မဟုတ်လားလို့ ..။

စောချမ်းက ပြောလာသည်။ အခုဖြစ်နေတဲ့  ဗမာပြည်ရဲ့ အချေအနေကဗျာ.. ရေနစ်နေတဲ့ ခလေးလေးတစ်
ယောက်ကို ကမ်းပေါ်က ညွန့် နေအောင်ကြည့် နေတဲ့  လူအုပ်ကြီးက ဆင်းကယ်ဘို့ မလုပ်ဖဲ၊သတိမရကြပဲ
ဝိုင်းအော်နေကြသလို ဖြစ်နေပြီဗျ..။ အခု ဗမာပြည်မှာ ဖဥထုပ်သုံးလုံး ( ဖ သုံးလုံး ) ခေတ်စားနေတယ်..။
အောက်ကလူကို ပြားနေအောင်ဖိထားတယ်ဗျာ၊ ခလယ်ကလူ ကိုယ်နဲ့ လယ်ပယ်လူဆို မရ ရအောင်နည်းမျိုး
စုံနဲ့ ဖယ်ပစ်တယ်ဗျာ၊ ဟော.... အထက်ကလူကိုများတော့  ဖားနေကြတယ်ဗျား...သောက်တလွဲကောင်းချက်။

ကိုပြောင်ကဝင်ပြောလာသည်။ ငါ.. တိုင်းမဂ္ဂဇင်း ထဲက ဘာသာပြန် ကာတွန်း တစ်ခုကို ဖတ်လိုက်ရတယ်ကွ၊
ရေလည် ရီနေရတယ်ဟေ့ ... ဟုပြောပြီး မောင်းနေရင်း ကျွန်တော့် ဘက်လှည့် လာ၍ ရှေ့ ကြည့် ပြီးပြောစမ်း
ပါဗျာ.....၊ ဟုသတိပေးရသည်။
သူက အေးပါ..ဟု ဆိုပြီး သူ့ စကားကို ဆက်သည်။ ထာဝရဘုရားသခင်ဆီကို..တဲ့ ၊ အမေရိကန်သမတဂျော့ 
ဂျော့ ဘု(ရှ)ရယ်၊ တရုတ်ပြည်က အဖိုးကြီး တစ်ယောက်ရယ်၊ ဗမာပြည်က အဖိုးကြီးတယောက်ရယ် သုံးယောက်
သွားပြီး ဂါရဝပြုရင်း မေးခွန်း တစ်ခု စီကို မေးကြတယ်တဲ့ ။
ဂျော့ ဘု(ရှ)က.. အမေရီကန်က ကမ္ဘာပေါ်မှာ အာဏာအကြီးဆုံး၊ အင်အားအကြီးဆုံး၊ ဘယ်တော့ မှဖြစ်မလဲလို့ 
မေးတော့  ဘုရားသခင်က ဘယ်တော့ မှ ဖြစ်လာနိုင်မယ်မဟုတ်ပါဘူး..လို့ ဖြေတယ်တဲ့ ..။
ဒုတိယ တရုတ်ပြည်က အဖိုးကြီးကတော့  သူတို့ နိုင်ငံသုံး ပိုက်ဆံ ယွမ်ငွေ ဘယ်တော့ ကမ္ဘာပေါ်မှာ ဈေးအကြီး
ဆုံး၊ တန်ဘိုးအရှိဆုံးဖြစ်ပြီးတော့  ကမ္ဘာကို လွှမ်းမိုးနိုင်မလဲ လို့  မေးပြန်တော့ .. မမျှော်လင့် ပါနဲ့ တော့ တဲ့ ..၊
ဘယ်တော့ မှလဲဖြစ်လာမှာ မဟုတ်တော့ ပါ လို့ ဖြေလိုက်တယ်တဲ့ ..။
အဲ..ဒို့  ဗမာပြည်အလှည့် ..၊ သူပြောနေစဉ်ပဲ မီးပွိုင့် က ဝါနေရာမှ ရုတ်တရက် နီသွား သဖြင့်  ကိုပြောင်လက်တွေ
ချေထောက်တွေ အလုပ်ရှုပ်သွားရတော့ သည်။ ကားအရှိန်ကို တော်တော်လေး ထိမ်းအုပ်လိုက်ရလို့ ပါ။
ကျွန်တော်က ကဲ.. ဆက်ပါအုံးမြန်မာပြည် ဆိုတော့ ..အေးပါကွ။ဆိုပြီးဆက်တော့ သည်။
မြန်မာပြည်က အဖိုးကြီးကလည်း အားကိုးတကြီး၊ မျှော်လင့် တကြီးနဲ့  ဘုရားသခင်နား တိုးကပ်သွားပြီး ရိုရိုသေ
လေးပဲ မေးရှာတယ်..တဲ့ ၊ ကျွန်တော်တို့  မြန်မာပြည်မှာလေ... ဘယ်တော့ များမှ၊ ရေတွေ..မီးတွေ.. ပြည့် စုံနိုင်
ပါတော့ မလဲ... လို့ လဲမေးရော.. ရှေ့ ကနှစ်ယောက်က သူ့ ကိုသနားစဖွယ်ပဲ ငေးကြည့် ကြတော့ တာပေါ့ ။
သူတို့ မေးခွန်းနဲ့ မတူလို့ လေ..။
ဒါဆို.. ဘုရားသခင်ကရော..လို့  ကျွန်တော် သူ့ ကို အလောတကြီးနဲ့ မေးလိုက်မိတယ်။ အဲဒီတော့  သူက....
ငိုတယ်တဲ့ ဗျား။ဘုရားသခင်က မြန်မာပြည်က မေးခွန်းကြောင့်  ဝမ်းနဲစိတ်မကောင်းစွာနဲ့ ပဲ ငိုပြီးပြန်ဖြေရှာတယ်။
မင်းရဲ့  ဒီတသက်မပြောနဲ့  နောက်တစ်သက် နောက်ဘယ်တော့ မှ မင်းတို့ ဗမာပြည် ရေမီးမပြည့် စုံနိုင်တော့ ဘူး
တဲ့ ဗျာ..။သူ့ ပုံပြင် ဆုံးသွားတော့  တစ်ကားလုံးရယ်ကြပေမဲ့  ကျွန်တော်ကတော့  ငိုရမလို၊ရယ်ရမလိုလိုပါပဲဗျာ။
မြန်မာပြည်အကြောင်းလဲ ဆုံးရော မီးပွိုင့် ကစိမ်းသွားတော့ သည်။

အာဖားကလည်း စကားဝိုင်းထဲ ဝင်လာပြန်သည်။
ကျွန်တော် ကျောင်းသားဘဝက ဝတ္ထုတစ်ပုဒ်ဖတ်ဖူးတယ်ဗျ..၊သိပ်တော့  မမှတ်မိဘူး၊ အတိုပဲပြောမယ်၊
သားအမိသားအဖသုံးယောက်ရှိတယ်ဗျာ..၊အဖေလုပ်သူက ရုံးဝန်ထမ်းတစ်ယောက်တဲ့ ၊
တနေ့ .. သူ့ သားလေး ငါးတန်းရောက်ချိန်မှာ အဖေလုပ်သူက သူ့ သား လက်ကလေးဆွဲသွားပြီး သူတို့ ငှားနေ
တဲ့  အိမ်နားက သွပ်မိုးပျဉ်ထောင် အိမ်ကလေးတစ်လုံးကို ပြပြီး သူ့ သားကို အားတက်သရော ဂတိလေးတစ်ခု
ပေးလိုက်တယ်တဲ့ ။ သား.. အဖေလေ.. သားတက္ကသိုလ်ကဘွဲ့ ရတဲ့  အချိန်လောက်ကျရင် အဲလိုအိမ်ကလေး
တစ်လုံးအဖေ ဝယ်နိုင်အောင် ကြိုးစားမယ်၊ပိုက်ဆံတွေ စုမယ်လို့ သူ့ သားကိုပြောခဲ့ တယ်ပေါ့ ။
တစ်နေ့ ...သားဖြစ်သူ အလုပ်ကအပြန်၊ အမေဖြစ်သူက သူ့ သားကို အသာလေးလက်ကုတ်ပြီး မီးဖိုဂျောင်ထဲ
ခေါ်သွားတယ်တဲ့ ။ သားက ဘာဖြစ်လို့ လဲလို့ မေးတော့ ... ဟဲ့ ..နင့် အဖေကို သတိမထားမိဘူးလား အခု
တလောလေ..၊လို့ ပြောပြီး အိမ်ရှေ့ ခန်းထဲက သူ့ အဖေကို မေးငေါ့ ပြတယ်တဲ့ ။
သားဖြစ်သူက သူ့ အဖေကို သေသေချာချာကြည့် မိတော့ မှ.. ဖွေးဖွေးဖြူနေတဲ့  ဆံပင်တွေနဲ့  လက်မနဲ့ လက်
သန်းလေးကို သားရေကွင်းလေးတစ်ပင်နဲ့ ချိတ်ဆွဲပြီး အိမ်ပုံစံလေး လုပ်ပြီး ကစားနေတဲ့  သူ့ အဖေကို ဝေဝါး
သွားတဲ့  မျက်ရည်ဥတွေကြားထဲက မြင်လိုက်ရတော့ တယ်တဲ့ ။

ဒီတစ်ခါလဲ မောသွားရပြန်သောကြောင့်  မင်းတို့ ကွာ..စောစောစီးစီး စိတ်ညစ်လာပြီ..။ရယ်စရာလေးများပြော
ဘို့  မစဉ်းစားကြဘူး၊ ငါပြောမယ်ကွ ရယ်စရာ..ဟု သူတို့ ကို အော်မိတော့ သည်။

ကျွန်တော်က ကြားဘူးတဲ့  ဟာသလေးကို ဇာတ်လမ်းဆင်ပြီးပြောတာပါ။

ကျွန်တော် နတ်မောက်စက်မှုကျောင်းသားဘဝက ဗိုလ်ချုပ်ကျေးရုပ်ရှိတဲ့  ကျောင်းရှေ့ က ကန်တော်ကြီးပန်းခြံ
ထဲမှာ အားလပ်ချိန်တိုင်း သွားထိုင်တတ်၊စာတွေဖတ်ဖတ်နေတတ်တယ်။ ကျောင်းသားတွေရှိသလို စုံတွဲတွေလဲ
များနေတတ်တယ်ပေါ့ ။
တနေ့ ကျွန်တော် တောင်ကုန်းတစ်ခုက ခုံတန်းလျားလေး တစ်ခုမှာ ခဏလှဲနေတုံး ရှေ့ နားကခြုံထဲက အတွဲ
တစ်တွဲစီ မျက်လုံးရောက်သွားမိတယ်။ ခြွဲနေလိုက်တာများဗျာ..။နားထောင်ကြည့် ပါအုံး..။
ကောင်မလေးက ပြောတယ်၊ အကို့ ... ဟင့် . လည်ပင်းက သိပ်ယားနေပြီ... လုပ်ပါအုံး..၊အဲဒီတော့ ကောင်လေး
က ကောင်မလေး လည်ပင်းကို ရှက်သွေးကြီး ဖြာနေတဲ့  အခွက်ကြီးနဲ့  နမ်းလိုက်တယ်ဗျာ၊
နောက်ခဏကြာတော့  ကောင်မလေးက တစ်ခါထပ်ပြီး အကိုး... များရဲ့  ဂုတ်လေးက ယားလာပြန်ပြီ..
ဒီတစ်ခါလဲ.. သကောင့် သား စပ်ဖြီးဖြီးနှင့်  နမ်းလိုက်ပြန်သည်။
နောက် လက်မောင်းလေး..တဲ့ ။ ငတ..လုပ်လိုက်ပြန်ပြီ၊ ရွှတ်ကနဲ..၊
ကျွန်တော်.. ထိုင်ရာက လှဲနေရာမှ ထ လိုက်မိသည်။ မြင်ပြင်းကပ်လာ၍..။
နောက်.. လုပ်လာပြန်တော့ သည်။ ညလေးရဲ့ ..လက်ဖျံလေး..၊ဒီတစ်ခါ ကျွန်တော် အထ....
ဘယ်အချိန်က ရောက်နေမှန်းမသိသော ကျောင်းစောင့်  အဖိုးကြီးက ကျွန်တော့် နောက်မှ ကျွန်တော့် ကိုကျော်
ပြီး ဟေ့ ဟေ့ .. ငါ့ မှာလဲ.. လိပ်ခေါင်းရှိနေတယ်ဟေ့ ၊ငါ့ လဲ..လုပ်ပေးပါအုံး... ဟု အော်လိုက်လေသတဲ့။

...................................................................................................................................................

( ပြီးပြါ့ပီ )

Saturday, August 15, 2009

မိုးလင်းသွားသော... တစ်ည

သည်နေ့ ညရဲ့  ဝိုင်းစက်ပြည့် ဝန်းနေသော ဖိုးလမင်းကြီးကို ကျားကိုက်ဟုခေါ်သော ကျွန်တော်နေနေသော
တိုက် အပေါ်အမိုးမျက်နှာကြက်ရှိ ထပ်ဖွဲ့ ထားသော အခန်းလေး၏ ဝရံတာလေးမှ ထွက်ကြည့် နေမိသည်။
တိမ်ခိုး၊တိမ်ရိပ်တို့ ကင်းစင်နေသောကြောင့်  ပြည့် ဝန်းလှသော လမင်းကြီးက ကြည့် နေရင်း ကျွန်တော့် ရင်ထဲ
တိုးဝင်လာနေသလို ခံစားရမိပါသည်။စိမ့် ပြီးအေးလာသလိုပါ။
အရှေ့ ဖက်တည့် တည့် ညိမ်ဆိပ် မဲမှောင်နေသော တောင်ကုန်းကြီးပေါ်မှ လေနုအေးတို့  တသွင်သွင်ထိုး
ဆိုက်ဆင်းလာပြီး ပြားပြားဝတ်နေသော အိမ်အမိုးတို့ ကို ပွတ်တိုက်ဖြတ်သန်း၍ ကျွန်တော်ရပ်နေသော ဝရံတာ
ထဲသို့  အတင်းတိုးဝင်နေကြသည်။
သံယောဇဉ်ကို အခြေခံပြီး ရင်ထဲကကြယ်ကလေး ခေါင်းစဉ်ဖြင့် ဇာတ်လမ်းတစ်ပုဒ် ရေးဖွဲ့ ဖို့ လုပ်ပြီးမှမရေး
ဖြစ်တော့ ပဲ ထိုကြယ်လေးကို အမေစုအတွက် ဂုဏ်ပြုရေးဖွဲ့ မိခဲ့ ပြီးနောက်ပိုင်း သည်ည၏လကြီးကို ငေးမိပြီး
ရင်ထဲကလမင်း ခေါင်းစဉ်ဖြင့်  နောက်တစ်ပုဒ်ရေးကြည့် ဘို့  စဉ်းစားနေမိပြန်ပါသည်။
စာတစ်ပုဒ်၊ဝတ္ထုတစ်ပုဒ်၊ကဗျာတစ်ပုဒ် ရေးဖွဲ့ ရခြင်းသည်.. ခလေးတစ်ယောက်ကိုမွေးဖွားရခြင်းနှင့် တူသည်
ဟူသော ငယ်စဉ်ကဖတ်ခဲ့ ရဘူးသည့်  စာရေးဆရာကြီးတစ်ယောက်၏ အဆိုအမိန့် ကို ပြန်သတိရနေမိပါသည်။
( ကိုယ်တိုင်က မီးမဖွားနိုင်သော ယောင်္ကျားတစ်ယောက်ဖြစ်နေပေမဲ့  ချဲ့ ပြီးတွေးကြည့် တာပေါ့ နော် )
မမွေးခင်ကတဲက ရင်သွေးအတွက်ရည်မှန်းပြီး စောင်ရန်ရှောင်ရန်တို့ ဖြင့် လှပသော၊ကျန်းမာသော၊ချစ်စရာ
ကောင်းသောရင်သွေးလေးတစ်ယောက်ဖြစ်လာဖို့  စောင့် ရှောက်ခဲ့ ရပြီး မီးဖွားနေစဉ် အချိန်တွင်းမှာလဲ ပင်ပန်း
ဆင်းရဲစွာပဲ ဖြစ်ညှစ်ကြိုးစားရုန်းကန်ခဲ့ ရပြန်ပါသည်။ မွေးဖွားပြီးပြန်တော့ လဲကိုယ့် ရင်သွေးလေးကို တစိမ့် စိမ့် 
ပြန်ကြည့် နေမိရင်း ပင်ပန်းမှုတွေ ပြေပြောက်၍ ပီတိတို့ အကြိမ်ကြိမ်ဖြစ်ပေါ်နေလေ့ ရှိသော မိခင်တစ်ယောက်၏
ခံစားရမှုနှင့် နိုင်းယှဉ်ရေးရဲခဲ့ သော ထိုစာရေးဆရာကြီးကိုလွန်အံ့ မထင်ဟု ကျွန်တော်ပြောချင်ပါသည်။
တခြားမကြည့် နဲ့ လေ။ ဟိုမရောက်ဒီမရောက် ကမျောက်ကချောက်ရှောက်ရေးနေတတ်သော ကျွန်တော်ပင်
လျင်တနေ့ ဝိုင်းကလေးအဖွဲ့ နှင့် ထမင်းစားနေရင်း ဝတ်ထားသည့်  စပို့ ရှပ်ကို ငုံ့ ကြည့် မိလိုက်တော့  ဘယ့် နှယ်
ငါ့ ဘယ်ဘက်ရင်ဘတ်က တံဆိပ်က ညာဘက်ကို ရောက်သွားပါလိမ့် ပေါ့ ...လက်စသပ်တော့  အင်္ကျီပြောင်းပြန်
ဝတ်ထားမိတာကိုးလို့ ။ပြောချင်တာ ဘာလုပ်လုပ်ဒီစိတ်၊ရေးချင်နေသည့် စိတ်ပါ..လို့ ။

ပက်လက်အနေအထားအတိုင်း အကြိမ်ကြိမ်လူးလှိမ့် နေရင်းက အိပ်ရာနှင့် ကြောတို့ ပူလာသောကြောင့် ကိုယ်
တစ်ခြမ်းစောင်းလိုက်ရင်း လုံးထွေးနေသော စောင်ထုပ်ကြီးကို စိတ်မရှည်စွာပဲ အတင်းခွလိုက်မိပြန်သည်။ ဒီတခါ
အိပ်မပျော်တာကတော့  ကိုညောင်ရန်း၏ လည်နေသောပန်ကာကို ပြောင်းပြန်ပြန်လည်သွားအောင်၊မျက်နှာကျက်
နှင့် မှန်တံခါးချပ်တို့  တစပ်စပ်ခါနေအောင်ကို စွမ်းစောင်နှိုင်သော ဟောက်သံကြီးကြောင့် ဟု ပြောလို့ မရတော့ ပါ။
ဘာကြောင့် ဆိုတော့ .. အမြဲတုန်ခါနေသော အင်၈ျင်စက်သံကြားမှ အိပ်တတ်သော သင်္ဘောသားများကဲ့ သို့ 
သူ့ ဟောက်သံကို ဟာမီုနီကျစွာ နားထောင်ရင်းအိပ်ပျော်နေတတ်သောကြောင့် ပါပဲ။ဒီနေ့ အိပ်၍မပျော်နိုင်သေး
သည်က ကျွန်တော် နယ်ကို၊( မြောင်လိ ) ဘက်ကို အလုပ်နှင့် ကာလအတော်ကြာ သွားရတော့ မဲ့ သတင်းကြောင့် 
ပါ။

ကျွန်တော်ဤတိုင်ဝမ်ကျွန်းကြီးပေါ်တွင် တွယ်တာနေခဲ့ မိသော ကျားကိုက်ပေါ်က အသိုက်အမြုံဝိုင်းကလေးတစ်ခု
ကိုအချိန်အတိုင်းအတာတစ်ခုအထိ ခွဲခဲ့ ၊ထားခဲ့ ရတော့ မယ်လေ..။ လောကမှာ ဘယ်အရာကိုမှ အစွဲအလန်းမထား
ကြေး လို့ ကြားမကောင်းအောင် အော်နေခဲ့ မိသောကျွန်တော် အခုတော့  မီးခဲဖင်ခုထိုင်နေ၇သလိုဖြစ်ပြီလေ။
လူဆိုတာ .. ကိုယ့် ရင်ကို ထိထိခိုက်ခိုက်ဖြစ်ခဲ့ တဲ့  အရာရာအားလုံးကို ဆုပ်ကိုင်မိ။တွယ်တာမိတတ်ကြတာပါပဲ။
အဲဒီလို အရောင်အသွေးမျိုးစုံသော သံယောဇဉ်တို့ နဲ့  တစ်ယောက်နဲ့ တစ်ယောက် ရစ်ပတ်နှောင်ဖွဲ့ ရင်း မပြီးဆုံး
နိုင်သော အဆုံးတစ်ခုကို တရွ့ ရွေ့ သွားနေရင်း က အချိန်တစ်ခုသို့ ရောက်တိုင်း တွယ်တာခဲ့ မိသောပတ်သက်ခဲ့ မိ
သောဝန်းကျင်တို့ ကို အကြိမ်ကြိမ်၊ စွန့် ခဲ့  ခွာခဲ့ ရတာတွေကလည်း သိပ်များနေခဲ့ ပြီဖြစ်သည်လေ။

ချာချာလည်လွန်းသောအတွေးတို့ ကြောင့်  ဘယ်လိုမှအိပ်ပျော်ခြင်းသို့ မရောက်နိုင်သေး၍ မိတ်ဆွေတစ်ယောက်
နှင့်  မကြာခဏဆွေးနွေးနေခဲ့ ဖြစ်သည့်  အသက်ရှုခြင်းလေ့ ကျင့် ခန်းလေးကိုသွားသတိရမိပြန်သည်။စိတ်ဖိအား
တွေ၊ဖိစီးမှုတွေ သိပ်များလာတဲ့ အခါတိုင်း အတွေးတွေအားလုံးကို ရပ်ပြစ်ပြီး၊ တစ်သက်လုံးကမှ သတိမပြုမိခဲ့ 
သော စက္ကန့် မပြတ်တန်းလုပ်နေခဲ့ မိသည့်  ရှုနေသောအသက်ကလေးကို သတိလေးကပ်ပြီး စောင့် ကြည့် သည့် 
လေ့ ကျင့် ခန်းလေးကိုပါ။
ရှုနေဆဲ၊ထုပ်နေဆဲမှာပဲ.. ခေါင်းတဝိုက်၊မျက်လုံးတဝိုက်၊ပုခုံးတဝိုက် အရိပ်တွေအစီစီပေါ်လာပြန်သည်။တနေကုန်
စွဲလာခဲ့ သည့် အစွဲလေးတွေလေ။ကြိုက်တာရော၊မကြိုက်တာရော၊လုပ်ချင်တာ မလုပ်ချင်တာတွေ အာရုံတွေအား
လုံးနဲ့  အရောင်ဆိုးလာခဲ့ မိလို့ အိမ်လဲရောက်ရော စိတ်တွေညောင်းပြီး စိတ်ထောင်းလို့ ကိုယ်ကြေဆိုသလို တစ်
ကိုယ်လုံးမလှုပ်ချင်တော့ တာတွေပါပြန်ပေါ်လာပြန်သည်။
အဲဒီ အာရုံတွေနောက်ပြန်ပါသွားနေတဲ့ စိတ်ကလေးကို အသာလေးပြန်ဆွဲလာရင်း မူလချဉ်တိုင်ဖြစ်တဲ့  နှာသီးလေး
ထိပ်ပေါ်ပြန်တင်ကြည့် လိုက်မိပြန်တော့  ခုနအတိုင်း ရှုနေတုံးပါပဲဗျာ။ တွေးနေတာ၊ကြားနေတာ၊လွမ်းနေတာ၊လေ
နေတာ၊ကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ရွရွမွမွလေးတွေ၊ရှိန်းတိန်းတိန်းနွေးတေးတေးဖြစ်ပေါ်ခံစားမှုလေးတွေဟာ နှာသီး
ဝမှာဖြစ်ပေါ်နေတဲ့  ရှုခြင်း၊ထုပ်ခြင်းနဲ့  တခြားစီ ဖြစ်ပေါ်နေတယ်ဆိုတာကို သိလာရတဲ့ ခဏမှာတော့  သက်သာ
သလိုရှိလာပေမဲ့  အိပ်ပျော်ခြင်း အထိတော့  မရောက်နိုင်သေးပါ။

ဆရာမ ပုလင်းဖင်နှင့်  ဆွေးနွေးဖူးသည့်  အကြောင်းအရာတစ်ခုဆီရောက်သွားပြန်ပါသည်။
လူဆိုတာ...အမြဲတန်းတစ်ယောက်ထဲပါ..။ ဆိုတာကို ။ မိသားစုအသိုင်းအဝိုင်းတွေ၊ စည်းစိမ်ဥစ္စာ အောင်မြင်ကျော်
ကြားမှုတွေ ဘယ်လောက်ပဲ ဝိုင်းရံရှိနေပါစေ။ တစ်နေ့  ကိုယ်ထားခဲ့ ရမှာပဲဆိုတာကိုပါ။နောက်ဆုံး ပြန်ထွက်ရတော့ 
မဲ့ အချိန်ရောက်တဲ့ အခါကျတော့  ကိုယ်ဆွဲခဲ့ မိလို့  လုံးဝမခွဲချင်ခဲ့ တဲ့ လောကကြီးထဲက မကျေမနပ်နဲ့ ရုန်းကန်
ထွက်သွားရတဲ့ အချိန်မှာ တစ်သက်လုံးရှာဖွေထူထောင်လာခဲ့ တဲ့  အောင်မြင်မှုတွေ၊ကျော်ကြားမှုတွေ အသိုင်းအဝိုင်း
တွေအားလုံးဟာ အဲ့ ဒီအချိန်ကျ ကိုယ်နဲ့ မဆိုင်ခဲ့ သလိုပါပဲလို့ ။ဝင်လာတုံးကလဲ.. တစ်ယောက်ထဲပဲမဟုတ်လားလို့ ။

နောက်ဆုံးအချိန်ရောက်လို့ ကျေကျေနပ်နပ်နဲ့  ထွက်သွားလို့ ရအောင် အခုကတဲက ရှာရင်း၊ဖွေရင်း၊လုပ်ရင်းကိုင်ရင်း
အချိန်လေးတစ်ချိန်နေ့ စဉ်သတ်မှတ်ပြီး ပုံမှန်လေ့ ကျင့် ထူထောင်သွားဖြစ်အောင်ရောက်နေတဲ့ အသက်နဲ့ လက်ကျန်
ကိုယ်နေနိုင်အုံးမဲ့  ဖြစ်နိုင်ခြေရှိမဲ့ နှစ်အပိုင်းအခြားကို ရက်နဲ့ ဖွဲ့ ပြီး မမေ့ စတန်းနှလုံးသွင်းနေဖို့ ပြောကြည့် တော့ 
ရင်မဆိုင်ရဲသေးပါတဲ့ ။ ဟုပ်ပါတယ်လေ။ သူများဆရာလုပ်နေတာ.. ကျွန်တော်ကရောတဲ့ ။ လုံးဝကို မတွေးချင်သေး
ပါ။

ဘယ်တော့  ငါအိပ်ပျော်ပါ့ မလဲ.. ဆိုတာကို စောင့် နေရင်းက ကျွန်တော်တို့  တိုက်အောက်တည့် တည့်  မနက်စာ
ရောင်းသည့်  (ကြောင်ချမ်း) ဆိုင်ကလေး ဆီမှ ဒယ်အိုးကို ဆီဝတ်နှင့် သုတ်နေသည့်  ဆီဂျီးညှော်နံ့ က ကျွန်တော်
တို့ အိပ်ခန်းတွင်းသို့  တိုးဝင်လာပါတော့ သည်။ နေ့ တစ်နေ့ ကို အစပြုကြအုံးတော့ မည်လေ။ကျွန်တော်ကတော့ 
အိပ်ပျော်ခြင်းကိုစောင့် နေရတုံး။ အိပ်ရာ တစ်ခုလုံးလဲ လှိမ့် စရာ၊လူးစရာ မကျန်တော့ ပါ။

သံယောဇဉ် တို့ ကို ဆစ်ပိုင်းဖြတ်တောက်သုံးဆွဲဖို့  အကြိမ်ကြိမ် ကြိုးစားနေရင်း၊ ထိုသံယောဇဉ်တွေနဲ့ ပဲ လိမ်းကြံ
နေရင်း၊အထိအခိုက်အရှအနာတို့ ဖြင့်  ပြည့် နှက်နေသော ကျွန်တော့  ပုံရိပ်များကို တဖြည်းဖြည်းချင်းမြင်ရောင်
လာနေတော့ တယ်ဗျာ။
သည်နေ့ ည တစ်ညကတော့ .. ဆေးပေါင်း ခ ခဲ့ သည့် ညမဟုတ်ပဲ၊ အတွေးပေါင်းစုံတို့ ခ ခဲ့ ရသည့် ည...
မိုးလင်းသွားသော...... ညတစ်ည.. ဖြစ်ခဲ့ ပါကြောင်းဖြင့် ... ။
.................................................................................................................................................
သည်တစ်ခါလဲ ကိုယ်ရေးချင်သည့် ပုံစံအတိုင်း ရေးခဲ့ မိပြန်ပါသည်။ စာဖတ်သူများကို အမောတကောဖြင့် လိုက်
ဖတ်ခိုင်းမိခဲ့ ပြန်ပါသည်။ အဲဒီအတွက်ကိုပဲ နှုတ်ဆက်ခဲ့ ရင်း တောင်းပန်ခဲ့ ပါသည်။ တောင်းပန်သည့် အထဲတွင်
စာကို အမြဲတန်းချောအောင်ရေးဘို့ ၊ ဆုံးမပေးနေသော ကိုမြစ်ကျိုး၊ စောစောအိပ်ရန် အမြဲတန်းအော်နေခဲ့ သော
ဂျစ်တူးလေး၊စာရိုက်ရာတွင် အခက်အခဲရှိတိုင်း ကူညီဖြေရှင်းပေးလေ့ ရှိသည့် ကိုမျိုးကြီး၊ဗိုလ်သံမဏိဟုတင်စား
ခေါ်ယူရလောက်အောင်ကို မာလွန်းသည့်  ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့် ဆရာမပုလင်းဖင်၊ကျွန်တော့် 
ပို့ (စ)လေးကို စိတ်မပျက်တန်းစိတ်ရှည်စွာဖြင့်  အားပေးဖတ်ရှု့ ခဲ့ ကြသော ဝါသနာရှင် ညီအကို၊မောင်နှမ များ
အားလုံးကို ပါ ခဏတာနှုတ်ဆက်ခဲ့ ပါသည်ခင်ဗျား...။
...............................................................................................................................................
( ပြီးပါပြီ )

Wednesday, August 12, 2009

ရင်ထဲကကြယ်တစ်ပွင့် 

ဟိုတစ်လောက ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းညီအကိုမောင်နှမများဖြစ်ကြသောကို မြစ်ကျိုးအင်း၊
ဂျစ်တူးလေး၊ကိုညောင်ရမ်း၊ကိုဖြိုးကြီးနှင့် ကျွန်တော်တို့ ၏ဆရာမ ပုလင်းဖင် တို့ တခြားသူငယ်ချင်းများပါစုပြီး
ပင်လယ်ဖက် ခရီးထွက်ဖြစ်ခဲ့ ပါသည်။
( ထိုမောင်နှမများက ကျွန်တော် အဖြူလေးဘဝဖြင့်  စာစရေးခါစ ပထမဆုံးတင်ခဲ့ ဘူးသော ဝိုင်းကလေး တွင်
ထည့် သွင်းရေးခဲ့ ဘူးပါသည်။ )
မှတ်မှတ်ရရ တစ်ခုသော စနေနေ့  အလုပ်ကအပြန်ကတိုက်ကရိုက်စီစဉ်ရ၍ ပင်လယ်ရောက်တော့  မှောင်စပြုပြီ။
ရထားဆိုက်ဆိုက်ခြင်း ဘန်ဂလိုကိုပြေး၊အထုပ်တွေချပြီးပြေးဆင်းလာကြပေမဲ့ တလမ်းလုံးစိတ်ကူးယာဉ်ခဲ့ မိကြ
သော ပင်လယ်ထဲ တရွေ့ ရွေ့ ထိုးဆိုက်ဆင်းနေသည့် နေလုံးနီနီကြီးကို မမှီတော့ ၊မမြင်ရတော့ ပါ။

အဖွဲ့ ကတော့ လုပ်ချင်ဖြစ်ချင်တာတွေကို စကားတွေပွက်လောရိုက်တွတ်ထိုးဆူညံနေအောင် လက်ပံပင်ဇရက်ကျ
နေသလို တစ်ယောက်နှင့် တစ်ယောက် အော်ဟစ်ညင်းခုံနေကြပေမဲ့  ကျွန်တော်ကတော့  သူတို့ နားမှအသာလေး
ခွာ၍ ရေစပ်သို့ လျှောက်ဆင်းသွားမိနေပါသည်။
မဲမှောင်နေသော မိုးကောင်းကင်ကြီးနှင့်  အုံ့ မှိုင်း၍ အဆုံးအစမရှိသော ပင်လည်ကြီးကို ဘွားကနဲ မြင်လိုက်ရကတဲ
က အချိန်ကာလအတော်ကြာအောင် အထပ်ထပ်မွန်းကြပ်အနည်ထိုင်နေသော ရင်တွင်းဖြစ်များကို ကျွန်တော့် ရှေ့ 
တူရှု့ ရှိ ပင်လည်ကြီးအဆုံးမိုးကုတ်စက်ဝိုင်းကြီးထဲသို့  အသံနှင့် အတူအော်ဟစ်ဖွင့် အန်ထုပ်လိုက်ခြင်လို့ ပါ။
ဘယ်လောက်ပဲအော်အော်.. ပင်လယ်သံတဝုန်းဝုန်း၊လေတိုးသံတဝေါဝေါတို့ ကြားထဲ တိုးမပေါက်နိုင်ပဲ ပျောက်
ကွယ်လွင့် စင်ကုန်တော့ သည်။

ရေစပ် သဲပြင်ပေါ်မှာ အသာလေးပက်လက်လှန်အိပ်လိုက်မိရင်ပဲ မျက်နှာချင်းဆိုင်မိသောမိုးကောင်းကင်ကြီးပေါ်မှာ
လေအဟုန်အတိုင်း တရိပ်ရိပ်ပြေးနေသည့်  မီးခိုးရောင်တိမ်ပါးပါးလေးတွေနောက်တွင်ရှိနေသည့် စပါယ်တွေကြဲ
ထားသည်နှင့် တူနေပြီး ဖွေးဖွေးလှုပ်လင်းလဲ့ နေသောကြယ်ပြင်ကြီးကို မြင်ရပါတော့ သည်။
ထိုကြယ်ပြင်ကြီးထဲမှာအလင်းဆုံး သောကြာကြယ်နှင့် တူသည့်  ကြယ်ကြီးတစ်လုံးကိုအထင်ရှားဆုံးမြင်ရပြန်သည်။
သဲမှုန်တို့ က လေအဟုန်အတိုင်း ကျွန်တော့်  နားရွက်တွေ၊ဆံစတွေ၊မျက်နှာတွေကို အရှိန်ဖြင့် ပွတ်တိုက်ကျော်လွှား
နေသောကြောင့်  စပ်ဖျင်းဖျင်းခံစားရမိနေသည်။ မျက်လုံးတို့ မှိတ်မိနေပေမဲ့  အလင်းလဲ့ ဆုံးကြယ်ကြီးကတော့ 
မျက်ဝန်းထဲအထိရောက်နေပါတော့ သည်။သံယောဇဉ်ကြယ်ပါလို့ ။ ကျွန်တော့ တစ်ကိုယ်လုံး အဲဒီသဲထဲနစ်ဝင်သွား
ရင်သိပ်ကောင်းမှာပဲဟု။

ကျွန်တော် ရေးနေရင်းက စိတ်ကူးယဉ်နေတာလေးကုန်သွား၍ ဖေးဘရိတ်ထဲရှိ Democratic voice of burma
သို့  မောက်(စ)လေးကိုတင်လိုက်မိသည်။ ဦးနှောက်ဆေးသည့် သဘော၊ခဏနားသည့် သဘောပါ။
အား..လားလား... သတင်းတစ်ပုဒ်ကိုဖတ်လိုက်မိပါသည်။ထိုသတင်းကိုဖတ်နေရင်း လက်တစ်ဖက်ကကော်ဖီ
တစ်ခွက်၊တစ်ဖက်က ဆရာမပုလင်းဖင်လှုဒါန်းထားသော အုန်းသီးပါမုန့် တစ်လုံးကို ပလုပ်ပလောင်း ဝါးမျိုနေမိ၏
ဝါးရင်းဝါးနေရင်းနှင့် ပင် ဝါး၍မရသေးသောရှည်မျောမျောအစတစ်စကို လျှာဖြင့် စမ်းသပ်ထိုးထုပ်လိုက်မိပါတော့ 
သည်။ မျက်မှန်ကြိုးစလေးပါ။ခါတိုင်းဂုတ်ပေါ်မှာချိတ်ထားတတ်ပေမဲ့  ဒီတစ်ခါတော့ ရေးချင်ဇောလေးရှေ့ ရောက်
နေလွန်း၍ မျက်မှန်ကြိုးတန်းလန်းချပြီးတတ်ထားမိခြင်းဖြစ်ပါသည်။
အလောတကြီးဖတ်လိုက်မိသည့် သတင်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်သည့် သတင်းပါ။
ကြားကြားခြင်းက ငါးနှစ်ပါ။ စဉ်းစားကြည့် ကြပါဗျာ...။ အနှစ်နှစ်ဆယ်လုံးလုံးအိမ်ထဲမှာပဲ အကျယ်ချုပ်နေခဲ့ ရတာ။
အမှုအသစ်လေးဖြစ်လို့ အပြင်ထွက်ရပြီး လေကလေးရှုဖို့ ရှိသေး။ နောက်ထပ်၊နောက်ထပ်တဲ့ ..။
ကျွန်တော်လဲ ဖတ်ရင်းနဲ့ တင်းလာလို့  အမကီဆီ လှန်းရေးဖြစ်တော့ တယ်။ဒီအကြောင်းကို။ သတင်းတွေကမရပ်
သေးဘူး။ဆက်ခါ၊ဆက်ခါပါပဲ။နောက်သုံးနှစ်၊ နောက်တနှစ်ခွဲတဲ့ ။နောက်ဆုံးပျားရည်နဲ့ ဝမ်းချလိုက်တာက ဗိုလ်ချုပ်
သမီးမို့ ပါတဲ့ ။ အခုမှ ဗိုလ်ချုပ်ကိုထည့် ပြောရကောင်းမှန်းသိတော့ တယ်လို့ ။

ကျွန်တော်ကျောင်းသားဘဝက ရှစ်လေးလုံးအရေးအခင်းကိုကောင်းကောင်းမှီခဲ့ ပါတယ်။နေတာက ရန်ကင်းဆို
တော့  သမိုင်းဝင်လာတော့ မဲ့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ က အနီးလေးပါ။မှတ်မိသေးတယ်ဗျာ။ ရန်ကင်းလမ်းမကြီး
တလျှောက် အ.ထ.က(၁)ကျောင်းဖက်က တရွ့ ရွေ့ ချီတက်လာနေတဲ့ လူထုကြီးကို ငေးကြည့် နေတုံးမှာပဲ အဲဒီလူ
ထုစစ်ကြောင်းထဲမှာ ဟိုင်းလတ်ကားတစ်စီးပါလာတယ်။ ကျွန်တော့ အရွယ်ကျောင်းသူကျောင်းသားတွေပါဗျာ။
နေကလဲချစ်ချစ်တောက်ပူလို့ ။ကျောင်းသားခြင်းဆိုတော့  အနားကပ်သွားမိတယ်။ကားအမိုး ဝက်ခြံထဲမှာဗျာ....
ရင်ဘတ်ပွင့် နေတဲ့  ကျောင်းသားတစ်ယောက် ကျောင်းသူကျောင်းသားတွေ ပွေ့ လာတာလေ။ သူတို့ လဲ
သွေးတွေ ပေနေတယ်။ ကျွန်တော့် မျက်စေ့ ထဲမှုန်ဝါးသွားတယ်။ ရပ်ကြည့် နေတဲ့ ပရိတ်သတ်ကြီးထဲကလည်း
အသံမျိုးစုံအော်ဟစ်နေတုံး ကျွန်တော်ကားပေါ်ဗြုန်းကနဲခုန်တက်လိုက်မိတော့ တယ်။ သူငယ်ချင်းအတော်များများ
ကျွန်တော်နဲ့ ပါလာတယ်။ ရပ်ကွက်ထဲကလည်းအများကြီးပဲဗျာ..ထွက်လိုက်လာကြတာ။လမ်းကြောင်းက အမေစုရှိ
နေတဲ့  တက္ကသိုလ်ရိပ်သာလမ်းဆီကိုလေ။ကျွန်တော်တို့ ဆီမှာ လက်ဗလာနဲ့ ရင်ထဲကဆန္ဒလေးတွေပဲပါတယ်လေ။
ကားခေါင်မိုးထိပ်မှာသမဂ္ဂအလံ တလူလူလွှင့် ကိုင်လာတာ ဦးပဇင်းဖိုးတုတ်ပါ။( ငယ်ဘဝထဲမှာရေးဘူးတယ်)

တက္ကသိုလ်ရိပ်သာလမ်းထဲရောက်တော့  အမေစုကအိမ်ရှေ့ ကစတိတ်စဉ်ပေါ်မှာ၊သူတွင်တွင်ပြောနေတာကတော့ 
စည်းကမ်းရှိကြဖို့ ၊အကြမ်းမဖက်ကြဖို့ ၊ညီညွတ်ကြဖို့ တွေပါ။လုံထိမ်းနဲ့ တပ်တွေကတော့  လူထုကြီးရဲ့ ဟိုးနောက်
တွေမှာ ပတ်ချာလည်ဝိုင်းထားပြီးပြီ။ အဲဒီနေ့ က ပွဲထိန်းခဲ့ တာ အမေစုပါ။ ငြိမ်းချမ်းစွာဆန္ဒပြကြပါတဲ့ ။စည်းကမ်း
ရှိပြီး ညီညွတ်ကြရင်အရာရာကိုအောင်မြင်ပါလိမ့် မယ်တဲ့ ၊ အဲဒီနေ့ ကထပ်မံပစ်ခတ်မှုမဖြစ်ခဲ့ ပါ။ ကျွန်တော်တို့ 
ကိုလည်းမပစ်ပါ။ အမေစုကိုလည်းမပစ်ခဲ့ ပါ။

အဲဒီလို လူထုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်ဖြစ်အောင် ဦးဆောင်လမ်းပြခဲ့ တဲ့ အမေစု
ကျွန်တော်တို့ ကတော့  အနှစ်နှစ်ဆယ်လုံးလုံးအပြင်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနေထိုင်ခွင့် ရနေခဲ့ ပေမဲ့ 
သူကတော့ အနှစ်နှစ်ဆယ်လုံးလုံး ဘဝတစ်ခုရဲ့ တန်ဘိုးရှိလွန်းသော နောင်ဘယ်တော့ မှမရနိုင်တော့ တဲ့ သူ့ 
ဘဝရဲ့ အချိန်တွေ သူထူထောင်ထားခဲ့ တဲ့  သူချစ်ခဲ့ တဲ့ သူ့ မိသားစုကိုပါပစ်ပြီးတော့ လူထုအတွက်၊သူ့ အဖေချစ်
ခဲ့ တဲ့ မြန်မာပြည်အတွက် အမှန်တရားတစ်ခုအတွက် အရိုးကြေကြေအရေခန်းခန်းပေးဆပ်နေလျက်ပါလို့ ။
ယုံကြည်ချက်တစ်ခုအတွက်နဲ့  စွန့် လွှတ်စွန့် စားနေတဲ့ မြင့် မြတ်နှလုံးသားပိုင်ရှင်ပါ။

ကျွန်တော်ထင်တယ်လေ..။ အမေစုက ကျွန်တော်တို့ မြန်မာတပြည်ထဲမဟုတ်၊တစ်ကမ္ဘာလုံးကကို စံထားရမဲ့ 
ဒီမိုကရေစီရဲ့ ပြရုပ်တစ်ခုပါလို့ ။ ကျန်နေသေးသော ဆွမ်းလောင်းအသင်းသာသာ သာရှိတော့ သော အန်လယ်ဒီ
အဖွဲ့ ဝင်တွေ၊ ထောင်တွေထဲကို တန်းစီဝင်နေတဲ့  နိုင်ငံရေးသမားတွေ အားလုံးကို ပထမတုံးက ကျွန်တော်ရေး
တော့ မဲ့  စိတ်ကူးယဉ်ဇာတ်လမ်းလေးထဲက ကြယ်တွေနဲ့ နိုင်းပြီးဂုဏ်ပြုချင်လာပါတယ်။

ကြယ်ဆိုတာက ဟိုး...အမြင့် မှာပဲစံကြတာလေ။ အမေစုကို ကျွန်တော့် ရင်ထဲက အလင်းဆုံးကြယ်အဖြစ်၊ ကျန်
တဲ့ အမေစုရဲ့  အာဇာနီ ရောင်းရင်းတွေအားလုံးကို အရံကြယ်လေးတွေအဖြစ် ကောင်းကင်မှာပဲဘယ်တော့ မှ
မကြွေတော့ စတန်း စံထားကိုးကွယ် ဂုဏ်ပြုနေချင်တော့ တယ်ဗျာ..။ ဝါသနာရှင်များရော... ဘယ်လိုပါလဲလို့ ။


( ရေးချင်ခဲ့ တာက သံယောဇဉ် အခြေခံ ဇာတ်လမ်း၊ရေးဖြစ်ခဲ့ တာက အမေစု အတွက် ရင်ထဲက လှိုက်လှိုက်
လှဲလှဲဂုဏ်ပြုလိုက်မိတဲ့  ဆောင်းပါးဆန်ဆန်စာစုလေးပါ။ )
...............................................................................................................................................
(ပြီးပါပြီ)

Sunday, August 2, 2009

အမောဘယ်လိုဖြေရမယ်(စတုထ္ထပိုင်း)

ဒီနေ့ တော့ မှိန်းလို့ ကောင်းလာသည်ဟုထင်သည်။ဘောစိမောင်းလာ၍ဖြစ်သည်။
ကျွန်တော့် သူဌေးပြန်ရောက်လာပြီလေ။ကျွန်တော်တို့  ရှိနေသော တိုင်ဝမ်ကျွန်းနိုင်ငံကြီးက ရှထရန်းဟုခေါ်သော
နွေရာသီရောက်နေပြီး ခြောက်လပိုင်းမှ ကိုးလပိုင်းအထိ ရှည်လျားတတ်ပါသည်။ လေပြင်းတို့ သည် ရံဖန်ရံခါအရပ်
မျက်နှာမဲ့ ဆီမှ ရုတ်ခြင်း ထိုးဝင်လာသကဲ့ သို့  တစ်ခါတရံ သူမဟုတ်လိုက်သလို ရုတ်တရက် ညိမ်ဝတ်ပျောက်ကွယ်
သွားပြန်ပါသည်။ ကောင်းကင်တစ်ခုလုံး ပြာလဲ့ တောက်ပလွန်းနေပြီး နက်ပြာရောင်တောင်ထွတ်တို့ ထိပ်တွင်
တိမ်ခိုးတိမ်ငွေ့ တို့ က ဝါဂွမ်းလိပ်များဖြင့်  ဖြန့် ကြက်လွှမ်းခြုံထားသလို အဖွေးလိုက်၊အထွေးလိုက်နှင့် ...
ကြည့် လို့ တော့  တစ်မျိုးကောင်းနေသလိုပါ။
ကျွန်တော်တို့ ကား၏ မျက်နှာချင်းဆိုင် ရှေ့ တူရှု့ ဆီမှ ကားအောက်ပိုင်းထဲ ကို့ မျှားများကဲ့ သို့ လေအဟုန်အတိုင်း
တစွတ်စွတ်တိုးဝင်ပျောက်ကွယ်နေကြသည့် လမ်းလမ်မျဉ်းဖြူတုံးလေးများကို ငေးကြည့် နေမိယင်းက ဘောစိပြော
ပြနေသည့်  လတ်ဆတ်သော မြန်မာပြန် အတွေ့ အကြုံများကို နားထောင်နေမိပါသည်။


" ငါ တွံတေးဖက်ကို ငါးမွေးကန်လေးလုပ်မလားလို့  သွားကြည့် တယ်လေ၊မိုးလေးဖွဲဖွဲကျနေလို့  ပဲ့ ထောင်ကိုကမ်း
နားအတိုင်းကပ်မောင်းခိုင်းလာတော့  ရှေ့ နားမှာလှေလေးတစ်စီးကို ခပ်လှုပ်လှုပ်တွေ့ ရလို့ လှန်းကြည့် မိတော့ 
အဆောင်းမပါ၊ထီးမပါကျောင်းစိမ်းလေးတွေနဲ့ ကျောင်းသားသုံးယောက်ကိုတွေ့ ရတယ်၊ အကိုနဲ့ မောင်ကဦးနဲ့ ပဲ့ 
မှာထိုင်လှော်နေတယ်၊ညီမလေးက စိမ့် ဝင်နေတဲ့ လှေဝမ်းထဲက ရေတွေကို အတင်းခပ်ထုပ်နေတယ်ကွာ၊ ငါလဲ
ဒို့ ပဲ့ ထောင်ကြောင့်  သူတို့ လှေလေးလူးသွားမှာစိုးလို့  အရှိန်ကိုလျှော့ ခိုင်းလိုက်ရတယ်။ သူတို့ ကျောင်းက ကမ်း
နား တင်ဆိုတော့ မြစ်ရေတက်လာရင် ကျောင်းအောက် ရေဝင်အုံးမှာ၊" နေရာနှစ်ခု၏ အပြောင်းအလဲနှစ်ခုခြားနား
ခြင်းကို ကျွန်တော့် ဘောစိ ရုတ်တရက်မြင်လိုက်ရပြီဟု ကျွန်တော်တွေးမိသည်။ သူကပင်ဆက်၍ " ကန်ထဲရောက်
တော့ အရင်းကနှစ်ထောင်လောက်ပဲရှိပါတယ်တဲ့ ၊ အဲဒါနဲ့ အရက်ချက်စက်ရုံ လေးလုပ်မလားလို့  ကျောင်းကုန်း
ကသူငယ်ချင်းတွေဆီလှည့် ဖြစ်တယ် ထွက်တဲ့  ပီပါအရေအတွက်အလိုက် နှစ်ထောင်ကနေ၊လေးထောင်လောက်
ပါပဲတဲ့ ၊ ငါ့ ကို နိုင်ငံခြားပြန်ဆိုပြီး အထင်လွှတ်ကြီးနေတာလေ၊ပွဲစားတွေ.. လူကြည့် တော့ နှစ်ပြားမတန်၊သိန်း
ထောင်ဂဏန်းတွေကို ပေါ့ ပေါ့ လေးပြောနေလိုက်ကြတာ..၊ဒီလုပ်ငန်းတွေပဲ စူလွယ်နပ်လွယ် ငွေပေါ်ငွေရမှာလေ
ကျန်တာတွေက ကြွက်တွင်းတွေလိုပဲ ရေထည့် မလောက်၊ရှိသလောက်ထည့် ၊ထည့် သလောက်မြုပ်တွေကွ၊ပြော
ချင်တာက မဟုတ်တာ၊မမှန်တာ၊မကောင်းမှုတွေလုပ်မှ အဆင်ပြေတာကိုပြောတာ၊ ဒါနဲ့ ငါငွေမမှီလို့ ငါစီးလာတဲ့ 
ကား မင်းဘယ်လောက်ပေးမလဲလို့ .. မေးတော့ ၊ ဂန်းမသား နှစ်ကျပ်ပဲရမယ်တဲ့ ၊ နှစ်ရာလေကွာ၊သိန်းနှစ်ရာပါ။ "

" တနေ့ .. ဆိုက္ကားစီးဖြစ်သေးတယ်၊ ကျေးဇူးရှင်.. ဝတ်ထားတော့  ကျောကွဲအကျီင်္၊ စီးထားတာက ခုံဖိနပ်အပြတ်
ပြောနေလိုက်တာက ငါတောင်မစဉ်းစားမိတဲ့  လုပ်ငန်းပေါင်းစုံ၊ သိန်းရာဂဏန်းအောက် မဆင်းတော့ ဘူး၊ငါတောင်
သူ့ ကိုလေးစားလာပြီး၊ သူ့ ကိုပြန်တင်နင်းပေးချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတယ် ငကျော်ရေ့ .... ၊"
ရန်ကုန်တစ်မြို့ လုံး ကိန်းဂဏန်းများဖြင့်  ပိပြားနေပြီဟု ကျွန်တော် တွေးမိသည်။ ကိန်းဂဏန်းများကို ကွမ်းဖြင့် 
ပလုပ်ပလောင်းဝါးပြီး မျိုချလိုက် ထွေးထုပ်လိုက် လုပ်နေမည့်  ဆိုက္ကားဆရာ၏ ပုံရိပ် များကိုလည်း မြင်ရောင်
လာမိနေပြန်သည်။
" နေပူထဲမှာကွာ.. ဘတ်(စ)ကားတွေ၊ကွဲထွက်သွားအောင်၊ပွင့် ထွက်သွားအောင် ကုတ်ကပ်တိုးတွယ်ပြီး စီးနေရသူ
တွေ၊ ပလက်ဖောင်းတွေပေါ်မှာ လျှောက်နေသူတွေ၊ ဈေးတွေ၊ရုံးတွေ.. အို..နေရာတိုင်းကလူတွေကို မြင်ရ၊ကြည့် ရ
တာသူတို့ မျက်လုံးတွေအသက်မပါသလိုသလိုပါပဲ၊ မလန်းဘူးဆိုပါတော့ " ကျွန်တော့် သူဌေးတော့  ဒီနိုင်ငံရှုခင်း
တွေနှင့် ယှဉ်နေပြီဟု တွေးမိပြန်သည်။ " ပြီးတော့  ဘယ်နေရာရောက်ရောက် ကြားနေရတာက ငါကတော့  ဘယ်
ဂွင်မှာဘယ်လို ရိတ်ပစ်လိုက်တာ၊ဟိုကောင်တွေကတော့  ဟိုဂွင်တွေမှာ ဘာကောင်ကြီးနဲ့ ပေါင်းပြီး ဘယ်လို
ဝိုက်ပစ်လိုက်တာ.. ဒါတွေပဲကြားကြားနေရတယ်ကွ၊" အင်းဒါကတော့ ..ဂွင် ပေါ်နေတာ ဆယ်စုနှစ်ဘယ်နှစ်စုရှိပြီပဲ
ဒီဘက်ခေတ်ရောက်မှ လူကြားထဲချသုံး တဲ့ ယဉ်ကျေးမှုဖြစ်နေတာပါဟု ကျွန်တော် စဉ်းစားမိပါသည်။

ဘောစိ စကားစတို့  ပြတ်သွားရင်း ကားကိုအရှိန်လျှော့ ချလိုက်သည်။အဝေးပြေးလမ်းမကြီးမှ မြို့ ထဲဆင်းတော့ 
မည့်  လမ်းခွဲသို့ ရောက်လာ၍ ဆင်းမည့် ကားတွေအားလုံးတန်းစီလာသောကြောင့်  ဖြစ်သည်။

ကားတန်းစောင့် ရင်း သူစကားဆက်ပြန်သည်။ " ငါတို့ တောင်မြောက်လမ်းဆုံနားမှာကွာ၊ အရင်တုံးက စားသောက်
ဆိုင်ကလေးတွေရှိပါတယ်၊ ကာရာအိုကေလေးချောက်တိချောက်ချက်နဲ့ ပေါ့ ၊ အခုမရှိတော့ ဘူး " " ဘာဖြစ်လို့ လဲ "
" အစကတော့  မသိပါဘူး၊ နောက်မှ သိသွားရတာက အဖိုးကြီးရဲ့ သားမက်ဆိုလား အဲဒီအကွက်ကြီးမှာပဲ သုံးထပ်
တိုက်ကြီးဆောက်ပြီး စားသောက်ဆိုင် အကြီးကြီး ဖွင့် လိုက်တာ၊ တစ်ရပ်ကွက်လုံးမှောင်ပြီး အဲဒီနေရာပဲ နေ့ တိုင်း
လင်းထိန်နေတော့ တာ၊ မီးစက်မဟုတ်ဘူးနော..၊ အီး.ပီ.စီ . ဒါရိုက်ချိတ်ထားတာကိုပြောတာ၊ကျေးဇူးတော့ တင်
ပါတယ် သူတို့ ကို၊ ငါည ည ပြန်တိုင်း လမ်းပေါ် ဂျိုင့် တွေ ရှောင်လို့ ရသွားလို့ ပါ၊စိတ်မကောင်းတာက..."
သူ စကားရပ်သွား၍ ကျွန်တော်ထောက်ပေးရသည်။ " ဘာဖြစ်လို့ လဲ အကို " " အိမ်ကို ဆွမ်းခံကြွ နေတဲ့ ဘုန်းဘုန်း
ကို ပဌာန်းပွဲတွေ ဒီနှစ် မလုပ်ဖြစ်တော့ ဘူးလား လို့ လျှောက်တော့  မလုပ်ဖြစ်ဘူးဒကာရေ၊ လျှောက်လွှာတင်ရမယ်
စီစစ်ရအုံးမယ်တဲ့ ။ ဒါဆို ဟိုဆိုင်ကြီးက ညတိုင်း မိုးလင်းပေါက် အော်ဟစ်ဆူညံနေတာကြတော့ ရောဘုန်းဘုန်းရာ
လို့ မေးတော့ ... ရှုးတိုးတိုးအိမ်ထဲမှာပဲ ပြောကြတာပေါ့ ဒကာရာ၊ အပြင်မှာ မပြောကြနဲ့ တဲ့ ၊"
ဘောစိ ကားရှင်းသွားတော့  လီဗာကို အတင်းဆောင့် နင်း၍ ထွက်လိုက်တော့ သည်။

" ဒါဆိုယင် ဒီတခေါက်လည်း အကိုအားလုံးကို အလေးပြုခဲ့ ရပြန်ပြီပေါ့ နော် " ဟု ကျွန်တော် သူ့ ကိုလှန်းပြောရာ
"အေးပေါ့ .. ငကျော်ရာ၊ ဟိုမှာရှိတဲ့ ကောင်တွေက ဒို့ တွေထက်အမြဲရှေ့ ကိုရောက်ရောက်နေတာကိုပြောချင်တာ "
"မဟုတ်ဘူး.. အကို၊ ဟိုကငွေ ပွနေတဲ့ နူန်းက ဒီမှာ ကျွန်တော်တို့  ပြူးပြဲရှာနေရတဲ့ ဝင်ငွေထက် အမြဲတန်းပိုမြင့်
နေတာပါ " သူစကားစတို့ ခဏတိတ်သွားသည်။ " ပြီးတော့ .. ဘယ်နေရာမှာစားစား သုံးလေးယောက်လောက်
စားလိုက်ယင်ပဲ သောင်းဂဏန်းလောက် ရှင်းနေရပြီ၊ ငွေစက္ကူတွေကလဲ ညစ်ပတ်နံစော်နေတာပဲ။ အစိုပြန်ပြီး
လက်ထဲတင်စုပ်သွားမှာစိုးနေ၇တယ်ကွာ။အစွန်းထွက် ရှင်းစရာ၊ အမ်းစရာ အကြွေမရှိဘူးနော်.. ရတယ်
လာမယ်လေ၊ သကြားလုံးလေးတွေ " ကျွန်တော် အသက်ရှုကြပ်လာသလိုဖြစ်လာ၍ ဘေးမှန်ကို ချလိုက်ရသည်။

" ငါ.. တနေကုန် မောလွန်းအားကြီးလို့ ပါးစပ်ကြီးဟပြီး အိမ်ပြန်ရောက်လာတော့ ... " " မောဟပေါ့ နော် " ဟု
နောက်ရာ၊ " နေစမ်းပါကွာ.. ဆုံးအောင်နားထောင်စမ်းပါ။ ပေါင်ပေါင်းလေးကွာ.. ပြေးထွက်လာတယ် " ကျွန်တော်
တို့ ရဲ့ ခြေကြိုခြေကြားမှာကြီးလာသည့်  ဘောစိ၏ အသည်းကျော် သမီးလေးဖြစ်သည်။ ခြေကြိုခြေကြားဟု
ဘာကြောင့် ပြောရသနည်းဆိုတော့  ကားတစ်စီးနှင့် ကျွန်တော်တို့ သွားလေရာ ရှောက်ပါတတ်ပြီး သူ့ အဖေလိုပင်
ကြုံသလိုစား၍ ကြုံသလိုပဲအိပ်တတ်လွန်းသော ဘိုလ်မလေးနှင့် တူပြီးကျားကျားယားယားနေတတ်သည့် ခလေး
မလေးဖြစ်သောကြောင့် ပါ။

" ပါ..ပါး..ရေ၊ပါ..ပါး... သမီးတို့ ကျောင်းမှာလေ ဒီနေ့ ကန်တော့ တာသင်ရတယ်သိလား " အင်း..မြန်မာဆန်ပြီဆို
တော့  ဝမ်းသာစရာပဲပေါ့ .. ဆိုပြီးသူမောနေတာလေး ခဏစောင့် ပြီး ဆက်နားထောင်မိတော့  " လူကြီးတွေလာ
ရင် လက်အုပ်ချီပြီး ဒီလို..ဒီလို ကန်တော့ ရတယ် သိလား " တဲ့ ကွာ..။ ဒီတစ်ခါ အလေးပြုလိုက်ရသူက ကျွန်တော်
ပါပဲဗျာ။ကျွန်တော်တို့ ခလေးများကို လူကြီးမိဘများကိုတောင် အချိုးကျကျကန်တော့ တတ်ဖို့  တော်တော်သင်ယူရ
မှာမဟုတ်လားဗျာ။ ဒီမှာတုံးကတော့  သွက်လက်ချက်ချာတီတီတာတာနှင့်  ပလာဇာတွေပေါ်က ဘယ်တော့ မှ
မဆင်းတတ်သော ခလေးတောင် ဟိုရောက်သွားတော့  အချိုးကျနေပါရောလားလို့ ။
အင်း... ကျွန်တော်တို့ မွေးချင်းတွေ၊မိသားစုတွေ ( မကီ ) တစ်ခါရေးခဲ့ ဘူးတဲ့  ကြယ်လေးတွေလေ.. အခုတော့ 
ယူနီဖောင်းကာလာဖြစ်နေပါပေါ့ လားလို့ ၊ ( ဖြစ်မှာပေါ့ လေ မွေးရပ်မြေက ယူနီဖောင်းစနစ်နဲ့ သွားနေရတာကိုးလို့ )

အိမ်ရှေ့ နားရောက်တော့  ဘောစိက ကားကိုအဆင်ပြေသည့် နေရာတွင် ရပ်ပေးလိုက်၍ ကျွန်တော်လည်း သူ့ ကို
နှုတ်ဆက်ပြီး ဆင်းလိုက်သည်။ တနေ့ တာမောလာသော အမောတို့ ကို လေပူနှင့် ရော၍မှုတ်ထုပ်လိုက်ပြီး လေး
လံသော ခြေလှမ်းများဖြင့်  အိမ်ဖက်လျှောက်လာရင်း စဉ်းစားမိသည်က... ဘောစိတို့ တောင် ဒီလောက်စဉ်းစား
နေရရင်.. ငါတို့ တော့  ရွှေပြည်တော် ဘယ်လိုမျှော်ရမလဲဟူ၍၊ရွှေပြည်တော်ကို လှမ်းမမျှော်မိအောင်ပဲကြိုးစားရပါ
တော့ မည်လို့ ၊ ဘာ့ ကြောင့် ဆိုတော့  ရွှေပြည်တော်က မျှော်တိုင်း ဝေး..ဝေး၍ သွားနေလို့ ပါပဲခင်ဗျား.... ။

........................................................................................................................................................

( ဒီတစ်ခါတော့  အမောတို့ ကိုအဆုံးသတ်တော့ မည်ဟု စဉ်းစားမိပါသည်။ စာဖတ်သူတို့ ကိုလည်း အားမနာစွာ
ကိုယ်မောသလို မောအောင် လုပ်ခဲ့ မိပြန်သည်၊ ထို့ ကြောင့်  နောက်ရေးလျှင် အမောဖြေဘို့ နည်းလေးရှာပြီး
ကြိုးစားရေးပါမည့် အကြောင်း ... လာဖတ်နေသူများကိုကျေးဇူးတင်စွာနဲ့ ပဲတောင်းပန်လိုက်ပါသည်ခင်ဗျား )