Monday, February 22, 2010

ကြယ်ကလေး

့သည် နှစ်ဦးမှာ အသစ်အထူး အဖြစ် အချစ်ဦး ..ဘာညာ..အရူး စသည် ဖြင့်  ခပ်ကြောင်ကြောင် တစ်ပုဒ်ကို
အရူးအမူး တင်ဖြစ်လိုက်ပြီးနောက် အပြင်ထွက် ခြေဆန့် ရန် ဝရန်တာလေးဘက် ထွက်ကြည့် မိတော့ 
မိုးစက်တို့ ကျတာ မရပ်သေးတာကို အရင်တွေ့  ရပါတော့ သည်။

သည်နှစ် နှစ်ကူးက နှာတွေ မွှန်လာအောင်၊ အရိုးထဲ စိမ့် .. လာအောင် ၊ ခြေဖျား လက်ဖျားတွေ ထားစရာ၊ ဝှက်
စရာ မရှိတော့ အောင် ၊ မေးစေ့  တို့  သွားတို့  စေ့ ပြီး တဟီးဟီး နှင့်  အလိုလို ကို ကြက်သီး ထ ထ လာအောင်
ကို အေးပါသည် ဆိုမှ ကိုရွှေမိုးက ဘယ်အညှိုး နှင့်  အတိုး ချပြီး ရွာနေသည် မသိပါ။

ညဦး က ခဏတော့  အိပ်ပျော်သွားသလို ဖြစ်သွားသော်လည်း ညလယ်ကျတော့  စောင်နှင့်  ထုပ်ထားမိသော
ခြေဖျားတို့  စိမ့် စိမ့်  လာသောကြောင့်  လန့် နိုးလာမိပါတော့ သည်။ နိုးနိုးခြင်း ကြား ရ လိုက်မိသည်က ရေ စို
ိုလွန်းနေသော ကတ္တရာ လမ်းပေါ် တစ်ချက်ချက် ဖြတ်ဖြတ် မောင်းသွားသော ကားမောင်းသွားသံ တစ်ချို့ 
ဖြစ်ပါသည်။

အိမ်မိုးပေါ် တစ်ဖျောက်ဖျောက် ကျနေသော မိုးစက်သံ တို့ က ဘုန်းကြီးကျောင်းက မနက်စောစော ထ ခေါက်
လေ့ ရှိသော တုန်းခေါက်သံ လို ဖြေးဖြေးလေးနှင့်  နှေးနေရာမှ ပိုပို စိပ်၍ မြန်လာပါတော့ သည်။ မိုးတို့  သဲလာ
ပြန်ပါပြီ လို့  ။

အိပ်ရာ တစ်ခုလုံး ကြေမွ နေအောင် မပျော်တော့ သော အိပ်ခြင်း တို့ ဖြင့်  အထပ်ထပ် အခါခါ ကြိုး စား နေမိရင်း
သူ့ ဖာသာ သူ ရွာ နေသော အပြင်က“ မိုး ” ကို အသားလွတ်ပဲ မုန်း တီး လာမိတော့ သည်။စောင်တွေ ၊ မွေ့ ယာ
တွေက အစိုပြန်ပြီး စိမ့်  နေပြန်ပါတော့ သည်။

ကိုကိုင်ဇာ၏ “ သည်မိုး... ကို ချစ် လိုက်တာ..လေ....” သီချင်း ရင်ထဲ မထင်မှတ်ပဲ ရောက် လာပေမဲ့  ကျွန်တော်
ကတော့ “သည် မိုး ” ကို သူ့  လို လိုက် မချစ် နိုင်တော့ ပါလေ။

ထုံးစံ အတိုင်း အခန်းဒေါင့်  ထဲက ကွန်ပြူ တာ လေးရှေ့ ပဲ ရောက်မိ ပြန်တော့  ကိုယ့် ပိတောက်လေးကိုပဲ
မရိုးနိုင် အောင်ကို ဦးစွာ ဖူး ဖြစ်ရင်း လက်က ဖေ့ (စ) ဘုတ် ပေါ် ရောက်ရပြန် ပါတော့ သည် လို့ ။

ကိုယ့်  ဆီ ဝင်လာသော လက်ဆောင်တွေ ကို အရင် လက်ခံရင်း ပြန်ပေးဘို့  လက်ဆောင်လေးတွေ စီထား
သည့်  အခန်းလေး ထဲ ဝင်ကြည့် မိပြန်တော့  လား..လား.. လိပ်ပြာလေး တစ်ကောင် ပါလို့ ၊ အပြာ ရောင်
လိပ်ပြာလေးပါ ၊ အသက်မဝင် သေးသည့်  ခပ်ပြားပြား ဝပ်နေ သော လိပ်ပြာလေး တစ်ကောင်ပါ။

သူ့ ကို ကြည့် ရင်း သနား သလို ဖြစ်လာ၍ မောက်(စ) လေးနှင့်  လှန်းကောက် ရင်း သူ့  အတွက် ပိုင်ရှင် ကို
အရင် ရှာ မိတော့ သည်။

မြင်လာမိသည်က လောက ကို အရှုံး မပေး ပဲ ၊ လောကဓံ ကို ကြံ့ ကြံ့  ခံ ရင်ဆိုင်နေ ဆဲဖြစ်သော အားလုံး
ထဲ မှာ တစ်ယောက် ထဲ ဖြစ်နေသော“ ကြယ် ” လေး တစ်ပွင့်  ကိုပါပဲ။လောကအလယ်ဆိုတာက အရောင်
အသွေးတွေ၊ အာရုံတွေ က မျိုးစုံ ဆန်ကျယ်နေလွန်းတတ်ပါသည်။

“ ကြယ်ကလေး” တဲ့  ။
ဟုတ်ပါသည်။ ကျွန်တော်က ဟိုး အမြင့် မှာ ပဲ စံ နေတတ်သည့်  ကြယ် ကလေးလိုပဲ သူ့ ကို ဖြစ်စေချင်လို့ 
တင်စား မိခြင်းဖြစ်ပါသည်။ ဝန်းကျင်က ဘယ်လိုပဲ အရောင်တွေ ဆိုးနေနေ ပြောင်းလဲချင်တိုင်း ပြောင်းလဲ သွား
နေ ပေမဲ့  သူကတော့  ဘယ်တော့ မှ လိုက်ပါ ပြောင်းလဲခြင်း မရှိခဲ့ ပါ။

ဦးညွတ်သွားခြင်း ၊ ယိမ်းယိုင်သွားခြင်း အလျင်း မရှိခဲ့ ပါ။
ကျွန်တော်ကတော့  အချိန်နှင့် အမျှပဲ ယောက်ယက်ခတ်နေအောင် တွန်းတိုက် ပြောင်းလဲ နေသည့်  ကြမ်းတန်း
လွန်းသော အတွေ့ တို့ ကြောင့်  ကိုယ့် မှာ ထိထိ ခိုက်ခိုက် ဖြစ်လာတိုင်း သူ့ ကို အမြဲ သတိပေး နှစ်သိမ့်  ရင်း
အားပေးခဲ့ ပေမဲ့  သူက ကျွန်တော့် ထက် သင်ဖြူး ခင်းထားသော ကန်ရေပြင်လိုပဲ အမြဲ ညိမ်သက်နေပါတော့ သည်။

ခေါင်းကလည်း အမာ လွန်နေပြန်ပါသည်။
ဘရိတ် မမိ တော့ သော သူ့  စက်ဘီး လေးကို ပြင်ပါတော့ ဗျာ.. ဟု ဆိုပြန်တော့ လည်း ခေါင်းသာ ညိတ် ခဲ့  ပြီး
ဘယ်တော့ မှ သူ မပြင်ခဲ့ ပါ။ သူလာတိုင်း မမှီချင်သော ခြေနှစ်ဖက်ဖြင့်  လမ်းကို လျှပ်တိုက်ပြီး သူ့ စက်ဘီးကို
အရှိန် သတ် သတ် နေပြန်တော့ သည်။ တစ်ခါတစ်လေ ကျွန်တော့်  စီ ဦးတည် လာနေ တာတောင် သူ့ “ ဘီး ”
လေးက အရှိန် မသေ ချင်လို့  သူ့  ဟန်တယ်လ် လေးကို စီး ဖမ်းပေးရတော့ လည်း သူက ကျွန်တော့် ကို မော့ 
ကြည့် ပြီး ရယ် ရယ် နေတတ်ပြန်ပါသည်။

မျက်မှန်ကလည်း ပုလင်းဖင်လောက် ထူနေတာတောင် လက်တော့  ကွန်ပြူ တာလေးကို ခေါင်းအုံးဘေးနား
ယူ၍ အိပ်ပျော်သွား သည် အထိ သူ နေ့ စဉ်ပဲ သုံးနေတတ်ပါသည်။ စောစော အိပ်ပါဗျာ.. ဟု ပြောမိတိုင်း
ကျွန်တော့်  စကားကို မိတ္တူ ဆွဲ၍ ကျွန်တော့် ကို ပြန် ပြန် ပြော နေတတ်ပါသည်။ အပေါ်ယံ မျက်ကြည်လွှာ
ပျက် ခါနီး လို့  ဆေးစား ရသည် အထိ ခေါင်းမာစွာ ကွန်ပြူတာကို သုံးစွဲ နေ တာကြောင့် လဲ သူ မသုံး နိုင် အောင်
ဘယ်တော့ မှ မီးမမှန် တော့  မည့်  မြန်မာ ပြည် ကို ပြန်ပါတော့ လား.. ဟု ချော့ ပြော တော့ လည်း ခေါင်း ခါ
ပြ ပါသည်။ သူ့  ဘေးမှ လူ တွေသာ တစ်ယောက်ပြီး တစ်ယောက် ပြည်တော် ကိုပြန် ကုန်ကြ ပါသည်။
သူကတော့  ဘရိတ် မမိသည့် စက်ဘီး လေးကို မမြင် မကန်း နှင့်  စီး လို့ ကောင်းနေတုံး ပါ။

မောင်နှမ ခြောက်ယောက် ရှိသော မိသားစု ကို ရှာဖွေ ကြွေး မွေး နေသည် ဟု သိရသည်။ သူက အကြီးဆုံးတဲ့ ။
သူ့  ညီအကို မောင်နှမ တွေက တစ်ချို့  လုပ်ငန်းခွင် ဝင်ကုန် ကြပြီး တစ်ချို့  လည်း အိမ်ထောင် တွေ ကွဲ ကုန်
ကြ ပါပြီ။ သူ့  အထောက်အပန့်  ကို မှီ နေ တာ ဆို၍ သူ့  မိဘ နှစ်ပါး သာ ရှိတော့ သည်။ မိဘ တွေက လည်း
တစ်ဦး ထဲ ကျန်နေသော သမီး အလိမ္မာ လေးကို အပြီး ပြန်လာရန် ခေါ် ပါသော်လည်း နှစ် နှစ် တစ်ခေါက်
လောက်သာ ပြန် ပါသည် တဲ့ ။

သူ နှင့် ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်း ခွင်တစ်ခု တွင် တွေ့  ခဲ့  ကြပါသည်။
အထပ်မြင့် သော ဆောက်လုပ်ရေး လုပ်ငန်း ခွင် များ ဖြစ်သောကြောင့်  လဲ တစ်ထပ်ပြီး တစ်ထပ် မြင့် တက်လာ
နေသော အဆောက် အဦ ကြီး အတိုင်း အပြင်ဘက် နံရံ တွင် ယာယီ တွဲ တက်လိုက်လာသော လုပ်ငန်းခွင်သုံး
ဓါတ်လှေကား ကြီး တစ်ခု တော့  ရှိတတ်ပါသည်။

တနေ့  အလုပ် ဝင်ချိန် နဲနဲ နောက်ကျ သွားသောကြောင့်  ဓါတ်လှေကား အမှီ အတင်းပြေးဝင် လာ ခဲ့ ရပါသည်။
ဓါတ်လှေကား က လူ အပြည့်  တံခါး ချ ပြီး တက် တော့  မည့်  ဆဲဆဲ ဖြစ်နေ သော ကြောင့်  အသံကုန်ဟစ်၍
“ ခဏ လေး စောင့် ပါ အုံး ” ဟု တရုပ် လိုပဲ အော် လိုက်ရပါသည်။ ဘယ်လိုပဲ ပီ အောင် တူ အောင် အော် အော်
မပီ ပဲ မတူ သော အသံ ကြောင့်  မဖြူ ပဲ မဲ သည့်  ကျွန်တော့်  ကို ဝိုင်း ကြည့်  ကုန်ပါတော့ သည်။

လူ အပြည့်  တန်းစီ ရပ်နေသောကြောင့်  တံခါး မတင် ဖို့  တောင် ခပ်ခက်ခက် ဖြစ်နေ စဉ် မှာပဲ လူ အုပ်ကြီး
နောက်မှ “ လာလာ မြန်မြန်၊မြန်မြန် လမ်း နဲနဲ ဖယ် ပေးပါ ” ဟူ သော မိန်းခလေး တစ်ယောက် အသံ ထွက် ပေါ်
လာသောကြောင့်  ညပ်နေ သော လူအုပ်ကြီးက ကိုယ် တွေ အသီးသီး ရုပ်ပြီး ကျွန်တော့်  တစ်ကိုယ်စာ ဖယ်ပေး
ကြ ပါတော့ သည်။

အသံ ကြား ရသော်လည်း လူ ကား မမြင်ရ။ သူ့  လေသံ က ကျွန်တော် နှင့်  အတော် တူ သလို ထင်ရပါသည်။
တစ်ထပ် ပြီးတစ်ထပ် လူတွေ အသီးသီး ဆင်း သွားကြ တော့ မှ ဆင်းမသွားသည့်  ဘေးက လူ ကို ငဲ့ ကြည့် မိ
တော့ .. ခုနက အသံ ရှင် “ သူ ” ပါပဲလို့  ။ ဘာကြောင့်  မမြင်ပါသလဲ ဆိုတော့  “ ပု ” နေလို့ ပါ။ ပု ချက် က တော့ 
ကျွန်တော့်  ရင်ဂေါင်း လောက် ပင် ရှိ နေလို့ ပါပဲ။ ဒါ ကြောင့်  လူအုပ် ထဲ ပျောက်နေ ခြင်း ဖြစ်ပါသည်။

ဓါတ် လှေကား ကို သူ မောင်း ခြင်းဖြစ်ပါသည်။
“ ဒီနေ့  မှ အလုပ် တက်တာလား ” ဟု တရုပ်လို ပဲ ဆက် မေးဖြစ်တော့  ပြုံး၍ ဗမာလို ကျွန်တော့်  ကို ပြန် ပြော
ပါတော့ သည်။ “ အင်း ” တဲ့ ..။ တစ်လုံး ထဲပါ။ အဲ့ ဒီ “ အင်း ” က တရုပ် စကား မှာ မရှိပါ။ သေချာ တာက
ကျွန်တော့် လို“ ရွှေ ” လို့  ခေါ် သော ဗမာ မိန်းခလေး တစ်ယောက် ဖြစ်နေခြင်း ဖြစ် ပါသည်။ ယူနီ ဖောင်းနှင့် 
မေးသိုင်း ကြိုး တင်းသော ခမောက် နှင့် ပါ ဆိုတော့  မျက်မှန် တဝင်းဝင်း နှင့် သူ့  ကို ရုတ်တရက် ပုံ ဖမ်းမရပေ
မဲ့  သူကတော့  ကျွန်တော့် ကို မြန်မာ မှန်း ကြား မကောင်း အောင် စ အော် ကတဲက သိခဲ့ ပါသည် တဲ့ ။

သည်မှာ နေလာတာလဲ ဆယ်နှစ်လောက် ရှိပြီ ဟု သိရပြန် ပါသည်။ သည်လိုနဲ့ ပဲ အဲ့  ဒီ လုပ်ငန်းခွင် မှာ ခြောက်
လ လောက် နေ့ စဉ် တွေ့ တွေ့ လာ ရတော့ အမတန် မှ မျက်နှာပြောင်ပြီး အစ သန်လွန်းသည့်  ကျွန်တော် နှင့် 
အတော် ပဲ ရင်း နှီး ခင်မင် လာခဲ့ ကြ ရပါသည်။ တစ် ဆိုက် လုံးရှိ ဖြူ သော တရုပ် အားလုံး တို့ ကလည်း အလွန်
မဲ သော ကျွန်တော်တို့  ပုရှည် နှစ်ယောက် ကို မောင်နှ မ လိုပဲ သိ လာ ကြပါတော့ သည်။

အငွေ့ တစ်ထောင်း ထ နေသော ကော်ဖီ တစ်ခွက် ကို တစ်ရှိုက်မက်မက်ဖြင့်  တဖူးဖူး မှုပ်သောက် နေသော
ကြောင့်  ပုလင်းဖင်လောက် ထူ သော မျက်မှန် ဝိုင်းဝိုင်း ကြီးနှစ်ဖက်တွင် အငွေ့  အခိုး တို့  ရိုက်၍ ပိတ်ပိတ် ပိန်း
အောင် ဖွေး သွားသောကြောင့်  ပြူး သော သူ့ မျက်လုံး နှစ်ဖက် ကို တောင် မမြင်ရတော့ ပါ။ ဂါဝန်ကြီး တဖါးဖါး
ကြက်ဆံမြီးနှစ်ဖက်က တကားကား နှင့်  ဆိုတော့ လည်း ကျွန်တော် ၁၀တန်း ကျောင်းသား ဘဝ က သင်ခဲ့  ဘူး
သော ရေသည် ပြဇာတ် ထဲက စိတ်ပျက်အောင်လှပါတဲ့ “ မရေသည်” ကို ပြန်လည် မြင်ရောင် လာမိပါတော့ သည်။

“မရေသည် ” ဆို၍ လည်း လွှတ်ခနဲ အထင်တော် တို့  မသေးလိုက် စေချင်ပါလေ။
သည်မှာ နေခဲ့ သော ရှည်ကြာ ညောင်း လှသည့်  ကာလ တလျောက် သူ့ ကို တန်းတန်းစွဲ ချစ်ခဲ့  တွယ်တာ ခဲ့ ဘူး
သူ ၊ သူက တစ်ခါ တရံ ပြန်လည် ရောင်ရန်း ၍ စိတ်ဝင် စားခဲ့ ဘူးသူ တစ်ယောက်နှင့်  ဆိုပါက ဆယ်ဂဏန်း နား
လောက် တောင် ရှိခဲ့ ပါပြီ တဲ့ ။ အားလုံးကို သူ့ ဖာသူ အလို မကျ၍ ခါ ချ ခဲ့ သည်ကြီးဖြစ်ပါသည်။

ကျွန်တော်တို့  နေထိုင်ရာ သည် တိုင်ဝမ်ကျွန်း ကြီးက ကျွန်တော်တို့  အားလုံးကို ယိမ်းယိုင် ပျော့ ခွေ သွားအောင်
တွေဝေ ငေးငိုင် သွားအောင် လွမ်း တတ်သူတို့  ကြွေ ကျသွားအောင်၊ ဆွေး တတ်သူ တို့  မြေ့ မြေ့  သွားအောင်
အလွန် ဖမ်းစား တတ်ပေမဲ့  အဖမ်းစား ခံ ရသူ တွေ ထဲ မှာ ကျွန်တော့် “ မရေသည်” တစ်ယောက် မပါခဲ့ ပါလေ။

မိုးကြီးပြီး စိမ့် သော အေးသော ရာသီ ရောက်တိုင်း နှာစေး ချောင်း ဆိုး တတ်သော အာရုံကြော အားနည်းလွန်း
ပြီး ခြေ နှစ်ဖက် တို့ မခိုင် လွန်းသော ကြောင့်  ငလျင် အကြီး အကျယ် လှုပ် တိုင်း ကျွန်တော် ဦးစွာ မေး မိ ရသည်
က လည်း သူ ပါ ပဲ။


နောက်ဆုံး ထွက်သက် အထိ အရွယ် သုံးပါးစလုံး အတွက် အလုပ် အကိုင် ရှာဖွေ လို့ ရသော မြေ ဖြစ်ပေမဲ့ လည်း
အိမ် ကထွက် လာကြ သူတွေကြီးပဲဖြစ်သဖြင့် အချိန်တန် တော့ လည်း အိမ် ကို ပြန်ကြ ရစမြဲ ဖြစ်ပါ၏ထို့ ကြောင့် 
သူ့  နားက သူ့ ကို ချစ်သူ မုန်းသူ တွေ အားလုံး မကြာခင် ပြောင်းလဲ လာတော့ မည့်  ဒီမိုကရေစီ ရွှေ ပြည်တော်
ကြီးကို တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြ ပေမဲ့ “ သူ ” တစ်ယောက်က တော့ ဖြင့် ဘရိတ်မမိ သေး
သည့်  စက်ဘီး တစ်စီးနှင့် ပဲ အေးလွန်း ပြီး ရာသီ ကြမ်း၍ အပြောင်းအလဲ မြန် ကာ ငလျင် ခဏ ခဏ လှုပ် တတ်
သည့်  သည်မြေ မှာ နေ့ စဉ် နေ့ တိုင်း အလုပ် တက် လို့  ကောင်း နေတုံးပါလေ။ ညီမ လို တွယ်တာ ရသူ ဖြစ်
သော ကြောင့်  လဲ မတည့်  တာ မတော် တာများ ကို အခါခါ ပြော နေမိ ပေမဲ့  တစ်ခု မှ လိုက်လုပ် တာမရှိခဲ့ ပါ။


ဘာတစ်ခုမှ ပြောတာ သူ နား မထောင်ခဲ့ ပေမဲ့  သူ နားထောင်ခဲ့ တာကတော့  စိတ် တို့ လေချင်တိုင်း
ထွက်ပေါက် တစ်ခု ကို ရှာချင်လာတိုင်း ရင်မှာ မွန်းကျပ်လာတိုင်း အရေးပေါ် သုံးလို့ ရသည့်  “ရှု နေတာ လေးကို
ပဲ သိသိ ပေး နေတတ်သည့်  လေ့ ကျင့် ခဏ်း ” ကလေး ပဲ ဖြစ်ပါသည်။ တွေ့ တိုင်း ပြောဖြစ် ပေမဲ့  လုပ်ဖြစ်
နေတာသူ၊ မလုပ် ဖြစ်နေတာက ကျွန်တော်ပါလေ။ အပြင်မှ ထိုးထိုး ဝင် လာနေတတ် သည့်  အာရုံ အမျိုးမျိုး
တို့ ကို အလွန် အကျွံ မဖြစ် စေ ပဲ ဖြတ်တောက် ထား နိုင်သည့်  ကျင့် စဉ် လေး ပဲဖြစ်ပါသည်။

သို့ မို့ ကြောင့်  ကျွန်တော့် မှာ ဒူးမခိုင် သည့် သူ့ လောက် မတောင့် နိုင်ပဲ အကြိမ်ကြိမ် လဲပြို ယိမ်းယိုင်ခဲ့  ရပါ၏
ကျွန်း ကြီး ၏ ဖမ်းစား မှု ကို ခံ ခဲ့  ရပါ၏ ရည်မှန်းချက် တို့  မှေးမှိန် ပျောက်ကွယ်ခဲ့ ရပါ၏ လျှောက်သော လမ်းက
စမ်းတဝါးဝါး ဖြစ်နေခဲ့ ရပါ၏ လို့ ..။

ဒါကြောင့် လည်း ချစ်ခင် လေးစား ရလွန်း အားကြီး သော သူ့  ကို ဟိုး အမြင့်  မှာပဲ စံ နေတတ်ပြီး အရာရာ ကို
အပေါ် စီးမှ ပင် ကြည့် တတ် မြင် မြင်နေတတ်သည့်  “ ကြယ်” ကလေးတွေ ထဲက“ ကြယ်” ကလေးတစ်ပွင့် 
အဖြစ်ပဲ တင် စားချင်ခဲ့ ပါသည်။

မိုးကောင်းလွန်းသည့်  သည် နှစ်ကူးမှာ အသစ်အထူး၊ အဖြစ် ထူး တို့ ဖြစ်မလာ ပဲ ဗွက် တို့  လူး နေ အောင် ဝင်
ကစား နေမိခဲ့ သော ဖေ့ (စ) ဘုတ် ထဲက လက်ဆောင် လိပ်ပြာ လေးကို အမြင့် မှာပဲ စံ နေတတ်သည့်  “ကြယ်”
ကလေး ဆီသို့  လွှတ်တင် နိုင်ရန် မော့ (စ) လေးနှင့်  ကောက် ယူ မိ ပါတော့ သည် ... လို့ ။

....................................................................................................................................................

( နိုင်ငံ ရပ်ခြား တွင် အကြောင်း အမျိုးမျိုးကြောင့်  မွေးရပ်မြေ ကို စွန့် ခွာ ၍ မိသားစု တို့ နှင့်  ကဆင့် ကလျား
ကွဲ ကွာရင်း ရှာဖွေ လုပ်ကိုင် နေရ သော ကမ္ဘာ အရပ်ရပ် က မောင်နှမ များ အားလုံး အတွက် ပေး ချင်တာလေး
တစ်ခုကို တစ်ခြားသော စိတ်ကူးယဉ် အကြောင်းအရာ များဖြင့်  တန်ဆာ ဆင် ရေးဖွဲ့ မိပါသည်။ )

Sunday, February 14, 2010

လေပွေ

အလုပ်သိမ်းတိုင်း ၊ အလုပ် ဆင်းတိုင်း အိမ်ကို မပြန်ခဲ့ ချင်သည်မှာ ကြာခဲ့ ပါပြီ။
စာကိုလည်း မရေးခဲ့ ချင်လို့  ၊မရေးဖြစ်ခဲ့ မိပေမဲ့  ကိုယ့် ရဲ့  ပို့ (စ) အဟောင်း လေးကို ပဲ နေ့ စဉ် ပြန်ဝင်
ကြည့် ကြည့်  ဖြစ်နေခဲ့  သည်မှာလည်း ကြာခဲ့ ပါပြီ။ မိတ်ဆွေ တစ်ယောက် ၏ မရေးတာ ကြာလို့  လှန်းအော်
နှုတ်ဆက် လိုက်တော့ မှ “ အနှိုင်းမဲ့  ” ကိုညှစ် ပြီး ရေးဖြစ်ပါတော့ သည်။

ကိုယ့် ပို့ (စ) လေးကို “ ကလစ်” လုပ် လိုက်တိုင်း ထိပ်ဆုံး ခေါင်းစည်းက ပိတောက် ပန်းကလေး တွေက အမြဲ
အသက် ဝင် နေခဲ့ သလို ပါပဲ။ သေသေ ချာချာ ကြည့် မိလာလေ လေယူရာ မှာပဲ ယိမ်းနွဲ့  လို့  လာလေ ဟုလည်း
ထင်မြင်လာ မိခဲ့ တာက လည်း အကြိမ် ကြိမ် ပါ။

မိတ်ဆွေ တစ်ချို့ က ယောက်ျား တစ်ယောက်ရေးသော ဘလော့ တစ်ခုမှာ မိန်းမ ဆန်သည့်  သည် ပိတောက်
ခေါင်းစည်း လုပ်ထားခြင်းကို မလျော် မသင့်  ဟု ဝေဖန် ထောက်ပြ နေသော်လည်း ကိုယ့်  အမြင် ကတော့ 
လောက ထဲ လူတွေကြားထဲ အမြဲတန်းပဲ မကြာခဏ ပျောက်ဆုံး နေတတ်သည့်  သစ္စာ တရား ကို တစ်နှစ်
တစ်ခါ ပဲ သူပွင့် ချိန်ရောက်လာတိုင်း အချိန်မှန် မပျက်မကွက် ပွင့် ပွင့်  ပေးနေတတ်သည့်  သည်ပိတောက်လေး
၏ ချစ်စဖွယ် စရိုက်လေးကိုနှင့်  မမြဲတတ်လွန်း သည့်  သစ္စာတရားအား နှိုင်းယှဉ် ထောက်ပြချင်သည့်  ဆန္ဒလေး
တစ်ခု ကြောင့် သာပါ ဟု ကိုယ့် ကိုယ် ကို ရိုး ရှင်းစွာ ပဲ အကြိမ်ကြိမ် ဝင်ခံ နေမိပါတော့ သည်လို့  ။


လူဆိုတာ ကလည်း ကိုယ့် စိတ်ကူးနှင့် ကိုယ် ရူး နေတတ်သူတွေပါပဲ။
သည်တရုပ်နှစ်ကူးရက်တွေမှာတော့  ဘယ်မှ မထွက် ဖြစ်တော့ ပဲ ပို့ (စ) လေးတစ်ပုဒ် တော့  ကြိုးစား ရေး
ကြည့်  ဦးမှပဲ ဟု စိတ်ပိုင်းဖြတ်ပြီး စက်ရှေ့  လေး ထိုင်ဖြစ်လိုက်ပြီ ဆိုရင်ပဲ ဖေ့ (စ) ဘုတ် ထဲက ကဖေးဝါး(လ်)
ကို အရင်ဦးဆုံးပဲ သွားသွား “ကလစ်” နေမိနေတော့ သည်။

ကိုယ့်  ကော်ဖီ ဆိုင်ကလေးထဲမှာ ဝင်လာသမျှသော ပရိတ်သတ်ကြီးနှင့်  မီးဖို တွေပေါ်မှ အငွေ့  တစ်ထောင်း
ထောင်း ထ ပြီးနေသော ဟင်းအမယ်အမျိုးမျိုး ကို စူးစိုက် ကြည့် မိရင်းက စဉ်းစား မိတာက ကိုယ် သောက်ချင်
သည့်  ကော်ဖီ တစ်ခွက် ထဲကိုပါ။

ကဖေးဝါး(လ်) လေး ကို အောက် အသာစွဲချ ကော်ဖီခါးခါး တစ်ခွက်ကို ထဖျော် သောက်ပြီး ဘယ်လို စ ၍
ဘယ်လို ဆုံးရ မည်မှန်း မသိသေးသော ရေးလက်စ ပို့ (စ) လေးကို ဇွတ်အတင်း ပဲ ပြန်ဝင် ရပါတော့ သည်။
တရုပ်နှစ်ကူး ရောက်တိုင်း တနှစ်တာ သုံးစွဲ ခဲ့ ကြသော နှစ်ဟောင်း က ပစ္စည်း တွေ အားလုံးကို နှစ်သစ် မှာ
ဆက် အပါမခံပဲ သည်နေ့  တွင် စွန့် ပစ်ကြရစမြဲ မို့  ကျွန်တော်လဲ အခန်းတစ်ခုလုံး သန့် ရှင်းရေး လုပ်၍ ဘာ
ပစ္စည်းတွေ ပစ်ရပါ့  မလဲ ဟု တနေကုန် အောင်စဉ်းစား နေမိတော့ သည်။

အောက်ဖက် လမ်းမကြီး ပေါ်မှ တနေကုန်အောင် မကြာခဏ လာလာ နေတတ်သော အမှိုက်ကား အသံ တို့ ကို
နာခံ နေမိရင်း စဉ်းစား လာမိတာက တကယ်ပဲ စွန့် ပစ်၊ လွှတ် ပစ် ရ မှာက တနှစ် လုံးပဲ တစ်စိုစို လွမ်းနေတတ်
ပြီး ဘယ်လိုမှ အသုံးမကျ တော့ သည့်  သုံးလို့ ကို မရတော့ သည့်  ကိုယ့်  နှလုံးသားကိုပါ။

တကယ်ပဲ လဲရတော့ မည့်  နှလုံးသားကြီးကို ပါ။
အပြင်က တဗြောင်းဗြောင်း သော ဗျောက်အိုးဖောက်သံ နှင့်  ရမ်းငွေ့ တို့ က ကိုယ့် ရင်ထဲက တငွေ့ ငွေ့  လောင်မြိုက် ပြီး ညှော် နေသော နှလုံး သား၏ ညှော်နံ့  ကို မလွှမ်းမိုး နိုင်ဟု ဆိုရလျှင် လွန်အံ့  မထင်ပါလို့ ။

သည် ညှော်နေသည့်  နှလုံးသားနှင့်  ကိုယ်က ခွဲမရအောင် တွဲ နေသမို့  ခွဲ ပြီး ပစ်မရတော့ မဲ့  အတူတူ
ကိုယ့် ဖာ ကိုယ်ပဲ အမှိုက်ကား ပေါ် တက်လိုက်သွားတာ ကောင်းပါတယ် ဆိုပြန် တော့ လဲ မိတ်ဆွေ တစ်ယောက်
က “ အမှိုက်ကားကြီး လေးနေတော့ မှာပေါ့ နော် ” ဟု သတိ ပေးပြန်ပါသည်။

ဘဝ က အမှိုက်ကား ကတောင် လက်မခံ ချင်တော့ သည့် ဘဝမို့  မောင်သန်းရွှေ တို့ နှင့်  ဘဝချင်း တူနေပြီဟု
ပင် ဝမ်းနဲ စွာပဲ တွေးနေမိပြန်ပါသည်။ သူလဲ မြေ မရှိ၊ ကိုယ်လဲ မြေ မရှိ ။

ဒါကြောင့် မို့ လဲ ကိုယ့်  ဖေ့ (စ) ဘုတ် ထဲက လယ်ရွာ လေးကို ပျင်းပျင်းနှင့်  ပြန်ဝင် ကြည့် ပြန်တော့  ပျင်းလို့ 
လယ်ထဲ ဆင်းကာမှ လယ်ထဲဆင်းမှ ပိုပျင်း လာတော့ သည်။ ဆော့ ရင်းနဲ့  ပျင်း ၊ ပျင်းရင်းနဲ့ ဆော့  ၊ ရေးရင်းနဲ့ 
ပျင်း ပျင်းရင်းနဲ့  ရေး အို... လုံးလည် ချာလည် လိုက်နေတော့ တာ ပါ။

တစ်ခြား သော ဘလော့  တွေထဲ လျှောက် သွား မိပြန် ပါသော်လည်း နှလုံးသားကြီးက မပါပဲ ကျန်ခဲ့ ပြန်သမို့ 
မဖတ်မိ၊ မမန့်  မိခဲ့ ပြန်ပါလေ ။

နောက်ဆုံးတော့  ကိုယ်စဉ်းစားမိတာက သည်နှစ်ကူးမှာ အသစ် အထူးတွေ မတင်ဖြစ်တော့ ပဲ တဖြစ် ထူးပြီး
ရူးရူး လာတာက အော်... ကိုယ့်  အချစ်ဦး အတွက် ရူး နေခြင်း ပါပဲလို့ .....။

.................................................................

( ရူး လို့ ရေးမိတာပါ၊ ရေးရင်းနဲ့ ရူး ရူးရင်း နဲ့  ရေး ဒါပါပဲ...လို့  )

Thursday, February 4, 2010

အနှိုင်းမဲ့ 

ဖြူ ညစ်ညစ် တိမ်တိုက် တိမ်သား တို့  ပြာညို့ ညို့  တောင်ထွတ် တို့ ကို လွှမ်းခြုံ ရစ်ဝိုင်း ပြီး ညိမ်ဝတ် နေပါ
သည်။ တထေင်းထောင်း ထွက်နေသော တောင်ခိုးတို့  သည်လည်း မြူ ခိုး တို့ နှင့်  ရောထွေး လျက် တိမ်ခိုးတို့ 
အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် တစ်ခွင်လုံးကို အုံ့  မှိုင်း နေစေပါတော့ သည်။
ညိမ်နေသော ဝန်းကျင် တစ်ခုလုံးကို လေရှုး တစ်ချက် အပြင်း ဝှေ့ လိုက်သောကြောင့်  အရိုးထဲက “စိမ့် ” ကနဲ
နေအောင် ကြက်သီးတို့  တောင် ဖြန်း ကနဲ နေသွားအောင် အေး ဆင်း သွားရပါသည်။

အေးလွန်းသောကြောင့်  ထင်ပါသည်။
တောင်ဇလတ်ပန်း တို့ တောင် လေ အဟုန်တွင် တစ်ဖွားဖွား ပွင့် နေ ကုန်ကြသည်ဟု ထင်ရပါသည်။
“ မိုး ” ကလေးက လဲ “ဖက်စွတ်မိုး ” လေးအဖြစ် ရွာချလာပြန်သောကြောင့်  အအေး ပေါ် အစို ထပ်၍ အလွမ်း
ပေါ် အဆွေး တို့ လည်း တိုးရ ပြန်ပါတော့ သည်။

ကျွန်တော် တို့ ရှိနေရာ သည်တိုင်ဝမ်ကျွန်းကြီးကတော့  ဘယ်နေရာကိုပဲ ကြည့် ကြည့်  တောင်စဉ်တောင်တန်း
တို့  အထပ်ထပ်နှင့်  မြင်ရတိုင်း လွမ်းမောဖွယ် ဖြစ်တတ်ပါသည်။ နဂိုကမှ အလွမ်းဓါတ်ခံ ရှိသူ များအဖို့  ဖြေလို့ 
ကို မပြေနိုင်အောင်ကို တသသ တမြိုက်မြိုက် နှင့်  အချိန်နှင့် အမျှပဲ ငွေ့ ငွေ့ လေးဖြင့်  ဆွေးမြေ့ နေစေတတ်
ပြန်ပါသည်။ ခင်တွယ် နှောင်ဖွဲ့  မိခဲ့ သမျှသော သံယောဇဉ် အတိမ်အနက်အလိုက် ကိုယ့် ရင်ဝယ် စုဖွဲ့  လာနေ
တတ်သောအချိန်နှင့် အမျှ ဖြစ်ပေါ်နေသည့်  လွမ်းချင် ပြေးပြီး တွေ့ လိုက်ချင်သည့်  ဇောအဟုန် တို့ က
ကိုယ့် ရင်ဝမှာ မီးစ လေး ကပ် ထားသလို ၊ တစ်မျှင်မျှင် နှင့် ပင် လှိုက်စား လောင်ကျွမ်း နေတတ် ပါတော့ သည်။
ကြာလာတော့ လည်း ရင်ဝမှာ အောင့် လာသလိုလိုပါပဲ ။

လွမ်းရတာ ကြာလာတော့ လည်း မလွမ်းရ မနေနိုင်အောင် ကို ဖြစ်လာရပြန်ပါသည်။ ယ္ခု လို စိုတဆွတ်ဆွတ်နှင့် 
အုန့် မှိုင်း နေတတ်သည့်  ရာသီ မျိုးမှာပါလေ။ ပြောရလျှင် အထပ်ထပ် လဲလျောင်း ညိမ်သက် နေသော သည်
ထုထည်ကြီးမား လွန်းလှ သည့်  သံယောဇဉ်တောင်တန်း တို့ အားလုံးသည်လည်း တမြိုက်မြိုက် လောင်ကျွမ်း
သော အလွမ်းငွေ့ တို ဖြင့့် တစ်ထောင်းထောင်း ထိုးထွက် နေပြီး အပေါ်မှ အုပ်မိုး ပွတ်တိုက် နေသော တိမ်ခိုး
တို့ ဖြင့်  ရောစပ် သွားကာ ငွေ့ ရည်ဖွဲ့  ၍ အလွမ်း မိုး တို့ အဖြစ် ပြန်လည် ရွာသွန်း နေသည် ဟုပါ။

သို့ မို့ ကြောင့် သာပဲ တိုင်ဝမ် မှာ ဘယ်တော့ မှ မိုးကြီးကြီး ကို မရွာ သွန်းစေချင်တော့ ပါ လို့ ။
အက်စစ် မိုး နှင့် တူသော သည် အလွမ်မိုး တွေက ကောင်းကင်တခွင်လုံးဖြစ်နေသောကြောင့်  ရှောင်ပြေးချင်
နေသော်လည်း မလွတ် နိုင်တော့ သောကြောင့်  ဖြစ်ပါသည်။

လွမ်းပါများလို့  လွမ်းကျင့် ပါလာပြီး အလွမ်း နာတာရှည် လာတော့  ကိုယ့် ရင်ဝ လေးမှာ ဖြစ်ပေါ်လာနေသည့် 
ဝေဒနာလေးက တငွေ့ ငွေ့  ပူနေပြီး တစူးစူးနှင့်  အောင့် လာတတ်တာမျိုး ၊ နာနေတတ်တာမျိုး လို့ လဲ ထင်
ပါသည်။

လွမ်းချင်နေသူက လွမ်းချင်သလောက် လွတ်လပ် စွာ လွမ်း လိုက်လို့ ရအောင် ဖြည့် ကူ ခံစားလို့ ရအောင်
ဝန်းကျင် တစ်ခုလုံး သဘာဝတောတောင်ရေမြေ ရှု့ ခင်းတွေ ရာသီ တွေ ရာသီ လေတွေ ကို ဗလောင် ဆူနေ
သော ကိုယ့် ရင်ထဲ အတင်း တဝကြီး ရှိုက်သွင်း ပစ်လို့  ရနေပါသေးသည်။

အချိန်နှင့် အမျှပဲ ပြောင်းလဲနေတတ်သော ရာသီလေနှင့်  အရောင်အမျိုးမျိုးသော သဘာဝ ရှု့ ခင်း အမျိုးမျိုးတို
ကိုလည်း တလိပ်လိပ် ထိုးတက်လာနေသော အလွမ်းတို့  ခပ်ဖြောင့် ဖြောင့် ဖြင့်  ချောမွေ့ စွာပဲ လွမ်းလိုက်လို့ 
ရသွားအောင် လဲ ဖြည့် ကူ ခံစား လိုက်လို့ ရနေပါသေးသည်။

အဲ့ ဒီလို မရသေးသည့့်ဘယ်တော့ မှလဲ မရနိုင်တော့ သည့်  သူတွေ လည်း ရှိနေပါသေးသည်။
သူ တို့ လည်း နုလုံးသားပါကြသူ တွယ်တာ ချစ်ခင် တတ်ကြသူ တွေ ဖြစ်ပါသည်။ ချစ်လဲ ချစ်ခဲ့  ကြမှာ ဖြစ်ပါ၏
ချစ် တတ်ပြီ ဆိုလျှင်ဖြင့်  သေချာပေါက် လွမ်းတတ် တော့ မှာ ဖြစ်ပါသည်။ ထူထောင်မိခဲ့ သမျှသော သံယောဇဉ်
အသိုက် အမြုံတွေ အသက် တစ်မျှ ချစ်ရ အသက်ရှု လိုက်တိုင်း ကို သတိရနေတတ် သူတွေလည်း ရှိနေ မှာ
ဖြစ်ပါသည်။

သို့ ပေမဲ့  ... သူတို့ မှာတော့ ကျွန်တော်တို့ လို လွတ်လပ်စွာ လွမ်းခွင့် မရှိရှာ၊ လွမ်းလို့  မရရှာတော့ ပါ။
နံရံ လေးဘက်ကြားမှ သူများ၊ ယုံကြည်ချက် တစ်ခု အတွက် တန်ဖိုးရှိလွန်းသော ဘယ်တော့ မှလည်း ပြန်မရ
နိုင်တော့ သော ဘဝ ရဲ့  အချိန်များကို သည် အခန်းကျဉ်း လေးများထဲမှာပဲ စတေးနေ မြှုပ်နှံ ရင်းနှီး နေကြပါ
တော့ သည်။

စာနာကြည့် မိတိုင်း ရင်နာ ခဲ့ ရပါသည်။ သူတို့  အတွက်ပါ။
စဉ်းစား ကြည့် မိတော့  သူတို့  ဖွဲ့ စည်း ထူထောင် ခဲ့ မိသော ချစ် ခင် တွယ်တာ ခဲ့ ရသည့်  သံယောဇဉ် နှောင်
ကြိုးလေး တစ်မျှင်ထက် တိုင်းပြည်အတွက် ကျွန်တော်တို့  အားလုံးအတွက် “ယုံကြည်ချက်” တစ်ခု ကို ပို၍
ချစ်ခဲ့  လို့  တန်ဖိုး ထားခဲ့ လို့  ဖြစ်ပါသည်။ ဘဝ ကို စွန့်  အချစ်တွေ စွန့်  အသက်တွေ စွန့်  ပြီးမှ အချိန်ကြာ
ညောင်းစွာပဲ နံရံလေးဖက်ကြားထဲမှာ ကုန်ဆုံးနေခဲ့ ကြရပါသည်။ နှလုံးသားကြောင့်  လွမ်းလွန်းနေပေမဲ့  ဖြည့် 
ကူ ရှု ရှိုက်စရာ ဆိုလို့  သည် ဖြူ ညစ် ညစ် နံရံ လေးဖက် ပဲရှိပါသည်။ ကြည့် စရာ ခံစား စရာဆိုလို့  အခန်းဒေါင့် 
က မသွန်ရသေးသည့်  အိမ်သာအိုး သာ ရှိပါ၏ အိမ်သာအိုး နဲ့ ဂျပိုး နဲ့  ရှု စရာ မစင် နံ့  နဲ့ ဘယ်လို များလွမ်းရပါ့ ။

ပြောချင်သည်က သည် အုပ်တံတိုင်း ကြီးတွေ အထဲက နံရံ လေးဖက်တွေ ကြားထဲက အနှိုင်း မဲ့  သော “ ကြယ် ”
တွေ အတွက်ပါ။ သူတို့  နှစ်ပေါင်း များစွာပဲ ဘဝတွေ စတေးပြီး အထဲမှာ စောင့် မျှော်နေ ကြ ပေမဲ့  သူတို့  စွန့် 
ခဲ့  ရသော အပြင် လောက ကြီးကတော့  ထူး မခြားနား ပါပဲ။ ဘာပဲပြောပြော ၊ ရောက်လေ သည့် နေရာ တိုင်း
ကတော့  အနှိုင်းမဲ့  စွန့် လွှတ် စွန့် စား နေသော“ ကြယ် ” တွေ အတွက် ရည်စူး ဦးညွှတ်လျက်ပါ လို့ ။

ကျွန်တော်တို့ ကတော့  ကိုယ်ချစ်မိခဲ့ တာလေးတွေကိုပဲ “အနှိုင်းမဲ့ ” စာဖွဲ့  ခံစားလို့ နေမိပေမဲ့  သူ တို့  ကတော့ 
သူတို့  ချစ်ခင် တွယ်တာသူ တွေကို စွန့် လွှတ်၍ တိုင်းပြည် အတွက် “ အနှိုင်းမဲ့  ” စွန့် လွှတ် စွန့်  စား နေကြပြီ။
အလွမ်းမိုးတို့  ရွာတော့  ရွာမည်ဖြစ်သော်လည်း သူတို့ ကတော့ သံတိုင်လေးတွေ ကိုင်ကာ ငေးနေရုံ ပဲ ဖြစ်ပါ၏

အမှန်တရားအတွက် ၊ တိုင်းပြည် ကြီးကို လမ်းမှန်ပေါ် ပြန်လည် ရောက်ရှိ သွားစေရန် မျှော်လင့်  ယုံကြည်ချက်
တို့ ဖြင့်  အနိုင်းမဲ့  လောက်အောင် စွန့် စား ခဲ့ သူများတွင် တပ်မတော်၏ ဖခင်ကြီး လွတ်လပ်ရေး ဗိသုကာကြီး
ဗိုလ်ချုပ်အောင်ဆန်း၏ သမီး အမေ စု နှင့်  ကိုမင်းကိုနိုင်၊ ကျောင်းသားခေါင်းဆောင်များ ၊အနုပညာလောက
မှ ကျွန်တော် သိသလောက် “ ထောင်ထဲမှာ ဘုရား စာ တရားစာ တောင်မဆိုရဲ တော့  ပါဘူး၊ ဘာဖြစ်လို့ ဆို
ဘုန်းဘုန်း တွေပါ ထောင်ထဲ ရောက်လာလို့ ပါ ” ဟု ယ္ခု ချိန်ထိ ခေါင်းမာ ပြောင်မြောက်စွာ သရော် နေနိုင် သေး
သော ကိုဇာဂနာ နှင့်  ရောင်းရင်းများ ၊ ကျွန်တော် မသိနိုင် သေးသော အခြား ခြားသော ကျောင်းသူကျောင်းသား
လူငယ် လူရွယ် များ အားလုံးကိုလည်း စာနာစွာ ရင်နာ စွာ နှင့် ပဲ ရည်စူး ဦးညွှတ် နေမိပါသည်။

ကျွန်တော်ကတော့  အအေးတော ထဲမှာပဲ တစ်ယောက်သောသူ အတွက် ချစ်လွန်းလို့  မမေ့ နိုင်အောင်ကို
အနှိုင်းမဲ့  လွမ်းနေမိပေမဲ့  သူတို့ ကတော့  အများအတွက် တိုင်းပြည် အတွက် ချစ်လွန်းလို့  ယုံကြည် ချက်
ရည်မှန်းချက်တွေ မမေ့ မပျောက် နှိုင် စွာပဲ အအေးတော ထဲမှာ အနှိုင်း မဲ့ စွာပဲ စွန့် လွှတ် စွန့် စား နေကြပေပြီ။

ရင်ဘောင်တန်း တိုက်ပွဲဝင်နေခဲ့ ရင်းက ကျဆုံးခဲ့ ရ ပြီး တကယ့် စစ်မှန်သော ဒီမိုကရေစီ ရပါမှ သူတို့ အတွက်
အမျှဝေပေးပါတော့ ဟု မှာကြားရင်းပဲ ဝိဥာဏ် ဘဝနှင့်  နှစ်ရှည် လများ စောင့် ကြည့် နေကြသူများကို လည်း
“ အနှိုင်းမဲ့  ” သော စာရင်းထဲမှာ ထည့် သွင်းချင်ပါသည်။

နောက်ဆုံးတော့  ကျွန်တော်က “အနှိုင်းမဲ့  ” သူတွေ ကြားထဲမှာပဲ သိမ်ငယ်စွာ “ အနှိုင်း မမဲ့  ” ဖြစ်ခဲ့ ရပြီ ပဲ ဟု
ိုဆိုရင်းက သည်ပို့ (စ) လေး ဖြင့် ပဲ “ အနှိုင်းမဲ့ ” အာဇာ နီ များကို ရည်စူး ဂုဏ် ပြုလိုက်ရင်း......။

....................................................................................................................................................

( အဖြူလေး )