အစတစ်ခု ရဲ့  အဆုံးလေး
..................................
ကားလမ်း တစ်ဖက်ရှိ ဝါးရုံ တောကြီး ဆီ လယ်ကွင်းပြင်တလျှောက် ဖြတ်သန်း တိုက်ခတ်လာနေသော လေ
ပြင်းတို့  အတင်းတိုးဝင်နေသောကြောင့်  တဝေါဝေါ လေတိုးသံကြီးက မနားတန်း အော်မြည်နေသော ပုစဉ်း
ရင်ကွဲ အသံ တို့ ကို ဖုံးလွှမ်းအောင်ကြိုးစား နေသလို ဖြစ်နေပါသည်။
မဟေသီက သူ့ ယိုးဒယားခြင်းတောင်းထဲမှာ အသင့် ထည့် လာသော လက်နှိပ်ဓါတ်မီး(ဒေသအခေါ်..ဒုတ်မီး) ကို
နိုက်ယူနေတော့ သည်။ ငါးကြင်းကွက်သို့ သော မီးခိုးရောင် တိမ်တိုက်တို့ က ပြူတစ်တစ် ဖြစ်နေသော လ လေး
ကို တဖြည်းဖြည်း ထပ်မံ ဖုန်းလွှမ်း လို့ လာနေပါသည်။
ကားလမ်းမကြီးနှင့်  အပြိုင် ရှေ့ တူရှု့ ရှိ လှည်းလမ်းကြောင်း အဆုံးကို ငေးကြည့်  မိနေတုံး မီးနီ ရဲရဲကလေး
တစ်ပွင့် က ရဲကနဲ ပွင့် လာလိုက်၊ ပျောက်သွားလိုက်နှင့်  တဖြည်းဖြည်း နီးလာသလို ခံစား ရမိတော့  မဟေသီက
ဒုတ်မီးကလေး ကိုင်ရင်း ကျွန်တော့်  အနား တိုးကပ်လာတော့ သည်။
ကျွန်တော်လဲ သူ့ လက်ကို ဖမ်းဆုပ်လိုက်ရင်း ကိုက်ထားသည့်  စွန်ပျံ ဆေးလိပ်ကို ထပ်ဖွာလိုက်မိပေမဲ့  မီးက
သေနေပြန်ပါသည်။
ထိုစဉ်.. အောင်လံဖက်မှ ဆင်းလာသော ကုန်ကားကြီး တစ်စီး၏ မီးရောင်နှင့်  စောစောက နေရာကိုပဲ ပြန်ကြည့် 
မိတော့ မှ နွားလှည်း တစ်စီးဖြစ်နေတာကို တွေ့ ရတော့ သည်။ လေအငြိမ်ကလေးတွင်မှ နွားလှည်း၏ ခလောက်
သံ၊ ခြူ သံ တို့ ကို တဖြည်းဖြည်းကြားလာရပါတော့ သည်။သည်တော့ မှ မဟေသီ လဲ ပြုံးတော်မူပါတော့ သည်။
တောနယ်တို့ ရှိ တချို့ သော နွား တို့ သည် ကိုင်းသိမ်း၊လည်သိမ်း ပြန်လာတိုင်း တနေကုန် နွားလိုပဲ ခိုင်းလာ
သော သူ့ သခင်က လှည်းပေါ်တွင် ပင်ပင်ပန်းပန်း အိပ်ပျော်လာတတ်သော်လည်း ရထားလမ်းတွေ၊ ကားလမ်း
တွေ ကို ဘေးကင်းစွာပဲ အလီလီ ကျော်ဖြတ်၍ အိမ်အရောက် လှည်းကို ဆွဲ ပြန်တတ်လေ့ ရှိသည်ကို ရေနံ
ဝန်ထမ်း ဘဝ နှင့် ပင် ကျွန်တော် အကြိမ်ကြိမ် တွေ့ ဘူးခဲ့ ပါသည်။
ယ္ခု တွေ့ ရသောနွားလှည်းက ဆေးလိပ်မီး တရဲရဲ ဖြစ်နေသောကြောင့်  လှည်းဆရာတော့ နိုးနိုးကြားကြား နှင့် 
မီး နီ မှား မဖြတ်ကူးမိအောင် ကိုယ်တိုင်ပဲ မောင်းလာတာ ဖြစ်မှာပေါ့ .. ဟု ပြောလိုက်တော့ မှ မှောင်ထဲမှာပဲ
ပထမဆုံး ရယ်လိုက်သော မဟေသီ့  အသံ ကို ကြားရပါတော့ သည်။
..............................................................................................................................................
ဝါး တပြန်လောက် လှည်း ရောက်လာတော့ မှ သေသေချာချာ ကြည့် ဖြစ် ပါတော့ သည်။
ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ပါးစောင်တွင် ကိုက်ခဲ ထားသော မြစ်နားဘို့ လယ်ရွာသား အိုပက်ကြီး အီရှောင်
ဖြစ်နေပါတော့ သည်။ သူက အောင်လံရှိ ရွှေနှင်းဆီ ပွဲရုံမှ တရုပ် သူဌေး ဦးလူဝကြီး၏ ဒုတိယ မိန်းမ မှ မွေးထား
သော မွေးချင်းထဲမှ နို့ ညှာ တစ်ယောက် ဖြစ်ပါသည်။ူ( အမေ့ နို့  ကို ဒုတိယ တစ်ယောက်မွေးလာသောကြောင့် 
မဝ ပဲ အလှည့် ပေး၍ ညှာလိုက်ရခြင်း၊ အလတ်ကောင် ပေါ့ ဗျာ။)
နို့ ညှာ တို့ က များသောအားဖြင့်  ဆိုးတာများတတ်တော့  အီရှောင် တစ်ယောက်လဲ အလယ်လွန်၊အပွေးလွန်ပြီး
ဘို့ လယ်သူလေးကို ဖခမည်းတော်ထက်ပိုချစ်လေတော့  ဖအေ တားသည့် ကြားထဲက ဘို့ လည် မှာပဲ တလည်
လည်ဖြစ်နေတာကြောင့်  သူ့ ကို သူ့ အဖေက အမွေပြတ်စွန့် လွှတ် ခဲ့ ခြင်းဖြစ်ပါ၏
အိုပက် ဟု ဘာကြောင့်  တွင်၇ပါသနည်း ဆိုသော်.. ကျွန်တော်တို့  ရေနံ အဖွဲ့ မှ ပိုလျှံ တတ်သော ဒီဇာယ်၊
ဓါတ်ဆီ များကို ရသလောက်၊နိုင်သလောက် ကောက်ယူ သိုလှောင် တတ်လို့  ဖြစ်ပါသည်။
.................................................................................................................................................
“ ဝေး... အီရှောင်... အိုပက်ကြီး..”
“ကို ရောင်းတာ... ပြန် လာပြီလားဗျ.....” ကျွန်တော်က ရေနံ တွင်းတူး အဖွဲ့ တွင် တစ်တွင်းလုံး မှာ တစ်ယောက်
ထဲ သာရှိသော ဝယ်(လ်)တာ (welder) တစ်ယောက်ဖြစ်ပါသည်။ ပိုက်လုံး များကို ဝယ်လ်ဒင် ဆော်သည့် အလုပ်
ကိုလုပ်သူဖြစ်ပါသည်။ ဝယ်လ်တာ ကို တောသံ၊အရပ်သံနှင့်  အလွယ်ပဲအခေါ်များလာတော့  ဝယ်တာ ဖြစ်လာ
ပြီး ဆီ ကိုရောင်းတာ များလာတော့  ရောင်းတာ ဖြစ်လာပါတော့ သည်လို့ ..။
ဌာန ပေါင်းစုံ ပိုလျှံ ဆီ တွေကို ရောင်းကြပေမဲ့  အင်ဂျင်နီယာဌာနတွင် တစ်ယောက်ထဲရှိသူဆိုတော့  လူသိလွယ်
ပြီး လူသိများခြင်းဖြစ်ပါသည်။
“ ဘေးက.. အမေ လား၊အဒေါ်..လား ” အီရှောင်က သိလျှက်နှင့်  နောက်လာပါသည်။
“ညီမ ပါဗျ၊”
“နို့ .. ဘယ်လို ဖြစ်တာတုံး ညကြီး.. ဘယ်အချိန်ရှိနေပြီလဲဗျ၊ဝယ်တာ လေး...”
“ဇက် က ချော.. မိသွားလို့ ဗျာ..၊ နောက်ကျ သွားတယ်၊ ဈေးကားလဲ မမှီတော့ ဘူး”
“ဟုတ်တယ်..၊ ဖယ်ရီ ဘုတ်လဲ ခွာသွားပြီ ခုလောက်ဆို...”
သူက ပြောရင်း ကျွန်တော် ကမ်းလိုက်သော စွန်ပျံ ဆေးပေါ့ လိပ် အသစ်ကို လှန်းယူရင်း သူ့  ပြောင်းဖူးဖက်
ဆေးပြင်းလိပ်ကြီးကို ပြန်ကမ်းလာပါသည်။
“ဟာ..မသောက်ချင်ပါဘူး၊ ခင်ဗျားဟာကြီးက ချိုရဲရဲကြီး ”
“ ကဲ.. အဲ..ဒီက၊ အဒေါ်..အဲ..ကြီးဒေါ်..၊ ကဲကဲ..အမ လေး၊လှည်းပေါ်တက်မယ်နော်.. ခြေမှောင်နေပြီ၊အခုချိန်ဆို
ရှည်ရှည်ကောင်တွေ.. ထွက်နေပြီ...” လို့  အီရှောင် နောက်တော့  မဟေသီ ကျွန်တော့် နား အသာ ကပ်လာပါ
သည်။
အီရှောင်နှင့်  ကျွန်တော် သေတ္တာကြီးနှစ်လုံး၊နှင့် အဝတ်အိပ်နှစ်လုံး ကို လှည်းပေါ် မ တင်လိုက်ပြီး မဟေသီ့ ကို
တော့  ကျွန်တော် ဒုတိယ အကြိမ် ချီ ပြီး လှည်းနောက်ကို တင်ရပါသည်။ အီရှောင်နှင့်  ကျွန်တော်က လှည်းရှေ့ 
မှာပါ။ သူ့  ဆီမှ နှင်တံ ကို ယူလိုက်တော့ .. အပိုတွေပါဗျာ..၊ဒီကောင်တွေ ဒီအတိုင်း လွှတ် ထားလဲ သူတို့ အိမ်
သူတို့  အရောက်ပြန်မှာပါဗျ။.. ဟု စွန်ပျံ ဆေးလိပ်ကို မီးညှိလိုက်ရင်းက သူပြန်ပြောပါသည်။ မဟေသီက
စောစောကပြောသည့်  ရှည်ရှည်ကောင်ကို ကြောက်ပြီး သူ့ ခြေထောက်တွေ အောက်ကို တွဲလောင်းချမထိုင်ရဲ
တော့ ပဲ လှည်းနောက်မှာ ခပ်ပုံ့ ပုံ့ ၊ခပ်ကြုတ်ကြုတ်လေး ထိုင်လျှက်ပါလာတော့ သည်။
လ ကြီးက မီခိုးရောင် တိမ်တောင်တိမ်တိုက် တို့  မဖောက်ထွင်းနိုင်တော့ ဖျော့ တော့ တော့  လရောင်လေး
အောက်မှာပဲ ဧရာဝတီမြစ်ကြီး ဘေးတွင်ကပ်ရက်တည်ရှိနေသော မြစ်နားဘို့ လယ်ရွာလေးဆီသို့  ကျွန်တော်
တို့  နွားလှည်းလေးက လှည်းလမ်းကြောင်းလေးအတိုင်း တလှုပ်လှုပ်နှင့် ပဲ ချီတက်လာခဲ့ တော့ သည်။
ဝန်းကျင်တစ်ခုလုံး ကြီးစိုးထားသော ပုစဉ်းရင်ကွဲ တို့ အော်မည်နေသံနှင့်  ကျွန်တော်တို့  လှည်းကလေး၏
ခလောက်သံ၊ခြူ သံ တို့ က အပြိုင်ပဲ လွင့် ပျံ ထွက်ပေါ် နေပါတော့ သည်။ မြစ်ပြင်ဆီမှ ပြန့် ပြူးသော လယ်ကွင်း
တလျှောက်ကို အဟုန်ပြင်းပြင်းပွတ်တိုက်လာသော လေနုအေးတို့ က တစ်ချက်ချက်၊ အရိုးစိမ့်  အောင်ကို အေး
လွန်းပါသည်။
စစ်ချော မိခဲ့ သော ကူးတို့ ဇက်ကြောင့်  အဆင့် ဆင့်  နောက်ကျခဲ့ ရပြီး ပြည်တောင်တန်းရေနံမြေမှ ကျွန်တော်
တို့  ပြရည် ရေနံ အစမ်းတွင်းအတွက် လွှတ်ထားသောဈေးကားလဲ မမှီ၊ မြစ်နားဘို့ လယ် တစ်ဖက်ကမ်း ပြရည်
ဆိပ်ခံ မှ ဈေးကြို ဖယ်ရီ ဘုတ် လဲ မမှီ ဖြစ်ခဲ့ ရသော ကျွန်တော်နှင့် မဟေသီတို့ ၏ တူနှစ်ကိုယ် ချစ်ခရီး အစရဲ့ 
အဆုံး ကတော့  ရောက်လာပါပြီလို့ ..။
ဘို့ လည်ရွာ ရောက်မှ သူကြီး အိမ်တွင် ရေနံ အဖွဲ့ မှ တပ်ဆင်ထားသော V.H.F ( ကြိုးမဲ့ စကားပြောစက် ) ဖြင့် 
တစ်ဖက်ကမ်း ပြရည် ForeShore(ဆိပ်ခံ၊ဘော်ယာ) ကို ဖယ်ရီ ဘုတ် တစ်ခေါက်ပြန်လွှတ်ပေးရန် တောင်းဆို
တော့ မည်ဟု စဉ်းစား မိပါသည်။
ရွာ ထဲ လှည်းဝင်လာတော့  ခွေးတို့  ထိုးဟောင်တော့ သည်။ လူစိမ်း ပါလာလို့ ပါ။
တစ်ရွာလုံး ကူဘိုတာ အင်ဂျင်စက်သံ ညံနေပါသည်။ ကျွန်တော်တို့ ရေနံ အဖွဲ့ ၏ ကောင်းမှု ပါ။
ဘုရားလဲ မီးလင်းသည်။ ဘောပွဲရုံလဲ မီးလင်းသည်။ အိမ်တိုင်းလဲ မှောင်မနေတော့ ပါ။
ရေနံ အဖွဲ့  ကတော့  ရောက်လေရာ နေရာတိုင်း ရေနံတော့  မထွက်သေးပေမဲ့  တစ်ရပ်ရွာ လုံးတော့  ဝက်ဝက်
ကွဲ သွားအောင်တော့  လင်းသွားတတ်ပါသည်လို့ ။
.........................................................................................................................................................
( ဆက်ရန် )
ူ
ကိုကိုနဲ့ ကျွန်မရဲ့ ကောင်းကင်
7 months ago