Friday, July 30, 2010

တစ်ပင် ထဲ ရင်ထဲက “ နွယ် ” ( ၄ )

ရန်ကုန်မြို့  ကြီး၏ အခြေအနေ က ဘယ်နေရာ ကိုပဲ ကြည့် ကြည့်  ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လို့  နေပါသည်။
တရိပ်ရိပ် ကြီး မြင့်  လာနေသော ကုန်ဈေးနူန်း တို့ ကြောင့် လည်း ဘယ်လို စီးပွား ရေး ပဲ လုပ်လုပ် လုပ် တိုင်း
ပဲ မြုပ်မြုပ် နေခဲ့  ရပြီး ၊ ငွေ စက္ကူ တို့  ကို အကြိမ်ကြိမ် ရုတ်သိမ်း ထားခဲ့  သောကြောင့်  ပြည်သူ တို့ မှာတော့ 
ရေနစ်သူ ကို ဝါး နှင့်  ကူ ပြီး ထိုး လိုက် သလို ဖြစ်ခဲ့ ရ ပါသည်။ အစိုးရ ၏ အဓိက မဏ္ဏိုင် ဖြစ်နေ သော ဝန်ထမ်း
ထု တစ်ရပ် လုံး၏ လစာ ငွေ နှင့်  သုံးလို့  ကို မလောက် နိုင်တော့ သော ကျပ်တည်းမှု ကြီး ကို ဖြေရှင်းရန် မကြာ
ခဏ တိုး တိုး ပေးခဲ့  သည့်  ယာယီ ရှားပါးစရိတ် ( C L A ) တို့  သည်လည်း အနာ ရောဂါ မတိုး တော့  သည့် 
ဆေးခါး ကြီး သဖွယ် ဖြစ်လို့  လာနေပါသည်။ တိုး တော့ မယ် ကြားလိုက် အထွေထွေ သော ကုန်ဈေးနှုန်း တွေ
က “ ဝုန်း ” ကနဲ ထိုး တက် လာ လိုက် နှင့်  ရေမြင့်  လေ ကြာ တင့် လေ ဆိုသလို ပင်၊ ကြာ သဖွယ် ဖြစ်နေသော
ကုန်ဈေးနှုန်း ကို မ.ဆ.လ အစိုး ရ က ဘယ်တော့ မှ အနိုင်မယူ နိုင် ခဲ့ ပါ ။

တံခါးပိတ် ဝါဒ ကျင့်သုံးနေသော ဆိုရှယ်လစ် တစ်ပါတီ စနစ် ဖြစ်နေခဲ့ ၍လည်း ပြင်ပကမ္ဘာ နှင့်  အဆက်ပြတ်
နေပြီး အပြင်မှာ ဘာတွေ ပြောင်းလဲ နေတယ် ဆိုတာကို အတွင်းက မသိ နိုင် သလို ၊ အတွင်းမှာ ဘယ်လို
ကမောက် ကမ ဖြစ်နေတယ် ဆို တာကို အပြင်က လည်း မသိ နိုင် ၊ မမြင်နိုင် ဖြစ် နေ ရပါတော့ သည်။

အဖေ က ဂျိုးသိန်းဆေးပေါ့ လိပ် ကို ပါးစောင်တွင် ကိုက်ခဲ ထားပြီး မျက်မှောင်ကြီးကို ကျုံ့  လျက် နေရှင်နယ်
ပနယ်လ်ဆိုးနစ် ဓါတ်ခဲ ရေဒီယို လေးနှင့်  ဖမ်းနေရသော ဘီဘီစီ ည ပိုင်းအစီအစဉ် ကို ပို၍ ကြည်လင် ပြတ်သား
အောင် ကြိုးစား ပန်းစား ဖမ်းနေရှာပါသည်။

အဖေ့  ပက်လက်ကုလားထိုင်လေး ဘေး မှာ တော့  ကျွန်တော် တို့  မောင်နှမ သုံး ယောက် ရယ်၊ အမာအေးရယ်
စောစံသင်ကဲ ၊ သန်းနိုင် နှင့်  အမေ တို့  ဝိုင်းထိုင်နေကြ ပါသည်။

မျက်နှာ တစ်ခုလုံး တွင် လေးထောင့် မျက်မှန် အမဲ ကြီးသာ နေရာ အပြည့်  ယူ နေရလောက် အောင် ပိန်ချုံး
ကျ နေသော ပါးရည် တွန့်  နေ သည့်  အဖေ့  မျက်နှာ ကို မှိုင်း တို့  အလိပ် လိုက် ထိုး တက် နေသော ရေနံဆီ
မီး အိမ် အလင်းရောင် အောက်တွင် ကျွန်တော် မော့ ကြည့်  နေမိပါသည်။

ဆေးလိပ်ဖိုး ကလေး နှင့်  ဘတ်(စ)ကား လက်မှတ်ဖိုးလေးသာ ချန်ပြီး ၊ ကျန်လစာ အကုန်လုံး ကို အမေ့  လက်
ထဲ လစဉ် ထိုး အပ်ကာ ကျွန်တော် တို့ ကို ချစ်ချစ် ချုပ်ချုပ် ရှာဖွေ ကြွေးမွေး ခဲ့  သော အဖေ့  ကို ကျွန်တော်
အမြဲ ပဲ စာနာ သနား မိ ခဲ့ တာ အကြိမ်ကြိမ် ပါပဲ။

ခေတ်ကြီး တော့  သားတို့  လက် ထက်မှာ ပြောင်း တော့ မယ် အဖေရေ .. ဟု ကျွန်တော့်  ရင်ထဲ ရေရွတ် နေမိ
ပါသည်။ အမေ က ကျွန်တော် တို့  ကို ခြင် မကိုက်စေရန် ပက်လက် လှန်ထားသော မြေအိုး ဖုန်း လေးထဲ နနွင်း
တက် ကလေး ထည့် ပြီး မီးသွေး ခဲ လေး အုပ် ၍ မီးပြောင်း ဖြင့်  တဖူးဖူး မှုတ် နေ ပါတော့ သည်။

“ ကဲပါ .. အမေ ရယ် ၊ သမီး ကို ပေး သမီး တလှည့်  မှုတ် မယ်၊ မီးသွေး က ရေ စိမ် တာ လား ရေစို တာလား
မသိ ” ဟု ကျွန်တော့် အမ က ပြော ပြီး အမေ့  လက်ထဲ မှ မီး ပြောင်း ကို လှန်း ယူ လိုက်ပါသည်။ သေချာ တာက
တော့  တွက်ချေ ကိုက်အောင် ရေပက်ထား သည့်  မီးသွေး ပါဟု။ တစ်တိုင်း ပြည်လုံး နေရာ တိုင်းမှာ တွက်ချေ
မကိုက်၍ တွက်ချေ ကိုက်အောင် နေရာ တိုင်း လုပ်နေကြ တော့ သည် လေ ။

“ သားတို့ ၊ သမီး တို့ ရေ.. ဒီည ရှစ်နာရီ သတင်း မှာ ဦးနေဝင်း ပါတီ ညီလာခံ အပိတ် မိန့် ခွန်း ပြောမယ် ကြား
တယ်ကွ ” အဖေ က လှန်းပြော ပါသည်။

အပြင်မှာ တော့  မိုး မှောင် နေပြီး လေက တဖြည်းဖြည်း ဆော် သွေး စ ပြု နေ ပါသည်။
အိမ်ရှေ့  ပိတောက်ပင် ကြီးမှ သစ်ရွက်၊သစ်ခက်တို့  အချင်းချင်း ပွတ်တိုက် နေသံ ကို ပါ ကြားလာရ ပါသည်။

“ ကဲ. ကဲ .. ဦး တို့  အဒေါ် တို့ လည်း စား ကြ ပါအုံး ၊ ကိုကရင် ၊ သန်းနိုင်၊ ကိုကျော် .. လုပ်လေ..” အမာအေး က
သူ့  အိမ် မှ ယူလာသည့်  လက်ဖက်သုပ် ကို ထပ်နယ် ရင်း ပြောလာပါသည်။

ထိုစဉ် ... “ ဝေး .... ” ဟု ရပ်ကွက် တစ်ခု လုံး၏ ခလေး များ ထ အော် လိုက်သံ ကို ရုတ်တရက် ကြား လိုက် ရ
ပါသည်။

“ မီး ” ပြန် လာ တာပါပဲ။
ခလေး များ အော်သံ ကြောင့်  ကျောနက် ကြီး ပါ အလန့်  တကြား ထ ဟောင် တော့ သည်။

ကျွန်တော် တစ်စုံတယောက် ကို မသိစိတ်က မျှော်နေမိ သလို ဖြစ်လာပါသည်။ ဟုတ်ပါသည်။
“ စုတ်ချွန်း” လေး ပါပဲ ။

“ သူ .. ခလေး တွေ စာသင် နေတယ် ကြားတယ် ...” အမာအေး က ပြော ပါသည်။
မူလတန်း ခလေး များ ကို သူတို့  အိမ် ခေါ် ၍ စာသင် ပေး နေတာ ဟု သိရသည်။ ကျွန်တော် စာသင်တာ သိပ်
ဝါသနာ ပါတယ် ကိုကျော် .. ဟု “ စုတ်ချွန်း” တစ်ခါ က ပြော ခဲ့ ဘူး တာ အမှတ် ရ လာ မိပါ သည်။

ကျွန်တော်လည်း ရေနွေး အိုး သွား ယူ ရန် နောက်ဖေး ဘက် ထ ထွက် ခဲ့  ပါ သည်။

...............................................................................................................................

“တအု..အု.. တအိ..အိ .. ” နှင့်  ကျောနက် ကြီး အသံ ကို ကျွန်တော် နောက်ဖေး မှ လှန်း ကြား လိုက်မိပါသည်။
ကျွန်တော့်  ရင်ထဲ နွေး သွား သလို ခံစား လိုက်ရပါသည်။ သူ “ စုတ်ချွန်း ” လာ ပြီ မဟုတ်ပါလော..။

သည် တစ်ခါ သူ ထမီ ဝတ်လာပါသည်။
အောက် အနားအစ နှစ်ဖက်မညီပါ။
အမဲရောင် ပေါ် မှာ အဖြူ လုံး ကလေး များနှင့်  ထမီ ဆင် ဖြစ်ပါသည်။
အပေါ် ကတော့  ယောက်ျား ရှပ် အဖြူ နှင့်  ပါ ။
တို သော ဆံပင်ကို နောက်မှ လှန် ပြီး ဆံညှပ် နှင့်  ပင့် တင် ထား ပါသည်။
ထူးခြား သည်က ညို သော သူ့  မျက်နှာ ပေါ် က ညီ ... နေ အောင် လိမ်း လာ ခဲ့  သော ပါးကွက် ကြီး နှစ်ဖက် ကို
ခပ်သုတ်သုတ် ဖျက် လာ ပုံ ရ သည့်  ဟိုကျန် သည်ကျန် သနပ်ခါး စ များ ပင် ဖြစ် ပါသည်။

အား လုံး က မီးရောင် အောက်တွင် ထူးခြားနေသော သူ့  ဆီ အကြည့်  တို့  ရောက် သွား တော့  ရုတ်တရက်
“ သူ ” ရှက်ဟန် ပြ သွား ပြီး ၊ ချက်ခြင်း ပဲ ကျောနက်ကြီး ကို အစာ ချ ကြွေး နေ တော့ သည်။

“ ကျွန်တော် ခလေး တွေ ကို ဒီနေ့  စာ စ သင် တယ် ဗျို့  ..” ဟု သူ ဟန်မပြက် လှန်း ပြော လိုက်ပါသည်။
“ စုတ်ချွန်း ” က သည်လို မိန်းခလေး မျိုး ပါ လေ ..။

“ ဘာ ထူး သေးလဲ ကိုကျော်.. ” သူ က တွယ်တက် ချင်နေသော ကျောနက်ကြီး ကို အသာ နှစ်သိမ့်  နေရင်း က
ကျွန်တော့် ကို လှန်းမေး လာပါသည်။

“ အဖိုး ကြီး မိန့် ခွန်း ပြောတော့ မယ် သမီးရေ ... ” ဟု အဖေ က လှန်းပြော လိုက်ပါသည်။
“ ဟုတ် .. ဦး ... ” ဆို ပြီး ကျွန်တော် တို့  ဝိုင်းထဲ အသာ ငုံ့  ဝင် လာပြီး ကျုံ့ ကျုံ့  လေး ဝင်ထိုင်လိုက်ပါသည်။

သည် ညီလာခံ ကြီး က မြန်မာ့  ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ နောက်ဆုံး ပိတ်သွားသော ညီလာခံ ကြီးလဲ ဖြစ်
ခဲ့ ရပါသည်။ အမြဲတန်းပဲ စီမံကိန်း ယာထားချက်များ စာရွက်ပေါ် တွင်သာ ပြည့်  မှီ ကျော်လွန် ပိုလျှံ နေခဲ့ သော
စတ္ထုထ လေးနှစ် စီမံကိန်း ကြီးလဲ ပြီးရော တတိုင်းပြည် လုံးပဲ အခွံ ကြီး ဖြစ်ခဲ့ ရ သည့်  တစ်ပါတီ ဆိုရှယ်လစ်
အာဏာရှင်စနစ်၏ နောက်ဆုံး အစည်းအဝေး လဲ ဖြစ်ပါသည်။

ကိုဇာဂနာ ပြော ခဲ့ သလိုပဲ ဂေါင်းပေါင်းစ ၊ ဘယ်ချ ၊ ညာ ချ နဲ့  ပင် အချိန်တွေ ကုန် လွန် သွား ခဲ့  သည့်  စနစ်
ကြီးလဲ ဖြစ်ပါသည်။

ကိုဇာဂနာ ဆို၍ ကိုဇာဂနာ တို့  အဲ့ ဒီ ပြက်လုံး ကို ရန်ကင်းမြို့  တွင် စ တင် ပြက် ခဲ့ စဉ် က ကျွန်တော် နှင့် 
စုတ်ချွန်း တောင်ဒဂုံ မှ တကူး တက သွား ကြည့် ခဲ့  ကြ ပါသည်။ သူက အိမ်မှ လစ်ထွက်၍ ၊ ကျွန်တော်က
ရန်ကင်း သမဂ္ဂ မှ ခေါ် ၍ ၊ “ စုတ်ချွန်း” က ကိုဇာဂနာ့  ပရိတ်သတ် လေ ။ ရယ်စရာ ရှိ ဘာမှ မချန်ပဲ အသကုန်
အော်ရီ တတ် တာလဲ သူ့  အကျင့်  ..။

...............................................................................................................................................................
်

( ဆက် ပါအုံးမည် )

Thursday, July 29, 2010

မျှော် လေ တိုင်း.....

ရင်ထဲက နွယ်( ၃ ) ကို ရေး နေစဉ်မှာပဲ အလုပ်တာဝန် အရ နယ်ခရီးကို ထွက်ခဲ့ ရတော့ သည်။
“ ထိုင်ပေ ” မှ ကောက်စုကုန်းလု ဟု ခေါ်သော ခြောက်လမ်းသွား အမြန်လမ်းမကြီး အတိုင်း ကီလိုမီတာ ၁၂၀
နှုန်း ဖြင့်  အချိန် နှစ်နာရီခွဲ ခန့်  ကားမောင်းချိန်ဖြင့်  ရောက်နိုင်သော “ ထိုင်ကျုန်း” မြို့  သို့  သွားခဲ့ ရခြင်း ဖြစ်
သည်။ ထိုင်ဝမ် နိုင်ငံ ၏ တတိယမြို့  တော် လည်းဖြစ်ပါသည်။ ကျွန်းမ ကြီး၏ သုံးချိုး တစ်ချိုး ခရီး လဲ ဖြစ်သည်။

တိုးတက်ပြီးသော နိုင်ငံ ဆိုတော့ လည်း မြို့ တော် အဆင့်  တွေ ဘယ်လိုပဲ ခွဲခြားနေပေမဲ့  မကွဲပြားနေသော
လမ်းပန်းဆက်သွယ်ရေးနှင့်  မြို့ ပြ ဖွံ့  ဖြိုးမှု တွေ ကို တမေ့ တမော ပဲ ငေးမော ကြည့် ခဲ့ မိ ရပါသည်။ မော့ ကြည့် 
မိ၍ ခေါင်းပေါင်းစ တောင် ပြုတ်ကျ သွားနိုင်လောက်အောင် အထပ်မြင့် အဆောက်အဦများ အလှချင်း ပြိုင်ပြီး
နေရာ အနှံ့  တိုင်းတွင် ထိုးထိုး၊ထောင်ထောင် ဖြင့်  ဆောက်လုပ် နေကြ သည့်  လုပ်ငန်းခွင် များကိုလည်း
ရင်သတ်ရှု့  မော တွေ့  မြင်ခဲ့  ရပြန်ပါသည်။

သည်မြင်ကွင်း များကို မြင်ရတော့  အမိမြန်မာပြည်၏ နောက်မှ ပေါ်လာသော နောက်ပေါ် နေပြည်တော် နှင့် 
မူလ မဟာရန်ကုန်မြို့ ကြီး၏ အကြီးအကျယ် ကွာခြား ချက်တွေကို ပြန်သတိ ရလာမိခဲ့ သည်။ ရှိစုမဲ့ စု အင်အား
လေးတွေ နှင့် ပဲ ဖွံ့ ဖြိုး လာဘို့  အရှိန်ယူကာစ ရှိသေး ၊ နောက်ထပ် မြို့  တော် ကြီးတစ်ခု ကို ထပ်မံ အခြေချ ဘို့ 
ဒရောသောပါး ဖြင့်  ရုတ်တရက် ထ လုပ်လိုက်တော့  ခါးဆက်တွေ ပြတ်ကုန်ပြီး ၊ ဦး နင်း ပဲ့ ထောင် ၊ ပဲ့  နင်း
ဦးထောင် ဖြစ်နေရသော ၊ “ ဖင် မနိုင် ပဲ ၊ ပဲ ကြီးဟင်း သောက် လိုက်မိသော ” သူ လို ဖြစ်နေရသည့်  ကမောက်
ကမ မြင်ကွင်း တွေ က ထင်ထင်ရှားရှား ပဲ ပေါ်လွင် နေပါတော့ သည်။

မှောင် ထဲ မှာပဲ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေရပြီး ၊ နေ့ စဉ်ပဲ “ ရေ ” စောင့်  ခံ နေ ရသေး သော မဟာ
ရန်ကုန်မြို့  ကြီးက ကျွန်တော်တို့  လူထု ကြီးကို မြင်ယောင် နေမိပြန်ပါသည်။ သည်မှာ တော့  ဘယ်မြို့  ဘယ်
နေရာ ရောက်ရောက်၊ ရောက်လေရာ ဘူတာရုံတွေ၊ ကားမှတ်တိုင်တွေမှာ လူတွေ အားလုံးက အေးအေးဆေး
ဆေး လေး ပဲ အလှ မပျက်ပဲ ၊ တန်း စီ လို့ ၊ ရွှေပြည်တော်တွင်တော့  မနက် လေးနာရီ ထဲက ဘူတာရုံ ကို
လက်မှတ် သွားတန်းစီ ရပေမဲ့  ရောင်းချိန် မနက် ကိုးနာရီ လဲ ရောက်ရော လက်မှတ် က ဆယ့် လေးငါးစောင်
ပဲ ရောင်းရသေး တယ် ကုန်ပြီ တဲ့ ။ အိပ် ချင်ပြေ လေးတောင် ဖြောင့် အောင် မသန်း နိုင်ခဲ့ ရတဲ့  ဘဝ တွေ ပါ။

ဘတ်(စ) ကားတွေ ကိုလည်း ကြည့် ပါလေ။
မှတ်တိုင်မှာ “ မဲ ” နေ သော လူ အုပ်ကြီး ၊ မျှော်တလင့် လင့် နှင့်  ချစ်သူ ရည်းစား ကို လှန်းမျှော်နေရသလို မျိုး
ပလက်ဖောင်း ပေါ် ကနေ လမ်းမတွေ ပေါ်ကိုတောင် လျှံ ကြ လာ နေတာ နောက်လူတွေ တိုးလို့ ၊ ရပ်စရာ ကို
မရှိတော့ လို့  ၊ တစ်ချို့  ဈေးသည် တွေက လည်း မနက် ကျီးမနိုးခင် ကတဲက သည် ပလက်ဖောင်း တွေပေါ်မှာ
ခန်းခန်းနားနား တည်ခင်း နေ ကြ တော့  ကာ ... ၊
ဘတ်(စ)ကား တို့  လာ ပြန်တော့ လည်း အဲ့ ဒီ လူအုပ်ကြီးရှေ့  မရပ်ရဲတော့ ပဲ ဟိုး ဝါး နှစ်ပြန်သုံးပြန် ကျော်လဲ
ရပ် ရော ပရိတ်သတ်ကြီးခင်မျာ အလှ ပျက်စွာ ပဲ ပြေးလိုက်ရပြန် သည်ပေါ့  ဗျာ ။ မိန်းခလေး များကလည်း
သည် တိုင်းပြည်တွေ မှာ လို ယောက်ျား တွေ နှင့်  ရင်ပေါင်း တန်း လျက် ၊ မနွဲ့  နိုင် မရှက် နိုင် ကျားကျား
ယားယား ပြေးလိုက်ရရှာ ပြန်ပါသည်။
အမွှေးနံ့ သာ သနပ်ခါး တို့  ၊ ခေါက်ရိုး မကျိုး ခဲ့ သည့်  မီးပူ ရာ တို့ က သည် ဘတ်(စ)ကား တွေ ပေါ်မှာ၊ ကား
မှတ်တိုင် တွေ မှာ ပဲ ချွေးစေး တို့  ဖြင့်  အဆုံးသတ် နိဂုန်း ချုပ် ခဲ့  ရပါ တော့ သည်။

“ ထိုင်ကျုံး ”မှာ ရှိနေစဉ် ည တိုင်းပဲ သတင်းကို တခုတ်တရ စောင့်  ကြည့်  နေဖြစ်ခဲ့ ပါသည်။
နွေရာသီ ဆိုပေမဲ့  မိုးက မကုန်ချင်၊ အရှိန် မသေ ချင်သေး ပဲ ဆက်တိုက် ရွာ နေ ခဲ့ တော့  မိုးလေ ဝသ သတင်း
တွေ ပဲ စောင့်  ကြည့်  နေခဲ့ မိသည်။

မိုး တွေသာ ရွာနေ ပေမဲ့  ပူ နေလွန်းတော့ လည်း သူ တို့  လိုပဲ ကျွန်း ကြီး နား ဝဲ ဝဲ နေသည့်  “ ထိုင်ဖုန်း ” ကို
မသိ စိတ် က မျှော်နေမိ ပေမဲ့  မုန်တိုင်း ဝင် သွားတိုင်းလည်း အပျက်အစီး တို့  ရှိ စမြဲ မို့  နဲနဲ တော့  စိုးရိမ် မိ ပါ
သည်။

နဲနဲ ပဲ စိုးရိမ် မိ ပါသည် လို့  ပြောမိ တာက လည်း အများကြီး စိုးရိမ် စရာ မလို သည့်  လူထု အစိုးရရှိနေ လို့ သာ
ပါပဲ။ သည်မှာ အရေးပေါ် ဘေးဒုက္ခ တွေ ပေါ်လာတိုင်း လူထုက အသဲကြားက မဲ တစ်ပြား ဖြင့်  ရွေးချယ် ထား
သော လူထု ခေါင်းဆောင် တွေမို့  ဒုက္ခ သည် တိုင်း ကို အချိန်နှင့်  တပြေးညီ ပဲ နွေးနွေးထွေးထွေး စောင့် ရှောက်
မှု တွေ ပေး နေတာကို တွေ့  ရသောကြောင့်  ဖြစ်ပါသည်။

နေစရာ အိုးအိမ်တွေ ကို ပြင်ဆင်ပေးရုံမျှမက စားဝတ်နေရေး လောလော ဆယ်ဖြေရှင်းလို့  ရအောင် လုံလောက်
သည့်  ငွေ ရေး ကြေးရေး အကူ အညီ တွေ ကိုပါ မိသားစု တိုင်း ကို ထုပ်ပေး နေခဲ့ ပါသည်။

သည်တိုင်းပြည်မှာတော့  ရာသီဥတု ဆိုးရွားချိန်၊ ဘေးအန္တရာယ်တွေ ကျရောက်နေချိန် တိုင်းမှာ နိုင်ငံတော်
သမ္မတ က အစ ခေါင်းဆောင်တွေ အားလုံး လူထု နဲ့ အတူ မိုးရေ ထဲမှာပဲ ကျောချင်းကပ် ရင်ဘောင်တန်း၍
အခက်အခဲ တွေ ကို ဖြေရှင်းနေကြတာ တွေ တွေ့ မြင်နေရပါသည်။

အမိမြန်မာပြည်တွင် ဖြစ်ပွားခဲ့ ရသော ကမ္ဘာကျော် နာဂစ် မုန်တိုင်း ကြီး ၏ ခါးသီး ဖွယ် မြင်ကွင်း တို့ နှင့်  လည်း
ပြန်နိုင်းယှဉ် လိုက်မိ ခဲ့ ပါသည်။

မိုးလေဝသ ဌာန က လည်း တိကျသော သတင်းများကို အမြဲပဲ ထုတ်ပြန်ပေး နေပါသည်။
နဲနဲ လေး လွဲမှား ရုံ မျှဖြင့်  ကိုယ့် ကိုယ် ကို တာဝန်ယူ ပြီး နှုတ် ထွက်သွားခဲ့  သည့်  သာဓက များလည်း ရှိခဲ့ ပါ
သည်။ သည်လို အဆင့်  တွေ တင်လား ဆိုတော့  မဟုတ်ပါလေ၊ ဝန်ကြီး ဌာန တိုင်းနှင့်  နိုင်ငံတော် သမ္မတ
အထိ ပင် ဖြစ်ပါသည်။

သည်မှာက အာဏာ က လူတစ်ဦးချင်းစီ ရဲ့  လက်ထဲမှာ၊ လူထု ရဲ့  လက်ထဲမှာ လို့  ကျွန်တော်ထင်ပါသည်။
နိုင်ငံတော် သမ္မတ သည် ပင်လျင် လူထု ရဲ့  ပြည်သူ ရဲ့  ဝန်ထမ်း ဖြစ်နေသည် ဟု ကျွန်တော် မြင်မိပါသည်။

ကား ကြော်ညာ လေး တစ်ခု ကိုလည်း တွေ့  လိုက်ရပြန်ပါသည်။
ဂျာမဏီ မှ တီထွင် ထုပ်လုပ်လိုက်သော နောက်ဆုံးပေါ် ကား တဲ့  ။
ထိုင်ဝမ် မှာ တင်ရောင်းနေတာ ဖြစ်ပါသည်။ ထိုင်ပိ ငွေ သိန်းပေါင်း ထောင့် ငါးရာ ဟု သိရသည်။
လေးစက္ကန့်  အတွင်းမှာပဲ ကီလိုမီတာ တစ်ရာ့ နှစ်ဆယ် ကို ဆွဲတင် လိုက်နိုင်သော ဘက်တ္ထရီ ဖြင့်  မောင်း
သည့်  ကား ပါ ။

ခေတ်ကြီး ကို ပြောင်းနိုင် ပါတော့ မည်။
တစ်ချိန် က ပုံပြင်များ က ဒီ အချိန်မှာ အကြိမ်ကြိမ် ပေါ် လာ နေ ခဲ့ ပါပြီ။

ရွှေပြည်ကြီး၏ တစ်ချိန်က သူတို့  အာဏာစက်ဖြင့်  စိုက်ခဲ့ ရသော ကြက်ဆူဆီ စီမံကိန်းများ ကိုလည်း မှုံဝါးဝါး
မြင်ယောင်လာမိ ပါသည်။

ရွှေပြည်တော် ကြီးကို ကျွန်တော် မျှော် ကြည့် မိ ခဲ့  တာ လဲ အကြိမ်ကြိမ် ရှိခဲ့ ပါပြီ။
ဆယ်စုနှစ်များကိုလည်း အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့ ပြီးပါပြီ။
မျှော်လေ တိုင်းလည်း ........... ။

မိုး တို့ က တော့  ရွာ ကောင်း တုံးပါ ၊ လျှပ် စီး လက် လိုက်သည်ကို မှန်ပြူတင်း မှ လှန်းမြင်လိုက်ရပါသည်။

.............................................................................................................................

နွယ်( လေး ) ကို ဆက်မရေး နိုင်သေးမှီ ပြန်နားရတုံး တစ်ရက်မှာပဲ သည်ဆောင်းပါး လေး ကို အရင် ရေးခဲ့ 
မိ ပါသည်။

...............................................................................................................................

( ပြီးပါပြီ )

Sunday, July 18, 2010

တစ်ပင်ထဲ ရင်ထဲက “ နွယ် “ ( ၃ )

အချိန်က ၁၉၈၈ ၊ ၆ လ ပိုင်း အတွင်း ၊ ဝင်ရောက် လာ ခဲ့ သောအချိန် အခါ ဖြစ် ပါသည်။
မိုးတို့  လဲ တဖြိုင်ဖြိုင် ရွာသွန်းနေသော ကာလ လဲ ဖြစ်ပါသည်။
မိုးကြီးကြီးရွာ ပြီးတိုင်း လမ်းဘေး ရေမြောင်း တွေ ထဲမှ နှစ်ချို့  ပိတ်ဆို့  နေသော အမှိုက်၊အနယ် အနှစ်တို့ 
မိုးရေတို့ နှင့် အတူ လမ်းပေါ် လျှံ တက် ၍ ပေါလော မျောပါ လာတတ်ကြပြီး ၊ ကျွန်တော် တို့  လမ်းတွေထဲရှိ
အိမ်ခြံ တို့ ကို လာ လာ ဦးတိုက် ပြီး အိမ်ဝိုင်း ထဲ အထိ ပါ ဝင် ရောက်လာ နေပါသည်။

ဗမာပြည်ကြီး၏ အချေအနေ သည်လဲ ပေါက်ကွဲ တော့ မည့်  မိုင်းဗုံး ကြီး တစ်လုံး လို ဖြစ်နေသော အချိန်အခါ
လဲ ဖြစ်ပါသည်။ ကျွန်တော်တို့  လို ကျောင်းသား သမဂ္ဂ အဖွဲ့  ဝင် တို့ သည်လည်း ၊ တစ်ကျောင်း နှင့် 
တစ်ကျောင်း ၊ အထက်အဖွဲ့  နှင့်  အောက်အဖွဲ့  အပြန်ပြန် အလှန်လှန် ချေခြင်း လိမ် နေလောက်အောင်ကို
ကိစ္စ များမြောင် တို့  ဖြင့်  ဗျာ များ၊ ရှုပ် ထွေး နေ နေ ရ ချိန် ဖြစ်ပါသည်။

ဆယ်စုနှစ် ပေါင်းများစွာ၊ ကျွန်တော် တို့ ၏ မိဘ များ လက်ထက်မှ ၊ ယနေ့  အချိန်အထိ စစ်တပ် ကို နောက်ခံ
ထား ဖွဲ့ စည်း ထား ခဲ့  သော အစိုးရ တစ်ရပ် ၏ မှားယွင်း နေသော လုပ်ရပ် များ ကို အမြစ်လှန် ပြောင်းလဲ ပစ်
ရန် အဖွဲ့  အစည်း ၊ လူထု လူတန်းစား ပေါင်းစုံ တို့  စုရုံး ကြိုးစား နေ ကြ ပါပြီ။

တံခါးပိတ်ဝါဒ ကျင့် သုံးပြီး ၊ လူထု ကို မှောင်အတိ ချ ကာ အမှား၊ အမှန် မရှိ ပဒေသရာဇ် စံစံ ကျင့် သုံး နေ
သော တစ်ပါတီ စနစ် ကို ငြီးငွေ့  ရွံ့  မုန်း လာ နေ သော်လည်း ဘယ်လို ၊ ဘယ်ခေါင်းစဉ် ၊ ဘယ်လမ်းစဉ် တို့ 
ဖြင့်  ဦးဆောင် ကျင့် သုံး သွားကြမည်ကို တစ်တိုင်းပြည် လုံး၏ ရှေ့ ဆောင် ပညာတတ် လူတန်းစား ဖြစ်နေ
သော ကျောင်းသား ထု က ရှာဖွေ ဖော်ထုပ် နေရ ချိန်၊ လူထု တရပ်လုံးကို တညီတညွတ် ထဲ ဦးဆောင် သွား
နိုင်မည့်  ခေါင်းဆောင်ကောင်း တစ်ဦး ကိုလည်း ရှာဖွေ နေရချိန် လည်း ဖြစ်ပါသည်။

ချမှတ် ထားခဲ့ သော “ မူ ” တို့  ကောင်းချင် ကောင်းနိုင်ပေမဲ့  ၊ ထို “မူ” တို့ ကို ကိုင်တွယ် ကျင့် သုံး နေခဲ့  သော
“ လူ ” တို့  မကောင်း ခဲ့  သောကြောင့် လည်း၊ တိုင်းပြည်ကြီး ဆိုရှယ်လစ် ၂၆ နှစ်တာခရီး မှာ ဂျောက် ထဲ
ကျ လု ကျခင် ဖြစ်လာရပါတော့ သည်။

လက်ရှိ အစိုးရ သည်လည်း အကျင့် ပျက် ခြ စား နေ သော ယန္တယား ကြီးဖြင့်  လည်ပတ် လာခဲ့ သော ကြောင့် 
သာ သူ့ ဇာတ် သူ မနိုင် တော့ ပဲ၊ ကုန်ဈေးနူန်း တို့  အဆမတန် ကြီးမြင့်  လာနေခဲ့ ရပါတော့ သည်။

“ အဲ့  ဒါ ဆို .. ကိုကျော်တို့ က ဘာလုပ် နိုင်လို့  လဲ..၊”
စုတ်ချွန်းက ကျွန်တော် ပြောသမျှ ကို ဘေးမှ နားထောင်နေရင်း မေးလာခြင်းဖြစ်ပါသည်။
“ လူထု အား ကိုယူရမှာ ပေါ့ ကွ ၊ တစ်တိုင်းပြည်လုံး ညီ နေရင် အရာရာ ကို ကျော်လွှား သွား နိုင်မှာ..”
သူ တစ်နေရာ ကိုငေးနေ သည်။ ပြီးမှ .. “ စစ်တပ် ကရော .... ” ဟု အဓိက မေးခွန်းကို မေး ပါတော့ သည်။
သူ့  မေးခွန်းကို ရုတ်တရက် တော့  မဖြေနိုင်ခဲ့ ပါ ။ သေသေ ချာချာ စဉ်းစား ပြီးမှ ... “ အင်း . . စစ်တပ် ကလည်း
ဒို့  လူထု ထဲကပဲ ပေါက်ဖွား လာတာပဲ မဟုတ်လား ၊ သူတို့ လည်း အမှန်ကို အမှန်အတိုင်း မြင် ကြ မှာပါ..”
ဟု သူ့  ကို ပြန်ဖြေ ရ ပါသည်။

“ ကိုကျော် နက်ဖြန် အလုပ် သွား အုံးမှာလား .. ”
“ အင်း ”
“ ဒါဆို .. အိမ်ဖက် လှည့်  ခဲ့ အုံးလေ ၊”
“ ဘာလို့  ..”
“ အိမ်မှာ.. ကျွန်တော်.. မုံညှင်းချဉ်နဲ့  ဝက်သား ချက်မလို့  ၊ ဝင်ယူ ပါလား ..”
“ အမယ်..... ငါ့ ညီမ က ချက်တတ် လို့  လား ”
“ စား ကြည့် လေ ..”
“ အို ကေ..”
ကျွန်တော်က စက်မှု ကျောင်း ပြီးကာစ ၊ အစိုးရ အလုပ် မဝင် ရ ခင်၊ တောင်ဒဂုံ စက်မှုဇုံ ရှိ အလုပ်ရုံ တစ်ခု တွင်
အချိန်ပိုင်း အလုပ်သမား အဖြစ် ဝင်ရောက် လုပ်ကိုင် နေရပါသည်။ ပညာ ရေး ဌာန နှင့်  နိုင်ငံ သမိုင်း ကော်
မရှင် တွင် ဝန်ထမ်း ဘဝ ဖြင့်  လုပ်နေရသော အဖေတို့ အမေတို့  လစာ လေးဖြင့်  ကျွန်တော်တို့  မိသားစု
စား အိုး ကြီးကို မထိန်း နိုင် ခဲ့  သောကြောင့် ဖြစ်ပါသည်။ အမ နှင့်  ကျွန်တော့် ကို ကျောင်းပြီးအောင် အဖေ တို့ 
ချစ်ချစ်ချုပ်ချုပ် ထားခဲ့  ကြပေမဲ့  ၊ ကျန်အငယ်မ နှစ်ယောက် အတွက် တော့  မလွယ်တော့ ပါ လေ။

ကျွန်တော်တို့  လမ်းထဲ တွင်တော့  “ စုတ်ချွန်း” တို့ က တောင်ဒဂုံ စက်မှု ဇုံ ထိပ်တွင် ခေါက်ဆွဲ ကျော် ဆိုင်လေး
ဖွင့်  ထားသောကြောင့်  ဘာပဲ ပြောပြော စားနိုင်၊ သောက်နိုင် ပြေလည် ကြ သည် ဆိုပါတော့  ။

သူက ကျွန်တော်တို့  အုပ်စု လှုပ်ရှား နေသော နိုင်ငံရေး ရာ ကိစ္စများကို နားမလည်သော်လည်း ၊ တစ်ခြမ်း
စောင်းနေသော ၊ တစ်ဖက် စောင်းနင်း ဖြစ်နေသော တိုင်းပြည်အရေးကိုတော့  စိတ်ဝင်စားရှာပါသည်။

ကျွန်တော် သမဂ္ဂ မှ ပြန်လာတိုင်း ကျွန်တော်ပြောပြ နေသော သတင်းအချက်အလက် များကို သူ ပဲ စိတ်ဝင်
တစား နားထောင် လေ့  ရှိသည်။ အဖေတို့ က လက်ရှိ ဝန်ထမ်း များ ဖြစ်သောကြောင့် လည်း ၊ ရပ်ကွက် ထဲရှိ
ပါတီ ကောင်စီ တို့ ကို အထူးဂရုစိုက် ၍ သိုသိုသိပ်သိပ် လှုပ်ရှား နေရ ပါသည်။ အိမ် မှာပဲ လူစု ကြတာ များတော့ 
စာသင်ဝိုင်း ပုံစံ မျိုး လိုပဲ လူစုပြီး အမြင်ချင်းဖလှယ်ကြ၊ အထက် သမဂ္ဂ အဖွဲ့  တို့ မှ အဆင့် ဆင့်  ကျလာသော
ညွှန်ကြားလွှာ တို့ ကို အပြန်အလှန် ဆွေးနွေး ကြ ၊ ဆက်လုပ်ရမည့်  လုပ်ငန်းစဉ် တို့ ကို ချမှတ် ကြ နှင့် ၊ ပြန်
တွေး ကြည့် မိတော့ လည်း ထို အချိန်လေး များကို မြင်ရောင်လာမိပြီး ၊ တစ်ကိုယ်ထဲ ပြုံး မိတာလည်း
အကြိမ်ကြိမ် ပါ ။

ကျွန်တော်တို့  အားလုံး၏ ရင်ထဲမှာတော့  တိုင်းပြည်ကြီး တော့  ပြောင်းလဲ ရမည် လို့ ပဲ မျှော်လင့်  နေမိကြ
ပါသည်။ အပြောင်းအလဲ ကို လိုချင်နေကြသည်။ ဟိုး.. လွတ်လပ်ရေး ခေတ် တုံးက ၊ နောင်တော့်  နောင်တော်
ကျောင်းသား ကြီးများ တိုင်းပြည်အတွက် လှုပ်ရှား ခဲ့ ကြသည် များကို ပြန်လည် သတိရ၊ အားကျ နေခဲ့  မိကြ
ပါသည်။

ပြောင်းလဲ ခဲ့ တာလေး တစ်ခုတော့ လည်းရှိခဲ့ ဘူးပါသည်လေ ။
အမာအေး က သမဂ္ဂအဖွဲ့ တွင် တွဲဖက် အတွင်းရေးမှုး တာဝန် ကို ယူထား တော့ ၊ အတွင်း ရေးမှုး ဖြစ်သော
ကျွန်တော်နှင့်  အများဆုံးပဲ အသွားအလာ အဆက်အဆန် ရှိနေခဲ့ ရပါသည်။ သူက အမြဲတန်း ပါးကွက် ကို
ခပ်ထူထူ နှင့်  ညီညီညာညာ လေးပဲ မပြတ်တန်းလူး နေတတ်သလို၊ ရှည်လျားသော သူ့ ဆံပင် တို့ ကိုလည်း
အမြဲတန်းပဲ ကျစ်ဆံမြီး လေး နှစ်ဖက် စည်း စည်း ပြီး ချချ ထားတော့  အမြင်မှာ ထင်ရှား ၍ ယဉ်ယဉ်ကလေး
လှ နေသလို ဖြစ် နေ သည် ဆိုပါတော့ ။ ကျွန်တော်က “ စုတ်ချွန်း” ကို သူ မလှ ဘူးလား ဟင်... လို့  မေး တော့ 
အမယ်..... ဟု သာ ပြော ပြီး စကား စ တို့  တိတ်သွား ခဲ့ ပါသည်။ “ တစ်ခါတလေ လဲ ညီညီ ညာညာ လေး
လိမ်းခဲ့ ပါလား ဟာ... ” ဟု သူ့  ကို ပြောမိခဲ့  ပါသည်။

မိုးတွေ မဲမှောင် နေအောင် ရွာလွန်း နေသော တစ်နေ့  မှာ ပဲ ဖြစ်ပါသည်။
ရွာလိုက်သည့် မိုး ၊ နေ့ လည် ကတဲက ရွာ နေတာ .. ညနေစောင်း နေတာ တောင် မတိတ်ချင် သေးပါ။
ကျွန်တော်တို့  အဖွဲ့  လည်း အိမ်ပေါ် ထပ် ရှိ ထမင်းစားပွဲ အဝိုင်းကြီး မှာပဲ စု ဖြစ် ကြပါသည်။
သန်းနိုင် က သူ့ အိမ် မှ ဒီဇယ်ဆီ ယူလာ ၍ မီးဇာ ခွက် ကလေး ဖြင့်ပဲ မီးထွန်း ထားရပါသည်။ နဂို ကတဲက
မီးက မမှန် သည့် အထဲ မိုးရွာ တော့  လုံးဝ ကို မလာ တော့ ပါ လေ၊ အမာအေး ယူလာသော နက်ဖြန် ဝေငှ
မည့်  လက်ကမ်း စာစောင် မူရင်းကို စောစံသင်ကဲ က ကရင် သံ ဝဲဝဲ ဖြင့်  ဖတ်ပြ နေသော်လည်း သွပ်မိုး
ပေါ် တဗြုန်းဗြုန်း ကျ နေသော မိုး သံ တို့  ကြောင့်  မကြား တစ်ချက်၊ ကြားတစ်ချက် ဗလုံးဗထွေး ဖြစ် နေ
ပါသည်။ မသန်းရွှေ က အိမ်ပေါ်သို့  တစ်ချက် ချက် ထိုးထိုး ဝင်လာ နေသော လေ တို့ ကြောင့်  မီဇာခွက် ကို
မီး မညိမ်း သွား စေရန် စာအုပ်ဖြင့်  ကာ ပေး နေ ပါသည်။ အဖေ က တော့  ပက်လက် ကုလား ထိုင် ပေါ်
ဝယ် “ ဂျိုးသိန်း” ဆေး ပေါ့ လိပ် ဖြင့်  ပါးစောင်ခဲ ၍ စံသင်ကဲ ဖတ်ပြ နေသော လက်ကမ်းစာ များ ကို
ဖတ်ရင်း အတွေး နယ်ချဲ့  နေဟန် တူပါသည်။ ဆေးလိပ် မီးခိုး တို့  အကွင်းလိုက် တစ်ထပ်ချင်း မှုတ်ထုပ်
နေတော့ သည်။ ဒါက အဖေ့  စတိုင် ပါ ။ အမေ က တော့  နောက်ဖေး မှာ ရေစိုမီးသွေး ကို မီး တက်လာအောင်
မီးပြောင်း ဖြင့်  တဖူးဖူး မှုတ် နေ ရရှာ ပါသည်။

ကျွန်တော်က ဆွေးမြေ့  ပေါက်ပြဲ နေသော သွပ်မိုး ပေါက် တို့  မှ ၊ တစ်စက်စက် ကျ နေသော မိုးစက် တို့ ကို
ရှိသမျှသော ခွက် တို့  နှင့်  လိုက်ခံ နေ ရပါသည်။

ထိုစဉ် ... အိမ်ရှေ့  ဖိနပ်စင် တွင် အသာ မှိန်း နေသော ကျောနက်ကြီးက ရုတ်တရက် ခေါင်းထောင်လာပြီး
တအု..အု ၊ တအိအိ.. ဖြစ်လာ ပါသည်။ သူ့  အမြီး ပါ ထောင်လာ၍ တနှံ့ နှံ့ ဖြစ် လာပါ တော့ သည်။

ကျွန်တော် သိ လိုက်ပါပြီ ။
သူ့  ဘော်ဒါ “ စုတ်ချွန်းလေး” အိမ် အဝ ရောက် နေပြီ လေ။
မှောင်နေ သောကြောင့်  သူ ဓါတ်မီး ယူ လာပါသည်။
ကျွန်တော်လည်း ထီး တစ်ချောင်း ယူ ပြီး ကပျာပဲ ခြံတံခါး သွားဖွင့်  လိုက်မိသည်။
“ ဟင်..” အံ့ သြ သွားမိပါသည်။
“စုတ်ချွန်း” သည် တခါ ညီလို့ ပါလား သနပ်ခါး လိမ်းတာ ၊
“ ဒါကြောင့်  ဒီနေ့ မိုးရွာ တာကိုး..” ဟု သူ့ ကို ပြောဖြစ်ပါသည်။
“ ယူ ပါ ... အမြန်..” ဟု ပြောပြီး သူ့  လက်ထဲ မနိုင်မနင်း ကိုင်ထားသော ခေါက်ဆွဲ ထုပ် များ ကို လှန်းပေး
လေတော့ သည်။ “ အဖေ့ ကို မနက် ထဲက မှာ လိုက်တာလေ .. ကျွန်တော် ဒီနေ့  ဆယ့် ခြောက်နှစ် ပြည့် ပြီ”
ဟု သူ ပြော လာပါသည်။

အော်... အချေအနေတွေ မပြောင်းလဲ သေး ပေမဲ့  လောလော ဆယ်ပြောင်းလဲ လာ သော“ စုတ်ချွန်း ” လေး၏
အချေအနေ ပါလား .. ဟု ကျွန်တော့်  ရင်ထဲ ရေရွတ် လိုက် မိပါတော့ သည်။

.......................................................................................................................................

( ပြန်လာရင် ထပ်ဆက်ပါအုံးမည် )

Tuesday, July 13, 2010

အဖြူလေး ရဲ့ တက်(ဂ်) ပို့ (စ)လေး

တစ်ပင်ထဲ ရင်ထဲက “ နွယ် ” ကို အခန်း ဆက် အဖြစ် ခပ်ရှည်ရှည် လေး ကြိုးစား ရေး ကြည့်  အုံးမယ်
ဟု ဆုံးဖြတ်ချက် ကလေး ကို ခိုင်ခိုင်မာမာချပြီး ကျားကုတ်၊ကျားခဲ စ ရေး နေတုံးရှိသေး ၊ “ ဗြုန်း” ကနဲ ဆိုသလို
စာ ကို အလွန်ပဲ ရေး နေနိုင်သူ “ မရွှေစင်” က ၊ ကျွန်တော့်  ကို မမေးရသေးလို့ .. ၊ “ တက်(ဂ်) ပို့ (စ) ” လေး
ရေး ဘို့  စာရင်း ထဲ ထည့်  မလို့ ...၊ ဘယ်လို လဲ... စသည်ဖြင့်  မေးလာလိုက်တုံးက ရုတ်တရက် အံ့  သြသွား
မိပြီး ၊ ဟိုး .. တစ်ချိန်တုံးက “ ချိုကိုသဇင် ” ကလဲ ကျွန်တော့် ကို အခုလိုပင် “ တက်(ဂ်)စာ ” လေး ရေးခိုင်း တာ
ကို သွား သတိရမိပြန်ပါသည်။
အဲ့ ဒီ အချိန်တုံးက လည်း ယ္ခု လိုပင် လန့်  သွားမိခဲ့ ဘူးပါသည်။
ဘလော့  လောက မှာ .. အောက်ဆုံး က ပဲ လျှောက်လှန်းနေ သူ ၊ ဘေးကနေ ဘလော့ ရွာ ကြီးကို ရင်သတ်
ရှု့ မော ငေး ကြည့်  နေမိသူ တစ်ယောက်ကို ဗြုန်း ကနဲ ပဲ ဆိုင်း၊ဗုံ တို့ မဆင့်  ပဲ “ မင်း.. ရေး တော့  ” လို့ 
ပြောချ လိုက်တော့  နဲနဲတော့  ရှိန် သွား ခဲ့  ရ တယ် ဆိုပါတော့  ဗျာ..။
ထိုစဉ်တုံးကတော့  သူ က မေးခွန်း လေးများကို ကန့် သန့်  စည်းကမ်း ချက် လေးများနှင့်  နံပါတ်စဉ် အတိုင်း
ပေးပို့  လာ တော့  ခက်ခဲ ပေမဲ့ လည်း ကိုယ်ဖြေတတ်၊ရေးတတ်သလို ပဲ လွတ်လွတ် လပ်လပ် ရေး ခဲ့  ပါသည်။
ယ္ခု “ မရွှေစင်” ၏ “ တက်(ဂ်) စာ ” လေး ကျတော့  လွတ်လွတ် လပ်လပ် ရေးပါ ဟု ခေါင်းစဉ် မဲ့  လေး ပြော
လာတော့  ကောင်းချင်မဲ့  စာ လေး များကိုပဲ အပြေး အလွှား စဉ်းစား နေရပါတော့ သည်.. လို့ ။
ခေါင်းပူ သွားခဲ့ သည် ဆို ပါစို့  ဗျာ...။

ကဲ.. ကဲ .. ခေါင်းပူပူ နဲ့ ပဲ ရေးမိ လိုက်တာ ကတော့  “ ပေါက်စီ” ပါ .. တဲ့  ။

ပေါက်စီ
-------------

ရသေ့ တောင် ရောက်တော့  မဟေသီ တို့  အုပ်စု က ဘုရား ပေါ် ကို ကားနှင့်  ဆက်မတက် ရဲ တော့ ပါ
ဟု ဆို လာ ၍ နံနက်စာ အဆာပြေ ဆီထမင်း ပူပူနွေးနွေး လေး နှင့်  ငါးခူ ကျော် လေးကို ပထမဆုံးတွေ့ 
သည့်  ဆိုင်မှာပဲ တိုးတိုး ခွေ့ ခွေ့  လေးဖြင့်  ဒူး ခြင်း တိုက် ကာ ဝင်နိုက် ကြ ပါတော့ သည်။

ကျိုက်ထီးရိုး ဒီဇင်ဘာဆို တော့ လည်း သိတော်မှု သည့် အတိုင်းပါပဲ ၊ အရိုးထဲ ကိုက်နေ အောင်ကို စိမ့် ပြီး အေး
နေတော့ သည်လေ။ မနက် လေးနာရီ ဆိုတော့  မြူနှင်း တို့ က လည်းမကွဲတတ်သေး ၊ ကျွန်တော် တို့  မိသားစု
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့် ပြီး ပြုံးမိကြ ပါသည်။ ပါးစပ် တွေ ထဲ ကလည်း အငွေ့  တွေ တထောင်း
ထောင်း ၊ ဆီထမင်း နဲ့  ရေနွေး ချမ်း ကလည်း အငွေ့  တွေ တထောင်း ထောင်း ၊ အကြော် ဆိုင်ပေါင်းစုံ တို့ က
လည်း မီးခိုး ငွေ့  တွေ တထောင်းထောင်း ၊ ရှေ့  ဖက် ကားဝင်း ထဲ ကို အဝင်အထွက် လုပ်နေ ကြ သော
ဘုရားဖူး ကား တို့  ၏ ဖုံတွေ ကလည်း တထောင်းထောင်း အို... မြူ ခိုး ၊ နှင်းခိုး တွေ ကြား ထဲ မှာ ကြည်နူး
စိတ် ကလေးတွေ ကိုယ်စီ ဖြင့်  လတ်ဆတ်၊ လန်းဆန်း နေသော ဆောင်း လေနု အေး ရနံ့  ကလေး ကို ပဲ
ရအောင် ရှုရှိုက် မိ လိုက် ကြ ပါသေးသည်။

ကျွန်တော် ပေါက်စီ ကို ငုံ့  ကြည့်  မိတော့  အမွှေးထူထူ သိုးမွှေး ဦးထုပ် ကို နားအုပ် နှစ်ဖက် ချထား ပြီး
ဦးထုပ်လျှာ ကိုပါ ခပ်ငိုက်ငိုက် စောင်းထား သော ကြောင့်  သူ့  မျက်နှာ ကို မမြင်ရပေမဲ့  ဆီထမင်းလုပ်
မဆန့်  မပြဲ ငုံ လျက် ပြည့် ဖောင်း နေသော ပါးနှစ်ဖက်ကို တော့  တလှုပ်လှုပ် ဖြင့်  မြင်နေရပါသည်။

လမ်းလျှောက် ကာစ အရွယ် မို့ လားတော့ မသိ၊ အခု လို များ ညအိပ်၊ညနေ ခရီးများ သွားရလျင် လူကြီးတွေ
သာ တစ်လမ်း လုံးငိုက် လာ လိမ့် မည်။ “ပေါက်စီ” တို့ က တော့  ဘယ်တော့  မှ မငိုက် တတ်ပဲ လန်းလန်း
လန်းလန်း ဖြစ်နေတတ်ပါသည်။

ငါးကြော် ကို လက်နှစ်ဖက်နှင့်  ကိုင်ဆွဲ နေသောကြောင့်  သူ့ အမေ လိမ်းပေး ထားသော ထူထဲ ညီညာ သော
လေးထောင့်  ပါးကွက်ကြီး တို့ က ဆီကွက် များဖြင့်  ဘယ်ညာ ပေလူး နေပါတော့ သည်။

ဘေးချင်း ကပ်ထိုင်နေသော အကြီးကောင်က သူ့ ညီ ကို စ ချင် လာ၍ ထင်၊ သူ့ လက်အိပ် တစ်ဖက်ကို အသာ
ချွတ်လိုက်ရင်း ပေါက်စီ ၏ အနွေးထည် နောက်ကျော ကို အသာလေး လှန်ပြီး သူ့  အေးစက် သော လက်ကို
ရုတ်တရက် ထိုးထည့်  လိုက်ရာ ပေါက်စီ လည်း အလန့် တကြား ထအော်ပြီး ၊ ပါးစပ်ထဲ မှ ကိုက်လက်စ ငါးကြော်
နှင့်  သူ့ အကို ကို လှည့် ပေါက်ပစ်လိုက် လေ တော့ သည်။

ဘေးမှ ဘရားဖူး တစ်သိုက်လဲ ပေါက်စီကို လှည့်  ကြည့်  လာကြပြီး ၊ ပြုံးစိစိ နှင့်  ဖြစ်ကုန်ကြ တော့ သည်လေ။

အတက်လမ်း တလျှောက်လုံး ဘုရားပေါ်မှ ပြန်ဆင်းလာသော ကားတန်း ကြီးများ နှင့်  ဆုံတိုင်း မှာ ဟိုဘက်
သည်ဘက် ညာသံ ပေး နှုတ်ဆက် အော်ဟစ် သွား ကြသည့်  အသံ တို့ က ဝိုင်း စက်သော လမင်း ကြီး
အောက် ဆိပ် ညိမ် နေသော တောအုပ်ကြီး ကို ဖုံးလွှမ်း နေပါတော့ သည်။ သည်ထဲမှာ ပေါက်စီ ရယ်သံလေး
က လည်း “ တခစ်ခစ်၊ တခွိခွိ .. ” နှင့်  ၊ သူက တစ်မျိုး ဆိုသလို ပါ ။

မဟေသီ က ပြေလျော့  နေသော သူ့  ခေါင်းပေါ် က သဘက် ကြီးကို ပြန်ပြင် ပတ် နေရင်းက
“ ပေါက်စီ ရယ် .. နင့် တစ်လမ်း လုံး ချီ လာရတာ ၊ ငါတော့  သေတော့ မှာပဲ ..၊ ဒီလိုမှန်းသိ ငါ ကား နဲ့ ပဲ ဆက်
တက်သွားပါ တယ် ၊ သွား နင့် အဖေ ဆီ ကို... ” ဟု တပစ်ပစ် မြည်တွန် တောက်တီး နေတော့  ပေါက်စီ
ကလေး မျက်နှာက ခပ် ငယ်ငယ် ဖြစ်နေသည်။ သူလဲ လမ်း လျှောက်တတ်ကာစ ဆိုပေမဲ့  လည်း လျှောက်
တော့ လဲ လျှောက် တက် လာရှာ ပါသည်။

တော လမ်း မှ မတက်ပဲ လမ်းသာ သည့်  ကားလမ်း ဘက်က ရွေး တက် လာ သောကြောင့် လည်း အတက် အဆင်းကား တွေ ကို စိတ်မချ ၍ ကျွန်တော်ရယ်၊မဟေသီ ရယ်၊ အကြီးကောင် ရယ် သုံးယောက် တစ်ယောက်
တစ်လှည့်  စီ ချီ တက် လာ ကြ ပေမဲ့  ကြာလာတော့  အတက်ခရီးမှာ ပေါက်စီ က ဝိတ် စီး လာသလို ဖြစ်
နေတော့ သည်။ အနွေးထည် တွေ တောင်ချွတ်နေရပြီ လေ ၊ ချွေး တရွှဲရွှဲ နှင့်  အေး သော ဒီဇင်ဘာတောင်
ဘယ်ရောက်သွားသည် မသိ ဖြစ်နေရပါသည်။ ကိုယ့်  အနွေး ထည်တောင် ကိုယ်မသယ်ချင် ကြတော့ ပါ ။
ခါးမှာ ပဲ ကိုယ်စီ ပတ် ချီ လာခဲ့ ရ ပါတော့ သည်။

အထမ်းသမား တွေ ကို တွေ့  ပေ မဲ့  ကိုပေါက်စီ က သူတို့  ထမ်း တာ တွေ ၊ သူတို့  ပုခက်တွေ ကို မစီး ရဲ
ဟု ငြင်း ဆန်နေတော့  ရာ ၊ ချစ်စရာ အလွန်ကောင်း သော ဝ ဝ ကစ် ကစ် ပေါက်စီ လေးက ကျွန်တော်တို့ 
အတွက် အမှိုက် တစ်ခု သဖွယ် ဖြစ်လာ နေတော့ သည်။

နောက်ဆုံးတော့  ကျွန်တော်လည်း သူတို့  သားအမိ တွေ ကို သနား သောကြောင့်  “ ကိုယ်ပဲ တောင်ပေါ်
အရောက်ချီ တက် တော့ မယ် ၊ ယူ... တို့  ဖြေးဖြေး ချင်း လိုက်ခဲ့  ကြ တော့  ” ဟု ပြောပြီး အမှိုက်ကလေး
ကို စွေ့  ကနဲ ပွေ့  မ ပြီး ပုခုံးပေါ် ခွ တင် လိုက်ပါတော့ သည်။

အစ ကတော့  သား အဖ နှစ်ယောက် စကား တွေ ဖောင်ဖွဲ့  အောင် အပြန်အလှန် ပြော နေ ကြ ပေမဲ့ 
ကြာလာ တော့  သူ မေး လာ တာ တွေ ကို ကျွန်တော် မဖြေ နိုင်တော့  ၊ ပါးစပ် ထဲ ချွဲ လာပြီလေ၊သောက် ရေ က
လဲ နောက်ဖက် အောက် နှစ်ကွေ့  လောက်တွင် ကျန်ခဲ့  သော သူတို့  သားအမိ ရဲ့  ဆွဲ ခြင်း ထဲ မှာ ..။

ခြေသလုံး တို့ ပါ တောင့် လာ သောကြောင့် ရှေ့  ကုန်းအတက် အကွေ့  နား ရှိ တောင်ကမ်းပါးရံ ကို အဖီ ဆွဲချ
ပြီး ဖွင့်  ထား သော လ္ဘက်ရည်ဆိုင် လေးကို တွေ့  လိုက်လျင်ပင်၊ ဘဲ သွား သွား နေမိ သော ကျွန်တော့် 
ခြေလှန်းတို့  အလိုလို နေရင်း ကြွတက် မြန်ဆန် လာပြီး နောက်ဆုံး အားလေးဖြင့်  ညှစ်၍ တက်မိ လိုက်တော့ 
သည်။

လ္ဘက်ရည်ဆိုင်ကလေးထဲ ရောက် ရောက်ခြင်း ..၊
“ ကဲ .. ပါ ၊ ကျေးဇူး ရှင်... ခဏ ဆင်းတော်မှု ..” ဟု ပြောပြီး ပေါက်စီ ကို ကျွန်တော့်  ပုခုံး ပေါ် မှ အသာ လျှော
ချ ပေး လိုက်ပါသည်။

ပေါက်စီက ကျွန်တော့်  ဆံပင် ကို မြင်းဂုတ်မွှေး နှယ် အသေအချာ ဆုပ်ကိုင် လျှော ဆင်းလိုက်ပြီး တစ်ခွန်း
ထဲ သော စကား ကို ကျွန်တော့်  အား ပြော လိုက် ပါတော့  သည်။ နား ထောင် တော်မှု ကြ ပါလော့ ....၊

“ ဖူး..... မော လိုက် တာ အဖေ ရာ....” တဲ့  ဗျား ။

...................................................................................................................

ဤတွင် မရွှေစင် ရေးခိုင်းသော ကျွန်တော့်  တက်(ဂ်) ပို့ (စ) လေး ပြီးပါပြီ။

Saturday, July 10, 2010

တစ်ပင်ထဲ ရင်ထဲ က “ နွယ် ” ( ၂ )

စုတ် ချွန်း ကလေး ၏ ဋိကာ တွေ က ဒါတင်လား ဆိုတော့  မဟုတ် သေးပါ လေ ။
ဆယ့်  ငါးနှစ် ဆိုတော့  လဲ ၁၀ တန်း ကျောင်းသူ တစ်ယောက် ဖြစ် လို့ နေ သည် ဆိုပါတော့ ။
တစ်နေ့  သူ့  အမေ ဒေါ်ဝတ်ရည် အိမ်ဘက် ကူး လာပြီး ၊ “ မိရွှန်းလဲ့  တစ်ယောက် တွေ့  မိ ကြ သေးလား
ခလေး တို့  ရေ ..” ဟု အမော တကော ဝင်မေး လာပါသည်။

ကျွန်တော်လည်း စက်ဘီး ကို ဖုံ တိုက်နေရင်း ဆက်လက် နားစွင့်  နေမိ ပါသည်။
“ မနက် က သူ .. သူ့  အဒေါ် ဆိုင် ကို သွား အုံးမယ် ပြော ပြီး ထွက် သွား တာ ၊ အခု ထမင်းစား ချိန် တောင်
ရောက် နေ ပြီ ၊ ပေါ် မလာ သေးဘူး ၊ သူ့  ဖအေ ကြီးက တော့  သူ့  သမီး ကို လုံးလုံး စိတ်ကို မပူ ဘူး ကွယ်”
ဟုတ်လဲ ဟုတ် နိုင်ပါ သည်။ ညီအမ သုံးယောက် တွင် အငယ်မ တွေ က ကုတ် ပြီး ညိမ်သလောက် ၊ အပြင် ကို
အကြောင်း ကြီးငယ် မရှိ သရွေ့  ထွက်ခွင့်  ပါမစ် မရ တတ် ပေမဲ့  စုတ်ချွန်း ကတော့  သူ့  အဖေ ဆီမှ လွတ်
လပ်ရေး ရလို့  နေခဲ့ ပါသည်။

“ အိမ် ဘယ်တော့ မှ မကပ် တတ်ဘူး ကွယ် ၊ မင်းညီမ ကတော့  အိမ်တွင်း နဲ့  မတည့်  ဘူး ထင်ပါ တယ် ..”
စုတ်ချွန်း အမေ ကြီးက ပြောရင်း ကျွန်တော့် ကို ကြည့် လာ ပါသည်။ ကျွန်တော့်  အမ နှင့်  ကျွန်တော့်  ညီမ
နှစ် ယောက် ကတော့  တုတ်တုတ် မျှ မလှုပ် ကြ ။ သူ တို့ လည်း စုတ်ချွန်း ကို ကြည့်  မရ သည့်  အုပ်စု ဝင်တွေ
ဖြစ်နေ ကြ လို့ ပါပဲ။ သူ တို့  နှင့်  မတူ ပဲ ကျားကျား ယားယား ဖြစ်နေ သော ကြောင့်  ...။

ကျွန်တော်လည်း စက်ဘီး လေး “ သ ” နေသည့်  အလုပ်ကို လက်စသတ် လိုက်ရင်း “ ကဲ .. အဒေါ် ရေ့  ...
ကျွန်တော် ပဲ ဈေးထဲ သွားကြည့်  ပေး ပါ့ မယ် ၊ စိတ် ချ ပါတော့  ဗျာ..၊ ” ဟု ပြောရင်း စက်ဘီး ကို အသာပဲ
တွန်း ထွက် လာ ခဲ့ ပါ တော့ သည်။

“ အေးပါ .. သား ရယ် ၊ မင်း ညီမ က မင်း ပြော မှ ပဲ ရ တော့  မယ် ကွယ် ..”
သူ့  အမေ က ပဲ လှန်း ပြော လိုက် တာ ဖြစ်ပါသည်။

တာလမ်း မ ကြီး ပေါ် ရောက်တော့  နေ မင်းကြီးက ခေါင်း တည့် တည့်  ပေါ် မှာ ရောက်လို့  နေ ကာ
လမ်း ကတ္တရာ သား တို့ က လဲ ပူ လွန်း လို့  အရည်ပျော်ချင် နေပြီး ကပ် စီးစီး ဖြစ်လို့  နေပါ သည်။

..............................................................................................................................................

“ မနက် က ခဏ တော့  လာထိုင် တယ် .. သား ရေ့  .. အခု တော့  ဘယ် သဝေထိုး ပြန်ပလဲ မသိ ”
ကုန်စုံဆိုင် ရောက် တော့  သူ့ အဒေါ် က ကပြာ ပဲ ပြန် ဖြေ ခဲ့ ပါ သည်။ ဈေး အပြင်ဘက် ကို လှန်းကြည့်  မိတော့ 
အုပ် ဆိုင်း နေသော ဗန်ဒါပင် ကြီးများ ကို အစီအရီ မြင် နေရပါသည်။ ဖုတ် လူး နေသော ခလေး တစ်သိုက်
ကိုလည်း လှန်းတွေ့  လိုက် ရပါသည်။

ကျွန်တော်လည်း စက်ဘီးကို ဈေး တစ်ပတ် နင်းပြီး ပတ် လိုက် ပါသည်။
ဈေး နောက်ဖက် မီးသွေး ဆိုင် ဖက် ရောက်တော့  လွတ်နေသည့်  ဆိုင်ခုံ တစ်ခု ပေါ် တွင် ခလေး တစ်သိုက်
နှင့်  ဗန်ဒါသီး ထုခွဲ နေသော “ စုတ်ချွန်း ” ကို တွေ့  လိုက်ရပါ တော့ သည်။

ကျွန်တော့်  ကို ကျောပေး၍ တစောင်း လွှဲ ထိုင် နေသော ကြောင့်  သူက မမြင်ပေမဲ့  သူ့  သူငယ်ချင်း ခလေး
တစ်သိုက် က တော့  ကျွန်တော့်  ကို မြင် သွား ပါသည် ။

“ ဟာ .. ဦးကျော် ကြီး....”
“ ........... ”
သူ ပါ ရုတ်တရက် လှည့်  ကြည့်  လာပါသည်။
“ စုတ်ချွန်း ” မျက်နှာ ပေါ် က ဗွက်ထ နေတတ်သော သနပ်ခါး တို့  ပျယ်လွင့်  စ ပြု ပြီ ။
“ ကို ကျော်... မီးသွေး လာဝယ် တာလား ..”
“ ကဲ .. မိ စုတ်ချွန်း ရေ .. နင့် ကို နင်လဲ ပြန် ကြည့်  ပါအုံး .. ခလေးလဲ မဟုတ် ..”
ဟုတ်ပါသည်။ “ စုတ်ချွန်း ” တစ် ယောက် အပျို ဖားဖား ကြီး တစ်ယောက် ဖြစ် နေ ပါပြီ။
အရွယ် ရောက် လာတော့ လဲ လူငယ်တို့  သဘာဝ အရ စိတ်ကစား တတ်သည့် အရွယ် ၊ ရည်းစား သန တို့ 
ထားချင် ထား တတ်သည့်  အချိန်အခါ တို့  ဖြစ်သော်လည်း ပေးသမျှ ရည်းစား စာ တို့ ကို လွယ်အိပ် ဖွင့် ဟ
လက္ခံ တတ်ပြီး ရသမျှသော စာ အစုံ တို့ ကို ဖအေ ဖြစ်သူ ကို အကုန် ပြန် ပြန် အပ် နေတတ် သော “ သူ့  ”
လို လူ မျိုး ၊ မိန်းခလေး မျိုး ကို ကာလသား တို့ က ကြာ လာ တော့  လက်ရှောင် လာ ကြ တော့ သည်။ သူ့ 
အဖေ စိတ်ချ လျင်လဲ စိတ်ချ စရာ ပါပဲ ။
ကျွန်တော့်  ဖာသာ ကျွန်တော် နေနေ တာ လေ ၊ သူ တို့  ဖာသာ သူ တို့  လာ လာ ကြိုက် နေတာလေ
အဲ့ ဒါ ကျွန်တော်နဲ့  ဘာ ဆိုင်လဲ ... တဲ့ ။ အမြဲ တန်း ပြော တတ်သည့်  သူ့  လက်သုံးစကား ပါ ။

“ အော... ကိုကျော်က အမေ ရှာခိုင်း လို့  လိုက်လာတာ မှုတ်လား..”
“ အင်းလေ.. အချိန် လဲ ကြည့် ပါ အုံး ..၊ ထမင်းစား ချိန် လွန်တော့ မယ် ၊ မိန်းခလေး တစ်ယောက်...... ”
“ လာ ပြန်ပြီ ..ဒီဓါတ်ပြား ဟောင်း ကြီး ၊ အဖေ့ ကို ပြော ခဲ့ ပြီးသား၊ အဒေါ် တို့  ဆိုင်သွားမယ် ဆိုတာ ၊
ခုန လေး တင်မှ အဒေါ် က အသုပ် ကျွေး လို့  စား ပြီးပြီ ၊ မဆာ သေး ဘူး လေ ၊ အခု ပဲ ပြန် တော့ မှာပါ ”
သူ တတွတ်တွတ် ပြန်ပြော ရင်း ဆိုင်ခုံ ပေါ် မှ အသာ လျှော ဆင်း လိုက် ပါသည် ။ ပြီးတော့  နွှာ ပြီးသော
ဗန်ဒါစေ့  တစ်ဝက် ကို သူ့  ခလေး တစ်သိုက် ကို ခွဲ ပေး လိုက်ရင်း ဖုံ အထပ်ထပ် လူး သော သူ့  ဂါဝန်
အပြာ ပွပွ ကြီး ကို အသာ ခါ ထုပ် လိုက်ပါသည်။

ပြီး တော့  သူ့  ဂါဝန် ရှေ့  ဖက် အစ အား လက် နှင့်  အသာ ဆုပ် ၍ မ တင် လိုက် ပြီး ကျန် ဗန်ဒါစေ့  အားလုံး
ကို ဆိုင်ခုံ ပေါ် မှ သူ့  ဂါဝန် ထဲ အကုန် ယက် ထည့်  လိုက် ပါ တော့  သည် ။ အရပ် က ပု ရ သည့်  ကြားထဲ
ရှေ့  ဂါဝန်စ ကို ဗန်ဒါစေ့  များဖြင့်  ဆုပ် ကိုင် မ တင် ပြီး သူ့  ရှေ့  မှ လျှောက် သွား သော ကြောင့် 
“ စုတ်ချွန်း မ ” ၏ ဖြူ စွတ် ချင်သော သလုံးသား လုံးလုံး လေး များ ကို မကြည့်  ပဲ နှင့်  မြင် နေ ရ ပါတော့ 
သည် လေ ။

..........................................................................................................................................

“ မဝတ်ရည်ရွှန်းလဲ့ ” ခေါ် စုတ်ချွန်း လေး က ရုတ်တရက် ကြည့်  လျင် ဆွဲဆောင်မှု မရှိ ဟု ထင်ရသော်
လည်း စကား ပြော ကြည့် လျင် ဟန်ပန် အမှု အရာ တို့  လုံးဝ မရှိပဲ ၊ စကား ကို ဒုတ် ထိုး အိုး ပေါက် ပြော
တတ်ပြီး ရယ်စရာ ရှိလျင်လည်း အသံလွင်လွင် ဖြင့်  ကျယ်ကျယ် လောင်လောင် ထ ရီ တတ် ပါသည်။

မိန်းခလေး တို့  စောင့် ထိန်း ရမည့် “ ပဲ ” ပြော မလား ၊ အိနြေ္ဒ ပဲ ပြော ရမလား .. သူ့ မှာ ဒါမျိုး တွေ မရှိ ပဲ
ထူး ခြား နေတော့  ဆန်း တာတွေ ၊ ထူး တာတွေ ကို မှ စိတ်ဝင်စား ချင်သော သူ တွေ က “ စုတ်ချွန်း ” လေး
ကို ချဉ်း ကပ် ဘို့  ကြိုး စား နေ တာ ဟု ကျွန်တော် တွေးမိ နေ ပါသည်။

ဒါဆို ကျွန်တော် ကရော.. တဲ့  ၊
သူငယ်ချင်းများ က မေး တဲ့ မေးခွန်းပါ ပဲ။
သေသေ ချာချာ ဆန်းဆစ် ကြည့်  တော့  သူ့  ကို ခင် နေတာ ... ဟု အဖြေ ထွက် နေပါသည်။
လွင်သော ရယ်သံ ကို အကြိမ်ကြိမ် ကြား ချင်၍ ပဲ မခံ ချင်အောင် အမျိုး မျိုး စ နေသော်လည်း စိတ်မဆိုး
တတ် ပဲ တစ်ခါ တရံ မျက်ဆောင်း တို့  ထိုး တတ်သည် မှ အပ ခွက်ခွက်လံ အောင် ကို ရယ်ရယ် နေတတ်
ပါသည်။

သူ့  ကို ချဉ်းကပ် လို့  မရ သော သူငယ်ချင်းများ က ကျွန်တော့် ကို ပါ အပူ ကပ် တာ များများ လာ လျင်
ကျွန်တော်ပါ သူ့  လိုပဲ စိတ်ကျဉ်းကျပ် လာမိ နေ ပါသည်။

ခင် နေတာ ကို ရပင်း စသတ် နဲ့  ချစ် တဲ့  အဆင့်  တော့  မရောက်ပါ ဟု လည်း ယုံကြည် မိ ပါသည်။

......................................................................................................................................................

“ မောင် ကျော်.... လုပ် ပါ အုံး .. ဦး ကို တွန်းပေးပါအုံး ..”
အိမ်ပေါ် ကျွန်တော် စာ ဖတ် နေ စဉ် အိမ်ရှေ့  ခြံဝ ဖက်ဆီမှ အသံ ကြား ၍ လှန်းကြည့် မိ တော့ 
“ စုတ်ချွန်း ” ၏ အဖေ ဦး ကြည်လင်း ၊ စွပ်ကျယ် ဂျိုင်း ပြတ် ကြီး နှင့်  ခြံတံခါး ဝ တွင် ရပ် လို့  နေ ပါသည်။
သူ့  BSA ဆိုင်ကယ် ကြီး နှိုး မရ လို့  တဲ့  ။ ထုံးစံ အတိုင်း တွန်း ရ ပြန် အုံး တော့  မည်။ စစ် ကျန် ခေတ် ဟောင်း
ဆိုင်ကယ်ကြီး ဖြစ် နေတော့ လည်း ဆီ ပျောက် မီး ပျောက် ကိစ္စ တွေ က ခဏ ခဏ ပြသနာ ပေါ် နေတတ် ပြီး
တွန်း နိုး လို့  ရနေ၍ သာ တော် ပါတော့ သည်။ ဒါပေမဲ့  တွန်း ရ တာတော့  တော်တော် လေး ကို လေး ပါသည်။

ကျွန်တော် တို့  လမ်းသွယ် လေး က တာ လမ်းမ ကြီး က နေ နိမ့်  ဆင်း သွား သော ကြောင့်  ကျွန်တော့် မှာ
တော်တော် လေး ယက် ကန် ကန် ပြီး အပြေး တွန်း လိုက် ရပါသည်။ ကျောနက်ကြီး က လဲ အိမ်ရှေ့  ဖိနပ်စင်
တွင် ရှေ့  လက်နှစ်ဖက် ပေါ် အသာ မေး တင်နေရာမှ ရုတ်တရက် ပြေး ထွက်လာပြီး အနောက်မှ အတင်း
လိုက် ဟောင် နေပါ တော့  သည်။

“တဖုန်းဖုန်း.. တဖွတ်ဖွတ် ” နှင့်  ချောင်း တဟွတ်ဟွတ် ဆိုး ပြီး BSA ကြီး နိုး သွား တော့  မဲမှောင် ညစ်ပုတ်
နေသော မီးခိုး လုံး ထဲ တွင် ကျွန်တော် နှင့်  ကျောနက်ကြီး သာ ကျန်ခဲ့  ပါတော့ သည်။ ဦး ကြည်လင်း ကတော့ 
တာ လမ်း မကြီး ပေါ် မှ ကျွန်တော် တို့  ကို လက်ပြ နှုတ် ဆက် သွား ပါသည်။


“ စုတ်ချွန်း” တို့  အဖေ က တောင်ဒဂုံ စက်မှု ဇုံ ထိပ် တွင် တရုပ်ခေါက်ဆွဲ ကျော် ဆိုင် ဖွင့် ထားပါသည်။
တရုပ် ဆိုင် ဆိုတော့ လည်း အဖျော်၊ရမကာ လေး ပါ တွဲ ဖက် ပါ နေ တော့  မွေးထား သည့်  သမီး သုံးယောက်
ကို သူ့  ဆိုင် သို့  လုံး ဝ လိုက်မလာရန် ၊ မခိုင်း ရန် တစ်ချက်လွှတ် မာရှယ်လော ထုပ်ထား လေ သည်။

ဦးကြည်လင်း ကြီးက လက်ရာ ကလဲ ကောင်း ၊ ဆက်ဆံ ရေး ကလည်း ပြေပြစ် လွန်းတော့  နေ့ စဉ် ပဲ လူတွေ ကျ
နေတတ် ပြီး ဦးကြည်လင်းနှင့်  ဒေါ်ဝတ်ရည် တို့  နှစ်ယောက် ကတော့  တော်တော့်  ကို ပဲ ပင်ပန်း နေရ ရှာလေ သည်။

အဖေ က တစ်ရုပ် ဖြစ်သော ကြောင့်  “ သား ” ကို အထွတ်အမြတ် ထား လွန်းပေမဲ့  မွေးလာ တာ သမီး တွေ ပဲ
ဖြစ်နေသော ကြောင့်  “ စုတ်ချွန်း” တို့  ငယ်စဉ် က ရင်းနှီးရာ မိတ်ဆွေ တစ်ယောက် ဆီမှ သား ယောင်္ကျားလေး
တစ်ယောက် ကို တောင်းယူ မွေးစား ခဲ့ ဘူး လေသည်။

နောက်တော့ လည်း သမီး တွေ ကို ချစ်လွန်း တော့  လဲ သမီး တွေ အတွက် စိတ်မချ သော ကြောင့်  ထိုခလေး
ကို ပြန်ပေး လိုက် သည် ဟု “ စုတ်ချွန်း” ပြော ပြ ၍ သိရပါသည်။

“ ကျွန်တော် တို့ မှာ ... အကို ယောင်္ကျား လေး ရှိ ရင်သိပ်ကောင်း မှာပဲ ၊ အခု တော့  ကျွန်တော် တို့  ညီအမ
တွေ ဟိုမသွား ရ ၊ ဒီ မသွား ရ နဲ့  .... ” တစ်နေ ရာ ကို ငေး နေရင်း သူ ပြော နေ တုံး ကတော့  သူ့  ကို
ကျွန်တော် သနား မိ ခဲ့ ပါသည်။ “ ဒါဆို .. ကျွန်တော့်  ကို မွေးစား ပါလား ဗျာ... ” ဟု နောက်တော့  သူ့ မျက်နှာ
ဝင်း ပ သွား ပြီး “ ဒါဆို.. မားမား .. ကို ပြော လိုက်မယ်လေ.. ” သူ ပြန် ပြော ပါသည်။

ကျွန်တော် တို့  နှစ် ယောက် အိမ်ရှေ့  ဆင်ဝင် အောက်တွင် စကား ကောင်း နေစဉ် ကျွန်တော့်  အမ နှင့် 
ကျွန်တော့်  ညီမ များ က သူ တို့  သူငယ်ချင်း တစ်အုပ် နှင့်  အတူ ခြံ ထဲ ဝင်လာ ပါသည်။ ပါးကွက် ကိုယ်စီ
တူညီ ရင်ဖုံး အင်္ကျီ ကိုယ်စီ နှင့်  ပါ ။ သူတို့ က ကျောင်းသား သမဂ္ဂ အဖွဲ့  ဝင် များ ဖြစ် ကြ သည်။ အား လုံးက
“ စုတ်ချွန်း ” ဆီ ကို အကြည့်  ရောက် လာ တော့ သည်။

သူ က လဲ ပြန်ပြုံး ပြ ရင်း “ ကျွန်တော် သွား တော့  မယ်နော်..” ဟု နှုတ် ဆက် ပြီး ထွက် သွား တော့ သည်။

“ မိန်းခလေး ဖြစ်ပြီး....... ” မသန်းရွှေ က အစ ပျိုး သည်။
“ နင်ကလဲ... သူ့ ဖာသာ သူ ဒီလို ပဲ နေတတ် တဲ့ ဟာ.. ကို ..” အမာအေး က ကျွန်တော့် ကို လှန်း ကြည့် ရင်း
မသန်းရွှေ ကို ဟန့်  လိုက်ပါသည်။ ပြီးတော့  ရှည်လျား စွာ ကျစ်ထားသော သူ့ ကျစ်ဆံမြီး နှစ်ဖက် ကို လက်
နှစ်ဖက် ဖြင့် သူ့  နောက်ကျော ဖက် သို့  အသာ ဖယ်ရှင်း လိုက်ရင်း သူ့  လွယ်အိပ် ထဲ မှ ဖိုင် တွဲ တစ်ခု ကို
ထုပ် လိုက် ပါသည် ။ သူ့  ပါးကွက် များ ကျတော့ လည်း သွားပွတ်တံ နှင့်  အထပ်ထပ် ညှိ ထား ပုံ ရပါသည်။
သနပ်ခါးကြောင်း တစ်ကြောင်း ချင်း ကို ညီ ... လို့  ပါပဲ။ “ စုတ်ချွန်း ” နဲ့  တော့  ကွာ လွန်း ပါသည် ။

.................................................................................................................................................


( ဆက်ရန် )

Sunday, July 4, 2010

တစ်ပင်ထဲ ရင်ထဲက “ နွယ် ”

( ဆရာကြီး နွမ်ဂျာသိုင်း၏ ကျော်ကြား ခဲ့ သော “ တစ်ပင်ထဲ ရင်ထဲက နွယ်” ဝတ္ထု ခေါင်းစဉ် လေး ကိုပဲ
မြတ်မြတ် နိုးနိုး ယူသုံးခဲ့  မိပါသည်၊ ဆရာ ကြီး ၏ ခေါင်းစဉ် အတိုင်း နက်နဲ ၍ ဖွဲ့  မကုန်သော အဖွဲ့  လေး
ကို ဆင်တူ အောင် ထပ် မဖွဲ့  နိုင်တော့  သောကြောင့် လည်း ကိုးကွယ် ခဲ့ မိ သော ချစ်သော ဆရာ ရဲ့ 
ခေါင်းစဉ် လေး ကို ပဲ အငှား ယူ သုံး ခဲ့ မိ ပါကြောင်း ... ဖြင့်  ။ )


မိုး တို့  ရပ် သွား ပြီး နောက်ပိုင်း တညိမ့်  ညိမ့်  ဆော်သွေး နေ သော လေရှုး တို့ ပါ ရုတ်ခြင်း ပျောက်ကွယ်
သွားကုန်ကြ သောကြောင့်  အောင်း နေရသည့်  အပူခိုး တို့ လဲ တထောင်းထောင်း ထိုးထွက် လာကြ ၍ အလွန်
အိုက်ပြီး စပ် နေ ရသည့်  ရာသီ သို့  ပြန်ရောက် လာ ရ ပါတော့  သည်။

အိုက် သည် ဆိုရာ တွင် လေ ညိမ် ပြီး နေ တို့  ချစ်ချစ် တောက် အောင် မျက်စေ့  တို့  တောင်ကျိန်း နေ အောင်
ကို ပူ နေသောကြောင့်  အိုက် နေရ ခြင်း ဖြစ်ပြီး စပ် သည် ဆိုရာ တွင်လည်း အထော မသတ် အဆုံးမရှိ
အောင် ကို ထွက် ထွက် နေသော ချွေး တို့  ကြောင့်  အရေ ပြား ပေါ် ဝယ် အဝတ် တို့်  နှင့် တောင် မထိ ရဲ လောက်အောင် ကို စပ် ဖျင်းဖျင်း ဖြစ် နေရခြင်း ဖြစ်ပါသည်။


ဟိုး အရင် တစ်လော တုံးက မိုး ကလေး ခပ်သောသော ရွာ ခဲ့  သော ကြောင့်  ဝါးရံ တာလေး ရှိ ၊ ပန်းအိုးထဲ မှ
ခပ် ချောက်ချောက် စံပါယ်ရုံကလေး ၏ စိမ်းစိုလာသော ရွက်နု လေး များ ထိပ်တွင် အဖြူ ရောင် ပွင့် ဖတ်
အနု ကလေး များ ဖြင့် ဖူး ငုံ လာ ပြီး တဖြည်းဖြည်း ပွင့် အာ မွှေးကြိုင် လာသော စံပါယ် ပန်းပွင့်  ကလေးများ
ကို တစိမ့် စိမ့်  ကြည့်  မိနေရင်း နမ်း ချင် ပေမဲ့  မနမ်း ရက် တော့  ပဲ ဘုရား ကို ဦးဦး ဖျားဖျား ပဲ တင် တော့ 
မည် ဟု ပိုင်း ဖြတ် လျက် အသာ ပဲ တစ်ပွင့်  ချင်း ခြွေ နေရင်း မှ ၊ နုဖတ် လွန်း ၍ အခြွေ မခံ နိုင်ပဲ ကြွေ ကျ
သွား သော စံပါယ်ပွင့်  လေး များ ကို သာ တရှိုက် မက်မက် ကောက်ယူ နမ်း ရှုံ့  လိုက်မိ ပါ တော့ သည်။

အား ပါး .... အကြော ထဲ နှလုံးသည်း ပွတ် ထဲ ထိ စိမ့်  ဝင် သွားအောင် ကို မွှေး လွန်း နေ ပါ ရော လား လို့ ။
မွှေး ချက် က လဲ လတ် ဆတ် လန်း ဆန်း လွန်း နေ သော ကြောင့်  စံပါယ်လေးများ ၏ သင်းပျံ့  နေသော ရနံ့ 
ကလေး ကို ဆက်လက် ရှု ရှိုက် နေ ရင်း က ဟိုး ... တစ်ချိန် က“ စုတ်ချွန်း ” ကို သတိ ရ မိ သွား ပါ သည်။

ကမ္ဘာ တွင် ကျော်ကြား ခဲ့ သည့်  သမိုင်း ဝင်လွန်ခဲ့ သော ရှစ်လေးလုံး အရေးအခင်း မဖြစ် ခင် က ပဲ ဖြစ်ပါသည်။
အချိန် က မနက် သုံးနာရီ ခွဲ ကျော် ကျော် လေး ပါ ပဲ။ မြူ နှင်း မြူ ခိုး တို့  မကွဲ သေး ပဲ ပိတ်ပိတ် ပိန်း နေသေး
တော့  လမ်း ဓါတ်တိုင် တစ်တိုင် ချင်း ကို တောင် အမြင် တို့  မသဲ ကွဲ ချင် သေး ပါ။ ဓါတ်မီးတိုင် ဆိုရာ တွင်
မျော တိုင် ၊ သစ်တိုင် တို့  ထိပ်တွင် တစ်ရာဝပ် မီးသီး ၊ မီးချောင်း များ ဖြင့်  သာ ချိတ်ဆွဲ ထွန်းညှိ ထား သည့် 
ရန်ကုန်မြို့  ကြီးရဲ့  အစွန် အမှတ်(၃) လမ်းမကြီး ဘေး ရှိ တောင်ဒဂုံ ရပ်ကွက် ကလေး တစ်ခု ၏ မညီညာပဲ
ဂျိုင့် ကွက် အလွန် ပေါများပြီး အုတ်ကျိုး လေးတွေ သာ မစို့ မပို့  ခင်းထား ရ သော ကျွန်တော်တို့  အိမ်ရှေ့  ရှိ
လမ်း ကလေးပဲ ဖြစ်ပါ သည်။

ကျွန်တော် တို့  လမ်းကလေး ထဲရှိ အိမ်ခြံစည်းရိုး တို့ သည် များသော အားဖြင့်  စင်္ကြာပန်း ရုံ တို့  ဖြင့် သာ
ခပ်ညပ်ညပ် ခပ်စိပ်စိပ် စိုက် ကာ ထားလေ့  ရှိ သောကြောင့်  ဝါတွင်း ကာလ မိုးဦး ကျ အချိန် ရောက်လျင် ဖြင့် 
အခု လို မြူတွေ ပိတ်ဆိုင်း နေသည့်  နံနက်ခင်း တိုင်းမှာ ထို စင်္ကြာ ပန်းရနံ့  သင်းသင်း လေး တွေ ကို မြေသင်း
ရနံ့ တို့ နှင့် အတူ ပဲ တစ်လမ်း လုံး မွှေးကြိုင် နေအောင် ရှိနေတတ် ပါ တော့ သည်။

ကျွန်တော်လည်း ည တုံးက ပေး ထား သည့်  မနက် သုံးနာရီ ခွဲ နာရီ သံပတ် သံ ကြောင့်  တစ်အိမ် လုံး
တရုန်းရုန်း နိုး မလာ ခင်ပဲ ကပြာ ထ ၊ မျက်နှာ ထွက်သစ် ၊ ဓါတ်မီး ကို ဆွဲ ၍ အိမ်ရှေ့  လှေ ကား မှ ခြေသံ မမြည်
အောင် အသာ ပဲ ဖိနပ် ကို စီး ပြီး ဆင်း တော့  ဆင်ဝင် အောက်တွင် ဝမ်းလျား ထိုး မှေးစင်း နေ သော ကျောနက်
ကြီး က “တအိ အိ ” နှင့်  သူ့ တစ်ကိုယ်လုံး အကြောတွေ တန်းသွား အောင် အပျင်း ကြော တွေ ဆန့်  ထုပ်
လိုက်ရင်း လည်ဆံ ၊ လည်ဇလုပ် မွှေး တွေ ကို တဇပ်ဇပ် နှင့်  ခါ ထုပ် လိုက် ပါတော့  သည်။

ကျွန်တော့်  ခြေဖမိုး ကို တလှုပ် လှုပ် ၊ တရှုံ့ ရှုံ့  ဖြင့်  နမ်း ရှုံ့  နေသော “ ကျေနက်” ကြီး ရဲ့  ဂုတ်ပိုး ကို သာသာ
လေး ပြန် ပွတ် သတ် ပေးလိုက်ရင်း ခြံစည်း ရိုး တန်း ဘက် အသာ ထွက်ခဲ့  မိ ပါသည်။

စင်္ကြာပန်းရုံတန်းများ ကြား မှ ဓါတ်မီး ရောင် တစ်ချက်ချက် ဖောက် ထွက် လာနေသည်ကို မြင်လိုက် ရ၍ ခြံ တံခါး
ဂျိတ် ကို အသာမ ပြီး ဓါတ်မီး ရှင် ကို လှန်း ကြည့်  လိုက် တော့  သူ “ စုတ် ချွန်း ” ပါ ပဲ။

“ ဟယ်..ကိုကျော်... အခု မှ နိုး တယ်..”
“ ဟဲ့  .. မစုတ်ချွန်း ရဲ့  ... နင်က ၊ နယ်ကျော် လှ ချဉ်လား ...၊ ကိုယ့်  ခြံ မှာ ကိုယ်မခူး ပဲ သူများ ခြံ မှာ လာခူး
နေတယ် ပေါ့  ”
“ ကျွန်တော့် ခြံ မှာ လည်း ဒီလိုပါပဲ နော် ၊ သူများ တွေ တရုန်းရုန်း နဲ့  ပဲ လေ၊ ဒါကြောင့်  အီဖေ ကိုယ် ဒီဘက်
ရောက် လာ တာ ပေါ့  ၊ ဘာ လဲ မကျေနပ်ဖူး လား ..”
ကျွန်တော့်  မျက်နှာ ကို ဓါတ်မီး နှင့်  ပြန် ဝင့်  ၍ သူ ပြန်ပြောပါ သည်။

တကယ်တော့  သူ့  နာမည် အစစ်က “ ဝတ်ရည်ရွှန်းလဲ့ ” ပါ ပဲ။
ကျွန်တော်က အလွန် စ လို့  ကောင်းသော သူ့  ကို ချစ်စနိုး နှင့်  “စုတ်ချွန်း ” လို့  မှဲ့  ခေါ် ထား တာ ဖြစ်ပါသည်။
ကျွန်တော့်  ထက် ခြောက် နှစ် ခန့်  ငယ်ပါသည်။ ကျွန်တော်က ၂၁ နှစ်၊ သူ က ၁၅ နှစ် ဖြစ်ပါသည်။
သူ့  ညီအမ သုံး ယောက် ထဲ မှာ သူ က အကြီး ဆုံး ဖြစ်ပါ သည်။

အရပ် ကတော့  ကျွန်တော့်  ရင်ခေါင်း လောက်ပဲ ရှိ နေတော့  တစ်ခါတစ်လေ “ဂျပု” လို့  ပဲ ခေါ် ဖြစ် နေတတ်
ပါသည်။ သူက “ ဂျပု ” ဆို တော့  ကျွန်တော့် ကို သူ က “ လံဘား ” လို့  ပြန်ပြန် တွယ်တတ် ပါသည်။

လမ်းထဲ ဝယ် သူ က စွာလွန်း လို့  သူနဲ့  မတည့်  တဲ့ သူ တွေ ကြား ထဲ မှာပဲ တည့် နေ တဲ့ သူ နဲနဲ လေး က တော့ 
ကျွန်တော် နှင့်  ကျွန်တော့်  ခွေး ကြီး “ ကျောနက် ” ပဲ ဖြစ်ပါသည်။ ဒါကြောင့်  မို့ ပဲ မနက် အစော ကြီး
ကျွန်တော် တို့  ခြံ ရှေ့  စင်္ကြာ ရုံ၊ သူ လာ တိုး နေသည် ကို “ကို ကျောနက်” က ထိုး မဟောင်ခဲ့ ခြင်း ဖြစ်ပါသည်။

ကျွန်တော် တို့  ရပ်ကွက် ကလေး ၏ ချစ်စရာ ဓလေ့  ကလေး ကတော့  ဝါတွင်းကာလ ရောက်တိုင်း မနက် စော
စော သုံးနာရီ ၊ လေးနာရီ တွင် လမ်းထဲ ရှိ ၊ ခလေး သူငယ်၊ ပျိုပျို အိုအို ၊ ကာလသား လူငယ် လူရွယ် တွေ ပါ
မကျန် စောစောထပြီး စင်္ကြာ ပန်း လေးတွေ ကို လတ်လတ်ဆတ်ဆတ် ခူးဆွတ် သီကုန်း ၍ လမ်းထဲ ရှိ သက်ကြီး
ရွယ်အို၊ သူကြီး သူမ များ ကို လိုက်လံ ကန်တော့  ဝေငှ ပေး လေ့  ရှိ သည့်  အလေ့ အကျင့်  ကလေး ပဲ ဖြစ်
ပါသည်။

သည် လို မနက်ခင်း တွေ ဆိုလျင် မြူ မှောင်မှောင် ထဲ မှာ ပဲ ဓါတ်မီးရောင်လေးတွေ တလဲ့ လဲ့  နှင့်  လူငယ်၊
လူရွယ် တို့  စင်္ကြာ ရုံ တန်းတွေ မှာ တရုံးရုံး ဖြစ်နေတတ် ပါသည်။ ရပ်မိ၊ ရပ်ဖ တို့ ကို သည် စင်္ကြာပန်းကုံးလေး
တွေ လိုက်လံ ဝေငှ ခြင်း ဖြင့်  ၊ ဥပုတ် သီတင်း သီလ စောင့် ယူ ရန်၊ ဘုရား ကပ်ရန် ၊ ဆွမ်း ထ ချက် ရန် စသည့် 
ကုသိုလ် ရေး တို့ ကို လဲ တစ်ဖက် က နှိုး ဆော် ပေး သည့်  ဓလေ့  လေး လဲ ဖြစ် ပါသည်။
မနက် မနက် ကျေးစည် ရိုက်၍ လိုက်လံ နှိုးဆော် လေ့  ရှိသည့်  နိဗ္ဗန် ဆော် အလုပ် ကလေး နှင့်  လည်း
ဆင်တူ နေသည် ဟု ထင်ပါသည်။

“ ရော့  .. နဲနဲ ယူ လေ ကို ကျော်... ”
သူက သူ့  ဇကာ လေး ကို လှန်း ကမ်း လာ ရင်း ပြော လာ ပါသည်။
အားပါးပါး... မွှေး လို့ ပါ လား ၊ သတိ လက်လွတ် မွှေး လိုက်မည် လုပ်မိ တော့  သူက သူ့ ဇကာ လေး ကို အသာ
ရုတ် သွားရင်း “ ဟိုး..ဟိုး.. ဒါတော့  မရ ဘူး ဆရာ လန်ဖား ရေ၊ ဘုရား တင်ရမှာ ၊ နန်းချင် ရင် ဒီမှာ ယူ ” ဟု
ဆိုပြီး သူ့  လက်ထဲ ကျန်နေသေး သည့်  စင်္ကြာ ပန်း တစ်ချို့  ကို လှန်း ပေး လာ ပါသည်။

ကျွန်တော်လည်း သူပေး လာ သော ပန်း လေး တွေ ကို လက်ဖဝါး နှစ်ဖက် ထဲ အသာ ထည့် အုပ်ပြီး ခပ်ရွရွ
လေး နန်းရှုံ့  ပစ် လိုက်မိ ရင်း သူ့  ကို လှန်းကြည့်  လိုက် မိ ပါသည်။


အိမ်ရှေ့  ဓါတ်မီးတိုင် မှ ထူ ထဲနေ သော မြူ မှုန် အေးအေး ကြီး ကို မထိုး ဖောက် နိုင် သေးသည့်  လေးပေ
မီးချောင်း လေး ၏ ခပ်ဖျော့ ဖျော့  အလင်း ရောင် လေး အောက်မှာ ပဲ “ စုတ်ချွန်း ” လေး ရဲ့  မျက်နှာ ကို
သနပ်ခါး ဘဲ ကြား နှင့်  ပဲ တွေ့  လိုက် ရ ပါ သည်။

“ စုတ်ချွန်း ” ကတော့  သနပ် ခါး ကို ဘယ်အချိန် လိမ်းလိမ်း ဘယ်တော့  မှ မညီ ညာ တတ် ခဲ့ ပါ။
အိမ် က ကျွန်တော့်  အမ တွေ ၊ ညီမတွေ လိမ်း သလို သွား ပွတ် တံ ဖြင့်  အထပ်ထပ် အခါခါ ညှိ ချစ် ခြင်း ကို
သူ ဘယ်တော့  မှ စိတ်ရှည် လက်ရှည် လုပ် ခဲ့  ခြင်း အလျင်း မရှိခဲ့ ပါ။

သူ့ ကို “ နင်ကလဲ .. မိန်းခလေး ဖြစ်ပြီး တော့  ... ကြည့် ကောင်း အောင် ညီညီ ညာညာ လေး တော့  လိမ်း
ပါ လား ဟာ ..” လို့  တစ်ခါ ခါ ပြော ခဲ့  မိတိုင်း “ အမယ်..... လေး ၊ သနပ်ခါး ပဲ ကိုယ် က လိမ်းချင်လို့  လိမ်း
တာပဲ ၊ လှချင်လှ ၊ မလှ ချင်နေ ၊ ကြည့် ချင် ကြည့်  ၊ မကြည့် ချင် နေ ၊ ဒါပဲ..” တဲ့  ဗျာ ။ “ စုတ်ချွန်း ” က အဲ့ လို
မိန်း ခလေး တစ်ယောက် ပါ။

အသားအရည် ကလဲ တရုပ် သွေး စပ် သူ မို့  ဘုရား စူး ဖြူ ပါ သည် လို့  ကျမ်း ကျိန် ထွက်ဆို ရ လောက် အောင်
ကို ပဲ ကျွန်တော့်  လို “ ညို ” နေ ပါ သည်။ အရပ် က သာမန် မိန်းခလေး တွေ ထက် နဲနဲ ပု ချင် ရ သည့်  ကြားထဲ
ခြေဖမိုး အုပ်ချင်နေသည့်  ဂါဝန် ကြီး တကားကား နှင့်  ၊ တစ်ခါ တစ်ရံ တို သော ဆံပင် ကို ပဲ နောက်မှ လှန်၍
ကလစ် နှင့်  ညှပ် ညှပ် တင် ထား တတ် ပြန်တော့  သနပ်ခါး ဘွက် ပေါက် အောင် ပေလူး နေသော သူ့  ကို
ကြည့်  ပြီး သင် နေ ခဲ့ ရ သည့်  “ မရေသည်ပြဇာတ် ” ထဲက ၊ စိတ်ပျက် အောင် လှ ပါသော မရေသည် ဆိုသည့် 
အဖွဲ့  လေး ကို ပဲ သတိ ရ မိ နေ ပါတော့ သည် လို့ ။

အဲ့  ဒီ လို အမတန် မှ ပဲ ကျားကျားယားယား နေ တတ်သည့်  စုပ်ပြီး ချွန်း နေတတ်သည့် “ ဂျပု” လို မိန်းခလေး
မျိုး ကို မှ ချစ်လှ ကြိုက် လှ ပါသည် ဆိုသည့်  ကိုရွှေ ကာလ သား များ ကလဲ ဘုရားစူး ရှိ လို့  နေ ပြန်ပါသည်။
ဂါဝန်တဖားဖားနှင့်  ကျောင်းသွား ကျောင်း ပြန် သူ့  လွယ်အိပ် ထဲ လိုက်ထည့် သမျှသော မေတ္တာ စာ မှန်သမျှ
ကို အကုန်ဖွင့် ဟ လက်ခံ လာ တတ်ပြီး သူ့  အိမ် ရောက်သည်နှင့်  သူ့  အဖေ ကို ပေး ဖတ် လေ တော့ သည်။

တစ်ခါ ကလဲ သူ့  ရဲ့  အဖြေ မှ မရ လျင် စာမေးပွဲ မဖြေ တော့  ပါ ဘူး ဆိုသည့်  သူ့ ကို ကြိုက်နေသည့်  ကျောင်း
ရှေ့  ကုက္ကုလ် ပင် ကြီး အောက်ဝယ် တစ်ယောက်ထဲ ဝေဒနာ ပြပွဲ ဝင် နေ သည့်  ငတိ တစ်ကောင် ကို သူ က
ခပ်အေးအေး ပင် အနား သွား ကြည့်  ၍ သူ့  ဖာသာ သူ ပဲ စာမေးပွဲ ခန်း ထဲ ဝင် ဖြေ ခဲ့ လေ သည်။

“ ကျွန်တော် က အဲ့  လို အူကြောင်ကြောင် ပျော့ တော့ တော့  ကောင်တွေ ကို သိပ်မုန်း တာ ..” တဲ့  ။
အခင်း ဖြစ်ပွား ပြီး သည့် နောက် သတင်းကြား ၍ သူ့  ကို မေးကြည့်  တော့  သူ ဒီတိုင်းပဲ ပြန်ဖြေ ခဲ့ ပါသည်။
ထိုနှစ်က တကယ်ပဲ စာမေးပွဲ ကျ သွား ရှာပါသည် ၊ ခုနက ငတိ လေး ပါပဲ။

......................................................................................................................................................


( ဆက်ရန် )