အွန်လိုင်း ပေါ်မှာ ဘလော့ ကာ တစ်ယောက်စ နှစ်ယောက်စ နှင့်  စကား ပြောဖြစ်တော့  စာရေးခြင်း
အကြောင်းပဲ ရောက်သွားဖြစ်ခဲ့ ပါသည်။
ကျွန်တော်က ကိုယ် ကြားခဲ့  ဘူးသည့်  ဆရာ သော်တာဆွေ ၏ “ စာ ဆိုတာ ရေးချင်တိုင်း၊ ရေးလို့  မရဘူးကွ ၊
ရေးချင်မှ ရေးလို့ ရပါတယ် ” ဟု ဆိုသော စကား တစ်ခွန်း နှင့်  ကိုယ့် ရှေ့ က စီနီယာ ဘလော့ ကာ တို့ ကို
ဆရာလုပ် ပြီး ပြော မိခဲ့ ပါသည်။
ဒါတင်လား ဆိုတော့ မက သေးပါ။
“ ကျွန်တော့်  အထင်... ရသ စာပေ က ပိုခက်လိမ့် မယ်ထင်တယ်နော် ၊ ဘာဖြစ်လို့ ဆို သုတ စာပေလို
ကိုယ် သိထားတဲ့ အတိုင်း အရင်း အတိုင်းပဲ “ ဒဲ့ ” ရေးပြလို့  မဖြစ်ပဲ စာ ဖတ်သူ ထိခိုက် အောင် ဖွဲ့ ရ၊ တန်ဆာ
ဆင်ရသေး တာကိုးဗျ၊ ကိုယ် ကိုယ်တိုင် ပဲ ထိခိုက် ခံစား ရမှ သူများ ကိုလည်း ထိခိုက် တော့ မှာပေါ့ နော် ”
စ သဖြင့်  တတ် ရောင်ကား လျှောက်ပြော လိုက်ပြီးမှ ကိုယ့် ဖာကိုယ် မလုံမလဲ တစ်ယောက်ထဲ ကြိတ် ပြုံး
လိုက် ခဲ့ မိပါသည်။
ဘာကြောင့်  ထိုစကား လေးကို ကျွန်တော့်  နှုတ်မှ မမေ့  စတန်း ခဏ ခဏ ရွတ် နေမိ ပါသနည်း ဆိုရပါသော်
တွေးစရာပါသည့်  ဆရာ ကြီး၏ သူပြောချင် လိုက်သော သဘော လေးကို အလွန်ပဲ ကျွန်တော် နှစ်ခြိုက် မိ
နေသောကြောင့်  ဖြစ်ပါသည်။
အထူးသဖြင့်  စာ ရေးနေရရင် ၊ စာရေး ရတာလေး ကိုပဲ “ ပိုး ” တစ်ခု ဝင်နေသလို ဖြစ်နေသော ကျွန်တော့် 
လို ကောင် အတွက် ကွက်တိ ဖြစ်နေလို့ ပါပဲ ။
“ ပိုး ” တဲ့  ..။
ဟုတ်ပါသည်။
“ ပိုး ” တော့  ကျွန်တော့် မှာ ရှိတာ သေချာ ပါသည်။
ရှိလို့ သာ စာလေးတွေ၊ ပို့ (စ) လေးတွေ ကို ဟုတ်တာတွေရော၊ မဟုတ် တာတွေ ရော လက်တည့်  စမ်း၍
တစ်ပုဒ် ပြီး တစ်ပုဒ် ရေး တင် နေမိတာ ဖြစ်ပါသည်။
ရေးချင်သလို စွတ် ရေး နေရင်းနဲ့ ပဲ တစ်ခါတစ်လေ စဉ်းစား မိ မိ နေတာက မည်သည့်  စံ ၊ မည်သည့်  ဘောင်
များမှ မရှိသည့်  အလွန်ပဲ လွတ်လပ် လှပါသော အွန်လိုင်း ကြီး ပေါ်ကို ကိုယ့်  ရဲ့  အကြိမ် ကြိမ် မှားနေ သေး
သော စာလုံးပေါင်းများ ဖြင့် မဖြစ် စလောက် စာ လေး တွေ ကို ခလုတ် လေး တစ်ချက် နိုပ်လိုက်ရုံ နဲ့  လေလှိုင်း
ထဲ ချက်ခြင်းပြန့် နှံ့ သွားပြီး ချစ်စရာကောင်းသော ပုံနှိပ် စာလုံး ဝိုင်းဝိုင်း ကလေးများနှင့်  ကိုယ့်  ကမောက်
ကမ စာ မူ လေးကို ပြန်ဖတ် ခွင့်  ရနေ ချိန်မှာတော့  ကျွန်တော် တို့  တိုင်းပြည်မှာ “ စာ ” ကို “ စာ ” နှင့်  တူ
အောင်ပဲ “ စံ နှုန်း ” တွေ ၊ စည်းကမ်းတွေ ၊ ဘောင် တွေ ကြား ထဲမှာ ပဲ ဆင်းဆင်း ရဲရဲ ကြိုး ကြိုးစားစား ရေး
နေရရှာသော ကျွန်တော်တို့ ၏ နောင်တော် ညီတော် စာရေးဆရာ မောင်နှမ များကို လေးစား လာပြီး ဦးညွှတ်
ချင်စိတ် တွေ တဖွားဖွား ပဲ ပေါ် ပေါက် လာခဲ့ ရပါသည်။
သူတို့ နှင့်  ကျွန်တော်က စာ ကို ရေးနေတာခြင်းတော့  တူပါ၏
မတူ တာက ရေးသည့် အားနှင့်  ရေးသည့်  “ သဘာ ” ပါပဲ။
သူ တို့ က အပုဒ် တိုင်းမှာ “ စာ ” နှင့်  တူ နေ သလောက် ကျွန်တော့် မှာ တော့  ယနေ့  အချိန်ထိ မတူ
နိုင်သေးတာပါ ။
တစ်ခုတော့  ရေးတေးတေး အဖြေ တစ်ခု ရလာမိပါသည်။
သူ တို့ ကို အားကျ လျှင်၊ သူတို့ ကို လေးစား ပါလျှင် သူ တို့ နှင့်  မတူ နိုင်သေးသော်လည်း သူ တို့  ရေးနေသလို
“ စာ ” နှင့်  တူအောင် ရေးဘို့ ပါပဲလို့  ။
လွယ်လွယ် ရလို့  လွယ်လွယ် ရေး နေပေမဲ့  တကယ်တကယ် ကျတော့  မတူ သေး တာကို တူ အောင် ရေး
နေဘို့  ဖြစ်ပါသည်။
ထို ပေတံ ကြီး နှင့်  ကိုယ့် ဖာ ကိုယ် တိုင်း နေမိပြန် တော့  ရေးရမှာကို တွန့်  လာပြီး တင် ဘို့  လက်က နှေး နှေး
လာရတော့ သည်။ အော်.... ကိုယ်က မပြည့်  သေး တာကိုး .... လို့ ။
....................................................................................................................
တောင်တောင် အီအီ လျှောက် တွေး နေမိရင်း မွန်းကျပ် လာ ၍ ကွန်ပြူ တာ ရှေ့ မှ ခွာ ထွက်လာရင်း
အိမ်ရှေ့  ဝါးရံ တာလေး ဘက် ကို ထွက်လာခဲ့ မိတော့  အပြင်မှာ မှောင်စ ပြု ပြီ ဖြစ်သည်။
ရှေ့ ဘက်ရှိ စက်မှု ကျောင်း လွှတ်ချိန်လဲ ဖြစ်နေသော ကြောင့်  အောက်ဖက် လမ်းမ ကြီးဝယ် မော်တော်ဆိုင်
ကယ်တွေ ၊ ကားကြီးငယ် မျိုးစုံ တွေ နှင့်  ကျောင်းသူ ကျောင်းသား တွေပါ လမ်းနှစ်ဖက် လုံးကို လျှံကျ နေပါ
တော့ သည်။
ကွန်ပြူ တာလေးရှေ့ က ဆိတ်ညိမ် နေသလောက် အပြင်ဘက် သည်ဝါးရံတာ လေးကတော့  အောက်ဖက်
လမ်းမကြီး၏ ဘလောင်စူ နေသော အသံ တို့ ကြောင့်  တုန်ခါ နေသရောင် ပါ။
လေစိမ်း တို့ ကလဲ အတင်း ထိုးတိုက် နေတော့  မချမ်းမိသေးသော်လည်း အေးတော့  အေး လာပါသည်။
အောက်ဖက် ငုံ့  ကြည့် မိတော့  မြေညီ ထပ် တည့် တည့်  တွင် ရောင်းချနေသော အဆာပြေ စားသည့် 
ကြက်ကြော် ဆိုင် ကို ကျောင်းသူ ကျောင်းသား တို့  နှင့်  ဝိုင်းအုံ လျက် တွေ့ နေရပါသည်။ ထိုကြက်ကြော် ဆိုင်
ကလေး၏ အိုးကင်းပူ ညှော်နံ့  က အိပ်မပျော်သော ည များတွင် ကျွန်တော့်  အခန်းထဲ အတင်း ထိုးတက် ဝင်
ရောက် နေရာ ယူ လာလေ့  ရှိပါသည်။
အစ တုံးက တော့  ညှော် ညှော် နေသည့်  အနံ့  လေး ဖြစ်သော်လည်း နောက်တော့ လဲ မျှော် မျှော် နေရသည့် 
ရနံ့  လေးတစ်ခု ဖြစ်ဖြစ် လာရပါတော့ သည်။ ကျွတ်ကျွတ်ကလေးနှင့်  စားကောင်းတော့ လဲကိုယ်က ကြိုက်လို့ 
ဖြစ်ပါသည်။
အောက်ကို ငုံ့ ကြည့်  နေမိရင်းက လမ်းတစ်ဖက် တွင် ဦးဂေါင်း ပြောင်ပြောင် နှင့်  အဖိုးကြီး တစ်ယောက် လမ်း
ကူးရန် ချိန်ဆ နေတာကို တွေ့ လိုက်ရပါသည်။အသက် အားဖြင့်  ရှစ်ဆယ် လောက်တော့ ရှိနိုင်ပါသည်။
နားထင် နှစ်ဖက် ရှိ သူ့ ဆံစ တွေက ဖွေးဖွေး ဖြူ နေသလောက် ၊ သူ့  နဖူးကတော့  မှောင်စ ပျိုးချိန်မှာတောင်
လမ်းမီး ရောင်တို့ ကြောင့်  တပြောင်ပြောင် ဖြစ်နေရပါသည်။
သူ လမ်းလျှောက်တော့ လည်း သူ့  ဒူးနှစ်ဖက်က သိပ်ကွေးလို့ မကောင်း တော့ ဟန် တူပါသည်။
လက်ကိုင် တောင်ဝှေး ကိုပဲ တုံတုံ ချိချိ အားပြု ထားရရှာပါသည်။
သူ ဘာကြောင့်  လမ်းဖြတ် မကူး သေးတာပါလိမ့် လို့  စူးစမ်း ကြည့် မိတော့  လမ်းတစ်ခြမ်းလုံး အပြည့် 
လျှောက်သွားနေသော ကျောင်းသား တန်းကြီးကို ကျော်ပြီး ဟိုး အဝေးက မီးပွိုင့် ဆီကို လှန်းလှန်း မျှော်
ကြည့် နေတာကို တွေ့ လိုက်ရပါတော့ သည်။
.....................................................................................................
( ဆက်ရေးပါအုံးမည်။ )
ကိုကိုနဲ့ ကျွန်မရဲ့ ကောင်းကင်
7 months ago