Monday, November 29, 2010

အသက်ရှု လိုက်တိုင်း ....

ဘလော့ ကလေးတစ်ခု လုပ်ထားမိတော့ လဲ စ စ ခြင်းတုံးကတော့  အားကောင်းမောင်းသန်ဖြင့်  ကုန်ကြမ်းတို့ 
အပြည့် ဖြင့်  ရေးနေနိုင်ခဲ့ သော်လည်း တဖြည်းဖြည်းကြာလာတဲ့ အခါကျတော့  ရေးစရာတို့  ကုန်ခန်းလာသလို
ဖြစ်လာခဲ့ ပြီး ရေးတာတွေပါ ကျိုးတို့  ကျဲတဲ ဖြစ်ဖြစ်လာခဲ့ ရပါသည်။

စစခြင်း ရေးခဲ့ မိတဲ့  စာတွေအများစုက သံယောဇဉ်တစ်ခုကိုအခြေခံမိပြီးမှ တစိုစိုနှင့်  ပဲ နာ နေ၊ လွမ်း နေ ရသည့်  စာတွေ ပဲ အများဆုံးဖြစ်နေခဲ့ ရသလို တွယ်မိ လွမ်းမိ သလောက်ရေး ၊ ရေးမိနေသလောက်လဲ တဆစ်
ဆစ်နှင့်  နာနေ လွမ်းနေ သလို လုံးလည်ချာလည် လိုက်နေခဲ့ ရင်း အချိန်တွေသာ ကုန်လွန်ခဲ့  ရပါသည်။

ဘာတွေ အဖတ်တင်ခဲ့ ပါသလဲ လို့  ကိုယ့် ကိုယ်ကို ပြန်စမ်းစစ်ကြည့် မိတော့  နာနေသည့် အလွမ်း တို့ သာ
တင်ကျန်နေသည်ကို တွေ့ ခဲ့ ရပါတော့ သည်။ တကိုယ်လုံး နာ နေသည်ဆိုပါစို့ ။ အလွမ်းနာပဲ ဖြစ်မှာပါ။

တွယ်တာမိခဲ့ တော့ လဲ ဘယ်နေရာသွားသွား ၊ သယ်သယ် မလာမိပဲ ပါ ပါ လာနေတာက “ အလွမ်း ” တွေပါပဲ ။
တကယ်တော့ “ လွမ်း ” တာနှင့် “ လေ ” တာနှင့် ကတော့  အတူတူ ပါပဲ ဟု ထင်မိခဲ့ ပါသည် လို့ ။
လွမ်းသလောက်“လေ” ၊ လေ သလောက်လွမ်း ၊ တွယ်သလောက် ဆွေး ၊ ဆွေး သလောက်တွယ် အို.... ကိုယ့် 
ဖာကိုယ် တစ်ယောက်ထဲ ရှုပ်နေတော့ တာ၊ အရှုပ်တွေလုပ်မိနေရင်း အလုပ်တွေ ရှုပ်နေတော့ တာပါ လို့ ။

လေ နေသောစိတ် တို့ ဖြင့်  တကိုယ်ရေ ခံစားချက်များကို ချန်ထားခဲ့ ချင်သည့်  အတ္တ ဆန်လွန်းသော အတွေး
တို့ ဖြင့် သာ ကိုယ့် ဘလော့ စာမျက်နှာပေါ် ကို တစ်ပုဒ်ပြီးတစ်ပုဒ် ရေးတင်နေခဲ့ တော့ လဲ ကိုယ့် ဘလော့ ထဲ
ကိုယ်ပြန်ဝင်လိုက်တိုင်း အကြိမ်ကြိမ် ဖွဲ့ နွဲ့  မိနေခဲ့ သည့်  အမြဲထိုင်းမှိုင်းနေသော ရာသီ အဖွဲ့  တွေ လိုပဲ
တစိုစိုနှင့်  မလန်း သလို ဖြစ်နေတာကို ကိုယ့် ဖာကိုယ် သတိပြု မိလာခဲ့ ပါသည်။

ကျွန်တော့ ဘလော့ ထဲ ဝင်ရောက်လာခဲ့ မိသော စာဖတ်သူတွေကိုလည်း အားနာလာမိခဲ့ ရပါသည်။
ကိုယ်ဘာတွေ ပေးနေခဲ့ မိပါသလဲ .. လို့ ။
တကယ်တော့  ကိုယ့် ခံစားချက်တွေကို ကိုယ့် ပရိတ်သတ်အား အတင်းဖတ်ခိုင်းနေသလို ဖြစ်နေခဲ့ သည်
မဟုတ်ပါလား ။

ဒါကြောင့် မို့  ကျွန်တော်လည်း တစိုစိုနာနေမည့်  ထိုထိုစာများအစား အလိုလိုပါနေမည့်  စာများကိုသာ
ကြိုးစားရေးဖွဲ့ ပါတော့ မည် ဟုဆိုပြီး အောက်တွင်ဖေါ် ပြထားသော စာ လေးများကို အစဉ်လိုက်ကြိုးစားရေးဖွဲ့ 
လာခဲ့ မိပါသည်။

တစ်ပင်ထဲ ရင်ထဲက “ နွယ် ” ( အခန်းဆက် )
အို့ ဟိုး ... ဒါကြောင့် ကိုး ...
သူ ( သို့ ) ကိုကျော်သူ
ချစ်တတ်ကြရဲ့ လား
မဗေဒါ(သို့ )....
မျှော်လင့် လျက်ပါ ...

အထက် ဖေါ်ပြပါ ပို့ (စ)လေးတွေက တကိုယ်ရေ ခံစားချက်များကို တတ်နိုင်သလောက်ရှင်းထုပ်ပြီးမှ ရေးခဲ့ မိ
သော စာ စုကလေးများဖြစ်ပါသည်။

အပြုသဘောရောက်အောင်ကြိုးစားရေးတော့ လဲ ယိမ်းယိုင်ချင်နေသောကိုယ့် ကို အတိမ်းမခံနိုင်အောင် အရင်
ကြိုးစား ပြုပြင်ခဲ့ ရပါသည်။

ချစ်တတ်ကြရဲ့ လား အကြောင်းလေးရေးပြီးတဲ့ အချိန်မှာပဲ တိုက်ဆိုင်စွာ အမေစု ပြန်လွတ်လာတော့  ကျွန်တော်
လည်းအများနည်းတူ ပျော်ရွှင်မြူးတူးစွာဖြင့်  အမေစု အကြောင်းတွေ ဝင်ရေးနေမိခဲ့ ပြန်ပါသည်။

တတ်နိုင်သလောက်တော့ လဲ ကိုယ့် အမြင်လေးတွေ အထင်ကလေးတွေ ကိုယ်ပေးချင်တာလေးတွေကို ကြိုးစား
ပန်းစား ရေးဖွဲ့  နေခဲ့ ရင်း ကိုယ့် ကိုယ်လဲ ကျေနပ်နေခဲ့ မိရပါသည်။ ကိုယ့် စာတွေ ကိုယ်အကြိမ်ကြိမ်ပြန်ဖတ်နေ
မိရင်းပေါ့ လေ ..၊ အင်း ရူးနေတာလဲ ဖြစ်မှာပါ နော်။ ဘာပဲ ပြောပြော ကျွန်တော်တို့ ဘုရားက လူတွေ အားလုံး
ဟာ တစ်မျိုးမျိုးတော့  ရူးနေတဲ့ သူ တွေ ပါ လို့  မိန့့်တော်မှုခဲ့ ဘူးထားတာကိုး လို့  ။

အဲ့ ဒီတော့  အမေစု သတင်းလေးတွေ လိုက်ကြည့် နေလိုက် ၊ ရ ထားသည့်  ဘာသာရေး “ လင့် ” ကလေးတွေ
ဝင် ဝင် ကြည့် နေလိုက်နှင့်  ပဲ နားထောင်ခဲ့ မိသည့်  တရားခွေတွေထဲက ကိုယ်သိလိုက်မိသည့်  သဘောလေး
တွေကို ပြန်ဖြန့် ပေးလို့ ရရင် သိပ်ကောင်းမှာပဲ ဟု စဉ်းစားလာခဲ့ မိပါတော့ သည် လို့  ။

ကျွန်တော် ပထမဦးဆုံးရေးကြည့် ချင်တာကတော့  အသက်ရှုနေတဲ့  အကြောင်းလေးပဲ ဖြစ်နေပါသည်။

ဟင်.. အသက်ရှုတာကိုများ ရိုးမယ်ဖွဲ့  ပြီး စာတတန်ပေတတန်ရေးအုံးမယ်တဲ့ ။
ကြောင်သွားပြန်ပြီ တစ်ယောက် .. ဟု ပြောလာလျင်လဲ ကျေကျေနပ်နပ် ခံ ရမည်ဖြစ်ပါသည်။
ကိုကျော်သူ့  ပို့ (စ)လေး ရေးခဲ့ တုံးကလဲ သည်လိုပဲ ကြောင်ခဲ့ ဘူးတာပဲလေ ။
ကဲ ခပ်ကြောင်ကြောင်နဲ့ ပဲ ဆက်ရေးပါရစေ.. လို့ ။

ကျွန်တော်တို့ အားလုံးတို့ သည် နေ့ စဉ် မိုးစင်စင်လင်း၍ အိပ်ယာနိုးနိုးခြင်း မျက်စေ့ နှစ်လုံး ပွင့် လိုက်ပြီဆိုသည်
နှင့်  အပြင်လောကကြီး၏ မြင်တာ၊တွေ့ တာ၊ ကြားတာ၊ အနံ့ အရသာ စသော အာရုံမျိုးစုံတို့  ချက်ခြင်းပဲ ကိုယ့် 
ခန္ဓာအိမ်ကြီးထဲ တိုးဝင်ပူးကပ်မိပြီး သံပါတ်ပေးလိုက်သည့်  စက်ရုပ်တစ်ရုပ်လိုပဲ တစ်ကိုယ်လုံးရှိ အကြောတွေပါ
တောင့်တင်းသွားရသလို ဘယ်တော့ မှလဲ မပြီးဆုံးနိုင်တော့ သည့် “ လုပ်ရအုံးမယ် ” “ ..... ရအုံးမယ် ” ဆိုသော ကိစ္စတွေအတွက် “ စတန်းဘိုင် ” အနေအထားဖြင့်  တနေ့ တာခရီးကို အစပြုရပြန်ပါသည်။

ကျွန်တော်ဆို.. အိပ်ချင်မူးတူးနှင့်  ဆူဆူလောင်လောင်တုန်ရီ မြည်ဟီးနေသောစားပွဲတင်နာရီကို မဖွင့် ချင်သေး
သောမျက်လုံးတို့ ဖြင့် အမြဲပဲ မရဲတရဲ ချောင်းကြည့် နေခဲ့ မိတာလဲ ယနေ့ ထက်တိုင်ဖြစ်နေပါသည်။

ဒါပေမဲ့  ပြောခဲ့ သလို အကြောတို့ တော့  ဆန့် ထုပ်ရပြန်ပါသည်။ အစပြုရတော့ မည့်  တစ်ဘဝခရီး၊ တစ်နေ့ တာ
ခရီးကိုပါ။ ကျွန်တော်ကတော့  နေ့ တစ်နေ့  ကို ဘဝလေးတစ်ခုနှင့်  ခိုင်းနှိုင်းကြည့် တာကို သဘောကျမိပါသည်။
ဘာဖြစ်လို့ ဆို တစ်နေ့ တစ်ခါအိပ်ရသည်ဆိုတော့  တစ်ခါအိပ်တာကို တစ်ခါသေသေနေသည့်  “အသေလေး”
နှင့် တူနေပါသည်ဟု နာ ခဲ့ ရဘူးနေလို့ ပါပဲ။


အိပ်စက်ခြင်းဆိုတာကတော့  အာရုံမျိုးစုံ၊ဇောမျိုးစုံ၊အမောမျိုးစုံတို့ ဖြင့်  ပင်ပန်းနွမ်းနယ်လာသော ခန္ဓာအိမ်
ကြီး၏ တောင်းဆိုလာမှုကြောင့်  ကိုယ့် အာရုံကြောအားလုံး တုန့် ဆိုင်း ပြီး အိပ်မောကျသွားနေသော်လည်း နောက်ဆုံးကျန်နေသေးတာကတော့  ဖားဖို တစ်ခုလိုရင်အစုံ လှုပ်ခုန်နေအောင် “ ရှု ”နေသေးသည့် ဝင်လေ
ထွက်လေကလေးတွေပဲဖြစ်ပါသည်။ ထိုထို ရှုနေသေးသော လေကလးတွေကိုလည်း တနည်းအားဖြင့် ဝင်သက်
ထွက်သက်ဟုလည်း ခေါ်ဆိုနှိုင်ကြပါသေးသည် တဲ့ ။

“ ဝင်သက်ကလေး ” ကိုရှိုက်သွင်းပြီး “ ထွက်သက်ကလေး ” ကို ပြန် ထုပ်၍ အိပ်မောကျနေတာကို အသေလေး
ဟု ခေါ်ဆိုနိုင်လျင် ၊ “ ထွက်သက်ကလေး ” ကိုရှိုက်ထုပ်ပြီး၊ “ ဝင်သက်ကလေး ” ကို ပြန်မရှုသွင်းတော့ ပဲ ဝင်လေ
ထွက်လေတို့ ရပ်ဆိုင်းအိပ်မောကျသွားလျင်တော့  အသေကြီး ဟုသာ ပြောလို့ ရမည်ဖြစ်ပါသည်။

အသက်ရှုထုပ်အိပ်မောကျနေသမျှကာလပတ်လုံး မြင်တာ၊ ကြားတာ စသော အပြင်လောကအာရုံတို့  နှင့် ခေတ္တ
အဆက်ပြတ်၍ သေသလိုမျိုးဖြစ်နေသော်လည်း ကျွန်တော်တို့ သာမန်လူများအနေနှင့်  တော်တန်ရုံ ခံစားမသိ
နိုင်သေးသည့်  “ ဘဝင်စိတ် ” ကလေးတော့  ကိုယ့်  ခန္ဓာအိမ်ကြီးမှာအမြဲ ကိန်းအောင်းနေတုံးပဲဆိုတာကိုတော့ 
နာယူမှတ်သားမိခဲ့ ပါသည်။ နာနေတုံးကတော့  ဘုန်းဘုန်း၏ အသံတို့ က လုံနေသော နားကြပ်ထဲမှ ကိုယ့် နား
စည်ထဲကို အေးစိမ့် ပြတ်သားစွာပဲ ကြည်ညိုဖွယ် တစိမ့် စိမ့်  ဝင်ရောက်နေတုံးမို့  ဟုတ်သလိုလို ရှိနေသော်
လည်း တရားပွဲပြီးလို့  နားကြပ်လဲ ဖြုတ်ရော ထို “ ဘဝင်စိတ် ” ကို သိ သလိုလိုနှင့်  မသိခဲ့ တာပါ ဆိုတာကို
ကိုယ့် ဖာကိုယ် သတိပြုမိခဲ့ ရပါတော့ သည်။


ပြန်စဉ်းစားကြည့်မိတော့ လဲ ကိုယ် အမှုမဲ့  ဖြတ်သန်းနေမိသော ဘဝအချိန်ကြီးက သိပ်ကြာညောင်းနေသလို၊
ဘယ်တော့ မှလဲ မကုန်နိုင်တော့ ပဲ နောက်ထပ်လဲ အများကြီး ရှိနေသေးသလို ထင်နေရပေမဲ့  တကယ်ပဲ
ထဲထဲဝင်ဝင် တွေးကြည့် မိရင်တော့  ထိုအကြာကြီးဆိုသည့်  “ အချိန်ကြီး ” က ၊ “ ခဏလေး ” ဆိုသည့် 
“ အချိန်ကလေး ” များဖြင့်  အကြိမ်ကြိမ် ပေါင်းစပ် ဖွဲ့  စည်း ထားသည်ကိုတွေ့  ရမည် ဖြစ်ပါသည်။

ဒြပ်ပေါင်းတစ်ခုကို အစိပ်စိပ်အမွှာမွှာ ထပ်မံ ခွဲစိပ်လိုက်သလိုမျိုးပဲ “ အချိန်ကြီး ” ဖြစ်သည့် “ ဘဝကြီး ” ကို
ကိုယ့် လက်ဖဝါးပေါ် တင်၍ အသေအချာ အစိပ်စိပ်အမွှာမွှာ ခွဲစိပ်ကြည့် လိုက်လျင် ပါဝင် ဖွဲ့ စည်းထားသည့် 
ဒြပ်စင်ကလေးများနှင့် တူသည့် “ အချိန်လေး ” ၊ “ ခဏကလေး ” ပေါင်းများစွာ ကိုတွေ့  ရမည်ဖြစ်ပါသည်။

ခဏကလေးတွေနှင့်  ဖွဲ့ စည်းထားသည့်  အချိန်ကြီးတွေ ဖြစ်နေ၍လည်း ကိုယ့် ဘဝ ကြီးရဲ့  ငယ်ဘဝတွေ ဖြတ်
သန်းပြီးခဲ့ သော ကာလတွေကို ဘယ်အချိန်ပဲ ပြန်တွေး ကြည့် နေပစေ ..၊ မနေ့ တစ်နေ့ ကလို အမြဲ လတ်ဆတ်
လန်းဆန်းနေတုံးပဲ မဟုတ်ပါလားလို့  ..။

မရှိတော့ သော ပျောက်ဆုံးသွားခဲ့ သော အတွေ့  များကို အခုပဲ အမိအရ ပြန်တွေး ခံစားလိုက်မိပေမဲ့  အားလုံးက
တော့  ပြီးဆုံးသွားခဲ့ ပြီပဲဖြစ်ပါသည်။ အခုတွေးလိုက်လို့  တွယ်တာစွဲလန်းမှုတွေကြောင့်  အခုပေါ် လာပေမဲ့ လဲ
အဖြစ်တို့ က ဟိုးအတိတ်မှာပဲ ပျောက်ခဲ့ ရပြီး အသစ်ထပ်တွေးလိုက်လို့  အသစ်ခံစားလိုက်ရခြင်းပဲ ဖြစ်ပါသည်။


ပြန်မရတော့  ၊ မရှိတော့ ပေမဲ့ လည်း တစ်ချို့  အရာတွေကျတော့  အသက်ရှု လိုက်တိုင်းတောင် သတိရနေရပါ
သည် လို့  တင်စားပြောနေကြရပြန်ပါသည်။ ရှုသွင်းနေမိသော ဝင်သက်တို့ နှင့် အတူ တောင့်တ စွဲလန်းနေမိ
သော အာရုံ တို့ ကိုပါ ခန္ဓာအိမ်ကြီးထဲ မျိုချနေမိတော့ လဲ ပြန်ထုပ်လိုက်မိတဲ့  ထွက်သက်တို့ ၊ ထွက်လေ တို့ ကပါ
ရေနွေးငွေ့  တွေလို အမြဲပူနွေးနေတတ်တော့ ပါ လို့ ။


.....................................................................................................................................


( ဆက်ပါအုံးမည် )



Saturday, November 20, 2010

မျှော်လင့်လျက်ပါ ...

ကျွန်းနိုင်ငံဆိုတော့ လည်း ရာသီအပြောင်းအလဲ သိပ်မြန်လွန်းတတ်သလို မှန်းဆပေးသည့်  မိုးလေဝသခန့် မှန်း
သတင်းများကလည်း ပေးလာသည့် ရာခိုင်နှုန်းများအတိုင်း ကွက်တိ ဖြစ်နေအောင်ကိုမှန်နေတတ်ပါသည်။
ပညာရှင်များကလည်း သူတို့  ထုပ်ပြန်နေသည့် သတင်းတိုင်းအတွက် အမြဲတာဝန်ယူနေလေ့ ရှိပါသည်။

ယနေ့  ခန့် မှန်းချက်ကတော့  ရွာရန်ရာခိုင်နှုန်း လေးဆယ်ဟုပြောထားသောကြောင့်  အေးစိမ့် တတ်သော
ဆောင်းရာသီမို့  ဝန်းကျင်တစ်ခုလုံး အုံ့ မှိုင်းနေပြီး ခဲသားရောင်တိမ်ခိုး၊ တိမ်ငွေ့  တို့ က ပြာမှိုင်းနေသော တောင်
ထွတ်တို့ ထိပ်ကို တဖြည်းဖြည်းချင်းပဲ ဖုံးအုပ် ပွတ်တိုက် သွားနေ၍ တောင်ကြော၊ တောင်ကြားတို့ ဆီမှတောင်ခိုး၊ မြူခိုး တို့ က ကျွန်တော်တို့  စကားပြောလိုက်တိုင်း ထိုးထွက်နေတတ်သော အာခိုး ၊ အာငွေ့ တွေလို ကြည့်နေရင်း ပဲ တရိပ်ရိပ် ထိုးတက်လျက်ရှိပါတော့ သည်။

မိုးမှုန်တို့ ကလည်း ညင်သာစွာ တိုက်ခတ်လာသော လေနုအေးတို့ နှင့် အတူ မျောပါကျဆင်းလာနေသော
ကြောင့်  ကျွန်တော့် နားနှစ်ဖက်နှင့် ပါးပြင်တစ်ခုလုံး စိုစွတ်စွတ်ဖြင့်  စိမ့်  အေးနေပါတော့ သည်။

“ ဒီနေ့  မိုးရွာနိုင်သလား ကိုကျော်... ”
“ မရွာပါဘူးဗျာ.. လေးဆယ်ပဲ ရှိပါတယ် .. ”
ဆောက်လက်စ ဆယ့် ခုနှစ်ထပ်တိုက်အပြင်ဘက်တွင် ကပ်ရက် တပ်ဆင်ထားသော လုပ်ငန်းသုံး ဓါတ်လှေကား
ပေါ်သို့  တက်တက်ချင်းလှန်းမေးလာသော“ ပုလင်းဖင်” ကို ကျွန်တော်က ပြန်ဖြေ လိုက်တာဖြစ်ပါသည်။
( အဆိုပါ ပုလင်းဖင်မှာ ကျွန်တော်ရေးခဲ့ ဘူးသော“ ကြယ်ကလေး ” ပို့ (စ) ထဲမှ အရပ်ပုပု ၊ စုတ်ချွန်းချွန်းသော
ကျွန်တော့် ထက်အလွန်ပုသော မိန်းခလေး တစ်ယောက်ဖြစ်ပြီး ၊ ယ္ခု လုပ်ငန်းသုံး ဓါတ်လှေကားကို သူ ပဲ မောင်း
နေခြင်းဖြစ်ပါသည်။ ကွန်ပြူတာ ကို အလွန်အကျွံ သုံးသောကြောင့် လည်း တရိပ်ရိပ်တိုးလာသော ဒီဂရီ တို့ ဖြင့် 
သူ့ မျက်မှန်က ပုလင်းတစ်လုံးရဲ့  ဖင် လိုပဲ ထူပိန်းနေခြင်းဖြစ်ပါသည်။ ခင်မင်လွန်းနေသောကြောင့် လည်း ဒီလို
ခေါ်နေတာကို သူ ခွင့်ပြု ထားတာဖြစ်ပါသည်။ )

“ မနေ့  က အမေစုအတွက် ကျွန်တော် မဗေဒါ နာမည်နဲ့  ပို့ (စ) တစ်ပုဒ် တင်လိုက်ဖြစ်တယ်လေ ”
“ အင်း ..”
“ ဘယ်လို သဘောရလဲ ”
“ မဆိုးပါဘူး .. တင်စားတာလေး .. ”
“ ဝမ်းမသာဘူးလား .. ”
“ ဟာ.. ဘာလို့  ဝမ်းမသာရမှာလဲ ..၊ ဒါပေမဲ့  ဝေါ် က နိုင်ငံရေး စိတ်မဝင်စားပါဘူး ..”
ဗမာစကားဖြင့် ပဲ တတွတ်တွတ် ပြောလာနေသော ကျွန်တော်တို့  နှစ်ယောက်ကို ဘေးမှ ကိုတရုပ်ကြီးများက
ခဏတော့  စောင်းငဲ့  လှည့်  ကြည့်  လာကြပါသည်။ အားလုံးကတော့  ကျွန်တော့် နှစ်ယောက်ကို မြန်မာပြည်
ပေါက်တရုပ်နွယ်ဖွား မောင်နှမ နှစ်ယောက်အဖြစ် သိ ထားကြပါသည်။
“ အဲ့ ဒါပဲဗျ ... ၊ ကျွန်တော်ပြောချင်တာ .. ”
“ ကိုကျော်နော်..၊ စောစောစီးစီး လာမငြင်းချင်နဲ့  .. ၊ ကိုယ်လဲ ဘာမှ တတ်နိုင်တာမဟုတ်ဖဲနဲ့ .. ”
“ ဟေ့  .. ဟေ့  ..၊ မင်းတို့ နှစ်ယောက် ဘယ်လိုလဲကွ ၊ ဆူ လှချဉ်လား .. ”
အပေါက်ဝ မှ အလုပ်ကြပ် ကိုအားချန်က လှန်းဟန့်  လာပါတော့ သည်။
“ မင်းတို့  ဗမာလို ဘာတွေ ပြောနေတာလဲ .. ” သူ က ဆက်မေးလာပါသည်။
“ ဒေါ်အောင်ဆန်းစုကြည် အကြောင်း..... ”
“ အား.... သိပြီ ၊ မနေ့ က ဒို့ သတင်းမှာပါလာတယ်ကွ ၊ သိပ်တော် တာပဲ ..၊ မင်းတို့ အစိုးရက သူ့ ကို
မသုံးတတ်တာ နာ တာပဲ .. ” တဲ့ ။
“ ဟုတ် .. ” ကျွန်တော် သည်လောက်ပဲ ဖြေလိုက်နိုင်ပါသည်။

သည်နိုင်ငံကတော့  တရုပ်နိုင်ငံ တစ်ခု ဖြစ်နေပေမဲ့ “ တ လူ့ ” ခေါ် ပြည်ကြီးတရုပ်တို့ နှင့် တော့ အမြင်တွေ ၊ ခံယူ
ချက်တွေ ကွာလွန်း ပါသည်။ စနစ် က ဒီမိုကရေစီ စစ်စစ် ကို ကျင့် သုံးနေ သောကြောင့်  ပါပဲ ။ ကျွန်တော်တို့ က
ဆင်းရဲလွန်းသောတိုင်းပြည်မှ လာကြရသူများဖြစ်နေ၍ ရောက်လေရာမှာ မျက်နှာငယ်နေကြရသော်လည်း “ဒေါ်အောင်ဆန်းစုကြည် ” ၏ဂုဏ်ပုဒ်တို့ ကြောင့်  ငယ် သည့် မျက်နှာတို့  ပြန်မော် ကြရပြန်ပါသည်။
ပြောရင်း ဆိုရင်း ဆယ့် ခြောက်ထပ်သို့  ရောက်လာပါတော့ သည်။
“ ထမင်းစားချိန် ဘယ်မှာ ရှိမလဲ ... ”
ကျွန်တော် ပုလင်းဖင်ကို လှည့် မေးလိုက်ဖြစ်ပါသည်။
“ တစ်ထပ်မှာ .. ”
“ အိုကေ... ဘိုင် ..”
သူ့  ကို နှုတ်ဆက်၍ ဓါတ်လှေကားထဲမှ ကျွန်တော်ထွက်ခဲ့ တော့ သည်။
အတွေး စ တို့ ကတော့ မရပ်သေးပါ ။

..................................................................................

“ နိုင်ငံရေး ကို စိတ်မဝင်စားပါဘူး ” ဟူသော ပုလင်းဖင်ပြောသွားသည့် စကားကို ကျွန်တော် အကြေ အလည်
စဉ်းစားနေမိတာ တစ်နေ့ လုံးပဲ ဖြစ်ပါသည်။ သူ့ လို လူမျိုးတွေ ဘယ်လောက်များနေပြီလဲ ၊ သူတို့ ကိုလည်း အပစ်
ပြောလို့ မရ ဟုလည်းထင်ပါသည်။ သူ ပြောခဲ့ သလို ကိုယ်က ဘာလုပ်နိုင်မှာမို့ လို့ လဲ .. တဲ့  ။ ဒါလဲ ဟုတ်နေပြန်
ပါသည်။ ကျွန်တော်တို့ မမွေးခင်ကတဲက အာဏာရှင်စနစ်ကြီး စ ခဲ့ တာမဟုတ်လား ။ အခု ဆယ်စုနှစ်ဘယ်နှစ်ခု
ရှိခဲ့ ပြီလဲ ။ သာသနာ သာ ကောင်းကောင်းမထွန်းကားခဲ့ ပေမဲ့  အာဏာကတော့  ငွားငွားစွင့် စွင့်  ပဲ ထွန်းကား
အရှိန်ရ လို့ နေပါပြီ။ သာသနာရဲ့ အထက်မှာ အာဏာ က ပွင့် နေတော့ တာပါ ။

ဥပဒေတို့ အထက်မှာ အာဏာရှင်တို့  ထိုင်နေကြသောကြောင့်  ထုပ်သမျှသောဥပဒေအားလုံးတို့ သည် သူတို့ 
အလိုရှိသလို သရေကွင်းတစ်ပင်ကဲ့ သို့  အတိုး၊အလျှော့ ၊ အကျဉ်းအကျယ် လုပ်နေနိုင်ပါသည်။
သည်လို ဒီမိုကရေစီနိုင်ငံတို့ တွင်တော့  ဥပဒေအထက်တွင် ဘယ်သူမှ မရှိနိုင်ပါလေ ။
နိုင်ငံတော်သမ္မတသည်ပင်လျင် ပြည်သူ့ ဝန်ထမ်းတစ်ယောက်ဖြစ်လို့ နေပါတော့ သည်။

“ ဘာလုပ်နိုင်မှာမို့ လို့ လဲ ..” တဲ့  ။
သည်စကားလေးကိုလည်း ကျွန်တော် ဖြေဘို့  ရုတ်တရက် အဖြေရှာမရ ဖြစ်နေရပြန်ပါသည်။
ဒါဆို သူ့ ရင်ထဲမှာ လုပ်ချင်တာ ၊လုပ်နိုင်ချင်တာ ရှိနေလို့  သည်လို စိတ်ပျက်စကား ပြောလာတာပဲ ဖြစ်မည်ဟု
မြင်လာမိပြန်သည်။ လုပ်ချင် ၊ ဖြစ်ချင်တာတွေ မဖြစ်နိုင်၊ မလုပ်နိုင် လို့  သည်လို လက်မှိုင်ချစကား ၊ စိတ်ပျက်
စကားတို့  ပြော ထွက်လာတာ ပါလို့ လည်း ကျွန်တော် တွေးရင်းမြင်လာပါတော့ သည်။

ဒါဆို သူ့ ရင်ထဲမှာ နိုင်ငံ၏ အရေး တော့ ရှိနေမှာ အသေချာ ပါဟု တဆင့် တက် တွေး မိပြန်ပါသည်။
ဟုတ်သည်လေ ..၊ နိုင်ငံ အတွင်းမှာ နေထိုင်ကြသူ နိုင်ငံသားတိုင်း၏အရေးကို “ နိုင်ငံရေး ” ဟု ခေါ်တွင်နေတာ
မဟုတ်လား .. လို့  ။

အမေစုကလည်း သူ လွတ်လွတ်ချင်းပဲ ပြည်သူတွေကို မချင့်မရဲ ပြောခဲ့ ပါသေးသည်။ လတ်လတ်ဆတ်ဆတ်
ကြီးပါပဲ။

“ နိုင်ငံရေးကို စိတ်မဝင်စားပါဘူး လို့  ပြောနေကြတဲ့ သူတွေဟာ ၊ တကယ်တော့  နိုင်ငံရေးကို တကယ်နား
မလည်လို့  ပါပဲ ”
“ ကိုယ့် မီးဖိုချောင်ကလေးထဲမှာ ထမင်း၊ ဟင်း ချက်နေတာက လဲ နိုင်ငံရေးပါပဲ ၊ ဘာဖြစ်လို့  ဆို နေ့ စဉ် ရ တာ
လေးနဲ့ ပဲ လောက်ငှ အောင် ချက်နေရတာလဲ နိုင်ငံရေးပါပဲ ”
“ ကျန်းမာရေး ကလဲ နိုင်ငံရေးပဲ ၊ ပညာရေးကလဲ နိုင်ငံရေး ပဲ ” တဲ့  လေ ။
အမေစုပြောခဲ့ သည့်  အဲဒီ့ ရဲရဲတောက်မိန့် ခွန်းများကို ထမင်းစားချိန်ကျ ကျွန်တော် ပုလင်းဖင်ကို အသေအချာ
ပြောရပါတော့ မည်။

..................................................................................


အာဏာရှင်စနစ်တို့  ထွန်းကားနေသောမြေတို့ တွင် နိုင်ငံရေးတို့  မထွန်းကားတတ်ဟု ကျွန်တော်မြင်ပါသည်။
အမှန်တရားတို့  နိုင်ငံရေးတို့  ကွယ်ပျောက်နေအောင် မလုပ်ရဲ တော့ လောက်အောင်၊ မလုပ်နိုင်အောင်လည်း
နည်းလမ်းပေါင်းစုံတို့ ဖြင့်  နှိပ်ကွတ် ထားတတ်ပါသည်။ သတင်းတို့  နှေးကွေး နေတတ်သလို၊ သတင်းမှန်တို့ 
လည်း မပေါ်တတ် ပါလေ။

အာဏာရှင်စနစ်နှင့်  နိုင်ငံရေး ဆိုတာက ပြဒါး နှင့်  သံ လိုပဲ ဘယ်လိုမှ ရောမရအောင် တစ်လမ်း စီ ဖြစ်နေလို့ 
ပါပဲ ။

အခုတော့  “ အမေစု ” က ၊ သူ့ မိသားစု တစ်ခုလုံး ၊ သူ့ ဘဝ တစ်ခုလုံးကို အစတေးခံပြီး အမှောင်ထဲမှာ နစ်မွန်း
နေသော မြန်မာပြည်သူတွေကို ဆွဲတင်ဘို့  အပြင်မှာ ရောက်နေတုံး ၊ နေနေရတုံး အချိန်လေး အတွင်းမှာပဲ ကြိုး
စားနေပြန်ပါပြီ ။ ကျွန်တော်တို့  မလုပ်တတ်သည့်  ၊ မလုပ်နိုင်သည့် ၊ မလုပ်ရဲသည့်  “ နိုင်ငံရေး ” ကိုပါပဲ ။

သူ့  ကို စာ ပြီး နာ ကြည့် မိပြန်တော့ လည်း မွန်းကြပ် လာမိပြန်ပါသည်။
သူ့  လို ကိုယ်မှ မလုပ်နိုင်ခဲ့ တာကိုး .. လို့  ။

လိုချင်ကြသည့်  “ ဒီမိုကရေစီ” ကတော့  လူတိုင်း လွတ်လပ်သည့် အခွင့် အရေး အပြည့် ရှိနေပေမဲ့  အလုပ် တော့  လုပ်ကြရမည့်  စနစ် ကြီးဖြစ်ပါသည်။ လုပ်သမှ ခါး ကြိုးနေအောင်ကို လုပ်ရ ပါမည် ဆိုတာကို သည်လို
နိုင်ငံ တွင်ရောက်နေသော ကျွန်တော်တို့ က အသိဆုံး ဖြစ်ပါသည်။

ဒီမိုကရေစီ ထွန်းကားနေသောမြေ တို့ တွင် အချောင်သမားတို့ အတွက် နေရာ တို့  မရှိတတ်ပါ ။
မှန်သောလူသာ မှန်သော နေရာကို ရ ရ ၊ ရောက်ရ ပါမည်။ တကယ်ပဲ လုပ်မှ တကယ် ရမည်ဖြစ်ပါသည်။

အာဏာရှင်စနစ်တို့ တွင်တော့  အချောင်သမားတို့  နေရာကောင်းတွေ ရနေတတ်ပါသည်။
စီးပွားရေးကလည်း အာဏာရှင်ဆန်ဆန် ပြိုင်ဘက်ကင်းနေသည့်  စီးပွားရေး စနစ်ဖြစ်နေတတ်ပါသည်။
အာဏာရှင်တို့ နှင့်  ပြေလည်နေသမျှကာလတ်ပတ်လုံး ထို စီးပွားရေးသမားတို့ သာ အကြေအလည် ဖြစ်ထွန်းနေ
မည် ဖြစ်ပါသည်။

အခုတော့  ညောင်မြစ်ကြီး လို နှစ်ပေါင်းများစွာ အမြစ်တွယ်ခိုင်မာလာသော စနစ်ကြီးကို ဖြိုလှဲဘို့ အတွက် ၊ ရေ ဆန် မှာ အမျောမခံ ပဲ အန်တု ဆန်တက်နေသည့်  ဗေဒါလေးလို အမေစုက ရှေ့  မှ ဦးဆောင် ကြိုးစား ရုန်းကန်
ပြနေ ပြန်ပါပြီ။

“ .......... ”
စကားတို့  ဆုံးသွားတော့  ပုလင်းဖင်မှ သက်ပြင်းချပါတော့ သည်။
“ ဒါဆို အမေစု ပြန်အဖမ်းခံရရင်ဘယ်လိုလုပ်မလဲ ကော်ကျို...”
“ ဟင်.... ”
သူ က စကားကြီးစကားကျယ် ပြောနေသော ကျွန်တော့် ကို နောက်ပြောင်ခေါ်ဆိုလိုက်ပေမဲ့  ကျွန်တော်မပြုံးနိုင်
ခဲ့ ပါ။ ပြန်မဖြေလိုက်နိုင်သော သူ့  မေးခွန်း လေး ကြောင့် ပါပဲ ။
“ ကဲပါ ကိုကျော်ရယ်..၊ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့ တော့ ၊ သူ့  အချိန်တန်တော့  ဖြစ်လာလိမ့် မယ် ”
“ ဘာလဲ ..၊ ပျော်ပျော်ပဲနေပါ လို့  ပြောအုံးမလို့ မဟုတ်လား ” လို့  ပြောတော့  သူ ရယ်လေသည်။

အပြင်ဘက်မှ လေအေးတို့ က ကျွန်တော်တို့  နှစ်ယောက်ထိုင်နေရာဆီသို့  တသောသော တိုးဝင်လာနေတော့ 
ကျွန်တော်လည်း လမ်းမဘက်ကိုသာ ငေးကြည့် နေလိုက်မိပါသည်။
ခန့် မှန်းထားသော လေးဆယ်ရာခိုင်နှုန်း ဆိုသည့်  မိုး က တကယ့် ကိုမှန်လွန်းပါသည်။
မိုးတို့  မှုန်မှုန်သာ ကျ ဆင်းနေသောကြောင့်  ဘယ်သူ မှ မိုးကာ ဝတ်ဖို့  မလိုကြပါလေ။
အချမ်းပြေ ဝတ်လာသည့်  ခေါင်းစွတ်အနွေးထည် တို့ နှင့် သာ လုံလောက်နေကြပါတော့ သည်။

ကျွန်တော်တို့  နိုင်ငံတွင်လည်း အခုလို တိကျသော ခန့် မှန်းချက်များ ထုပ်နိုင်လျင် သိပ်ကောင်းမှာပဲ ဟု တွေးမိ
ပါသည်။ တိုင်းပြည်ရဲ့  အချေအနေ ၊ အမေစု ရဲ့  အချေအနေ ၊ နိုင်ငံရေး ရဲ့  အချေအနေ တွေလေ .... ။
နှစ်ယောက်သား အပြင်ကို ကြည့်နေရင်း အအေးတို့  ပို လာသလိုဖြစ်လာပါသည်။ သည်အအေးလေးတွေကို
ကျွန်တော်တို့  မြေ ကို ရွှေ့  လို့ ရလျင်ရွှေ့  လိုက်ချင်ပါတော့ သည် လို့  ။


အမေစု ဘယ်လောက်လုပ်ခွင့်ရပါ့ မလဲ ..။
တွေးကြည့် မိတော့  စိုးရိမ်စရာ အပြည့် ပါပဲ ။
ဘာမဆိုလဲ သူ့  အတွက်ဖြစ်လာနိုင်သည် မဟုတ်လား ။
ဒါကြောင့်မို့ လို့ လေ .. ကျွန်တော်ကတော့  ...၊
အား လဲ ပေးနေပါမည် ။
ဆု လဲ တောင်းနေပါမည်။
မျှော်လဲ မျှော်လင့် လျက်ပါ ဗေဒါဆီ သို့ ပါ ပဲ လို့ ......... ။

............................................................................................................












Sunday, November 14, 2010

မဗေဒါ ( သို့ )....

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီတဲ့  ။

သတင်းက တော်လည်းမည်သံ လိုပြန့် နှံ့  တှုန်ဟီးသွားပါသည်။ ကမ္ဘာအနှံ့  ၊နေရာအနှံ့  ၊ ပြည်မြန်မာတွင်တော့ 
အတိုင်းထက်အလွန်ပဲ ဆိုပါတော့ ။ ဖေ့ (စ)ဘုတ်ပေါ်တွင်ရောက်နေတုံး မိတ်ဆွေတစ်ယောက် တင်လိုက်သော
လင့် ကလေးကို ဝင်ကြည့် မိရာမှ ၊ တဆင့် ပြီးတဆင့် လင့် ချင်းချိတ်၍ နာရီနှင့်အမျှ တက်တက် လာနေသော
သတင်းများကို ဝင်ဝင်ကြည့် မိနေရင်း မျက်တောင်ခတ်ဖို့ ကိုတောင် မေ့ လျော့ နေမိပါတော့ သည်။

သတင်းဝက်ဆိုက်တစ်ခုထဲတွင် ရေနံချောင်းမြို့ သား လူရွယ်ယောင်္ကျားတစ်ယောက်က အမေစု လွတ်လာပြီ
ဆိုသော သတင်း ကြား၍ ချုံးပွဲချ ငိုရပါသည်ဟု ဖတ်လိုက်ရသောအခါတွင်တော့  ကျွန်တော်ပါ ဖတ်နေရင်း
စာလုံးတို့ တောင် မပီပြင်၊ ဝိုးတဝါး ဖြစ်ခဲ့ ရပါသည်။ ကျွန်တော့ ရင်ဝယ် နွေး လာသလို ပါပဲ။ ဆို့  လာသော
ရင် ဖြင့် ပဲ ဆက်ဖတ်နေဖြစ်ပါတော့ သည်။

တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်တွင် လုံခြုံရေး တပ်သားများက အတားအဆီးအကွယ်အကာများကို တစ်ထပ်
ချင်းဖြုတ်သွားပြီး လမ်းပိတ်ထားသော သံပိုက်လုံးမောင်းတံကြီးကို မ ဖွင့် ပေးလိုက်လျင်ပဲ အချိန်ကြာမြင့် စွာ
စောင့်ဆိုင်းနေရသော လူထုကြီးလည်း ဝမ်းသာကြည်နူးစွာဖြင့် အမေစုအိမ်ရှိရာဖက်သို့  အတင်းတိုးခွေ့  ပြေး
ဝင်သွားသည့်  ဗီဒီယို ခွေကို ကြည့် နေမိရင်း ကျွန်တော်ပါ သူတို့ နှင့်  အတူ ရောပါ သွားရပါတော့ သည်။
အော်... ၁၆ နှစ်ကြာအောင် အမေနှင့်  ခွဲ ခဲ့ ကြရတာကိုး... လို့  ။

၁၉၈၉ခုနှစ် ဂျူလိုင်လ ၄ ရက်နေ့ မှာ သူ့ ကို နောက်ဆုံးတွေ့  လိုက်ရပြီးကတဲက အကြိမ်ကြိမ် အကျယ်ချုပ်ဖြင့် 
နေခဲ့ ရသည်မှာ ယနေ့  ၂၀၁၀ ပြည့်၊ နိုဝင်ဘာလ ၁၃ ရက် အထိ ရေတွက်ကြည့်လျင် နှစ်ပေါင်း ၁၆ နှစ် ကျော်
ကြာမြင့်ခဲ့ ရပါသည်။ လူထုကြားမှ သူ ပျောက်ကွယ်နေခဲ့ ရသလို၊ ပြည်သူ လူထုကြီးလဲ သူမရှိပဲ မျက်နှာငယ်ငယ်
အားငယ်စိတ်များ နှင့်ပင် သည် ၁၆ နှစ်ခရီးကို ဆက်ခဲ့ ရပါသည်။်

လှောင်ဂျိုင့် ထဲက ငှက်ကလေးတစ်ကောင်လိုပဲ ၁၆ နှစ်ကျော်ကြာသွားလောက်အောင် သူချစ်ခင်တွယ်တာ
သံယောဇဉ်ကြီးခဲ့ ရသည့်  သူ့ မိသားစုလေးကို စွန့် ခွာပြီး ၊ သူ့ အိမ်အိုလေးထဲမှာပဲ နေခဲရသည့် အကျယ်ချုပ် အချ ခံရသော အကြိမ်များကို ကျွန်တော်ဖတ်မိသလောက်ပြန်တင်ပြချင်ပါသည်။

ပထမအကြိမ် ----- ၁၉၈၉ခု၊ ဇူလိုင်လ ၂၀ ရက်မှ ၊ ၁၉၉၅ခု၊ ဇူလိုင်လ ၁၀ ရက် ။
ဒုတိယအကြိမ် ----- ၂၀၀၀ခု၊ စက်တင်ဘာ ၂ ရက်မှ ၊ ၂၀၀၀ ခု ၊ စက်တင်ဘာ ၁၄ ရက် ။
တပ်တိယအကြိမ်--- ၂၀၀၀ခု၊ စက်တင်ဘာ ၂၂ ရက်မှ ၊ ၂၀၀၂ ခု၊ မေလ ၆ ရက် ။
စတ္ထုထအကြိမ် ---- ၂၀၀၃ ခု၊ မေလ ၃၀ ရက်မှ ၊ ၂၀၁၀ ခု ၊နိုဝင်ဘာလ ၁၃ရက် ။

အထက်ဖေါ်ပြပါရက်စွဲများကတော့  ကျွန်တော်တို့  မြန်မာပြည်ကြီး မိုးမှောင်ကျနေသော ရက်စွဲများပဲဖြစ်ပါသည်။

ကျွန်တော်တို့  အမိမြေကြီးကတော့  အမှန်တရားတို့  ဆိပ်သုန်းနေခဲ့ သည်မှာ ကြာမြင့် ခဲ့ ပါပြီ။ ဆယ်စုနှစ်ပေါင်း
များစွာပါပဲ။ မှန်တဲ့ တရားတို့  ဆိပ်သုန်းရာနေရာမှာ ၊ မှန်တာကိုပြောတဲ့  လုပ်တဲ့  သူ တို့  ကျဆုံး၊ ပျောက်ဆုံး နေ
ခဲ့ သည်မှာလည်း ကြာမြင့် ခဲ့ ပါပြီ လို့ ။

အခုတော့  ပြည်သူတွေ ကြားထဲမှာ အမေစု ပြန်ပေါ်လာပြီ ဖြစ်ပါသည်။
ဆိတ်သုန်းနေသောအမှန်တရားတို့ လည်း တိမ်ဖုံးနေရာမှ ပြန်ပေါ်လာသလို လင်းလက်လာတော့ မည်ဖြစ်ပါ၏
ပြည်သူတွေရဲ့  မျှော်လင့် ချက် ကလေး ၊ ပြည်သူတွေ ရဲ့  နှလုံးသည်းပွတ်ကလေး ဟုဆိုလျင်လဲ မှားအံ့  မထင်ပါ။

သည်နေရာမှာ မေတ္တာတရား ဆိုတာကို ပြောရမလိုဖြစ်ပါသည်။ ရောင်ပြန်ဟပ်တတ်သည့်  သဘော ဟုဆိုချင်
ပါသည်။ “ သူ ” က ပြည်သူတစ်ရပ်လုံးကို သူ့ ဖေဖေ ဗိုလ်ချုပ်အောင်ဆန်းလို ၊ တကယ်ပဲ အေးမြ စစ်မှန်သည့် 
မေတ္တာထားတတ်သူမို့  ပြည်သူတစ်ရပ်လုံးကလည်း “ သူ့  ” ကို ပြန်ပြီး မေတ္တာ ထားမိနေတာပဲ ဖြစ်ပါသည်။
သူ ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော ပြည်သူတွေ မျက်စေ့  ထဲမှာတော့  သူ မှ သူ ဖြစ်လို့ နေတာပဲ ဖြစ်ပါသည်။

“ သူ ” အကျယ်ချုပ်မှ ၊ စတင်လွတ်မြောက်သည့်  နေ့  ညနေတွင် ဗေဒါရောင် ဝမ်းဆက်ကလေးကို မြန်မာ
ဆန်ဆန်ကလေးပဲ ရွေးချယ်ဝတ်ဆင်ခဲ့ တာကို သတိပြုမိခဲ့ ပါသည်။ ( အမေစုကတော့  အမြဲတန်းဗမာဆန်နေ
တော့ တာပဲ ဖြစ်ပါသည်။) “ သူ့  ” ဆံထုံးလေးဘေးတွင်လည်း လူထုထဲမှ ကမ်းလိုက်သော အဖြူရောင်နှင့် အနီ
ရောင်ပန်းနှစ်ပွင့် ကို ဖူးဖူးလေး ပန်ထားသည်ကိုပါ မြင်မိခဲ့ ပါသည်။

မျက်စေ့ တဆုံးသော လူပင်လယ်ကြီးကို သူ့ ခြံတံခါးနောက်မှ မျှော်ကြည့် မိနေရင်း၊ ရုတ်တရက် သူ စကားမပြော
နိုင်သလို ဖြစ်နေခဲ့ ပါသည်။ ဘယ်လောက်ပဲ ကြာကြာ ၊ လူထုကြီးကတော့  ဘယ်တော့ မှ စိမ်းသွားမှာ
မဟုတ်သလို ၊ ၁၆ နှစ်လုံးလုံးလဲ မမေ့ နိုင်သော အိမ်မက်များဖြင့်  “ သူ့  ” ကို မျှော်လင့် နေခဲ့ ကြတာပဲဖြစ်သည်။

ဗမာတစ်ပြည်လုံးတွင်တော့  ပြည်သူတစ်ရပ်လုံးက အိမ်မှာ စားစရာမရှိရင်နေပါစေတော့  ၊ နေ့ စဉ်ပဲ အမေစု
ဘယ်သွားမလဲ ၊ ဘာပြောမလဲ ၊ ဘာလုပ်မလဲ ဆိုတာပဲ စောင့် မျှော်နေကြတော့ မှာ ဖြစ်ပါသည်။ ထူးမခြားနားပဲ
ပြီးဆုံးသွားသည့် ရွေးကောက်ပွဲ နှင့်ဆန့် ကျင်ဘက်ကြီးလဲ ဖြစ်လို့ နေပါပြီ လို့  ။

ကျွန်တော့ အထင်တော့  ယနေ့  မြန်မာပြည်ကြီးတွင် မုန်တိုင်းတစ်ခု အစပြုနေပြီဟုထင်ပါသည်။
ကြားကြသည့် အတိုင်းပဲ နယ်စပ်တိုက်ပွဲ များ ပြန် စ နေ ကြပြီ ဖြစ်ပါသည်။
ဗမာ ဗမာချင်း ၊ မြန်မာပြည်သားချင်း ပြန်လည် တိုက်ခိုက်ကြမည့်  တိုက်ပွဲတွေပဲ ဖြစ်ပါသည်။
ပြည်သူများလဲ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးနေရပါသည်။
ထိုတိုက်ပွဲ များက လွတ်လပ်ရေး ကြေညာပြီးကတဲက သေနပ်သံ တို့  စ ခဲ့  သည်မှာ ယနေ့  အချိန်အထိ
ဆိုတော့  အဖြေ တစ်ခုတော့  ရှိနေ၊ ရှာနေရတော့ မှာ ဖြစ်ပါသည်။ တိုင်းပြည်ကြီးလဲ အခွံ ပဲ ကျန်သွားပါတော့ 
သည်။ ထိုအဖြေက အမေစု ဆီမှာ ရှိမည်ဖြစ်ပါသည်။

ဆရာမြတ်ထန်၏ နုသောတိုင်းပြည် ဝယ် မုန်တိုင်းက ထန်ချင်နေပါပြီလို့ ။
အမေစုက ဗေဒါရောင်လေးဝတ်ပြီးထွက်လာတော့  “ မဗေဒါ ” သီချင်းကလေးကို ပဲ သွားသတိရမိပါသည်။
ထိုသီချင်းကလေးဖြင့် ကျွန်တော်တို့  ပုခက်ထဲတွင် အိပ်ခဲ့ ကြဘူးမည်ဖြစ်ပါသည်။
သီချင်းရဲ့  နောက်ဆုံးအပိုဒ်ကလေးထဲကအတိုင်း ...
“ ဗေဒါပြန် အံ ကိုခဲ .. ပန်း ပန်လျက် ပဲ..... ”
ရေဆန်ကို ဆန်တက်နေသော ကျွန်တော်တို့  ချစ်သော အမေစု ကို သူ ရွေးချယ်ခဲ့ သော အရောင်ဖြစ်သည့် 
ဗေဒါပန်းကလေးနှင့်ပဲ သည်ပို့ (စ) လေးတွင် ခဏလောက်တော့  ခိုင်းနှိုင်း ကြည့် ချင်ပါသည်။
ဘာဖြစ်လို့ ဆို အမေစု လုပ်နိုင်လိမ့် မည်ဟု ထင်လို့ ပါပဲ ။
အမေစုမှ တပါး ....... ။
မဗေဒါ မှ လွဲ၍ ......။

( သည်စာစုလေးကို မိတ်ဆွေ ဘလော့ကာတစ်ယောက်နှင့်  တိုင်ပင်ပြီး ရေးခဲ့ မိပါသည်၊ လောလောဆယ်
ဝမ်းသာလွန်းနေတော့ လဲ ဘာရေးရမှန်းမသိ၊ အမေစုကို ပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုချင်နေတာလဲ ပါနေ
တာကြောင့်  ခပ်လောလောလေးပဲ ရေးလိုက်မိလို့  မှားတာရှိခဲ့ ရင်လဲ ဝန်တာမိ ပါပဲ လို့  ။ )

..................................................................................................................................


( အချေအနေပေးလျင် ဆက်ကြည့် ပါအုံးမည် )

Wednesday, November 3, 2010

ချစ်တတ်ကြသေးရဲ့ လား ..

“ ကိုထွန်းထွန်း... ဒီအသုဘ က တော်တော်ကြာပြီဗျ ၊ ပိုက်ဆံ တော်တော်ချမ်းသာပုံရတယ်၊ ဘယ်နှစ်ရက်
ထားမလဲ မသိဘူး ၊ ကျွန်တော် သတိထားမိတာ တစ်ပတ်ကျော်သွားပြီ...” ဟု မီးပွိုင့် တွင် မီးနီ မိ နေစဉ်မှာပဲ ဆိုင်ကယ်ဘေးချင်း ယှဉ်ရပ်လိုက်ရင်း မီးပွိုင့်  မျက်စောင်းထိုးရှိ တိုက်အောက်ဆုံး၊ မြေညီထပ်တွင် ခင်းကျင်း
ထားသော မဏ္ဏပ်ကို ကြည့် ၍ ကျွန်တော်ပြောလိုက်မိပါသည်။

တရုပ်စာကိုမဖတ်တတ်တော့ လည်း ဘယ်နေ့  ဘယ်ရက် ချမယ် ဆိုတာ ကျွန်တော်မသိနိုင်ပါ။
မြန်မာပြည်တွင်တော့  အသုဘ ဆိုလျင် ကိုယ်သိ သိ ၊ မသိသိ ရှေ့ ဆုံးက ကြွတက်ပြီး ပို့ နေကြ မို့  ဖြစ်ပါသည်။

တရုပ်စာတန်းကြီးတွေနှင့် ဒေါင်လိုက်ရေးထိုးထားသော အလံ ရှည်ရှည်ကြီးများကိုလည်း မဏ္ဏပ်ပတ်ပတ်လည်
တွင်စိုက်ထူထားပါသည်။ အိမ်ထဲ လှန်းကြည့် လိုက်တော့ လည်း ဧည့် ခန်းအလယ်တည့် တည့်  စားပွဲကြီးတစ်လုံး
ပေါ်တွင် အလှပန်းအိုးများ ရံ ပြီး ထောင်ထားသော ရင်ခေါင်းလောက်မြင့် သည့်  ဓါတ်ပုံကားချပ်ကြီးတစ်ချပ် ကို
တွေ့ နေရပြီး ၊ ထိုဓါတ်ပုံကြီးထဲတွင်တော့ အသက် ငါးဆယ်ခန့်  လူကြီးတစ်ယောက်က အလှဆုံး၊အချိုဆုံး ပြုံးပြနေရှာပါသည်။

ဘယ်ကကြည့် ကြည့်  အလွယ်တကူ မြင်နိုင်သည့်  ပုံ ပါပဲ။
ကျန်းကျန်းမာမာနဲ့  အရွယ်ကောင်းတုံး ဆုံးသွားရှာတာပဲ .. ဟု ကိုထွန်းထွန်းကို ထပ်ပြောမိပါသည်။

“ ဟာ.......... ကိုကျော် ကလဲ ..၊ အသုဘ မဟုတ်ပါဘူးဗျ ၊ အမတ် ရွေးပွဲအတွက် လုပ်ထားတာပါဗျ၊ ဟိုက
ကြားသွားရင်တော့ ..”
“ ဟင် ”
အံ့ သြ သွားမိပါသည်။
အပြင်အဆင်က လဲ သွားတူနေတာကိုးလို့ ၊ လူတွေကလဲ ဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့  အင်း တရုပ်စာ
မဖတ်တတ်တော့  ဦးရှံစားပြောသလို၊ မှားတဲ့ အခါလဲ မှားပေမပေါ့  လို့ ။

တဆက်ထဲ တွေးမိတာကတော့  ကျွန်တော်တို့ ဗမာပြည်တွင်လည်း ရွေးကောက်ပွဲ တွေ လုပ်တော့ မည်။
အခုလာမဲ့  နိုဝင်ဘာ ( ၇ ) ရက်နေ့  တွင်တဲ့ ။

ဒါဆိုလျင် ကျွန်တော်တို့  ရွှေပြည်ကြီးတွင်လည်း အခုလို ဓါတ်ပုံကြီးတွေနှင့် ၊ စာတန်းတွေ အလံတွေ နှင့်  ပြောကြ
ဟောကြ မစားရ ဝခမန်း ပေါ့ လေ။ ကြားနေရသည်ကတော့  အများသိတဲ့ အတိုင်း ဘဏ္ဏာငွေ၊ အတောင့် ဆုံးနှင့် 
လက်ရှိ အာဏာရအစိုးရ၏ ဘောင်းဘီချွတ်များဦးဆောင်သည့်  ပါတီ ကသာလျင် အခုလို ကျွန်တော်မှားလိုက်
သည့်  အသုဘ လို လုပ်နိုင်ပါသည် ဟူ၍..။

ဂျာနယ်တစ်ခုတွင်ဖတ်လိုက်ရသည်မှာ မိုးညှင်းမြို့  တွင် ကျောင်းဆရာတစ်ဦးက တက်တက်ကြွကြွ ဖြင့် ပဲ
သူ့ ကချင်ပြည်နယ်အတွက် လုပ်ပေးချင်တာလေးတွေကို သူ့ ဓါတ်ပုံလေးဖြင့်  ပိုစတာလေးများကို ဖျာကြမ်း
လေးများဖြင့်  ဆိုင်းဘုတ်ပြားလေးများလုပ်ပြီး လမ်းစုံလမ်းဂွ တွေ မှာ လိုက်ထောင်ထားနေပါသော်လည်း
ရှေ့ က ထောင် ၊ နောက်က ပျောက် ဖြစ်နေပါသည်ဟု စိတ်မကောင်းစရာပဲ ဖတ်လိုက်ရပါသည်။
အဲ့ ဒီဖက်မှာ ခြေစွာနေကြသူများကလည်း အများသိနေတဲ့  “ ကြံ့ ဖွံ့ ” ပါပဲ တဲ့ ။

အံ့  သြ စရာကောင်းသည်မှာ တစ်ချို့ သောတပ်နယ်များကပင် အဆိုပါ ခြေစွာလွန်းနေသော အဖွဲ့ ကြီးကို
လက်မခံ သည့် သတင်းပါပဲ။ စားဝတ်နေရေး ကြပ်တည်းနေရသည့် ကြားထဲ တပ်မိသားစုကို စည်းရုံးရေးလာ
ဆင်းတော့  အဝင်မခံ ရာကနေ ရိုက်ကြ ၊ နှက်ကြ ဆိုသည့် သတင်းတွေ ပဲ ဖြစ်ပါသည်။

ကျောင်းဆရာ ဆိုတော့ လဲ သူ့ ချွေးနှဲစာလေး၊ သူ့ စားစရိတ် လေးထဲက ချစ်ချုပ်ပြီး လုပ်ရတာဖြစ်ပါသည်။
အခုဖြစ်နေတဲ့ ပုံကတော့  လည်မျိုကိုလည်း တက်နင်းထားသေး ၊ အနင်းခံရသူက အောက်ကနေ မချိတင်ကဲ
ခံရလွန်းလို့  သွား စိ နေတာကို ဒါတောင် ငါ့ ကို ထပ်ပြီးပြောင်ပြနေသေးတယ် ဆိုပြီး ဖိနပ်နှင့်  ထပ်ရိုက် နေသလို
ဖြစ်နေသည်ဟု ထင်မိပါသည်။

သိရသလောက်တော့  နှစ်ပေါင်းနှစ်ဆယ်ကြာပါမှ ပထမဆုံးလုပ်ခဲ့ သည့် ရွေးကောက်ပွဲ ဖြစ်ခဲ့ ပေမဲ့  လူထုရဲ့ 
စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်နေသည် ဆိုတာပါပဲ။
သွေးချောင်းစီးခဲ့ သည့်  ရှစ်ဆယ့် ရှစ် လူထုအုံကြွမှုကြီးကြောင့်  ဖြစ်ပေါ် လာရသည့်  ရွေးကောက်ပွဲ ဖြစ်ပေမဲ့ 
လူထုခေါင်းဆောင်မပါတော့ သည့် ပွဲ မို့ လဲ လူထုကို ရင်မခုန်စေခဲ့ တာ အမှန်ပဲဖြစ်ပါသည် ။

ရင်မခုန်စေခဲ့ တာ လို့  ဆိုပေမဲ့  ငြိမ်တော့ နေကြပါသည်။
ငြိမ်နေသည်ဆိုရာတွင် စိုးရိမ်ပြီးညိမ်နေကြသည်ဟု ဆိုချင်ပါသည်။
ကမ္ဘာအနှံ့ အပြား ကစင့် ကလျား ရောက်ရှိနေသော ကျွန်တော်တို့  ရွှေညီအကိုမောင်နှမများ အားလုံး စိုးရိမ်ပြီး
ငြိမ်နေကြပါသည် လို့  ။

မကေ ပြောသလို ဘလော့  ကြီးလဲ ညိမ်နေပါသည်။
ဘလော့ ကာများက နိုင်ငံရေးသမားများ မဟုတ်ကြသလို၊ နိုင်ငံရေးသမားတိုင်းလဲ .. ဘလော့ ကာများ မဟုတ်
ကြပါလေ ။ သို့ ပါသော်လည်း ကိုယ့် နိုင်ငံရဲ့  အရေးမို့  စိတ်ဝင်စားနေတာ ၊ စိုးရိမ် နေကြတာတွေ ကတော့  အမှန်
ပဲ ဖြစ်ပါသည်။ ဗမာနိုင်ငံသားအားလုံးရဲ့  အရေးပါ လို့ ။

အမေစု မှာနေသလို၊ မသိတဲ့ သူ ကိုမပေးပါနဲ့  တဲ့ ။
နေရာတကာမှာ ပြိုင်ဘက်ကင်းပြီး ခြေစွာနေသော အဖွဲ့  ကြီးကတော့  သိနေပေမဲ့  မပေးထိုက်၊ မရွေးထိုက်
သည့်  သူများဖြစ်လို့  ခြွင်းချက်ကလေး တစ်ခုတော့  ထားစေချင်ပါသည်။

မသိပဲ ပေးလိုက်တာထက်စာလျင်တော့  မပေးပဲ နေလိုက်တာကတော့  ပိုကောင်းမည်ထင်ပါသည်။
ဥပဒေအရ လွတ်လပ်စွာမဲပေးပိုင်ခွင့် ရှိသည်။ မပေးပဲနဲ့ လဲ နေလို့ ရပါသည် လို့  ပြောဆိုလှုပ်ရှားသူများ
ကျတော့ လည်း ဟန့် တား ချိန်းခြောက်ခံနေရပြန်ပါသည်။ဂျောင်ပိတ်ပြီး ကျင်းပလိုက်သောရွေးကောက်ပွဲမျိုး
ဖြစ်နေပါသည်။

ကိုယ်တိုင်လုပ်တဲ့  ရွေးကောက်ပွဲမို့  ကိုယ်တိုင်ပဲ အနိုင်ယူနိုင်အောင် တစ်ချမ်းစောင်းစောင်း နှင့် ပင်
PLAN( A ) , PLAN ( B ) , စ သည်ဖြင့်  အထပ်ထပ်ရေးဆွဲ ထားပြီး ဖြစ်သည်မို့ လည်း ရင်နာနာနှင့် ပဲ
စောင့် ကြည့် ကြရပါတော့ မည်။

လူမှန်၊နေရာမှန်၊စနစ်အမှန်မဟုတ်နိုင်တော့ ပဲ ထူးမခြားနားဇာတ်ကိုပဲ ဆက်ကကြရတော့ မှာ ဖြစ်ပေမဲ့ 
မထူးတဲ့ ဇာတ်ထဲက နဲနဲလေးထူးတာတစ်ခုတော့  ကျွန်တော်ဖြစ်စေချင်တာအမှန်ပါ ။ အဲ့ ဒါကတော့  မှန်တာ
လေးတွေတော့  လွတ်လွတ်လပ်လပ်ပြောဆိုရေးသားခွင့် လေး ဖြစ်ပါသည်။ အဖြစ်မှန်၊ သတင်းမှန်တို့ ကို
အဆင့် ဆင့် တည်းဖြတ်၊ထိန်ချန်၊ နှောင့် နှေးမနေပဲ အချိန်နဲ့ တပြေးညီ ထုပ်ပြန် ရေးသား နိုင်ခွင့် လေးပဲ
ဖြစ်ပါသည်။

နိုင်ငံရဲ့  အရေးက လူတိုင်းရဲ့ အရေး ဖြစ်နေသောကြောင့် လည်း ၊ နိုင်ငံသားတိုင်းက လွတ်လပ်စွာ တွေးခေါ်
ပြောဆို လုပ်ကိုင်နိုင်ခွင့် လေးတွေပဲဖြစ်ပါသည်။ ယ္ခု အချိန်ထိတော့  မှန်တာကိုပြောလို့  အကျဉ်းချခံထားရ
သော အများသိသော ကိုဇာဂနာ လိုလုမျိုးတွေ ထောင်တွေထဲမှာ အများကြီးရှိနေတုံးဖြစ်ပါသည်။
သူတို့ တွေအကြောင်းကတော့  စာနာမိတိုင်း မွန်းကျပ်ကျပ်ကြီးပဲဖြစ်နေရပါသည်။ မိတ်ဆွေတစ်ယောက်၏
“ မှန်တဲ့ လူတွေ ကြီးပဲ အဖမ်းခံနေရတော့ ၊ ဖမ်းတဲ့  လူတွေက မမှန်လို့ ပေါ့ နော်.. ” ဆိုသည့်  စကားကလည်း
စဉ်းစားစရာဖြစ်နေပါသည်။

အာဏာရှင်စနစ်တစ်ခု၏ ပြယုဂ် များ ဟု မြင်မိပါသည်။
ဘယ်သူတွေ၊ ဘယ်လိုပဲ အုပ်ချုပ်သွားပါစေ..၊ သွားမည့် စနစ်ကတော့  ပြည်သူတွေ သွေးနဲ့ ရေး လို့ ရခဲ့ သည့် 
အာဏာရှင်စနစ်၏ဆန့် ကျင်ဖက် ဒီမိုကရေစီ စနစ် ဖြစ်နေသောကြောင့် လည်း ဖြစ်နိုင်သည့်  ဖြစ်သင့် သည့် 
မျှော်လင့် ချက်ကလေးများ ထားကြည့် ခြင်းပဲ ဖြစ်ပါသည်။

ဆရာမြတ်ထန်၏ “ တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန် ” ဆိုသည့်  စာအုပ်ခေါင်းစဉ်လေးကို သွားသတိရ
မိပါသည်။ အဲ့ ဒီ ခေါင်းစဉ်လေးအတိုင်းပဲ ကျွန်တော်တို့  တိုင်းပြည်က မပြီးဆုံးသေးသော မုန်တိုင်းကြီးက ထန် နေ
အုံးမှာလား လို့ ။

အသဲကြားက မဲတစ်ပြား တဲ့  ။
ပြီးခဲ့ ပြီပဲ ဖြစ်ပါသည်။ ကိုးဆယ်ခုနှစ်တုံးကလေ ..။
ဖြူပါသည် ဆိုတာကိုမှ အတင်းမဲ ခိုင်းနေသလိုမျိုး ဖြစ်နေပါသည်။

တိုင်းပြည်ကြီးလဲ နာ လှ ပါပြီ။
ကျွန်တော်တို့ လဲ ရောက်လေရာမျက်နှာငယ်ခဲ့ ရသလို ၊ နောက်မျိုးဆက်သစ်တို့ လည်း လူညွန့် တုံးခဲ့ ရပြီ ဖြစ်
ပါသည်။

မျက်လုံးကလေးမှိတ်လိုက်ပြီး “ ဘာ တွင်းထွက်ကွာ..၊ ဘာသယံဇာတ ကွာ ” ဟု ပြောလိုက်တိုင်း ၊ တစ်နေရာရာ
မှာ အမြဲ ထွက်နေ ရှိနေနေ တတ်သော ကျွန်တော်တို့  တိုင်းပြည်က တော့  အာရှ တွင်သာမက ၊ ကမ္ဘာမှာပင်
အဆင်းရဲ ဆုံးတိုင်းပြည် ဖြစ်သွားခဲ့ တာကိုတော့  သမိုင်းက သက်သေထူ ပါပြီ လို့  သက်ဆိုင်သူများကို ပြော
လိုက်ချင်ပါသည်။

တစ်ဘဝစံ သမားတွေလို၊ ကိုယ့် တစ်သက်တာလေးပဲ ကွက် ပြီး မကြည့် စေချင်တော့ ပါ။
နောင်လာနောက်သားတွေအတွက်၊ သွေးချင်းညီအကို များအတွက် အနာဂတ် ရွှေပြည်ကြီးအတွက် ၊ အမျိုး၊
ဘာသာ၊ သာသနာ တို့ အတွက် လည်းဖြစ်ပါသည်။

လွန်ခဲ့ သော ဆယ်နှစ်ခန့် က စင်္ကာပူ မှ တရုပ်သူဌေးတစ်ယောက်က “ တို့ တိုင်းပြည်ထူထောင်ကာစက ၊ မင်း
တို့ ရန်ကုန်မြို့  ကို လာပြီးလေ့ လာရတယ်ကွ ၊ မင်းတို့  ရန်ကုန်မြို့ ကွက် ဖွဲ့ စည်းပုံအတိုင်း ငါတို့ မြို့  ကို တည်ခဲ့ 
ကြတယ် ၊ အခုမင်းမြင်နေရတဲ့  ဗမာနာမည်နဲ့ လမ်းတွေ အခုထိ ရှိနေတာလေ၊ ဒါပေမဲ့  အခုတော့  မင်းတို့ က
ဒို့ ထက် နှစ်ပေါင်း သုံးဆယ်လောက် နောက်ကျသွားပြီကွ၊ ” ဟု ပြောခဲ့ ဘူးပါသည်။

လွန်ခဲ့ တဲ့  ဆယ်နှစ်ကလေ သူပြောခဲ့ တာ ၊
အခု ဆို ဘယ်လောက်နောက်ကျသွားပြီလဲ ၊
တွက်ကြည့် ကြစေချင်ပါသည် ၊ ဗမာပြည်က သက်ဆိုင်သူများ ကိုပါ။

သမီးဖြစ်သူက “ ဖေဖေ လွတ်လပ်ရေးယူပေးခဲ့ တာ မှားပြီ ” ဟု ပြောသည့်  အသံ ကို အရိုးဆွေးနေသော
အုတ်ဂူ ထဲက ဖခင်ကြီး ကြားလျင်ရော စိတ်ခု ဘွယ်မမြင် ဟု ထင်မိပါသည်။ သူ့ ရဲ့  နေ့ တောင် မှုန်ဝါးဝါးဖြစ်ချင်
နေတာကိုး လို့ ။

ကျွန်တော်တို့ ကတော့  နိုင်ငံရေးသမားမဟုတ်ပေမဲ့ ၊ နိုင်ငံသားတစ်ယောက်ဖြစ်နေလို့  ကိုယ့် တိုင်းပြည်ကို
ကိုယ်ချစ်နေလျင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ဆိုလျင်တော့  ကျွန်တော်တို့  ထက် ပိုချစ်ရမည် ၊ ချစ်လိမ့် 
ဟုလည်း ထင်မိပါသည်။

ဒါကြောင့် မို့ ....၊
ကျွန်တော်လေ သက်ဆိုင်သူများကို မရဲတရဲ မေးလိုက်ချင်ပါတော့ သည်၊
ကိုယ့် တိုင်းပြည်ကို “ ချစ်တတ်ကြသေး ရဲ့ လား..... လို့ ” ပါ ပဲ ။

( သည်ဆောင်းပါးလေးဖြင့် လာမဲ့ ရွေးကောက်ပွဲကို ဂုဏ်ပြု ကြည့် မိပါသည်။ )

..........................................................................................................................................

( ပြီးပါပြီ )