Monday, November 29, 2010

အသက်ရှု လိုက်တိုင်း ....

ဘလော့ ကလေးတစ်ခု လုပ်ထားမိတော့ လဲ စ စ ခြင်းတုံးကတော့  အားကောင်းမောင်းသန်ဖြင့်  ကုန်ကြမ်းတို့ 
အပြည့် ဖြင့်  ရေးနေနိုင်ခဲ့ သော်လည်း တဖြည်းဖြည်းကြာလာတဲ့ အခါကျတော့  ရေးစရာတို့  ကုန်ခန်းလာသလို
ဖြစ်လာခဲ့ ပြီး ရေးတာတွေပါ ကျိုးတို့  ကျဲတဲ ဖြစ်ဖြစ်လာခဲ့ ရပါသည်။

စစခြင်း ရေးခဲ့ မိတဲ့  စာတွေအများစုက သံယောဇဉ်တစ်ခုကိုအခြေခံမိပြီးမှ တစိုစိုနှင့်  ပဲ နာ နေ၊ လွမ်း နေ ရသည့်  စာတွေ ပဲ အများဆုံးဖြစ်နေခဲ့ ရသလို တွယ်မိ လွမ်းမိ သလောက်ရေး ၊ ရေးမိနေသလောက်လဲ တဆစ်
ဆစ်နှင့်  နာနေ လွမ်းနေ သလို လုံးလည်ချာလည် လိုက်နေခဲ့ ရင်း အချိန်တွေသာ ကုန်လွန်ခဲ့  ရပါသည်။

ဘာတွေ အဖတ်တင်ခဲ့ ပါသလဲ လို့  ကိုယ့် ကိုယ်ကို ပြန်စမ်းစစ်ကြည့် မိတော့  နာနေသည့် အလွမ်း တို့ သာ
တင်ကျန်နေသည်ကို တွေ့ ခဲ့ ရပါတော့ သည်။ တကိုယ်လုံး နာ နေသည်ဆိုပါစို့ ။ အလွမ်းနာပဲ ဖြစ်မှာပါ။

တွယ်တာမိခဲ့ တော့ လဲ ဘယ်နေရာသွားသွား ၊ သယ်သယ် မလာမိပဲ ပါ ပါ လာနေတာက “ အလွမ်း ” တွေပါပဲ ။
တကယ်တော့ “ လွမ်း ” တာနှင့် “ လေ ” တာနှင့် ကတော့  အတူတူ ပါပဲ ဟု ထင်မိခဲ့ ပါသည် လို့ ။
လွမ်းသလောက်“လေ” ၊ လေ သလောက်လွမ်း ၊ တွယ်သလောက် ဆွေး ၊ ဆွေး သလောက်တွယ် အို.... ကိုယ့် 
ဖာကိုယ် တစ်ယောက်ထဲ ရှုပ်နေတော့ တာ၊ အရှုပ်တွေလုပ်မိနေရင်း အလုပ်တွေ ရှုပ်နေတော့ တာပါ လို့ ။

လေ နေသောစိတ် တို့ ဖြင့်  တကိုယ်ရေ ခံစားချက်များကို ချန်ထားခဲ့ ချင်သည့်  အတ္တ ဆန်လွန်းသော အတွေး
တို့ ဖြင့် သာ ကိုယ့် ဘလော့ စာမျက်နှာပေါ် ကို တစ်ပုဒ်ပြီးတစ်ပုဒ် ရေးတင်နေခဲ့ တော့ လဲ ကိုယ့် ဘလော့ ထဲ
ကိုယ်ပြန်ဝင်လိုက်တိုင်း အကြိမ်ကြိမ် ဖွဲ့ နွဲ့  မိနေခဲ့ သည့်  အမြဲထိုင်းမှိုင်းနေသော ရာသီ အဖွဲ့  တွေ လိုပဲ
တစိုစိုနှင့်  မလန်း သလို ဖြစ်နေတာကို ကိုယ့် ဖာကိုယ် သတိပြု မိလာခဲ့ ပါသည်။

ကျွန်တော့ ဘလော့ ထဲ ဝင်ရောက်လာခဲ့ မိသော စာဖတ်သူတွေကိုလည်း အားနာလာမိခဲ့ ရပါသည်။
ကိုယ်ဘာတွေ ပေးနေခဲ့ မိပါသလဲ .. လို့ ။
တကယ်တော့  ကိုယ့် ခံစားချက်တွေကို ကိုယ့် ပရိတ်သတ်အား အတင်းဖတ်ခိုင်းနေသလို ဖြစ်နေခဲ့ သည်
မဟုတ်ပါလား ။

ဒါကြောင့် မို့  ကျွန်တော်လည်း တစိုစိုနာနေမည့်  ထိုထိုစာများအစား အလိုလိုပါနေမည့်  စာများကိုသာ
ကြိုးစားရေးဖွဲ့ ပါတော့ မည် ဟုဆိုပြီး အောက်တွင်ဖေါ် ပြထားသော စာ လေးများကို အစဉ်လိုက်ကြိုးစားရေးဖွဲ့ 
လာခဲ့ မိပါသည်။

တစ်ပင်ထဲ ရင်ထဲက “ နွယ် ” ( အခန်းဆက် )
အို့ ဟိုး ... ဒါကြောင့် ကိုး ...
သူ ( သို့ ) ကိုကျော်သူ
ချစ်တတ်ကြရဲ့ လား
မဗေဒါ(သို့ )....
မျှော်လင့် လျက်ပါ ...

အထက် ဖေါ်ပြပါ ပို့ (စ)လေးတွေက တကိုယ်ရေ ခံစားချက်များကို တတ်နိုင်သလောက်ရှင်းထုပ်ပြီးမှ ရေးခဲ့ မိ
သော စာ စုကလေးများဖြစ်ပါသည်။

အပြုသဘောရောက်အောင်ကြိုးစားရေးတော့ လဲ ယိမ်းယိုင်ချင်နေသောကိုယ့် ကို အတိမ်းမခံနိုင်အောင် အရင်
ကြိုးစား ပြုပြင်ခဲ့ ရပါသည်။

ချစ်တတ်ကြရဲ့ လား အကြောင်းလေးရေးပြီးတဲ့ အချိန်မှာပဲ တိုက်ဆိုင်စွာ အမေစု ပြန်လွတ်လာတော့  ကျွန်တော်
လည်းအများနည်းတူ ပျော်ရွှင်မြူးတူးစွာဖြင့်  အမေစု အကြောင်းတွေ ဝင်ရေးနေမိခဲ့ ပြန်ပါသည်။

တတ်နိုင်သလောက်တော့ လဲ ကိုယ့် အမြင်လေးတွေ အထင်ကလေးတွေ ကိုယ်ပေးချင်တာလေးတွေကို ကြိုးစား
ပန်းစား ရေးဖွဲ့  နေခဲ့ ရင်း ကိုယ့် ကိုယ်လဲ ကျေနပ်နေခဲ့ မိရပါသည်။ ကိုယ့် စာတွေ ကိုယ်အကြိမ်ကြိမ်ပြန်ဖတ်နေ
မိရင်းပေါ့ လေ ..၊ အင်း ရူးနေတာလဲ ဖြစ်မှာပါ နော်။ ဘာပဲ ပြောပြော ကျွန်တော်တို့ ဘုရားက လူတွေ အားလုံး
ဟာ တစ်မျိုးမျိုးတော့  ရူးနေတဲ့ သူ တွေ ပါ လို့  မိန့့်တော်မှုခဲ့ ဘူးထားတာကိုး လို့  ။

အဲ့ ဒီတော့  အမေစု သတင်းလေးတွေ လိုက်ကြည့် နေလိုက် ၊ ရ ထားသည့်  ဘာသာရေး “ လင့် ” ကလေးတွေ
ဝင် ဝင် ကြည့် နေလိုက်နှင့်  ပဲ နားထောင်ခဲ့ မိသည့်  တရားခွေတွေထဲက ကိုယ်သိလိုက်မိသည့်  သဘောလေး
တွေကို ပြန်ဖြန့် ပေးလို့ ရရင် သိပ်ကောင်းမှာပဲ ဟု စဉ်းစားလာခဲ့ မိပါတော့ သည် လို့  ။

ကျွန်တော် ပထမဦးဆုံးရေးကြည့် ချင်တာကတော့  အသက်ရှုနေတဲ့  အကြောင်းလေးပဲ ဖြစ်နေပါသည်။

ဟင်.. အသက်ရှုတာကိုများ ရိုးမယ်ဖွဲ့  ပြီး စာတတန်ပေတတန်ရေးအုံးမယ်တဲ့ ။
ကြောင်သွားပြန်ပြီ တစ်ယောက် .. ဟု ပြောလာလျင်လဲ ကျေကျေနပ်နပ် ခံ ရမည်ဖြစ်ပါသည်။
ကိုကျော်သူ့  ပို့ (စ)လေး ရေးခဲ့ တုံးကလဲ သည်လိုပဲ ကြောင်ခဲ့ ဘူးတာပဲလေ ။
ကဲ ခပ်ကြောင်ကြောင်နဲ့ ပဲ ဆက်ရေးပါရစေ.. လို့ ။

ကျွန်တော်တို့ အားလုံးတို့ သည် နေ့ စဉ် မိုးစင်စင်လင်း၍ အိပ်ယာနိုးနိုးခြင်း မျက်စေ့ နှစ်လုံး ပွင့် လိုက်ပြီဆိုသည်
နှင့်  အပြင်လောကကြီး၏ မြင်တာ၊တွေ့ တာ၊ ကြားတာ၊ အနံ့ အရသာ စသော အာရုံမျိုးစုံတို့  ချက်ခြင်းပဲ ကိုယ့် 
ခန္ဓာအိမ်ကြီးထဲ တိုးဝင်ပူးကပ်မိပြီး သံပါတ်ပေးလိုက်သည့်  စက်ရုပ်တစ်ရုပ်လိုပဲ တစ်ကိုယ်လုံးရှိ အကြောတွေပါ
တောင့်တင်းသွားရသလို ဘယ်တော့ မှလဲ မပြီးဆုံးနိုင်တော့ သည့် “ လုပ်ရအုံးမယ် ” “ ..... ရအုံးမယ် ” ဆိုသော ကိစ္စတွေအတွက် “ စတန်းဘိုင် ” အနေအထားဖြင့်  တနေ့ တာခရီးကို အစပြုရပြန်ပါသည်။

ကျွန်တော်ဆို.. အိပ်ချင်မူးတူးနှင့်  ဆူဆူလောင်လောင်တုန်ရီ မြည်ဟီးနေသောစားပွဲတင်နာရီကို မဖွင့် ချင်သေး
သောမျက်လုံးတို့ ဖြင့် အမြဲပဲ မရဲတရဲ ချောင်းကြည့် နေခဲ့ မိတာလဲ ယနေ့ ထက်တိုင်ဖြစ်နေပါသည်။

ဒါပေမဲ့  ပြောခဲ့ သလို အကြောတို့ တော့  ဆန့် ထုပ်ရပြန်ပါသည်။ အစပြုရတော့ မည့်  တစ်ဘဝခရီး၊ တစ်နေ့ တာ
ခရီးကိုပါ။ ကျွန်တော်ကတော့  နေ့ တစ်နေ့  ကို ဘဝလေးတစ်ခုနှင့်  ခိုင်းနှိုင်းကြည့် တာကို သဘောကျမိပါသည်။
ဘာဖြစ်လို့ ဆို တစ်နေ့ တစ်ခါအိပ်ရသည်ဆိုတော့  တစ်ခါအိပ်တာကို တစ်ခါသေသေနေသည့်  “အသေလေး”
နှင့် တူနေပါသည်ဟု နာ ခဲ့ ရဘူးနေလို့ ပါပဲ။


အိပ်စက်ခြင်းဆိုတာကတော့  အာရုံမျိုးစုံ၊ဇောမျိုးစုံ၊အမောမျိုးစုံတို့ ဖြင့်  ပင်ပန်းနွမ်းနယ်လာသော ခန္ဓာအိမ်
ကြီး၏ တောင်းဆိုလာမှုကြောင့်  ကိုယ့် အာရုံကြောအားလုံး တုန့် ဆိုင်း ပြီး အိပ်မောကျသွားနေသော်လည်း နောက်ဆုံးကျန်နေသေးတာကတော့  ဖားဖို တစ်ခုလိုရင်အစုံ လှုပ်ခုန်နေအောင် “ ရှု ”နေသေးသည့် ဝင်လေ
ထွက်လေကလေးတွေပဲဖြစ်ပါသည်။ ထိုထို ရှုနေသေးသော လေကလးတွေကိုလည်း တနည်းအားဖြင့် ဝင်သက်
ထွက်သက်ဟုလည်း ခေါ်ဆိုနှိုင်ကြပါသေးသည် တဲ့ ။

“ ဝင်သက်ကလေး ” ကိုရှိုက်သွင်းပြီး “ ထွက်သက်ကလေး ” ကို ပြန် ထုပ်၍ အိပ်မောကျနေတာကို အသေလေး
ဟု ခေါ်ဆိုနိုင်လျင် ၊ “ ထွက်သက်ကလေး ” ကိုရှိုက်ထုပ်ပြီး၊ “ ဝင်သက်ကလေး ” ကို ပြန်မရှုသွင်းတော့ ပဲ ဝင်လေ
ထွက်လေတို့ ရပ်ဆိုင်းအိပ်မောကျသွားလျင်တော့  အသေကြီး ဟုသာ ပြောလို့ ရမည်ဖြစ်ပါသည်။

အသက်ရှုထုပ်အိပ်မောကျနေသမျှကာလပတ်လုံး မြင်တာ၊ ကြားတာ စသော အပြင်လောကအာရုံတို့  နှင့် ခေတ္တ
အဆက်ပြတ်၍ သေသလိုမျိုးဖြစ်နေသော်လည်း ကျွန်တော်တို့ သာမန်လူများအနေနှင့်  တော်တန်ရုံ ခံစားမသိ
နိုင်သေးသည့်  “ ဘဝင်စိတ် ” ကလေးတော့  ကိုယ့်  ခန္ဓာအိမ်ကြီးမှာအမြဲ ကိန်းအောင်းနေတုံးပဲဆိုတာကိုတော့ 
နာယူမှတ်သားမိခဲ့ ပါသည်။ နာနေတုံးကတော့  ဘုန်းဘုန်း၏ အသံတို့ က လုံနေသော နားကြပ်ထဲမှ ကိုယ့် နား
စည်ထဲကို အေးစိမ့် ပြတ်သားစွာပဲ ကြည်ညိုဖွယ် တစိမ့် စိမ့်  ဝင်ရောက်နေတုံးမို့  ဟုတ်သလိုလို ရှိနေသော်
လည်း တရားပွဲပြီးလို့  နားကြပ်လဲ ဖြုတ်ရော ထို “ ဘဝင်စိတ် ” ကို သိ သလိုလိုနှင့်  မသိခဲ့ တာပါ ဆိုတာကို
ကိုယ့် ဖာကိုယ် သတိပြုမိခဲ့ ရပါတော့ သည်။


ပြန်စဉ်းစားကြည့်မိတော့ လဲ ကိုယ် အမှုမဲ့  ဖြတ်သန်းနေမိသော ဘဝအချိန်ကြီးက သိပ်ကြာညောင်းနေသလို၊
ဘယ်တော့ မှလဲ မကုန်နိုင်တော့ ပဲ နောက်ထပ်လဲ အများကြီး ရှိနေသေးသလို ထင်နေရပေမဲ့  တကယ်ပဲ
ထဲထဲဝင်ဝင် တွေးကြည့် မိရင်တော့  ထိုအကြာကြီးဆိုသည့်  “ အချိန်ကြီး ” က ၊ “ ခဏလေး ” ဆိုသည့် 
“ အချိန်ကလေး ” များဖြင့်  အကြိမ်ကြိမ် ပေါင်းစပ် ဖွဲ့  စည်း ထားသည်ကိုတွေ့  ရမည် ဖြစ်ပါသည်။

ဒြပ်ပေါင်းတစ်ခုကို အစိပ်စိပ်အမွှာမွှာ ထပ်မံ ခွဲစိပ်လိုက်သလိုမျိုးပဲ “ အချိန်ကြီး ” ဖြစ်သည့် “ ဘဝကြီး ” ကို
ကိုယ့် လက်ဖဝါးပေါ် တင်၍ အသေအချာ အစိပ်စိပ်အမွှာမွှာ ခွဲစိပ်ကြည့် လိုက်လျင် ပါဝင် ဖွဲ့ စည်းထားသည့် 
ဒြပ်စင်ကလေးများနှင့် တူသည့် “ အချိန်လေး ” ၊ “ ခဏကလေး ” ပေါင်းများစွာ ကိုတွေ့  ရမည်ဖြစ်ပါသည်။

ခဏကလေးတွေနှင့်  ဖွဲ့ စည်းထားသည့်  အချိန်ကြီးတွေ ဖြစ်နေ၍လည်း ကိုယ့် ဘဝ ကြီးရဲ့  ငယ်ဘဝတွေ ဖြတ်
သန်းပြီးခဲ့ သော ကာလတွေကို ဘယ်အချိန်ပဲ ပြန်တွေး ကြည့် နေပစေ ..၊ မနေ့ တစ်နေ့ ကလို အမြဲ လတ်ဆတ်
လန်းဆန်းနေတုံးပဲ မဟုတ်ပါလားလို့  ..။

မရှိတော့ သော ပျောက်ဆုံးသွားခဲ့ သော အတွေ့  များကို အခုပဲ အမိအရ ပြန်တွေး ခံစားလိုက်မိပေမဲ့  အားလုံးက
တော့  ပြီးဆုံးသွားခဲ့ ပြီပဲဖြစ်ပါသည်။ အခုတွေးလိုက်လို့  တွယ်တာစွဲလန်းမှုတွေကြောင့်  အခုပေါ် လာပေမဲ့ လဲ
အဖြစ်တို့ က ဟိုးအတိတ်မှာပဲ ပျောက်ခဲ့ ရပြီး အသစ်ထပ်တွေးလိုက်လို့  အသစ်ခံစားလိုက်ရခြင်းပဲ ဖြစ်ပါသည်။


ပြန်မရတော့  ၊ မရှိတော့ ပေမဲ့ လည်း တစ်ချို့  အရာတွေကျတော့  အသက်ရှု လိုက်တိုင်းတောင် သတိရနေရပါ
သည် လို့  တင်စားပြောနေကြရပြန်ပါသည်။ ရှုသွင်းနေမိသော ဝင်သက်တို့ နှင့် အတူ တောင့်တ စွဲလန်းနေမိ
သော အာရုံ တို့ ကိုပါ ခန္ဓာအိမ်ကြီးထဲ မျိုချနေမိတော့ လဲ ပြန်ထုပ်လိုက်မိတဲ့  ထွက်သက်တို့ ၊ ထွက်လေ တို့ ကပါ
ရေနွေးငွေ့  တွေလို အမြဲပူနွေးနေတတ်တော့ ပါ လို့ ။


.....................................................................................................................................


( ဆက်ပါအုံးမည် )



8 comments:

သောစေယျံ said...

တယ်ဟုတ်တဲ့ အဖြူလေး တရားတွေဘာတွေတောင်ပေါက်နေပီ ကောင်းတယ်ဗျာ ဆက်လုပ်

သဒ္ဓါလှိုင်း said...

အသက်ရှူလိုက်တိုင်းမှာ တောင့်တစွဲလန်းနေတဲ့
အာရုံတွေသတိရမှုတွေအတိုင်း ထွက်သက်မှာလည်း
တန်ပြန်တူညီမှုတွေကိုရနိုင်ပါစေ..။
ခင်မင်စွာ
သဒ္ဓါ

ကိုဇော် said...

လူချင်းတူပေမဲ့ အသက်ရှူုခြင်း ကွာတယ် ဆိုတာ ဒါကို ပြောတာပါပဲ။ တကယ်တော့လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ပါဘူးလေ။ ဝင်လာတဲ့ လေက အောက်စီဂျင် ဖြစ်ပြီး ထွက်သွားတဲ့ လေက ကာဗွန်ဒိုင်အောက်ဆိုဒ် ဖြစ်နေတယ် မဟုတ်လား။ ဝင်တုန်းက အပြုဖြစ်ပြီး ထွက်တော့ အပျက်လို့လည်း တွေးလို့ ဖြစ်နိုင်ပါတယ်။
ဒီပို့စ်နဲ့ ပတ်သတ်ပြီး ဒီလို အတွေးရမိသဗျာ။

sosegado said...

အသက်ရှုလိုက်တိုင်း ထုတ်လိုက်တိုင်း အစားထိုးပြောင်းလဲသွားခဲ့ပါပြီ၊ အဖြူလေးတော့
အဖြူလေးပါပဲ၊ မနေ့ကအဖြူလေးမဟုတ်တော့ပါ၊ ဒီလိုပဲမနက်ဖြန်အဖြူလေးသည် ဒီနေ့ အဖြူလေးမဟုတ်တော့ပါ၊ ဒီနေ့ အဖြူလေးသည် သာယာမိခဲ့သော မနေ့ကအဖြူလေးကို တမ်းတနေမိမှာဖြစ်သည်၊ အဆင်မပြေသည့်အခါများတွင် မနက်ဖြန်အဖြူလေးကို မျှော်လင့်မိနေမည်၊
အစားမထိုးနိုင်သော တစ်နေ့ …….. ဝင်လေထွက်လေတို့ မရပ်ဆိုင်းခင် အခိုင်အတန့်လေး သည် တကယ်တော့ “ ခဏလေး ” ဆိုသည့် “ အချိန်ကလေး” ပင်ဖြစ်ပါသည်။ ”

ရဲထွန်းဇော် said...

ပြန်မရတော့  ၊ မရှိတော့ ပေမဲ့ လည်း တစ်ချို့  အရာတွေကျတော့  အသက်ရှု လိုက်တိုင်းတောင် သတိရနေရပါ
သည်.....အင်း...အသက်တော့တဲ့အချိန်ကြရင်တော့

Anonymous said...

အဖြူလေး ရေ

ကွန်မကောင်းလို့ အခုမှ လာဖတ်ရတယ် ဆက်လက်မျှော်လင့်နေမယ် အားထုတ်မှု့လေးတွေ အတွက်ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ဟုတ်ပါ့ ကိုကျော်ရေ အခုဆိုရင် အကိုတောင် စာသိပ်မရေးချင်တော့ဘူး။ ဖက်အား အဲလေ ယောင်လို့ ဖတ်အားပဲကောင်းတော့တယ်။
ဆက်သာ ရေးစမ်းပါ....။ ဖတ်ပြီး မာန့်ရမှာက အကိုတို့လေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအဖြူလေးတောင် တရားသဘောကိုစောကြောမိနေမှကိုး
ကောင်းပါတယ် သတိလေးနဲ့ အမှတ်ကလေးနဲ့ လက်ကိုင်ထားပြီး ရှင်သန်ရတာ မေ့လျော့နေတာထက်စာရင် သိပ်ကောင်းတာပေါ့နော်
ဘလော့ကြောင့် အလုပ်ရှုပ်နေတာနဲ့ ရောက်တာ နောက်ကျသွားတယ်.. ဆောရီးပါ။
တရားလေးတောင် မထိုင်အားအောင်ဖြစ်နေတယ် ကိုအဖြူလေးရေ လုပ်နိုင်တာ ချီးကျူးပါတယ်..