Monday, January 31, 2011

အချုပ်မှ ပြေးခြင်း ..( ၂ ) ။

ဤဝတ္ထုထဲရှိ အဖြစ်အပျက်များသည် လွန်ခဲ့ သောဆယ်စုနှစ်ကျော်ကျော်က ဖြစ်ခဲ့ သော်လည်း၊ နှစ်တွေဘယ်
လိုပင်ပြောင်းပြောင်း ၊ ယနေ့ အချိန်ထိတိုင်အောင် မပြောင်းလဲနှိုင်သေးသော ကျွန်တော်တို့ အမိနိုင်ငံကြီး၏
ဘဝသရုပ်ကို ထင်ဟပ်နိုင်နေစွမ်းရှိနေတုံးပါပဲဟု ကျွန်တော်ယူဆမိပါသည်။ ကမ္ဘာအရပ်ရပ်သို့  နည်းမျိုးစုံဖြင့် 
ကစဉ့် ကလျားရောက်ရှိ၍ ကိုယ့် လမ်းကိုယ်ထွင်နေကြရသော ညီအကိုမောင်နှမများ.. ဟု ဝတ္ထု စစခြင်းတွင်
ပြောဆိုခဲ့ ဘူးသည့် အတွက်၊ နည်းမျိုးစုံဆိုသည်မှာ ဟိုးအောက်ဆုံးလမ်း ၊ အလယ်လမ်း၊ အပေါ်လမ်း တို့ ဖြင့် 
ဘယ်လိုပဲထွက်ခဲ့ သည်ဖြစ်စေ မိသားစုအသိုင်းအဝိုင်းတွေကိုတော့  စွန့် ခွာလာခဲ့ ရတာခြင်း အတူတူပဲဖြစ်ပါ
လိမ့် မည်။ တစ်ချို့ က အဆင်မပြေခဲ့ ၊ တစ်ချို့ က လမ်းစပျောက်သွားခဲ့ သည်၊ တစ်ချို့ ကပေါ်မလာတော့ ၊တစ်ချို့ 
ကတော့  အခုအချိန်ထိလုံးခြာလည်နေတုံး နေရာမရနိုင်သေးတုံး .. ဆိုတော့  နောင်လဲ သည်ဝတ္ထုလေးက
ကျွန်တော်တို့ အားလုံးနှင့် ကာလကြာရှည်သက်ဆိုင်နေပါအုံးမည်ဟု ထင်မိပါတော့ သည်။


................................................................................................................................................

ကိုရင်ကလေးများက ချက်ချင်းပင် ထမင်း ပြင်ကျွေးသည်။ကျွန်တော် မစားနိုင်။ ဝမ်းနည်းစိတ်က ကြီးစိုးနေ၏။
မနက်ကျလျှင် ဘယ်လိုလုပ်ရမည်ကို တွေးပူနေမိသည်။ တစ်ညလုံးလဲ အိပ်၍ မပျော်နိုင်ခဲ့ ။ ကိုရင်ကလေးများက
စာအံနေကြသည်။ အေးချမ်းလှသည်ကို မြင်သဖြင့်  အားကျမိသည်။ ကြောက်စိတ်တော့  အတော်ပေါ့ သွားခဲ့ ပြီ။

ဤသို့ ဖြင့်  မနက်လင်းအားကြီးတွင် ကိုရင်လေး လာနှိုးသဖြင့် ကျောင်းမှ ထွက်လာခဲ့ သည်။
ဆရာတော်ကို ဦးချချင်ပေမယ့် မတွေ့ ခဲ့ ရ။ လူ့ စိတ်၏ ဆန်းကြယ်ပုံကို သည်နေရာတွင် ကျွန်တော်တွေးမိသည်။
ကျောင်းဝ၌ ဖိနပ်တွေ စီတန်းချထားသဖြင့် သင့် တော်မည့် တစ်ရံကို ကောက်စွတ်လိုစိတ် အတော်ဖြစ်ခဲ့ မိ၏။
မနေ့ ကဖြစ်ခဲ့ သော အဖြစ်အပျက်များကို ပြန်စဉ်းစားမိသဖြင့်  သစ္စာကို တန်ဘိုးထားကာ ဖိနပ်ကို မယူရဲတော့ ။
ဤကျောင်းကို မတွေ့ ရလျှင် ဘယ်မှာ အိပ်ရမှန်းပင်မသိ။

ကားတစ်စီး လာသောအခါ လှပူရီမြို့ သို့  သွားသောလိုင်းကားဖြစ်သဖြင့်  တားစီးလာခဲ့ သည်။
စပယ်ယာ ပိုက်ဆံလာတောင်းသေအခါ လက်အုပ်ချီ၍ “ ဆဝါဒီခပ် ” ဟု ပြောကာ ပိုက်ဆံမပါကြောင်း ရှင်းပြ
ရသည်။ ဘာမှမပြော။ နောက်ဆုံးခုံတန်းတွင် သွားထိုင်ခွင့် ပြု၏။ ကားပေါ်က လူများ ဝိုင်းကြည့် နေကြသည်။
ကျွန်တော့် တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေသဖြင့်  ရဲလက်မှ ပြေးလာမှန်း သိသာနေ၏။ ကားက မောင်းလာရင်း
စစ်ဆေးရေးဂိတ်တစ်ခုအနားသို့  ရောက်လာသဖြင့်  အရှိန်လျော့ သည်။ စပယ်ယာက ကျွန်တော့် ကို ပြေးရန်
လက်ဖြင့် ဟန်ပြသဖြင့်  နောက်ပေါက်မှ ဆင်းကာ၊ ရထားသံလမ်းရှိရာသို့  ခြေကုန်သုတ်မိတော့ ၏။

ကားတန်းမှာ တော်တော်ရှည်နေသဖြင့်  ကျွန်တော့်ကို ရဲများ မမြင်ပါ။ သံလမ်းရောက်တော့ ၊ သံလမ်းအတိုင်း
လျှောက်လာခဲ့ တော့ သည်။ လမ်းတွင် သံလမ်းအလုပ်သမားများနှင့် တွေ့ ၍ ရေတောင်းသောက်ခဲ့ ၏။ သူတို့ 
ထဲမှ ကျွန်တော့် အား ဘတ်သုံးဆယ်ကျော်စု၍ ပိုက်ဆံပေးလိုက်သည်။ ကားစီးသွားရန်လည်း ပြောသည်။
ရှေ့ ၌ ရဲဂိတ်မရှိတော့ ကြောင်း ရှင်းပြသည်။ ကျေးဇူးတင်စရာပင်။

ကားလမ်းမနှင့် နီးသော သံလမ်းနားရောက်သောအခါ သံလမ်းမှပင် လှမ်း၍ လိုင်းကားကို ကြည့် နေ၏။
လိုင်းကားများက အရောင်အမျိုးမျိုးရှိသည်။ ဘန်ကောက်ထဲ ဝင်သည့် ကားများက အနီရောင် တောက်သည်။
တခြားနယ်သို့  သွားသည့် ကားများလည်း ရှိသည်။ လှပူရီသို့  သွားသည့် ကားမှာ အဝါရောင်နှင့်  ကြက်သွေး
ရောင် နှောထားသည်။ ထိုကားလာသောအခါ ကားလမ်းမသို့ ပြေးထွက်၍ ကျွန်တော် တားသည်။
ကားရပ်ပေးသောအခါ တက်၍ စပယ်ယာအား ရှိရှိသမျှငွေ အကုန်ပေး၍ “ ဆဝါဒီခပ် ” လုပ်ရပြန်သည်။
သူက မေး၏။
“ ခွန်ဗမာ ” ( မြန်မာလား )
“ ခပ် ” ( ဟုတ်ပါတယ် ခင်ဗျာ )
“ ပိုင်းနန့် ကွန် ” ( သွားထိုင်ပါ )
ထို့ နောက် ကျွန်တော့် အား ရေဘူးတစ်ဘူး ထုတ်ပေး၍ ကားခမယူပဲ ပြန်ပေး၏။ သူ့ နှုတ်ကလည်း ရဲများကို
ကျိန်တွယ်နေသည်။ သူ့ ကျိန်တွယ်မှုကြောင့်  ခရီးသည်နှစ်ဦးကပါ ကျွန်တော့် အား စားစရာများ လာပေး၏။
ပိုက်ဆံလဲ ထုပ်ပေးသည်။ ကျွန်တော် ငိုချင်မိ၏။ စပယ်ယာ လာသောအခါ ...
“ ဖိခပ်၊ လုံငန် ဆမ်ဒေါင်၊ ဖုန် ”
( အကိုခင်မျာ၊ ကြယ်သုံးလုံး စက်ရုံမှာ ၊ ကျွန်တော် ) ဟု မတောက်တခေါက် ပြောရတော့ သည်။
“ အင်း အင်း၊ ကိုလူးလဲ့ ရော့ ၊ မဲ့ သော့ ပင်ဟိုဝါ ”
( အင်းပါ ၊ ငါသိပါတယ် ၊ ဘာမှ စိတ်သောက မဖြစ်ပါနဲ့  ) ဟု သူက ပြောသည်။

မိနစ်လေးဆယ်ခန့်  ကြာသောအခါ၊ လမ်းဘေးမှ ဆိုင်းဘုတ်များ၌ “ လှပူရီသို့  မိုင်မည်မျှ ” ဟု အင်္ဂလိပ်လိုရော
ထိုင်း လိုပါ ဖေါ်ပြထားသည်ကို တွေ့  မြင်နေရပြီ။ ခဏအကြာတွင် စပယ်ယာက ကျွန်တော့် အား ဆင်းနိုင်ပြီ
ဖြစ်ကြောင်း လာပြော၏။ ရောက်ခဲ့ ပါပြီ ကြယ်သုံးလုံးစက်ရုံရှေ့ သို့ ။ ကားစပယ်ယာကို “ ဆဝါဒီခပ် ” လုပ်ကာ
ကျေးဇူးစကား ဆိုမိသည်။
“ ခေါက်ခွေမခပ်၊ ဖိ ”
( ကျေးဇူးတင်ပါတယ် အကို )

ကားထွက်သွားသောအခါ မွေးမြူရေးခြံကို ရှာမိသည်။
ကြယ်သုံးလုံးစက်ရုံနှင့် ကပ်လျက် ခြံဝင်းတံခါးအနီကြီး ပိတ်ထားသဖြင့် ၊ အနားသို့  သွားကြည့် မိသည်။
မည်သူမျှမရှိ။ ဟိုး အောက်ဖက်မှာ တဲစုကလေးနှင့် ခြံတံခါးတစ်ခုကို မြင်မိသည်။ ထိုခြံတံခါးရှိရာသို့  လျှောက်
လာခဲ့ ၏။ ခြံတံခါးက မပိတ်ထားပါ။ စေ့ ရုံ စေ့  ထားသဖြင့်  ဖွင့် ၍ ဝင်လာမိသည်။ ဖြစ်ချင်ရဖြစ် ။
တဲစုလေးအနားသို့  ရောက်သောအခါ ခွေးဟောင်သံများ ဆူညံစွာ ထွက်ပေါ်လာတော့ သည်။ အင်းခွေးကြီးများ
ကို လှောင်အိမ်လုပ်၍ မွေးထားခြင်းဖြစ်သည်။
“ ဘယ်သူ့ ဆီ လာတာလဲ ”
မြန်မာလို မေးသံကြားရသဖြင့်  ကျွန်တော် အလွန်ပျော်သွားသည်။ ကြည့် လိုက်တော့  ရှစ်နှစ်အရွယ် ချာတိတ်
လေးကို တွေ့ လိုက်ရ၏။
“ မိုးမိုးဆီကို လာတာပါ၊ မိုးမိုး ရှိလားဟင် ”
“ မမိုးမိုး ကိုပြောတာလား၊ အမေရေ .. မမိုးမိုး ဧည့် သည်တဲ့ .. ”
“ လာခဲ့ ၊ လာခဲ့  .. အထဲကို လာခဲ့  ”
ကျွန်တော် အထဲကို မဝင်ခင်မှာပင် တဲ ထဲမှ လူ သုံးလေးဦး ထွက်လာကြသည်။
ကျွန်တော့် အရွယ် ကောင်လေးနှစ်ယောက်နှင့် ၊ ခပ်ဝဝ ကရင်အဒေါ်ကြီးတစ်ဦး၊ ကောင်မလေး တစ်ဦးတို့ ကို
တွေ့ ရ၏။ ကျွန်တော်၏ ကတုံးဆံပင်ထောင်ထောင်၊ စုတ်ပြတ်ပေရေနေသော အဝတ်အစားများ၊ လက်မှ ကြံ ရှ
ထားသောဒဏ်ရာများ၊ မျက်ခမ်းစပ်မှ ဒဏ်ရာများကြောင့်  သူတို့  အံ့ သြနေကြသည်။

“ မိုးမိုး ဆီ လာတာလား ”
“ ဟုတ်ကဲ့  အဒေါ် ၊ ကျွန်တော် ကန်ချနပူရီက ပြေးလာတာပါ၊ မိုးမိုး နဲ့  မောင်နှမ ဝမ်းကွဲ တော်ပါတယ်၊ မိုးမိုးရှိလား ”
“ သူ ပြန်သွားပြီ.. ကွဲ့  ”
သွားပါပြီဗျာ..၊ ကျွန်တော် ဟန်မဆောင်နိုင်အောင်ပင် ဖြစ်သွားသည်။
“ သူ မရှိလဲ ဘာဖြစ်လဲ၊ ဒီမှာပဲ အလုပ်လုပ်ပေါ့ ၊ သူဌေး အခင်း ကို ပြောပေးမယ် ”
“ ကျေးဇူးပါပဲဗျာ ”
ကျွန်တော် ကံကောင်းပါသည်။
ထို နေ့ နေ့ လည်မှာပင်“ သူဌေးအခင်း ” က ၊ မြက်ပင်များ သန့် ရှင်းရေး လုပ်ရန် ခန့် အပ်လိုက်ပါသည်။ ညနေ
ကျတော့  သူ့ ညီ ဝက်သူဌေးက ဝက်ရုံမှာ လုပ်ရမည်ပြောသဖြင့်  ဝက်ရုံသို့  ပြောင်းခဲ့ ၏။ ကရင်အဒေါ်ကြီးနှင့် 
သူ့  သားများက ဘောင်းဘီအဟောင်းများ ပေးသည်။ ဝက်ရုံမှာလည်း ဗမာများ၊ ကရင်များသာ ရှိ၏။ မိုးမိုးကို
သည်မှာ အားလုံးက ချစ်ခင်ကြသဖြင့်  ကျွန်တော့် ကိုလည်း တော်တော်ကူညီကြပါသည်။ ကျွန်တော် လုပ်ရ
သည့်  ဝက်ရုံမှာ ဝက်သား မွေးသည့်  ရုံ ဖြစ်သည်။

အခုမှတော့  ဝက်ချေးကြောက်နေ၍ မဖြစ်တော့  ။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။

...................................................................................................................................

့ ( ဆက်ရန် )

Tuesday, January 25, 2011

အချုပ်မှ ပြေးပြီ။

ယောင်္ကျားတစ်ယောက်၏ အဆုံးစွန်ဆုံး ခံနိုင်စွမ်းရည် ရောက်သွားသည်အထိ ၊ ယောင်္ကျားတစ်ယောက်၏
မြဲမြံနေတတ်လွန်းသော ဒူးနှစ်ဖက်တို့  ပျော့ ဖတ်ညွှတ်ခွေသွားလုနီးအထိ၊ ဆိုးရွားခါးသီးလွန်းသော လောကဓံ
ကြံ့ ကြံ့  ခံ ရင်ဆိုင်နေခဲ့ သော ယောင်္ကျားပီသသော ယောင်္ကျားတစ်ယောက်ဖြစ်နေသော “ ကိုထွေး ” ကို
စာရေးသူက သူ့ ကိုယ်ပွား ဖန်တီးမွေးထုပ်ပြီး ဤဇာတ်လမ်းလေးကို ရေးဖွဲ့ ခဲ့ သည်ဟု ကျွန်တော် သိခဲ့ ရပါ၏။
တကယ်တော့  “ ကိုထွေး ” က စာရေးသူ သာဖြစ်ခဲ့ ပြီး၊ “ ကိုထွေး ” ကို အားကျမိခဲ့ သူက “ ကျွန်တော် ” ဖြစ်ခဲ့ 
၍ လောကဝယ် “ ကိုထွေး ” လို လူငယ်တွေများစွာအတွက် ကျွန်တော်ကပဲ တဆင့် ဆက်ရေးပြီး ခံစားသိနေ
စေခဲ့ စေချင်သည့်  ဆန္ဒလေးတစ်ခုသာပဲ ဖြစ်ပါသည်။ သည်ဇာတ်လမ်းလေးကို ဖတ်မိခဲ့ ပြီးသည့် နေ့ မှ စ ၍
ယိမ်းယိုင်လဲပြိုခဲ့ ချင်သော၊ ယိုင်နဲ့ လာသော ကျွန်တော့်စိတ်အစဉ်ကို ခိုင် ပြီး ပြန်တည့် လာစေခဲ့ ပါတော့ သည်။

.......................................................................................................................



တကယ်ပြေးဖို့ ကြံတိုင်း ပြေးလို့ မရ ။ ကျွန်တော်ပြေးမည့် နေရာနှင့်  အလုပ်သွားလပ်ရသည့် နေရာမှာ တစ်ခြား
စီ ဖြစ်၍နေ၏။ ကျွန်တော် ပြေးမည်ဆိုတော့  ကုလားနှစ်ယောက်က သေဖော်ညှိသည်။ သူတို့ လည်း လိုက်မည်
တဲ့ ။ ကရင်ဦးကြီးက လုံးဝ ခွင့် မပြု။ တကယ် ပြေးလျှင်တောင် ကုလားနှင့်  တွဲမပြေးရန် ပြောသည်။
“ သူတို့  ပြေးချင်ရင် သူတို့ ဖာသာ ပြေးပါစေ၊ အတူမပြေးနဲ့  ”
“ ဘာဖြစ်လို့ လဲ ဦးရီး ”
“ ဒီကောင်တွေ သွေးရှိတာ မဟုတ်ဘူး၊ မင်းဒုက္ခရောက်မယ်၊ ပေးစမ်း မင်းပိုက်ဆံ ”
သူက ပြောပြောဆိုဆို ကျွန်တော့်ဆီမှ ပိုက်ဆံများ သိမ်းထားလိုက်သည်။ ထိုသတင်းကို ကြားတော့  ကုလားတစ်ဦးနောက်ဆုတ်သွားသည်။ ငွေမရှိလျှင် သူ မပြေးတော့ ဟု ဆို၏။
ဤသို့ ဖြင့်  တစ်ပတ်လောက်ကြာသွားသည်။ ကျွန်တော် ပြေးရန် ဆုံးဖြတ်ထားသည့်  ကြံခင်းများဘက်သို့ 
အလုပ်လိုက်မလုပ်ဖြစ်ပေ။ ထိုကြံခင်းက လှပူရီမြို့ သို့  သွားသော ကားလမ်းမကြီးနံဘေး၌ ရှိသည်။ လိုင်းကား
များကိုပင် လှန်းမြင်နေရသည်။

ကြံခင်းသို့  အလုပ်လာလုပ်ရသည့်  တကယ့် နေ့ ကျမှ၊ ကရင်ဦးကြီးက တစ်ခြားအလုပ် ပါသွားသဖြင့် ကျွန်တော့် 
မှာ ပိုက်ဆံ မရှိတော့ ။ အလုပ်တော့ လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကုလားတစ်ဦးကလည်း လိုက်လာ၏။
ကျွန်တော့်ကို တိုးတိုးလေးမေးသည်။
“ နင်ပြေးမှာလား ”
“ ပိုက်ဆံ မပါဘူး ”
“ သောက်ခွေး ဘယ်လိုပြေးမလဲ ”
“ နင့် မှာ ပါလား ”
“ နှစ်ဆယ်ပဲ ပါတယ် ”
“ ကျွတ်... ”
စိတ်ကို ညစ်ရောဘဲဗျာ..။ သည်ငွေနှစ်ဆယ်နှင့်  လူနှစ်ယောက် ဘယ်လိုပြေးမလဲ။ ဤသို့ နှင့် ပင် ကြံခင်းသို့ 
ရောက်လာခဲ့ ကြသည်။ အချုပ်က ထွက်စဉ်ကပင် ဖိနပ်ကို ကျွန်တော်ထားခဲ့ သည်။ ထိုခြံမှာက အမဲလိုက်ခွေး
ရှိ၏။ ပြေးတုံး ဖိနပ်ကျွတ်လျှင် ထိုခွေးနှင့် မလွတ်နိုင်။ ထိုခြံမှာက ကြံခင်းစောင့်  လူငယ်နှစ်ဦးလည်းရှိ၏။
ကျွန်တော်တို့  အလုပ်သွားလုပ်လျှင် တောပစ်သေနပ်ကိုထုတ်ကာ ဟန်ရေးပြပြနေ၏။ ထိုအပြုအမှုကို မြင်တိုင်း
ပြေး၍ သူ့ မျက်နှာကို ထိုးကြိတ်ပစ်ချင်မိသည်။ ပို၍ပင် ပြေးပြချင်မိသည်။ ဤစိတ်က ကျွန်တော်တစ်ဦးတည်း
မဟုတ်၊ မနက်စာ ထမင်းစားသည့် အခါ အချုပ်သားခုနှစ်ယောက်လုံး ထုပ်ပြောသောစကားဖြစ်သည်။ မြန်မာ
တို့ ၏ မွေးရာပါ ဗီဇ ဟုပင် သဘောထားမိသည်။
သူတို့  နှစ်ဦးကလည်း ကျွန်တော်တို့  ရောက်လာလျှင် အိမ်ဝရန်တာမှာ တစ်ဦး၊ ကားပေါ်မှာ တစ်ဦး ထိုင်ကာ
သေနပ်ကို အဝတ်ဖြင့်  သုတ်ခြင်း၊ ဟိုချိန် သည်ချိန်ခြင်းများ လုပ်လုပ်ပြနေသည်။ အနားတော့  မကပ်ရဲပေ။
သေနပ်လုပြီး ဝင်ရိုက်မှာ စိုး၍ဖြစ်သည်။ သူတို့  စိုးရိမ်သည်မှာလည်း မလွန်လှပေ။ ကျွန်တော်တို့ က ဝင်လု၍
ရိုက်ကာ ထွက်ပြေးလျှင် ဘယ်လို လိုက်ဖမ်းမည်နည်း ။ နေရပ်လိပ်စာမသိ၊ မိဘမျိုးရိုး မသိသည့်  ပြင်ပနိုင်ငံသား
များဖြစ်နေသောကြောင့် လည်း လိုက်ဖမ်း၍ မလွယ်ပါပေ ။

နေ့ ခင်းပိုင်း ခေတ္တနားချိန်တွင် ကုလားက လာမြှူဆွယ်ပြန်သည်။
“ နင်မပြေးဘူးလား ကိုထွေး၊ ရဲ လည်း စခန်းကို ပြန်သွားပြီ ”
“ ပိုက်ဆံမှ မရှိတာ ”
“ မရှိရှိကွာ၊ ပြေးရင် လွတ်နေပြီဟာ ”
“ ခဏနေဦး .. ညနေထိ စောင့် ကြည့် ..၊ မိုးများ ရွာမလားမသိဘူး ”
“ ဟွန်း.. နင်ကြောက်နေ ”
ကုလားက မကျေမနပ်ဖြစ်ကာ ထွက်သွားသည်။ ပြေးမယ်ဆိုရင်တော့  ဘယ်လိုပြေးပြေး လွတ်ပါသည်။ သို့ သော်
ကုလားကို ကျွန်တော်မခေါ်ချင်။ ကျွန်တော့် ရုပ်က ထိုင်းနှင့် မကွဲပြား၍ သွားရ လာရလျှင်ပြဿနာမရှိ။ သူပါနေ
လျှင် ရုပ်က သိသာနေ၏။ ကရင်ဦးကြီးကလည်းမှာထားသည်။ ပြေးလျှင် ကုလားကို အဖော်မလုပ်ရန် ဖြစ်သည်။

အလုပ်ပြန်ဆင်းတော့ ကျွန်တော်သန့် ရှင်းရေး လုပ်ရသည်မှာ ကြံခင်းများဘက် သွားရာလမ်းနှင့် ပို၍နီးသွား
သည်။ ပြေးရမည့် လမ်းလေးကလည်း ရှင်းသန့် နေ၏။ ဘယ်ရော ညာပါ ကြံခင်းများအပြည့် ၊ ကြိုက်တဲ့ ဘက်ကို
ခုန်ဝင်လိုက်ရုံဖြင့်  လွတ်နေပြီ။ ကြံခင်းများက လူတစ်ရပ်ကျော် မြင့် သဖြင့်  ကောင်းကောင်းပုန်း၍ ရပါသည်။
လှုပ်ရှား၍တော့  မရ။ လူလှုပ်လျှင် ကြံခင်းများပါ လိုက်လှုပ်မည်မှာ သေချာသည်။ အပင်တွေက ဆက်နေသည့် 
အတွက်ကြောင့်ပါ။ ကန်သင်းရိုး တွေ့ လျှင်တော့ အသာလေးဝပ်၍ သွားရုံသာ။

အခြေအနေက ပြေးချင့် စဖွယ်ဖြစ်လာသည်။
ကုလားကလည်း ကျွန်တော့် ကို အရိပ်တကြည့် ကြည့်  လုပ်နေ၏။ သူ က အိမ်အောက်မှာ တံမြက်စည်းလှည်း
နေသည်။ ကျွန်တော့် ကို မျက်နှာထိ မျက်နှာထားဖြင့် လှမ်းကြည့် ၏။ မိုးကလည်း အုံ့ ဆိုင်းလာသည်။ အချိန်က
တဖြည်းဖြည်းနှင့်  လေးနာရီ ကျော်လာခဲ့ ပြီ။

ကျွန်တော် ပြေးပြီ ။
ပြေးသည်ဟု ဆိုသော်ငြား ပုန်းသည်ဟု ဆိုမှသာ မှန်မည်။ တကယ်လည်း ကျွန်တော် မပြေးပါ။ ရှေ့ ကို
ဆယ်လှမ်းခန့်  ပြေးပြီး ဘယ်ဘက် ကြံခင်းထဲသို့  တိုးဝင်ကာ၊ ခြံဘက်သို့  ပြန်၍ တွားသွားလျှောက်လာပြီး
ပုန်းနေလိုက်၏။ ကျွန်တော်ပြေးသည်ကို အရင်ဆုံးမြင်၍ အော်လိုက်သည်မှာ တခြားလူ မဟုတ်။ ကုလားပင်
ဖြစ်သည်။ သူက ပြေးပြီဟု အော်ကာဟစ်ကာ ပြေး၍လိုက်သည်။ သို့ သော် ထိုင်းလူငယ်က ဝင်တားသဖြင့် 
သူ လိုက်၍မရ၊ လိုက်၍ရလျှင် သူ လည်း ပြေးမည်ကိုး။ ကျွန်တော် သူတို့ ကို လှမ်းမြင်နေရသည်။ ထိုင်းလူငယ်
နှစ်ဦးက ကျန်အချုပ်သားများကို ပြန်စုကာ၊ အိမ်အောက်သို့  ခေါ်သွားသည်။ ကျွန်တော့် နောက်ကို မလိုက်ကြပါ။

ကုလားက လက်ဟန် ခြေဟန်ဖြင့် တခြား ကြံခင်းထဲသို့ ကျွန်တော်ပြေးဝင်သွားကြောင်း ရှင်းပြနေသည်။
သူပြသည့် ဘက်က ညာဘက်ကြံခင်းဖြစ်သည်။ ကျေးဇူးတင်စရာပင်။ ခဏအကြာ ရဲ ပြန်ရောက်လာပြီး သူတို့ 
အားလုံးစုကာ ညာဘက် ကြံခင်းထဲသို့  ကျွန်တော့် အား ပြန်ထွက်ခဲ့ ရန် ခေါ်ကြသည်။ မြွေရှိတယ်ဟုလည်း
အော်ကြသည်။ အော်ခေါ်၍မရသောအခါ ရဲ က အချုပ်သားများကို ပြန်ခေါ်သွားသည်။ ထိုအချိန်ကျမှပင်
ကျွန်တော်နှင့်  သေမင်း လိုက်တမ်းပြေးတမ်း ကစားရတော့ သည်။

ထိုင်းလူငယ် နှစ်ယောက်က လူစုခွဲကာ ကြံခင်းထဲ တိုးဝင်သွားကြသည်။ လက်ထဲမှာလည်း တောပစ်သေနပ်များ
ပါ၏။ ကျွန်တော် မည်မျှကြောက်ရွံ့ သနည်းဆိုလျှင် မြေမှာ ပြားပြားဝတ်၍ ဘုရားစာကို မျက်လုံးမှိတ်ပြီး ရွတ်နေ
မိတော့ သည်။ သူတို့  ဝင်သွားသည်မှာ တခြားကြံခင်းဘက်သို့  ဖြစ်သည့် တိုင် တွေ့ လျှင် ပစ်သတ်မှာကို တွေး၍
ကြောက်လိုက်သည်ဖြစ်ခြင်း။

ပန်းနုရောင် လက်ရှည်အင်္ကျီကိုချွတ်၍ ဝမ်းဗိုက်အောက် ထိုးသွင်းကာ ပြားနေအောင်ဝတ်နေမိ၏။ မိုးမြန်မြန်ချုပ်
ပါတော့ ။ ထိုစဉ် သေနပ်သံ ကြားရသဖြင့် နှလုံးခုန်ရပ်သွားမတတ် ဖြစ်မိသည်။ လက်ရှိအဖြစ်ကို အိမ်မက်သာ
ဖြစ်ပါစေတော့ ဟု ကြံဖန်တွေးကာ မျက်လုံးမှိတ်ထားလိုက်တော့ သည်။ အခုထွက်၍ အဖမ်းခံလျှင်လည်း
သက်သာမည်မဟုတ်၊ ဟိုနှစ်ကောင် လက်စွမ်းပြချင်နေသည်။

ခဏအကြာတွင် မိုး က ရွာချလိုက်သဖြင့် ကြောက်စိတ်ပြေသလို ဖြစ်သွားသည်။
ခြင်တွေက ဝင်ခဲတော့ သည်။ အတော်လေး မိုးသည်းလာတော့ ဖြည်းဖြည်းချင်း ပြန်တိုးထွက်လာပြီး၊ လမ်း၏
ညာဘက်သို့  တိုးဝင်လိုက်သည်။ ဟိုနှစ်ကောင်လည်း သည်မျှဇွဲကောင်းတော့ မည်မဟုတ်။ ဤသို့ ဖြင့်  ကြံခင်း
ထဲမှာ တိုးရင်း ကားလမ်းမကြီးကို “ ပ ”စောက် ပုံသဏ္ဌန် ပြန်ဝိုက်၍ ထွက်ရန် ဆုံးဖြတ်လိုက်သည်။

တော်တော်လေးမှောင်လာတော့  ကန်သင်းမှာ ထွက်လျှောက်ရင်း ကားလမ်းဘက်သို့  မှန်း၍ ထွက်ခဲ့ သည်။
ကားများကို ကားမီးရောင်တို့ ကြောင့်မြင်နေရ၏။ မိုးလည်း တိတ်သွားခဲ့ ပြီ။ လက်နှစ်ဖက်နှင့် မျက်ခမ်းစပ်တို့ တွင်
ကြံရှရာများဖြင့် သွေးစို့ နေသည်။ အင်္ကျင်္ီချွတ်ထားသဖြင့်  ခြင်ကိုက်ရာများက ကုတ်၍ပင် မနိုင်။ ချက်ခြင်းအသက်
်ထွက်သွားလျှင် ကောင်းမည်ဟုပင် တွေးနေမိပါသည်။

ကားလမ်းသို့  ထွက်သင့် မထွက်သင့်  စဉ်းစားနေရင်း တစ်နာရီနီးပါး ထိုင်နေဖြစ်သည်။ အင်္ကင်္ျီကို ပြန်ဝတ်လိုက်
၏။ ကျွန်တော်နှင့်  မလှမ်းကမ်းတွင် အိမ်တစ်လုံးကို လှမ်းမြင်နေရ၏။ အကူအညီတော့ မတောင်းရဲ။ ပေးမည်
လည်းမထင်။ ရဲ၏ ခြံနှင့် နီးနေသဖြင့်  ကျွန်တော့် ကိုပင် ပြန်ဖမ်းထားနိုင်သည်။ ကျွန်တော်ထင်သည်မှာ မမှားပါ။
ခဏ အကြာတွင် ကြံခင်းများဘက်သို့  ဓာတ်မီးများ လှမ်းထိုးသဖြင့်  ကျွန်တော် ပြေးရပြန်ပြီ။

အတော်ဝေးဝေးသို့  ပြေးပြီးမှ ထိုင်နားရင်း မျက်ရည်များဝဲလာတော့ ၏။ ဤအဖြစ်ဆိုးများ လွတ်မြောက်ပါက
လူသစ်၊စိတ်သစ်ဖြင့် နေသွားတော့ မည်ဟု ဆုံးဖြတ်မိသည်။ ဘုရားကိုလည်းကောင်း၊ လောကပါလစောင့်
နတ်ဒေဝတာများကိုလည်းကောင်း သစ္စာပြုသည်။ လူသည် တကယ်ကြောက်ပြီဆိုလျှင် လွတ်ရာလွတ်ကြောင်း
တိုင်တည်တတ်သည်မှာ လက်တွေ့ ဖြစ်၏။ ဘယ်နည်းနဲ့  လွတ်လွတ် လွတ်ဖို့ သာ အဓိက မဟုတ်လား။

ညနေ လေးနာရီကျော်မှ ပြေးလာခဲ့ သည်မှာ ည ကိုးနာရီထိုးမှပင် ကားလမ်းမသို့  ထွက်ရဲတော့ သည်။
ကျွန်တော် ထွက်လာတော့  လမ်းပေါ်မှာ ကားအသွားအလာ အတော်နည်းသွားပြီ။ စောစောက မီးရောင်ဖြင့် 
မြင်နေရသော ဘုန်းကြီးကျောင်းအတွင်းသို့ လျှောက်ဝင်လာခဲ့ သည်။ ခွေးများ ထွက်ဆွဲ ပါတော့ သည်။

ခွေးများက ဆယ်ကောင်လောက်ရှိမည် ထင်၏။ နောက်ဆုံး အုတ်ခုံ အမြင့် ပေါ် ပြေးတက်တော့ မှ အဆွဲခံရ
သည့် ဘေးမှ လွတ်တော့ သည်။ ထိုအုတ်ခုံမှာ မီးသင်္ဂြီုဟ်သည့်  အုတ်ခုံ ဖြစ်သည်။ အောက်မှ ဝိုင်းဟောင်နေ
သဖြင့် ဆရာတော်တစ်ပါး ထွက်၍ တားမှ အဟောင်ရပ်တော့ သည်။ ဆရာတော်ရှေ့ သို့ ဆင်းပြီး ဒူးတုပ်
လက်အုပ်ချီကာ ခြေဟန် လက်ဟန်ဖြင့်  ရဲ လိုက်ဖမ်း၍ ပြေးလာပုံ၊ မြန်မာလူမျိုး ဖြစ်ပုံတို့ ကို ရှင်းပြမိသည်။
ပါးစပ်မှ “ ခွန်ဗမာ ” ဟူသော စကားကြောင့် ဆရာတော်က ခေါင်းတညိတ်ညိတ်ဖြင့် သဘောပေါက်သွား၏။
ကျောင်းအောက်သို့  ခေါ်သွားပြီး ကိုရင်လေးများကို မှာကြားနေတော့ သည်။

Sunday, January 23, 2011

ထောင်မှ အချုပ်

လှေလှော်ရင်း တက်ကျိုးသွားသော ကိုထွေးတို့ အကြောင်းကို ဖတ်နေရင်းနှင့်  ကျွန်တော်လည်း ကိုထွေး
နေရာကိုရောက်ပြီး၊ အဖြူလေးမှ ကိုထွေး ဖြစ်လာသလိုပါပဲ။ တကယ်တော့ ဘဝ ဆိုတာ ကိုယ်လိုချင်၊ ဖြစ်ချင်
တဲ့  ပုံစံရောက်အောင် မလုပ်ချင်မဖြစ်ချင်တာတွေကို အရင်ဆုံး လုပ်ရင်း ဖန်တီးတည်ဆောက်ရတာပါဟုလည်း
ထင်မိပါသည်။ လောကကြီးရဲ့  သဘောသဘာဝကိုက ကိုယ့် သဘောအတိုင်းဘယ်တော့ မှ မဖြစ်ပဲ သူ့ သဘော
အတိုင်း သူပဲ သွားနေတော့ တာမို့ လှိုင်းလေထန်လွန်းသော လောကပင်လယ်ဝယ် လှေကလေးကို လှိုင်းကြီး
တွေအောက် ရောက်မသွားအောင် အားကုန်လှော်ခတ်နေရင်းက လှော်တက်ကျိုးသွားရသော “ ကိုထွေး ”
တစ်ယောက် ဘာဆက်လုပ်ပါမလဲ ။ ကျွန်တော်သာဆို “ တက်ကျိုးပေမဲ့  လက်နဲ့ ပဲ ထိုး ထိုးပြီးလှော် ရမှာပဲ”ဟု
တွေးမိသလို၊ “ ကိုထွေး ” တစ်ယောက်လဲ ကျွန်တော်တွေးသလို လှေခွက်ကြီး ကျန်ပလေ့ စေ ၊ အလံ ကို မလဲ
စေရပါ ဟု .....။

..................................................................................................................




လွတ်ရက် စေ့ ပြီ။
ညက တစ်ဆောင်လုံးကို လိုက်နှုတ်ဆက်သည်။ မွန်ကြီးနှင့် ကိုမော့် ကို ကန်တော့ သည်။ တကယ်သွား
ရတော့ မည်ဆိုတော့ မခွဲချင်ကြ။ “ ကိုမော် ” က ကျွန်တော်တို့ ကို စိုးရိမ်သည်။ စိတ်မြန်လက်မြန်ရှိသူမို့ အမှား
မတွေ့ စေချင်။ ညစဉ် သူနှင့်သန့် စင် သင်ပေးသော ထိုင်းစကားပြောကို ဆက်ကြိုးစားသွားရန် မှာသည်။ ထိုင်း
နိုင်ငံမှာ “ အနှီး ” နှင့် “ မဲ့ ချိုက် ” နှစ်ခွန်းတတ်လျှင်ပင် သွားလို့ လာလို့ ရသည်ဟု ဆိုကြ၏။ “ အနှီး ” ဆိုသည်
မှာ “ ဒီဟာ.. ” “ အဲ့ ဒါ.. ” “ ဒါ ... ” ဟူသော အဓိပ္ပာယ်များရ၍၊ “ မဲ့ ချိုက် ” ဆိုသည်မှာ မဟုတ် ဟူသော အငြင်း
ဝါကျ ဖြစ်သည်။ ကိုယ်လိုချင်တာတွေ့ လျှင်“ အနှီး ” “ အနှီး ” ဟု ပြော၍၊ မလိုချင်လျှင် “ မဲ့ ချိုက် ” “ မဲ့ ချိုက် ”ဟု
ပြောနိုင်သည်ကိုး ။

သို့ ဖြင့် ထောင်မှ လွှတ်မည့်ရက် ရောက်လေပြီ။
ကျွန်တော်တို့  မပျော်နိုင်။ ရဲစခန်း တစ်ခုမှာ သွားနေရမည်ကို သိနေသည်။ မနက် ဆယ်နာရီ ကျော်သောအခါ
ကျွန်တော်တို့  နာမည်ကို ခေါ်သည်။ ထောင်ဘူးဝမှာ ရဲတစ်ဦး လာစောင့်ခေါ်၍ ရဲစခန်းသို့  ပို့ ပေးသည်။
ကန်ချနပူရီ ရဲစခန်းဖြစ်သည်။ အထဲမှာ ကျွန်တော်တို့  ရှေ့ မှ အသက်ဆယ့်ရှစ်နှစ်အောက်ဖြင့် လွတ်သွားသူ
ငါးယောက်ကို ပြန်တွေ့  ရသည်။
“ ထောင်ကမှ ကောင်းသေးတယ်ဗျာ.. ဒီမှာ ထမင်းမဝဘူး ”
ဟု ဆီးပြောကြ၏။ စိတ်က ပို၍ကျသွားသည်။
“ ဒီမှာ ဘာလို့  ဆက်ထားတာလဲ ”
“ ဒီမှာ ရက်နှစ်ဆယ် ထားပြီးမှ နယ်စပ်ပို့ မဲ့  အချုပ်ကို လွှဲပေးမှာ၊ ဒါ ... ထုံးစံပဲ ”
“ ဘယ်နေ့  ပို့ မှာလဲ ”
“ ရှေ့ လ တစ်သုတ်ပို့ မယ်၊ တစ်ခါပို့ ရင် လူငါးဆယ် ပို့ တယ် ”
ကျွန်တော် အချုပ်ထဲရောက်ပြီး မကြာခင်မှာပင် ထမင်းစားရန် တန်းစီရသည်။
အချုပ်သားပေါင်း နှစ်ရာကျော်ရှိပြီး၊ အမျိုးသမီးအချုပ်ပါရှိသည်။ မြန်မာကျား၊ မများ၊ ထိုင်းပြည့် တန်ဆာအချို့ 
နှင့်  ထိုင်းအချုပ်သားများရှိနေသည်။ မြန်မာက အများဆုံး။ ကရင်၊ မွန်၊ ထားဝယ်၊ ဗမာ လေးစုပေါင်းလျှင်
တစ်ရာ့ သုံးဆယ်ကျော်သည်။ ထိုင်းမှာ အနည်းစု ဖြစ်သည်။
ကျွန်တော်တို့ အတွက် စိတ်မကောင်းစရာအချက်မှာ ၇လ ပိုင်းမှ စ၍ ခိုးဝင်သူများကို ထောင်မချတော့ ဘဲ၊
အချုပ်မှာသာ ထားတော့ ခြင်းဖြစ်သည်။ တစ်ခုလည်း ကောင်းသည်။ ကျွန်တော်တို့ က ဦးစားပေး နယ်စပ်အပို့ 
အပို့  ခံရသူများထဲ ပါသည်။ ပြစ်ဒဏ် ခံခဲ့ ပြီးပြီကိုး။ ထောင်ထဲမှာလည်း ကျွန်တော်တို့ လို လွှတ်မည့် သူ ငါးဦး
ခန့် ကျန်ခဲ့ သည်။ စုစုပေါင်းလိုက်လျှင် ဆယ့်နှစ်ဦးရှိသည်။ ထိုဆယ့်နှစ်ဦးသည် ဦးစားပေးထွက်ရမည့် သူများ
စာရင်း၌ ပါသည်ဟု သိရ၏။ သို့ သော် ကျွန်တော်မသွားချင်။

နယ်စပ်မှ ပြန်ဝင်ဘို့ ရာ မလွယ်လှ။ အရေးအကြီးဆုံးမှာ ငွေ ဖြစ်သည်။
ကျွန်တော်ရော သန့် စင်မှာပါ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုသာ ရှိသည်။ သည်အချုပ်မှာ အလုပ် လိုက်လုပ်ဖို့ 
ကလည်း မလွယ်။ မနက်မိုးလင်းလျှင် အချုပ်သားများ အချုပ်တံခါးဝမှာ တန်းစီနေသည်မှာ ခြေချလို့ ပင် မရ။
အလုပ်သမား လာခေါ်သည်နှင့်  ဝုန်းဒိုင်းကြဲကြတော့ သည်။ ဦးရာလူ ထွက်ရသည်။ သည်နေရာမှာ အချုပ်ပါးဝ
တာလေးတွေလဲရှိသည်။

ရှေ့ ဆုံးမှ ထိုင်နေသူသည် လာခေါ်သည့် ရဲ ကို သိနေ၏။
သူ မလိုက်လိုသည့် အခါ မသိချင်ယောင် ဆောင်နေလိုက်သည်။ အထာမသိပဲ လိုက်သွားသူအဖို့ ပြန်လာလျှင်
မကျေမချမ်း ဖြစ်ရမြဲ။ ပိုက်ဆံလဲ မရ၊ စားစရာလဲ မရသည့်အပြင် ပင်ပန်းတာသာ အဖတ်တင်ခဲ့ သည်။

ပိုက်ဆံ စုမိသူများကလည်း အလုပ်ထွက်၍ မလုပ်ချင်ကြတော့ ပေ။
လာခေါ်မည့် ရက်မှာ ဒီနေ့ လား၊ မနက်ဖြန်လား ဖြစ်နေသဖြင့် အလုပ်ထွက်လုပ်မည့်သူ နည်းပါးသွားလျှင်၊ ရဲ က
တွေ့ ရာလူ ကောက်ခေါ်ရသည်။

သန့် စင်နှင့် ကျွန်တော် စဉ်းစားရပြီ။
နာမည်ရောင်းမလား၊ နယ်စပ် လိုက်မလား။ ကျွန်တော်က မလိုက်ချင်။ သည်မှာ ငွေအရင်ရှာချင်သည်။
ကျွန်တော့်နာမည်ကို ရောင်း၍ သန့် စင်ကို ပေးလိုက်မည်။ သန့် စင်က နယ်စပ်ရောက်မှ ဖြစ်သလို စခန်းသွား
မည်ဟုပြောသည်။ နောက်တော့  ကျွန်တော် ရန်ဖြစ်၍ အချုပ်ရက် ထပ်တိုးခံလိုက်ရရင်း၊ သန့် စင်နှင့် ကွဲသွား
တော့ သည်။ ရန်ဖြစ်သည်ကလည်း ဘာမှမဟုတ်သည့်  မဂ္ဂဇင်းတစ်အုပ်ကြောင့်ဖြစ်သည်။

အချုပ်မှ ထွက်၍ အလုပ်လုပ်ရသည့် အကြောင်းကို ပြောပြပါမည်။ အလုပ်များမှာ အလုပ်ကြမ်းသက်သက်
ဖြစ်သည်။ ရဲဝန်ထမ်းများနှင့်  ပတ်သက်သော သစ်စက်များ၊ ခြံသန့် ရှင်းရေးလုပ်ငန်းများ၊ အိမ်အပြောင်းအရွှေ့ 
လုပ်ငန်းများ လုပ်ကြရသည်။အလုပ်ခေါ်ရာ၌ ကန်ချနပူရီတစ်ဝိုက်မှ ဖမ်းမိသူများကို အလုပ်မခေါ်ပေ။ ပြေး၍
ဖြစ်သည်။ သူတို့ က နယ်မြေကျွမ်းကျင်သဖြင့် ပြေးတတ်ကြသည်။ ပြေး၍ လွတ်လျှင်ကိစ္စမရှိ။ မိသွားသဖြင့် 
သေလုမြောပါး ကြိမ်ဖြင့်  အဆော်ခံရသူကို တွေ့ ဖူးသည်။ ကြိမ်ရာ ပျောက်ကာနီး ခေါ်ပြီး ထပ်ဆော်သည်။
ထို့ ကြောင့်  လွတ်မှ ပြေးပါဟု သတိပေးကြသည်။

အလုပ်လိုက်လုပ်သည့် အခါ ကျွန်တော်တို့ အား မည်သူမျှ မစောင့် ကြည့် ကြပါ။ ရဲစခန်းမှ ရဲမှုးတစ်ယောက်
မွေးစားထားသော “ အဒင် ” ( မောင်နီ ) ဟုခေါ်သည့် အသက်သုံးဆယ်ခန့်  မွန်တစ်ဦးနှင့် “ အနိုင် ” ဟု ခေါ်
သည့် ထားဝယ်သားတစ်ဦးသာရှိသည်။ အရင်က ထိုင်းလူငယ်တစ်ဦးရှိသည်။ အချုပ်သား အမျိုးသမီးတစ်ဦး
ရောင်းခိုင်းသည့်  ဆွဲကြိုးကို ဖြောင်လိုက်သည့် အတွက်၊ စခန်းက သူ့ ကို နှင်ထုပ်ထား၏။ ဆွဲကြိုး ရောင်းရငွေလဲ
ရသလောက်ပြန်ပေးရသည်။

ကျွန်တော်တို့ ရောက်တော့  ဖိဒင် “ အကိုနီ ” က အလုပ်လာလုပ်သူများကို လိုက်ကြည့် ပေးသည်။ ကြည့် ပေး
သော်ငြားလည်း ပြေးလျှင်တော့  သူ့ မှာလည်းတာဝန်မရှိဟု သူကပြောသည်။
“ ငါပါလာတဲ့ နေ့ ၊ ငါမရှိတဲ့  အချိန်မှ ပြေး ... မဟုတ်ရင် မိတဲ့ အခါ ငါပဲ ရိုက်ရတာ၊ မရိုက်ချင်ဘူးကွာ ” တဲ့  ။
ကျွန်တော်တို့ အားလုံးမှာ လွတ်ရမည့် သူများဖြစ်သဖြင့်  ထွက်ပြေးသည်ကို ဘာမှ ရေးကြီး ခွင်ကျယ်မလုပ်ပါ။
လွှတ်မည့် နေ့ ဆိုလျှင် ထွက်ပြေးသူအစား လုပ်ငန်း တစ်ခုခုမှ မြန်မာများကို သွားခေါ်၍ ကားဖြင့်ထည့် ပေးလိုက်
သည်။ နယ်စပ်မှ သူဌေး က ပြန်ခေါ်လာပေးသည်။ ဘာမှ မခက်လှ။ သည်တော့  ကျွန်တော်တွေးပြီ။ ပြေးရင်
ကောင်းမလား ဟု။

ဘာလိုလိုနှင့်  ကျွန်တော်အချုပ်ထဲရောက်တာ နှစ်လပြည့် တော့ မည်။ အဖမ်းခံရသည့်  မြန်မာများ ထပ်မဝင်
လာသဖြင့် နောက်ထပ် ဘယ်နေ့ ပို့ မည်ဆိုသည်မှာ မသေချာလှပါ။ ကျွန်တော့် လက်ထဲမှာလည်း ဘတ်တစ်ရာ
ခန့် စုမိနေပြီ။ သန့် စင်တို့ ကိုတော့  လွန်ခဲ့ သည့်  ရှစ်ရက်က နယ်စပ်ပို့ သည့် အချုပ်မှ တစ်ဆင့်၊ နယ်စပ်အပို့ ခံ
လိုက်ရပြီဟု သတင်းရသည်။ သတင်းက တိကျ၏။ နယ်စပ်ပို့ သည့်  အချုပ်ဆောင်သို့  ကျွန်တော်မကြာခဏ
အလုပ်သွားလုပ်ရသည်။ ဘယ်နေ့ မှာ ဘယ်နှစ်ဦး၊ ဘယ်နယ်စပ်သို့  ပို့ သည်ကိုပင် တိတိကျကျ ကြားရသည်။

တစ်ချို့  ရဲ များက အလွန်သဘောကောင်း၏။ သူတို့  ကိုယ်တိုင်ပင် နယ်စပ်သို့  ကားဖြင့်သွားစောင့် ၍၊ အလုပ်
သမားမှတ်ပုံတင်ပြုလုပ်ကာ ပြန်ခေါ်ပြီး အလုပ်ထဲ ထည့်ထားပေးသည်။ လက်တွေ့  နှစ်ဦးကြုံ ဖူးပါသည်။
သစ်စက်မှာ ဖြစ်သည်။ မြန်မာများမှာ ရာဇဝတ်သား မဟုတ်သည့် အပြင် အလုပ်လုပ်ရန် ခိုးဝင်လာခြင်းဖြစ်သည့် 
အတွက် ဘယ်အလုပ်ရှင်မှ သဘောမကျစရာ မရှိ။

ကျွန်တော့်ကိုလည်း ခြံလုပ်ငန်းရှင် ရဲတစ်ဦး၏ အမေက သူတို့ ခြံမှာ လာလုပ်မလားဟု ခေါ်သည်။ ကျွန်တော်
ငြင်းလိုက်သည်။ ထမင်းစား ကျွန်ခံ သဘောမျိုးဖြင့် မနေချင်။ ဘယ်တော့ မှ ပြန်ရမည်မဟုတ်။ သူတို့ စီမှာပင်
ပျော်မွေ့  သွားရမှာမျိုးကို ကျွန်တော်ကြောက်သည်။ ကျွန်တော့်ရည်မှန်းချက်က ဘန်ကောက်မြို့ ကြီင်္းဆီသို့ 
ဖြစ်သည်။ မြူခိုးတွေဝေနေသည့် မိုးပျံတံတားကြီးပေါ် ကားဖြတ်စီးချင်သည်။ နှစ်ဆယ့်လေးနာရီ အလှည့် ကျ
ပြနေသော ရုပ်ရှင်ရုံထဲမှာ ဝင်အိပ်ပြီးကြည့်ချင်သည်။ မြို့ သားသည် မြို့ ကိုသာ သွားချင်သည်။

ကျွန်တော် ထွက်ပြေးမည့် ကိစ္စကို ကရင်ဦးလေးကြီး တစ်ဦးအား ဖွင့် ပြောမိသည်။ သူက ခွင့် မပြု။ ကျွန်တော့် ကို
တူလို သားလို ခင်မင်နေသဖြင့် တားခြင်းဖြစ်သည်။ ယခု လာခေါ်သည့်အခါ ငွေမပြည့် ပါက သူစိုက်ပေးမည်ဟု
ပြောသည်။ သဘောလည်း အလွန်ကောင်း၏။ သူ့ မှာ ငွေစလေးများရှိသဖြင့် “ ဖိဒင် ” ကို အကူအညီတောင်း
ကာ အချုပ်ထဲမှာ ဈေးရောင်းသည်။ မဆိုးပါ။ ဓားလှီးမုန့် နှင့် ရာစင်းမှာ အရောင်းရဆုံးဖြစ်သည်။ ကျွန်တော်တို့ 
ထောင်မှ လာသူများတွင် အကျင့် ပျက်တစ်ခု ပါလာ၏။ “ ပါးတစ်ခြမ်းမဲ ” အကိုက်အခဲ ပျောက်ဆေးမှုန့် ကို မီးရှို့ 
၍ ရှုခြင်းဖြစ်သည်။ အနံ့  အလွန်ပြင်း၏။ ရီဝေ ၏။ သို့ သော် ခဏသာ။ ရဲက သိလျှင် မအေ နှမ ကိုင်တုတ်ပေမဲ့ 
အရေးမယူပါ။ တစ်ယောက်ရှုနေလျှင် နှစ်ယောက်လောက်က မီးခိုးငွေ့ ကို အပြင်မထွက်စေရန် ဖျောက်ဖျက်ရ
သည်။ ထိုင်းအခေါ်အဝေါ်အားဖြင့် “ ရာထမ်းကြိုင် ” ဟု ခေါ်သည်။ ထိုဆေးမှုန့် ရှုထားလျှင် ဘာမှ မလုပ်ချင်။
ကျွန်တော်က ဆေးလိပ်မသောက်ပေမယ့်  ဆေးမှုန့် ရှုရတာတော့  ဝါသနာပါ၏။ သူက မှိန်းပြီး စိတ်ကူးယဉ်လို့ 
ကောင်းသည်။ ထိုဆေးမှုန့် ရှုမိချိန် အပြင်မှ ကျွန်တော့် နာမည်နှင့် အလုပ်လာခေါ်ပါက နေမကောင်း၍ မလိုက်
နိုင်ဟုပင် ငြင်းလိုက်မိပါသည်။ အချုပ်ပါးဝခြင်း တစ်မျိုးပင်။

အထက်၌ ကျွန်တော်ရန်ဖြစ်သည့် အကြောင်း ဖေါ်ပြထားမိသည်။ အသေးစိတ်မှာ ဤသို့ ဖြစ်သည်။ိ
ကျွန်တော်အလုပ်ထွက်လုပ်သောအိမ်မှ ကျွန်တော့် အား မဂ္ဂဇင်းအဟောင်းများ ပေးလိုက်သည်။ မဂ္ဂဇင်းမှာ
ရုပ်ပုံများပါသည့်  အကောင်းစား မဂ္ဂဇင်းစာအုပ်များ ဖြစ်သည်။ အချုပ်ထဲမှာ ကျွန်တော်က ထိုင်းစကားသင်နေ
သဖြင့် တွေ့ ရာစာအုပ်၌ အသုံးအနှုန်းများ ရေးမှတ်ထားလေ့ ရှိသည်။ ဥပမာ - အင်္ကျီအနီ ဝတ်ထားသော
ဖက်ရှင်မယ်၏ နံဘေး၌ “ လှသော အနီဝတ် မိန်းခလေး ” ဟူသည့်  ဝေါဟာရကို ထိုင်းလိုမေး၍ ရေးမှတ်ထား
သည်။ လှသောကို “ ဆွေ ”၊ အနီဝတ်ကို “ ဆိုင်စီဒင် ”၊ မိန်းခလေးကို “ နန့် စောင် ” ဟု မှတ်ထား၏။ မှတ်ရလွယ်
ပါသည်။

ကျွန်တော်ယူလာသောမဂ္ဂဇင်းများကို အားလုံးယူကြည့် ကြသည်။ တစ်ချို့ လည်း ကြည့်ပြီးသည့်အတိုင်း ချ ထား
သည်။ တစ်ချို့ က တောင်းယူထားသည်။ ကျွန်တော်ဘာမျှ အာရုံမထား။ မောင်မောင်ဆိုသည့်  မွန်တစ်ဦးက
ကျွန်တော်အပြင်သွားနေခိုက် ကျွန်တော်သိမ်းထားသည့်  မဂ္ဂဇင်းကို လာယူသွား၏။ ကျွန်တော်က ထိုင်းစကား
ပြောများ မှတ်ထား၍ ပြန်ပေးရန် တောင်းသောအခါ အိမ်သာထဲမှာဟု ပြောသည်။ ကျွန်တော် ထ ထိုးရင်း ရန်ဖြစ်
ကြ၍၊ နှစ်ယောက်စလုံး အချုပ်ဆောင် အသေးထဲ အပို့ ခံရသည်။ အပို့ မခံရခင်၊ ရဲ က မျက်နှာကို ဖိနပ်နှင့် နင်း
ကာ နောက်ကျောကို ထောင်းသည်။ လွတ်ရက်ကိုလည်း ရွှေ့ လိုက်၏။ ခုနှစ်ရက်ခန့်  အချုပ်အကျဉ်းထဲ ထည့် 
ထားသည်။ ဤကိစ္စနှင့် ပင် ကျွန်တော့်အား “ အထွေး ” ဟု ရဲ တော်တော်များများ သိသွားတော့ ၏။ “ ဖိဒင် ” က
သူ့ ရဲမှုးကို ပြောပြသဖြင့် ခုနှစ်ရက်ခန့် သာ နေရခြင်းဖြစ်သည်။ ဖိဒင်၏ ကူညီမှုကို မြန်မာတော်တော်များများ
ရကြသည်။

ကျွန်တော်အချုပ်မှပြေးသော အကြောင်းများတွင် ထိုရန်ပွဲ၏ အကျိုးဆက်များလည်း အပါအဝင်ဖြစ်သည်။
မောင်မောင်က မကျေနပ်။ အကယ်၍ ဘုရားသုံးဆူဘက်ပို့ လျှင် ရှင်းပစ်မည်ဟု သူ့ လူများနှင့်တိုင်ပင်သည်။
ဖိဒင်က ထိုကိစ္စကို သိသဖြင့်  မောင်မောင့် အား ခေါ်ဆူသည်။ ကျွန်တော့် ကိုလည်း စိုးရိမ်စကားပြောသည်။
ကရင်အုပ်စုက မောင်မောင့် ကို ကြိမ်းမောင်း၏။ ထိရဲလျှင် ထိကြည့် ဟု ကြေညာသည်။ ကရင်အုပ်စုနှင့် 
ကျွန်တော် ဆက်စပ်မှုရှိသည်။ သူတို့ ကို ကျွန်တော် အမြဲတမ်း အလုပ်ခေါ်သွားတတ်၏။ အလုပ်လာခေါ်သည့် 
ရဲများနှင့်  ကျွန်တော်ရင်းနှီးနေ၍ ကျွန်တော်နှင့်  နှစ်ဦး၊ သုံးဦး စသည်ဖြင့်  အချုပ်တံခါးဝ မှ လှမ်းခေါ်လျှင် ကရင်
အုပ်စုကိုသာ ကျွန်တော် ဦးစားပေးသည်။

သူတို့ ကို ခေါ်ရသည်မှာလည်း အကြောင်းရှိသည်။
အလုပ်ကို မခို၊ ရသမျှကို မလျှို၊ ရိုးသား၍ ဖြစ်သည်။ တစ်ခါသားတွင် အိမ်ရှင်မှ ဘီယာတိုက်သည်ကို သူက
အချိုရည်ဘူးထဲ ထည့် ခဲ့ ပြီး၊ အချုပ်ထဲပြန်ရောက်တော့  ကျွန်တော်တို့ ကို တိုက်သည်။ ဆေးလိပ်ဆိုလည်း
ထို့ အတူပင်။ ပြီးတော့  ထမင်းသွားသယ်ရသူတွေက ကရင်အုပ်စုဖြစ်သည်။ သူတို့ က ကျွန်တော်အလုပ်သွား
လုပ်နေလျှင် ထမင်းပန်းကန် ချန်ပေးထားသည်။ ပြန်လာ၍ ကျွန်တော်မစားချင်တော့ မှ ခွင့် တောင်း၍ စား၏။
သစ္စာရှိသဖြင့်  ပေါင်း၍ကောင်းသည်။ မောင်မောင်တို့ က မကျေနပ်၊ လူတွင်ကျယ်လုပ်သည်ဟု ထင်ပုံရသဖြင့် 
ကျွန်တော့် ကို အပြတ်ရှင်းမည်ဟု တိုင်ပင်ထားကြခြင်း ဖြစ်သည်။ “ ထပ်ဆောင် ” “ ဝမ်းက ” နှင့် “ ဘုရားသုံး
ဆူ” နယ်စပ်များသို့  အချုပ်သားများအား အလှည့် ကျ ပို့ တတ်သဖြင့်  သိပ်တော့ စိတ်မပူပါ။ “ ဖိဒင်” ကပြော
သည်။
“ ဘုရားသုံးဆူဘက် ဆိုရင် လိုက်မသွားနဲ့  ” ဟု။
“ ကျွန်တော် ဒီမှာပဲ သေတဲ့ အထိ နေရမှာလား ”
“ အခြေအနေပေးရင် ပြေးပေါ့  .... မင်း ငတုံးပဲ ”
“ လှပူရီ မှာတော့  ကျွန်တော့် အမဝမ်းကွဲ ရှိတယ် ”
“ ဘယ်လောက်မှ မဝေးဘူး ၊ မင်းပြေးလို့  ရတာပဲ ”
ဟုတ်တယ်။ ကျွန်တော်ပြေးမယ်၊ မဝေးဘူးဆိုပေမယ့်  ကီလို ၄၀ ကျော်သည်။ လိုင်းကားနံပါတ်လည်း စုံစမ်း
ပြီးပြီ။ ဝက်မွေးရုံကိုလည်း မြေပုံနှင့် တကွ မှတ်ထားပြီးပြီ။ ထိုင်းအခေါ်အဝေါ်များပင် အလွတ်ကျက်ထား၏။
ကြယ်သုံးလုံး စက်ရုံအနီး၊ ဝက်မွေးရုံ၊ လှပူရီမြို့  မရောက်ခင် ၄ ကီလို။
( လုံငယ်ဆန်ဒေါင်၊ လင်းရံ့ မူ၊ ကိုက်ကိုက်လှပူရီ )။
ဆာဝါဒီခပ်...။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

............................................................................................................................

( ဆက်ရန် )


Wednesday, January 19, 2011

ထောင်တွင်း အတွေ့ အကြုံ ( ၂ )

လုပ်ချင်တာတွေကြီးပဲလုပ်နေခဲ့ မိလို့ ၊ မလုပ်ချင်တာတွေကြီးပဲ လုပ်နေရသည့် နေရာတစ်ခုကတော့ 
“ အကျဉ်းထောင် ” ဟု ကျွန်တော်ထင်ပါသည်။ လူတစ်ယောက်၏ လွတ်လပ်မှုမှန်သမျှတို့  ဆုံးရှုံး လိုက်ရသည့် 
နေရာ ၊ ပြင်ပ လောကကြီးနှင့်  နံရံကြီးတွေ ကာစည်း ဖြတ်တောက်ပစ်လိုက်သည့် နေရာတစ်ခုလည်းဖြစ်နေ
ပြန်ပါသည်။ “ သံယောဇဉ် ” အားလုံးတို့ နှင့်လည်း အရှင်လတ်လတ်ကြီး အဖြတ်အတောက် ခံခဲ့ ရသောနေရာ
ဟုလည်း ဆိုချင်ပါသည်။ ထိုနေရာမျိုးကို “ ကိုထွေး ” နှင့် “ ကိုသန့် စင် ” တို့ နှစ်ဦးက လှေလှော်ရင်း တက် ကျိုး
သွားသလို ဖြစ်ပြီး ရောက်ခဲ့ ရပါသည်။ ဘယ်တော့ မှ မတည်ငြိမ်၊ မပြည့် စုံ နိုင်တော့ သော အမိမြန်မာပြည်ကြီး
ကိုတော့  ကျွန်တော် အပစ်မဆိုချင်တော့ ပေမဲ့  ဤဝတ္ထုလေးကတော့  ကျွန်တော့်ကို အများကြီး လွှမ်းမိုး
ထားနိုင်ခဲ့ ပါတော့ သည်။ နိုင်ငံခြားထောင်ဆိုတော့ လည်း ဗမာပြည်က ထောင်များထက်တော့  အခွင့် အရေး
များ ပိုလိမ့် မည်ဟု တွေးမိပါသည်။ တိုင်းပြည်က နိမ့် နိမ့် နှင့် ကြပ်ကြပ်တည်းတည်း နိုင်လွန်းသော ကျွန်တော်
တို့ ဆီက ထောင်များထဲရှိ ရည်ရွယ်ချက်တစ်ခု၊ မှန်တာလေးတစ်ခုကြောင့်  ဘဝနစ်မွန်းနေရသူများကိုလည်း
စာနာမိလာရပါသည်။

........................................................................................................


ထောင်ထဲမှာ ရန်ပွဲများလည်းတွေ့ ရသည်။
မြန်မာများဖြစ်ကြသည်တော့  မဟုတ်။ ထိုင်းအမျိုးသားများအုပ်စုလိုက် ဖြစ်ကြခြင်းပင်။
အပြင်က ရန်စများကြောင့် ဖြစ်ကြသည်က များ၏။ ဖြစ်ပြီးလျှင်တော့  အဖေကယ်ပါ၊အမေကယ်ပါအော်ရလောက်
အောင်ပင် အဆော်ခံရသည်။ ကွင်းပြင်မှာ ဝမ်းယားမှောက်၍ ကြိမ်ဖြင့်  ဆော်ခြင်းဖြစ်သည်။ ပြီးလျှင် အချုပ်
ဆောင်ကျဉ်းကျဉ်းလေးထဲမှာ ထည့် ထားသည်။ အပြင်လုံးဝမလွှတ်၊ ထမင်းလာပို့ သည်။

ယောင်္ကျားချင်း ပလူးပလဲ လုပ်တာတွေ့ လျှင် ကြီးသော အပစ်ပေးသည်။ ခြေကျင်းပင်ခတ်ထားသည်။ ပြီးလျှင်
နေပူထဲ၌ တစ်နေကုန်အောင် ကိုယ်တုံးလုံးထားကာ နေပူလှန်းသည်။ မကြာခဏ ခေါ်ရိုက်သည်။ တိုက်ပိတ်
သည်။ ဝန်ခံကတိ ထိုးခိုင်းသည်။ အခြေအနေဆိုးလျှင် တစ်ဦးကို မိန်းမလျာဆောင်သို့  ပို့ သည်။

ထောင်ထဲတွင် မြန်မာလူမျိုးဖြစ်ဖြစ်၊ ကမ္ဘောဒီးယားဖြစ်ဖြစ်၊ လာအိုဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ ရှ်ဖြစ်ဖြစ် နှစ်ကြီးသမား
အဖြစ် အကျဉ်းကျခံရပါက ထိုင်းစာ သင်ခွင့် ပြုသည်။ တော်တော်များများ သင်ကြသည်။ စနေ၊ တနင်္ဂနွေနေ့ 
များတွင် သင်ပေးခြင်းဖြစ်သည်။ ထိုနေ့ မှာပင် တာဝန်မှုးက ဆံပင်သွားညှပ်ပါဟုဆိုလျှင် သွားညှပ်ရသည်။
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွေး ရိတ်ခွင့် ရှိသည်။ ခြေသည်း လက်သည်းရှည်လျှင် ညှပ်ထားရသည်။ ထမင်းစားရုံ၌
ခြေသည်း၊ လက်သည်းရှည်နေသည်ကို တွေ့  ပါက အရိုက်ခံရတတ်သည်။

ကျွန်တော်သုံးနေသည့်  “ အရိုက်ခံရမည် ” ဆိုသည့် အသုံးအနှုန်းမှာ လှန့် လုံးမဟုတ်ပါ။ ထောင်ထဲတွင် မကြာ
ခဏ ကြုံတွေ့  နေရ၍ဖြစ်ပါသည်။ ကျွန်တော်တို့  မြန်မာများ အခြား သည်းကမ်းများကို လိုက်နာကြသော်လည်း
ထိုင်းဘုရင်ကို ချီးကျူးပူဇော်သည့် အခါ စိတ်ပါလက်ပါ မရှိလှ။ သီချင်းကို မရ၍ လိုက်မဆိုသည်ထက် မဆိုချင်၍
မဆိုသည်က များပါသည်။ မကြာခဏ ဆဲရေးခံရသည်။

ထောင်ဝန်ထမ်းတစ်ဦးကို အရိုအသေမပေးမိ၍ မြန်မာနှစ်ကြီးသမားတစ်ဦး ကျောကော့ သွားအောင်အရိုက်ခံ
ရသည်။ သို့ သော် ကြုံတောင့် ကြုံခဲမျှသာ။ မြန်မာလူမျိုးများ၌ လုယက်မှုမရှိ၊ မုဒိန်းမှု မရှိ၊ လူသတ်မှုမရှိ၊ ခိုးမှုမရှိ။
သို့ သော် သစ်ခုမှုသည် တရားမမှုကြီးဖြစ်နေသည်။ လက်နက်မှုလည်း ထို့ အတူပင်။ ကျန်အမှုများမှာ လပိုင်းမျှ
သာခံရသော တရားမဝင် ခိုးဝင်မှုသာဖြစ်သည်။ ထို့ ကြောင့် ဒုစရိုက်မှု နည်းသည်။

ထောင်တွင်းစည်းကမ်းများမှာ မလိုက်နာနိုင်အောင် တင်းကျပ်မှု ဘာမှမရှိ။ တစ်ခုသာရှိသည်။
မြန်မာများကို ထောင်ဝင်စာ လာတွေ့ သူမရှိပါ။ သူများတွေ ထောင်ဝင်စာ လာတွေ့ သည်ကိုကြည့် ၍ သူတို့ ပါ
လာသော စားသောက်ဖွယ်ရာများကိုမြင်လျှင် အိမ်ကိုလွမ်းရသည်။ ထိုစိတ်နှင့် ပင် ထမင်းရုံရောက်သည့် အခါ
အကြံအဖန် လုပ်ရသည်။ ထောင်ဝန်ထမ်းများ မသိ၍မဟုတ်ပါ။ သိပါ၏။ ဥပက္ခာပြုထားခြင်းဖြစ်သည်။ တခါတရံ
သူတို့ ကိုယ်တိုင်ပင်လျှင် ဟင်းများ လာထပ်ယူရန်ခေါ်ပေးတတ်သည်။ ထမင်းမှာလည်း လက်ထောင်လိုက်သည်
နှင့် လာဖြည့် ပေးသူ အဆင်သင့် ။ ပန်းကန် မဆေးရ။ ဟင်းမှာ သုံးနပ်လျှင်တကြိမ် အသားဟင်းပါ၏။ တခါတရံ
ငါးကြော်ဖြစ်သည်။

“ ပလာတူး ” ခေါ်သည့်  ငါးကို အကောင်လိုက်ကြော်ပြီး ဟင်းရည်ကျဲကျဲတစ်ခွက်ချပေးသည်။ ထိုနေ့ အဖို့ 
ဟင်းအပိုမပေး၊ ထောင်သားများစား၍ မကုန်သည့်  ထမင်းကျန်၊ ဟင်းကျန်များကို ဝက်စာအဖြစ် အပြင်မှ ကား
နှင့်  လာယူသွားကြသည်။ ကျွန်တော်တို့  မကြိုက်ဆုံးဟင်းမှာ သုံးရက်တစ်ကြိမ် ဆန်ပြုတ်နှင့် တွဲ၍စားရသော
နီနီအတုံးလေးများဖြစ်သည်။ နှစ်ခါထက်ပို၍ ဖဲ့ မစားဖြစ်။ ထိုင်းလူမျိုးတွေက အလွန်ကြိုက်သည်။ ကျွန်တော်
တို့ ဆီမှ အကျန်ကို တောင်း၏။ သူတို့ မှာ ရှိသည့်  ငါးပိထောင်းလိုမျိုး အရည်ကျဲဟင်းဆိုလျှင်တော့  မြန်မာများ
အန်ထွက်အောင် စားလို့ ရသည်။ ကိုယ့် စားပွဲပေါ်မှာပင် တခြားဟင်းခွက်များမှာ ကျန်နေတတ်၏။ သူတို့ က
ဒီလိုဟင်းမျိုးကို မကြိုက်။ ကျွန်တော်တို့ အတွက် ဝမခန်းစားရသောဟင်းဖြစ်သည်။

တစ်ခါတော့  ပြင်ပမှ အလှုရှင်က ဒံပေါက်ကျွေးသဖြင့်  စားရသေးသည်။ မြန်မာပြည်မှ ဒံပေါက်ကဲ့ သို့ ပင်
ချက်ထားသည်။ လိုက်ပွဲတော့ မရ။

ထောင်ထဲမှာ ကျားကစားရသည့် အခါ မြန်မာနှင့် ထိုင်းကွဲပြားတာရှိသည်။ ကျားကွက်မှာ တူလျက် ကျားကောင်
ရေမှာတော့  ဆယ့် နှစ်ကောင်နှင့် ရှစ်ကောင်ကွာသည်။ သူတို့ ၏ ရှစ်ကောင်ကျားမှာ ကင်းရလျှင် တစ်ကောင်
သာ စားရ၏။ ဆက်တိုက်စား၍ မရ။ နှစ်ကောင်တစ်ကောင်ဖြစ်ရုံနှင့် ပင် တစ်ကောင်သမားရှုံးသည့် ကစားနည်း
ဖြစ်သည်။ ကြွားသည်ဟု မထင်ပါနှင့် ။ မြန်မာများကို သူတို့ ကျားကစားတာမယှဉ်နိုင်။ ခြင်းလုံးမှာတော့  သူတို့ 
သာသည်။ ဘော်လီဘောကိုတော့  သူတို့ လည်း မကစားချင်ကြ။ ပင်ပန်း၍ ဖြစ်သည်။

စနေ၊ တနင်္ဂနွေ ဆိုလျှင် တီဗွီကြည့် သူက အများစုဖြစ်သည်။ ထောင်ထဲမှာ ဖြစ်၍လားမသိ၊ အဝတ်အစား
ပျောက်တာမျိုးမရှိ။ ဘောင်းဘီဆိုလျှင် ရေကန်တစ်ဝိုက်မှာ သွားကောက်၍ပင် ဝတ်နိုင်သည်။ ဘတ် ၂၀ မျှ
ပေးလျှင်ဝယ်လို့ ရသည်။ ထောင်ထဲမှာ အဝတ်အစားများသည် ဘာမှတန်ဖိုးမရှိ။ အကောင်းစားများပါလျှင်
ရောင်းစားကြသည်က များသည်။

ထောင်ထဲမှာ တန်ဘိုးရှိသည်က ပွတ်ချွန်း ဆေးလိပ်နှင့်  နိုင်ငံခြားအိမ်သုံးဆေးများဖြစ်သည်။
ပွတ်ချွန်းဆေးသာရှိလျှင် နင်းနှိပ်ခိုင်းလို့ လည်းရသည်။ အဝတ်လျှော်ခိုင်းလို့ လည်းရသေးသည်။

“ ကိုမော် ” ရှိနေသဖြင့်  ဆေးလိပ်အတွက်တော့ မပူရ။ သူ့ ကို သူ့ ရှေ့ နေက လာတွေ့ တိုင်း ပွတ်ချွန်းဆေးနှင့် 
အင်္ဂလိပ်သတင်းစာ ယူလာပေးသည်။ သူ့ နာမည်နှင့်  စာလည်း လာတတ်သည်။ ထောင်ထဲမှာ စာပြန်ရေးလို
လျှင် စာအိပ်နှင့် တံဆိပ်ခေါင်းဝယ်၍၊ ဗလာစာရွက်၌ ရေးသားနိုင်သည်။ ရေးပြီးသားကို အိတ်ထဲမထည့် ဘဲ
ပေးလိုက်ရ၏။ သူတို့ က တည်းဖြတ်ပြီးမှ ထည့် ပေးသည်။ အပြင်မှ စာများလည်း တည်းဖြတ်ပြီးမှ ရောက်လာ
သည်။

ကျွန်တော့်ဘေးမှ ဦးလေးကြီးတစ်ယောက်ဆိုလျှင် ညစဉ် စာရေးသည်။ သူ့ မှာ စာချင်းချစ်သူ ငါးယောက်ခန့် 
ရှိသည်ဟု သိရ၏။ ထိုင်းစာများကို ကျွန်တော်မဖတ်တတ်ပါ။ သို့ သော် “ ကိုမော် ” ပြောပြချက်အရ၊ စာအရေး
အသား အမတန်ကောင်းသည်ဟု ဆို၏။ သူက နှစ်၂၀ အပြစ်ဒဏ်ကျသူ။ သူတို့ မဂ္ဂဇင်းများတွင် စာချင်းဆက်
သွယ်ကာ ခင်မင်ရင်းနှီးလိုသည့်  နာမည်နှင့် လိပ်စာများ ထည့် သွင်းဖေါ်ပြပေး၏။ ကိုယ်က လှမ်း၍ဆက်သွယ်
လျှင် ဟိုက ပြန်ဆက်သွယ်သည်။ ဤသို့ ဖြင့်  သမီးရည်းစားဖြစ်ကြသည်ဟု ဆိုသည်။ ထိုင်းစာတတ်လျှင်
ကျွန်တော်ရေးမိမှာအမှန်။

ထိုင်းစာ မရေးတတ်တော့  မြန်မာပြည်ကို ရေးရန် “ ကိုမော် ” အား အကြံတောင်းမိသည်။ ရည်းစားတစ်ဦးက
မဟာဗန္ဓုလပန်းခြံလမ်းရှိ၊ လူမှုဖူလုံရေး ရုံးချုပ်၌ အလုပ်လုပ်နေသည်။ သို့ ရာတွင် အင်္ဂလိပ်လို ကျွန်တော်မရေး
တတ်။ “ ကိုမော် ” က လိပ်စာကို ရေးပေးရသည်။ သို့ ရာတွင် ကျွန်တော် လွတ်မည့် ရက်နှင့်  တွက်လျှင် ပြန်စာ
ရနိုင်ရန် မမီတော့ သဖြင့်  မရေးဖြစ်တော့ ပေ။ အိမ်ကိုတော့  မရေးချင်။ အခက်အခဲတွေ့  နေသမျှကာလ
တလျှောက် မဆက်သွယ်တော့ ဟု ဆုံးဖြတ်ထားမိသည်။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

.........................................................................................................................

( ဆက်ရန် )






Sunday, January 16, 2011

ထောင်တွင်း အတွေ့ အကြုံ ( ၁ )

လောကကို အန်တု၊ ယှဉ်ပြိုင်ကြိုးစားမိသောကြောင့်  လောကမှ ခတ်လာသောဒဏ်ကို ခံနိုင်စွမ်းရှိသော
ယောင်္ကျားကို ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။ လောကဓံကို ခါးစည်းခံရင်း
ရည်မှန်းချက်ပန်းတိုင်သို့ မရောက်မခြင်း၊ မပျင်းမရိ မလျှော့ သော ဇွဲလုံးလ ဖြင့် မာန်တင်းကြိုးစားသော၊
လက်ကြောတင်းသော ယောင်္ကျားတို့ ကို အလွန်ပျင်းသောကျွန်တော်က အမြဲလေးစားအားကျမိသလောက်
ကျွန်တော့် လို ပျင်း၍ ဖျင်းပြီး လက်ကြောမတင်းလွန်းသော ယောင်္ကျားတို့ ကိုတော့ မကြည့် ချင်၊ မမြင်ချင်
လောက်အောင်ကို မုန်းတီးလွန်းပါ၏။ ဤဝတ္ထုထဲမှ ကိုထွေးသည် ကျွန်တော်လေးစားမိသော လက်ကြောတင်း
သော သူတစ်ယောက်ဖြစ်ခဲ့ ပါသည်။ သူ့ ကိုအားကျပြီး သူ့ မာန် ကို လေးစားသောကြောင့်  သူ့ အကြောင်းလေး
တွေကို တဆင့် ရေးတင်နေမိရခြင်းဖြစ်ပါတော့ သည်။

.........................................................................................................................


တုန်လှုပ်စိတ်မဟုတ်ပေမဲ့  ဝမ်းနည်းစိတ်ဝင်လာ၏။ နောင်တစိတ်မဟုတ်ပေမယ့်  အိမ်ကိုလွမ်းစိတ်ဝင်လာ၏။
ယ္ခုဆိုလျှင်အဖေတို့ စိတ်ပူနေကြတော့ မည်။ ကျွန်တော်တို့ အဖမ်းခံရသည်ကို ကြားချင်ကြားကြမည်။ စ ထွက်
လာစဉ်ကတဲကခက်ခဲပင်ပန်းခဲ့ ရပြီး၊ ထိုင်းနိုင်ငံသို့ ဝင်လာစမှာပင် ထောင်ကျခဲ့ ပြီ။ အားပျက်စရာကောင်းလှ၏။
သို့ သော်မငြီးတွားဝံ့ ပေ။ ကျွန်တော့် အတွက် သန့် စင် ဒုက္ခရောက်နေသည်ကိုတွေးမိ၍ဖြစ်သည်။

အတွေးများနှင့် ရှေ့ တိုးနောက်ဆုတ်ဖြင့်  သက်ပြင်းအခါခါချနေမိသည်။ ဘာပဲဖြစ်ဖြစ်ရှေ့ ဆက်ရန် ဆုံးဖြတ်ထား
မိပြီ။ တစ်နေ့ မှာ တင့် တောင့် တင့် တယ်ရပ်တည်နိုင်ရမည်ဟုလည်း ဆုံးဖြတ်ထားပြီးဖြစ်နေ၏။ ဤသို့ ဖြင့် 
မပျော်တစ်ဝက်အတွေးများဖြင့်  အိပ်စက်ခဲ့ရပါတော့ သည်။

နောက်တစ်နေ့  နံနက်မှာ၊ အချက်ပေးသံကြောင့်  အိပ်ယာမှထပြီး အလှည့် ကျသန့် ရှင်းရေးအဖွဲ့  သန့် ရှင်းရေး
လုပ်နိုင်ရန်အတွက် နေရာဖယ်ပေးရသည်။ အိပ်ယာစောင်နှင့်  ပစ္စည်းများအားလုံး တစ်ဖက်တွင် စုပုံထားရ၏။
သန့် ရှင်းရေးလုပ်ပြီးချိန်တွင် လူစစ်သည်။ ပြီးလျှင်မျက်နှာသစ်ရန် ထွက်ခဲ့ ကြရသည်။ မျက်နှာသစ်ပြီးလျှင်
ဘုရားဝတ်ပြုရန်၊ အလံတော်နှင့်  ဘုရင်မင်းမြတ်ကို အရိုအသေပြုရန် ထောင်သားအားလုံးကွင်းပြင်သို့  တန်းစီ
ထွက်ခဲ့ ရသည်။

ဘုရားဝတ်ပြု၊ တရားထိုင်၊ အရိုအသေပြုပြီးမှ နံနက်စာစားရန် နှစ်ယောက်တစ်တွဲစီ ထမင်းရုံသို့  တန်းစီဝင်ကြ
ရသည်။ ဘာလုပ်လုပ် စည်းစနစ်ကျရ၏။ မကျလျှင် အရိုက်အနှက်ခံရမည်။ ထောင်ပေကိုး။ ဘောင်၊ စည်း၊ စနစ်
ဆိုတာရှိလို့  ထောင် ဟုခေါ်ကြသည်။ ကိုးဆယ့် ကိုးရာခိုင်နှုန်းမှာ မလုပ်ချင်လည်း လုပ်ရမည့်  သတ်မှတ်ချက်
များဖြစ်နေပါသည်။

ကျွန်တော်တို့ တော့  ထောင်ကျပြီ။
သူ့ နောက်မှ ပါလာသည့်  အလုပ်ကြမ်းက ဘာပါလိမ့် ။
လာပါပြီ။ မနက်စာစားပြီး ငါးမိနစ်နားခွင့် ပေး၏။ ပြီးလျှင်အလုပ်ချိန်ခရာသံပေါ်လာ၍ အုပ်စုလိုက်တန်းစီပြီး
အလုပ်ခွင်ဝင်ရပြီ။ လူသစ်များကိုတော့  အလုပ်ခွင်မပို့ သေး။ ထောင်၏စည်းကမ်းချက်များကို သင်ကြားပေးရန်
နှင့်  ကျန်းမာရေးလေ့ ကျင့် ခန်းများကိုသာလုပ်ခိုင်းသည်။
အထူးသဖြင့်  ထောင်ဝန်ထမ်းနှင့် တွေ့ ပါက၊ ခေါင်းငုံ့ ကာ မလှုပ်မယှက် အရိုအသေပြုရန်၊ ထောင်ဝန်ထမ်း
ကျော်သွားမှ လုပ်စရာရှိတာ ဆက်လုပ်ရန် မှာကြား၏။ ထိုကိစ္စကို အရေးတကြီး ထပ်ခါ ထပ်ခါ မှာကြားသည်။
မလိုက်နာမိလျှင် ကွင်းပြင်ထုပ်၍၊ ကြိမ်တုတ်ဖြင့်  အရိုက်ခံရမည်၊ နေပူထဲတွင် ကိုယ်တုံးလုံးထားမည်ဟု မှာ
ကြားထား၏။

လူသစ်တန်းမှာ နှစ်ရက်ထားပြီးနောက် အလုပ်ခွင်သို့ ပို့ သည်။
ထောင်အလုပ်ကို စ လုပ်ရပြီ။
အုပ်ပြား လုပ်သည့်  အလုပ်ခွင်သို့  ဝင်ရသည်။
ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်စရစ်များကို ရောသမအောင်မွှေရသည်။
ရေဖြင့် ဖျော်ရသည်။ ပြီးလျှင်ပုံစံခွက်ထဲသို့  လောင်းထည့် ကာ အခြောက်ခံရသည်။ ပထမ သုံးလေးဒယ်မှာ
တော့  လုပ်ရသည်ကို မမူ။ ငါးဒယ်ကျော်လာတော့  လက်များကျိန်းစပ်နေသည်။ မဖျော်နိုင်တော့ ၊ သယ်ဖို့ က
လည်း မသယ်နိုင်တော့ ။ ဒါပေမဲ့  နား၍မရ။ တစ်ဒယ်လျှင် အုတ်ပြားငါးပြားလောင်း၍ တစ်နေ့ လျှင်အုပ်ပြား
နှစ်ရာပြီးရမည်ဟု သတ်မှတ်ထားသည်။ သန့် စင်က အားပေးစကားပြော၏။
“ လေ့ ကျင့် တယ်လို့  သဘောထားပေါ့ ၊ ဟိုရောက်ရင် ပန်းရံလုပ်တော့  ဒါမျိုးတွေပဲလုပ်ရမှာ၊ အတွေ့ အကြုံ
ရတာပေါ့  ”
ကျွန်တော် ခေါင်းညိတ်နေရတော့ သည်။ ပင်ပန်းလိုက်ပါဘိ။

အလုပ်လုပ်နေရင်း ထောင်ဘူးဝမှ လော်စပီကာကြီးနှင့် လှမ်းလှမ်းအော်နေသည့် အသံများကို ကြားရသည်။
လူနာမည်နှင့် အဖေနာမည်တွဲ၍ခေါ်နေသည်ဟု သိရ၏။ များသောအားဖြင့်  ထောင်ဝင်စာလာတွေ့ သည့် 
တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာနေ့ များဆိုလျှင် ခေါ်သံများ တမနက်ခင်းလုံးကြားနေရ၏။ ထမင်းစားချိန်ပြီးလျှင်
တော့ မရှိတော့ ။ ရုံးထုပ်မည့်သူများကိုတော့  မနက်စာကြွေးပြီးချိန်မှာပင် ကွင်းပြင်ထဲ စုထားခိုင်းသည်။ သူတို့ 
က ညနေပိုင်းထမင်းစားချိန်မှပင်ရုံးမှ ပြန်ရောက်တတ်၏။

စနေနေ့ မှာ အလုပ်ချိန်နေ့ တစ်ဝက်သာ ဆင်းရသည်။ သတ်မှတ်ထားသည့် အလုပ် မပြီးစီးပါက နားခွင့် မရှိ။
တနင်္ဂနွေနေ့ မှာတော့  နားကြသည်။ မနက်စာ ဆန်ပြုတ်တိုက်ပြီးသည်နှင့်  တီဗွီကြည့် နိုင်သည်။ ကျွန်တော်
ထောင်ထဲရောက်မှပင် ထိုင်းတီဗွီအစီအစဉ်များကို သဘောကျမိသည်။ စနေနေ့ နေ့ လည်တွင် တီဗွီ(၇) မှတိုက်
ရိုက်ဖွင့် ပြသော စတိတ်ရှိုးအစီအစဉ်ကို လူတိုင်းကြည့် ကြသည်။ ကျွန်တော်က သူတို့ ဘာသာစကားကို
နားမလည်ပါ။ သို့ သော် အဆိုတော်ဟန်ပန်ကိုကြည့် ၍ ပရိသတ် လက်ခံ၊ လက်မခံလောက်တော့ နားလည်ပါ
သည်။ “ ထုံချိုင်း ” ဟု ကိုယ်တိုင်ငရုတ်သီးပုံစံ ဝတ်စား၍ ဝီစီလေးမှုတ်ကာ သီချင်းဆိုပုံကို သဘောကျမိသည်။
နာမည်ကျော်လောက်အောင်ပင် သီချင်းဆိုကောင်းသည်ကိုတွေ့ ရသည်။ ထိုစနေနေ့ မျိုးတွင် ကိုယ့်ဖာသာ
အဝတ်လျှော်နိုင်သည်။ ကျားကစားနိုင်သည်။ ဘောလီဘော၊ ခြင်းလုံး ကစားနိုင်သည်။ ညနေလေးနာရီအထိ
အားလတ်ချိန်သတ်မှတ်ပေးသည်။

ထောင်ထဲမှာ အများစုလုပ်ရသည့် အလုပ်မှာ ဘုရားမီးပူဇော်သည့်  အတွဲလိုက် မီးပွင့် ကလေးများ တပ်ဆင်ရ
သည့် အလုပ်ဖြစ်သည်။ ကျွန်တော်တို့ အားနေရာပေးခဲ့ သည့်  မွန်ကြီးနှင့်အတူ လက်နက်မှုဖြင့် ထောင်ကျသော
“ ကိုမော် ” ဆိုသူလည်း မီးပွင့် လေးများတပ်ဆင်ရသည့် အလုပ်လုပ်ရသည်။ လေးယောက်တစ်တွဲ တပ်ဆင်ခိုင်း
ခြင်းဖြစ်သည်။ ကိုယ့် တာဝန်ပြီးလျှင် အခြားတစ်ဖွဲ့ သို့  ကူလုပ်ပေးရသည်။ မြန်မာအများစုမှာ တာဝန်ကျေကြ
သည်။ အချိန်ပိုဘယ်တော့ မှ လုပ်ရသည်မရှိ။ ကိုယ့် အဖွဲ့ ထဲ၌ ရုံးထုပ်မည့် သူပါလျှင် တာဝန်မှုးက တစ်ဦးစာ
လျှော့ ခိုင်းသည်။ အမှုမပြီးသေးပေမဲ့  အလုပ်တော့ လုပ်ရသည်။

ထောင်ထဲမှာ အလုပ်မလုပ်လိုလျှင် ဖျားနာကြောင်းသတင်းပို့ ။ တာဝန်မှုး လာစစ်ဆေးပြီး ခွင့် ပြုမှ နားရသည်။
ဖျားနာသူများ သီးသန့် နားသည့် နေရာ သတ်မှတ်ပေးထား၏။ အာဂန္တု ဖျားနာသူများ သီးသန့်  စုထားသည်။
ဆေးပေးသည်။ ဘယ်မှမသွားရ။ သွားတာတွေ့ လျှင် အရိုက်ခံရသည်။ ထို့ ကြောင့်  တော်တန်ရုံ မည်သူမျှ ဖျား
နာချင်ရောင်မဆောင်။ အလုပ်စုလုပ်ရင်း စကားပြောရသည်က ပို၍ ပျော်ဖို့ ကောင်းသည်။ တစ်ချို့ အလုပ်ကြမ်း
သမားများကျတော့  စိုက်ခင်းများ ရေလောင်းရသည်။ မစင် ကျုံးရသည်။ ထိုသူများမှာ မုဒိန်းမှုသမားများ အများ
စုဖြစ်သည်။

မြန်မာများမှာ ထမင်းရုံ၌ တာဝန်ကျသူများသည်။ ပင်ပန်းပေမဲ့  အနေအစားချောင်သည်။ အိပ်လျှင် အချုပ်
ဆောင်မှာ ရေကို အချိန်မရွေး ချိုးခွင့် ရသည်။ စားရတာ ပြောဘို့ မလို။ ထမင်းချက်လျှင်တော့ ချွေးဒီးဒီးကျသည်။
ဒယ်အိုးကြီးများတွင် ရေနွေးဆူအောင်တည်၍၊ ဆန်ကို အိတ်လိုက်သွန်ချကာ၊ ယောင်းမကြီးများဖြင့်  ထိုးထိုးမွှေ
ရသည်။ ထမင်းနှဲထိုးသကဲ့ သို့  ချက်ရ၏။ ဟင်းချက်လျှင်လည်း အိုးကြီးကြီးများဖြင့်ချက်ရ၏။ သို့ သော် ထမင်းရုံ
ရောက်လျှင် ကံကောင်းသည်ကို အားလုံးလက်ခံသည်။

ထောင်ကျရက်လေးရလာတော့  ကျွန်တော်နှင့် သန့် စင်လည်း ထောင်ပါးဝလာ၏။ အထူးသဖြင့် တန်းစီ၍
ထမင်းရုံသို့  ဝင်ရသည့် အခါ “ မ ” ဂဏန်းကျမည့်  အတန်းကို အလှည့် ကျရွေး၍ ဝင်သည်။ “ မ ” ဖြစ်နေလျှင်
ဟင်းခွက်ကို တစ်ဦးထဲ စားခွင့် ပေး၏။ အခြားအတန်းမှ “ မ ” ဖြစ်နေသူနှင့်  သွားစားစရာမလို။ များသောအား
ဖြင့်  နောက်ဆုံးမှ တန်းစီဝင်သူများမှာ သူများတွေ ဝင်ထိုင်ပြီးချိန်တွင် ဟင်းအိုးနှင့် အနီးဆုံးနေရာတွင် ထိုင်ရ
တတ်သည်။ တစ်ခါတရံ လူများလွန်း၍ တန်းလျားပြည့် နေလျှင် ဟင်းအိုးများဘေးမှာ ထိုင်ရတတ်သည်။

သစ္စာဓိဋ္ဌာန် ဆိုပြီး၍ ထမင်းစားကြသည့် အခါ ဟင်းများပိုနေလျှင် တာဝန်မှုးက ခွင့် ပြုသည်နှင့်  ဟင်းအိုးရှေ့ 
မှာ လာရောက်တန်းစီပြီး ဟင်းထပ်တောင်းနိုင်သည်။ သန့် စင်နှင့်ကျွန်တော် ဟင်းအပိုမရသည့် နေ့ မှာ ခပ်ရှား
ရှားပင်။ တစ်ခါတစ်လေ မွတ်ဆလင်အဖွဲ့ နှင့်ကျလျှင် သူတို့ အတွက်သီးသန့် ချထားသော ဟင်းပင် စားခွင့် ကြုံ
သည်။ ဟင်းညံ့ လျှင်တော့  ကျွန်တော်တို့  နှစ်ဦးလုံး ပုံမှန်တန်းစီ၏။ ဘယ်နေ့  ဘာဟင်းဆိုသည်ကို ထမင်းရုံရှိ
မြန်မာများမှတစ်ဆင့်  သိနေရမြဲ။

ကျွန်တော်တို့ နှစ်ဦး ထောင်ပါးဝတာရှိသေးသည်။
ထောင်အလုပ်ကို မလုပ်ဘဲ ရှောင်ခဲ့ ပုံဖြစ်သည်။ ထောင်မှာ သတ်မှတ်ချက်ရှိသည်။ လွတ်ရက်တစ်ရက်သာလိုတော့ သည့်  အကျဉ်းသားအား ဗုဒ္ဓဘာသာဝင်ဖြစ်ပါက တရားစခန်းဝင်ခွင့် ပြုသည်။
တရားစခန်းဝင်ရန် ကျွန်တော်တို့ အား “ ကိုမော် ” က အကြံပေး၏။ တရားပြသူက “ မွန်ကြီး ” ဖြစ်သည်။ သူက
လက်ထောက်တရားပြသည့်  တာဝန်ကျသည်။ ထိုင်းတစ်ဦးက ရှေ့ မှ တရားစဉ်များ ချပေးသည်။ မွန်ကြီးက
တစ်ဆင့်  လက်တွေ့ ပြ၍ ရှေ့ မှ တိုင်ပေးသည်။

ကျွန်တော်နှင့်သန့် စင် တရားစခန်းသို့  ကျွမ်းပစ်ဝင်ခဲ့ သည်။
မနက်စာ ဆန်ပြုတ်စားပြီးသည်နှင့်  ကိုးနာရီမှာ တရားစခန်းဝင်ရသည်။ အချုပ်ဆောင်( ၁ )၏ နေရာကို တရား
စခန်းအဖြစ်သတ်မှတ်ပေးထားသည်။ ဝိပဿနာတရားကို အားထုပ်ရ၏။ ထိုင်၊ ထ ၊ လျောင်း စသည်ဖြင့် 
အဆင့်ဆင့်သင်ကြားပေးသည်။ ဝင်လေ၊ ထွက်လေ နည်း။ ကြွ ၊လှမ်း၊ ချ ၊ ရွေ့  နည်းများဖြင့်  အားထုပ်ရသည်။
မိမိဘာသာ တစ်ဦးတည်း သီးသန့် ရှု့ မှတ်လိုပါက ရှု့ မှတ်ခွင့် ပြုသည်။ တရားပြသူနှင့်  ပူးတွဲ တရားမှတ်လိုက
လည်း ရှု့ မှတ်နိုင်သည်။ စကားလုံးဝပြောခွင့်မပြု။ အိပ်ခွင့် မပြု။

ဆယ်ရက်လောက်ကြာတော့  ကျွန်တော်ရောသန့် စင်ပါ ကဂျီကဂျောင်ဖြစ်လာတော့ သည်။ အလုပ်မလုပ်ချင်
လို့  တရားစခန်းပြေးဝင်မိတာကိုနောင်တရမိသည်။ တရားထိုင်ရသည်က ပို၍ ပင်ပန်းမှန်းသိလာသည်။ စနေနေ့ 
မှာပင် နေ့ ဝက်တရားအားထုပ်ရသည်။ ကျွန်တော်တို့  မချိမဆန့် ဖြစ်နေသည်ကိုကြားတော့ “ ကိုမော် ” က
ရယ်တော့ သည်။
“ မင်းတို့ က တော်တော်ဇွဲနည်းတဲ့ ကောင်တွေပဲ ”
“ အကိုကလည်း.. မလွယ်ဘူးဗျ၊ အစကတော့  ဟုတ်တုတ်တုတ် ”
“ ဟားဟား .. ဘယ်နှစ်ရက်မှ မကျန်တော့ ပါဘူးကွာ၊ ဆက်နေလိုက်ပါ ”

............................................................................................................................

မှတ်ချက်။ ။ ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။


( ဆက်ရန် )


Wednesday, January 12, 2011

တောမှ အထွက် ထောင်သို့  အဝင် ( ၄ )

ဤဝတ္ထုထဲရှိ အဖြစ်အပျက်များသည် လွန်ခဲ့ သောဆယ်စုနှစ်ကျော်ကျော်က ဖြစ်ခဲ့ သော်လည်း၊ နှစ်တွေဘယ်
လိုပင်ပြောင်းပြောင်း ၊ ယနေ့ အချိန်ထိတိုင်အောင် မပြောင်းလဲနှိုင်သေးသော ကျွန်တော်တို့ အမိနိုင်ငံကြီး၏
ဘဝသရုပ်ကို ထင်ဟပ်နိုင်နေစွမ်းရှိနေတုံးပါပဲဟု ကျွန်တော်ယူဆမိပါသည်။ ကမ္ဘာအရပ်ရပ်သို့  နည်းမျိုးစုံဖြင့် 
ကစဉ့် ကလျားရောက်ရှိ၍ ကိုယ့် လမ်းကိုယ်ထွင်နေကြရသော ညီအကိုမောင်နှမများ.. ဟု ဝတ္ထု စစခြင်းတွင်
ပြောဆိုခဲ့ ဘူးသည့် အတွက်၊ နည်းမျိုးစုံဆိုသည်မှာ ဟိုးအောက်ဆုံးလမ်း ၊ အလယ်လမ်း၊ အပေါ်လမ်း တို့ ဖြင့် 
ဘယ်လိုပဲထွက်ခဲ့ သည်ဖြစ်စေ မိသားစုအသိုင်းအဝိုင်းတွေကိုတော့  စွန့် ခွာလာခဲ့ ရတာခြင်း အတူတူပဲဖြစ်ပါ
လိမ့် မည်။ တစ်ချို့ က အဆင်မပြေခဲ့ ၊ တစ်ချို့ က လမ်းစပျောက်သွားခဲ့ သည်၊ တစ်ချို့ ကပေါ်မလာတော့ ၊တစ်ချို့ 
ကတော့  အခုအချိန်ထိလုံးခြာလည်နေတုံး နေရာမရနိုင်သေးတုံး .. ဆိုတော့  နောင်လဲ သည်ဝတ္ထုလေးက
ကျွန်တော်တို့ အားလုံးနှင့် ကာလကြာရှည်သက်ဆိုင်နေပါအုံးမည်ဟု ထင်မိပါတော့ သည်။

........................................................................................................................


ညနေလေးနာရီကျော်တော့  ကျွန်တော်တို့  မြန်မာအားလုံးကို နာမည်ခေါ်သည်။ ရုံးထုပ်ရန်ဖြစ်သည်။
အားလုံးပေါင်း ခုနှစ်ယောက်။ ငါးယောက်အုပ်စုကို တစ်တွဲ၊ ကျွန်တော်နှင့်သန့် စင် တစ်တွဲ ရုံးထုပ်သည်။
တရားသူကြီးရှေ့ မှောက်ရောက်လျှင် အရိုအသေပေးရမည့်ကိစ္စအား ရှင်းပြသည်။ ဖိနပ်စီးခွင့် မပြု၊ လက်ထိပ်
မဖြုတ်ပေး၊ တန်းစီလျှောက်စေပြီး တရားရုံးအတွင်းခေါ်ဆောင်လာသည်။ ကျွန်တော်တို့ ရောက်ပြီးမကြာမီ
တရားသူကြီးဝင်လာသဖြင့် မတ်တပ်ရပ်၍ အရိုအသေ ပေးရသည်။ ပြီးတော့ မှ ထိုင်ခွင့်ပြုသည်။

ထို့ နောက်ရဲဝန်ထန်းက သူစွဲချက်တင်ထားသည့်  တရားခံ နာမည်များနှင့်  အမှုကိစ္စကို တရားသူကြီးအား
လျှောက်ကြားသည်။ သူလျှောက်ကြားသည့်အထဲ နာမည်ပါသည့်  တရားခံများအား နံဘေးမှ ရဲက လက်ထိပ်
အတွဲလိုက်ကို ကိုင်ပြီး အားလုံးမတ်တပ်ရပ်စေသည်။ တစ်စုံတစ်ယောက် ထ လျှင် အကုန် ထ ရ၏။
ကျွန်တော်နှင့်သန့် စင်က နာမည်မပါသေး။ တရားသူကြီးက တရားခံများကို တစ်ဦးချင်း နာမည်ခေါ်စဉ်
လက်ထိပ်ခတ်ထားသောလက်ကို မြှောက်မြှောက်ပြရသည်။ ဘေးလူလက်ကိုပါ မြှောက်ပြီးသားဖြစ်၏။
ထို့ နောက် အမိန့် ချသည်။ ကျွန်တော်နှင့်သန့် စင်ကိုလည်း ထိုကဲ့ သို့ ပင် အမိန့် ချသည်။ သူတို့  ငါးဦးစလုံးမှာ
ဆယ့်ရှစ်နှစ်အောက်ဟု ပေးထားသဖြင့် ဒဏ်ငွေတစ်ထောင်ချမှတ်၏။ မဆောင်နိုင်ပါက တစ်ရက်လျှင်ဘတ်၄၀
နှုန်းဖြင့်  ထောင်ဒဏ်ကျခံစေရမည်ဟု အမိန့် ချသည်။ ကျွန်တော်တို့  နှစ်ဦးကိုတော့  .......
“ စီစီဝမ် .. ” ဟု အမိန့် ချသည်။
ရက်လေးဆယ် ထောင်ချလိုက်ပြီ။ နေ့ က ( ၂၀ - ၆ - ၁၉၉၂ )။
တရားရုံးအချုပ်ကို ပြန်ရောက်တော့  ကျွန်တော်တို့  စကားမပြောနိုင်တော့ ။
တကယ်ထောင်ကျရမည်ဆိုတော့  ထောင်ဝတ်စုံနှင့်ထောင်သားများကိုကြည့်ပြီး ကြောက်ရွံ့ လာမိတော့ ၏။
ဘယ်သူ့  ဘယ်သူမှ စကားမပြောနိုင်တော့ သလို ကိုယ်စီလည်း အားမပေးနိုင်ကြတော့ ပေ။
မြင်နေရသည့်  ထောင်သားများ၏ အပြုအမှု၊ အပြောအဆို၊ အနေအထိုင်တို့ ကိုကြည့်ပြီး စိတ်မချမ်းမြေ့ ချင်
တော့ ။ သို့ သော် အချိန်တန်လျှင် ထိုထောင်သားများ ရှိရာသို့ ပင် သွားရတော့ မည်။

ထောင်ဘူးဝရောက်သည်နှင့် အစစ်ဆေးခံရန် တန်းစီရပြီ။
လက်ကို နောက်ပစ်ပြီး ခေါင်းငုံ့ ကာ တစ်ဦးချင်းစီဝင်ရ၏။ ထို့ နောက် ရှေ့ နောက်ဆောင့်ကြောင့် ထိုင်ပြီး ကိုယ့်
ပစ္စည်းကို ကိုယ့်ရှေ့ မှာ ချထားရ၏။ စစ်ဆေးပြီးတော့  အဝတ်အစားများကို ယူခွင့်ပြုသည်။ ငွေသားပါလျှင်
အပ်ထားရပြီး၊ သုံးစွဲလိုလျှင် တာဝန်ကျဝန်ထမ်းအား အကြောင်းကြားခွင့် ပေးသည်။ သူကတဆင့် သုံးစွဲဝယ်ယူ
လိုသည့် ပစ္စည်းကို ပေးလိမ့် မည်။ ကိုယ့်ကိုပေးသည့် နံပါတ်စဉ်အား မှတ်ထားရ၏။ ကျွန်တော့် နံပါတ်မှာ
တိုက်ဆိုင်စွာပင် “ စီစစ် ” ( လေးဆယ် ) ဖြစ်နေ၏။ ထောင်ဝတ်စုံ မပေး။ ပါလာသော အင်္ကျီကိုပင်
ဝတ်ရသည်။ ဘောင်းဘီရှည်ဖြစ်လျှင် အတိုဖြစ်အောင် ဖြတ်ဝတ်ရ၏။

ထောင်စည်းကမ်းများကို ပြောပြပြီးသည့် အခါ ထမင်းစားရုံသို့ ခေါ်ဆောင်သွားသည်။ ဇွန်းတစ်ချောင်းစီပေး၏။
သို့ သော်ဇွန်းအား ဟင်းခတ်ရာတွင်သုံးရန်အတွက်သာဖြစ်သည်။ လက်ဆေး၍စားရမည်ဟု သန့် စင်ကရှင်းပြ
သည်။ ထမင်းစားရုံက အတော်ကြီးမား၏။ ခုံတန်းလျားများကို မျက်နှာချင်းဆိုင်ထိုင်ပါက ဆယ်ဦးစီထိုင်နိုင်မည်။
တတန်းလျှင်သုံးခုံစီပါရှိပြီး စုစုပေါင်းလူနှစ်ထောင်နီးပါး စားနိုင်သည့် ရုံကြီးဖြစ်သည်။ နှစ်ယောက်တစ်တွဲ ဝင်
ထိုင်ရ၏။ ဟင်းခွက်ကိုလည်း နှစ်ယောက်တစ်ခွက်ချပေးထား၏။ ထမင်းမကျွေးခင် သစ္စာအဓိဋ္ဌာန်ဆိုရသည်။
ပြီးမှစားခွင့်ပြု၏။

“ ထမင်းစားနေတုံး စကားပြောခွင့် မပြုဘူး ကိုထွေး၊ ထမင်းလိုချင်ရင် လက်ထောင်လိုက် ”
ထမင်းကတော့  လိုချင်ဖွယ်မရှိပါ။ ဆန်နီကြမ်းဖြစ်၍ နှစ်လုပ်မျှ ဝါးပြီးသည်နှင့် မျိုချလိုစိတ်မရှိတော့ ။ ထောင်
ထမင်းပေကိုး။ ဟင်းက အသီးအရွက်ပြုပ်ထဲမှာ ဝက်နံရိုးအနည်းငယ်ထည့် ထားသည်။ ဟင်းလိုက်ပွဲမရ။ စားပြီး
လျှင်ပန်းကန်ထားခဲ့ ၊ အပြင်မှာ လက်ဆေးပြီးမှ ရေသောက်၊ ပြီးမှ ကျန်အဖော်များကို စောင့် ရသည်။ ထောင်
ဝန်ထန်းက အုပ်စုခွဲကာ ကိုယ်သွားရမည့် အခန်းနံပါတ်နှင့်  ကိုယ့် နံပါတ်ကို ရွတ်ဆိုပြသည်။ သန့် စင်က
“ မိုင်လေးဟမ်း ” ကို “ အချုပ်ဆောင်ငါး ” ဟု ဘာသာပြန်ပေးသည်။ ကျွန်တော်တို့ မြန်မာ ခုနှစ်ယောက်စလုံး
အချုပ်ဆောင်ငါးမှာအတူကျသည်။

“ ပုံစံ .... ”
ဟူသော မြန်မာလို ခေါ်လိုက်သည့်  အသံကြီးကို ကြားရသဖြင့်  အချုပ်ဆောင်အဝမှာပင် ကျွန်တော်တို့ တုန်လှုပ်
ကာ ဆောင့်ကြောင့်ထိုင်လိုက်မိကြပါသည်။
“ ဝါး...” ခနဲ ရယ်သံကြီး ထွက်လာတော့ သည်။ မြန်မာတစ်ဦးက လှန်း စ လိုက်ခြင်းဖြစ်သည်။ ရယ်သံများဖြင့် 
ဝိုင်းကြည့် နေတော့ မှ သဘောပေါက်ကာ သက်ပြင်းချဖြစ်သည်။ တော်တော်နောက်တဲ့  လူတွေပဲ။ ခဏနေ
တော့  အသက်ကြီးကြီးမွန်ကြီးတစ်ယောက်လာခေါ်ကာ၊ တန်းစီး ထံတွင် နာမည်တွေပေးကြ၏။ ကျခံရသည့် 
ထောင်ကျ ကာလကို ပြောပြရသည်။ တန်းစီးက အိပ်ရမည့် နေရာနှင့်  သန့် ရှင်းရေးလုပ်ရမည့် နေ့ တို့ ကိုပြော
ပြသည်။ သန့် ရှင်းရေးက ဘာမှမဟုတ်။ တာဝန်ကျသည့်နေ့ တွင် အချုပ်ဆောင်ကြမ်းပြင်ကို ရေပတ်တိုက်၊
အိမ်သာခန်းကို သန့် ရှင်းရေးလုပ်၊ အမှိုက်ပုံးကို အပေါက်ဝ ချပေးရုံသာ။ အားလုံး နေ့ အလိုက် တာဝန်ပေးထား
သည်ဟုရှင်းပြသည်။

ကျွန်တော်နှင့်  သန့် စင်ကို မွန်ကြီးကခေါ်ထားပြီး၊ သူတို့ နားမှာပင်နေရာပေး၏။ အချုပ်ဆောင်ဖွဲ့ စည်းပုံမှာ
ရှင်းပါသည်။ ပေငါးဆယ်၊ ပေသုံးဆယ် ဟောအဆောင်ကြီးဖြစ်ပြီး ဝင်ပေါက်မှာ၊ အထူးအချုပ်ခန်းနှစ်ခုနှင့် ၊
အိမ်သာ တွဲထားသည်။ သံမံတလင်းခင်းထားသည်။ မီးချောင်းနှစ်ချောင်းထွန်းပေးသည်။ ဖိနပ်များကို အောက်
ထပ်မှာပဲ ချွတ်ထားခဲ့ ရသည်။ ကျွန်တော်တို့ အဆောင်အောက်၌ အချုပ်ဆောင်နံပါတ် ၄ ရှိသည်။

ကျွန်တော်နှင့်သန့် စင်အား ထောင်ကျကာလနည်းသူများဖြစ်၍ အလယ်တန်းမှာပင်အိပ်ရန်နေရာပေးသည်။
စုစုပေါင်းလူတစ်ရာ့ ငါးဆယ်နီးပါးရှိ၍ ဘေးချင်းကပ် တစ်တန်းလျှင် လူလေးဆယ်ခန့်  အိပ်ရသည်။ တစ်တန်း
နှင့် တစ်တန်းခြေကန်၍အိပ်ရပြီး၊ ကျွန်တော်တို့ က ထိုခြေကန်ထားသည့်  အလယ်တန်း ( လူသွားရန်လမ်း) ၌
အိပ်ရ၏။ နှစ်ကြီးသမားများ မဟုတ်၍ ဖြစ်သည်။
“ ငါ့ ညီတို့  ဘယ်မှာဖမ်းတာလဲ ”
အသက်သုံးဆယ့် ငါးနှစ်ရှိ အကိုကြီးတစ်ဦးက နှုတ်ဆက်မေးခွန်းထုပ်လာ၏။
“ ဝမ်းဖိုးဂိတ်မှာ ဖမ်းတာအကို ”
“ ဘယ်နှစ်ရက်ကျလဲ ”
“ ရက်လေးဆယ် ”
“ သြော် .. မင်းတို့ အသက်လျှော့ မပြောမိဘူးနဲ့ တူတယ် ”
“ ဟုတ်တယ်အကို.. အမှန်အတိုင်းပြောလိုက်တယ် ”
“ ရော့  ..... ဆေးလိပ်သောက် ”
ကျွန်တော့်ကိုယ်စား သန့် စင်က ဆေးထုပ်ကို ဝင်ယူ၏။ သူတို့  ဆေးလိပ်က“ ပွတ်ချွန်း ” ဟုခေါ်သည့်  ကိုယ့် 
ဖာသာလိပ်၍ သောက်ရသော ဆေးလိပ်ဖြစ်သည်။ ဆေးသားကသတ်သတ်၊ စက္ကူကသတ်သတ်ကို ရောစပ်
သောက်ရသည်။
“ ညီလေးတို့ က ဘယ်သွားကြမှာလဲ ”
“ ဘန်ကောက်ထဲ ဝင်မလို့ ၊ သူက ကျွန်တော့် ညီ ဝမ်းကွဲ သန့် စင်၊ ကျွန်တော့် နာမည် ကိုထွေးပါ။ အစ်ကိုဒီကို
ရောက်တာ ကြာပြီလား ”
“ တစ်နှစ်ခွဲလောက်ရှိပြီ ”
သူက ခြေကျင်းကို အသာဆွဲလှည့် ရင်းဖြေ၏။ သန့် စင်က ဘာအမှုလည်းဟုမေးသည်။ သူက လက်ညှိုးလေး
ကွေးပြသည်။ လက်နက်မှုပေါ့ ။ ထိုင်းမှာ လက်နက်မှုသည် တရားမမှု အကြီးစားထဲ၌ ပါဝင်သည်။

ကျွန်တော်တို့ စကားကောင်းနေစဉ် ဘာရာတစ်ဦး၏ အသံကြားရလိုက်ရသည်။ သန့် စင်က ဘုရားရှိခိုးမည်ဟု
ရှင်းပြ၏။ အားလုံးသံတိုင်များဖက်လှည့် ကာ ဆောင့် ကြောင့် ထိုင်၍ လက်အုပ်ချီကြသည်။ ထို့ နောက် ရှေ့ လူက
ဘုရားစာတိုင်ပေးသည်ကို လိုက်ဆိုကြရ၏။ ဗုဒ္ဓဘာသာဘုရားဝတ်ပြုခြင်းဖြစ်ပြီး အသံထွက်များကတော့  မြန်မာ
နှင့်ကွဲပြားသည်။ ဝတ်ပြုပြီးတော့  တရားထိုင်ရ၏။ ထို့ နောက်နိုင်ငံတော်သီချင်းနှင့်  ဘုရင်မင်းမြတ်ကို ချီးကြူး
ပူဆော်သည့် သီချင်းတို့ ကို ရွတ်ဆိုကြရ၏။ ပြီးတော့ မှ ကိုယ့်နေရကိုယ်ပြန်နေရသည်။ ခဏအကြာတွင် ထောင်
ပိုင်ကြီးနှင့်  ထောင်ဝန်ထမ်းများလူစစ်သည်။ လူစစ်သည့် အခါတန်းစီထားရပြီး အစဉ်လိုက်နံပါတ်များအော်ရ၏။
မြန်မာများကို နံပါတ်မအော်တတ်သူများအတွက် သီးသန့် ခွဲထားပြီး၊ အော်တတ်သည့်သူက အားလုံးကိုယ်စား
အစဉ်လိုက်ရှေ့ မှ လက်ညှိုးထိုးပြကာ၊ အော်ပေးသွားသည်။

ပြီးလျှင်အိပ်လို့ ရပြီ။
မအိပ်ချင်လျှင် စကားမပြောရ၊ စာရေးချင်လျှင်ရေး၊ အသံမထွက်ရ။ ကျားကွက်ရွှေ့  နိုင်သည်။ အပေါ့ အပါးသွား
လိုလျှင် အလှည့် ကျ အချုပ်စောင့်အား လက်ညှိုးထောင်ပြ၍ သွားရသည်။ နှစ်ကြီးသမားများက ညစဉ် အချုပ်
စောင့် တာဝန်ကို အလှည့် ကျ ခွဲဝေယူထားကြသည်။

မှတ်ချက် ။ ။ ဆရာမန်( တောင်လုံးပြန် ) ၏ ဝတ္ထုဖြစ်ပါသည်။

...........................................................................................................................

( ဆက်ရန် )

Sunday, January 9, 2011

တောမှ အထွက် ထောင်သို့  အဝင် ( ၃ )

ကမ္ဘာပေါ်မှာ ရှိရှိသမျှသော သယံဇာတ တွင်းထွက်ပစ္စည်းတို့  အလကားနေရင်းထွက်နေသည့် ကြားကဆင်းရဲ
တွင်းနက်သည်ထက်နက်သွားပြီး အရှေ့ တောင်အာရှမှာပင် ဖွံ့ ဖြိုးမှုအနိမ့် ဆုံးတိုင်းပြည်ဖြစ်ခဲ့ ရသည့်  မြန်မာ
ပြည်မှ လူငယ်များအတွက် သည်ဝတ္ထုလေးကို တင်မိနေပါသည်။ သည်ဝတ္ထုလေးကို အပိုင်း(၃) ဟု အခုမှ တပ်
ဖြစ်တော့ သည်။ ဘာဖြစ်လို့ ဆို ကျွန်တော်ရိုက်ရင်းဖတ်၊ ဖတ်ရင်းရိုက်နှင့် ရှည်နေသည့်  ဝတ္ထုကို အပိုင်းလေး
တွေ ဖြတ်ထုပ်နေရင်းက တဖြည်းဖြည်းစဉ်းစားလာမိ၍ ဖြစ်ပါသည်။ ဝင်ဖတ်မိသော ဝါသနာတူ စာဖတ်သူများ၏
ရှားပါးလှသော အချိန်တို့ ကိုလည်း စာနာ မိပါသောကြောင့်  တတ်နိုင်သမျှ ခပ်တိုတိုလေးများနှင့်  ခပ်စိတ်စိတ်
တင်ဖြစ်အောင်ကြိုးစားပါမည်.. ဟု ။



ဝမ်းဖိုးဂိတ်။

ရှေ့ မှကားများကိုစစ်ဆေးပြီး၊ တစ်စီးပြီး တစ်စီး ရှေ့ သို့ တိုးသွားရသည်။ ကျွန်တော်တို့ စီးလာသည့်  ကား
အလှည့် ကိုရောက်လာခဲ့ ၏။ ကားစပယ်ယာက တံခါးဖွင့် ပေးသဖြင့် ရဲတစ်ဦးကားပေါ်တက်လာသည်ကို တွေ့ 
ရသည်။ ကျွန်တော်ထိုင်နေသည်က အလယ်ပိုင်းဆိုတော့  ရှေ့ မှခရီးသည်များအားမှတ်ပုံတင်တောင်းယူစစ်ဆေး
နေသည်ကိုလှန်းမြင်နေရသည်။ သွားပြီဟုတွေးမိပေမယ့်  ဟန်မပျက်ဆက်ထိုင်ရင်း အပြင်သို့ ငေးကြည့် နေ
လိုက်သည်။ ကျွန်တော့်ဆီ ရောက်လာသဖြင့်ရဲက မေးလာပြီ။ ကျွန်တော်က ခေါင်းခါတော့ “ ခွန်ဗမာ ” ဟု သူက
ထပ်မေးသည်။ ကျွန်တော်ခေါင်းညိတ်လိုက်တော့  သူက သူနှင့်လိုက်ခဲ့ ရန် ခေါ်သဖြင့် ကျွန်တော်ထိုင်ခုံမှ ထ
လာခဲ့ ရတော့ သည်။ ကားပေါ်မှ ခရီးသည်များ ကျွန်တော့် ကို ဝိုင်းကြည့်နေကြသည်။

ရဲက သန့် စင်ဆီ ဆက်မသွားတော့ ။ ကျွန်တော့် အားတစ်ယောက်ထဲလားဟု လက်ညှိုးထောင်၍ မေးနေစဉ်
သန့် စင်ပါ ကားပေါ်က ဆင်းလာတော့ သည်။ ရဲက သန့် စင်ကိုအံ့ သြ စွာကြည့် နေသည်။ သန့် စင်က ထိုင်း
စကားဖြင့်  ဝင်ရှင်းပြသည်။
“ သူ ကျွန်တော့်အကိုပါ၊ ကျွန်တော်ခေါ်လို့ လိုက်လာတာ ” ဟု။
ရဲက ခေါင်းညိတ်ပြီးအရာရှိထံ ခေါ်သွားသည်။ ထို့ နောက်ကျွန်တော်တို့ နှစ်ဦးအား ရဲအရာရှိက စစ်ချက်ယူပါ
တော့ သည်။ ကျွန်တော်တို့ နှစ်ယောက်အကြောင်းကို သန့် စင်ကပင် ဒိုင်ခံစစ်ချက်ပေး၍ တစ်ခဏအတွင်းမှာ
ပင် စာရွက်နှစ်ရွက်၌ လက်ဗွေနှိပ်လိုက်တော့ သည်။ လက်ဗွေနှိပ်ပြီးသည်နှင့်နားနားနေနေ နေခွင့် ပြုသည်။
စခန်းအတွင်းမှာ ထမင်းကြွေးပြီး သန့် ရှင်းရေး လုပ်ခိုင်းသည်။
အချုပ်ခန်းရှိပေမယ့်  ကျွန်တော်တို့ ကို အပြင်မှာပဲထားပြီး လက်တိုလက်တောင်း ခိုင်းကြသည်။တကယ်အဖမ်း
ခံရပြီဆိုပေမယ့်  စိတ်က ကြောက်စိတ်မရှိလှ။ စိတ်သက်သာအောင်နေဖို့ သာ တွေးနေဖြစ်တော့ သည်။
“ အရင်က ကြုံဘူးလားသန့် စင် ”
“ ဟင့်အင်း၊ ဒါပထမဆုံးပဲ ”
“ ဘာလို့ ဆင်းလာတာလဲကွာ ၊ ငါ့ ဘာသာခံမှာပေါ့ ၊ အဓိပ္ပာယ်မရှိဘူး ”
ကျွန်တော့်ကို သန့် စင်က ပြုံးပြီးကြည့် နေသည်။ ညီအကိုဆိုသည့် သွေးမဟုတ်လား။ ကျွန်တော်တစ်ယောက်
ထဲဆိုလျှင် တစ်ခွန်းမှ မပြောတတ်မဆိုတတ်သဖြင့် ရိုက်နှက်ခံရကောင်း ခံရနိုင်သည်။ သန့် စင်ကို ကျေးဇူးတင်
မိသလို ကိုယ့်ကိုယ်ကိုလည်း ရှက်နေမိပါသည်။

ညနေလေးနာရီခွဲတော့  ရဲစခန်းသို့ ရောက်လာခဲ့ ကြသည်။
စခန်းနားရောက်ခါနီးမှ လက်ထိပ်ခတ်သည်။ ရဲစခန်းမှာ လက်ဗွေထပ်နှိပ်ရသည်။ ရှာဖွေခံရသည်။
ဓါတ်ပုံရိုက်သည်။ ပြီးမှ အချုပ်တွင်းသို့  ဝင်ခဲ့ ရ၏။

အချုပ်ထဲရောက်တော့  အားငယ်စိတ် စ ဝင်လာတော့ သည်။
အချုပ်ထဲမှာ မူဆလင်လူကြီးတစ်ဦးနှင့်  ထိုင်းအချုပ်သားတစ်ဦးသာရှိ၏။ အမျိုးသမီးတစ်ဦးနှင့် ပတ်သက်၍
အဖမ်းခံရခြင်းဖြစ်ကြောင်း၊ ထိုင်းလူငယ်မှာ သူ၏ ဒရိုင်ဘာဖြစ်ကြောင်း၊ သူ့ အမှုမှာ မကြာခင်လွတ်မည်ဖြစ်
ကြောင်း၊ ကျွန်တော်တို့ အမှုမှာ ဘာမှမပြောပလောက်ကြောင်း၊ အလွန်ဆုံးရက်လေးဆယ်သာ ထောင်ကျနိုင်
ကြောင်း ၊ အားမငယ်စေလိုကြောင်း ပြောပြသည်။ သူ ဒီနိုင်ငံမှာနေတာ ဆယ်နှစ်ကျော်နေပြီမို့  သူပြောတာ
တွေကို နားထောင်ရင်း ဗဟုသုတများတိုးလာခဲ့ သည်။

သန့် စင်က ဘာမှ အပူအပင်မရှိ။ အချုပ်ခန်းတံခါးဝမှာ တီဗွီ သွားထိုင်ကြည့် နေသည်။ ဆေးလိပ်ပင် ဖွာနေ
လိုက်သည်။ တာဝန်ကျရဲအား Channel ( 7 ) ပြောင်းပေးရန်ပင် တောင်းဆိုလိုက်သေးသည်။ ရဲက Channel(7)
သို့  ပြောင်းပေး၏။ ဆေးလိပ်ကိုတော့  အထဲမှာဝင်သောက်ရန် လှန်းပြောသည်။ အရာရှိတွေ့ သွားလျှင် သူ
တာဝန်မကင်းဖြစ်မည် တဲ့ ။

ညနေရောက်တော့  ထမင်းလာပို့ သည်။ မူဆလင်ကြီးက သူ့ အိမ်မှ လာပို့ သော ထမင်းဟင်းများလည်း ခွဲပေး
သည်၊ အချုပ်မှ ပေးသောထမင်းကိုလည်း ကျွန်တော်တို့ ကိုကျွေးသည်။ ဆေးလိပ်လဲ ကြိုက်သလောက်သောက်
ခွင့် ပြု၏။ သူတို့  အချုပ်ကျနေသည့်  ၂လတာ ကာလအတွင်း ထပ်မံရောက်ရှိလာသည့်  အချုပ်သားမှာ
ကျွန်တော်တို့  နှစ်ဦးသာရှိသည်ဟုပြောသည်။ ထိုအခါမှပင်ကံဆိုးမှုကို တွေးမိတော့ ၏။ လွန်ခဲ့ သော ၂လမှစ၍
ယနေ့ အထိ ဝမ်းဖိုးဂိတ်တွင်အဖမ်းခံရသောမြန်မာဟူ၍ ကျွန်တော်တို့  နှစ်ဦးသာရှိနေသည်ကိုး။

စားသောက်ပြီးချိန်တွင် ညအိပ်ချိန်အထိ သူ့ အကြောင်းကိုယ့် အကြောင်းပြောဖြစ်ကြသည်။ အထူးသဖြင့်သန့် စင်
ပြောသည့်  ဘန်ကောက်မြို့ ကြီးအကြောင်းကို မူဆလင်ကြီးကပါ စိတ်ဝင်တစားနားထောင်၏။ သူလည်း
ဘန်ကောက်မြို့ ကို မကျွမ်းကျင်ကြောင်းဝန်ခံသည်။ ကျွန်တော့် အတွေးထဲတွင်တော့  သန့် စင်ပြောဘူးသည့် 
လုပ်အားခကိုသာ တွက်ချက်နေဖြစ်သည်။

ငွေကိုတော့  အိမ်မက်များပင် မက်လိုက်သေး၏။
ကားနီနီလေးပေါ်မှာ ရည်းစားလေးကိုတင်ပြီး ချစ်စကားတွေပြောကြသည်။
ကျွန်တော်၏ ကြွယ်ဝမှုကို အားလုံးဝမ်းပန်းတသာဂုဏ်ပြုကြသည်။ မိဘမောင်နှမများအကြား မော်ကြွားနိုင်
သည်။ အစုံစုံသော အိမ်မက်များမှ လန့် နိုးလာမှပင်တွေဝေသွားတော့ ၏။ အချုပ်ထဲရောက်နေပါလား။
ထောင်ထဲ ရောက်ရအုံးမှာပါလား။ နယ်စပ်ပြန်ပို့ ခံရအုံးမှာပါလားဟု။ သည်လိုဆိုလျှင်စိတ်ကူးတွေ၊ အိမ်မက်တွေ
ပျက်တော့ မှာပေါ့  .. ဟင့် အင်းမပျက်စေရပါ။ သေရင်သေပါစေ။ ဘယ်တော့ မှ နောက်မဆုတ်။ သန့် စင်တို့ 
ပြောပုံအရဆိုလျှင် နယ်စပ်ပို့ လည်း ပြန်ဝင်လို့ ရသည်တဲ့ ။ ယောက်ကျားပဲ ရအောင်ဝင်ရမှာပေါ့ ။

အတွေးများဖြင့် ရှုပ်ထွေးရင်း မိုးလင်းခဲ့ ပါသည်။ အားငယ်စိတ်ကတော့  ဖိစီးနေဆဲပါ။ ဘေးနှစ်ဖက်ကို အကဲခတ်
ကြည့် တော့  အားလုံးအိမ်မောကျနေဆဲ။ အချုပ်ခန်းဆိုသည်မှာလည်း တိတ်ဆိတ်ခြင်း၊ အေးစက်မှောင်မဲခြင်း၊
အထီးကျန်စေခြင်းများ ပြည့် နှက်နေသဖြင့်  စိတ်အားငယ်မိပြန်သည်။ အိပ်ပျော်နေလျှင် အကောင်းသားဟု
တွေးမိပြီး ပြန်အိပ်ရန်ကြိုးစားပေမယ့်  မအောင်မြင်တော့ ပါ။

“ အစင်၊ အထွေး၊.... အော့ မာ ”
အချုပ်ခန်းဝမှ ရဲတစ်ဦးကလှန်းခေါ်သည်။ သန့် စင်က ရေချိုးနေရင်း ကျွန်တော့် ကို အပြင်က ခေါ်နေကြောင်းလှန်းအော်သည်။ ကျွန်တော်ထွက်သွားပြီး သန့် စင်လည်းရေစိုလျှက်ပင်ထွက်လာခဲ့ ၏။ ရဲက
သန့် စင်နှင့် စကားပြောကြပြီး လက်ထိပ်ခတ်ရန်ပြင်၍ ကျွန်တော်ပါအတူ လက်ထိပ်အခတ်ခံရန် လက်ကမ်း
ပေးလိုက်၏။

ရဲက ကျွန်တော့် အားကြည့် ၍ “ အထွေး ” ဟုခေါ်သဖြင့်  သန့် စင်က ခေါင်းဝင်ညိတ်ပြသည်။ သူတို့ တိုင်းပြည်မှာ
နာမည်ရှေ့ ၌ “ အ ” တပ်ခေါ်ကြသည်။ မောင်ဖြူဆိုလျှင် “ အဖြူ ”၊မောင်နီ ဆိုလျှင် “ အနီ ” ဟု “ အ ” သံကို
ခပ်ဆွဲဆွဲလေး လုပ်ပြီးခေါ်ကြသည်။

“ ဘယ်သွားရမှာလဲ သန့် စင် ”
“ တရားရုံး သွားရမယ်၊ ဟိုမှာ အမိန့် ချမှာ ”
လက်ထိပ်ခတ်ပြီးတော့  ရဲက အချုပ်ခန်းတံခါးဖွင့် ပေးပြီး ထွက်ခဲ့ ရန်ပြောသည်။
ထို့ နောက်ကားပေါ်တင်ပြီး တရားရုံးသို့ မောင်းလာခဲ့ သည်။ တရားရုံးရောက်တော့  အချုပ်ခန်းဝတွင် နာမည်
စာရင်းပေးကာ ကျွန်တော်တို့ ကို အချုပ်ထဲ သွင်းထားလိုက်သည်။

တရားရုံးအချုပ်ဆိုတော့  သားသားနားနားရှိလှ၏။ ရေလောင်းအိမ်သာ နှစ်ခုပါပြီး၊ အလင်းရောင်လဲ လုံလောက်
သည်။ အခင်းကိုကြမ်းခင်းထားသည်။ ကျွန်တော်တို့ ရောက်ပြီး သိပ်မကြာခင်မှာပင် ခြေကျင်းဝတ်များ၊ ထောင်
ဝတ်စုံများဖြင့်  ထောင်မှလာသော အကျဉ်းသားများရောက်လာကြသည်။ ကိုယ့် လို အဖမ်းခံရသူတွေတွေ့ ထား
မှ ကိုယ်လိုပါလားဟု တစ်နည်းစိတ်သက်သာသွားသည်။ မှန်တာပြောရလျှင် ပျော်သလိုပင်ဖြစ်သွားသေးသည်။
တစ်ဦးနှင့် တစ်ဦး ဖြစ်စဉ်များကို ပြောကြသည်။ မွန်ကြီးတစ်ဦးက မေးလာသည်။
“ အသက်က အရေးကြီးတယ်၊ နင်တို့ အသက် ဘယ်လောက်ပြောထားလဲ ”
“ နှစ်ဆယ်စီ ”
“ ဘာလို့  နှစ်ဆယ်ပြောရတာလဲ ”
သူက ကျွန်တော်တို့  အမှန်အတိုင်းပြောခဲ့ သည်ကို အပစ်တင်သည်။
“ ဘာဖြစ်လို့ လဲ ”
“ ဆယ့် ရှစ်နှစ်အောက်ဆို အပစ်ပေါ့ တယ် ”
မတတ်နိုင်တော့ ပါ။ အမှုတွဲမှာ နှစ်ယောက်စလုံး အသက်နှစ်ဆယ်ဟု ပေးထားခဲ့ ပြီးပြီ။ ကြိုသိခဲ့ ရရင်တော့ 
လျှော့ ပြောမှာပေါ့ ။
“ ထောင်ကလွှတ်ရင်၊ တစ်ခါတည်းလွှတ်ပေးသလား ”
“ မဟုတ်ဘူး၊ ရဲစခန်းကို ပို့ တယ်၊ ပြီးမှ နယ်စပ်ပို့ တဲ့  အချုပ်ကိုပို့ ၊ အဲ့ ဒီကမှ တစ်ဆင့် နယ်စပ်ကို ပို့ ပေးတာ၊
ကားခတော့  ပေးရတယ် ”
“ ကားခမရှိရင်ရော ”
“ မပို့ ပေးဘူး ”
တော်တော်စိတ်မောသွားသည်။ သန့် စင်လည်း ရွှင်ပြပြ မရှိတော့ ။ ငေးငိုင်ပြီ။ လက်ထဲမှာ ဘတ်သုံးရာကျော်
တော့ ရှိသေးသည်။ ထိုငွေက မကြာခင်ကုန်သွားမှာကို ငြင်းစရာမလို။ ထောင်ထဲရောက်လျှင် ဈေးဝယ်စားနိုင်
သည်ကိုကြားခဲ့ ပြီးပြီကိုး။ မွန်ကြီးက ကျွန်တော်တို့ ကို အားပေးသည်။
“ ဘာဖြစ်သလဲလေ၊ အချုပ်ထဲရောက်တော့  အလုပ်လုပ်လိုက်ပေါ့ ၊ ပိုက်ဆံရမှာပေါ့  ”
ကျွန်တော်ခေါင်းညိတ်ရုံမှတပါး ဘာမှ မပြောမိတော့ ပါ ။

မှတ်ချက် ။ ။ ဆရာမန် ( တောင်လုံးပြန် ) ၏။ ဝတ္ထု ဖြစ်ပါသည်။

......................................................................................................................

( ဆက်ရန် )

Wednesday, January 5, 2011

မသင်္ကာ နှင့်  မသာ

ဤဝတ္ထုလေးသည် ကျဆင်းနေသော ကိုယ့် စိတ်သဏ္ဌန်တို့ ကို ပြန်လည်ဆွဲတင်ပေးနိုင်သည်ဟု ကျွန်တော်
ခံစားမိသည်။ ဘယ်နေရာသွားသွား၊ ဘာတွေပဲလုပ်လုပ် လေပြီးလွမ်းနေတတ်သည့်  စိတ်တို့ ကို တည့် ပေးနိုင်
ခဲ့ သည်ဟု ထင်သောကြောင့်လည်း တက်တက်ကြွကြွနှင့် ပင် သည်ဝတ္ထုလေးကို ဆက်လက်တင်ပေးနေမိပါ
တော့ သည်။


..........................................................................................


“ အသက် ”
“ နှစ်ဆယ် ”
“ အမည် ”
“ မောင်ထွေး ”
“ အုပ်စု ”
“ ဦးတင်အေး ”
ကျွန်တော့် အဖြေဆုံးတော့  ကရင်ဗိုလ်က ကျွန်တော့် ကို စိုက်ကြည့် သည်။
“ ကျောင်းသားလားညီလေး ”
“ မဟုတ္ဘူးခင္မ်၊ အလုပ္သြားလုပ္မလို ့ ”
သူခေါင်းညိတ်ပြတော့  အပြင်သို့  ထွက်လာဖြစ်သည်။ စခန်းအဝင်မှာစီစစ်ခြင်းပင်။ ကျွန်တော်တို့ ခဲအုပ်စု
ခေါင်းဆောင်မှာ ဦးတင်အေးဖြစ်၍၊ အုပ်စုအမေးတွင် ဦးတင်အေး ဟု ဖြေရခြင်းဖြစ်သည်။ ဘုရားရှေ့  မှာသာ
ရှိခိုးပြီးလိမ်ချင်လိမ်ရဲမည်။ ကရင်စခန်းမှာတော့  မလိမ်ဝံ့ ။ သူပုန် ဆိုသောစကားတောင်မဟရဟု တစ်ဖွဲ့  လုံးက
သတိပေးထားသည်။ ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။ ဂုဏ်တော်တစ်ခုလို ရွတ်ဖတ်လာရသည်က
“ ကော်သူလေး ” ဟူသောအခေါ်အဝေါ်။ ကရင်ဘာသာဖြင့်  မျိုးချစ်ရဲဘော်ဟု ပြော၏။ ဘယ်လိုပဲ အဓိပ္ပာယ်
ထွက်ထွက် သည်နယ်တစ်ဝိုက်မှာတော့  “ ကော်သူလေး ”ဟု သူတို့ ကို ခေါ်ရသည်။

ထားပါတော့  ကော်သူပဲလေးလေး၊ ကော်သူပဲပေါ့ ပေါ့  ကျွန်တော့် အတွက်က ဘာလုပ်လုပ် သူတို့ မသင်္ကာ
မဖြစ်အောင်နေဖို့ လိုသည်။ မသင်္ကာနှင့် မသာသည် ဤနယ်တွင် နီးကပ်နေ၏။ စစ်ဆေးသည်ဆိုရုံဖြင့် 
မောင်းတင်ပြီးသား၊ မသင်္ကာစရာတွေ့ သည်နှင့် ( ဘာကို မသင်္ကာသည်ကို မသိ၊ မဖေါ်ပြ ) မသာ ဖြစ်သွား
သည်က စက္ကန့်  ပိုင်းအတွင်း ..။
သည်တော့  ရိုကျိုးမှ။ စကားရိုကျိုး၊ အပြုအမှု ရိုကျိုး၊ စိတ်က ရိုကျိုး၊ အဓိကအားဖြင့်  မျက်လုံးအကြည့် လေးပါ
ရိုကျိုးထားစမ်း။ ဟိုဟိုသည်သည် မကြည့်နဲ့ ၊ ပြူးပြူးပြာပြာမနေနဲ့ ၊ ရီဝေသလို၊ ခက်ထန်သလို မဖြစ်စေနဲ့ ။

ဂိတ်မှ စစ်ဆေးပြီး၍ လွှတ်လိုက်သည်နှင့် ကျွန်တော့်အဖို့  သေဒဏ်မှ လွတ်လာသူလိုဖြစ်သွား၏။ တစ်ဖွဲ့ လုံးက
လည်း လူသစ်ဖြစ်ပြီး၊ ရန်ကုန်မှ လာသောကျွန်တော့် ကို ထိုဂိတ်မှ လွှတ်ပေးသည့် အတွက် ဝမ်းသာကြသည်။
ဦးလေးက အလောတကြီးမေး၏
“ ဘာတွေမေးလဲ ကောင်လေး”
“ ဦးလေးအုပ်စုကလို့  ပြောတော့  ဘာမှမမေးတော့ ဘူး၊ ကျောင်းသားလားတဲ့ ၊ ကျွန်တော်က မဟုတ်ဘူး၊
အလုပ်သွားလုပ်မှာလို့  ပြောလိုက်တယ် ”
“ တော်သေးတာပေါ့  ”
သက်ပြင်းချရင်း ပြောလာသည့်  ဦးလေး၏ စကားကို ကျွန်တော်ရိပ်မိသည်။ တော်သေးတာပေါ့ ။ တကယ်တော်
သေးတာပေါ့ ။ သုံးရက်နီးပါး ခဲထမ်းရင်း လိုက်လာခဲ့ ရသည့် ပင်ပန်းနွမ်းနယ်မှုများလည်း ပျောက်ပြီ။အထူးသဖြင့် 
ရန်ကုန်မှလာသောကျွန်တော့် အား ဤဂိတ်မှ ချောချောမောမောခွင့် ပြုလိုက်ခြင်းသည် ပထမအောင်မြင်မှု
တစ်ရပ်ဖြစ်တော့ သည်။

နတ်အိမ်တောင် ......

တဖက်နိုင်ငံရဲ့  နယ်စပ်မြို့ ။ သူတို့ နိုင်ငံက “ အိတောင် ” ဟုခေါ်သည်။
အများစုနေထိုင်သည့် လူမျိုးများမှာ ထိုင်းလူမျိုး၊ တရုပ်နွယ်ဖွားများ၊ အခြေခံအလုပ်သမားအများစုမှာ
တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်မှ လာကြသော ထားဝယ်၊ကရင်နှင့် မွန်တို့ သာ။ နတ်အိမ်တောင်သည်
တစိမ့် စိမ့် တိုက်ခတ်နေသော ချမ်းအေးသည့်လေစိမ်းများ၊ ထိုင်းပစ္စည်းမျိုးစုံနှင့်  ခဲမိုင်း အလုပ်သမားများ
ပေါများသည့်  ကျောက်တောင်မြို့ ငယ်လေးတစ်မြို့ ဖြစ်သည်။ ထိုနယ်စပ်မှ ထိုင်းနိုင်ငံ၏ ပြည်နယ်မြို့  ဖြစ်သည့် 
“ ကန်ချနပူရီ ” သို့  ကားလမ်းများဖြင့်သွားနိုင်သည်။ လမ်းတွင် “ ထပ်ခနုံ ” မြို့ ငယ်လေးရှိသည်။ ဗမာ၊ထားဝယ်
ကရင်၊မွန်တို့ အများအပြားလုပ်ကိုင်စားသောက်နေထိုင်ကြသည်။
“ ဟိုရောက်ရင် ကိုယ့်ကိုယ်ကို ထိမ်းကြနော်.. မင်းတို့ .. ”
ဦးလေးက ဆုံးမစကားကို ဤမျှသာပြော၍ ဘတ်ငါးရာတန်တစ်ရွက်ကို ထုပ်ပေးသည်။
သန့် စင်နှင့် ကျွန်တော်တို့ နှစ်ဦးလုံး ဦးလေးကို လက်အုပ်ချီကန်တော့ ခဲ့ သည်။ ထို့ နောက် ကားလမ်းမအတိုင်း
လျှောက်လာဖြစ်သည်။နတ်အိမ်တောင်ဈေးနှင့် ရေပူပန်းခြံက ဆယ်မိနစ်လမ်းလျှောက်ရ၏။ လမ်းလျှောက်ရင်း
သန့် စင်က သူ့ အဖေအကြောင်း ပြောပြသည်။
“ အဖေက စကားနည်းတယ်၊ လွန်ခဲ့ သောလေးနှစ်ခန့် က ဒီခဲလုပ်ငန်းကို ကျွန်တော်လုပ်ဖူးပါတယ်၊ ပိုက်ဆံရ
ပေမဲ့  ဘာမှ အဖတ်မတင်ဘူး၊ ပြီးတော့ ခေါင်းပုံဖြတ်ခံရသေးတယ် ”
“ မြတ်တယ်ဆို ”
ကျွန်တော့် ကို အဖြေမပေးသေးပဲ သန့် စင်က စီးကရက်တစ်လိပ်ကို မီးညှိကာ ဆေးလိပ်ဘူးကို ကမ်းပေးသည်။
ကျွန်တ်ာငြင်းလိုက်တော့ ... “ မသောက်တာကောင်းတယ်၊ ခဲက မြတ်တော့ မြတ်ပါတယ်၊ ကျွန်တော်တို့ အခု လမ်းမှာ လှည့်ကင်းနဲ့ မတိုးတဲ့ အတွက် နှစ်သောင်းတော့ ကျန်မှာပဲ၊ ထက်ဝက်မြတ်တယ်လို့ ပြောရမှာပေါ့ ၊
ဒါပေမဲ့ အဖေ့ ကို ဆက်မလုပ်စေချင်ဘူး ”
တောင်ကြောတစ်ခုအကွေ့ တွင်နောက်မှမောင်းလာသည့်  ဟိုင်းလတ်ကားကို လမ်းဖယ်ပေးလိုက်သည်။
ကားမောင်းသွားသူကိုမြင်တော့  သန့် စင်က ပြောပြသည်။
“ အဲ့ ဒါ ရေပူပန်းခြံသူဌေးရဲ့ ညီ၊ ဒီနယ်မှာတော့  သူတို့ အချမ်းသာဆုံးပဲ၊ ဒီနယ်က တောင်တွေ၊ မိုင်းတွေ၊ ကားတွေ အကုန်ဝယ်ထားတာ၊ ပြီးတော့  ပန်းဆိုက်တယ် ”
“ ဒီမှာ ခဲသမားတွေ များတယ်နော် ”
“ ဒါ နည်းသွားတာကိုထွေး၊ လွန်ခဲ့ တဲ့ သုံးနှစ်ကမြင်ရင် ကိုထွေးအံသြသွားမယ်၊ ကျွန်တော်တို့  ဒုတိယနေ့ ည
က အိပ်တဲ့ ကရင်ချောင်းကနေ နတ်အိမ်တောင်အထိ နေ့ နေ့ ညည ပွဲတော်လိုပဲ။ ခဲသမားတွေ၊ဝက်၊ ကျွဲ၊နွား
လာတက်ရောင်းသူတွေ နည်းတာမှ မဟုတ်ဘဲ၊ လုပ်စားလို့ လဲ ခေတ်ကောင်းတာကိုး၊ အဲ့ ဒီတုံးက ကံဘောက်မှာ
ခဲက တရားဝင်သယ်လို့ ရတယ်၊ ဒီမှာလဲ ခဲမိုင်းတွေရှိတယ်၊ ဟိုမှာတွေ့ လား ”
ကျောက်တောင်နိမ့် နိမ့် နှစ်ခုကြားမှ ရေစင်ဟောင်းကြီးနှင့် ပိတ်ထားသော တစ်ထပ်အိမ်လုံးလေးများကို
လက်ညှိးထိုးပြသည်။
“ အဲ့ ဒါ ခိုးစားမိုင်းလို့ ခေါ်တယ်၊ ခဲ အထွက်ဆုံးမိုင်းပေါ့ ။ အခုတော့  ခဲပိတ်သွားပြီ၊ မိုင်းတွေ တော်တော်များများ
အရှုံးပေါ်လာတယ်၊ ခဲမထွက်တာကြာပြီ၊ ဒါကြောင့် နတ်အိမ်တောင်ခေတ်ပျက်သွားတာ ”
“ ခဲတူးတာ တော်တော်ရမယ်ထင်တယ်နော်..”
“ ခဲတကယ်ထွက်မယ်ဆိုရင် မိန်းခလေးတစ်ယောက်ရဲ့  ပုံမှန်တစ်လခ ဟာ ရွှေမတ်ဝက်လောက်တော့ ရတယ်
ကိုထွေး၊ ခဲဆေးထားတဲ့ အမှိုက်ဗျောတွေ သွားခပ်ပြီးပြန်ကျင်လို့ ရတဲ့  ဝင်ငွေကိုပြောတာ၊ တကယ်ခဲရလို့ 
ချမ်းသာသွားသူတွေ အများကြီးပဲ၊ ဒေါ်အုံးမြင့် တို့  ခဲအောင်သွားတာ ကိုထွေးကြားဖူးမှာပေါ့  ”
ခဲအဖွဲ့ မှ ပိုင်ရှင်ဖြစ်သူ သန့် စင်၏ အဖေအောက်တွင် ညီမတစ်ဦးရှိသည်။ ကျွန်တော့်အားရန်ကုန်သို့  စာရေး၍
လှမ်းခေါ်သည့် အဒေါ်ဖြစ်သည်။ သူတို့  ခဲအောင်စဉ်က စိန်ကို နို့ ဆီခွက်နှင့်  ပြည့် သည်အထိ ချမ်းသာဖူးသည်
ဟု အဖေက ပြောပြခဲ့ ဖူးသည်။
“ မင်းတို့  အဲ့ ဒီတုံးက ဘာလုပ်နေလဲ ”
“ ကျွန်တော်တို့ က ငယ်သေးတယ်လေ၊ဈေးလာရောင်းလိုက်၊ နီဒေါင်ဆွဲ( ဖဲရိုက်ခြင်း )၊ လျှောက်လည်၊ ရုံတွေ
တွေတက်၊ အရင်းလဲကုန်ရော ထိုင်းပစ္စည်းတွေ ကယ်ရီသယ်ပြီး ပြန်ဆင်းတယ်၊ အဲ့ ဒီတုံးက ဘယ်တော့ မှ
ဒုက္ခရောက်မယ်လို့  မထင်ခဲ့ ဘဲဟာ ”
ကျွန်တော်ရယ်မိသည်။
“ တကယ်ပြောတာ ကိုထွေး၊ အခုလည်းဒီလိုပဲ၊ ၁၅ရက်စာ လစာထုပ်ရင် ဘတ်ထောင်ကျော်ရတာ သုံးရက်
တောင်မခံဘူး၊ ဘာမှလည်းအဖတ်မတင်ပါဘူး ”
လက်ရှိမှာသန့် စင်ရဲ့ ဝင်ငွေနှုန်းဟာ အားကျစရာ။ သန့် စင်အလုပ်ကောင်းသည့်  သတင်းမှာတစ်နှစ်ကျော်ခဲ့ ပြီ။
ပန်းရံ အချောကိုင်အဖြစ်နှင့်  တစ်နေ့  ဘတ်၁၃၀ ရသည်။ အချိန်ပိုရှိလျှင်ပိုရသည်။ ဒါပေမဲ့ ငွေစုတာ သူဝါသနာ
မပါ။ ကျွန်တော်တော့  ဒီလိုမဖြစ်စေရ။ ဒီလိုများ ၆လ လောက်အခွင့် အရေးရလိုက်ပါလျှင်.....
ကျွန်တော်တို့  ရေပူမှာ တစ်ညအိပ်ခဲ့ ကြသည်။

“ ဆက်မသွားနဲ့ တော့ ဟေ့ ၊ လမ်းမှာအရမ်းဖမ်းနေတယ်၊ နှစ်ရက်သုံးရက်နေလိုက်ဦး ”
ထပ်ခနုံမြို့ ရောက်တော့  အသိအိမ်မှာ ဝင်နားရင်း လမ်းသတင်းစုံစမ်းသည်။ နတ်အိမ်တောင်မှာ ကြားခဲ့ ရသည့် အတိုင်း ဖြစ်သည်။ နတ်အိမ်တောင်မှ ကားကြုံဖြင့်  လိုက်လာချိန်တွင် ထပ်ခနုံရောက်တော့  ကားဆရာက
ရှေ့ ဆက် ခေါ်မသွားရဲတော့ ။ ဆက်မသွားကြဘို့ လည်းတားသည်။ သန့် စင်ကလက်မခံ။အခုလည်း လက်မခံခဲ့ ။
“ ဘယ်တုံးက လွှတ်ပေးတာရှိလဲဗျာ.... တရားမဝင်ခိုးဝင်ပါတယ်ဆိုမှတော့  ဖမ်းနေမှာပဲ။ ဖမ်းကာမှဖမ်း၊ သွား
ရမှာပဲ။ မနက်ဖြန်လုပ်အားခ ရှင်းပေးမှာ၊ မမီရင် လကုန်မှ ရတော့ မယ်၊ ကျွန်တော်တော့  သွားမှာပဲ ”
သန့် စင်က လစာထုပ်ရက်ကိုမှန်းဆပြီးသွားချင်သည်။ မြန်မာပြည်မှာ သူနေခဲ့ တာ၎ရက်၊ သူတို့ အလုပ်က
လဆန်း ငါးရက်နှင့်  နှစ်ဆယ်ရက်နေ့ တိုင်း လစာရှင်းပေးသည်။ ရှင်းပေးသည့် ရက်ကို မှီမှလည်း သုံးစွဲဖို့ အဆင်
ပြေမည်။ စားဖို့ အတွက်ကိစ္စမရှိပေမယ့်  လက်ထဲမှာငွေမရှိလျှင် နောက်ထပ် ၁၅ ရက်တောင်စောင့် ရမှာကို
သူစိုးရိမ်သည်။ ဘာပဲဖြစ်ဖြစ်သူက ဆရာ၊ ကျွန်တော်က တပည့် မို့  သူက သွားမည်ဆိုလျှင်သွားဖို့  ပြင်ရုံပင်။

ကားထွက်သည်နှင့် ရှေ့ တစ်မြို့ မှာနောက်ထပ်ကားပြောင်းစီးရမည်ဟု သန့် စင်က ရှင်းပြသည်။ ဘန်ကောက်သို့ 
ညနေရောက်မည်တဲ့ ။ အဝေးပြေးကားများက ကိုယ့် တုင်းပြည်က ကားများလိုပါပဲ။ သိပ်အထူးခြားကြီးတော့ 
မဟုတ်။ ထိုင်းလူမျိုးများ၏ ပုံသဏ္ဌ္ဌ္ဌန်မှာ ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးစုများနှင့် ဆင်တူသည်။ နေထိုင်စားသောက်ပုံ
မှာ အဆင့် မနိမ့် လှ။ မြို့ နယ်လေးဖြစ်ကြပေမဲ့ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ကြသည်။
“ ဒီကားတွေက ရိုးရိုးကားတွေ၊အဲယားကွန်းတပ်ထားတဲ့ ကားကြီးတွေက ပိုဈေးကြီးတယ်ဗျ၊ လက်မှတ်လဲဆိုလဲ
ဆိုင်ကယ်သမားနဲ့ တစ်ဆင့်ဝယ်ခိုင်းမှရတယ် ”
“ ဟုတ်လား၊ အခု ဒီမှာ မြန်မာတွေနေနေတာ ရဲမဖမ်းဘူးလား ”
“ ဘယ်ဖမ်းမလဲ၊ သူတို့ လုပ်အားပေးခေါ်ရင်လိုက်လုပ်ပေးနေတာကိုး ၊ ရန်တွေ ဘာတွေဖြစ်ရင်တော့  အိမ်ပြန်
ခိုင်းတယ် ”
“ ဘာလုပ်စားကြလဲ ”
“ အစုံပဲ.. ပန်းရံ၊ လက်သမား၊မျှစ်ရှာ၊ ဝါးခုတ်၊ မိန်းခလေးတွေက ဈေးဆိုင်တွေမှာလုပ်တယ်၊ မြို့ ကြီးထက်တော့ 
ဝင်ငွေနည်းတယ်၊ ဒါပေမဲ့  အန္တရာယ်မရှိဘူး၊ မြန်မာများတော့  လုပ်စားလို့ ကောင်းတာပေါ့  ”
မြန်မာတွေများသည်မှာအမှန်။ ကျွန်တော်တို့ ခဏဝင်နားသည့် လမ်းနာမည်ကိုပင် “ ခိုင်စပယ်လမ်း ” ဟုခေါ်
ကြသည်။ ဟိုဖက်မှာ “ ငုဝါလမ်း ”၊ “ ထားဝယ်စု ”၊ “ မွန်စု ” ဟူ၍ ရှိသေးသည်။ လုပ်အားခ လွန်စွာမှသက်သာ
သော မွန်၊ကရင်၊ထားဝယ် တို့ အား ထိုင်းသူဌေးများ၏ထောက်ခံချက်ဖြင့် နေခွင့်ပြုထားခြင်းဖြစ်သည်။ ခိုင်းလို့ 
ကောင်းသည်မဟုတ်လား၊ လစာပေးရတာသက်သာသည့် အပြင် လုပ်အားပေးခေါ်ရင်လည်း လွယ်ကူသဖြင့် 
ဒေသခံအာဏာပိုင်များရော၊ သူဌေးများကပါ လက်သင့် ခံထားခြင်းဖြစ်သည်။

နတ်အိမ်တောင်မှာ ခဲမိုင်းများပျက်သဖြင့်  လူအများစုက “ ထပ်ခနုံ” သို့  တိုးဝင်လာကြခြင်းဖြစ်သည်။ မြန်မာ
အလုပ်သမားတွေများလေလေ၊ ထိုင်းလုပ်ငန်းရှင်များ ချမ်းသာလေဖြစ်ကြောင်း သန့် စင်က ရှင်းပြသည်။
“ဒီမှာယောင်္ကျားလေးတွေ အဓိကလုပ်တာက သစ်ခုတ်တာနဲ့  ပလောပီနံဥလုပ်တာ နှစ်ခုပဲရှိတယ်၊ သစ်ကတော့ 
မိရင်ထောင်ချတယ်၊ ပလောပီနံက ပြသနာမရှိဘူး လစာတော့ နည်းတယ် ”
ကားတစ်ဆင့်ပြောင်းစီးချိန်မှာ သန့် စင်က စကားမပြောတော့ ရန် သတိပေးသည်။
ကန်ချနပူရီမှ ဘန်ကောက်မြို့ သို့  သွားသောကားကို စီးကြပြီ။
“ ကိုထွေး၊ ဣနြေရရနေနော်၊ စကားလုံးဝ မပြောနဲ့  ”
“ ငါ လူချင်းခွဲထိုင်ပေးမယ် ”
လမ်းမှာ ကျွန်တော်ကြားခဲ့ ဖူးသည်ကို တွေးမိရင်း လူချင်းခွဲထိုင်ရန်ပြောသဖြင့် သန့် စင်က အားနာစွာခေါင်း
ညိတ်သည်။ ကိစ္စမရှိ။ မြန်မာနှစ်ယောက်ယှဉ်ထိုင်နေလျှင် ပိုသိသာသဖြင့်  ခွဲထိုင်ရန် ကျွန်တော်ဆုံးဖြတ်ခြင်း
ဖြစ်သည်။ သန့် စင်နှင့် နှစ်ခုံကျော်မှာ ဝင်ထိုင်လိုက်၏။ ကားလည်း စ ထွက်ခဲ့ ပြီ။

တစ်ဖက်ခြောက်လမ်းသွားလမ်းမကြီးများဖြင့်  ကြီးကြီးကျယ်ကျယ်ဖောက်လုပ်ထားသော အဝေးပြေးလမ်းမကြီး
ပေါ်တွင် ကားကြီး၊ကားငယ်များ ဖြတ်သန်းသွားလာနေကြသည်။ လမ်းဘေးနှစ်ဖက်မှာတော့  ကြံခင်းများ၊ပြောင်း
ခင်းများနှင့်  ဂျုံခင်းများကို မျက်စေ့ တစ်ဆုံးတွေ့ နေရပြီး၊ တစ်ခါတစ်ရံ ရွာများကိုတွေ့ ရ၏။ အထူးသဖြင့် အဝေး
ပြေးလမ်းမကြီးများပေါ်ရှိ ဓာတ်ဆီဆိုင်များမှာ နိုင်ငံခြားရုပ်ရှင်ကားများမှ ပုံစံအတိုင်းပင်ဖြစ်သည်။

လမ်းဘေးဝဲယာသို့  ကြည့် နေမြင်နေရပေမဲ့  စိတ်က စိုးတစ်ထိပ်ထိပ် ဖြစ်နေမိ၏။ စီမံချက်ရှိသည်တဲ့ ။
မတွေးဖြစ်အောင်အာရုံပြောင်းထားသော်ငြား စိတ်က ပြန်ပြန်တွေးနေမိသည်။ လမ်းဘေးမှ ဂိတ်များ၊ ပုလိပ်စခန်း
ငယ်များကို မကြာခဏမြင်နေရသဖြင့် ပို၍စိတ်လှုပ်ရှားရသည်။ မျက်လုံးမှိတ်ကာ ဘုရားစာ ရွတ်ပြန်သော်လည်း
ကြာကြာမရွတ်နိုင်။ ဤသို့ ဖြင့် နာမည်ကျော်“ ဝမ်းဖိုးဂိတ် ” သို့  ရောက်ခဲ့ ပါပြီ။ ဤစစ်ဆေးရေးဂိတ်သည်
နာမည်ကျော်ဂိတ်ဖြစ်သည်ဟု ထပ်ခနုံမှပင် ကြားဖူးနားဝရှိထားပြီးဖြစ်သည်။

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

.............................................................................................................................


( ဆက်ရန် )

Sunday, January 2, 2011

တောသို့  ဝင်သည့် နေ့  ..

ဤဝတ္ထုကို ဆရာမာန်(တောင်လုံးပြန်)မှ ရေးသားထားခြင်းဖြစ်ပါသည်။
မိတ်ဆွေတစ်ယောက်က စာဖတ်အားအလွန်နဲပြီးပျင်းလှသောကျွန်တော့် ကို ဖတ်ကြည့် စမ်းပါဟု ပေးလာ
သဖြင့်  သူ့ ကိုအားနာ၍ ယူထားမိပြီး အလုပ်နားသည့် တစ်ရက်တွင် ပျင်းပျင်းနှင့် ပဲ စာအုပ်၏ ပထမဆုံး
စာမျက်နှာများမှာနေရာယူထားသည့်  ကိုဝင်းငြိမ်း၊ဝင်းသိန်းဦး၊မာန်(တောင်လုံးပြန်)တို့  ရေးထားသောအမှာစာ
များကို တစ်ရွက်ချင်းလှန်ဖတ်သွားနေရင်းက အဖွင့် ဇာတ်လမ်းဖြစ်သော “ တောသို့ ဝင်သည့် နေ့ ” သို့  ရောက်
ရပါတော့ သည်။
ခေါင်းစဉ်လေးကိုက ရိုးရိုးလေးနှင့် ဆန်းနေပြန်သဖြင့် သိချင်စိတ်နှင့်ပင် အမြည်းသဘောဖတ်မိနေရင်းက
တဖြည်းဖြည်း ပြီးချင်စိတ်တို့  တဖွားဖွားပေါ်ပေါက်လာပြီး တစ်ထိုင်တည်းဖြင့် ပင် တစ်အုပ်လုံးပြီးသည်အထိ
ဖတ်မိသွားရသည့်  စာအုပ်ကလေးပဲဖြစ်ပါသည်။
ထို့ ကြောင့်  ပြောခဲ့ ဘူးသလို ကောင်းတာလေးများတွေ့ ရလျင် ချစ်သူခင်သူများကို အရင်ဦးဆုံးပဲ သတိရတတ်
သည့်  လူတို့ ၏အကျင့် ကလေးအတိုင်း ကျွန်တော့် ဆီသို့ မကြာခဏရောက်နေတတ်သော ကျွန်တော့်မိတ်ဆွေ
တို့ အတွက် ကျွန်တော်ကောင်းသလို ကောင်းစေချင်၍ တဆင့်ပြန်ကူးဖော်ပြမိပါသည်။
တိုင်းပြည်ဆင်းရဲသောကြောင့်  မိသားစုအသိုင်းအဝိုင်းတို့ နှင့် ရှင်ကွဲခွဲခွာ၍ ကမ္ဘာအရပ်ရပ်သို့ နည်းမျိုးစုံဖြင့်
ကစဉ့် ကလျား ကွဲပြားရောက်ရှိလုပ်ကိုင်နေကြရသော ညီအကိုမောင်နှမအားလုံးကိုပါ ကိုယ်စားပြုနိုင်လိမ့် 
မည်ဟု အထင်ရှိသောကြောင့် လည်း ကျွန်တော်ဤဝတ္ထုကို တဆင့် ပြန်လည်ကူးယူဖေါ်ပြမိပါသည်။
ဖတ်ပြီးသူများအတွက် အဟောင်းဖြစ်သွားနိုင်သလို မဖတ်ရသေးသူများအတွက်လည်း အသစ် တစ်ခုတော့ 
ဖြစ်နိုင်လိမ့် မည်ဟု ထင်မိပါကြောင်းဖြင့် .....။




နေ့ စွဲ။ ၁၅-၆-၁၉၉၂
၂၂ပိသာ

၂၂ပိသာရဲ့ အလေးချိန်ထည့် ဝင်ထားသော ခဲအိပ်ကို မ၍၊ လက်တွင် ဆကြည့်သည်။ ခပ်ပေါ့ ပေါ့  သဘောထား
၍မရ။ခဲမှုန့် ကို အခြောက်ခံ၍ အဝတ်တစ်ထပ်၊ပြီးမှ ပုဆိုးတစ်ထပ်၊ နောက်ထပ်လွယ်၍ ကျောပိုးရန် ပုံစံကျကျ
တုပ်နှောင်ထားခြင်းဖြစ်သည်။

အချိန်က မနက်လေးနာရီခွဲ။
ရုတ်တရက်မိုးရွာချလိုက်သဖြင့်  စိတ်တွေထိုင်းမှိုင်းသွားသည်။
“ ဖြစ်ရဲ့ လား ကောင်လေး ”
ခဲပိုင်ရှင်လည်းဖြစ်၊ ဦးလေးလည်းတော်စပ်သူ၏အမေးကို ခေါင်းညိတ်ပြဖြစ်သည်။
“အေးလေကွာ..ဒီမနက်မှ မိုးက ရွာရတယ်လို့ ”
ကျွန်တော်တို့ အားလုံးပေါင်း ခဲထမ်းသမား ခြောက်ယောက်ရှိသည်။ ခဲပိုင်ရှင်နှစ်ဦးနှင့်ဆို ပေါင်းရှစ်ယောက်၊
နေရာက တနင်္သာရီတိုင်း၊ရေဖြူမြို့  နယ်၊ ကံဘောက်ကျေးရွာ။ သွားရမှာက တောလမ်းမှတဆင့် တစ်ဖက်နိုင်ငံ
နယ်စပ် နတ်အိမ်တောင်သို့ ။ ကျွန်တော့်ရည်ရွယ်ချက်က တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်စားသောက်
ရန်၊ ယ္ခု ခရီးကြုံဖြင့် ခဲထမ်းရင်းလိုက်ရမည်။ ခဲပိုင်ရှင်ဦးလေး၏သားဖြစ်သူ၊ ညီဝမ်းကွဲ မောင်သန့် စင် သည်
တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်နေသည်မှာ ကာလ အတန်ကြာခဲ့ ပြီ။ ယ္ခုအလည်ပြန်လာရင်းကျွန်တော့်ကို
ခေါ်ဆောင်သွားမည်။
ဘာဖြစ်မလဲ..... ဖြစ်ချင်ရာဖြစ်ပေါ့ ။
ခရီးအထွက်မှာပင်မပြတ်စွာရွာနေသောမိုးကြောင့်  အံကြိတ်ဖြစ်သည်။
မိုးဦးမှမိုးဦးစစ်စစ်။ သည်နှစ်မိုးရာသီတွင် ကံဘောက်ရွာမှာ ပထမဆုံးရွာသော မိုးပါတဲ့ ။
ရှစ်နာရီမထိုးမီဟု သတ်မှတ်ကြသည်။ ကလိန်အောင်ကားလမ်းမကို မနက်ရှစ်နာရီမထိုးမီ ဖြတ်နိုင်မှ ဖြစ်မည်
ဟု အုပ်စုခေါင်းဆောင်က အမိန့် ချမှတ်သည်။ ဒါမှ စိတ်ချရမည်ဟု ဆို၏။တဖြည်းဖြည်းကျိန်းစပ်လာသောပုခုံး
နှစ်ဖက်ကိုစမ်းရင်း ခဲ လွယ်ထားသော ဟန်ချက်ကို ဆွဲတင်ကြည့်သည်။နောက်ထပ်ဆယ့်ငါးမိနစ်ဆို ခေတ္တနား
ကြမည်။ရှေ့ က သွားနေသူများက အားပေးသည်။ ပထမဆုံးအခေါက်ဆိုတော့  နဲနဲစိတ်ပျက်မယ်၊ သီချင်းနဲ့ 
လိုက်ကွ။ သည်တောလမ်းခရီး မိုးတဖွဲဖွဲထဲမှာ လက်ရှိဒုက္ခကို စိတ်ရောက်နေလျှင် ပိုပင်ပန်းရုံရှိမည်။
အရင်ဦးဆုံး နှုတ်မှထွက်လာသည်က ....
“ မည်သူမဆို .. မကူညီသည်ဖြစ်စေ၊ မည်သူမဆို ကူညီသည်ဖြစ်စေ၊ ကိုယ်ထူ ကိုယ်ထ ကိုယ့်ဘဝ ကိုယ့် အခြေ
ကိုယ့်အားကိုယ်ကိုး..... မှ............... ”
မတွေးမိအောင်နေသည့်ကြားမှ အတွေးတို့ က အိမ်သို့ ရောက်သွားပြန်သည်။ ရန်ကုန်၊ အမေ၊သူငယ်ချင်းတွေ
လက်ဖက်ရည်ဆိုင်တွေနှင့် ယခုဘဝ တစ်ခြားစီပါလား။ ဘဝဆိုတာထဲ ခုန်မချရန် အမေတားနေသည့်ကြားမှ
ချမ်းသာချင်စိတ်ကနေမရပြီဆိုတော့  ...
“ ကင်းမရှိဘူးဟေ့ ၊ အေးအေးဆေးဆေးပဲ ”
ရှေ့ မှ ကြိုသွားနေသူက ပြန်လှည့်စောင့်ရင်း၊ ကျွန်တော်အုပ်စုကို ဝမ်းသာအားရပြန်လှည့်ပြောသည်။ တစ်ခါ
တစ်ရံ ကင်းစောင့်ရှိနေလျှင် ကြန့် ကြာတတ်သည်။ ပြဿနာရှည်သွားတတ်သည်။ အထွက်ခရီးမှာ အဆင်ပြေ
လျှင်တစ်လမ်းလုံးချောမွေ့ သွားတတ်သည်ဟုခဲသမားများ စွဲစွဲမြဲမြဲယုံကြည်ပြီးသား။
“ ဒီမိုးဟာ တို့ ကို ကူညီတဲ့ မိုးကွ”
ခဲပိုင်ရှင်ဦးလေးက ရွာနေတဲ့ မိုးကို ကြည့် ၍ပြောသည်။ ဘုရားရေ... ကျွန်တော့်မှာတော့  အသည်းခိုက်အောင်ခံ
နေရပြီ။ သူက အှုလှိုက်သည်းလှိုက်ကျေးဇူးတင်နေသည်။ ဘာကြောင့်ပါလိမ့်  ..သြော်.. မိုးရွာနေလို့  ကင်းသမား
မရှိခြင်းပေကိုး။
တောတောင်တို့ ၏သဘောမှာ အပြင်မှ တွေးကြည့်လျှင် သာယာပါသည်။ တကယ်ရောက်နေသူအဖို့  ကျေးငှက်
သာရကာ၊စမ်းရေ၊ပန်းရိုင်း စသည်တို့ အား အာရုံခံဘို့ ထက် ပျင်းရိဖွယ်ရာ ရှုခင်းတွေသာ များပါသည်။တကယ်
မှာလည်း ကျွန်တော့် အနေဖြင့် ဘယ်အာရုံကိုခံစားကြည်နူးရပါ့ ။ ကျောပုခုံးထက်တွင် စံမြန်းနေသည့်  ၂၂ပိသာ
ခဲထုပ်ကို အပေါ်မှမိုးလုံအောင် ကာထားရသည့် အထဲ ဇွဲ ဆိုသည့်  ပင်ပင်ပန်းပန်းကိစ္စကြီးအား ဆင်နွှဲနေရသည့်
ဒုက္ခကြီးဖြစ်နေသည်။ ဇွဲဆိုတာ ငရဲများလား။ ခဏနားလို့ လည်းမဖြစ်၊ မိုးရေထဲမှာ နားလိုက်လျှင် ချမ်းလာမည်။
ဆက်လျှောက်နေပါမှ ခန္ဓာကိုယ်သွေးလည်ပတ်ကာနွေးနေမည်ကိုး။
ထမင်းစားပြီးတော့  ၂နာရီထိုးပြီ။ မိုးစဲသွားစဉ် ခေတ္တနားကာ ထမင်းစားကြခြင်းဖြစ်သည်။
“ မောပြီလား ကိုထွေး ကျွန်တော်ကူသယ်ပေးမယ်လေ ”
သန့် စင်၏ စကားကိုကျေးဇူးတင်သော်လည်း ကျွန်တော်၏ ၂၂ပိသာသည် ကျွန်တော်နှင့်သာ သက်ဆိုင်စေ
တော့ ။ တစ်ပိသာကို စရိတ်ငြိမ်းငါးဆယ်ရမည်ဆိုသည့် အတွေးနှင့် တစ်ဖက်နိုင်ငံဆိုသည့်  မျှော်လင့်ချက်ကြီး။
တစ်ဖက်နိုင်ငံသို့ ရောက်လျှင်ကျွန်တော်ဟု ခပ်တည်တည်ပင်တွေးကြည့်မိပါသည်။ထို့ အတူ ကြောက်စိတ်များ
လည်းလှည့်ဝင်လာ၏ ဒါပေမဲ့  ကျွန်တော့်ရဲ့  အခိုင်မာဆုံးသော ဆုံးဖြတ်ချက်ကိုတော့  ပြင်၍မရတော့ ။
ကျွန်တော့်မှာသာ ငွေထောင်ဂဏန်းမျှရှိနေလျှင် ဒီလိုဒုက္ခခံပြီး ခဲကူလီသယ်သွားရန်မလို။ အဖေက နောက်တစ်
ပတ်လောက်မှသွားပါဟု ရန်ကုန်မှာ တား ခဲ့ သည်ကို နောင်တ ရခဲ့ သည်။ ကျွန်တော်ထွက်လာချိန်က လက်ထဲ
တွင်ခုနှစ်ရာသာ ပါလာ၏။ ကံဘောက်ရွာရောက်တော့  နှစ်ဆယ်သာ ကျန်တော့ သည်။ရန်ကုန်မှ သုံးရက်ခရီး
သည် သည်မျှသာ ကျန်ပါမည်။ ကံဘောက်ရွာမှာ သုံးရက်လောက်ကြာနေစဉ်၊ သန့် စင် ပြန်ရောက်လာသဖြင့်
ခရီးထွက်ရန် ပိုမြန်သွားသည်။ခက်တာက ကျွန်တော့်လက်ထဲမှာ ငွေမရှိတော့ ။ နောက်ဆုံး ခဲကူလီ လုပ်ကာ
ခရီးစရိတ်ရှာရပြီ။

တောနင်း၊တောင်ဖြတ်၊လျှိုပတ်သည့်  မင်းမှုထမ်းမဟုတ်။ဘဝအမှုကို ထမ်းဘို့ သက်သက်ပင်။
တစ်ခါတရံ၍ အားနာခြင်းသည်လည်း လောကဓံဖြစ်သွားတတ်သည်။ အားနာတာက ကျွန်တော်ခရီးမထွက်မှီ
ရည်းစားလေးက ဆွဲကြိုးရောင်းပေးပါ မည်ဆိုသည်ကိုအားနာ၍မယူရက်၊ အဖေက ရှေ့ တစ်ပတ်တွင် ပိုက်ဆံ
ရမည်ဆိုသည်ကို စောင့်မျှော်ရန်သည်းမခံခဲ့ သဖြင့် ယခုခရီးစရိတ်အတွက် လောကဓံကို ခံပေတော့ ။

ညအိပ်တော့ ပိုဆိုးပြီ....
ဝါးကပ်ခင်းထားသော တဲအထက်မှာ ကျောခင်းလိုက်သည်နှင့် ပူကနဲ ဖြစ်သွားသည်။ ပုခုံးသားများအထိမခံ။
ကျောပြင်က ကျိန်းစပ်နေသည်။ခဲထုပ်၏ဝိညာဉ်ငွေ့ က စိတ္တဇဖြစ်ပြီး ပါလာဆဲ၊ ခဲထုပ်ကြီး ထမ်းထားနေရတုံးပင်
ဟု ထင်နေပါသည်။ ပခုံးနှစ်ဖက်ကိုသနားစိတ်ဖြင့် ကျွန်တော့်ဖာသာ စမ်းမိပါသည်။ ကျွန်တော်ဟာ အမတန်
ပြင်းထန်လှစွာသော လောကဓံကို ခံလိုက်ရသည့်နှယ် နာကြည်းစိတ်ဝင်လာမိ၏။
“ ထဦး..ကောင်လေး..၊ ဒါလေးသောက်ပြီးမှ အိပ်လိုက်”
“ ဘာလဲဦးလေး.. အရက်လား ”
“ ကချင်အရက်ပါကွ၊ အကိုက်အခဲပြေအောင်လို့  ”
စကားနဲသောဦးလေးက ကျဉ်ထောက်ပိုင်းဖြင့် ထည့်ထားသောအရက်ခွက်ကို ချပေးသွားသည်။
မိုးက ရွာကောင်းဆဲ။ တစ်သက်လုံးများရွာတော့ မလားမသိ။ မိုးလင်းမှတိတ်လျှင်လဲ တိတ်သွားမှာပဲဟု တွေးရင်း
ကျဉ်ထောက်ဝကို အသာနမ်းကြည့်သည်။ အနံ့ ကသင်း၏။ တစ်တို့ လောက်တို့ ကြည့်တော့  ပူရှိန်းရှိန်းအရသာ
တွေ့ သည်။
“ ချလိုက်ကိုထွေး.. ၊ မကုန်ရင် ကျွန်တော့ ပေး ”
ငေါက်ခနဲ ထလာသော သန့်စင်ကို ကျဉ်ထောက်ပေးလိုက်၏။
“ သောက်ဦးလေ ၊ ဒါမှ အိပ်ပျော်မှာ...”
ကျွန်တော်သောက်လိုက်တော့  မွှန်ထူသွားသော လည်ချောင်းတစ်ဝိုက်၊ နှာခေါင်း၊လျှာဖျား၊ဦးခေါင်း ပြီးတော့ မှ
ကန်ထွက်လာသောလေပူများ၊ ပြင်းလိုက်တဲ့ ကရင်အရက်ပါလား။ ကျန်အရက်ကို ကျဉ်ထောက်မှ စောင်းငဲ့ 
ကြည့် ရင်း သန့် စင်ဆွဲယူကာ ထသွားသည်။ ဦးလေးတို့  ဝိုင်းဘေးမှာ ချထားသော အင်တုံမြေခွက်ထဲမှာ အရက်
ရှိနေသည်ကိုး....
“ ချအုံးမလား ကိုထွေး၊ အိပ်ပျော်အောင်လို့ ”
ပြောရင်းလက်စနှင့်  သန့် စင်က ခပ်ကြမ်းကြမ်းမော့ သောက်လိုက်သည်။
ပါးစပ်ကိုစေ့ ရင်း စုတ်တစ်ချက်သပ်လိုက်ပုံက အရက်ကိုချီးမွမ်းလိုက်သလိုမျိုး..။
“ ဟိုရောက်ရင်ပင်ပန်းမယ်နော် ကိုထွေး၊ ကျွန်တော်နဲ့ အတူ ပန်းရံလုပ်ရမှာ၊ တစ်လလောက်လုပ်ပြီးရင်၊
တစ်ခြားနေရာ ပြောင်းမယ်၊ တစ်လအတွင်းမှာ ပန်းရံအချောကိုင်တတ်အောင်သင်ပေါ့ ၊ နောက်လိုက်လုပ်ရတာ
ဝင်ငွေနည်းတယ်ဗျ ”
“ ဘန်ကောက်မှာပဲလား ”
“ ဟုတ်တယ်၊ ဟိုရောက်ရင်ကိုထွေးပျော်မှာပါ ”
သူ့ စကားအဆုံးမှာ ကံဘောက်ရွာမှ အဒေါ်မှာလိုက်သည်ကို ကြားယောင်မိသည်။
ဆေးလိပ်တစ်လိပ်ကို မြန်မာငွေဘယ်လောက်၊ ရေတစ်ဘူးကို ဘယ်လောက်၊ ဘာလုပ်လုပ် မြန်မာငွေနဲ့ 
စဉ်းစားပါဟု မှာလိုက်သည်။ အကြာကြီးမနေရ၊ ငွေစုမိလျှင် မြန်မြန်ပြန်လာရန်... ပြီးတော့  မိန်းမယူရန်။
“ စိတ်ချပါ ” ဟု ကတိရဲရဲကြီးပေးခဲ့ သည်။ အဒေါ့် စကားကို လိုက်နာသည်ထက် ရည်းစားလေးနှင့် ပေါင်းနိုင်ဖို့ 
အရေးက ပိုပါသည်။

.......................................................................................................................

( ဆက်ရန် )