Sunday, January 16, 2011

ထောင်တွင်း အတွေ့ အကြုံ ( ၁ )

လောကကို အန်တု၊ ယှဉ်ပြိုင်ကြိုးစားမိသောကြောင့်  လောကမှ ခတ်လာသောဒဏ်ကို ခံနိုင်စွမ်းရှိသော
ယောင်္ကျားကို ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။ လောကဓံကို ခါးစည်းခံရင်း
ရည်မှန်းချက်ပန်းတိုင်သို့ မရောက်မခြင်း၊ မပျင်းမရိ မလျှော့ သော ဇွဲလုံးလ ဖြင့် မာန်တင်းကြိုးစားသော၊
လက်ကြောတင်းသော ယောင်္ကျားတို့ ကို အလွန်ပျင်းသောကျွန်တော်က အမြဲလေးစားအားကျမိသလောက်
ကျွန်တော့် လို ပျင်း၍ ဖျင်းပြီး လက်ကြောမတင်းလွန်းသော ယောင်္ကျားတို့ ကိုတော့ မကြည့် ချင်၊ မမြင်ချင်
လောက်အောင်ကို မုန်းတီးလွန်းပါ၏။ ဤဝတ္ထုထဲမှ ကိုထွေးသည် ကျွန်တော်လေးစားမိသော လက်ကြောတင်း
သော သူတစ်ယောက်ဖြစ်ခဲ့ ပါသည်။ သူ့ ကိုအားကျပြီး သူ့ မာန် ကို လေးစားသောကြောင့်  သူ့ အကြောင်းလေး
တွေကို တဆင့် ရေးတင်နေမိရခြင်းဖြစ်ပါတော့ သည်။

.........................................................................................................................


တုန်လှုပ်စိတ်မဟုတ်ပေမဲ့  ဝမ်းနည်းစိတ်ဝင်လာ၏။ နောင်တစိတ်မဟုတ်ပေမယ့်  အိမ်ကိုလွမ်းစိတ်ဝင်လာ၏။
ယ္ခုဆိုလျှင်အဖေတို့ စိတ်ပူနေကြတော့ မည်။ ကျွန်တော်တို့ အဖမ်းခံရသည်ကို ကြားချင်ကြားကြမည်။ စ ထွက်
လာစဉ်ကတဲကခက်ခဲပင်ပန်းခဲ့ ရပြီး၊ ထိုင်းနိုင်ငံသို့ ဝင်လာစမှာပင် ထောင်ကျခဲ့ ပြီ။ အားပျက်စရာကောင်းလှ၏။
သို့ သော်မငြီးတွားဝံ့ ပေ။ ကျွန်တော့် အတွက် သန့် စင် ဒုက္ခရောက်နေသည်ကိုတွေးမိ၍ဖြစ်သည်။

အတွေးများနှင့် ရှေ့ တိုးနောက်ဆုတ်ဖြင့်  သက်ပြင်းအခါခါချနေမိသည်။ ဘာပဲဖြစ်ဖြစ်ရှေ့ ဆက်ရန် ဆုံးဖြတ်ထား
မိပြီ။ တစ်နေ့ မှာ တင့် တောင့် တင့် တယ်ရပ်တည်နိုင်ရမည်ဟုလည်း ဆုံးဖြတ်ထားပြီးဖြစ်နေ၏။ ဤသို့ ဖြင့် 
မပျော်တစ်ဝက်အတွေးများဖြင့်  အိပ်စက်ခဲ့ရပါတော့ သည်။

နောက်တစ်နေ့  နံနက်မှာ၊ အချက်ပေးသံကြောင့်  အိပ်ယာမှထပြီး အလှည့် ကျသန့် ရှင်းရေးအဖွဲ့  သန့် ရှင်းရေး
လုပ်နိုင်ရန်အတွက် နေရာဖယ်ပေးရသည်။ အိပ်ယာစောင်နှင့်  ပစ္စည်းများအားလုံး တစ်ဖက်တွင် စုပုံထားရ၏။
သန့် ရှင်းရေးလုပ်ပြီးချိန်တွင် လူစစ်သည်။ ပြီးလျှင်မျက်နှာသစ်ရန် ထွက်ခဲ့ ကြရသည်။ မျက်နှာသစ်ပြီးလျှင်
ဘုရားဝတ်ပြုရန်၊ အလံတော်နှင့်  ဘုရင်မင်းမြတ်ကို အရိုအသေပြုရန် ထောင်သားအားလုံးကွင်းပြင်သို့  တန်းစီ
ထွက်ခဲ့ ရသည်။

ဘုရားဝတ်ပြု၊ တရားထိုင်၊ အရိုအသေပြုပြီးမှ နံနက်စာစားရန် နှစ်ယောက်တစ်တွဲစီ ထမင်းရုံသို့  တန်းစီဝင်ကြ
ရသည်။ ဘာလုပ်လုပ် စည်းစနစ်ကျရ၏။ မကျလျှင် အရိုက်အနှက်ခံရမည်။ ထောင်ပေကိုး။ ဘောင်၊ စည်း၊ စနစ်
ဆိုတာရှိလို့  ထောင် ဟုခေါ်ကြသည်။ ကိုးဆယ့် ကိုးရာခိုင်နှုန်းမှာ မလုပ်ချင်လည်း လုပ်ရမည့်  သတ်မှတ်ချက်
များဖြစ်နေပါသည်။

ကျွန်တော်တို့ တော့  ထောင်ကျပြီ။
သူ့ နောက်မှ ပါလာသည့်  အလုပ်ကြမ်းက ဘာပါလိမ့် ။
လာပါပြီ။ မနက်စာစားပြီး ငါးမိနစ်နားခွင့် ပေး၏။ ပြီးလျှင်အလုပ်ချိန်ခရာသံပေါ်လာ၍ အုပ်စုလိုက်တန်းစီပြီး
အလုပ်ခွင်ဝင်ရပြီ။ လူသစ်များကိုတော့  အလုပ်ခွင်မပို့ သေး။ ထောင်၏စည်းကမ်းချက်များကို သင်ကြားပေးရန်
နှင့်  ကျန်းမာရေးလေ့ ကျင့် ခန်းများကိုသာလုပ်ခိုင်းသည်။
အထူးသဖြင့်  ထောင်ဝန်ထမ်းနှင့် တွေ့ ပါက၊ ခေါင်းငုံ့ ကာ မလှုပ်မယှက် အရိုအသေပြုရန်၊ ထောင်ဝန်ထမ်း
ကျော်သွားမှ လုပ်စရာရှိတာ ဆက်လုပ်ရန် မှာကြား၏။ ထိုကိစ္စကို အရေးတကြီး ထပ်ခါ ထပ်ခါ မှာကြားသည်။
မလိုက်နာမိလျှင် ကွင်းပြင်ထုပ်၍၊ ကြိမ်တုတ်ဖြင့်  အရိုက်ခံရမည်၊ နေပူထဲတွင် ကိုယ်တုံးလုံးထားမည်ဟု မှာ
ကြားထား၏။

လူသစ်တန်းမှာ နှစ်ရက်ထားပြီးနောက် အလုပ်ခွင်သို့ ပို့ သည်။
ထောင်အလုပ်ကို စ လုပ်ရပြီ။
အုပ်ပြား လုပ်သည့်  အလုပ်ခွင်သို့  ဝင်ရသည်။
ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်စရစ်များကို ရောသမအောင်မွှေရသည်။
ရေဖြင့် ဖျော်ရသည်။ ပြီးလျှင်ပုံစံခွက်ထဲသို့  လောင်းထည့် ကာ အခြောက်ခံရသည်။ ပထမ သုံးလေးဒယ်မှာ
တော့  လုပ်ရသည်ကို မမူ။ ငါးဒယ်ကျော်လာတော့  လက်များကျိန်းစပ်နေသည်။ မဖျော်နိုင်တော့ ၊ သယ်ဖို့ က
လည်း မသယ်နိုင်တော့ ။ ဒါပေမဲ့  နား၍မရ။ တစ်ဒယ်လျှင် အုတ်ပြားငါးပြားလောင်း၍ တစ်နေ့ လျှင်အုပ်ပြား
နှစ်ရာပြီးရမည်ဟု သတ်မှတ်ထားသည်။ သန့် စင်က အားပေးစကားပြော၏။
“ လေ့ ကျင့် တယ်လို့  သဘောထားပေါ့ ၊ ဟိုရောက်ရင် ပန်းရံလုပ်တော့  ဒါမျိုးတွေပဲလုပ်ရမှာ၊ အတွေ့ အကြုံ
ရတာပေါ့  ”
ကျွန်တော် ခေါင်းညိတ်နေရတော့ သည်။ ပင်ပန်းလိုက်ပါဘိ။

အလုပ်လုပ်နေရင်း ထောင်ဘူးဝမှ လော်စပီကာကြီးနှင့် လှမ်းလှမ်းအော်နေသည့် အသံများကို ကြားရသည်။
လူနာမည်နှင့် အဖေနာမည်တွဲ၍ခေါ်နေသည်ဟု သိရ၏။ များသောအားဖြင့်  ထောင်ဝင်စာလာတွေ့ သည့် 
တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာနေ့ များဆိုလျှင် ခေါ်သံများ တမနက်ခင်းလုံးကြားနေရ၏။ ထမင်းစားချိန်ပြီးလျှင်
တော့ မရှိတော့ ။ ရုံးထုပ်မည့်သူများကိုတော့  မနက်စာကြွေးပြီးချိန်မှာပင် ကွင်းပြင်ထဲ စုထားခိုင်းသည်။ သူတို့ 
က ညနေပိုင်းထမင်းစားချိန်မှပင်ရုံးမှ ပြန်ရောက်တတ်၏။

စနေနေ့ မှာ အလုပ်ချိန်နေ့ တစ်ဝက်သာ ဆင်းရသည်။ သတ်မှတ်ထားသည့် အလုပ် မပြီးစီးပါက နားခွင့် မရှိ။
တနင်္ဂနွေနေ့ မှာတော့  နားကြသည်။ မနက်စာ ဆန်ပြုတ်တိုက်ပြီးသည်နှင့်  တီဗွီကြည့် နိုင်သည်။ ကျွန်တော်
ထောင်ထဲရောက်မှပင် ထိုင်းတီဗွီအစီအစဉ်များကို သဘောကျမိသည်။ စနေနေ့ နေ့ လည်တွင် တီဗွီ(၇) မှတိုက်
ရိုက်ဖွင့် ပြသော စတိတ်ရှိုးအစီအစဉ်ကို လူတိုင်းကြည့် ကြသည်။ ကျွန်တော်က သူတို့ ဘာသာစကားကို
နားမလည်ပါ။ သို့ သော် အဆိုတော်ဟန်ပန်ကိုကြည့် ၍ ပရိသတ် လက်ခံ၊ လက်မခံလောက်တော့ နားလည်ပါ
သည်။ “ ထုံချိုင်း ” ဟု ကိုယ်တိုင်ငရုတ်သီးပုံစံ ဝတ်စား၍ ဝီစီလေးမှုတ်ကာ သီချင်းဆိုပုံကို သဘောကျမိသည်။
နာမည်ကျော်လောက်အောင်ပင် သီချင်းဆိုကောင်းသည်ကိုတွေ့ ရသည်။ ထိုစနေနေ့ မျိုးတွင် ကိုယ့်ဖာသာ
အဝတ်လျှော်နိုင်သည်။ ကျားကစားနိုင်သည်။ ဘောလီဘော၊ ခြင်းလုံး ကစားနိုင်သည်။ ညနေလေးနာရီအထိ
အားလတ်ချိန်သတ်မှတ်ပေးသည်။

ထောင်ထဲမှာ အများစုလုပ်ရသည့် အလုပ်မှာ ဘုရားမီးပူဇော်သည့်  အတွဲလိုက် မီးပွင့် ကလေးများ တပ်ဆင်ရ
သည့် အလုပ်ဖြစ်သည်။ ကျွန်တော်တို့ အားနေရာပေးခဲ့ သည့်  မွန်ကြီးနှင့်အတူ လက်နက်မှုဖြင့် ထောင်ကျသော
“ ကိုမော် ” ဆိုသူလည်း မီးပွင့် လေးများတပ်ဆင်ရသည့် အလုပ်လုပ်ရသည်။ လေးယောက်တစ်တွဲ တပ်ဆင်ခိုင်း
ခြင်းဖြစ်သည်။ ကိုယ့် တာဝန်ပြီးလျှင် အခြားတစ်ဖွဲ့ သို့  ကူလုပ်ပေးရသည်။ မြန်မာအများစုမှာ တာဝန်ကျေကြ
သည်။ အချိန်ပိုဘယ်တော့ မှ လုပ်ရသည်မရှိ။ ကိုယ့် အဖွဲ့ ထဲ၌ ရုံးထုပ်မည့် သူပါလျှင် တာဝန်မှုးက တစ်ဦးစာ
လျှော့ ခိုင်းသည်။ အမှုမပြီးသေးပေမဲ့  အလုပ်တော့ လုပ်ရသည်။

ထောင်ထဲမှာ အလုပ်မလုပ်လိုလျှင် ဖျားနာကြောင်းသတင်းပို့ ။ တာဝန်မှုး လာစစ်ဆေးပြီး ခွင့် ပြုမှ နားရသည်။
ဖျားနာသူများ သီးသန့် နားသည့် နေရာ သတ်မှတ်ပေးထား၏။ အာဂန္တု ဖျားနာသူများ သီးသန့်  စုထားသည်။
ဆေးပေးသည်။ ဘယ်မှမသွားရ။ သွားတာတွေ့ လျှင် အရိုက်ခံရသည်။ ထို့ ကြောင့်  တော်တန်ရုံ မည်သူမျှ ဖျား
နာချင်ရောင်မဆောင်။ အလုပ်စုလုပ်ရင်း စကားပြောရသည်က ပို၍ ပျော်ဖို့ ကောင်းသည်။ တစ်ချို့ အလုပ်ကြမ်း
သမားများကျတော့  စိုက်ခင်းများ ရေလောင်းရသည်။ မစင် ကျုံးရသည်။ ထိုသူများမှာ မုဒိန်းမှုသမားများ အများ
စုဖြစ်သည်။

မြန်မာများမှာ ထမင်းရုံ၌ တာဝန်ကျသူများသည်။ ပင်ပန်းပေမဲ့  အနေအစားချောင်သည်။ အိပ်လျှင် အချုပ်
ဆောင်မှာ ရေကို အချိန်မရွေး ချိုးခွင့် ရသည်။ စားရတာ ပြောဘို့ မလို။ ထမင်းချက်လျှင်တော့ ချွေးဒီးဒီးကျသည်။
ဒယ်အိုးကြီးများတွင် ရေနွေးဆူအောင်တည်၍၊ ဆန်ကို အိတ်လိုက်သွန်ချကာ၊ ယောင်းမကြီးများဖြင့်  ထိုးထိုးမွှေ
ရသည်။ ထမင်းနှဲထိုးသကဲ့ သို့  ချက်ရ၏။ ဟင်းချက်လျှင်လည်း အိုးကြီးကြီးများဖြင့်ချက်ရ၏။ သို့ သော် ထမင်းရုံ
ရောက်လျှင် ကံကောင်းသည်ကို အားလုံးလက်ခံသည်။

ထောင်ကျရက်လေးရလာတော့  ကျွန်တော်နှင့် သန့် စင်လည်း ထောင်ပါးဝလာ၏။ အထူးသဖြင့် တန်းစီ၍
ထမင်းရုံသို့  ဝင်ရသည့် အခါ “ မ ” ဂဏန်းကျမည့်  အတန်းကို အလှည့် ကျရွေး၍ ဝင်သည်။ “ မ ” ဖြစ်နေလျှင်
ဟင်းခွက်ကို တစ်ဦးထဲ စားခွင့် ပေး၏။ အခြားအတန်းမှ “ မ ” ဖြစ်နေသူနှင့်  သွားစားစရာမလို။ များသောအား
ဖြင့်  နောက်ဆုံးမှ တန်းစီဝင်သူများမှာ သူများတွေ ဝင်ထိုင်ပြီးချိန်တွင် ဟင်းအိုးနှင့် အနီးဆုံးနေရာတွင် ထိုင်ရ
တတ်သည်။ တစ်ခါတရံ လူများလွန်း၍ တန်းလျားပြည့် နေလျှင် ဟင်းအိုးများဘေးမှာ ထိုင်ရတတ်သည်။

သစ္စာဓိဋ္ဌာန် ဆိုပြီး၍ ထမင်းစားကြသည့် အခါ ဟင်းများပိုနေလျှင် တာဝန်မှုးက ခွင့် ပြုသည်နှင့်  ဟင်းအိုးရှေ့ 
မှာ လာရောက်တန်းစီပြီး ဟင်းထပ်တောင်းနိုင်သည်။ သန့် စင်နှင့်ကျွန်တော် ဟင်းအပိုမရသည့် နေ့ မှာ ခပ်ရှား
ရှားပင်။ တစ်ခါတစ်လေ မွတ်ဆလင်အဖွဲ့ နှင့်ကျလျှင် သူတို့ အတွက်သီးသန့် ချထားသော ဟင်းပင် စားခွင့် ကြုံ
သည်။ ဟင်းညံ့ လျှင်တော့  ကျွန်တော်တို့  နှစ်ဦးလုံး ပုံမှန်တန်းစီ၏။ ဘယ်နေ့  ဘာဟင်းဆိုသည်ကို ထမင်းရုံရှိ
မြန်မာများမှတစ်ဆင့်  သိနေရမြဲ။

ကျွန်တော်တို့ နှစ်ဦး ထောင်ပါးဝတာရှိသေးသည်။
ထောင်အလုပ်ကို မလုပ်ဘဲ ရှောင်ခဲ့ ပုံဖြစ်သည်။ ထောင်မှာ သတ်မှတ်ချက်ရှိသည်။ လွတ်ရက်တစ်ရက်သာလိုတော့ သည့်  အကျဉ်းသားအား ဗုဒ္ဓဘာသာဝင်ဖြစ်ပါက တရားစခန်းဝင်ခွင့် ပြုသည်။
တရားစခန်းဝင်ရန် ကျွန်တော်တို့ အား “ ကိုမော် ” က အကြံပေး၏။ တရားပြသူက “ မွန်ကြီး ” ဖြစ်သည်။ သူက
လက်ထောက်တရားပြသည့်  တာဝန်ကျသည်။ ထိုင်းတစ်ဦးက ရှေ့ မှ တရားစဉ်များ ချပေးသည်။ မွန်ကြီးက
တစ်ဆင့်  လက်တွေ့ ပြ၍ ရှေ့ မှ တိုင်ပေးသည်။

ကျွန်တော်နှင့်သန့် စင် တရားစခန်းသို့  ကျွမ်းပစ်ဝင်ခဲ့ သည်။
မနက်စာ ဆန်ပြုတ်စားပြီးသည်နှင့်  ကိုးနာရီမှာ တရားစခန်းဝင်ရသည်။ အချုပ်ဆောင်( ၁ )၏ နေရာကို တရား
စခန်းအဖြစ်သတ်မှတ်ပေးထားသည်။ ဝိပဿနာတရားကို အားထုပ်ရ၏။ ထိုင်၊ ထ ၊ လျောင်း စသည်ဖြင့် 
အဆင့်ဆင့်သင်ကြားပေးသည်။ ဝင်လေ၊ ထွက်လေ နည်း။ ကြွ ၊လှမ်း၊ ချ ၊ ရွေ့  နည်းများဖြင့်  အားထုပ်ရသည်။
မိမိဘာသာ တစ်ဦးတည်း သီးသန့် ရှု့ မှတ်လိုပါက ရှု့ မှတ်ခွင့် ပြုသည်။ တရားပြသူနှင့်  ပူးတွဲ တရားမှတ်လိုက
လည်း ရှု့ မှတ်နိုင်သည်။ စကားလုံးဝပြောခွင့်မပြု။ အိပ်ခွင့် မပြု။

ဆယ်ရက်လောက်ကြာတော့  ကျွန်တော်ရောသန့် စင်ပါ ကဂျီကဂျောင်ဖြစ်လာတော့ သည်။ အလုပ်မလုပ်ချင်
လို့  တရားစခန်းပြေးဝင်မိတာကိုနောင်တရမိသည်။ တရားထိုင်ရသည်က ပို၍ ပင်ပန်းမှန်းသိလာသည်။ စနေနေ့ 
မှာပင် နေ့ ဝက်တရားအားထုပ်ရသည်။ ကျွန်တော်တို့  မချိမဆန့် ဖြစ်နေသည်ကိုကြားတော့ “ ကိုမော် ” က
ရယ်တော့ သည်။
“ မင်းတို့ က တော်တော်ဇွဲနည်းတဲ့ ကောင်တွေပဲ ”
“ အကိုကလည်း.. မလွယ်ဘူးဗျ၊ အစကတော့  ဟုတ်တုတ်တုတ် ”
“ ဟားဟား .. ဘယ်နှစ်ရက်မှ မကျန်တော့ ပါဘူးကွာ၊ ဆက်နေလိုက်ပါ ”

............................................................................................................................

မှတ်ချက်။ ။ ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။


( ဆက်ရန် )


6 comments:

kiki said...

ထောင်တွင်း အတွေ့ အကြုံ ( ၁ )

ခေါင်းစဉ်ကြည့်ပြီး လန့် သွားတယ် ။။
သူတို့  ထောင်က ဘဘဦးဝင်းတင် ရေးတဲ့ “ဒါလားဟဲ့ လူ့ ငရဲ” လောက် တော့ အခြေအနေ မဆိုး လှပါဘူး .. လူလိုသူလို စားရ နေရ သေးတာပဲ နော် .
တရားစခန်းတောင် ဝင်ခွင့် ပေးထားတယ် ဆိုတော့
လူ့ အခွင့် အရေး အတော်လေး ပြည့်ဝတဲ့ နေရာတခုပါပဲ ။
တရားထိုင်တာ ပိုပင်ပန်းတယ် ဆိုတော့ ဘာတရားများ ထိုင်မိလို့ လည်း လို့  စဉ်းစားမိတယ် ..

အတွေ့ အကြုံ ရှင်းလင်းပွဲ ကို ဆက်လက်စောင့်မျှော် နေပါတယ် ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်နော်
ထောင်ဆိုပေမဲ့ ဖိနှိပ်ချုပ်ခြယ်တာတွေ မလုပ်ဘဲ လူလိုသူလို ထားပေးတာကိုက ကျေနပ်စရာ။
ဘာလို့များ ကိုယ်တွေနိုင်ငံရဲ့ထောင်က ဒီလောက်ဆိုးတာလဲမသိဘူး။
ထောင်းချင်းယှဉ်ရင်တောင် ရှက်ရတဲ့ အနေအထားပါလား

ကိုဇော် said...

ခေါင်းစဉ်ကို ကြည့်ပြီး ...
ကိုယ်တွေ့လားဟ ဆိုပြီး ဖြစ်သွားသေးတယ်။
ဟီး . .ဆောရီး။

အဆက် မျှော်လျက် . . .

မိုးယံ said...

ဘယ်တော့ တရားတန်ဖိုး သိလာမလဲ မျှော်လျှက်ပဲ

Unknown said...

ဘောင်၊စည်းစနစ်ရှိတာ ထောင်လို့ဆိုရင် တို့ရွှေပြည်က ထောင်က ထိပ်ကပြေးမယ်။ ဖတ်လာတာ အတော်ခရီးပေါက်နေပြီ ကိုကျော်ရေ။ နောက်အပိုင်း ဆက်ဖတ်လိုက်ဦးမယ်။

blackcoffee said...

ဒီလိုပါပဲလေ လူဆိုတာ ကိုယ့်အတွက် သက်သာရာ သက်သာကြောင်း ရှာရတာပေါ့။ ဒါပေမယ့် မြန်မာတွေ အလုပ်မှာတော့ တာဝန်ကျေတာများပါတယ်။ စုန်းပြူးတချို့ ကလွဲလို့ ပေါ့။