Saturday, April 30, 2011

ဖေဖေ သုဂတိ လားပါစေ...။

ကျွန်တော်တို့ ညီအကို နှစ်ယောက် စင်္ကာပူတွင် စီးပွားရေး ဘုန်းမီးနေလ တောက်ပစ,ကာလတွင် အဖေသည် လောကကို အရှုံးဖြင့်  ထွက်ခွာသွားလေပြီ။

ကျွန်တော့် တစ်သက်တွင် အလိုက်သိသူ၊ နှုတ်သြဇာ ထိရောက်သူ၊ အပေါင်းအသင်းများသူ၊ ဘဝအတွေ့  စုံသူ
လူကြီးသူမ မြောက်များစွာကို တွေ့ ဘူးသော်ငြား အဖေ့ လို စကားပြောကောင်းသူကို ယနေ့ အထိ မတွေ့ ဘူး
သေးပါ။ အဖေက ထားဝယ်၊ ကံဘောက်သား။ အတန်းပညာ မကြွယ်ဝခဲ့ သည်တိုင် ဘဝအခြေအနေ မျိုးစုံကို
ကြုံဖူးသည်။

ကျွန်တော်ငယ်ငယ်က အိမ်မှာ မိသားစု ဗေဒင်တွက်ကြတော့ ကျွန်တော့် ဇာတာသည် အဖေနှင့်တူသဖြင့် ဆင်းရဲ
မည်ဟု တွက်ကြ၏။ ဆင်းရဲခဲ့ သည်မှာတော့  မှန်လေပြီ။ သို့ သော် ကျွန်တော် စကားပြော ကောင်းပါသလား။
ဒါက သိပ်မသေချာ။ သူငယ်ချင်းများကတော့ အပြောကောင်းသည်ဟု သတ်မှတ်ဖူးသည်။ ဖိုင် ကလည်း
ကျွန်တော့် ကို စကားပြောကောင်းသူဟု ပြောဖူးသည်။ ကျွန်တော် စကားပြောလျှင် ထိုင်းဘာသာစကား မပီသ
သဖြင့်  ဘယ်မှာ အပြောကောင်းပါ့ မလဲဆိုတော့  ဖိုင် ရယ်ဖူးသည်။ စကားပြော ကောင်းမကောင်း မသေချာ
သည့် တိုင် စာရေးကောင်းသည်ကိုတော့  ကျွန်တော် ယုံသည်။ ကျွန်တော့်အိမ်သို့  စာရေးလျှင် တစ်ခါတစ်ရံ
ကိုယ့် စာကိုယ် ကြိုက်လွန်းနေသဖြင့်  တော်တော်နှင့်  မထည့်ဖြစ်။

အဖေသည် စကားပြော အလွန်တော်သည်။ ပြီးတော့  မြန်မြန်နှင့်  ရှင်းရှင်း ပြောတတ်သူ ဖြစ်သည်။ အမေ့ ကို
စကားနာ ထိုးလျှင်ပင် အမေ့ ဘက်က လိုက်နာကြည်းမိနေရင်း တစ်ခါတစ်ရံ ရယ်မိပြန်သည်။ အဖေသည်
ဟုတ်သည် မဟုတ်သည် အသာထား၊ သူ ပြောသမျှကို ယုတ္တိရှိအောင် ပြောတတ်၏။ ဥပမာ ပေးတတ်၏။
အဖေ့ပါးစပ်ထဲတွင် ဘယ်အချိန်က ထိုအသုံးအနှုန်း ရောက်နေသည်ကိုပင် ကျွန်တော်တို့  မသိ၍ အံ့ သြရတတ်
သည်။ ဘာမှ အပစ်မရှိသည့် အမေ့ ကို အဖေ အပစ်ရှာ ပြောဆိုသည့်အခါ နားထောင်ရင်း နားထောင်ရင်း အဖေ
မှန်သလိုလိုပင် ထင်လာမိ၏။ အဖေ လုပ်ကြံပြောနေမှန်း သိသိကြီးနှင့်ပင် အဖေပြောသည်ကို ကျကျနန
နားထောင်မိသည်ချည်းပင်။

ကျွန်တော်နှင့် တော့  မတည့်။
ငရဲများလည်း ကျွန်တော့် မှာ မနည်း။
မှတ်မှတ်ရရ ငရဲသည်ကား အဖေ့ ကို အရက်က နိုင်နင်းလာပြီး စိတ်လွတ် ကိုယ်လွတ် သောင်းကျန်းလာချိန်
ပတ်ဝန်းကျင်နှင့်  ကြီးမားစွာ ပဋိပက္ခ ဖြစ်နေချိန်၌ သတိကင်းလွတ်နေသော အဖေ့ ကို စိတ်ကျန်းမာရေးဆေးရုံ
သို့  တင်ရန် ကျွန်တော် ကြိုးစားခဲ့ သည်။ အမေကလည်း ပတ်ဝန်းကျင်ကို ငဲ့ ညှာသောအားဖြင့်  အဖေ့ ကို
အရက်ပြတ်စေချင်လွန်းသဖြင့် သဘောတူခဲ့ သည်။ သို့ ရာတွင် ကျွန်တော် သွားမတင်ဖြစ်ခဲ့ ။ ကားငှားပြီးကာမှ
အဖေ ဟိုမှာ ဒုက္ခတွေ့ မှာကို ပြန်တွေးရင်း မပို့ ဖြစ်တော့ ။ ပို့ ခဲ့ လျှင်တော့  ကျွန်တော်သည် အဖေ့ ကို
စိတ်ဆေးရုံ ပို့ သူအဖြစ် ငရဲကြီးမည်လားမသိ။ မပို့ ဖြစ်တော့ လည်း အဖေ့ အခြေအနေက ပိုပို၍ ဆိုးဝါးလာခဲ့ 
သည်။

အဖေ့ ဘဝသည် စုံလင်လှ၏။
ဖ.ဆ.ပ.လ ခေတ်က ဝန်ကြီးချုပ် ဦးဘဆွေအပါးတွင် နေခဲ့ ဘူးသည်။ ထားဝယ်မှ သူ့ ဘထွေး ဦးစံမြိုင်ထ့တွင်
နေခဲ့ ဘူးသည်။ စက်လှေစာရေး ဖြစ်ခဲ့ သည်။ မှောင်ခိုကုန် အကြီးအကျယ် ကူးခဲ့ သည်။ နောက်တော့ ပ.ပ.ရ.က
( ပြည်သူ့ ပုလဲနှင့် ရေလုပ်ငန်း) မှ ပုဇွန်စခန်း တာဝန်ခံအဖြစ် ထားဝယ်နယ်မှ ဘဝါရွာတွင် နေခဲ့ သည်။ ဤသည်
မှာ အဖေနောက်ဆုံး ရွှေထီးဆောင်းသောဘဝ ဖြစ်၏။ နယ်ခံစီးပွားရေးသမားများနှင့် ပြိုင်ကြရင်း အဖေ ထောင်
ချောက်ထဲ ကျသည်။ မော်တာလေးတစ်လုံးကို တဲတွင် တွေ့ ရှိပြီး အစိုးရပုဒ်မဟု အကွက်ဆင်ကြသည်။
ထို့ နောက် အမှု ဖြစ်သည်။ ရန်ကုန် ပြန်ရောက်တော့  အဖေ့မှာ ဖိနပ်ပင်မပါ။ ထားဝယ်သားများ ရက်စက်ယုတ်
မာသည်ကို အဖေ ကိုယ်တွေ့  ခံခဲ့ ရရင်း အရက်သမားဘဝဖြင့် အဖေ ဇာတ်သိမ်းခဲ့ ရသည်။

အဖေ ကောင်းစားစဉ်က ဘဝါစခန်းသို့  ကျွန်တော် ရောက်ဖူးသည်။
အဖေက စကားကြွားပြီဟေ့  ဆိုလျှင် လက်ကိုင်စကားတစ်ခွန်း ပြောလေ့ ရှိသည်။
“ ဟေ့  .. စံတင်တို့ က မွေးကတည်းက ဖင်မှာ ပလ္လင်ပါလာတာကွ၊ ချီးရေ ” ဟု။
အဖေသည် ကြီးကြီးမားမား မဆင်းရဲခဲ့ ဖူး၍ ဤစကားကို လက်ကိုင် ပြောခြင်းဖြစ်သည်။ အဖေ့ ဘဝမှာ ဘယ်နေ
ရာမှာဖြစ်ဖြစ်၊ ဘာအလုပ် လုပ်လုပ် အမြဲအသာရခဲ့ သည်။ အဖေ့ လက်ချောင်း၊ ခြေချောင်းလေးများက အမြဲပင်
သွယ်လျနူးညံ့ နေသည်။ အဖေ ရေမိုးချိုးပြီး ခေါင်းမှ ဆံပင်ကော့ ကော့ လေးကို သပ်တင် ဖြီးထားသည့်အခါ
လွန်စွာ ကျက်သရေ ရှိလှ၏။ အဖေ မူးလာပြီဆိုလျှင်တော့  ကျွန်တော် ကြည့်မရတော့ ။ ကျွန်တော်က အတူနေ
ကြာသူမို့  ငရဲအများဆုံး ထုပ်ပိုးနိုင်ခဲ့ သည်။

မတ္ထီလာတွင် ကျွန်တော် ကျောင်းသွားနေသောအခါ အဖေတစ်ယောက် ရင်ကွဲနာကျတော့ သည်။ အညာဒေသ
၏ နေထိုင်စားသောက်မှုကို အဖေသိသည်။ အဖေလည်း သွားရောက်နေထိုင်ဖူးသည်မို့ ကျွန်တော့် ကို ငတ်လေ
ပြီဟု တွေးကာ သူ့ အပူကို အမေ့ ပေါ် ပုံချရင်း သောကရောက်နေတတ်သည်။ ကျွန်တော်နှင့်တွေ့ လျှင်တော့ 
စကားသုံးခွန်း ပြည့်အောင် သင့်မြတ်၍ မရကြ။ ကျွန်တော့် အား မထက်မြက်ရကောင်းလား၊ မစွမ်းဆောင်နိုင်ရ
ကောင်းလားဟု ပြစ်တင် ဆဲရေးသည်။ ကျွန်တော့်မာနကို ဆွသည်။ ကျွန်တော် တကယ်ပြည်ပကို သွားသော
အခါ ကြုံတွေ့ ရမည့်  ဒုက္ခများကို ပြောရင်းပြောရင်း အပူလုံးကြွတော့ သည်။ ကျွန်တော့် အဖြစ်မှာလည်း
သူပူပင်ခဲ့ သလို တစ်ဖက်နိုင်ငံသို့  ခိုးဝင်သည့်နေ့ မှာပင် ထောင်ထဲ ဝင်ခဲ့ ရသည်ကိုး။

အဖေနှင့် ကျွန်တော် မတည့်ရသည့် အကြောင်းအရင်းများတွင် စရိုက်တူ၍လည်း ဖြစ်နိုင်သည်။ အဖေက မာန
ကြီးသည်။ မဟုတ်မမှန်တာမျိုးကိုလည်း ပါးစပ်က အငြိမ်မနေ ပြောတတ်သည်။ အဖေပြောလာလျှင် ခံရသူမှာ
မချိအောင်နာရသည်။ ငြိုးရသည်။ အကွက်ကျပြီဆိုလျှင် ပိဿလေး ဘေးပစ်သလို ပြောထည့်တတ်သည်။
သူ သာလျှင် သူပြော၍၊ ကျွန်တော် သာလျှင် ကျွန်တော် ပြောပစ်လိုက်သည်မို့  သူနှင့် ကျွန်တော် မတည့် ကြခြင်း
ပါပဲ။

ကျွန်တော့်ကို အဖေ အနိုင်ဆုံးအကွက်မှာ “ အစ်ကို့ အား ဦးထုပ်၊ ကျွန်တော့်အား ဖိနပ် ”ဟု ခိုင်းနှိုင်းခြင်းပင်။
အဖေနှင့် ကျွန်တော် အတူဆုံးအချက်သည်ကား ငွေရှင် ကြေးရှင်ကို ဂရုမစိုက်ခြင်းနှင့် ငွေကြေးကို တန်ဖိုးမထား
ခြင်းပင်။ ငွေရှင်ကြေးရှင်များကို ဂရုမစိုက်ခြင်းက ပြဿနာမရှိသော်ငြား ငွေကိုကို တန်ဖိုးမထားခြင်းက မကြာ
ခဏ ငွေကြေးအခက်အခဲ ကြုံရသည်။

အဖေ့ မှာ ဘယ်တော့ မှ ငွေမမြဲ။ ငွေက အမြဲဝင်နေပြီး အမြဲထွက်နေသည်။ နောက်ဆုံးအချိန်မှာတော့  ငွေပုံပေါ်
ရောက်ခါစမှာပင် အဖေ လူ့ လောကကို ကျောခိုင်းသွားခဲ့ သည်။ ကျွန်တော် အဖေ့ ကို စိတ်အမျိုးမျိုးဖြင့်  လွမ်းမိ
သည်။ မျက်ရည်တော့ မကျ။ အဖေသေပြီဟု ကြားစမှာပင် ကျွန်တော့်နှလုံးသားကို မာကျောကျစ်လစ်စေရန်
နောက်နောင် မည်သည့်အကြောင်းနှင့်မှ မျက်ရည်မကျစေရဟု ဆုံးဖြတ်ချက် ချခဲ့ သည်။

အဖေ သေသည်ကို သိသည့်တိုင် ကျွန်တော် အလုပ်ပျက်၍မရ။ အစ်ကိုက အဖေဆေးရုံတင်စမှာပင် ပြန်သွားခဲ့ 
၍ သူ့ ကိုယ်စား နှစ်ယောက်စာ လုပ်နေရသည်။ မနက် ခြောက်နာရီမှ ည ဆယ်နာရီအထိ နားချိန်မရှိ။ ထိုအဖြစ်
ကို နာကျဉ်းစက်ဆုပ်စွာဖြင့် ကျွန်တော့်နှလုံးသားကို မာကျောကျစ်လစ်အောင် ထုဆစ်ပုံသွင်းလိုက်ဖြစ်သည်။

အဖေ့ ကို ကျွန်တော် ကြွားပြချင်သေးသည်။ အဖေ အထင်သေးစွာဖြင့်  ကျွန်တော် မနာနာအောင် ပုတ်ခတ်
ပြောဆိုသည်များကို ပြုံးပြီး ကျွန်တော်ရင်ဆိုင်ချင်သည်။ အဖေ သေရသည်မှာ အရက်ကြောင့်ဟု ဆိုရမည်။
သို့ ရာတွင် အရက်ကို ရုတ်တရက်ကြီး ဖြတ်လိုက်ရာမှ လဲသွားခြင်းဟု ကျွန်တော် ဝမ်းနည်းစွာ သိရ၏။ အဖေ့ ကို
ကားဝယ်စီးဖို့  ငွေပို့ လိုက်ချိန်တွင် အဖေက အစ်ကို့ ကို သူအရက်ဖြတ်ပါမည့်အကြောင်း ကတိပေး၏။ ပြီးတော့ 
ကောက်ကာ ငင်ခါ ဖြတ်သည်။ တစ်လအကြာမှာ ဆုံးသည်။

ကျွန်တော် အဖေ့ ကို နှမြောသည်။ မည်သူ့ အတွက်မှ မဟုတ်။ ကျွန်တော့်ရင်ထဲ၌ ဖြစ်နေသော ပဋိပက္ခများကို
အဖေနှင့်  အတိုက်အခံ မဆွေးနွေးနိုင်တော့ ၍ နှမြောခြင်း ဖြစ်သည်။ ကျွန်တော့် ဘဝအတွေ့ အကြုံများကို
စာဖြင့် ကြွားပြီးပြီ။ နှုတ်ဖြင့် ကြွားလိုသေးသည်။ အဖေ့ထက်ပင် ဘဝ အတွေ့ အကြုံမျိုးစုံ စောစီးစွာ စုံခဲ့ ကြောင်း
အဖေနှင့်  ဆွေးနွေးချင်သေးသည်။ အဖေ သေပြီဆိုတော့  ကျွန်တော့်ရင်မှာ ဟာ၍ ကျန်ခဲ့ သည်။

ဘာပဲဖြစ်ဖြစ် အိမ်မှာ နှစ်ယောက်က စရိုက်တစ်မျိုး၊ သုံးယောက်က စရိုက်တစ်မျိုး ရှိကြသော မိသားစု ငါးဦးတွင်
ကျွန်တော်နှင့် စရိုက်တူညီသည့် အဖေ မရှိတော့ ပြီ။ နဂိုကပင် ကျွန်တော် နေပုံ၊ ထိုင်ပုံ၊ ဘဝအတွေးအခေါ်များ
ကို မကြိုက်သော အမေ၊ အစ်မနှင့်  အစ်ကိုတို့  သုံးဦး ကျွန်တော်နှင့် ပို၍ သဘောထား ကွဲကြတော့ မည်။ အဖေ
က ကျွန်တော်နှင့်  ရန်ဖြစ်သည့်တိုင် ကျွန်တော့်လို စရိုက်မျိုးမို့  မိသားစုအရေး ကိစ္စများတွင် ကျွန်တော် အားရှိ
သေးသည်။

ကျွန်တော်သည် အိမ်ကို ခင်တွယ်သူမဟုတ်၊ အမေတို့ နှင့် စိတ်သဘောထားမိုက်ဆိုင်သည်ကတော့  လူမှန်း
သိတတ်ကတည်းကပင် ဖြစ်သည်။ အိမ်မှာ ကျွန်တော် မပျော်မွေ့ ။ ကျွန်တော့်  စရိုက်ကိုလည်း အမေတို့ က
မကြိုက်။ ရရ စားစား၊ သွားသွားလာလာနှင့် ရည်ရွယ်ချက်မရှိသူဟု ထင်ကြ၏။ ကျွန်တော် မည်မျှ ကြီးကျယ်
ခန်းနားချင်သည်ကို ကျွန်တော်ကလည်း ဖွင့်မပြော။ ကျွန်တော် မက်မောသည့်ဘဝက ပျော်ပျော်ရွှင်ရွှင် စိတ်
လက်ချမ်းမြေ့ စွာ လုပ်ကိုင်စားသောက်ကြရင်း အသိဥာဏ်ပညာ တိုးပွားအောင် ရှာဖွေရင်း နေသွားကြမည့် 
မိသားစုဘဝ ဖြစ်သည်။

ကျွန်တော် ဘန်ကောက်မှာ ရှိနေစဉ်က အစ်ကိုရောက်လာတော့  စင်္ကာပူကို လိုက်ခဲ့ ဖို့  သူခေါ်သည်။ ကျွန်တော်
ငြင်းလိုက်၏။ နောက်တော့  အဖေက ဖုန်းဆက်ပြီး ပြန်လာဖို့  ခေါ်သည်။ ကျွန်တော် မပြန်ဖြစ်။ နောက် အစ်ကို့ 
သူငယ်ချင်း ဇော်မင်းအေး ရောက်လာသည်။ ဒါလည်း ကျွန်တော်မပြန်။ နောက်ထပ် ကိုသူရိန် ရောက်လာတော့ 
ကျွန်တော့်ထံ အစ်ကိုက ဖုန်းဆက်သည်။ ကျွန်တော်တို့  အိမ်ပြန်ရွေးပြီးလျှင် တာဝန်ကျေမည်ဟု ဆို၏။ ထိုစကား
ကို ယုံစား၍ စင်္ကာပူသို့  ကျွန်တော် လာခဲ့ ခြင်းပင်။

အိမ်ရွေးပြီးတော့  ကားဝယ်ဦးမည်ဟု ဆို၏။ ထိုကြားထဲ တယ်လီဖုန်း တပ်သေးသည်။ ယခုတော့  အဖေ ဆုံးပြီ။
ကျွန်တော်လည်း စင်္ကာပူကို မုန်းပြီ။ နှစ်ထပ်တိုးဖြင့် မုန်းမိခြင်းဖြစ်သည်။ အဖေကတော့  ဒါတွေကို မသိတော့ ။
အဖေ ကောင်းရာသုဂတိ လားပါစေဟု တိုးတိုးလေးပင် ဆုတောင်းမိသည်။

အစ်ကို ပြန်လာချိန်တွင် ကျွန်တော်လည်း အလုပ်အကိုင် ပြောင်းရွှေ့ ဖို့  ကြုံလာသည်။ အသစ်ရောက်လာသော
ချိဖ်ဖြင့် ကျွန်တော် မတည့် ။ သူက ကျွန်တော်တို့  ပုံမှန် လုပ်နေသော လုပ်ငန်းများ၌ သုံးစွဲမှုများ လျှော့ ချသည်။
ကျွန်တော်တို့  ရှပ်က ကျွန်တော်တို့ ကို တိုးတိုးတိတ်တိတ် ပြော၏။ သူ မသိအောင် သုံးစွဲပါ။ ဖြစ်လာလျှင် ဖြေရှင်း
ပေးမည်ဟု ဆို၏။ ကြာတော့  စိတ်ဖိစီးမှု များနေသည့် ကျွန်တော်နှင့်  ချိဖ်တို့  စကားများကြသည်။ ကျွန်တော်
ထွက်ခဲ့ သည်။ ကျွန်တော်ထွက်အပြီး နှစ်လအကြာတွင် S.S.C ရေကူးကလပ်၌ မြန်မာ အလုပ်သမား အားလုံး
တာဝန် ရပ်စဲလိုက်သည်။ စင်္ကာပူမှာလည်း အဖမ်းအစီးက ကြီးမားလာခဲ့ ပြီ။

အလုပ်ကို လွန်လွန်ကဲကဲ လုပ်ခြင်း၏ ရလဒ်ဆိုးကို ကျွန်တော် ကောင်းကောင်း သဘောပေါက်လာမိပါသည်။
နေ့ နေ့ ညည ကျွန်တော့်အာရုံတွင် အလုပ်တာဝန်များ အလုပ်ထဲမှ အလုပ်များ ဖိစီးလွှမ်းမိုးနေသည်။ မနက်ဖြန်
ဘာလုပ်ရမည်၊ ဘာတွေဖြည့် ရမည်၊ ဘာတွေအသစ်လဲရမည်၊ ဘာကို စွန့် ပစ်ရမည် စသည့် အလုပ်ကိစ္စများက
အိပ်ယာထဲအထိ ပါပါလာတတ်၏။ ကြာတော့  ကျွန်တော် အလုပ်ချိန်ကိုပင် မမှတ်မိတော့ ။ နားချိန်မှာ ဝင်လုပ်
မိသည်။ အလုပ်ချိန်မှာ ငေးငိုင်နေဖြစ်သည်။ ကျွန်တော့်ရှပ်က ကျွန်တော့် ကို သုံးရက် နားခွင့် ပေးသည်ကို
ကျွန်တော် မယူမိခြင်းမှာ အမှားကြီးတစ်ရပ် ဖြစ်ခဲ့ သည်။ ကြာတော့  အလုပ်ကြောင်သည့်  ဒဏ်ကို ကျွန်တော်
ခံရပြီ။

အလုပ်က ထွက်လာမိချိန်မှာတော့  ကျွန်တော် ပြန်၍ ပေါ့ ပါးလွတ်လပ်လာခဲ့ သည်။
စာအုပ်များ ပြန်ဖတ်ဖြစ်ခဲ့ သည်။ ကျွန်တော်က စာဖတ်အားကြီးသူမို့  ခုနှစ်ရက်နီးပါး စာအုပ်များ ဖတ်နေဖြစ်၏။
အနားယူပြီးချိန်မှာ ကျွန်တော် ဆုံးဖြတ်လိုက်သည်က ဘန်ကောက်ပြန်ဖို့ ပင်။ ဘန်ကောက်၌ ဖိုင်နှင့် တွေ့ မည်။
ပြီးလျှင် ကျွန်တော် ဖြစ်ချင်သော ဇာတ်ညွှန်းဒါရိုက်တာလိုင်း၊ စာပေလိုင်းသို့  တိုးဝင်တော့ မည်။ အသိဥာဏ်
ပညာ အလိမ္မာနှင့်  လူ့ ဘဝကို နေသွားတော့ မည်။

ကျွန်တော့်ဆန္ဒများက တကယ်လက်တွေ့  ဖြစ်မလာခဲ့ ။
အစ်ကိုက ဂေါက်ကလပ်မှ စားသောက်ဆိုင်တွင် လူလိုနေသဖြင့် သွားလုပ်ဖို့  ပြောလာသည်။ ကျွန်တော် သွား
လုပ်မိပြန်၏။ ထိုအခါ ကျွန်တော့်ရင်ထဲမှ အစိုင်အခဲသည် ပို၍ပင် ကြီးမားလာပါတော့ သည်။ အလုပ်သမား
ဘဝကို ကျွန်တော် မုန်းနေပြီ။ ငွေကိုလည်း ကျွန်တော် မုန်းနေပြီ။ ကျွန်တော် တွေးဆနေသည့်  ဝါသနာနှင့် 
အသက်မွေးဝမ်းကျောင်း ပြုရမည့် ဘဝကား ဝေးနေဆဲပင်။

ငွေကို ကျွန်တော် မုန်းတီးသော်ငြား အလုပ်ခွင်မှာတော့  ပို၍ပျော်ရွှင်လာသည်။ ကျွန်တော့် အလုပ်ဆိုက်၌
ကျွန်တော် တစ်ဦးတည်း လုပ်ရသဖြင့် ပို၍ စိတ်တိုင်းကျ လုပ်ခွင့်ရ၏။ အသားကင်များကို ကိုယ်တိုင် လှီးရသည်။
ကင်ရသည်။ ဆော့ စ်ကို ကိုယ်တိုင် ချက်ရသည်။ ချိဖ်က သဘောကောင်းပြီး၊ အစ်ကိုနှင့် သူငယ်ချင်းများလို
ရင်းနှီးခဲ့ သူဖြစ်သည်။ ဂေါက်ကလပ်မှာက တစ်ပတ်လျှင် နှစ်ရက်လောက် ဘီယာသောက်ဖြစ်၏။ ကျွန်တော်နှင့်
အတူ ရေကူးကလပ်၌ လုပ်ဖူးသော ငြိမ်းချမ်းတို့ ၊ ဥက္ကာတို့ လည်း စားပွဲထိုး လာလုပ်နေကြသည်။ နောက်တော့ 
ဥက္ကာနှင့် ခိုင်မင်းထွန်းတို့  မီးဖိုဆောင်သို့  ပြောင်းလာကြသည်။

ကျွန်တော်တို့  မီးဖိုဆောင်မှ နားနေခန်းသို့  ထွက်ပြီး လှမ်းကြည့်လိုက်လျှင် ဆန်တိုဆာကျွန်းကို တွေ့ ရသည်။
နေ့ လည် နေ့ ခင်း ရေစပ်ဆင်း၍ ငါးမျှားကြလျှင် ဆန်တိုဆာမှ ကျွန်းပတ်ရထားကို လှမ်းတွေ့ နေရ၏။ တစ်ခါတရံ
အပျော်စီး သင်္ဘောကြီးများကို တွေ့ ရသည်။

ကျွန်တော် အလုပ်ဝင်ပြီး ခြောက်လကျော် အကြာတွင် မြန်မာအလုပ်သမား အချို့ နှင့်  အန္ဒိယအလုပ်သမားအချို့ 
ပြဿနာ ဖြစ်ကြ၏။ ရိုက်ကြ နှက်ကြသည်အထိ ဖြစ်ကြသည်။ ကျွန်တော်လည်း အလုပ်မှ ထွက်လာခဲ့ တော့ ၏။
ကျွန်တော် ဘန်ကောက် ပြန်တော့ မည်။

သည်တစ်ချီတော့  ကျွန်တော့် ဆုံးဖြတ်ချက်က အကောင်အထည် ပေါ်ခဲ့ ပါလေပြီ။

( ဆက်ရန် )

...............................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

Sunday, April 24, 2011

စိတ်ကလေး ...( ဆောင်းပါး )

မီးဝါ ခုနှစ်ခုကို ဖြတ်မောင်းလာပြီးမှ ဒီနေ့  ပုံမှန်လေး မောင်းဘို့  သတိရမိတော့ သည်။
ရှေ့ နားမှ ဗြုန်းကနဲ မြင်လိုက်မိသော ရှစ်ခုမြောက်မီးပွိုင့် ၏ ရုတ်တရက် ဝါ သွားတာကို ဖြတ် ကနဲ မြင်လိုက်မိ၍
ကျွန်တော့် ဆိုင်ကယ်ဘရိတ်ကို အတင်း ညှစ်လိုက်မိသည်။ ဒီနေ့ လည်း ငါပုံမှန်လေး မောင်းဘို့  မေ့ သွားပြန်ပြီ
ဟု တွေးမိရင်း နီသွားသော မီးနီခွက်ထဲမှ စ,တင်ရေတွက်သော ကောင်တာဂဏန်းကို ကြည့် မိတော့  စက္ကန့် ၉၀
ဖြစ်နေသည်။ မြို့ လယ်ခေါင် ခြောက်လမ်းသွားလမ်းကျယ်ကြီးကို ဖြတ်ထွက်ရမည့်  အကြာဆုံးမီးပွိုင့်  ဖြစ်ပါသည်။
ထိုင်ပေမြို့ တော်၏ အသဲနှလုံးတစ်နေရာဖြစ်သော “ ရှီးမန်သင်း ” စင်တာ တစ်ဝိုက်ဖြစ်သည်။ နောက်ထပ်ရထား
သည့်  အလုပ်နေရာက“ ရှီးမန်သင်း ” ကို နေ့ စဉ် အသွားအပြန် ဖြတ်နေရပါသည်။

အိပ်ဇောငွေ့ နှင့်  လေစိမ်းတို့ ကို ကာကွယ်ရန် တပ်ထားသော နှာခေါင်းစည်းထဲမှ မှုတ်ထုပ်နေသော နှာငွေ့ တို့ 
ကြောင့်  ချထားသော ဆိုင်ကယ်ဦးထုပ်၏ လေကာမှန်တစ်ပြင်လုံး အခိုးငွေ့ တို့ ဖြင့်  မှုန်ဝါးသွားသဖြင့်  မှန်ကို
ပင့်တင်လိုက်ရပါသည်။ မီးပွိုင့် ကို ဖြတ်ကူးနေသော ကျောင်းသူ၊ကျောင်းသားတွေကို မြင်ရသည်။ အာရုံတို့ က
မြန်မာပြည်မှ အိမ်စီးကားတို့ ကို ခြင်ထောင် ထောင်သိပ်မတတ် ရိုသေကြသည်ကို သွားသတိရမိသည်။ တစ်နေ့ 
က “ ကောက်စုကုန်း ” ဟု ခေါ်သော အမြန်လမ်းမကြီးပေါ် ကားဖြင့်ခဏတက်ရစဉ် မြင်လိုက်မိသော ကားတစ်စီး
ကြောင့် ဖြစ်သည်။ မော်ဒယ်က ဘီအမ်ဒဘလျူအမျိုးအစား၊ သည်နိုင်ငံ အနေနှင့် တော့  နိမ့် နေပေမယ့်  မြန်မာ
ပြည်အနေနှင့်ဆိုလျင်တော့  အတော်မြင့်ပါ၏။ နောက်ကကြည့်တော့  ပြုတ်ကျလုဖြစ်နေသော အိပ်ဇောပိုက်ကို
ဖရိမ်မှာ သံကြိုးနှင့်  ပြန်တွယ်ချီထားသည်။ ဘေးတစ်ခါး နဲနဲ ချိုင့် ဝင်နေသည်။ အော် .. ကားလေး ပြင်ဘို့ ပင်
အချိန်မရနိုင်အောင် အလုပ်များနေသည်ဟု ထင်မိခဲ့ သည်။

သည်လိုကားမျိုးမပြောနှင့် သည့်ထက်ကောင်းသည့် ကားများလည်း ဒီတိုင်းပါပဲ။ ရပ်စရာအလွန်ရှားတော့ ရတဲ့ 
နေရာမှာပဲ ဖြစ်သလို ပစ်ထားခဲ့ ရသည်။ ကားကို ကားနှင့်တူအောင်ကို သုံးကြသည်ဟု။ ကိုထွန်းထွန်းပြောသလို
ဗမာပြည်မှာတော့  ကားကို မယားနှင့်တူအောင်သုံးသည်ဆိုတာကိုလည်း သတိရသွားသည်။ ကားလေးတစ်စီး
ဖြစ်ဖို့ က စိတ်ကူးယဉ်အိမ်မက်ဘဝများကို ဖြတ်သန်းပြီး မဖြစ်နိုင်မှန်းသိရက်နှင့်ပင် ကြိုးစားရှာဖွေရင်း ဘဝကို
အဆုံးသတ်နေကြရတာကိုလည်း တွေးမိပြန်သည်။ အကြောင်းကြောင်းကြောင့် ကားလေးတစ်စီး ဖြစ်လာရပြီ
ဆိုလျှင်လည်း ခြင်ထောင်ထောင်ပြီး သိပ်လုမတတ် ဂရုစိုက်ကြရသည်ကိုး။ မိသားတစ်စုလုံးထက်တောင် တန်ဘိုး
ရှိနေတတ်သည်။ သည်မှာတော့  ပေါမှပေါ ။ မှတ်ပုံတင်ကိုင်ဆောင်သူ နိုင်ငံသားတိုင်း ကြိုက်သည့် ကားကို
တွေ့ ရာဆိုင်တွင် သွားဆွဲလို့ ရသည်။ အရစ်ကျကို အဆင်ပြေသလို ပေးသွားလို့ ရသည်။ ကားတွေပေါလွန်း
တော့ လည်း ကားရှိတာမဆန်းသလို ဖြစ်နေပြန်တော့  နောက်ဆုံးပေါ် မော်ဒယ်ချင်းပဲ အပြိုင်စီးနေကြတော့ ၏။

မနက် ကားထားရာ ကားပါကင်ကို သွားဖို့  ဆိုင်ကယ်လေးနှင့်  အိမ်အောက်မှ မောင်းထွက်ရသလို၊ ကားတွေ
ညပ်ပြီး လမ်းပိတ်လွန်းလို့  ဆိုင်ကယ်နဲ့ ပဲ သွားရတာတွေလည်း ရှိနေပြန်သည်။ MRT ဘူတာကို ဆိုင်ကယ်နှင့် 
သွား၍ ဘူတာထဲဆင်း ရထားဖြင့်  ရုံးတက်၊ အလုပ်တက်နေရတာတွေလည်း ရှိနေပြန်တော့  ရှိသမျှ လမ်းကြို
လမ်းကြား လမ်းမှန်သမျှ တို့ ပေါ် ယာဉ်တို့  အမြဲ ပြည့် နှက်နေရတော့ သည်။ စင်္ကာပူလို ကျွန်းနိုင်ငံ မှာတောင်
ယဉ်တွေ အဆမတန် များပြားလာမည့် အရေးကို ကာကွယ်သည့် အနေဖြင့် လိုင်စင်အရည်အတွက်ကို ထပ်တိုးမ
ပေးရုံမျှမက ကားဝယ်လျှင် အခွန်ကို အဆမတန် စည်းကြပ်ကောက်ခံ နေတော့ ရာ ထိုင်ဝမ်လို နိုင်ငံမှာလည်း
လမ်းပေါ် ယဉ်တွေများလာသည်ကို တနည်းနည်းဖြင့်  ထိန်းသင့် နေပြီဟု တွေးမိပါသည်။ တစ်ခါတစ်ရံ ကားတွေ
ဆိုင်ကယ်တွေမပြောနှင့် ၊ စက်ဘီးကလေးတောင် ရပ်စရာ နေရာ မရတတ်ပါ။ မိသားစုတိုင်းတွင် များသောအား
ဖြင့်  ကားတစ်စီးသာမက အိမ်ရှိလူကုန်ပါ ဆိုင်ကယ်တစ်စီးစီ ရှိနေတတ်ကြပါသည်။

သည်လိုအမြဲတန်း ကြပ်ညပ်နေသည့်  လမ်းတွေပေါ်မှာ ကျွန်တော်က အမြဲတန်း အလျင်စလို ဖြစ်နေမိပါသည်။
နေ့ တိုင်း မလိုအပ်ပဲ ဆိုင်ကယ်ကို အလောသုံးဆယ် မောင်းနှင်နေမိသော ကျွန်တော့် ကို လုပ်ဖော်ကိုင်ဖက်
သူငယ်ချင်းများက သတိပေးလာသည့် အကြိမ်များလာတော့ ၊ ကိုယ့် စိတ်ကလေး အေးလာသည့်  အချိန်တွင်
ပြန်စဉ်းစားကြည့် မိသည်။ သူတို့  ပြောနေတာလည်း မှန်နေသည်။ မဖြစ်ရင်ကောင်း၏။ ဖြစ်လာလျှင် ရှင်းဖို့ 
မလွယ်တဲ့  ။ ကိုယ့်ကြောင့် သူများဖြစ်နိုင်သလို၊ သူများကြောင့် လည်း ကိုယ် တစ်ခုခု ဖြစ်နေနိုင်တော့ ကာ
သည်လို အမြဲရှုပ်ထွေးသည့်  လမ်းမကြီးများတွင် သတိလေးနှင့်  မှန်မှန်လေး မောင်းသင့်နေပါလျက်နှင့် 
ဘာကြောင့် သတိလက်လွတ် ဖြစ်နေရပါသလဲ ဆိုတာတော့  စဉ်းစားမရနိုင်ပါ။

တစ်နေ့ က ကိုထွန်းထွန်းအိမ်ကိုလာတော့  ကျွန်တော်ရထားသည့် “ လင့်” ကလေး တစ်ခုမှ၊ “ စိတ်နှင့် စေတ
သိတ် ” အကြောင်း ကို ဖွင့် ၍ နာကြရင်း စိတ်ကလေးအကြောင်းကို အကျယ်တဝင့်  ဆွေးနွေးဖြစ်ခဲ့ သည်။
“ ကိုထွန်းထွန်း .. ကျွန်တော်တို့ ရဲ့  စိတ်ကလေးတွေက တစ်စက္ကန့် အတွင်းမှာ ဘယ်နှစ်မျိုးလောက် ပြောင်းနေ
ဖြစ်နေတတ်သလဲ သိလား .. ”
“ အင်း .. မပြောနိုင်လောက်အောင် များတယ်ဗျ ”
“ အာ .. ကိုကျော်ကလည်း တစ် ဆိုတဲ့  စက္ကန့် လေးအတွင်းမှာတောင် ရုပ်ပေါင်း ကိုးဆယ်ဖြစ်ပြီး ပျက်ရတယ်လို့ 
ကျွန်တော် ကြားဘူးတယ်ဗျ၊ ဟုတ်မဟုတ်တော့ မသိဘူး ”
“ အင်း .. ကျွန်တော်ကတော့  စိတ်နောက်က၊ စေတသိတ် အကြောင်း အခုမှ သေချာနာဘူးတော့ တယ်”
ကိုထွန်းက ခေါင်းညိတ်ရင်း ရေနွေးကြမ်းကို ကောက်ငုံလိုက်သည်။ လက်ဆောင်ရထားသည့်  အကောင်းစား
ဆေးဖက်ဝင် တရုပ်လက်ဖက်ခြောက်နှင့် ခပ်ထားခြင်းဖြစ်သည်။ သူကပင်ဆက်ပြီး ..
“ လူတွေကြားထဲမှာ ပြောနေတဲ့  ဥပေက္ခာ ကတစ်မျိုး၊ ကျွန်တော်တို့  နာ ရတဲ့  ဥပေက္ခာက တစ်မျိုး ဖြစ်နေတယ်”
“ အင်းလေ ”
“ အခက်ဆုံး အလုပ်ကြီးပဲဗျ ၊ အပြောလွယ်သလောက် လုပ်ဖို့ မလွယ်ဘူးနော်...”
“ အေးဗျာ.. နောက်တစ်ခုက စိတ်အတွေးတစ်ခုပေါ့ ၊ ကိုယ်လုပ်နေတာတဲ့  အဓိက အလုပ်တစ်ခုကို အစီ
အစဉ်အတိုင်း လုပ်ဖြစ်နေပေမယ့်  အတွေးက တစ်ခုခုကို အဲ .. တစ်ခုပြီးတစ်ခု ဆက်တိုက်တွေးနေမိတာ
သေချာတယ်ဗျ၊ ရပ်တယ်မှ မရှိတာ ...”
“ လုပ်တဲ့  အလုပ်ပေါ်မှာ စိတ်က တည်မနေတာလား ”

အတွေးစ တို့ ဖြင့်  နီနေသော မီးပွိုင့် ကို မော့ ကြည့် မိပြန်သည်။ ၈၀ စက္ကန့်  ပြနေသည်။

တစ်နေ့ နေ့ တော့  ကျွန်တော့်ဘလော့ လေးကို ကျွန်တော် အပြီးတိုင်စွန့် ခွာသွားရတော့ မည့် အရေးကိုလည်း
အတွေးတို့  ဝင်လာမိပြန်ပါသည်။ အင်းလေ ... ဘယ်အရာကိုမှ မြဲနေအောင်ဆုပ်ကိုင်ထားလို့ မှ မရတော့ တာ။

မီးပွီုင့် ၏ ထိပ်ဆုံး မျဉ်းကျားစည်းနေရာတွင် ဆိုင်ကယ်ပေါ်မှ ခြေနှစ်ဖက်ချထောက်၍ လက်ပိုက်ပြီး အတွေး
ကောင်းနေစဉ် ဆေးရုံကား၏ ဥသြဆွဲလာသံကို ကြားလိုက်မိသည်။ အပေါ်ဖက်မီးနီခွက်ထဲမှ တဖြည်းဖြည်းရော့ 
ကျနေသော ဂဏန်းအရေအတွက်ကို ကြည့်မိသည်။ ၆၉ စက္ကန့်  ရောက်နေသည်။ စောစောက ကျွန်တော်ကြား
လိုက်မိသော ဆေးရုံကားဥသြသံက ကျွန်တော့ နောက်ကျောဘက်မှ တဖြည်းဖြည်းနီးသထက်နီးလာသလို
ဖြစ်နေပြီး မီးပွိုင့် ဧရိယာအတွင်း စုပြုံရပ်နေသော ယဉ်တွေအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
လှည့် ကြည့် မိတော့  တလက်လက်လည်နေသော မီးနီတန်းလေးနှင့် ဆေးရုံကားက ကျွန်တော်တို့  ယဉ်ကြော
အတိုင်း အတင်း ထိုးဝင်လာနေသည်ကို တွေ့ လိုက်ရသည်။ ကျွန်တော်လည်း ကျွန်တော့်ဆိုင်ကယ်ကို ရှေ့ ဖက်
လူကူးမျဉ်းကျားအကွက်ထဲ အသာထိုးကပ်ပေးလိုက်ရသည်။ ကျွန်တော့် ဘေးမှ ဖြတ်ထွက်သွားသော ဆေးရုံ
ကားနောက်ကျောကို ကြည့်မိပြီး ဗမာပြည်မှာတုံးက ကားတိုက်ခံခဲ့ ရတာကိုပါ သတိရမိသွားသည်။

အင်း ... ငါလဲ သည်မီးပွိုင့် ပြီးသွားရင် မှန်မှန်ပဲ မောင်းသွားတော့ မယ်.. ဟု တွေးမိရင်း ကိုဇာဂနာကို သွားသတိ
ရမိပြန်သည်။ ပါရမီထူးပြီး ချစ်မွှေးပါလွန်းတော့ လည်း စင်ပေါ်တက်လာပြီး ဘာမှမလုပ်၊ မရယ်မပြုံးပဲ ဒီတိုင်းရပ်
နေရင်းတောင်မှ အောက်ကပရိတ်သတ်က တအုံးအုံးဖြစ်နေရသည်။ သူ့ ရဲ့  သူတောင်းစားညီလာခံကို သတိရ
လာရင်း ပြုံးမိပြန်သည်။ အမှန်တွေကိုပဲ တရစပ်ထေ့ လုံး ငေါ့ လုံးတို့ ဖြင့်  ဖေါ်ပြနေသော ကိုဇာဂနာလို လူမျိုးက
ကျွန်တော်တို့  လူ့ အသိုင်းအဝိုင်းထဲတွင် အမြဲရှိသင့် နေပါလျက်နှင့် ယခုချိန်ထိ သူက အထဲက မထွက်နိုင်သေး
တာကိုလည်း စိတ်မကောင်းဖြစ်လာမိသည်။ လွတ်လပ်ဖို့ အတွက် လွတ်လွတ်လပ်လပ် ပြောခဲ့ သူတစ်ယောက်
ကအခုချိန်ထိ မလွတ်လပ်တဲ့  ဘဝ ရောက်နေရပါ၏။

မမကီရေးသော မွေးမြူရေးကြက်အကြောင်း ရောက်သွားပြန်သည်။ ဓါတုဗေဒဆေးများဖြင့် လှလှပပကြီးထွား
လာသော ကြက်များကိုစားမိ၍ လူတွေ အမျိုးမျိုး ဒုက္ခရောက်ရပုံ ဖြစ်သည်။ သူက သဘာဝ အိမ်ကြက်၊ ပိန်ပိန်
ကြက်တို့ ကိုသာ စားသင့် ပါသည်ဟု အကြုံပြုထားပါသော်လည်း ထိုကြက်များက ဖောင်းကားနေသော
မွေးမြူရေးကြက်များထက် ဈေးကြီးနေပါသည်။ ကိုမိုးအောင်က ကျွန်တော့်ကို အိမ်ကြက်ချက်ခိုင်းရန် ညဈေးတွင်
တောကြက် ( တရုပ်လို ထူကြီး ) သွားရှာရာ မတွေ့ ပဲ တစ်ဝက်တောကြက် ( တရုပ်လို ပန့် ကြီး ) ဟု ဈေးသည်က
အတင်းထိုးရောင်းခဲ့ သည်ဟု သိရပါသည်။

ကျွန်တော်လည်း ပြီးခဲ့ သော တနင်္ဂနွေနေ့ က ဗမာဆိုင်တစ်ဆိုင်တွင် တို့ ဟူးသုပ် သွားစားပါသည်။ တိုက်တိုက်
ဆိုင်ဆိုင် တရုပ်စစ်စစ်တွေ ကြားထဲ မွေးကတဲက နေလာရရှာသော ဆိုင်ရှင်အမကြီးက “ နင်က .. စာရေးတယ်
ဆိုတော့  ငါ့ ကို တို့ ဘူးသုပ် ရေးပေးပါ ” ဟု ဆိုပြီး ဆော့ ပန် နှင့်  ကပ်ထူ စက္ကူ အဖြူတစ်ရွက် ထိုးပေးလာ၏။
သူပေးသော ကပ်ထူစက္ကူ အဖြူမှာ ရေးထားသည်က “ တို့ ဘူးသုပ် ” ပါ။ ကျွန်တော်က မှားနေတယ်ထင်တယ်ဟု
ပြောတော့  အဲ့ ဒါသူများရေးပေးတာ၊ လက်ရေးလည်းမလှတော့  နင့် ကိုတွေ့ တာနဲ့  .. ဟု ပြောသည်။ မနက်ဈေး
ထဲ သမီးကို သွားရောင်းခိုင်းမလို့  ဟု ပြောပါသည်။ ကျွန်တော်လည်း ထင်တဲ့ အတိုင်းပဲ “ တို့ ဟူးသုပ် ” ဟု
ခပ်ဝိုင်းဝိုင်း ဖြစ်အောင် ရေးပေးလိုက်သည်။ ကိုယ်က မလှပေမဲ့  သူတို့ က လှ သည်ဆိုတော့ လည်း ပြီးရောပေါ့ ။

တို့ ဟူးသုပ်နှင့် ပတ်သက်ပြီး တစ်ခုကို သွားသတိရမိပြန်သည်။
“ ရှောက်ရွက် ” ဖြစ်ပါသည်။ ရှောက်ရွက်ပါမှ တို့ ဟူးသုပ်က စားကောင်းသည်။ ထိုင်ဝမ်တွင် ရှောက်ရွက်က
လေယဉ်စီးပြီးလာရပါသည်။ တစ်ချို့ ဈေးသည်တွေက မျိုးယူပြီး ဆိုက်နေသည်ဟု ပြောသည်။ ထိုနေ့ က
တို့ ဟူးသုပ် စားမကောင်းခဲ့ ပါ။ “ ရှောက်ရွက် ” မဟုတ်သော “ ရှောက်ခါးရွက် ” ကြောင့်ဖြစ်ပါသည်။ ကြည့်လျင်
အစစအရာရာ အကုန်တူနေသော “ ရှောက်ခါးရွက် ” ကို ညှပ်ထည့်ပေးလိုက်၍ ဖြစ်သည်။ နို့ နံ့  လိုလို စိမ်းရွှေရွှေ
အနံ့  ကြီးပါ။ မမွှေးပဲ နံ နေသည်ကို ပြန်တွေးမိနေရင်း၊ မုန့် ဟင်းခါးဟင်းရည်အစစ်တောင်းသည့်  သည့် အတွက်
ကြောင့်  ပိုက်ဆံထပ်ပေးလိုက်ရသည့်  ဈေးသည်ကြီးကိုပါ တဆက်ထည်း မြင်ရောင်လာသည်။

ပြီးခဲ့ သည့်  ကိစ္စတစ်ခုအတွက် စိတ်ကူးထဲမှာပဲ ဈေးသည်နှင့်  စိတ်ကူးယဉ်ရင်း ရန်ဖြစ်နေမိပါသည်။
ကျွန်တော်က သူ့ ကို ဗမာပြည်မှာ မုန့် ဟင်းခါး မစားဘူးဘူးလားဟု မေးရင်း မုန့် ဟင်းရည်အစစ်အတွက် ပိုက်ဆံ
ထပ်ပေးရသည်ကို ပြောမိသည်။ ဗမာမုန့် ဟင်းခါးလို စားကောင်းနေရင်လည်း မဆိုသာပေမယ့်  မှန်ရောင်ဟင်း
ချိုလို ကျဲတောက်နေသော သူ့ မုန့် ဟင်းရည်ကြောင့်  စားနေသည့်  ကြွေပန်းကန်ကို ရိုက်ခွဲပစ်လိုက်ချင်စိတ်တို့ 
တဖွားဖွား ပေါ်ပေါက်ခဲ့ ရပါသည်။

ကျွန်တော့် အကြည့်က မီးပွိုင့် ကို ရောက်သွားသည်။
၆စက္ကန့် အထိ ရောက်နေပြီ။

ကျွန်တော့် ရင်ကြောတို့  တင်းလာသလိုဖြစ်သွားသည်။
ညာလက်မှ ဆိုင်ကယ်လီဗာကို တဆ,ဆ နှင့်  လှည့် နေမိသည်။ ဘယ်လက်က ဘရိတ်မလွှတ်သေး၍ ဆိုင်ကယ်
က ရုန်းမထွက်သေးပေမယ့်  အောက်က အင်ဂျင်သံကတော့  တဝုန်းဝုန်းနှင့်  ဗြောင်းဆန်နေပေပြီ။
တစ်မိနစ်ခွဲခန့်  အချိန်ယူထားသော မီးပွိုင့် မှ ကောင်တာဂဏန်းတို့ က ၃ စက္ကန့် သာ ကျန်တော့ သည်။
ဘေးနောက်ဝဲယာမှ ကားတွေ ၊ ဆိုင်ကယ်တွေလည်း စက်သံ တွေ ဆူညံလာပြီး ၊ တာထွက်ရန် လှုပ်ရွ လာကုန်
ကြသည်။

၃ စက္ကန့် ၊ ၂ စက္ကန့် ၊ ၁ စက္ကန့် ... သုံည မရောက်ခင်လေး ၊ “ စိမ်း ”ကနဲ ဖြစ်ခါစကလေးမှာပဲ“ ဝူး ” ကနဲ
ကျွန်တော် ဆောင့် ထွက်လိုက်မိတော့  တစ်ဖက်လမ်းကျယ်မှ “ မီးဝါ ” ကို လု ထွက်လာသော ကုန်တင်ကားကြီး
နှင့်  တိုက်လု၊ တိုက်ခင် ဖြစ်သွားရသည်။ ကားကြီး၏ လေအဟုန်တို့ တောင် ကျွန်တော့်ကို ဟပ် သွားပါသည်။
သူက ကျွန်တော့်ကို နင်းသွားမှာပါ။ သည်တော့ မှ သတိရမိသည်။

မှန်မှန်လေးပြန်မောင်းဘို့  “ စိတ်ကလေး ” ပါပဲ။


...................................................................................................................

( ဆက်ရန် )

Sunday, April 17, 2011

ORCHARD MRT, ASCANDA SCHOOL

ORCHARDS ဘူတာရုံမှာ မြေအောက်ဘူတာရုံ ဖြစ်သည်။ ဝင်ထွက်သွားလာကြသည့်  ခရီးသည်အများစုမှာ
ကုန်တိုက်ကြီးများမှ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ရှော့ ပင် ထွက်လာကြသူများ၊ ကျောင်းသူ ကျောင်းသား
များဖြင့် အတော်ပင် စည်ကား ဖွံ့ ဖြိုးသော ဘူတာရုံ ဖြစ်သည်။

ကျွန်တော်တို့  သင်တန်းလွှတ်လျှင် ဘူတာရုံရှိရာ အထပ်သို့  ဆင်းလာပြီး မက်ဘာဂါဆိုင်တွင် အာလူးကြော်
စားကြသည်။ ကော်ဖီသောက်ကြသည်။ တစစ်ယောက် သုံးဒေါ်လာရှိလျှင် စားနိုင်ပြီကိုး။ ထွန်းလင်းအောင်က
ထမင်းဂျိုင့်  ယူလာတတ်သေးသည်။ အောင်ကိုကိုကတော့  မိဘချမ်းသာသည်မို့  သုံးနိုင် ဖြုန်းနိုင်သည်။ တရုပ်မ
က အမြဲတန်း ကပ်တီးနေကျ။ သူ ဘယ်တော့ မှ ပိုက်ဆံ မထုတ်။ ထုတ်စရာလည်း မလို။ ကျွန်တော် တစ်လှည့် 
ထွန်းလင်းအောင် တစ်လှည့် ၊ အောင်ကိုကို တလှည့်ကျွေးကြသည်။ မိန်းခလေးက သူ တစ်ယောက်တည်းမို့ 
တော်တော် အနိုင်ကျင့် တတ်၏။ ကိစ္စမရှိ။ သူက ဟန်ပန်မူရာ ကောင်းသည်။ မြူဆွယ်ရယ်မောတတ်သည်။
သူနှင့်  တွေ့ လျှင် ကျွန်တော်တို့  ပျော်ပြီး သူအနိုင်ကျင့် တာကို ခံယူကြသည်။ ရပ်ဝေး ပြည်ကြားမှာ ဆိုတော့ 
တစ်ခဏတာ တွေ့ ကြစဉ်အတွင်း ချစ်ချစ်ခင်ခင် နေကြဖို့  ဆရာမက ဆုံးမပါ၏။

ကျွန်တော် လက်ကိုင်ဖုန်း စ, ကိုင်သည့် နေ့ က ဆရာမက ခေါ်၍ ဆုံးမသည်။
ကျောင်းသားတစ်ယောက်အနေဖြင့်  ဖုန်းကိုင်လျှင် ငွေကုန်ကြေးကျ များကြောင်း၊ တာဝန်ကြီးကြောင်း၊ မလိုအပ်
လျှင် မကိုင်စေချင်ကြောင်း ရှင်းပြ၏။ ဆရာမ ပြောတာ မှန်သည်။ ကျွန်တော့် အစ်ကိုက လက်ကိုင်ဖုန်း ဝယ်ပေး
ခြင်းမှာ ကျွန်တော် လျှောက်သွားနေလျှင် ဆက်သွယ်နိုင်ရန်ဖြစ်သည်။ ပြီးတော့  ဖုန်းမှာလည်း မြန်မာများ ဝယ်
ကိုင်ခွင့် မရှိသေး။ မလေးရှားလူမျိုး တစ်ယောက်က တစ်ဆင့်  ရောင်းလာ၍ ဝယ်လိုက်ခြင်းပင်။ ဖုန်းခကိုတော့ 
သူ့ နာမည်ဖြင့်ပင် လာသည်။ လစဉ် ဖုန်းခ ဆောင်ပေးလိုက်လျှင် ဘာပြဿနာမှ မရှိ။ ကျွန်တော်ကလည်း
ဖုန်းကိုင်ရမည်ဆိုတော့  အတော်ပင်ဘဝင်မြင့် မိသည်။

ထိုစဉ်က စင်္ကာပူတွင် လက်ကိုင်ဖုန်းကိုင်နိုင်သော မြန်မာလူမျိုး များများမရှိ။
ကျွန်တော်တို့  အထဲတွင် ကျွန်တော် ပထမဆုံး ဖြစ်သည်။ ပေဂျာ ကိုတော့  ဆောင်ကြပါသည်။ ပေဂျာဖြင့်ပင်
အဆက်အသွယ် များကြ၏။ ဖုန်းခမှာ တစ်မိနစ်လျှင် ဆင့် ၂၀ ကျသည်။ လစဉ်ကြေး ရှိသည်။ တစ်လလျှင်
ဒေါ်လာတစ်ရာ အနည်းဆုံး ကုန်ကျပါသည်။ ထို့ ကြောင့်  မည်သူမျှ မကိုင်ကြပါ။

ORCHARDS လို ဒေသမျိုးမှာ ကျောင်းတက်ရင်း ဟန်းဖုန်းကိုင်ထားရသည်ကို ကျွန်တော် ဘဝင်ခိုက်နေသည်
မို့ ကျောင်းတက်လျှင် ဖုန်းကို ပိတ်၍ ကျောပိုးအိပ်ထဲ အသာဝှက်ထားရသည်။ ဒါကိုပင် တရုပ်မက နှိုက်ပြီး
ဆရာမကို သွားတိုင်တတ်ပြန်သည်။ နောက်တော့  ဆရာမလည်း ဘာမှ မပြောတော့ ။

ကျောင်းတက်ရသော ကိုးလတာ ကာလအတွင်း ကျောင်းမှာ မွေးနေ့ ပွဲလေးတွေ လုပ်ဖြစ်ကြသည်။ တွေ့ ဆုံပွဲ
လုပ်ဖြစ်ကြသည်။ စကားပြောပွဲ လုပ်ဖြစ်ကြသည်။ နှုတ်ဆက်ပွဲ လုပ်ဖြစ်ကြသည်။ ထို့ နောက် ကျွန်တော်ထွက်
သွားပြီး ငါးလ အကြာတွင် ကျောင်းလည်း ပိတ်သွားခဲ့သည်။ အစိုးရမှ လိုင်စင် ချမပေးတော့ ဟု သိရ၏။ ကျောင်း
တော်တော်များများ ပိတ်ကြရသည်။

ကျွန်တော်တို့  တက်သော ကျောင်းလေးများမှာ များသောအားဖြင့်  အာမခံငွေ ဒေါ်လာထောင့် ငါးရာ တင်သွင်း
ပြီး ကျောင်းခေါ်ချိန် အပြည့် ယူ၍ ကျောင်းသားဗီဇာဖြင့် နေရင်း အလုပ်လုပ်ကြသူတွေ များလာသောကြောင့် 
ဖြစ်သည်။ ကျောင်းတကယ် တက်လို၍မဟုတ်ပဲ ကျောင်းဗီဇာဖြင့် နေပြီး အလုပ်လုပ်လိုခြင်း ဖြစ်၏။ နောက်ပိုင်း
တွင် အာမခံငွေ ဒေါ်လာငါးထောင် ဖြစ်သွားသည့် အပြင် ကျောင်းများကိုလည်း လ.ဝ.က မှ စနစ်တကျ စစ်လာ
သဖြင့်  ကျောင်းလိုင်စင်များ မလွယ်ကူတော့ ပေ။

ကျောင်းထွက်ခဲ့ ပြီးသော်လည်း အားလပ်ရက်တွင် ကျွန်တော် ကျောင်းသို့  မကြာခဏ ရောက်ပါသေးသည်။
ဆရာမက သင်တန်းပြီးချိန်တွင် ကျွန်တော်တို့ နှင့် ဆုံပြီး စကားပြောကြသည်။ အလုပ်အကိုင် ကိစ္စများ ပြောကြ
သည်။ အဖမ်းအဆီး ထူပြောလာသဖြင့် သတိဝီရိယ ရှိဖို့  သတိပေးသည်။ တရုပ်မတို့ ကို တခြား အဆင့်မြင့် 
ကျောင်းများသို့  ပြောင်းတက်ဖို့  စီစဉ်ပေးသည်။ သို့ ရာတွင် အာမခံငွေ ဒေါ်လာငါးထောင်ဆိုတော့  တော်တော်
စဉ်းစားနေကြရပြီ။

ကျွန်တော့်အဖို့ တော့  ကျောင်းမတက်ရတော့ သဖြင့် အလုပ်ချိန်ပိုဆင်းခွင့်ရသည်။ ငွေကိုတော့  ဟုတ်တိ
ပတ်တိ မစုဆောင်းမိ။ အစ်ကိုကတော့  ပုဇွန်တောင်အိမ်မှ လူငှားများကို စပေါ် ပြန်အမ်းပြီး အဖေတို့ ကို ပြန်
ပြောင်းရွှေ့ လာစေသည်။ ကားတစ်စီး လှမ်းဝယ်ထားသည်။ စင်္ကာပူမှာ အိမ်ခန်းတွေ စုပေါင်းငှားရမ်းကာ ဖွင့်ထား
သည်။ လူတစ်ဦး ဒေါ်လာတစ်ရာ့ ငါးဆယ်ဖြင့်  ပြန်အငှားထား၏။ ထိုဝင်ငွေက မဆိုး။ အိမ်တစ်လုံးမှ နှစ်လုံး၊ ထိုမှ
သုံးလုံး၊ ပြီးတော့  လေးလုံး၊ ငါးလုံးအထိ ကျယ်ပြန့် လာခဲ့ သည်။

တစ်လ ထောင့် ငါးရာ ပေးရသော အိမ်ခန်းတွင် လူနှစ်ဆယ်နီးပါး တင်ထားနိုင်သည်မို့  အိမ်ခန်းဖွင့်စားသည့် 
စီးပွားရေးသည် ဟန်ကျခဲ့ ပါသည်။ ပထမ ကျွန်တော် ရီရှင်းတွင်နေသည်။ နောက်တော့  “ မက်ပါဆမ်” သို့ 
ရွှေ့ ပြီး အစ်ကို့ သူငယ်ချင်းနှင့်  စပ်တူ အိမ်ခန်းဖွင့် သည်။ နောက်ပိုင်းတွင် အောင်စိုးနိုင်တို့  ညီအကိုပါ အိမ်ခန်း
ငှားဖွင့် ရင်း ပြန်လက်တွဲလာမိကြသည်။

ဝင်ငွေ ကောင်းသူများက အားလပ်ရက်တွင် အိမ်မှာ ဖဲဝိုင်းထောင်ကြပြန်သည်။ ထိုဝိုင်းများ၏ ငွေအင်အားက
လည်းမသေး။ တစ်ဝိုင်းလုံး သိမ်းမိလျှင် ဒေါ်လာတစ်ထောင်နီးပါး နိုင်ကြသည်။ ရှုံးသူမှာတော့  အလုပ်ခွင်သို့ 
မျောက်မှိုင်ကျကာ သွားရသည်။ တစ်အိမ်တည်းနှင့် အားမရသောအခါ ဟိုအိမ် သည်အိမ် ဖုန်းဆက်၍ ချိန်းဝိုင်း
လုပ်ကြ၏။ တစ်တရံ ဒေါ်လာသုံးထောင်ကျော် ဝိုင်းကြီး ဖြစ်သွားတတ်သည်။ ဖဲဝိုင်းအတွက်ဆိုလျှင် ငွေကို မရရ
အောင် ရှာနိုင်ကြသည့်  ဓမ္မတာမို့  သူ ရှုံးတစ်ခါ၊ ငါနိုင်တလှည့်ဖြင့်  အပတ်စဉ် ဖဲဝိုင်းသံသယာလည်နေကြပြန်၏။

တစ်ချီမှာတော့  ငွေရှစ်ရာနီးပါး ကျွန်တော် ရှုံးသွားသည်။ အစ်ကိုက လာပြန်ရိုက်ပေးတော့ မှ ပြန်ရတော့ သည်။
ထို့ နောက်ပိုင်း ကျွန်တော်ဖဲဝိုင်းနား မကပ်တော့ ။ လူလို၍ အိမ်ပြည့် ခေါ်မှ ငွေငါးဆယ်လောက်နှင့်  ဝင်ပွတ်၏။
ရှုံးလျှင် ထိုးအိပ်ပြီး နိုင်လျှင် ပျော်ပစ်လိုက်သည်။ နောက်တော့  ကျွန်တော်လို ဘိုင်ပွတ်သူကို မခေါ်ကြတော့ ။
ကျွန်တော်လည်း ဖဲဆက်ဖြတ်လိုက်တော့ သည်။

ORCHARD ဘူတာရုံ ဝန်းကျင်တွင် ကျောင်းသွားတက်ခဲ့ ဘူးသည့်အတွက် ဝတ်စားဆင်ယင်မှုအပိုင်းနှင့် လူနေ
မှု စိတ်ဓါတ်များ တိုးမြင့်လာခဲ့ သည်ကိုတော့  ကျွန်တော် ဝန်ခံပါသည်။ လူမရွံ့ တော့ ။ ဝတ်တတ် စားတတ်လာ
သည်။ ထိုဝန်းကျင်မှ လှုပ်လျှားသွားလာနေသူများ၏ ဝတ်စားဆင်ယင်ပုံများကို လိုက်အတုခိုးရင်း သုံးထည်
တစ်ဆယ်နှင့် ဝယ်ဝတ်သော အဝတ်အစားတန်းမှသည် တစ်ထည်လျှင် ဒေါ်လာနှစ်ဆယ်ကျော် ပေးရသော
U2, G2000 တို့ လို ဆိုင်များကို ပိုအသားကျလာသည်။ ဒေါက်တာ မာတင်ရှုးဖိနပ်မျိုးကို မက်မောလာသည်။
မက်ဘာဂါဆိုင်မျိုးကို သဘောကျလာသည်။ ရုံတင်ကားကို ဦးဦးဖျားဖျား ကြည့်ချင်လာသည်။ နားကြပ်ဖြင့် သီချင်း နားထောင်ရင်း ကား၊ ရထား စီးကျင့်ရလာသည်။ ထိုအမူအကျင့်များ ကြားတွင် ဝင်ရောက်ကျင်လည်ရင်း
ပျော်ရွှင်နေသလားဟု သုံးသပ်မိလျှင်တော့  မပျော်ရွှင်ဟုသာ အဖြေရလာသည်။

ကျွန်တော့်ဘဝ ကြမ်းတမ်းခဲ့ လေသည်။
အသက်ဆယ့်ရှစ်နှစ်တွင် အထက်အညာ၌ ထန်းရည် ဆိုင်းထမ်းဖြင့်  လိုက်လံ ရောင်းချခဲ့ ဖူးသည်။ ထိုစဉ်က
သာစည်မြို့ တွင် ရထားတွဲနှစ်တွဲကြားမှ ဆိုင်းထမ်းကို ထိန်း၊ လူက ယိမ်းရင်း သက်စွန့် ဆံဖျား သွား၍ ငွေရှာခဲ့ 
ဖူးသည်။ နောက်တော့  တောင်ကြီးမြို့ ကို ထန်းရည် မှောင်ခို သွင်းသည်။ ဒိုင်က ငွေပေးသည်မှာ ကြန့် ကြာ၍
တစ်ကြောင်း၊ ဈေးနှိမ်၍ တစ်ကြောင်းကြောင့်  ဈေးထဲတွင် ကိုယ်တိုင်လိုက်ရောင်းသည်။ ရေနံဆီတန်းမှ အသိ
မိတ်ဆွေများက ဝိုင်းဝန်း ရောင်းချပေးကြသည်။
ထိုအလုပ်များမှတစ်ဆင့် ဆန်ရောင်းသမား၊ ရာသီကုန် သီးနှံသမား၊ ကြက်သွန်နီ လှောင်သည့်  ကုန်သည်၊ မန်
ကျီးသီး ကုန်သည်တို့  လုပ်ခဲ့ သည်။ နောက်တော့  ထိုင်းနိုင်ငံသို့  ခိုးထွက်ခဲ့ သည်မို့  စင်္ကာပူ ရောက်ချိန်တွင်
တမေ့ တမော ဘဝကို ပြောင်းလဲနေမိသည်။

ဆင်းရဲသည် ဆိုသည့် သံရိပ်သံဖမ်းစကားသည် ကျွန်တော့် နောက်နားတွင် ကျန်ရစ်ခဲ့ သည်မှာ မကြာသေး။
ဘဝကို ရုန်းကန်ခဲ့ ရသည့်ကာလများအတွင်း ထောင်၊ အချုပ်၊ ရဲစခန်းများကို ခေတ္တအပန်းဖြေစရာ နေရာများ
အဖြစ် သတ်မှတ်ခဲ့ ရသည်။ ယခုရော .. ဘာများပြည့်စုံနေပါသေးသနည်း။ နေ့ စဉ် ဆယ့်နှစ်နာရီ အလုပ်ခွင်ဝင်
နေရသည်။ မီးအပူတွေကြားတွင် အင်္ကျင်္ီဖြူကြီးဝတ်၊ ခေါင်းမှာ စက္ကူ ဦးထုပ်ကြီး ဆောင်းပြီး မီးဖိုချောင် လုပ်ငန်း
များနှင့် လုံးပန်းနေရသည်။ ရသည့် ငွေကြေးမှာ စွန့် ရက်စရာ မရှိသည်မို့  အခြေအနေ ဟန်လာသည် ဆိုသော်
ငြား အခြေခံ အလုပ်သမားဘဝသာ ရှိသေး၏။ ထိုအထဲမှပင် ကျွန်တော်က ကျွန်တော့် မူဝါဒကို တိုး၍ နှစ်မြုပ်
အားခဲလိုက်မိသည်။

ဆင်းရဲတာ ကုန်လျှင် ချမ်းသာမည်။
ဤအယူဝါဒအရ အလုပ်ကို လောဘတကြီး ကျွန်တော် လုပ်ပစ်သည်။ ဝဋ်ကြွေးရှိသမျှ မကုန်မချင်း လုပ်ပစ်မည်
ဟု တွေးကာ နေ့ ည မအား လုပ်ပစ်သည်။ ကျွန်တော့် တွင် စည်းစိမ်သည်ကား အဝတ်အစားကောင်းကောင်း
ဝယ်ခြင်း၊ ရုပ်ရှင်ကြည့် ခြင်း၊ စာဖတ်ခြင်းသာ ရှိ၏။ ဤနှီးနှောဖလှယ်ပွဲကိုလည်း ရာသီစာအဖြစ်သာ ကျွန်တော်
တွက်ဆထားပြီးသား ဖြစ်သည်။

သူကတော့  မိန်းမသားတို့ ၏ သိက္ခာကို ဆယ်ယူရန် အချစ်ဆိုသော ဝေါဟာရကို အားကိုးတကြီး သုံးစွဲပါသည်။
ကျွန်တော်ကလည်း အလိုက်အထိုက် မိန်းမောနေလိုက်၏။ သူနှင့် ကျွန်တော့် အကြားတွင် ငွေကြေးမရှိ။ တာဝန်
မရှိ။ မာနမရှိ။ အနာဂတ်မရှိ။ ရင်ထဲမှာပင် သိပ်မရှိကြ။ ကျွန်တော့် ပင်ကိုဝါဒတစ်ခုကလည်း ရုံတန်းသို့  သွား၍
ကြေးစားများနှင့်  ပျော်ပါးရသည်ကို ဘယ်တော့ မှ လုပ်ရိုးလုပ်စဉ်ဟု မယူဆ။ ကျွန်တော် ဖြတ်သန်းလာရာ ဘဝ
တလျှောက်တွင် မည်သည့် မိန်းခလေးကိုမှ ငွေကြေးနှင့်  ပျော်ပါးခဲ့ ခြင်း မရှိ။ အချစ်နှော၍ ပျော်ပါးခဲ့ ခြင်းသာ
ရှိသည်။

တစ်နေ့ နေ့  တစ်ချိန်ချိန်တွင် ကျွန်တော့်မှာ သားသမီး ရှိလာသည့် အခါ ထိုသားသမီးတို့ ကို ရဲရဲတင်းတင်းကြီး
ကျွန်တော်ပေးနိုင်မည့်  ကတိသည် ကျွန်တော် မည်သည့် အခါမှ ကြေးစားများနှင့်  မပျော်ပါးခဲ့ ဘူးသည့်  ကတိ
ဖြစ်သည်။ ထိုကတိကို ကျွန်တော်ပေးချင်သည်။ ထိုအယူဝါဒနှင့် ပင် ကြေးစားကို ကျွန်တော် ရှောင်ခြင်းပင်။

အိမ်ထောင်ရေးကိုလည်း ဟုတ်တပတ်တိ ကျွန်တော် မတွေးထား။ အသက်လေးဆယ်အထိ ပျော်သလိုနေပြီး
သာသနာ့ ဘောင်သို့  ကူးပြောင်းရန်တော့  တစ်ခါတစ်ရံ တွေးမိသေးသည်။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြုံတွေ့  ဖြတ်သန်းခဲ့ ရသည်များကိုတော့  ကျွန်တော် မှတ်တမ်းတင်ခဲ့ ချင်သည်။ ဒါမှ
သာလျှင် နောက်ပိုင်း၌ ကျွန်တော်ဘာကြောင့်  ပြောင်းလဲသွားသည်ကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

မနွယ်နီတစ်ယောက် ဝပ်ပါမစ် ပြည့် သောအခါ မြန်မာပြည်မပြန်ဘဲ ကျွန်တော့် ဆီ ဆင်းချလာသည်။ သူ့ ကို
ခေါ်ပြီး ကျွန်တော့် မှာ ရှောင်တိမ်းရပါတော့ ၏။ အစ်ကိုက သဘောမကျ။ သူ့ ကို မြန်မြန် အလုပ်ရှာပေးပြီး
ခပ်မြန်မြန် ဇာတ်သိမ်းစေချင်သည်။ ထို့ ကြောင့်  “ ပါရာလေဘာ ” အိမ်သို့  ပို့ ပြီး သီးသန့် အလုပ်ရှာပေးသည်။
နောက်တော့  ထိုအိမ်ခန်းမှ ချာတိတ်လေးနှင့်  နေလိုက်ကြသည်။ သူတို့  အတူတူ မနေခင် ကျွန်တော့် သဘော
ထားကို လာမေးပါသည်။ ကျွန်တော့် မှာ ထိုကိစ္စလောက်အတွက် မတုန်လှုပ်တော့ ပြီ။ ပြီးတော့  ကျွန်တော်လည်း
တရုပ်မနှင့်  ပို၍ အကျွမ်းဝင်နေပြီမို့  သူတို့ ကို သဘောတူပေးခဲ့ သည်။ မနွယ်နီက သူ့ ကို အကူအညီ ပေးဖို့ ၊
အခင်အမင်မပျက်ဖို့  တစာစာ တောင်းဆိုပါ၏။ ကျွန်တော့် ဘက်ကလည်း ကူညီပါမည့် အကြောင်း ကတိပေး
ခဲ့ ပါ၏။

ကျွန်တော့် ဘဝတွင် လက်တွဲလာသူများ၊ မိတ်ဆွေများနှင့်  ကွေကွင်းခြင်းသည် ဖန်တစ်ရာ ထေခဲ့ ပြီးလေပြီ။
အချစ် ဆိုတာတွေ၊ အမုန်း ဆိုတာတွေ၊ ကျေးဇူးတရား ဆိုတာတွေ ကျွန်တော် နားခါးလှသည်။ အယုံအကြည်လဲ
မရှိ။ ဖိုင့် ကိုတော့  သီးသန့် ဖြစ်သည်။

ဖိုင်သည် ကျွန်တော်နှင့်  ပတ်သက်၍ ဝမ်းသာလွန်းခြင်းမရှိ၊ ဝမ်းနည်းလွန်းခြင်း မရှိ၊ မက်မောလွန်းခြင်း မရှိ၊
နှောင်ဖွဲ့ လွန်းခြင်း မရှိ။ သူ မည်သို့ မည်ပုံ ကျွန်တော့် ကို ချစ်မှန်းမသိပေမယ့်  သူ့ ရင်ထဲမှာ ကျွန်တော် အမြဲ ရှိ
နေမည်။ အတ္တလွန်ကဲနေသော ခြေသလုံးအိမ်တိုင်သမား တစ်ဦးမျှသာ ဖြစ်သည့် တိုင် သူချစ်နိုင်သမျှ တစ်သက်
စာအတွက် မပျက်မကွက် ချစ်နေပေးခဲ့ သည်။ ထို့ ကြောင့် ပင် ကျွန်တော့် ကို သူ မကျေမနပ် မရှိ၊ မပေါက်ကွဲ၊
မမျှော်လင့် ။ ကျွန်တော် ချစ်ပေးသမျှပင် အမြတ်ဟု ယူဆထားရှာသည်။ သူ့ ဝန်းကျင်ကျဉ်းကျဉ်းလေးတွင် ဝပ်ရင်း ကျွန်တော့် ကို မျှော်နေခဲ့ ၏။

ထို့ ကြောင့် ပင် စင်္ကာပူမှာ ကျွန်တော် ထင်ရာစိုင်းနေသည့်တိုင် ပုံရိပ်သေးသေးလေးဖြင့် ကျွန်တော့် နှလုံးသား
ဗဟိုကျကျတွင် မိဖုရားဖိုင် အပိုင် နန်းတည်ထားခြင်းပင်။ အဆောင်အယောင်လည်းမရှိ၊ အခန်းအနားလည်း
မပြည့် ဝသည့်တိုင် ဖိုင်၏ နန်းပလ္လင်သည် ကျွန်တော့် ရင်၌ မြဲမြဲခိုင်မာနေသည်။ တစ်သက်စာပင် ဖြစ်တော့ မည်။

ထိုနန်းပလ္လင်အတွက် မိဖုရားဖိုင် ပေးဆပ်ခဲ့ ရသည်မှာတော့  နည်းသည့်  တန်ဖိုးမဟုတ်။ အဆွေအမျိုး၊ အမိအဖ၊ မောင်နှမ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် တကွ တိုင်းပြည်လူမျိုးနှင့် ချီ၍ ကန့် ကွက်ခံရမည့်  ကြားမှပင် သူ့ နန်း
ပလ္လင်ကို သူတည်ခဲ့ ၏။ ကျွန်တော် မည်သို့  ဖျက်ဆီးဝံ့ ပါမည်နည်း။ မည်သူကရော ဖျက်ဆီးဝံ့ ပါမည်နည်း။

လှသော၊ ရွှင်သော၊ တက်ကြွသော၊ ပရိယာယ်ကြွယ်သော၊ ရမ္မက်နှင့်  ပြည့် စုံသော မိန်းမချော၊ မိန်းမလှများနှင့် 
တွေ့ လျှင် ကျွန်တော် ယိုင်ပါသည်။ ပျော်မွေ့ ပါသည်။ သို့ ရာတွင် ထိုမိန်းမချောများ ကျွန်တော့် နှလုံးဗဟိုသို့ 
တိုးဝင်မနေနိုင်ခြင်းမှာ ဆန်းလှ၏။ နှလုံးဗဟို၏ ပြင်ပဝန်းကျင်မှာတော့  ရက်၊ လ၊ နှစ် တိုင်အောင် နေနိုင်ကြ၏။
ဖိုင့် လို ကျွန်တော့်နှလုံးဗဟိုကျကျသို့  မဝင်ရောက်နိုင်ကြ။

သည်အဖြစ်ကို ၉၇ ခုနှစ်တွင် ကျွန်တော် သိလိုက်ရသည်။
အချော၊ အလှ၊ အယဉ်အသိမ့်  အနွဲ့ အနှောင်းနှင့်  ပြည့် စုံသော မိန်းခလေးတစ်ချို့ နှင့် ရယ်မောပျော်ရွှင်စွာ
ကျွန်တော် ဆုံတွေ့ ပြီးချိန်တွင် ကျွန်တော့်နှလုံးသားသည် ဖိုင်မှတစ်ပါး မည်သူ့ ကိုမှ လက်မခံ။ ဖိုင့်ကို ကျွန်တော်
လွမ်းတတ်လာသည်။

စင်္ကာပူသည် ဝင်ငွေမှတစ်ပါး ဘာမှ ပျော်စရာမရှိ။
စီကာစဉ်ကာ ပူရသည့် အရပ်ဒေသဟု သင်္ဘောသားကြီးက ပြောလိုက်သည်မှာ ကြာလေ မှန်လေ ဖြစ်ပါတော့ 
သည်။ အဝင်မှာ အဝင်မခံရသည့် အပူ၊ ဝင်လာပြန်တော့  အလုပ်မရမည့်အပူ၊ အလုပ်ရပြန်တော့  မြဲမြဲလုပ်ခွင့်
မရမည့်အပူ၊ အလုပ်ရတော့  ရဲမဖမ်းမိစေဖို့ အပူ၊ အိမ်မှာ နေရင်းလည်း ရဲလာမှာ ပူရသည့်အပူ တို့ ဖြစ်သည်။
တကယ်ပင် စီကာစဉ်ကာပူရသည့်  စင်္ကာပူပါပေ။ တရားမဝင်အလုပ်သမားဘဝကို ကျင်လည်ရင်း စိတ်ဖြေသာ
သလို နေထိုင် ကျက်စားရင်း ဘန်ကောက်ကို ကျွန်တော် လွမ်းလွမ်းမိလာသည်။

ဘန်ကောက်သည်ကား ကျွန်တော့်  မြို့ တော်လို ဖြစ်ခဲ့ သည်ကိုး။
ဘန်ကောက်မှာ နေစဉ်က ပိုက်ဆံမရှိလည်း ပျော်သည်။ ပိုက်ဆံ ရှိလည်း ပျော်သည်။ ဘဝ မျှော်မှန်းချက်တွေ၊
ပန်းတိုင်တွေ၊ စိတ်ကူးစိတ်သန်းတွေ နေ့ စဉ် ဆန်းသစ်နေသည်။ လူက မွဲနေသည့် တိုင် မာနတရားနှင့်  မြင့် မြတ်
နေရမည်။ ထက်မြက်ရမည်ဟု ကောင်းကင်ကို ခပ်ရဲရဲကြည့် ကာ ကြိမ်းဝါးခဲ့ သည်။ အဖမ်းခံရလျှင်ပင် နားအေး
ပါးအေး စဉ်းစားတွေးခေါ်ချိန်ရ၍ စိတ်ဓါတ်အင်အား ပို၍တောင့် တင်းခဲ့ သည်။ ကျွန်တော့် ကိုယ် ကျွန်တော်
အင်မတန် ရိုသေလေးစားစိတ် ဖြစ်ခဲ့ ရသည်။

စင်္ကာပူမှာတော့  ဤသို့ မဟုတ်။
ငွေမှ ငွေ၊ ပစ္စည်း အဆောင်အယောင်မှ ပစ္စည်းအဆောင်အယောင်၊ ပကာသနမှ ပကာသန၊ ဆင့် ကာဆင့်ကာ
တိုးကာတိုးကာဖြင့် အထိအတွေ့  စည်းကမ်းကလနားလည်း ပျက်ခဲ့ ပြီ။ ကိုယ့် ကိုယ်ကိုလည်း မရိုသေတော့ ။
ကိုယ့် မာနဖြင့်  လောကကို ရဲရဲ မကြည့် ရဲတော့ ။ ဤကား အထိအနာဆုံးပင်။

ငယ်စဉ်ဘဝမှစ၍ စင်္ကာပူရောက်သည်အထိ ရိုးသားဖြောင့် မတ်ခြင်းကို မာနနှင့်  တရိပ်ရိပ်သွေးခဲ့ သော
ကျွန်တော်တစ်ယောက် အရောင်ဆိုးခြင်း ခံရပါလေပြီ။ မည်သူမှ လာဆိုးသည်မဟုတ်။ ကိုယ့် ဖာသာဆိုးခြင်းပင်။
ထိုအဖြစ်ဆိုးမှ ရုန်းထွက်လိုသောအခါ ကျွန်တော့် ရင်ထဲမှ ဖိုင်သည် ဝမ်းသာအားရ ထိုးဖောက်လာခဲ့ သည်။
ဖိုင်နှင့်  ဆိုလျှင် ကျွန်တော် ရိုးသားနိုင်သည်။ ဖိုင်သည် ပကာသနကို မမက်။ အထက်လွှာကို လန့် သည်။ ငွေကို
အငမ်းမရ မဟုတ်။ ကျွန်တော်သာ ဖိုင်နှင့် အတူနေနိုင်လျှင် ဤအရောင်ဆိုးထားသော မောင်ထွေးဘဝမှ
လွတ်မည်ထင်ပါ၏။


( ဆက်ရန် )

........................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။





Sunday, April 10, 2011

မျက်ရည်မကျခင် သိစေချင်...( ဆောင်းပါး )

ဒီဘက်နှစ် ထိုင်ဝမ်ကျွန်းမကြီး၏ ရာသီဥတုက နွေဦးနားသို့  ချဉ်းနင်းဝင်ရောက်လာနေသည့် တိုင် အအေးတို့ က
အထောမသတ်အဆုံးမရှိချင်သေးပါ။ လင်းလာတုံးလေးခဏသာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ပြည်မကြီးမှ နောက်
ထပ်သော အအေးလှိုင်းတို့  မိုးငွေ့ တို့ နှင့်အတူ ထပ်မံ ဝင်ရောက်လာပါတော့ သည်။ တသောသော ဝင်လာနေ
သော အအေးလှိုင်းတို့ ကြောင့် ပင် ဝန်းကျင်တစ်ခုလုံးက အမြဲတန်းစိုစွတ် ထိုင်းမှိုင်းနေပါသည်။

သည်နေ့ တော့  တရုပ်လူမျိုးတို့ ရိုးရာအတိုင်း သင်္ဂျင်္ီုင်းကန်တော့ ကြမည့်နေ့ ဖြစ်၍ အလုပ်ပိတ်သောကြောင့် 
ကျွန်တော့်ကွန်ပြူတာလေးရှေ့ တွင် အချိန်ပြည့်ထိုင်ဖြစ်တော့ မည်ဟု တွေးမိပြီး၊ စောစောလေးကမှ မနက်ဈေး
ဆင်းပြီးဝယ်လာသော ကျွန်တော့ အကြိုက် မုန့် လက်ကောက်ကျွတ်ကျွတ်ကလေးနှင့်  ထညက်ရည်ကို အသာ
တို့ ရင်း ပါးစောင်ထဲ ကောက်ထည့် လိုက်မိတော့  အဝကျဉ်းသောပလတ်စတစ်အိပ် နှုတ်ခမ်းအဝနှင့် မုန့် လက်
ကောက် တို့  ချိတ်သွားမိပြီး ထညက်ရည်စက်တို့  ကီးဘုတ်ခလုတ်တွေပေါ် စီးကျကုန်တော့ ၏။

သည်တော့ မှ ကိုယ့် ကီးဘုတ်လေးကို သေသေချာချာ ငုံ့  ကြည့် မိတော့ သည်။ အမဲရောင် ခလုတ်လေးတွေ
ကြားထဲမှာ ဖုံတွေ၊ မှိုတွေ ကပ်လို့ ...။ လက်မ ၊ လက်ညှိုး၊ လက်ခလယ်တို့  ထိချက်များနေသည့်  လေးဒေါင့် 
ခလုပ်အတုံးလေးများ၏ ခလယ်ဂျိုင့် ကလေးများတွင်သာ ခပ်ပြောင်ပြောင် ဖြစ်နေရှာသည်။ အော် .. ကြာခဲ့ ပြီပဲ။
မလဲမိခဲ့ သလို မသုတ်မိ၊ သန့် ရှင်းရေးမလုပ်မိတာလဲ ဖြစ်ပါသည်။ ကျွန်တော်လည်း ကာလတစ်ခုကို ဖြတ်သန်း
ခဲ့ ပြီးပြီပဲ..။

ကာလတစ်ခု ဆိုတော့  အချိန်အပိုင်းအခြားတစ်ခုကို ပြောဆိုခြင်းဖြစ်ပါသည်။
ကုန်လွန်သွားခဲ့ ပြီးသောအချိန်ဟု ဆိုနိုင်သလို မရှိတော့ သော ကွယ်ပျောက်သွားခဲ့ သော ကိုယ့် ဘဝရဲ့  အချိန်
များပဲ ဖြစ်ပါသည်။ ကုန်သွားပြီဟု ဆိုလျှင် ဘယ်လောက်ကျန်ပါသေးသလဲဟု နောက်က ကပ်နေသေးသော
မေးခွန်းလေးကိုလည်း ဆက်လက် ဖြေဆိုရမှာပဲ ဖြစ်ပါသည်။ အော် ... အမှန်တော့  ကျွန်တော်တို့ အားလုံးက
ကိုယ့်ဝေစုကလေးတွေနှင့်  ကိုယ်လာခဲ့ ကြတာပါပဲ..ဟု တွေးမိရင်း ကိုယ့် စက်ကလေးရှေ့ ကို ဝင်ထိုင်လိုက်
မိပါတော့ သည်။

ကော်ဖီလေးမှုတ်၍ တစ်ကြိုက်ခန့် မြုံ့  နေမိရင်း ကိုယ့် ဘလော့ ကို ကျော်ပြီး YouTube ထဲ အရင်ဝင်လိုက်မိ၏။
ကိုယ်တိုင်ရေးများကို တောက်ရှောက်ရေးလာခဲ့ မိတော့  တစ်ခါရေးတိုင်း ဖြစ်ညှစ်ခံစားရေးရသလို၊ အဖွဲ့  အနွဲ့ 
များလည်း ရှာရှာကြံကြံ စဉ်းစားနေရတော့ ကာလတစ်ခု ကြာလာသည်နှင့် အမျှ၊ တဖြည်းဖြည်း အမော ဖောက်
လာသလို ခံစားမိလာတော့ သည်။ စာတွေ ခံစားရေးရမှာ ပျင်း လာသလိုဖြစ်ခဲ့ ရပါသည်။ မရေးနိုင်ပဲ ဘလော့ 
ထဲ ဝင်ဘို့  ဝန်လေးနေမိခဲ့ ပါသည်။

ဖန်တီးနိုင်သည့် အနုပညာ ဗီဇကလည်း နည်းလွန်းသူဖြစ်တာကတစ်ကြောင်း၊ နဂိုကမှ ပျင်းပြီး ဖျင်း နေတာက
တစ်ကြောင်းတို့ ကြောင့်  သူများက အစဉ်သင့်  ရှာပေးလာသော ဆရာမာန့်  ဝတ္ထုကို တဆင့် ပြန်ရေးချလိုက်
မိပါတော့ သည်။

ရှေ့ က အပိုဒ်များတွင် ပြောခဲ့ ဘူးသလို တော်ရုံ ဝတ္ထုများဆိုလျှင် ဖတ်ဖို့ ကိုင်ဖို့  ပျင်းတတ်သလောက် သည်ဝတ္ထု
လေးကျတော့  တစ်ထိုင်တည်းအပြီး ဖတ်မိသွားရပြီး တွယ်တာမိနေသော ကိုယ့် ဘလော့ လေး အသက်ဆက်
ရန်နှင့်  ကိုယ့်ကို နေရာလေးတူတူတန်တန်ထားပြီး ခင်မင်နေမိသော ညီအကို မောင်နှမများအတွက် ကိုယ်ရ
လိုက်သည့်  ရဿလေးကို ထပ်တူပဲ ရ စေချင်တာကြောင့် တစ်ပုဒ်ပြီး တစ်ပုဒ် ရေးခဲ့ သည်မှာ ကာလတစ်ခုနှင့်
အတူ ဝတ္ထု၏ တစ်ဝက်ကျော် အတိုင်းအတာအထိ ပြီးမြောက်ခဲ့ ရပါတော့ သည်။

သည်နေ့ လည်း တစ်ခုခုရေးချင်စိတ်ပေါ်လာတာကြောင့် အာရုံတို့ သွေး သည့်သဘောဖြင့် YouTube ပေါ် ဟို
မွှေသည်မွှေလျှောက်လုပ်နေမိရင်း ဘာသာရေး “ လင့် ” တစ်ခုထဲ ရောက်သွားမိတော့ သည်။ ခေါင်းစဉ်ကလေး
ကတော့  နုနုလေးပါပဲ...။

“ မျက်ရည်မကျခင် ... သိစေချင် ” ပါတဲ့ ။

ကျွန်တော် နားကြပ် ကောက်တတ်လိုက်မိသည်။
ဘုန်းဘုန်းဆရာတော် အရှင်ဇဝန မေတ္တာရှင် ( ရွှေပြည်သာ ) ၏ တည်ငြိမ် အေးချမ်းပြီး ရှင်းလင်းပြတ်သားသော
အသံတို့ က လုံနေသော နားကြပ်နှစ်ဖက်မှတဆင့် နားစည်တို့ ကို ဖြတ်သန်းပြီး ကျွန်တော့်  နှလုံးအိမ်ထဲ ထိုး
ဖောက်ဝင်ရောက်ခဲ့ ရပါတော့ သည်။

နာ ခဲ့ ရသလောက်ကို စာဖတ်သူ တစ်ယောက်အနေနှင့် အနည်းငယ်မျှလောက်ပဲ တန်ဆာဆင် ရေးခဲ့ မိပါသည်။

..................................................................................

လွန်ခဲ့ သော ၁၉ နှစ်ကျော် အနှစ်၂၀ ဝန်းကျင်ခန့် က ဖြစ်ပါသည်။
နေရာကား မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ နယ် သာသနာ့ မုဓိတာဓမ္မကျောင်းသစ်ကျောင်းတိုက်
တွင်ဖြစ်ပါသည်။ ထိုစဉ်က ကျောင်းသစ်ကျောင်း စာချဆရာတော်ကြီးက သွေးလှုခြင်း အကျိုးများကို ဟောကြား
ပို့ ချလျှက် သူကိုယ်တိုင် ဦးဆောင်ပြီး သွေးလှုနေလေ့ရှိခဲ့ ပါသည်။

တစ်နေ့ တော့  ဆရာတော်ကြီးမှာ ရောဂါတစ်ခုကြောင့် သွေးမလှုနိုင်ရှာခဲ့ တော့ ပေမယ့် “ ငါမလှုနိုင်ပေမယ့် 
ငါ့ တပည့် တွေ လှုရမယ် ” ဟု ဆိုကာ ဆက်လက် ဦးဆောင်စည်းရုံး နေခဲ့ ပါသည်။ ထိုစဉ်က သွေးလှုရာတွင်
နယ်မြို့ လေးတစ်ခုသာ ဖြစ်သည့် အတွက် ရန်ကုန်၊ မန္တလေး မြို့ ကြီးများလို ဒေါ်လာသိန်းသန်း တန်သည့် 
ဒါတုဗေဒဆေးများဖြင့် စီမံထားသော သွေးပုလင်းထားသည့်  အအေးခန်းများ မရှိသောကြောင့် လူနာ ရောက်
လာတော့ မှသာ သွေးဖောက်၍ လှု ကြရပါသည်။

ဘုန်းဘုန်းတို့ လည်း လေးလတစ်ကြိမ် အလှည့်ကျလှုလာခဲ့ ရာ နှစ်ကြိမ်မြောက် လှုသည့် အကြိမ်တွင် ဤဖြစ်ရပ်
ကလေး ပေါ်ပေါက်ခဲ့ ပါတော့ သည်။

တောင်သာမြို့ ကလေးတွင် ကျောင်းသစ်ကျောင်းစာသင်တိုက်နှင့် မီးသတ်ဌာန တို့ တွင်သာ သွေးလှုကြရ၏။
တစ်နေ့  ည ၁၁ နာရီ ခန့် တွင် တိတ်ဆိတ်ငြိမ်သက်နေသော ဘုန်းဘုန်းတို့  ကျောင်းသစ်ကျောင်းထဲသို့ 
မြင်းလှည်းတစ်စီး အပြင်းမောင်းနှင် ဝင်ရောက်လာသံကို တစ်ကျောင်းလုံးရှိ စာသင်သား သံဃာအားလုံး ကြား
လိုက်ရပါသည်။

ဘုန်းဘုန်းလည်း အခန်းထဲတွင် တစ်ပါးတည်း လှည်းလျောင်းနေရင်းက “ အင်း .. ကြိမ်းသေတာတော့  သွေး
အလှုခံ လူနာပဲ ဖြစ်မှာပဲ ” ဟု တွေးလိုက်မိပါသည်။ သည်တကြိမ်တော့  ဘုန်းဘုန်းလှုဖို့ မလွယ်ပါ။ သည်နေ့ 
မှ ပထမတစ်ကြိမ်လှုပြီးခဲ့ တာ လေးလပြည့် ရုံလေးပဲ ရှိသေးတော့  ဆရာတော်ကြီးက ကျန်းမာရေးအရ လေးလ
ပြည့်ပြီး အနည်းဆုံး တစ်ပတ်၊ နှစ်ပတ်ပြည့်မှ နောက်တစ်ကြိမ် ထပ်လှုဖို့ ညွှန်ကြားထားတာလည်း ရှိနေတာ
ကြောင့် အခန်းထဲမှ အသာပဲ နားစွင့်နေမိပါတော့ သည်။

အပြင်ဘက်မှာတော့  သံဃာသုံးလေးပါးအသံကို ကြားနေရသည်။ ထုံးစံအတိုင်း သူလှု၊ ငါလှု ငြင်းခုံနေတာပဲ
ဖြစ်မှာပါဟု တွေးမိနေရင်း အချိန်တစ်နာရီ ကြာအထိ ကျောင်းဝိုင်းထဲမှ မြင်းလှည်း ပြန်မောင်းထွက်သွားသံ
မကြားရသေးတော့ မှ ဘုန်းဘုန်းလည်း သိချင်စိတ်နှင့် ကျောင်းပြင်ဘက် ထွက်လာခဲ့ မိပါသည်။

အပြင်ဘက်ရောက်တော့  စုရုံးစုရုံးဖြစ်နေသော သံဃာများကို တွေ့ ရလို့  “ သွေး မရဘူးလား ” ဟု မေးလိုက်မိ
ပါသည်။ “ ရှိတယ်.. မလှုချင်ကြလို့  ” ပါတဲ့ ။
“ ဘာဖြစ်လို့ လဲ ”
“ လူနာက .. ကိုယ့်ကိုယ်ကို သေကြောင်းကြံ တဲ့  လူနာမို့ လို့ ပါ ” လို့  ဖြေကြပါတယ်။
ဦးပ္ဇင်းက အဲ့ ဒိ အချက်ကိုတော့  လက်မခံချင်။
သေကြောင်းကြံပြီ ဆိုကတဲက လူငယ်ဖြစ်လို့  သေကြောင်းကြံတာပါ။ ဘဝရဲ့ တန်ဘိုး၊ ရခဲတဲ့  လူ့ ဘဝ အကြောင်း
မသိလို့ သေကြောင်းကြံတာဖြစ်ကြောင်း၊ တောင်သာမြို့ ပေါ်က ရွှေပန်းတိမ်အိမ်မှာ ရွှေက ဂျီး ကိုစားတဲ့  ငရဲမီး
ပန်းကန်ကို လူကြီးလုပ်တဲ့ သူက အောက်ကြမ်းပြင်မှာ ခဏ ချထားတုံး နှစ်နှစ်သား ခလေးငယ်လေးက ကောက်
ပြီးသောက်လိုက်မိလို့  အူတွေပြတ်ပြီး သေရတဲ့  အမှုမှာ ဘယ်သူက အပစ်ရှိပါသလဲ၊ မိဘတွေရဲ့  အပစ်လား၊
ခလေးရဲ့  အပစ်လား လို့ မေးတော့  မိဘတွေရဲ့  အပစ်ပါလို့  ဖြေကြပါတယ်။

ဒါဆို အခု သေကြောင်းကြံလိုက်တဲ့  လူငယ်လည်းအပစ်မရှိဘူး၊ လူ့ ဘဝကို လွယ်လွယ်နဲ့  ပြန်ရမယ်လို့  သူထင်
နေတာကိုး ... ဟု မိန့် ရင်း ၊ သွေးလာအလှုခံတဲ့  ဒကာကြီးကို ဘာသွေးလဲ လို့ မေးတော့  “ ဘီ” သွေးပါလို့ ဖြေ
တာကြောင့် ဘုန်းဘုန်းနဲ့  သွေးတူနေတဲ့ အတွက် မြင်းလှည်းပေါ် တက်လိုက်ခဲ့ မိပါတော့ သည်။

ည သန်းခေါင်ရံ ၁၂ နာရီကျော်ကျော် ဖြစ်နေပြီး မသဲကွဲသော လရောင်မှိန်မှိန် အောက်မှာ သွေးအလှုလာခံ
သော ဒကာကြီးရဲ့  ညှိုးနွမ်းနေတဲ့  မျက်နှာကို ဘုန်းဘုန်း လှန်းကြည့် လိုက်ရင်း “ ဘာရောဂါလဲ ” လို့  မေးလိုက်
ကာမှ သူလည်း “ ဟီး ” ကနဲ ဝမ်းနည်းပက်လက် ငိုချလိုက်ပါတော့ သည်။

သူက လူနာရှင် မိန်းခလေးရဲ့  ဖခင် ဖြစ်ကြောင်း၊ သူ့ သမီးက ၁၀တန်းကျောင်းသူ မတင်ဝင်း ဖြစ်ကြောင်း၊ ဒီနှစ်
၁၀တန်း စာမေးပွဲ ကျရှုံးခဲ့ တဲ့ အတွက် သူ့ သမီးကို သေသေချာချာ မမေးတော့ ပဲ “ ငါတို့  ဒီလောက် ပင်ပင်ပန်း
ပန်း ဆင်းဆင်းရဲရဲ လယ်လုပ်ပြီးမှ နင့် ကို ကျောင်းထားခဲ့ ရတာတောင် အောင် အောင်မဖြေနိုင်ဘူး ” ဟု ဆိုကာ
လူအများအလယ်တွင်ပဲ ဆဲဆိုပြီး ရိုက်နှက်ခဲ့ မိပါကြောင်း၊ ညဘက်လဲကျရော တစ်ခါသောက်ရင် တစ်ဝက်ပဲ
သောက်ရသည့်  အင်္ဂလိပ်ဆေးပြင်း တစ်ပုလင်းလုံးကို အကုန်သောက်လိုက်သည့် အတွက် အခုအိမ်မှာ အမြှုပ်
တွေ တစီစီ ထွက်ပြီး ဆေးရုံကို ပို့ လိုက်ရပါကြောင်း၊ ဆေးရုံက သွေးသွင်းကုသရမည်ဟု ပြောသဖြင့်  အခုလို
သွေးအလှု လာခံရခြင်းဖြစ်ပါကြောင်း ဘုန်းဘုန်းကို လျှောက်တင်ပါတော့ သည်။

ဘုန်းဘုန်းက လူငယ်တွေကို ဆုံးမသည့် နေရာမှာ လူရှေ့  သူရှေ့ မှာ မဆုံးမရကြောင်း၊ လူအများရှေ့ မှာ သူတို့ 
ရဲ့  ကောင်းကွက်လေးတွေပဲ ထုပ်ဖေါ် ချီးကြူး ပေးမယ်ဆိုရင် သူတို့ တွေဟာ အနာဂတ်ကာလ တလျှောက်
အညွန့် တလူလူ တက်နေတော့ မှာဖြစ်ကြောင်း သူ့ ကို ဆုံးမမိပါသည်။ သိပ်မကြာခင်မှာပဲ ဆေးရုံသို့  ရောက်လာ
ပါတော့ သည်။ သေကြောင်း ကြံစည်သည့်  လူနာဆိုတော့ လည်း ဆေးရုံတစ်ခုလုံး လာကြည့် သူတွေ များပြား
နေပါသည်။

လူနာ ကုတင်နားရောက်တော့ လူနာမိန်းခလေးကို အသေအချာ လေ့လာမိပါသည်။ သတိမရတစ်ချက်၊ ရတစ်ချက် ဖြစ်နေပေမယ့်  ဖြူလျော် ဖြူဖတ် ဖြစ်နေတဲ့ သူ့ မျက်နှာလေးက သူ့ ဒေါသကြောင့်  တင်း နေသေး
တာကို ဘုန်းဘုန်း တွေ့ ရပါသည်။ ဘုန်းဘုန်းလည်း ပညာအရာမှာ ၁၀တန်းဖြစ်ပေမယ့်  လောကုတ္တရာဘာသာ
ရေးမှာတော့  သူငယ်တန်းလောက်ပဲ ရှိသည့်  မတင်ဝင်းကို သနားသွားမိသည်။ သည်အတိုင်း သူသေဆုံးသွား
လျှင် ဒေါသကြောင့် ငရဲကျနိုင်ပြီး ဖခင်ကို ပစ်မှားမိသည့် အပစ်ကြောင့် လည်း အပါယ်ကျနိုင်သည့် ဘေးကို မြင်
မိ သဖြင့် အရင်ဆုံး မေတ္တာဖြန့် ၊ မေတ္တာပို့ ပြီးမှ သွေး စ ဖောက်တော့  ၅ မိနစ်နဲ့ တင် သွေးပုလင်း ပြည့် ပါတော့ 
သည်။

သွေးလှုလို့ လည်း ပြီးရော လူနာရှင်တွေနဲ့ ဒကာ၊ ဒကာမတွေက သွေးလှုပြီးရင် တရားလည်း လှုပေးခဲ့ ပါလို့ 
လျှောက်ထား တောင်းဆိုကြတာနဲ့  ၁၀တန်းကျောင်းသူ မတင်ဝင်းကို အမှုထားပြီး တရားတစ်ပုဒ် ချီးမြှင့် ဟော
ကြားတော်မှုရပါသည်။ တစ်ချို့ က တရားတစ်ပုဒ်၊ စာတစ်ပုဒ် အောင်မြင်မှု ရသည်၊ မရသည်ကို ပရိတ်သတ်အင်
အားဖြင့်  တိုင်းတာကြပေမယ့်  ဘုန်းဘုန်းကတော့  ကိုယ်ဟောသည့် တရား မည်မျှ အောင်မြင်သည်ကို နာကြား
သည့်  ဒကာ၊ ဒကာမတွေ မည်မျှ လိုက်နာသည်၊ မလိုက်နာ နိုင်သည်နှင့် ပဲ ဆုံးဖြတ်ချင်ပါသည်။

ယခု တရားလည်း ဆုံးရော ဒေါသရောင်လွှမ်းနေတဲ့  မတင်ဝင်းရဲ့  ဖြူလျော့ လျော့  မျက်နှာလေးပြေလျော့ သွား
တာ မြင်မိတော့  ဘုန်းဘုန်းလည်း ဝမ်းသာကြည်နူး မိရပါသည်။ လူနာက သွေးပိုက်တွေ တန်းလန်းနှင့် ပင်
ဘုန်းဘုန်းကို ဦးခိုက်ချင်ပါသည်ဟု အမှုအရာနှင့်  ပြောဆိုလာသည့် အတွက် သူ့ မိဘနှစ်ပါးက သူ့ ကို လက်အုပ်
ချီနိုင်အောင် ဘေးနှစ်ဖက်မှ အသာထိန်းပေးရရှာတော့  ဘုန်းဘုန်းလည်း စိတ်မကောင်းဖြစ်သွားပြီး ရင်ထဲလည်း
“ ဆို့  ” သွားရပါသည်။ မတင်ဝင်းရဲ့  မျက်လုံးနှစ်စုံလုံးမှာလည်း မျက်ရည်လုံးကြီးတွေ အပြည့် ပဲလေ...။

ထိုညက ကျောင်းပြန်ရောက်ခဲ့ ပြီး ဘုန်းဘုန်း တညလုံး အိပ်မပျော်တော့ ပါ။

၃ ရက်မြောက်တဲ့ နေ့ ကျတော့  မတင်ဝင်းရဲ့  ဖခင်ဒကာကြီး ကျောင်းကို ရောက်လာပါသည်။
ဘုန်းဘုန်း လှုခဲ့ တဲ့  သွေးက သမီးလေးကို သုံးရက်ပဲ အသက်ဆက်ရှင်ခွင့်  ရခဲ့ ပါကြောင်း။ အခု မတင်ဝင်း ဆုံး
သွားပြီ ဖြစ်ကြောင်း၊ ထိုနေ့ က မတင်ဝင်း တရားပွဲ အဆုံးမှာ မျက်ရည် ကျခဲ့ ရတာဟာ ဘုန်းဘုန်းရဲ့  တရားတွေ
အခုမှ သိလိုက်ရပြီး ထုပ်ယူတော့ မယ်လို့  ဆုံးဖြတ်မိတဲ့ အချိန်မှာ သူသေရတော့ မဲ့  အချိန်ကို ရောက်နေရတဲ့ 
အတွက် ဝမ်းနည်းမိလို့  ငိုခဲ့ ရပါကြောင်း ဘုန်းဘုန်းကို လာလျှောက်ခိုင်းခဲ့ ပါတယ်လို့  ဒကာကြီး လျှောက်တင်
နေပါတော့ သည်။

ဘုန်းဘုန်းလည်း ကျောင်းအပြင်ကိုငေးနေမိရင်း ....
သြော်.... အသေမဦးခင်မှာ သိကြစေချင်ပါသည်..လို့ ။
နေဖို့ ကိုပဲ တောက်လျှောက် စဉ်းစားလာနေရင်းက တဖြည်းဖြည်းပဲ ..။

ကျွန်တော်တို့  ယခု ကျင်လည်နေခဲ့ ရသော လောကဇာတ်ခုံ၊ လူ့ ဘဝဇာတ်ခုံ ကြီးပေါ်မှာ နောက်တစ်ကြိမ်
ကျင်လည်ခွင့်  ရပါအုံးတော့ မလား ......။


.............................................................................................................................

( ဆက်ရန် )

Thursday, April 7, 2011

AM, IS, ARE, WAS, WERE ,

ကျွန်တော် ကျောင်းတက်ရသည့်  အကြောင်းမှာ ကျောင်းအပ်ပြီး ကျောင်းမှန်မှန်မတက်သော ကျောင်းသားများ
အား စိစစ်သောကာလကို ရောက်လာသဖြင့် တက်ရခြင်းဖြစ်သည်။ ထိုပြဿနာများ မဖြစ်ခင်က ကျောင်းတက်ဖို့ 
အစ်ကိုက ပြောလေတိုင်း ကျွန်တော်ငြင်းသည်။ မတက်ချင်။ ကျောင်း၌ အရှက်ကွဲမည်ကို လန့် နေသည်။
ကျောင်းကို ငယ်ငယ်ကတည်းကပင် လန့် နေသူကိုး။

ကျောင်းအပ်ထားပြီး နှစ်လ ကျော်သည်အထိ ကျွန်တော် ကျောင်းကို မရောက်။ ဂျူတီကို အကြောင်းပြ၊ ပင်ပန်း
သည်ကို အကြောင်းပြပြီး ကျောင်းသို့ မသွား။ နောက်တော့  ကျောင်းမတက်လျှင် ကျောင်းဗီဇာ ရုပ်သိမ်းမည်ဆို
ပါမှ ကျောင်းတက်ဖြစ်တော့ သည်။

ကျွန်တော့် အဖို့  စိမ်းကားကျယ်ပြန့် သော ပညာတတ်နယ်ပယ်သို့  ဒုတိယအကြိမ် တိုးဝင်ရသောတိုက်ပွဲ ဖြစ်၏။
လူမျိုးစုံ၊ ဘာသာစုံ၊ ရုပ်အင်္ဂါမျိုးစုံ ကြားကို တိုးဝင်ရမည့်  ဒုက္ခအစား အလုပ်ခွင်ထဲမှာ နေ့ မအား ညမအား
ဝင်လုပ်နေချင်သည်။ သို့ သော် မရတော့ ပြီ။ ပထမပိုင်းမှာတော့  အစ်ကိုက အစားထိုး တက်ပေးသေးသည်။
နောက်တော့  လ. ဝ.က များ ကိုယ်တိုင် ကျောင်းမှာ လာစစ်သဖြင့်  သူလည်းမတက်ပေးရဲတော့ ။ ပြီးတော့ 
သူ့ မှာလည်း INFOR ကွန်ပြူတာသင်တန်း တက်ရန် လျှောက်ထားပြီး ဖြစ်သည်။ အင်္ဂလိပ်စာကို သူ သင်ဖို့ 
မလိုတော့ ။ ကျွန်တော်က လိုသည်။ အလုပ်ခွင်ထဲတွင် “ You Gou ” လား၊ “ I do ” လား၊ တတ်နေသည့် 
တလားလားနှင့်  ဗန်းစကားများထက်စာလျှင် စာသင်ခန်းထဲမှ အင်္ဂလိပ်စကားနှင့် စာက ပိုအသုံးဝင်မည်ကိုး။

တကယ်တော့  အလုပ်ခွင်ထဲတွင် ကျွန်တော်ပြောသည့်  အင်္ဂလိပ်စကားမှာ ကမ္ဘာ့ မည်သည့် ဒေသတွင်မှ အသုံး
ဝင်မည်မဟုတ်။ ဝါကျလည်း မမှန်၊ လေသံက တလွဲ၊ အသံထွက်က ပြင်းစပ်စပ်မို့  ကျွန်တော့်  ရှပ်နှင့်  အကွိမှ
လွဲ၍ မည်သူမှ နားမလည်တာ သေချာသည်။ ကျွန်တော် လေ့လာသူမှာလည်း အကွိ ထံမှကိုး။ သူက နေ့ လည်
၁၂နာရီကို “ ခြောက်အိုကလော့  ” ဟု တိတိကျကျ ပြောလာသဖြင့် ကျွန်တော် ဂျူတီ အဝင်လွဲခဲ့ ရသေးသည်။

သူက ကျွန်တော့်ကို မနက်ဖြန် သူ သွားစရာရှိသဖြင့် ၁၂ နာရီ ဂျူတီဝင်ပေးပါဟု ပြောခဲ့ ခြင်းပင်။ သူ ပြောသည်
က “ I have go, You Came ” ဟု ဆိုကာ “ ခြောက်အိုကလော့ ” ဟု သုံးခါတိတိ ပြောသည်။ သူတို့ က
“ Twelve ” ကို “ ခြောက် ” ဟု ခေါ်သည်ကို ကျွန်တော်မသိ။ ထို့ ကြောင့်  ညနေ ခြောက်နာရီအထိ အိမ်မှာ
နှပ်နေစဉ် အစ်ကိုက ဖုန်းဆက်ခေါ်တော့ သည်။

ထားကြပါစို့ ။
ကျွန်တော်တို့ က ၁၂ ကို “ တွဲအိုကလော့  ” ဟု သိထားသည်။ သူတို့ က “ ခြောက်အိုကလော့ ” ဟု ခေါ်ဝေါ်ကြ
သည်။ “ တွဲ ”ကနေ မည်သို့  “ ခြောက် ” ဖြစ်သည်ကို ကျွန်တော်မသိ။ အကွိတစ်ယောက် မြန်မာလိုပင် ခြောက်
ဂဏန်း ခေါ်တတ်နေပါလားဟု ကျွန်တော် ယူဆခဲ့ သည်ကိုး။ ထိုသို့  ကျွန်တော် သင်ယူလေ့ လာခဲ့ ရသော ဝန်း
ကျင်မှ အတတ်စကားလေးဖြင့်  အင်္ဂလိပ်စကားပြောသင်တန်းသို့  သွားရမည်ကို ကျွန်တော် လန့် နေသည်မှာ
မလွန်လောက်ပေ။

“ ASCANDA ” ဟူသော ကျောင်းအမည်၏ နောက်တွင် “ အင်တာနေရှင်နယ် ” ဟူသော စကားလုံးကြီးနှင့် 
ဘာသာစကားသင်တန်းဟူသော ဝေါဟာရက တွဲ၍ ခြောက်လှန့် နေသည်။ ပြီးတော့  “ ORCHID ” ဟူသော
အင်မတန် လူစည်ကားသည့်  ဒေသတွင် သွားတက်ရမည်။ ထို ORCHID သည် စင်္ကာပူ၏ အသည်းနှလုံးဒေသ
တကယ့် ထိပ်တန်းကုမ္ပဏီကြီးများ၊ ဝတ်ကောင်းစားလှ ဝန်ထမ်းများ၊ ဘဏ်ကြီးများ၊ ရုပ်ရှင်ရုံကြီးများ၊ ကုန်တိုက်
ကြီးများ ဟီးဟီးထနေသော “ ORCHID ” ဖြစ်ပါ၏။

ကျွန်တော်လို ကောင်ကို ထို “ ORCHID ” ဒေသ၏ ဘူတာရုံ ( MRT ) အပေါ်ထပ်တွင် အပြည်ပြည်ဆိုင်ရာ
ဘာသာစကားသင်တန်းကျောင်းသို့  ပို့ စေလေသည်မှာ ကံကြမ္မာက ကျီစားသန်လွန်းသည်ထင်။ သို့ သော်လည်း
ကျွန်တော်ရဲစိတ်တင်းကာ ကျောင်းတော်သို့  နင်းချဝင်ရောက်ခဲ့ ပါသည်။ တကယ်တော့  ကျွန်တော်တို့ ကျောင်း
တော်ကြီးသည် ထင်သလောက်မကြီး။ မကြီးသမှ လူနှစ်ဆယ်စာလျှင် သင်တန်းချိန် တစ်ချိန်သာ သတ်မှတ်ထား
သော အမည်ခံ ကျောင်းလေးမျှသာ ဖြစ်ချေသည်။

ကျောင်းတွင် ကျွန်တော်လို ကျောင်းသား ဆယ်ယောက်ခန့် နှင့် ကျွန်တော့် ထက် အဆနှစ်ဆယ်ကျော် တုံးသော
ကျောင်းသား ကျောင်းသူများက ပိုများသည်။ ကျွန်တော့် ထက် တော်သူကား နှစ်ယောက် သုံးယောက်ထက်
ပိုမရှိ။ မယုံအံ့ ပြီထင်။

“ What is your name ? ” ဟူသော စကားကို သုံးရက် သင်ရသော ကျောင်းတွင် ကျွန်တော် အင်္ဂလိပ်စကား
ပြော လာတက်နေခြင်း ဖြစ်သည်။ ထိုစကားများကိုပင် ချွေးပြိုက်ပြိုက်ကျ၍ ခက်ခက်ခဲခဲ သင်ယူနေသော သင်
တန်းသားများ ကြားတွင် ကျွန်တော် ပျင်း၍ပင်လာပါသည်။ သင်သည့်  ဆရာမကလည်း မွန်အမျိုးသမီး ဖြစ်နေ၏။
သူ့ အမျိုးသားက ဒီမှာ အင်ဂျင်နီယာမို့  သူက အချိန်ပိုင်းဆရာမ ဝင်လုပ်နေသည်ဟု ဆို၏။
အမတန် အသင်အပြကောင်း၍ လွန်စွာ သဘောကောင်းသည့်အပြင် သူ ခက်ခက်ခဲခဲ သင်ပေးနေရသော
သင်တန်းသားထဲတွင် ကျွန်တော်တို့  မြန်မာများ မပါဝင်သည်မို့  ပို၍ပင် ကျွန်တော်တို့ နှင့်  အဖွဲ့ ကျကြပါသည်။

သင်တန်း ဆိုတော့ လည်း အခက်သား။
ပြဋ္ဌာန်းချက် စာအုပ်ထဲမှ အခန်းများကို သင်တန်းသားများ ကျကျနန သင်ပြီးပါလျှင် စာမေးပွဲ ဖြေပြရသည်။ ပြီးမှ
သင်ခန်းစာ အသစ် တက်ရသည်။ ကျွန်တော်တို့ အတွက် အခြေခံသင်တန်းစာသည် ခုနှစ်ရက်ဖြင့် ပြတ်သည့် 
တိုင် သုံးလ နှစ်ကြိမ် သင်ယူရသည့်  ကျောင်းသား ကျောင်းသူများ တကယ်ရှိကြသည်။ မည်သည့်  တိုင်းပြည်နှင့် 
လူမျိုးတော့  မပြောတော့ ။ အာရှတိုက်သားများ ဖြစ်သည်မှာတော့  အမှန်ပင်။ ကျွန်တော်တို့  သိပြီး တတ်ပြီး
သည်မှာ ကျွန်တော်တို့  ပညာရေးစနစ်ကြောင့် ဖြစ်၏။ သူတို့ တတ်သည့် တခြားပညာများကျလျှင် ကျွန်တော်
တို့  တတ်ချင်မှ တတ်မည်။ အခြေခံပညာရေးစနစ် မတူသောကြောင့်  ဖြစ်ပါသည်။

ကျွန်တော်တက်သော “ ASCANDA ” ကျောင်းသည် ORCHID MRT ဘူတာမှ ထွက်လျှင် ထွက်ချင်း ဘယ်
ဘက်လှေကားမှ တက်လိုက်လျှင် စာအုပ် အရောင်းဆိုင်ကြီးများ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ တက်ရ
သည့် သင်တန်းချိန်မှာ မနက် ကိုးနာရီမှ၊ နေ့ လည် ဆယ့်တစ်နာရီအထိသာ။ တစ်ပတ်လျှင် သုံးရက်သာ တက်
ရသည်။ ထို့ ကြောင့် အခြေခံ သင်တန်းက ခြောက်လ ကြာရပါသည်။ နောက်ပိုင်းမှာတော့  ဆရာမက ကျွန်တော်
တို့  အကျိုးရှိစေရန် သီးသန့်  သင်ခန်းစာများ ချပေးသည်။

သူ့ စေတနာကို ကျွန်တော်တို့  လေးစားရပါသည်။
တကယ်ဆိုလျှင် ခြောက်လစာအတွင်း ထိုသင်ခန်းစာများကို သူ သင်မပေးလည်း သူ့ မှာ အပစ်မရှိ။ သို့ သော်
ကျွန်တော်တို့ ကို ပိုတတ်စေချင်၍ သူ့ ဘာသာ သီးသန့် ရွေးထုပ်ထားသော သင်ခန်းစာများကို ပို့ ချပေးသည်။
ဆရာမ စေတနာများသည် စင်္ကာပူလို အင်္ဂလိပ်စကားဖြင့်  ကျင်လည်ရသော ဒေသတွင် ကြာလေလေ
အထောက်အကူ ပြုလေမှန်း ကျွန်တော် လက်တွေ့  သိလာရတော့ သည်။
ကျွန်တော့် အခြေအနေမှာလည်း အတော့် ကို ပြောင်းခဲ့ ပါလေပြီ။
အနှီး = ဒါ ဘာလဲ
မဲ့ ချိုင့်  = မဟုတ်ဘူး စသည့်  ယိုးဒယားစကားကို တတ်မြောက်ခဲ့ သော မောင်ထွေးနှင့် ၊ How Are You ? တတ်
မြောက်ခဲ့ သော မောင်ထွေးတို့ ခြားနားလာခဲ့ သည်မှာ သေချာလေပြီ။

အထူးခြားဆုံး ပြောင်းလဲမှုကြီးကား ရည်းစား နှစ်ယောက်နှင့်  တစ်ပိုင်း အပြိုင်ထားနိုင်ခဲ့ ခြင်းပင်တည်း။
နှစ်ယောက်တွင် တစ်ဦးမှာ ဖိလစ်ပိုင်သူလေး ဖြစ်၏။ ကျန်တစ်ဦးမှာ ဝပ်ပါမစ်နှင့်  အလုပ်လာလုပ်သော တစ်ခု
လပ် ကလေးအမေဖြစ်၍ ကျန်တစ်ပိုင်းမှာ သင်တန်းကျောင်းမှ တရုပ်စပ် မြန်မာမလေးတစ်ဦးဖြစ်သည်။ ဖိုင်သည်
ကျွန်တော့် အာရုံနှင့် အတော်ပင် မှုံဝါးဝေ့ ဝဲသော အရပ်၌ ရှိသည်ဆိုရုံလေး ရှိနေသည်။
ကျွန်တော် ဘဝမေ့ လေပြီကိုး ။

ဖိလစ်ပိုင်မလေး “ ရိုတာ ” နှင့်  ကျွန်တော်တွေ့ ပုံမှာ ဖူးစာကြောင့်  ထင်ပါသည်။ ကျွန်တော်တို့  စင်္ကာပူရောက်
မြန်မာများ အားလပ်လျှင် ဖားသွားရိုက်တတ်ကြသည်။ ဖိလစ်ပိုင်သူများ တနင်္ဂနွေနေ့ တိုင်း အလည်အပတ်ထွက်
ရင်း ငွေလွှဲ ငွေပို့  လုပ်ကြသည့်  ပလာဇာသို့  မြန်မာများ လာလာချောင်းတတ်ကြသည်။ ကျွန်တော်လည်း
မြန်မာပီပီ ဖားထွက်ရိုက်ခဲ့ မိသည်။ တကယ်တမ်း ကျွန်တော် လာခဲ့ သည်မှာ သူငယ်ချင်းများ၏ ရည်းစားနှင့် 
အဖော်လိုက်လာခဲ့ ခြင်းဖြစ်သည်။

ကျွန်တော်နှင့်အတူနေသူ အီစွတ်မှာ ဖီလစ်ပိုင်သူ ရည်းစားမလေး ရှိသည်။ ဓါတ်ပုံများပင် ဖက်လှဲတကင်း ရိုက်
ထားကြ၏။ ထိုကောင်မလေးမှာ မချော။ အီစွတ်က လူဖြောင့်လူချော။ ထို့ ကြောင့်  ကောင်မလေးက ခခယယ
ချစ်ပြရှာသည်။ ကောင်မလေးက ချိန်းလိုက်လျှင် အီစွတ်က အဖေါ်မပါဘဲ မသွား။ ကျွန်တော် လိုက်လိုက်သွားရင်း
ကောင်မလေးက သူ့ သူငယ်ချင်းများနှင့်  မိတ်ဆက်ပေးမည်ဟု ကတိပေး၏။ ကျွန်တော် သဘောကျစွာ လက်ခံ
လိုက်သည်။ သို့ သော် ချိန်းထားသည့် နေ့ တွင် သူ့ သူငယ်ချင်းများ မလာကြ။ ကျွန်တော် စိတ်ပျက်လက်ပျက်ဖြင့် 
စားပွဲတစ်လုံး၌ ဝင်ထိုင်ပြီး စီးကရက်ခဲကာ မျက်လုံးက ဖားကောင် ရှာနေမိ၏။ မတွေ့ ၊ မမြင်။ အီစွတ်ကောင်မ
လေးလည်း ပြန်သွားလေပြီ။

ကျွန်တော် စီးကရက်သောက်နေစဉ် တစ်ဝိုင်းကျော်က ကောင်မလေးက ကျွန်တော့် ကို အကူအညီ လာတောင်း
လေသည်။ သူက မီးခြစ်လိုက်ရှာနေခြင်းပင်။ ကျွန်တော် မီးခြစ်ထုပ်ပေးလိုက်သော်လည်း သူက ပြန်မသွားဘဲ
သူ့ ဝိုင်းမှာ လူတစ်ယောက် လိုနေ၍ လိုက်ထိုင်ပေးပါရန် တောင်းဆိုချေ၏။ ကျွန်တော် သူ့ ကို စက္ကန့် ပိုင်းအတွင်း
အကဲခတ်လိုက်၏။ ထက်ထက်မြက်မြက်နှင့်  လက်ရဲဇက်ရဲ ရုပ်ရည်မျိုး ဖြစ်၏။ အချောအလှကြီး မဟုတ်သည့် 
တိုင် အသက်မှာ နှစ်ဆယ်လောက်ပင် ရှိဦးမည်။

သူ့ သဘောကို လိုက်လျောပြီး သူတို့ ဝိုင်းသို့  ကျွန်တော် ထလာခဲ့ ၏။ စားသောက်ခန်းထဲမှာ ဝိုင်းနှစ်ဆယ်ကျော်
မို့  ပွက်လောရိုက်နေပါသည်။ ကျွန်တော် သူတို့ ဝိုင်းသို့  ရောက်သည့် အခါ ကောင်မလေးက ရှင်းပြသည်။ ယနေ့ 
သူ့ မွေးနေ့  ဖြစ်ကြောင်း၊ မီးခြစ်လည်း ပါမလာ၍ မွေးနေ့ ဖယောင်းတိုင် ထွန်းရခက်နေကြောင်း၊ ယခုလို လိုက်
ထိုင်ပေး၍ ကျေးဇူးတင်ပါကြောင်း ..။

သူ့ သူငယ်ချင်းများကလည်း ဝိုင်းဝန်းကျေးဇူးတင်ကြသည့် အပြင် သူ့ အား ဘုရားသခင်က လက်ဆောင်အဖြစ်
ကျွန်တော့် ကို ပေးခြင်းဖြစ်နိုင်ကြောင်း စ, ကြပါတော့ သည်။ သူတို့  စ ကြ၊ နောက်ကြ၊ ပြောကြသည်များကို
ဖြည်းဖြည်းချင်း ကျွန်တော် အဓိပ္ပာယ် သိလာခြင်းဖြစ်၏။ သူတို့ ကတော့  အင်္ဂလိပ်စကားကို ကရားရေလွှတ်
ပြောနိုင်ကြပါ၏။ ကျွန်တော်က ထိုသို့  မပြောတတ်၍ ခွင့်လွှတ်ဖို့  တောင်းပန်သောအခါ မွေးနေ့ ရှင်မလေးက
ကျွန်တော့် ကို ကြီးစွာသော ဂရုဏာ ဖြစ်ရှာ၏။ သူလေးက ၂၀ ပြည့်သည်မှာ နာရီပိုင်းသာ ရှိသေး၏။

ကျွန်တော့်အကွက် ဆိုက်လေပြီ။
မွေးနေ့ ပွဲပြီးတော့  ကောင်မလေးက အိမ်လိုက်ပို့ မလားဟု တောင်းဆိုပြန်၏။ ရိုတာဟု သူ့ နာမည်ကို ကျွန်တော်
ကျကျနန ခေါ်တတ်သွားပြီမို့  လိုက်ပို့ ခဲ့ ပါသည်။ ရထားပေါ်ရောက်တော့  ရိုတာတစ်ယောက် သူ့ ဘုရားသခင်ရဲ့ 
လက်ဆောင်ကို တင်းတင်းဆုပ်ရင်း သူ့ ကိုယ် သူ အကြီးအကျယ် အောင်ပွဲခံနေသည်။ ကျွန်တော် ဘာပြောရ
မည်နည်း။ အဖေနှင့်အမေက ကျွန်တော့်ကို ကြည့်ပျော် ရှု့ ပျော် ဖြစ်အောင်မွေးပေးခဲ့ သည့် အပြင် အရယ်အမော
ဟန်ပန် ရုပ်ဆင်းက လူရာဝင်ဝင် ဖြစ်စေခဲ့ သည်မို့  ကျွန်တော်ဖားတစ်ကောင် ရခြင်းသည် မဆန်းလှ။

ရိုတာ၏ အလုပ်မှာ အိမ်ဖော် ဖြစ်သည်။
သူ့ အိမ်၌ နှစ်နှစ်သားကလေးနှင့်  လေးနှစ်သားကလေးတို့  ရှိသည်။ ထိုကလေးမိဘများက မနက်ဆို အလုပ်ခွင် ကိုယ်စီ ဝင်ကြပြီ။ ထို့ ကြောင့်  ရိုတာတစ်ယောက် ကလေးနှစ်ယောက်နှင့် တစ်နေကုန်ရသည်။ ကလေးများ အိပ်
လျှင် ပျင်းရှာမည်။ ထို့ ကြောင့်  ရည်းစား ထားခြင်းပင်။ ကျွန်တော်ကတော့  ဖိလစ်ပိုင်သူလေးနှင့်  ရည်းစားဖြစ်ရ
သည့်  အရသာဆန်းကို အားရဝမ်းသာ ဖြစ်မိသည်။ ထိုအထဲမှပင် မြန်မာအိမ်ဖော် မနွယ်နီနှင့် လည်း တယ်လီဖုန်း ရည်းစား ဖြစ်ကြသေးသည်။ တကယ်တော့  သူနှင့်ကျွန်တော် ရည်းစားဖြစ်ရခြင်းမှာ သူ့ ရည်းစားက
သူ့ ကို သစ္စာဖောက်သွား၍ ဖြစ်သည်။ သူတို့  လည်ကြ၊ ပတ်ကြ၊ ပျော်ပါးကြပြီးသောအခါ သူ့ ရည်းစားက သူ့ ကို
ထား၍ အခြားတစ်ယောက်ကို ချစ်ခွင့်ပန်သည်။ ထိုဖြစ်ရပ်က ကျွန်တော်တို့  မျက်မှောက်တွင်ပင် ဖြစ်သွားကြ၏။

ထို့ ကြောင့် ထိုရည်းစားပစ်မကြီးကို နှစ်သိမ့် ဖို့  တယ်လီဖုန်းတာဝန်ကို ကျွန်တော်တို့  ယူကြသည်။ ဖြစ်ချင်တော့ 
မနွယ်နီ အလုပ်လုပ်သည့် အိမ်မှာ S.S.C ရေကူးကလပ်ကြီးနှင့် နီးနေသည်။ ထို့ ကြောင့်  ကျွန်တော်တို့  တွေ့ ဆုံ
ခွင့် ရကြ၏။ ထို့ နောက် ချစ်ကြ၏။ ရိုတာနှင့်လည်းချစ်၊ မနွယ်နီနှင့်လည်း ချစ်ကြသည့် ကြားမှပင် ကျောင်းမှ
တရုပ်စပ်မြန်မာမလေးက ကျွန်တော့်ကို အနိုင်ကျင့်နေသေးသည်။ ကုသိုလ်ကံများ ကောင်းလွန်းလှချည်တကား။

ရည်စား နှစ်ယောက်တစ်ပိုင်း ထားရခြင်း၌ ကုန်ကျစရိတ် ရှိလာပါသည်။
ရိုတာနှင့် တွေ့ ရချိန်သည် နေ့ လည်ခင်း အလုပ်နားချိန် နှစ်နာရီစာအတွင်း တွေ့ ရသည်။ သွားတွေ့ ရသည်က
တောင်မှ မြောက် ခရီးမို့ ၊ အပြန်တွင် အလုပ်ချိန်မှီအောင် တက္ကစီ စီးရပါသည်။ ရိုတာ နေသည်က YINSHIN မှာ
ကျွန်တော်တို့  S.S.C က KILLANG MRT မှ ကားဆက်စီးရသည်မို့  အတော်ပင်အလှမ်း ကွာပါ၏။ ကျွန်တော်
ရက်ကြာကြာလေး သွားမတွေ့ ပါလျှင် မချောက မီးဖိုဆောင်သို့  ဖုန်းဆက်လာ၏။ ငို၏။ ကောက်၏။ ဒေါသပြ၏။
ဆိုးနွဲ့ ချေ၏။ သူ့ မှာ ဘာအပစ်ရှိလို့ လည်းဟု မေးလာမြန်းလာ၏။ သူ့ ဘုရားသခင်၏ လက်ဆောင်သည် အချိန်
ပိုင်း အလုပ်သမားတစ်ဖက်၊ ကျောင်းသား တစ်ဖက်ဖြစ်နေသည်ကို သူမသိ။

ကျွန်တော် သွားတွေ့ လျှင်တော့  သက်စွန့် ဆံဖျားပင် သူ့ အခန်းထဲသို့  ခိုးသွင်းကာ ပြုစု ယုယရှာသည်။ အချိုပွဲ
လေးများသာ ကျွေးမွေး၏။ နှိပ်နယ်ပေး၏။ ဆံပင်များကို ဖီးလိမ်းပေးသည်။ ရင်ခွင်ထဲ တိုးကာ အနမ်းမိုးတောင်း
ခံ၏။ ကျွန်တော့် လက်များကို ကိုက်၏။ ဤသည်ကား သူ့ အချစ်အကုန်ပင်။ ကျွန်တော် သာယာပါသည်။ သူ့ ကို
ချစ်ကြည်စွာ နမ်းပါသည်။ သို့ သော် ပင်ပင်ပန်းပန်း ရှာထားရသော လုပ်အားခများက တက္ကစီခအဖြစ် ကုန်သွား
ရသည်ကိုတော့  နှမြောလှ၏။ ပြီးတော့  သူ့ အိမ်ရှင်မိသွားလျှင် ဖောက်ထွင်းမှု၊ ကျူးကျော်မှုများဖြင့် ထောင်ကျရ
အုံးမည်။

သူက တစ်လလျှင် အပြင်ထွက်ခွင့် တစ်ကြိမ်သာ ရရှာသည်မို့ အချစ်နှင့် တွက်လျှင် ထိုအချိန်မှာ မလောက်ငှပေ။
ကျွန်တော့်အဖို့ မှာလည်း တနင်္ဂနွေရက်သည် အလုပ်ရှုပ်သောနေ့ ဖြစ်၍ ခွင့်ယူခွင့် မရှိ။ နာ၍ ဖျား၍ ဆိုလျှင် တော့ ဆေးစာဖြင့်ခွင့်ပြုသည်။ အချစ်ကြောင့် တော့ ဖြင့် တနင်္ဂနွေကို ခွင့်ယူ၍မရ။ ရေကူးကလပ်တို့ ကလည်း
တနင်္ဂနွေနေ့ မှ အာဂနေ့  ဖြစ်သည်ကိုး။

ချစ်သက်တန်းလေး ရင့်မာလာသောအခါ သူက ကျွန်တော် ခြေလှမ်းကျဲလာသည်ကို မခံရပ်နိုင်တော့ သဖြင့်
စနေနေ့ တစ်ပိုင်း ခွင့်ယူမည်။ တိုက်ရိုက်မေးသည်တော့  မဟုတ်။ “ ကေလန်း” ဘူတာရုံနားတွင် အချိန်ပိုင်း တည်းခိုခန်းများရှိကြောင်း သူ့ ကို ကျွန်တော် ပြောပြထားသည်။ သူက လာမည့် စနေ၊ တနင်္ဂနွေနေ့ တွင် ထိုတည်းခိုခန်း၌ ကျွန်တော်နှင့် ဆွေးနွေးစရာ ရှိသည်။ ကြိုက်သည့် ရက်ကို ပြောပါဟု ဖတိခေါ်လာ၏။ စနေနေ့ 
ကို ချိန်းလိုက်သဖြင့် သူရောက်လာပါသည်။

ကျွန်တော့်မှာ အကျင့်တစ်ခုတော့ ရှိသည်။
တကယ့် မိုးထဲ ရေထဲဆိုလျှင် ကတိတစ်ကဝတ်ကို အသေအလဲ ဆုပ်ကိုင်ထားတတ်သော အကျင့် ဖြစ်သည်။
မချောကို ကျွန်တော်ခေါ်ပြီး တည်းခိုခန်းတွင် အခန်းငှားသည်။ အခန်းထဲ ဝင်ခဲ့ ကြသည်။ ရေချိုးကြသည်။

ကျွန်တော် ကြက်သီးထ သွားပါသည်။
ကျွန်တော့်ရမ္မက်အတွက် သူ့ အမေကို ပေးခဲ့ သော ကတိအား ဖျက်ရတော့ မည်။ မဖြစ်။ ကျွန်တော် မဝံ့ ။
ထို့ ကြောင့်  ပွဲတော်ကို စွန့် လိုက်သည်။ ထို့ အတူ ထိုနေ့ မှာပင် သူ့ ကို ကျွန်တော် လမ်းခွဲလိုက်ပါကြောင်း အေး
အေးဆေးဆေး ရှင်းပြသည်။ သူလည်း မငို။ ကျွန်တော်နှင့် တစ်နေ့  လမ်းခွဲရမည်ကို သိပြီးသားဟု ဆို၏။ သူသည်
နိုင်ငံခြားသားကို မယူနိုင်ဟု ဆို၏။ ကျွန်တော့်ကို သူချစ်သည်။ ကျွန်တော်ချစ်သည်ကိုလည်း သူ ကျေးဇူးတင်
သည်ဟု ဆို၏။

သူနှင့် ကျွန်တော်လမ်းခွဲခဲ့ ကြသည်။ သူငယ်ချင်းအဖြစ် ဖုန်းဆက်ပါရစေဟု သူက တောင်းဆိုသည်။ ကျွန်တော်
ခွင့် မပြု။ ကျွန်တော့်စိတ်ရိုင်းကို ကျွန်တော် ချွန်းမအုပ်နိုင်မှာကို သိနေသည်။ နောက်သုံးလကျော်အကြာတွင်
ရိုတာက အရေးတကြီး တွေ့ လိုကြောင်း၊ သူ့ သူဌေးမကပါ ကျွန်တော်နှင့် တွေ့ လိုကြောင်း ဖုန်းဆက်လာသည်။
ကျွန်တော် သွားတွေ့ သောအခါ ရိုတာ၏ ဝပ်ပါမစ် သက်တန်း တိုးမရတော့ သည်မို့  ပြန်ရတော့ မည့် အကြောင်း
ကျွန်တော်နှင့်  ရိုတာ ချစ်ကြိုက်ကြသည်ကို သူဌေးမက မကန့် ကွက်ကြောင်း ရိုတာ ပြန်လာလျှင် လာရောက်
တွေ့ ဆုံနိုင်ပါကြောင်း ပြောပြသည်။

ရိုတာကို ဘာအခက်အခဲ ရှိလဲ ကျွန်တော်မေးသည်။
ရိုတာက ငွေလိုကြောင်း ပြောလာသဖြင့်  လစာထုပ်ပေးထားသော ငွေရှစ်ရာ ကျွန်တော်ပေးလိုက်သည်။ သူ့ 
အဝတ်အစားအိပ်ကြီး ကျွန်တော့် ဆီမှာ ချန်ထားခဲ့ သည်။ သို့ သော် သူပြန်မလာတော့ ပါ။ သူပေးထားသော
သူ့ သူငယ်ခချင်းဖုန်းနံပါတ်ကို ခေါ်ကြည့်လိုက်တော့  ရိုတာ ဟောင်ကောင်သို့  သွားပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော် သူ့ ကို သနားနေမိသည်။ သူ့ ဘဝတွင် အချစ်ဦး၊ အချစ်ဖျား ဘုရားသခင်၏ လက်ဆောင်ကြီးသည်
ထာဝရ မဖြစ်ရလေခြင်းအတွက် နှလုံးသားတွင် အမည်းစက် တင်နေရှာမည်ဟု တွေးနေမိသေး၏။ နောက်တော့ 
ကျွန်တော်လည်း မနွယ်နီနှင့်  လုံးထွေးရစ်ပတ်လိုက်၊ ကျောင်းက ကောင်မလေးကို အလိုလိုက်၊ အကြိုက်ဆောင်
လိုက်ဖြင့်  ဘဝ အမေ့ ကြီး မေ့ နေပါတော့ သည်။

“ ဖိုင် ” သည် ရိပ်ရိပ်ကလေးမျှသာ ကျွန်တော့်ကို လွှမ်းမိုးနိုင်တော့ သည်။
သို့ သော် ထိုအရိပ်ကလေးသည် အလွန်နက်ရှိုင်းသော အရိပ်ကလေးဖြစ်နေမှန်း အချိန်ကြာလေ၊ ကျွန်တော်
နားလည် လာလေပင်။ ဖိုင်သည် တည်ငြိမ်၏။ အပျော် မမက်။ ဘဝကို လွန်စွာ ရောင့်ရဲနိုင်သည်။ ကျွန်တော်ပြန်
လာမည့်  ၉၇ ခုနှစ်ကို မမှိတ်မသုန် ကြည့်နေမှန်း နောက်တော့  ကျွန်တော် သိခဲ့ ရပါတော့ သည်။


( ဆက်ရန် )

...................................................................................................................................................

လာမည့်ရက်တွင် ကိုထွေးကို ခဏလေးနားပြီး အခန်းဆက် ဆောင်းပါးတစ်ပုဒ် တင်ချင်ပါသည်။
ကိုထွေး တစ်လှည့် ဆောင်းပါး တစ်လှည့်  ဖြစ်နိုင်ပါသည်။
စာလာဖတ်သူ မောင်နှမများကိုလည်း ကျေးဇူးအထူးတင်နေမိပါသည်။
အမြဲတန်းပဲ တစ်ခုခုတော့  ပေးနေချင်ပါသည်။
အချေအနေ အချိန်အခါနှင့် ကျွန်တော် ရပ်တည်နေနိုင်သရွေ့ တော့  ကြိုးစားရေးကြည့်နေပါမည်။

....................................................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။



Sunday, April 3, 2011

ခရမ်းချဉ်သီးလား ၊ ကြက်သွန်လား ..။

အင်္ဂလိပ်စကားပြော အသိုင်းအဝိုင်းသို့  ကောက်ခါငင်ခါ တိုးဝင်ရသော အတွေ့ အကြုံသည် ကျွန်တော့် ဘဝ
အတွက် ထိခိုက်ပြင်းရှသလို၊ သူတို့ အတွက်လည်း ကျွန်တော့် ကြောင့်  စိတ်မသက်မသာ ဖြစ်ကြမည်။ ကျွန်တော်
ဇောချွေးပြန်လေပြီ။ တစ်နာရီလျှင် စင်္ကာပူဒေါ်လာ ၅ဒေါ်လာနှင့်  တစ်နေ့ ရှစ်နာရီ လုပ်ခွင့် ရှိသည့်  ဆွဲဆောင်မှု
သည် ကြီးမား၏။

အလုပ်ခွင်သို့  ခေါ်ဆောင်ပေးသော ကျွန်တော့် အစ်ကိုပင်လျှင် ကျွန်တော်၏ ကြမ်းတမ်းမွဲခြောက်သော အသား
အရေနှင့်  အလုပ်ကြမ်းသမားပုံစံ လုံးလုံးစွဲကပ်နေသော အဆင်းအင်္ဂါကို ကြည့် ၍ “ မင်းပုံကလဲကွာ ” ဟု မချိ
တင်ကဲ ပြောလာ၏။ ကျွန်တော့် မာန ထောင်းခနဲ ထလာသည်။

သို့ ရာတွင် ဤ Singapore Swimming Club ( SSC ) ၏ မီးဖိုချောင်လုပ်ငန်းများကို ဘယ်လိုမှ အသားမကျ။
ကျွန်တော် လုပ်ရသည့်  တာဝန်က အနောက်တိုင်း အစားအစာဌာန ဖြစ်၏။ အင်္ဂလိပ်လိုတော့ Western Foods
ဟုသိရသည်။ ကျွန်တော့် အထက်၌ စင်္ကာပူလူမျိုး ရှပ်တစ်ဦး၊ မလေးရှားတရုပ်လူမျိုးတစ်ဦးနှင့်  မြန်မာတစ်ဦး
ရှိသည်။

ရှပ်က သဘောကောင်းလှ၏။ တွေ့ တွေ့ ချင်းပင် “ Hello ” ဟုဆိုကာ သူ့ နာမည်ကို နှုတ်ခွန်းဆက်၏။ ထို့ နောက်
ကျွန်တော် ထမ်းဆောင်ရမည့် တာဝန်တွေကို အင်္ဂလိပ်လို တောက်လျှောက် ပြောချပါလေပြီ။ ကျွန်တော် ဘာမှ
နားမလည်။ မနက်ခင်းကြီးမှာပင် ဇောချွေးပြန်လေပြီ။ ကျွန်တော့်အစ်ကိုက ဝင်ရောက်ပြောဆိုပေးသဖြင့် 
အနည်းငယ် သက်သာသလို ရှိသော်ငြား၊ အလုပ်တစ်ခု ပြီးသွားလျှင် ဘာဆက်လုပ်ရမည်ကို ကျွန်တော်ပင်မသိ။
ထိုအဖြစ်ကို “ ရှပ် ” က သိသွားသဖြင့်  ဖြည်းဖြည်းချင်း သင်ပြပေးသည်။

ကျွန်တော် ဂျူတီဝင်ရသည်က မနက်ဆယ်နာရီမှ နေ့ လည် နှစ်နာရီအထိ ပထမ ဂျူတီ ဖြစ်သည်။ နေ့ ခင်းတွင်
နားနေဆောင်၌ သွားနားခွင့်ရသည်။ ညနေ လေးနာရီမှာ ဂျူတီ ပြန်ဝင်ရပြီး ည ဆယ်နာရီအထိ ဒုတိယ ဂျူတီ
ဖြစ်သည်။ ဆယ်နာရီ ဂျူတီ ဝင်ရသော်ငြား ရှစ်နာရီသာ သတ်မှတ်သည်။ ညနေပိုင်းမှာတော့  ကျွန်တော်နှင့်
အတူ မြန်မာတစ်ယောက်ပါ ဂျူတီ ဝင်သည်။ သူက ကျွန်တော့်ထက် လုပ်ငန်းရော စကားပြောပါ အတွေ့ အကြုံ
ရှိသဖြင့်  ကျွန်တော် အတော်ပင်ဝမ်းသာမိသည်။ သို့ ရာတွင် ကျွန်တော်က သူ့ ထက်ပို၍ ဂျူတီချိန်များသည်ကို
ကျွန်တော် နားမလည်။ နောက်တော့ မှ ကျွန်တော်သိရသည်မှာ အစ်ကိုက ကျွန်တော့်ကို ကြိုတင်၍ စာရင်းပေး
ထားသောကြောင့်  သူ့ ကို ယာယီဝင်လုပ်ခွင့်  ပြုခြင်း ဖြစ်သည်။ ကျွန်တော် တတ်ကျွမ်းနားလည်လာလျှင် သူက
ပြောင်းရွှေ့  ထွက်ခွာသွားပေးရမည်ဟု သိရ၏။ စိတ်တော့ မကောင်း။ သို့ သော် ဤသည်ကား စင်္ကာပူစနစ်
ပေကိုး ....။

ကျွန်တော် အင်္ဂလိပ်စကား နားမလည်ခြင်းသည် သွေးလန့် နေ၍ ဖြစ်၏။
တကယ်မှာ သူတို့  ပြောဆိုသုံးစွဲနေသည့်  အခေါ်အဝေါ် အပြောအဆိုများသည် စာသင်ခန်းထဲတွင် ကျွန်တော်
တို့  ထိတွေ့ ခဲ့ ပြီးသော အသုံးအနှုန်းများသာ ဖြစ်သည်။ ထို့ ထက်ပင် လွယ်နေသေးသည်ကိုလည်း နောက်ပိုင်း
မှ ကျွန်တော် သိခဲ့ ရပြန်ပါသည်။ လောလောဆယ်မှာတော့  သွေးလန့် လိုက်သည်မှာ ခရမ်းချဉ်သီး သွားယူခိုင်း
သည်ကို ကြက်သွန်နီ ယူလာပေးမိသည်။ အအေးခန်းသို့  စေလွှတ်သည်ကို အိမ်သာထဲသို့  သွားလိုက်မိသည်။
လူက ထူပူနေပြီး တစ်ခွန်းပြောလာမှာကို ကြို၍ သွေးလန့် နေသဖြင့်  ဘာဆို ဘာမှ ကွဲကွဲပြားပြား မသိခြင်းပင်။

နှစ်ရက်လောက်ကြာတော့  သွေးအေးသွားပြီ။ ကြောက်လန့် စိတ်ကို မောင်းထုပ်နိုင်ပြီ။ ပြီးတော့ မြန်မာလူမျိုး
လေး ငါးဦးနှင့်  တွဲလုပ်ရသည်မို့  နေသာထိုင်သာ ရှိလာ၏။ မှန်တာကို ပြောရလျှင် လုပ်ငန်းခွင်နှင့်  အလုပ်သမား
အတွေ့ အကြုံသည် သူတို့ ထက် ကျွန်တော်အပါးဝခဲ့ ပြီ ဖြစ်သည်။ သူတို့ က မနေ့ တစ်နေ့ ကမှ အလုပ်သမား
ဘဝကို ဝင်လာကြသူတွေပင်။ အင်္ဂလိပ်စကား ကောင်းကောင်းတတ်ကြ၏။ ရန်ကုန်မှ ပတ်(စ)ပို့ ဖြင့် လာကြ၏။
စင်္ကာပူဒေါ်လာစားဘဝဖြင့်  အလုပ်ခွင်သို့  ဝင်လာကြ၏။ အင်တာဗျူးများကို ဖြတ်သန်းခဲ့ ကြ၏။ တော်လည်း
တော်ကြပါသည်။

ကျွန်တော်က နေပူပူ လေပူပူ အောက်မှာ ရှစ်နှစ်ကျော် နေလာခဲ့ သူ။ အခြေခံ အလုပ်သမားဘဝဖြင့် အလုပ်ရှင်
မျိုးစုံကို ဆက်ဆံခဲ့ သူ။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကိုယ်ပိုင်အလုပ်နှင့်  အလုပ်သမားနှင့်  အခန်းငှား၍ နေခဲ့ 
ဘူးသူ။ အလုပ်နှင့် ယှဉ်လာလျှင် ကျွန်တော် တစ်စက်ကလေးမှ မကြောက်။ ကျွန်တော့်  မူဝါဒကိုက အလုပ်ရှင်က
တားမြစ်ရသည်အထိ အလုပ် ကျွမ်းကျင်ပြီးမြောက်မှုကို ပြချင်သည့်  ဝါဒသမားပင်။

S.S.C ဟု အတိုကောက် ခေါ်သည့်  စင်္ကာပူ ရေကူးကလပ်ကြီးမှ အချိန်ပိုင်းဝန်ထမ်း ဖြစ်ရသည်မှာ နည်းနည်း
တော့  ခမ်းနားပါသည်။ တစ်နာရီလျှင် ၅ ဒေါ်လာ ရသည့်အပြင် ထမင်းကျွေးသည်။ ကော်ဖီနှင့်  အအေး စိတ်
ကြိုက် သောက်ရသည်။ ဝတ်စုံ ပေးသည်။ တစ်ပတ် တစ်ခါ လစာရှင်းပေးသည်။ ကိုင်း .. ဘယ်လောက်
ကံကောင်းကြသည့်  ဘဝများ ဖြစ်သနည်း။ ထိုစဉ်က ငွေလဲနှုန်းမှာ စင်္ကာပူ တစ်ဒေါ်လာလျှင် ကျပ် ( ၈၀ ) ဖြစ်၏။

ငွေပုံကြီးပေါ် တက်ထိုင်မိသည်ဟုပင် ပြောရပါမည်။
ကျွန်တော်တို့  မီးဖိုချောင်တွင် မြန်မာအလုပ်သမား ၅ဦး ရှိသည်။ အစ်ကို၊ မသန်းသန်းဝင်း၊ မမင်းမင်းဟန်၊ အောင်
စိုးနိုင်နှင့် ကျွန်တော်တို့  ဖြစ်သည်။ စားပွဲထိုး ဝန်ထမ်းကတော့ ခုနှစ်ဦး၊ ရှစ်ဦး ရှိပါလိမ့် မည်။ သူတို့ ထဲမှာလည်း
တစ်နေ့  ရှစ်နာရီ ဆင်းရသူ၊ လေးနာရီသာ ဆင်းရသူဟု ကွဲပြားသေးသည်။ လိုအပ်လျှင် စနေ၊ တနင်္ဂနွေမှာ သီး
သန့်  အချိန်ပိုင်း ထပ်ခေါ်သည်။ ဝန်ထမ်းများနှင့် ဆိုလျှင် မြန်မာနှစ်ဆယ်ကျော် ဝင်ရောက် အလုပ်လုပ်ရသည့် 
ရေကူးကလပ် ဖြစ်သည်။

ကျွန်တော်အလုပ်ရပြီး တစ်ပတ်အကြာတွင် အောင်စိုးနိုင် အလုပ်ပြောင်းသွားသည်။ ကျွန်တော်နှင့်အတူ တာဝန်
ကျသည့်  မလေးရှားတရုပ်လူမျိုး အကွိကလည်း သဘောကောင်းပါသည်။ ပြီးတော့  သူလည်း ကျွန်တော့်လိုပင်
အင်္ဂလိပ်စကား မကျွမ်းကျင်။ တစ်ခုခု ကျွန်တော့်ကို ခိုင်းလျှင် သူ့ စကားကို ကျွန်တော်နားလည်ရန် အတော်
ကြိုးစားရသည်။ သူနှင့်  ရှပ်ကျတော့  တရုပ်လို ပြောကြသည်။ မီးဖိုချောင်မှာက အပိုင်း ငါးပိုင်း ခွဲထား၏။ အကင်
ပိုင်း၊ အနောက်တိုင်း အစားအစာပိုင်း၊ တရုပ်စာအပိုင်း၊ အသီးအနှံ အလှပြင်သည့် အပိုင်း၊ အအေးနှင့် အပူ အပါ
အဝင် မုန့် အချို ရောင်းချသည့်အပိုင်းတို့  ဖြစ်သည်။ အဓိက ဆက်နွယ်နေသော ပြောဆို ဆက်ဆံမှုမှာ တရုပ်
စကား ဖြစ်သည်။ အားလုံးမှာလည်း စင်္ကာပူတရုပ်နှင့်  မလေးရှားတရုပ် များသာ အများစု ဖြစ်သည်။ ကျွန်တော့် 
အစ်ကိုက တရုပ်စာအပိုင်းမှာ၊ မသန်းသန်းဝင်းနှင့် မင်းမင်းဟန်က သီးနှံပွဲ အပိုင်းမှာ၊ ကျွန်တော်က အနောက်
တိုင်း အစားအစာအပိုင်းမှာ တာဝန်ယူရသည်။ တစ်ဦးနှင့် တစ်ဦး တွေ့ နေ မြင်နေကျပေမယ့်  အလုပ်တာဝန်
မတူသည့် အတွက် အားမှသာ ဝိုင်းဝန်း ကူညီပေးနိုင်ကြသည်။ အလုပ်နှင့်  အချိန်မှာ ပိုလှသည်တော့  မရှိ။

နောက်ပိုင်းတွင် ကျွန်တော် ကြုံးဝါးခဲ့ သလိုပင်။ ကျွန်တော်တို့ အလုပ်ခွင်တွင် ကျွန်တော် အသာစီးရလာသည်။
ကျွန်တော် ထားရှိသည့် အလုပ်အပေါ် တာဝန်ယူမှုများကြောင့် အလုပ်မှာလည်း ကျွန်တော် အနိုင်ရလာခြင်းပင်။
မလုပ်ရလျှင် ဘာမှ မလုပ်ချင်။ လုပ်ပြီဆိုလျှင် ထိုအလုပ်ကို ထိပ်က တက်ရပ်နိုင်သည်အထိ ကျွမ်းကျင်အောင်
ကျွန်တော် ကြိုးစားပစ်လိုက်သည်။

တစ်ခုချင်း ခွဲခြားပြရလျှင်တော့  တာဝန်က ဘာမှ မရှိသလိုပင်။
မနက်ပိုင်း ဂျူတီဝင်လာချိန်တွင် တစ်နေ့ တာ အသုံးချရမည့် အသီးအနှံများကို ဖြည့် ပေးရန် ကြေးချွတ်ရသည်။
ခရမ်းချဉ်သီး၊ သခွားသီး၊ ဆလတ်၊ မုန်လာဥ စသည်များကို စတိုမှ သွားယူ၍ ဆေးကြောပြီး လှီးရသည်။
ပြီးလျှင် ကြက်တောင်ပံများ၊ ကြက်ကောင်လုံးများကို ဖြည့် ရသည်။ အာလူးချောင်း ကြော်မည့် ပါကင်ထုပ်များ
ထုပ်ရသည်။ ပေါင်မုန့် ၊ အသားညှပ်များ၊ ဘာဂါများအတွက် ဝက်ပေါင်ခြောက်၊ ကြက်သားနှင့်  အမဲပြားများ
ဖြည့်ရသည်။ ထို ပေါင်မုန့် ၊ ဘာဂါများနှင့် တို့ စားမည့် သီးနှံ အချဉ်ကို ပေါင်းရသည်။ နောက်ပိုင်းမှာ
ကြက်တောင်ပံနှင့်  ကြက်ကောင်လုံးကြော်များအတွက် ကိုယ်တိုင် စီမံ စမ်းသပ်၍ အအေးခန်းတွင် ထည့် ထား
ရသည်။ ရောင်းရသည့်  အမည်က မများလှသော်လည်း လုပ်ရသည်က များလှ၏။ ပေါင်မုန့် တို့ ၊ ဘာဂါတို့ နှင့် 
တို့ စားသည့်  သီးနှံအချဉ်ကိုပင် အတော်လေး လက်ဝင်အောင်လုပ်ရသည်။ သူတို့  အခေါ်မှာတော့ “ မျူရိုနှင့် 
ဆော့ စ် ” ဟု ခေါ်သည်။

ဦးစွာလုပ်ရသည်က မုန်လာဥများကို အခွံခွာပြီး အတုံးသေးသေးလေးများ ဖြစ်လာသည်အထိ အဆင့် ဆင့်
လှီးရ၏။ ပြီးလျှင် ကြက်သွန်နီကို ထိုအတိုင်း လှီးရ၏။ ပြီးလျှင် ဂေါ်ဖီကို လှီးရ၏။ ပြီးလျှင် ဒန်အိုးအကြီးကြီးထဲ
ထည့် ကာ ရှာလကာရည်၊ သကြား၊ ဆားတို့ ရော၍ ဖျော်ရသည်။ မျူရိုနှင့်  ဆော့ စ်ဗူးကြီးများ ထည့် ပြီးလျှင်
အသီးအနှံများထည့်၍ နှပ်ထားရသည်။ အတော့် ကို လက်ဝင်ပြီး၊ အတော့် ကို အရသာရှိသလို၊ အတော့် ကို ဈေး
ကြီးလှသည့်  ဆော့ (စ)ပင်။

ကြက်တောင်ပံနှင့်  ကြက်ကောင်လုံးကြော်များအတွက် စီမံစပ်ဟပ်ရသည့်  ပါဝင်ပစ္စည်းများမှာလည်း မနည်းလှ။
သကြား၊ လျှာလကာရည်၊ ဝိုင်၊ ဆီမွှေး စသည်တို့ ကို ရေနှင့်ရော၍ ကြက်တောင်ပံ ပါကင်ထုပ်များကို ဖောက်
ထည့် ရသည်။ ပြီးလျှင် အထူးအအေးခန်းထဲ သွင်းထားရသည်။ တစ်ကြိမ်စပ်မိလျှင် သုံးလေးရက်စာ စပ်ပြီး
အေးခဲသည်အထိ စိမ်ထားရသည်။

အလွယ် လုပ်ရသည့်  အစားအစာမှာတော့  ပေါင်မုန့် အသားညှပ်နှင့် အာလူးကြော်များသာ။ လေးထောင့် ပေါင်
မုန့် နှစ်ချပ်ကို မီးကင်၊ အနားများ လှီးထုပ်၊ အလယ်တွင် ချိ(စ)၊ဆလတ်ရွက်၊ ခရမ်းချဉ်စီး တစ်ကွင်း ထည့် ပေး
ရုံပင်။ ထောပတ် သုတ်ခိုင်းသူလည်း ရှိ၏။ တစ်ခါတစ်ရံ အသီးအရွက် သီးသန့် ဖြင့် လုပ်ပေးရသော ပေါင်မုန့် 
လည်းရှိ၏။ “ ဆန်းဒ်ဝစ်ရှ် ” ဟု ရှေ့ မှ အမည်တပ်ပြီး နောက်က အမျိုးမျိုး တွဲစပ် ခေါ်ကြပါ၏။

ချိ(စ)ပါလျှင် ချိ(စ)ဆန်းဒ်ဝစ်ရှ်၊ ကြက်သားပါလျှင် ချစ်ကန်းဆန်းဒ်ဝရှစ်၊ အသီးအနှံချဉ်းသာ ဆိုလျှင် ဗက်ဂျီးတေး
ဘဲ ဆန်းဒ်ဝရှစ်၊ ဝက်ပေါင်ခြောက်ပါလျှင် ပေါ့ ခ်ဆန်းဒ်ဝရှစ် စသည်ဖြင့်  ခေါ်ကြသည်။ ဘာဂါများကိုလည်း
ထို့ အတူ ခေါ်ဝေါ်ကြသည်။

နေပူပူ၊ လေပူပူ အောက်၌ အကြမ်းပတမ်း လုပ်ကိုင်လာခဲ့ သော ကျွန်တော့် အဖို့  ရေကူးကလပ်ကြီး၏ မီးဖို
ဆောင်တွင် ဝတ်စုံဖြူ၊ ဖိနပ်အရှည်ကြီးစီး၊ စက္ကူဦးထုပ် ဆောင်း၍ တစ်နာရီ ၅ ဒေါ်လာရသော အလုပ်ကို ကျွန်တော် တစ်ပတ်အတွင်း ခြေဖြင့် တက်နင်းနိုင်သည်မှာ မဆန်း။ နှစ်ပတ်မြောက်တွင် လုပ်ငန်းတော်တော်များ
များကို ကျွန်တော် စကားတစ်ခွန်းမှ မပြောပဲ သက်သေ ပြနိုင်ခဲ့ ပြီ။ ထို့ ကြောင့်ပင် အချိန်ပိုများ ဆက်ကာ ဆက်
ကာ ရလာပါတော့ သည်။

ပထမတွင် တစ်နေ့  ၂ နာရီ အချိန်ပိုရလာသည်။ ထို့ နောက် ၄ နာရီ ရလာ၏။
တစ်နေ့ လျှင် အလုပ်ချိန် ၁၂ နာရီ ရလာတော့ သည်။ ရှပ် ကရော၊ အကွိ ကပါ ကျွန်တော့် ကို စိတ်ချလေပြီ။
ထိုအထဲမှာပင် ကံကောင်းချင်တော့  အကင်ပိုင်းမှ အလုပ်သမားတစ်ဦး ခွင့်ရက်ရှည် တင်လာသဖြင့် အကွိ ကို
ထိုဘက်ပိုင်းသို့  တာဝန်ခွဲဝေပေးတော့ သည်။ ထို့ ကြောင့် ကျွန်တော့်အလုပ်ချိန်မှာလည်း တစ်နေ့ လျှင်ပုံမှန်
၁၂ နာရီ ဖြစ်လာတော့ သည်။ မနက်အစောပိုင်း ရေလာကူးသူများအတွက် ဆန်ပြုပ်ရောင်းချသည့်  ဂျူတီကိုပါ
ကျွန်တော် ရလာသည်။ မနက် ၆ နာရီ အလုပ်ခွင်ဝင်ရတော့ သည်။ အလုပ်ကတော့  တကယ်ချောင်ချိလွန်းပါ၏။
ည က နှပ်ထားခဲ့ သော ဆန်ပြုတ်ကို မီးငွေ့ ငွေ့ ပေးပြီး ကြက်သား၊ ဝက်သား၊ ကြက်ဥ စသည်ဖြင့် မှာသည့်အမျိုး
အမည်ပေါ် မူတည်၍ နှမ်းဖြူးပေးလိုက်ရုံပင်။ ထိုဂျူတီက ၃ နာရီ ဝင်ရသည်။

ငွေဆိုသည်က သူက လိုက်လျှင် ခြေလေးချောင်းမို့  ပြေး၍မလွတ် ဆိုသည်မှာ မှန်ခဲ့ လေပြီ။
တစ်နေ့ ကို ကျွန်တော် ဘယ်နှစ်နာရီ ဆင်းချင်သနည်းဟု ဂျူတီမန်နေဂျာက မေးလာရသည်အထိ ဝင်ငွေ
ကောင်းလှလေပြီ။လူကတော့  အားနှင့်မာန်နှင့်မို့  မငြီးငွေ့ မိသေး။ ထိုစဉ်က စင်္ကာပူရေကူးကလပ်ကြီးတွင် ဝင်
ရောက်လုပ်ကိုင်နေသော မြန်မာများထဲ၌ ကျွန်တော်နှင့်  အစ်ကိုတို့  ဝင်ငွေ စံချိန် တင်ခဲ့ ကြသည်မှာ တစ်နှစ်ခွဲ
နီးပါး ကြာခဲ့ သည်။ ဤသို့ ဘာကြောင့်ဖြစ်ခဲ့ ရသည်ကို နောက်တော့ မှ သိရသည်မှာ ရှက်ဖို့ ခပ်ကောင်းကောင်း။
ကုသိုလ်ထူးဟုပင် ပြောရမလား မသိ။ မြန်မာများ အလုပ်ကို နင်းကန်လုပ်လေ သူတို့  သက်သာလေပင်။
ငွေလည်း ပိုသက်သာသေး၏။ အလုပ်လည်း တကယ်ပြီး၏။ ထို့ ကြောင့်  ကျွန်တော်တို့  အချိန်ပိုများများဆင်းလေ
ပုံမှန်လစာရသော ဝန်ထမ်းများ သဘောကျလေပင် ဖြစ်နေပါသည်။

ဘာပဲဖြစ်ဖြစ် ထိုအခွင့် အရေးကို တစ်နှစ်ကျော် အသုံးချဖြစ်ခဲ့ ကြ၏။
နောက်ပိုင်းတွင် မီးဖိုဆောင် တစ်ခုလုံး၏ သုံးစွဲပစ္စည်းများ သွားရောက်ထုတ်ယူရသည့်  တာဝန်ကိုပါ ကျွန်တော်
နှင့်  အစ်ကိုတို့ လက်တွဲယူခဲ့ ကြရသည်။ မီးဖိုချောင်သုံးပစ္စည်းများက မန်နေဂျာ လက်မှတ်ထိုးပြီးပါမှ စတိုခန်း
တွင် သွားရောက် ထုပ်ယူခွင့် ရှိသည်။ လက်တွန်းလှည်းဖြင့်  သုံးခေါက်တိုက်လျှင် တစ်နေ့ တာပစ္စည်း လုံလောက်
၏။ ထိုတာဝန်အတွက်လည်း တစ်နာရီစာ ဂျူတီခ ရသေးသည်။ ထို့ ထက်ဟန်ကျသည်က စတိုခန်းမှ ရို့ စ် ဟုခေါ်
သော အန္ဒိယသူ မနှင်းဆီရှေ့တွင် လက်မှတ်ထိုးရခြင်း၊ လုံခြုံရေးစခန်းတွင် လက်မှတ်ထိုးရခြင်းနှင့် မန်နေဂျာအား
လက်မှတ်ထိုးပြီး စာရွက်ပေးရခြင်းပင်။ တယ်ဟုတ်သည့်  ငါပါလားပေါ့ လေ။ စင်္ကာပူတွင် ငါ လက်မှတ်ထိုးမှ ပြီး
သည့် အလုပ်မျိုး ရှိနေသေးသကိုးဟု စိတ်ကြီးဝင်ရသေး၏။

ကျွန်တော် လက်မှတ်ထိုးလျှင် ထိပ်ဖျားအစွန်၌ ကြယ်တစ်လုံး အမြဲ ရေးထည့်တတ်သည်။
မြင့်မြတ်ရမည်၊ ထက်မြက်ရမည်ဟူသော အတိတ်နမိတ်ကို နမူနာယူထားခြင်းဖြစ်သည်။ ပြီးတော့  အောက်ခြေမှ
အထက်ဖက်သို့  ထောင်တက်သွားသော လက်မှတ်မျိုးကို ထိုးတတ်၏။ ထိုသို့  ထိုးလိုက်ပါမှ ဘဝအခြေ မြင့်
သထက် မြင့်လာမည် ဟု ကျွန်တော့်ဖာသာ ယုံကြည်နေ၍ ဖြစ်သည်။

စင်္ကာပူတွင် အလုပ်ရပြီးနောက် ကျောင်းတက်ခွင့် ရသော အခြေအနေသို့ ရောက်လာခဲ့ ပြန်သည်။ အစ်ကို၏
အစီအစဉ်ကြောင့် ဖြစ်သည်။ သူက စင်္ကာပူတွင် အခြေတကျနေဖို့  ဆန္ဒရှိသည်။ ထို့ ကြောင့် ကျွန်တော့်ကို
ကျောင်းအပ်ပေးသည်။ ပတ်(စ)ပို့ ကတော့  ကိုယ်တိုင်မဟုတ်။ ငှားထားရခြင်းဖြစ်သည်။ ကျောင်းကလည်း
အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ် သင်တန်းကျောင်းလေးသာ ဖြစ်သည်။

ကျောင်းတက်ရတော့ မည်ဆိုတော့  မနက်ဂျူတီကို အစ်ကိုက အစားဝင်ပေးသည်။ မည်သူမျှ မကန့် ကွက်။
ကျောင်းလွှတ်လျှင် အလုပ်ခွင်သို့ ကျွန်တော်လာ၍ မူလ သတ်မှတ်ထားသည့်  အားလပ်ချိန်တွင် စတင် အလုပ်
ဆင်းရသည်။ မသန်းသန်းဝင်းလည်း တရုပ်စာပိုင်း၌ ထိုသို့ ပင် ဂျူတီဝင်နေသည်မို့ မီးဖိုဆောင်တွင် သူနှင့် 
ကျွန်တော် နှစ်ယောက်တည်း ဂျူတီဝင်ဖြစ်ကြသည်။ ထို့ ကြောင့်  အလုပ်ချိန်တော့  လျော့ မသွား။


.........................................................................................................................

( ဆက်ရန် )

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။