Monday, January 23, 2012

“ ချူး...အီး ဆုတောင်း ”

စာရေးချင်ပေမယ့်  မရေးဖြစ်ခဲ့ သည်မှာ ကြာခဲ့ ပြီ။
ကိုယ့် ဘလော့ လေးကို သတိရမိတိုင်း မကြာခဏ ဝင်ကြည့် တတ်သော်လည်း အချိန်ကြာလာသည်နှင့် အမျှ
မကြာခဏကနေ၊ ကြာတာက ခဏခဏ ဖြစ်လာပြီး ဘလော့ နှင့် ကျွန်တော် အနေစိမ်းလာရတော့ သည်။

မရေးဖြစ်ခဲ့ သည့်  အကြောင်းများက မျက်လုံးအားနည်းလာသည်ကတစ်ကြောင်း ( လက်ရှိ မျက်မှန်တပ်ထားရ
သော်လည်း၊ သေချာပေါက် ထပ်တိုးရတော့ မည့်  ဒီဂရီတို့ ကို လက်မခံချင်သေးတာကြောင့်  )၊ နောက်ထပ်
ပြောင်းရွှေ့ ခဲ့ ရသော အလုပ်ချိန်ရှည်လျားသွားသည့် လုပ်ငန်း၏ သဘောသဘာဝတို့ ကြောင့် တစ်ကြောင်း၊
စသည့်  အကြောင်းတွေကြောင့်  စာဝင်ဖတ်မိသူ ပရိတ်သတ်တို့ အား နှုတ်မဆက်ပဲ ရုတ်တရက် ခွဲထွက်သွား
သလို ဖြစ်ခဲ့ ရတာကိုလည်း သည်တရုတ်နှစ်ကူးအချိန်တွင် အနူးအညွတ် တောင်းပန်လိုက်ရပါ၏။

စာကို လုံးဝ မရေးဖြစ်တော့ သော်လည်း ၊ ဖတ်စရာ စာတွေ၊ သတင်းတွေအစုံ၊ မီဒီယာအစုံနှင့်  စာတွေကို ရေးနေ
သော ဘလော့ ကာတို့  စုရပ်ဖြစ်နေသည့်  FACE BOOK ကြီးပေါ်ကိုတော့  နေ့ စဉ် ရောက်ဖြစ်နေခဲ့ ပါသည်။
အခုတလော မျှော်လင့်ရင်ခုန်ချင်စရာကောင်းနေသည့်  အမိမြေနှင့် ပတ်သက်နေသော နိုင်ငံရေးသတင်းများ
ကို မိတ်ဆွေသူငယ်ချင်းများ၏ နေ့ စဉ်တက်လာနေသော “ လင့် ” ကလေးများမှတစ်ဆင့်  အငမ်းမရ
ဖတ်နေခဲ့ မိပါသည်။ အားတက်သရော“ comments ” တွေ၊ “ like ” တွေ ပေးနေခဲ့ မိပါသည်။ တစ်ခါတစ်ရံ
သရော်စာများတွေ့ လျှင်လည်း ကိုယ်ပါ ရောရောင်၍ ရွဲ့ စာ၊ ပြောင်စာများပါ လိုက်ရေးမိခဲ့ ပါသည်။

ရသမျှ အချိန်လေးတွေမှာ အချိန်အများကြီးယူစရာမလိုပဲ၊“ ကွန်မန့် ”ပေးရတာ“ လိုက် ” လုပ်ရတာလေးတွေ
ကို နှစ်ခြိုက်နေရင်း အချိန်တွေ ကုန်လွန်နေခဲ့ မိသည်။ ကျွန်တော် ဘလော့ ပေါ်တွင် ရင်မခုန်ပဲ၊ ဖေ့ (စ)ဘုတ်
ကြီးပေါ်တွင် ရင်ခုန်နေမိခြင်းဖြစ်တော့ သည်။

ကျွန်တော်က “ ဘလော့ ကလေး ” နှင့်  “ ဖေ့ (စ)ဘုတ်ကြီး ” ဟု နှိုင်းယှဉ် သုံးစွဲမိခဲ့ သည်။
“ ... ကလေး ” က သေးတဲ့  ငယ်တဲ့ သဘော ဖြစ်သလို၊ “ ... ကြီး ” ကလည်း အမတန် ကြီးသည့် ပမာဏကို
ကိုယ်စားပြုနေသကဲ့ သို့ ၊ ဖေ့ (စ)ဘုတ်နှင့် ဘလော့ ကလည်း ဒီလိုပဲ ဖြစ်မည်ဟု ထင်မိပါ၏။ ဘာဖြစ်လို့ ဆို .....
သိကြတဲ့ အတိုင်း ကြည့် ကြပါအုံး ..၊ ဖတ်စရာစာတွေ၊ သတင်းတွေ၊ အတင်းတွေ၊ ရဿစုံလင်လို့ နေကိုး ..လို့ ။

စာမရေးချင်လို့  မရေးမိပေမယ့်  ဖတ်ချင်လို့ ဖေ့ (စ)ဘုတ်ပေါ် တက်မိလျှင်ပဲ၊ ကျွန်တော့် မိတ်ဆွေ စာရေးနေ
သူများကို သူတို့ ရေးသောစာများနှင့်  အမြဲတွေ့ နေရသည်။ ကျွန်တော့် သူငယ်ချင်းစာရင်းထဲတွင်လည်း
တကယ်ဂိမ်းဆော့ နေသူများထက် ကိုယ်သန်ရာသန်ရာ ရေးသားဖြန့် ချီနေသောသူက အဆမတန်များနေသလို
ဖေ့ (စ)ဘုတ်၏ “ HOME” စာမျက်နှာပေါ်တွင်လည်း ရဿသတင်းမီဒီယာအကြောင်းတွေသာ ကြပ်ညပ်နေရ
ပါတော့ သည်။ ဘလော့ ဂါများအတွက် ဆက်သွယ်ရေးစာမျက်နှာကြီးဖြစ်တော့ သည်။ ကျေးဇူးကြီးပေစွ ။

ယနေ့  ဖေ့ (စ)ဘုတ်ကြီးပေါ်တွင် အများသိနေသည့် အတိုင်း စာမျက်နှာ အပြည့် နေရာယူနေကြသည်က
မြန်မာနိုင်ငံ၏အပြောင်းအလဲ သတင်းများသာ ဖြစ်သည်။ အမေစု၏ သတင်းအများဆုံး ဖြစ်နေသည်။ ယနေ့ 
အချိန်ထိ အစိုးရက ဝန်မခံသေးသော “ နိုင်ငံရေး အကျဉ်းသား သတင်း ” များ ဖြစ်နေသည်။ “ ယုံကြည်ချက်
ကြောင့် အကျဉ်းကျခံနေရသူများ ”ဟု သူတို့ လက်ခံလို့ ရအောင် တစ်ဖက်လှည့်ပြီးသုံးစွဲခဲ့ ရသော်လည်း
တကယ်မူ “ နိုင်ငံ၏ အရေးကြောင့်  ဖြစ်ပေါ်ခဲ့ ရသည့်  အကျဉ်းသားများသာ ” ဟု ချေပပြောဆိုခဲ့ သည့် 
“ ကိုမင်းကိုနိုင် ” နှင့် ၊ “ ခေါင်းပေါင်းစ တို့  ညာချပါသည် ..” ဟု၊ ပြက်လုံးထုတ်ခဲ့ ဘူးသည့်  “ ကိုဇာဂနာ” တို့ 
သတင်း ၊ ဟော.. ယခု နောက်ဆုံး ကျောင်းသားတပ်မတော် ABSDF ၏ နေရာလုပွဲဖြစ်ခဲ့ သော ၊ တောတွင်း
“ ဖြုတ်ထုတ်သတ် ” မြင်ကွင်းသတင်းတို့ က စာဖတ်သူတို့ ၏ ရင်အခုန်ဆုံးသတင်းတွေ ဖြစ်ခဲ့ ရသည်။

“ အရပ်သားအစိုးရ” ဟု အမည်ပြောင်းခံယူခဲ့ သော သမ္မတဦးသိန်းစိန်အစိုးရ၏ ဆယ်လတာ ကာလအတွင်းမှာ
ပင် ယ္ခင်စစ်အာဏာရှင်အစိုးရ မလုပ်ပေးခဲ့ သော ပြောင်းလဲမှုများကို အဆင့် ဆင့်  တစ်လှမ်းချင်း ၊ တစ်ဆင့် ချင်း
လုပ်ပေးခဲ့ သည့်  အထဲတွင် နိုင်ငံရေးအကျဉ်းသား ( သူတို့ လက်ခံသော ယုံကြည်ချက်အကျဉ်းသား ) လွှတ်ပေး
ခဲ့ မှု၊ မီဒီယာကဏ္ဏကို ဖွင့် ပေးလာခဲ့ မှုတို့ သည် ကျွန်တော် အကြိုက်ဆုံး၊ ရင်အခုန်ဆုံး သတင်းများ ဖြစ်ခဲ့ ရပါ၏။

မြန်မာသတင်းသည် ကမ္ဘာ့ စာမျက်နှာပေါ်တွင်လည်း ရေပန်းအစားဆုံးသတင်းတစ်ခု ဖြစ်နေသလို
ဒီမိုကရေစီအတွက် တကယ်ပဲ စွန့် လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့ သော “ အမေစု ” ၏ သတင်းကလည်း ကမ္ဘာ့ 
မီဒီယာမျက်နှာမှာ အမြဲနေရာယူနေလျက် ရှိပါသည်။

“ အမေစု” က ကမ္ဘာ့ အမျိုးသမီးထုကြီး၏ စံပြမီးရှုးတန်ဆောင်ဖြစ်နေသလို၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်
သည့်  “ မစ္စကလင်တန်” ကိုယ်တိုင် သူလေးစားချစ်ခင်ရသော ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း
အလေးအနက် ထောက်ခံတွေ့ ဆုံခဲ့ သော နေ့ တုံးကများဆိုလျှင် ကျွန်တော့် ဦးခေါင်းက မိုးတိမ်တွေကြားထဲ
ရောက်နေသလို ဖြစ်နေခဲ့ ပါ၏။ စာဖတ်သူများလည်း ဒီလိုပါပဲ မဟုတ်လားလို့  ။ ပြီးတော့  လွန်ခဲ့ သော ရက်
ကလေးအတွင်းမှာပင် ပြင်သစ်နိုင်ငံ၏ အမြင့် ဆုံး ဂုဏ်ထူးဆောင် ဘွဲ့ တံဆိပ်ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
ကိုယ်တိုင် လာရောက်အပ်နှင်းခဲ့ ရပြန်ပါသည်။ မြန်မာတို့ အတွက်၊ မြန်မာအမျိုးသမီးတို့ အတွက် ဂုဏ်ယူစရာ
ဖြစ်ရပြန်ပါသည်။

သည်ဘက်နှစ်မှာတော့  သည်ထက်ကောင်းလိမ့် ဦးမည်ဟုပဲ မျှော်လင့် မိနေသည်။
ကောင်းတာလေးတွေ ကြားနေရသလို မကောင်းတာလေးတွေလည်း ကြားလာရသည့် အထဲတွင် အထက်က
ပြောခဲ့ သည့်  ABSDF ၏ “ ပါဂျောင်စခန်းမှ ရင်နင့် ဖွယ်ရာများ ” သတင်းတစ်ခု အပါအဝင်ဖြစ်ခဲ့ ရသည်။
http://www.ex-absdf.com/2012/01/blog-post-1907.html တွင် ဝင်ရောက် ဖတ်ရှု့  နိုင်ပါသည်။
( http://www.thithtoolwin.com/) တွင်လည်း ဝင်ရောက် ဖတ်ရှု့ နိုင်ပါ၏။

အစိုးရ၏ ကျားကုတ်ကျားခဲ ကြိုးစားနေရသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အားလုံးတို့ နှင့် 
ရင်ကြားစေ့ ရေး၊ ပြန်လည်သင့် မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများကြားထဲမှပင် သောင်းဂဏန်းတွေ ချီနေ
သော ကချင်တိုင်းရင်းသားဒုက္ခသည်များ၊ နယ်စပ်ဒေသ၏ အအေးတော နှင်းတောတွေထဲမှာပဲ ကြုံသလို
တိုးခွေ့နေကြရသည်ကိုလည်း မမြင်မကြားချင်မှ အဆုံး...။

ဗိုလ်ချုပ်ခင်ညွန့် ပါ လွတ်မြောက်ခဲ့ ၍ အတိတ်က အကြောင်းအရာတွေ အားလုံး ခဝါချပြီး အနာဂတ်မြန်မာ
နိုင်ငံတော်သစ်ကြီးဆီ ချီတက်ကြပါတော့ မည် ဆိုပြီး “ အမျိုးသားပြန်လည်သင့် မြတ်ရေး လမ်းစဉ်” ကို
ရွေးချယ်ကြရမည်ဆိုသော်လည်း ၊ အမှန်တွေက အမှားဖြစ်ခဲ့ ရသည့် “ သံလျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှု
နှင့် ပတ်သက်ပြီး ဇွတ်အတင်း မှားယွင်း ဖမ်းဆီးခဲ့ ကြသည့်  ထောက်လှမ်းရေးအဖွဲ့  အချို့ ၏ လုပ်ရပ်နှင့် 
ABSDF အဖွဲ့ မှ ခေါင်းဆောင်ပိုင်း နေရာ၊ အာဏာလုမှုတို့ ကြောင့်  ဖြစ်ပွားခဲ့ ရသော အပစ်မဲ့  ကျောင်းသား
ကျောင်းသူတို့ ရက်စက်စွာခေါင်းဖြတ် အသတ်ခံခဲ့ ရသည့်  လုပ်ရပ်တို့ သည် ခဝါချလိုက်ရန် ခက်ခဲနေသော
အဖြစ်မှန်များအဖြစ် အွန်လိုင်းမီဒီယာပေါ်တွင် ပျံ့ လွင့် နေပြီး လူတိုင်း ရင်ထုမနာ ဖြစ်ကြရပြန်ပါသည်။
ကမ္ဘာပေါ်မှာ နှစ်ပေါင်းငါးဆယ်ကျော်အောင် ပြည်တွင်းစစ်ပွဲနှင့်  ငြိမ်းချမ်းရေးမရသေးသည့်  နိုင်ငံတစ်ခုအဖြစ်
ကမ္ဘာ့  မီဒီယာတွေက ဖေါ်ပြခဲ့ သည်ကိုလည်း နှစ်ကူးသတင်းတစ်ခုအဖြစ် မှတ်သားမိခဲ့ ပါသည်။

ဘာပဲ ဖြစ်ဖြစ် ကျွန်တော် “ ဆု ” တစ်ခုတော့  တောင်းမိပါသည်။
ကျွန်တော်တို့  အမိမြန်မာပြည်ကြီးသည် ဘယ်သောအခါမှ နောက်သို့  ပြန်မသွားတော့ ပဲ ၊ ရှေ့ သို့ သာ
တဟုန်ထိုး တိုးတက်နေပြီး အရာရာမှာ နောက်ကျကျန်ခဲ့ ၍ နောက်မှ လိုက်နေရသည့်  ဘဝမှ အမြန်ဆုံး
လွတ်မြောက်ပါစေတော့ ရယ်ဟု...။ မျှော်လေတိုင်း ဝေးနေရသော ရွှေပြည်တော်ကြီး အမြန်ဆုံး နီးလာပါစေ
တော့ ၊ အမှားတွေကို မေ့ဖျောက်၍ အမှန်တွေကိုပဲ တွေ့ သလောက် ဆက်လက်လုပ်ဆောင်နိုင်ကြပါစေတော့ ။

သည်ဘက် တရုတ်နှစ်ကူး အခါသမယကတော့ ဖြင့် ခါတိုင်းနှစ်တွေထက် ပိုအေးလာသည်ဟု ကျွန်တော်
ခံစားမိပါသည်။ ခြေအိပ်မစွတ်ပဲ အိပ်လို့ မရလို့ ပါပဲ။ အေးလွန်းတော့ လည်း ခြေထောက်တွေက စောင်အောက်
မှာ ထားစရာ ဝှက်စရာ မရှိ ။

“ ချူး...အီး ..” လို့  တရုတ်လို နှစ်ကူးနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ ည တွင်ပဲ ကျွန်တော် အေးအေးလူလူ
သည်ပို့ (စ)လေးကို ရေးဖြစ်နေသည့် အချိန်ဝယ် ဝန်းကျင်မှ ဗြောက်အိုး မီးကျဉ် မီးပန်းဖောက်လွှင့် သံတို့ ကို
ကြားနေရပါသည်။ သည်နိုင်ငံသူနိုင်ငံသားတို့ သည် အစစအရာရာ အေးအေးချမ်းချမ်း လုံလုံခြုံခြုံဖြင့် သူတို့ ၏
တောက်ပသော အနာဂတ်တို့ ကို သူတို့ စိတ်ကြိုက်ရွေးချယ်လိုက်သော အစိုးရအဖွဲ့  နှင့် မှန်မှန် ချီတက်နေ
နိုင်ကြပြီ။

ကျွန်တော်တို့ မြေမှ ယမ်းငွေ့ ဝေသော တောင်တန်းများအားလုံး အလွမ်းငွေ့ ၊ ယမ်းငွေ့ များ၊ အာဃာတ အငွေ့ 
များ အမြန်ဆုံး ပြယ်ပျောက်ပြီး သည်နိုင်ငံသားတွေလိုပဲ အာမခံချက်ရှိသော နိုင်ငံ၊ နိုင်ငံသားများ ဖြစ်ပါစေ
တော့ ရယ် .... ဟု သည် “ ချူး ..အီး ” ဆုတောင်း ဆောင်းပါးကို ရေးသားလိုက်ရပါတော့ သည်။

ရွှင်လန်းချမ်းမြေ့ ကြပါစေ .... ။

.................................................................................................................


( ပြီးပါပြီ )