Monday, March 8, 2010

တံလျှပ် ကလေးများ

သည်နေ့ လဲ အိမ်မပြန်ချင်သည့် စိတ် ဖြင့် ပင် အလုပ် မှ ပြန်လာတော့  အမြန်လမ်းမကြီး ပေါ် ကား ထိုး အတက၊်
ညနေစောင်း နေဝင်ချိန်၏ ရဲရဲ နီ နေသော ဝင်လုလု နေလုံးကြီးကို ပြာမှိုင်းနေသော မြူ ခိုးတို့  လွှမ်းခြုံ နေသည့် 
မှိုင်းညို့ ညို့ တောင်ထွတ် တို့ ထိပ်တွင် မေးတင် လျက် တွေ့ လိုက်ရပါသည်။ ဖွေးဖွေး လှုပ် နေသော မြူ ခိုး
တို့ က ဦးတည်ရာမဲ့  တိုက်ခတ်နေသော လေရှုး တို့ နှင့် အတူ ဝန်းကျင် တစ်ခုလုံး ဖုံးလွှမ်း နေသောကြောင့် 
ကြည့် မိသော မြင်ကွင်း အားလုံးက မှိုင်း ပြာ မှုံ ရီ၍ နေပါတော့ သည်။



အအေးတို့ ပေါ့ ၍ တိမ်ခိုး တို့  ပါးလာသော်လည်း သည်ရက်ပိုင်း အတွင်း တော့  ကြယ် ကလေးတွေ မပွင့့် သေးပါ။

သည်မြေ မှာ ကြယ် တွေ တော်တော် နှင့်  ပြန် မပွင့်  နိုင်သေးသလို ကျွန်တော် တို့  အမိမြေ မှ ကြယ်ကလေး များ
အတွက်လဲ ပူ သော ရင်ခွင် လေးလံ သော အတွေး တို့  အစဉ် ဖြစ်နေသည်မှာ လဲ ကြာခဲ့ ပါပြီ။

“ ကြယ်ကလေး ” ကို ကျွန်တော် ရေးခဲ့ ပြီး၊ ရေးခဲ့ မိသော ကြယ်ကလေး ကတော့  လောက ဝန်းကျင် တစ်ခုလုံး
ဘယ်လိုပင် ဘလောင်စူ နေနေ၊ သူကတော့  နှင်းတော မြူ တောထဲ မှာ သူ့ ခရီး သူ ဆက်နှင်နေတုံးပါ။
ကျွန်တော်ကတော့  သည် နှင်းတော ထဲမှာပဲ ဝိုး တဝါး သာ မြင် နေရတော့ သော ကြယ် ကလေး ကိုပဲ ငေးကြည့် 
နေမိရင်းက ခရီး မတွင်နိုင် တော့ အောင်ကိုပင် လေ သော စိတ်တို့  ဖြင့်  တွေ ဝေ နေမိပါပြီ။

ရင့် ကြက် လှပါပြီ ဟု ကိုယ့် ကိုယ် ကို ထင် တစ်လုံး ဖြင့်  နေလာခဲ့ မိသော ကျွန်တော့် မှာတော့  “ ကြယ် ”
ကလေး နှင့်  တွေ့ ခဲ့ မိ မှတော့  အုန်းသီး ကြွေ ကျ တာတောင် လိပ်ပြာ လွင့် မတတ် ကြောက် နေတတ်သော
“ ယုန်” ကလေး တကောင်လို ဖြစ်ခဲ့ ရပါသည်။

လောက လူသား တို့  ဖြတ်ဖြတ် လူး ခဲ့ ရအောင် လှုပ်လျှား ခဲ့ ရသော သည်နှစ် နှစ်ကူးက ကျွန်တော့်  အဖို့ တော့ 
အလွန် မြန်လွန်း နေသည်ဟု ထင်မိခဲ့ ရပြန်ပါသည်။ နှစ်ဟောင်း ရဲ့  နောက်ဆုံး နာရီ ၊ မိနစ် ၊ စက္ကန့်  တို့ ကို
ကျွန်တော် တို့ ရှိနေရာ တိုင်ဝမ် မြေ၏ အမြင့် ဆုံး တစ်ရာ့ တစ်ထပ် အဆောက်အဦ ကြီး ရဲ့  အမြင့် ဆုံးနေရာ
မှ ကွန်ပြူ တာ စာလုံးများဖြင့် ရေတွက် ပြ ပြီး မီးရှုး ဗြောက်အိုး များ ဖောက်လွှတ်၍ ချိမ့် ချိမ့် သဲ ဂုဏ်ပြု နှုတ်
ဆက်နေတုံးကတော့  ကျွန်တော်လည်း ရောရောင် ပျော်မြူး နေသလို ဖြစ်ခဲ့ မိပေမဲ့  တကယ်ပဲ အပစ်ကင်းစွာ
သန့် ရှင်း လွတ်လပ်စွာ ရယ်မော ရွှင်မြူးနေခဲ့ သည်က “ ကြယ်ကလေး” ပါပဲ။

ပြီးတော့  ဗယ်လင်တိုင်း နေ့  တဲ့ ၊ တရုပ် နှစ်ကူး တဲ့  ၊ တစ်ခုပြီး တစ်ခု ဖြတ်ကျော် လာခဲ့ လိုက်တာ လေ... ၊
သည်ဘက် နှစ် ပြက္ခဒိန်ရဲ့  ပထမ ဆုံး စာမျက်နှာ ကတောင် လေနှင့် အတူပဲ ဝေ့ ဝဲ လွင့် ပျံ ၍ မြေခ၊ မြေ ကျ
ခဲ့ ရပြန်ပါပြီ။ မျက်စေ့  အောက် ထဲမှာပဲ ကုန်ပျောက် သွားခဲ့ တဲ့  ပျောက်ဆုံး ကုန်ပြန် တဲ့  အချိန်တွေ ရဲ့  အရိပ်
တွေ ပါလေ။ သိပ်မကြာ လိုက်ဖူး ဟု ဆိုပါလျှင် တော့  မြန်နေတာတော့  သေချာ နေပါသည် လို့  ။

သည်လောက်မြန် နေပါသည့်  အချိန်တွေ ထဲမှာ အရာရာ တို့ ကတော့  အပြောင်းလဲကြီး ပြောင်းလဲ နေကြပါ၏
အဟောင်း အဟောင်း တွေ အားလုံးကို အသစ် အသစ် တို့ က အစားထိုး နေရာယူ လာကြသလို ၊ အတိတ်က
မကောင်းခဲ့ တာတွေကိုလည်း ပြောင်းခဲ့ ပြီး ကောင်းသော သမိုင်း တို့ ကို ရေးဘို့  ပြင်နေကြပြန်ပါပြီ။ ကျွန်တော်
တို့  မြန်မာ ပြည်ရဲ့  ပြင်ပ ကမ္ဘာ ကြီး မှာပါလေ။

ကျွန်တော် ဘာကြောင့်  အပစ်ကင်းစင်စွာ ၊ ပေါ့ ပါး ဖြတ်လတ်စွာ ပျော်ရွှင် ရယ်မောခြင်း တို့  ခေါင်းပါး နေခဲ့ ရ
ပါသနည်း ဆိုသော် ... အိမ်ကိုခွာ၍ မိသားစု ကို ခွာ၍ ရည်မှန်းချက် တို့ ဖြင့်  အံကြိတ် ကြိတ်မှိတ် အနေကြာလာ
ပါသော်လည်း ထူးမခြားနား ပဲ နောက်ပြန် သွားနေရသော ကျွန်တော်တို့  မြေ ၊ ကြယ် ကလေး တို့  စုဝေး နေထိုင်
နေရာ ကျွန်တော် ချစ်သော မြေ ကြောင့်  ပင်ဖြစ်ပါသည်။

“ ပျော်ပျော်နေပါ၊ အရာရာ ကို အကောင်းမြင်ပါ တဲ့  ”
“မွန်းကျပ်လာရင် အသက်ရှု ပါလို့  ကိုကျော် ပဲ ပြောခဲ့ ပြီးတော့ ..” တဲ့ ။ “ သူ ” ကြယ် ကလေး ကပဲ ပြောခဲ့ တာ။
ပြောရင်း သူ ရယ်ပြန်တော့  သူ့ ငယ်ထိပ် ကလေးကို ကျွန်တော် လက်သီးလေး ဖွဖွ ဆုပ်ပြီး ဖြေးဖြေး လေး ထု
မည် ပြင်တော့  သူ ခေါင်း ကလေး ပု သွားပါသည်။

မွန်းကျပ် မှု တွေက “ သူ” နှင့်  တွေ့  ရတိုင်း ပြေ လျော့  နေခဲ့ ရ သည်မှာလဲ အကြိမ်ကြိမ် ပါ။
အကောင်း မြင်ချင်ပေမဲ့  အခု အချိန်ထိ အဟောင်း ကို မပြင်သေးသည့်  ကျွန်တော်တို့  ပြည် ကြီးအတွက် အိမ်
ပြန်ချိန် တို့ နီးလာလေ..၊ ပြက္ခဒိန် အရွက် တို့  တဖြည်းဖြည်း ကုန်လွင့်  လာလေလေ စိတ်တို့ က လေးလံ လာ
လေလေ ပါပဲ။

အတွေး တို့  ဘယ်လောက်ကြာကြာ နစ်မြော သွားသည် မသိ ပါ။
ရုတ် တရက် ကား ထိုးရပ်သွားမှ ရှေ့ တူရှု့  ကို ကြည့် မိတော့ သည်။ နီနီ ရဲ သော စီစီ ရီ ရီ တန်း နေသည့်  ကား
နောက် မီးလုံးလေးများက မျက်စိ တစ်ဆုံး ပါ။

ကျွန်တော် တို့ မြန်မာပြည် ကြီး၏ အနာဂတ် ကတော့  အခုလို အစီရီ တန်း နေသော မီးနီ လုံးတွေလို သွေးနီ
သွေးကွက် တွေနဲ့ ပဲ အစဉ်တန်း နေတော့ မှာ လား လို့ လဲ မဆီမဆိုင် တွေးနေမိပြန်ပါသည်။

မကြာမီ ရွှေပြည်တော်ကြီး တွင် ပွင့် လင်းရာသီ ရောက်ရှိ လာပြန်တော့ မည်ဖြစ်သည်လေ..။
မြန်မာ တို့ ရဲ့နှစ်ကူး ကလဲ ပွင့် လင်းရာသီ တွင်ပဲ ဘယ်တော့ မှ သစ္စာ မပျက် တတ်သော ပိတောက် တို့ 
နှင့်  အတူ အဖော် သင်္ကြန်မိုးတို့ ပါ တဖန် လွင့် မြော ရောက်ရှိလာ ဦးတော့ မှာဖြစ်ပါသည်။

ပိတောက် ရနံ့  တို့  ပြန့် လွင့်  လာအုံးတော့ မှာ ဖြစ်ပေမဲ့  အကြောင်း အမျိုးမျိုး ကြောင့်  ကမ္ဘာ အရပ်ရပ် မှာ
ကဆင့် ကလျား ရောက်ရှိ နေရသော သူ တွေ အားလုံးအဖို့ မှာတော့  မျှော်မှန်း ၍ လွမ်း ရအုံးတော့ မှာပါ။

ရောက်တဲ့ နေရာလေးတွေမှာပဲ ကိုယ့်  အသိုင်းအဝိုင်းလေးတွေနဲ့  အတာ သင်္ကြန် ကို တုပ ဆင်နွှဲ နေရပါသော်
လည်း အမိ မြေ က လတ်ဆတ် ၊ လန်းဆန်း သော မဟာ သင်္ကြန် လိုတော့  ဘယ်တော့ မှ လှအောင် ယှဉ်ပြိုင်
လို့ တော့  ရမည်လဲ မထင်ပါ လို့ ..။

သင်္ကြန်ဒိုး သံ တို့ နှင့်  သင်္ကြန် ယိမ်း တို့  ကိုလဲ မြူး မြူး ကြွ ကြွ တွေ့ မြင်လာရပါအုံးမည်။
ဘယ်လိုပဲ ဆယ်နှစ်လ ရာသီ လုံးလုံး ရာသီပွဲ တို့  အံဗွယ် ကောင်းအောင်ကို ပျော်ပွဲ တွေ များလွန်းသော
စားစရာမရှိရင်တောင်မှ အိမ်ရှေ့  ဆွမ်း လာရပ်လျင်ပဲ ရှိ တဲ့ ထမင်းလေးကိုပဲ ဆွမ်း အဖြစ် အူယား ဖားယား
ထွက်လောင်းလေ့ ရှိသော၊ တစ်မူးရ လို့  တစ်ပဲလှု သော ကျွန်တော်တို့ မြန်မာ လူမျိုး တို့  ကိုတော့  ဘယ်တော့ 
မှ မပျောက်တော့  သည့်  အမြဲ လတ်ဆတ်၊ လန်းဆန်း နေသည့်  အပျော် လေးများကိုတော့  ပေးချင် ရစေချင်
လွန်းပါသည်။

ယ္ခုတော့ .. အမိမြေ ပေါ်တွင် အမြဲပဲ အုပ်မိုး နေသည့်  အရိပ် မဲ ကြီး က ရှိနေပါသည်။
ကျိန်စာ ပဲ သင့် နေလေရော့ သလား .. လို့  ထင်ရလောက်အောင်ကို ကြာညောင်း နေလွန်းလှပါပြီ။

သင်္ကြန် လို ပွဲတော်မျိုးမှာ ပျော်မြူး နေခဲ့ သူ တို့ ကို တွေ့ ခဲ့ ဘူးပါ၏
စိတ် ကို အစွမ်းကုန် လွှတ်၍ ဇွတ်ပျော် ခဲ့  ရသူများသာ ဖြစ်ခဲ့ ပါသည်။
စိတ် ကို သူတို့  တစ်နှစ်လုံး ချုပ် ထီး ထားခဲ့ ရတာကိုး..။
အဲ့ ဒီ ရက်ကလေးရဲ့  ဟိုဘက်လဲ ရောက်ရော အရင်လိုပဲ ယူနီဖောင်းစနစ် ပုံစံ ခွက် စနစ် ထဲ ပြန်ကျင်လည်
ရ အုံး တော့ မှာ ဖြစ် သည်လေ။
ပျောက်သွားတဲ့ အပျော်၊ မလတ်ဆတ် မလန်းဆန်း တဲ့ အပျော် ဟု ကျွန်တော် ဆိုချင်တာပါ။

ပွင့် လင်းရာသီ ဆိုတော့ လည်း နွေ ခေါင်ခေါင် ပူပြင်း သော၊ မျက်စေ့ တို့  ကျိန်းစပ်နေအောင် အလျှံ တညီးညီး
တောက်လောင် နေသော နေ့ လည်ခင်း နေပူ ကျဲကျဲကြီး ထဲ မှာပဲ မညီညာတတ်ပဲ လှိုင်း တွန့် နေတတ် သော
ကတ္တရာ လမ်းမကြီးပေါ် ဝယ် တရိပ်ရိပ်၊ တစ်ထောင်းထောင်း ထ လေ့ ရှိသည့်  တံလျှပ် တို့ ကို မြင်ယောင်
လာမိပြန်ပါသည်။

ကျွန်တော်တို့  မြန်မာပြည် ကြီး၏ ဖြန်သန်း ကျင်လည်ခဲ့ ရသော သမိုင်းခရီး တစ်လျှောက် ကတော့ ဘယ်တော့ 
မှ မပီပြင်၊ ဝိုးတဝါး တို့ ဖြင့် သာ“ တံလျှပ်” တို့ ကဲ့ သို့  ပြန်ကြည့် လိုက်တိုင်း လဲ အလျှံ တညီးညီး နှင့် သာ ဖြစ်နေ
ခဲ့ ရပါသည်။

မြန်မာပြည် တွင် ကျွန်တော် ဖြတ်သန်းကျင်လည်ခဲ့ ရသော ဟိုတုန်း က ဘဝ တွေ၊ အရိပ် တွေက လဲ တံလျှပ်
တွေလိုပဲ အပူ ရောင် အရိပ် တွေပါ။ အိမ်ပြန်ချိန် နီး လာပြီ မို့  မျှော် မိပြန်သည့်  ရွှေပြည် တော် ကြီးကလဲ
ယ္ခု အချိန်ထိ အလျှံ ညီးညီး တောက်လောင်နေတုံး..။

တလမ်းလုံး ကားဘေး လေကာမှန်တို့  ဖွင့်  လာခဲ့ ၍ တသောသော တိုးဝင်နေသော မြူ နှင်းငွေ့  တို့ ပါသည့် 
လေ အေးတို့ ကြောင့်  တစိကိုယ်လုံး ထုံကျင်နေ အောင် အေး နေသော်လည်း စဉ်းစား မိသည့်  တံလျှပ် တို့ 
ကြောင့်  ရင်မှာတော့  ပူနေပါသည်။

ကိုယ့် အခန်း ရောက်တော့ ခါတိုင်းလို ကွန်ပြူ တာလေး ကို အရင် မဖွင့် ဖြစ်တော့ ပဲ ကော်ဖီ ပူပူ လေးတစ်ခွက်
ကို ဖျော် သောက်မိပါတော့ သည်။ ဖန်ခွက်ထဲ ဇွန်းကလေးဖြင့်  တဂေါက်ဂေါက် ခေါက်နေသောကြောင့် 
ရေဝဲကလေး လိုပဲ ကော်ဖီ ရည်တို့ က မွှတ်နေအောင် လည်နေရင်း သင်းပျံ့ လွန်းသည့် ကော်ဖီရနံ့ တို့ က
မျက်နှာ တဝိုက် ကို တိုးခွေ့  မွှေနှောက် လာပါတော့ သည်။

အမြူပ် တစ်စီစီ ဖြင့်  တဝဲဝဲ လည်နေသော ကော်ဖီ ခွက် လေးကို ကျွန်တော် ငုံ့ ကြည့်  နေမိရင်း၊ ကုန် ဆုံး ခဲ့ ပြီးသော ဘဝ နာရီ တံလျှပ် တွေ ကို ပြန်ပြောင်း မြင်ရောင်လာမိ သည့် နည်းတူပဲ ထပ်မံ တိုးဝင် ဖြတ်သန်းနေရ
အုံးမည့်  မပြီးဆုံးနိုင်သေးသော တံလျှပ် တို့ ကို လည်း .................... ။

............................................................................................................................................

12 comments:

kiki said...

ဪ... သင်္ကြန်နီးလို့  လွမ်းနေတာလား ။
့အိမ်ပြန်ရချိန်နီးလို့  လွမ်းနေတာလား ။
ကော်ဖီသောက်ပြီး အပန်းဖြေတာလား ။

“ပျော်ရာမှာ မနေရ ။ တော်ရာမှာ နေရ၏ ” တဲ့ ။
ဒါက ကိုယ်တို့ လို လက်လုပ်လက်စားတွေ အတွက် ၊ ကိုယ့်ဘဝ ကိုယ်စီကို အဝေးမှာ ရုန်းကန်နေကြရသူတွေ အတွက် ဖြေသိမ့်စရာ စကားလေး တခုပေါ့ ။
ဆက်လုပ်။ ဆက်လျှောက် ။ မျှော်လင့်ချက်တွေ ရှိသေးတယ် ။ ပန်းတိုင်ရောက်တဲ့ထိ အားမလျှော့ပဲ ဆက်လျှောက် ဖို့  အားမွေးထား ကိုကျော် ရေ .. ။ကြယ်တွေကြွေတာလည်း ကြွေတာပဲပေါ့ ..

Flower said...

ကော်ဖီနံ့က စာဖတ်ရင်းတောင် ရလာသလိုလို...
စာအရေးအဖွဲ့ တော်တော်ကောင်းတော့ မြောပါသွားတယ်..
အတွေးကောင်းလို့ အရေးကောင်းတာလဲ ဖြစ်ရမယ်..
ကိုအဖြူလေးက အတွေးသမားနဲ့ တူပါရဲ့...
စာတော်တော်များများ ရင်ထဲက အတွေးလေးတွေနဲ့ ရေးထားတာ တွေ့ရတယ်..
တကယ်ကောင်းပါတယ်ရှင်..

chocothazin said...

ကိုအဖြူလေးရေ
စာကိုဖတ်ပြီး တစ်ခုခုကိုခံစားသွားရတယ်။
အတွေးရော အရေးရော အရမ်းကောင်းပါတယ်။
အရင်က စာတွေလာဖတ်နေပေမယ့် comment မရေးဖြစ်ခဲ့ပါ။
သဇင့် blog ကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

ပေါ့ဆိမ့် said...

စာဖတ်ပြီး ဘာပြန်ပြောရမှန်းမသိအောင် ကျတော်လည်း လွမ်းသွားလို့ပါဗျာ။ အဝေးရောက်နေသူချင်း ကိုယ်ချင်းစာ မိပါတယ်။ အမြဲတမ်း ဦးနှောက်က ရှေ့မျှော်ရင်း နောက်ပြန်ပြန် ရောက်နေတယ်။ ဒါမျိုးလေးတွေ ဖတ်ရရင် ပိုပြီးတော့ ရင်ထဲမှာ...

ညလင်းအိမ် said...

ကိုဖြူလေးကြောင့် သင်္ကြန်ကိုလွမ်းသွားပြီဗျာ...

shwezinu said...

အင်းဖတ်ရင်းနဲ့ ကော်ဖီတောင်သောက်ချင်လာပြီ

ချိုကျ said...

ရေးသားချက်ကလေးအရမ်းကောင်းပါ၏။ အချိန်သုံးပါးလုံး ကိုတစ်ခါတည်းရေးဖွဲ့ထားတာ လေးကနှစ်သက်စရာပါပဲ.....

မြစ်ကျိုးအင်း said...

တွေးရင်းငေးရင်း ငေးရင်းတွေးရင်း ခဏလေးပါပဲ

ဘဝမှာ ဖြတ်ခနဲဖြတ်ခနဲ ကြုံခဲ့တဲ့ တံလျှပ်တွေ များတယ်။ ဖြတ်သန်းတုန်းလည်း ပူလောင်တယ် ပြန်တွေးရင်လည်း ပူလောင်နေဆဲပဲ

ဒီတင်္ကြန်တော့ အိမ်မှာပဲ ကျော်ဖြတ်ကြတာပေါ့

~ဏီလင်းညို~ said...

အဖြူလေးရေ.....
ဘယ်လိုပြောမလဲ...
(အင်း...ဗမာလိုပဲပြောမည်....း))
ကျွန်တော်ကတော့ မေ့နေတတ်တယ်ဗျာ....။ ပြောရင်ယုံချင်မှယုံမယ်....။ သင်္ကြန်ကိုလေ....း))
ခင်မင်တဲ့
ဏီလင်းညို

လင်းကြယ်ဖြူ said...

“ ပျော်ပျော်နေပါ၊ အရာရာ ကို အကောင်းမြင်ပါ"
“မွန်းကျပ်လာရင် အသက်ရှု ပါ.."
ဆိုတဲ့ စာလေးတွေကို သဘော ကျတယ်ဗျာ..
ဟုတ်တယ်..သင်္ကြန်တောင် နီးလာပြန်ပါရောလား..
သင်္ကြန်နဲ့ ဝေးရတာ နှစ်တွေ ကြာလာတော့ သတိရမိ
တယ်ဗျာ......
ပျော်ပါစေ
*.*.*

မြတ်မွန် said...

ဝါး အကိုတော် ရေ..စာအရေး အသားလေး ကြိုက်တယ် ..
ရေးထားတာ ဖတ်ရင် အတွေးထဲ မြောပါသွားတယ် အကိုရေ..

ခွန်သဒ္ဒါ said...

ပို့စ်ဖတ်ပြီး
သင်္ကြန်ကို သတိရသွားတယ်။
ခွန်ကတော့ ကော်ဖီသောက်ရင်း
TVကြည့် netကြည့်တက်တယ်။
ဒါလည်းအရသာတမျိုးဘဲ.....

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ