Tuesday, March 23, 2010

ဆက်သွယ်မှု ဧရိယာ အပြင်ဘက် သို့  ။

ကိုမြတ်ခိုင် တစ်ယောက် ဖက်စပ်ကုမဏ္ဏီ တစ်ခုရဲ့  ဝန်ထမ်း ဖြစ်နေတော့ လည်း ဒေါ်လာလေး မစို့ မပို့ 
စားနေရသောကြောင့်  ကမ္ဘာ ပေါ်မှာ ဈေးအကြီး ဆုံးဖြစ်နေသော လွန်ခဲ့ သော အနှစ် နှစ်ဆယ် ကျော် က
မော်ဒယ်ကားလေးတစ်စီး ကိုတောင် မဝယ်နိုင်ခဲ့  ပေမဲ့  ဖုန်းကလေး နှစ်လုံးတော့  အလျင်မီ အောင် ဝယ်နိုင်
ခဲ့ ရှာပါသည်။

တစ်လုံးက သူ ချစ်ကြောက်ရိုသေ ရပါသော မဟေသီအတွက် ဖြစ်ပြီး ၊ နောက် တစ်လုံး ကတော့  သူ့  အတွက်
ပါ။ အရပ် အခေါ် “ ကတ်ကြေးကိုက်” ဟု ခေါ် သော ကြိုး ဖုန်း ကို ဘာကြောင့်  မဝယ် ခဲ့ ပါသနည်း ဆို သော်
အထက်က ဆိုခဲ့  သည့်  အတိုင်း မျောက် တို့  တောင် မူးလဲ အောင် ၊ စက္ကန့်  မလပ် အောင် သောင်းကျန်း
နေသည့်  သူ၏ တိုက်စစ်မှုး များ ကြောင့်  ဖြစ်ပါသည်။

ဧည့် ခန်း ရဲ့  ဘီဒိုထဲတွင် မင်္ဂလာ လက်ဖွဲ့  များ ဖောဖော သီသီ ရခဲ့ သည့်  ကြွေပန်းကန် ခွက်ရောက်များ
အစီစီ အရီရီ အမှတ်တရ အလှ ပြ ထားခဲ့ ဘူးသလောက် ပထမဆုံး “ ဝိုင်းချစ် ” မှ နောက်ဆုံး မနိုင်မနင်း
ကွင်းပိတ် ခဲ့ ရသည့်  “ ပေါက်စီ ” အထိ တစ်လုံးပြီး တစ်လုံး၊ တစ်ချပ်ပြီး တစ်ချပ် ပြီး တိုက်စစ်မှုး တို့  လက်စွမ်း
ကြောင့်  ကွဲလာ ကုန်တော့ ရာ ၊ မှန်ဘီ ဒို ကြီး၏ မှန်တစ်ချပ်ပါ ကွဲ လိုက်သည့်  အချိန်မှ လက်ကျန် ပန်းကန်
လေးတွေကို သေတ္တာကြီး ထဲ အမြန်ထည့် ၍ သူတို့  ကုတင် အောက်ထဲ ထည့် သိမ်း လိုက်ရပါတော့ သည်။

သည်လို အစွမ်း အစ ရှိသော “ ငပွေး ” လေး များကြောင့်  ကြိုးဖုန်း များ တပ် ရမည် ဆိုလျင် သူ တို့  ခုန်၍ မမှီ
နိုင်တော့ မည့်  မျက်နှာ ကြက်မှာ ချိတ်ထားရပြီး ဖုန်းကြိုး ကိုပါ နံရံ ထဲ ထည့်  ရမည့်  အရေး ကို ကိုမြတ်ခိုင်
တစ်ယောက် တွေး မိ သော ကြောင့်  ဖြစ်ပါ၏

နောက် တစ်ချက်ကလည်း မဝင်းမေ က သူ့  လောင်တော်မင် ကို လုံးလုံး ကို စိတ်မချ သည့်  အတွက် ကြောင့် 
ဖြစ်ရပြန်သည် လို့  ။ ရောက် လေရာ နေရာကနေ နောက်တန်း ကို ပြန်ဆက်သွယ် ဖို့ ပါ ။
ဘာကြောင့် ဆို ကိုမြတ်ခိုင်က အရောင် တလဲ့ လဲ့ ထွက်အောင် အလွန်မျက်ခွက် ပြောင်စွာ “ စ ” တတ်
ပြောင်တတ် လွန်း သောကြောင့်  လူချစ် လူခင် အလွန် ပေါခဲ့  ပြီး အထူးသဖြင့်  မိန်းခလေး များက သောက်
မြင့်  အလွန်ကပ်၍ သူ့  ကို ခင် တတ် လွန်းလို့ ပါပဲ။ ကိုမြတ်ခိုင်က “ ရိုးရိုး ခင်တာပါကွာ...” ဟု ဆင်ခြေ
တွေ အကြိမ်ကြိမ် ပေး နေပေမဲ့  ခင်တာတွေကို “ ရ ပင်း” စ သတ် နှင့်  ဆန်းဆန်း ပျားပျား ပဲ ချစ် သွား မှာ
စိုးလွန်းသော ကြောင့်  သူ့ လောင်တော်မင်ကို ဖုန်း တစ်လုံး ဝယ်လျင် သူ့  အတွက်ပါ တစ်လုံး ဝယ်ပေးရမည်
ဟု မဟေသီ ပူစာ ၍ ခပ်ပေါပေါ ဟန်းဆက် နှစ်လုံး ကို ဝယ် ကိုင်ဖြစ်ခဲ့ ကြ ပါတော့ သည်။

ရေနံဝန်ထမ်း ဆိုတော့ လည်း ခြေသလုံး အိမ်တိုင် ဘဝ နှင့် ပဲ မြန်မာပြည် တနံ တလျား ရွာရိုး ကိုးပေါက် မကျန်
လျှောက်သွား နေရရှာပါသည်။ တစ်ခါ တစ်လေ ကျတော့ လည်း တစ်နွေ တစ်မိုး ကုန်သွားအောင် သူ ချစ်သော
မဝင်းမေ ကို ခွဲ နေရပြန် တော့ သည်။ ရောက်လေရာ နေရာတိုင်းမှ ဖုန်း တွေ ဆက်ဖြစ် နေကြပါသည်။

“ ဆက်သွယ်မှု ဧရိယာ အပြင်ဘက် ရောက်ရှိ နေပါသဖြင့်  ” နှင့်  အကြိမ်ကြိမ် ကြုံ နေရသည့်  အချိန်တိုင်းတွင်
ကိုမြတ်ခိုင် တစ်ယောက် ကမ္ဘာကြီး ပျက်လာသလို ရောက်ရာ မြို့ တိုင်း၏ ဆက်သွယ်ရေး ရုံး များကို ပြေးရ
ပါတော့ သည်။

တစ်ခါတစ်လေ သူ့  လိုပဲ ဆက်သွယ်ရေးရုံးမှာ ကမ္ဘာ ပျက်နေသည့်  လူ တန်း ကြီးနှင့်  ဆုံလျင် အော် အော် သာ
ငိုလိုက်ချင်သည့်  စိတ်များ ကိုမြတ်ခိုင် ခဏခဏ ဖြစ်ပေါ် နေတတ်ပါသည်။ ရင်ဝ မှာ တစ်လိမ့် လိမ့်  ထိုး ထိုး
တက်လာ တတ်သည့်  အပူ ငွေ့ တွေ ကို သူ့ ပါးစပ်မှ တဖူးဖူး မှုပ် ထုပ်နေရင်း နှုတ်ခမ်းတို့  ဆူ နေမည့် 
မဝင်းမေ ၏ မျက်နှာ လေး ကို မြင်ရောင် နေမိ ပါသည်။

သည်လိုနှင့် တစ်နေ့  တော့  ကိုမြတ်ခိုင် ကုမဏ္ဏီ မှ စေလွှတ်သော တာဝန်တစ်ခု နှင့်  စင်္ကာပူ သို့  ခြောက်လ
တာ သွား နေရလေ တော့ သည်။ အဲ့ ဒီ နေ့ က ရန်ကုန် လေဆိပ် တွင် “ ချက်ကင် ” လုပ်ဖို့  ကောင်တာ ကို
ဖြတ်ပြီး မှန်ခန်း ထဲ ဝင်ဖို့  အချိန် ရောက်လာ တော့  သနပ်ခါး အဖွေးသားနှင့် “ မဝင်း မေ” ကို ကြည့် ဘူးသော နိုင်ငံခြား ရုပ်ရှင် ကားတွေထဲကလို တအားဖက်ပြီး နမ်းခဲ့ ချင်ပါသော်လည်း ဝိုင်းကြည့်  နှုတ်ဆက်နေသော
နှစ်ဖက် အမျိုး များနှင့်  ဂိုးသမားကြီး သူတို့  ဖအေ နှင့်  မလိုက်ရသော ကြောင့်  ပွဲဆူ အောင် ငို နေရှာသော
သူ၏ တိုက်စစ်မှုး များကြောင့်  နှမ လက်လျှော့  နေရစ်တော့  အဖြစ်နှင့် သာ လမ်းခွဲခဲ့  ရပါတော့ သည်။

သူ ၏ နာလွန်းသော ဇာတ် ကို အောင်ဘာလေ ထီ ကြီး ပေါက်ခဲ့ ပါက ရုပ်ရှင် အဖြစ် အများ ပြည်သူ တို့  ပြန်
လည် ကြည့် ရှု့  ခံစား နိုင်ရန် ဘယ်ထုပ်ဝေသူကို မှ အောက်မကျို့ တော့ ပဲ ကိုယ်တိုင်ပဲ ရိုက်ကူး ထုပ်လုပ်
တော့ မည် ဟု တွေးတောရင်း လေးလံသော ခြေလှန်းများဖြင့်  MAI ပေါ် တစ်လှန်းခြင်း တက်ခဲ့  ပါတော့ သည်။

ချစ်ကြတုံးကလဲ သုံးနှစ်သုံးမိုး တစ်ယောက်နှင့်  တစ်ယောက် သူမှ သူ ဖြစ်နေခဲ့  ကြရသလောက် ယ္ခု လို
ပင်လယ် ရပ်ခြား ပြည်ပ ခရီး အဖြစ်နှင့်  ခွဲ ရပြီ ဆိုတော့ လည်း ဘယ်လို ပြောရမှန်း မသိ အောင် လွမ်းနေတော့ 
မှာ..၊ အရင်က မြန်မာ ပြည် ထဲမှာ မောင် ရှိနေ သေးတာ၊ မီးလာ လိုင်းကောင်း တဲ့  ရက်တွေ မှာ မောင်က
ဆက်သွယ်မှု ဧရိယာ ထဲ ပြန်ပြန် ရောက်လာ နေနိုင်ပေမဲ့  အခုတော့  တကယ့်  ဆက်သွယ်မှု ဧရိယာ ပြင်ပကို
တကယ် ရောက်သွား ပြီ နော်..... ဟု တစ်ည လုံး သူ့  ရင်ခွင်ထဲမှာ ခေါင်းကလေး ဝှက်ရင်း ငို နေခဲ့ ရှာ သော
မဝင်းမေကို လေယဉ် မတက်ခင်ကပဲ သတိ ရနှင့်  နေပါတော့ သည်။

မှန်ခန်း ထဲ မဝင်ခင် နောက်ဆုံး အနေဖြင့်  မနမ်း ဖြစ်ခဲ့ ပဲ တတွတ်တွတ် မှာမိခဲ့ သည်က ညရေး ၊ညတာ
မီးများ ပျက်နေရင် အိပ်ယာထဲမှ အိမ်သာ ရောက်သည်အထိ လက်လမ်း မှီရာ နေရာ တို့ မှာ မီးခြစ် ၊ ဖယောင်း
တိုင် တို့  အစဉ်သင့်  ထား ထားဖို့ ၊ ရေတင်သည့်  ခလုပ် များ ကို မီးပျက်သည့် ည တိုင်း ဖွင့်  ထားဖို့ ၊ မိုးလင်း
တာနှင့်  မီးခြစ် ဖယောင်း တိုင် တို့ ကို မျောက်များ မနိုးမီ အမြန် ပြန်သိမ်း ဘို့ ..... စ သည့်  မဟာ စိတ်မချ
စရာ တာဝန် တွေ ကို မှာခဲ့  ရတာတွေကိုလည်း သတိရမိ နေပြန်ပါသည်။

မှန်ခန်းထဲ ဝင်လိုက်လိုက်ခြင်း သူ့ မဟေသီ မျက်နှာကို မရဲတရဲ တစ်ချက် ကြည့်  လိုက်မိခဲ့ သည်။
စကား တို့ မပါသော အကြည့်  တို့ ဖြင့်  စုံ ခဲ့ မိသော်လည်း ၊ ပါလာသော မကုန်နိုင်သေးသော စကား စတွေကို
ထို အကြည့်  တို့ မှာပင် သူတို့ နှစ်ဦး သာ နားလည် မိခဲ့ ကြ ပါသည်။

လေယဉ် ကြီး စ ရွေ့ စ ပြုပြီ၊
ကိုယ်မြတ်ခိုင် တစ်ယောက် မဝင်းမေနှင့်  တကယ်ပဲ ဝေး တော့ မည့်  ဆက်သွယ်မှု ဧရိယာ အပြင်ဘက်ကို
ရောက်ရတော့ မည်။

ဒါပေမဲ့  သတင်းကောင်း တစ်ပုဒ် တော့  သူကြားခဲ့ ပါသည်။
ကိုဇာဂနာ ပြော ခဲ့ သလို ကိုင် လိုက်တိုင်း ဓါတ်လိုက် နေတတ်သည့်  သတင်းစာ များ မှာပဲ
၂၀၁၀ တွင် မဟာရန်ကုန်မြို့ ကြီးမှာ ၂၄ နာရီ မီးအပြည့်  လာတော့ မည် .. ဆိုသည့်  သတင်းပါပဲ..။

ခုတော့ .. ဆက်သွယ်မှု ဧရိယာအပြင် ဘက် ကိုပါ လို့ .................... ။

...................................................................................................................................................................

9 comments:

ပေါ့ဆိမ့် said...

ဖတ်ကောင်းလို့ နှစ်ခေါက်ဖတ် လိုက်မိတယ်။ စိတ်မဆိုးကြေးနော်...
သူများတွေ တအားလွမ်းနေလိုက် ကြတာ...

ညလင်းအိမ် said...

မိုက်တယ်ဗျ ဖတ်သွားတယ်နော် ...
အဲဒါသတင်းမှားများနေလားမသိဘူး ...

အနော် said...

အကိုရေ ရီလိုက်ရတာ ပေါ့ပေါ့ပါးပါးနဲ့ တိုက်စစ်မှုးတွေကနေ ဆက်သွယ်မှုဧရိယာပြင်ပရောက်တဲ့အထိပါပဲ.. ရီနေရင်းနဲ့ တကယ့် ဆက်သွယ်မှုဧရိယာပြင်ပရောက်သွားတဲ့အခါ နည်းနည်း ဝမ်းနည်းသွားမိပေမဲ့ တို့ရွှေရန်ကုန်ကြီးမှာ ၂၄ နာရီ မီးအပြည့်လာမယ်ဆိုတော့ ပျော်တဆုံးဆုံး ပြုံးတုံ့တုံ့ကြီး ဖြစ်သွားမိတယ်..
၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ဆိုရင်တော့ တကယ်ပေးမယ် ထင်ရတာပါပဲ.. ဘဘကြီးတို့ မနောသဘောကလဲ အကဲခတ်ရ လွဲသကိုး.. မီးပျက်ရက်ကလေးတွေသာ မှန်မှန်ပြောနိုင်ရင်တော့ ဝမ်းသာစရာပါပဲ အကိုရေ :P

kiki said...

မီးက ၂၄ နာရီမကလို့  ၄၈ နာရီပဲ လာလာ...
ပြောချင်ရာပြောပြီး လုပ်ချင်ရာ လုပ်နေကြတဲ့ ဒီလူဂျီးတွေ အကြောင်း .. အားလုံးသိပြီးသား .. ဒီလို မဲဆွယ်လို့ ရမလား လို့  ။
တို့ပြည်သားတွေ ကျင့်သားရနေပြီဆိုတော့ မီးမလာ ရေမလာ လည်း သိပ်မထူးဆန်းတော့ ပါဘူး ။
( ဗမာ့ ဆက်သွယ်ရေး တခေတ် ဆန်းပုံများ.. ပြော.. မပြောချင်တော့ဘူး ။။ ဟန်းဖုံး ၂ လုံး ထိပ်တေ့ ပြီးခေါ်တာတောင် ..လူကြီးမင်း နဲ့ တွေ့ နေရသေးတယ် ။ ပြီးတော့ ကြိုးနဲ့  လိုင်းဖုံး ဆက်ရင်လည်း တွေ့ ပြန်ပြီ ၊ ဒီ လူကြီးမင်း..

“လူဂျီးမြင်း ခေါ်ဆိုသော နံပတ်မှာ ဆက်သွယ်ရေး ဧရိယာပြင်ပသို့  ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်.. ” တီ... တီ.... တီ... ဂွပ် )

မြစ်ကျိုးအင်း said...

အမျိုးသမီးကို မှာတမ်းခြွေတဲ့နေရာလေး သဘောကျတယ်။ အလွမ်းအဆွေးထက် ဖယောင်းတိုင် မီးခြစ်တွေ အနားထားဖို့ မှာတာလေးက ပြုံးထေ့ထေ့ ဖြစ်ရတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တွေ့လေးတွေနဲ့တူတယ်နော်
အရေးအသားက ပြောင်မြောက်ပါတယ်..
ပြီးတော့ ကြားရတဲ့သတင်းကောင်းက ဘယ်လိုအကြောင်းတရားကြောင့်ဘဲဖြစ်ဖြစ်
တကယ်ဘဲ မှန်လာပါစေလို့ ဆုတောင်းပါတယ်..
လူကြီးမင်းနဲ့ မကြာခနတွေ့ရတဲ့ ဒုက္ခကနေလဲ ကင်းလွတ်ခွင့်ရချင်ပါတယ်....

ဘယာကြော် said...

ခုတော့ ကိုမြတ်ခိုင်နဲ့အတူ ကိုအဖြူလေးပါ ဆက်သွယ်မှုဧရိယာပြင်ပကို တကယ်အမှန်ရောက်သွားပြီ .. ပြောပါတယ် ကိုယ့်နိုင်ငံကိုချော်ကားပါနဲ့ဆို :D .. မီးလေးတစ်ပတ်မှာ ၇ရက်လောက်လေးပျက်တာကိုဂျာ ...:P

ချိုကျ said...

အစ်ကိုရေ....အဲဒါအမှန်ပဲလားဗျ။ယုံတောင်ယုံချင်ဘူး။ ဟီး။ ၂၄ နာရီဆိုလို့ပါ။ :)

ဏီလင်းညို said...

ဖြူဖြူရေ.....
မီးလာမယ်ဆိုတာဂယ်ဘဲလားညင်........း))
ခင်မင်တဲ့
ဏီလင်းညို