Saturday, August 29, 2009

ငယ်ဘဝအစိတ်အပိုင်းများ( ၅ )

ဆရာသော်တာဆွေ၏ စာဆိုတာ ရေးခြင်တိုင်းရေးလို့  မ၇ပါ။ ရေးခြင်မှ ရေးလို့ ၇ပါတယ်..။ ဆိုသောစကားစု
လေးကို တော်တော်နှစ်ချိုက်ခဲ့ မိပါသည်။ စာတစ်ပုဒ်ရေးဘို့ ကြိုးစားရတိုင်း ခက်ခက်ခဲခဲ ကြပ်ကြပ်တည်းတည်း
စဉ်းစားနေတတ်သော ကျွန်တော့် ကို ကျွန်တော်လည်း အားမလို။အားမ၇ဖြစ် ဖြစ်နေမိခဲ့ ပါသည်။ဘာပဲဖြစ်ဖြစ်
ဒိတစ်ခါတော့  ငယ်ဘဝဇာတ်ကြောင်းဖက် ပြန်လှည့် တော့ မည်ဟု အားတင်းမိပြန်သည်။

ငယ်ဘဝတွေကို ရေးမယ်ဆိုတော့  အဖေ့အကြောင်း ပါရေးရတော့ မည်။အဖေက မ.ဆ.လ ခေတ်တုံးက
သမိုင်းကော်မရှင်တွင် ဌာနကြီးမှုးအဖြစ်နှင့် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ လကုန်၍ လခထုပ်သည့် အခါတိုင်း
ဆေးလိပ်ဖိုး၊ကားခ၊လဘက်ရည်ဖိုး တို့ နှုတ်ထားသည့် စာရင်းရှင်းတန်းစာရွက်လေးကို လခစာအိပ်ထဲ ပြန်ထည့် 
ပြီး အမေ့ လက်ထဲထည့် ထည့် ပေးတတ်တာကိုပါ ပြန်မြင်ရောင်နေမိပြန်သည်။သူနှုတ်ထားသည့် စာရင်းအတိုင်း
တစ်လလုံး လောက်ငှအောင် သုံးတတ်ပြီး အမြဲတန်းမလောက်မငှ ဖြစ်နေတတ်သော အမေ့ ဆီမှဘယ်တော့ 
မှ ထပ်မတောင်းတတ်တော့ ပါ။ တစ်ခါတစ်လေ အမျိုးစာရင်း လှည့် ကောက်နေတတ်သော သူ့ ညီဝမ်းကွဲ လာ
မှသာ " မတင်ကြည် "ေ၇.. ငါ့ လက်ဘက်ရည်ဘိုးလေး ပေးပါအုံး ဟုတောင်းတတ်ရှာပါသည်။ဒါပေမဲ့  သူ့ ညီ
လေးလေးစစ်သားကသာ တိုက်သွားသည်ကများပါသည်။ သူက ကာကွယ်ရေးရုံးက တပ်ကြပ်ကြီးစာရေးလူပျို
ကြီးတစ်ယောက်၊ရာရှင်နှင့် လစာနှင့်  ချောင်ချောင်လည်လည်ရှိနေတော့  သူ့ အကိုကို ညှာရှာတာနေမှာပါ။

အဖေရှိစဉ်တုံးက ကျွန်တော် နတ်မောက်စက်မှုကျောင်းစတက် ရတော့ ကျွန်တော့် ကို တစ်ခါထဲသော၊တစ်ခွန်း
ထဲသော စကားဖြင့် မှာခဲ့ ၊ဆုံးမခဲ့ ဘူးပါသည်။ " သား.. ယောင်္ကျားဆိုတာ မလုပ်ဘူးတာ၊မသိဘူးတာ မရှိရ
အောင် အတွေ့ ၊အကြုံတွေရှာရမယ်ကွ၊ အေး.. ရလာမဲ့  အတွေ့ အကြုံတွေမှာလဲ မြောမသွားအောင်၊နစ်မသွား
အောင် ကြိုးစားရမယ်၊ကေင်းတာတွေသယ်ပြီး၊မကောင်းတာတွေတော့ ပယ်ခဲ့ ထားခဲ့ ရမယ် " လို့ ပါ။

အဖေက ဂျိုးသိန်းဆေးပေါ့ လိပ်ကို အလွန်ကြိုက်ပါသည်။ သူဆေးလိပ်ရွေးပုံ၊ရွေးနည်းသင်သည့် အချိန်တွင်
တော့  ကျွန်တော်စက်မှုကျောင်းသားက သူ့ လိုပင်ဆေးလိပ် လက်ကြားညှပ်တတ်နေပါပြီ။ ကိုယ့် ဖာကိုယ်
ခွင့် တိုင်ပြီး ပျက်လို့ ၇သည့် ကျောင်းဆိုတော့ အပေါင်းအသင်းကလဲ ဆုံလာပြီလေ။
အဖေက ဆေးလိပ်ရွေးရင် ဖက်စိမ်းစိမ်း၊ချောချောလေးရွေးရတယ်ကွ၊ လေပေါက်မပါအောင်ကြည့် ၊ဆေးလိပ်
ကိုနည်းနည်းလေးဖြစ်ကြည့် ၊ဆေးသားပွရင်မယူနဲ့ ၊ကျစ်မှယူကွ..တဲ့။နောက်.. သားအဖနှစ်ယောက်သူငယ်ချင်း
လို ရှိနေသည့် အခါတုံးက ပြောခဲ့ သေးသည်၊ ဟေ့ ကောင်..ဆေးလိပ်တစ်တို၊နွားပြာညို တစ်ယှဉ်းတဲ့ ၊နောက်
ဆေးလိပ်အတို.. မယားတောသူတဲ့ ..။ အဖေ့ ၇ဲ့ ချစ်စရာ ဥပမာလေးများကို ယနေ့ တိုင်ကျွန်တော် အဖေနှင့် 
အတူ သတိရနေတတ်ပေမဲ့  အဖေကအဆုပ်ကင်ဆာဖြင့် ဆုံးပါးသွားခဲ့ ပြီး၊ ကျွန်တော်ကတော့ ဆေးလိပ်ပြတ်
လို့ နေပြီလေ။အဖေဆုံးတော့  ကျန်ခဲ့ တဲ့ အဖေ့ ပစ္စည်းလေးများကို မောင်နှမလေးယောက်ခွဲယူကြတော့
ကျွန်တော်က အဖေ့  ဂျိုးသိန်းဆေးလိပ်တိုလေးထည့် ထည့် နှပ်လေ့ ရှိသော ဆေးပေါ့ လိပ်တစ်လိပ်စာ
ဝါးပြောင်းလေးနှင့် အဖေဘုရားရှိခိုးပြီးတိုင်း၊ပရိတ်ပဌာန်းတို့ ရွတ်ပြီးတိုင်းတရားထိုင်ပြီးအမျှဝေသည့် အခါတိုင်း
ရိုက်လေ့ ရှိသည့် ကြေးစည်လေးကို မက်မက်မောမောခွဲယူထားခဲ့ မိပါသည်။

အဖေ့ ကြောင့် ကျွန်တော် ဆေးလိပ်လုံးဝပြတ်ခဲ့ ရသည်။ အဖေ့ ကြောင့်  ဘဝနာအလုပ်၊တရားအလုပ်တွေကို
လေ့ လာရတော့ မည်၊လေ့ ကျင့် သင့် နေပြီဆိုသည့် အသိတွေရလာခဲ့ ရသည်။ အဖေရှိစဉ်တုံးက ကျွန်တော်
တို့  အိမ်ဧည့် ခန်းလေးထဲတွင် ဘုရားမီးရောင်မှိန်ပျပျအောက်အေးမြလွန်းသည့် အဖေ့ ပရိတ်ပဌာန်းရွတ်သံတို့ 
အစဉ်မြဲလွှမ်းနေတတ်သည့် အလေ့ အကျင့် ကို ကျွန်တော်တို့ မိသားစုတွင် ကျွန်တော်ဆက်လက် ထိန်းသိန်း
နေနိုင်နေပြီလေ။

မှတ်မိနေပါသေးသည်။ ရဲမင်းကြီးဦးဥက္ကာ အဖေတို့ သမိုင်းသုတေသနဥိးစီးဌာနကို လူကြီးတစ်ယောက်အဖြစ်
ပြောင်းလာခဲ့ စဉ်တုံးကဖြစ်ပါသည်။စွပ်ကြယ်ဂျိုင်းပြတ်ဖြင့်  အားလပ်ချိန်တိုင်း တစ်ခန်းဝင်တစ်ခန်းထွက် တံ
မျက်စည်းလှဲ၊တွေ့ ကရာသောက်ရေအိုးတိုင်းကိုရေခတ်ထည့် နေတတ်သောအဖေ့ ကိုကြည့် ၍ သူတော်တော်
ခင်သွားပုံရပါသည်။ အဖေက ငါဌာနကြီးမှုးပဲဆိုသည့် ဂိုက် ခံမနေတတ်ပါ။အားလုံးကိုအရင်းအတိုင်းပေါင်းတတ်
သည်။ဆင်နားရွက် တံခါးကြားမှ အဖေ့ ကိုလှန်းကြည့် တိုင်း ဖိုင်တွဲတွေကြားထဲမှာနစ်မြုတ်နေတတ်သည်။

ထိုလူကြီးရောက်သည့် နှစ်တွင်ပင် နိုင်ငံတော်က ထုပ်ပြန်လေ့ ရှိသော ဝန်ထမ်းကောင်း စာရင်းတွင်အဖေ့ နာ
မည်ပါလာတော့ သည်။ အမေက လုပ်သားသတင်းစာကို ကိုင်မြှောက်၍ ငကျော်ရေ..ဒီသတင်းစာကို သိမ်းထား
စမ်း..နင့် အဖေအတွက်အမှတ်တရ..ဟု ဂုဏ်ယူစွာပြောခဲ့ ပါသည်။

ထိုနှစ်က အဖေ ပရိုမိုးရှင်းလဲတက်ပါသည်။ ဒုညွှန်မှုး အက်တင်ဖြင့် အုပ်ချုပ်ရေးမှုး ခဏလုပ်ရပါတော့ သည်။
အဲဒိတုံးက အဖေ့ ကို အိမ်မှာဖုန်းတတ်ခွင့် တွေ၊ ရုံးကားသုံးခွင့် တွေပါပေးလာပါသည်။ ကျွန်တော်တို့ ကတော့ 
ပျော်လိုက်သည်ဖြစ်ခြင်းပေါ့ ဗျာ။

ဖုန်းကို အဖေကညင်းပယ်ခဲ့ သည်။အဖေ့ တစ်ရုံးလုံးအော..ချ ခဲ့ ရသည်၊အဖေ့ ကိုပါ။ ကားကိုတော့ သူယူလာခဲ့ 
သည်။ ဘတ်(စ)ကားတိုးစိးရတာပင်ပန်းလို့ ၊ခါးပိုက်နှိုက်ကြောက်ရလို့ တဲ့ ။ အဖေက တနေ့ တာလုပ်ရမည့် 
အလုပ်၊ တစ်လတာ လုပ်ရမည့် အလုပ် စသည်တို့ ကို ခုနစ်ဆယ့် ငါးကျပ်တန် အရွယ် ကပ်ထူစက္ကူပါးလေးများ
ဖြတ်ဖြတ်ထားပြီး၊ စက္ကူအိပ်ထဲထည့် ၍ ခါးကြားမှာထိုးသွားလေ့ ရှိတော့  အင်မတန်လည်လွန်းသည့် ခါးပိုက်
နှိုက်က အဖေ့ ရဲ့  အဲဒီခါးကြားကအထုပ်ကို အောင်မြင်စွာပဲ နှိုက်ယူသွားတာပေါ့ ဗျာ။ ကျွန်တော်တို့ မိသားစု
ပြန်ပြောတိုင်း ရယ်နေရတဲ့  အဖြစ်ကလေးတစ်ခုပါ။

ကားက အီးတူးသောင်ဇင်(မာဇဒါ)ပါ။ သူကိုယ်တိုင် ဆင်တဲက သွားထုပ်လာခဲ့ တာ။ အဖေက ကားကို ဂိုဒေါင်
မှာ မထား၊ရပ်ကွက်ထဲက ညသိပ် စုရပ်တွေမှာလဲ မထားပဲ ကျွန်တော်တို့ တိုက်ရှေ့ မှာထားပြီး ကျွန်တော့် ကို
ကားပေါ် ဆင်းအိပ်ခိုင်းပါတော့ တယ်။ ရုံးကားကို စိတ်မချလို့ တဲ့ ။

ကျွန်တော့် မှာ ခြင်ကလဲကိုက်၊တံခါးပိတ်တော့ လဲ အိုက်နဲ့  ပေါ့ ဗျာ၊ဖြစ်နေတာလေ။ ဖြစ်ခြင်တော့ ..ကားဂေါင်း
ထဲ လှဲအိပ်လိုက်တာနဲ့ ၊ကျွန်တော့ ရဲ့ ဘဝမှာ ပထမဆုံး ချစ်တတ်အောင် သင်ပေးခဲ့ သော ရည်းစားဦး လသာ
(၁)ကျောင်းသူလေး " ပိုပို " ရဲ့ အိပ်ခန်းက ကွက်တိပဲဖြစ်နေတော့ တာပါ။ သူတို့ ကနှစ်ထပ်လေ။ကျွန်တော်တို့ 
ကသုံးထပ်၊ရန်ကင်းဝန်ထမ်းအိမ်ရာတွေက လေးထပ်တိုက်တန်းလျားတွေပါ။
ချစ်သူရဲ့ အိပ်ခန်းလိုက်ကာလေးက တလွင့် လွင့် ၊မီးလေးကတဖွင့် ဖွင့် ၊ချောင်းလေးတွေကလည်း တဟန်ဟန့် 
ပေါ့ ဗျာ။
.............................................................................................................................................
( ငယ်ဘဝရေးရင်းနဲ့ အဖေ့ အကြောင်းတော်တော်ပါသွားပါတယ်၊အဖေတို့ အကြောင်းကို ရင်ထဲကလမင်း
ခေါင်းစဉ်နဲ့ ဆက်ရေးဘို့ ကြိုးစားပါအုံးမယ်၊ရင်ထဲကကြယ်ကလေးကတော့ ရေးတင်ခဲ့ ပြီမို့ လသာညတိုင်း
ကြယ်ကလေးကိုတွေ့ နေရတော့ မှာပါ။)
............................................................................................................................................
(ဆက်ရန်)

11 comments:

ခြေလှမ်းသစ် said...

ကိုအဖြူလေးရေ ဆေးလိပ်တစ်တို၊ နွားပြာညို တစ်ယှဉ်းတဲ့ ၊ ဆေးလိပ်အတို.. မယားတောသူတဲ့ ကိုအဖြူလေးအဖေက တော်တယ်နော် ... ကောင်းမကောင်းကို လက်တွေ့ သင်ကြားပီး ခွဲခြားခိုင်းတယ် .. ဒါမှ အမှန်ကို တွေ့မှာပေါ့နော် .... ဘယ်လိုလဲ ကားခေါင်းခန်းထဲကနော် ကောင်မလေးကို ချောင်းချောင်းကြည့်ခဲ့တာ ဆက်ပါအုံးနော်..

သီဟသစ် said...

ကိုအဖြူလေးရေ

ငယ်ဘ၀ အကြောင်းတွေ ဖတ်လို့ကောင်းလိုက်တာဗျာ
ဆက်ပါအုံး

ကျန်တဲ့စာကြွေးတွေကိုလဲ အကုန်ဖတ်သွားပြီ


ခင်မင်စွာဖြင့်
သီဟသစ်

thawzin said...

ကိုဖြူလေး အဖေက “သား.. ယောင်္ကျားဆိုတာ မလုပ်ဘူးတာ၊မသိဘူးတာ မရှိရ
အောင် အတွေ့ ၊အကြုံတွေရှာရမယ်ကွ၊ အေး.. ရလာမဲ့  အတွေ့ အကြုံတွေမှာလဲ မြောမသွားအောင်၊နစ်မသွား
အောင် ကြိုးစားရမယ်၊ကေင်းတာတွေသယ်ပြီး၊မကောင်းတာတွေတော့ ပယ်ခဲ့ ထားခဲ့ ရမယ် ” အဲလိုမှာတယ်ပေါ့ ကျွန်တော်တို့ စစ်တက္ကသိုလ်က နည်းပြတွေကတော့ အရာရှိဆိုတာ ဟိုဟာနဲ့ ဟိုဟာကလွဲရင် အကုန်သိ၇မယ်တဲ့ ဒါမှ အရာရှိတဲ့ ဗျ .... တတ်မြောက်ဖို့ မလိုဘူး သိထားဖို့ လိုတယ်တဲ့.... အသက်နဲ့ရင်းပြီး ဆေးလိပ်ဖြတ်ခိုင်းတဲ့သဘောပြောသွားတဲ့ အဖေရဲ့ ကျေးဇူးကို သိတတ်ပါစေဗျာ .။။

မိုးခါး said...

လာဖတ်ပါတယ်ရှင် ..
လေးစားချစ်ခင်စရာ ကောင်းတဲ့ အဖေတယောက် ရခဲ့တာပဲ ..
ပျော်ရွှင်ပါစေ .. စာတွေလည်း ရေးချင်စိတ် ပေါက်ပါစေ

မြစ်ကျိုးအင်း said...

မောင်ပွေးလေးမှာ ငယ်ငယ်က ရည်းစားဦးကလည်း ရှိခဲ့တာကိုး...။
(စာလုံးပေါင်းဂရုစိုက်ပါ)

kaungkinpyar said...

အဖေကြောင့် ဆေးလိပ်ပြတ်သွားတယ် ဆိုလို့ ၀မ်းသာပါတယ်၊ ဆက်ရန်စောင့်မယ်နော်၊ မောင်မြစ်ကျိုး ပြောသလို စာလုံးပေါင်းလေးတွေ ပြန်စစ်ပါဦး၊ ဆရာ ၀င်လုပ်တာ စိတ်မဆိုးပါနဲ့နော်၊ အရေးအသားအတွက် ပြောစရာမရှိပါ၊း)

Unknown said...

မခိုင်နဲ့တိုင်ပြောမယ်
( ရည်းစားဦးကို သတိရနေတုန်းလို့ )

အနော် said...

ကိုအဖြူလေးရေ
ငယ်ဘဝအစိတ်အပိုင်းများကို လာဖတ်ပါတယ်ရှင့်
" သား.. ယောင်္ကျားဆိုတာ မလုပ်ဘူးတာ၊မသိဘူးတာ မရှိရအောင် အတွေ့ ၊အကြုံတွေ ရှာရမယ်ကွ၊ အေး.. ရလာမဲ့  အတွေ့ အကြုံတွေမှာလဲ မြောမသွားအောင်၊ နစ်မသွားအောင် ကြိုးစားရမယ်၊ ကေင်းတာတွေသယ်ပြီး၊ မကောင်းတာတွေတော့ ပယ်ခဲ့ ထားခဲ့ ရမယ် "
အဖိုးထိုက်တန်တဲ့ ဆုံးမစကားလေးတွေနဲ့ သွန်သင်ဆုံးမခဲ့တဲ့ အကို့ဖေဖေ့အကြောင်း ဖတ်ရတော့ လေးစားဂုဏ်ယူမိပါတယ် အကိုရေ
ဝန်ထမ်းကောင်းစာရင်းထဲပါပီး အပိုအကြွားမရှိတဲ့
တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့တဲ့ အကို့ဖေဖေ ကောင်းရာဘုံဗိမာန်ကနေ အခု အကို အဖေ့အတွက် ဂုဏ်ယူနေရတာကို မြင်ရင် သူ ဝမ်းသာမှာပါ
စာရေးတာ ကောင်းတယ် အကို အဖြူလေးရေ
နောက်ထပ်နောက်ထပ် ငယ်ဘဝလေးတွေကိုလဲ မျှဝေပေးပါဦးနော်

kiki said...

ဪ .. ငယ်ရည်းစား အကြောင်းကို ရေးချင်လို့ 
အဖေ့အကြောင်း ကနေ အစပျိုးနေတာ ကိုး ....

ကို ဖြူလေး ရဲ့  အဖေ လို လူမျိုးတွေ ခုခေတ်မှာ
လိုက်ရှာလို့  တွေ့ မယ် မထင်တော့ဘူး နော် ....

လူကောင်း လူတော်တွေ ဂျောင်ထိုးထားကြတာ ဘယ်လိုလုပ်ပြီး ဒီတိုင်းပြည်ကြီး တိုးတက်ပါတော့မလည်းလို့  ။။
ဆေးလိပ် ပြတ်သွားတာတော့ ချီးကျူးပါတယ် ။

အားပေးနေတယ် ။ အားရင် ဆက်ရေးပါ ။
အဆင်ပြေပါစေ ။။
( ကျန်းမာရေး အခြေနေကြောင့် လာတာတောင် နောက်ကျသွားတယ် .. )

ခင်မင်လျှက်
မကိ ။

လင်းကြယ်ဖြူ said...

အဖေဆိုတာ မဟာ တံတိုင်းကြီးပါပဲ..
သူ့ကျေးဇူးတွေကလည်းမနည်းဖူးနော..
ပျော်ပါစေ..

ဧပရယ်၈၄၇၇ said...

ယခုလို သိလား ဆိုတဲ့ တရားကိုဟောပြီးသကာလ နောက်ထပ် ဟောရန် ကျန်ရှိသော တရားတွေကတော့ " မကျေနပ်ဘူး" " အဝေးဆုံး" နှင့် "ရွှေလည်တိုင် " ဆိုတဲ့ တရားတွေပဲ ဖြစ်ပါတယ်။