Thursday, December 24, 2009

အိမ်မက် စေတမန် ( ၁ )

အခုတလော ရင်ထဲမှာ တော်တော်လေး မောနေပါသည်။
ရင် ထဲမှာ မောနေရတယ်ဆိုတော့  အပြင်ပန်းက လှုပ်ရှားမှု၊ အားဆိုက်ထုပ်ရမှု များလွန်လွန်းသောကြောင့် 
တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ် နေရသည့်  အမောမျိုး မဟုတ်ပဲ အပြင်မှ ကိုယ့် ရင်ကို တရံမလပ် တိုးဝင်လာနေ
သော အာရုံ အမျိုးမျိုး တို့ ကြောင့်  တစပ်စပ် ထိခိုက် ခံစား နေမိသော အမော မျိုး ဖြစ်ပါသည်။
တွေးမိသမျှသော အတွေး တို့ ကို ရင်ဘတ်ကြီးက အဆက်မပြတ်ပဲ အလျှင်မမှီအောင်ကို ရင်နှင့်  အမျှပဲ လိုက်လံ
ခံစား နေမိသောကြောင့် လဲ မွန်းကြပ်သော အတွေ့  တို့ ကို တင်းတင်းကြပ်ကြပ် ခံစားနေရသလိုပါ။

ရာသီကလဲ တိုင်ဝမ်ကျွန်းကြီးကို အအေးလှိုင်းတို့ တသောသော ဖြတ်သန်းနေသော အချိန်မို့  ဝန်းကျင် တစ်ခု
လုံး အရာရာ အားလုံး တစ်လောကလုံး မြူ တွေ ဆိုင်းနေပြီး စို စွတ်စွတ်နှင့်  ကြည့် နေရင်း အရိုးထဲက ခိုက်ခိုက်
တုန်လာအောင် ကြက်သီး တို့  ထလာအောင်ကို စိမ့် ပြီး အေးအေးလာနေတတ်ပါသည်။

အနွေးထည် အထပ်ထပ်နှင့်  ခေါင်းစွပ် တို့ ပါ စွတ်ထားမိပေမဲ့  လွတ်ထွက်နေသော နှာခေါင်း ထိပ်လေးနှင့် ၊
လက်ဖျား တို့ မှာတော့  နာကျင် နေအောင်ကို အေးလွန်းနေပါသည်။ သည်ကြားထဲ လေရှုးလေး က တစ်ချက်
ချက်ဝှေ့  နေတတ်တော့  ကော်ဖီ သောက်ရတာတောင် ခါးကလေးကုန်းပြီး တုန်တုန် ရီရီ ဖြင့်  မျိုချ နေရပါသည်။
မှုတ် နေဘို့ တောင်မလိုပဲ အငွေ့ တစ်ထောင်းထောင်းနှင့်  ပူပူ လောင်လောင် ကိုပ်ဲတရှိုက်မက်မက် မျိုချ နေရ
ပါသည်။

အေးရတဲ့ ကြားထဲ လွမ်းမိပြန်ပါသောကြောင့်  ရင်မှာ အမောတို့ ဖြင့်  ကွဲအက်အက် ရှတတ ဖြစ်လာရပြန်ပါ
သည်။ အအေး တို့ ကိုတောင် မဖြေနိုင်မှီ၊ အလွမ်းတို့  ပါ ထပ်ဆင့်  လာပြန်သောကြောင့်  ပြေအောင် ဖြေဘို့ 
ပို၍ ခက်ခဲ့ ရ တော့ သည်လေ ။

လွမ်းရခြင်း၊ တမ်းတ ရခြင်း တို့ က အခုလို ဆောင်းတွင်းဝယ် ကိုယ့် အခန်းထဲ တစ်ယောက်ထဲ ရှိသွားချိန်မှာ
တော့  ပိုပြီး ထိထိ ခိုက်ခိုက် ကို ခံစားလာရတတ်ပါသည်။ တစ်ယောက်ထဲ ဆိုတော့ လဲ အထီးကျန်လာရတော့ 
အလွမ်း က ကိုယ့်  အဖော် ဖြစ်လာရတော့ သည်။ အမတန်ကို ခံစားရခက်လွန်းသည့် ၊ ချက်ခြင်း ကို ဖြေလို့ 
မပြေ နိုင်တော့ သည့်  အလွန် ဆိုးရွားသည့်  ခံစား မှု မျိုးကြီး ဖြစ်ပါ၏

အသံထက်မြန်သည့် နှုန်းဖြင့် ချက်ခြင်းပဲ ပြေးပြီးတွေ့ ချင်နေသည့် သူ များကတော့  ဟိုး မိုင်ပေါင်းများစွာ ဝေး
နေပြီး ကမ္ဘာ့  မြေပုံ ပေါ်မှာ ကြည့် လျှင်လည်း နတ်သမီး လေး က နေ သည်နှင့်  တူသည့်  ကျွန်တော် တို့  မြန်မာ
ပြည် က ကြယ် ကလေးများပါလေ။

နီးနီးလေးနဲ့ တောင် သတိတရ ဖြစ်ဖြစ် နေတတ်ပြီး ချက်ခြင်းကြီးပဲ တွေ့ လိုက်ချင်ပေမဲ့  မတွေ့ နိုင်၍ စိတ် ဝယ်
ဒဏ်ရာ တို့ ရတတ်သလို၊ အဝေး က ကြယ်ကလေး များကို မတွေ့  နိုင်တော့ ၍လည်း အတိတ်က ဒဏ်ရာတွေလို
မကျက်နိုင်တော့ အောင်ကို တစိုစို တသသ ဖြစ်နေရပါတော့ သည်။

သည်လက ခရစ်စ္စမတ်လ ဆယ့် နှစ်လပိုင်း ဆိုတော့  မဝေးတော့ သော နောက်သုံးလေးလ ဆိုလျှင်ပဲ အတာ
သင်္ကြန်ကို တစ်ခါ ရောက်ပြန် ရတော့ မှာဖြစ်ပြန်သည်။ ခရစ်စ္စမတ် ကို အကြိမ်ကြိမ် ကြုံ ခဲ့ ရသလို၊ အတာ
သင်္ကြန် ကိုလည်း အခါခါပြန်ကြုံ ဖြတ်ကျော် နေရပေမဲ့  တစ်ယောက်ထဲ အထီးကျန်စွာ၊ ခြောက်သွေ့ စွာ နှင့် ပါ။

သည်ကာလ တွေမှာ အိမ် ကို ပြန်တော့ ဘို့ ၊ ကြယ် လေးတွေ ကြားထဲ အတင်း ပြေးဝင် သွားဖို့  အိမ်မက် တို့ 
အကြိမ်ကြိမ် မက်ခဲ့ ရသလို၊ မမက်ခဲ့ မိသော ကာလ များတွင်လည်း ပြန်မက်လာအောင် ထို အိပ်မက် လေးတွေ
ကို စောင့် စား တောင့် တ နေခဲ့ မိပြန်ပါသည်။ သည်မှာတော့  ခရစ္စမတ်တို့ ၊ သင်္ကြန်တို့ က ရင်ကို မခုံ စေခဲ့ ပေ
မဲ့  ထို အိမ်မက်လေးတွေကတော့  ရင် ကို အတော်လေးပဲ လှုပ်ခတ်စေခဲ့ ပါသည်။

စိတ်တို့  လေနေချိန်မှာပဲ သည်နိုင်ငံ၏ အကောင်းဆုံးဘဲပြုပ်ဖြင့်  ကျော်ကြားသော တရုပ်လို “ကျင်းစန်း” ဟု
ခေါ်သည့်  မြို့ လေးကို ဘောစိ ( အမော ထဲမှာ ရေးခဲ့ ဘူးသည့်  ကျွန်တော်တို့  သူဌေးပါ) က ခေါ် သွား၍
လိုက်သွားခဲ့ ပါသည်။

“ကျင်းစန်း” ကို သွားရာ လမ်းလေးကတော့  အပြောကျယ်ကျယ်နှင့်  အနက် စူးရှ သော ဆုံးစ မဲ့ သော ပင်လယ်
ပြင်ကြီး၏ ဘေး တောင်ကမ်းပါးယံ တလျှောက် ကွေ့ ကွေ့ ကောက်ကောက် ကပ်ဖောက်ထားသော လမ်းလေး
ဖြစ်ပါသည်။

ကားပေါ်မှ လှန်းကြည့် မိတိုင်း လှိုင်းခေါင်း ဖွေးဖွေး လေးတွေကို မြင်နေရပါသည်။
လမ်းဘေး ကားရပ်နား စခန်း လေးတစ်ခု ရောက်တော့  ခဏ ဝင်နားကြရင်း ကျွန်တော်တို့  အဖွဲ့ သဲသောင်ပြင်
ပေါ် ဆင်းခဲ့ ကြသည်။ ပင်လယ်ပြင်ကြီး၏ အစွမ်းသတ္တိကတော့  အရာရာကို လတ်ဆတ် လန်းဆန်း စေတာပါပဲ။

ဟိုး... အဝေး မှိုင်းညို့  နေသော မိုးကုတ် စက်ဝိုင်း ကြီးဆီမှ ပင်လယ်ပြင်ကြီးကို ပွတ်တိုက် ဖြတ်သန်းလာနေ
သော လေအေးတို့ က ကျွန်တော်တို့ ဆီကို အတင်း တိုးဝင် ဖြတ်ကျော် နေပါသည်။ လှိုင်း လုံး ကြီးများကလည်း
လေနှင့်  အတူ အရှိန်ပြင်းပြင်း၊ မန်ဟုန် ပြင်းပြင်း ဖြင့်  တလိမ့် လိမ့်  လိုက်ပါလာပြီး သဲပြင် ပေါ် ရောက်တော့ 
ကျွန်တော်တို့ ၏ ချေကြို ချေကြား ဝယ် တိုးဝင် ပျောက်ကွယ်ကုန်တော့ သည်။

ကျွန်တော် ပို၍ လွတ်လပ် ချင်သောကြောင့်  ဖိနပ်တို့ ချွတ်လိုက်မိပါသည်။
စိမ့်  အေးသော ပင်လယ် ရေ ဓါတ်က ကျွန်တော့်  တစ်ကိုယ်လုံး ကူးစက် ထိုးတက် လာခဲ့ ပါသည်။

သည်တစ်ခါ လာသည့်  ခရီးတွင် မြန်မာပြည် အကြောင်း မပြောကြေး ဟု ကတိ ခံ ထားခဲ့ ကြသောကြောင့် 
ဝန်းကျင်ရဲ့  အလှ အားလုံးကို လွတ်လပ်စွာပဲ တရှိုက်မက်မက် ခံစား မိခဲ့ ကြပါပြီ။

သည်လို လှပ လတ်ဆတ်မှု လေးတွေ တွေ့  လာရတော့  ကိုယ့် ရဲ့ အခင်ဆုံး အချစ်ဆုံး သူတွေ၊ တွယ်တာ
ရသူတွေကို သတိရ လာမိတတ်သမို့  ဘောင်းဘီထဲ လက်နိုက်ပြီး မိုထရိုလာ ခေါက်ဖုံး လေးကို အထုပ်...
တိုက်ဆိုင်စွာပဲ မိတ်ဆွေ တစ်ယောက် ဆီမှ ဖုန်းကဝင်လာပါသည်။ ကျွန်တော်ကလည်း သူ့ ကို ဆက်မလို့ ပါ။
“ ဝေး..ကိုကျော်ရေ.... ဘယ်ရောက်နေပြီလဲ..”
“ ဟာ.. ကျွန်တော်လည်း သတိရလို့  ခုပဲ ဆက်တော့ မှာ၊ ကျွန်တော် ကျင်းစန်း ကိုရောက်နေတယ်ဗျ၊ ဗမာလို
ဆိုရင်တော့  ရွှေ တောင်ပေါ့ လေ၊ အပြန် ဘဲပြုတ် အရှင်ဝယ်ခဲ့ ရမလား..” ဟု နောက်တော့ ...။
“ သိပ်မကြားရဘူး ကိုကျော်.. လေ သံတွေပဲကြားနေရတယ် ၊ ပင်လယ် လို့ ထင်တာပဲ ၊ညနေ ကျမှ ထပ်ဆက်
တော့ မယ်နော်... ဘိုင့် .....” ဟု သူ နူတ်ဆက် ဖုန်း ချသွား တော့ သည်။
ဟုတ်တော့ ဟုတ်ပါသည်။ ပင်လယ် အော်သံက ပိုပို ကျယ်လာသလို ထင်ရပါသည်။

ကျွန်တော်လည်း ဖုန်းကို ထုပ်ထားမိပြီးမို့  မြန်မာပြည် ကို ဆက်ဖို့  ဆုံးဖြတ်လိုက် မိပါသည်။
ဖုန်းနဲ့  ပတ်သက်လျှင် ကမ္ဘာ ပေါ် တွင် ဈေးအကြီးဆုံး ဖြစ်နေပေမဲ့ လည်း မဆက်ပဲနဲ့ လည်း မနေနိုင်ခဲ့ ပါ။

“ ဟဲလို... ”
“ ကိုယ်ပါ..ကွ”
“ဟဲ.... ကို.. အလုပ်ထဲက ဆက်တာလား ”
“မဆင်းဘူးကွ ဒီနေ့ ... နေကောင်းကြလားဟေ့ ...”
“ကောင်းပါတယ်၊ ယူ.. ကံကောင်းတယ်နော် မီးမလာတာ နှစ်ရက်ရှိပြီ၊ အခုမှ ပြန်လာကာစလေ၊ နို့ မို့ ဆို ယူ..
ဖုန်းရမှာမဟုတ်ဘူး..”
“ ရေ ရော ရရဲ့ လား”
“ည နှစ်နာရီလောက် တော့  ထ ထ စောင့် ပြီး တင်နေရတယ်.. သူ လာတတ်တဲ့  အချိန်လေး မှာလေ”
“..............”
“ကို.. ပြောလေ.. ဘာပြောမှာလဲ..”
“ ကို... ပြန်လာခဲ့ တော့ မယ်နော်...”
“...................”
“ဟေ့  .. ဖြေလေကွာ..”
“ ကိုရယ်.. ပြန်လာစေချင်တာပေါ့ ... ခိုင် လဲ သိပ်လွမ်းနေရပါတယ်နော်..၊ သိပ် စိတ်ညစ် တာပဲကွာ..”
“ဒီမှာ ခိုင်.. ကိုယ်ပြောမယ်၊ ယူ့  ရဲ့  မဟာဗျူဟာ စီမံကိန်းကြီး တွေကို မပြင်သရွေ့  ဒို့ တော့  ဒီမှာ အသက်တွေ
ကြီးနေရတော့ မှာ.. အတူ နေချင်လို့  မိသားစု လေး တစ်ခု ထူထောင်ထားတာကွ၊ အခုတော့  ...”
“ ကို... ခလေးတွေ ကျောင်းမပြီးသေးဘူးလေ၊ အငယ်ကောင်က ထားတော့ ၊ အကြီးကောင်က အခုမှ ရေကြောင်း
စ တက်ရတာလေ သူ့ ကျောင်း စရိတ်တင် တစ်လ..... ကျောင်းကားခ......”
“ပြီးတော့  ပြန်လာရင် ကိုယ်ပဲ ထပ်ပြီးပင်ပန်း ရအုံးမှာ...”
မဟေသီ၏ တုန်တုန်ရီရီ ဖြင့်  ရှင်းပြ လာနေသော စကား သံတို့ ကို ကျွန်တော် မကြားတချက်၊ ကြားတစ်ချက်
ဖြစ်လာပါသည်။ ဝယ်ထည့် ထားသည့်  အချိန်ပိုင်းဖုံးကဒ် လိုင်းမှ အချိန်ကုန်ကြောင်း အချက်ပေးလာ၍
ကျွန်တော် ဖုန်းကို ကိုင်ပြီး သဲပြင်ပေါ် တွေတွေ ကြီးရပ်နေမိပါသည်။
ထောက်တည်ရာ၊ဆောက်တည်ရာတို့  မဲ့  သွားသလိုမျိုး ၊ မြစ်ကို အလျား လိုက်ပဲ ဖြတ်ကူး နေရသလိုမျိုး ကြီးပါ။
ကိုင်ထားသော ခေါက်ဖုံးကို ကိုယ့် နားထင်ထဲ အတင်း ထိုးထည့်  ပစ်လိုက်ချင်စိတ်တို့  ဖြစ်ပေါ်လာပါတော့ သည်။
ရပ်နေရင်းနဲ့ လဲ သဲပြင်ထဲ နစ်ဝင် သွား သလိုလိုပါလေ... ။

.........................................................................................................................................

( ဆက်ရန် )

6 comments:

thawzin said...

မဟေသီတုန်သလို ခင်ဗျားလဲ ဖုန်းကိုင်ပြီး တုန်နေတယ်မဟုတ်လားဗျ။ သားသမီးတွေ မွေးပြီးတော့ စရိတ်တွေကကြီးနေပြီးပေါ့လေ။ ဟဲဟဲ ကျွန်တော့် အဖေရဲ့ ဖအေပီသမှုလေးပြောခဲ့ပါရစေ။ ကျွန်တော်တို့က ညီအစ်ကိုမောင်နှမက အဖေက သား(၅)ယောက်လုံးကို အပြီးပြောပြီးသား။ မင်းတို့အတွက် ပညာအမွေပဲပေးနိုင်မယ်။ ဒါကြောင့် ငါးယောက်လုံး ဘွဲ့ရပညာတတ်ကြိးတွေဖြစ်အောင် နွားနဲ့ တွဲရုန်းလာခဲ့တဲ့ နှစ်ပေါင်းက ကျွန်တော့်တစ်သက်ဆိုပါတော့။ တောင်သူလယ်သမားဖြစ်တော့ ၀င်ငွေဆိုတာ ပုံမှန်မရှိသလို၊ မိုးကောင်းရေသောက်ရတဲ့မြေဖြစ်ပြန်တော့ မိုးမရွာရင် အကြွေးတွေထောင်ရင် ဖြတ်သန်းလာခဲ့တာက များပါတယ်။ လေးစားရတဲ့ပုဂ္ဂိုလ်ထဲမှာတော့ ကျွန်တော့် အဖေလဲပါတယ်ဗျ။ ခင်ဗျာလဲ အားကျအောင် ပြောပြခဲ့တယ် ကြုံတုန်းကြုံခိုက်ပေါဗျာ

အနော် said...

ဒီလိုပါပဲ အကို ဒီလိုနဲ့ပါပဲ ...
အသက်တွေ တဖြည်းဖြည်းကြီးလာ ဘဝတွေ တဖြည်းဖြည်းအိုမင်းလာ
နောက်ဆုံးတော့လဲ ဒီလိုနဲ့ပါပဲ ... :(
ပျော်ရွှင်စရာ ခရစ္စမတ်လေးနဲ့ နှစ်သစ်လေးဖြစ်ပါစေ အကိုရာ

မြစ်ကျိုးအင်း said...

ဒီလိုနဲ့ပဲ အို...မင်း...ရင့်....ရော်...လာခဲ့ပြီ။
အလွဲလွဲအချော်ချော်နဲ့ လှိုင်းပုတ်ခံရတဲ့ ဗေဒါတွေလို ရည်ရွယ်ရာက ဝေးနေသေးတယ်

အများကြီးတွေးတော့လည်း အကြာကြီး လုပ်ရတာပါပဲ။ နောက်ဆုံးတော့လည်း အားလုံး ချန်ထားခဲ့ရတာပါပဲလေ။
နောက်ဆုံးမရောက်သေးတော့ လုပ်နေရသေး တာပေါ့။

လင်းကြယ်ဖြူ said...

တစ်ခါတစ်ခါ ကျတော့
ဘ၀ဆိုတာ တိုက်ပွဲ ဆိုတဲ့စကားလေးကို ပဲ
အမှတ်ရနေမိပါတယ်.....
စာမူကောင်းတစ်ခုပါပဲ
ပျော်ပါစေခင်ဗျာ
လေးစားစွာ
*.*.*

shwezinu said...

ဘဝ အမော တွေအတွက် ကိုယ်ချင်းစာပါတယ်ဗျာ..
ဘဝ များစွာ ဒီလိုဘဲ ဖြတ်သန်းနေရပါတယ်..
ကိုယ်တယောက်ထဲ မဟုတ်ပါလား ဆိုတဲ့ အသိနဲ့ ပျော်ရွှင် နိုင်ပါစေ လို့ ဆုတောင်းပေးနေပါတယ်..

ညီညီ said...

ဘ၀အမောတွေ အမြန်ဆုံး ပြေပျောက်ပါစေ.။ ဖတ်လို့ကောင်းတဲ့ ပိုစ့်လေးပါ။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)