Friday, December 4, 2009

ကျွန်တော် ရေနံ အလုပ်သမား ဘဝ ( ၆ )

သူ နဲ့  သာ ဆိုရင်
.............................

လှည်းကလေးက သူကြီး အိမ်ရှေ့ ရောက်လာတော့  အီရှောင် က ထိုးရပ်ပေးလိုက်ပါသည်။
“ ဗျို့ ..သူကြီး.. ဧည့် သည် ရောက်တယ်ဗျိုး....” အီရှောင် အော်လိုက်တော့  အိမ်ပေါ် မှ သူကြီး က ပြူ တင်းပေါက်
မှ ဂေါင်းပြူ ထွက်လာပြီး ငုံ့ ကြည့် ပါသည်။ သူကြီးအိမ်ရှိ တီဗီမှ ည ရှစ်နာရီ သတင်း တီးလုံးသံကို ကြားလိုက်
ရသည်။
“ ဟာ.. ကျေးဇူးရှင် လေး.. မင်းမလဲ အထုပ်အပိုးတွေနဲ့  ဘယ်အချိန်ရှိပြီလဲကွ” သူကြီးက ပြောတာပါ။
“ ထုံးစံ အတိုင်း ဇက်နောက်ကျလို့ ပေါ့ ဗျ။ ဗိုလ် သန့်  လာသေးလား” လှည်းပေါ်ကဆင်းလိုက်ရင်း ကျွန်တော်တို့ 
ဌာနမှုး S.M.E ဦးသန့် ဇင် ကိုမေးလိုက်မိပါသည်။ မလာဘူးကွ၊ ဈေးကားပြန်ထွက်ပြီး ဖယ်ရီ ဘုတ် မခွာခင်လေး
ကတော့  V.H.F တက်လာတယ်၊ မင်းပါမပါ လှန်းမေးတာပါ.. ဟု သူပြောပါသည်။
“ ဝယ်တာ ကတော်လေးကတော့  အချောသားပါလားဟရို့ ... အိမ်ပေါ်ကြွ ခဲ့ ပါအုံး ၊ အကျရည်လေးနဲ့ လဘက်
ရှိတယ်နော်.. လာ..လာ.သမီးလေး ”သူကြီး ကတော် ဒေါ်စံအုန်း က မဟေသီ့  ကို လှန်းပြောရင်း အိမ်လှေကား
ကြီး အတိုင်း ဆင်းလာပါသည်။

မြစ်နားဘို့ လယ် ရွာလေးက ဧရာဝတီ မြစ်ကြီး ဘေး ကမ်းနဖူးပေါ်တွင်ပဲ ရှိသောကြောင့်  ရွာတန်းရှည်
တလျှောက်ရှိ အိမ်အားလုံးက ခြေတံရှည် အိမ်များသာဖြစ်ပါသည်။ အိမ်အောက်တွင်တော့  နွား တင်းကုတ်များ
ထားလေ့ ရှိပါသည်။

ဒေါ်စံအုန်း က သူ့  ဝဖိုင့် ဖိုင့်  ကိုယ်ကြီးကို မနိုင်မနင်း ထိန်းရင်းပဲ ဆင်းလာသောကြောင့်  ကျွန်တော်နှင့် မဟေသီ
အပြေးသွား၍ ကူထိန်းပေးရပါသည်။

အိမ်ပေါ်ရောက်ရောက်ခြင်းပဲ အချိန်မဖြုန်းတော့ ပဲ တစ်ဖက်ကမ်း ပြရည် အစမ်းတွင်းရှိ ဗိုလ်သန့်  ဆီကို V.H.F
လှန်းတက်ရတော့ သည်။ R.O ဦးထွန်းမြင့် နိုင်နှင့်  တွေ့ တော့  ဗိုလ်သန့် တစ်ယောက် ရေလည်ခေါင်ရောက်နေ
ကြောင်း( မူးနေတာကိုပြောတာပါ)၊ ကျွန်တော်နှင့်  လဲမည့်  ဥာဏ်ထွန်း နှင့် ဖြစ်ကြောင်း ပြောပြီး သူမှာထား
သောကြောင့်  ဖယ်ရီ ဘုတ် ကို သူပဲ စက် နှင့်  လှန်းတက်ပေးလိုက်မည် ဟု ပြောတော့ မှ ကျွန်တော်လဲ
သက်ပြင်း ချ ဖြစ်တော့ သည်။

မဟေသီ နှင့်  သူကြီး ဦးရွှေ တို့  မိသားစုကတော့  ရာသီကုန်၊လှောင်ကုန်တွေအကြောင်း ပြောရင်း အဖွဲ့ ကျ နေ
တော့ သည်။ အီရှောင်၏ လှည်း ကမ်းနားဖက်က ပြန်တက်လာရင်း ကျွန်တော့်  ကို လက်ပြ နှုတ်ဆက်သွားသည်။
ပစ္စည်းတွေ ဆိပ်ခံ ပေါ်မှာ ထားခဲ့ ကြောင်း ပါ အော်ပြောသွားပါသည်။ သူ ထွက်သွားပြီး မကြာမှီပဲ မှောင်မဲနေ
သောကမ်းတစ်ဖက်ဆီမှ လက် ကနဲ လှန်းတောက်လိုက်သော မီးရောင်ကလေးကို လှစ် ကနဲ မြင်လိုက်ရပါသည်။
ဖယ်ရီဘုတ် ပြန်တက်လာခြင်းဖြစ်ပါသည်။
..........................................................................................................................................

ဖယ်ရီဘုတ်ပေါ်ရောက်တော့  စလင်ကြီး ဦးရေဝိုင်း က “ ဟေ့ အကောင်.. မောင်ရောင်းတာ အရင်တစ်ယောက်
တုံးကတော့  အခုလို မိုးမချုပ်ပါဘူး” ဟု အချွန်နှင့်  စ ပြီး မ ပါတော့ သည်။ မဟေသီက တစ်ချက်တော့  မျက်နှာ
ပျက်သလို ဖြစ်သွားပေမဲ့  သူတို့ ကို ပြန်ပြုံးပြလိုက်ပါသည်။ တစ်လမ်းလုံး သူ့ ကို ဟိုရောက်ရင် ဘယ်သူ ဘာ
ပြောပြော မယုံ ဘို့ ကို ကြိုတင်ပြီး ဘိုကင်လုပ်ခဲ့ ရသည်လေ။
ဘယ်လိုမှ မဟေသီ့  ကို စ မရသည့် အဆုံးတော့ မှ ဦးရေဝိုင်း တို့  အဖွဲ့  လက်လျှော့ သွားပါတော့ သည်။
သူတို့ မျက်နှာပေးတွေကတော့  ကျွန်တော့် ကို ဒီတစ်ခါလဲ မင်းနိုင် သွားပြီပေါ့  ဆိုသည့်  မျက်နှာပေးများနှင့် ပါ။

မြစ်ပြင်တစ်ခုလုံး မှောင်မဲ ညိမ်ဆိပ် နေ ပေမဲ့  တုန်ခါ နေသော မော်တော် အင်ဂျင်အသံနှင့်  မော်တော်ဦးချွန်မှ
ထိုးခွဲနေသော ရေပွက်၊ရေယက်သံတို့ ကတော့  ဖြင့်  တခွင်လုံး လျှံကြနေတော့ သည်။
လက်ယန်းတန်းကို မှီပြီး ရှေ့ တူရှု့ ရှိ အမှောင်ထု တွင် ငြိမ်သက်စွာပဲ လဲလျောင်းနေသော တောင်အထပ်ထပ်
ကို ငေးနေသော မဟေသီ့  ပုခုံးပေါ်သို့  ကျွန်တော် လက်ကလေး အသာတင်လိုက်မိပါသည်။
“ ဘယ် ရည်းစား ကို အလွမ်း ဆုံးလဲ ” ဟု နောက်လိုက်တော့  သူ ဟက် ကနဲ ရယ်ပြီး ကျွန်တော့် ကို ဗိုက်ကြော
လှန်းလိမ်ပါတော့ သည်။ ခပ်ဖွဖွ ပါ လို့  ။

မြစ်ပြင် တလျှောက် လျှပ်တိုက်လာသော လေနုအေးတို့ က ကျွန်တော်တို့  နှစ်ယောက်ကို အတင်း တိုးခွေ့  ဖြတ်
ကျော်နေကြပါသည်။ အမြဲတန်း လတ်ဆတ်၊လန်းဆန်း နေတတ်သည့်  ဧရာဝတီ မြစ်လေ ကလေးပါ။
တဖြည်းဖြည်း နီးလာနေသည့်  ပြရည် အစမ်းတွင်း၏ ကမ်းနီ ForeShore မှ ဖွင့် ထားသော တွံတေး သိန်းတံ၏
သီချင်းက နေ နဲ့  လ၊ရွှေ နဲ့ မြ တဲ့ ။
..................................................................................................................................

ForeShore ကိုရောက်တော့  ရေပန့် မောင်း ကိုမြ တို့  တစ်ဖွဲ့ လုံး သူတို့ ဗားတိုက် ထဲမှ ထွက်ကြိုနေကြပါသည်။
ကျွန်တော့် ကိုတော့  မဟုတ်ပါ။ တစ်ခါဘူးမှ မမြင်ဘူးသေးသည့်  ကျွန်တော့်  မဟေသီ ကိုပါ။ မဟေသီ ကလဲ
ခရီးပန်းလာပေမဲ့  ပတ်ထားသော သဘက်လေးနှင့်  နှီး ဦးထုပ် ဝိုင်းဝိုင်း လေးအောက်ရှိ မပျက်သေးသော
ပါးကွက် အလှ လေးနှင့် ပါ။ ကျွန်တော့် ရင်ထဲ ကြည်နူးနေသလိုလို၊ အူတို မိနေသလိုလို ပေါ့ ဗျာ။
သေတ္တာကြီး နှစ်လုံးကလဲ သယ်ပေးမဲ့ သူ များလွန်းတော့ အပြေဆင်၊အဆင်ပြေ ပေါ့ ။

ကမ်းနီ ForeShore မှ ပြရည် အစမ်းတွင်း ရောက်သည် အထိ တောင်ပေါ်ကို နောက်ထပ် ခုနှစ်မိုင် တက်ရပါ
အုံးမည်။ ထို ခုနှစ်မိုင် ဝေးသော ပြရည် အစမ်းတွင်းရှိ တွင်းတူးစက်များနှင့်  အလုပ်သမားတွေပါ သုံးဘို့ ဧရာဝတီ
မြစ်ရေကို ရေပန့် မောင်း ကိုမြ တို့ အဖွဲ့ က ရေပန့် တွေနှင့်  သည် ကမ်းနီ ရွာ ဆိပ်ခံ မှ တောက်လျှောက်မောင်း
တင်ပေးနေခြင်းဖြစ်ပါသည်။တွံတေး သိန်းတန် ကို အလွန်ကြိုက်တတ်တော့ လဲ ရေပန့် တို့  မရပ်သလို တွံတေး
သိန်းတန် သီချင်းကလဲ မရပ်တတ်ပါ။ ခေါင်မိုးပေါ် လော် ကြီးတင်မြစ်ပြင်ဖက်လှည့် ၍ ဖွင့် နေတတ်သည်မှာလဲ
သူ့  ဝါသနာပါ။ အညာ ဆန် လှေတွေ၊ မော်တော် တွေ ဖြတ်သွား လျှင်လဲ ခုန်ပေါက်မြူး တူး၊ပုဆိုးတွေ ပါမြှောက်
၍ နှုတ်ဆက် တတ်ပါသည်။ သူတို့  အဖွဲ့ က ပျော်ပျော် နေတတ်သည့်  လူပျော်များ အဖွဲ့ ပါ။
ကျွန်တော်ကရော..တဲ့ ၊
ပို၍ ပျော်ပါသည်။
မဟေသီ ပါလာလို့ ပါ။
................................................................................................................................

S.M.E ဦးသန့် ဇင်မှ WA fourwheel drive ကားကြီး လွှတ်ပေးလိုက်၍ မဟေသီနှင့်  ကျွန်တော် ဂေါင်းခန်း
ကပဲ လိုက်ရပါတော့ သည်။ နောက်မှာ တွင်းသုံးဘို့  ပိုက်လုံး တွေပါ တင်ထားတော့  တောတောင်ထဲမှာ သည်
ကားတွေပဲ ဗိုလ် ဆွဲနေတော့ သည်လေ။ လမ်းမှ အကြုံလိုက် ရွာသားတွေလဲ တက်ချင်သလောက် တက်ပေါ့ ။

လမ်းက မြေညှိစက် ကြီးဖြင့် ထိုးညှိ ထားသော မြေသားလမ်း၊မြေနီ လမ်းဖြစ်သောကြောင့်  မာဇဒါ ဂျစ် ကဲ့ သို့ 
သော ကားလေး၊ ကားပေါ့  များဆိုလျှင် သည် မိုးတွင်းဝယ် စလစ်ဖြစ်ပြီး လာရာလမ်းကိုပြန်လှည့် ရင်လှည့် ၊
သို့  မဟုတ် ကပ်နေသော တောင် နံရံ တွေကို တစ်လမ်းလုံး နမ်းနေတတ်ပါသည်။

လမ်းတလျှောက် ကားရှေ့ မီးကြီးအောက် ဖြတ်ဖြတ်ပြေး တတ်သော ရှဉ့်  ကလေးတွေ၊ မြွေ ကလေးတွေ၊ ဂျီ
ကလေး တွေကို တွေ့  တွေ့  နေရတော့  မဟေသီက ကျွန်တော့်  လက်ကို တစ်ဖွဖွ ဆုပ်နယ်နေရင်း တအံ့ တသြ
ဖြစ်နေတော့ သည်။ ကားကြီး၏ ဂီယာ တွေ အကုန် ထိုးပြီး တအိအိ တက်နေရသော တောင်တွေရှိသလို၊ ဦးဆိုက်
ထိုးဆင်းရသော ဂုံး ဆင်းများကို တွေ့ ရတော့ လဲ မဟေသီ တစ်ယောက် ရင်တို့  တဖိုဖို နှင့် ပေါ့ ။

ပုဆင်းရင်ကွဲသံတွေ၊ လေတိုးသံတွေ တော သံ တွေသာ ဖုံးလွှမ်းနေသည့်  မိုက်မှောင်လွန်းသော သည်တော
ကြီးထဲမှာ ကျွန်တော် တို့  ရေနံ ကားကြီးကတော့  မီးခိုး တရဲရဲ နှင့်  ခရီးဆက် ကောင်းနေတုံး....။

................................................................................................................................

( ဆက်ရန် )

6 comments:

kiki said...

မဟေသီက ဗိုက်ခေါက်လိမ်ဆွဲတာ စပါယ်ရှယ်လစ်နဲ့တူတယ်နော် ....
ဒါကြောင့် ကိုကြီးကျော်ဗိုက်ခေါက်က တတောင်လောက်ထူနေတာ ကိုး..

လိုရာ ခရီးတော့ ရောက်ပြီ ..
အလုပ် စလုပ် ရတော့မယ်ပေါ့ ...
အကြံ အဖန်တွေ များလည်း ရှိပေမပေါ့ နော် ။
လျှို မ ထား နဲ့  ။ လုပ်ထုံးလုပ်နည်းလေးတွေ အကုန်သာရေး ..
( လက်ထိပ် စော် နံ နေပြီလား ... ဟီးဟီး )။

အနော် said...

အကိုအဖြူလေးရေ ကျွန်တော်ရေနံမြေအလုပ်သမား ၁ ကန ၆ အထိ ဖတ်သွားပါတယ်
ရှေ့ဆက်ရန်တွေလဲ မျှော်နေပါတယ်
အနော် အခုတလော စာမေးပွဲတွေ ဆက်တိုက်ဖြစ်နေလို့
အလည်မရောက်ရင် ခွင့်လွှတ်နော့်
အားရင် စုပီး အကုန်လာဖတ်မယ်နော် :)

Unknown said...

တွံတေးကြီးကြိုက်သူတွေကတော့ တွံတေးမှ တွံတေးပဲဗျာ။

mysterysnow said...

အပေါ်က အော်သွားတဲ့ ဘလော့ဂါကြီး အန်ကယ်ချမ်းလဲ
ခဏခဏ ဗိုက်ခေါက်ဆွဲခံရတယ်သိလား...
ခုဆို ဗိုက်ကြီးက တစ်တောင်လောက်ထွက်နေပြီ...
စိတ်ဝင်စားစရာ ဇာတ်လမ်းလေးကို စောင့်နေတယ်နော်..

နှင်း

thawzin said...

ဟယ်လို.... မလာချင်တာမဟုတ်ပါဘူး။ အခုတလော တစ်ကျောင်းလုံး ကွန်နက်ရှင်ပျက်နေတယ်ဗျာ။ ၂ရက်ရှိပြီး။ ကျောင်းအင်တာနက်က ဖရီးလေးဆိုတော့ သည်းခံရတာပေါ့ဗျာ။ အရင်က ပိုက်ဆံပေးသုံးရတာလဲ သိပ်မကောင်းပါဘူး။ အခုလာတာကလဲ ဖုန်းထဲပိုက်ဆံထည့်ပြီး ဘလော့ အိမ်တွေ လိုက်လည်နိုင်အောင် ဆင်းပြီးထည့်ထားရသေး။ မလာဘူးဆိုပြီး ဖနောင့်ပေါက် နှပ်တရွှဲရွဲနဲ့ ထိုင်ငိုစောင့်နေမှာ စိုးလို့လာလည်ရပါသည်။ မလွယ်ကြောပါပဲဗျာ။ မဟေသီက ခရီးကြမ်း ဒင်းကြီး အကြိုက်တွေ့နေမယ်ထင်ပါ။ သူက ကိုယ့်လက်ကို ဆုပ်ကိုင်ကလိုက် ကိုယ်က သူကိုပွေ့ထားလိုက်နဲ့ ခရီးကကြမ်းနေပေမယ့် စိတ်ထဲမှာတော့ အရမ်းလန်း၊ အရမ်းဂွမ်းနေမယ်ထင်ပါ့ဗျာ။ ဆက်ပဲ ဆက်နိုင်လွန်းတယ်ဗျာ။ ကိုးရီးယားကားတွေကိုတောင် ကျော်တတ်မယ်ပုံပဲနော်။ ရေးသလောက်ဖတ်၊ ဖတ်သလောက် မန့်နေပါ့မယ်ဗျို့
ခင်မင်စွာဖြင့်

မြစ်ကျိုးအင်း said...

နောက်တခန်းဆို တွင်းတူးလောက်ပြီ(ရေနံတွင်း)
အလကားစတာပါဗျား)

အေးအေးဆေးဆေးသာတူး အဲ အေးအေးဆေးဆေးသာ ရေး ပြောတာ

နယ်မြေဗဟုသုတရပါတယ်

ချစ်ခန်းလေးတွေလျော့ပြီး(လျော့မယ့်ပုံလည်း မပေါ်ပါဘူး ဗိုက်ကြောမြန်မြန်ပြတ်မှအေးမှာ)
ဗဟုသုတကို ပိုပြီးရေးပေးရင် ပိုကောင်းမယ် ထင်တယ်း)