Saturday, March 5, 2011

လင်းဖိုင်စာသိုက်နှင့် တွေ့ ကြပြီ။


ဝတ္ထုဆန်သော တကယ့်အဖြစ်အပျက် ဖြစ်ပါသည်။
လုပ်ချင်တာနှင့် လုပ်သင့် တာကို ယှဉ်ရွေးခဲ့ ရတာမျိုးတွေက ဘဝမှာ အကြိမ်ကြိမ် ကြုံခဲ့ ရတတ်ပါသည်။
နောင်လည်း ကြုံနေရအုံးမှာပဲ ဖြစ်ပါသည်။


တော်တော်ချောတယ်လို့  မပြောနိုင်ပေမယ့်  တော်တော် ကိန်းခန်းကြီးမယ့် မိန်းမမျိုးပါ။
သူ့ နာမည်က “ လန်းဖိုင်( စာသိုက် )” တဲ့ ။ ဖိုင်လို့ ပဲ လွယ်လွယ်ခေါ်ကြသည်။ မြန်မာလို မှဲ့  ဟု ဆိုနိုင်သည်။
ဆံပင်က တံကောက်ကွေးကို ရောက်နေသည်။ ဆံပင်အုံကလည်း အတော်ကောင်းပါသည်။ ကုတ်အင်္ကျင်္ီနှင့် 
စကတ်နှင့်  ကျကျနန ဝတ်လာတဲ့  အခါမျိုးမှာ “ အီစွတ် ” တောက်ခေါက်သည်။ ကျွန်တော်လိုကောင်နှင့်  ရင်းနှီး
ရပါ့ မလားလို့  ဒေါသဖြစ်ရှာသည်။ ဒါဟာ ... အမေ့ ကျေးဇူးပါပဲ ။

ရုပ်ရည်လေးကို လူရာဝင်အောင် မွေးပေးခဲ့ သည့်  အမေ့ ကျေးဇူးတွေပေါ့ ။
ပြောရရင် ကျွန်တော့် ကို သူ က စ, ခဲ့ ခြင်းပင်။ အဲ့ ဒီနေ့ က သူ မူးနေပါတယ်။ မွေးနေ့ လား ဘာလားလုပ်ရင်း
ဘီယာတွေ သောက်နေကြ၏။ ကျွန်တော်က ရိုတီ ရောင်းမကောင်းလို့  အိမ်ပြန်လာရင်း လမ်းထိပ်မှာ ခဏရပ်
နေမိသည်။ သူတို့  ရှိတဲ့  အိမ်ရှေ့ မှန်းမသိရိုး အမှန်ပါ။

“ ရိုတီသည် ... ရိုတီသည် ခဏ လာခဲ့ ပါဦး ”
ကွပ်ပျစ် ခင်းထားသည့်  နေရာမှ သူတို့  လေးငါးယောက် စုထိုင်ပြီး လှမ်းခေါ်ခြင်းပင်။
“ ဘာနဲ့ စားမလဲ ... ကြက်ဥထည့် မလား ခင်ဗျာ ”
“ လာခဲ့ ဦး ... လာခဲ့ ဦး .. ဝင်လာပါ ”
တစ်ယောက်က လှမ်းခေါ်တော့ ၊ ကျန်တဲ့  လူတွေက ဝိုင်းဟားသည်။ မယ်မင်းကြီးမတွေ တော်တော်မူးနေမှကိုး။
ဘီယာပုလင်းတေါဆိုတာ ကားနဲ့  တိုက်ထုတ်ရမလား ထင်ရ၏။ ဟိုတစ်လုံး၊ ဒီတစ်လုံး ပြန့် ကျဲလို့ ၊ ကျွန်တော်
ဘယ်မူ လိမ့် မလဲ။ ဝင်သွားပါသည်။
“ ဟို့ အိုး ... ဖြောင့်တယ်ဟေ့ ၊ ဖိုင်တော့  နိုင်သွားပြီဟေ့  ”
သူတို့  လှောင်ကြပေမယ့်  စော်ကားတာမျိုး မဟုတ်ပါ။ ကျွန်တော့်ကို ခေါ်လိုက်ခြင်းဖြစ်ပါသည်။
“ ဖိုင်” က ဘီယာခွက် ထိုးပေးရင်း၊ မေးလာပါသည်။
( ခွန်ချူ အလိုင်ခပ် )
“ နာမည် ဘယ်လိုများလဲရှင် ”
“ ဟေ ”
ကျန်တဲ့ လူစုက “ ဟေ” လိုက်ကြတာပါ။
( အထွေးခပ် )
“ ကိုထွေးပါ ”
( အလိုင်န ... ဒါ ... အဒါ )
“ ဘာလဲ ... ဒါလား၊ ဒါ .. နော် ”
( ခပ်ဖုန် )
ကျွန်တော်စကားမြန်မြန်ပြတ်အောင် “ ကိုဒါ ” လို့ ပဲ မှတ်ခိုင်းလိုက်သည်။ တကယ်တော့  “ ထွေး ” ဆိုတာကို
ထိုင်းလို အသံထွက်ရတာကို မလွယ်လှ။ “ တ ” သံတို့  “ ထ ” တို့ ကို “ ဒ ” သံ နှင့်မကွဲကြပေ။
“ ကိုဒါရေ ... ဘီယာ သောက်ပါနော် ”
“ သောက်ပါ .. အလကား စ တာပါ။ သောက်ပါ ... ဒီနေ့  ကျွန်မမွေးနေ့ ပါ ”
ဖိုင်နဲ့  ရွယ်တူတစ်ယောက်က ခွက်ကို တဆင့်လှမ်းယူရင်း ပေးလာပါသည်။ ဘာဖြစ်သလဲလေ .. ဒါကိုတော့ 
လိုက်လျောရမှာပေါ့ ။ မိန်းမလှကျွန်းကို ရောက်နေမှကိုး။
“ ရောင်းကောင်းလားရှင် ”
“ ဖြည်းဖြည်းပါပဲ ”
“ ကျွန်မနာမည် လန်းဖိုင်စာသိုက်ပါ .. ဖိုင် လို့ ခေါ်ပါ။ သူက ရင်၊ သူက ဂို၊ သူက ကျွန်မညီမ ကိုင် တဲ့  ”
မြန်မာလိုတော့  သူ့ အဓိပ္ပာယ်နဲ့  သူရှိပါမည်။ ဒါတွေက အရေးမကြီး။ သူ့ နာမည်သိရင် ပြီးတာပဲ။ ကျွန်တော်က
မြန်မြန်သောက်ပြီး ပြန်ဖို့  ပြင်သည်။ တကယ်တော့  ဆက်ထိုင်နေရင်လည်း သူတို့ ဘာမှပြောမှာ မဟုတ်ပါ။
ကျွန်တော့် ကိုက ဒီအရေးတော်ပုံကို ပြန်ဖောက်သည် ချချင်နေပြီလေ။
“ ခွင့်ပြုပါဦး ခင်ဗျာ ... အလုပ်လေး ရှိသေးလို့ ပါ ”
“ ကောင်းပါပြီရှင် ... နောက်နေ့ မှ ဝယ်စားမယ်နော်၊ ဟိုရှေ့ က ကျွန်မတို့ အိမ်ပဲ ”
အောင်ပွဲကတော့  ဆက်တိုက်ပင်။

သူတို့ သာ တနယ်တကျေးက ဖြစ်နေလျှင် ဟိုလူတွေကို ကြွားရတာ ခက်နေမည်။ အခုတော့  သက်သေပြဘို့ က
နီးနေသည်။ ပျော်လိုက်တာ။ ဒီလို မချောနဲ့ သာ အဘိုင်ကြီးကုမဏ္ဏီကို တွဲခုတ်ပြလိုက်ရင် ကိုယ့် လူ တံတွေး
နင်သွားနိုင်သည်။ သူ နင်တာမပြောနဲ့ လေ။ ကိုယ်တောင်မှ ဒီလိုမျိုး နဖူးတွေ့ ဒူးတွေ့  ဆုံရပြီဆိုတော့  တယ်ထူး
တဲ့  ငါပါလားဟု စိတ်ကြီးဝင်နေမိပါ၏။ ဒါတောင် ဟိုက ဘီယာလေးတစ်ခွက်လောက် ခေါ်တိုက်သေးတာပါ။

ကျွန်တော်တို့  ယောင်္ကျားတွေဟာ ဘာမှန်းညာမှန်း မသိပဲလည်း၊ ကိုယ့်ကိုယ်ကို စကြာဝတေးမင်းလို သွေးနား
ထင် ရောက်ချင် ရောက်တတ်ပါသည်။ “ ဖိုင် ” ဘာလဲ၊ ဘယ်လိုလဲ ဆိုတာ သိတာ မဟုတ်သေး။ ဒီအရေးတော်ပုံ
ကို အီစွတ်တို့  လူသိုက်ကို ချပြလိုက်ချိန်မှာ ဖြစ်သွားပုံက အောက်ပါအတိုင်းဖြစ်ပါတော့ သည်။

“ ကျွန်တော့်ကို ဟိုဘက်လမ်းထိပ်က ကောင်မလေးတွေ ဘီယာ ခေါ်တိုက်တယ် ”
“ ဘယ်သူလဲကွ ”
“ ဖိုင် တဲ့  .. ကျွန်တော်လည်း မသိပါဘူးဗျာ၊ မွေးနေ့ လို့  ပြောတာပဲ ”
“ သြော်.. ဘာများလဲလို့ ။ ငါတို့ လည်း ခဏခဏ ကြုံသားပဲ၊ မသောက်ချင်လို့  ”
“ အေးဗျာ .. မနက်ဖြန် ထပ်ချိန်းထားတယ် ”
“ ဟေ့ ကောင် .. ပြဿနာတက်မယ်နော်၊ ဘယ်သူလဲ ငါ့ ကို ပြောစမ်း ”
“ ဆံပင်အရှည်ကြီးနဲ့ ဗျာ၊ စက်ရုံမှာ လုပ်တာလားမသိဘူး၊ သူ့ ညီမက ကိုင်.. တဲ့  ”
ကိုယ့်လူ တွေဝေသွားသည်။ နောက်ငါးမိနစ်ကြာတော့  ဟိုလူတွေလည်း လှည်းသိမ်းလာကြရင်း ဒီကိစ္စအတွက်
အုတ်အော်သောင်းနင်း ဖြစ်ကြတော့ သည်။ အီစွတ်ဆိုရင် ဖိုင်တို့ အိမ်နားက မုန့် ဆိုင်ကိုတောင် သွားစုံစမ်း၏။
ဟိုက ဖိုင်တို့  ဒီမှာ တကယ်နေတဲ့ အကြောင်း ပြောလိုက်ပုံရသည်။
“ မင်းပြဿနာ တက်တော့ မယ်နော် .. ကောင်မလေးတွေက အထည်ချုပ်မှာ လုပ်တာတဲ့ ၊ တကယ်မယူရင်
သွားမရှုပ်ပါနဲ့ ကွာ ”

တကယ်တော့  သူ့ ဂရုဏာဟာ သူ့ အတွက်ပါ။ ဖိုင့်အတွက် မဟုတ်ပါ။ ကျွန်တော်က နောက်မှ ပေါက်တဲ့ ရွှေကြာ
ပင် ဖြစ်နေပြီလေ ။ အီစွတ်တို့ က ဒီရပ်ကွက်မှာ နေတာ သုံးနှစ်ပြည့်တော့ မည်။ ဘယ်ထိုင်းမိန်းခလေးမှ အနား
မသီခဲ့ ။ ပြောရရင် ရုပ်တွေကလည်း မသားနားပဲကိုး။ သူတို့ အားလုံးဟာ ကုလားဆင်တွေ၊ မည်းလည်း မည်းကြ
ပါသည်။ နောက်ပြီး ဝတ်စားဆင်ယင်မှုက ဂိုက်ဆန်သည်။ ဝတ်တာတော့  အကောင်းစားကို ဝတ်ကြတာပါပဲ။
ဒါပေမယ့်  မြို့ သားနဲ့  မတူတာတော့  သေချာပါသည်။ သေချာတယ်ဆိုတာတော့  အခုလက်တွေ့ ပင်ဖြစ်ပါ၏။

သူတို့  ဘယ်လိုပဲတားတား ဖိုင်နှင့်ကျွန်တော်ကတော့  တော်တော်ရင်းနှီးခဲ့ ပါပြီ။
ညဘက်တွေမှာ သူတို့ အိမ်သွားပြီး တီဗီဇတ်လမ်းတွဲ ဝင်ကြည့် တာတို့ ၊စကားဝင်ပြောတာတို့ ထိ ဖြစ်လာခဲ့ ပြီ။
သူတို့  မိသားစုကလည်း ပွင့်လင်းကြပါသည်။ ကျွန်တော်သွားလည်ရင် တစ်ဝိုင်းတည်းထိုင်ပြီး စကားပြောကြ၏။
ကျွန်တော့်ရဲ့  မိဘတွေအကြောင်း၊ မောင်နှမအကြောင်း၊ အလုပ်အကြောင်း တစ်ခွန်းလေးတောင် မေးမလာကြ
ပါ ။ ဖိုင့် ရဲ့  ကိုယ်ရေးကိုယ်တာကိစ္စလို့  သဘောထားကြပုံရပါသည်။

တကယ်တမ်း ရင်းနှီးလာကြပြီဆိုတော့ ဖိုင်နဲ့ ကျွန်တော် ဘဝရည်မှန်းချက်တွေကို ဦးစားပေးပြီး ပြောကြပါသည်။
သူက ကျွန်တော့်ထက် နှစ်နှစ်လောက်ကြီးသည်။ ငယ်ငယ်ကတည်းက ဘန်ကောက် ရောက်နေတာဖြစ်ပြီး
ပင်ပင်ပန်းပန်း ဘဝကို ဖြတ်သန်းခဲ့ ရတယ်လို့  ပြောပါသည်။ ညီအစ်မ သုံးယောက်မှာ အကြီးဆုံး သမီးပါ။
အလတ်မက အိမ်ထောင်ကျနေပါသည်။ ကလေးနှစ်ယောက် ရနေပြီး သူတို့  နှစ်အိမ်ကျော်မှာ နေကြပါသည်။
ဖိုင်တို့  တစ်အိမ်သားလုံး အလုပ်လုပ်ကြပါသည်။

“ ကျွန်မက သမီးကြီးဖြစ်တော့  ... အိမ်ထောင်ကျလည်း မိဘကို တာဝန်ယူရမှာပါ၊ ခွဲသွားလို့  မဖြစ်ဘူ၊ ဒါ .. ထုံးစံ
ပါပဲလေ ”
“ ကောင်းပါတယ် ဖိုင်၊ ကျွန်တော်ကတော့  ပိုက်ဆံ ချမ်းသာချင်တယ်၊ လူကြီးလူကောင်း ဖြစ်ချင်တယ်”
“ ရှင်က .. ကုလား,လား ဟင် ..”
“ ဗုဒ္ဓဘာသာပါ ”
“ တကယ်လား ”
“ ဟုတ်ပါတယ် .. သူငယ်ချင်းတွေက မူဆလင်တွေပါ၊ ကျွန်တော်က ဗုဒ္ဓဘာသာ ”
“ ဖိုင်တို့  ဇာတိက ”
“ ဖနူရာ လူမျိုးပါ ”
“ စကားပြောတော့ ရော ”
“ ကွဲတယ်၊ နူရာ စကားကို အိမ်မှာ ကျွန်မနဲ့ အဖေနဲ့ ပဲ ပြောတယ်၊ အမေက နူရာ မဟုတ်ဘူး၊ မကိုင် တို့ ကလည်း
ဘန်ကောက်ရောက်တော့  ငယ်သေးတယ်လေ၊ ကျွန်မက ခုနှစ်နှစ်သမီးဆိုတော့  မှတ်မိတာပေါ့ ၊ သင်္ကြန်ဆို
သွားလည်ကြတယ်၊ ရှင် အားရင် လိုက်ခဲ့ ပါလား ”
“ တကယ်လား ”
“ တကယ်ပေါ့ ရှင် ... လောင်းလို့ ရတယ်နော်၊ ကျွန်မ တကယ်ပြောတာ၊ စက်ရုံက သူငယ်ချင်းတွေလည်း ခဏ
ခဏလိုက်လည်တယ်၊ ဟိုမှာ ချောင်းရှိတယ်၊ သူစိမ်ျးေတွတော့  ရေမကူးဝံ့ ဘူး၊ သူက .. ဘယ်လိုပြောမလဲ ”
“ ကျွန်တော် သိပါတယ် .. သေလိမ့် မယ် မဟုတ်လား ”
“ ဟုတ်တယ် ... အဲဒီလို ပြောကြတာပဲ ”
“ ဖိုင် ”
“ ရှင် ”
“ ကျွန်တော်တို့  ဆီကိုရော ဖိုင် လိုက်ရဲလား ”
“ ဟင်း ..ဟင်း ”
“ တီဗွီသတင်းတွေ ကြည့်ပြီး ဖိုင် လန့် နေတယ်ပေါ့  ... ဟုတ်တယ်မဟုတ်လား၊ မြို့ ပေါ်မှာ တကယ်အေးချမ်းပါ
တယ်၊ ကျွန်တော်နေတာ မြို့ တော်မှာ နေတာပါ ”
သူက ကျွန်တော်ပြောတာကို စိတ်ဝင်တစား နားထောင်ပါသည်။
“ တီဗွီလိုင်းတွေမှာ ပြလိုက်ရင် မကောင်းတာတွေချဉ်းပဲ။ အဲ့ ဒါတွေက နယ်စပ်တွေမှာ လိုက်ရိုက်ထားတာပါ၊
မြို့ ပေါ်မှာ ဒီလိုမဟုတ်ဘူး၊ မြန်မာတွေဟာ လူကောင်းတွေပါ ဖိုင် ”
“ ရှင်က ဘင်္ဂလားဒေ့ ရှ် မဟုတ်ဘူးလား ”
“ မဟုတ်ဘူး ... ကျွန်တော် မြန်မာပါ၊ ဘင်္ဂလားဒေ့ ရှ်တွေနဲ့  အတူနေရုံသက်သက်ပါ ”
“ ရှင်က စကားပြော ကောင်းတယ်နော်၊ မိန်းခလေးတွေ သဘောကျမှာပါ ”
“ ဖိုင် ထင်လို့ ပါ ... ကျွန်တော် စကားပြောတာ ထိုင်းလို မပီဘူးမဟုတ်လား ”
“ အင်း ... နားထောင်လို့ တော့  ရပါတယ်၊ သိပ်တော့  မပီဘူး ”
“ ဖိုင် သငါပေးလေ ”
“ ရပါတယ်ရှင် ... ရပါတယ် ”

ဖိုင်နဲ့  ကျွန်တော် ရင်းနှီးလာကြပေမယ့် သူ့ နယ်၊ ကိုယ့်နယ် လုရင်း လေးလကျော်လာသည့်တိုင် ပွဲက သရေပဲ
ဖြစ်နေပါသည်။ ညစဉ် ညစဉ် ကွေ့ တယို ထွက်စားလိုက်၊ ထိုင်းခေါက်ဆွဲကျော် ထွက်စားလိုက်။ စနေနေ့ ညဆိုရင်
လမ်းထိပ်က ပိတ်ကားထောင် ရုပ်ရှင်ကို သွားကြည့်ဖြစ်ကြပါသည်။ မြို့ ထဲကို တနင်္ဂနွေ ရှော့ ပင် ထွက်တာလည်း
ရှိသည်။ ဒါပေမဲ့  နယ်လုပွဲကတော့  သရေဖြစ်နေလျက်ပင်။

ကျွန်တော် သူ့ မိသားစုထဲ ဝင်လို့ မဖြစ်ပါ။ သူကလည်း သူ့ မိသားစုကို မခွဲနိုင်ပါ။ သူ့ အဖေက ကျွန်တော်တကယ်
သူတို့ နဲ့  နေမယ်ဆိုရင်၊ သူတို့ နယ်မှာ မှတ်ပုံတင်ရအောင် ကြိုးစားပေးမယ်လို့  ပြောပါသည်။ ထိုင်းမှတ်ပုံတင် ရဖို့ ဆိုတာ အမတန် ခက်ခဲမှန်း ကျွန်တော်သိပါသည်။ ဒါပေမယ့် ကျွန်တော်မှ မလိုချင်ပဲ။ ဖိုင့်ကို ကျွန်တော်
မြန်မာအဖြစ်နှင့်သာ လက်တွဲချင်သည်။

တကယ်ယူမယ်ဆိုရင် မြန်မာပြည်ပြန်ပြီး ပတ်(စ)ပို့ လုပ်မည်။ ထိုင်းကို ပြန်လာပြီး လက်ထပ်မည်။ မြန်မာလူမျိုး
အနေနှင့်သာ လက်ထပ်မည်။ ထိုင်းလူဝင်မှုဥပဒေအတိုင်း ဗီဇာနှင့် နေမည်။ ဒါက ကျွန်တော့်ရဲ့  လိုက်လျောမှု။
ဖိုင်က လက်မခံပါ။ သားသမီး ရလာလျှင် ပြဿနာ များမည်၊ ကလေးတွေ ဒုက္ခရောက်မည်၊ အခွင့် အရေးတွေ
ဆုံးရှုံးမည်၊ ပြီးတော့  ကျွန်တော် ပြဿနာပေါ်ရင် အဖမ်းခံရမှာကြောက်သည်။ ထိုင်းတီဗီတွေထဲမှာ နယ်စပ်ပြန်
ပို့ ခံရသည့်  ပြင်ပနိုင်ငံသားတွေအကြောင်းက ပေါ်လစီလိုလုပ်ပြီး လွှင့် ပြနေပါသည်။ လက်ကလေးတွေ နောက်
ပစ်၊ အထုပ်ကလေးတွေ ဆွဲပြီး နယ်စပ်ဂိတ်ကို လျှောက်ဝင်သွားကြသည့်  ပြန်အပို့ ခံလူတွေကို မြင်နေရတာကိုး။

ကျွန်တော့်ကို လေဖင်ခေါင်းကျယ်လွန်းသည်ဟု အီစွတ်တို့ က သတ်မှတ်လာကြပါသည်။
“ မင်းကလည်း ... သူတို့ ရွာမှာ သုံးနှစ်လောက်သွားနေလိုက်ရင် ပြီးတာပဲ၊ နောက်မှ ပြန်လာပေါ့ ”
“ ဘာလို့  နေရမှာလဲ ... ကျွန်တော် ထိုင်း ဘယ်တော့ မှ မလုပ်ဘူး၊ ယူချင်မှ ယူပေါ့ ဗျာ ”
“ ရူးပါ့ ကွာ ... ဖင်ခေါင်းကျယ်နေပြန်ပြီ”

အဖြစ်မှန်ကို ဘယ်သူမှ ကိုယ်ချင်းမစာနိုင်ကြသလို ကျွန်တော့်ရဲ့  ဘယ်တော့ မှ ထိုင်းလူမျိုး မလုပ်ချင်တဲ့ 
ခံယူချက်ကိုလည်း သူတို့  နားမလည်နိုင်ကြပေ။ ဒါဟာ ဘဝတစ်ခုလုံးနဲ့  ဆိုင်တဲ့  ဆုံးဖြတ်ချက်ဖြစ်နေတာကို
သူတို့  အမှန်အတိုင်း မစဉ်းစားနိုင်ခြင်းလည်းဖြစ်ပါသည်။ လတ်တလော ဒုက္ခတွေကို ဖြေရှင်းမှာလား၊ ဘဝပါ
ရင်းပြီး မြှပ်နှံမှာလား ဆိုတာကိုလည်း သူတို့  သဘောမပေါက်ကြပါပေ။

ဘင်္ဂလားဒေ့ ရှ် ပတ်(စ)ပို့  ကိုင်ထားတာဟာလည်း တကယ် လ.ဝ.က ရောက်ရင် မြန်မာဟာ မြန်မာ ဖြစ်သွား
မည်ဖြစ်ပါသည်။ လိမ်လို့  မရနိုင်ပါ ။ ရဲ ကတော့  ဒီလောက်ထိ လိုက်ပြီးလုပ်မနေ။ ဖမ်းချင်ရင် အချိန်မရွေး
ဖမ်းလို့  ရပါသည်။ ရိုးရိုးသားသား လုပ်စားနေတာမြင်လို့  ဥပေက္ခာပြုထားခြင်းဖြစ်သည်။ ဒီလိုအချေအနေကနေ
ပြဿနာ ဖြစ်လာခဲ့ စေဦး။ နယ်စပ် ပြန်ပို့ ခံရရုံသာ။ ဘဝဖြင့်  ရင်းစရာ မလိုလှပါ။

ပြီးတော့  ထိုင်းမှာ အိမ်ထောင်ကျသွားသည့်  မြန်မာတွေကို မြင်တိုင်း ကျွန်တော် အားကျတဲ့ စိတ်မျိုး မဖြစ်မိပေ။
အဘိုင်ကြီးကို ကြည့်ရင် သိနိုင်သည်။ ကုမဏ္ဏီရဲ့  မန်နေဂျာဆိုတာ မှန်ပါရဲ့ ၊ တကယ်တန်းကျတော့  သူ့ မိသားစု
ရဲ့  စားဝတ်နေရေးကို အသည်းအသန် လုပ်နေရသည်။ ကလေးတစ်ယောက်ရထားသည်။ ထိုကလေးရဲ့  ကျန်းမာ
ရေး၊ ပညာရေးနှင့်  သူတို့ လင်မယား လူလူသူသူ နေနိုင်ရေးအတွက် ကြိုးစားနေရပါသည်။ မြန်မာပြည်ကို ဘာမှ
အထောက်အကူ မပြုနိုင်ပေ။ ဒီမှာပဲ အချိန်တွေကုန်ပြီး ဘဝကိုနစ်မျောသွားနေသည်။ ဒါဟာ အားကျစရာမှ
မဟုတ်တာ။ ကြီးပွားသွားတာမှ မဟုတ်တာ။ လူကြားကောင်းရုံ သက်သက်ပင်။ ကိုယ့်ဘဝတစ်ခုလုံး နစ်မြှပ်သွား
တာပဲ အဖတ်တင်ပါသည်။

တကယ်လို့  ကျွန်တော် သူ့ လိုနေသွားဖို့  ရည်ရွယ်ချက် ရှိရင်တော့  ဟုတ်တာပေါ့ ။ ဒါပေမယ့်  ကျွန်တော့် ရည်
ရွယ်ချက်က ဒီလိုမဟုတ်ပါ။ ငွေများများ ရှာမယ်၊ အိမ်ပို့ မယ်၊ မြန်မာပြည်ရောက်ရင် ကားဝယ်စီးမယ်၊ တိုက်တွေ
ဘာတွေ ဝယ်မယ်၊ ဒီလိုရည်ရွယ်ထားတာဖြစ်ပါသည်။ ထိုင်းမှာ လက်လုပ်လက်စားဘဝနဲ့  ငွေရှာလို့ ရတာ
မှန်ပါသည်။ လူလူသူသူ နေနိုင်အောင် ရတာမျိုး မဟုတ်ပါ။

မှန်တာပြောရလျှင် ဖိုင် ဟာ ကျွန်တော့်ထက် နိမ့် ကျပါသည်။ မိသားစု တစ်ခုလုံးနဲ့  နှိုင်းယှဉ်ပြီးရော၊ ဘဝ ဖြတ်
သန်းလာပုံအရရော၊ လက်ရှိ အချေအနေအရပါ ချိန်ထိုး၍ ပြောခြင်းဖြစ်ပါသည်။ ကျွန်တော်တို့  မိသားစုက
ဖိုင်တို့ လို ရုန်းကန်လှုပ်ရှားနေရသူတွေ မဟုတ်ပါ။

ကျွန်တော်သင်ခဲ့ ရသည့် ပညာတွေ၊ ကျွန်တော့်ဘဝ အချေအနေတွေ၊ နောင်ဆက်လက်သွားမယ့်  ပန်းတိုင်တွေ
ဟာ ဖိုင့် လိုမဟုတ်။ ဖိုင် ဟာ နှစ်ပေါင်းများစွာ အလုပ်သမားဘဝနဲ့  ကျင်လည်သွားဖို့ ကလွဲရင် ဘာမှ စဉ်းစား
ထားတာမဟုတ်။ ကျွန်တော်က ကြီးပွားဖို့  လမ်းစ ရှာနေသူ။ လက်လုပ်လက်စားဘဝထဲ ရောက်နေပေမယ့်
ဒီဘဝဟာ ကျွန်တော့်အတွက် ယာယီသဘောမျှပင်။

ကျွန်တော်လေဖင်ဂေါင်းကျယ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ တကယ်လည်း ကျွန်တော် ဖိုင့် ဘဝထဲ မသွား
နိုင်ပါ။

သံယောဇဉ်တော့  ပိုခဲ့ ကြပါသည်။
ဖြစ်ရပ်တွေက ထပ်ခါထပ်ခါ တွယ်တာကြဖို့ ဖန်လာကြ၍ဖြစ်သည်။

မှတ်မှတ်ရရ ကျွန်တော်နှင့်  သန့် စင်ကို ရဲ ဖမ်းသေးသည်။ တကယ်တန်း လာဖမ်းတာက “ ရားမား ” ရောင်းတဲ့ 
သူကိုပါ။ ဒါပေမဲ့  မမိခဲ့ ကြ။ ကျွန်တော်နဲ့  သန့် စင်က ရုပ်ရှင်သွားကြည့်ဖို့  ညခုနှစ်နာရီမှာ နောက်ဖေးလမ်းကြား
ကတစ်ဆင့်  လမ်း ၁၂၀ ထဲ လျှောက်ဝင်လာကြသည်။ အဲ့ ဒီမှာပဲ ကင်းပုန်းကျနေသည့်  ရဲ နှင့်ပက်ပင်းတိုးတော့ 
သည်။ မေးတာက သန့် စင်ကို စ မေးခြင်းဖြစ်သည်။ စနူကာသွားထိုးမယ်လို့ သန့် စင်ကဖြေတော့  မှတ်ပုံတင်
တောင်းသည်။ ပါမလာဘူးဆိုတော့  မြန်မာမှန်းသိသွားပြီး ဖမ်းပါတော့ သည်။ ကျွန်တော့် ကိုတော့  ဘာမှမမေး
သေးပေမယ့် တစ်ခါက နယ်စပ်မှာ ကျွန်တော့် အတွက် သန့် စင်ပါလိုက်အဖမ်းခံခဲ့ တာကို သတိရမိသွားပါသည်။
ဒါကြောင့်  ကျွန်တော်ပြန်လှည့် လာပြီး ရဲ နှင့် စကားပြောပါသည်။ ကျွန်တော်ပြောတာကို ရဲက နားမလည်ပါ။
သန့် စင် ရှင်းပြမှ ဟန်ကျသွား၏။

“ ဒီမှာ ကျွန်တော်တို့  အစ်မ ရှိတယ်။ သူ့ ဆီမှာ ပိုက်ဆံသွားယူပြီး ရွေးခိုင်းမယ် ” ဆိုတော့  ရဲ က သဘောတူ၏။
ဘတ်နှစ်ထောင်တောင်းသည်။ ကျွန်တော်တို့ ကို ဆိုင်ကယ်နှင့်  တင်ခေါ်လာတော့ “ ဖိုင် ” တို့ အိမ်ကို မောင်း
ခိုင်းလိုက်ပါသည်။ ကျွန်တော်တို့ ကို ရဲ တွေနဲ့  ဝင်လာတော့  တစ်လမ်းလုံး ထွက်လာကြတော့ သည်။

နောက်တော့  ဘတ်ရှစ်ရာဖြင့် ဈေးတည့် ပြီး လမ်းထိပ်ကို ပြန်ခေါ်သွားပြီးမှ လွှတ်ပေးပါတော့ သည်။ ရိုးရိုးသား
သားလုပ်စားနေကြမှန်းသိလို့  လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ နောက်တစ်နေ့ မှာ သန့် စင်ကို ရဲ က အလုပ်တောင်
သွားသွင်းပေးခဲ့ ပါသည်။ စက်ရုံမှာ မလုပ်ချင်တဲ့  သန့် စင်က နောက်မှ လုပ်ပါ့ မယ်ဟု ကတိပေးလိုက်ရပါသည်။
သူက ကျွန်တော့် ညီမို့ လို့  လေဖင်ခေါင်း ခပ်ကျယ်ကျယ် မဟုတ်လား ။


မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။

...................................................................................................................

( ဆက်ရန် )





9 comments:

Anonymous said...

အင်း...ကိုထွေးရဲ့ စိတ်ဓာတ်ကို ဒီပို့ စ်မှာလေးစားသွားပြီ။ အရင်ပို့ စ်တွေမှာ လေနေတာတွေ့ တော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးက မစွန့် ဘူးဆိုတဲ့စိတ်ဓာတ်ကို ကြိုက်သွားပြီ။ ဒါကြောင့် ကွန်မန့် ရေးလေ ရေးထ မရှိပဲနဲ့  ရေးလိုက်တာပါ။ ဆက်ရေးပါခင်ဗျာ၊စောင့်မျှော်ဖတ်နေပါတယ်။

sosegado said...

ပိုစိတ်ဝင်စားလာပါသည်၊ ဖိုင်တို့ကိုင်တို့ပါလာလို့၊
ဘယ်သူတွေနဲ့ပဲနေနေ၊ ဘယ်နေရာမှာပဲ နေနေ မြန်မာလို့ပြောတာ နောက် ကိုထွေးရဲ့အတွေးကို သဘောကျမိပါသည်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်နော်
တော်တန်ရုံစိတ်နဲ့သာဆို ထိုင်းမ ချောချောလေးကို ယူလိုက်ကြမဲ့သူတွေများတယ်
ကိုထွေးစိတ်ဓာတ်က ချီးကျူးစရာ
တစ်ခန်းထက်တစ်ခန်း ပိုပိုစိတ်ဝင်စားလာတယ်
ကိုအဖြူလေး.....
ကောင်းတယ်ဗျို့..

Angelhlaing(May everybody be happy and healthy! said...

အကိုရေ...စိတ်ဝင်စားဖို့ကောင်းလို့
စောင့်မျှော်လျှက်ပါအကို
ကောင်းသောနေ့လေးဖြစ်ပါစေ။

...အလင်းစက်များ said...

အဲ့သာပဲ... မြန်မာနဲ့  ထိုင်း ဘာကွာလဲမေးရင် အဲ့သာကွာတယ်လို့ ပဲဖြေမယ်.. (အကုန်လုံးတော့ မဟုတ်နိုင်)

သူတို့ တွေက (ကျနော်ကြုံရသလောက်) ရေရှည်ကိုသိပ်မစဉ်းစား၊ ခဏဘ၀ကိုပဲ စဉ်းစားတတ်ကြသည်။

ပညာတတ်သူများကျတော့ သိပ်ကိုလည်လွန်းသည်။ အောက်ခြေများက ပျော်မယ် ပါးမယ် ကလွဲလို့  ကျန်တာ သိပ်မပူပန်နေတတ်ဘူး။

ဖမာ့အတော်များများက ယူပြီးဘယ်လိုနေ၊ ဘယ်မှာ အိမ်ဆောက်၊ ဘယ်အလုပ်နဲ့  အခြေချ၊ သားသမီးတွေကို ဘယ်လို ပညာသင်ပေးမယ် စသည်ဖြင့် မယူခင်ကထည်းက ကြိုစဉ်းစားတတ်ကြပါတယ်။ ဟုတ်တယ်ဟုတ်..။

ဖတ်လို့ အတော်ကောင်းတယ်ဗျာ...

ပေါ့ဆိမ့် said...

အဟီး ကျွန်တော်လည်း အရောက်အပေါက်နည်းနေတာနဲ့ မရောက်ဖြစ်ဘူး.. ကိုကျော်ရေးထားတာလားလို့ ဆက်တိုက်ဖတ်လာတာ အောက်နားမှ သိလိုက်ရတယ်။ အဆက်လည်း လာဖတ်ရဦးမယ်..

blackcoffee said...

ကိုထွေးကို ကိုယ်ချင်းစာပါတယ်ဗျာ...
တချို့ လူတွေက နိုင်ငံခြားသူကို ယူနိုင်ရင် အထင်ကြီးကြပါတယ်။ ဒါပေမယ့် သူစိမ်းတွေ ကြားမှာ နေရမယ့် ဒုက္ခက မသေးဘူးဆိုတာ သူတို့ တွေ နားမလည်နိုင်ပါဘူးလေ။ တကယ်တော့ မြန်မာဟာ မြန်မာပါဘဲလေ...

ကိုဇော် said...

ကိုထွေးရဲ့ အဲဒီပုံစံအတိုင်းလေးပဲ တကယ်ကို ကိုယ်တွေ့ ကြုံခဲ့ဖူးပါတယ်။ ဒီလိုပဲ ငြင်းခဲ့ဖူးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံကိုတော့ ချစ်နေဆဲပါပဲ။

IDIOT-Ki said...

ကိုထွေးလို လူ ကတော့ ခုခေတ်မှာ ရှားပါးနေပြီထင်ပါတယ် ။ ယောကျာင်္းလေးတွေရဲ့  စိတ်ဓါတ်ကိုပြောတာပါ ။

ကိုထွေး နေရာမှာ ကိုကျော် ဆိုရင် ရော..ဘယ်လို ဆုံးဖြတ် မလည်း လို့  တွေးမိလိုက်တယ် ..း))
( မဟေသီ ရှိနေပြီး မဟုတ်ရင်ပေါ့လေ .. )