Sunday, February 14, 2010

လေပွေ

အလုပ်သိမ်းတိုင်း ၊ အလုပ် ဆင်းတိုင်း အိမ်ကို မပြန်ခဲ့ ချင်သည်မှာ ကြာခဲ့ ပါပြီ။
စာကိုလည်း မရေးခဲ့ ချင်လို့  ၊မရေးဖြစ်ခဲ့ မိပေမဲ့  ကိုယ့် ရဲ့  ပို့ (စ) အဟောင်း လေးကို ပဲ နေ့ စဉ် ပြန်ဝင်
ကြည့် ကြည့်  ဖြစ်နေခဲ့  သည်မှာလည်း ကြာခဲ့ ပါပြီ။ မိတ်ဆွေ တစ်ယောက် ၏ မရေးတာ ကြာလို့  လှန်းအော်
နှုတ်ဆက် လိုက်တော့ မှ “ အနှိုင်းမဲ့  ” ကိုညှစ် ပြီး ရေးဖြစ်ပါတော့ သည်။

ကိုယ့် ပို့ (စ) လေးကို “ ကလစ်” လုပ် လိုက်တိုင်း ထိပ်ဆုံး ခေါင်းစည်းက ပိတောက် ပန်းကလေး တွေက အမြဲ
အသက် ဝင် နေခဲ့ သလို ပါပဲ။ သေသေ ချာချာ ကြည့် မိလာလေ လေယူရာ မှာပဲ ယိမ်းနွဲ့  လို့  လာလေ ဟုလည်း
ထင်မြင်လာ မိခဲ့ တာက လည်း အကြိမ် ကြိမ် ပါ။

မိတ်ဆွေ တစ်ချို့ က ယောက်ျား တစ်ယောက်ရေးသော ဘလော့ တစ်ခုမှာ မိန်းမ ဆန်သည့်  သည် ပိတောက်
ခေါင်းစည်း လုပ်ထားခြင်းကို မလျော် မသင့်  ဟု ဝေဖန် ထောက်ပြ နေသော်လည်း ကိုယ့်  အမြင် ကတော့ 
လောက ထဲ လူတွေကြားထဲ အမြဲတန်းပဲ မကြာခဏ ပျောက်ဆုံး နေတတ်သည့်  သစ္စာ တရား ကို တစ်နှစ်
တစ်ခါ ပဲ သူပွင့် ချိန်ရောက်လာတိုင်း အချိန်မှန် မပျက်မကွက် ပွင့် ပွင့်  ပေးနေတတ်သည့်  သည်ပိတောက်လေး
၏ ချစ်စဖွယ် စရိုက်လေးကိုနှင့်  မမြဲတတ်လွန်း သည့်  သစ္စာတရားအား နှိုင်းယှဉ် ထောက်ပြချင်သည့်  ဆန္ဒလေး
တစ်ခု ကြောင့် သာပါ ဟု ကိုယ့် ကိုယ် ကို ရိုး ရှင်းစွာ ပဲ အကြိမ်ကြိမ် ဝင်ခံ နေမိပါတော့ သည်လို့  ။


လူဆိုတာ ကလည်း ကိုယ့် စိတ်ကူးနှင့် ကိုယ် ရူး နေတတ်သူတွေပါပဲ။
သည်တရုပ်နှစ်ကူးရက်တွေမှာတော့  ဘယ်မှ မထွက် ဖြစ်တော့ ပဲ ပို့ (စ) လေးတစ်ပုဒ် တော့  ကြိုးစား ရေး
ကြည့်  ဦးမှပဲ ဟု စိတ်ပိုင်းဖြတ်ပြီး စက်ရှေ့  လေး ထိုင်ဖြစ်လိုက်ပြီ ဆိုရင်ပဲ ဖေ့ (စ) ဘုတ် ထဲက ကဖေးဝါး(လ်)
ကို အရင်ဦးဆုံးပဲ သွားသွား “ကလစ်” နေမိနေတော့ သည်။

ကိုယ့်  ကော်ဖီ ဆိုင်ကလေးထဲမှာ ဝင်လာသမျှသော ပရိတ်သတ်ကြီးနှင့်  မီးဖို တွေပေါ်မှ အငွေ့  တစ်ထောင်း
ထောင်း ထ ပြီးနေသော ဟင်းအမယ်အမျိုးမျိုး ကို စူးစိုက် ကြည့် မိရင်းက စဉ်းစား မိတာက ကိုယ် သောက်ချင်
သည့်  ကော်ဖီ တစ်ခွက် ထဲကိုပါ။

ကဖေးဝါး(လ်) လေး ကို အောက် အသာစွဲချ ကော်ဖီခါးခါး တစ်ခွက်ကို ထဖျော် သောက်ပြီး ဘယ်လို စ ၍
ဘယ်လို ဆုံးရ မည်မှန်း မသိသေးသော ရေးလက်စ ပို့ (စ) လေးကို ဇွတ်အတင်း ပဲ ပြန်ဝင် ရပါတော့ သည်။
တရုပ်နှစ်ကူး ရောက်တိုင်း တနှစ်တာ သုံးစွဲ ခဲ့ ကြသော နှစ်ဟောင်း က ပစ္စည်း တွေ အားလုံးကို နှစ်သစ် မှာ
ဆက် အပါမခံပဲ သည်နေ့  တွင် စွန့် ပစ်ကြရစမြဲ မို့  ကျွန်တော်လဲ အခန်းတစ်ခုလုံး သန့် ရှင်းရေး လုပ်၍ ဘာ
ပစ္စည်းတွေ ပစ်ရပါ့  မလဲ ဟု တနေကုန် အောင်စဉ်းစား နေမိတော့ သည်။

အောက်ဖက် လမ်းမကြီး ပေါ်မှ တနေကုန်အောင် မကြာခဏ လာလာ နေတတ်သော အမှိုက်ကား အသံ တို့ ကို
နာခံ နေမိရင်း စဉ်းစား လာမိတာက တကယ်ပဲ စွန့် ပစ်၊ လွှတ် ပစ် ရ မှာက တနှစ် လုံးပဲ တစ်စိုစို လွမ်းနေတတ်
ပြီး ဘယ်လိုမှ အသုံးမကျ တော့ သည့်  သုံးလို့ ကို မရတော့ သည့်  ကိုယ့်  နှလုံးသားကိုပါ။

တကယ်ပဲ လဲရတော့ မည့်  နှလုံးသားကြီးကို ပါ။
အပြင်က တဗြောင်းဗြောင်း သော ဗျောက်အိုးဖောက်သံ နှင့်  ရမ်းငွေ့ တို့ က ကိုယ့် ရင်ထဲက တငွေ့ ငွေ့  လောင်မြိုက် ပြီး ညှော် နေသော နှလုံး သား၏ ညှော်နံ့  ကို မလွှမ်းမိုး နိုင်ဟု ဆိုရလျှင် လွန်အံ့  မထင်ပါလို့ ။

သည် ညှော်နေသည့်  နှလုံးသားနှင့်  ကိုယ်က ခွဲမရအောင် တွဲ နေသမို့  ခွဲ ပြီး ပစ်မရတော့ မဲ့  အတူတူ
ကိုယ့် ဖာ ကိုယ်ပဲ အမှိုက်ကား ပေါ် တက်လိုက်သွားတာ ကောင်းပါတယ် ဆိုပြန် တော့ လဲ မိတ်ဆွေ တစ်ယောက်
က “ အမှိုက်ကားကြီး လေးနေတော့ မှာပေါ့ နော် ” ဟု သတိ ပေးပြန်ပါသည်။

ဘဝ က အမှိုက်ကား ကတောင် လက်မခံ ချင်တော့ သည့် ဘဝမို့  မောင်သန်းရွှေ တို့ နှင့်  ဘဝချင်း တူနေပြီဟု
ပင် ဝမ်းနဲ စွာပဲ တွေးနေမိပြန်ပါသည်။ သူလဲ မြေ မရှိ၊ ကိုယ်လဲ မြေ မရှိ ။

ဒါကြောင့် မို့ လဲ ကိုယ့်  ဖေ့ (စ) ဘုတ် ထဲက လယ်ရွာ လေးကို ပျင်းပျင်းနှင့်  ပြန်ဝင် ကြည့် ပြန်တော့  ပျင်းလို့ 
လယ်ထဲ ဆင်းကာမှ လယ်ထဲဆင်းမှ ပိုပျင်း လာတော့ သည်။ ဆော့ ရင်းနဲ့  ပျင်း ၊ ပျင်းရင်းနဲ့ ဆော့  ၊ ရေးရင်းနဲ့ 
ပျင်း ပျင်းရင်းနဲ့  ရေး အို... လုံးလည် ချာလည် လိုက်နေတော့ တာ ပါ။

တစ်ခြား သော ဘလော့  တွေထဲ လျှောက် သွား မိပြန် ပါသော်လည်း နှလုံးသားကြီးက မပါပဲ ကျန်ခဲ့ ပြန်သမို့ 
မဖတ်မိ၊ မမန့်  မိခဲ့ ပြန်ပါလေ ။

နောက်ဆုံးတော့  ကိုယ်စဉ်းစားမိတာက သည်နှစ်ကူးမှာ အသစ် အထူးတွေ မတင်ဖြစ်တော့ ပဲ တဖြစ် ထူးပြီး
ရူးရူး လာတာက အော်... ကိုယ့်  အချစ်ဦး အတွက် ရူး နေခြင်း ပါပဲလို့ .....။

.................................................................

( ရူး လို့ ရေးမိတာပါ၊ ရေးရင်းနဲ့ ရူး ရူးရင်း နဲ့  ရေး ဒါပါပဲ...လို့  )

13 comments:

kiki said...

ဟယ်.. နှစ်သစ်ကူးမှာ မုန့် လေပွေ နဲ့  လာတိုးနေပြီ ..
အမှိုက်ကားကြီး လေးနေမယ် ဆိုတာက သူ့ အပေါ်တကယ့်
အမှိုက်ပဲ ပစ်စေချင်လို့ပါ..
တကတည်း အယူလွဲ နေလိုက်တာ..

ဖေ့စ်ဘုတ်ထဲမှာ လည်း ဟင်းချက် ..
အပြင်မှာလည်း ဟင်းချက် ကျွေးအုံး..

ဟုတ်တော့လည်းဟုတ်သား..
ီဒီတရုပ်နှစ်ကူးကြီးက အတော် ပျင်းစရာကောင်းတယ် ..
စားစရာများပြီး စားချင်စရာ ရှားနေတာ .
သွားလည် မလို့ တောင် အစီအစဉ် ပြောင်းပြီ .. ဒီညမှ ၁ရက်ခရီးပဲ ထွက်ရတော့မယ် လေ..

မြစ်ကျိုးအင်း said...

စိတ်ထိန်းဗျ
ကြက်အသည်းမြစ်လေးချက် အုန်းထမင်းလေးနဲ့ တီးကြစို့လေ ။ အစိမ်ရောင် တုတ်ကောက်လေး လည်း ကျန်သေးတယ်မဟုတ်လား။
ရောက်တဲ့ဘဝမှာ ပျော်ပျော်ပေါ့
အလိုက်သင့်လေး ကူးကြစို့

မြတ်မွန် said...

အကိုရေ..အားမငယ်ပါနဲ့နော်..
ရယ်လည်းရယ်ရ.. သနားစရာကလည်းကောင်း..
ရသစုံလင်ပါတယ် အကိုရေ..
အကို အမှိုက်ကားပေါ်တော့ တက်မသွားနဲ့နော်..။
အမှိုက်ကားက လူမတင်ဘူးတဲ့..:P။
ရှင်းနယန်ခွိုက်လာ့..။

mysterysnow said...

မုန့်လေပွေပို့စ်ကိုလာဖတ်သွားတယ်နော်...
လယ်ကိုစွန့်ထားတာတော့ကြာပီ...
သတိရရင်တော့ ပြန်သွားချောင်းတယ်..
ကော်ဖီဆိုင်တော့ ဖွင့်သေးဘူး..
ပျော်အောင်နေနော်...
ဒီနေ့က ပျော်ရမယ့်နေ့ ....
အမှိုက်ကားကို ခဏမေ့ထားလိုက်တော့..

နှင်းနဲ့မာယာ

အနော် said...

ပိတောက်ပန်းလေးတွေနဲ့ ဘလော့ပိုင်ရှင်ရေ ပိတောက်ပန်းတွေ ပွင့်တော့မယ့်အချိန်ကို ရောက်ဖို့ နီးလာပြန်ပီနော်
အဲ့ဒီအခါကျရင်လဲ လွမ်းရဦးမယ်လေ
လွမ်းလို့သာ နှလုံးသားကိုလွှင့်ပစ်ရစတမ်းဆို အကိုရေ နှလုံးသားအသစ်တွေ ထုတ်လုပ်တဲ့စက်ရုံတွေ ဂျမ်းဖြစ်ကုန်တော့မယ် ဒီလိုပါပဲ လွမ်းရင်းနဲ့ နေဝင် လွမ်းရင်းနဲ့ နေထွက် တစ်နေ့မပြတ် လွမ်းနေလဲ ဒီနှလုံးသားနဲ့ ဒီဘဝဟာ ဒီတစ်သက်တာ အတူမခွဲနေရမှာမို့ နှလုံးသားကို အမှိုက်ကားပေါ်မပစ်ဘဲ အလွမ်းတွေကို လွမ်းလိုက် အမှိုက်ပုံးထဲ ပစ်လိုက်သာ လုပ်ပါတော့ အကိုရေ

ပေါ့ဆိမ့် said...

မင်္ဂလာနှစ်ကူး ဖြစ်ပါစေ။
ပိတောက်တွေလည်း အသက်ဝင်တော့မယ်ဗျာ။ မနေ့ကဆိုတာလည်း ကျန်ခဲ့ပြီ မနက်ဖန်ကလည်း မသေချာဘူးလေ အကောင်းဆုံးကတော့ ဒီနေ့ဘဲ စိတ်ချမ်းသာစရာတွေတွေး ပြီး အကောင်းဆုံးတွေ လုပ်နိုင်ပါစေ...

လင်းကြယ်ဖြူ said...

ပိတောက်ပန်းတွေ က သစ္စာရှိပါတယ်...
သူများတွေသန့်ရှင်းအောင် ကိုယ်တိုင် အညစ်ခံရင်း ပေးဆပ်နေတဲ့ အမှိုက်ကားကလည်းသူ့နေရာနဲ့သူ အရေးပါတာပါပဲ..
ကိုယ့်ဘ၀ဆိုတာလည်း ကိုယ်နဲ့ သက်ဆိုင်သူတွေ အတွက် အဓိကဇာတ်ကောင်ပါပဲ...
ဒီတော့..................
အားလုံးအဆင်ပြေရင်း
ပျော်ပါစေ ဘော်ဒါရေ
*.*.*

Flower said...

နှစ်ကူးမှာ ရူးတာလည်းရူးပေါ့..
ထူးခြားတာလေးတွေလည်း ရှိရင်လည်း ရေးပါဦး
စာရေးကောင်းတယ်ဆိုတာ အမှန်အတိုင်း ၀န်ခံသွားတာပါ..
အသစ်တွေစောင့်ဖတ်ပါဦးမယ်..

SHWE ZIN U said...

အမယ်လေး လက်စသတ်တော့ သူက လွမ်းနေတာပါလား တိုင်ပြောလိုက်မယ်နော်
ပျော်ပျော်ပေါ့ ဗျာ တဘဝ မဟုတ် တဘဝတော့ ဆုံစည်း ရမှာပေါ့..ကိုမျှစ်ချိုးက အစိမ်းရောက်ဒုတ်ကောက်လေး တဲ့..

ခင်တဲ့

ရွှေစင်

ညလင်းအိမ် said...

အမှိုက်ကားပေါ်တော့ လိုက်မသွားပါနဲ့ဗျာ...
မကောင်းပါဘူး..အဟီး

ပိတောက်သစ္စာက ခိုင်မြဲတယ်ဆိုတာတော့
ထောက်ခံတယ်ဗျို့...

ခြေလှမ်းသစ် said...

ညှစ်ထုတ်လိုက်တဲ့ ပိုစ့်လေးက အနှစ်တွေနဲ့မို့ ဒီနှစ်သစ် ကူးမှာ အချစ်ရူးလေး မဖြစ်ပါစေနဲ့လို့ ...

khun said...

ခွန်က ပိတောက်ပန်းထက်
နာမည်ကိုတွေ့တွေ့ချင်း ညီမလေးလား
အစ်မကြီးလား လို့ထင်လိုက်မိတာ....ဟဲ
စိတ်မဆိုးပါနဲ့နော်...
blogလည်း ပျင်းလို့ရေး ရေးရင်းနဲ့ပျင်း
FB လည်းပျင်းလို့ဆော့ ဆော့ရင်းနဲ့ပျင်း
ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး...

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

~ဏီလင်းညို~ said...

အချစ်ဦးအတွက် ရူးနေခဲ့ရတာကိုး....း)
ပျော်ပါစေဗျား.....
ခင်မင်တဲ့
ဏီလင်းညို