Tuesday, May 25, 2010

“ တစ်စိတ်” ကလေးပဲ ဖြစ်ချင်သည်။

တိမ်ခိုး တို့ က မြူ ခိုး ၊ တောင်ခိုး တို့ နှင့်  ရော ထွေး လွှမ်း ခြုံ ထား သော ကြောင့်  တောင်ထိပ် ၊ တောင်ထွတ်
တို့ ကို ဘယ်လို မှ မမြင် နိုင် တော့  ပေမဲ့ လည်း တောင် ခါးပန်း ၊ တောင်ခြေ တို့ ကို တော့  ခပ်စိမ်းစိမ်း ၊
ခပ် ညို့  ညို့  တော့  မြင် နေ ရ ပါ သေး သည်။ အမြဲ စိမ်း ရာသီ ဥတု သာ ရှိနေသော သည် ကျွန်းမ ကြီး ပေါ်
နွေ ဦး ရာသီ တဖြည်းဖြည်း ချင်းနင်း ဝင် ရောက် နေ သော်လည်း အအေး ဓါတ် တို့ က ကောင်းကောင်း
မပြယ် ချင် ၊ မဖယ် ချင် သေး ပါ ပေ ။

ကား စီး လျင် ဘယ် လောက် ပဲ အေး နေနေ ၊ ထို အေး သည့်  လေ ကလေး ကို တော့  အမြဲ ထိ တွေ့  နေချင်
သူ မို့  ဘေး မှန် တံခါး ကို ဘယ်သော အခါမှ အပြည့်  မပိတ် တတ်ပဲ နဲနဲ လေး တော့  ချန် ချန် ထား တတ်
သောကြောင့်  အပြင် ဘက် က လေအေး တို့ က ဟ နေ သေး သည့်  မှန်ကြား ထဲမှ တသောသော အတင်း
ထိုး ဝင် နေပြီး ကျွန်တော့်  ဆံ စ တွေ ကို ထိုး ဖွ မွှေ နှောက် နေ ပါတော့ သည် ။

နေ့ စဉ် တစ်နေ့ ပြီး တစ်နေ့  ပဲ ည မိုးချုပ် သန်းခေါင် သန်းလွဲ အထိ ကွန်ပြူ တာ ရှေ့  ထိုင်၊ ဖေ့ (စ)ဘုတ်
ပေါ် တက် ကော်ဖီဆိုင်ဝင်လိုက်၊ လယ် ထဲ ဆင်းလိုက် ၊ သီချင်း အတို အစ လေးတွေ ရှာ တင်လိုက် နှင့် 
ဟို ရောင်ရောင် သည်ရောင်ရောင် လုပ်မိနေခဲ့  သည်မှာ ကိုယ့်  ဘလော့  လေး တောင် ကိုယ် မဝင် ဖြစ်
ခဲ့  သည် အထိ အတော် ကို ကြာမြင့် သွားခဲ့  ပါသည်။

လိုင်း ပေါ် တွင် မိတ်ဆွေ အချို့  နှင့်  တွေ့  မိ တော့ မှ အသစ် တင် ခဲ့  သည့်  ဘလော့  တွေ ကို အူရား
ဖားယား အပြေး သွား ဖတ် ခဲ့ ရပါသည်။

ဆိုလိုသည်မှာ ဘလော့  ကို စိမ်း နေခြင်း ၊ သံ ယောဇဉ် ကို “ စိမ်း” နေ မိခြင်း ပါလို့ ။

သိ စိတ် တို့ က ဘလော့  လေး ကို မသိချင်ရောင် ဆောင် နေမိ သော်လည်း မသိ စိတ် တို့ က တော့  စာ တို
ပေစ လေးများ ကို ပြန်ရေး နေ စေရန် အမြဲ တိုက်တွန်း နေ သလို ဖြစ်ဖြစ် နေ တာ ကိုတော့  ကျွန်တော်
ခံ စား ရနေမိပါသည်။

“ စိတ် လေနေခြင်း ” ဟု ကျွန်တော့်  ကိုယ် ကျွန်တော် ပြတ်ပြတ် ထင်ထင် ပဲ ဝေဖန် မိပါသည်။

စိတ် လေ သည် ဆိုရာဝယ် လူမှာ သိစိတ်နှင့်  မသိ စိတ် နှစ်မျိုး ရှိသည့်  အနက် ၊ အဲ့  ဒီ စိတ်နှစ်စိတ် လုံး
တပြိုင် ထဲ တစ်ထပ် ထဲ ကျ ၍ ဆောက်တည်၊ ထောက်တည် ရာ တို့  မဲ့  လောက်အောင် “လေ” နေခြင်း ဟု
ဆိုလို ချင်တာ ဖြစ်ပါသည်။

“သိစိတ်” “ မသိစိတ်” ဆိုသည့်  နှစ်မျိုး က တစ်ထပ် ထဲ ကျ ဘို့  တော်တော် ခဲ ရင်း လွန်း သည် ဟု ထင်ပါသည်။

ဆိုလိုသည်မှာ... သိ သော စိတ် ဖြင့်  စဉ်းစား ဆင်ခြင် တတ်သော စိတ် ဖြင့်  လုပ်သင့်  သော အလုပ် တစ်ခု ကို
ကိုယ် က လုပ် နေရပါသော်လည်း မသိ သော စိတ် ၊ မဆင်ခြင် နိုင် သော စိတ် က တော့  ထို အလုပ် ကို
မလုပ် ချင်တော့ ပဲ အမျိုး မျိုး အကြောက် အကန် ညင်း ဆို ၊ ဘက် ပြန် ချင်နေသော သဘော လေး ကို ပြဆို
လိုက်ချင်တာပါ။

ဥပမာ.. တစ်ခု ပြ ရလျင် မလိုက် ချင် တော့ သော ခလေး တစ်ယောက် ကို အတင်း ပဲ ဒရွတ်တိုက် ခြေကန် ဆွဲခေါ် လာရသလိုပါ ပဲ။

အမြဲ တန်း ဒွန် တွဲ နေတတ်ပေမဲ့  အလွန်ပဲ လွန်ဆွဲ နေတတ် လွန်းသည့်  ထို စိတ်နှစ်စိတ် ပါ ပေ။

တစ် ထပ် ထဲ ဘယ်အချိန် ကျ ပါသနည်း .. ဆို သည့်  မေးခွန်း တစ်ခု တော့  ရှိ လာရမည် မှာ ဧကန် ဖြစ် တော့ 
တာကြောင့်  အဖြေ မှန် တစ်ခု ကို တော့  ကျွန်တော် စဉ်းစား လာ ရပါတော့ သည်။

ရုတ်တရက် ပဲ ကား ထိုး ရပ် သွား သောကြောင့်  ကြည့် လိုက်တော့  အဝေး ပြေး လမ်းမကြီး ၏ “ တိုးဂိတ်”
တစ်ခု ကို ဖြတ် ဝင်ရန် အတွက် လိုင်း တစ်ခု ထဲ သို့  ဝင်ရပ် ၍ တန်း စီ လိုက်ခြင်း ဖြစ်တာ ကို သိလိုက်
ရပါသည်။ သည်လောက် ခြောက် လမ်းသွား လမ်းမကြီး ရှိနေတာ တောင်မှ ကားတွေ က ပြေးလမ်း တိုင်းမှာ
အပြည့်  ရှိနေပါသည်။ သည်မှာ ခရီး တစ်ခု ထွက်လျင် ကား ပိတ်တတ်သည့်  အချိန် ကို ထည့် တွက်ပြီးမှ
စောစော ထွက် ရ တတ်ပါသည်။

ကျွန်တော်တို့  ရွှေပြည်တော် တွင်တော့  ကားပြတ်တတ်၍ လူကြပ် တတ်၍ လမ်းမကောင်း တတ်၍ စောစော
ထွက် နေရ ပါသည်။မတူ ပဲ နှင့်  တူ နေတတ် သည့်  ဖြစ်ရပ် နှစ်ခု ပါပဲ။

ခုနက မတူ ညီ ပဲ အတူ လွန်ဆွဲ နေတတ်သော “စိတ်” နှစ် စိတ် အကြောင်း ပြန်ရောက် သွားရပြန်ပါသည်။

သူတို့  နှစ်စိတ်က ဘယ်နေရာမှာ.. တစ်ထပ် ထဲ ကျ နေပါသနည်း.. ဆိုသည့်  မေးခွန်း လေးပါပဲ..။

.................................................................................................................................................

( ဆက်ရန်)

6 comments:

Flower said...

အဟား
ရှည်လိုက်တဲ့ပိုစ့်
ဖတ်ရင်းနဲ့ ဆုံးသွားတော့ ဟုတ်ရောဟုတ်ရဲ့လား ပြန်ကြည့်မိတယ်
အဲလောက်ရှည်အောင် မရေးပါနဲ့
လက်ညောင်းနေဦးမယ်
မျက်စိကိုက်နေဦးမယ်
ဖတ်ရင်းနဲ့ ရှည်လွန်းလို့ ခေါင်းကိုက်သွားပြီ
အိမ်ပြန်ဆေးသောက်လိုက်ဦးမယ်

SHWE ZIN U said...

ရပါတယ် ရပါတယ် စိမ်းကားပါနော် အင်းရေးမှာ ဆိုလည်း ရေးပါ များများလေး ဟိုနေ့က ကိုမြစ်ကျိုး စီမှာ ပိုစ် သွားဖတ်ပြီး ရီလိုက်ရတာ..

ကဲ.. ဆရာ စာလာဖတ်အုန်း ငူမနေနဲ့ အုန်း..
လင်ခ် လည်း ချိတ်ထားတယ်နော်

ခင်တဲ့
ရွှေစင်

kiki said...

အောင်မလေးတော့် ..
စိတ် နှစ် စိတ် က ..တစ်စိတ် မှ မရောက်သေးပါလား...
ဖရဲသီးစိတ် တာ ကမှ မြန်အုံးမယ်နော် ..

စတာပါ .. သိစိတ် ရယ် မသိစိတ် ရယ် ..လွန်ဆွဲ နေတုံးးးးးးးးးးးးး
ဘယ်တော့ မှ တထပ်ထည်းကျ မလည်း..
ဒါကတော့ ခက်တယ် .. သက်လယ် ..မျက်ချယ် ..း))
ဘယ်လောက်ကြာအောင် စောင့်ရမလည်း..
မှီမှ မှီပါ့ ဦးမလား....

မကိ

အနော် said...

သိစိတ်နဲ့ မသိစိတ်တွေက ထပ်တူကျပီး ဘက်ပြန်ကန်နေတဲ့သဘောတဲ့လား..
စိတ်တွေကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ထားလိုက်ရရင်တောင်မှ စိတ်ကိုက မလွတ်လပ် မပေါ့ပါးတော့..
တစ်ထပ်တည်းကျနေတဲ့အဖြစ်ကို စိတ်ဝင်စားနေမိတယ်..
အကိုအဖြူလေးရေ ရှေ့ဆက်ရေးပါဦး..
ဘယ်နေရာမှာများ စိတ်နှစ်စိတ်က ထပ်တူကျနေသလဲ သိချင်စမ်းရဲ့

မြတ်မွန် said...

အင်းးး
အဲတာ တစ်ယောက်ထည်း ပျင်းနေလို့ မပျော်လို့..
တစ်နေ့တစ်နေ့ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်..
တစ်နေ့လာလည်း ဒီအလုပ်..အဲတာနဲ့ပဲ သံသရာတွေလည်နေရင်းက စိတ်က အထီးကျန်လာတာလို့ ခေါ်တယ် အကိုရ..ပျော်အောင်နေပါ အကို ..တစ်ခါတစ်လေ ကိုယ့်စိတ်ကို အပြောင်းအလဲလေး လုပ်ပေးရတယ်..ပျော်ရွှင်မှုဆိုတာ ကိုယ့်ကိုကိုယ် ဖန်တီးမှသာ ရနိုင်တာတဲ့..
ပျော်ရွှင်စွာ ဘလော့ရေးနိုင်ပါစေ..

Anonymous said...

ဖတ်တာအရှိန်တက်နေတုန်း ဆက်ရန် ဆိုတော့ ကိုရီးယားရောက်သွားတယ်မှတ်တာ။

winnie pooh