Sunday, May 30, 2010

တစ်စိတ် ကလေးပဲ ဖြစ်ချင် တော့ သည်။ ( အသိမ်း ပိုင်း )

မရေးတာ ၊ မဝင် တာ ကြာ နေသော ကျွန်တော့်  ဘလော့  လေး ထဲကို ကပြာ ပဲ ပြန်ဝင် ရင်း “ တစ်စိတ် ကလေး
ပဲ ဖြစ်ချင် တယ် ” ဆို သည့်  ပို့ (စ) လေး တစ်ပုဒ် ကို ပထမ ပိုင်း အနေနှင့်  ရေး တင်ဖြစ် ခဲ့  ပါသည်။

သူ့  ရှေ့  မှာက “ စက် ရုပ် ကလေး ပဲ ဖြစ်ချင် သည် ” ကို ကျွန်တော် ရေး ထား ခဲ့  သောကြောင့်  ကာရံ လေး
တူ နေ အောင် ကို ပဲ နာမည် ကို ရွေး ချယ် မိ ခဲ့  ပေမဲ့  အကြောင်း အရာ တော့  မတူ နိုင် ဟု ထင်မိ ပါသည်။

သံယောဇဉ် တို့  အောက်မှာ ပဲ မဖြူ နိုင်သေးသော“ အဖြူလေး” အဖြစ် မွေးဖွား ခဲ့ ရ သူ တစ်ယောက် အနေနှင့် 
ထိစပ်မိ သမျှ တို့ ကို ပဲ အမြဲတန်း ပဲ အမိအရ ဆုပ်ကိုင် တွယ်တာ နေမိခဲ့  သောကြောင့်  အရောင်စုံ နေခဲ့ သော
သံယောဇဉ် တို့ နှင့်  လုံးထွေး ရစ်ပတ် ချာချာ လည် နေ ခဲ့ ရသလို အမျိုး မျိုး သော စိတ် ရောင်စုံ ၊ ဇော ရောင်
စုံ တို့  အောက်မှာပဲ အိပ်မပျော်ခဲ့ ရသော “ည” ပေါင်း များစွာ၊ ဆောက်တည် ရာ မဲ့ ခဲ့  ရသော “ နေ့ ” ပေါင်း
မျာစွာ တို့ ကို တရွေ့ ရွေ့ ဖြတ် ကျော် လာခဲ့  မိသည်မှာ ပြက္ခဒိန် အရွက်တို့  တစ်ရွက် ပြီး တစ်ရွက် အကြိမ်
ကြိမ် ကြွေ ကျ မြေခ ခဲ့ ရသည့်  တိုင်အောင်ပါ လို့  ။


နေ့  တစ်နေ့  ကို ဘဝ တစ်ခု လို့  ဆို ခဲ့ ပါက ကိုယ် ဖြတ် သန်းလာခဲ့  မိသော ဘဝ ရဲ့  အချိန် စာမျက်နှာ တို့ 
ကို ပြန်ပြောင်း ကြည့်  မိပါက လည်း လေ ဝှေ့  လိုက် တိုင်း တစ်လိမ့် လိမ့်  လွင့်  ပျံ သွား နေတတ်သော
ရော်ရွက် တို့ လို ပဲ “ ကာရံ ” မဲ့  နေတတ် ပါသည်။

“ စိတ် ရောင်စုံ ” တဲ့  ။ အရောင် စုံ လွန်း နေ သော “ စိတ်” ဟု ဆို ခဲ့  သောကြောင့်  တစ်ထပ် ထဲ မကျ နိုင်လွန်း
သော “ စိတ် ” တို့  ဖြင့်  အမြဲ ရှင်သန် နေမိ သူ တစ်ယောက် အနေ နှင့်  အမော တို့ ၊ ဇော တို့  နှင့်  သာ ကျင်
လည် နေခဲ့  ရ ပြီး ပင့် သက် တို့  တောင် အရှိုက် ခက် ခဲ့  ၍ ၊ အမြဲ ပဲ မွန်း ကျပ် နေ ခဲ့  ရပါသည်။

ပြော ခဲ့  မိခဲ့ သလို .. စုံ လင် သော အရောင် အသွေး တို့  ဖြင့်  ဖွဲ့  စည်း ထား သော “ စိတ်” တို့  ဘယ်လောက်
ပဲ များ နေ ခဲ့  ပေ မဲ့  တကယ် ရှိ နေ တာကတော့  ကိုယ့် မှာ “ သိစိတ် ” နှင့်  “ မသိစိတ် ” နှစ်ခု သာ ပါပဲ ဟု
ကျွန်တော် ဆိုချင် ပါသည်။

တကယ်တော့ ... ကျွန်တော် ဆို ချင်သည် ဆိုတာထက် ထို အဆို က ဟိုး .. မဆွေ ခင် က ပင် အထင်အရှား
ရှိ နေခဲ့  သည့်  မထင်မရှား ရှိနေသော လောက ရဲ့  အဆို တစ်ခု ဖြစ်ပါသည်။ သတိ မထား မိခဲ့  သောကြောင့် 
အသိ အကြား ပါ ကျွန်တော် နှင့်  ဝေး နေခဲ့  သည့်  “ အဆို ” တစ်ခု ပါ ပဲ။

တကယ် ပဲ ထဲထဲ ဝင်ဝင် ခံစား ကြည့်  ပါက သိ သာ လာ မှာ အသေ အချာ ဖြစ် နေသည့်  ထို “နှစ်စိတ်” ပါ ။
လုပ် သင့်  လွန်း လို့  ကိုယ်က လုပ် နေရ ပေမဲ့  မဆင်ခြင် နိုင်သော နောက် က ကျန်နေသည့်  စိတ်က အဲ့ ဒီ
အလုပ် ကို မလုပ် ချင်စွာ နဲ့ ပဲ ဆန့်  ကျင် မိ နေ သည့်  ခံစား မှု ပါ ။

ကိုယ် ဘာ ပဲ လုပ် နေနေ အမြဲ နှစ်စိတ် ဖြစ် နေ တာ ကို သတိ ပြု ခံစား ကြည့်  ပါလေ။
စား နေ တုံး ပေမဲ့ လည်း စားတဲ့  ဆီ မှာ ပဲ စိတ်က ရောက် နေသလို နှင့်  ကိုယ်တစ်ကယ် တွေး မိ နေတာက
နောက်ထပ်သော နောက် တစ်ခု သော အာရုံ တွေ မှာ ဖြစ် ဖြစ် နေတတ် ပါသည်။

သွား နေတုံး ဆို ပေမဲ့ လည်း သွားနေတဲ့  အဆင့်  လေး တိုင်းမှာ စိတ်က မရှိတတ်ပဲ တစ်ခြားခြား သော
အတွေး တွေ ထဲ ရောက် ရောက် နေတတ် ပါသည်။ ပြီး ခဲ့  သော အာရုံ တွေ ၊ ဒါမှ မဟုတ် နောက် လာတော့ 
မည့်  ကိစ္စ တွေ ..၊

တစ်ထပ် ထဲ မကျ နေတတ် တာ ကိုပါ။
နဲနဲ လေး ပဲ “ သိ ” ပေး လိုက် လျင် ပဲ နဲနဲ လေး ခံစား သိ လာ မှာ အသေ အချာ ဖြစ်ပါသည်။

သိစိတ် က တကယ်ပဲ လှုပ်ရှား နေ ပေမဲ့  ကျန် မသိစိတ် က ဆက် တွေး နေတုံး ၊ တွေ ဝေ နေတုံး ၊ဝမ်းနဲ
နေတုံး ၊ ခက်ထန် နေတုံး ၊ တက်ကြွ နေတုံး ၊ လေး လံ နေတုံး ..... အို . . အရောင် စုံ ပါ ပဲ လို့ ။

နေ ကုန် သွား ပြီး ၊ နေ့  တစ်နေ့  ၊ ဘဝ တစ်ဘဝ ကုန် ဆုံး တော့  မည့် “ ည” တစ်ခု ကို အိပ်စက် ဖြတ်သန်း
ရတော့  မည့်  အချိန် လဲ ရောက်ရော .... ကိုယ့် ဘဝင်မှာ တစ်နေ့  တာ စု ဆောင်း လာ ခဲ့ မိသည်က
စိတ် ရောင်စုံ တို့ ဖြင့်  အတောင်ကုန် အောင်ပျံ သန်း လာခဲ့ မိသော အမော တွေ သာ ဖြစ် နေ ခဲ့ ရပါ တော့ 
သည် ။ တစ်နေ ကုန် မော လာခဲ့  သည်မှာ အိပ်ရာ ထဲ ရောက် သည်အထိ မော ကောင်း နေတုံး။
ကိုယ့်  ရင် ဂျိုင့် ကလေး ထဲ မှာ ဖြစ်တည် နေတတ် သော “ဘဝင် စိတ် ” ကလေး က တငွေ့  ငွေ့  ပူ နေတုံး ။


ဘယ်တော့ မှ တစ်ထပ် ထဲ မကျ တတ်သည့်  ထို နှစ်စိတ် က တစ်ထပ် ထဲ ကျ သွား သည့်  အချိန် တွေတော့ 
ရှိ နေ ပါသည် ။ ကျွန်တော် “ ချဲ့  ချဲ့  ထွင်ထွင် ” ပဲ စဉ်း စား မိ လိုက် တာ ဖြစ်ပါသည်။

တစ်ယောက် က တစ်ယောက် ကို “ ချစ် ” သွား သည့်  အချိန် နှင့်  ၊ တစ်ယောက် က တစ်ယောက် ကို “ မုန်း”
သွား သည့်  အချိန် တို့  တွင် ထို နှစ်စိတ်က တစ်ထပ် ထဲ ကျ သွား တတ် သည် ဟု ပါ ။ စဉ်းစား ကြည့်  ပါလေ။

ဝင် သက် ထွက်သက် တို့  ကြွေ နေသည့်  အကြိမ် တိုင်း မှာ “ ချစ် ” နေ တတ် သလို ၊ “ မုန်း ” နေတတ် လျင်လဲ
ထို အတိုင်း ပါလို့  ။ သည် လို အချိန် တွေ မှာ ဆိုလျင်တော့  အာရုံ တွေ ၊ ကျန် စိတ် တွေ က ဘယ် ကို မှ
မရောက် တတ်တော့  ။ တစ်သ မှတ် ထဲ..၊ တစ်သား ထဲ ဖြစ် နေတတ် သည် ဟု ထင်ပါသည်။

တည်ငြိမ် စွာ ချစ် နေတတ် သလို ပဲ တည်ငြိမ် စွာ ပဲ မုန်း နေတတ်ပါသည်။
စိတ် တို့  ဆုံ မှတ် တစ်ခု မှာ တစ်ထပ် ထဲ ကျ ၍ ငြိမ် သွားခြင်း ဖြစ်ပါသည်။
အသက် ရှု မှား နေ အောင် ချစ် နေတတ် သလို ပဲ အသက် ရှု မှား နေ အောင် ကို မုန်း နေတတ်ပြန် ပါသည်။

ထို ပြင်းပျ သော ကိစ္စ နှစ် ခု မှာ “ စိတ် နှစ်ခု” တို့  တစ်ထပ် ထဲ ကျ သွား သလို .......
ကျန်သော ကိစ္စ တိုင်း ၊ အာ ရုံ တိုင်း မှာ ပါ တစ်စိတ် ထဲ တစ်ထပ် ထဲ ကျ များ နေလျင် ၊ ကျ အောင် လုပ် နိုင်
ခဲ့ လျင် ဘယ်လောက် ကောင်း မည် လဲ .... လို့  ။

စိတ် တို့  အရောင် မဆုံ တော့ သလို ၊ အတွေး ယာဉ်ကြော တို့  တွင်လည်း အတောင် ကုန် သွားအောင် ပျံသန်း
တွေး တော နေ စရာ မလို တော့  ဟု ထင်မိပါသည်။

ကိုယ့်  ရဲ့  “ စိတ် ဂရပ် မျဉ်း ” က ဖြောင့် တန်း တည်ငြိမ် ၍ ရှင်း ရှင်း ကလေး ပဲ ဖြစ် နေ မှာ ဖြစ်ပါသည်။
အမော တို့  ၊ ဇော တို့  လည်း ကင်းဝေး လာ နေမှာ ဖြစ်ပါသည်။

အရာရာ တိုင်း မှာပဲ လုပ်နေ ထိစပ် နေသမျှ တို့ ကို တစ်စိပ် ထဲ ဖြင့်  သိ သိ ပေး နေနိုင် လျင်ပဲ“ တစ်သိ ” ထဲ
“ တစ်စိတ် ” ထဲ ဖြင့်  တစ်နေ့  တာ ပေါင်း များစွာ ၊ တစ်ဘဝ တာ ပေါင်း များစွာ ကို ငြိမ်းငြိမ်း အေးအေး လေး
ဖြင့်  ကိုယ့်  ဘဝ ရဲ့  နောက် ဆုံး ဖြစ် လာ တော့  မည့်  အချိန် နာရီ များ ကို ဆက်လက် ဖြတ်ကျော် နေနိုင်
တော့  မည် ဖြစ်ပါသည်။

ကိုယ့်  ဖာ ကိုယ်ပဲ အထွေ ထွေ အပြားပြား သော စိတ် တို့ ကို “ တစ်စိတ် ကလေး ပဲ ဖြစ် ချင် သည်။” ဆို ပေမဲ့ 
တကယ် ရော လုပ် နိုင် ပါမည် လား လို့  ဖာသာ ပဲ မေးခွန်း ထုပ် နေမိပါသည်။

လုပ် နေ နိုင် ၊ လုပ် သွား နိုင် ရင် တော့  အလွန့်  အလွန် ပဲ ကောင်း ပါ တော့  မည် ..... ဟု လဲ ဆင်ခြင်
မိ ပါ တော့  သည်။

.........................................................................................................................................................


ရေး ထား လက်စ စာကြမ်း လေး ကို ပြန်ဖတ်ရင်း လက်စ သတ် ပြီးတော့  အချိန် ကြည့် လိုက် မိရာ မနက်
လေးနာရီ ထိုးလု ပြီ။

အပြင်ဘက် ဝါးရံတာ လေး ဘက် ကတော့  မှောင်အတိ ကျ နေပြီး ပုဇင်း ရင်ကွဲ အော်သံ တို့  မရပ်မနား
ထွက်ပေါ် နေ ပါသည်။ နွေ ဦးရာသီ ဆိုပေမဲ့  အခါ မဟုတ် မိုး တို့  ရွာ သွန်း နေ ပါတော့ သည်။

တွန့် ကျေ နေသော အိပ်ယာ ထဲ ဂေါင်း ထိုးပြီး အိပ် မယ်အလုပ် လမ်းဘေး ရေအိုင်ကို ဖြတ်နင်းသွားသော
ကားတစ်စီး၏ ကတ္တရာ လမ်းမကြီး နှင့်  ပွတ်တိုက်သံ တရှဲ ရှဲ ကို ပုဇင်းရင်ကွဲ အော်သံ တွေ ကြားမှ
ကြား လိုက် ရ ပြန် ပါသည်။

အော်... အခု ချိန် ထိ ငါ “ တစ် စိတ် ထဲ မဖြစ် သေး ပါ လား ....... ” လို့  ။


..........................................................................................................................................................

( ပြီး သွား ပြန် ပါပြီ )

6 comments:

kiki said...

အင်း ခက်ရချည်သေး..
သိစိတ် နဲ့  မသိစိတ် အမြဲတမ်း တထပ်ထဲကျအောင် နေလို့ ရတဲ့ အချိန်ဆို ချစ်တာ သို့မဟုတ် မုန်းတာချည်းပဲ ဖြစ်နေရတော့မယ်ပေါ့ ။

ဒီလောက်ထိတော့ ပါရမီ မရင့်သန်သေးလို့  ကိုယ်တိုင်လည်း ဒီသံသရာ ဝဲဂယက်မှာပဲ ပျော်လိုက် ငိုလိုက် နဲ့  ကူးခပ်လို့ ကောင်းနေတုံးပဲ ကို ကျော် ရေ ...
သေချာ ပြန်တွေးကြည့်လိုက်ရင် ဘဝသက်တမ်းလည်း ထက်ဝက် ကျိုးလာပြီ .. တစ်စိတ်ထဲ ထား နိုင်အောင် တော့ လုပ်အုံး မှ ပါပဲ ။

ချစ်တာရော မုန်းတာတွေ ပါ ၊ဘာမှ မရှိ တာ အကောင်းဆုံး ပဲ မို့ လား.......

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

ပြန်ကူးထဲ့ ပေးလိုက်ပါတယ် ..

ကောင်းသောခွဲခွာရခြင်းမျိုး ဖြစ်ရပါစေ လို့  ဆုတောင်းခဲ့တယ် ။
ခင်မင်လျှက်
မကိ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း အိပ်တာနောက်ကျလို့ စောစောလာဖတ်သွားပါတယ်..
စိတ်ကို တစ်စိတ်ထဲဖြစ်အောင်လုပ်ဖို့ ဆိုတာ တကယ်မှ မလွယ်ဘဲကိုအဖြူလေးရေ..
တရားမှတ်နေရင်းတောင် စိတ်က ကိုယ်မှာမရှိဘဲ
ဟိုရောက်ဒီရောက်ဖြစ်တာ
ပြီးတော့ လောကမှာ ထိန်းချုပ်ဖို့အခက်ဆုံးက စိတ်ဘဲလို့ထင်တယ်.. စိတ်လောက်မြန်တဲ့အရာလည်း လောကမှာ မရှိဘဲလေ
ဒီတော့ ထိန်းချုပ်ဖို့ မလွယ်လှတဲ့ဒီစိတ်ကို ဇွတ်အတင်းတော့ မထိန်းချုပ်ပါနဲ့ မသိမသာလွတ်ထားပေးလိုက်ပါ..
အဆင်ပြေသွားမှာပါ..

SHWE ZIN U said...

တစိတ်ထဲ ဖြစ်နေရင် သောက်ရတာ ဘယ်ဝမှာလည်း အဖြူလေး ရဲ့

တလုံးလောက်ဆို တော်သေး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြတ်မွန် said...

ဖတ်သွားတယ် အကို..
သိစိတ်နဲ့မသိစိတ်မှာပဲ လူတွေလည်း အလူးလဲခံနေရတာပါပဲ..ကိုယ်စိတ်ကို ဘာတွေဖြစ်နေလဲ ဘာဖြစ်ချင်နေလဲ သိနိုင်အောင်တော့ လိုအပ်တယ်။ တစ်ခါတစ်ခါ လူစိတ်က ဘာကို ညစ်မှန်းမသိ ညစ်နေတက်ပြန်တယ်။ ကိုယ်စိတ်ကိုယ် ဘာဖြစ်နေလဲ ဘာလုပ်ချင်နေလဲ သိတဲ့အခါ..အချိန်မှီကုစားဖို့တော့ လိုအပ်ပြီ။ နို့မို့ဆို စိတ်က ဆောက်တည်ရာမရ ဖမ်းလို့မရအောင် ဖြစ်သွားတက်တယ်။

အကို့ စိတ်ဖတ်ပြီး ရေးမိရေးရာ ရေးချလိုက်မိပြန်တယ်။
အမှားပါရင် ခွင့်လွတ်နော်..:P

sosegado said...

မလွယ်ပါဘူး၊ မရတာကိုစွတ်လုပ်ရင်တော့၊ ပေါက်သွားနိုင်တယ်၊ စိတ်ဆိုတာဆန်းကျယ်၊

thawzin said...

အင်း... သိစိတ်နဲ့ မသိစိတ် တစ်ထပ်တည်းကျတာကတော့ သာမန်ပုထုဇဉ်တွေများ ဖြစ်နိုင်မယ်မထင်ပါဘူး။ သိစိတ် မသိစိတ် တစ်ထပ်တည်းကျတာ တကယ်တော့ အရေးမပါဘူး။ အဓိကအရေးပါတယ်ထင်တာကတော့ စိတ်ကောင်းလေး အချိန်ကြာကြာဖြစ်နိုင်အောင် ကြိုးစားဖို့က ပိုအရေးပါတယ်ထင်သလားလို့။ မရောက်တာကြာပြီးနော်။ စာဖတ်ရတာ ပျင်းလို့ဗျ။ ဘလော့ လောကနေ ဆုတ်ခွါခဲ့တာ။ ဘလော့တော့ပြန်ဖွင့်လိုက်ပါပြီး။ ဒေါင်းလုပ်စာအုပ်တွေ တင်ပြီးပိတ်ထားတော့ ဘာအသုံးဝင်မှာလဲလေ။ စာအုပ်တွေဒေါင်းနိုင်အောင်ပြန်ဖွင့်လိုက်တာ။ ကျေးဇူးတင်ပါတယ်။