Sunday, June 13, 2010

“ ကူး တို့  ခ ”

ယ္ခု ရွာ လာ သော “ မိုး ” က အရင်တုံး က ရွာ နေသော မိုးစက် တွေလို နွေး တေးတေး အိုက်စပ်စပ် မဟုတ်
တော့  ပဲ ထိ ချက် တိုင်းမှာ ပဲ စိမ့် အေး နေပြီး နာတာတာ ထုံ ကျင်ကျင် ဖြစ် နေ ပါ သည်။

နွေဦးရာသီ ဝင်ရောက် နေပေမဲ့  သည် ဘက်နှစ်တွင် အအေး နှင့်  မိုး တို့  က အရှိန် မကုန်နိုင်သေး ပဲ အခါ
လွန် မိုး အဖြစ် ရက် ခြား ဆက်ရွာ နေတတ် ပါသည်။

ရာသီ ပြောင်း တာ ကြမ်း လွန်းနေသော ကြောင့်  ကျွန်တော်လည်း အဆုပ် အအေး ပတ်ချင် သလို ဖြစ် နေပြီး
လည်ချောင်း တွေ နာ ချောင်း တဟွတ်ဟွတ် ဆိုး၍ ကိုယ်လက် တို့  တောင် နာကျင် နေပါသည်။

ပို့ (စ) တစ်ပုဒ် ကို ညှစ်ရေးလိုက် ၊ အတော် ကြာကြာ မရေး ဖြစ် တော့ ပဲ ရောင်တောင်တောင် ဖြစ်နေ လိုက်နှင့် 
ပြက္ခဒိန် စာရွက် တစ်ရွက် တောင် လဲ ရ ခါနီး ပါတော့ မည်။ ပြက္ခဒိန် စာရွက် များ ကို ကြည့် မိရင်း ဖြတ်သန်း
ကုန်လွန် နေခဲ့ သော အချိန် များကို ခံစား ကြည့် မိတော့  “ ခဏ .. ခဏ ” သော ကာလ တို လေးများဖြင့် 
ဖွဲ့  စည်း ထား၍ “ အကြာကြီး ” ဟု ထင်ရ သော အချိန် တို့  တဖြတ်ဖြတ် နှင့်  ကုန်လွန် လာ လိုက်တာ လေ...၊
အားလုံး သော ငယ်ဘဝ မြင်ကွင်း များက မနေ့  တစ်နေ့  က လို ပဲ ဖြစ်နေ ပါတော့ သည် လို့  ။

ထို လွန်ခဲ့  သော နေ့  ကလေး တွေ ထဲက တစ်နေ့  ပေါ့  ...။

..................................................................................................................


ကျွန်တော် “ တောင်ကြီး ” သို့  အလုပ်ကိစ္စ တစ်ခု ဖြင့်  ရောက်ရှိ နေတုံး ကျွန်တော့်  အိမ် မှ ကုမဏ္ဏီ ရုံး ခန်းသို့ 
“ ဖုန်း ” တစ်ခု ဝင် လာ ၍ နားထောင် ကြည့်  မိတော့  ကျွန်တော်၏ ဦးလေး အလတ် ဒီနေ့  မနက် ပဲ ဆုံး
သွား သည့်  သတင်း ဖြစ်နေတော့ သည်။

ကျွန်တော့်  ဝန်းကျင် တွင် ပတ်သက် ဆက်ဆိုင် ခဲ့ ရသမျှသော သူတွေ အရိပ် တွေ တစ်ရောက်ပြီး တစ်ယောက်
ဆုံး ပါး သွား ခဲ့  ကြသည့်  သတင်း များ ကို အကြိမ်ကြိမ် ကြားခဲ့  ရတိုင်း တူန်လှုပ် မိခဲ့  သလို ပဲ ယ္ခု ဦးလေး
အလတ် “ ဦးရွှေ ” ဆုံး ပါး သွားသည့်  သတင်း ကြားလိုက်မိသည့်  အခါ တွင်လည်း အံ့ သြ တူန်လှုပ် ခြင်း
ဖြစ်ခဲ့ ရပြန် ပါသည်။

အဖေ မဆုံး ပါး ခင် အခါတုံးက ခဏ ခဏ ဂုဏ်ယူ ဝင့် ကြွားစွာ ပြောလေ့  ရှိသည့်  “ ဒို့  ချောင်းရိုး မြောင်းရိုး
တွေ ကို မတိမ်ကော စေနဲ့ ကွ ... ” ဆို သည့်  အဖေ တို့  ဟင်္သာတ အမျိုး တို့  တွင် အဖေ ရဲ့  အမေ
ကျွန်တော့်  အဖွား က အဖေ အပါ အဝင် မောင်နှမ ခုနှစ်ယောက် ကို မွေးဖွား ခဲ့ ပြီး အသီးသီး အိမ်ထောင်
တွေ ကွဲ သွား ကြ ပေမဲ့  မြည်းဦး ယောင်္ကျား လေး ဖြစ်ခဲ့  သော ကျွန်တော့်  ကို တော့  သည် ဦးလေး အလတ်
က အားလုံး ထက် ပို၍ အချစ် ဆုံး ဖြစ် ခဲ့ ပါသည်။

ဘယ်လောက်ပဲ တာ တေ လံ နေအောင် ဆိုး ပေ နေပေမဲ့  ကျွန်တော့်  ဘက်က အမြဲ မှန်နေသည့်  ဦးလေး
လဲ ဖြစ်ပါသည်။ ယ္ခု တော့  သူ မရှိ တော့  ပါ တဲ့ ။ အသီးသီး ပဲ ရေကြည်ရာ မြက်နု ရာ ခွဲ ခွာ လာခဲ့ ကြရသော
ကြောင့်  မတွေ့  မမြင် ရ တာ အတော် ကြာ နေ ပြီး လောကကြီးထဲက လုံးဝ မပျောက်ကွယ် မထွက် ခွာသွားမီ
ချစ်ရသော ဦးလေး ကို နောက် ဆုံး တော့  ကြည့် ချင် မြင်လိုက် ချင်သေး ၍ လုပ်လက်စ အလုပ်များကို ရုံးမှာ
အမြန် ပဲ လွှဲ ခဲ့  မိပြီး မှီရာ ကား တို့ ဖြင့်  ပဲ တောင်ကြီးမှ ဟင်္သာတ သို့  အဆင့် ဆင့်  ဇက်တိုက် ဆင်း လာခဲ့ 
ပါတော့ သည်။

မှီရာ ကား နှင့်  ဆိုတော့ လဲ ဦးခန်း ၊ ရှေ့  ခုံ ၊ ဘေးခုံ အလယ်ခုံ တွေ မရွေး နိုင် တော့ ပဲ ရောက်ရာဂိတ်၊ ရရာ
ကား တို့ ဖြင့်  ပဲ လိုက် ခဲ့  ရသော ကြောင့်  ခရီး တော့  အတော် ပန်းခဲ့  ရပါသည်။ လမ်းတွင် ဖြစ်သလို ငိုက် ခဲ့ 
ရပြီး အိပ်ပျော်ခြင်း သို့  မရောက် ခဲ့ ပဲ အတွေး တို့  က ချာချာ လည် နေခဲ့  သည်။

အော်.. ဘဝ ဆို တာ လဲ ဒီလို ပါပဲ ၊ ကိုယ်ဖြစ် ချင်သလို ဘယ်တော့ မှ မဖြစ်တတ်ပဲ ဖြစ်သလို ကြုံ သလိုပဲ အမော
တွေ ဇော တွေ နဲ့  ပဲ ဆန်တက် နေရင်း အချိန် တွေ ကုန် နေတတ် တာပါ လို့  ။
လမ်းဘေး ဝဲ ယာ မှာ တရိပ်ရိပ် ကျန်နေ ခဲ့ သော တော တောင် လျှို မြောင် လယ်ကွင်း တွေ ကို ငေး မိ လာရင်း
ကား အသွား က ပဲ နှေး နေ သရောင်ရောင် ၊ တကယ်တော့  ကျွန်တော် ဇော ကပ် နေ မိတာပါ။
အခု လို ဇော မျိုး က တော့  ကျွန်တော့်  ဘဝ တလျှောက် အကြိမ် ပေါင်း မရေတွက် နိုင် အောင် ကို များ လှ ပါပြီ။

ဦးလေး ၏“ ဝိဥာဏ်” က မရှိ တော့  ပေမဲ့  သူ့ ရုပ်ကလပ် ကတော့  မစုံ သေး သည့်  ကျွန်တော့် ကို စောင့်  နေ
တော့ မှာ လို့  လဲ ထင်မိ နေတာ ဖြစ်ပါသည်။

..........................................................................................................................

“ တိုး ကြီး ..... လာ လာ ... ရှေ့  ဘက် ကို ... ”
အဒေါ် လတ် ဖြစ်သူ က အိမ် အဝ ဆိုက္ကား ပေါ် က လှန်း ဆင်း လိုက် သော ကျွန်တော့်  ကို အိမ် ထဲ မှ လှန်း ခေါ်
လိုက် တာ ပါ ။ ဆိပ် ညိမ် နေ သော မဏ္ဏပ် ထဲ မှ အကြည့်  တစ်ချို့  ကျွန်တော့်  ဆီ ရောက် လာ ပါသည်။

ဦးလေး လဲလျောင်း နေရာ ကုတင် နား အရောက် အငယ်ဆုံး တူမ က ကျွန်တော့်  ပုခုံး ကို အသာ ဖက်လာပြီး
တအိ အိ ငို ပါတော့ သည်။ ဦးလေး ရဲ့  ဇနီး နှင့်  ကျန်တူမ အကြီး နှစ်ယောက် ကတော့  မျက်လုံး တွေ မို့ ဖောင်း
နေကြ ပါပြီ။

အချိန်ကိုက် ကလေး ပဲ ကျွန်တော် ရောက်ခဲ့  တာ ဖြစ်ပါသည်။
ဦး လေး ပါးစပ် ထဲ “ ကူးတို့ ခ ” ထဲ့ ပြီးကာစ ၊ သူ့ မိသားစု မှ ၊ သူ့ ရပ်ကွက် ထဲ မှ သူ့  ကို ပစ်ခါ နီး အချိန် လေး
လဲ ဖြစ်ပါသည်။

“ ဟ ” ထား သော ခေါင်း အဖုံး ကြား မှ ဦးလေး ကို နောက်ဆုံး ကြည့်  ဖြစ် ပါသည်။
အသား တို့  ပို ညို ပြီး မဲ နေသလို ရှိသွား ပေမဲ့  ပြောင် လွန်သော သူ့  မဟာ နဖူး မှာ တော့  အရင်လိုပဲ ဆံ စ
လေး က ဝဲ ကျ နေ တုံးပါ။ ကျွန်တော် ရောက်ပြီ ဦးလေး ရေ ... လို့  ရင်ထဲ မှာ ပြော မိ လိုက်ပါသည်။
အဖေ ဆုံး ခဲ့  တုံး က တစ်ယောက် ထဲ သော သား ယောင်္ကျား လေး ပေ မို့  ကျွန်တော့်  အမ နှင့်  ကျွန်တော့် 
ညီ မ များ မမြင် အောင် ရေခဲ တိုက် အဝ မှာပဲ သည် ဦးလေး ၏ ရင်ခွင်ထဲ အသာ ဝှက် ပြီး ဖွင့်  ချ ငို ခဲ့  ဘူး
ပါသည်။ အဲ့ ဒီ တုံးက သူ က ကျွန်တော့် ကို ငို ချ လိုက် ဖို့  အား ပေး ခဲ့ တာပါ ။

ယ္ခု ကျွန်တော် ဆို့  သော ရင် ကို တင်း ရ ပြန် ပါပြီ ...။
ကျော ဖက် ကို လေ တဖျတ်ဖျတ် ခတ် လာသလို ရှိ၍ လှည့်  ကြည့်  မိတော့  “ မဟေသီ ” ပါ ။ ယပ်တောင်
တဖြတ် ဖြတ် ခပ် ပေးရင်း ဖျော်ရည် တစ်ခွက် ကမ်း လာ ပါသည်။

အေး သော ဖျော်ရည် က လည်ချောင်း ထဲ ဝယ် နွေး ဆင်း သွား ပါသည်။
ငယ်သူငယ်ချင်း“ ခင်မောင်ဆက်” က ကြေးစည် ကို စ ရိုက် လိုက်တော့  လမ်း ထဲ ရှိ ခွေး တွေ အား လုံး “ စူး ”
ကနဲ ထ အူ ကုန်တော့ သည်။ သည်ခွေး တွေ က မနက်တိုင်း ဦးလေး ထမင်း နယ်ကျွေး နေကြ ဖြစ်ပါသည်။

ဘူ တာ ဘက် ဆီမှ ကျောက်မီးသွေး ဂေါင်း ၏ ဥသြ ဆွဲ လိုက် သံ သဲ့  သဲ့  ကို လည်း ကြား လိုက် ရပြန် ပါသည်။
ပုသိမ် ကို ဆန်တက် တော့  မည့်  ကုန်တွဲ မှန်း ကျွန်တော် မှတ်မိ လိုက်ပါသည်။
အော်.... အားလုံးက အရင် အတိုင်း ပါပဲလား....။
ပြောင်း လဲ သွား တာက အရိပ်တွေ လေ... တရိပ်ပြီး တရိပ် ၊ တစ်ယောက်ပြီး တစ်ယောက် ကြွေ ကြွေ သွား
နေ လိုက် တာ ပါ လို့  ။

တစ်လမ်း လုံး ညီညီ ညာညာ ရွတ် ဆို လာခဲ့  သော သီလ ရှင် ဆရာ လေး တို့  ၏ သံဝေဂ ရဖွယ် တရား ရွတ်
ဖတ် သရဆယ် သံ တို့  ကို နာ ခံ နေမိရင်းက ကျွန်တော် စဉ်းစား နေခဲ့ မိသည် က သည်လိုပါ..။

ကျေးဇူးရှင် ဝေဘူ ဆရာ တော် ဘုရားကြီး မပျံလွန်တော် မူ မီ က ထောင်ထဲ က လူ တွေ ကို တရား ဟော ဘို့ 
လုပ်တော့  အဲ့  ဒီ တုံးက ထောင်ပိုင်တွေ က ကြိုး မိန့်  ကျ ထား တဲ့  တရား ခံ နဲ့  တွေ့  ဘို့  စီစဉ် ပေး ခဲ့ ကြောင်း
ဆရာတော် ကြီးက ကြိုးကျ တရားခံ ကို မြင်ရတော့  ပြုံး တော်မူပြီး “ မင်းကတော့  ဒို့ ထက် သာ ပါတယ်ကွယ်၊
မင်းက မှ သေ ရ မဲ့  ရက် ကို ကြို သိ ရ သေး တယ်........ ” ဟု မိန့်  တော်မူ ခဲ့  ဘူး ကြောင်း စာတစ်အုပ်ထဲ က
ရေး ထား တာ ကို ပါ ပြန် သတိ ရ လာ မိ ပါသည်။



လူတွေ လူတွေ ... နေဘို့  စီမံ ကိန်း တွေ အမျိုးမျိုး ချ နေရင်း က တစ်သက်လုံး ပဲ မအား မလပ် လွန်း လှအောင်
ကို ပဲ အလုပ် များ နေခဲ့  လိုက်တာ ၊ ဦးလေး ဆို လျှင်လဲ သူ့  စီမံကိန်း က ပြီး အုံးမယ် မထင် ၊ ကျွန်တော့် 
စီမံကိန်း က ရော တဲ့  အခု မှ စ ဘို့  လုပ်တုံး ..၊ ဒါဆို လူ တွေ မအား မလပ် တဲ့  ကြား ထဲ က တစ်ယောက်ပြီး
တစ်ယောက် ပဲ သေ နေကြ တာပါလား..၊ အခု ရလိုက်တဲ့  ခဏ တာ ဘဝ လေး အတွက်တောင် နေဘို့  စီမံကိန်း
မပြီးနိုင်ခဲ့  ရင် .... နောင် ဘယ်သောင် ဘယ်ကမ်း ဆိုက် ရမှန်း မသိသေး သည့်  ဘဝ တွေ ခရီး တွေ အတွက်
ရော ... တဲ့  ။

အလျှံ တညီးညီး ထ နေသော တံလျှပ် တွေ ကြား ထဲ က အုတ်ဂူ ဖြူ ဖြူ လေး တွေ ကို လှန်းမြင်နေ ရပါပြီ။
သဂြိုလ် စက် ခေါင်းတိုင်မှ မီးခိုး တို့  က အငွေ့  မသေ သေး ပါ။ ရှေ့  က လူ တို့  ရှို့  သွားသော မီးခိုး စ တို့  က
တငွေ့ ငွေ့  ကျန်နေ တုံး .....။

ဦးလေး ခေါင်း ကို ထမ်း ပြီး ဆင်းတော့  ကြို ရောက်နှင့် နေသော ပရိတ်သတ် တစ်ချို့  က အရပ် ဓလေ့  အရ
ခေါင်း ကို စတိ သဘော ဖြင့်  “ ဂဲ ” နှင့်  အသာ ပေါက် ကြသည်။

ရှေ့  က ချသွားသော အ သု ဘ တစ်ခုမှ ပရိတ် သတ် တို့ က ကား ပေါ် မှာ နေရာ ပြန်ရ ဖို့  အလုအရက် တိုး
ထွက် လာ ကြ သည် ကို ကျွန်တော် လှန်း တွေ့  နေရသည်။

အော်... လူတွေ အခု အချိန် ထိ မအား ကြ သေး ပါလား.....။
ကျွန်တော်လည်း ..........။

.....................................................................................................................................

( သိ သလောက် လေး ရေး လိုက် မိပါတယ် ၊ ရေး ခဲ့ ဘူး တဲ့  အမော တွေ ထဲက တစ်ပုဒ် ကို ပဲ
နဲနဲ ပြင်ပြီး ရေး လိုက် ပါ တယ် လို့ ..။ )

.....................................................................................................................................

8 comments:

thawzin said...

“အားလို့သေတဲ့ မသာမရှိပါဘူး” တဲ့ အားလုံးဟာ မအားမလပ်နဲ့သေသွားကြတာပါပဲ။ သေရမှာကို သိစိတ်ရော မသိစိတ်ရော မေ့နေချင်ကြတာ သဘာဝပေါ့။ လက်ရှိခန္ဓာကို မုန်းတီးရကောင်းမှန်း မသိတော့ မသိသလိုရော သိသလိုရော မသိချင်ယောင် ဆောင်နေကြတယ်။ ကျွန်တော်လဲ အခုထိကို မသိချင်တာထက် ဆိုတဲ့ သိသလိုလို လေကျယ်ချင်နေတာ ဆိုးသဗျာ။ မအားဘူးလေ။

SHWE ZIN U said...

အဖြူလေး ရေ

အခုမှ လာမန့်ရတယ် ဒို့လည်း မအားတဲ့ ကြားက သေရအုန်းမယ် စဉ်းစားနေရင်တော့ ကြောက်စရာကြီး မနာခင် မသေခင် ..

ခင်မင်စွာဖြင့်

ရွှေစင်ဦး

ပေါ့ဆိမ့် said...

ဟူး ...
ဒီပို့လေးက ယူတတ်တဲ့ လူအတွက် သံဝေဂ ယူစရာပါ။ ကာယကံရှင်ကိုယ်တိုင် အတိတ်ကို ပြန်သွားပြီး အတိတ် က ပုံရိပ်တွေ၊ ပြောခဲ့တဲ့ ရင်ထဲက စကားတွေ ပြန်ဖော်ရတာ အရမ်းကို ပင်ပန်းခဲ့မှာပါ။
ခုထိမအား သေးတဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရတာလည်း ပိုလို့ ပင်ပန်းလာ ပါတယ်။ ကိုယ့် ဆောင်ပုဒ်တွေ အတိုင်း ဆက်လုပ် ကြတာပေါ့။ ခေါင်းငိုက်ဆိုက် ချပြီး ပြန်သွားပါတယ်ဗျာ ...
ခင်မင်လျှက် ...
ပေါ့ဆိမ့် (ဆင်တဲကဖေး)

ဏီလင်းညို said...

အဖြူလေးရေ.......

ဒီပို့လေးဖတ်ပြီး..... စိတ်တောင်မကောင်းဖြစ်မိရတယ်...။
ဖတ်ရတာလည်းကောင်းတယ်.....။
အားလုံးက.....ဒီလိုနဲ့ပဲ......တစ်ရွေ့ရွေ့နဲ့ သွားနေကြတာပါပဲဗျာ.......။
ကိုယ်ယုံကြည်ရာ.....၊ ဖြစ်ချင်ရာတွေနဲ့.....မအားမလပ်ဖြစ်နေကြရတာပဲနော်.......။
ဖတ်ရတာ.......ကျေးဇူး......။

ခင်မင်တဲ့
ဏီလင်းညို

SHWE ZIN U said...

http://www.iraqgoals.net/

အလကားကြည့်ရတဲ့ လင့်ခ် လေးလာပေးတယ်နော်

မိုးမင်းကြီး စီက တွေ့လို့ ဟင်းးးးးးးးးးး သတိထား

ရေသန့်  said...

ကူတို့ ခ တဲ့  ခေါင်းစဉ်မှာပဲ မရဏာသတိ ပွားများမိ ပါတယ် ...အဖြူလေးရယ် ...

မြတ်မွန် said...

ဟုတ်တယ်နော်..
လူတွေက လက်ရှိ ဘဝကို အဆင်ပြေအောင် လှုပ်ရှားနေရင်း ဘဝဆုံးသွားကြတယ်။ နောက်ဘဝကောင်းဖို့တွေကို လုပ်ဖို့ မေ့နေကြရတယ်။ တက်နိုင်သလောက်တော့ မအားမလပ်တဲ့ကြားထဲက နောက်ဘဝကောင်းဖို့တော့ လုပ်ယူသွားရမှာပါပဲ..အကိုရေ..။

နန်း said...

မအားလပ်တာတော့ ဘယ်တော့မှ အားလပ်မှာ မဟုတ်ပါဘူးနော်။
ကိုကေဇော်ရဲ့ ပန်းတိုင် ကဗျာလိုပဲ.. တစ်ဆင့်ပြီး တစ်ဆင့် ရောက်အောင်သွား .. ပြီး ဘာမှမရှိတဲ့ အရာ..။
လာရောက် ဖတ်ရှုမှတ်သားသွားပါတယ်
ချစ်ခင်စွာဖြင့်
နန်း