Tuesday, July 13, 2010

အဖြူလေး ရဲ့ တက်(ဂ်) ပို့ (စ)လေး

တစ်ပင်ထဲ ရင်ထဲက “ နွယ် ” ကို အခန်း ဆက် အဖြစ် ခပ်ရှည်ရှည် လေး ကြိုးစား ရေး ကြည့်  အုံးမယ်
ဟု ဆုံးဖြတ်ချက် ကလေး ကို ခိုင်ခိုင်မာမာချပြီး ကျားကုတ်၊ကျားခဲ စ ရေး နေတုံးရှိသေး ၊ “ ဗြုန်း” ကနဲ ဆိုသလို
စာ ကို အလွန်ပဲ ရေး နေနိုင်သူ “ မရွှေစင်” က ၊ ကျွန်တော့်  ကို မမေးရသေးလို့ .. ၊ “ တက်(ဂ်) ပို့ (စ) ” လေး
ရေး ဘို့  စာရင်း ထဲ ထည့်  မလို့ ...၊ ဘယ်လို လဲ... စသည်ဖြင့်  မေးလာလိုက်တုံးက ရုတ်တရက် အံ့  သြသွား
မိပြီး ၊ ဟိုး .. တစ်ချိန်တုံးက “ ချိုကိုသဇင် ” ကလဲ ကျွန်တော့် ကို အခုလိုပင် “ တက်(ဂ်)စာ ” လေး ရေးခိုင်း တာ
ကို သွား သတိရမိပြန်ပါသည်။
အဲ့ ဒီ အချိန်တုံးက လည်း ယ္ခု လိုပင် လန့်  သွားမိခဲ့ ဘူးပါသည်။
ဘလော့  လောက မှာ .. အောက်ဆုံး က ပဲ လျှောက်လှန်းနေ သူ ၊ ဘေးကနေ ဘလော့ ရွာ ကြီးကို ရင်သတ်
ရှု့ မော ငေး ကြည့်  နေမိသူ တစ်ယောက်ကို ဗြုန်း ကနဲ ပဲ ဆိုင်း၊ဗုံ တို့ မဆင့်  ပဲ “ မင်း.. ရေး တော့  ” လို့ 
ပြောချ လိုက်တော့  နဲနဲတော့  ရှိန် သွား ခဲ့  ရ တယ် ဆိုပါတော့  ဗျာ..။
ထိုစဉ်တုံးကတော့  သူ က မေးခွန်း လေးများကို ကန့် သန့်  စည်းကမ်း ချက် လေးများနှင့်  နံပါတ်စဉ် အတိုင်း
ပေးပို့  လာ တော့  ခက်ခဲ ပေမဲ့ လည်း ကိုယ်ဖြေတတ်၊ရေးတတ်သလို ပဲ လွတ်လွတ် လပ်လပ် ရေး ခဲ့  ပါသည်။
ယ္ခု “ မရွှေစင်” ၏ “ တက်(ဂ်) စာ ” လေး ကျတော့  လွတ်လွတ် လပ်လပ် ရေးပါ ဟု ခေါင်းစဉ် မဲ့  လေး ပြော
လာတော့  ကောင်းချင်မဲ့  စာ လေး များကိုပဲ အပြေး အလွှား စဉ်းစား နေရပါတော့ သည်.. လို့ ။
ခေါင်းပူ သွားခဲ့ သည် ဆို ပါစို့  ဗျာ...။

ကဲ.. ကဲ .. ခေါင်းပူပူ နဲ့ ပဲ ရေးမိ လိုက်တာ ကတော့  “ ပေါက်စီ” ပါ .. တဲ့  ။

ပေါက်စီ
-------------

ရသေ့ တောင် ရောက်တော့  မဟေသီ တို့  အုပ်စု က ဘုရား ပေါ် ကို ကားနှင့်  ဆက်မတက် ရဲ တော့ ပါ
ဟု ဆို လာ ၍ နံနက်စာ အဆာပြေ ဆီထမင်း ပူပူနွေးနွေး လေး နှင့်  ငါးခူ ကျော် လေးကို ပထမဆုံးတွေ့ 
သည့်  ဆိုင်မှာပဲ တိုးတိုး ခွေ့ ခွေ့  လေးဖြင့်  ဒူး ခြင်း တိုက် ကာ ဝင်နိုက် ကြ ပါတော့ သည်။

ကျိုက်ထီးရိုး ဒီဇင်ဘာဆို တော့ လည်း သိတော်မှု သည့် အတိုင်းပါပဲ ၊ အရိုးထဲ ကိုက်နေ အောင်ကို စိမ့် ပြီး အေး
နေတော့ သည်လေ။ မနက် လေးနာရီ ဆိုတော့  မြူနှင်း တို့ က လည်းမကွဲတတ်သေး ၊ ကျွန်တော် တို့  မိသားစု
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့် ပြီး ပြုံးမိကြ ပါသည်။ ပါးစပ် တွေ ထဲ ကလည်း အငွေ့  တွေ တထောင်း
ထောင်း ၊ ဆီထမင်း နဲ့  ရေနွေး ချမ်း ကလည်း အငွေ့  တွေ တထောင်း ထောင်း ၊ အကြော် ဆိုင်ပေါင်းစုံ တို့ က
လည်း မီးခိုး ငွေ့  တွေ တထောင်းထောင်း ၊ ရှေ့  ဖက် ကားဝင်း ထဲ ကို အဝင်အထွက် လုပ်နေ ကြ သော
ဘုရားဖူး ကား တို့  ၏ ဖုံတွေ ကလည်း တထောင်းထောင်း အို... မြူ ခိုး ၊ နှင်းခိုး တွေ ကြား ထဲ မှာ ကြည်နူး
စိတ် ကလေးတွေ ကိုယ်စီ ဖြင့်  လတ်ဆတ်၊ လန်းဆန်း နေသော ဆောင်း လေနု အေး ရနံ့  ကလေး ကို ပဲ
ရအောင် ရှုရှိုက် မိ လိုက် ကြ ပါသေးသည်။

ကျွန်တော် ပေါက်စီ ကို ငုံ့  ကြည့်  မိတော့  အမွှေးထူထူ သိုးမွှေး ဦးထုပ် ကို နားအုပ် နှစ်ဖက် ချထား ပြီး
ဦးထုပ်လျှာ ကိုပါ ခပ်ငိုက်ငိုက် စောင်းထား သော ကြောင့်  သူ့  မျက်နှာ ကို မမြင်ရပေမဲ့  ဆီထမင်းလုပ်
မဆန့်  မပြဲ ငုံ လျက် ပြည့် ဖောင်း နေသော ပါးနှစ်ဖက်ကို တော့  တလှုပ်လှုပ် ဖြင့်  မြင်နေရပါသည်။

လမ်းလျှောက် ကာစ အရွယ် မို့ လားတော့ မသိ၊ အခု လို များ ညအိပ်၊ညနေ ခရီးများ သွားရလျင် လူကြီးတွေ
သာ တစ်လမ်း လုံးငိုက် လာ လိမ့် မည်။ “ပေါက်စီ” တို့ က တော့  ဘယ်တော့  မှ မငိုက် တတ်ပဲ လန်းလန်း
လန်းလန်း ဖြစ်နေတတ်ပါသည်။

ငါးကြော် ကို လက်နှစ်ဖက်နှင့်  ကိုင်ဆွဲ နေသောကြောင့်  သူ့ အမေ လိမ်းပေး ထားသော ထူထဲ ညီညာ သော
လေးထောင့်  ပါးကွက်ကြီး တို့ က ဆီကွက် များဖြင့်  ဘယ်ညာ ပေလူး နေပါတော့ သည်။

ဘေးချင်း ကပ်ထိုင်နေသော အကြီးကောင်က သူ့ ညီ ကို စ ချင် လာ၍ ထင်၊ သူ့ လက်အိပ် တစ်ဖက်ကို အသာ
ချွတ်လိုက်ရင်း ပေါက်စီ ၏ အနွေးထည် နောက်ကျော ကို အသာလေး လှန်ပြီး သူ့  အေးစက် သော လက်ကို
ရုတ်တရက် ထိုးထည့်  လိုက်ရာ ပေါက်စီ လည်း အလန့် တကြား ထအော်ပြီး ၊ ပါးစပ်ထဲ မှ ကိုက်လက်စ ငါးကြော်
နှင့်  သူ့ အကို ကို လှည့် ပေါက်ပစ်လိုက် လေ တော့ သည်။

ဘေးမှ ဘရားဖူး တစ်သိုက်လဲ ပေါက်စီကို လှည့်  ကြည့်  လာကြပြီး ၊ ပြုံးစိစိ နှင့်  ဖြစ်ကုန်ကြ တော့ သည်လေ။

အတက်လမ်း တလျှောက်လုံး ဘုရားပေါ်မှ ပြန်ဆင်းလာသော ကားတန်း ကြီးများ နှင့်  ဆုံတိုင်း မှာ ဟိုဘက်
သည်ဘက် ညာသံ ပေး နှုတ်ဆက် အော်ဟစ် သွား ကြသည့်  အသံ တို့ က ဝိုင်း စက်သော လမင်း ကြီး
အောက် ဆိပ် ညိမ် နေသော တောအုပ်ကြီး ကို ဖုံးလွှမ်း နေပါတော့ သည်။ သည်ထဲမှာ ပေါက်စီ ရယ်သံလေး
က လည်း “ တခစ်ခစ်၊ တခွိခွိ .. ” နှင့်  ၊ သူက တစ်မျိုး ဆိုသလို ပါ ။

မဟေသီ က ပြေလျော့  နေသော သူ့  ခေါင်းပေါ် က သဘက် ကြီးကို ပြန်ပြင် ပတ် နေရင်းက
“ ပေါက်စီ ရယ် .. နင့် တစ်လမ်း လုံး ချီ လာရတာ ၊ ငါတော့  သေတော့ မှာပဲ ..၊ ဒီလိုမှန်းသိ ငါ ကား နဲ့ ပဲ ဆက်
တက်သွားပါ တယ် ၊ သွား နင့် အဖေ ဆီ ကို... ” ဟု တပစ်ပစ် မြည်တွန် တောက်တီး နေတော့  ပေါက်စီ
ကလေး မျက်နှာက ခပ် ငယ်ငယ် ဖြစ်နေသည်။ သူလဲ လမ်း လျှောက်တတ်ကာစ ဆိုပေမဲ့  လည်း လျှောက်
တော့ လဲ လျှောက် တက် လာရှာ ပါသည်။

တော လမ်း မှ မတက်ပဲ လမ်းသာ သည့်  ကားလမ်း ဘက်က ရွေး တက် လာ သောကြောင့် လည်း အတက် အဆင်းကား တွေ ကို စိတ်မချ ၍ ကျွန်တော်ရယ်၊မဟေသီ ရယ်၊ အကြီးကောင် ရယ် သုံးယောက် တစ်ယောက်
တစ်လှည့်  စီ ချီ တက် လာ ကြ ပေမဲ့  ကြာလာတော့  အတက်ခရီးမှာ ပေါက်စီ က ဝိတ် စီး လာသလို ဖြစ်
နေတော့ သည်။ အနွေးထည် တွေ တောင်ချွတ်နေရပြီ လေ ၊ ချွေး တရွှဲရွှဲ နှင့်  အေး သော ဒီဇင်ဘာတောင်
ဘယ်ရောက်သွားသည် မသိ ဖြစ်နေရပါသည်။ ကိုယ့်  အနွေး ထည်တောင် ကိုယ်မသယ်ချင် ကြတော့ ပါ ။
ခါးမှာ ပဲ ကိုယ်စီ ပတ် ချီ လာခဲ့ ရ ပါတော့ သည်။

အထမ်းသမား တွေ ကို တွေ့  ပေ မဲ့  ကိုပေါက်စီ က သူတို့  ထမ်း တာ တွေ ၊ သူတို့  ပုခက်တွေ ကို မစီး ရဲ
ဟု ငြင်း ဆန်နေတော့  ရာ ၊ ချစ်စရာ အလွန်ကောင်း သော ဝ ဝ ကစ် ကစ် ပေါက်စီ လေးက ကျွန်တော်တို့ 
အတွက် အမှိုက် တစ်ခု သဖွယ် ဖြစ်လာ နေတော့ သည်။

နောက်ဆုံးတော့  ကျွန်တော်လည်း သူတို့  သားအမိ တွေ ကို သနား သောကြောင့်  “ ကိုယ်ပဲ တောင်ပေါ်
အရောက်ချီ တက် တော့ မယ် ၊ ယူ... တို့  ဖြေးဖြေး ချင်း လိုက်ခဲ့  ကြ တော့  ” ဟု ပြောပြီး အမှိုက်ကလေး
ကို စွေ့  ကနဲ ပွေ့  မ ပြီး ပုခုံးပေါ် ခွ တင် လိုက်ပါတော့ သည်။

အစ ကတော့  သား အဖ နှစ်ယောက် စကား တွေ ဖောင်ဖွဲ့  အောင် အပြန်အလှန် ပြော နေ ကြ ပေမဲ့ 
ကြာလာ တော့  သူ မေး လာ တာ တွေ ကို ကျွန်တော် မဖြေ နိုင်တော့  ၊ ပါးစပ် ထဲ ချွဲ လာပြီလေ၊သောက် ရေ က
လဲ နောက်ဖက် အောက် နှစ်ကွေ့  လောက်တွင် ကျန်ခဲ့  သော သူတို့  သားအမိ ရဲ့  ဆွဲ ခြင်း ထဲ မှာ ..။

ခြေသလုံး တို့ ပါ တောင့် လာ သောကြောင့် ရှေ့  ကုန်းအတက် အကွေ့  နား ရှိ တောင်ကမ်းပါးရံ ကို အဖီ ဆွဲချ
ပြီး ဖွင့်  ထား သော လ္ဘက်ရည်ဆိုင် လေးကို တွေ့  လိုက်လျင်ပင်၊ ဘဲ သွား သွား နေမိ သော ကျွန်တော့် 
ခြေလှန်းတို့  အလိုလို နေရင်း ကြွတက် မြန်ဆန် လာပြီး နောက်ဆုံး အားလေးဖြင့်  ညှစ်၍ တက်မိ လိုက်တော့ 
သည်။

လ္ဘက်ရည်ဆိုင်ကလေးထဲ ရောက် ရောက်ခြင်း ..၊
“ ကဲ .. ပါ ၊ ကျေးဇူး ရှင်... ခဏ ဆင်းတော်မှု ..” ဟု ပြောပြီး ပေါက်စီ ကို ကျွန်တော့်  ပုခုံး ပေါ် မှ အသာ လျှော
ချ ပေး လိုက်ပါသည်။

ပေါက်စီက ကျွန်တော့်  ဆံပင် ကို မြင်းဂုတ်မွှေး နှယ် အသေအချာ ဆုပ်ကိုင် လျှော ဆင်းလိုက်ပြီး တစ်ခွန်း
ထဲ သော စကား ကို ကျွန်တော့်  အား ပြော လိုက် ပါတော့  သည်။ နား ထောင် တော်မှု ကြ ပါလော့ ....၊

“ ဖူး..... မော လိုက် တာ အဖေ ရာ....” တဲ့  ဗျား ။

...................................................................................................................

ဤတွင် မရွှေစင် ရေးခိုင်းသော ကျွန်တော့်  တက်(ဂ်) ပို့ (စ) လေး ပြီးပါပြီ။

9 comments:

Anonymous said...

ကို အဖြူလေး ရေ

ဟူး ဖတ်လိုက်ရတာ မောသွားတာဘဲ ဘာဘဲဖြစ်ဖြစ် မဟေသီ ဆိုတဲ့ စကားလုံးလေး တော့ တွေ့လိုက်သလိုဘဲ


တက်ဂ်ပိုစ့်လေး ရေးပေးတဲ့ ကိုအဖြူလေး နဲ့ စပေး ခဲ့တဲ့ ကိုဧရာ မသီတာ တို့ကို ကျေးဇူးတင်ပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

thawzin said...

တက်ဂ်ပို့စ်တင်လဲ လာအားပေးနေပါ့ဗျာ။
ဒါနဲ့ ပေါက်စီဆိုတာ မိန်းကလေးလား ယောက်ျားလေးလား။
သားသမီးတွေနဲ့ ဘုရားဖူးထွက်ရဆိုတော့ ပျော်စရာတော့ ကောင်းမှာပဲ။ ဒါပေမယ် ကျိုက်ထီးရိုး တော့ မသွားဘူး။ ဒီပို့စ်ဖက်ပြီး သင်ခန်းစာလေး ယူမိတယ်။ ပျော်ရွင်ပါစေဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တဂ်ပိုစ့်လေးက အတိတ်ကို ပြန်တူးဖော်ပေးလိုက်တယ်ဆိုပါတော့
ကြည့်ရတာကျိုက်ထီးရိုးကို ပြန်သွားချင်စိတ်ပေါက်နေပြီထင်ပါရဲ့..
ခုလို မိသားစုနဲ့ဝေးနေချိန်မှာ ဒီအဖြစ်လေးတွေက ပြန်တွေးတိုင်းအမှတ်ရစရာပါဘဲနော်...
ပေါက်စီနဲ့ မဟေသီလဲ လွမ်းနေရှာရောပေါ့..း)

Sonata Cantata said...

အဖြူလေး မဟေသီ အကြီးကောင် ပေါက်စီ
ဟယ် သူတို့လည်း တို့လိုပဲ လေးယောက်
တူတယ်။

sosegado said...

ပျော်ရွှင်ဖွယ်မိသားစု ခရီးလေးပါပဲ၊ မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး သားရယ် အဖေရယ်ပေါ့၊

ခိုင်နုငယ် said...

တက်ပိုစ့်လေးအရောက်လာဖတ်သွားတယ်။
ကိုအဖြူလေး..မဟေသီ..
ပေါက်စီလေး...အကြီးကောင်..
..မိသားစုအားလုံးပျော်ရွှင်ပါစေဗျာ။

နန်းလေပြေနု said...

ပျော်ရွှင်စရာ မိသားစုလေးပေါ့။
ဖတ်ပြီး သဘောတကျကို ရယ်ဖြစ်သွားတယ်။

သဒ္ဓါလှိုင်း said...

စာလာဖတ်သွားပါတယ်..
အဆင်ပြေပျော်ရွှင်ပါစေနော်..

ခင်မင်စွာ
သဒ္ဓါ

အနော် said...

တဂ်ပို့စ်လေး လာဖတ်တယ် အကို
ပေါက်စီလေးကို ဖတ်ရင်း မျက်စိထဲ မြင်ယောင်ပီး ပါးတွေကို လိမ်ဆွဲပစ်ချင်နေတယ်.. တအားချစ်ဖို့ကောင်းမှာပဲ. ဝဝကစ်ကစ်လေးကို..
ဖတ်ရင်း တအားသဘောကျမိတယ် အကိုအဖြူလေးရေ..
မိသားစုနဲ့အတူ ခရီးတစ်ခေါက်လောက် ထွက်ချင်သား..