Wednesday, August 25, 2010

တစ်ပင်ထဲ ရင်ထဲက “ နွယ် ” ( ၆ )

ယ္ခုတစ်လော ကျွန်တော့်  အလုပ် က မျောက်မြီး မီးလောင်သလို လုပ် နေရ ပြီး နေ့ စဉ်ပဲ နေပူပူ လေပူပူ ထဲက ကိုယ့် အခန်း လေးထဲ ပြန်ရောက်လာ တိုင်း၊ တစ်နေကုန် အလုံ ပိတ် ထားခဲ့  ရ သောကြောင့် လောင်မြိုက်
နေ သော ကျွန်တော့်  အခန်း လေး၏ အမြဲ စီးကြို နေ သော အပူ လုံးတို့  ကို မခံစား နိုင် အောင် ကို ဖြစ် နေ
ရပါသည်။

နွယ်(၅) ကို ရေးပြီး ၊ နွယ်(၆) ကို ဆက်ရေး ဘို့  အရှိန် တို့  အကြိမ်ကြိမ် ယူ နေ ပေ မဲ့  တော်တော်နဲ့  စ မရေး နိုင်
ပဲ ကွန်ပြူတာ လေး ရှေ့  ခပ်ငိုင်ငိုင် နှင့်  ရောင်ပေပေ ဖြစ် နေခဲ့  သည်မှာ လဲ ကြာပြီင်္ ဖြစ်ပါသည်။

ယနေ့  ည တော့  အပူ ရှိန် တို့  ရော့  သလို ဖြစ် လာပြီး အပြင်ဘက် ဝါးရံတာ လေးဘက်မှ လေ ပြေ တို့ 
ကျွန်တော့်  အခန်း လေး ထဲ တဖြည်းဖြည်း တိုးဝင် လာနေသလို ဖြစ်လာသောကြောင့် အပြင်ဘက် ကျွန်တော် ထွက်လာ ခဲ့  မိ ပါသည်။

ခရမ်းပြာရောင် မှိုင်း နေ ပြီး အဆုပ်လိုက်၊ အလိပ် လိုက် ဖြစ်နေသော တိမ်တိုက် တွေ ကြား ထဲ တွင် လင်းလက်
ပြည့်  ဝန်း နေသော လမင်းကြီး က ပြူပြူ တစ်တစ် နှင့်  ထွက်ချင်ချင် ဖြစ်လို့  နေပါတော့ သည်။

မှုန်ပျပျ လရောင် လေးက ဝရံတာ လေး၏ ကြမ်းပြင် ပေါ် လာရောက် ထင်ဟပ် နေ ပြန်ပါသည်။

သည်လို ပြည့် ဝန်း သော လမင်း ကြီး သာ သည့်  ည တိုင်း မှတ်မှတ်ရရ ရှိနေတတ်သည့် တစ်စုံတရာ ကြောင့် ပဲ
ကျွန်တော် နွယ်(၆) ကို ဆက်ရေး ဖြစ်ခဲ့  ရပါတော့ သည်။

.................................................................................................................................

ကုက္ကိုင်း ဘက် ရောက်တော့  ကား က ကောင်းကောင်း မောင်းမရတော့  ပါ ။
လူတွေ အားလုံး က လှည်းတန်း ဘက်သို့  တ္ကသိုလ် ရိပ်သာ လမ်းမကြီးအတိုင်း လမ်းဘယ်ညာ နေရာလွတ်
မရှိ သလောက် ကို တရွေ့  ရွေ့  လျှောက် နေကြ ပါတော့ သည်။

ခွပ်ဒေါင်း အလံ တလွင့် လွင့်  နှင့်  ဖြည်းဖြည်းချင်း လမ်းတောင်း လာသော ကျွန်တော်တို့  ကား ကို ပြည့် ကြပ်
နေသော လမ်းပေါ် ရှိ လူထု ကြီးက လှည့်  ကြည့် မိ ကြ ပြီး ၊ တညီတညာ တည်း လမ်းဖယ် ပေး နေကြ ပါသည်။
တစ်ချို့  က ညာသံ ဟစ် လက်ခုပ်တီး၍ အားပေး နေကြ ပြီး ၊ တစ်ချို့  လူငယ် တို့ ကလည်း ကားပေါ် ခုန်တက်
ပြီး လိုက်ပါ လာ ကြ ပါသည်။

ကျွန်တော့်  လက်တစ်ဖက် ကို ချွေး စို့  ပြီး နွေး ထွေး နေသော လက် တစ်ဖက် က လာ ပြီး ခပ်ဖွဖွ ဖျစ်ညှစ် လိုက်
သလို ဖြစ်၍ လှည့်  ကြည့်  မိ တော့  “ သူ ” စုတ်ချွန်း ပါ ။ ကျွန်တော့်  ကို တော့  သူ မကြည့်  ပဲ ရှေ့  တည့် 
တည့်  ကိုသာ ကြည့်  နေ ပါသည်။

ထုံးစံ အတိုင်း တိုသော သူ့  ဆံပင် တွေကို ကလစ် ကလေး နှင့်  နောက် မှ လှန်ညှပ် ပြီး ကုတ် တင်ထား ပါ
သည်။ သနပ် ခါး ကတော့  ထူ လွန်း နေပေမဲ့  ညီ နေသလို တော့  ရှိပါသည်။ သူ့  ရဲ့  ဘေး မှ အမာအေး က
သူ့  ပုခုံး ကို အသာ လေး ဖက် ထား တာ တွေ့  ရ သည်။

ကား ဆရာ ကိုဥာဏ်ထွန်း က “ လှည်းတန်း ဘက် မှာ လုံထိန်း တွေ ချ ထား တယ် ကြားတယ်ဗျ၊ ” ဟု ပြော
လာပါသည်။ “ ကိစ္စ မရှိ ဘူး ဗျ ၊ စစ်ကိုင်း လမ်း ဘက် က လှည့်  ဝင် ကြ မယ်လေ ၊ ဘာပဲ ဖြစ် ဖြစ် စု ရပ် ကို
တော့  အရောက်သွား မှ ဖြစ်မယ် ” ဟု ကျွန်တော် ပြန်ပြော လိုက် ပါသည်။

နေ့ ခင်း နေ က တော့  လောင်မြိုက် ပြီး ပူ လွန်း နေ ပါ သည်။
လမ်းမကြီးပေါ်က ပြည်သူ တွေ ၊ ကျွန်တော် တို့  ကျောင်း သား တွေ ၊ အလုပ်သမား တွေ ၊ ရဟန်းရှင်လူ ပြည်သူ
တရပ်လုံး ၏ တူညီ နေသော ခံစား ချက်တို့  က ဆယ်စု နှစ်ပေါင်းများစွာ အုပ်မိုး ကာစီး နေသော သည် အရိပ်
မဲ ကြီး ကို တွန်း လှန် ဖယ်ရှား ချင်နေသည့်  ဆန္ဒ တစ်ခု သာ ဖြစ်ပါသည်။

တွန်းလှန် သည် ၊ တော်လှန် သည် ဆိုပေမဲ့  ကျွန်တော်တို့  အားလုံးမှာတော့  ဆန္ဒတွေ ၊ အင်အား တွေ ၊ ရင်ဘတ်
တွေ ကိုယ်စီ သာ ရှိ နေ ကြ ပါသည်။ မျို သိပ် ထားသမျှ တွေ ကို သည် လမ်းမ ကြီးတွေ စု ရပ်တွေ မှာ ပဲ
အင်အား တရပ်အဖြစ် စုစု စည်းစည်း ရင်ဖွင့်  ၍ အမှန်တွေ ပေါ်အောင် ဖော်ဆောင် နေ ကြ ရုံ ပါပဲ ။ တစ်တိုင်း
ပြည် လုံးကို သိစေ ညီစေ ချင် တာ ၊ အုပ်ချုပ် နေသူ တွေ ကို သိစေ မြင်စေ ပြင်စေ ချင်တာ တွေ အတွက်
ဘဝ တွေ အသီးသီး ကို ချရင်း ကြ ရ တာပဲ ဖြစ်ပါသည်။ အများ အတွက် ဆိုတော့ လည်း၊ အများ ပါမှ အများ
ညီ ပါ မှ ဖြစ်ပါ မည် ။

ဆန္ဒ ကိုယ်စီ ဖွင့် ဟ ဖို့  တူညီ သော ရည်ရွယ်ချက် တို့ ဖြင့်  လမ်းမ ကြီးပေါ် သို့  ကစင့်  ကလျား ထွက်လာ ကြ
ကုန်သော လူ ထု ကြီးကို ကျွန်တော်တို့  ကျောင်းသား တို့  က ဦးဆောင် ဦးရွက် ပြု နိုင်အောင် အတော် ကြိုးစား
ယူ နေ ရ သော အချိန် လဲ ဖြစ်ပါသည်။ ပြန့်  ကျဲ နေသော အင်အား တွေ ကို ကောက်သင်း ကောက် သလို
စုစောင်း ၍ တူညီ သော ပန်းတိုင် တစ်ခု ကို ချီတက်မိ စေရန် လည်း ရည်ရွယ် ပါသည်။

အာဏာပိုင် တို့ က တော့  လောလောဆယ် ဖြစ်တည်လာနေသော ကျောင်းသား ကိစ္စ ကို အုပ်ချုပ်မှု ယန္တယား
တစ်ခု လုံး အမြစ် လှန် နိုင်မည့်  နိုင်ငံ ရေးဘက် မလှည့်  မိစေရန် လက်ထဲ ရှိနေသော ကျဉ်ဆံ တို့ ဖြင့်  ဖြေရှင်း
ဘို့  ကြိုးစား နေရင်း ပဲ ရဟန်း၊ ရှင်လူ ပြည်သူ တစ်ရပ် လုံး က ကရုဏာ ဒေါသော နှင့် ပဲ တဖြည်းဖြည်း စုစည်း
လာ မိနေ ချိန် လည်း ဖြစ်ပါသည်။

အမှန်က တော့  နိုင်ငံ အရေး ဆိုသည့်  နိုင်ငံရေးသည် ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံး ၏ အရေး သာ ဖြစ်
တော့  တာမို့  လူတန်းစား အလွှာ တွေ ကို ခွဲ ခြား မနေသင့်  ဟု ကျွန်တော်တို့  ကျောင်းသား ထု တစ်ရပ် လုံးက
မြင်ထားပါသည်။

“ဆူပူသူ ” ဟု သူတို့ က ခေါင်းစဉ် တပ် သေနပ်နှင့်  ချိန်ထားပေမဲ့  ဘာကြောင့်  ဆူရသည် နှင့်  ဆူ နေသည့် 
သူ များ ကရော မည်သူ တွေ ဖြစ်ပါသနည်း ဆိုတာကို မပစ်ခင် အရင် လေ့ လာ အဖြေ ထုပ်သင့်  လှပါသည်။

ယ္ခုတော့  ပြည်သူ တွေ အားလုံး လမ်းမ တွေ ပေါ် ရောက်၍ ရင်ဘတ် ကိုယ်စီ ဖွင့်  ပြီး သေနပ် ပြောင်းဝ တွေ
ကို ရင်ဆိုင် ကြ ပေတော့ မည် လေ ။

စစ်ကိုင်းလမ်း ဘက် ရောက်တော့  ကားကို ကွေ့  ဝင်မည် အလုပ် သံဃာတော် တစ်ပါး က ကျွန်တော် တို့ ကား
ကို တား နေ သောကြောင့်  ကျွန်တော် တို့ လည်း ကားကို ထိုးရပ်လိုက်ရင်း အားလုံး လက်အုပ်ချီ ၍ ဘုန်းဘုန်း
မိန့် လာမည့်  စကား တို့  ကို ငံလင့်  နေမိ ကြ ပါသည်။

ဘုန်းဘုန်း က “ တကာတို့  ဆက်မသွား ကြရင် ကောင်းမယ် ထင်တယ်၊ ရှေ့  မှာ သံဆူးကြိုး တွေ ချ ပြီး ပိတ် ထား
ပြီ ၊ ကျော်သွား တဲ့ သူ တွေ ကို လဲ ရိုက်ကုန်ပြီ၊ ဒို့  ဘုန်းကြီး တွေ ကိုတောင် မရှောင်တော့ ဘူး ကွဲ့  ...၊ ကျောင်း
ဝင်း တစ်ခု လုံးကို လုံထိန်း တွေ အပြင်ကနေ ဖြည်းဖြည်း ချင်း ဝိုင်း နေပြီ နော .... ”

“ တပည့်  တော်တို့  ထွက်လာခဲ့  ပြီး ကတဲ က နောက်ဆုတ် ဖို့  အစီအစဉ် မရှိ ခဲ့ ပါ ဘုရား ..၊ တပည့်  တော်တို့ 
ညီအကို မောင်နှမ တွေနဲ့  သေအတူ ရှင်မကွာ ဒီအရေးတော်ပုံ ကြီးကို ပြီးဆုံးတဲ့ အထိ ၊ အောင်မြင်တဲ့  အထိ
လက်တွဲ တိုက်ပွဲ ဝင် သွား ကြဘို့  ဆုံးဖြတ် ပြီး ကြောင်းပါဘုရား... ”
“ အေး လကွယ် ၊ အခု ဟာ က မင်းတို့  က ခွေးတွေ နဲ့  ဖက်ကိုက် ကြ ရတော့ မလို ဖြစ်နေ ပြီ ကွဲ့  ၊ သူတို့ က
ဘာ ကိုမှ သိ ကြ တာမဟုတ် ...”
“ တပည့် တော် တို့ ကို သွားခွင့်  ပြု ပါတော့  ဘုရား .... ” ဟု ကျွန်တော် တို့  တရိုတသေ လျှောက်လိုက်တော့ 
ဘုန်းဘုန်းက “ အေးကွယ်... တနေ့ တော့  အမှန်တရား ဆိုတာ ပေါ် လာမှာ ၊ အောင်မြင်လာ မှာပါ ကွယ်၊
သား တို့  သမီးတို့  အားလုံး ဘေးအန္တရာယ် မဖြစ် စေပဲ ချောချော မောမော နဲ့  လိုရာ ခရီး ရောက် နိုင် ကြပါ
စေ ကွယ် ....၊ ” ဟု မိန့်  ပြီး လမ်း ဖယ်ပေး လိုက်ရင်း ပလက်ဖောင်း ပေါ် တက် ၍ လက်အုပ်ချီ ရင်း ဆု တောင်း
မေတ္တာ ပို့  နေ ပါတော့ သည်။

ကျွန်တော် ကား ရှေ့  ခန်း ဘက် လှန်း ကြည့်  လိုက်တော့  စုတ်ချွန်း နှင့်  အမာအေး တို့  လက်ကိုင် ပုဝါ ကိုယ်စီ
ဖြင့်  မျက်ရည် သုတ် နေ ကြ တာ ကို တွေ့  လိုက် မိ ပါသည်။

ကား ခေါင်မိုး ပေါ် ထိုင်လိုက် လာ သော သန်းနိုင် က ခွပ်ဒေါင်း အလံ ကို ဖြုတ် ၍ ကိုင်မြှောက် လိုက် ရင်း
“ ကဲ...သူငယ်ချင်း တို့ .. ရေ... ” ဟု ထ တိုင် လိုက် သည်နှင့်  ကားတစ်စီး လုံး ရှိ ကျောင်းသား ထု ကြီးက
“ ဝေ ................... ” ဟု တညီ ထဲ ထူး လိုက်လေ တော့ သည်။
“ ညီစေ နော..... ”
“ ညီ တယ်... ”
“ အရေး တော်ပုံ .... ”
“ အောင်ရမည် .... ”
“ အာဏာရှင်စနစ် ဆိုးကြီး........... ”
“ ကျ ဆုံးပါစေ ...... ” စ သည် ဖြင့်  ကြက်သီး မွေး ချင်း တို့  ထ လာ လောက် အောင် ကို အတိုင်အဖောက်
ညီညီ ဖြင့်  ကြွေး ကြော် ကုန် ကြ လေ တော့  သည်။

သန်းနိုင် က အမိုး ပေါ် မှ ပင် လှန်း ၍ ကျွန်တော့် ကို ပြောလာ ပါသည်။
“ ကို ကျော်... ကား ဆက်သွား လို့ မရ တော့  ရင် .. လမ်း ဆင်းရှောက် ကြမယ်လေ... ဘယ်လိုလဲ ..”
ကျွန်တော်က လွယ်အိပ် ထဲမှ ပင်နီ တိုက်ပုံ ကို ကပြာ ထုပ်၍ ဝတ် လိုက် ရင်း ...
“ ကောင်း တယ် .. ချီ တက် ကြ စို့  ....... ” ဟု ပြော လိုက် သည်နှင့်  ကားတစ်စီး လုံး လက်ခုတ် သြဘာ သံ
တို့  ဆူ ညံ သွား ပါတော့ သည် ။ အော်.... သွေးချင်း နီး ကြ ၊ နီ ကြ သည့်  ညီ အကို မောင်နှမ များပါ လား...။

အမာအေး က ကားရှေ့  ခန်း မှ လိုက် ဆင်း မည့်  “ စုတ်ချွန်း ” ကို အသာ ပဲ ဖေးကူ ထိန်း ပေး နေတာ တွေ့ 
ရ ၍ ကျွန်တော် သူတို့  အနား သွားရင်း .... စုတ်ချွန်း ကို “ ကဲ ညီမလေး .. နေခဲ့ ပါတော့ လား ကွာ..
ကျွန်တော် ညီမလေး တစ်ခု ခု ဖြစ် မှာ စိုးရိမ် ..... ” စကား စ တို့  မဆုံးခင်ပဲ သူ ကျွန်တော့် ကို မျက်လှန် ကြည့် 
လိုက် ပြီး တသွင်သွင် ထိုးဆင်း လာ သော မျက်ရည် တို့  ဖြင့်  ကျွန်တော့်  ရင် ဘတ် ကြီး ကို သူ့  လက်အစုံ
လေး ဖြင့် ပင် အချက် ပေါင်း များစွာ ထု နေ ရှာ ပါတော့ သည် ။

“ ကို ... ကျော် ................. က လဲ..၊ ” အမာ အေး က ကျွန်တော့် ကို အပစ် တင် ဘို့  ကြိုးစား ရင်း သူ့  အသံ
တို့ ပါ တိမ်ဝင် သွား ရှာ ပါသည် ။

သံယောဇဉ် ဆိုတာ ရင်ထဲ မှာ တမျှင်မျှင် နှင့်  အောင့်  နေတတ် သလိုပါလား .. ။

ကျွန်တော် ပထမဆုံးအကြိမ် ပဲ တသိမ့် သိမ့်  တုန်နေ သော “ စုတ်ချွန်း ” လေး ၏ ပုခုံး နှစ်ဖက် ကို အသာ ပဲ
ဖြစ်ညှစ် ဆုပ် နယ် နှစ်သိမ့်  လိုက်မိရင်း.... “ အေးပါ ညီမလေး ရယ်... ကျွန်တော် စိုးရိမ် လို့  ပြော လိုက်မိ
တာ ပါ ကွယ် ..၊ ကဲ ... တိတ် တော့  ၊ တိတ် တော့  နော် .. အားလုံး စိတ်မကောင်း ဖြစ်နေ ပါအုံး မယ် ” ဟု
တတွတ်တွတ် ပြော နေမိပါတော့ သည် ။

“ ကဲ . . ကို ကျော် ... ” သန်းနိုင် က လှန်း၍ မေးငေါ့  လာ ပါသည် ။
ကျွန်တော် က လက် လှန်း ပြ လိုက် ရင်း .. “ သွားကြ စို့ ကွာ.... ” ဟု ပြော လိုက်ပါတော့ သည် ။

....................................................................................................................................................


( ဆက်လက် ကြိုး စား ပါအုံးမည် ။ )

5 comments:

Anonymous said...

ဟင် အဖြူလေး ကလည်း တိုတိုလေး ဖတ်ကောင်းနေမှ ရပ်ရပ် ပြစ်တယ်

မြန်မြန်ဆက်ရေးပါ

ခင်တဲ့
ရွှေစင်ဦး

Anonymous said...

အစအဆုံးပြီးမှဘဲ ဖတ်တော့မယ်ဗျာ
မျှော်ရတာမောတယ် အဆက်ဆိုရင် ဘာအဆက်မှ မကြိုက်ဘူးဗျ
မကြီးရွှေစင်ကို ပြီးရင်လက်တို့ခိုင်းထားတယ် မြန်မြန်ရေးပေးပါဗျ

ခင်မင်စွာဖြင့်
seesein

ကိုဇော် said...

အို...ဘာတဲ့။

သံယောဇဉ် ဆိုတာ ရင်ထဲ မှာ တမျှင်မျှင် နှင့်  အောင့်  နေတတ် သလိုပါလား .. ။

ဟုတ်လား။ ထိတယ်ဗျာ။ ငိုက်စိုက်စိုက်ပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပါတယ် နွယ်နဲ့တူသော သံယောဇဉ်ဟာ အမျှင်တန်းနေတတ်တာမို့ ဖြတ်ဖို့သိပ်ခက်ခဲလွန်းပါတယ်..
ကိုအဖြူလေးတောင် နှစ်၂၀က အကြောင်းတွေ ခုချိန်ထိ တသသ ဖြစ်နေတာ ကြည့်ပါလားနော်..

Anonymous said...

ဇတ်လမ်း က ဖတ်လို့ ကောင်း ပေ မဲ့ နောက် ခံ ကျော ရိုး ဖြစ်တဲ့ တောင် ဒဂုံ တို့ စက်မှူ ဇုံ တို့ဆို တာ ၁၉၈၈ တုန်း က လယ်ကွက်တွေ ပဲ ရှိ ရွာတွေ ပဲ ရှိတဲ့နေ ရာတွေပါ...စက်မှုဇုံဆိုတာ၁၉၉၀ နောက်ပိုင်း မှ ဖြစ် လာတာ..
ဒါကြောင့် ဖတ်ရတာ အရသာ ပေါ့တယ်
ကျန်တာ ရေးထားတာ ကောင်းတယ်။။
ကျွန် မ နာမည် က
နွယ်