Saturday, October 9, 2010

တမ်း တ တောင်တန်း( သို့  ) ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ




သည်တောင်တန်း ကြီးတွေ က နေ့ တိုင်းပဲ မြင်တွေ့  နေရပေမဲ့  ကျွန်တော့် အဖို့  တော့  ရိုး သွားတယ် မရှိပဲ
တစ်နေ့  ထက်တစ်နေ့  မရိုး နိုင်သော ခံစား မှု တွေ သာ ဖြစ်ပေါ် နေလေ့  ရှိပါသည်။

စိမ့်  ပြီး အေးနေသော လေ တို့ က ဆိုင်ကယ်ဦးထုပ်၏ ရှေ့  လေကာမှန်ကို မျှား တွေကဲ့ သို့  အဟုန်ပြင်းစွာပဲ
ဝင်တိုး ရိုက်ခတ်နေပြီး ကျွန်တော့်  နားနှစ်ဖက်ကို ကြမ်းတန်းလွန်းသော အရှိန် တို့ ဖြင့်  တဝေါဝေါ .. နှင့် ပဲ့တလစပ် ပွတ်တိုက် ဖြတ်ကျော် သွား နေသောကြောင့်  နား တို့  တောင် ထုံ ကျင် လာနေပါသည်။

ရင်ဘတ် တစ်ခု လုံး လေစိမ်းတို့ ကြောင့်  အေးစက် လာနေသော်လည်း တွေးမိနေသော အရာ တစ်ခုကြောင့် 
နွေးထွေး နေသော ခံစား မှု တစ်ခု တော့  ဖြစ်ပေါ် နေသလိုပါ ။

နုပျို မှု တို့  တဖြည်းဖြည်း ပျောက်ဆုံး လာပြီး အရွယ်တစ်ခု သို့  ချဉ်းနင်း ဝင်ရောက်လာ နေပြီးသော ကျွန်တော်
တို့  ကတော့  ဟိုး ငယ်စဉ် ကလေး ဘဝ လေးတွေ တုံးက လိုပဲ လတ်ဆတ် ၊ လန်းဆန်း နေသော ခံစားမှု တွေ
ဖြူစင်သော သံယောဇဉ်တွေ ၊ အပစ် ကင်းစင်လွန်း သော ပျော်ရွှင်မှု တွေ တဖြည်းဖြည်း ဆိတ်သုန်း လာ ခဲ့ 
ရပြီး ၊ တစ်ချိန်က ဂရုမစိုက်မိပဲ တိုးတိုး ခွေ့  ခွေ့  ထဲထဲ ဝင်ဝင် နေ ခဲ့  မိသော ပတ်ဝန်းကျင် ကို ယ္ခု တော့ 
ဂရုစိုက်နေရပြီ လေ ။

ကျွန်တော်တို့  ရဲ့  မခံစား တတ်သေးသော အရောင်မဲ့  လွန်းသော နှလုံးသားတို့  က ၊ ရင့် ထော် ကြမ်းတန်း
လာသည်နှင့် အမျှ ပဲ အရာရာ ကို ဖမ်းယူ ဆုပ်ကိုင် ခံစားလွန်းနေတတ် ပါ သည် လို့  ။

ကိုယ်နှင့်  ထိစပ်မိသော အရာရာ အားလုံးကိုပဲ တကောက်ကောက် လိုက်လံ ဖမ်းဆုပ် တွယ်တာ နေသော
ကြောင့်လည်း ဖြတ်သန်းခဲ့ ရသော ဘဝ စာမျက်နှာ တစ်လျှောက် ၊ အမော တို့  မပြေ ခဲ့  နိုင်ခဲ့ သည်မှာလည်း
ယနေ့  ထက်တိုင်ပဲ ဖြစ်ပါသည်။

နုငယ်စဉ်က ကိုယ့်ဝန်းကျင် ၏ စုံလင်သော အရောင်အသွေး တို့  ကို မခုံ မင် မိပဲ ၊ ဖြူစင် နေခဲ့ သည့်အလျောက်
ယ္ခု တော့  အစုံပင် ခုံမင် တတ်လွန်း နေပြန်တော့ လည်း ၊ ကိုယ့် တကိုယ်လုံး အရောင်တွေ အမျိုးမျိုး နှင့် ညစ်
ထပ်ထပ် ကြီး ဖြစ်လို့  နေပါ ပြီ။

ကန့် သတ်ချက်တွေ ၊ ဘောင်တွေ ကြားထဲ မှာပဲ မလူးသာ မလွန့် သာ ကြပ်ကြပ်တည်းတည်း လှုပ်လျှားနေရရင်း
အထိန်း အကွတ်တို့  မဲ့  ပြီး ငှက် ကလေးတစ်ကောင်လိုပဲ လွတ်လပ် နေ သော ငယ်စဉ် ဘဝ ကို ပြန်လည်
မက်မော နေမိ ပါသည်။

သည်တောင်တန်း ကြီးတွေ ကို ငေး ကြည့် ပြီး မရ နိုင်တော့ သည့်  ငယ်စဉ် ဘဝ တွေ ကို မကြာခဏ ပြန်ပြန်
တမ်းတ မိ နေတတ်ပေမဲ့ ၊ မဖြစ်နိုင်မှန်း သိနေ တော့ လည်း နေ့  စဉ် စက်ရုပ်လို လှုပ်ရှား နေ ရသည့် အတူတူ
အဲ့ ဒီ စက်ရုပ်ပဲ ဖြစ်လာလျင်အကောင်းသား ဟု တစ်ခါခါ တွေး လိုက်မိ တတ်ပါသည်။

စက် တွေ နှင့်  တပ်ဆင်ဖန်တီးထားသည် ဆို တော့  လည်း လုပ်သမျှ အပစ်တို့  ကင်းစင် နေလိမ့် မည် .. ဟု။
ခံစားတတ်သည့်  နှလုံးသား က မပါ ခဲ့  သောကြောင့် မဟုတ်ပါလော ။

ဒါဆိုရင် ခံစား တတ်သည့်  နှလုံးသား က အပစ် ဖြစ်နေ ပြီလား ..။
အပစ် မဖြစ်အောင် ဘယ်လိုခံစား ရပါမည်နည်း .... လို့  ။
ပြောင်းလဲနေတတ်သော အရောင်အသွေး စုံလင်လွန်းသည့်  ဝန်းကျင်အတိုင်း ကိုယ်ကပါ အမောတကော
အလျင်မှီအောင် အပြေးလိုက် ပြောင်းလဲ နေမိသောကြောင့် လဲ ဘဝတစ်ခုလုံး ထောင်းထောင်းကျေနေခဲ့ 
ရပါပြီ ။

သည်တောင်တန်းကြီးတွေ ကို ကြည့် ၍ ပဲ ကျွန်တော်တို့  အမျိုးမျိုး ၊ ရေးဖွဲ့  တန်ဆာဆင် ခံစားနေကြသော်လည်း
မျှော်မဆုံးနိုင်တော့ သည့်  သည်တောင်တန်းတွေ ကတော့  သူ့  အရောင် သူ့  သဘာဝ အလှတို ဖြင့့်မည်သည့် 
အရောင်တို့ မျှ၊ မရောစပ်ပဲ လောက ကိုဖြူဖြူ စင်စင်လေး အလှ ဆင် နေပါသည်။

အော်.. အရောင်ဆိုးနေမိတာက ကျွန်တော် ပါပဲလား .. လို့  ။
သူ့  အရောင် ၊ သူ့  သဘာဝ သူ့  အလှ လေး တွေ ကို ကိုယ်က ဖြူဖြူစင်စင်ကလေးပဲ ခံစား လိုက်ရုံ ပဲ မဟုတ်
ပါလား ။

လောက ကြီးက တော့  အရောင်အသွေး တို့  စုံလင်နေပေမဲ့  ၊ ကိုယ်ပိုင် အရောင်ကိုယ်စီနဲ့ ပါ ပဲ။
ကျွန်တော့် မှာတာ့  သူတို့  လို ကိုယ်ပိုင် အရောင်လေးတောင် မရှိခဲ့  ပါ လား .. ဟု တဖြည်းဖြည်း ဆင်ခြင် လာခဲ့ 
မိပါသည်။

ဘယ်လိုပင် အသိုင်းအဝိုင်းတွေ ၊ ချစ်ခင် တွယ်တာ ခဲ့ ရသူတွေ ဘယ်လောက်ပင်များများ ၊ ဟိုး .. ငယ်စဉ်
ကလေးလေး ဘဝ လောက ကြီးထဲ တစ်ယောက်ထဲ မျက်စိ နားသူငယ် လေး နှင့်  ဝင်လာ ခဲ့ ရတုံးကလိုပဲ
မကြာသော အချိန်တစ်ခုမှာလည်း တစ်ယောက်ထဲပဲ ပြန်ထွက် ရ အုံး တော့  မှာ ပါ လား ... ဟု စဉ်းစား လာ
မိ ပြန်ပါသည်။

မကြာသော အချိန် ... တဲ့  ။
တကယ် ကို မကြာခဲ့  တာ အမှန်ပါပဲ ။
ငယ်စဉ် ဘဝ လေးတွေ ကို ပြန်တွေး ကြည့်  မိ တိုင်း မနေ့ တစ်နေ့  ကလို ပဲ လတ်ဆတ် ၊လန်းဆန်း နေတုံးပဲ
မဟုတ်ပါလား ။

ဒါဆိုရင် ... ကျန် နေအုံး မည့်  ကိုယ့် ရဲ့  အချိန် ၊ ကိုယ့်  အချိန် ကရော .... ။

တွယ်တာ ဆုပ်ကိုင်ထား ခဲ့ သမျှ သော အတွယ်အတာ အား လုံးနှင့်  ခွဲ ရ တော့  မည် ၊ ထား ခဲ့ ရ တော့  မည်
ဟု တွေးမိတိုင်း ရင်ဝယ် လေးလံ လာ ခဲ့  ရပါ တော့ သည်။

...................................................................................................................................


တဖြည်းဖြည်း နှင့်  ခဲ သားရောင် တိမ်တိုက် တို့ က နိမ့်  ဆင်း လာပြီး ၊ ညို့  မှိုင်းမှိုင်း တောင်ထွတ် တို့ ကို
ပွတ်တိုက် လာတော့  ဝန်းကျင်တစ်ခုလုံး အုန့် မှိုင်း သွားပြီး ၊ မိုး ငွေ့  တို့  ပါလာသော ရနံ့  တို့ ကို လေအေး
တို့  နှင့်  အတူ ၊ တပြိုင် နက် ကျွန်တော် ရှု ရှိုက် လာ ရ ပါတော့ သည် ။

မိုး တို့  ရွာ တော့ မည်။
ဆိုင်ကယ် လေး ကတော့  နေ့ တစ်နေ့  ၊ ဘဝ တစ်ခု ကို အစ ပြု ဘို့ 
လမ်းမကြီးပေါ် ဝယ် ပြေး လို့  ကောင်းနေတုံး ...။
ကျွန်တော့်  ရင် ဝယ် လဲ နွေး လို့  ကောင်းနေတုံး ပါ ပဲ လား ....။

..................................................................................................................................


( နှုတ်ဆက်ပါသည် )







5 comments:

sosegado said...

ကြိုက်တဲ့ သီချင်းတစ်ပုဒ်ပါပဲ၊ ကျနော်တို့က အရောင်တွေစွန်းခဲ့ပြီပေါ့ နောင်တတွေလည်းများပေါ့

Anonymous said...

သီချင်းက နားထောင်မရသေးဘူး သိတဲ့အတိုင်း ကော်နက်ရှင်က

ခဏနေမှ နားထောင်ကြည့်မယ် စာလေးကတော့ လွမ်းစရာလေး အဖြူလေး ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

တောင်တန်းတွေလည်း သူ့ဖာသာ လှနေဆဲပါပဲလေ။
သူ့ဖာသာလည်း ပျိုမြစ်နေဆဲပါပဲ။
ကျနော်တို့သာ အရောင်တွေဆိုး ၊ အိုစာလာခဲ့ကြတာ မဟုတ်လား။ ဒါပေမဲ့လည်း ဖြတ်သန်းရမဲ့ လမ်းကြောင်းက ဒီလမ်းကြောင်းပဲ ရှိတော့သကိုး။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအဖြူလေးရေ
ကျွန်မနေတဲ့ နေရာကလည်း တောင်တွေ ပတ်လည်ဝိုင်းနေတာပါဘဲ
တောင်တွေကိုကြည့်ပြီး ဘာကိုလွမ်းလို့ လွမ်းရမယ် မသိပါဘူး။
ကျွန်မတို့တွေဟာ နောက်ဆုံးတော့လည်း အရာရာကို ထားခဲ့ရမှာပါ... ဒါဟာ ရှောင်လွဲလို့မရတဲ့ အမှန်တရားပါ။ အေးအေးချမ်းချမ်းထားခဲ့နိုင်အောင် ကြိုးစားကြတာပေါ့။

အနော် said...

အခုအချိန်မှာတော့ စိတ်တွေက ဖြူလို့မရတော့ဘူး အကိုရာ.. အရောင်အထပ်ထပ် ဖုံးလွှမ်းထားကာမှ တော်ကာကျနေရတယ်.. ဟန်ဆောင်တတ်လာတယ်ဆိုတာထက် ဟန်ဆောင်တတ်လာရတာက ပိုဆိုးလာတာကိုး.. အချိန်တွေ ပြောင်းလဲကုန်မှကိုး.. အရင်ကဘဝ ငယ်ဘဝတွေဆိုတာကတော့ ပြန်တွေးရင် ကြည်နူးပီး ဖြူစင်မှုရှိခဲ့တာကိုပဲ ကျေးဇူးအထပ်ထပ်တင်နေမိတော့တယ်...