Saturday, October 16, 2010

အို့  ဟိုး ... ဒါကြောင့်ကိုး......

“ယူ့  ..ကို ၊ မင်္ဂလာသတင်းပြောရအုံးမယ် ..”
“ အင်း ..”
ကျွန်တော် ရင် ထိတ် သွားရပါသည်။
မဟေသီ ကတော့  မကြာခဏ သည်လိုပဲ ပြောတတ်ပါသည်။
ကောင်းတဲ့  သတင်း ရော ၊ မကောင်းတဲ့  သတင်းရော ပါ။
“မနေ့ က ဘုန်းကြီးကျောင်းသွားနေလို့  ၊ ဒီနေ့ မှ သိရ တာလေ...” ဟု ၊ ပြောပြီး ငုံ့  ၍ စာတွေ ဆက်ရိုက်
နေပြန်ပါသည်။ Typing ဆိုသည့်  စာတန်း လေး ပေါ်နေပေမဲ့  ကျွန်တော့်  ဆီ တော်တော် နှင့် ရောက်မလာ
တော့  ကျွန်တော် တဖြည်းဖြည်း ဒေါကန် လာပြီး သည်ဘက်က ထ အော် လိုက်မိတော့ သည်။
“ ဟေ့  .. မင်းကို ၊ လိုင်းကောင်းနေရင် စာမရိုက်ပါနဲ့  လို့  ပြောနေတာ မရ ဘူးလား..”
“ ....... ”
ဘာမှ ပြန်မပြော လာပါ။ မကြားရပြန်ဘူး ထင် ပါသည်။
သူ ငုံ့  နေ ရာမှ ပြန်မော့  မလာပဲ ဆက်ရိုက် နေပါတော့ သည်။
ဘာပဲ ပြောပြော ၊ ရုပ် မြင်သံ ကြား နိုင်သည့်  VZO လိုင်းကလေး ရှိနေ တော့ လဲ သိပ်ပြီးတော့  မကြီးကျယ်
ရဲ ပါ လေ။ မကောင်းနှစ်ချက်၊ ကောင်းတစ်ချက် ၊ ပေါ်တစ်ချက်၊ ပြောက် နှစ်ချက် ဖြစ်ဖြစ်နေသော ၊
မမကီ ခဏခဏ ပြောနေတတ်သည့်  ဗမာပြည်က “ ကိုးနတ်ရှင် ” ကလေးကိုတော့  ကြံဖန် ပြီး၊ ရိုရိုသေသေ
ကျေးဇူးတင်နေရ ပါသည်။

ခဏကြာတော့  မှ ၊ သူ လှန်းရိုက်နေသည့်  စာတန်းလေး ပေါ် လာပါတော့ သည်။
“ ယူ့  သား ဘီတက်ရှ် မပါလာဘူးလေ၊ ပြန်ဖြေရမယ်ပြောတယ် ၊ သူ တို့  “ ဝိုင်း ” တစ်ဝိုင်း လုံးပါတယ်၊
သင်တဲ့  ဆရာမ ရဲ့  သားနဲ့  ၊ သူနဲ့  နှစ်ယောက်ပဲ ကျန်ခဲ့ တာ ...”
“ ဟင် .. ” ကျွန်တော် ထိတ် နေသည့်  အဆင့် မှ အံ့ သြ သည့်  အဆင့်  သို့  ထိုးတက်သွားပါတော့ သည်။
အဲ့ ဒီ အံ့ သြ သွားသည့် “ ဟင် ” ဆိုသည့်  စာလုံးကိုလည်း ၊ မဟေသီ ကို မျှဝေ ခံစား လို့ ရအောင် ရိုက်ပို့ 
လိုက်မိပါသည်။ မအံ့  သြ သင့် ဘူးလား အရပ်ကရို့  ရေ ၊ သားတော်မောင် ချွတ်ချော်၍ မပါ ခဲ့ ဘူးပဲထားတော့ 
ဝိုင်း လုံးကျွတ် ပါ သွားအောင် သင်ပေးလိုက်နိုင်သော ကျူရှင်ဆရာမ“ ဒေါ်ဝိုင်း ” ၏ သား က ပါ ၊ အဖော်
အဖြစ် ကျန်ခဲ့ တာကိုပါပဲ။ အင်း.. ခေတ် ကို ကျွန်တော်တို့ က အဆက်တော့  ပြတ်နေတာ သေချာသွားပါပြီ။
အခုခေတ်လူငယ်တွေ က လူကြီးတွေ လိုက်မမှီ နိုင်အောင်ကို အမျိုးမျိုး တီ ထွင် နေတတ် ကြသည်မဟုတ်လား။

အရင်တုံးကတော့  လ စဉ် သိန်းချီ အကုန်ကျခံ တက်နေရသော သူ့ ကျောင်းစရိတ် အတွက် ကြားမကောင်း
အောင် တစာစာ အော်နေခဲ့ သော်လည်း ၊ ဘီတက်ရှ် မပါတော့ ပဲ ဂျီတီစီ နှင့်ပင် ပြီး၍သုံး နှစ်စာခန့်  ကျောင်း
စရိတ်သက်သာ သွားသည်ကို ဝမ်းမသာ နိုင်ပဲ ရှိနေခဲ့ ပါသည်။

မျက်နှာမကောင်းသော မဟေသီကို ဘယ်လို နှစ်သိမ့် ရမည် မသိ တော့ လည်း ..
“ အင်း . . ပြီးတော့ လည်း ပြီးတာပဲ ပေါ့ ကွာ ၊ ဘာတတ်နိုင်မလဲ ” ဟု ပြန်ရိုက်လိုက်မိပါသည်။
“အော်.. ကိုယ့် သား မဟုတ်တဲ့  အတိုင်းပဲ ၊ သူ က မွေးရတာမှ မဟုတ်တာ ..” တဲ့ ဗျား ။ သည်တစ်ခါ ရိုက်ချက်
ကတော့  မြန်ပြီး ပြင်းလိုက်တာ လေ။ အနားသာ ရှိလျင် အနည်းဆုံးတော့  ဗိုက်ကြော အလိမ်ခံ ရ မှာသေချာ
ပါသည်။

“ ဟေ့  .. ဒို့ ဘက်က တာဝန်ကျေပြီ ပဲ ကွာ... ပြီးသွားတော့ လဲ ဘာဆက်လုပ် မယ်ဆိုတာ စဉ်းစား.. ”
“ သူ့  ကို အစိုးရ အလုပ်ထဲ ထည့် မလားလို့ ။ သူ့ အမရှိနေတဲ့  ပေါင်းလောင်းဆည် စီမံကိန်းထဲကို လေ..”
“အင်း ... ကောင်းသားပဲ ” ဟု မြန်မြန်သဘောတူ လိုက်ရပါသည်။ နောက်ထပ် ကွန်ပလိန်းတွေ တက်မလာခင်။
“ကောင်းတယ်လုပ်မနေနဲ့  ယူ့ သားက ဘာမှ မတတ်သေးဘူး ၊ ဂျီတီစီ သာတက်နေတာ အိမ်ရှေ့ က မြောင်းဖုံး
ကလေးလုပ်ခိုင်းတာတောင် ဖြောင့် အောင်မလုပ်တတ်ဘူး ၊ ယူ့ သား လို့  မပြောရဘူး ၊ ယူ့ လိုပဲ.. သံတစ်ချောင်း
တောင်ဖြောင့်အောင်ရိုက်တတ်တာမဟုတ်ဘူး...” ဟု မကျေမနပ် နှင့် ကျွန်တော့်  ငယ်ကျိုးငယ်နာတွေ ပါ ဖေါ်
ပါလေတော့ သည်။ တော်သေးတာပေါ့  လေ ၊ ဝေး နေလို့  ဟု ။

“ ဒို့ လည်းသူ့ ကို လူတွေ နဲ့  ပေါင်းစေချင်ပါတယ်၊ လူတွေ ကြားထဲမှာ ကိုယ့်ပိုက်ဆံ ကိုယ်ရှာသုံးရမှ ၊ ငွေတွင်း
ဘယ်လောက်နက်တယ်ဆိုတာသူ သိမယ် ”
“ဒါနဲ့  .. လစာ ဘယ်လောက်ရမလဲ..”
“ ခြောက်သောင်း ပလပ်(စ) တစ်ထောင် ခုနှစ်သောင်းလောက်တော့  ရမယ်လို့  ပြောတာပဲ”
“ အိမ်မှာတော့  တစ်ရက်မုန့် ဘိုး ထောင့်ငါးရာ နဲ့  တောင်မလောက်ချင်တဲ့ အကောင် ၊ တွေ့ ကြပြီပေါ့ ကွာ ”
“ဟုတ်တယ် .. ၊ ဖိနပ်ဖိုးတောင် ရ မှာမဟုတ် ၊ ဘာပဲပြောပြော သူ့ စရိတ်တော့  သူရှာ သွားတတ်မှာပါ..”
အကြီးကောင်ကတော့  ပြောလဲ ပြောစရာပါပဲ။ ကျွန်တော်နှင့်အတော်တူတာပါ။
စကားကို လေးလုံးကွဲအောင်မပြောတတ်။
တစ်ခါတစ်လေ ကျွန်တော်နှင့် လိုင်းပေါ် တွေ့  ၍ “ ဟေ့  အကောင်.. ” ဟု သုံးလေးခါ လှန်း ခေါ် နေသော်လည်း
သူ့  အကွက်ကလေးက အမြဲ နီ နေတတ်ပြီး ၊ အတန် ကြာမှ အင်္ဂလိပ်စာလုံးများဖြင့် ဂိန်းဆော့ နေလို့ ပါ .. တဲ့ ။
သည်ဘက်က ဒေါသ တွေ လည်မျို သီး လာသောကြောင့် မိုက် တပ် လိုက်စမ်း ဟု အမိန့်  ပေး လိုက်တော့ 
“ I have no mike ” တဲ့  ဗျာ..။ အဲ့  လို သားမျိုး ပါပဲ။

သူ့ အမေ နှင့် တွေ့ တိုင်း ၊ ဝမ်းသာ အားရ မေး မေး လာတတ်သည့်  မေးခွန်းက “ သားအဖတွေ၊ လိုင်းပေါ်မှာ
ဘာတွေ ပြောကြသလဲ ဟင်... ” ဆိုသည့်  မေးခွန်းပါ။ အဲ့ ဒီလိုအခါတိုင်းလည်း ကျွန်တော်က ရှေးဟောင်းနှောင်း
ဖြစ် များ ပြောဖြစ်ကြောင်း လှီးလွှဲ ပြော ရသည် ကြီး ဖြစ်ပါသည်။

သားအမိ နှစ်ယောက် ကတောက်ကဆ ဖြစ်ပြီ ဆိုလာလျင် သူ့ လက်ထဲက ဟန်းဖုန်း ကို ဆက်ခိုင်းပြန်တော့ 
လည်း ဆက်ရ ပြန်ပါသည်။ သည်ဖက်က အာပေါ် အာရင်းသန်သန် ဖြင့်  လျှာ ထွက်ကျလာအောင်ပြောနေ
ပေမဲ့  “ အဖေ ... မကြားရဘူး ၊ လိုင်းမကောင်းဘူး .. ” ဟု ပြောလေ၊ ကျွန်တော်က အော်လေ.. ၊ နောက်တော့ 
ကိုယ်ပဲ လျှော့  ရ ပြန်ပါသည်။

“အော်.... တစ်ခု ပြောရအုံးမယ် ၊ သိလား ”
“အင်း...”
“ ဟိုနေ့ က .. သူ့ ညီ ကို ကျောင်းသွားကြိုခိုင်းတယ်..”
အငယ်ကောင် ပေါက်စီ က ငါးတန်း ရောက်နေပါပြီ။
“ ဒီတော့  ”
“ အဲ့ ဒါ ... အငယ်ကောင်က ၊ အကြီးကောင်ကို မေးနေတယ် သိလား..”
“ အင်း ”
“ ကိုကို အလုပ်လုပ်တော့ မယ်ဆို ၊ သားကို မုန့် ဘိုး ဘယ်လောက်ပေးမှာလဲ တဲ့  ”
အကြီးကောင်က “ ဒါဆို ဂိန်းစက်အသစ်ကို ကိုကိုယူသွားမယ်လေ...” လို့  ပြောတယ်တဲ့ ။

မဟေသီ ရိုက်နေသော စာတန်းကလေးတွေ ကိုဖတ်ပြီး ကျွန်တော် စိတ်မကောင်း ဖြစ်လာမိပါသည်။
ညီအကိုနှစ်ယောက် ခွဲ ရအုံးမည် လေ ။
မဟေသီ့  မျက်နှာကတော့  ခါတိုင်းလို ပြုံးပြုံးရွှင်ရွှင် မဟုတ်ပဲ သိသိ သာသာ တည်၍ ညှိုး နေပါသည်။

“ ကို.... ”
“ ဟင် ”
“ ဒီနေ့  ဘာနေ့  လဲ ”
“ သိဘူးလေ...”
သူ့  မျက်နှာ ပိုပြီး မဲ လာသလိုဖြစ်သွားပါသည်။
“၁၂ ရက်၊၁၀ လ ပိုင်းလေ..”
သည်တစ်ခါလဲ ကျွန်တော် ထိပ် သွားရပြန်ပါသည်။
သူ့  မွေးနေ့  ပါပဲ လား .. လို့  ။
အိုး .... ဟိုး ၊ ဒါကြောင့် ကိုး ....။
ကျွန်တော် ချက်ခြင်းပဲ ထ ၍ ဖုန် အလိမ်းလိမ်း တက်နေသော ကွန်ပြူတာ ဖန်သား ပြင်ကို အာဘွား ပေး
လိုက်မိပါတော့ သည်။

( အမှန်ကတော့  ကျွန်တော့်  အယူ၊အဆ အရ တော့  လူ က မွေးတဲ့ နေ့  တစ်နေ့  ထဲ ရှိတာပါ၊ နောက်တစ်နေ့ 
ကတော့  သေ ရမည့်  နေ့  ပါ ပဲ ၊ ဒါကြောင့်  ကျွန်တော့်  မွေးနေ့  တောင်ကျွန်တော်အမှတ်မထားမိ တာအမှန်ပါ
သူပြောနေ..... သတိပေးနေမှ အော်.. ရောက်ပြန်ပေါ့  ဟု )



................................................................................................................................................


( ပြီးပါပြီ )

10 comments:

SHWE ZIN U said...

အမယ် အဖြူလေး ဒီတခါ ရေးတာဖတ်ရတာ စိတ်တောင် မကောင်းဘူး..

မဟေသီ လည်း သနားပါတယ် ဘီအီး တက်ရလည်း ဘာမှ မထူးဘူး အဖြူလေး ပြီးရင် အမ်အီး လာအုန်းမှာ ပိုက်ဆံနဲ့ ဘွဲ့ယူနေကြတာဘဲ..

ကလေး ကတော့ငယ်သေးတာပေါ့ လုပ်ငန်းခွင် ဝင်ဘို့ ညီအကို ၂ယောက် သနားပါတယ် နိုင်ငံခြား အင်ဂျင်နီယာ ဒစ်ပလိုမာ သင်တန်းတွေ တက်ခိုင်းပါလား..

အော် ဖုန်တက်နေတဲ့ စခရင်ကြီး က ဓါတ်မလိုက် လို့ တော်သေးတာပေါ့နော် ...

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုဇော် said...

ဘီင်္တတ် ဆိုတာ ဘီတွေပဲ တတ်ရတာ မဟုတ်လား။ ဒါကြောင့် ကိုယ်က မပါတာ စိတ်မကောင်းစရာ မရှိပေါင်။ ကိုယ်က အေ ပဲ လို့ တွေးလိုက်ပေါ့ ဟဲဟဲ။
မွေးနေ့က တစ်ရက်ပဲ ရှိတာတော့ အမှန်ပဲ။ နောက်ထပ် ဖြစ်ဖြစ်လာတဲ့ ရက်တွေက မွေးနေ့နှစ်ပတ်လည်နေ့တွေလို့ ခံယူထားမိလို့ပါ။ ဘာပဲ ပြောပြော အာဘွားပေးလိုက်တာ ကောင်းပါတယ်။ သူ့ဆီကရော ပြန်ယူလိုက်သေးလား ဟားဟား...

ချော(အစိမ်းရောင်လွင်ပြင်) said...

အစောက စာတွေ ခပ်တည်တည်နဲ့ ဖတ်နေတာ ဖုန်အလိမ်းလိမ်းတက်နေတဲ့ ကွန်ပျူတာ ဖန်သားပြင်ကို အာဘွားပေးလိုက်တယ်ဆိုတော့မှ အသံထွက်ရယ်လိုက်မိတယ် ဟိဟိ
ကိုအဖြူလေးနှာခေါင်းတော့ ဖုန်တွေတက်ကုန်တော့မှာဘဲနော်။
ဟီး ဒီပိုစ့်လေးက ခါတိုင်းလို လွမ်းစရာမဟုတ်တော့ ဘာဘဲဖြစ်ဖြစ် စိတ်ကြည်နူးပါတယ်လေ။
ငယ်မူငယ်သွေးတွေ တွေ့ရတာပေါ့ ခိခိ

Anonymous said...

B-Tech မှာ Tech က Technology ရဲ့ အတိုကောက်မို့ ဘီတက်ခ်ျ လို့ အသံမထွက်ပါ။ တက်ချနော်လော်ဂျီလို့ အသံမထွက်ပဲ တက်ကနော်လော်ဂျီလို့ ထွက်တဲ့ အတွက်
ဘီတက်က် /ဘီတက်ခ် လို့ အသံထွက်ပါတယ်။
အများစု မှားတတ်ကြတဲ့ အသံထွက်မို့ပါ။

အနော် said...

ဖတ်ပီးပီးချင်း စိတ်ထဲ မကောင်းဘူးဖြစ်သွားတယ် အကိုအဖြူလေးရေ.. အောက်ဆုံးပိုဒ်လေးရောက်တော့ နည်းနည်းပြုံးမိသွားတယ်..

Anonymous said...

ငါ့သားလေး ငယ်တယ်လုပ်မနေပါနဲ့ အခုခေတ်သားသမီးများ ငယ်တယ် ငယ်တယ်နဲ့ တယ်မလွယ်ပါဘူးဗျာ တော်ကြာ ပါသွားလို့ဟုတ်ပေ့ ဖြစ်နေပါအုံးမယ် ငွေတန်ဖိုးသိအောင် အလုပ်ဝင်ခိုင်းတာ ကောင်းပါလေ့ဗျာ မိဘတွေကသာ တွေးပူနေရတာ သူတို့က အင်တာနက်ခေတ်ကြီးထဲလူဖြစ်လာတယ်လေ စိတ်ချလက်ချသာ အလုပ်လုပ်ခိုင်းပါ တော်ကြာ အဖေကြီးအားကျပြီး ဖန်သားပြင်ပေါ်လိုက်လုပ်နေလို့ ခက်အုံးမယ်

ခင်မင်စွာဖြင့်
seesein

sosegado said...

လွမ်းရတဲ့အဖြစ်တွေပါလား၊
ဝမ်းရေးအတွက် လွမ်းရေးခက်နေပါလား၊
တစ်ခုခုတော့လုပ်ပေးလိုက်ပါ၊ အပြင်မှာရော အထဲမှာပါ ဂျီတီစီနှင့် မလုံလောက်ဘူး။

မြတ်မွန် said...

အကိုနဲ့အကို့မဟေသီတို့ စကားပြောဟန်လေး မိုက်တယ်..။
ယူ့သားကတဲ့ ဟားဟား မိုက်တယ်။

မိုးယံ said...

တစ်ခြားတော့ ဘာမှ မပြောလိုပါဘူး။ မွေးနေ့ ကိစ္စလေးကို သဘောထားချင်း တိုက်ဆိုင်ပါတယ်လို့။
တစ်ကယ်တော့ မွေးနေ့ဆိုတာ တစ်ရက်တည်းပါ ကိုဇော်ပြောသလို မွေးနေ့ နှတ်ပတ်လည်ဆိုတာကတော့ သက်သာပါတယ်။ အနော် သုံးချင်တဲ့ စကားလုံးက မွေးနေ့ အတု

Anonymous said...

အစိုးရ အလုပ် လုပ်ခိုင်းတာ မကောင်းဘူး ထင်တယ်နော်. လခ ၇သောင်းနဲ့ ဘာမှ လုပ်မရတာထက်........................
........................................။

မအယ်