Sunday, December 26, 2010

ထောက်တည်ရာလေး ...

တရားတစ်ပုဒ်ကို ယနေ့ အချိန်တိုင်အောင် အစမှအဆုံးပြီးဆုံးသွားသည်အထိ ဘယ်တုံးကမှ မနာခဲ့ ဘူးပဲ ကုန်
လွန်သွားခဲ့ ပြီးသော အချိန်တွေကို ပြန်လည်သတိရမိပါသည်ဟု အသက်ရှုလိုက်တိုင်း( ၄ )မှာ ကျွန်တော်ရေး
ခဲ့ မိပါသည်။

ရထားခဲ့ သောလူ့ ဘဝ၏ အချိန်တွေကို ဟိုရောင်ရောင်၊ဒီရောင်ရောင်ဖြင့်  ကုန်ဆုံးဖြတ်ကျော်လာခဲ့ သည်မှာလဲ
တနေ့ က ရောက်ခဲ့ ပြန်သောခရစ္စမတ်နေ့ လိုပဲ၊ ကမ္ဘာ့ နှစ်သစ်ကူးနေ့ ၊ မြန်မာ့ နှစ်သစ်ကူးအတာင်္ကြန်နေ့ 
စ သည် နေ့ တွေဖြင့်  ယနေ့ အချိန်အထိ မရေတွက်နိုင်အောင်ရှိနေခဲ့ ပါပြီ။ နောင်လဲ ရှိနေအုံးမည်ဖြစ်ပါသည်။

တနှစ်မှတစ်နှစ်သို့  ဗြုန်းကနဲ ကူးပြောင်းသွားသည့် အခါတိုင်း သူများပျော်လို့  ကိုယ်ပါဘုမသိ၊ဘမသိရောပျော်
လိုက်မိတတ်သလို၊ သူများက ဆွေးပြီဆိုလျင်လည်း ကိုယ်ကပါရောပြီးဆွေးနေတတ်ခဲ့ ပါသည်။

တစ်ရွက်ပြီးတစ်ရွက် လွင့် ကြွေမြေ ခ ခဲ့ ရသော ပြက္ခဒိန်စာရွက်များလိုပဲ ၊ ကုန်လွန်ခဲ့ ရပြီးသော ကိုယ့် အတိတ်
က အချိန်တွေအားလုံးကို ပြန်ပြောင်းမျှော်တွေးကြည့် မိပြန်တော့  လေရူးတို့ ဝှေ့ လိုက်တိုင်း မြေပြင်မှာ တလူး
လူး တလိမ့် လိမ့်  လွင့် ပျံနေတတ်သည့် ရော်ရွက်ဝါတွေလို ကာရံတို့ မဲ့ နေတတ်ပြန်ပါသည်။

အော်... ကာရံတို့ မဲ့ နေခဲ့ ပါလား..။
ဘဝ ကိုကာရံမဲ့ ကာ အဓိပ္ပါယ်မဲ့ စွာ ကုန်ဆုံးနေခဲ့ သလိုပါလား ဟုလည်းတွေးမိပြန်ပါသည်။
ရှေ့ က အသက်ရှုလိုက်တိုင်း ပို့ (စ)လေးတွင် မမြင်နိုင်သော၊ သတိမပြုနိုင်သော အချိန်တို့ ၏ ရွေ့ လျားကုန်
ပျောက်နေမှုတို့ ကို ပေါ်လွင်နေစေရန် ရှေ့ ရေကို နောက်ရေတို့ က တွန်းသွားနေသည့်  ဧရာဝတီမြစ်ရေတို့ 
နှင့် လည်းကောင်း၊ လင်းနေတတ်သည့် မီးသီးမီးချောင်းတို့ နှင့်လည်းကောင်း ခိုင်းနှိုင်းဆွေးနွေးမိခဲ့ ပါသည်။
ရီမုကွန်ထရိုးလေးနှိပ်လိုက်ရုံနှင့်  တီဗီဖန်သားပြင်ပေါ်မှာ ရောင်စုံရုပ်သံတို့  ပေါ်လာရပုံကိုလဲ ကြားဘူးခဲ့ 
သလောက်ထည့် သွင်းတင်ပြမိခဲ့ ပါသည်။


ကုန်သွားတယ်ဆိုတော့ လဲ ၊ ဘယ်လောက်ကျန်နေပါသေးသလဲ ဆိုတဲ့  မေးခွန်းတစ်ခုကိုတော့  ရင်ဆိုင်ရအုံး
တော့ မှာပဲ ဖြစ်ပါသည်။

ကိုယ်နဲ့ မဆိုင်သလို၊ မဆိုင်သေးသလို ၊ မသိချင်ရောင်ဆောင်လို့ ၊ ကျော်သွားလို့  ရသည့် မေးခွန်းတစ်ခုလို
တော့ မဟုတ်နိုင်ဟုလည်းထင်ပါသည်။

ကျွန်တော်နာခဲ့ ဘူးသည့် တရားတစ်ပုဒ်ထဲကလိုပဲ ကိုကျော်သူကလဲ “ သူ ” တွက်ချက်ပြခဲ့ ဘူးပါပြီ။
လူတစ်ယောက်ရဲ့  သက်တန်းကို ခုနှစ်ဆယ်တန်းအနေနှင့် သတ်မှတ်ကြည့် ပါ။ ထိုခုနှစ်ဆယ်တန်းသော
သက်တန်းထဲမှ နှစ်၊လ၊ရက်တို့ ကို ဖွဲ့ ၍ မိမိ ကုန်လွန်အောင်နေခဲ့ ပြီးသော အချိန်တို့ ကို ကျန်နေအုံးမဲ့ 
ကိုယ်နေရအုံးမည်လို့  ထင်ရတဲ့ ထို အသက်ခုနှစ်ဆယ်ထဲမှပင် ထုပ်နှုတ်ကြည့် စေချင်ပါသည်။ဖတ်ရင်းနဲ့ 
လက်တွေ့ လေး လုပ်ကြည့် စေချင်ပါသည်။
ဘယ်လောက်ကျန်နေသေးပါသလဲ။
ကျန်သောအချိန်တို့ ကို ထပ်ပြီး သေးငယ်သွားအောင်၊ အသေးစိပ်သွားအောင် ရက် တို့ မှတဆင့်  နာရီ၊မိနစ်
စက္ကန့် တို့ အထိ ထပ်ဖွဲ့  လိုက်စေချင်ပါသည်။

အဖြေတစ်ခုတော့ ထွက်လာမှာသေချာပါသည်။
ကိုယ်ရလိုက်သည့် ကိုယ့် ရဲ့ ဝေစုကလေး ၊ ကိုယ် ချစ်ခင်ဖက်တွယ်နေခဲ့ ရသော၊ ပျော်ပိုက်စွဲမက်ခဲ့ ရပါသော
သံယောဇဉ်ရောင်စုံတို့ ဖြင့်  လိမ်းကျံ နေခဲ့ မိရပါသောလူ့ လောကကြီးတွင် တကယ်ပဲ နေရပါအုံးမည်ဟု
အထင်ရှိနေနိုင်သော ကိန်းဂဏန်းအရေအတွက်ကလေးများပဲမဟုတ်ပါလားလို့ ။
ခပ်ရဲရဲပဲ တွက်ကြည့် ကြစေချင်လှပါသည်။ ကိုယ့် ဘဝ အချိန်ရဲ့  ကျန်အုံးမဲ့  ဝေစုကလေးလေ..။
အဖြေထွက်သည့် အချိန်ကစ၍ စက္ကန့်  လေးသောအချိန်ကလေးများဖြင့်  နောက်ထပ်အကြာကြီး၊ အများကြီး
ရှိနေပါအုံးမည်ဟု ထင်နေရသောအချိန်တို့ ကို စ တင်ဝါးမျို ၊ ကွယ်ပျောက်နေတော့ မှာ ဖြစ်တာကိုလည်း
သတိပြုစေချင်လှပါသည်။

တကယ်တော့  “ အချိန် ” ဆိုတာကလဲ ကျွန်တော်တို့  လူသားတွေပဲ တီထွင် သတ်မှတ်ခဲ့ တာမဟုတ်ပါလား ။
လူမျိုးတိုင်းမှာတော့  ကိုယ့်လူမျိုးထုံးတန်းအစဉ်အလာနှင့်  သုံးနေသည့်  ပြက္ခဒိန်ရာသီတွေ သတ်သတ်မှတ်
မှတ်ရှိနေကြတာပဲဖြစ်ပါသည်။

အင်္ဂလိပ်လူမျိုးတို့ ကသာ ကမ္ဘာကို နယ်ချဲ့  လွှမ်းမိုးနိုင်ခဲ့ သောကြောင့် သာအင်္ဂလိပ်စနစ်ပြက္ခဒိန် အချိန်၊နာရီ
တို့ ကို တကမ္ဘာလုံးက “ စံ ” အဖြစ်၊ လက္ခံ ကျင့် သုံးနေကြခြင်းဖြစ်ပါသည်။

ကျွန်တော်လက္ခံထားတာကတော့  လူတွေ တီထွင်လို့ မရတာ၊ ဖန်တီးလို့ မရတာ “ ကုန်ဆုံးနေခြင်း”၊ “ ကုန်ခန်း
ကွယ်ပျောက်နေခြင်း ” ၊ “ ဘယ်တော့ မှ မမြဲခြင်း ” ၊ “ မြဲမနေနိုင်ခြင်း ” တို့ ပဲ ဖြစ်ပါသည်ဟု။

ကျွန်တော်တို့  လောကကြီးတစ်ခုလုံးတွင်“ အရာရာမတည်မြဲခြင်း ” တစ်ခုပဲရှိနေပေမဲ့ အဲ့ ဒီတစ်ခုထဲရှိနေတာကို
ကျွန်တော်တို့ က မမြင်မိခဲ့ ခြင်းပဲ ဖြစ်ပါသည်။

အင်းလေ.. အားလုံးက ပညတ်ချက်တွေကြားထဲမှာပဲ တကယ့် အရှိသဘောတွေ၊ ပရမတ် သဘောတွေ ကွယ်
ပျောက်နေခဲ့ ရခြင်းပဲမဟုတ်လား..။

တနေ့ ...
ကျွန်တော်တို့  ဝေစုလေးကုန်သွားလို့ ..၊
ကိုယ့်ရဲ့  ဘဝအချိန်လေးကုန်သွားလို့ ..၊
ကိုယ်တွက်ချက်ထားခဲ့ တဲ့  ကိန်းဂဏန်းလေးတွေ ကုန်သွားလို့ ..၊
ဘဝ ရဲ့  နေဝင်ချိန်ရောက်လာလို့  ကျွန်တော်တို့  တွယ်တာနေခဲ့ မိတဲ့  သည်လောကကြီးထဲက
ကိုယ်တစ်ယောက်ထဲပဲ ပြန်ထွက်သွားခဲ့ ရရင် ..၊
ကိုယ်က ကိုယ်ချစ်ခဲ့ တဲ့ သည်လောကကြီးအတွက် ဘာတွေ ထားခဲ့ နိုင်မလဲ...၊

ကိုယ်ကရော သည်လောကကြီးထဲက ဘာတွေယူသွားခဲ့ နိုင်မလဲ ....၊
ဒိထက်ပိုပြီး ကိုယ်တစ်ယောက်ထဲ ဘယ်သောင်၊ ဘယ်ကမ်းဆိုက်ရပါအုံးမလဲ....၊
အော်... တကယ်တော့  ဝင်လာတုံးကလဲ တစ်ယောက်ထဲ..၊
ပြန်ထွက်သွားရတော့ လဲတစ်ယောက်ထဲပါပဲ...၊
ကိုယ်ရခဲ့ တဲ့  သည်ဘဝလေးကိုရော တကယ်ပဲ ကျေနပ်ခဲ့ ပါရဲ့ လား ..၊
သည်ဘဝမှာ ချစ်ခဲ့ ရသူတွေနှင့်ရော ... နောက်ဘဝ၊ နောင်ဘဝ တွေမှာ စုံနိုင်ပါအုံးတော့ မလား..။


သည်ပို့ (စ)လေးကို ခပ်သော့ သော့ လေးရေးနေရင်းက ၊ ကီးဘုတ်ပေါ် ရိုက်နေမိသော ကျွန်တော့်လက်ချောင်း
လေးတွေ ဆက်မဖေါ်ချင်တော့  ၊ဆက်မလှုပ်ချင်တော့ လောက်အောင် အေး၍အောင့် လာသလို ဖြစ်လာရပါ
သည်။ရေခဲတုံးတွေ ကိုင်လာရသလိုပါပဲ။ ပိတ်ထားတာကြာနေသော အဲယားကွန်းမှ အခန်းအပူချိန်ကိုလှန်းကြည့်
လိုက်တော့  ဆယ့် နှစ်ပဲ ရှိပါတော့ သည်။ သည်အတိုင်းဆို အပြင်မှာ တစ်ဆယ်လောက်ပဲရှိမည်ထင်ပါသည်။
ရင်ထဲမှာနွေးချင်ပေမဲ့  အပြင်မှာရှိနေသောအအေးတို့ က ကျွန်တော့် အပေါ် ပြိုဆင်းလာသလိုပါ ..။

သည်နှစ်ဆောင်းကတော့  ဆွေ့  ဆွေ့ ခုန်ရလောက်အောင် အေးပါသည်။
မိုးလေးကလဲ တစွေစွေ ဆိုတော့ တစ်ချက်ချက် ကြက်သီးတို့ တောင် ထ မိရပါသည်။
ခေါင်းစွတ်တွေ ၊ ခြေအိပ်၊လက်အိပ်တွေ ဝတ်ရပါတော့ သည်။
ပူသောတိုင်းပြည်မှ လာရသူပီပီ ၊ ရာသီ ကြမ်း ကိုရင်ဆိုင်ဘို့  ပြင်ရပါတော့ မည်။
သည်တစ်ညလဲ အိပ်ပျော်အောင်ကြိုးစားရပါအုံးမည်။
ရေးလက်စပို့ (စ)လေးကို နောက်ဆုံးအကြိမ်အဖြစ် ပြန်ဖတ်ကြည့်နေမိသည်။
စာတွေပြန်စစ်နေတုံး ထက်အောက်ဘယ်ညာရွှေ့ နေရသည့် မော့ (စ)လေးကိုတောင် ရွှေ့ နေဘို့  ခက်လာရ
ပါသည်။ အေးလာလို့ ပါပဲ..။

ဘာပဲပြောပြော သိပ်မကြာခင်ရက်အတွင်းမှာပဲ နှစ်တစ်နှစ်သို့  ကူးပြောင်းရပါတော့ မည်။
နောက်ဆုံးနာရီ၊မိနစ်၊စက္ကန့် လေးတွေမှတဆင့် လူတွေသတ်မှတ်ထားသော နောက်ထပ်တစ်နှစ်၊ နှစ်သစ်တစ်ခု
သို့  ကူးပြောင်းပါတော့ မည်။ သည်ဘက်နှစ်က အဟောင်းတွေက ရော်ရွက်တွေလိုပဲ ကျန်ခဲ့ ရပေအုံးတော့ မည်။

နှစ်သာကူးခဲ့ ပေမဲ့  သည်နှစ်လဲ ဆောက်တည်ရာတို့  ရ နိုင်ဖွယ်မမြင်မိတော့ 
ထောက်တည်ရာလေးတစ်ခုရအောင် “ အသက်ရှု ” ဘို့  ကြိုးစားကြည့် ရပါအုံးမည်.. လို့  ။

......................................................................................................................................

( ဖတ်မိ၍ ကျွန်တော်ကြိုက်မိသွားသော စာအုပ်တစ်အုပ်မှ စာစုလေးများကို မကြာခင် ပြန်လည်ကူးယူဖေါ်
ပြချင်ပါသည်။ အနယ်နယ်အရပ်ရပ်သို့  ကစင့် ကလျား ရောက်နေရသော ညီအကိုမောင်နှမများကိုလည်း
ကိုယ်စားပြုမည်ဟု ထင်မိပါသည်။ )







8 comments:

sosegado said...

အေးခဲချိန်မှာ ရေးထားတဲ့ ပို့စ်ကလေးကို ဖတ်သွားပါတယ်၊
ကိုယ်ရခဲ့ တဲ့  သည်ဘဝလေးကိုရော တကယ်ပဲ ကျေနပ်ခဲ့ ပါရဲ့ လား ..၊
ဒီမေးခွန်းကိုဖြေနိုင်ဘို့ တော်တော် စဉ်းစားရဦးမယ်၊ ဘာမှမဟုတ်တဲ့လူတစ်ယောက်မို့........

ပေါ့ဆိမ့် said...

ဟုတ်တယ် ဘာလိုလိုနဲ့ တစ်နှစ်ကုန်ပြန်အုံးတော့မယ်။ ဆန်အိတ်တွေကို ပါးစပ်တွေ ညောင်းရမှန်းမသိအောင် စားခဲ့ကြပေမယ့် တရားတစ်ပုဒ်ကို စိတ်ဝင်တစားနား ဆုံးအောင်နား မထောင်ဖြစ်ခဲ့သေးပါဘူး။ (ကိုယ့်ကိုယ်ကို ဆိုလိုခြင်းပါ)
ကျွန်တော်လည်း ကျွန်တော့ ဝေစုလေးလည်း ကုန်မသွားခင်...

ကိုဇော် said...

တစ်နှစ်ပြီး တစ်နှစ် ၊ တစ်လပြီး တစ်လ ၊ တစ်ရက်ပြီး တစ်ရက် အားလုံး အားလုံး ၊ မသိမသာ သိသိသာသာ အသက်ရှူလိုက်တိုင်း ပြောင်းလဲသွားကြရတာပါပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်နှစ်တစ်နှစ်ကုန်ဆုံးသွားပေမဲ့ တစ်နှစ်ကုန်တိုင်း ဘာတွေများ အကျိုးရှိလဲစဉ်းစားမိတာ သိပ်ထူးထူးခြားခြား မရှိလာဘူး..
ကိုအဖြူလေးပြောသလို သေသွားရင် ကိုယ့်နောက်ပါမဲ့ဟာလည်း လုပ်ဦးမှ
ဘယ်တော့သေမယ်ဆိုတာ မပြောနိုင်ဘူးနော်
မသေခင် ကောင်းမှုကုသိုလ်လေး လုပ်၊ မလုပ်နိုင်ရင်တောင် မကောင်းမှုကိုတော့ ရှောင်ကျဉ်တာ အကောင်းဆုံးပေါ့နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်နှစ်တစ်နှစ်ကုန်ဆုံးသွားပေမဲ့ တစ်နှစ်ကုန်တိုင်း ဘာတွေများ အကျိုးရှိလဲစဉ်းစားမိတာ သိပ်ထူးထူးခြားခြား မရှိလာဘူး..
ကိုအဖြူလေးပြောသလို သေသွားရင် ကိုယ့်နောက်ပါမဲ့ဟာလည်း လုပ်ဦးမှ
ဘယ်တော့သေမယ်ဆိုတာ မပြောနိုင်ဘူးနော်
မသေခင် ကောင်းမှုကုသိုလ်လေး လုပ်၊ မလုပ်နိုင်ရင်တောင် မကောင်းမှုကိုတော့ ရှောင်ကျဉ်တာ အကောင်းဆုံးပေါ့နော်

Unknown said...

အချိန်တွေ ကုန်မှန်းမသိ ကုန်နေပြီ။ဟုတ်ပါ့ဗျာ။
နှစ်သစ်သာဆိုတာပါ။ မနေ့တစ်နေ့တွေကလိုပဲ။ထူးမခြားနားကြီးထဲပဲ လှိမ့်ဝင်နေရတယ်။

kiki said...

ဒီတနှစ်လည်း ထူးမခြားနားဇာတ်ကြီးထဲမှာပဲ ဆက်လက် မြောပါနေရပါအုံးမည် ။
သေရင် ထားခဲ့ရမဲ့ အရာတွေက များနေပြီး တပါတည်းယူသွားနိုင်မဲ့ အရာက မရှိသလောက် မို့  ... တရားတပုဒ်ကို အစ အဆုံး နာနိုင်တဲ့ အခြေမျိုးက စပြီး လုပ်ရပါအုံးမည် ။

သဒ္ဓါလှိုင်း said...

အချိန်တွေတော့ ကုန်သွားဆဲ ကုန်နေတုန်းပါပဲလေ.
ကိုယ့်ရဲ့လက်ကျန်အချိန်လေးမှာ ဘာတွေများ အကျိုးရှိရှိအသုံးပြုနိုင်အုံးမှာပါလိမ့်။ အင်း.. မသေခင်.
မသေခင်. ကိုယ့်နောက်ပါမယ့်အရာတွေ ဘယ်လောက်များ
စုဆောင်းထားမိလဲစဉ်းစားမိတယ်။
ခင်မင်တဲ့
သဒ္ဓါ