Friday, June 24, 2011

မျက်ရည်များဖြင့် ပြုံးစေသူ ( ၂ )

စင်္ကာပူသို့  ဝင်ချင်သူများအတွက် လိုအပ်သော ဗီဇာရရန် စာရွက်စာတန်းများ ရောက်လာလျှင် ဧည့် သည်ကို
စင်္ကာပူ သံရုံးသို့  ကျွန်တော် လိုက်ပို့ ပေးရသည်။ တစ်ခါတစ်ရံ ကျောင်းဗီဇာ၊ တစ်ခါတစ်ရံ အလည်ဗီဇာ၊ တစ်ခါ
တရံ သင်္ဘောတက်ဖို့  ဗီဇာများ တောင်းပေးရသည်။ ဤကိစ္စကတော့  ဘုရားတ,ရသည်မှအပ ဘာမှ အန္တရာယ်
မရှိပါ။ ဗီဇာကြေး ဘတ်ငါးရာ သွင်းရသည်။ ဖောင်ဖြည့် ရသည်။ စာရွက် စာတန်းများ တင်ထားခဲ့ ရသည်။ ရက်
ချိန်းတောင်း၍ စောင့် ရသည်။ ပြီးလျှင် လေယဉ်လက်မှတ် အသွားအပြန် ဝယ်၍ တင်ပြရသည်။ လိုအပ်လျှင်
အဝင်အထွက်ရက်ကိုပါ လေယဉ်လက်မှတ်၌ တစ်ပါတည်း တပ်ထားပေးရသည်။ ပထမတော့  ကျွန်တော်
နားမလည်နိုင်။ တကယ်ပင် လေယဉ်လက်မှတ် ကိုယ်စားလှယ်ရုံးသို့  သွားကာ ဝင်မည့် ရက်၊ ထွက်မည့် ရက်ကို
ကပ်လာခဲ့ ၏။ နောက်တော့  ကျွန်တော့်အစ်ကိုက ထိုသို့  လုပ်ရန်မလိုကြောင်း ရှင်းပြသည်။ လေယဉ်လက်မှတ်
ပေါ်၌ ကပ်သော စီးမည့် ရက်များအတွက် စတေကာဝယ်၍ ကိုယ်လိုသည့်  ရက်ကို ကပ်လိုက်ရုံသာဟု အကြံ
ပေးလာသည်။ သို့ မှသာ ဗီဇာရမည့် ရက်နှင့် သွားမည့်ရက် ကွာဟနေလျှင် လက်မှတ်ကို ကြိုတင်ခရီးစဉ်
ပြောင်းရွှေ့ ရန် လုပ်စရာ မလိုတော့ ဟု သိလာရသည်။

ဘန်ကောက်ရှိ စင်္ကာပူသံရုံးမှ တာဝန်ကျသူ ဒေါ်ဂျမ်းဘုံမှာတော့  ကျွန်တော်တို့  ညီအစ်ကို၏ မဟာပြိုင်ဘက်ကြီး
ဖြစ်ပါတော့ သည်။ အဟောက်၊ အငေါက် အလွန်ကြမ်းသည့် အပြင် တော်ရုံတန်ရုံ သူ့ ဘာသာ ဆုံးဖြတ်ပြီး ဗီဇာ
မပေးပဲ ပြန်လွှတ်တတ်သည်မို့  ကျွန်တော်တို့ က ဒေါ်ဂျမ်းဘုံဟု အမည်ပေးထားသော ထိုင်းအဒေါ်ကြီး ဖြစ်၏။

ဤနေရာ၌ စင်္ကာပူ လ.ဝ.က ၏ နိုင်ငံခြားဆက်ဆံရေးကို ကျွန်တော် နည်းနည်းသဘောပေါက်လာခဲ့ သည်။
စင်္ကာပူ လ.ဝ.က သည် အာရှသား ပီသစွာဖြင့်  အနောက်ကမ္ဘာသူ ကမ္ဘာသားများအပေါ် တွင် လွန်ကဲစွာ တာဝန်
ကျေလျက်၊ အရှေ့ တောင်အာရှသားများအပေါ်၌ တင်းကျပ်လွန်းသော လူဝင်မှုဥပဒေကို ပြထားရှာသည်။
ဘန်ကောက်ရှိ စင်္ကာပူ သံရုံးသည် အာရှနိုင်ငံသားများ အဓိက ဝင်ထွက်ရာ ဌာနတစ်ခုဖြစ်သည်။ ထိုနေရာမျိုး
တွင် အပေါက်ဆိုးဆိုး၊ သဘောဆိုးဆိုး၊ မျက်နှာထားဆိုးဆိုး အမျိုးသမီးကြီးကို အာဏာ အပြည့်ပေးထားခြင်းဖြင့် 
တော်တန်ရုံ ဗီဇာလိုချင်သူများ တပ်ခေါက်ရလေ၏။

ထို တပ်ခေါက်ရသူများကြားတွင် အောင်ပွဲဆင်နိုင်သူက ကျွန်တော့် အစ်ကိုပင် ဖြစ်သည်။ သူ့ ဝါဒက ရှင်းသည်။
မရမချင်း ဝါဒ ဖြစ်သည်။ ဒေါ်ဂျမ်းဘုံက အထောက်အထားမစုံဟု အကြောင်းပြခွင့် ရအောင် စာရွက်စာတန်းကို
တမင်ချန်ထားသည်။ ငြင်းပယ်လျှင် ထိုအကြောင်းပြချက်ကြောင့် လားဟုဆိုကာ လိုအပ်နေသော စာရွက်
စာတန်းကို ထုပ်ပြသည်။ မရသေးလျှင် ဘာကြောင့် နည်းဟု အဖြေတောင်းသည်။ တာဝန်ရှိသူနှင့်  တွေ့ ခွင့် 
တောင်းသည်။ ကြာတော့  ဒေါ်ဂျမ်းဘုံ မခံနိုင်တော့ ။ အနည်းဆုံး သုံးရက်ဗီဇာတော့  ပေးလိုက်ရတော့ ၏။
ဒေါ်ဂျမ်းဘုံထံမှ အဆင်မပြေ၍ သံမှုးနှင့်  မကြာခဏ ဝင်တွေ့ ရသည့်  ဖြစ်ရပ်မျိုး ခပ်များများလေး ဖန်တီးပေး
လိုက်သောအခါ ကျွန်တော့် အစ်ကိုအား ဒေါ်ဂျမ်းဘုံ လန့် ရှာတော့ သည်။ နောက်ပိုင်း ကျွန်တော့်အစ်ကို ကိုင်
ဆောင်လာသော ဗီဇာဖောင်ဆိုလျှင် သူ မညစ်တော့ ။ လိုအပ်သလို စစ်ဆေးပြီး လေယဉ်လက်မှတ်တောင်းကာ
ဗီဇာ ပေးလိုက်တော့ သည်။

ဤသို့ ဖြင့်  ၁၉၉၈ - ၉၉ ဝန်းကျင်တွင် စင်္ကာပူ၌ “ ကိုသားကြီး ” ဟူသော ကျွန်တော့် အစ်ကိုသည် နာမည်တစ်
လုံးဖြင့် ထင်ရှား၍ ဝင်ငွေ ဖြောင့် တန်းလာပါတော့ ၏။

ဘန်ကောက်၌ ထိုလုပ်ငန်းကိစ္စများ ကျွန်တော် ဆောင်ရွက်ပေးနေစဉ် ဖိုင်တို့  သားအမိကို ကျွန်တော် သုံးလေး
ကြိမ် သွားရှာသည်။ Latphro ( 120 ) လမ်းထိပ်မှ သင်္ဘောသီးထောင်း ရောင်းသော ကျွန်တော့် မိတ်ဆွေ
လင်မယားထံမှ သတင်းသဲ့ သဲ့  ကြားရသည်မှာ ဖိုင်တို့  မဟာထိုင်လမ်းသို့  ပြောင်းရွှေ့ သွားသည့်  သတင်းဖြစ်၏။
ဖိုင်တို့ က အရင်စက်ရုံမှာလည်း မလုပ်ကြတော့ ။

ကျွန်တော် ဆိုင်ကယ်ငှားပြီး မဟာထိုင်လမ်းမကြီးမှ ဆိုင်ကယ်ကယ်ရီဂိတ်များသို့  လျှောက်ပတ်ကာ ဖိုင်၏ ဓါတ်ပုံ
ကို ပြ၍ မေးကြည့် သည်။ သိသလို ရှိ၍ အတိအကျ မသိကြ။ မဟာထိုင်လမ်းမကြီးကလည်း အလွန်ရှည်လျားလှ
ပါသည်။ Latphrao မှ ဝင်သွားလျှင် ဟိုးအဆုံး၌ နာ့ လမ်းနှင့်  ဆက်သွား၏။ နာ့ လမ်းမှာ အမျိုးသား အားကစား
ကွင်းကြီးနှင့်  တည့် တည့် ကျ၍ ရခမ်ဟမ်းတက္ကသိုလ်၊ နာ့ လမ်း တက္ကသိုလ်များသို့  တိုက်ရိုက်ရောက်သည်။
မဟာထိုင်လမ်းမကြီးပေါ်မှာပင် လမ်းခွဲ လမ်းသွယ်တွေက ခပ်များများ ရှိ၏။

တပ်တိယမြောက်အခေါက်၌ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တော့ သည်။ ယခင် ဖိုင်တို့  အိမ်နားမှ ဈေးရောင်း
သော ဦးလေးကြီးသည် ကျွန်တော့်အား ခင်၏။ ကျွန်တော် သူ့ ကို အရင်သွားတွေ့ ပြီး လက်ဆောင်ပစ္စည်းများ
ပေး၍ ဖိုင်တို့ ထံ ပို့ ခိုင်းမည်။ လူချင်း တွေ့ ခွင့် တောင်း၍ လက်ခံလျှင် ဖိုင်နှင့် ဦးစွာ တွေ့ လိုသည်။ ဖိုင်နှင့် မတွေ့ 
ရလျှင် ဖိုင့် အဖေနှင့်  တွေ့ ချင်သည်။ ထိုတောင်းဆိုချက်များဖြင့်  ကျွန်တော် လက်ဆောင်ပစ္စည်းများ ဝယ်ကာ
ဦးလေးကြီး ဈေးရောင်းပြန်လာမည့် လမ်းမှာ သွားစောင့် နေလိုက်၏။ သူ ကျွန်တော့်ကို တွေ့ သည့် အခါ အံ့ သြ
နေသည်။ သူ ပြောသည်က ... ကျွန်တော် ဘယ်တော့ မှ ပြန်လာတော့ မည်မထင်ကြောင်း၊ ဖိုင်တို့  သားအမိ
အတော်ပင် ဒုက္ခရောက်နေကြကြောင်း၊ ဖိုင်က ခေါင်းမာသဖြင့်  နောက်အိမ်ထောင် ပြုခိုင်းလို့ လည်း မရကြောင်း
အခု ဖိုင့် ကို တွေ့ လိုစိတ် ရှိမရှိ သူမေးကြည့် ဦးမည့်  အကြောင်းများ ပြောကာ ကျွန်တော့်လက်ဆောင်ပစ္စည်း
များကိုလည်း လက်မခံရဲသေးကြောင်း ပြောပြပါ၏။ မှန်ပါသည်။ ကျွန်တော် သစ္စာပျက်နေသည်ကိုး ။ ကျွန်တော်
က ဦးလေးကြီးအား ကျွန်တော်နေသောအိမ်မှ ဖုန်းနံပါတ် ပေး၍ ပြန်လာခဲ့ သည်။ ထိုညမှာပင် ဖိုင့် အဖေမှ
ကျွန်တော့် ဆီ ဖုန်းဆက်လာ၏။ စ,တင်၍ နှုတ်ဆက်လိုက်သည်က ကြေကွဲစရာ။

“ သားလား ... သားရယ် ဘာလို့ အဖေတို့ ဆီ မလာတာလဲကွာ၊ သားလာခဲ့ ပါ၊ အဖေ အားလုံး တာဝန်ယူတယ်၊
လာခဲ့ ပါ သားရယ် ” တဲ့  ။

ည ဆယ်နာရီမှာပင် ကျွန်တော် ဖိုင်တို့ ရှိရာသို့  ကားငှား၍ ထွက်လာခဲ့ သည်။
ဖိုင်သည် ကျွန်တော့်ကို မကြိုဆို။ သူ့ ရင်သွေး ကျွန်တော့်သမီး စူဒါနမ်ကို ပွေ့ ဖက်၍ မျက်နှာထားတင်းတင်းဖြင့် 
ကြည့် နေ၏။ ကျွန်တော်က ဖိုင့်အချိုးကို သိပြီးလေပြီ။ ဖိုင့် အဖေက ကျွန်တော့် ကို ကြိုလာခဲ့ သည်။

ကျွန်တော်က “ ဘာဖြစ်နေတာလဲ၊ မျက်နှာက ”ဟု ပြောပြီး ဖိုင့် ခေါင်းကို ပုတ်ထည့် လိုက်၏။
“ အလိုလေး... ဒါ မယားရပြီးတဲ့  ရုပ်ပဲ၊ ကြည့် ကြဟေ့  ... ကြည့် ကြ ”
“ ဖိုင် .. ရူးနေသလားဟ ”
“ ဟုတ်ပါ့  .. ဟုတ်ပါ့ တော်၊ ကျွန်မ ရူးနေပါရဲ့  ၊ ဟွန်း .. သေချာပါပြီ၊ ဒါမယားသစ် ရထားတဲ့  ရုပ်ပါပဲ ”

တကယ်တော့  ဖိုင်သည် သူ့ မိသားစုနှင့်  ကျွန်တော် အကျွမ်းဝင်စေရန် ရယ်ရွှန်း ဖတ်ရွှန်း ပြောနေခြင်း ဖြစ်၏။
ကျွန်တော်က ဖိုင့် အမေကို လက်အုပ်ချီ၍ ဆာဝါဒီခပ်ဟု နှုတ်ဆက်သည်။ ဖိုင့် ညီမ နှစ်ဦးနှင့် တူမ နှစ်ယောက်
ကိုတော့ ပြုံးရင်း နှုတ်ဆက်လိုက်သည်။ ထို့ နောက် ကျွန်တော့် သမီး စူဒါနမ်ကို ကြည့် လိုက်၏။

ဖိုင် ကျွန်တော့်ကို ကြောက်လန့် တကြား ထွက်ပြေးရခြင်း၏ ရင်းမြစ်ကို ကျွန်တော် သိလိုက်တော့ သည်။ စူဒါနမ်
သည် ကျွန်တော် ဖြစ်နေသောကြောင့် ပါတည်း။ ကျွန်တော့် မျက်လုံး၊ ကျွန်တော့်မျက်နှာ၊ ကျွန်တော့် အသား
အရည်ဖြင့်  ကျွန်တော့် အဖေ၏ ဆံပင်တွန့် လေးများ ပိုင်ဆိုင်ထားသော စူဒါနမ်ကို ကြည့် ၍ ကျွန်တော် ခေါင်းခါ
ရမ်းနေမိသည်။

ဖိုင် ...
ဖိုင်သည် အားငယ်သောမျက်ဝန်း၊ ရှုံးနိမ့် သူ၏ မျက်ဝန်း၊ ခံရခက်သည့်  မျက်ဝန်းများဖြင့်  ကျွန်တော့် ကို ကြည့် 
နေ၏။ ပြုံးရခက်ခက်၊ ငိုရခက်ခက် ဖြစ်နေရှာသည်။

အေး ...
ဇနီးအေးသည်လည်း ကျွန်တော် ပြည်ပ ထွက်ခါနီးတွက် ဤသို့  ကြည့် လာဖူး၏။ ဤသို့  ပြုံးပြခဲ့ ဖူး၏။

ကျွန်တော် ဖိုင့် ကို လက်ဖဝါးညှစ်ကာ ခေါင်းခါယမ်းရင်း စကားတစ်ခွန်း ပြောချလိုက်ပါသည်။
“ ကျွန်တော် သမီးကို ဘယ်တော့ မှ ယူမသွားပါဘူး ဖိုင်။ ကျွန်တော့်  သစ္စာစကားပါ ”
ဖိုင် ပြုံးလာသည်။ ဖိုင့် အဖေနှင့်  အမေလည်း ပြုံးကြသည်။ မည်သူတွေ ထပ်ပြုံးကြသည်ကိုတော့  ကျွန်တော်
မသိတော့ ။ ကျွန်တော်သိသည်မှာတော့  ဖိုင်တို့ နှင့်  ဝေးရာသို့  နှစ်ပေါင်းများစွာ ကျွန်တော် ပြေးထွက်နေရဦး
မည်ကိုပဲ ဖြစ်ပါသည်။

စူဒါနမ်ကို ကျွန်တော် စိတ်ချလေပြီ။
စူဒါနမ်နှင့်  ဖိုင်တို့ အတွက် အကောင်းဆုံးဝတ်ကျင်းသည် သည်မိသားစုသာ ဖြစ်၏။ ကျွန်တော်က သူတို့ ၏
ခရီးသွား မိသားစုဝင်မျှသာ ဖြစ်၏။ သည့်နောက်မှာတော့  ကျွန်တော် တတ်စွမ်းသော ထောက်ပံ့ မှုများဖြင့် 
ဖိုင်တို့ အိမ်၌ တယ်လီဖုန်း တပ်ဆင်ပေးခဲ့ သည်။ ငွေကြေး ထိုက်တန်သလောက် ပေးခဲ့ သည်။ ပြီးတော့ 
ဖိုင်နှင့်  ခွဲကာ ကျွန်တော် ခရီးနှင်ရပြန်လေပြီ။

ဖိုင်သည် ကျွန်တော့် ကို ဘာမှ မမေးတော့ သလို၊ ဘာမှလည်း မတောင်းဆိုတော့ ။ ဖိုင်သည် ကွဲအက်ကျေပျက်
ခဲ့ သော ဘဝခရီးသည် ဖြစ်သည်။ သူသည် ထိုဘဝကြီးထဲ၌ ကိုယ်ကျိုးမဲ့ စွာ ခရီးနှင်နေရရှာသည်။ သူ့ အတွက်
သူ အသက်ရှင်နေခြင်းမဟုတ်။ မိသားစုအရေး၊ သမီးရဲ့  အရေးများအတွက် ခရီးဆက်နေရှာသူ ဖြစ်၏။ ကျွန်တော်
သည် သူနှင့်  အလွန်ဝေးကွာသောသူ ဖြစ်ခဲ့ လေပြီ။

သူ့ ကို ကျွန်တော် တွေးကြည့် သည်။ မနက်ရှစ်နာရီ အလုပ်ခွင်သို့  ဝင်မည်။ လမ်း၌ မနက်စာကို တက်သုတ်ရိုက်
၍ စားအုံးမည်။ နေ့ လည် ၁၂နာရီ ထမင်း ပြန်လာစားမည်။ ညဘက်မှာ အချိန်ပိုရှိလျှင် ရှစ်နာရီခွဲအထိ ဆင်းမည်။
ပြန်လာလျှင် သမီးနှင့် တကွ သူ့ တူမများ၊ မိဘ မောင်နှမများနှင့်  ထမင်းလက်စုံစားကာ တစ်နေ့ တာ ဖြတ်သန်း
မှု ဇာတ်သိမ်းလိုက်မည်။ သူ့ ဘဝအတွက် ကျွန်တော်သည် ဘယ်အခန်းကမှ မလို။ သူ့  ရင်ထဲမှာတော့  ရှိနေပါ
လိမ့် မည်။ အမုန်းဖြင့်  ရှိနေသည်လည်း ဖြစ်ချင်ဖြစ်မည်။ အချစ်နှင့်  ရှိနေသည်လည်း ဖြစ်ချင်ဖြစ်မည်။ အပြင်
ဘဝတွင်မူကား ကျွန်တော်သည် ဘာမှ အသုံးမဝင်တော့ ပြီ။

ကိုယ့် အတ္တကိုသာ ကိုယ်ချစ်သော ကျွန်တော်လိုလူအတွက် ဖိုင့် မှာ နေရာ မရှိတော့ ပါလျှင် လွန်စွာမှန်ကန်လှ
ပါသည်။

တွေ့ စက ဖိုင်သည် ကျွန်တော့် ထံမှ တောင်းပန်စကားလေး၊ ချစ်ခွန်းတုံ့ တင်စကားလေး ကြားချင်မည်လားမသိ။
ကျွန်တော်ကမူ မပြော။ ပြောဖို့ လည်း ခက်လှ၏။ ကျွန်တော့် မှာ မာန ရှိသည်။ ပေးသမျှ အပစ်ကို ခံလိုက်မည့် 
မာန ဖြစ်သည်။ တောင်းပန်စကားဖြင့်  သူ့ နှလုံးသားထဲကို ဝင်မတိုးချင်။ ဤသည်ကပင် ဖိုင်ချစ်ခဲ့ သော“ အဒါ ”
ဖြစ်သည်။ “ အဒါ ” ကြွေးကြော်ခဲ့ ဘူးသောစကားကို ဖိုင် မှတ်မိပါလိမ့် မည်။

“ ဤကမ္ဘာဝယ် “ အဒါ ” အား မုန်းနိုင်သူသည် “ အဒါ ” မှ လွဲ၍ မရှိ ” ဟူသော စကားဖြစ်သည်။ ဤစကား
အတွက် “ အဒါ ” ပြုကျင့် ရသော စိတ်ထားများနှင့်  တာဝန်ယူရသော ဆောင်ရွက်ဖွယ်ရာများက များလှပါသည်။
ကောက်ကျစ်မှုကို နင်းဖျက်ချေမှုန်းပစ်ရသည်။ သူတစ်ပါးအကျိုးကို ဦးစားပေးရသည်။ ကိုယ့် ကိုယ်ကို ဆုံးမ
စကားများ အစဉ်မိန့် ကြားနေရသည်။ “ အဒါ ” သည် ကိုယ့်နှလုံးသားကို ဆေးကြောနေရပါသည်။

ယခု အခါမှာလည်း စူဒါနမ်ကို ဖိုင့် အား အပြီး ပေးလှုရပြန်ပြီ။
စူဒါနမ်သည် ကျွန်တော် အားလေး အနည်းငယ် စိုက်ထုပ်လိုက်ရုံမျှဖြင့်  ကျွန်တော့်  မိဘထံ ရောက်သွားပါမည်။
ဤကိစ္စမှာ ကျွန်တော့် အတွက် ဘာမှ မခက်။ ခက်သည်က ကျွန်တော့် နှလုံးသား၏ ဆန္ဒ ဖြစ်သည်။ ဖိုင်သည်
ကျွန်တော်နှင့်  အလွန်ကွာခြားသောဘဝ၌ ရုန်းကန် ကျင်လည်နေရရှာသည်။ ဖိုင်၏ တစ်လစာဝင်ငွေသည်
ကျွန်တော် လူတစ်ယောက်ကို ဗီဇာလျှောက်ပေးခ ရသည့်  ဝင်ငွေထက်နည်းပါးလှသည်။ ဖိုင့်အချေအနေကိုမူ
အသေးစိပ်မပြောတော့ ။

ကျွန်တော် စင်္ကာပူသို့  ခေါ်ကြည့် သည်။ ဖိုင် မလိုက်ချင်။ ဟန်ဆောင်ကာဖြင့်  လိုက်မည်လေးတော့ ပြပါသေး
သည်။ စူဒါနမ်ကိုပါ ကျောင်းထားလို့ ရသည်ဆိုတော့  ဖိုင်သည် မူလ သံသယကို ပြန်ကိုင်စွဲ၍ ကျွန်တော့် ဖိတ်
ခေါ်မှုကို ငြင်းတော့ သည်။ ဖိုင့် မိဘများကလည်း သဘောမကျချင်တော့ ။ သူတို့  စိတ်စွဲနေသည်မှာ စူဒါနမ်ကို
ကျွန်တော် ခေါ်သွားမည့် အစွဲဖြစ်သည်။ “ အဒါ ” သည် အကြံကြီး၏။ လုပ်ချင်တာလုပ်၏။ ဥာဏ်များ၏။ လူပေါင်း
ဆန့် ၏။ စသည်များကို သူတို့  တွက်ဆ မြင်ထားပြီးလေပြီ။ “ အဒါ ” သည် ယခင် “ အဒါ ” မဟုတ်တော့ ။
ထို့ ကြောင့်  သူတို့ မယုံရဲတော့  ။

ဖိုင်ကတော့  တစ်ခွန်း ပြောပါသည်။
“ နမ့် ရို မရှိရင် အမေတော့  သေမယ်၊ ဖိုင်လည်း သေမှာပဲ ” ဟု ပြောဖူးသည်။ သမီးကို သူတို့ က အိမ်နာမည်
“ နမ့် ရို ” ဟု ခေါ်ကြသည်။

ကျွန်တော် ဘာကြောင့်  သူတို့ နှင့်  မဝင်ဆန့် သည်ကို စဉ်းစား ကြည့် မိပြန်သည်။ ထို့ အတူ ကျွန်တော့် သမီး
ကျတော့ ဘာကြောင့်  သူတို့ နှင့် ဝင်ဆန့် နေရသည်ကို စဉ်းစားမိပြန်သည်။ ထို့ အပြင် ကျွန်တော် သူတို့ နှင့် 
ဝင်မဆန့် ခြင်းက ထာဝရဖြစ်၍၊ သမီး သူတို့ နှင့်  ဝင်ဆံ့ ခြင်းက ထာဝရဖြစ်နေမည့် ကိစ္စကို တွေးမိပြန်၏။

ကျွန်တော့်အတွက် စိတ်ခံစားချက် အသစ်ဖြစ်ပါသည်။
ကျွန်တော်နှင့် ဖိုင်တို့ သည် မမုန်းကြ။ သို့ ပါလျက် နှော၍မရ။ သမီးနှင့် ကျွန်တော်သည်လည်း ထို့ အတူ ဖြစ်နေ
ပြန်၏။ သမီးက ဘန်ကောက်သူ အစစ်။ ကျွန်တော်က ဧည့်သည်။ နောင်တွင် သည့် ထက် ပို၍ ကွဲပြားရတော့ 
မည်။ သမီးသိသည့်  ဘာသာစကား၊ ဝန်းကျင်၊ ဓလေ့ ၊ လူမျိုး၊ နိုင်ငံ တို့ သည် ကျွန်တော်နှင့် သမီးကို ပို၍ ဝေး
ကွာစေတော့ မည်ကိုး ။

ဖိုင်မှ လွဲ၍ တခြားလူတို့ သည် သမီးအား ကျွန်တော်သည် တရားမဝင် နိုင်ငံသားတစ်ဦးဟု ပြောကြလေဦးမည်။
သမီး မည်သို့  ခံစားရမည်နည်း။ အဖေ ဆုံးရှာပြီ ဆိုလျှင်ပင် ကောင်းဦးမည်လားမသိ။ ထိုအတွေးတို့ သည်
ကျွန်တော့် ရင်ကို ဆောင့် ၏။ မျက်ရည်ဝဲ၏။ သို့ ရာတွင် ကျွန်တော် မငိုဝံ့ ။ အဖေ ဆုံးစဉ်ကပင် ကျွန်တော်သည်
မျက်ရည်ကို နှိပ်ကွပ်ခဲ့ ပြီးပြီ။ ယခု ရင်သွေးကျမှ ငိုလျှင် ကိုယ့် ဝါဒ ကိုယ် သစ္စာဖောက်ရာကျမည်။ ရှေ့ တွင်
ဘာတွေ ကြုံဦးမည်မသိသေးပဲကိုး။ ဤကိစ္စဖြင့်  မျက်ရည်ကျပါလျှင် “ အဒါ ” သည် လူပျော့  လူညံ့  ဖြစ်ချေမည်။
မငိုသေး ။ “ အဒါ ” မငိုသေးပါ ..။

ထို မျက်ရည် ကျလုလု ခံစားချက်ဖြင့်  ကျွန်တော် ကိုယ်ချင်းစာမိသည်က ဖိုင်နှင့်  ဇနီးအေးကို ဖြစ်ပါသည်။
သူတို့  နှစ်ဦးစလုံးသည် ကျွန်တော့် ကြောင့်  မျက်ရည်များဖြင့်  ကြည့် ခဲ့ ကြသည်။ ယခုတော့  ကျွန်တော်သည်
ချစ်သမီး စူဒါနမ်ကြောင့်  မျက်ရည်ကျလုလုဖြင့်  ပြုံးကြည့် ခဲ့ ရသည်။ ကျွန်တော့် အား “ စူဒါနမ် ” သည် မျက်
ရည်များဖြင့်  ပြုံးစေခဲ့ သူတည်း..။



( ဆက်ရန် )

...................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။









6 comments:

kiki said...

တာဝန် မသိပဲ အတ္တကြီးတဲ့ ကိုထွေးတယောက် ဘယ်တော့များမှ ဝဋ်လည် မလည်း မသိ။
သူ့ ကြောင့် အပြစ်မရှိတဲ့ မိန်းကလေး ၃ ယောက် ဒုက္ခ ရောက်နေကြရပြီလေ။

ဖိုင့် လို မိန်းကလေးမျိုးလည်း ရှားပါလိမ့်မယ်။

hello said...

ဖတ်သွားပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် မကီ ပြောတာ ထောက်ခံတယ်
အဒါခေါ် ကိုထွေးလိုလူများလာရင် မိန်းခလေးတွေ ဒုက္ခ
ဒီလောက်အတ္တကြီးတဲ့ ယောက်ျားတွေ...
ကိုယ့်အတွက်ကလွဲလို့ ဘာမှမသိတဲ့ယောက်ျားမျိုး

စံပယ်ချို said...

အတ္တကြီးရင် ယောက်င်္ကျားဖြစ်ဖြစ်
မိန်းမဖြစ်ဖြစ် မကောင်းဘူးနော်။
ဖတ်သွားပါတယ်
ချမ်းမြေ့ပါစေရှင်။

Anonymous said...

စူဒါနမ်လေး သနားပါတယ်။
ကိုထွေးက သူ့ကိုယ်သူ လိမ်နေတာပဲ။ ကလေးကို ခေါ်မသွားတာ သူ စွန့်လွှတ်တာမှ မဟုတ်တာ။ သူခေါ်သွားလဲ အဘွားနဲ့ထားပြီး သူက လွင့်ချင်ရာလွင့်နေမှာ။ ကလေးအနွံတာ မခံချင်လို့ ခေါ်မသွားပုံ ရတယ်။

sosegado said...

ဖတ်ပြီးခံစားသွားရတယ်၊ ကြုံရတဲ့ဘဝတွေရယ်