Friday, July 29, 2011

သင်္ဘောသားမို့  စကားမတတ်ရှာ ..။

မဟာထိုင်လမ်းသွယ်ထဲမှာ ဆက်နေလို့  မဖြစ်တော့ လောက်အောင် နှစ်ကြိမ် နှစ်ခါ ခေါ်ယူစစ်ဆေးခံခဲ့ ရပြီး
နောက် ကိုဆန်နီက သူ့ ရည်းစား “ မျှောင် ” ဆိုသည့် ယိုးဒယားမလေးနေသော ရပ်ကွက်ထိပ်ရှိ တိုက်ခန်းကြီး
တွင် အခန်းငှားပေးသည်။ တိုက်ခန်းက သိပ်မကြီး။ ဟောခန်းပါသည်။ မီးဖိုချောင်၊ အိမ်သာ တွဲလျက် ပါရှိသည်။
လစာ ကလည်း မများလှ။ ဘတ်နှစ်ထောင်သာ ပေးရ၏။ မိုးပျံတံတားကြီးကို ကျော်ပြီးနောက် တစ်မှတ်တိုင်ဆို
လျှင် လမ်းထိပ်သို့  ရောက်ပြီ။ ထိုလမ်းထိပ်မှ ဆိုင်ကယ် ငါးဘတ်ပေး၍ စီးလျှင် ရောက်ပါသည်။ စီးလုံသို့  သွား
လျှင်လည်း လွယ်၏။ လေဆိပ်နှင့် တော့  အလှမ်းဝေးလှသည်။

စင်္ကာပူသို့  ဝင်ရသည်မှာလည်း အတော်ပင် ခက်ခဲလာပါသည်။ မြန်မာပြည်မှ ဗီဇာပါလာသူများကလည်း
ဘန်ကောက်မှာ ကြာကြာမနေကြတော့ ။ အဖမ်းအဆီး ထူပြော၍ ဖြစ်သည်။ ရန်ကုန်၊ စင်္ကာပူ တိုက်ရိုက် ဝင်ကြ
သူက များသည်။ ကျွန်တော်တို့ အတွက် အရင်ကလို ဗီဇာ လျှောက်ရသည်မှာ မလွယ်ကူတော့ ပြီ။ သို့ ရာတွင်
စားပေါက် တစ်မျိုး ထွင်ကြရပြန်သည်။

သင်္ဘောသား ဗီဇာကို ရအောင် လျှောက်ကြပြန်လေပြီ။
စင်စစ် စင်္ကာပူ သံရုံးသည် သင်္ဘောတက်ရန်သွားမည့်  မည်သည့် သင်္ဘောသားကိုမှ ဗီဇာ မပေးပါ။ စင်္ကာပူမှ
သင်္ဘောအေးဂျင်းက ဖက်(စ)ဖြင့် ခေါ်စာ ပို့ ပေးသည်။ ထိုခေါ်စာဖြင့်  လေယဉ်လက်မှတ် ဝယ်ရသည်။ လေဆိပ်
ရောက်လျှင် သက်ဆိုင်ရာ လေကြောင်းလိုင်းသို့ ခေါ်စာနှင့် လေယဉ်လက်မှတ် ပေးရပါသည်။ ထို့ ပြင် စင်္ကာပူရှိ
သင်္ဘောအေးဂျင်းက လေကြောင်းလိုင်းသို့  ခေါ်စာကို ဖက်(စ)ဖြင့် ထပ်မံ ပို့ ပေးရ၏။ ထိုအခါ လေကြောင်းလိုင်း
က သင်္ဘောသားကို သူ့ လေယဉ်ပေါ်သို့  တက်ခွင့် ပြုသည်။ စင်္ကာပူ လေဆိပ်ရောက်လျှင် လ.ဝ.က မှ သုံးရက်
ဗီဇာ ပေးလိုက်၏။ အေးဂျင့် က သင်္ဘောသားကို လေဆိပ်မှာ လူကြို လွှတ်ပေးပါသည်။ လိုအပ်လျှင် လ.ဝ.က
အရာရှိက လာကြိုသော အေးဂျင့်နှင့်  တိုက်ရိုက် စကားပြောနိုင်ရန် လာစောင့် ပေးရပြန်သည်။

တစ်ရက်မှာတော့  အစ်ကိုနှင့်အတူ ပါသွားသည့် သင်္ဘောသား တစ်ယောက်အား လေယဉ်လိုင်းက အပြန်လက်
မှတ်မပါ၍ လေယဉ်ပေါ် တက်ခွင့် မပြု။ အနည်းဆုံး သံရုံးဗီဇာပါမှ တက်ခွင့် ပြုမည်ဟု ဆိုလာပါ၏။ အစ်ကို ဘာ
လုပ်ပါသနည်း။ သူရော ထိုသင်္ဘောသားကိုပါ အဝတ်အစားအိပ်များ ကိုယ်စီ ဆွဲ၍ စင်္ကာပူ သံရုံးသို့  ချီတက်ပါ
တော့ သည်။ သံရုံးရောက်တော့ လေယဉ်လက်မှတ်တွေပြ၊ လေကြောင်းလိုင်းမှ ပြောလိုက်သည်များကို ရှင်းပြပြီး
ဗီဇာမပါလျှင် ဒီသင်္ဘောသား သင်္ဘောတက်ခွင့် မရတော့ ဟု တောင်းဆိုပါတော့ သည်။ သံရုံးကလည်း သုံးရက်
ဗီဇာ ပေးလိုက်ပါတော့ ၏။ နောက်ပိုင်းတွင်လည်း သင်္ဘောသားတိုင်းကို သုံးရက်ဗီဇာ ထုပ်ပေးပါတော့ သည်။

လေကြောင်းလိုင်းများနှင့်ပတ်သက်၍ ကျွန်တော်တို့  ဘက်က ချို့ ယွင်းချက်ကလေးများလည်း ရှိပါသည်။
လေကြောင်းလိုင်းများသည် စင်္ကာပူခရီးစဉ်၌ မြန်မာများကို တင်ရသည့် အခါတိုင်း ဗီဇာမပါပဲ မတင်ချင်ကြ။
ဗီဇာပါလျှင်လည်း အပြန်လက်မှတ်ကို မေးလာတတ်ပြန်သည်။ သူတို့ ကိုလည်း အပစ်မဆိုသာပါ။ သူတို့ လေယဉ်
ဖြင့်  ပါသွားသော ခရီးသည်အား စင်္ကာပူ လ.ဝ.က မှ ပြန်ပို့ ပါလျှင် အတော်ကို အလုပ်ရှုပ်ကြရသည်။ ထို့ ကြောင့် 
မြန်မာဆိုလျှင် သိပ်မတင်ချင်ကြ။ လေယဉ်လက်မှတ် သွားဝယ်လျှင် ဗီဇာကို မေးတတ်ကြသည်။ သင်္ဘောသား
ဗီဇာဖြင့်  ဝင်ရချိန်တိုင်း သက်ဆိုင်ရာ လေယဉ်လိုင်းနှင့်  ကျွန်တော်တို့  စကားမပြောရပဲ မပြီး ။ ကျွန်တော်တို့ 
ညီအစ်ကို၏ အဓိက အတားအဆီးသည် ပိစိဖိတ်အဲယားလိုင်း ဖြစ်သည်။

သူတို့ က ကျွန်တော်တို့  လိုက်ပို့ သူများကို သင်္ဘောသားဟု မယုံ ။ စကားပြောကြည့်တော့ လည်း ကိုယ့် လူများ
က စကားမကျွမ်းကျင်။ အင်္ဂလိပ်စကားကို တောင်တောင်အီအီ ဖြစ်နေ၏။ ဒါတောင် မနဲ သင်ထားရခြင်း ဖြစ်၏။
သူတို့ က သင်္ဘောသားတွေကိုမေးတိုင်း ကျွန်တော်က ဝင်ဖြေရင်း တစ်ခါတစ်လေတော့  စကားများကြရသည်။
သင်္ဘောသားတွင် အပြန်လေယဉ်လက်မှတ်မလို၊ ရှိုးမန်းနီး မလို။ ပတ်(စ)ပို့ နှင့်  CDC ပါလျှင် ပြည့် စုံပြီမှန်း
ကျွန်တော်တို့ က ဆုပ်ကိုင်ပြောရသည်။ ထိုအခါ ဂျူတီမန်နေဂျာကို သူတို့ က ခေါ်လေပြီ။ ဂျူတီမန်နေဂျာက
စင်္ကာပူ အေးဂျင်းသို့  ဖက်(စ)ဖြင့် လှမ်းမေးသည်။ အေးဂျင်းက လက်ခံအတည်ပြုမှ လေယဉ်ပေါ် တက်ခွင့် ပြု
တော့ သည်။ နောက်ပိုင်း ဗီဇာ ယူလာသောအခါ သူတို့  ပို၍ပင် အခံရခက်ရှာသည်။ ဤလူများသည် တကယ်
သဘောင်္ာတက်မည့်သူများ မဟုတ်မှန်း သိပါလျက်နှင့်  သူတို့  လေယဉ်လိုင်းအား အသုံးချနေခြင်းကို အခံရခက်
နေရှာ၏။ သို့ သော် ဘာမှ မတတ်နိုင်။ သူတို့ ဘက်က တတ်နိုင်သည်မှာ သင်္ဘောသားအား နောက်ဆုံးပါဆင်ဂျာ
အဖြစ် ချန်လှပ်ပြီး ပညာပြခြင်းပင်ဖြစ်ပါ၏။

ဘင်္ဂလားဒေ့ ရှ်အဲယားလိုင်း ( ဘီမန်း ) နှင့်  အန္ဒိယအဲယားလိုင်းတို့ မှာတော့  နှစ်ပတ်ဗီဇာသမားများကို ဈေး
သက်သက်သာသာဖြင့် ကျွန်တော်တို့  တင်ပို့ ပေးနေသော ဖောက်သည်အဲယားလိုင်းများဖြစ်ပါသည်။ ထိုလေ
ကြောင်းလိုင်းများက အဲယားလိုင်းကြီးများနှင့်  စာလျှင် ဒေါ်လာတစ်ရာကျော် ဈေးသက်သာ၏။ ဈေးသက်သာ
သည့်  နည်းတူ အချိန်လည်း မမှန်တတ်။ တစ်ခါတစ်ရံ အခြားလေကြောင်းလိုင်းများသို့  အကူအညီတောင်း၍
လွှဲပြောင်းပေးရတတ်၏။ ထိုအခါမျိုးတွင် အချောင်စီးရသော ခရီးသည်အဖို့  အစားကောင်းကောင်း စားရသည့် 
အပြင် ဟိုဘက်လေဆိပ်မှာလည်း ဝင်ခွင့်  လွယ်ပါသည်။ အကယ်၍ ဘန်ကောက်လေဆိပ်မှာပင် လာမည့်
လေယဉ်မှာ အကြောင်းကြောင်းကြောင့်  နာရီများစွာ နောက်ကျမည်ဆိုပါက လေယဉ်လိုင်းများက စားသောက်
စရိတ်ကတ်ပြားများ ထုတ်ပေး၏။ လေဆိပ်အတွင်းရှိ မည်သည့် ဆိုင်၌မဆို ဝဝလင်လင် စားနိုင်၏။ ဤအခွင့် 
အရေးမျိုးလည်း ကြုံရသေးသည်သာ ။

ကြာလာတော့  ဘန်ကောက်လေဆိပ်သည် ကျွန်တော် ကျင်လည် ကျက်စားရာ ကွင်းပြင်ကြီး ဖြစ်လာခဲ့ ပြီ။
တစ်လလျှင် ဆယ်ကြိမ်ထက်မနဲ ဝင်ထွက် သွားလာနေသူမို့  လေဆိပ်အတွင်း နှ့ံစပ်ခဲ့ သည်မှာ မဆန်းလှပါ။
ကားငှားလျှင် လမ်းမကြီးသို့  ပေါင်းကူးတံတားမှ ဆင်း၍ ထွက်ငှားတတ်ခဲ့ ပြီ။ ပြည်တွင်းခရီးစဉ်လိုင်းဘက်မှ
ထွက်လိုလျှင် ပေါင်းကူးတံတားမှ ဖြတ်ထွက်တတ်ခဲ့ ပြီ။ လေဆိပ်တယ်လီဖုန်း အိပ်ချိန်းရုံးထဲဝင်၍ ဖောင်ဖြည့် ကာ ဈေးသက်သက်သာသာဖြင့်  ဖုန်းဆက်တတ်ခဲ့ ပြီ။ KFC ကြက်ကြော်စား၍ အချိန်ဖြုန်းတတ်ခဲ့ ပြီ။ ပို့ ဆောင်
ခန်း အတွင်းဘက်မှ စားသောက်ဆိုင်သို့  သွား၍ လေယဉ်ပြေးလမ်းများ၊ ဂိတ်ပေါက်များမှ လေယဉ်များကို
သွားငေးတတ်ခဲ့ ပြီ။ ဂိတ်အမှတ်များကို ကြည့် ပြီး မည်သည့်  လ.ဝ.က အပေါက်မှ ဝင်လျှင် နီးမည့် အကြောင်း
လမ်းညွှန်တတ်ခဲ့ ပြီ။ ဘန်ကောက်လေဆိပ်သို့  ပထမဦးစွာ ရောက်လာမည့်  မြန်မာဧည့် သည်များ အပေါက်မှား
ထွက်တတ်သည့် တစ်ဖက်ခြမ်းကို သတိထား စောင့် ကြည့် နိုင်ခဲ့ လေပြီ။ လပ်ဂိတ်ဖြင့်  ပါမလာသော အဝတ်
အစားအိပ်များကို လပ်ဂိတ်ဌာနသို့  သွားအကြောင်းကြားကာ ရွေးယူတတ်ခဲ့ ပြီ ။

ဤပညာများကို သင်ကြားပေးသူမှာ ကိုဆန်နီ ဖြစ်ပါသည်။
သူက ဝါရင့်  သင်္ဘောသားမို့  လေဆိပ်မျိုးစုံကို ဝင်ထွက်သွားလာဖူး၏။ သူ့ အကြောင်း ပြောလျှင် သူ့ ရည်းစား
“ မျှောင် ” ကို ချန်ထား၍ မရပြန် ။ “ မျှောင် ” က မချော။ သွားလေး ခေါတတ်သေး၏။ သို့ ရာတွင် “ မျှောင် ” က
ရဲတင်းသည်။ ပွင့် လင်းသည်။ အကြံဥာဏ်ကောင်းများလည်း ပေးတတ်သည်။ ပြီးတော့  ငယ်သည်။ သူက
အသက်နှစ်ဆယ်ပင် မပြည့် တတ်သေး။
ကိုဆန်နီက ကျွန်တော့် လိုပင် ယိုးဒယားစကားကို ယိုးဒယားမလေးများနှင့်  ချစ်ကြွမ်းဝင်ပြီး သူတို့  ရင်ခွင်ထဲ
ဝင်ကာ စကားသင်ပါသည်။ ကိုဆန်နီက ယိုးဒယားစကားသာမက စာလဲ ဖတ်တတ်သည်။ များများစားစားတော့ 
မဟုတ်။ ကိုဆန်နီ့ မှာ အလုပ်အကိုင် သေသေချာချာ မရှိသည့် တိုင် ငွေတော့  မရှားတတ်။ သူ့ အစ်ကိုက
အမေရိကမှာ ရှိသည်။ မိဘများက ရန်ကင်းဘက်မှာ နေကြသည်။ ကိုဆန်နီ တတ်ကျွမ်းသည်က လေယဉ်လက်
မှတ်ကိစ္စ၊ ဗီဇာ ကိစ္စ၊ လေယဉ်ကွင်း အပို့ အကြိုကိစ္စအပြင် အသစ်ရောက်လာသူများကို သွားရေး၊ လာရေးနှင့် 
လိုအပ်သော အင်္ဂလိပ်စကား၊ ဝှိုက်ကတ် ဖြည့် သွင်းခြင်းများကို စိတ်ရှည် လက်ရှည် သင်ပေးတတ်၏။
သူ့ မျက်နှာက အမြဲ ပြုံးချိုနေတတ်သည်။ စကားပြောလျှင် ပျော့ ပျောင်းညင်သာသဖြင့်  လူခင်များ၏။ လူနိုင်
လည်းများ၏။ သူ့ ကို အနိုင်ဆုံးသူမှာ သူ့ ရည်းစားလေး “ မျှောင် ” ပင် ဖြစ်ပါသည်။

“ မျှောင့် ” မှာ စေ့ စပ်ထားသူ ရှိပြီးသား ဖြစ်သည်။
ကိုဆန်နီနှင့်  ဘယ်လိုတွေ့ ခဲ့ ကြသည်ကိုတော့  ကျွန်တော်မမေးမိ။ မျှောင်တို့ ဘက်က ကိုဆန်နီ့ ကို လုံးဝ
သဘောမကျ။ “မျှောင်” တို့ မိဘများက နယ်မှာ နေကြသည်။ ဒီမှာက “ မျှောင့် ” အမ လင်မယားရှိ၏။
“ မျှောင် ” က ရွာသို့ မပြန်။ ဟိုရောက်လျှင် လက်ထပ်ရမှာ လန့် နေ၏။ ကိုဆန်နီ့ ကိုလည်း ချစ်ရှာသည်။ ချစ်၍
ပါး မကြာခဏ ရိုက်သည်။ ဤသည်မှာ ဓမ္မတာပင်။ ယိုးဒယားမများ ချစ်လျှင် ထိုသို့  ပါးရိုက်တတ်ကြောင်း
နောင်တော့် နောင်တော် မြန်မာကြီးများက ကျွန်တော့် ကို ပြောပြထားခဲ့ ပြီး ဖြစ်၏။ ဖိုင် ကတော့  ကျွန်တော့် 
ကို တစ်ကြိမ် ရိုက်ဖူးသည်။ “ မျှောင့်  ” လို ခဏခဏ မရိုက်။ သိပ်မချစ်၍လားတော့  မပြောတတ်။

“မျှောင်” သည် ကိုဆန်နီ့ ကို အနိုင်ကျင့် တတ်သော်ငြား ကျွန်တော်တို့  လုငန်းများကိုတော့  အများကြီး အကူ
အညီ ပေးပါသည်။ ကျွန်တော် ချင်းမိုင်ကို နှစ်ကူးရက်ကြီး ခရီးထွက်ဖို့  ကြုံလာစဉ်က ကားဂိတ်ရော၊ ရထားဘူ
တာမှာပင် လက်မှတ်မရ ဖြစ်နေခိုက်၊ “ မျှောင် ” က လေဆိပ်သို့  အရေးပေါ်ဟန်ဖြင့်  ဖုန်းဆက်ကာ လေယဉ်
လက်မှတ် မှာပေးသည်။ နောက်တစ်နေ့ မနက်မှာ ထိုလေယဉ်ဖြင့်  ကျွန်တော် ခရီးထွက်နိုင်ခဲ့ ပါသည်။

တစ်ကြိမ်မှာတော့  ရနောင်းနယ်စပ်သို့  သွားရန်အတွက် ကားငှားဖို့ ကိစ္စ “မျှောင့် ”ကို ခေါင်းဆောင်တင်ရသည်။
ဖိုင်နှင့်  ဖိုင်တို့ အဖေလည်း လိုက်လည်ကြပါသည်။ ကားက “ တောင်းအေ့ (စ) ” အမျိုးအစားဖြစ်ပြီး မျှောင်တို့ 
ပါနေသဖြင့်  အသွားရော အပြန်ရော အဆင်ချောပါ၏။ စကားမစပ် ထိုခရီးတွင် မျှောင်တို့ အုပ်စု သရဲခြောက်ခံ
ရပုံလေး ပြောပြပါဦးမည်။

ရနောင်းမြို့  “ GREEN PEACE ” ဟိုတယ်တွင် ကျွန်တော်တို့  အခန်းသုံးခန်း ငှားကြပါသည်။ ကျွန်တော်၊ ဖိုင်
ကိုဆန်နီ၊ မျှောင်နှင့်  မိုးမိုးတို့ က တစ်ခန်း၊ ဖိုင့် အဖေတို့ နှင့်  ကားသမားများက တစ်ခန်း ဖြစ်သည်။ မိုးမိုးက
အလည်တွင် ကုတင်တစ်လုံး အစားထိုး၍ အိပ်သည်။ သရဲသည် ကျွန်တော်တို့ ကို ပုံတူဖမ်း၍ ခြောက်ခြင်းဖြစ်ပါ
သည်။ ရေချိုးပြီး ထမင်းစားထွက်ကြသည်။ ထမင်းစားပြီး အားလုံး ခရီးပန်းလာသဖြင့် စောစောပင် မီးမှိတ်၍
အိပ်ယာဝင်ကြပါသည်။ ကျွန်တော်က အိပ်မပျော်၍ ရေ ထ,ချိုးပါသည်။ ရေချိုးပြီးတော့  ဟိုတယ်သုံး တဘက်
ကြီးဖြင့် ကိုယ်ကို ပတ်၍ စားပွဲခုံရှေ့ ၌ ဆေးလိပ် ထိုင်သောက်နေ၏။
ခဏအကြာတွင် ဖိုင်တို့  အဖေအခန်းသို့ ကားသမားများနှင့်  မနက်ခရီးစဉ်အတွက် စကားပြောရန် ထွက်သွားခဲ့ 
သည်။ ထို့ နောက် နာရီဝက်ခန့်  အကြာတွင် အခန်းသို့  ကျွန်တော် ပြန်ဝင်ခဲ့ တော့ သည်။ ကျွန်တော် ဝင်လာ
သည်ကို မြင်တော့  အရင်ဆုံး ထ အော်သူမှာ မိုးမိုး၊ နောက် မျှောင် ဖြစ်သည်။ မျှောင် အော်ပုံက ရူးပါပြီ၊ ရူးပါပြီ
ဟု သုံးလေးငါးခွန်း ထအော်နေ၍ ကျွန်တော်တို့  မီးများဖွင့် လိုက်ကြသည်။ မျှောင် ကြောက်လန့် နေသလို၊ မိုးမိုး
လည်း ခေါင်းမြီးခြုံရင်း ဘုရားတ,နေပါ၏။
သရဲက ကျွန်တော် ထိုင်နေသလိုထိုင်၊ ကျွန်တော် ပတ်ထားသော တဘက်ကို ပတ်၍ မှန်တင်ခုံရှေ့ ၌ တစ်ချိန်လုံး
ဆေးလိပ်ဖွာနေရင်း မိုးမိုးမေးသမျှ ခေါင်းညိတ်၊ မျှောင်ပြောသမျှ လိုက်ရယ်သံ ပေးခဲ့ သည်တဲ့ ။ မျှောင်က စကား
ပြောခဲ့ သူမို့  ပို၍ ကြောက်နေ၏။ သရဲ၏ လုပ်ကွက်ပိုင်ပုံကို ကျွန်တော် အတော် အံ့ သြပါ၏။ ကျွန်တော်
ထွက်သွားချိန်လေးကို အမိအရ နေရာယူနိုင်ပုံလေးကို ချီးကျူးရမလိုပင်။ သို့ သော် မချီးကြူးနိုင်။ ဟော်တယ်
ဝန်ထမ်းခေါ်၍ ချက်ခြင်း အခန်းပြောင်းကြတော့ ၏။ ဝန်ထမ်းများက ဘာမျှမပြော၊ ရယ်၍သာနေလေသည်။ ထို
သရဲ ဝင်မွှေသွားသဖြင့်  ဖိုင်တို့  မိန်းမသားသုံးယောက် ခုတင်တစ်လုံးတွင် အိပ်ခွင့် ရယူ၍ ကျွန်တော်နှင့် ကိုဆန်
နီတို့  လက်ကျန်ပုလင်းကို ရှင်းရင်း သူတို့ နှင့်  ခပ်ခွာခွာ အိပ်ရပါလေ၏။

သရဲတစ္ဆေနှင့် ပတ်သက်လျှင် ကျွန်တော်မကြောက်တတ်ခြင်းက မျိုးရိုးလိုက်၍ ဖြစ်ပါလိမ့် မည်။ ကျွန်တော့်ထက်
သတ္တိကဲသူမှာ ကျွန်တော့်ဦးလေး ဦးတင်အေးပင်။ သန့် စင်တို့  အဖေပင် ဖြစ်ပါသည်။ သူငယ်စဉ်က တစ္ဆေနှင့် 
နပန်းလုံးဖူးသည်ဟု အဒေါ်က ပြောပြဖူးပါသည်။ သူတို့ နေသော ကံဘောက်ရွာသည် တစ်ခေတ်၊ တစ်ခါက ခဲမိုင်းတွင်းပေါင်းများစွာ တူးဖေါ်ထုပ်လုပ်ရင်း စီးပွားရှာကြသူများဖြစ်သည်။ ခဲမိုင်းများက အမျိုးအစား များလှ၏။
အများအားဖြင့် တရားမဝင် ခဲမိုင်းထောင်သူများက အများစု ဖြစ်သည်။ ကျွန်တော်တို့  အဖိုးလည်း ဖ.ဆ.ပ.လ
ခေတ်က ယောက်ဖဖြစ်သူ ပြည်နယ်အမတ် ဦးစံမြိုင်၏ အရှိန်အဝါကို သုံး၍ ခဲမိုင်းထောင်ဖူးသည်။ သူ့ သားသမီး
များ လက်ထက်ကျတော့ လည်း ဆက်လက်လုပ်ကိုင်ခဲ့ ကြ၏။ ထိုခေတ် ထိုအခါက ခဲမိုင်း ထောင်စားသည်မှာ
ဘာမှမဆန်းလှ။

ကျွန်တော်တို့  မြို့ နေသူများအဖို့  လက်တွေ့  မဟုတ်၍ မယုံနိုင်သည်များက အဖေတို့ နယ်တွင် အများအပြား
ရှိလှပါသည်။ လူကြမ်းလျှင် နတ်ကြမ်း မခံနိုင်သည့် စကားကို သက်သေပြခဲ့ သူလည်း အဖေတို့ နယ်တွင် ရှိခဲ့ ဖူး
ပါ၏။

ကျွဲ၊ နွားများကို တစ်ဖက်နိုင်ငံသို့  ခိုးပို့ ကြရာတွင် လမ်း၌ နတ်စင်နှင့်  နတ်ကွန်း ရှိသော ညောင်ပင်ကြီးတစ်ပင်
ကို ဖြတ်သန်းသွားရပါသည်။ ထိုဒေသ၌ အလေ့ အထလုပ်ထားသည်မှာ ထိုညောင်ပင်၌ နားခို၍ထိုညောင်ပင်မှ
ဖြတ်သန်းသွားကြသည့်  ကျွဲ၊ နွား မှောင်ခိုသမားများ အနေဖြင့် ကျွဲ၊ နွား တစ်ကောင်ကောင်ကို ချန်ထားပေးခဲ့ ရသော ထုံးစံ ရှိ၏။ ထိုညောင်ပင်က နတ်ကလည်း အလွန်ကြမ်းလှသည်ဟု သတင်းကြီးလှသည်မို့  ထိုထုံးစံကို
ကျွဲ၊ နွား မှောင်ခိုသမားများ မဖျက်ရဲ။

တစ်ချီမှာတော့  ခပ်ရွတ်ရွတ်၊ ခပ်ကန်းကန်း၊ ကျွဲမှောင်ခိုသမားတစ်ယောက် သူ့ ကျွဲအုပ်နှင့် အတူ ညောင်ပင်
အောက် ရောက်လာကြတော့ သည်။ အချိန်တန်သည့် အခါ ကျွဲမှောင်ခိုသမားက ထုံးစံအတိုင်း သူ့ ကျွဲအုပ်ထဲမှ
ကျွဲတစ်ကောင်ကို ချန်ထားရစ်ပါ၏။ သို့ ရာတွင် သူချန်ထားပုံမှာ သူများတွေလို ညောင်ပင်နှင့် ချီနှောင်၍ ချန်
ထားသည်မဟုတ်။ နတ်စင်တိုင်နှင့်  ကျွဲကို ချဉ်နှောင်ထားခြင်း ဖြစ်၏။ ကျွဲအုပ်က ခရီးနှင်လေသောအခါ ကျန်ခဲ့ 
ရသော ကျွဲက ရုန်းပါလေတော့ သည်။ ခပ်မာမာ စောင့် အရုန်းတွင် နတ်စင်ခင်မျာလည်း ဒရွတ်တိုက်ကာ ကျွဲနှင့် 
ပါချေတော့ ၏။ ထိုအခါ ကျွဲမှောင်ခိုသမားက နတ်စင်ကို ဖြုတ်၍ “ ကိုင်း .. ရှင်ကြီးရေ၊ ငါတော့  ထားခဲ့ တာပဲ၊
ဒါပေမယ့်  ရှင်ကျွဲကြီးက မနေဘူး၊ ဒါကြောင့် ခေါ်သွားပြီဝှေ့  ” ဟု ဆိုကာ ကျွဲကို ပြန်ခေါ်သွားလေတော့ သည်။
ညတွင်ပဲ ထိုညောင်ပင်ထိပ်၌ မီး ထ လောင်တော့ သည်။

ထို့ နောက် ရွာသူကြီးထံ နတ်ဝင်ပူးသော လူတစ်ယောက် ရောက်လာ၍ အကျိုးအကြောင်း မေးမြန်းသည်တွင်
နတ်က တိုင်ချက်ဖွင့် ပါလေတော့ ၏။ သူကြီးက အရေးယူပေးပါမည့် အကြောင်း၊ ကျွဲ၊ နွား မှောင်ခိုများ ပြန်လာ
လျှင် အရေးယူပေးပါမည့် အကြောင်း၊ ကျွဲ၊ နွား မှောင်ခိုများ ပြန်လာလျှင် မည်သူ့ လက်ချက်မှန်း ပြောပါဟု
နှစ်သိမ့် ကာ နတ်စင်အသစ် ပြန်တည်ပေးရတော့ ၏။

ကျွဲ၊ နွား မှောင်ခိုသမားများ ပြန်လာချိန်တွင် လူစုစေပြီး ထိုနတ်ကြမ်းကို ပင့် ကာ မေးရပြန်လေတော့ သည်။
နတ်ကြမ်းက လူကို ဝင်ပူးပြီး တန်းစီရပ်နေသော ကျွဲ၊ နွား မှောင်ခိုသမားများကို စေ့ စေ့ ငှငှ လိုက်ကြည့် ၏။
ကိုလူရမ်းရှေ့  ရောက်သည့် အခါ ကိုလူရမ်းက မျက်ဒေါင့် နီကြီးဖြင့်  ကြည့် ကာ အံကြိတ်ပြလိုက်၊ နတ်ကြမ်းက
နောက်တစ်ယောက်ကို မျက်နှာလွှဲလိုက်နှင့် ၊ နောက်ဆုံး သူကြီး ရိပ်မိတော့ မှ ကိုလူကြမ်းက ဝန်ခံပါလေတော့ 
သည်။ သို့ ရာတွင် နတ်ကြမ်းက ဘာမှ မပြောဝံ့ ဟု ဆိုကြ၏။

ကျွန်တော်နှင့်  ဖိုင်တို့ အချစ်ကို အားကျကာ ကျွန်တော်တို့ ကဲ့ သို့  သားသမီးရရန် ကြိုးစားခဲ့ သော ကိုဆန်နီနှင့် 
မျှောင်တို့ ၏ ဇာတ်သိမ်းက ကြားရသည်မှာ မချိရှာပါ။ မျှောင်တစ်ယောက်၊ သူ့ အသိုင်းအဝိုင်း၊ သူ့  ဓလေ့ ထုံးစံ
များကို ဆန့် ကျင်၍ သားသမီးယူရင်း မီးတွင်းထဲမှာပင် ဆုံးပါးသွားရှာပါသည်။ ကိုဆန်နီလည်း မြန်မာပြည်သို့ 
ပြန်သွားသည်ဟု သိရပါသည်။ ကလေးကိုတော့  ဘာသတင်းမှ ဆက်၍ မကြားရတော့ ။ ကိုဆန်နီတစ်ယောက်
မျှောင်နှင့်  စကားများကြတိုင်း ပြောလေ့ ရှိသည့် စကားတစ်ခွန်းကို ကျွန်တော်ကြားယောင်နေမိသည်။
“ သင်္ဘောသားလေ၊ ထိုင်းစကား ဘယ်ကျွမ်းပါ့ မလဲ” ဟူသော စကား။ ကိုဆန်နီက ဆဲလျှင် မြန်မာလို ဆဲ၏။
မျှောင်ကမေးလျှင် ထိုစကားလေးဖြင့်  နှာနှပ်လွယ်တတ်ပါ၏။

ယခုတော့  “ မျှောင် ” လည်း မရှိရှာတော့ ပြီ။ သူ့ မိဘ များကတော့  ကျေနပ်ကြမည်မထင် ။


( ဆက်ရန် )

.................................................................................................................

ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။
မကြာခင် ကာလအတွင်း ကိုထွေး၏ ဇတ်ကို သိမ်းရပါတော့ မည်။
ရေးခွင့်  ပြုခဲ့ သော ဆရာ့ ကိုလည်း ကျေးဇူးတင်နေမိပါသည်။

Saturday, July 23, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၃ )

“ ကိုကျော်.. ခင်ဗျားဟာ စာလုံးပေါင်း မှားနေတယ်ဗျ .. ”
“ ဟင် .. ဘယ်မှာလဲ ”
“ ဖြစ်ပျက် ( ၂ ) မှာလေ၊ ခင်ဗျားကလည်းဗျာ..၊ ရေးချင်ပြောချင်လိုက်တာလည်း ပြာလို့ ၊ ရေးလိုက်တော့ လည်း
ချာ.. လို့  ဆိုသလိုဖြစ်နေပြီ.. ”
“ ကဲပါကွာ .. အထွန်းကလည်း၊ ဘယ်နေရာလည်းပြော... ”
“ အဓိက စကားလုံး သံသရာလေ ... ၊ ခင်ဗျား ယပလက်နဲ့  ယာ ထားတယ်၊ သံသယာ တဲ့  ၊ ဘာလဲ .. ထွင် တာ
လား ”
“ ဟား........... သွားပါပြီကွာ..၊ ခုမှ မင်းလာပြော ..”
“ ကျွန်တော်လည်း အခုမှ ရောက်တာကိုးဗျ ၊ ကိုကျော် ခင်ဗျားကတော့  စာကြီး ပေကြီးကို ကိုင်ပြီးတော့ 
ခေါင်းစဉ်က စ, မှားနေတော့ တယ်၊ ထွန်းအိန္ဒြာဗို ဆိုတဲ့  မချစ်ရရင် မနေနိုင်တာကလွဲ.. လို့ ဆိုသလို၊ ခင်ဗျားက
တော့ မမှားရရင် မနေနိုင်တာက လွဲ... လို့  ဖြစ်နေပြီ ”
“ အေးကွာ... ပြင်ရအုံးမယ် ”
“ ဟေ့ လူ .. ပြင်မနေနဲ့ တော့  ၊ ခုပဲ ခင်ဗျားရေးနေတာ ဆရာမာန်ရဲ့  လှပူရီ ( ၂ ) တောင်ရောက်သွားပြီ ”
“ အင်း .. ကျွန်တော် ဖြတ်ရေးချင်တာက ဖြစ်ပျက်( ၃ ) ဗျ ..၊ စာက အကြီးကြီး ဖြစ်နေတော့  .. ”
“ ဘာလဲ .. မနိုင်တော့ ဘူး ဆိုပါတော့ ၊ ဒါကြောင့်  ခင်ဗျားကို ဒေါ်ကြယ် ပြောတာ... ဆြာကြီးလို့ ၊ အသိနဲ
အကျင့်  တစ်ထပ်ထဲ ကျ, သွားတော့ မှ ရေးတဲ့  ရေးကွက်တွေလည်း... ”
“ ဟာ ... ကိုထွန်းထွန်း .. ဒီလိုလဲမဟုတ်ပါဘူး၊ မကျင့် နိုင်သေးပေမယ့်  ကိုယ် နာ,မိသလောက်လေးပဲ ရှိစုမဲ့ စု
ပရိတ်သတ်ကို ...”
“ ဆရာလုပ်တယ်ဆိုပါ ... ”
“ မဟုတ်ပါဘူးဗျာ... ကိုယ် သိ သလို သိသွားစေချင်တာပါ၊ တစ်ချို့  အကြောင်းအရာလေးတွေက ရိုးရိုးရှင်းရှင်း
လေးတွေလေ ...”
“ ဘယ်လို ဟာမျိုးလဲ .. ”
“ ဖြစ်ပျက်... ”
“ ဟာ... ခင်ဗျားက ပြောလေ ကဲလေ.. ”
“ မဟုတ်ဖူး အထွန်း၊ တကယ်ပြောတာ .. အရှင်ဇဝနရဲ့  အမှတ်( ၆ ) ခွေမှာပါ၊ ကျွန်တော်တို့  မပျက်နေတဲ့ 
အဖြစ်တွေကို ထပ်ရှင်းထားတာ... ”
“ အော် ... အဖြူလေးရေ ... ခင်များမလဲ ရေးစရာမရှိတော့ လို့  တွေ့ တာရှိတာရေးမိတော့ လည်း ဘလော့ 
လောကမှာ ဘယ်သူမှ မရေးဘူး၊ မရေးရဲတဲ့  အန္တရာယ်အလွန်များတဲ့  ဝိပဿနာ အကြောင်းကိုမှ ကိုင်ရေး
တော့ တယ်နော်၊ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်တဲ့  အဖြစ်မျိုး မြင်ယောင်မိသေးတယ် ”
“ မဟုတ်ရပါဘူးဗျာ...၊ ကျွန်တော်လည်း လေ့ လာနေရင်း သဘောကျမိတဲ့  အချက်လေးတွေ ရှိလာတာနဲ့ 
ကျွန်တော့် ဆီ မကြာခဏ လာလာဖတ်တတ်တဲ့  မိတ်ဆွေတွေကို အကောင်းဆုံးလေး ပေးမိအောင် ကြိုးစား
ကြည့် တာပါဗျာ... ”
“ ကဲပါဗျာ ... ဘယ်မလဲ အခု ( ၃ ) ကို ရေးပြီးပလား .. ”
“ အကြမ်းပဲ ရှိသေးတယ်၊ ဖတ်ကြည့် စမ်းပါအုံး ”

.............................................................................................................

ဖြစ်ပျက်( ၂ ) အဆုံးသတ်တွင် ဒေါ်ကြယ့် ကို နောက်ဘဝ ကြိမ်းသေ လူပြန်ဖြစ်ဖို့ နည်းလမ်းလေး ပြောပြဖို့ 
မေ့ သွားခဲ့ သည်ဟု “ အစ ” လေး ချန်ထားမိခဲ့ သည်။ ထိုအစ၏ အဆုံးကို ယခုပြောပြပါမည်။ မေတ္တာရှင်
ဆရာတော်အရှင်ဇဝန ( ရွှေပြည်သာ )၏ တရားတော်များထဲမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

( ၁ ) သူတော်ကောင်းကို ဆည်းကပ်ရပါမည်။
ဤနေရာတွင် ဘုန်းဘုန်း မိန့် ဆိုသည့်  “ သူတော်ကောင်း ” ဆိုသည်မှာ၊ ငါးပါးသီလလုံရုံ၊ အကြားအမြင်ရရုံ
စိတ်ပုတီးစိပ်၍ မေတ္တာပွားများတတ်ရုံ၊ မြေလျှိုးမိုးပျံတတ်သည့်  ဘိုးတော် ဝိဇ္ဇာ များကို မဆိုလိုပဲ ပညတ်၊ ဓါတ်
ပရမတ်တို့ ကို ကွဲပြားအောင် သင်နိုင် ရှင်းနိုင်သူ၊ “ ငါ ” ဆိုပြီး စွဲနေသော “ ဒဋ္ဌိ ” ကို ကွာသွားအောင် သင်ကြား
ပြသနိုင်သည့်  သူတော်ကောင်းပုဂ္ဂိုလ်တို့ ကို ဆိုလိုပါ၏။ “ ဒဋ္ဌိ” ကွာသွားအောင် ဟောနိုင်ပြောနိုင်သူ ဆိုလျှင်
သံဃာကို မဆိုထားနှင့် ၊ လူပုဂ္ဂိုလ်၊ သီလရှင်တို့  ဖြစ်နေလျှင်ပင် နာသင့် ကိုးကွယ်သင့် သည်ဟု တိုက်တွန်းထား
ပါသည်။ ဥာဏ်စခန်း ဖြစ်သော ဝိပဿနာနယ်တွင် “ ဆရာကောင်း ” အလွန်ရှား၍ တွေ့ နိုင်၊ ဆုံနိုင်ခဲ လွန်းသော
ကြောင့် ပါတည်း။

( ၂ ) တရား နာ ရပါမည်။
( ၃ ) နာပြီးသော တရားတော်တို့ ကို ထပ်ပြန်တလဲလဲ နှလုံးသွင်းနေရပါမည်။
( ၄ ) နှလုံးသွင်းထားမိသော တရားတော်တို့ အတိုင်းလည်း ကြိမ်ဖန် များစွာ ကျင့် ကြံ အားထုပ်နေရပါမည်။

အထက်ပါ အချက်လေးချက်ကို တကယ်ပဲ ပြီးပြည့် စုံနေအောင် ကြိုးစားနိုင်ပါလျှင် ယခုဘဝ သေလွန်ပြီး နောက်
ဘဝ ဘယ်ရောက်လို့ ၊ ဘာဖြစ်မှန်းမသိတော့ သည့်  အန္တပုထုဇဉ် ဘဝမှ လွတ်မြောက်၍ နောက်ဘဝတွင် အနိမ့် 
ဆုံး “ လူ ” ပြန်ဖြစ်မည့်  “ သောတပန် အငယ်စား ” အဆင့်ပင် ဖြစ်ပါကြောင်းလည်း ဗဟုသုတ အဖြစ် နာ မိခဲ့ 
ပါသည်။ သောတပန်အငယ်စားကို “ စူဠသောတေပန်” ဟုလည်း ခေါ်ဆိုပါသည်။ ကျွန်တော်တို့ အားလုံး လုပ်နိုင်
ကြိုးစားနိုင်သည့် လက်တစ်ကမ်းတွင်ရှိနေသော အဆင့် ကလေးပါပဲ ။ အိမ်ယာစီးပွားတို့  စွန့် စရာမလိုပဲ၊ မိသားစု
ကိစ္စ၊ စီးပွားရေးကိစ္စ၊ အလုပ်အကိုင် လူမှုတာဝန်တွေ ကျေပွန်စွာ လုပ်နေရင်းပဲ လုပ်နိုင်သည့်  အလုပ်ကလေး
ဖြစ်ပါ၏။ သို့ ရာတွင် ကိုယ့် ကိုယ်ပိုင်အချိန်ကလေးတွေကိုတော့  ဖဲ့ သုံးရပါမည်။ ဗီဒီယို ကြည့်ချိန်၊ အွန်လိုင်း
တက်ချိန် အားလွန်း၍ ဟိုရောင်ရောင်၊ ဒီရောင်ရောင် လုပ်နေတတ်သော အချိန်တွေကို ထုပ်သုံးရပါမည်။
အာဇာနီစိတ်ဓါတ်၊ သံမဏိစိတ်ဓါတ်ဖြင့်  ထိုအဆင့် တွေကို ကျော်ဖြတ်ရပါမည်။ ရုန်းထ, ရပါမည်။ ကိုယ့် အစွမ်း
သတ္တိကို မှတ်ကျောက်အတင်ခံနိုင်ရပါမည်။

ကျွန်တော့် သူဌေးဆိုလျှင် အမျိုးသမီးက မြန်မာဖြစ်လျှက်နှင့်  ခရစ်ယန်ဘာသာဝင်ဖြစ်နေ၍ သူ့ ခင်မျာ တနင်္ဂနွေ
နေ့ တိုင်း သူ့ အမျိုးသမီးနှင့် လိုက်ပြီး ဘုရားကျောင်းတက်၊ ဝတ်ပြုဆုတောင်းနေရပါသည်။ သူ့ အိမ်မှာတော့ 
ဗုဒ္ဓဘာသာဘုရားစင် ရှိပါ၏။ ဘဝတစ်သက်တာလုံးလုံး ဆုတွေတောင်းရင်း သူ့ အချိန်တွေ ကုန်လွန်ခဲ့ ရရှာ၏။
တစ်လောက ဒယ်အိုးဆရာတော်၏ တရားပွဲရှိသည်ဆို၍ စိတ်ဝင်တစားဖြင့်  သူ့ ဘဝမှာ ဒီအသက်၊ဒီအရွယ်
ရောက်လာပြီးမှ တရားတစ်ပွဲကို တစ်ခါဘူးမှ ဖြစ်ဖြစ်မြောက်မြောက် မနာခဲ့ ဘူးပါဟု ဖွင့် ပြောရှာပါသည်။
သူက အလုပ်ထဲတွင် အလုပ်သမားအားလုံးကို စက်ရုပ်တွေလို တရစပ်အချိန်ပြည့်  ထိန်းကျောင်းမောင်းနှင်နေ
သလောက် သူကိုယ်တိုင်လည်း စက်ရုပ်တစ်လို ဖြစ်နေရှာသူ ဖြစ်သောကြောင့်  ဒီတစ်ခါတော့  သူ့ ကို ပြောင်း
လဲ နိုင်တော့ အံ့ ဟု ဆိုပြီး၊ တရားပွဲ၌ ကျွန်တော်သူ့ ကို စောင့် ခဲ့ ပါ၏။ ထိုနေ့ က သူမလာဖြစ်တော့ ပါ။
သူ့ အမျိုးသမီးနှင့်  ဘုရားကျောင်းလိုက်သွားရသောကြောင့် ဖြစ်ပါသည်။ သူ့ မိဘညီအစ်ကို မောင်နှမတွေအား
လုံးကတော့  ဗုဒ္ဓဘာသာစစ်များပင်ဖြစ်ကြပါသည်။

ထို့ ကြောင့်  ကျွန်တော်လည်း တွေးတော ဆင်ခြင်မိပါ၏။
တရားနာရခြင်းသည်လည်း အတိဒုလ္လဘန် ( အမတန်ရခဲခြင်း ) ပါပဲဟု..။
နာရမှာ ပျင်းခြင်းကနေ နောက်ဆုံး လုံးဝ မနာဖြစ်တော့ ခြင်းအထိ ရောက်ရှိသွားခဲ့ ခြင်းပဲဖြစ်သည်။
တစ်ချို့ က တရားထိုင်ရင် ပြီးတာပါပဲ။ တရားနာစရာမလိုပါဘူးဟု စောဒက တက်နေတတ်ကြသည်။
လုံးဝ မှားယွင်းနေသော အယူအဆ ဖြစ်ကြောင်း ဘုန်းဘုန်းမှ သတိပေးထားလေသည်။
လောကမှာ တရားမနာပဲ မဂ်၊ဖိုလ်၊ နိဗ္ဗာန်ရောက်နိုင်သူဟူ၍ ဘုရားရှင်တို့ နှင့် ပစ္စေကဗုဒ္ဓာတို့  နှစ်ဦးသာရှိသည်
ဟု ဆိုပါသည်။ ဘုရားငယ်နှင့်  ဘုရားကြီး ဖြစ်ပါသည်။ သူတို့ နှစ်ဦးက တရားတော်ကို ကိုယ်တော်တိုင်ပဲ ရှာတွေ့ 
ခဲ့ ကြသူများ ဖြစ်သောကြောင့် ပင်။

ထို့ ကြောင့် ထိုဘုရားရှင်တို့  နှစ်ဦးမှလွဲ၍ ဤလောကကြီးဝယ် မည်သူတစ်ဦးတစ်ယောက်မှ တရားမနာပဲ
သောတပန် မတည်နိုင်၊ မဂ်၊ဖိုလ်၊ နိဗ္ဗာန်မရောက်နိုင်ဟု မှန်သောအဆိုကို ကျွန်တော်တို့  မမေ့ စကောင်းပါပေ။
တစ်ချို့ ကတော့  ... “ ... ရအုံးမယ် ” ကိစ္စများမြောင်တွေနှင့်  နောက်မှ၊ နောက်မှ ... လုပ်နေရင်း၊ စနေကနေ
တနင်္ဂနွေ၊ ပြီးတော့  တနင်္လာ..၊ တနင်္လာကနေ... ဟော တစ်ပတ်ကုန်သွားပြီး နှစ်ပတ်ကနေ၊ လဝက် .. နောက်
လကုန်သွားပြီးတစ်လ၊နှစ်လကနေ တစ်နှစ်တောင် ကုန်သွားပြန်တော့ သည်။ မနာဖြစ်ခဲ့ ပါ တရားတစ်ပွဲကို...။
အဲ.. ပုတီးတော့  စိပ်ကြပါ၏။ “ နာ” ရမှာကို ကြောက်နေ၊ ပျင်းနေကြခြင်းပါပဲ ..။

အလွန်ခင်ရသော မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ကြိုက်၍ နာနေသော“ လင့် ” ကလေးကို မောက်(စ)
လေးထောက်၍ ဝင်ရုံမျှပေးလိုက်ပေမယ့်  သူ့ ခင်မျာ ယနေ့ အချိန်ထိ မနာဖြစ်ခဲ့ ပါတဲ့ ။ အမြဲတန်း “ နီ ”၍ ဘီးစီး
နေပါသည်။

“ ဟာ .. ကိုကျော်၊ ဒီလိုတွေတော့  မရေးနဲ့ ဗျာ..၊ ခင်များက အားလုံးနဲ့  ဆန့် ကျင်ဖက် ဖြစ်နေပြီ၊ လူတစ်ရာနဲ့ 
တစ်ယောက် ဖြစ်နေပြီ၊ ဒီအပိုဒ်လေး ဖြုတ်လိုက်ပါလား... ”
“ မဖြုတ်ချင်ဘူးဗျာ.... ”
“ ဟ ... ခင်များတောင် လုပ်နိုင်သေးလို့ လား၊ သူများကို လျှောက်လက်ညှိုး ထိုးနေတယ် ”
“ အထွန်း ..၊ ဒီလို မြင်လို့  မရဘူးဗျ၊ ကျွန်တော်က အပြင်မှာ ဘယ်လိုပဲ ပေါက်ကရ လုပ်နေပေမယ့် ၊ စာ ကို
ရေးတဲ့ အခါမှာတော့  အမှန်ပဲ ရေးရမယ်လို့ မြင်တယ်၊ ကိုယ်က မမှန်သေးပေမယ့်  မှန်တာကို ဖတ်မိလို့ 
ဖတ်မိတဲ့ အတိုင်းပဲ ရေးတာပါ .. ”
“ ခင်များတော့  .. မေးအငေါ့  ခံ ရတော့ မယ်.. ”
“ မှန်တာရေးလို့  ငေါ့ ရင်လည်း ငေါ့ ပလေ့ စေတော့  အထွန်းရေ့  .. ”
“ ......... ”
“ ဆက်ဖတ်စမ်းပါအုံးဗျာ... ကျေးဇူးပြုပြီး ... ”

............................................................................................................................................

ဖြစ်နေသော အရာအားလုံး ပျက်ပြောက်နေပါသည်ဆိုသည့် နေရာတွင် အထက်က ပြောခဲ့ သော အချိန်များ
လည်း ပါဝင်ပါသည်။ ပြက္ခဒိန်တွေ တစ်အုပ်ပြီး၊ တစ်အုပ် လဲလာပေမယ့် အော် တစ်နှစ်ကုန်ပြန်ပေါ့ ၊ သင်္ကြန်
ရောက်ပြန်ပေါ့ ၊ ဟက်ပီးနယူးရီးယား အော်ရပြန်ပေါ့  ... သည်လောက်ဖြင့်သာ အသိအမှတ်ပြုပြီး သည့် ထက်
ပိုပြီး မတွေးကြ၊ မသိချင်ကြ၊ မှန်ကြည့် ၍ လှ ကောင်းတုံး၊ ချော ကောင်းတုံး ။

ကျွန်တော်ပင်လျှင် ထိုနေ့ က ဒယ်အိုးဆရာတော်၏ တရားပွဲမှ အပြန် ညအိပ်ယာဝင်ခါနီး ရေချိုးဘို့  ရေချိုးခန်း
ဝင်ရင်း နံရံကပ်မှန်ပေါ်ရှိ ကိုယ့် ရုပ်ရည်ကို ကြည့် မိပြီး သည်ရုပ်သည်ရည်ဖြင့် မွေးပေးခဲ့ သော ကျွန်တော့် အမေ
ကို ကျေးဇူးတွေတင်နေမိသည်။ ကြည့် ပျော်ရှု့ ပျော်ပဲကိုး ..။ ပီတိတို့ မဆုံးခင်မှာပဲ ဘုန်းဘုန်း၏ “ ကဲ .. ယောဂီ
တို့ ရေ..၊ ယောဂီတို့  တစ်နေ့ ထက်တစ်နေ့  အိုလာသလား ပျိုလာသလား ” ဟု အလစ်အငိုက် အဖြေခက်သွား
သည့် မေးခွန်းကို ပြန်တွေးမိခဲ့ ပါ၏။ တွေးမှ သိ ကြပါလိမ့် မည်။ ကိုယ့် ရဲ့ အသားအရည်တို့ သည် ဟိုး လူမမယ်
ခလေးဘဝ သုံးလေးငါးနှစ်က သွေးရောင်လေးလွှမ်း၍ ပြည့် ပြည့် ဖောင်းဖောင်း ပါးပြင်လေးမျိုး ရှိသေးရဲ့ လား..။

ဆိုတော့ ကာ ... ကျွန်တော်တို့ ရဲ့  ကျန်နေနိုင်သေးသော အချိန်လက်ကျန်တွေကို တွက်ချက်ရပါတော့ မည်။
လူ့ ဘဝမှာ ကိုယ့် ဘာသာရဲ့  အနှစ်ကို မရှာမဖွေပဲ အချိန်တွေဖြုန်းနေခဲ့ တာ ဘယ်လောက်ရှိခဲ့ ပြီလဲ လို့ ။ ကိုယ်
ကရော ဘယ်လောက်ထိတောင် ၊ ဘယ်အနှစ်ဘယ်နှစ်ဆယ်ထိအောင် ရှိနေပါအုံးမည်လဲလို့  ။ ကိုယ့်ကိုယ်ကို
ရော အာမခံ ရဲပါသလား လို့ ။ တစ်ခုမဟုတ်တစ်ခု ဖြစ်လာနေပြီမဟုတ်ပါလားလို့ ။ အမြဲတန်း ဖြစ်နေပါတယ်၊
မြဲနေပါတယ်လို့  ထင်နေမိခဲ့ သော ပျက်ခြင်းရဲ့  “ အစ ” တွေကို သည်အရွယ်တွေတွင် စလိုးမိုးရှင်းပြကွက်များ
ဖြင့် မြင်နေရပြီမဟုတ်ပါလားလို့  ။

စာစကားဖြင့်  ပြောရလျှင် ရုပ်ဓါတ်တွေက “ တစ် ” ဆိုသော စက္ကန့် လေးအတွင်းမှာပင် ကုဋ္ဋေငါးထောင်ရှစ်ရာ
ရှစ်ဆယ်ကျော် ဖြစ်၍ ပျက်နေကြပြီး၊ နာမ်ဓါတ်တွေကတော့  ကုဋ္ဋေတစ်သိန်းကျော် ဖြစ်ပြီးပျက်နေကြပါသည်။
ကျွန်တော်တို့ ဥာဏ်ဖြင့်  မမြင်နိုင်သည့် “ ပရမတ် ” သဘောပဲဖြစ်ပါသည်။ ဒါဆို ဘာဖြစ်လို့  ကျွန်တော်တို့ 
အသက်ဆက်ရှင်နေကြရပါသလဲ... ဆိုလျှင် ၊ ထပ်ပြန်တလဲလဲ အစားထိုးနေလို့ ပဲ ဖြစ်ပါသည်။ ရုပ်ဓါတ်၊နာမ်ဓါတ်
တို့  အစားမထိုးနိုင်တော့ သော တစ်နေ့ ဝယ် ကျွန်တော်တို့ ခန္ဓာကြီး အပြီးတိုင် ချုပ်ငြိမ်း၍ သေဆုံးခြင်းသို့ 
ရောက်ရပါတော့ မည်တဲ့ ။

ဖြစ်ပျက်၏သဘော၊ ပရမတ်သဘောကို ကျွန်တော်တို့  ကိုင်တွယ်ကြည့် လို့ မရနိုင်ပါ။ ဥာဏ်ဖြင့် သာ
ကြည့် ရပါမည်။ ကျွန်တော်တို့  ကိုင်ကြည့် လို့ ရနေသည်မှာ ပညတ်ဖြစ်သော “ လူ ” ဟု၊ ခေါ်ရန် ပညတ်ထား
သော “ လူကောင်ကြီး ” သာဖြစ်ပါ၏။
ဥပမာပေးထားသည်မှာ ... တီဗွီဖန်သားပြင်ပေါ်မှ လှုပ်ရှားမှုန်ဝါးနေသော ရောင်စုံ အစက်အပျောက် အရုပ်များ
ကို ကိုင်တွယ်၍မရပေမယ့်  တီဗွီဖန်သားပြင်ကိုတော့  ကိုင်တွယ်၍ ရ နေခြင်းပဲဖြစ်ပါ၏။
ဆိုလိုသည်မှာ “ ပရမတ် ” တို့ ကို ကိုင်တွယ်၍မရနိုင်ပဲ ၊ “ ပညတ် ” တို့ ကိုသာလျှင် ကိုင်တွယ်၍ ရနိုင်သည်ဟု
ဆိုလိုခြင်း ဖြစ်ပါ၏။
လောကဝယ် ပရမတ် ( အရှိတရား ) က စိတ်၊ စေတစ်သိပ်၊ ရုပ် ၊ နိဗ္ဗာန် ဟူ၍ လေးမျိုးပဲ ရှိပါသည်။ ထိုလေးမျိုးမှ
လွဲ၍ ကျန်သည့် အရာအားလုံးသည် မရှိတရား “ ပညတ် ” များသာဖြစ်ပါသည်။
တနည်း ထပ်ရှင်းထားသည်မှာ သိတာမှန်သမျှ ပရမတ်၊ မသိတာမှန်သမျှ ပညတ် ဟု မှတ်ယူနိုင်ကြောင်းပါပဲ။

ထို့ ကြောင့်  “ ဝိပဿနာ” အလုပ်သည် အမတန် ခက်ခဲ သိမ်မွေ့ သည့် အလျောက် ဥာဏ်ထက်မြက်သည့် သူ
များမှသာလျှင် အချိန်တိုတိုအတွင်း သိနားလည် နိုင်မည်ဟု ဆိုထားသောကြောင့်  ကျွန်တော့်လို ဥာဏ်ရည်
အလွန် နဲ နေသူအဖို့  ယနေ့  အချိန်ထိ ဖြစ်သမျှတို့ က ပျက်မနေနိုင်ခြင်းပဲ ဖြစ်ပါသည်။ ထို့ ကြောင့် မအားသည့် 
အချိန်တွင် စာမရေးနိုင်သလို အားသည့် အချိန်တွင် ရှိထားသော ဘုန်းဘုန်းတို့ ၏ တရားတွေပဲ နာဖို့  ကြိုးစား
မိတော့ သည်။ ဒါတောင်မှ .. လုပ်စရာတွေ ပေါ်လာလို့  ပြီးဆုံးသွားအောင်နာခဲ့ မိသည့်  အချိန်က ခပ်နည်းနည်း။

နောက်အရေးကြီးအချက်တစ်ခုမှာ အပျက်တွေ ရှု့ ဖို့ ၊ သေနည်း ပြင်ဖို့  “ ဒိဋ္ဌိ ” ပျောက်အောင် ၊ တွေးသည့် 
မြင်သည့် ၊ ရှု့ သည့် နည်းကိုလည်း ဘုန်းဘုန်းက အကျယ် ဟောထားပြန်ပါသည်။ ကျော်ကျော်ဆိုသော
ကျွန်တော်သည် အလုပ်စခန်း ( တွေးသည့်အချိန် ) ၌ ကျော်ကျော်ဟူသော ပညတ်ကို ခွာ ချသည့် တွေးပုံ၊ တွေး
နည်း ပဲ ဖြစ်သည်။ အမတန် သဘောကျဖွယ်ဖြစ်ပါ၏။

အမှန်ကတော့  ဝိပဿနာ ဟူသည် မလိုချင်အောင်ပဲ တွေးမှ ကျင့် မှ လိုချင်တာ ကို ရမည့် အလုပ်ဟု
ကျွန်တော့် ဥာဏ်ကလေး တစ်ထွာတစ်မိုက်ဖြင့်  ထင်မိပါတော့ သည်။

“ ဟင် .. ပြီးသွားပြီလား ”
“ အလုပ်တစ်ဖက်နဲ့ ဗျာ...၊ ရေး ရတာ အိပ်ချိန်ရော့ သွားရင် အလုပ်ထဲကျ လုပ်လို့ မကောင်းဘူး၊ အခု အလုပ်ပူ
နေလို့  မတင်တာ အတော်ကြာနေပြီ၊ ဇွတ်ရေး ရတာ...”
“ ဒါဆို ဆက်ရန်ပေါ့  ဖြစ်၊ ပျက် ( ၄ ) ပေါ့ နော... ”
“ အင်း ...”
“ ကျွန်တော်တော့  ပေါက်သလိုလိုနဲ့  မပေါက်ဖူး ကိုကျော်ရေ့  ... ”
“ ဟားဟား.. ကျွန်တော်လည်း ရေးသာနေတာပါ ၊ အခုချိန်ထိ ပျက်သလိုလိုနဲ့  ဖြစ်နေတုံး.... ”
“ ဒါဆို ဘယ်တော့  ... ”
“ အလုပ်ပေါ် မူတည်တယ်၊ နားရက် တင်မယ်.”
“ ကြားရက်ရော... ”
“ ဆရာမာန့် ဟာပဲ ရသလောက်ရေးသွားမယ် ”
“ အင်းလေ .. ဖြစ်ပျက်က အန္တရာယ် ရှိတယ် အမှားမခံ တော့  ဖြေးဖြေး ရေးပါ ”
“ အင်းပါ ”

...................................................................................................................


( ဆက်ရန် )

Wednesday, July 13, 2011

လှပူရီ ဂယက် ( ၂ )

ကျွန်တော်တို့ ကို ခေါ်လာစဉ်က လေဆိပ်သွားသည့်  လမ်းမကြီးဘေးရှိ ရဲသင်တန်းကျောင်းဟု ဆိုင်းဘုတ်တပ်
ထားသော သာမာန်ခြံဝင်းလေးထဲသို့  ခေါ်လာသော်ငြား အချုပ်ဆောင်ကြီးများမှာမူ အထဲ၌ ခိုင်ခိုင်မာမာကြီး
ဆောက်လုပ်ထားလေသည်။ အချုပ်ထဲရောက်တော့  ကျွန်တော်တို့ ပို၍ အံ့ သြရပြန်သည်။ ဤအချုပ်သည်
ဝင်ပြီး ခြောက်လနှင့်  ပြန်မလွတ်နိုင်သော နိုင်ငံရေးသမားတို့ ၏ အချုပ်ဆောင်ဖြစ်ကြောင်း အထဲမှ အချုပ်သား
များက ရှင်းပြကြပါသည်။ ကျွန်တော် မယုံကြည်။ သို့ ရာတွင် သူတို့ က ဂရုဏာသက်သော မျက်လုံးများဖြင့်
ကျွန်တော်တို့ ကို ကြည့်၍ အားပေးကြ၏။ ကိုဆန်နီလည်း ပက်လက်လန်လေပြီ ။

အချုပ်ဆောင်ကြီးက မည်းမှောင်၍ တိတ်ဆိတ်နေ၏။ စားစရာ မှာလိုလျှင်တော့  မကြာခဏ ရောက်လာသော
သန့် ရှင်းရေးသမားက ဝယ်ပေးပါသည်။ ကျွန်တော်တို့ ရောက်ပြီး နာရီဝက်မျှ အကြာတွင် အချုပ်ဆောင်များမှ
နှုတ်ခွန်းဆက်စကားများ၊ အားပေးစကားများ၊ လက်ဆောင်ပစ္စည်းများ ရောက်လာ၏။ သူတို့  စကားများထဲတွင်
တစ်ချို့ က နှစ်ပြည့် တော့ မည်။ တစ်ချို့ က တစ်ခြားနိုင်ငံများသို့  သွားရတော့ မည်။ တစ်ချို့ က လှပူရီ ပြန်ရ
တော့ မည် ဆိုသည်များ ပါလာ၏။ ကျွန်တော်တို့ တော့ ဒုက္ခများလေပြီ။ ကျွန်တော်တို့ နှစ်ဦးမှာ ထောက်လှန်းရေး
သမားများ၏ အလိုရှိနေသူများ မဟုတ်ပါဆိုသည့် တိုင်၊ အချုပ်ထဲ ရောက်ခဲ့ ရလေပြီ။ ရှေ့ ဆက် ဘာဖြစ်ဦးမည်
မသိ ။ ဘယ်ကို တိုင်ရမှန်းလည်း မသိ။ မကြာခင်မှာပင် ခေါက်ဆွဲပြုပ်များ ရောက်လာပြီး နှုတ်ခွန်းဆက်စကား
ပို့ လာပြန်သည်။ ဘယ်မှာ စားနိုင်ပါမည်နည်း ။ ကိုယ်က နိုင်ငံရေးသမားမဟုတ်ပဲ အချောင် အထဲသို့  ရောက်နေ
ရသည့် အထဲ သူတို့ က ဝမ်းသာအားရ လက်ဆောင်စားဖွယ်များ ပို့ သ, လာကြ၏။ ထောက်လှန်းရေးသမားများ
ပို၍ပင် မယုံမကြည် ဖြစ်ကြတော့ မည်။

ညရောက်တော့  အိပ်၍ မပျော်။
သစ္စာတော့  ဆိုရချေတော့ မည်။
ကျွန်တော် ဤသို့  အကျပ်အတည်း တွေ့ လျှင် ဆိုနေကျ သစ္စာစကား ရှိပါသည်။
“ ဗုဒ္ဓသာသနာကြီးအတွက် အလုပ်လုပ်ပါမည် ” ဟု သုံးကြိမ်ဆိုခြင်း ဖြစ်သည်။ ပြီးလျှင် “ ထေရဝါဒ ဗုဒ္ဓသာသနာ
တော် အစစ်အမှန် ကမ္ဘာကျော် ထွန်းလင်းတည်တံ့  ခိုင်မြဲပါစေသတည်း ” ဟု သုံးကြိမ် ရွတ်ဆို၏။ ထို့ နောက်
ဤဆုတောင်းများ၊ အဓိဋ္ဌာန်များကို ကျွန်တော် ကြိမ်ဖန်များစွာ ရွတ်ဆိုခဲ့ ပါကြောင်း၊ ထိုသစ္စာစကား မှန်ကန်ပါက
ဤအချုပ်မှ မကြာခင် လွတ်မြောက်ရပါစေလိုကြောင်း သစ္စာပြုရတော့ သည်။

နောက်တစ်နေ့ မနက်မှာ ကျွန်တော်တို့ ကို ထပ်မံ စစ်ဆေးပြန်သည်။ လူသုံးဦးကို ခေါ်ပြသည်။ သည်အခါမှာ
တော့  သူတို့  ခေါ်ပြသူများမှာ ရုပ်ရည် တော်တော်သန့် သူများ ဖြစ်ကြပြီး ဌာနဆိုင်ရာ အရာရှိများ ဖြစ်ဖို့ များ၏။
ပြီးတော့  ကျွန်တော်တို့ ကို ညက စစ်ဆေးသော အရာရှိထံ ခေါ်သွားကြ၏။ သူတို့ က “ ဆာလဝပ် ” ဟု ခေါ်ကြ
သည်။

ထို ဆလာဝပ်နှင့်  ကျွန်တော်တို့  ညက စကားအနည်းငယ် များခဲ့ ကြသေး၏။ သူက ကျွန်တော်တို့ ကို မှားယွင်း
ဖမ်းဆီးမိကြောင်း သိပြီးသည့် အခါ တာဝန်အရ စစ်ဆေးရသည်ကို ရှင်းပြ၏။ သူ့ တပည့် များ ကားပေါ်တွင်
ရုန်းရင်း ကြမ်းတမ်းခဲ့ သည်များကို တောင်းပန်စကား ဆို၏။ ထိုစဉ်က ကျွန်တော်တို့ ကို လက်ထိပ်နောက်ပြန်
ခတ်ထားသည်ကိုပင် အားမရပဲ လူတစ်ယောက်က ဂုတ်ပိုးအား လက်ဖြင့် ဖိနှိပ်ထားသောကြောင့်  ကျွန်တော်
ထ, ဆဲမိတော့ သည်။ မင်းတို့  တိုင်းပြည်က လူ့ အခွင့် အရေး ဆိုတာ ဘာလဲကွဟု အင်္ဂလိပ်စကားဖြင့် ကျွန်တော်
အော်ကြီးဟစ်ကျယ်လုပ်၏။ ကျွန်တော့် အား မျက်နှာကို ပိတ်ရိုက်မည်ပြုစဉ် တစ်ခြားလူများက ထိုလူ့ ကို ဝိုင်း
ဆွဲ ကြ၏။ ကိုဆန်နီကလည်း အင်္ဂလိပ်လို မိုးမွှန်နေအောင် ဆဲတော့ သည်။

ကျွန်တော်တို့  ဤသို့  ဆဲလိုက်ခြင်းကြောင့်  ကျွန်တော်တို့ ကံကောင်း ခဲ့ ကြခြင်းပင် ။ တရားခံ မဟုတ်၍ ဆဲမှန်း
သိသွားကြသည်။ မဆဲ၍လည်း မဖြစ်တော့ ။ ငြိမ်ခံနေလျှင် နိုင်ငံရေးသမားအဖြစ် ထောင်ကျသွားမည်ကိုး ။
ထောင်ထဲ ရောက်၍ နိုင်ငံရေးသမား မဟုတ်မှန်းသိလျှင် ပို၍ ခံရပေဦးမည်။ ဒါကြောင့်  ကျွန်တော်ရော ကိုဆန်နီ
ပါ သူတို့  မေးသမျှ ခပ်ကြမ်းကြမ်းပဲ ဖြေခဲ့ ကြ၏။

“ ဆာလဝပ် ” က သဘောထားပြည့် ပါသည်။
နောက်ထပ် မည်သည့်  မေးခွန်းမှ မမေးတော့ ကြောင်း၊ သူ့ လူများကိုလည်း ပြောထားပြီး ဖြစ်ကြောင်း၊ မနက်ကျ
လျှင် သူကိုယ်တိုင် လွှတ်ပေးမည် ဖြစ်ကြောင်း ပြောပြသည်။ သို့ ရာတွင် မနက်ပိုင်းမှာ တစ်ခြားလူများက
ကျွန်တော်တို့ ကို လာရောက်ကြည့် ရှု့ နေသဖြင့်  ကျွန်တော်တို့  စိတ်ဓါတ်ကျရပါတော့ သည်။ “ ဆာလဝပ် ” ထံ
ရောက်မှပင် သူက ကျွန်တော်တို့ အား ( UN ) မှ လူများကို သက်သေပြ၍ သူတို့  လူမှားပြီးဖမ်းထားသူများကို
လူ့ အခွင့် အရေး အပြည့် အဝပေးကာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ပြခဲ့ ခြင်း ဖြစ်၏။

ကျွန်တော်တို့ ကတော့  ထားပါတော့  ။ ကျွန်တော်တို့ ကဲ့ သို့  အဖမ်းခံရသူများထဲတွင် သက်သေ မခိုင်မာသူများ
စာအုပ်မရှိသူများမှာတော့  ဘယ်ဌာန ရောက်လေဦးမည်မသိ။ လှပူရီဂယက်က ကြီးမားလှပါ၏။ မနေ့ ညက
စစ်ဆေးကြစဉ် ကလေးငယ်လေး ပိုက်ရင်း မျက်စေ့ သူငယ်၊ နားသူငယ် ဖြစ်နေရှာသည့်  သားအမိနှစ်ယောက်ကို
တွေ့ ၍ ကျွန်တော်နှင့် ကိုဆန်နီ ဘတ်ငါးရာကျော် ပေးလိုက်ကြသေးသည်။ သူ့ ယောင်္ကျားက ပန်းရံသမားဟု
သိရသည်။ သူ့ ယောင်္ကျားကို လာဖမ်းခြင်းမှာ ဆံပင်ကြောင့် ဖြစ်၏။ ဆံပင်အရှည်ကြီးထားပြီး ပုံစံက ပန်းရံသမား
မို့  ကျားကျားလျားလျားဖြင့်  လူမြင်ကွင်း၌ ထင်ပေါ်နေပါ၏။ နယ်စပ်မှ လူများလည်း ထိုဟန်မျိုး ရှိတတ်၍
လာဖမ်းခြင်းဖြစ်သည်။ ရိုးရိုးသားသား လုပ်ကိုင်စားနေကြသူများဟု သိသွားသည့် တိုင် တရားမဝင် ခိုးဝင်လာသူ
များ ဖြစ်နေ၍ နယ်စပ်အချုပ်သို့  ပို့ ရတော့ မည်။ သူတို့ လို သူများ ဘယ်နှစ်ယောက်လောက်ဖြစ်ခဲ့ ပြီကိုလည်း
မသိနိုင်ပါ။

ကျွန်တော်တို့ ကို ကားပေါ်တင်ပြီး စခန်းအပြင်သို့  မောင်း၍ ခေါ်လာခဲ့ ၏။ လေဆိပ်လမ်းမကြီးပေါ်ရောက်တော့ 
ကားရပ်ပေးပြီး သွားခွင့် ပေးသည်။ “ ဆာလဝပ်” ကို ကျွန်တော်တို့  ကျေးဇူးတင်စကားဆိုပြီး ကားငှားကာ ပြန်
လာကြတော့ သည်။ ဤသည်ကား ဒုတိယအကြိမ် ကံကောင်းခြင်း ဖြစ်ပါ၏။ ကျွန်တော့်အဖို့  ပထမအကြိမ်
လူမှားအဖမ်းခံရသည်လည်း ရှိသေး၏။

ထိုစဉ်က ကျွန်တော့် ထံသို့  ရန်ကုန်မှ ညီဝမ်းကွဲဖြစ်သူ ဘိုဘိုနှင့် ဗဟန်း(၃)လမ်းမှ မူမူဝင်းတို့  ရောက်နေကြ၏။
သူတို့ က ဘန်ကောက်၌ ကျောင်းဗီဇာ စောင့် နေကြခြင်းဖြစ်သည်။ ကျွန်တော်တို့  ညနေစာ စားချိန်တွင် မာဖီ
နှင့်  လူသုံးယောက် ဝင်လာပြီး ကျွန်တော်တို့ အား စစ်ဆေးစရာရှိ၍ စခန်းသို့  ခဏ လိုက်ခဲ့ ရန် ခေါ်ပါတော့ 
သည်။ ဖမ်းဆီးခြင်း မဟုတ်ပါကြောင်း၊ သတင်းတစ်ခုရ၍ လာခေါ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ ကျွန်တော်
တို့  လိုက်သွားကြ၏။ စခန်းရောက်တော့  ဘိုဘိုနှင့်  မူမူဝင်းတို့ ကို သူတို့ စာအုပ်များ စစ်ဆေးပြီး ပြန်လွှတ်ပေး
လိုက်ပါသည်။ ကျွန်တော်တို့ ကိုတော့ ဓါတ်ပုံများ ထုပ်ပြ၍ ထိုဓါတ်ပုံထဲမှ လူများ ဘယ်မှာ ရှိသနည်းဟု မေးပါ
လေတော့ သည်။ ကျွန်တော့် အား ကျောင်းသားဟု ထင်၍ မေးမြန်းနေခြင်း ဖြစ်သည်။ ကျွန်တော် အကျေ
အလည် ရှင်းပြမှပင် သူတို့  လူမှား၍ ခေါ်လာကြောင်း သိပြီး ပြန်လွှတ်ပေးပါတော့ သည်။ သူတို့  ရထားသော
မှတ်တမ်းများ၊ ဓါတ်ပုံများထဲတွင် ကျွန်တော့် ပုံနှင့်  ကျွန်တော့် သတင်း ရှိမှမရှိပဲကိုး ။

ထိုင်းထောက်လှမ်းရေးမှ ခေါ်သွားစဉ်ညက ကျွန်တော်နှင့်  ကိုဆန်နီတို့ နှစ်ဦးအား “ ဆာလဝပ်” က ရင်းနှီးပွင့် 
လင်းစွာ ညီရင်းအစ်ကိုလို စကားပြောကြမည်ဟု ဖိတ်ခေါ်၍ ကော်ဖီဖြင့် ဧည့် ခံကာ စကားပြောဖြစ်ခဲ့ ကြသည်။

ယိုးဒယားအချုပ်ထဲသို့  ကျွန်တော် ကြိမ်ဖန်များစွာ ရောက်ခဲ့ ပြီးသည့် နောက် ကျွန်တော့် အတွေး၌ မြန်မာအများ
စု အဖမ်းခံရခြင်း၊ အချုပ်ကျခြင်း၊ နယ်စပ်အပို့ ခံရခြင်းများမှာ ဘာမှ မဖြစ်စလောက်သော ပြစ်မှုလေးများကို
အရေးတယူ အသက်သွင်းနေသော ဥပဒေသများကြောင့် ဟု တွေးလာမိ၏။

သူဌေးများက ဈေးပေါပေါနှင့် လုပ်အားများများ ထွက်သူများကို ခိုင်းကြသည်။ ငွေစုမိလျှင် ပြန်ကြသူများကို ရဲက
ဖမ်းသည်။ တစ်နှစ်စာ စာရင်းချုပ်လျှင် သူတို့ အနေဖြင့်  တရားမဝင်အလုပ်သမားပေါင်း မည်ရွေ့ မည်မျှကို
ဤသို့  စောင့် ရှောက်ခဲ့ ပါကြောင်း မီဒီယာကြီးများဖြင့်  ကမ္ဘာကို ဖွင့် ဟတော့ ၏။ ထိုင်းသူဌေးများ မည်မျှဝင်ငွေ
တိုးသွား၍ လုပ်ငန်းများ မည်မျှအဆမတန် တိုးတက်အောင်မြင်ခဲ့ ကြသည်ကို လည်းကောင်း၊ အလုပ်သမား
စရိတ်မည်မျှသက်သာ၍ အမြတ်ခွန်မည်မျှ ရှောင်နိုင်သည်ကို လည်းကောင်း ကမ္ဘာကို မပြကြ ။

ထိုအထဲမှာပင် မြန်မာများက ဒုက္ခပေးသည်ဟု ဆိုလာသော “ ဆာလဝပ် ” ကို ကျွန်တော် မေးခွန်းတွေ မေးမိပါ
သည်။ ကိုဆန်နီလည်း မဟန့် တားနိုင်တော့ ။ ကျွန်တော့် မေးခွန်းများက ပြင်းထန်သလောက် “ ဆာလဝပ် ”
အဖြေက ဘာမှ မသေချာ ။ နောက်ဆုံး တာဝန်အရ ဆိုသောစကားကိုသာ လက်စွဲပြုတော့ ၏။

ဤလှပူရီဂယက်ကြောင့်  ကျွန်တော့် နှလုံးသားသန္ဓေတွင် အချစ်သစ်တစ်ခု တိုးပွားလာခဲ့ တော့ သည်။ ဤအချစ်
ကား ဆန်းကျယ်၏။ ခန့် ညား၏။ ပီတိအဟုန် ပြင်းလှချေ၏။ ကျွန်တော့် တိုင်းပြည်နှင့်  ကျွန်တော့် လူမျိုးကို နှလုံး
သွေးဖြင့်  ချစ်လိုက်မိသော အချစ်ပင်တည်း ။

အချုပ်မှ ပြန်ရောက်လာသောအခါ ကျွန်တော့် နှလုံးသားများ ဆတ်ဆတ်ခါနေခဲ့  ပါသည်။ တစ်နေ့ လုံး၊ တစ်ည
လုံး ကြောက်လန့် ခဲ့ ရသော အတွေးများက ကျွန်တော့် ကို တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ် မွေးဖွားပေးခဲ့ ခြင်း
ဖြစ်ပါသည်။ ကျွန်တော် ဘာကြောင့်  ကြောက်ခဲ့ သနည်း ။ အချုပ်၌ တစ်ညအိပ်ခဲ့ ခြင်းသည် ဘာမှမဆန်း။
သို့ သော် ဖမ်းဆီးခေါ်ဆောင်ခံရပုံက ဆန်းသည်။ ကျွန်တော်ရော ကိုဆန်နီပါ နိုင်ငံရေးသမားများ မဟုတ်ကြ။
သူတို့ က မယုံ။ နည်းမျိုးစုံဖြင့်  ထိုပုံစံဝင်အောင် သွင်းကြသည်။ ဓါတ်ပုံပေါင်းများစွာနှင့်  တိုက်ကြည့် သည်။
လူလေးငါးဦး ခေါ်ပြသည်။ ကြည့် စမ်း ... ခြေချော်လက်ချော်ပြီးသာ ကျွန်တော်တို့ ကို ဆွဲထည့် ချင်သူ ပါခဲ့ လျှင်
အထဲမှာ သိက္ခာရှိမည်မဟုတ်။ မည်သူမှလည်း လာကယ်မည်မထင် ။ အကြောက်ဆုံးမှာ အမိနိုင်ငံသို့  ပြန်၍
မရတော့ မည့်  ကိစ္စ ဖြစ်သည်။

ကျွန်တော့် မှာ ရှိသော နိုင်ငံရေးစိတ်က တစ်မျိုးဖြစ်သည်။ အသား အနာမခံနိုင်သော စိတ်မျိုးဖြစ်သည်။
လူကြောက်စိတ်မျိုး ဖြစ်သည်။ စကားဖြင့်သာ ကလိချင်သော စိတ်မျိုးဖြစ်သည်။ ဓနသည် ကျွန်တော့် မှာ မရှိ။
သတ္တိကလည်း ကျွန်တော့် မှာ အတော်ခေါင်းပါးလှ၏။ ပုဆိုးခြုံ၍သာ လက်သီး ပြချင် ပြရဲမည်။ ထို့ ထက်ပိုသော
သတ္တိတော့  ကျွန်တော့် မှာ မရှိ ။ ကျွန်တော်က လောင်းကစားလုပ်လျှင် သေချာပေါက် နိုင်မည်ထင်မှ ပုံအော
လောင်းဝံ့ သူဖြစ်သည်။

နိုင်ငံရေးမှာက အရှုံးကို ကြောက်လို့ မရ။ ထို့ ကြောင့်  ကျွန်တော်နှင့် မကိုက်။ ကျွန်တော်လို လူစား နိုင်ငံရေး
လောကထဲ ရောက်လျှင် ကဂျီကဂျောင်သမားအဖြစ်လောက်သာ အသုံးဝင်မည် ထင်ပါ၏။ အရှုံးကိုလည်း
ကြောက်၊ အနစ်နာခံဘို့  စိတ်ဓာတ်လည်း မရှိလျှင် နိုင်ငံရေးနှင့်  ဝေးရာမှာနေသည်က ကောင်းပါလိမ့် မည်။

ကျွန်တော့် မှာ ရှိသော တိုင်းပြည်နှင့်  လူမျိုးချစ်စိတ်က ဘာသာတစ်ခုဖြစ်၏။ အမျိုးသားရေးဟု ဆိုကောင်း
ဆိုနိုင်၏။ ကျွန်တော်တို့  တိုင်းပြည်နှင့် လူမျိုး ဆင်းရဲကျပ်တည်းနေသည်ကို ကျွန်တော် မမြင်ချင်၊ မတွေ့ ချင်။
လူတွေ တိုးတက်စေချင်သည်။ အနှိမ်ခံနေရသည်ကို စိတ်ထဲ ခံပြင်းလှ၏။

ယိုးဒယား တီဗွီအစီအစဉ်များ၌ တရားမဝင်အလုပ်သမားများ ဖမ်းဆီးအရေးယူသည့်  သတင်းများက ခပ်စိပ်စိပ်
ပါလာတော့ သည်။ လှပူရီဂယက်က မသေးလှ ။ တစ်ကြိမ်တစ်ခါမှ မဖမ်းဘူးသော မဲဆောက်နယ်စပ်မှာပင်
ဖမ်းပြနေတော့ သည်။ လုပ်ငန်းရှင်ကြီးများ ခက်ကုန်ကြတော့ သည်။ နယ်စပ်မြို့ များတွင် အလုပ်သမား ရှားပါးမှု
ကြီးထွားလာ၏။ ကျွန်တော် မခံချင်တော့ ပြီ။ မခံချင်မှုများက တစစ ကြီးထွားလာရင်း ကဗျာတစ်ပုဒ်ပင် ရေးစပ်
ချင်မိတော့ သည်။


( ဆက်ရန် )

........................................................................................................................

ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။

Saturday, July 9, 2011

လှပူရီ ဂယက် ။

ကျွန်တော့် အစ်ကိုထံမှ ကျွန်တော် ရရှိထားသော သဘောတရား တချို့  ရှိပါသည်။
အလုပ်ကိစ္စတစ်ခုကို တစ်ကြိမ် မဖြစ်မြောက်လျှင် အကြိမ်ကြိမ် ပြန်ကြိုးစားသည့်  သဘောတရားနှင့် ကိုယ့်ကို
အားပြိုင် အားစမ်းလာလျှင် ပြတ်ပြတ်သားသား စိန်ခေါ်ရင်ဆိုင်ပစ်တတ်သည့်  သဘောတရားတို့ ပင် ဖြစ်သည်။

ထိုသဘောတရားကြောင့်ပင် ကျွန်တော်နှင့်  ကိုဆန်နီတို့  ထိုင်းထောက်လှန်းရေး ဗဟိုအချုပ်မှ လွတ်မြောက်လာ
ခဲ့ ခြင်း ဖြစ်သည်။

ပြဿနာများ၏ အစမှာ နယ်မှ သူငယ်ချင်းဖြစ်သူ အေးဇော်၏ ညီတစ်ယောက် ကျွန်တော့်ထံ ရောက်လာခဲ့ ခြင်းမှ
စ, ပါသည်။ သူက မိတ္ထီလာမှ လာခဲ့ သူ ဖြစ်သည်။ ဘန်ကောက်ကို ထွက်နိုင်ဘို့  သူ့ မှာ စာအုပ်ရှိသည်။
သူ့ အစ်ကို အေးဇော်ရှိရာ စင်္ကာပူသို့ ကျွန်တော်တို့  အစီအစဉ်ဖြင့် သွားမည့် သူဖြစ်၍ ကျွန်တော် ဘန်ကောက်
လေဆိပ်မှ သွားကြိုလာခဲ့သည်။

ဤအထိကား ဘာပြဿနာမှ မရှိသေး။
ကျွန်တော်နှင့် သူ့ အစ်ကို အေးဇော်တို့  မည်သို့  ပြောဆိုထားကြသည်၊ မည်သို့  စီမံထားကြသည်ကို သူက
သေသေချာချာ မသိထားခဲ့ ။ ကျွန်တော့်ဆီရောက်ပြီး ငါးရက်အကြာတွင် ကောင်လေးက တစ်ခြားလူပွဲစားများ၏
စကားကို နားယောင်ကာ ကျွန်တော့်ဆီမှ ခွာချင်နေ၏။ သူ့ အပြစ်လည်း မဆိုသာ။ တစ်လ တစ်လလျှင် လူ ၂၀
နီးပါး အပို့ အကြို လုပ်နေသော ကျွန်တော်တို့  လုပ်ငန်းကို မနာလိုသူ တစ်ချို့  ရှိလာခဲ့ သည်။ အတူတူ နေသူများ
ထဲမှပင် ဖြစ်သည်။ သူတို့ က ကျွန်တော့်အစ်ကို မရှိခိုက် ကျွန်တော့်ကို အားစမ်းလာကြ၏။

ကောင်လေးကို ဈေးနှုန်းသက်သာစွာဖြင့် ပို့ ပေးပါမည့်အကြောင်း စည်းရုံးတော့ သည်။ ကောင်လေးကလည်း
သူ ထင်ထားသည်မှာ ကျွန်တော့်ကို သူ့ အစ်ကိုမှ ဒေါ်လာ ထောင်ချီ၍ ပေးထားသဖြင့် ကူညီနေသည်ဟု ထင်ရှာ
ပြီး ထိုငွေကို တောင်းလာ၏။ ကျွန်တော် ဘာမှ မပြောပဲ သူ့ အစ်ကို အေးဇော်နှင့် ဖုန်းပြောစေလိုက်၏။ ထိုအခါ
ကျမှ သူ့ ကို ကျွန်တော် အကြွေးဖြင့် ဆောင်ရွက်ပေးနေမှန်း ရိပ်မိသွားပြီး ဟိုဘက်မှ လူတွေကို ရှင်းပြတော့ ၏။
ကျွန်တော်လည်း ထိုတိုက်ခန်းမှာ ဆက်မနေတော့ ပဲ မဟာထိုင်လမ်းသွယ်ဘက်သို့  ပြောင်းခဲ့ ပါတော့ သည်။
ကောင်လေးထံမှ စာအုပ်က သူတို့ လက်ထဲ ရောက်နေသဖြင့် စောင့်၍ တောင်းခဲ့ ရန်မှာခဲ့ ပြီး ကျွန်တော် သူ့ ကို
ထားခဲ့ လိုက်သည်။ သူ့ ကို နည်းနည်းလည်း ဒုက္ခတွေ့ စေချင်၏။

ကျွန်တော့်အခက်အခဲကို ကူညီသူမှာ ကိုဆန်နီ ဖြစ်သည်။ သူက သင်္ဘောသားဖြစ်ပြီး၊ ယခုတော့  ယိုးဒယားမှာ
ပင်ကျင်လည်နေသူဖြစ်၏။ သူ့ အစ်ကိုက အမေရိကမှာ ရှိသည်။ သူနှင့်ကျွန်တော် ရင်းနှီးကြသည်မှာ မကြာသေး။
သူ့ ကို နှစ်ခါ သုံးခါ တွေ့ ဖူးထားပြီး စင်္ကာပူ သံရုံးကိစ္စများ၌ ထဲထဲဝင်ဝင် ကူညီပေးရင်း ရင်းနှီးလာခဲ့ ကြခြင်း
ဖြစ်သည်။ သူ့ ဥပဓိရုပ်က ခန့် ညား၏။ သဘောကောင်း၏။ ဖော်ရွေကူညီလိုစိတ် ရှိ၏။ ကျွန်တော် မဟာထိုင်မှာ
အခန်းငှားဖို့  ပြင်ဆင်နေစဉ် တစ်ဖက်လူများနှင့်  ပြဿနာမဖြစ်အောင် ထိန်းပေးထားသဖြင့် သူလည်း အတော့်
ကို ငြူစူခံရသည်။

မဟာထိုင်လမ်းသွယ်ထဲတွင် ဖိုင်တို့ အဖေက အခန်းလေးတစ်ခန်း ငှားပေးသည်။ တစ်လလျှင် ဘတ်တစ်ထောင်
သာပေးရသည်။လူ လေးငါးယောက် နေလို့ ရသည်။ ကျွန်တော်နှင့် အတူ ရန်ကုန်အိမ်ရှေ့ အိမ်မှ မောင်မောင်
လိုက်လာခဲ့၏။ သူက ဗီဇာ ရပြီးပြီ။ မကြာခင် စင်္ကာပူ ဝင်တော့ မည်။ ကျွန်တော်ပြောင်းလာပြီး နောက်နှစ်ရက်
အထိ ကောင်လေးလက်ထဲ စာအုပ် ပြန်မရောက်သေး။ ဟိုလူများက ကြိုတင် ဆောင်ရွက်ထားရသည့် အတွက်
ကုန်ကျစရိတ် ရှိသည်ဆိုကာ ငွေတောင်းနေသည်ဟု ကောင်လေးက ကျွန်တော့်ကို ဖုန်းဆက်လာသည်။
ကိုဆန်နီ၏ အဝတ်အိပ်ကိုလည်း အခန်းပြင်ထုပ်ကာ ကိုဆန်နီကို လက်မခံတော့ ဟု သိရ၏။ ကျွန်တော်မိုက်သွေး
ကြွလာခဲ့ ပြီ။ ကြက်သတ်ရုံမှာ လုပ်ခဲ့ စဉ် အတူနေသူ “ အခါ ” ဆိုသူက ကျွန်တော့်ပစ္စည်း၊ပစ္စယများကို မြောင်း
ထဲ ပစ်ချခဲ့ သဖြင့် ပယ်ပယ်နယ်နယ် ရိုက်ပစ်ခဲ့ ဘူးသည်။ ယခုလည်း တစ်ပွဲ နွှဲရပြန်ဦးမည်။ ကျွန်တော် ဘန်ဂပိ
ဈေးသို့ သွားကာ ခုတ်ဓားရှည်တစ်ချောင်း ဝယ်လိုက်သည်။ ပြီးတော့  တက္ကစီငှား၍ ကောင်လေးကို ခေါ်ရန်
ထွက်လာခဲ့ သည်။ တိုက်ခန်းသို့  ရောက်တော့ ဟိုလူများမရှိ။ သူတို့  ချာတိတ်လေးနှစ်ယောက်သာ ရှိသည်မို့ 
ကောင်လေး၏ စာအုပ်ကို တောင်းလိုက်သည်။ ကျွန်တော့်ကို သူတို့  ထုပ်ပေးကြပါ၏။
“ မင်းတို့  ဆရာလာရင် ပြောလိုက် ငါခေါ်သွားတယ်လို့  ကြားလား ”
ကျွန်တော့်လက်ထဲတွင် သတင်းစာစက္ကူနှင့် ပတ်ထားသော အရာကို ကြည့်၍ ချာတိတ်လေးတွေ ခေါင်းညိတ်၏။
ကောင်လေးကို ခေါ်၍ ကိုဆန်နီ၏ အဝတ်အိပ်ကိုပါယူပြီး ကျွန်တော် ပြန်လာခဲ့ သည်။ ကိုဆန်နီလည်း ညနေကျ
တော့  လိုက်လာခဲ့ သည်။ ဤသို့ ဖြင့် မဟာထိုင်လမ်းသွယ်ထဲတွင် အခန်းကျဉ်းလေးငှားကာ နောက်ထပ် အပို့ 
အကြိုများ လုပ်ဖြစ်ပါတော့ သည်။

တစ်ရက်မှာတော့  အစ်ကို့ သူငယ်ချင်းဖြစ်သူ ဂျွန်နသန်နှင့် သူ့ ရည်းစားတို့  ဘန်ကောက် ရောက်လာကြ၏။
ကျွန်တော် သူတို့ ကို အလည်အပတ် လိုက်ပို့ ပေးရန် အစ်ကိုက ပြောလာသဖြင့် သူတို့ တည်းခိုရာသို့  ကျွန်တော်
လိုက်သွားခဲ့ သည်။ ကျွန်တော့်ကို တွေ့ တော့  ဂျွန်တို့ ဝမ်းသာသွားကြပါသည်။ ကျွန်တော် သူတို့ ကို ဦးဆုံး အမဲ
သားမြေအိုးဟင်း ကျွေးဖို့  ခေါ်လာခဲ့ ဖြစ်သည်။

သူတို့ က သိပ်မလိုက်ချင်။ ကျွန်တော် အမတန် ချီးမွမ်း ပြောဆိုနေသည့်  ထိုဟင်းကို သံသယ ရှိနေကြ၍ပင်။
ပြီးတော့  သွားရမည့် ခရီးက မီးနစ်လေးဆယ်နီးပါး ကြာဦးမည်ဆိုသဖြင့် မလိုက်လိုကြ။ ကျွန်တော့် ဘက်က
လည်း မကောင်းဘူးဆိုလျှင် စိတ်တိုင်းကျ ဖြစ်စေရမည်ဟု ကတိပေးကာ ခေါ်လာခဲ့ ရသည်။ ကျွန်တော်က
သေချာပေါက် သိထားသဖြင့် ထိုသို့  ခေါ်နိုင်ခြင်းပင်။

ထိုဆိုင်မှ ရောင်းသော အမဲသားမြေအိုးနှင့်  အကင်သုပ်မျိုးစုံဖြင့် ဧည့် သည်များစွာကို ကျွန်တော် မျက်နှာရခဲ့ 
ပေါင်းများခဲ့ ပြီကိုး။ ဆိုင်အဆင်အပြင်လေးက ဘာမှမဟုတ်။ ကားဂိတ်နှင့် မလှမ်းမကမ်း ကွင်းပြင်တွင်
တွန်းလှည်း ခပ်ကြီးကြီးကို ဗဟိုထားပြီး ထိုင်ခုံများ ခင်းကျင်းကာ ရောင်းချသော လမ်းဘေးဆိုင်လေးပင် ဖြစ်၏။
သို့ ရာတွင် တစ်ခါတစ်ရံ စားပွဲအလုံးနှစ်ဆယ်မှာ လူပြည့်နေတတ်သည်။

ဆိုင်ကိုတွေ့ တော့ ဂျွန်က ခေါင်းခါသည်။ ကိစ္စမရှိ။ နောက်မိနစ်နှစ်ဆယ်ကြာလျှင် ကျေးဇူးတင်စကား ပြောတော့ 
မည်ကို ကျွန်တော် သိပြီးနေပြီ။ ကျွန်တော်တို့  စားပွဲမှာ ဝင်ထိုင်တော့  ကျွန်တော့်ကို ရင်းနှီးနေသော ဆိုင်ရှင်က
ထုံးစံအတိုင်းပဲလားဟု နှုတ်ဆက်၏။ သူသိထားသည်မှာ ကျွန်တော်လာလျှင် အမဲသားအရွတ်ကင်နှင့် အသား
ကင်၊ ကြက်သားမြေအိုးဟင်း၊ ကြက်သားသုပ်များ မှာနေကြဖြစ်သောကြောင့် ပင်။ ယခုလည်း ကျွန်တော်
ခေါင်းညိတ်လိုက်ပြီး စားစရာတစ်ချို့  ထပ်တိုးမှာလိုက်၏။ မျက်နှာ မကြည်မသာ ဖြစ်နေသည့်  ဂျွန်အား ဘီယာ
ပုလင်းဖြင့်  စ, ၍ ဧည့်ခံလိုက်တော့ သူ နည်းနည်း ပြုံးလာသည်။ သူက ဘီယာသမား၊ အစ်ကိုနှင့် သူတို့ ဘီယာ
ဆိုင်ထိုင်လျှင် လေးဂျားကုန်သည့် တိုင် အရှိန်မပျက်တတ်။ ယခုလည်း ဘီယာကို တွေ့ တော့  နဲနဲ စိတ်ပျော်လာ
ခြင်းဖြစ်မည်။

ဂျွန်က ဓါတ်ပုံသမားဖြစ်သည်။ ဓါတ်ပုံပြပွဲများပင် ကျင်းပခဲ့ ပြီးပြီ။ အစ်ကိုနှင့် သူက အစုစပ်ကုမ္ပဏီတစ်ခု ဖွင့် ထား
ကြသည်။ ဂျွန်တစ်ယောက် မကြာခင် မြန်မာပြည်သို့  အလည်အပတ်သွားရင်း ဓါတ်ပုံရိုက်ဦးမည်ဟု သိထား
သည်။ မြန်မာ့ ရေမြေတောတောင်နှင့်  ကျေးလက်ဒေသများကို ဓါတ်ပုံရိုက်ပြီး ပြပွဲလုပ်ရန်လည်း သူ စိုင်းပြင်းနေ
သည်။ ဘန်ကောက်လာခြင်းမှာလည်း လှပူရီ ရေပေါ်ဈေးသို့  ဓါတ်ပုံရိုက်ရန် လာခဲ့ခြင်း ဖြစ်၏။ မနက်ဆိုလျှင်
ကျွန်တော် လှပူရီ ရေပေါ်ဈေးသို့  လိုက်ပို့ ပေးရဦးမည်။

ကျွန်တော်တို့  ဘီယာငုံနေစဉ်မှာပင် အကင်တစ်ချို့  ရောက်လာ၏။ မြေအိုးတစ်အိုးလည်း အောက်ခြေ၌ မီးသွေး
ဖို အသေးစားလေးဖြင့် ရောက်လာ၏။ အမဲသုပ်တော့  ရောက်မလာသေး။ မီးသွေးမီးအားကောင်းလာအောင်
စောင့် ရင်း ပွက်လာသည့် အခါ မြေအိုးထဲထည့် ရန် ယမ်းစိမ်းတို့ ၊ အမွှေးနံ့ သာတို့ ဖြင့်စီမံထားသော အသား
ပန်းကန်ထဲမှ အသားများ ဖြည်းဖြည်းချင်း ထည့် ရ၏။ မြေအိုးက ပရိတ်အိုးသာသာလေးဖြစ်သည်မို့  အများကြီး
ထည့် ၍မရ။ မီးအားပြင်းလာပြီး အသားမကျက် တကျက်မှာ အသီးအရွက်များ ထည့် သည်။ နည်းနည်းမွှေပြီး
လျှင် စားလို့ ရပြီ။

ဂျွန်တို့ ရှေ့ မှ ပန်းကန်လုံးများထဲသို့  ကျွန်တော် စပ်ထည့် ပေးပြီး အချဉ်နှစ်မျိုးရှိသည့် အနက် ကြိုက်တာနှင့် 
တို့ စားရန် ရှင်းပြသည်။ အနံ့ က ထောင်းထောင်းထ, နေပြီမို့ သူတို့ ကြာကြာမစောင့် တော့ ဘဲ စားကြ၏။ အချဉ်
က အစပ်ပြင်းပြင်းက တစ်မျိုး၊ အစပ်မပါသည်က တစ်မျိုး ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး အစပ်ဖြင့်သာ
တို့ ကြ၏။ ကျွန်တော် ဘာမျှမပြောပဲ အမဲသုပ်ကို စားရင်း သူတို့ ကို စောင့်ကြည့်နေမိသည်။ ဂျွန်တို့ နှစ်ယောက်
လုံး အပြုံးကိုယ်စီဖြင့် စကားတွေ တွတ်ထိုးနေကြပြီ။ နောက်တော့  သူတို့ ဘာသာစပ်၍ တစ်ပွဲပြီးတစ်ပဲ စားကြ
လေပြီ။ ဂျွန်တစ်ယောက် ဘီယာငုံလိုက်၊ ဟင်းတွေစားလိုက်ဖြင့် သူ့ ရည်းစားက တားမှပင် ဘီယာနှစ်လုံးကုန်ပြီး
နောက် သူ ထပ်မမှာတော့ ။ ဟင်းကိုတော့  စားဆဲပင်။ စား၍ သောက်၍ ဝ, ကြပြီဆိုမှ ဂျွန်က ပြောလာ၏။
“ မင်းကို အစက မယုံဘူးကွ၊ ဒီလောက်ကောင်းမယ်လို့  မထင်ခဲ့ ဘူး၊ စားလို့ မကောင်းခဲ့ ရင် လာခဲ့ ရတဲ့  အချိန်
တွေကို ပြန်ရော်ခိုင်းမလို့ ၊ အခုတော့  .. ကျေးဇူးပဲဟေ့ ”

ကျွန်တော် ပြုံးရင်း နောက်တစ်နေ့  လှပူရီ ရေပေါ်ဈေး သွားဖို့ ကိစ္စ ဆွေးနွေးဖြစ်ကြ၏။
လှပူရီ ရေပေါ်ဈေးကို ကျွန်တော်မရောက်ဖူးပါ။ သွားပုံကိုတော့ သိသည်။ ထို့ ကြောင့်  အဝေးပြေးကားဂိတ်သို့ 
ကားငှားပြီး ထွက်လာခဲ့ ကြသည်။ အချိန်က မနက်ဆယ်နာရီကျော်ကျော်သာ ရှိသေး၏။ ကျွန်တော်တို့  စီးလာ
သည့်တက္ကစီကားမှ ကားဆရာက ရေဒီယိုဖွင့်ရင်း သီချင်းနားထောင်လာသည်။ ထိုအချိန်မှာပင် သီချင်းသံ ရပ်
သွားပြီး အရေးပေါ် ကြေညာချက်ထွက်လာ၏။ လှပူရီဆေးရုံကို မြန်မာလက်နက်ကိုင်ကျောင်းသားတွေ ဝင်စီး
ထားသည့်  သတင်းဖြစ်သည်။ သတင်း ကြေညာချက်ကို မရှင်း၍ တက္ကစီသမားအား မေးကြည့်ရာ တကယ်ပါဟု
ဆို၏။ တိုက်ရိုက် ထုပ်လွှင့်ပြသနေခြင်းဟုပင် ရှင်းပြသည်။ ကျွန်တော် ဂျွန်တို့ ကို ရှင်းပြသည်။ ဂျွန်တို့ လည်း
အံ့ သြနေကြ၏။ ယခုပင် လှပူရီ ရေပေါ်ဈေးသို့  သွားရန် အဝေးပြေးကားဂိတ်သို့  လာခဲ့ ကြသည်ကိုး..။

ကျွန်တော် စဉ်းစားရတော့ သည်။
“ ဂျွန်ရေ .. ငါလိုက်လို့  မဖြစ်တော့ ဘူး၊ ငါတို့  ရောက်ရင် ကားဂိတ်တွေမှာ စစ်ဆေးနေမှာ သေချာတယ် ”
“ ဘာဖြစ်လို့ လည်းကွာ .. မင်းမှာ ပတ်(စ)ပို့  ရှိနေတာပဲ ”
“ မတူဘူး ဂျွန် .. ဒီအချိန် အဲဒီကို ငါရောက်သွားရင် ဘာမှ မေးမြန်းမှာ မဟုတ်ဖူး၊ မြန်မာဆိုတာနဲ့  ခေါ်ထားမှာ
သေချာတယ်။ မင်းတို့ က ကိစ္စမရှိဘူး၊ စင်္ကာပူတွေ၊ ဒါပေမဲ့  ဂျွန်... မင်းဓါတ်ပုံရိုက်ရင်တော့  သတိထားနော်၊
ဒီနယ်မြေတွေက သိပ်မကောင်းဘူး”

ဂျွန်က သိပ်နားမလည်။ သို့ သော် ကျွန်တော်မလိုက်ခြင်းကိုမူ မကန့် ကွက်။ ဤသို့ ဖြင့် ဂျွန်တို့ နှစ်ဦးအား လှပူရီ
ကားပေါ်သို့  တင်ပေးခဲ့ ပြီး အခန်းသို့  ကျွန်တော် ပြန်လာခဲ့ ပါသည်။ လှပူရီကို ကျွန်တော် ရှောင်ခဲ့ သော်ငြား
လှပူရီဂယက်က ကျွန်တော်နှင့်ဆန်နီကို မရှောင်ပါချေ။ နောက်သုံးရက်အကြာတွင် ဖိုင်တို့  လမ်းထဲမှ ရဲသတင်း
ပေး ကောင်လေးတစ်ယောက်က ကျွန်တော်တို့ ကို ဘာတွေမှန်းမသိဟု တိုင်တန်းလာသဖြင့်  လေဆိပ်သို့ 
ဧည့် သည်များပို့ ပြီး ပြန်အလာတွင် လမ်းထိပ်အရောက်၌ ဆီးဖမ်းပါလေတော့ သည်။

ဤနေရာသည် ယခင်နေခဲ့ သော တိုက်ခန်းများလို မဟုတ်။ ဆူပူရှုပ်ထွေးသော ရပ်ကွက်လေးဖြစ်ပြီး လူမျိုးစုံနေ
သည့် နေရာလည်း ဖြစ်၏။ ကျွန်တော့် ကို ဖမ်းချိန်၌ ကျွန်တော့် မှာ စာအုပ်က နှစ်အုပ်၊ နှစ်အုပ်စလုံး ဗီဇာရှိနေ၏။
ကိုဆန်နီ့ ဆီမှာလည်း သင်္ဘောသားစာအုပ်ရော၊ ပတ်(စ)ပို့  စာအုပ်ပါ အဆင်သင့်  ရှိနေ၏။

ကိုထောက်လှမ်းရေးကြီးများက ဒါကို လက်မခံ။ ရုံးရောက်မှ စစ်ဆေးပြီး လွှတ်ပေးမည်ဟု ဆိုကာ လက်ထိပ်
နောက်ပြန်ခတ်ပြီး ဟိုင်းလတ်ကားပေါ် မ,တင်ကာ ခေါ်သွားပါတော့ သည်။ ကျွန်တော်တို့ အား လှပူရီကန့် ထဲမှ
လူများဟု ထင်နေကြ၏။ ဘယ်လိုမှ ရှင်းပြ၍ မရ။ ထိုင်းစကား တတ်သလားမေးတော့  ကျွန်တော်ရော ကိုဆန်နီပါ
အင်္ဂလိပ်လိုချဉ်း ဘုတောတော့ သည်။

“ ခွေးသားတွေ မျက်နှာက သူပုန်ရုပ်တွေပဲဟေ့  ” ဟု သူတို့ က ကောက်ချက်ချ၏။ သို့ ရာတွင် သူတို့ ထဲ၌
အင်္ဂလိပ်စကားတတ်သူ မရှိ။ ယိုးဒယားလိုသာ မအေ၊ နှမ မိုးမွှန်အောင် ဆဲ၍ ဓါတ်ပုံများကို တိုက်ကြည့် နေကြ၏။
ဓါတ်ပုံများနှင့်  ကျွန်တော်တို့ ပုံများ မတူလေ သူတို့  ဒေါပွလေလေပင်။ သူတို့ ထင်သည်က လှပူရီမှ လက်နက်
ကိုင် ဝင်စီးသူများနှင့်  ကျွန်တော်တို့  တစ်ဖွဲ့ တည်းဟု ယူဆကာ သူတို့  ရထားသော ဓာတ်ပုံများနှင့်  လာလာ
တိုက်ကြည့် နေခြင်း ဖြစ်သည်။

စခန်းကို ရောက်သည်အထိ မပြီးသေး။ လင်မယားနှစ်စုံတွဲနှင့် လူလတ်ပိုင်း နှစ်ဦးကို ခေါ်ကာ ကျွန်တော်တို့ ကို
ပြပြန်၏။ ဟိုလူတွေ ခေါင်းခါပြသည်။ ဒါလည်း သူတို့ က မလွှတ်ပေးသေးပါ။ ပြီးတော့  သူတို့ အကြံက မကုန်သေး
ပါ။ ကျွန်တော်တို့  နားတွင် မြန်မာတစ်ယောက် လာထားပြီး ကျွန်တော်တို့  စကားများကို နားထောင်ခိုင်း၏။
တော်တော်ကြာတော့ မှ ကျေနပ်လက်ခံပြီး စကားအေးအေးဆေးဆေး ပြောလာတော့ သည်။ သူတို့  လူမှားဖမ်း
သည့်  အကြောင်းပင်။ သို့ သော် စစ်ဆေး၍ မပြီးမြောက်သေးသဖြင့်  အချုပ်ထဲသို့ ဝင်လိုက်ပါဦးဟု နားချလေ
တော့ ၏။


( ဆက်ရန် )

..............................................................................................................

ဆရာမာန် ( တောင်လုံးပြန် )၏ ဝတ္ထု ဖြစ်ပါသည်။

Saturday, July 2, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၂ )

တရားရှာသည်ဆိုသည့် နေရာတွင် ကျွန်တော့် အထင်တော့  ဆရာတော်ကြီးများ မိန့် ဖူးနေသည့်  “ သံဝေဂ ”
ဥာဏ်တော့ ရှိဘို့  လိုသည်ဆိုတာကို ပြန်သတိရမိပါသည်။ သံဝေဂ ဥာဏ် အခြေခံပါမှ ယ္ခုလို သမထ၊ ဝိပဿနာ
ဘာဝနာ အလုပ်များကို ပို၍ လုပ်ဖြစ်ကြမည်ဟု ဆိုသည်။ စွဲစွဲမြဲမြဲ လုပ်မိသွားခြင်းဟုလည်း ဆိုနိုင်ပါ၏။

လောက လူ့ ဘဝကို စိတ်ပျက်ခြင်း၊ ငြီးငွေ့ သွားခြင်းကို “ သံဝေဂ” ရသည်ဟု ကျွန်တော်တော့ ထင်ပါသည်။
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အချစ်ရေး အိမ်ထောင်ရေးတို့ မှသည် ရ,ထားသည့်  ကိုယ့် ဘဝ၏ မဆုံးနိုင်
မကုန်နိုင်တော့ သော နေ့ စဉ်ကြုံ့ တွေ့  ဖြေရှင်းနေရမည့်  “ .... ရအုံးမယ် ” ဆိုသည့်  ထူးမခြားနားတော့ သော
ကိစ္စတွေအားလုံးကို ငြီးငွေ့  စိတ်ပျက်လာခြင်းလည်း ဖြစ်နိုင်သလို နေ့ တိုင်း မပျိုပဲ အို, အို လာသည့်  ဇရာမီးကို
လည်း သတိ စ,ပြုမိ၍ တုန်လှုပ်ချောက်ချားသွားခြင်းလည်း ဖြစ်နိုင်ပါသည်။

တစ်ချို့ က လူမှုစီးပွားအရေး အားလုံး အဆင်ပြေ ချောမွေ့ သည့် ကြားမှ “ဘာဝနာတော” ကို တိုးဝင်လာနေတာ
ကျွန်တော်တွေ့ ရသလို၊ တစ်ချို့ ကျတော့ လည်း လောကီလူ့ ဘောင်မှာ မနေနိုင်တော့ လောက်အောင် ကျရှုံး
လာကြသောကြောင့်  ရိပ်သာကို ကိုယ့်ရဲ့  ထာဝရ အိပ်ယာလို မှီခိုလာခဲ့ ကြသည်။ တရား၏ အရိပ်ကို ခိုလှုံလာ
ကြခြင်း၊ နောက်ဆုံးလဲလျောင်းရာကို ရှာလာကြခြင်း၊ ဘဝနေဝင်ချိန်အတွက် အားကိုး အားထားရာ အစစ်အမှန်
ကို ရှာလာကြခြင်းပဲ ဖြစ်ပါ၏။

သံသယာကြီးကို စိတ်ပျက်ငြီးငွေ့  သွားခြင်း .. လို့ တော့  ကျွန်တော်မသုံးလိုပါ။ စိတ်ကူးနှင့်တောင် ညောင်းနေ
အောင် ကြည့်ရမည့် ရှည်ကြာလွန်းခဲ့ သည့်  “ သံသယာခရီး ” ဆိုသည်ကကတော့ ကျွန်တော် သုံးစွဲဖို့  မတန်
လွန်းသောကြောင့်  ဖြစ်ပါသည်။

လုပ်ချင်တာအကုန်လုပ်လာခဲ့ ပြီး ဆံပင်တို့  ဖြူချိန်၊ အသားအရေ တို့  တွန့် လာချိန် ရောက်မှ ဘာဝနာအလုပ်
နှင့်  ချမ်းသာရာအမှန်ကို ရှာပါတော့ မည်ဆိုလျှင် ပို၍ ခရီးမရောက်နိုင်ပါကြောင်းလည်း ကျွန်တော် မှတ်သား
ထားမိပါသည်။ ဆံပင်တို့ နက်နေသေးချိန်၊ ဥာဏ်တို့  ထက်မြက်နေသေးချိန်၊ ကိုယ့် ခန္ဓာတို့  သွက်လက်နေချိန်
တို့ တွင် လက်ဦးအောင် စ,ထားမိပါမှ ဆံပင်တို့ ဖြူ၍ ကိုယ့် ကို အပစ်ခံ ရတော့ မည့် အချိန်တွင် ချမ်းသာရာ
အစစ်နှင့်  နှလုံးသွင်းနေတတ်မည်ဟု ဆိုလိုရင်းဖြစ်ပါမည်။

“ ဝိပဿနာ ဘာဝနာ” အလုပ်သည် ဥာဏ်အလုပ်၊ ပညာအလုပ် ဖြစ်သောကြောင့်  ဥာဏ်တို့  ထက်မြက်နေချိန်
တွင် လုပ်ပါမှ၊ စ, ထားကြပါမှ ပို၍ အကျိုးများပါမည်ဟု ဆရာတော်ကြီးများက အကြိမ်ကြိမ် မိန့် ဆိုနေကြသည်။

နုငယ်စဉ် ဖြတ်လတ်သော အတွေးအမြင်တို့ ဖြင့်  လတ်ဆတ်သော ချမ်းသာခြင်း အစစ် တို့ ကို ဘယ်တော့ မှ
မမေ့ မလျော့ နိုင်တော့ အောင်၊ နောက်ဆုံးထွက်ရတော့ မည့် အချိန်တွင် နောက်ဆုံးပိတ်အဖြစ် ကျန်နေအုံးမည့် 
“ဘဝင်စိတ်ကလေးအထိ ” စွဲနေ မြဲနေအောင်၊ လေ့ ကျင့် ပျိုးထောင်ထားဘို့ ပဲ ဖြစ်ပါသည်။

အဲ .. တစ်ချို့ ကျတော့  သိချင်၊ စူးစမ်းချင်၊ စမ်းသပ်ချင် သည့်  ဆန္ဒ များဖြင့်  တစ်စိုက်မတ်မတ် လေ့ လာအား
ထုပ်နေကြတော့ သည်။ သည်အုပ်စုတွင်တော့  လူငယ်၊လူရွယ်တွေ အတော်များသည်ကို ကျွန်တော်ဝင်ခဲ့ သော
ရိပ်သာ သုံးခုတွင် တွေ့ ခဲ့ ရပါသည်။ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်၊ စီးပွားတစ်ဖက်နှင့်  အားသည့်  ရ,သည့် 
အချိန်တိုင်း ရိပ်သာကို ပြေးခိုနေကြသည်။

မည်သည့် အကြောင်းများကြောင့် ပဲ ဖြစ်ဖြစ်၊ အထက်ပါ ပုဂ္ဂိုလ်များအားလုံးသည် ကိုယ်ကျင်လည်နေရသော
ကိုယ့် ဘဝ၊ ရ,ထားသော လူ့ ဘဝကို အတိုင်းအတာတစ်ခုအထိ သတိပြုလိုက်မိသူများဖြစ်သည်။ တစ်ယောက်
နှင့်  တစ်ယောက် တွေးခေါ်မျှော်မြင်သည့်  အတိမ်အနက်သာ ကွာမည်။ ရည်ရွယ်ချက်ကတော့ မကွာနိုင်ပါပေ။
အေးချမ်းမှု အစစ်ကို ရှာသည့် နေရာမှာပဲ ဖြစ်ပါသည်။ သို့ သော် တကယ့် စစ်မှန်ပြီး ငြိမ်ပြီးအေးနေသည့် 
အေးချမ်းမှု ဆိုတာကိုတော့  ဤလောကဝယ် “ သိ ” သူ နည်းလွန်းသလို တစ်ချို့ ကျတော့ လည်း သိသလိုရှိနေ
ပေမယ့်  လုပ်ရမည့်  ဖြည့်ကျင့် ရမည့်  ကိစ္စတွေအတွက် လက်တွန့် နေကြသေးသူတွေကလည်း အလွန်များ
နေပါသေး၏။ စောပါသေးတယ်၊ အချိန်မတန်သေး၊ “ .... လုပ်ရအုံးမယ့် ကိစ္စတွေ ” က ရှိသေး၊ ပျင်းတယ်၊
နောက်မှ နောက်မှ ... များစွာနှင့် ပဲ ပြက္ခဒိန်အုပ်တို့  အကြိမ်ကြိမ်မြေခ, နေခဲ့ ရသည်မှာလည်း ယနေ့ တိုင်ပဲ
ဆိုပါတော့  ။

အဲ တစ်ချို့  ...၊ တကယ့် တစ်ချို့ ပဲ ဆိုကြပါစို့ ...။
တွေ့ နေ၊ မြင်နေလို့ ပါပဲ ၊ ကိုယ့်ဘာသာ၏ အဓိက အဆီအနှစ်ဖြစ်နေသော သည်ဘာဝနာအလုပ်ကို ကိုယ်က
ကိုယ့် မှတ်ပုံတင်၏ လူမျိုးကိုး၊ ကွယ်သည့် ဘာသာနေရာမှာ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဟု ဖြည့်ထားခဲ့ ပေမယ့် 
ကိုယ့် ဘာသာ မဟုတ်သလိုပါပဲ။ “သောက်တော်ရည်” လေးတောင်မတင်မကပ်မိကြပဲ ဖာသိဖာသာ နေ,နေကြ
ခြင်းပင် ။ အဲ့ လိုလူမျိုးကျတော့ လည်း တတ်ရောင်ကားပဲဖြစ်ဖြစ်၊ မတတ်တစ်တတ်ပဲဖြစ်ဖြစ်၊ ကြုံလို့ ပဲ ဖြစ်ဖြစ်၊
မကြုံလို့ ပဲဖြစ်ဖြစ် နဲနဲလေး ယောင်လို့ များ ဘာသာရေးအကြောင်း၊ ဘာဝနာတို့ အကြောင်းများ စ,မိရင် အမတန်
ထူးဆန်းအံသြဖွယ်အကြည့် နှင့်  အကြည့် ခံရသလို၊ ကွယ်ရာတွင်လည်း လက်ကလေးကွယ်ပြီး မေးငေါ့ ပြတတ်
ကြပြန်ပါသည်။ အား များသည့်  သူတို့ ကြားတွင် ကိုယ်က အကောင်းကနေ အရူးဖြစ်ရတော့ သည်။ အော်...ကိုယ်
ကိုယ်တိုင်ကလည်း တတ်ရောင်ကားပေပဲကိုး ...။

..................................................................................................................

“ အင်း လေ ... နဲတောင်နဲသေးတယ်၊ ကိုကျော်ကလည်း ...၊ သူ့ ဖာသာသူ ဘာပဲဖြစ်ဖြစ်ပေါ့ ၊ ကိုယ့် အလုပ်
ကိုယ်လုပ်လေ၊ နို့  ... နေပါအုံး ကိုကျော်က ဘယ်လောက်တောင် လုပ်ဖြစ်နေလို့ လဲ၊ ဖြစ်ပျက် ( ၁ ) ကတည်းက
ဖတ်ပြီး ပြောချင်နေတာ .. လျှာကို ရှည်လွန်းတယ်၊ ဆြာကြီးပေါ့ လေ ... ”
“ ဒေါ်ကြယ် ” ခေါ် “ ကြယ်ကလေး ” က ကျွန်တော်နှင့် တွေ့  စဉ် ပြောလိုက်ခြင်း ဖြစ်သည်။
( အဆိုပါ ကြယ်ကလေး သည် ဟိုးအရင် ကျွန်တော်ရေးခဲ့ ဘူးသည့်  “ ကြယ်ကလေး ” ပို့ (စ) အဟောင်းထဲမှ
ကျွန်တော့်  ဇာတ်ကောင် တစ်ဦးပဲဖြစ်ပါသည်။ )
“ ဟ ... ဒေါ်ကြယ်ရယ်၊ တွေ့ မယ်တောင်မကြံသေးဘူး၊ ရန်ဖြစ်ချင်နေပြီ.. သောက်ပါအုံး..၊ အေးတော့ မယ် ”
ကျွန်တော်က သူ့ ကို ကော်ဖီသောက်ရန် ပြောဖြစ်သည်။
“ အမယ် မှာကတဲက ရေခဲနဲ့  မှာပြီးတော့ များ...”
ကျွန်တော် ပြုံးလိုက်သည်။ အမတန် တည့် ခဲသော မိတ်ဆွေကို ကျွန်တော် ကော်ဖီတငုံလောက် ငုံ ရင်း ကြည့် 
ဖြစ်သည်။ ပုလင်းဖင်လောက်ရှိသည့်  မျက်မှန်ထူထူကြီးတွင် ဒီဂရီ အနည်းငယ် တိုးလာသည်မှအပ အရင်
ဆောက်လုပ်ရေးလုပ်ငန်းသုံး ဓါတ်လှေကားမောင်းစဉ်ကအတိုင်း “ စွာ ” နေတုံးပင်။ ယခုတော့ ဆဲဗင်း
အလဲဗင်း ညလုံးပေါက်စတိုးဆိုင်တွင် သူဝင်လုပ်နေပြီး သူ့ ညဂျူတီ အထွက်တွင် ဆုံမိကြခြင်း ဖြစ်၏။

“ ဘယ်လောက် နားလည်နေလို့ လဲ .. ဝေါ်တို့ တော့  သိပ်မသိဘူး၊ ကိုကျော်ပြောသလိုတော့  အသက်ရှုဖြစ်
ပါတယ်၊ ဒါပေမယ့်  အမြဲတန်းလည်း မလုပ်နိုင်ပါဘူး၊ မေ့ နေတာများတယ်လေ ..၊ ကိုယ်အသက်ရှုနေတာကို..”
“ ကျွန်တော်လည်း ဒီလိုပါပဲ၊ အဲ .. သတိရရင်တော့ လုပ်မိတယ်၊ အခုဟာက ဟိုတုန်းကလိုပဲ အဲ့ ဒီ အာနာပါန
အလုပ်ကနေ တဆင့် ဒီဘက်ကို တွဲကြည့် မိတာ ..”
“ ဒါနဲ့  ... မီးလောင်ရော .. ဆိုပါတော့  ...”
ဒေါ်ကြယ်က ကော်ဖီ ငုံရင်း ကျွန်တော့် ကို နောက်၏။
“ အင်းလေ .. လုပ်တိုင်း လောင်တော့ တာ..”
“ ဒီတော့  .. ”
“ ကျွန်တော် ဘာသာရေးလင့် တွေကို ဝင်နားထောင်တယ်၊ နဲနဲတော့  သိလာသလိုလို ရှိလာတယ်၊ သီအိုရီ
ကို ပြောတာနော်...”
“ အင်း .. ”
“ ဝေဒနာကတော့  အချိန်ကြာလာရင် ပေါ်လာမှာပဲ၊ ကျွန်တော်က အဲ့ ဒီဝေဒနာပေါ်မှာ “ ငါ ” ထပ်မိနေတာကိုး”
သူ လှည့် ကြည့်လာသည်။
“ အမှန်က ခွာရှု့  ရမှာပါတဲ့ ၊ ဝေဒနာကို သိလိုက်တဲ့ စိတ် က သတ်သတ်၊ နာကျင်ကိုက်ခဲပါတယ်လို့  ခံစားပစ်
လိုက်တဲ့  စေတသိတ်က သတ်သတ်ပါ ”
“ ဟင် .. ဘာလဲ၊ စိတ် နဲ့  စေတသိတ် မတူဘူးလား .. ”
“ မတူဘူး ... ဒေါ်ကြယ်ရ၊ စိတ် ကတော့ မျက်စေ့ နှစ်လုံးပွင့် ကတည်းက ကိုယ့် ဝန်းကျင်က အာရုံအားလုံးကို
သိ နေလိုက်တာပဲလေ၊ အဲ ... နောက်စိတ် ၊ စေတသိတ်က ကြိုက်မှု၊ မကြိုက်မှု၊ နှစ်သက်မှု၊ မနှစ်သက်မှုတို့ ကို
ခွဲခြားပစ်လိုက်တာပါ ..၊ ကဲ ... အခုသောက်နေတဲ့  ကော်ဖီဗျာ..၊ အမှန်က ကော်ဖီလို့  ခေါ်စေလို့  အမည်တွင်လို့ 
ခေါ်နေရတဲ့  ကော်ဖီကို မြင်တာနဲ့  ကော်ဖီလို့  သိလိုက်ချိန်မှာ ခဏလေးရပ်..၊ အဲ ... အဲ့ ဒီ အမြုပ်ကလေးတွေ
ဖောင်းတက်နေတဲ့  ကော်ဖီကိုပဲ ကြိုက်ချင်၊ သောက်ချင်လိုက်တာ၊ မွှေး လိုက်တာ ... စ တဲ့  ချင်ခြင်း၊ ဖြစ်ချင်ခြင်း
တွေ ဖြစ်လာတဲ့  နောက်စိတ် စေတသိတ်က သတ်သတ်လေ၊ ရှေ့ က သိစိတ်တွေကို နောက်စိတ်ဖြစ်တဲ့ 
စေတသိပ်က အရောင်ဆိုးလိုက်တာ ပြောတာပါ။ ဒီလိုပဲ ကြိုက်မှု၊ မကြိုက်မှုတွေ၊ ဒေါသတွေ၊ လောဘတွေ၊
ပျင်းတာ၊ ပျော်တာ၊ လွမ်းတာ၊ ဆွေးတာ၊ လေတာ၊ ချစ်တာ ၊ မချစ်တာ .... ”
“ အမယ်လေး ... ကိုကျော်... တော်တော်..၊ အခု ကော်ဖီကို ကျမပဲ တိုက်ပါ့ မယ်၊ တတ်ပဲ တတ်နိုင်လွန်း ...”
“ ကဲပါ .. ဆက်ပြောပရစေ၊ အရှိန်တက်လာလို့ ၊ အဲ့ ဒီ စိတ်စေတသိတ်ကိစ္စကို ခဏထားပြီး၊ အလုပ်စခန်းဖြစ်
တဲ့  ဖြစ်ပျက် ကိစ္စကို ပြန်သွားမယ်၊ ဘာကြောင့်  ကျွန်တော့် မှာ ဝေဒနာတွေ ဖြစ်လာသမျှ မပျက်ပဲ တက်တက်
လာနေရတယ်ဆိုတာက ..... ”
“ အင်း ....ဆြာကြီး ...ဆိုပါအုံး ”
“ ခန္ဓာ ငါးပါးအကြောင်းကို လုံးဝ နားမလည်သေးလို့ ပဲ၊ ရိပ်သာတွေသာ ရောက်ခဲ့ ပြောင်းခဲ့ ပေမယ့်  ဥာဏ်အား
နည်းလွန်းတော့  လိုက်မမှီ၊ လိုက်မမှီတော့  မသိပဲ ရမ်းလုပ်၊ရမ်းလုပ်တော့ မရ၊ မရတော့  မရကောင်းလားဆိုပြီး
ခါးတောင်းကျိုက် .. ”
“ ဟင် .. ကိုကျော်က ရိပ်သာထဲမှာ ခါးတောင်းကျိုက်တယ် .. ”
“ ဟာ.. နေစမ်းပါအုံး၊ တင်စား ပြောတာပါဗျ၊ ချမ်းသာကို တိုက်ပွဲဆင်ပြီး ရှာခဲ့ မိတာ၊ ဖြစ်ပျက်ကို ဒေါသနဲ့  ရှာခဲ့ 
မိတာ ပြောတာပါ .. ”
“ ဆက်ပါအုံး .. ”
“ အမှန်က အဲ့ ဒီ ခန္ဓာငါးပါးဆိုတာ ဟောဒီ့  ကော်ဖီသောက်နေတဲ့  အမေက မွေးပေးထားတဲ့  ခန္ဓာကိုယ်ကြီးကို
ပြောတာမဟုတ်ပဲ၊ ကော်ဖီကို ကော်ဖီ ...လို့  သိ ၊ အဲ့ လို သိ ပြီးတော့  ကြိုက်သွားတဲ့  အထိ ဖြစ်ပေါ်ခဲ့ ရတဲ့ 
တစက္ကန့်  အတွင်း၊ မျက်စေ့ တစ်မှိတ် လျှပ်တစ်ပြက် အတွင်း ဖြစ်ပေါ် ပြောင်းလဲ သွားတဲ့ စိတ်စေတစ်သိတ်၊
ရုပ်နာမ်တို့  ဖွဲ့ စည်းထားတဲ့  ခန္ဓာငါးပါး ပါပဲတဲ့ ဗျား... ”
“ ကော်ဖီ သောက်လိုက်ဦး .. အေးတော့ မယ် ”
သူက ကျွန်တော့် ကို ပြန်နောက်သည်။ သူ့ ခေါင်းကို လက်နှင့်  ထု မည်ရွယ်တော့  သူ ခေါင်းကလေး ပု သွား၏။
“ အဲ့ ဒီ ခန္ဓာငါးပါးထဲမှာ ရူပက္ခေန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ တို့  ပေါင်းစပ်
ဖွဲ့ စည်းထားပါတယ်တဲ့ ။ အမှန်ကတော့  စိတ်၊ စေတစ်သိတ် ၊ နာမ်၊ ရုပ် လို့  ပြောရင်လည်း ရပါတယ်။ တစ်ချို့ က
ခန္ဓာငါးပါးဖွဲ့ ပြီးရှင်းမှ ရမှာမို့  ခန္ဓာငါးပါးလို့  သီးသန့် ထပ်ခွဲရတာပါတဲ့ ။ အမှန်ကတော့  တစက္ကန့် မျှလောက်သော
အချိန်ကလေးအတွင်းမှာပဲ ဖြစ်ပြီးပျက်သွား၊ ပြောင်းလဲသွားနေတဲ့  ရုပ်၊ နာမ် တွေရဲ့  သဘောကို ရှု့ နေ၊ သိနေ၊
မှတ်နေရင်လည်း အတူတူပါပဲ တဲ့ .. ”

“ ........ ”

“ ပါဠိလိုတွေ သိပ်မပြောချင်တော့ ဘူး၊ ကျွန်တော်ကလည်း ပါဠိလို မရ၊ နားမလည်တော့  ရိုးရိုးပဲ ပြောကြပါစို့ ”
“ ရုပ်ဓါတ်ကတော့  တစ်စက္ကန့် အတွင်းမှာ ကုဋေ ငါးထောင့် ရှစ်ရာရှစ်ဆယ်ကျော် ဖြစ်ပျက်နေပြီး၊ နာမ်က
တော့  တစ်စက္ကန့် အတွင်းမှာ ကုဋေ တစ်သိန်းကျော်အောင် ဖြစ်ပြီးပျက်နေပါတယ်တဲ့ ဗျာ၊ သိပ်မြန်လွန်းတော့ 
မပျက်ပဲ တည်နေသလို၊ မြဲနေ၊ ရှိနေသလို ဖြစ်ရ၊ ထင်နေရတာပါပဲ။ ခုန ပြောတဲ့  ရုပ်၊ နာမ် အရေအတွက်က
ကျွန်တော်တို့  ဥာဏ်မျက်စေ့ တွေနဲ့  လိုက်ရေ လို့ မရပေမယ့်  ဘုရားရှင်ကိုယ်တိုင် မြင်ခဲ့ တွေ့  ခဲ့ တဲ့ အရာတွေ
ဖြစ်နေလို့  အကြွင်းမဲ့  လက်ခံ ကြရပါမယ်နော်၊ ကမ္ဘာ့ မြေပုံပေါ်မှာထောက်ပြီး ဒီနေရာကနေ၊ ဟိုကို ဒီလိုသွား
ရင် ရောက်ပါတယ်ဆိုရင် အကြွင်းမဲ့  လက်ခံရတဲ့  အရှိတရား၊ အမှန်တရား တွေလိုပါပဲ ..”
“ အဲ့ ဒီ တစ်စက္ကန့် အတွင်းမှာ ဖြစ်ပျက် ပြောင်းလဲနေတဲ့  ဖြစ်ပြီး ပျက်နေတတ်တဲ့  ရုပ်ဓါတ်၊ နာမ်ဓါတ်၊သဘော
တွေကို နီးစပ်ရာ လောက ဥပမာများနဲ့  ထပ်ရှင်းထားပါတယ်၊ မြဲနေတယ်လို့  ထင်နေမြင်ရသလောက် မမြဲတတ်
တဲ့  သဘောတွေကိုပေါ့ နော်... ”
“ အင်း ... အခုမှ၊ ကောင်းခန်းရောက်ပြီ .. ” သူ က ထောက်ပေး၏။
“ ဥပမာ ... တီဗွီဗျာ...၊ ခလုတ်ဖွင့် ဖွင့်  လိုက်ချင်းပဲ ဖန်သားပြင်ပေါ်မှာ ဒြဗ်အမှုန်လေးတွေက အစက်အပြောက် လေးတွေအဖြစ် သူတို့ အားလုံးအချင်းချင်း ကြိမ်ဖန်များစွာ ရိုက်ခတ်လာရပြီးမှ ဖန်သားပြင်ပေါ်မှာ ရောင်စုံ ရုပ်သံ
တို့ ဖြစ်ပေါ်လာရသလို .... ”
“ အမယ်.. ဝေါ်တို့  အိမ်က လိုင်းကောင်းပါတယ်...”
“ ဟာ.. မနောက်နဲ့ ဗျာ..”
“ ကဲပါ ..၊ ဆက်ပါအုံး ”
“ မီးသီး၊ မီးချောင်းတွေကို ကြည့် အုံးလေ..၊ မတူညီတဲ့  ဒြဗ်ဝတ္ထုအမှန်တွေက တန်စတင်နန်းကြိုးပေါ်မှာ လျင်
မြန်လွန်းသော အဟုန်တွေနဲ့  ကြိမ်ဖန်များစွာရိုက်ခတ် ဖြစ်ပျက်နေပြီးမှ တဆက်ထည်း “လင်း” နေသလိုမျိုး ဖြစ်
နေတာလေ..၊ အမှန်က အဲ့ ဒီထဲမှာ ဖြစ်လိုက်ပျက်လိုက် စ,တဲ့ အဟောင်းအဟောင်းတွေကို အစားထိုးနေတဲ့ 
အသစ်သစ်တွေ အများကြီး... ကို ဖြစ်ပျက်နေတာ၊ သာမန်မျက်စေ့ နဲ့  မမြင်နိုင်ပဲ ဥာဏ်မျက်စေ့ နဲ့ မှ မြင်နိုင်သိ
နိုင်တဲ့  ဝိပဿနာ အလုပ် ၊ ဖြစ်ပျက်အလုပ်ကို ... အဲ့ လို ဥပမာတွေနဲ့  အနီးစပ်ဆုံး ခိုင်းနှိုင်း ရှင်းပြခဲ့ တာ ... ”
“ ဒါဆို .. အသက်ရှုတာကရော .. ”
“ အဲ့ ဒီ အာနာပါနက တကယ်တော့  သမထ အုပ်စုဝင်အလုပ်တစ်ခုပါပဲ၊ ဒါန၊သီလ၊ အာနာပါနဘာဝနာအလုပ်
တွေက ကောင်းတဲ့  သမထအလုပ်တွေ ဆိုပေမယ့်  သံသယာအတွက်၊ အနီးစပ်ဆုံး မကြာခင်ကျွန်တော်တို့ 
ရင်ဆိုင်ရတော့ မယ့်  သေလွန်ပြီး ဒုတိယဘဝ ရောက်ရ၊ လားရမဲ့  လားရာဂတိတွေအတွက် လုံးလုံး စိတ်ချလို့ 
မရ သေးတဲ့  အလုပ်တွေမို့ လို့ ပါ ... ”
“ ဒီအလုပ်တွေရဲ့  အကျိုးပေးကတော့  လုပ်သလောက်၊ ထက်သန်သလောက် အကျိုးပေးမယ့်  အဖို့ ရှိပေမယ့် 
နောက်ဘဝ လူ၊ နတ်ပြန်ဖြစ်ပါမှ အကျိုးပေးခွင့်  ကြုံမှာပါ ... ”
“ တကယ်လို့  .. လူမဖြစ်ဖူးဆိုရင်ရော ... ”
“ ဒေါ်ကြယ်.. တကယ်မလို့ နဲ့ ၊ ဖြစ်ကိုမဖြစ်နိုင်ဘူး၊ လက်သည်းခွံပေါ်က မြေမှုန့် လေးနဲ့  ဒီပထဝီမြေကြီးပမာဏ
ကို နှိုင်းပြခဲ့ တဲ့  ဘုရားရှင်ရဲ့  လူ့ ဘဝ ရခဲတဲ့  ဥပမာကို မမေ့ နဲ့ လေ ”
“ ဟင် ... ဒါဆို ၊ ဝေါ်တို့  အခု အသက်ရှုနေတဲ့  ... ”
“ နေ .. နေပါအုံး ....၊ ဒေါ်ကြယ်ရယ်..၊ ဆက်ပြောပရစေ၊ အာနာပါန အလုပ်က စက္ကန့် လောက်တောင်မငြိမ်လွန်း
တဲ့  စိတ်ကလေးကို ချဉ်တိုင်မှာ ငြိမ်အောင်ချဉ်တဲ့ သမထအလုပ်လေ၊ သိပ်လုပ်သင့် တာပေါ့ ၊ စိတ်ငြိမ်သွားပြီး
ကြည်လင်နေမှ ပထမဆင့်  အေးချမ်းနေမှာလေ၊ အဲ့ လို ငြိမ်ပြီးအေးချမ်းနေပါမှ ခုန ဥာဏ်စခန်း ဖြစ်တဲ့  ဖြစ်ပျက်
ဝိပဿနာရှု့ တဲ့ ဖက်ကို ကြည့်ရ၊ သိရ မှာ ၊ သမထ အားကောင်းမှ ရှု့ လို့ ပိုကောင်းတဲ့  သဘောဆိုပါတော့  ၊
ဒါပေမယ့်  များသောအားဖြင့်  လူဆယ်ယောက်မှာ ကိုးယောက်လောက်က အဲ့ ဒီသမထအလုပ်ဖက်မှာပဲ အား
သန်နေကြပြီး၊ ဝိပဿနာဘက်ကို မကူးဖြစ်ခဲ့ ကြတာ များပါတယ်တဲ့  ”
“ ဟုတ်လား ... ဘာဖြစ်လို့ လဲ .. ”
“ ဝိပဿနာက ဥာဏ်စခန်း၊ ပညာစခန်း ဖြစ်နေလို့ ပဲတဲ့ ၊ ခက်တယ်လို့  ဆိုချင်တာနေမှာ..၊ သမထအလုပ်တွေနဲ့ 
ဟိုး... ဗြဟ္မပြည်ထဲထိ ရောက်နိုင်ပေမယ့် ၊ သမထလမ်းနဲ့ တော့  မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန် ကို မရနိုင်၊ မရောက်နိုင်ဘူးလို့  ဆိုတယ်..၊ ဝိပဿနာအလုပ် ဘုရားတို့  လျှောက်ခဲ့  လုပ်ခဲ့  လုပ်စေချင်တဲ့  အလုပ်မှသာလျှင်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်တယ်လို့ လည်း ဆိုထားတယ် ဒေါ်ကြယ်ရ ... ”
“ နောက်တစ်ခုရှိသေးတယ်လေ .. သမထ အလုပ်ကိုမလုပ်ပဲ ဝိပဿနာကို တိုက်ရိုက်ရှု့ လို့ လည်း ရတယ်တဲ့ ၊
မိုးကုတ်ဆရာတော်ဘုရားကြီးက အဲ့ ဒီနည်းနဲ့  ဝိပဿနာအလုပ်လုပ်တာကို ပိုပြီး အားပေးတော်မူခဲ့ တယ်ဆိုပဲ ”
“ ဘယ်လိုနည်းမို့ လို့ လဲ ... ”
“ တရားနာရင်း သစ္စာလေးချက် ပြီးအောင် တစ်ပါးသောအာရုံတွေကို မပျံ့ လွင့် စေပဲ နာနေတဲ့ တရားမှာပဲ စူးစူး
စိုက်စိုက် နာယူနေတတ်တဲ့ နည်းပါပဲ .. ”
“ ဟင် ... လွယ်ပါ့ မလား၊ ဒီလောက် ...”
“ ဖြစ်နိုင်လို့  ဖြစ်ခဲ့ လို့  ဆရာတော်ကြီးတွေက တိုက်တွန်းတော် မူနေတာပေါ့ ၊ ဘုရားဇာတ်တော်တွေမှာ
တရားတစ်ပွဲပြီးသွားတိုင်း လူပေါင်းသိန်းနဲ့ ချီပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေ ရ ရင်း သောတပန်တည်သွားကြတယ်
လို့  အခိုင်အမာ ပြဆိုထားကြတာပဲ .. ”
“ ပါရမီ ပါကြလို့ နေမှာပါ .. ”
“ မဆိုင်ပါဘူးဗျာ .. တကယ်တော့  ပါရမီဆိုတာလည်း အလေ့အကျင့် တစ်ခုပါပဲ၊ ဟောတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း
ရုပ်၊နာမ်တွေပေါ်မှာ စွဲကပ်နေတဲ့  “ ငါ ” ဆိုတဲ့  ဒိတ္ထိ အယူကို ခွာနိုင်အောင် ဟောသလို၊ နာသူဖက်ကလည်း
အဲ့ ဒီ သစ္စာတရားတွေကို စူးစူးစိုက်စိုက်ပဲ နာကြားနေရင် ပြီးတာပဲ ...၊ ကဲ .. ဒါဆို၊ ဒေါ်ကြယ့်  တစ်သက်မှာ စိတ်
ရှင်းရှင်း ဖြောင့် ဖြောင့်  နာခဲ့ ဘူးတဲ့  တရားတစ်ပွဲလောက်ရှိခဲ့ ဘူးလို့ လား ”
“ ကိုကျော်နော် ... ” ဟု သူပြောပြီး စားပွဲပေါ်ရှိ ဆလင်းဘတ်အိပ်ကြီး၏ ဇစ်ကို ဆွဲဖွင့် နေသည်။
ပြီး ... မျက်မှန်ကို ဖြုတ်၍ ဆလင်းဘတ်အိပ်ကြီးထဲမှ တတစ်ရှုးစ ကိုထုပ်ရင်း သုတ်နေသည်။
“ ဟား.... ဒေါ်ကြယ်လည်းပြန်ရအုံးမယ် ၊ ကျွန်တော်လည်း ပြန်ရအုံးမှာပါလား ... ”
“ အင်းလေ.. ဝေါ်တို့ အားလုံး အချိန်တန် အိမ်ပြန်ရမှာပဲ မဟုတ်လား ... ”
သူ ကပင်ဆက်ပြီး ...
“ တွေးရင်း ..၊ ကြံ ရင်း ..၊ ပြောရင်း ..၊ ဆိုရင်း ... နဲ့ ပဲ အချိန်တွေ ကုန်ဆုံးသွားပြန်ပြီလေ ကိုကျော်ရဲ့  .. ”
“ အမယ် ... သံဝေဂ ရ, လာပြီ ဆိုပါတော့  .. ”
“ လျှာရှည်ပြန်ပြီ နော် ...”

ကျွန်တော် ဆိုင်အပြင်ပလက်ဖောင်းပေါ်မှ သူ့ ဆိုင်ကယ်လေးကို အသာတွန်း၍ ပလက်ဖောင်းပေါ်မှ ချ ပေးလိုက်
သည်။ သူ ဆိုင်ထဲမှ ထွက်လိုက်လာရင်း ကျွန်တော့် ကို ကြည့် ၍ ပြောသည်။
“ အင်း .. ကိုကျော်လည်း စာတွေ တော်တော်ဖတ်၊ တရားတွေ တော်တော် နာ ဖြစ်ပုံရတယ် ၊ အသိနဲ့  အကျင့် 
ရော တစ်ထပ်ထည်း ကျ နေပြီလား ”
“ မကျသေးဘူးလေ ..”
“ ဟင် .. ဒါဆို ဘာလို့  ဘလော့ ပေါ်မှာ လျှောက်ရေးနေလဲ ၊ ဒါမျိုးတွေ .. ”
“ ကျွန်တော် သိ သလောက်လေးတွေကို ပြန်မျှတဲ့  သဘော ဆွေးနွေးတဲ့ သဘောပါ၊ သူများကို ပြောနေဖြစ်
တော့  ကိုယ့်ဟာကိုယ်လည်း မမေ့ တော့ ဘူးပေါ့ နော်... ”
“ အင်း... ဝေါ် တို့ လည်း တစ်ခါတစ်ခါ တွေ့ ဘို့ မလွယ်ဘူးလေ၊ နောက်ဆုံးတစ်ခုမေးချင်တာက ... ဒါန၊ သီလ၊
ဘာဝနာ အလုပ်၊ သမထ အလုပ်တွေရဲ့  ကုသိုလ်အကျိုးပေးတွေက နောက်ဘဝ ခံစားစံစားရဖို့  မသေချာဘူး
ဆိုရင် ....”
“ အနည်း ဆုံး လူပြန်ဖြစ်မှ ပေါ့  ... ”
“ သိပ်မရှင်းဘူး ... ကိုကျော် ... ”
“ အဟဲ ... ကျွန်တော် ဆက်ရေးမယ်လေ၊ ကိုယ်တိုင် လည်း နားလည်အောင် ဖတ်ရ၊ နာရအုံးမယ်လေ ..”
“ ကဲ ကဲ ... ပြီးရော၊ ဝေါ် ... သွားတော့ မယ်နော် ... ”
“ အင်းအင်း ... ဘိုင် ... ”

သူ ဆိုင်ကယ်ဦးထုပ်လေကာမှန်ကို ဆွဲ ချ လိုက်သည်။
ကျွန်တော်လည်း ကျွန်တော့်ဆိုင်ကယ်ရှိရာသို့  ထွက်လာခဲ့ တော့ သည်။
ဖားအော်သံ တို့  ကြားနေရပြန်သည်။ တိုင်ဖုန်း ထွက်သွားပေမယ့်  မိုးက မကုန်ချင်သေးပါ ။

အော် ... ကျွန်တော် သူ့ ကို ပြောဖို့  တစ်ခု မေ့ သွားပြန်သည်။
နောက်ဘဝ လူ ပြန်ဖြစ်ဖို့  ....။


.......................................................................................................

( ဆက်ရန် )



်

Monday, June 27, 2011

ဖြစ်၍ မပျက်ခြင်းများ ( ၁ )

ယခုနှစ် နွေရာသီက မနှစ်ကထက် ပိုပြီးပူလွန်းသည်ဟု ထင်ပါသည်။
ပူတာမှ ကျွတ်ကျွတ်နေအောင်ကို ပူပါသည်။ တစ်ခါတစ်ရံ လေတို့ ပါ ညိမ်နေတော့  တမြိုက်မြိုက်နှင့် ချွေးသီး
တို့ တောင် ကျလာရပါသည်။ ကျွန်းမကြီးပေါ် ဖြတ်ကျော်ဝင်ရောက်လာမည့်  ဟန်ပြင်နေသော တိုင်ဖုန်းတို့ သည်
လည်း ဟန်ရေးပြ၍သာ ဝေ့ ဝဲ လွင့်ပျယ်သွားမြဲ ဖြစ်နေတော့ သည်။ တိုင်ဖုန်းဝေးတော့  မိုးပါ ပြေးလေသည်။

သည်နေ့ တော့ အခန်းထဲရှိမအေးနိုင်သော အဲယားကွန်း၏ ရှေ့ ဇကာကို ဖြုတ်ပြီး ကြည့် မိသည်။ မဲညစ်ညစ်ဖုံတို့ 
ဖြင့် အထွေးလိုက်၊ အထပ်လိုက် ကပ်နေသောဇကာကို ကြည့်မိပြီး ကျွန်တော့် အဆုပ် သည်လည်း နှစ်ပေါင်းများ
စွာအငွေ့ တွေ ၊ ဖုံတွေ အထပ်ထပ်နှင့်  ညစ်ပတ်နေတော့ မည်ဟု တွေးမိသည်။ ဒါတောင် ဆေးလိပ်နှင့် အရက်
မသောက်မိသည်မှာ ခုနှစ်နှစ်လောက်ရှိခဲ့ ပြီ။ ဆက်တိုက်သာ သောက်သုံးခဲ့ ပါက ယ္ခုလောက်ဆို ကျွန်တော့်
အဆုပ်သည်လည်း ကျွန်တော်နှင့်အတူ မြေကြီးထဲ ရောက်၍ မြေစာမြေခဲ ဖြစ်လောက်ပြီဟု တွေးမိပါသည်။

လူတစ်ယောက်ကို မြေမြုပ်ပါက ငါးနှစ်ကျော် ခြောက်နှစ်အတွင်း မြေမှုန့် ဘဝ ရောက်သည်ဟု ကြားဖူးသည်။
ဒါဆို ကျွန်တော်တို့  အားလုံးသည် တစ်နေ့ မြေကြီးဖြစ်မည့်  မြေကြီးမျိုးတွေဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အော်..
သည်လိုဆိုတော့ လည်း ကိုယ်ရှင်စဉ် ရှိစဉ်က ကြီးကြီးကျယ်ကျယ်တွေးခေါ်ခဲ့ သော လောကကို အကျိုးပြုဖို့ ၊
ကိုယ့်ဝန်းကျင်မှာ ကိုယ်မရှိတော့ ရင်ပဲ မဖြစ်တော့ သလို “ ... ရ အုံးမယ် ” ဆိုသော ကိစ္စ၊ ဝိစ္စ တွေနှင့် 
ဘယ်တော့ မှ မအားခဲ့ သော ကိုယ်က၊ တကယ် ကိုယ်မရှိတော့ လည်း လောကကြီးက ဒီအတိုင်းပဲ မထူးခြားစွာ
ဆက်လက်လည် ပတ်နေအုံးမှာပါပဲ.. ဟု စဉ်းစားမိရင်း အဲယားကွန်းဇကာကို ရေပန်းအောက်သို့ ထိုးထည့် ပြီး
ဆေးကြောလိုက်မိသည်။

ဇကာကို ဆေးပြီးတော့  နေပူလှန်းရသည်။ အပူချိန်က ၃၂ ဆိုတော့  မိနစ်နှစ်ဆယ်လောက်ဆို ခြောက်လောက်
ပြီ၊ သည်ည တော့  အဲယားကွန်းလေး အေးတော့ မည်ဟု တွေးရင်း မမရွှေစင်၏ နိဗ္ဗာန်သွားတောလား( ၃ ) မှ
ကိုစိန်ရိုး၏ ကွန့် မန့်  ကို ဝင်ဖတ်ဖို့  စက်ရှေ့ ထိုင်ဖြစ်သည်။ တစ်နေ့ ည က“ လာဖတ်အုံး ” ဟု မမရွှေစင်က လှမ်း
ပြော၍ သူ့  ကွန်မန့် ကို ခဏ ပြေးဖတ်မိရင်း ကျွန်တော်လည်း ကိုယ်မြင်ထင်နေမိတာလေး ပြန်ရေးချင်လာသည့် 
အတွက် စာကြမ်းအဖြစ် သတိကြီးစွာ စ, ရေးမိခဲ့ ပါသည်။

အစ ကတော့  မှားမှာစိုး၍ .. မှ စ, ပါသည်။ မမရွှေစင်က သူရိပ်သာဝင်စဉ်က အကြောင်းအရာလေးတွေကို
ဓါတ်ပုံလေးတွေ ဝေဝေဆာဆာဖြင့်  နိဗ္ဗာန်သွားတောလား ၁, ၂, ၃, ဆိုပြီး ဆက်တိုက်ရေးသားလာခဲ့ တုံးက
ကျွန်တော်လည်း အစဉ်အတိုင်း ဝင်ဖတ်လာရင်း နောက်ဆုံး ( ၃ ) မှာ ကိုစိန်ရိုး၏ ကွန်မန့် နှင့်  ဆုံဆည်းမိပါ
တော့ သည်။

ကျွန်တော်က မမရွှေစင် ရိပ်သာမဝင်မီကတဲက မထိုင်ခင် သေသေချာချာ သိအောင် အရင်လေ့ လာပါအုံးဟု
မှာလိုက်ပါသည်။ သူက သူ့ ဘဝတွင် ပထမဆုံးဝင်ဘူးခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ ကြောင့်  ကျွန်တော်က
လည်း ကြည်ကြည်နူးနူးနှင့်ပဲ အားပေးမိပါသည်။ ရိပ်သာတစ်ခါဝင်ဖို့ ဆိုသည်မှာ တရားတစ်ပွဲ သွားဖို့ ပြင်ရသလို
အတော်မလွယ်သည့် ကိစ္စကြီးတစ်ခု ဖြစ်နေသည်။ မိုင်ပေါင်းများစွာဝေးသည့်  ခရီးအဆင့် ဆင့် ကို ရုတ်တရက်
ထ,၍ သွားနိုင်ကြပေမယ့်  တရားတစ်ပွဲ၊ ရိပ်သာတစ်ခါ ဝင်ဖို့ ကြတော့  ပြင်ရ၊ ဆင်ရ၊ အချိန်ယူရ နှင့်  ကုန်းထ
ရုန်းထနေရသည်မှာ အတော့် ကို မလွယ်လွန်းသည့် ကိစ္စကြီးဖြစ်နေလို့ ပါပဲ ။

ကိုယ့် ရေးဘက် စီနီယာလည်းဖြစ် လူတကာတို့  လုပ်နိုင်ခဲသည့် အလုပ်ကို လုပ်မည့်သူလည်း ဖြစ်နေတော့  သူ
မသွားမီ ညအထိ ကျွန်တော်လည်း ရှည်ရှည်ဝေးဝေး လျှာရှည်နေမိသည်။ ဘာဖြစ်လို့ ဆို ကျွန်တော်လည်း
တစ်ချိန်က သူ့ လိုပဲ ကုန်းထ, ရုန်းထ ပြီး ရိပ်သာတို့ သို့  ပြေးခဲ့ ဘူး၍ ဖြစ်ပါသည်။ ရိပ်သာတို့ ဟု ဆိုလိုက်ရသည်
မှာ သုံးနေရာ၊ သုံးဌာန သို့  စဉ်တိုက်၊ ဆက်တိုက် လိုက်ခဲ့ ၊ ရောက်ခဲ့ ဖူးသောကြောင့် ပဲ ဖြစ်ပါသည်။

ပထမဆုံးဝင်ခဲ့ သည့် ရိပ်သာက ဥိးဂိုအင်ကာ ဖြစ်သည်။
ဒုတိယ ဝင်ခဲ့ သည်က ရွှေဥမင်တောရ ဖြစ်သည်။
တပ်တိယ ဝင်ခဲ့ သည်က ပိုင်းလော့ ဆရာတော် အရှင်ဇေယျာပဏ္ဏိတ၏ မိုးညှင်းသိင်္ဂီကျောင်းတိုက်ဖြစ်သည်။
ဆရာတော့်ကျောင်းက တောင်မြောက်လမ်းစုံနားတွင်ရှိပါသည်။ ဆရာတော်ကတော့  ထိုင်ဖို့ ကို အရင်
တိုက်တွန်းတော်မမူပဲ သိအောင်၊ နားလည်အောင် ငါးရက်လုံးလုံး ပရိုဂျက်တာကြီးထိုးပြပြီး အဆင့်ဆင့် ရှင်းပြ
ခဲ့ ပါသည်။ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးအကြောင်းနှင့်  ခန္ဓာငါးပါးအကြောင်းတို့ ကို သိအောင် သင်ပေးခဲ့ ပါသည်။
ကိုယ့် ဘာသာအကြောင်း စ,တင် စိတ်ဝင်စားလာသူများနှင့် ၊ ကိုယ့် အတွက် ကိုယ်တကယ်ပင် ပြင်ဆင်တော့ 
မည့်  သူများအတွက် အလွယ်တကူ သိနိုင်ခဲလှသော ဗုဒ္ဓဘာသာတစ်ရပ်လုံး၏ အခြေခံ အကြောင်းအရာများ
ဖြစ်ပါသည်။ မကြာခဏ ကြားဖူးနေသော ခန္ဓာငါးပါးဆိုသည်မှာလည်း အမေက မွေးထုပ်ပေးထားသော အချိန်
နှစ်ဆယ်ဝန်းကျင်ခန့် ရှိ ခန္ဓာအိမ်ကြီးကို မဆိုလိုပဲ မျက်စေ့ တစ်မှိတ်၊ လျှပ်တစ်ပြက် အတွင်းမှာပင် ဖြစ်ပျက်
ပြောင်းလဲနေသော စိတ်၊ စေတသိတ်၊ နမ်၊ ရုပ်တို့ ၏ သဘောတို့ ကိုသာ ဆိုလိုကြောင်း မှတ်သားမိခဲ့ ရပါ၏။

မမရွှေစင်က သူ့ ဘဝမှာ ကြုံရင် ကြုံသလို တရား နာဖူးပါသည်ဟု ပြောသည်။ ဒီနေရာတွင်တော့  ကျွန်တော်
နှင့်  တူပါသည်။ ကြုံမှ နာ ဖူးသည်ဆိုတော့ လည်း တစ်ခါကြုံဖို့ အတွက် တရားပွဲကကြုံပေမယ့်  ကိုယ်က မကြုံနိုင်
သည်က ခပ်များများ ဆိုတော့ ဘဝမှာ တရားနာဖြစ်ခဲ့ သည့်  အချိန်လေးက နှစ်နာရီခန့် ရှိသည့် ရုပ်ရှင် ဗီဒီယို
တစ်ခွေ၏ နောက်ဆုံးပိတ် “ ပြီးပါပြီ ” စာတန်း ထိုးသလောက်တော့  ရှိနိုင်မည်ဟု မရဲတရဲပဲ ပြောချင်ပါသည်။
ထိုသို့ နာခဲ့ ဖူးသော အချိန်လေးတွေကို ပြန်လည်ချင့် ချိန်မိပြန်တော့  တစ်ခါဘူးမှ စိတ်ရှင်းရှင်း ၊စိတ်ဖြောင့် 
ဖြောင့် စိတ်အေးအေးဖြင့်  နာခဲ့ ဘူးသေးတာ မရှိသလောက်ဖြစ်နေခဲ့ ပါသည်။ နားက ထောင်မိနေသလောက်
စိတ်က ရောက်ချင်ရာ ရောက်နေခဲ့ ပါသည်။ သည်တော့  တရားပွဲ ပြီးတော့ လည်း သိသလိုလို၊ လိုလို နှင့် ပဲ
ဒုံရင်း ပြန်ရောက်၍ မူလထုံးစံအတိုင်း စိတ်ရောင်စုံ၊ အတွေးရောင်စုံ၊ ဇောရောင်စုံ တို့ ဖြင့် ပဲ ပြန်လည်လုံးပန်းမိ
ရင်း ဘဝရဲ့  အချိန်တွေကို အဖန်ဖန်ကုန်ဆုံးနေစေခဲ့ ပြန်ပါသည်။

တရားထိုင်ရပြီ ဆိုသည်နှင့်  အရင်ဆုံး ထူထောင်ရသည့်  ကမ္မဥာန်းမှာ ထွက်လေ၊ ဝင်လေ တို့ ကို သတိကပ်ပြီး
စောင့် ကြည့် ရှု့ မှတ်နေရသည့်  အာနာပါန ကမ္မဌာန်း ဖြစ်ပါသည်။ တစ်သံသယာလုံး ဘဝတလျှောက်လုံးမှာ
စက္ကန့် လေးတောင် မငြိမ်ခဲ့ သော စိတ်ကလေးကို ချဉ်တိုင်ဖြစ်သော နှာသီးဝ၊ နှာသီးဖျားကလေးတွင် စ, တင်
ချဉ်နှောင်ရန် ကြိုးစားရသည့် အလုပ်ဖြစ်ပါသည်။ ပထမဦးဆုံး လုပ်ကာစက အတော့် ကို မလွယ်ပေမယ့်  ရိပ်သာ
ဝင်လာကတည်းက သိချင် စမ်းချင်စိတ် ပြင်းပြင်းပြပြဖြင့် တက်ကြွနေသော စိတ်ဆန္ဒတို့  ဦးဆောင်နေ၍ မကြာ
သော အချိန်တွင်းမှာပင် ယောက်ယက်ခတ်နေသော စိတ်အာရုံတို့ က ကျွန်တော့် နှာသီးဝ၊ နှာသီးဖျားလေးမှာ
ပင် ချဉ်နှောင်မိလေတော့ သည်။ နားတို့ က ဝန်းကျင်မှ အသံမျိုးစုံတို့ ကို ကြားယောင်နေသေးသော်လည်း
မှိတ်ထားမိသော မျက်လုံးအိမ်ထဲမှာပင် ကျွန်တော့် နှာသီးဖျားရှိ ချွေးပေါက်ကလေးတွေမှာ ချွေးသီးလေးတွေ
သီးနေတာကိုတောင် မြင်ယောင်နေသလို ဖြစ်လာခဲ့ ပါသည်။ တစ်ကိုယ်လုံးရှိ အာရုံတို့  ငြိမ်စ ပြုလာပြီး နှာသီး
ဝ၊ နှာသီးဖျားတို့ ကို တွန်းတိုက်၍ ဝင်ထွက်နေသော ဝင်လေထွက်လေတို့ က ကျွန်တော့်  နားထင်နှစ်ဖက်မှာပါ
လာရောက် ရိုက်ခတ်မည်ဟီးနေသလို ဖြစ်လာခဲ့ ပြီး ငြိမ်သက်သွားသော တစ်ကိုယ်လုံးတွင် အကျယ်ဆုံး ကြား
နေရသည့်  အသံတို့ ဖြစ်လာသည်။မကြာခင် လောင်မြိုက်ပေါက်ကွဲတော့ မည့် ဝေဒနာ “ အဖြစ် ” တို့  မပေါ်လာ
မီ အရင်ဆုံး အေးချမ်းသွားသည့်  အဖြစ်ကလေး ဟုလည်း ဆိုချင်ပါသည်။ ဆက်လက် ပြောပြပါအုံးမည်။

အထက်က ပြောခဲ့ သလို ရိပ်သာ သုံးခါ ပြောင်းခဲ့ ရခြင်းမှာ မကျေနပ်၍ ဖြစ်ပါသည်။
ဘာဖြစ်လို့  မကျေနပ်ရပါသနည်းဆိုသော် ကိုယ်တိုင်ကိုက ဥာဏ်အားအလွန်နဲသောကြောင့် ဝိပဿနာအလုပ်
စခန်း၏ ပင်မ မဏ္ဏိုင်ဖြစ်နေသော ဖြစ်ပြီးတိုင်း ဖြစ်သမျှတိုင်း ပျက်ရသည်၊ ပျက်သည်ဆိုသည့်  “ ဖြစ်၊ပျက် ”ကို
နားမလည် နိုင်လွန်းသောကြောင့် ပါပဲ ။ ကျွန်တော်က သာမာန် လူပြိန်းတစ်ယောက်လဲဖြစ်နေသည်ကိုး။

မျက်စေ့ တို့ စုံမှိတ်၊ ခါးကို ခပ်ဖြောင့်ဖြောင့် လေးထားပြီး အသက်ရှုနေတာလေးကို သတိကပ်ပေးနေရင်းက မကြာသောအချိန်အတွင်းမှာပဲ ကျွန်တော့် ခန္ဓာအိမ်တစ်ခုလုံး နေရာအနှံ့  ရွရွမွမွလေးတွေ ဖြစ်လာပြီး
ကျွန်တော့် ခါးရိုးတစ်လျှောက် တဖြည်းဖြည်းနှင့်  နာကျင်ကိုက်ခဲသည့် ဝေဒနာတို့ ထိုးတက်လာပါတော့ သည်။
ဝေဒနာတက်သည်ဟုလည်း သုံးနှုန်းကြပါ၏။ ထိုမှတစ်ဆင့်  တင်ပြင်ခွေထားမိသော ခြေသလုံးအစုံကိုပါ
ကူးစက်လာတော့ သည်။ ဘယ်လောက်အထိ ဆိုးဝါးပါသနည်းဆိုသော် ကျွန်တော့် အရိုးတွေ အကုန်လုံး
မီးလောင်နေသော ထင်းချောင်းကြီးတွေလို ဖြစ်နေတော့ သည်။ အငွေ့ တွေ ထွက်လုမတတ် လောင်မြိုက်
လာသည့်  ဝေဒနာဖြစ်ပါသည်။ ထိုထို အချိန်နှင့်အမျှ ဖြစ်လာသော ဝေဒနာ အဖြစ်များကို ပျက်ပါသည်၊ ပျက်နေ
ပါသည်ဟု “ အပျက် ” ရှု့  ရသည့် အချိန်အခါပဲ ဖြစ်ပါသည်။ တစ်ခြားသူတွေတော့  ကျွန်တော်မသိ၊ ကျွန်တော့် 
အဖို့ တော့ မပျက်သည့် အပြင် တိုး တိုး လာခဲ့ ရသည်။ ကြာလာတော့  နာလာသည့် ခါးက မီးလောင်နေသည့် 
ထင်းချောင်းကြီးလို မီးခိုးတို့ ထွက်မတတ် ပူပြင်း လာရပါတော့ သည်။ မပျက်ပဲ တိုးလာသည့် အဖြစ်များကြောင့် 
ဇောချွေးတို့ တောင် ပြန်လာခဲ့ ရပါသည်။ စ, ထိုင်စဉ်က အာနာပါန အလုပ်ကလေးဖြင့်  ထူထောင်ထားခဲ့ သော
သမာဓိအား ( သမထ ) အားလေးတောင် ပျက်ချင်၊ လွင့်ချင်လာခဲ့ သည်။ မခံစားနိုင်လွန်း၍ စိတ်တို့  လျှော့ လိုက်
ပြီး ချက်ခြင်း ထ, ပစ်လိုက်ချင်စိတ်၊ ဖြုတ်ပစ်လိုက်ချင်စိတ်တို့ ပေါက်လာခဲ့ သည်။ ရှေ့ မှ ကမ္မဌာန်းဆရာ၏ ဖြစ်
လာသမျှ၊ တက်လာသမျှ ဝေဒနာတွေကို အပျက်ပဲ၊ ပျက်သွားပြီပဲ ဟု ရှု့ နေပါ၊ သိ ပေး နေပါ .. ဟူသော သတိပေး
သံကိုတောင် မကြားတစ်ချက်၊ ကြားတစ်ချက် ဖြစ်နေရရင်း၊ ငါယောင်္ကျားပဲ .. သူများရရင် ငါလည်း ရ, ရမယ်ဟု
ဇောစိတ်တို့ ဖြင့်  ပိုင်းဖြတ်ရင်း အချိန်စေ့ အောင် ဆက်လက် ပေထိုင်ပစ်လိုက်ပါသည်။ အသက်ရှုသံတို့ လည်း
ပြင်းသည်ထက် ပြင်းထန်လာပါသည်။ ရင်ခုန်သံတို့  မြန်ခဲ့ ပါသည်။ အေးချမ်းမှုကို တိုက်ပွဲတစ်ပွဲလို ဆင်နွှဲ၍ ရှာခဲ့ 
မိခြင်းပဲဖြစ်ပါ၏။

မည်မျှ ကြာသွားသည်မသိ။
ကမ္မဌာန်းဆရာ ဖြစ်သူ၏ “ ကဲ .. ယောဂီတို့ ..၊ အချိန်စေ့ ပြီ၊ ဖြုတ်လို နားလိုက နားနိုင်ဖြုတ်နိုင်ကြပါပြီ ” ဟူသော
အသံ ကြားမှ သတိတို့ ပြန်လည်ခဲ့ ပါသည်။ အသိစိတ်တို့  ခဏ ကွာသွားသလိုမျိုးပါပဲ။ ပြီးပြီ ဆိုတော့ ဝမ်းသာ
အားရဖြင့် ထ, ဘို့ လုပ်သည်။ ရုတ်တရက် ထ, မရပါ။ တင်ပြင်ခွေ အနေအထားနှင့်ပဲ လှုပ်မရတော့ ခြင်း ဖြစ်၏။
အထူးသတိထားပြီး စိတ်အာရုံတို့ ကို ခြေသလုံးကြောတို့ ထံ သတိဖြင့် ပို့ လွှတ်ရင်း ဖြည်းဖြည်းချင်းပဲ စ,လှုပ်
ကြည့် ရပါသည်။ အေးစိမ့် သွားသလို ဖြစ်ရသည်။ ထုံနာ၊ ကျင်နာ ဖြစ်ပြီး ပျောက်သွားသလိုမျိုး ဖြစ်သည်။

အမှန်က ကျွန်တော့်ခန္ဓာအိမ်ကြီး၊ အမေမွေးပေးထားသည့် အချိန်နှစ်ဆယ်ခန့် စီးသည့် ကိုယ်ကောင်ကြီးပေါ်
တွင် ဖြစ်ပေါ်ခဲ့ သည့်  ဝေဒနာစုံတို့ က တကယ်ပင် ရှု့ မှတ်နေရင်း ပျောက်ကင်း သက်သာ သွားသည်မဟုတ်ပဲ
အချိန်ကြာမြင့် စွာဖြင့်  အာရုံကြောတို့ ကို အတင်းဇွတ်ဖိထိုင်ထားခဲ့ ခြင်းကြောင့်  ထုံကျင်ပြီး ခဏ ပျောက်သွား
သလို ဖြစ်ခဲ့ ရခြင်း ဖြစ်ပါသည်။ အမှန်က ဘယ်ဝေဒနာမှ မပျောက်ခဲ့ ပါ။ ဝေဒနာမှန်သမျှ ရှိမြဲ ရှိနေသည်သာ
ဖြစ်သည်။ ထိုဝေဒနာတို့ က အကြိမ်ကြိမ် ထိုင်လိုက်တိုင်း ကျွန်တော့် မှာ အကြိမ်ကြိမ် တက် နေခဲ့ ရသည်။ ဤသို့ 
လုပ်ပါ ဖြစ်ပါများလျှင် လေဖြတ်တတ်သည်ဟုလည်း သိလာရပါသည်။

ရိပ်သာတို့ မှ အချိန်စေ့ ၍ ထွက်လာခဲ့ တိုင်း ကျွန်တော့် မှာ ပိန်ချုံးကျ သွားခဲ့ သည်။
ကျွန်တော့် ကို ကျွန်တော်လည်း အလွန်ဥာဏ်နည်းနေသည်ဟု သုံးသပ်မိသည်။ အဘယ်ကြောင့် ဆိုသော်
ဝိပဿနာအလုပ်သည် ဥာဏ်အလုပ်၊ ဥာဏ်စခန်း၊ ပညာအလုပ်၊ ပညာစခန်း သာဖြစ်သည်ဟု ဆိုသောကြောင့် 
ဖြစ်သည်။ ဝိပဿနာအလုပ်သည် ချမ်းသာသည်ဟု အခိုင်အမာဆိုသည်။ အားထုပ်ရင်း ဆင်းရဲနေရပြီ ဆိုလျှင်
တစ်ခုခုမှားနေသောကြောင့် ၊ ကိုယ်က အာစရိယ၏ မူကို သဘောမပေါက်သောကြောင့် ၊ လိုက်မမှီသေးသော
ကြောင့် ဟု ဆိုထားသောကြောင့်  ဖြစ်ပြီးမပျက် ဖြစ်ခဲ့ ရသည့်  ကျွန်တော့်အဖို့  ဖြစ်သမျှ ပျက်ရသည်ဆိုသည်ကို
အကြိမ်ကြိမ်လေ့ လာသင်ယူရအုံးမည်ဟုလည်း တွေးတော ဆင်ခြင်မိခဲ့ သည်။

ထို့ ကြောင့်  ကျွန်တော့်မိတ်ဆွေ ရေးဖက်စီနီယာဖြစ်သော မမရွှေစင်တစ်ယောက် ရိပ်သာဝင်တော့ မည် ဆို
သောအခါဝယ် ကျွန်တော်လည်း ကျွန်တော့်အဖြစ်ကိုသတိရပြီး မှားမှာစိုး၍ အလောတကြီး လှမ်းမှာခဲ့ ခြင်းဖြစ်၏။
သဘောမပေါက်ခဲ့ တော့ လည်း ဖြစ်သမျှကိုပျက်ပါသည်ဟု မကျေမနပ်နှင့် ပင် ကျွန်တော်လက်ခံခဲ့ ရရင်း
ရိပ်သာတို့ တောင် သုံးကြိမ်၊ သုံးခါ ပြောင်းရွှေ့ ခဲ့ ရဖူးပါသည်။

ယခုအချိန်ထိလည်း ဖြစ်သမျှတို့  ပျက်သည်ဆိုတာကို ကျေနပ်စွာ လက်ခံနိုင်ရန် ဆက်လက် လေ့ လာနေရဆဲ
ဖြစ်ပါသည်။ ထို့ ကြောင့်  ပညာစခန်း၊ ဥာဏ်စခန်းဖြစ်သော ဝိပဿနာအလုပ်သည် အလွန့် ကို ခက်ခဲနက်နဲလှ
သောကြောင့်  ကျွန်တော်လို ဥာဏ်မမှီသော၊ အထ နှေးသော သူ များ အလွယ်တကူ လက်လှမ်းလို့  မမှီနိုင်
သေးခြင်းဖြစ်ပါသည်။


သည် ဖြစ်ပြီး မပျက်ခြင်းများပထမဆုံးပို့ (စ) ကို အဆုံးသတ်မိချိန်တွင် ထိုင်ဝမ်ကျွန်းကြီးပေါ် ပထမဆုံး ထိုင်ဖုန်း
ဝင်သည့် အချိန်လည်းဖြစ်ခဲ့ ပါသည်။ မိုးတို့ ပါ ပါလာခဲ့ သော်လည်း သုံးလလောက် ဆက်တိုက်ပူနေခဲ့ သဖြင့် 
အပူရှိန်တို့ က ကြွနေဆဲ ဖြစ်သောကြောင့် လည်း အဲယားကွန်းလေးတော့  ဆက်သုံးရအုံးမည်ဟု တွေးမိရင်း
ဆေးထားသော ဇကာလေးကို ပြန်တပ်လိုက်သည်။ စဉ်းစားမိသည်က ကိုယ်လေ့ လာမိသလောက်တော့ 
အချေအနေပေးရင် ပေးသလောက် အချိန်ယူရင်း ဆက်ရေးကြည့် အုံးမည် ၊့ ဖြစ်ပြီး ပျက်သွားနေပါသည်
ဆိုသည့်  အကြောင်းများပါပဲ ...။

( အမှားတို့ လည်း ပါလာနိုင်သလို၊ အမှန်တို့ လည်း ရှိနေနိုင်ပါသည်။ ကျွန်တော်ရှာခဲ့ မိသော ဖြစ်ပျက်၏
ကိုယ်တွေ့  တစ်ခုကိုပဲ ပြန်လည်ဖောက်သည်ချပြီး ဆွေးနွေးသည့် သဘော ဖြစ်ပါသည်။ ဆရာလုပ်ခြင်း၊
တတ်ရောင်ကားလုပ်ခြင်း တို့  မဟုတ်ကြောင်း သိစေလိုပါသည်။ အမှန်ကို တိုက်ရိုက်တွေ့ ခဲ့ သူများ ရှိနေသလို
ကျွန်တော့် လို ဥာဏ်နဲလွန်းသောကြောင့်  တစ်ဝဲလည်လည် ဖြစ်နေရသူများလည်း ရှိနေနိုင်သည်ဟု ထင်မိ
သည့်အတွက်ကြောင့်လည်း သည်လို ပို့ (စ) မျိုးကို မရဲတရဲဖြင့်  စ, ရေးခဲ့ မိခြင်း ဖြစ်ပါကြောင်း ....။ )


...........................................................................................................................................


( ဆက်ရန် )







Friday, June 24, 2011

မျက်ရည်များဖြင့် ပြုံးစေသူ ( ၂ )

စင်္ကာပူသို့  ဝင်ချင်သူများအတွက် လိုအပ်သော ဗီဇာရရန် စာရွက်စာတန်းများ ရောက်လာလျှင် ဧည့် သည်ကို
စင်္ကာပူ သံရုံးသို့  ကျွန်တော် လိုက်ပို့ ပေးရသည်။ တစ်ခါတစ်ရံ ကျောင်းဗီဇာ၊ တစ်ခါတစ်ရံ အလည်ဗီဇာ၊ တစ်ခါ
တရံ သင်္ဘောတက်ဖို့  ဗီဇာများ တောင်းပေးရသည်။ ဤကိစ္စကတော့  ဘုရားတ,ရသည်မှအပ ဘာမှ အန္တရာယ်
မရှိပါ။ ဗီဇာကြေး ဘတ်ငါးရာ သွင်းရသည်။ ဖောင်ဖြည့် ရသည်။ စာရွက် စာတန်းများ တင်ထားခဲ့ ရသည်။ ရက်
ချိန်းတောင်း၍ စောင့် ရသည်။ ပြီးလျှင် လေယဉ်လက်မှတ် အသွားအပြန် ဝယ်၍ တင်ပြရသည်။ လိုအပ်လျှင်
အဝင်အထွက်ရက်ကိုပါ လေယဉ်လက်မှတ်၌ တစ်ပါတည်း တပ်ထားပေးရသည်။ ပထမတော့  ကျွန်တော်
နားမလည်နိုင်။ တကယ်ပင် လေယဉ်လက်မှတ် ကိုယ်စားလှယ်ရုံးသို့  သွားကာ ဝင်မည့် ရက်၊ ထွက်မည့် ရက်ကို
ကပ်လာခဲ့ ၏။ နောက်တော့  ကျွန်တော့်အစ်ကိုက ထိုသို့  လုပ်ရန်မလိုကြောင်း ရှင်းပြသည်။ လေယဉ်လက်မှတ်
ပေါ်၌ ကပ်သော စီးမည့် ရက်များအတွက် စတေကာဝယ်၍ ကိုယ်လိုသည့်  ရက်ကို ကပ်လိုက်ရုံသာဟု အကြံ
ပေးလာသည်။ သို့ မှသာ ဗီဇာရမည့် ရက်နှင့် သွားမည့်ရက် ကွာဟနေလျှင် လက်မှတ်ကို ကြိုတင်ခရီးစဉ်
ပြောင်းရွှေ့ ရန် လုပ်စရာ မလိုတော့ ဟု သိလာရသည်။

ဘန်ကောက်ရှိ စင်္ကာပူသံရုံးမှ တာဝန်ကျသူ ဒေါ်ဂျမ်းဘုံမှာတော့  ကျွန်တော်တို့  ညီအစ်ကို၏ မဟာပြိုင်ဘက်ကြီး
ဖြစ်ပါတော့ သည်။ အဟောက်၊ အငေါက် အလွန်ကြမ်းသည့် အပြင် တော်ရုံတန်ရုံ သူ့ ဘာသာ ဆုံးဖြတ်ပြီး ဗီဇာ
မပေးပဲ ပြန်လွှတ်တတ်သည်မို့  ကျွန်တော်တို့ က ဒေါ်ဂျမ်းဘုံဟု အမည်ပေးထားသော ထိုင်းအဒေါ်ကြီး ဖြစ်၏။

ဤနေရာ၌ စင်္ကာပူ လ.ဝ.က ၏ နိုင်ငံခြားဆက်ဆံရေးကို ကျွန်တော် နည်းနည်းသဘောပေါက်လာခဲ့ သည်။
စင်္ကာပူ လ.ဝ.က သည် အာရှသား ပီသစွာဖြင့်  အနောက်ကမ္ဘာသူ ကမ္ဘာသားများအပေါ် တွင် လွန်ကဲစွာ တာဝန်
ကျေလျက်၊ အရှေ့ တောင်အာရှသားများအပေါ်၌ တင်းကျပ်လွန်းသော လူဝင်မှုဥပဒေကို ပြထားရှာသည်။
ဘန်ကောက်ရှိ စင်္ကာပူ သံရုံးသည် အာရှနိုင်ငံသားများ အဓိက ဝင်ထွက်ရာ ဌာနတစ်ခုဖြစ်သည်။ ထိုနေရာမျိုး
တွင် အပေါက်ဆိုးဆိုး၊ သဘောဆိုးဆိုး၊ မျက်နှာထားဆိုးဆိုး အမျိုးသမီးကြီးကို အာဏာ အပြည့်ပေးထားခြင်းဖြင့် 
တော်တန်ရုံ ဗီဇာလိုချင်သူများ တပ်ခေါက်ရလေ၏။

ထို တပ်ခေါက်ရသူများကြားတွင် အောင်ပွဲဆင်နိုင်သူက ကျွန်တော့် အစ်ကိုပင် ဖြစ်သည်။ သူ့ ဝါဒက ရှင်းသည်။
မရမချင်း ဝါဒ ဖြစ်သည်။ ဒေါ်ဂျမ်းဘုံက အထောက်အထားမစုံဟု အကြောင်းပြခွင့် ရအောင် စာရွက်စာတန်းကို
တမင်ချန်ထားသည်။ ငြင်းပယ်လျှင် ထိုအကြောင်းပြချက်ကြောင့် လားဟုဆိုကာ လိုအပ်နေသော စာရွက်
စာတန်းကို ထုပ်ပြသည်။ မရသေးလျှင် ဘာကြောင့် နည်းဟု အဖြေတောင်းသည်။ တာဝန်ရှိသူနှင့်  တွေ့ ခွင့် 
တောင်းသည်။ ကြာတော့  ဒေါ်ဂျမ်းဘုံ မခံနိုင်တော့ ။ အနည်းဆုံး သုံးရက်ဗီဇာတော့  ပေးလိုက်ရတော့ ၏။
ဒေါ်ဂျမ်းဘုံထံမှ အဆင်မပြေ၍ သံမှုးနှင့်  မကြာခဏ ဝင်တွေ့ ရသည့်  ဖြစ်ရပ်မျိုး ခပ်များများလေး ဖန်တီးပေး
လိုက်သောအခါ ကျွန်တော့် အစ်ကိုအား ဒေါ်ဂျမ်းဘုံ လန့် ရှာတော့ သည်။ နောက်ပိုင်း ကျွန်တော့်အစ်ကို ကိုင်
ဆောင်လာသော ဗီဇာဖောင်ဆိုလျှင် သူ မညစ်တော့ ။ လိုအပ်သလို စစ်ဆေးပြီး လေယဉ်လက်မှတ်တောင်းကာ
ဗီဇာ ပေးလိုက်တော့ သည်။

ဤသို့ ဖြင့်  ၁၉၉၈ - ၉၉ ဝန်းကျင်တွင် စင်္ကာပူ၌ “ ကိုသားကြီး ” ဟူသော ကျွန်တော့် အစ်ကိုသည် နာမည်တစ်
လုံးဖြင့် ထင်ရှား၍ ဝင်ငွေ ဖြောင့် တန်းလာပါတော့ ၏။

ဘန်ကောက်၌ ထိုလုပ်ငန်းကိစ္စများ ကျွန်တော် ဆောင်ရွက်ပေးနေစဉ် ဖိုင်တို့  သားအမိကို ကျွန်တော် သုံးလေး
ကြိမ် သွားရှာသည်။ Latphro ( 120 ) လမ်းထိပ်မှ သင်္ဘောသီးထောင်း ရောင်းသော ကျွန်တော့် မိတ်ဆွေ
လင်မယားထံမှ သတင်းသဲ့ သဲ့  ကြားရသည်မှာ ဖိုင်တို့  မဟာထိုင်လမ်းသို့  ပြောင်းရွှေ့ သွားသည့်  သတင်းဖြစ်၏။
ဖိုင်တို့ က အရင်စက်ရုံမှာလည်း မလုပ်ကြတော့ ။

ကျွန်တော် ဆိုင်ကယ်ငှားပြီး မဟာထိုင်လမ်းမကြီးမှ ဆိုင်ကယ်ကယ်ရီဂိတ်များသို့  လျှောက်ပတ်ကာ ဖိုင်၏ ဓါတ်ပုံ
ကို ပြ၍ မေးကြည့် သည်။ သိသလို ရှိ၍ အတိအကျ မသိကြ။ မဟာထိုင်လမ်းမကြီးကလည်း အလွန်ရှည်လျားလှ
ပါသည်။ Latphrao မှ ဝင်သွားလျှင် ဟိုးအဆုံး၌ နာ့ လမ်းနှင့်  ဆက်သွား၏။ နာ့ လမ်းမှာ အမျိုးသား အားကစား
ကွင်းကြီးနှင့်  တည့် တည့် ကျ၍ ရခမ်ဟမ်းတက္ကသိုလ်၊ နာ့ လမ်း တက္ကသိုလ်များသို့  တိုက်ရိုက်ရောက်သည်။
မဟာထိုင်လမ်းမကြီးပေါ်မှာပင် လမ်းခွဲ လမ်းသွယ်တွေက ခပ်များများ ရှိ၏။

တပ်တိယမြောက်အခေါက်၌ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တော့ သည်။ ယခင် ဖိုင်တို့  အိမ်နားမှ ဈေးရောင်း
သော ဦးလေးကြီးသည် ကျွန်တော့်အား ခင်၏။ ကျွန်တော် သူ့ ကို အရင်သွားတွေ့ ပြီး လက်ဆောင်ပစ္စည်းများ
ပေး၍ ဖိုင်တို့ ထံ ပို့ ခိုင်းမည်။ လူချင်း တွေ့ ခွင့် တောင်း၍ လက်ခံလျှင် ဖိုင်နှင့် ဦးစွာ တွေ့ လိုသည်။ ဖိုင်နှင့် မတွေ့ 
ရလျှင် ဖိုင့် အဖေနှင့်  တွေ့ ချင်သည်။ ထိုတောင်းဆိုချက်များဖြင့်  ကျွန်တော် လက်ဆောင်ပစ္စည်းများ ဝယ်ကာ
ဦးလေးကြီး ဈေးရောင်းပြန်လာမည့် လမ်းမှာ သွားစောင့် နေလိုက်၏။ သူ ကျွန်တော့်ကို တွေ့ သည့် အခါ အံ့ သြ
နေသည်။ သူ ပြောသည်က ... ကျွန်တော် ဘယ်တော့ မှ ပြန်လာတော့ မည်မထင်ကြောင်း၊ ဖိုင်တို့  သားအမိ
အတော်ပင် ဒုက္ခရောက်နေကြကြောင်း၊ ဖိုင်က ခေါင်းမာသဖြင့်  နောက်အိမ်ထောင် ပြုခိုင်းလို့ လည်း မရကြောင်း
အခု ဖိုင့် ကို တွေ့ လိုစိတ် ရှိမရှိ သူမေးကြည့် ဦးမည့်  အကြောင်းများ ပြောကာ ကျွန်တော့်လက်ဆောင်ပစ္စည်း
များကိုလည်း လက်မခံရဲသေးကြောင်း ပြောပြပါ၏။ မှန်ပါသည်။ ကျွန်တော် သစ္စာပျက်နေသည်ကိုး ။ ကျွန်တော်
က ဦးလေးကြီးအား ကျွန်တော်နေသောအိမ်မှ ဖုန်းနံပါတ် ပေး၍ ပြန်လာခဲ့ သည်။ ထိုညမှာပင် ဖိုင့် အဖေမှ
ကျွန်တော့် ဆီ ဖုန်းဆက်လာ၏။ စ,တင်၍ နှုတ်ဆက်လိုက်သည်က ကြေကွဲစရာ။

“ သားလား ... သားရယ် ဘာလို့ အဖေတို့ ဆီ မလာတာလဲကွာ၊ သားလာခဲ့ ပါ၊ အဖေ အားလုံး တာဝန်ယူတယ်၊
လာခဲ့ ပါ သားရယ် ” တဲ့  ။

ည ဆယ်နာရီမှာပင် ကျွန်တော် ဖိုင်တို့ ရှိရာသို့  ကားငှား၍ ထွက်လာခဲ့ သည်။
ဖိုင်သည် ကျွန်တော့်ကို မကြိုဆို။ သူ့ ရင်သွေး ကျွန်တော့်သမီး စူဒါနမ်ကို ပွေ့ ဖက်၍ မျက်နှာထားတင်းတင်းဖြင့် 
ကြည့် နေ၏။ ကျွန်တော်က ဖိုင့်အချိုးကို သိပြီးလေပြီ။ ဖိုင့် အဖေက ကျွန်တော့် ကို ကြိုလာခဲ့ သည်။

ကျွန်တော်က “ ဘာဖြစ်နေတာလဲ၊ မျက်နှာက ”ဟု ပြောပြီး ဖိုင့် ခေါင်းကို ပုတ်ထည့် လိုက်၏။
“ အလိုလေး... ဒါ မယားရပြီးတဲ့  ရုပ်ပဲ၊ ကြည့် ကြဟေ့  ... ကြည့် ကြ ”
“ ဖိုင် .. ရူးနေသလားဟ ”
“ ဟုတ်ပါ့  .. ဟုတ်ပါ့ တော်၊ ကျွန်မ ရူးနေပါရဲ့  ၊ ဟွန်း .. သေချာပါပြီ၊ ဒါမယားသစ် ရထားတဲ့  ရုပ်ပါပဲ ”

တကယ်တော့  ဖိုင်သည် သူ့ မိသားစုနှင့်  ကျွန်တော် အကျွမ်းဝင်စေရန် ရယ်ရွှန်း ဖတ်ရွှန်း ပြောနေခြင်း ဖြစ်၏။
ကျွန်တော်က ဖိုင့် အမေကို လက်အုပ်ချီ၍ ဆာဝါဒီခပ်ဟု နှုတ်ဆက်သည်။ ဖိုင့် ညီမ နှစ်ဦးနှင့် တူမ နှစ်ယောက်
ကိုတော့ ပြုံးရင်း နှုတ်ဆက်လိုက်သည်။ ထို့ နောက် ကျွန်တော့် သမီး စူဒါနမ်ကို ကြည့် လိုက်၏။

ဖိုင် ကျွန်တော့်ကို ကြောက်လန့် တကြား ထွက်ပြေးရခြင်း၏ ရင်းမြစ်ကို ကျွန်တော် သိလိုက်တော့ သည်။ စူဒါနမ်
သည် ကျွန်တော် ဖြစ်နေသောကြောင့် ပါတည်း။ ကျွန်တော့် မျက်လုံး၊ ကျွန်တော့်မျက်နှာ၊ ကျွန်တော့် အသား
အရည်ဖြင့်  ကျွန်တော့် အဖေ၏ ဆံပင်တွန့် လေးများ ပိုင်ဆိုင်ထားသော စူဒါနမ်ကို ကြည့် ၍ ကျွန်တော် ခေါင်းခါ
ရမ်းနေမိသည်။

ဖိုင် ...
ဖိုင်သည် အားငယ်သောမျက်ဝန်း၊ ရှုံးနိမ့် သူ၏ မျက်ဝန်း၊ ခံရခက်သည့်  မျက်ဝန်းများဖြင့်  ကျွန်တော့် ကို ကြည့် 
နေ၏။ ပြုံးရခက်ခက်၊ ငိုရခက်ခက် ဖြစ်နေရှာသည်။

အေး ...
ဇနီးအေးသည်လည်း ကျွန်တော် ပြည်ပ ထွက်ခါနီးတွက် ဤသို့  ကြည့် လာဖူး၏။ ဤသို့  ပြုံးပြခဲ့ ဖူး၏။

ကျွန်တော် ဖိုင့် ကို လက်ဖဝါးညှစ်ကာ ခေါင်းခါယမ်းရင်း စကားတစ်ခွန်း ပြောချလိုက်ပါသည်။
“ ကျွန်တော် သမီးကို ဘယ်တော့ မှ ယူမသွားပါဘူး ဖိုင်။ ကျွန်တော့်  သစ္စာစကားပါ ”
ဖိုင် ပြုံးလာသည်။ ဖိုင့် အဖေနှင့်  အမေလည်း ပြုံးကြသည်။ မည်သူတွေ ထပ်ပြုံးကြသည်ကိုတော့  ကျွန်တော်
မသိတော့ ။ ကျွန်တော်သိသည်မှာတော့  ဖိုင်တို့ နှင့်  ဝေးရာသို့  နှစ်ပေါင်းများစွာ ကျွန်တော် ပြေးထွက်နေရဦး
မည်ကိုပဲ ဖြစ်ပါသည်။

စူဒါနမ်ကို ကျွန်တော် စိတ်ချလေပြီ။
စူဒါနမ်နှင့်  ဖိုင်တို့ အတွက် အကောင်းဆုံးဝတ်ကျင်းသည် သည်မိသားစုသာ ဖြစ်၏။ ကျွန်တော်က သူတို့ ၏
ခရီးသွား မိသားစုဝင်မျှသာ ဖြစ်၏။ သည့်နောက်မှာတော့  ကျွန်တော် တတ်စွမ်းသော ထောက်ပံ့ မှုများဖြင့် 
ဖိုင်တို့ အိမ်၌ တယ်လီဖုန်း တပ်ဆင်ပေးခဲ့ သည်။ ငွေကြေး ထိုက်တန်သလောက် ပေးခဲ့ သည်။ ပြီးတော့ 
ဖိုင်နှင့်  ခွဲကာ ကျွန်တော် ခရီးနှင်ရပြန်လေပြီ။

ဖိုင်သည် ကျွန်တော့် ကို ဘာမှ မမေးတော့ သလို၊ ဘာမှလည်း မတောင်းဆိုတော့ ။ ဖိုင်သည် ကွဲအက်ကျေပျက်
ခဲ့ သော ဘဝခရီးသည် ဖြစ်သည်။ သူသည် ထိုဘဝကြီးထဲ၌ ကိုယ်ကျိုးမဲ့ စွာ ခရီးနှင်နေရရှာသည်။ သူ့ အတွက်
သူ အသက်ရှင်နေခြင်းမဟုတ်။ မိသားစုအရေး၊ သမီးရဲ့  အရေးများအတွက် ခရီးဆက်နေရှာသူ ဖြစ်၏။ ကျွန်တော်
သည် သူနှင့်  အလွန်ဝေးကွာသောသူ ဖြစ်ခဲ့ လေပြီ။

သူ့ ကို ကျွန်တော် တွေးကြည့် သည်။ မနက်ရှစ်နာရီ အလုပ်ခွင်သို့  ဝင်မည်။ လမ်း၌ မနက်စာကို တက်သုတ်ရိုက်
၍ စားအုံးမည်။ နေ့ လည် ၁၂နာရီ ထမင်း ပြန်လာစားမည်။ ညဘက်မှာ အချိန်ပိုရှိလျှင် ရှစ်နာရီခွဲအထိ ဆင်းမည်။
ပြန်လာလျှင် သမီးနှင့် တကွ သူ့ တူမများ၊ မိဘ မောင်နှမများနှင့်  ထမင်းလက်စုံစားကာ တစ်နေ့ တာ ဖြတ်သန်း
မှု ဇာတ်သိမ်းလိုက်မည်။ သူ့ ဘဝအတွက် ကျွန်တော်သည် ဘယ်အခန်းကမှ မလို။ သူ့  ရင်ထဲမှာတော့  ရှိနေပါ
လိမ့် မည်။ အမုန်းဖြင့်  ရှိနေသည်လည်း ဖြစ်ချင်ဖြစ်မည်။ အချစ်နှင့်  ရှိနေသည်လည်း ဖြစ်ချင်ဖြစ်မည်။ အပြင်
ဘဝတွင်မူကား ကျွန်တော်သည် ဘာမှ အသုံးမဝင်တော့ ပြီ။

ကိုယ့် အတ္တကိုသာ ကိုယ်ချစ်သော ကျွန်တော်လိုလူအတွက် ဖိုင့် မှာ နေရာ မရှိတော့ ပါလျှင် လွန်စွာမှန်ကန်လှ
ပါသည်။

တွေ့ စက ဖိုင်သည် ကျွန်တော့် ထံမှ တောင်းပန်စကားလေး၊ ချစ်ခွန်းတုံ့ တင်စကားလေး ကြားချင်မည်လားမသိ။
ကျွန်တော်ကမူ မပြော။ ပြောဖို့ လည်း ခက်လှ၏။ ကျွန်တော့် မှာ မာန ရှိသည်။ ပေးသမျှ အပစ်ကို ခံလိုက်မည့် 
မာန ဖြစ်သည်။ တောင်းပန်စကားဖြင့်  သူ့ နှလုံးသားထဲကို ဝင်မတိုးချင်။ ဤသည်ကပင် ဖိုင်ချစ်ခဲ့ သော“ အဒါ ”
ဖြစ်သည်။ “ အဒါ ” ကြွေးကြော်ခဲ့ ဘူးသောစကားကို ဖိုင် မှတ်မိပါလိမ့် မည်။

“ ဤကမ္ဘာဝယ် “ အဒါ ” အား မုန်းနိုင်သူသည် “ အဒါ ” မှ လွဲ၍ မရှိ ” ဟူသော စကားဖြစ်သည်။ ဤစကား
အတွက် “ အဒါ ” ပြုကျင့် ရသော စိတ်ထားများနှင့်  တာဝန်ယူရသော ဆောင်ရွက်ဖွယ်ရာများက များလှပါသည်။
ကောက်ကျစ်မှုကို နင်းဖျက်ချေမှုန်းပစ်ရသည်။ သူတစ်ပါးအကျိုးကို ဦးစားပေးရသည်။ ကိုယ့် ကိုယ်ကို ဆုံးမ
စကားများ အစဉ်မိန့် ကြားနေရသည်။ “ အဒါ ” သည် ကိုယ့်နှလုံးသားကို ဆေးကြောနေရပါသည်။

ယခု အခါမှာလည်း စူဒါနမ်ကို ဖိုင့် အား အပြီး ပေးလှုရပြန်ပြီ။
စူဒါနမ်သည် ကျွန်တော် အားလေး အနည်းငယ် စိုက်ထုပ်လိုက်ရုံမျှဖြင့်  ကျွန်တော့်  မိဘထံ ရောက်သွားပါမည်။
ဤကိစ္စမှာ ကျွန်တော့် အတွက် ဘာမှ မခက်။ ခက်သည်က ကျွန်တော့် နှလုံးသား၏ ဆန္ဒ ဖြစ်သည်။ ဖိုင်သည်
ကျွန်တော်နှင့်  အလွန်ကွာခြားသောဘဝ၌ ရုန်းကန် ကျင်လည်နေရရှာသည်။ ဖိုင်၏ တစ်လစာဝင်ငွေသည်
ကျွန်တော် လူတစ်ယောက်ကို ဗီဇာလျှောက်ပေးခ ရသည့်  ဝင်ငွေထက်နည်းပါးလှသည်။ ဖိုင့်အချေအနေကိုမူ
အသေးစိပ်မပြောတော့ ။

ကျွန်တော် စင်္ကာပူသို့  ခေါ်ကြည့် သည်။ ဖိုင် မလိုက်ချင်။ ဟန်ဆောင်ကာဖြင့်  လိုက်မည်လေးတော့ ပြပါသေး
သည်။ စူဒါနမ်ကိုပါ ကျောင်းထားလို့ ရသည်ဆိုတော့  ဖိုင်သည် မူလ သံသယကို ပြန်ကိုင်စွဲ၍ ကျွန်တော့် ဖိတ်
ခေါ်မှုကို ငြင်းတော့ သည်။ ဖိုင့် မိဘများကလည်း သဘောမကျချင်တော့ ။ သူတို့  စိတ်စွဲနေသည်မှာ စူဒါနမ်ကို
ကျွန်တော် ခေါ်သွားမည့် အစွဲဖြစ်သည်။ “ အဒါ ” သည် အကြံကြီး၏။ လုပ်ချင်တာလုပ်၏။ ဥာဏ်များ၏။ လူပေါင်း
ဆန့် ၏။ စသည်များကို သူတို့  တွက်ဆ မြင်ထားပြီးလေပြီ။ “ အဒါ ” သည် ယခင် “ အဒါ ” မဟုတ်တော့ ။
ထို့ ကြောင့်  သူတို့ မယုံရဲတော့  ။

ဖိုင်ကတော့  တစ်ခွန်း ပြောပါသည်။
“ နမ့် ရို မရှိရင် အမေတော့  သေမယ်၊ ဖိုင်လည်း သေမှာပဲ ” ဟု ပြောဖူးသည်။ သမီးကို သူတို့ က အိမ်နာမည်
“ နမ့် ရို ” ဟု ခေါ်ကြသည်။

ကျွန်တော် ဘာကြောင့်  သူတို့ နှင့်  မဝင်ဆန့် သည်ကို စဉ်းစား ကြည့် မိပြန်သည်။ ထို့ အတူ ကျွန်တော့် သမီး
ကျတော့ ဘာကြောင့်  သူတို့ နှင့် ဝင်ဆန့် နေရသည်ကို စဉ်းစားမိပြန်သည်။ ထို့ အပြင် ကျွန်တော် သူတို့ နှင့် 
ဝင်မဆန့် ခြင်းက ထာဝရဖြစ်၍၊ သမီး သူတို့ နှင့်  ဝင်ဆံ့ ခြင်းက ထာဝရဖြစ်နေမည့် ကိစ္စကို တွေးမိပြန်၏။

ကျွန်တော့်အတွက် စိတ်ခံစားချက် အသစ်ဖြစ်ပါသည်။
ကျွန်တော်နှင့် ဖိုင်တို့ သည် မမုန်းကြ။ သို့ ပါလျက် နှော၍မရ။ သမီးနှင့် ကျွန်တော်သည်လည်း ထို့ အတူ ဖြစ်နေ
ပြန်၏။ သမီးက ဘန်ကောက်သူ အစစ်။ ကျွန်တော်က ဧည့်သည်။ နောင်တွင် သည့် ထက် ပို၍ ကွဲပြားရတော့ 
မည်။ သမီးသိသည့်  ဘာသာစကား၊ ဝန်းကျင်၊ ဓလေ့ ၊ လူမျိုး၊ နိုင်ငံ တို့ သည် ကျွန်တော်နှင့် သမီးကို ပို၍ ဝေး
ကွာစေတော့ မည်ကိုး ။

ဖိုင်မှ လွဲ၍ တခြားလူတို့ သည် သမီးအား ကျွန်တော်သည် တရားမဝင် နိုင်ငံသားတစ်ဦးဟု ပြောကြလေဦးမည်။
သမီး မည်သို့  ခံစားရမည်နည်း။ အဖေ ဆုံးရှာပြီ ဆိုလျှင်ပင် ကောင်းဦးမည်လားမသိ။ ထိုအတွေးတို့ သည်
ကျွန်တော့် ရင်ကို ဆောင့် ၏။ မျက်ရည်ဝဲ၏။ သို့ ရာတွင် ကျွန်တော် မငိုဝံ့ ။ အဖေ ဆုံးစဉ်ကပင် ကျွန်တော်သည်
မျက်ရည်ကို နှိပ်ကွပ်ခဲ့ ပြီးပြီ။ ယခု ရင်သွေးကျမှ ငိုလျှင် ကိုယ့် ဝါဒ ကိုယ် သစ္စာဖောက်ရာကျမည်။ ရှေ့ တွင်
ဘာတွေ ကြုံဦးမည်မသိသေးပဲကိုး။ ဤကိစ္စဖြင့်  မျက်ရည်ကျပါလျှင် “ အဒါ ” သည် လူပျော့  လူညံ့  ဖြစ်ချေမည်။
မငိုသေး ။ “ အဒါ ” မငိုသေးပါ ..။

ထို မျက်ရည် ကျလုလု ခံစားချက်ဖြင့်  ကျွန်တော် ကိုယ်ချင်းစာမိသည်က ဖိုင်နှင့်  ဇနီးအေးကို ဖြစ်ပါသည်။
သူတို့  နှစ်ဦးစလုံးသည် ကျွန်တော့် ကြောင့်  မျက်ရည်များဖြင့်  ကြည့် ခဲ့ ကြသည်။ ယခုတော့  ကျွန်တော်သည်
ချစ်သမီး စူဒါနမ်ကြောင့်  မျက်ရည်ကျလုလုဖြင့်  ပြုံးကြည့် ခဲ့ ရသည်။ ကျွန်တော့် အား “ စူဒါနမ် ” သည် မျက်
ရည်များဖြင့်  ပြုံးစေခဲ့ သူတည်း..။



( ဆက်ရန် )

...................................................................................................................

မှတ်ချက် ။ ။ ဆရာမာန် ( တောင်လုံးပြန် ) ၏ ဝတ္ထု ဖြစ်ပါသည်။