Sunday, June 14, 2009

ကျွန်တော်တို့ရဲ့  ဝိုင်းကလေး ( ၂ )

..ကျွန်တော်တို့ ရဲ့ ဝိုင်းကလေး ဖြစ်တည်နေသောနေရာ အိမ်ကလေးသည် အထက်တန်းကျောင်းတစ်ကျောင်း၏ မျက်စောင်းထိုး ခြောက်ထပ်တိုက် အပေါ်ဆုံးတွင် ရှိပါသည်။ တိုက်၏ အမိုးမျက်နှာကျက်ပေါ်တွင် အခန်းဖွဲ့  အဆောင်ထုပ်ထားခြင်း ဖြစ်ပါသည်။
( တရုပ်လို ကျားကိုက် ပေါ့ ဗျာ ) အမိုးမျက်နှာကျက်ဆိုတော့  ကျယ်ကျယ် ဝန်းဝန်း ရှိသည်၊လေသာဆောင် စင်္ကြန်လေးလဲ
ပါနေတော့  မွန်းကျပ်မူတို့  မဖြစ်တော့ ။ ထို့ ကြောင့်  လောင်မြိုက်တတ်သော နွေရာသီညများတွင် အလွန်တန်ဘိုးရှိသော
နေရာလေး တစ်ခု ဖြစ်နေပါတော့  သည်။ထိုညများရောက်တိုင်း အမြဲတန်း ယိုင်နဲ့  နေတတ်သော စားပွဲလေးပေါ်တွင်၊
စာသင်ခြင်း၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်စားသောက်ခြင်း၊ ပိုကာဆော့ကစားခြင်းများကို ကျွန်တော်တို့ စုဖွဲ့ ပြုလုပ်လေ့ 
ရှိပါသည်။
...........................................................................................................................................................................
သည်နေ့ အလုပ်ထဲတွင် အတက်၊အဆင်း များလာ၍ ခြေလက်တို့  မသယ်နိုင်တော့ ၊ အပေါ်ဆုံးထပ်သို့  မရောက်မချင်း၊
ကျွန်တော့် ကိုယ်ခန္ဓာတစ်ခုလုံး အတွဲလိုက်ပါလာအောင် လေးလံသောခြေလှမ်းများဖြင့်  ကြိုးစား ၍ လှေကားကို
တထစ်ချင်း တက်လာခဲ့  ရသည်။
လှေကား စ တက်ကတည်းက ကျွန်တော်တို့ ကျားကိုက်ဆီမှ မီးဖိုချောင် ကြော်လှော်နံ့  တို့ကလှေကားအတိုင်း ထိုးဆင်း
လာနေပြီး ကျောင်းမျက်နှာချင်းဆိုင်ရှိ ဆိုင်များနှင့် အပြိုင် ဖြစ်နေတော့သည်။
"တဒေါင်ဒေါင်" နှင့် စီ ကနဲ ရောင်းမနှင့်ဒယ်အိုးခေါက်သံ ကြားရသည်နှင့် ကိုသန်းတွန်း၏ ကြက်ဥကို ပယ်ပယ်နယ်နယ်
ကြော်လိုက်သည့် အသံဟု ကျွန်တော် အတတ်သိလိုက်သည်။
( ကိုသန်းထွန်းကို ကျွန်တော်က ညောင်run သန်းတွန်း ဟုခေါ်သည်၊ ပိုကာ ဆော့တိုင်း ရမ်းစဉ်ကို ဦးစားပေးရှာတတ်ပြီး
သူတကာကို အမြဲတမ်းဂျောက်တွန်း ချွန်တွန်း လုပ်တတ်လွန်းခြင်း၊ ညောင်ရမ်းဘွဲ့ ကတော့ အမြဲတန်း သောက်
ရမ်းလုပ်တတ်လွန်းသောကြောင့် )
.......................................................................................................................................................................
်တံခါးတွန်းဖွင့်ဝင်လိုက်လျင်ပဲ တံခါးဝနှင့်  တည့် တည့်  မီးဖိုချောင် ကျဉ်းကျဉ်းလေးထဲတွင် ကိုမြစ်ကျိုး၊ မျိုးကြီး၊ ကိုသန်းတွန်း
တို့ သုံးယောက်ကို ရင်ပေါင်တန်းပြီး အလုပ်ရူပ်လျက် ရှိသည်ကို တွေ့ ရသည်။ ဖြိုးကြီးက " ဘာလဲဗျ၊ ဒီနေ့ လဲ ပြန်လာပြန်
ပြီလား "ဟု ကျွန်တော့် ကို လှန်းကစ်သည်။ ကျွန်တော်က အားလုံးကို အလေးပြု၍ အခန်းထဲ ခပ်ကုတ်ကုတ် ဝင်ခဲ့ သည်၊
ဆရာမလေးက ဟင်းစီစဉ်ခိုင်း ထား၍ ဖြစ်မည်။ ဒီနေ့  ကျူရှင် ရှိသည်လေ။
........................................................................................................................................................................
အရင်တုံးကတော့  ကျွန်တော်က အိုးသူကြီး ရာထူးကို အချိန်အတော်ကြာ ထိန်းထားနိုင်ခဲ့ ပါသည်။
အဲဒီတုံးကတော့ " ခုနှစ်ရက် သားသမီးအပေါင်းတို့ ၊ရေကိုသတိလေးကပ်ပြီး ဖြေးဖြေးချင်း သွန်ပါ၊ သို့ မဟုတ်ပါက
ကျိုးသွားသောမြစ်ကဲ့ သို့ အမြဲတန်း အင်းဖြစ်နေပါလိမ့် မည်ဟု ဆြာကြီးလေသံနှင့် ဆရာမဈေးမှာသော စာရင်းစာရွက်
ပေါ်တွင် ရေးပြီး မီးဖိုချောင် နံရံပေါ်တွင် ခပ်တည်တည်ကပ်၍ ဗိုလ်ကျ စိုးမိုးခဲ့ ဘူးသည်။
ယ္ခုတော့ ...ကျွန်တော်က ဆရာမကို ( ၁ ) ကြက်သား ဘူးသီးဟင်းကို၊ဘာကြောင့်  မဆလာ မထည့် ပဲ၊ နံနံပင်ထည့် ရတာလဲ၊
( ၂ ) ပဲဟင်းကို ဘာကြောင့်  အဝါရောင် ချက်ရတာလဲ၊ဂျင်းဖတ်တွေကို ဘာကြောင့်  ကွမ်းဝါးသလိုဝါးရအောင်၊
လက်သန်းလုံးလောက် လှီးချက်ရတာလဲ၊(၃) ဟင်းရောချက်တတ်ရဲ့ လား...စသည့် အချက်ကြီး သုံးချက်နှင့် နေရာတကာ
လျှာရှည်ခဲ့ ဘူးသောကြောင့်  ဆရာမလေးက " သွား "ဟု အနီကဒ် တချက်ထဲ ပြ၍ ကွင်းပြင် ထုပ်ထားခြင်း
ဖြစ်ပါသည်။
.......................................................................................................................................................................

ခေါင်းလောင်းဆွဲသံကြားရပြန်သည်။
ကျွန်တော် ကုတင်ပေါ် ပက်လက်လှန်၍ ဂျာနယ်ဖတ်ရင်းက ရုတ်တရက် ခေါင်းထောင် ထဖြစ်သည်။
နော်ဆုံးဝင်လာသူမှာ ကြိမ်းသေ ကျွန်တော့် ဆရာမ ပုလင်းဖင် ဖြစ်ရမည်ဟု။
ထို့ ကြောင့်  ဖတ်လက်စ ဂျာနယ်ကို ပစ်ချပြီး ဆရာမက လေ့ ကျင့် ရန်ပေးထားသော တရုပ် အသံထွက်
" ပေါ၊ဖေါ၊မေါ၊ဖေါ "ခွေကို အဟောင်းဈေးထဲမှ ညီညီ ကဝယ်လာပြီး ဖရီးပေးထားသော အောက်စက်ထဲသို့ 
ကပျာ ထိုးထည့် ရသည်။အရေးထဲ စက်က မဖတ်သေး၍ သူ့ ကို နရင်း ရိုက် ပစ်ရသေးသည်။
ဆရာမ အခန်းထဲဝင်လာချိန်တွင်တော့ ကျွန်တော့် စက်စုပ်မှ ပေါ၊ဖေါ၊မေါ၊ဖေါ၊ အသံ တို့ က ညီညီ ညာညာ ရှန်ထွက်
လာတော့ သည်။သူ၏ ချစ်တပစ်(တပည့်)ကြီး စာကြိုးစားနေပြီဟု။ကျွန်တော် ကြိတ်ပြုံးနေမိသည်။
ကိုမြစ်ကျိုးက "ကဲ..ကဲ..ကဲ..ရပါပြီ၊ ဖြူမနေပါနဲ့ တော့ "ဟု၊ ကွဲအက်အက် အသံ ကြီးနှင့် လှမ်းခွပ်တော့ သည်။
...ဩော်.. ဆရာမ၊ အမောပြေပါစေတော့  ဟု။
( သူက၊ ကျွန်တော့် လိုပင် မျက်မှန်ပုလင်းဖင် ကြီး၊ ပြုတ်မကျ အောင် သယ်ခဲ့ ရတာကိုး)

..............................................................................................

5 comments:

မိုးခါး said...

စာတွေလာဖတ်ပါတယ်ဗျို့ ..း)

သုဒြေ္န said...

ဟေဟေ တစ်တဲ့ တယ်တော်တဲ့ ငါပါလား ဒီတခါမန့် တာတစ်နေရာ၇လို့ ပျော်လိုက်သည့် ဖြစ်ချင်း အော လက်စသပ်တော့ ကျနော်ကတယောက်တည်း ပြေးပွဲတွင်ပြိုင်ဘက်မရှိပထမရနေခြင်းဖြစ်ပါသည်

သုဒြေ္န said...

တစ်ရပါတယ်ဗျိုး ဒီတခါမန့် ရတာပထမဦးဆုံ့းဘဲ ပထမရလို့ အရမ်းကိုပျော်နေတာလက်စသပ်တော့  ကျနော်ကတယောက်ထဲပြေးပွဲမှာပြိုင်ဘက်ကင်းမဲ့ စွာနဲ့  ပထမရနေတာကိုး

ဇော် said...

အလဲ့
အိုင် အမ်မ် ဒယ် ဖတ်စ်။ ငှဲငှဲ။

အေးလေ။ အနီကဒ်ပြခံရတာတောင်နည်းသေး။ ဟီးဟီး။
ပဲဟင်းဝါဆို မည်းတဲ့ ပဲဟင်းချက်ဖူးလို့လား ကိုဖြူရ။ အဟီး။
ချစ်ရို့ချယာ။ ချိတ်ချိုးရ၀ူးနော်။ ခွိခွိ။

ဇော် said...

အလဲ့
အိုင် အမ်မ် ဒယ် ဖတ်စ်စ်စ်။ အဟိ။

ဟားဟား။ နဲတောင် နဲသေးတယ် အနီကဒ်ပြခံရတာ။
ပဲဟင်းကို အ၀ါရောင် မချက်လို့ အမည်းရောင်ချက်တာ မြင်ဘူးလို့လား ကိုဖြူရ။ အဟီး။
ဂျစ်ရို့ချယာနော်။ ချိတ်ချိုးရ၀ူးနော်။ ခွိခွိ။