Monday, June 29, 2009

လွဲချက်ကနာသဗျာ။

.... ယ္ခုတလော နန်းကန်မြေအောက် ကျဉ်ဆန်ရထား စီမံကိန်းတွင် အလုပ်တက်နေရသည်။
ဖုန်စုပ်စက်သံ၊ လေမူတ်စက်သံ၊ မြေကြီးထိုးစက်သံတို့ သည် ဖုန်မူန့်၊အပူငွေ့ တို့ နှင့် အတူ
မြေကြီးအောက် သုံးထပ်အထိ ငြမ်းလှေကားအတိုင်း ဆင်းလာနေသော ကျွန်တော့် ကို
တွန်းတိုက်၍ အပေါက်ထဲမှ အပေါ်သို့  အလိပ်လိုက် ထိုးတက်နေသည်။လောင်မြိုက်သော
အတွေ့ ကို စတင်ခံစားရပါသည်။မြေပေါ်မှာ မိုးရွာခြင်း၊ နေပူခြင်း၊ တိုင်ဖုန်းဝင်ခြင်း တို့ နှင့် 
မပတ်သက်သောသီးခြားနေရာလေးတစ်ခုဖြစ်နေသည်။
.... အလုပ်ပြီးရမည့် ရက်နီးကပ်နေသောကြောင့်  ခုနှစ်ရက်၊တစ်ပတ်နူန်းဖြင့်  ဆက်တိုက်ဆင်း
ခဲ့ ရသည်မှာ တစ်လနီးပါးရှိခဲ့ ပြီး အိမ်ပြန်ရောက်တိုင်း ကိုယ်လက်တို့  မလူပ်ခြင်၊ကုတင်ပေါ်
အရင် ပက်လက်လှန်၍ အမောတို့ ဖြေရပါသည်။တစ်ခါ၊တစ်ရံ ထ္မင်းစားချိန်လွန်သည်အထိ
အိပ်ပျော်သွားတတ်ပါသည်။
.... ရှစ်နာရီလောက် ထ္မင်းထွက်စား၊ သူငယ်ချင်းတစ်ချို့ နှင့် တွေ့ လျင်စကားခဏပြောပြီး
အိမ်ကို အမြန်သုတ်ခြေတင်ရတော့ သည်၊ အွန်လိုင်းတက်ရအုံးမည်လေ။ ကျွန်တော် မြန်မာပြည်
မပြန်ဖြစ်ခဲ့ သည်မှာ ( ၂ ) နှစ်နီးခွဲနီးပါးရှိပြီ။မိသားစုနှင့် ရည်းစားကို ခွဲထားခဲ့ ရသည့် ကာလ
တလျှောက် အွန်လိုင်းတက်သည့်  အလုပ်က ကျွန်တော့ ရဲ့ ဘဝ အစိတ်အပိုင်းတစ်ခုဖြစ်နေသည်။
.................................................................................................................................
.... သည်နေ့  အလုပ်ဆင်း၍ ဘူတာပေါ်ပြန်တက်လာတော့ ၊ ကျွန်တော့ ဖုန်းထဲတွင်မစ်(စ)ကော
တစ်ခုနှင့် မက်ဆေ့ (ချ) တစ်ခုကိုတွေ့ လိုက်ရသည်။ကျွန်တော်မကြားမိခဲ့ ခြင်းဖြစ်သည်၊နေ့ လည်က
ဝင်ထားတာ။ မြန်မာပြည်မှ ရည်းစားဆီကဖြစ်သည်။ " ယူ..ဖုန်းမဆက်တာကြာပြီ၊ဘာလုပ်နေလဲ " တဲ့ ။
.... ရည်စားဆိုတော့ လည်း အရေးပေးမှဖြစ်မည်။ သူနှင့် ကျွန်တော်က၊ သည်တစ်ခါပြန်လျင်
တူနှစ်ကိုယ်တိုင်းပြည် တည်ဆောက်ဖို့ ရှိနေသည်။ သူ့ မိဘများက နေပြည်တော် ပျဉ်းမနားမှာ
မြေတစ်ကွက်တောင် ဝယ်ထားပေးပြီဆိုပဲ၊ လည်ထွန်ဘို့ (အဲလေ) အိမ်တစ်ဆောင်ထူထောင်ဘို့ တဲ့ ဗျား။
.... ခက်တာက.. ကျွန်တော် အော်ဖေကီ တို့ အခုတစ်လော လာဘ်ဝင်နေသည်။ မိုးနတ်မင်းက
တိုင်ဝမ်မှာအနေကြာနေသော ( lonely) ဖြစ်နေသော သူ့ သားတော် အီဖေကိုယ့် ကို မဟာဂရုဏာတော်
အပြည့် ဖြင့် ကျွန်တော့်  ဂျီတော့ ခ် ထဲသို့ အွန်လိုင်းမှတဆင့်  နတ်သမီး တစ်ပါးထိုးထည့် ပေးထား၍
ဖြစ်သည်။
.... သူလေးက မြန်မာပြည်ကပါပဲ။ တစ်နေ့  ကျွန်တော့်  ဂျီတော့ ခ် ထဲသို့  မော်ဒယ်ဂဲလ်လေးလို လှတဲ့ 
ဓါတ်ပုံလေးတစ်ပုံဝင်လာသည်။ သူ့ နာမည်က ဧပရယ်တဲ့ ။ ကျွန်တော်လဲ အားနာနာ နဲ့  အပြန်အလှန်
" hi " လိုက်ရသည်ပေါ့ ဗျာ။ ဒါပေမဲ့ .. မိန်းခလေး နာမည်တွေနဲ့  လိုက်စားနေတတ်တဲ့  ဗညားတို့ အုပ်စု
ကို ကြောက်လို့ ထုံးစံအတိုင်း အရှင်းဆုံးမေးခွန်းကို ဒဲ့ ပဲ ပြန်မေးလိုက်မိသည်။
.... ကျွန်တော့်  အီးမေးလ် ကို ဘယ်လိုရတာလဲလို့ ၊ အဲဒီတော့  သူက ရန်ကုန်မှာ ကျွန်တော့် အဒေါ်
ဝမ်းကွဲနှင့် အတူ တစ်ရုံးထဲ အတူတူလုပ်နေသည်ဟုပြန်ဖြေလာသည်။ ဒါကြောင့်  ကျွန်တော်လဲ စိတ်ချ
သွားရသည်။ဒီကောင်တွေ အုပ်စုထဲမှာ ကျွန်တော့်  အဒေါ်ဝမ်းကွဲကို သိတဲ့ သူမရှိပါ။
.... ဘဝင်ကျသွား၍ ကျွန်တော် မိတ်မပျက်အောင် ဆက်လှိမ့် ရတော့ ၏ မိန်းခလေး အများစုက သူတို့ 
ကိုယ်ရေးကိုယ်တာကိစ္စတွေသိပ်မပြောချင်ကြသောကြောင့်  ဘာလုပ်နေလဲ.. ဘာညာ.. စသည်ဖြင့် 
အလုပ်ကိစ္စတွေဘက် လှည့် ရတော့ သည်။
.... ရန်ကုန်မှာ တရုတ်စကားပြောနှင့် ကွန်ပြူတာသင်တန်း တက်နေကြောင်း၊ တရုတ်စကားပြောဆိုတာနဲ့ 
လျှာရှည်ဘို့ ၊ ဂွင်တွေ့ သွားပြီး တရုတ်လိုမတောက်တစ်ခေါက်နှင့် နောက်လိုက်၊ပြောင်လိုက် နှစ်ယောက်
သားတစ်နာရီကြာပေရှည်ယင်း သူကအိပ်တော့ မယ်ဆိုပြီး " ဘိုင့်  ဘိုင်.. " လုပ် ထွက်သွားတော့ 
ညဆယ့် နှစ်နာရီ ခွဲသွားပြီ။
.... အဲဒီလိုနဲ့  ညတွေများလာတော့  မြန်မာပြည်က စီမံကိန်းရည်စားနှင့် ဖုန်းအဆက်ကြဲလာပြီး ဧပရယ်နှင့် 
တစ်စတစ်စရင်းနီုးလာယင်း အွန်လိုင်းပေါ်က ချစ်သူ တွေဖြစ်လာကြသည်ဆိုပါတော့ ဗျာ။
............................................................................................................................................
.... အခုတစ်လော ကျွန်တော် အတော့် ကိုမအားဖြစ်နေရပါသည်။ အလုပ်ကတစ်ဖက်၊ ရည်းစားကတစ်ဖက်
ချစ်သူကတစ်ဖက် ဗျာများနေရသည်။ မျက်တွင်းဟောက်ပက်ဖြစ်နေရတာတောင် တယ်ဟုတ်တဲ့ ငါပါလားလို့ 
မာန်တက်နေမိသည်။
.... ရည်းစားက ပြန်လာခဲ့ ဘို့ ခေါ်နေသည့် အချိန်တွင်ပဲ၊ ချစ်သူက နှစ်ကူးအမှီ တိုင်ဝမ်ကိုတက်လာခဲ့ ဘို့ 
စုံစမ်းခိုင်းနေတော့ ၏ မိတ်မပျက်အောင်တော့  ချစ်သူကို တက်လာနိုင်ဘို့  ကိုယ်ဖိ၊ရင်ဖိ အစွမ်းကုန် ကူညီ
စောင့် ရှောက်ပါမည့်  အကြောင်း ကတိတွေပေးဖြစ်နေတော့ သည်။
.............................................................................................................................................
.... တစ်နေ့ .. ထိုတစ်နေ့ ပေါ့ ဗျာ..။
ထုံးစံအတိုင်း ချစ်သူက ဘိုင့် ဘိုင် ဆိုပြီး နူတ်ဆက်၍ ထွက်သွားပြီး၊ သိပ်မကြာခင်မှာပဲ ရည်စားဆီကဖုန်းဝင်
လာတော့ သည်။ " ဘယ်လိုလဲ.. လူလည်ကြီး၊ ကိုယ့် ကိုယ်ကို သိပ်လည်လှပြီထင်နေတယ်ဟုတ်လား
ကိုမြင့် ရေ.. ပြောလိုက်တော့ မယ်၊ ဧပရယ်ဆိုတာ.. ကျွန်မပဲ၊သိပ်နေနိုင်လွန်းတဲ့  ရှင့် ကို ဒီနည်းနဲ့ ပဲ
စုံစမ်းခဲ့ တာ၊ လူလိမ်ကြီး.. နောက်ကို.. ကျွန်မနဲ့  လုံးဝ မဆက်သွယ်ပါနဲ့ တော့ ၊ ရှင်နဲ့ ကျွန်မတော့  ဒီနေ့ 
ပဲပြတ်ပြီ " ဟုဆိုပြီး ဂွပ် ကနဲဖုန်းချသွားတော့ သည်။
.... ကဲ.. လုပ်ကြပါအုံးအရပ်ကတို့ ရေ..။
ကျွန်တော်တော့  လွဲပြီဗျာ။ချစ်သူနဲ့ ရော၊ ရည်းစားနဲ့ ရောလေ။
တော်လိုက်တာဗျာ၊ကျွန်တော့် ရည်းစား၊ ညံ့လိုက်တာဗျာ.. ကျွန်တော် အီဖေကိုယ်လေ။
ဒါကြောင့်  ရင်းနီုးနေပါတယ်လို့ ထင်နေတာ၊ နဲနဲလေးမှ မရိတ်မိခဲ့ သောကိုယ့် ကိုယ်ကို ယူကျုံးမရဖြစ်လာပြီး
နံရံနှင့် ခေါ်င်း ပစ်ဆောင့် လိုက်ဖြစ်တော့ သည်၊ခေါင်းအုံးခံ၍ပါ။
.....................................................................................................................................
.... မိုးနတ်မင်းကိုမော့ ကြည့် မိသည်။ အချိန်အခါမဟုတ်ပဲ မိုးဖွဲတို့ ကျလာသည်။
လွဲချက်ကနာလွန်းသော ကျွန်တော့ ကို မိုးကြိုးသာပစ်ချလိုက်ပါတော့ ဟု....။
( အီးမေးလ် တစ်ခုမှရခဲ့ သည့်  အဖြစ်အပြက်တစ်ခုကို ပြန်လည်ရေးဖွဲ့ ပါသည်။)
.....................................................................................................................................
(ဝထ္ထုတို)

6 comments:

Anonymous said...

မိုးဖွဲနေတုန်းမို့ မိုးကြိုးတော့ မပစ်ချလောက်ပါဘူး။ ပွတ်တယ် ဆိုရုံလေးလောက်ပါပဲ ကိုအဖြူလေး... ဟီးးး :P

Anonymous said...

မိုးဖွဲနေတုန်းမို့ မိုးကြိုးတော့ မပစ်ချလောက်ပါဘူး။ မိုးကြိုးပွတ်တယ် ဆိုရုံလောက်ပါပဲ ကိုအဖြူလေး :P

မေဒီဇာ said...

မိုးဖွဲနေတုန်းမို့ မိုးကြိုးတော့ မပစ်ချလောက်ပါဘူး။ မိုးကြိုးပွတ်တယ် ဆိုရုံလောက်ပါပဲ ကိုအဖြူလေး :P

မြစ်ကျိုးအင်း said...

မေဒီဇာကလည်း သူတယောက်ထဲ ၃ နေရာယူသွားတယ်
ဘာပဲဖြစ်ဖြစ်ဇွတ်မချက်နဲ့ဟဲဟဲ..ကိုယ်တွေ့ ...
ဘာလဲသိချင်လား မပြောပြဘူး

ဂျစ် said...

ကိုကြီးရေ........
ရိုက်ချက်ကတော့ ပျင်းတယ်ဗျို့...............။

onlineရည်းစားက ချစ်သူဆိုတာ မသိရလောက်အောင်
ညံ့ပါ့.....။

ဒီပို့စ်လေးက အကျိုးရှိတယ်ဗျ.....တွေ့တဲ့သူတွေ
တွေ့ကုန်ပြီ...။

သတိထား onlineမှာ ဇွတ်မလာနဲ့...မမခိုင်နဲ့ တိုးနေမယ်......ဟီးဟီး

ချစ်တဲ့ညီမလေး
ဂျစ်

သုဒြေ္တ said...

သေပေတော့ နန္ဒိယ....လို့ သာအော်လိုက်ပါတော့ ကွာ..လွဲချက်ကနာပုံများ...ပြောချင်တော့ ပါဘူး....နှစ်ပေါင်း..၂၀..နီးပါးပေါင်းသင်းဆက်ဆံလာတဲ့ ..........အိမ်သူသက်ထားကို...မေ့ နေလိုက်လိုက်ပုံများဗျာ........ဂျစ်လေးပြောတဲ့ ...မမခိုင်ဆိုသူမှာ....အခြားသူမဟုတ်..အနှီ...၄င်း..အဖြူလေး၏....ဇနီးမယားသာ...ဖြစ်ပါတော့ သည်...စာဖတ်ပရိတ်သတ်ကြီးခင်ဗျား.....ခင်တဲ့ .........သဒြေ္န