ဟိုတစ်လောက ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်းညီအကိုမောင်နှမများဖြစ်ကြသောကို မြစ်ကျိုးအင်း၊
ဂျစ်တူးလေး၊ကိုညောင်ရမ်း၊ကိုဖြိုးကြီးနှင့် ကျွန်တော်တို့ ၏ဆရာမ ပုလင်းဖင် တို့ တခြားသူငယ်ချင်းများပါစုပြီး
ပင်လယ်ဖက် ခရီးထွက်ဖြစ်ခဲ့ ပါသည်။
( ထိုမောင်နှမများက ကျွန်တော် အဖြူလေးဘဝဖြင့်  စာစရေးခါစ ပထမဆုံးတင်ခဲ့ ဘူးသော ဝိုင်းကလေး တွင်
ထည့် သွင်းရေးခဲ့ ဘူးပါသည်။ )
မှတ်မှတ်ရရ တစ်ခုသော စနေနေ့  အလုပ်ကအပြန်ကတိုက်ကရိုက်စီစဉ်ရ၍ ပင်လယ်ရောက်တော့  မှောင်စပြုပြီ။
ရထားဆိုက်ဆိုက်ခြင်း ဘန်ဂလိုကိုပြေး၊အထုပ်တွေချပြီးပြေးဆင်းလာကြပေမဲ့ တလမ်းလုံးစိတ်ကူးယာဉ်ခဲ့ မိကြ
သော ပင်လယ်ထဲ တရွေ့ ရွေ့ ထိုးဆိုက်ဆင်းနေသည့် နေလုံးနီနီကြီးကို မမှီတော့ ၊မမြင်ရတော့ ပါ။
အဖွဲ့ ကတော့ လုပ်ချင်ဖြစ်ချင်တာတွေကို စကားတွေပွက်လောရိုက်တွတ်ထိုးဆူညံနေအောင် လက်ပံပင်ဇရက်ကျ
နေသလို တစ်ယောက်နှင့် တစ်ယောက် အော်ဟစ်ညင်းခုံနေကြပေမဲ့  ကျွန်တော်ကတော့  သူတို့ နားမှအသာလေး
ခွာ၍ ရေစပ်သို့ လျှောက်ဆင်းသွားမိနေပါသည်။
မဲမှောင်နေသော မိုးကောင်းကင်ကြီးနှင့်  အုံ့ မှိုင်း၍ အဆုံးအစမရှိသော ပင်လည်ကြီးကို ဘွားကနဲ မြင်လိုက်ရကတဲ
က အချိန်ကာလအတော်ကြာအောင် အထပ်ထပ်မွန်းကြပ်အနည်ထိုင်နေသော ရင်တွင်းဖြစ်များကို ကျွန်တော့် ရှေ့ 
တူရှု့ ရှိ ပင်လည်ကြီးအဆုံးမိုးကုတ်စက်ဝိုင်းကြီးထဲသို့  အသံနှင့် အတူအော်ဟစ်ဖွင့် အန်ထုပ်လိုက်ခြင်လို့ ပါ။
ဘယ်လောက်ပဲအော်အော်.. ပင်လယ်သံတဝုန်းဝုန်း၊လေတိုးသံတဝေါဝေါတို့ ကြားထဲ တိုးမပေါက်နိုင်ပဲ ပျောက်
ကွယ်လွင့် စင်ကုန်တော့ သည်။
ရေစပ် သဲပြင်ပေါ်မှာ အသာလေးပက်လက်လှန်အိပ်လိုက်မိရင်ပဲ မျက်နှာချင်းဆိုင်မိသောမိုးကောင်းကင်ကြီးပေါ်မှာ
လေအဟုန်အတိုင်း တရိပ်ရိပ်ပြေးနေသည့်  မီးခိုးရောင်တိမ်ပါးပါးလေးတွေနောက်တွင်ရှိနေသည့် စပါယ်တွေကြဲ
ထားသည်နှင့် တူနေပြီး ဖွေးဖွေးလှုပ်လင်းလဲ့ နေသောကြယ်ပြင်ကြီးကို မြင်ရပါတော့ သည်။
ထိုကြယ်ပြင်ကြီးထဲမှာအလင်းဆုံး သောကြာကြယ်နှင့် တူသည့်  ကြယ်ကြီးတစ်လုံးကိုအထင်ရှားဆုံးမြင်ရပြန်သည်။
သဲမှုန်တို့ က လေအဟုန်အတိုင်း ကျွန်တော့်  နားရွက်တွေ၊ဆံစတွေ၊မျက်နှာတွေကို အရှိန်ဖြင့် ပွတ်တိုက်ကျော်လွှား
နေသောကြောင့်  စပ်ဖျင်းဖျင်းခံစားရမိနေသည်။ မျက်လုံးတို့ မှိတ်မိနေပေမဲ့  အလင်းလဲ့ ဆုံးကြယ်ကြီးကတော့ 
မျက်ဝန်းထဲအထိရောက်နေပါတော့ သည်။သံယောဇဉ်ကြယ်ပါလို့ ။ ကျွန်တော့ တစ်ကိုယ်လုံး အဲဒီသဲထဲနစ်ဝင်သွား
ရင်သိပ်ကောင်းမှာပဲဟု။
ကျွန်တော် ရေးနေရင်းက စိတ်ကူးယဉ်နေတာလေးကုန်သွား၍ ဖေးဘရိတ်ထဲရှိ Democratic voice of burma
သို့  မောက်(စ)လေးကိုတင်လိုက်မိသည်။ ဦးနှောက်ဆေးသည့် သဘော၊ခဏနားသည့် သဘောပါ။
အား..လားလား... သတင်းတစ်ပုဒ်ကိုဖတ်လိုက်မိပါသည်။ထိုသတင်းကိုဖတ်နေရင်း လက်တစ်ဖက်ကကော်ဖီ
တစ်ခွက်၊တစ်ဖက်က ဆရာမပုလင်းဖင်လှုဒါန်းထားသော အုန်းသီးပါမုန့် တစ်လုံးကို ပလုပ်ပလောင်း ဝါးမျိုနေမိ၏
ဝါးရင်းဝါးနေရင်းနှင့် ပင် ဝါး၍မရသေးသောရှည်မျောမျောအစတစ်စကို လျှာဖြင့် စမ်းသပ်ထိုးထုပ်လိုက်မိပါတော့ 
သည်။ မျက်မှန်ကြိုးစလေးပါ။ခါတိုင်းဂုတ်ပေါ်မှာချိတ်ထားတတ်ပေမဲ့  ဒီတစ်ခါတော့ ရေးချင်ဇောလေးရှေ့ ရောက်
နေလွန်း၍ မျက်မှန်ကြိုးတန်းလန်းချပြီးတတ်ထားမိခြင်းဖြစ်ပါသည်။
အလောတကြီးဖတ်လိုက်မိသည့် သတင်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်သည့် သတင်းပါ။
ကြားကြားခြင်းက ငါးနှစ်ပါ။ စဉ်းစားကြည့် ကြပါဗျာ...။ အနှစ်နှစ်ဆယ်လုံးလုံးအိမ်ထဲမှာပဲ အကျယ်ချုပ်နေခဲ့ ရတာ။
အမှုအသစ်လေးဖြစ်လို့ အပြင်ထွက်ရပြီး လေကလေးရှုဖို့ ရှိသေး။ နောက်ထပ်၊နောက်ထပ်တဲ့ ..။
ကျွန်တော်လဲ ဖတ်ရင်းနဲ့ တင်းလာလို့  အမကီဆီ လှန်းရေးဖြစ်တော့ တယ်။ဒီအကြောင်းကို။ သတင်းတွေကမရပ်
သေးဘူး။ဆက်ခါ၊ဆက်ခါပါပဲ။နောက်သုံးနှစ်၊ နောက်တနှစ်ခွဲတဲ့ ။နောက်ဆုံးပျားရည်နဲ့ ဝမ်းချလိုက်တာက ဗိုလ်ချုပ်
သမီးမို့ ပါတဲ့ ။ အခုမှ ဗိုလ်ချုပ်ကိုထည့် ပြောရကောင်းမှန်းသိတော့ တယ်လို့ ။
ကျွန်တော်ကျောင်းသားဘဝက ရှစ်လေးလုံးအရေးအခင်းကိုကောင်းကောင်းမှီခဲ့ ပါတယ်။နေတာက ရန်ကင်းဆို
တော့  သမိုင်းဝင်လာတော့ မဲ့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ က အနီးလေးပါ။မှတ်မိသေးတယ်ဗျာ။ ရန်ကင်းလမ်းမကြီး
တလျှောက် အ.ထ.က(၁)ကျောင်းဖက်က တရွ့ ရွေ့ ချီတက်လာနေတဲ့ လူထုကြီးကို ငေးကြည့် နေတုံးမှာပဲ အဲဒီလူ
ထုစစ်ကြောင်းထဲမှာ ဟိုင်းလတ်ကားတစ်စီးပါလာတယ်။ ကျွန်တော့ အရွယ်ကျောင်းသူကျောင်းသားတွေပါဗျာ။
နေကလဲချစ်ချစ်တောက်ပူလို့ ။ကျောင်းသားခြင်းဆိုတော့  အနားကပ်သွားမိတယ်။ကားအမိုး ဝက်ခြံထဲမှာဗျာ....
ရင်ဘတ်ပွင့် နေတဲ့  ကျောင်းသားတစ်ယောက် ကျောင်းသူကျောင်းသားတွေ ပွေ့ လာတာလေ။ သူတို့ လဲ
သွေးတွေ ပေနေတယ်။ ကျွန်တော့် မျက်စေ့ ထဲမှုန်ဝါးသွားတယ်။ ရပ်ကြည့် နေတဲ့ ပရိတ်သတ်ကြီးထဲကလည်း
အသံမျိုးစုံအော်ဟစ်နေတုံး ကျွန်တော်ကားပေါ်ဗြုန်းကနဲခုန်တက်လိုက်မိတော့ တယ်။ သူငယ်ချင်းအတော်များများ
ကျွန်တော်နဲ့ ပါလာတယ်။ ရပ်ကွက်ထဲကလည်းအများကြီးပဲဗျာ..ထွက်လိုက်လာကြတာ။လမ်းကြောင်းက အမေစုရှိ
နေတဲ့  တက္ကသိုလ်ရိပ်သာလမ်းဆီကိုလေ။ကျွန်တော်တို့ ဆီမှာ လက်ဗလာနဲ့ ရင်ထဲကဆန္ဒလေးတွေပဲပါတယ်လေ။
ကားခေါင်မိုးထိပ်မှာသမဂ္ဂအလံ တလူလူလွှင့် ကိုင်လာတာ ဦးပဇင်းဖိုးတုတ်ပါ။( ငယ်ဘဝထဲမှာရေးဘူးတယ်)
တက္ကသိုလ်ရိပ်သာလမ်းထဲရောက်တော့  အမေစုကအိမ်ရှေ့ ကစတိတ်စဉ်ပေါ်မှာ၊သူတွင်တွင်ပြောနေတာကတော့ 
စည်းကမ်းရှိကြဖို့ ၊အကြမ်းမဖက်ကြဖို့ ၊ညီညွတ်ကြဖို့ တွေပါ။လုံထိမ်းနဲ့ တပ်တွေကတော့  လူထုကြီးရဲ့ ဟိုးနောက်
တွေမှာ ပတ်ချာလည်ဝိုင်းထားပြီးပြီ။ အဲဒီနေ့ က ပွဲထိန်းခဲ့ တာ အမေစုပါ။ ငြိမ်းချမ်းစွာဆန္ဒပြကြပါတဲ့ ။စည်းကမ်း
ရှိပြီး ညီညွတ်ကြရင်အရာရာကိုအောင်မြင်ပါလိမ့် မယ်တဲ့ ၊ အဲဒီနေ့ ကထပ်မံပစ်ခတ်မှုမဖြစ်ခဲ့ ပါ။ ကျွန်တော်တို့ 
ကိုလည်းမပစ်ပါ။ အမေစုကိုလည်းမပစ်ခဲ့ ပါ။
အဲဒီလို လူထုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်ဖြစ်အောင် ဦးဆောင်လမ်းပြခဲ့ တဲ့ အမေစု
ကျွန်တော်တို့ ကတော့  အနှစ်နှစ်ဆယ်လုံးလုံးအပြင်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနေထိုင်ခွင့် ရနေခဲ့ ပေမဲ့ 
သူကတော့ အနှစ်နှစ်ဆယ်လုံးလုံး ဘဝတစ်ခုရဲ့ တန်ဘိုးရှိလွန်းသော နောင်ဘယ်တော့ မှမရနိုင်တော့ တဲ့ သူ့ 
ဘဝရဲ့ အချိန်တွေ သူထူထောင်ထားခဲ့ တဲ့  သူချစ်ခဲ့ တဲ့ သူ့ မိသားစုကိုပါပစ်ပြီးတော့ လူထုအတွက်၊သူ့ အဖေချစ်
ခဲ့ တဲ့ မြန်မာပြည်အတွက် အမှန်တရားတစ်ခုအတွက် အရိုးကြေကြေအရေခန်းခန်းပေးဆပ်နေလျက်ပါလို့ ။
ယုံကြည်ချက်တစ်ခုအတွက်နဲ့  စွန့် လွှတ်စွန့် စားနေတဲ့ မြင့် မြတ်နှလုံးသားပိုင်ရှင်ပါ။
ကျွန်တော်ထင်တယ်လေ..။ အမေစုက ကျွန်တော်တို့ မြန်မာတပြည်ထဲမဟုတ်၊တစ်ကမ္ဘာလုံးကကို စံထားရမဲ့ 
ဒီမိုကရေစီရဲ့ ပြရုပ်တစ်ခုပါလို့ ။ ကျန်နေသေးသော ဆွမ်းလောင်းအသင်းသာသာ သာရှိတော့ သော အန်လယ်ဒီ
အဖွဲ့ ဝင်တွေ၊ ထောင်တွေထဲကို တန်းစီဝင်နေတဲ့  နိုင်ငံရေးသမားတွေ အားလုံးကို ပထမတုံးက ကျွန်တော်ရေး
တော့ မဲ့  စိတ်ကူးယဉ်ဇာတ်လမ်းလေးထဲက ကြယ်တွေနဲ့ နိုင်းပြီးဂုဏ်ပြုချင်လာပါတယ်။
ကြယ်ဆိုတာက ဟိုး...အမြင့် မှာပဲစံကြတာလေ။ အမေစုကို ကျွန်တော့် ရင်ထဲက အလင်းဆုံးကြယ်အဖြစ်၊ ကျန်
တဲ့ အမေစုရဲ့  အာဇာနီ ရောင်းရင်းတွေအားလုံးကို အရံကြယ်လေးတွေအဖြစ် ကောင်းကင်မှာပဲဘယ်တော့ မှ
မကြွေတော့ စတန်း စံထားကိုးကွယ် ဂုဏ်ပြုနေချင်တော့ တယ်ဗျာ..။ ဝါသနာရှင်များရော... ဘယ်လိုပါလဲလို့ ။
( ရေးချင်ခဲ့ တာက သံယောဇဉ် အခြေခံ ဇာတ်လမ်း၊ရေးဖြစ်ခဲ့ တာက အမေစု အတွက် ရင်ထဲက လှိုက်လှိုက်
လှဲလှဲဂုဏ်ပြုလိုက်မိတဲ့  ဆောင်းပါးဆန်ဆန်စာစုလေးပါ။ )
...............................................................................................................................................
(ပြီးပါပြီ)
့
Wednesday, August 12, 2009
Subscribe to:
Post Comments (Atom)
9 comments:
ကြယ်စင်အစုအဝေးကို လာရောက် ဂါရဝပြုသွားပါတယ် အကို
စွန့်လွှတ်စွန့်စားရဲတဲ့သူတွေဟာ ကောင်းကင်ပေါ်မှာ ကြယ်စင်တွေအဖြစ် အမြဲလင်းလက်နေမှာပါ
အမော ဘယ်လိုဖြေရမယ် ထက် ၊အဆပေါင်း တသန်းလောက် မောသွားပါတယ် ကိုအဖြူလေးရေ ..
ရေးတဲ့ သူတွေ သာ လက်ညောင်း ၊ ဇရာတွေထောင်း ၊ မျက်မှန်တွေတောင် တပ်ရ ။ မျက်မှန်ကြိုးစလေး ပါးစပ်ထဲဝင်သွားတာတောင် သတိမပြု လိုက် မိရအောင်ကို ခံစားနေရ ချိန်မှာ ဒီ ဘီလူးသဘက်ဘိုးအေတွေက ဘယ်လို နေကြမယ် မသိ ...သူတို့ ခမျာ သနားစရာတွေပါ ။
ကြောက်တော့လည်း ကြောက်နေရရှာတာပါ ..
ကိုယ့် ကျော ကိုယ်မလုံကြဘူးလေ ။
ဆင်ဖြူ မျက်နှာ ဆင်မဲတွေ ဘယ်ကြည့်ရဲ ပါ့ မလည်း ။
ဆုတ်လည်းစူး စားလည်းရူး ...
၁၈ လဆိုတာ ၆၅ နှစ်နဲ့ စာရင်လေ ... သိလား ...ခဏလေးပါ .. ( တမင်ပြောတာ )။
သဘောတူပါတယ်(ကြယ်တွေနဲ့ နှိုင်းတာကို ပြောတာပါ
၁၈ လကို တူတာမဟုတ်ပါ)
မတရားလုပ်ဘို့အတွက် မွေးလာတဲ့ကောင်တွေ အကြောင်းပြောရင် သက်တမ်းသာကုန်သွားမယ်
ပြောလို့ကုန်မှာ မဟုတ်တော့ဘူး...။
ပြောမဆုံးပေါင်...တောသုံးထောင်...ကောင်းတဲ့ သတင်းတော့ ဘယ်ဟုတ်မလဲ....သူတို့ တွေကတကယ့် ..အနှိုင်းမဲ့ တွေဗျာ...(အောက်တန်းကျတဲ့ နေရာကိုပြော၏)တော်ပြီရေးချင်တော့ ဘူး..ေ၇းလျှင်လည်းဆုံးမည်မဟုတ်.သို့ သော်.....ကျနော်တို့ လေးစားချစ်မြတ်နူိးသောမိခင်...ကြယ်စင်သည်ကား..ထာဝစဉ်လင်းလက်တောက်ပ နေဦးမည်ဟုရဲရဲကြီးယုံကြည်လျှက်..............မိခင်ကျမ္မာရွှင်လန်းစေကြောင်းဆုမွန်တောင်းလျှက်.......
ကိုအဖြူလေးရေ ..... ယခုလို တန်ဖိုးထားထိုက်သူကို တန်ဖိုးထားခြင်းဟာ မင်္ဂလာတပါးပဲ .... အမေစုဟာ မြန်မာပြည်အတွက် အလင်းဆုံးကြယ်အကြီးကြီးတလုံးပါ ကျန်တဲ့နိုင်ငံရေးသမားတွေက ကျန်တဲ့ကြယ်ကလေးတွေပါဆိုတာကို သဘောတူပါတယ် ... လူမှုရေးလုပ်တယ် နိုင်ငံရေးလုပ်တယ်ဆိုတာ ဘာသာရေးလုပ်တာနဲ့ အတူတူပါပဲ ...
မင်္ဂလာပါ...
အဖြူလေး...
အလင်းလက်ဆုံးကြယ်အဖြစ်....
အတောက်ပဆုံး ကြယ်အဖြစ်....
တင်စားဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ...
ပေးဆပ်ခဲ့ကြသော...
ပေးဆပ်နေဆဲဖြစ်ကြသော သူတွေအားလုံးကို
အထူးလေးစားဂုဏ်ယူပါတယ်....
အတောက်ပဆုံးနေ့ရက်တွေ ရွှေရောင် အနာဂတ်တွေ ထွန်းလင်းတောက်ပလာတော့မှာပါ....
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)
စာအရေးကောင်းလာပါတယ် ။အားပေးလျှက်...ပါ ။
ပထမတော့ ပျော်စရာလာတော့မယ်ထင်တာ
အားလုံးဖတ်ပြီးမှ မောသွားရတယ် ။
ကြယ်ဆိုတာက ဟိုး...အမြင့် မှာပဲစံကြတာလေ။
အလင်းဆုံးကြယ်နဲ့ တင်စားထားတာ လှတယ်....။
ချစ်တဲ့
ညီမငယ်ဂျစ်
ဒါပဲလေ.....လောကဆိုတာ
မညီတာရယ် မမျှတတာရယ် ကခက်များများ
တကယ်တော့ အဓိကကျတာက .....
စာကြီးပဲရေးမနေနဲ့ အနားလေးဘာလေးယူအုံး
Just kidding
he he
Post a Comment