Monday, September 28, 2009

သိလား ? ( ၁ )

ဒီရက်ပိုင်းအတွင်းမှာတော့  ရာသီဥတုက သိသိသာသာ ပြောင်းလဲလာပါသည်။ ကားရှေ့ လေကာမှန်မှလှန်းမြင်နေရ
သည့်  အထပ်ထပ်သောတောင်ထွတ်တို့ ပေါ်တွင် အုန့် မှိုင်းနေသော အလိပ်လိပ်သောတိမ်ဆိုင်တိမ်ခဲတို့ ပွတ်တိုက်
ရွေ့ လျားနေသည်ကို လှန်းမြင်နေရပြီး မိုးငွေ့ ပါသော လေပြေတို့ ဆော်သွေးနေပြန်သောကြောင့်  ကားလမ်းဘေး
နှစ်ဖက်ရှိ သစ်ပင်ချုံနွယ်တို့ ပါ လေယူရာအတိုင်း ဘယ်ညာရိမ်းနွဲ့ လို့ နေပါတော့ သည်။
ယ္ခုရက်ပိုင်းအတွင်း စ ထားမိသောစာလေးတစ်ပုဒ်ကို ရသလောက်လေးရေးကြည့် လိုက်၊ခဏလေးသိမ်းထားလိုက်
နှင့်  အဆုံးသတ်သို့ မရောက်နိုင်ခဲ့ သည်မှာ ကြာခဲ့ ပေပြီ။ ဘာပဲဖြစ်ဖြစ် အစရှိခဲ့ လျှင်တော့  အဆုံးတစ်ခုကိုတော့ 
ရောက်အောင်တော့ သွားရပေတော့ မည်လေ။ ဒီနေ့  အလုပ်ကပြန်လျှင်တော့  ထိုအစလေးကို အဆုံးသတ်တော့ 
မည်ဟု စိတ်ပိုင်းဖြတ်ပြီး ကားဘေးမှန်ကို ကပြာဆွဲချလိုက်ရင်း မိုးငွေ့တို့ ရောပြွန်းနေသော လေပြင်းရနံ့ကို
ကျွန်တော့် ရင်ဘတ်တစ်ခုလုံး ပြည့် ကျပ်သွားအောင် ရှိုက်သွင်းလိုက်မိပါတော့ သည်။

" အချိန် " တဲ့ ။ သိ ရဲ့  လားဗျာ..။ ကာလတစ်ခု၊အပိုင်းအခြားတစ်ခုကို သတ်မှတ်ပိုင်းခြားထားကြတာလေ..။
ကျွန်တော်ဆိုလျှင် ကျွန်တော် ရရှိပိုင်ဆိုင်နိုင်မဲ့  ကာလတစ်ခုကို မမှန်းဆနိုင်တာကြောင့်  ရောက်ရှိနေတဲ့  အရွယ်
နဲ့  မှန်းကြည့်  ပြီးတော့  ဘဝရဲ့ အချိန်တဝက်၊သုံးပုံတစ်ပုံ၊နှစ်ပုံဆိုပါတော့ ဗျာ..။ဘဝရဲ့  ဘယ်တော့ မှ ပြန်မပြည့် 
ပြန်မဖြည့် နိုင်တော့ တဲ့  အချိန်တွေကို သုံးစွဲ ဖြတ်ကျော်ခဲ့ ပြီးပြီလေ။
ကိုယ်ဖြတ်သန်းခဲ့ ရတဲ့  ငယ်ဘဝလေးအစိတ်အပိုင်းလေးတွေကို ပြန်ပြောင်းတွေးကြည့် မိလိုက်တိုင်း အရာရာ
အားလုံးတို့ ဟာလဲ မနေ့ တနေ့ ကလိုပဲဖြစ်နေတာ တွေ့ နေရပြန်တယ်။ မြင်ကွင်းတို့ ပုံရိပ်တို့ က လတ်လတ်
ဆတ်ဆတ်လေးတွေဆိုတော့ ... အချိန်ရဲ့ သဘောကိုက မြန်လွန်းတဲ့ ၊တိုတောင်းလွန်းတဲ့ သဘောပေါ့ လေ။
မြန်လွန်းပါတယ်ဆိုတဲ့ အဖြေကိုတော့  ကျွန်တော်ခက်ခက်ခဲခဲပဲ ကြိုးစားပြီးမှ လက္ခံခဲ့ ရတာပါ။
ခဏ၊ခဏလေးတွေနဲ့ ပဲ စဉ်စက်မပြတ်တန်း ဖွဲ့ စည်းထားလို့  အကြာကြီးပဲလို့ ထင်ပြီး၊ အဲဒီအချိန်တွေကိုပဲ ဆုပ်
ကိုင်တွယ်တာခင်မင်နေခဲ့ တာကိုးလို့ ။ဘယ်တော့ မှ မကုန်ဆုံးနိုင်တော့ ပါဘူးလို့  မေ့ မေ့ လျော့ လျော့ နဲ့ ပဲ
ဖြတ်သန်းနေခဲ့ မိတဲ့  အချိန်တွေထဲမှာ.... ငါ ဘာတွေ စုစောင်းထားမိပြီလဲ၊ စီးပွားတွေလား၊ အဆင့် အတန်းတွေ
လား၊အသိုင်းအဝိုင်းတွေလား၊ပညာဗဟုသုတတွေလား၊သံယောဇဉ်တွေလား... ဆိုတဲ့ ၊ လား .. ပေါင်းများစွာနဲ့ ပဲ
ချာချာလည်နေခဲ့ မိပါတယ်။
သေခြာလွန်းတဲ့  အဖြေတစ်ခုကို မတွေ့ ရပေမဲ့ ၊ရေရာသလိုလိုရှိတဲ့  အဖြေတစ်ခုကတော့  အများဆုံးစုစောင်း
မိခဲ့ တာက သံယောဇဉ်တွေပါလို့ ။ ပတ်သက်မိခဲ့ သမျှသောဝန်းကျင်အားလုံးကို မလွတ်တန်းဆုပ်ကိုင်မိပြီး
တွယ်တာနေခဲ့ မိတာလေ။ ပုံစံမျိုးစုံနဲ့  စွန့် ခွာသွားပြီးတဲ့  အရိပ်တွေကို၊ တသသနဲ့ ဖြစ်နေတတ်သလို၊အနား
မှာလောလောဆယ်ရှိနေသေးတဲ့  အရိပ်တွေကိုလည်း အရောင်ရောင်အကန်းကန်းနဲ့  ဆွဲမိဆွဲရာဆွဲနေတဲ့ 
ကျွန်တော့် ကို တွေ့ ရပြန်တယ်။ ရှိနေသေးတဲ့ ငါ့ လိုပဲ... သူတို့ လဲရှိနေအုံးမဲ့ သဘောလို့ ပဲ မျက်စေ့ တို့ စုံမှိတ်
ပြီးအတင်းယုံကြည်နေမိပြန်တယ်။
ရှေ့ ကသွားခဲ့ ပြီးသောသူတို့ ရဲ့  အောင်မြင်မှု၊ကျဆုံးမှုတွေ၊ထားခဲ့ ရစ်ပတ်ဖွဲ့ နှောင်ခဲ့ ကြတဲ့  သံယောဇဉ်ပေါင်း
စုံတို့ ကလဲ ကျွန်တော်ဆက်လက်ဖြတ်သန်းနေရသေးတဲ့  အချိန်ကောင်းကင်ရံတွေမှာ အရိပ်တွေ၊အရှိန်တွေ
အဖြစ်နဲ့ ပဲ တဖြည်းဖြည်းဖျော့ တော့ ပျောက်ကွယ်ဘို့  တာဆူနေကြပြန်ပါတယ်။

ပြီးဆုံးကျန်ခဲ့ တဲ့  အချိန်တွေတောင်... ဒီလောက်မြန်ခဲ့ ကြရင်... နောက်.. ကျန်နေအုံးမဲ့ အချိန်တွေရောလို့ ..
မြန်နေအုံးမှာပဲမဟုတ်လား..။ စက္ကန့် နဲ့ အမျှ ပျောက်ဆုံးနေတဲ့ အချိန်နဲ့ အတူ နောက်ထပ်ပျောက်ဆုံးမဲ့ 
ကျွန်တော့် ရဲ့  အရိပ်တစ်ခုကတော့  တစ်ခန်း ထဲအတူနေ ကိုညောင်ရမ်းက ကျွန်တော့် ကိုထားခဲ့ ပြီး သူ
ပြန်တော့ မယ်ဆိုတာပါပဲလေ။သူကတော့  သူ့ အဝိုင်းကို သူခပ်သေးသေးပဲဝိုင်းပြီး ခရီးတစ်ခုကို အဆုံးသတ်
တော့ မှာ ပါ လေ။ အချိန်က အရာရာကို ပြောင်းလဲစေနိုင်တယ် ဆိုသလိုပါ။

ကျွန်တော်ကရောတဲ့ ... ၊ ငါဝိုင်းထားမိတဲ့ အဝိုင်းက ဘယ်လောက်ကြီးနေမိပြီလဲ..၊ဝိုင်းထားသလောက်ရော
ဆက်ပြီး ပြေးနိုင်ပါအုံးမလား..လို့  ယုံကြည်မှုအားနည်းစွာပဲ ဆော်ကြောမိပါတယ်။လူဆိုတာ ကိုယ်ဝိုင်းမိတဲ့ 
အဝိုင်းရှိသလောက်တော့  မရပ်မနားပြေးနေကြရစမြဲမို့ ပါ။ မသေချာပဲအမြဲလျှင်မြန်စွာပဲ ပြောင်းလဲကုန်ဆုံး
နေလွန်းတဲ့  အချိန်တွေကိုလဲ မဝံ့ မရဲ ဖြစ်လာခဲ့ မိပြန်ပါတယ်။

လူဆိုတာ..အမြဲတစ်ယောက်ထဲပါ...တဲ့ ။ ဆရာမ ပုလင်းဖင်နဲ့  အမြဲပြောနေတဲ့  စကားတစ်ခွန်းပါ။အသိုင်း
အဝိုင်းရှိသူတွေရော၊မရှိသူတွေရော ဆုံစည်းလိုက်ရတုံးခဏတော့  ရောင်စုံ သံရောဇဉ်တို့ နဲ့  လိမ်းကြံရစ်ပတ်
မိကြပေမဲ့ .. အချိန်တစ်ခုခု ရောက်လာတဲ့ အခါမှာတော့  ကိုယ့် ခရီးကိုယ်သွားခဲ့ ကြရတာပဲမဟုတ်လားလို့ ။

ရခွင့် လေး၊ပိုင်ဆိုင်ခွင့် လေးရှိခဲ့ ရင်လဲ ရနေတုံးလေးမှာ အကြာကြီးလို့ ထင်ရတဲ့ ခဏလေးပဲ ပိုင်လိုက်ကြမှာ။

အဲဒီတော့  မကြာခင် လျှင်မြန်စွာပဲ ထပ်ပြီးကုန်ဆုံးသွားအုံးမဲ့  အချိန်တွေ မှာလဲ ငါဘာတွေထပ်ပြီးစုစောင်း
ရမယ်ဆိုတာ ကိုရောသိလားလို့  ယိုယ့် ကိုယ်ကိုမေးနေမိပါတယ်။

...........................................................................................................................................
( ဆက်ရန် )

12 comments:

မြစ်ကျိုးအင်း said...

ဒါဟာ ဘ၀ ပါပဲ။

နာကျင်ရတွေများလို့ ရင်ဘတ်တွေလည်း ထုံနေခဲ့ပါပြီ။

ဘယ်သူ စ ခွဲမလဲ ဘယ်သူ အနိင်နဲ့ ပိုင်းသွားမလဲ

သေချာတာတော့ ခံစားရမှာတွေက အတူတူပါပဲလေ။

တကယ်တော့ ၀မ်းနည်းနာကျင်မှု အတိုင်းအတာက

ဆုံးရှုံးသွားတဲ့ အရာပေါ်မှာ ကိုယ် စူးနစ်ထားတဲ့ တန်ဖိုး

ပမာဏ ပါပဲ။

သံယောဇဉ်တွေ အမြစ်တွယ်ရင် တွယ်သလောက်

ခံစား နာကျင်ရမှာပဲ မဟုတ်လား။

kiki said...

အချိန် နဲ့  ဒီရေ ..
လူကိုမစောင့် ..
ဒါပေမဲ့ ဒီရေ ရဲ့  အတက် အကျ ကို အချိန်နဲ့ မှန်းပြီး ချင့်ချိန် ..လုပ်စရာရှိတာ လုပ်လို့ရသေးတယ်
ကုန်ဆုံးသွားတဲ့  အချိန်တွေကတော့ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး နော် ။။
အချိန်တန်တော့လည်း အိမ်ပြန်ကြရတာ ပဲ ..
( ကိုယ့်ဘဝ လာရာလမ်း ပြန်ကြရမှာ လေ ။ ရှိနေတဲ့ အချိန်လေးတွေ မှာ နောင်လာမဲ့အချိန် .ဘဝ တွေအတွက် လုပ်ကြရ အုံးမှာ ပါ )
အချိန် မနှောင်းသေးဘူး ကို အဖြူလေးရေ...

လမ်းဆက်လျှောက်ကြမယ် ..
( ကားခ တွေဈေးကြီးလို့ )

jr.လွင်ဦး said...

ဟုတ်ပါတယ်။
လူဆိုတာအမြဲ တစ်ယောက်တည်းပါ ဆိုတာကို
လက်ခံထားတာ နည်းနည်းကြာခဲ့ပြီ။
း)

thawzin said...

ကုန်သွားတဲ့အချိန်မှာ ပြန်ကြည့်ကြည့်ပေါ့ လူတွေရဲ့စိတ်သန္တာန်မှာ ဖြစ်ပြောင်းလဲနေတာ ကုသိုလ်ရယ် အကုသိုလ်ရယ် ၂မျိုးပဲဗျ ဘယ်ဟာတွေက အဖြစ်များသလဲ မိမိကုန်သွားတဲ့အချိန်တွေကို ပြန်စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကိုအကုသိုလ် ကောင်ကြိး အလား ထင်မိတယ်ဗျာ။ အကုသိုလ်တွေက ၁၀ ပုံ ပုံရင် ၉၉.၉၉% ရာခိုင်နှုန်းဖြစ်နေလိုပဲနော်... ဒါတွေ တွေးပြီး ပူပန်သောကရောက်ဖို့ မဟုတ်ဘူး ... ယူသင်တဲ့ အတုယူပြီး ပယ်သင့်တဲ့အရာတွေ ပယ်ဖို့ အချိန်တန်နေပြီးဆိုတာ လက်ရှိပစ္စုပ္ပန်က ပြောနေပါတယ်။ နောင် အနှစ် ၂၀ ဆို ငါတို့မရှိတော့ဘူး လို့တွေးမိလိုက်တိုင်း ပြီးခဲ့တဲ့ ၂၅ နှစ်ဆိုတာလောက် ခဏလေးလို့ ခံစားမိတယ်။ ဒါဆို နောင်အနှစ်၂၀က ဘယ်လောက်တိုတောင်းလိုက်မလဲ။ အတွေးလေးတွေးမိဖို့ သတိပေးနေသလိုခံစားရတဲ့ ပို့စ်လေးကို အရမ်းသဘောကျမိပါတယ်ဗျာ။ ဂျီမေးလ် ထားခဲ့တော့ အပ်လိုက်မယ်နော်...။ လင့်လဲ ချိတ်လိုက်ပါ့မယ် ညကျမှ အခုတော့ ကျောင်းကို ပြန်ဒိုးရအုံးမယ်ဗျာ။ ထမင်းစားအပြန် ၀င်ဖတ်မန့်သွားပါတယ် အကိုရေ ကျေးဇူးပါ

အနော် said...

သံယောဇဉ်တွေက အသက်တစ်နှစ်ကြီးလေ တစ်ရစ်တိုးပတ်လာလေပါပဲ တကယ်တော့ ဖြတ်ချင်ရင် အလွယ်လေးပေမဲ့ အဲ့ဒီသံယောဇဉ်ကြိုးတွေ အချည်နှောင်ခံကြ အရစ်ပတ်ခံကြ အသက်ရှုမဝလို့ ခနလောက်လေးတောင် ဖြေလျော့ဖို့ ခက်လာကြတယ်
ဒါပေမဲ့ အချိန်တန်ရင်တော့ အဲ့ဒီသံယောဇဉ်ကြိုးတွေကို ရုန်းနှောင်ပီး ဖြေလျော့ခဲ့ရတာပါပဲ....
အကိုညောင်ရမ်း ပြန်တော့မယ်ပြောလို့ အကို အဖြူလေးနဲ့ ထပ်တူ ဝမ်းနည်းမိတယ်
သံယောဇဉ် သံယောဇဉ်
အခု လေးဖြူရဲ့ သံယောဇဉ်သီချင်းကို နားထောင်နေမိတယ်
အခုတလောကလဲ မိုးက ကုန်ခါနီးမို့လို့လား စွေနေတာနဲ့ ရင်ထဲလဲ သိပ်မကောင်းဖြစ်နေမိတယ် :'(

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ်...
အသက်ကြီးလာမှ အချိန်တွေက အကုန်သိပ်မြန်နေသလိုပဲ
ခံစားရတယ်...
အမှန်တကယ်တော့ အချိန်တွေက သိပ်မြန်နေတာမဟုတ်ပါဘူး...
အဖြစ်အပျက်အတွေက တအားများနေတာပါ...
သံယောဇဉ်တွေ..ခံစားချက်တွေကလည်းများမှများ..
သတိတရားနဲ့ အသိတရားနဲ့ ထိန်းနေရပါတယ်..

ပျော်ပါစေခင်ဗျာ..
လေးစားစွာ

ခြေလှမ်းသစ် said...

အမှန်တွေပါပဲဗျာ အချိန်တွေဟာ အသက်အရွယ် ရလာတာနဲ့ တပြိုင်တည်း ကုန်ဆုံးမှုတွေက မြန်ဆန်လွန်း နေတယ် ... လူဆိုတာဟာလည်း မွေးလာကတည်းက တယောက်တည်း ... လက်ရှိလည်း တယောက်တည်းပါပဲ .... နောက်လည်း တယောက်တည်း ဖြစ်နေအုံးမှာပါပဲ ....

ကြယ်ကလေးချစ်သူ said...

ကျနော်ရောက်တယ်ဗျ ၊ ဘာမန့် ရမှန်းမသိလို့ ပြန်သွားတာ ခဏခဏဘဲ။ ရေးထားတာ သိပ်မြင့်လွန်းတော့လေ။ ဟဲ

Anonymous said...

သိပါပြီ။ တရားဟောနေတာမဟုတ်လား

WinniePoohGallery

ဧပရယ်၈၄၇၇ said...

အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါ ကုန်လော့..................။
သာဓု သာဓု သာဓု

ဧပရယ်၈၄၇၇ said...

ယခုလို "သိလား" ဆိုတဲ့ တရားကိုဟောပြီးသကာလ နောက်ထပ် ဟောရန် ကျန်ရှိနေသော တရားတွေကတော့ " မကျေနပ်ဘူး" " အဝေးဆုံး" နှင့် "ရွှေလည်တိုင် " ဆိုတဲ့ တရားတွေပဲ ဖြစ်ပါတယ် ။

Unknown said...

ရပိုင်ခွင့်လေးတွေရနေတုန်း ခဏတာလေးပဲ ဘဝဆိုတာ စိတ်လှုပ်ရှားစရာဗျာ။ဘကုန်းနဲ့စပြီး ဝလုံးနဲ့ဆုံးတဲ့ ဘဝ အတုံးသတ်တွေ ဘာဖြစ်မယ်မှန်းတောင် မရေရာချင်တော့ဘူး။လေးလေးနက်နက်အတွေလေးတွေပါပဲဗျာ။ ၂ကိုဆက်လိုက်ဦးမယ်။