Saturday, October 3, 2009

သိလား ? ( ၂ )

မိုးတိုက အုံ့ရာမှ ဖွဲဖွဲကျလာပြီး ကားရှေ့ လေကာမှန်ကို အရှိန်ပြင်းပြင်းနှင့် တဖျောက်ဖျောက်ဝင်ရိုက်လာနေတော့ သည်။မိုးရေစက်တို့ တဖြည်းဖြည်းထူပိန်းလာတော့ ရှေ့ ရေသုတ်ဝိုက်ဘာနှစ်ချောင်းတို့ တောင်ကောင်းကောင်း
မတွန်းဖယ်နိုင်တော့ ပါ။ ဘေးမှန်တို့ ကို ရုတ်တရက်မတင်မိသေးပဲ အညိုး ကြီးစွာရွာသွန်းနေသော မိုးမဲမဲကြီးထဲ
သို့ ဇွတ်အတင်းကြည့်နေမိပါသည်။ တိုင်ဝမ်ကျွန်းကြီးပေါ်တွင် ယ္ခုလို မိုးမဲမဲကြီးများကို ခဏခဏ မရွာသွန်းစေချင် ပါ။ မိုးရေတို့ က ချောင်းေ မြာင်းတို့ နှင့် အတူကျွန်တော့် ရင်ကိုပါ ပြည့် လျှံလာလာတတ်လို့ ပါ။

မနေ့က သိလား( ၁ ) ကို၊ အဆုံးသတ်ပြီး ( ၂ ) အတွက် ဆက်လက်မွေးဖွားဖို့  ပြန့် ကျဲနေခဲ့ သော အပိုင်းအစတွေ
ကို လိုက်လံစုဆောင်းနေရင်း မပျော်သောအိပ်ခြင်းဖြင့်  အိပ်ခဲ့ မိသောကြောင့်  မိုးလင်းတော့  မျက်လုံးတို့  ဖန်
တွတ်တွတ်ဖြစ်နေသည်။ မပြီးဆုံးသေးသော သံယောဇဉ်ကြောင့် တွေဝေမဆုံး၊ကွဲအက်မဆုံး ဖြစ်နေပါလားလို့ 
တွေးမိလိုက်ပါသည်။

လူတစ်ယောက်... လူ့ လောကထဲကို စ တင်ဝင်ရောက်လာတုံးက၊ ဘဝရဲ့  အစတစ်ခုမှာ ဘာအရောင်မှ စွန်းထင်း
မလာပဲ၊ အဖြူရောင်လေးမျှပင်စွန်းပေခြင်း အလျင်းမရှိခဲ့ တဲ့ ရင်ဘတ်ဗလာ၊နှစ်လုံးသားဗလာနဲ့ ပဲ တွယ်တာစရာ
အရောင်အသွေးတို့  ရောပြွန်းပြည့် ညပ်လျှက်ရှိသော သတ္တာလောကကြီးထဲကို မျက်စေ့ သူငယ်၊နားသူငယ်နဲ့ 
တိုးဝင်လာခဲ့ ရတာပါ။

အဖြူေ၇ာင်လေးမျှပင်မရှိပဲဆိုလို့ .... ဖြူတယ်ဆိုတာလေးကလဲ အမျိုးမျိုးသော အရောင်တို့ တွေထဲက ဖြူအောင်
ဖြည့် ရ၊ချယ်ရ၊ ဆောင်ရတဲ့  ကာလာတစ်ခုပဲမဟုတ်လားလို့ ။ဘယ်လိုအရောင်တွေပဲဖြစ်ဖြစ် အဲဒီအဖြူလေးကပဲ
စတင်ကူးစက်ပြောင်းလဲသွားနေကြရတာပါ။လောကကြီးမှာက ဖြူနေတာကနေ စွန်းထင်းကူးပြောင်းသွားတဲ့ 
အရောင်တွေကြီးပါပဲ။ သူကနောက်ကကျန်ခဲ့ ရပေမဲ့ သူ့ ကိုခွဲထား၊ချန်ထားခဲ့ သောအရောင်အမျိုးမျိုးတို့အတွက်
သူ့ ရင်ကို လင်ဗန်းလေးအဖြစ်၊စင်းစင်းလေးခံပြီး အရောခံ၊အစပ်ခံ၊အဖြည့် ခံပေးနေရလို့  အမျိုးမျိုးကွန့် မြူးနေ သောအရောင်တို့ ထက်အလှဆုံး၊ အရင့် ကျက်ဆုံးလို့  ပြောလို့ ရမယ်ထင်ပါတယ်။


ဖြူသောအရောင်၊ဖြူနေသောအရောင်၊အဖြူရောင်လေးဖြစ်နေအောင်တော့ အနှိုင်းအဆမဲ့ ဖြည့် ကျင့် ၊ရင့် ကျက်
နေရမှာကတော့  အသေချာဖြစ်မှာပါ။ စွန်းချင်ပေမဲ့ ၊ အစွန်းထင်းမခံတဲ့ အရောင်လို၊ ပြောင်းချင်ပေမဲ့ မပြောင်း
တတ်တော့ တဲ့ အရောင်လေးလို၊ပေချင်လာပေမဲ့  မညစ်ပေတတ်တဲ့ အရောင်လေးလိုပဲ ခပ်တင်းတင်းလေးပဲ
ဖြည့် ဆည်း၊ဖြည့် ကျင့် နေရမဲ့ သဘောလေးကို ဆိုချင်တာပါ။

" ဖက် " လေးလို၊ ပိန်းဖက်၊ ပိန်းရွက်ကလေး တစ်ရွက်လို ပဲ နေ၊နေ တာလို့ ပြောလို့ ရမယ်ထင်ပါတယ်နော်။
ဘယ်လို ရေစက်၊ရေထုတွေပဲဖြစ်ဖြစ် သူ့ ပေါ် တင်မနေနိုင်တာကိုပါ။ အမျိုးမျိုးသော ရေစက်တွေကိုတော့ 
လောကတစ်ခုလုံး ပြည့် ညပ်၊ ပိတ်မှောင်နေတဲ့  သံယောဇဉ်အရောင်စုံတို့ နဲ့ ခိုင်းနှိုင်းပြောကြည့် ချင်ပါတယ်။

" သိလား " သိကြရဲ့ လား..လို့ ။သံယောဇဉ်ရေစက်၊ရေထုများတဲ့ ၊
ရေစက် လို့ ဆိုလိုက်မိတာနဲ့  သူ့ မှာ.. စိမ့် ပြီးအေးတတ်တဲ့ ၊ ထိစပ်မိသွားတဲ့  နေရာကနေ တမဟုတ်ခြင်းပဲ
ကိုယ့် ရင်အတွင်းထဲ အထိ အေးစက်စက်ကြီးပဲ ထိုးစိုက်ဆင်းသွားပြီး၊ ခိုင်ခိုင်မာမာပဲ အမြစ်တွယ်နေရာယူသွား
တတ်တဲ့  သဘောရှိနေပြန်ပါတယ်နော်။
အဲဒီလို. အေးစက်စက်နဲ့ ထိခိုက်မှုတွေအားလုံးကို ခပ်လှုပ်လှုပ်လေးနဲ့ ပဲတင်း၊တင်းပြီး ခံနေတတ်တဲ့  ဖက်ကလေး
နဲ့  အမြဲတန်းဖြူနေရတဲ့ ၊ အဖြူရောင် လေးကို ခပ်ဆင်ဆင်လေးခိုင်းနှိုင်းရေးဖွဲ့ ကြည့် မိတာ။


ကျွန်တော့် ဘဝမှာ အတိုင်းအတာ ဘယ်လောက်ထိ ကျန်နေအုံးမှန်းမသိနိုင်တဲ့ ၊
နောက်ထပ် တစပ်စပ်နှုပ်သွားနေတဲ့  အချိန်ကောင်းကင်ကြီးထဲမှာ ငါ ဘာတွေ ထပ်ပြီးစုဆောင်းသွားရအုံးမလဲ
ဆိုတဲ့  ချာချာလည်နေတတ်တဲ့  မေးခွန်းကို စဉ်းစားရပြန်ပါတယ်။
လျှင်မြန်စွာပဲ ကုန်ဆုံးသွားခဲ့ သော အတိတ်က အချိန်တွေအားလုံးကို ပြန်ပြောင်းဆန်းစစ်မိတော့  ဘယ်တော့ မှ
မမြဲတတ်တဲ့  ပြောင်းလဲနေတတ်တဲ့ အရာတွေ၊အရိပ်တွေ အားလုံးကို အရောင်ရောင်၊အကန်းကန်းနဲ့  ဆွဲမိဆွဲ၇ာ
ဆွဲမြဲဆုပ်ကိုင်ထားမိခဲ့ တဲ့  အရောင်စုံနေသော သံယောဇဉ် မျိုးစုံတို့ ကိုပဲ တွေ့ နေရပြန်ပါတယ်။
ကိုယ့် ရင်ကို စမ်းကြည့် မိရင်လဲ တစစ်နာကျင်နေတာကိုပဲ တွေ့ ရပါတယ်။
ပြောင်းလဲသော၊မမြဲလွန်းတတ်သော အရိပ်တွေကိုပဲ ပင်ပန်းဆင်းရဲစွာပဲ လိုက်လံဆုပ်ကိုင်နေတော့ မဲ့ အစား
အမြဲတန်းပဲ မြဲနေတော့ မဲ့ ၊မပြောင်းလဲတော့ မဲ့  အရိပ်တစ်ခု ကိုပဲဆုပ်ကိုင်သွားဘို့ ကို ကပြာကယာပဲစဉ်းစားနေ
မိပါတော့ တယ်။

အဲ့ ဒီအရိပ်လေးကတော့  လောကကြီးကို အမြဲတန်း အပေါ်ကနေကြည့် တတ်ပြီး၊ဘာရောင်မှ မရောတော့ ပဲ
ရောင်စုံတို့ နဲ့ ဝေးရာ ဟိုးအမြင့် မှာပဲစံနေတတ်တဲ့ ရဲရင့် တဲ့ သဘောရှိတဲ့  ကြယ်ကလေးရဲ့  အ၇ိပ်ကိုပဲတွေ့ ရှိ
ပါတော့ တယ်။ ကြယ်ကလေးမှာ အရာရာကို ပြတ်ပြတ်ထင်ထင် အရှိကို၊အရှိအတိုင်း ထိုးဖောက်မြင်တတ်တဲ့ 
သဘော၊ တွေဝေတဲ့ ဖျော့ တော့ တဲ့ သဘော၊ မခိုင်ပဲ ယိုင်နဲ့ တဲ့ သဘောတွေ အရောင်တွေ ကင်းနေတယ်လို့ 
မြင်မိပါတယ်။

လောကကြီးရဲ့  သဘော၊သဘာဝတွေကို အမြင့် က၊အပေါ်ကနေပဲ ကြည့် နိုင်၊မြင်နိုင်၊ သုံးသပ် ပိုင်းခြားနေနှိုင်
တဲ့ အားတွေ၊ အရောင်မျိုးစုံ၊ အမှောင် မျိုးစုံ တွေကြားထဲမှာပဲ သူ့ ရဲ့ ကိုယ်ပိုင် အလင်းရောင်လေးနဲ့ ပဲ ထွင်း
ဖောက်ရပ်တည်သွားနိုင်မဲ့  အားတွေကို အဲဒီကြယ်ကလေးရဲ့  အရိပ်ဆီက၊ကြယ်ကလေး ဆီကပဲ ကူးယူသွားဖို့ 
စဉ်းစားမိပါတော့ တယ်။

ဘဝတစ်လျှောက်လုံး၊အရာရာကို အစွဲအလန်းထားစုစောင်းလာခဲ့ တဲ့  ရောင်စုံသံယောဇဉ်တွေက ကိုယ့် အတွက်
နေဝင်ချိန်မှာ လောင်အားကောင်းမဲ့ လောင်စာတွေပဲဖြစ်တော့ တာကြောင့် ၊ ကြယ်လိုကျင့် ပြီး၊ ပိန်းဖက်ကလေး
လိုပဲ နေသွားဖို့  သိပါတယ်လို့  ကိုယ့် ကိုယ်ကိုပဲ ဖြေမိပါတော့ တယ်။

...................................................................................................................................................................

( ဆက်ရန် )









8 comments:

kiki said...

အဖြူရောင် ဆိုတာ သဘာဝအလျှောက် သန့် ရှင်း ဖြူစင်ပါတယ် ။ ဒါပေမဲ့  စွန်းထင်း လွယ်တယ် ။
တခြားအရောင်တွေ အတွက် အနု အရင့် ကို ပြောင်းလဲ ဖြည့်စွက်ပေးတဲ့ အရောင်တမျိုး အနေနဲ့ ယူဆ လို့ လည်း ရတာပဲ ။
ကောင်းသော စွန်းထင်းမှု မျိုး ။ ဖြည့်စွက် ပေးမှု မျိုး တတွေ နဲ့  ပဲ အဖြူ ရောင်လေးများ ဘဝ ဆက်လက်ရှင်သန်နေနိုင်ကြရရင် ဒီလောကကြီးဟာ အင်မတန် သာယာလှပ နေနိုင်ပေကြမယ် ထင်တယ်နော် ...
ခုတလော
အတွေးတွေ သိပ်များ နေပါလား ကိုအဖြူလေးရေ ။
ကိုယ်ကောင်းနေရင် ခေါင်းမရွေ့ ပါဘူး ။
ဆက်တွေး ဆက်ရေး ပါ
ကိုယ့် ကျန်းမာရေးလေးလဲ ဂရု စိုက်ပေါ့ ။
အိပ်ရေးပျက်တော့ မခံကြနဲ့ နော့..
အိပ်နိုင်မှ စားနိုင်မှာ ။ အဲ..
အိပ်နိုင်မှ လုပ်နိုင်မှာ ။
ခုဘဝရော နောင်ဘဝ အတွက်ပါ ..ပေါ့

ခင်မင်စွာ ဖြင့်
မကိ..

thawzin said...

ပိန်းဖတ်ကလေးလို့ လာသမျှရောင်စုံသံယောဇဉ်တွေကို ခ၀ါချပါမယ်။ အမြင့်မှာရှိတဲ့ကြယ်လေးလို့ သဘောထားမြင့်မြင့်ထားပြီး ဆက်ဆံပါ့မယ်။ ဒါဆိုရင် လောင်စာမဲ့သော နေ၀င်ချိန်လေး ဖြစ်လာမလားပဲနော် ကျေးဇူးတင်ပါတယ်။

jr.lwinoo said...

ကျွန်မ ငယ်ငယ်က YIT ကအစ်ကို အစ်မတွေထုတ်တဲ့ ကဗျာစာအုပ်လေးထဲက ကဗျာလေးတစ်ပုဒ်ထဲကပါ။
သူက အဖြူရောင်ကို "ခုနှစ်ရောင်စပ် အဖြူ ငညစ်ပတ်" တဲ့လေ။
အဖြူဆိုတာနဲ့ တကယ်ဖြူစင်ကြရောတဲ့လား။
သိသလိုလို မသိသလိုလိုနဲ့ ...

ကြယ်ကလေးချစ်သူ said...

ဟုတ်တယ်။ အရာရာဟာ မမြဲဘူးဆိုတာ တကယ်ပါဘဲ။ သံယောဇဉ်တွေကို တတ်နိုင်သလောက် ရှောင်ရှားချင်တယ်။
တတ်နိုင်သလောက်လေး ရေးပေးသွားတယ်။ တကယ်မြင့်နေပါသေးတယ်။ ဆက်ရန် ဆိုတာလဲ ရှိသေးသကိုး။

မြစ်ကျိုးအင်း said...

သံယောဇဉ် ..သံယောဇဉ်

ငါလေအပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်

သံယောဇဉ်..သံယောဇဉ်

ငါလေအရူးတပိုင်း ဖြစ်စေတယ်

(လေးဖြူရဲ့ သီချင်းပါ)

Anonymous said...

တရားဟောတာဟုတ်ဘူးဆိုတော့လဲ လာဝေဖန်ရတာပေါ့ ၊ ဟီး ။ ဆောရီးနော်ကိုအဖြူလေး ၊ စိတ်ဆိုးသွားလားမသိ။
အဖြူရောင်ရယ် ၊ ပိန်းဖက်ရယ် ၊ သံယောဇဉ်ရယ် ၊ ကြယ်ကလေးရယ် သေချာဖတ်သွားပြီး သီချင်းနဲ့ အတူခံစားသွားတယ်။
ဟို ဆရာလုပ်တာတော့မဟုတ်ပါဘူး။ ဘာတွေစုဆောင်းရမလဲဆိုတော့ တရားလေးဘာလေးရှုမှတ်ပေါ့။ အဲဒါမှ သံယောဇဉ်အနှောင်အဖွဲ့ တွေကနေ တဖြေးဖြေးချင်းကင်းလွှတ်ခွင့်ရမှာ။ တရားပြန်လာဟောနေပြီ .... ဟားဟား ။

WinniePoohGallery

အနော် said...

အဖြူရောင်ဟာ ပေတေညစ်စွန်းလွယ်တယ် ဆိုပေမဲ့
အဖြူရောင်ဟာ အရောင်တွေထဲမှာတော့ အလင်းဆုံး အပေါ်လွင်ဆုံးပါပဲ
ဒီလိုပါပဲ သံယောဇဉ်ဆိုတာကလဲ နှောင်ဖွဲ့တဲ့ ကြိုးတွေထဲမှာ အတင်းဆုံး အရစ်ပတ်ဆုံးပါပဲ
အဖြူထည် သံယောဇဉ်သက်သက်ဆိုရင်တော့ ပျော်ရွှင်စရာတွေချည်း ကြုံနိုင်ပေမဲ့
အရောင်ဆိုးလိုက်တဲ့ သံယောဇဉ်တွေမှာကျတော့ ပိုင်ဆိုင်လိုမှုတွေ ရယူလိုမှုတွေ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ရောယှက်လာတဲ့အခါ နာကျင်စရာတွေက ပိုများနေပြန်ရော
အကောင်းဆုံးက တွယ်သာတွယ် မငြိမစေနဲ့လို့သာ မှတ်ရမှာပဲ :(

Unknown said...

ကျွန်တော်က လူကသာမဖြူတာပါ အဖြူရောင်တွေကိုတော့ မက်မက်မောမောရှိတယ်။သံယောဇဉ် အဖြုရောင်လေးတွေကို အမြဲနှစ်လိုမိတယ်။ နောက်ဆက်တွဲ ၃ကို ဆက်ဦးမယ်။